Friday, May 25, 2012

ဖယောင်းကိုခွင့်ပြုရင်စပါးနှံကိုလဲလက်ခံရမယ်

Published on May 25, 2012 by

ငြိမ်းချမ်းရေး ၆၇ အခမ်းအနားမှ ကိုမင်းကိုနိုင် ကိုဌေးကြွယ်တို့ ရဲ့ မိန့်ခွန်း


Published on May 25, 2012 by

ဒီကနေ့ မနက် ၁၀ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ငြိမ်းချမ်းရေး ၆၇ အခမ်းအနားကို ကျင်ပပြုလုပ်ခဲ့ပါတယ်။ Generation Wave (GW) လူငယ်တွေ စီစဉ်ကျင်းပတဲ့ ဒီအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုဌေးကြွယ်တို့လည်းတက်ရောက်လာခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနဲပတ်သက်ပြီး အသီးသီးအမှာစကားဆိုခဲ့ကြပါတယ်။

အခမ်းအနားကို လူဦးရေ ၂၀၀ လောက်တက်ရောက်လာခဲ့ကြပါတယ်။

တစ်ညလုံး စက်ရုံကိုပိတ် ဆန္ဒပြ

DVB TV News
May 25, 2012 4:49am
HI MO ဆံပင်တုစက်ရုံ ဆနပြအလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို ပိုင်ရှင်ကသဘောတူပီးမှ လက်တွေ့မလိုက်လျောခဲ့တာမို့  အလုပ်သမားတွေက တစ်ညလုံး စက်ရုံကိုပိတ် ဆန္ဒပြခဲ့ ပီး ကိုရီးယားသံရုံးတာဝန်ရှိသူတွေ နဲ့  အလူပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ လာရောက်ဖြေရှင်းပေးခဲ့ရပါတယ်။ ကိုသက် သတင်းပေးပို့ ထားပါတယ်။

သံမဏိစက်ရုံလုပ်သားများ အစာငတ်ခံ ဆန္ဒပြပြီ


2012-05-25 အခြေခံလစာ တိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်ကို ကုမ္ပဏီက လိုက်လျောပေးမှာ မဟုတ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းကစလို့ အလုပ်သမား ခေါင်းဆောင် (၂၅) ဦးက စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။
RFA ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ Yangon Crown သံမဏိစက်ရုံ အလုပ်သမား ခေါင်းဆောင်များ စက်ရုံရှေ့တွင် အစာငတ်ခံ ဆန္ဒပြနေကြစဉ်။ အလုပ်သမားတွေ ဆန္ဒပြခဲ့တာ ဒီနေ့အပါအ၀င် (၆) ရက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြနေတဲ့ အတောအတွင်း သက်ဆိုင်ရာ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနနဲ့ မှော်ဘီမြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ကြားဝင် စေ့စပ်ပေးခဲ့ ပေမယ့်လည်း စက်ရုံတာဝန်ရှိသူတွေဘက်က လုပ်ခလစာ တိုးမြှင့်ပေးမှာ မဟုတ်ဘူးလို့ ကြေညာချက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
စက်ရုံက ကြေညာချက် ထုတ်ပြန်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနော်အောင်က အခုလို ပြောပါတယ်။
" ကျွန်တော်တို့ အခြေခံလစာကို ဒီသူဌေးကနေ လုံးဝတပြား တကျပ်မှကို တိုးမပေးနိုင်ဘူး ဆိုတဲ့ဟာကို အခြေခံခြင်းအားဖြင့် အခုကျွန်တော်တို့အထဲက ခေါင်းဆောင် (၂၅) ယောက် ဒီ စည်းဝိုင်း ၀ိုင်းပြီးတော့မှ၊ အဲဒီ စည်းဝိုင်းထဲကို ၀င်ပြီးတော့မှ အစာမစားဘဲနဲ့ ကျွန်တ်ာတို့ကို သူတို့ မလိုက်လျောမချင်း၊ မညှိနှိုင်းပေးမချင်း ကျွန်တော်တို့ အဲဒီစည်း ၀ိုင်းကနေမထွက်တော့ဘူး သန္နိဋ္ဌာန် ချပြီးတော့မှ စက်ရုံရှေ့မှာပဲ ကျွန်တော်တို့ ဆန္ဒပြနေပါတယ် ခင်ဗျ" ယခင်က အလုပ်သမားတွေရဲ့ အခြေခံလစာဟာ တနေ့ကို လုပ်ခကျပ်ငွေ (၁၆၀) သာရရှိခဲ့ပြီး တစ်လလုံးမှ အလုပ်သမားတစ်ယောက်ရဲ့ အမြင့်ဆုံး လုပ်အားခဟာ ကျပ်ငွေ တစ်သောင်းကျော်ကျော်သာ ရရှိခဲ့လို့ အခြေခံလစာကို လေးသောင်းကျော် ရလိုကြောင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်လို့ အလုပ်ရှင်ဘက်က ဆန္ဒပြအလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးပါက အခြေခံလစာ ကျပ်ငွေ သုံးသောင်းလောက်နဲ့ အလုပ်သမားတွေ ကျေနပ်နိုင်ကြောင်း စောစောက အလုပ်သမား ခေါင်းဆောင် ကိုနော်အောင်ကပဲ အခုလို ဆက်ပြောပါတယ်။
" ကျွန်တော်တို့ အရင်တုန်းက တစ်နေ့မှ (၁၆၀) ပဲရပါတယ်ခင်ဗျ။ အဲဒီဟာတွေက တစ်လကို ပေါ့ဗျာ လေးထောင့်ငါးရာ၊ ခြောက်ထောင်၊ တစ်သောင်းကျော်ကျော်လောက် အဲဒါတွေပဲရကြပါတယ်။ အခု တစ်ယောက်ကို အနိမ့်ဆုံးပေါ့ဗျာ၊ တစ်လကို လေးသောင်းကျော်လောက်တော့ ရအောင် ကျွန်တော်တို့ တောင်းနေတာပါခင်ဗျ။ ကျွန်တော်တို့ အလုပ်သမားတွေက လောဘမကြီးဘူးဗျ။ အမှန်က အခုဖြစ်နေတဲ့ဟာက သူတို့က လုံးဝကို ညှိနှိုင်းမှု မပေးသေးတာ ခင်ဗျ။ အခုဆိုရင် သုံးသောင်းလောက် ရရင်ကို ကျွန်တော်တို့ ကျေနပ်တယ်" ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး တရုတ်နိုင်ငံသား အလုပ်သမားတွေ အပါအ၀င် စက်ရုံလုပ်သားပေါင်း (၇၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲက မြန်မာအလုပ်သမား (၄၀၀) လောက်က လုပ်အားခ လစာတိုးမြှင့်ရေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/yangon-crown-worker-protest-05252012110618.html
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ

