Thursday, May 24, 2012

( ပြည်မြို့)ဖမ်းဆီးရိုက်နှက်ကုန်ကြလေပြီ ။

ပဲခူးတိုင်းဒေသကြီး ( ပြည်မြို့) 24.May 2012 တတိယမြောက်နေ့ ငြိမ်းချမ်းစွာ ၂၄နာရီလျှစ်စစ်မီးရရှိရေး ဆန္ဒပြမိဘပြည်သူများအား အာဏာပိုင်များမှ စတင်ဖမ်းဆီးရိုက်နှက်ကုန်ကြလေပြီ ။
By: Flygon Thapyay

ဒေါ်အောင်ဆန်းစုကြည်စားအုန်းဆီ စားသုံးနေရတဲ့ ပြည်သူတွေအတွက် စိတ်မချမ်းသာ

Published on May 24, 2012 by BurmaVJMedia
စားအုန်းဆီစားနေရတဲ့ ပြည်သူတွေအတွက် စိတ်မချမ်းသာဟု ဒေါ်အောင်ဆန်းစုကြည်ဆို ဒေါ်အောင်ဆန်းစုကြည်က စားအုန်းဆီ စားသုံးနေရတဲ့ ပြည်သူတွေအတွက် စိတ်မချမ်းသာဘူးလို့ ပြောဆိုလိုက်ပါတယ်။ သာကေတမြို့နယ် NLD ရုံးခွဲဆိုင်းဘုတ်ဖွင့်လှစ်ပွဲမှာ တက်ရောက်လာတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေကို သူကအခုလို ပြောဆိုသွားတာပါ။ တဆက်တည်းမှာလည်း ပညာရေးရဲ့ အရေးပါပုံတွေ ပြုပြင်ဖို့လိုတဲ့ တရားစီရင်ရေးစနစ်တွေ နဲ့ လယ်ယာမြေ အဓမ္မသိမ်းယူတာတွေ စတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။