2012-05-25 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။

(Photo: AFP)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။

ဒုက္ခသည် စခန်းကို သွားရောက်မယ့် အစီအစဉ်ဟာ ထိုင်းအစိုးရဘက်က စီစဉ်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိဘူးလို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီးတဲ့ နောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။
အခုနောက်ဆုံးရရှိတဲ့ သတင်းအရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့က ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်ဖို့ အစောပိုင်းမှာ စီစဉ်ထားခဲ့ပေမဲ့ မေလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့မှာ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံဖို့ ရှိတာကြောင့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်နိုင်မှာ မဟုတ်ဘဲ တခြားတရက်ရက်မှာ တက်ရောက်ဖို့ စီစဉ်နေကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
http://www.rfa.org/burmese/news/assk-thai-05252012104323.html

သတင်းသမားများပေးပို့ ထားတဲ့ ဆင်းရဲသား မိသားစုအခြေအနေ၊

DVB TV News
May 25, 2012 12:34pm

ပြည်သူပြည်သား သတင်းသမားများပေးပို့ ထားတဲ့ ဆင်းရဲသား မိသားစုအခြေအနေ၊ လယ်ယာမြေမှာ မတရားမြေကြီးတူး ၊ ရေကာတာ ပျက်စီမှုး

လက်ထိပ်ခတ်ပြီး အရိုက်ခံရသူမှာ ကိုဖိုးဖြူ

RFA Burmese (RFA အီးမေးကို ရောက်လာတဲ့ ဗီဒီယိုတခုပါ။) ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားပါသည်..။ ယခု အင်းကျီ အစိမ်းနှင့် လက်ထိပ်ခတ်ပြီး အရိုက်ခံရသူမှာ ကိုဖိုးဖြူ(ခ)ကိုအောင်မိုးကျော် ဖြစ်ပြီး ရဲတပ်ကြပ်ကြီးမှ ရင်ဘက်သို့ ဆောင့်တွန်းခံရသူမှာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ပေါ်ရေး ဦးဆောင်သူ ကိုကျော်ဆွေရဲ့ ဇနီး မမိခေးဖြစ်ပါတယ်။ ကိုဖိုးဖြူကကိုကျော်ဆွေကိုမတရားမလုပ်ပါနဲ့ဒါကျနော်ဦးလေး၊သူကလူ့အခွင့်အရေးအပိုဒ်(19­)၊အပိုဒ်(20)အရငြိမ်းချမ်းစွာဆန္ဒပြတာဖြစ်တယ်လို့ပြောသောကြောင့် မတရား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။ ကိုကျော်ဆွေ၏ဇနီးမမိခေးမှာကိုဖိုးဖြူ(ခ)ကိုအောင်မိုးကျော်ကိုမတရားရိုက်နှက်ဖမ်းဆီးေ­ခ်ါသွားတာကိုလိုက်လံခေါ်တာကြောင့်မတရာဆောင့်တွန်းခံရခြင်းဖြစ်ပါတယ်။ အရပ်ဝတ်ရဲထဲက ဆိုင်ကယ်ဦးထုတ်အမဲ၊ဆိုင်ကယ်ဦးထုတ်နောက် တွင်တြိဂံပုံပါ၊လယ်ကတုံးလက်ရှည်အဖြူရောင်၊ဘေးလွယ်အိတ်နှင့်ပုဆိုးအပြာကွက်နှင်ံသူသည်­ရွှေဝါရောင်တော်လှန်ရေးတွင်ကျနော်(ဇော်ထွန်း-HRDP)ကိုဖမ်းဆီသောနယ်ထိန်းအင်ချက်ဇော်မင­်းနိုင်ဖြစ်ပါသည်။