ဒို့လဲပဲထွန်းရအောင်

candle gif Pictures, Images and Photos

အလုပ်သမား ခေါင်းဆောင်တချို့နဲ့ ကိုမင်းကိုနိုင် ဆွေးနွေးပွဲ

Published on May 24, 2012 by
> ရန်ကုန် လှိုင်သာယာ စက်မှုဇုန်က အလုပ်သမား ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမား ခေါင်းဆောင်တချို့နဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့ မနေ့က ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်းက စုစည်း တင်ပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် RFA Burmese 2012-05-23 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမဲ့ ရက်သတ္တပတ်အတွင်း ကျင်းပမဲ့ ၂၀၁၂ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။ ၂၀၁၂ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့် ခွန်းပြောမယ်လို့  NLD ပါတီက အတည်ပြု ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းကြည် အနေနဲ့ အခု သွားရောက်မဲ့ ခရီးစဉ်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ပြည်ပခရီး ဖြစ်ပါတယ် ။ အဲဒီ ဘန်ကောက်မြို့က ညီလာခံကို သမ္မတ ဦးသိန်းစိန်လည်း တက်ရောက် မိန့်ခွန်းပြောမယ်လို့  သိရပါတယ်။ ဒီအတောအတွင်း ဇွန်လ ၂၁ ရက်နေ့ မှာ ဗြိတိန်ပါလီမန် လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောမယ်လို့ မနေ့က ကျင်းပတဲ့ ဗြိတိန် အောက်လွှတ်တော် အစည်းအဝေးမှာ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr.John Bercow က ထုတ်ဖော်ပြောပါတယ် ။ အမေရိကန်နိုင်ငံ မေရီလန်ပြည်နယ်မှာရှိတဲ့ Johns Hopkins တက္ကသိုလ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။ မေလ ၂၄ ရက်နေ့ မနက်က ကျင်းပတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကမ္ဘာ့စီးပွားရေးနိုဘယ်လ်ဆုရှင် Amartyr Sen နဲ့ စုစုပေါင်း ၅ ဦးကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာပါ။ အခမ်းအနား ဖွင့်လှစ်ပြီး မကြာခင်မှာပဲ ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကနေ တဆင့် ဘွဲ့နှင်းသဘင်ကို တက်ရောက်ကြတဲ့ ထောင်ချီတဲ့ ပရိသတ် ကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ "ဒီဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြင့်လိုက်ခြင်းဟာ လူသားတွေ အကျိုးအတွက် တာဝန်ထမ်း ဆောင်ဖို့ မျှော်လင့်ပြီး ပေးအပ်လိုက်တယ်လို့ ကျမခံယူပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထွန်းကားဖို့ အတွက် ကျမရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပေးအပ်တဲ့ ဘွဲ့လို့လည်း ခံယူပါတယ်။ လူ့အခွင့်အရေး ရရှိရေးအတွက် ကျမတို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှု ရခါစ ကနဦးကာလတွေလို့ လက်ရှိ မြန်မာနိုင်ငံက အခြေအနေကို ပြောနိုင်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် တက်ရောက်ကြတဲ့ ပရိသတ်ကို ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား Johns Hopkins တက္ကသိုလ် Bloomberg ပြည်သူ့ကျမ္မာရေး စောင့်ရှောက်မှုကျောင်းက နိုင်ငံတကာ အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ သုတေသနဌာန အကြီးအကဲ ပါမောက္ခ Dr. Chris Beyrer က ပါရဂူဘွဲ့ကို လက်ခံယူခဲ့ပါတယ်။ Johs Hopkins တက္ကသိုလ်က Dr. Chris Beyrer ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီရုံးချုပ်မှာ HIV/AIDS ပညာပေးရေး အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပြုလုပ်ပေးခဲ့ဖူးပြီး အဲဒီလို လုပ်ငန်းတွေကြောင့် လူငယ်အတော်များများဟာ HIV/AIDS ပညာပေးရေး နဲ့ ဝေဒနာရှင်တွေ စောင့်ရှောက်ရေးမှာ အားတက်သရော ပါဝင်လာကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘွဲ့ရအလုပ်လက်မဲ့တွေ များနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက တက္ကသိုလ် ပညာရေးဟာ လူငယ်တွေ အလုပ်ရအောင် အာမခံချက် ပေးနိုင်တဲ့ ပညာရေး စနစ်အဆင့် မဟုတ်သေးကြောင်းလည်း ပြောပါတယ်။ ပညာရေး နဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ဖြစ်တာကြောင့် Johns Hopkins လို နာမည်ကြီး ကျောင်းတွေမှာ မြန်မာနိုင်ငံသား လူငယ်တွေ အတော်များများ ပညာသင်ကြားနိုင်မယ့် အနာဂတ်ကို ကျမအနေနဲ့ မျှော်လင့်ပါတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့ပါတယ်။ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကို လာရောက်လည်ပတ်ဖို့ တရားဝင် ဖိတ်ကြားမှာဖြစ်ကြောင်း Time of India သတင်းစာက ရေးသားဖော်ပြပါတယ်။အခြေခံအလုပ်သမား လစာတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုနေကြတဲ့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတွေအရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ကို တင်ပြဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ပြောဆိုပါတယ်။ NLD ရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အစည်းအဝေးမှာ ဆန္ဒပြ အလုပ်သမားတွေ အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြီး အခုလို စီစဉ်ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီ သဘာပတိအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြောပါတယ်။ " ကျွန်တော်တို့မနေ့က ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ပြီးတော့ ဒါတွေအကုန်လုံးကို ကြားနာပြီးပြီ။ ကျွန်တော်တို့ တင်ပြတာတွေကို နားထောင်ပြီး ကျွန်တော်တို့ ပြောပြလိုက်ပြီးပြီ။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ ဒီအလုပ်သမားအရေး ကိစ္စ ပတ်သက်လို့ရှိရင် အေးအေးချမ်းချမ်း ဖြေရှင်းပေးပြီးတော့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဖို့ချိန်းထားတယ်။ တွေ့ပြီးလို့ရှိရင် အဲဒီပေါ်မူတည်ပြီးတော့ လက်ရှိဒီမှာရှိနေတဲ့ ILO နဲ့ ဆောင်ရွက်စရာ ရှိတာတွေကိုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်က သူဆောင်ရွက်နိုင်စွမ်း ရှိတာကို ဆောင်ရွက်မယ်။ နောက်ပြီးတော့လည်းပဲ ဒီထက်ဆက်ပြီးတော့ လိုအပ်တဲ့ လိုအပ်ချက်များကိုလည်းပဲ ILO ပေါ့နော်၊ ကျွန်တော်တို့ ဗဟိုအလုပ်သမားအဖွဲ့ချုပ်အထိပေါ့၊ ဒါကိုလည်းပဲ အစိုးရပိုင်းကော၊ အလုပ်ရှင်ပိုင်းကော နောက်အလုပ်သမားများ ခံစားရတဲ့အပိုင်းတွေကော၊ ဒါတွေကို ပြေလည်အောင် ဆောင်ရွက်ဖို့ လုပ်ကိုင်သွားမယ်" မနေ့ နေ့လည်က လှိုင်သာယာစက်မှုဇုန် နေမင်းအောင် အထည်ချုပ်စက်ရုံက အလုပ်သမား ကိုယ်စားလှယ်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို လာရောက်ပြီး သူတို့ရဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။ ဆန္ဒပြအလုပ်သမားတွေ အနေနဲ့ ဆက်လက် ဆန္ဒပြနေမယ်ဆိုရင် အလုပ်က ထုတ်ပယ်မှာဖြစ်ကြောင်း ပြောဆိုတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လာရောက် တင်ပြကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အလုပ်သမား ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံပြီး၊ အလုပ်သမားတွေ အနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုကြဖို့၊ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် NLD က ကူညီဆောင်ရွက်မယ့် အကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်လည်ပတ်ဖို့ ရှိနေပြီး သူ့ရဲ့ခရီးစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပြီး အင်္ဂါနေ့မှာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယ၀န်ကြီးချုပ် အနေနဲ့ မြန်မာနိုင်ငံကို လာရောက်မှာပါ။ သူ့ရဲ့ခရီးစဉ်အတွင်း အိန္ဒိယမြို့ကြီးတွေကနေ မြန်မာနိုင်ငံကို လေကြောင်းခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ ပါဝင်သလို၊ အင်ဖာကနေ မန္တလေးကို ဘတ်စ်ကားလိုင်း ပြေးဆွဲဖို့ အစီအစဉ်တွေကိုလည်း ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကလက္ကတားနဲ့ ချနိုင်းကနေ ရန်ကုန်ကို ကုန်ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းတွေ ပြုလုပ်ဖို့ကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။ လောလောဆယ် မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွေမှာ အိန္ဒိယ Gail, Essar နဲ့ ONCG ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပါတယ်။ ဒီတစ်ခေါက် အိန္ဒိယ၀န်ကြီးချုပ် လာရောက်လည်ပတ်တဲ့အခါ မြန်မာနိုင်ငံကို နောက်ထပ်ငွေထုတ်ချေးဖို့ အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံကို အိန္ဒိယက ငွေထုတ်ချေးထားတာ ၂ ကြိမ်ရှိပြီဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထုတ်ချေးထားပြီး ဖြစ်ပါတယ်။