ကိုကိုလှိုင်အကြောင်း ဖေါ်ပြဖို့  လိုပါပြီ။

Nik Nayman

သမတရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့  ဖေါ်ပြဖို့  လိုပါပြီ။ ဒီ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတကာရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတစ်ဦးဆိုတာကို။
တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတစ်ဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာသုတေသီလိုလိုနဲ့  နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့  သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့  နအဖသန်းရွှေတို့ အတွက် အကြီးစားလက်ပါးစေဖြစ်ခဲ့သူပါ။ဒီလို နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်အောက်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ ရဲ့  ၀ါဒဖြန့် ချီရေးခြေလှမ်းတစ်ခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Star Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တစ်ဦးပါ။ ကိုကိုလှိုင်တို့ ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေအမျိုးမျိုးနဲ့  သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။
ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့  အတုအယောင် အမျိုးသားညီလာခံအောင်မြင်ရေးအတွက် ကလောင်နာမည်အမျိုးမျိုးနဲ့  ဆောင်းပါးတွေ ရေးခဲ့တယ်။ အာဏာရှင် သန်းရွှေ အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြခဲ့တယ်။
သိန်းစိန် အခု သမတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ ဖွတ်က စိမ်းလဲ့ရွှေပြည်နဲ့  နွယ်သာကီဂျာနယ်စာစောင်တွေကို ထုတ်နေချိန်မှာ တစ်ဘက်ကလည်း ကိုကိုလှိုင်တို့ က ဒီ Northen Star ဂျာနယ်ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်တို့ ဟာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန်တဲ့ဆောင်းပါးတွေကို ရေးသားခဲ့ကြတယ်။
နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့  ကလောင်အမည်ခွဲတွေထဲမှာတော့ စည်သူအောင်၊ ကိုကိုလှိုင် (မြင်းမူ) နဲ့  လှိုင်အောင်ဆိုတဲ့ အမည်တွေက အများဆုံး အမည်ခံ ရေးသားပါတယ်။
မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဝင်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ သေလုမြောပါး ဘေးဒုက္ခကြုံနေစဉ်အတွင်းမှာ နအဖရဲ့  ၀ါဒဖြန့် ချီရေးသတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ဖတ်ရသူ သိရသူတိုင်း ဒေါသအမျက်မျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။
၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ ထုတ် နအဖရဲ့  ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့  ဝေကြပေလိမ့်မည်” ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံအနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့  နာဂစ်မုန်တိုင်းကြီးကို ကျေးဇူးတင်ရတယ်ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကို သိန်းပေါင်းမြောက်မြားစွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှတာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ ရဲ့  နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရမ်းကာင်းဖို့ အတွက် အလိမ်အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်းအလှူပစ္စည်းတွေ အစားအသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား ဖားရှာစားဖို့ ကို ပြောဆိုရေးသားထားတာကတော့ အလွန့် ကို မိုက်ရိုင်းစော်ကားလိုက်ခြင်းဘဲ ဖြစ်ပါတယ်။
မြန်မာပြည်သူပြည်သား မုန်တိုင်းဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး စေတနာထက်သန်စွာနဲ့  ပေးပို့ လှူဒါန်းကြတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာလည်း နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက်ပိုပြီး ဒုက္ခရောက်နေကြသူ မြန်မာပြည်သူပြည်သားတွေကို ကိုယ်ချင်းစာတရား ခေါင်းပါးစွာနဲ့  ဒီဆောင်းပါရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် “ကိုကိုလှိုင်” ဘဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။
ဒီလို ဆောင်းပါးရေးသားပြီး မြန်မာပြည်သူပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင်အမည်ခံ လူယုတ်မာ ကိုကိုလှိုင်ရဲ့  ဆောင်းပါးကို အပြည့်အစုံ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
ဆောင်းပါးရှင် လှိုင်အောင် က “ လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နာဂစ်လေဘေးဒုက္ခသည်တွေဟာ " နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်" .... ဒါ့ အပြင် .... "ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့ ၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်းအိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ်နာဂစ် မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း" ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင်ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဖူး။ ဆောင်းပါးရှင်ကို ကြိုးနဲ့ တုတ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ချောင်းမြောင်းတွေထဲ သွားပစ်ချပြီး သေဆုံးသွားရတဲ့ ပြည်သူတွေအလောင်းတွေကြားထဲ နှစ်သတ်ပြီး အဲ့ဒီက ငါးတွေ ဖားတွေကို ပေးစားအောင်ကို ဒေါသထွက်ကြရတယ်ဆိုတာ အများပြည်သူတွေ ခံစားကြရပါတယ်။
ငါးရှာစား ဖားရှာစားဆိုပြီး ပြောခဲ့တဲ့ လှိုင်အောင်ကတော့ အာဏာရူး သန်းရွှေတို့ ရဲ့  လက်ပါးစေအကြီးစား ယခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးခေါင်းဆောင်လုပ်နေတဲ့ ကိုကိုလှိုင်ဘဲ ဖြစ်တယ်ဆိုတာ ပြည်သူအများ သိကြပြီမို့  ဒီ လူယုတ်မာ ကိုကိုလှိုင်ကို ငါးစား ဖားစာကျွေးဖို့  ဆောင်ရွက်ကြဖို့ ဘဲ လိုပါတော့တယ်။
ယခုလည်း မြန်မာပြည်သူပြည်သားတွေ မီးမလာလို့  အမှောင်ထဲမှာ နေ့ စဉ် နေထိုင်နေရတဲ့ဘ၀၊ ရေမရှိလို့  ရေငတ်ဒဏ်ကို ခံစားနေကြရတဲ့ ဘ၀တွေကို ကိုယ်ချင်းမစာသူတွေထဲမှာ ကိုကိုလှိုင်လည်း ထိပ်ဆုံးထဲက တစ်ယောက်ဖြစ်နေပြန်ပါပြီမို့  ကိုကိုလှိုင်ကို ပြည်သူ့ ပေးတဲ့ အပြစ်ဒါဏ် ခံစေဖို့ သာ ရှိပါတော့တယ်။
ဒီ လူယုတ်မာ ကိုကိုလှိုင်က သမတ အကြံပေးတက်လုပ်နေပြီး လျှပ်စစ်မီး မလာလို့  ဆန္ဒပြကြတဲ့ ပြည်သူတွေကို အကြံပေးတဲ့စကားတဲ့ - "ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေ အကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။" …… လို့  ပြောသွားပါတယ်။ ဒီနေ့  နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
လျှပ်စစ်မီးထုတ်လုပ်တယ်ဆိုတာ ရေလာမှာ ဖြစ်တာလားဆိုတာနဲ့ ၊ အခုမှ လျှပ်စစ်မီးက မလာတာလား၊ အခုမလာတဲ့ ရေကြောင့် မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာလားဆိုတာတွေကို မေးမြန်းလိုပါတယ်။
ပြည်သူအပေါ်မှာ စာနာတရား လုံးဝ မရှိတဲ့ ကိုကိုလှိုင်ရဲ့  ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ၊ ပြည်သူ့ မျက်နှာကို ငဲ့ညှာကြည့်ဖေါ်မရတဲ့ ကိုကိုလှိုင်ရဲ့  ပါးစပ်က ထွက်ဆိုရဲတဲ့ စကားတွေကို လက်ခံကြတဲ့သူတွေ အကြံပေးတဲ့သူရော အကြံယူတဲ့ရော အတူတူနဲ့ အနူနူကြီးဘဲလို့  ယဉ်ယဉ်ကျေးကျေးလေးဘဲ ပြောလိုက်ရပါတယ်။

ဘီပိုးကို နိုင်တဲ့ဆေး

ဗိုက်ကလေး

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။

ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။

ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။



အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။

အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း)

အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ

အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။ စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။ သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။ နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။ *ဆေးသုံးစွဲနည်း* (၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။ ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။ ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။ *သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . * မေတ္တာဖြင့် တောင်တန်းသာသနာပြုဆရာတော် စ၀်ဆုခမ်း (တန့်ယန်း)