အကြံပေးO ကိုကိုလှိုင် ဖယောင်းတိုင်ထွန်းခိုင်းနေပြီ



http://burmese.dvb.no/archives/25880

သမ္မတရုံးဗိုလ်မှုး ဇော်ဌေး Wall ပေါ်ရှယ်ထားခြင်းသည်

အဂ္ဂမဟာ ဒီမိုဖက်တီး

ဗိုလ်မှုး ဇော်ဌေး ခင်ဗျာာာာ
အဘယ် ရည်ရွယ်ချက်ကြောင့် 'အဘွားကြီးက ထုံးစံအတိုင်း နမ်းဝင်ဖြူး' မည်လားဟု ရေးသားထားသည့် ပို့စ်ကို ဗိုလ်မှုး၏ Wall ပေါ်ရှယ်ထားခြင်းသည် ..... ဗိုလ်မှုး၏ အတွင်း စိတ်ကို ဖော်ပြနေရုံမျှမက ၊ သမ္မတရုံးတော် ကိုလည်း များစွား ဂုဏ်သိက္ခာထိခိုက်စေဟု ထင်မြင်မိပါသည်။
ဗိုလ်မှုး၏ ဖေ့ဘွတ်ပေါ်တွင် ရပ်တည်ချက်သည် သမ္မတ ရုံးတော်၏ သတင်းများ ၊ မူဝါဒ အမြင်များကို ထုတ်ဖော်ဖြန့်ဝေရန်လား (သို့) မိမိ အတွင်းသဏ္ဍန်းအတိုင်း Like ရန် ၊ Share ရန် ၊ မန့်ရန် အတွက်လား ဟူသည်ကို ကွဲပြားရန် လိုအပ်ပါသည်။
တလောက ဖြစ်ပွားခဲ့သော သတင်းထောက် ငမျောက်ငခြောက်များကဲ့သို့ မိမိအကောင့် တွင့် မိမိ လိုရာရေးမည် ၊ ဂျာနယ်တိုက်နှင့် မဆိုင်ဟု အငြင်းပွားနိုင်သောလည်း ဗိုလ်မှုး သည် သမ္မတရုံးတော်၏ ညွှန်မှုးအဖြစ် ရပ်တည်နေသည်ကို ဖေ့ဘွက်အသိုင်းအ၀ိုင်း မှ သိရှိထားပြီးဖြစ်၍ .... ယခု 'အဘွားကြီး' ဟူသော ဝေါဟာရကို သမ္မတရုံးမှ ဖြန့်ဝေသည် ဟုသာ ယူဆမိပါသည်။
ဗိုလ်မှုးအနေဖြင့် သမ္မတကြီး၏ ဂုဏ်သိက္ခာကို စောင့်ထိန်းပေးရန် တာဝန်ရှိပါသည်။ ယခု ဖေ့ဘွက် User များအနေဖြင့် 'အဘွားကြီး နမ်းဖြူးသည်' ဟူသော သဘောထားကို သမ္မတ အပါအ၀င် သမ္မတရုံးတော်၏ ညွှန်မှုး ၊ ရုံးအဖွဲ့သားများ အားလုံး ကလည်း ကြိုက်နှစ်သက် ရုံမျှမက ထောက်ခံဖြန့်ဖြူးနေသည် ဟုသာ ယူဆ ကြရမည် ဖြစ်ပါသည်။
ဗိုလ်မှုး ခင်ဗျာာာာ
ယခုကိစ္စတွင် အဘွားကြီးတွင် နမ်းဖြူးစရာဆို၍ 10KVA မပြည့်တပြည့် ပြည်တွင်းဖြစ် မီးစက် အစုတ်ကလေးသာ ရှိကြောင်း ဗိုလ်မှုး၏ ဘော်ဒါကြီး Bamar Blood သို့ အကြောင်း ပြန်ပေး ပါရန် တောင်းဆိုပါသည်။