Saturday, May 26, 2012

မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးပို့နေကြောင်းအိန္ဒိယ၀န်ခံ

RFA Burmese
အိန္ဒိယအစိုးရက သူတို့အနေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးပို့နေကြောင်း
ပြောကြားလိုက်ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မနက်ဖန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး မေလ ၂၅ ရက်နေ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့တာ
ဖြစ်ပါတယ်။

အဲဒီလို မြန်မာအစိုးရတပ်ဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးတဲ့ ကိစ္စဟာ မနက်ဖန်သွားရောက်မဲ့ သူတို့ရဲ့ ၀န်ကြီးချုပ် ခရီးစဉ်နဲ့ မသက်ဆိုင်ဘူးလို့ အိန္ဒိယအတွင်းဝန်က ပြောပါတယ်။

"ကျနော်တို့ အိန္ဒိယကနေ မြန်မာအစိုးရ တပ်ဖွဲ့တွေကို စစ်ဖက်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ဆက်လက်ပြီး ပေးနေတာဟာ (၂) နိုင်ငံ စစ်ရေး ပူးပေါင်းမှု နဲ့ စွမ်းရည်မြှင့်တင်ရေး အစီအစဉ် တွေရဲ့ အစိတ်အပိုင်း တရပ် ဖြစ်ပါတယ်။ ဒါအပြင် မြန်မာအစိုးရ တပ်ဖွဲ့တွေကို စစ်လက်နက်တွေ ဆက်လက်ပြီး ထောက်ပံ့ပေးနေတာဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ အဲဒီလို လက်နက်တွေ ထောက်ပံ့ပေး နေတယ်ဆိုတာ ဟုတ်ပါတယ်" လို့ သူကပြောသွားပါတယ်။

သံဃာတော်တွေ ဦးဆောင်တဲ့ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းပြီးနောက် မြန်မာအစိုးရကို လက်နက်ရောင်းချ ထောက်ပံ့တာ မပြုလုပ်တော့ဘူးလို့ အိန္ဒိယအစိုးရက ကြေညာခဲ့ဖူးပါတယ်။

မူမမှန်မွေးဖွားလာသည့် ကလေးအတွက် ကျန်းမာရေးစရိတ်လိုအပ်

By Popular Myanmar News Journal

 လက်လုပ်လက်စားမိသားစုမှ မွေးဖွားသည့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဦးခေါင်းပိုင်းဖွံ့ဖြိုးမှု လွန်ကဲသော ကလေးငယ်အတွက် ကျန်းမာရေးစရိတ် လိုအပ်လျက် ရှိနေကြောင်း ဒေသခံတို့က ပြောသည်။ ၄င်းကလေးငယ်၏ ဦးခေါင်း မှာ မွေးပြီးတစ်လသား အရွယ်မှ စတင်၍ တဖြည်းဖြည်း ကြီးထွားလာရာ ယခု တစ်နှစ်သားအရွယ်တွင် ဦးခေါင်းလုံးပတ် မှာ နှစ်ပေ ခန့်ရှိလာပြီး ခန္ဓာကိုယ်ဖွံ့ဖြိုး တိုးတက်မှုမှာလည်း အားနည်းလှကြောင်း သိရသည်။ အဆိုပါကလေး ၏ အမည်မှာ အောင်ရဲလင်း ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာ သား ဖြစ်ပြီး ကျန်းမာရေး စရိတ်များထောက်ပံ့ လှူဒါန်းလိုပါက ၄င်းကျေးရွာသို့ ဆက်သွယ်လှူ ဒါန်းနိုင်ပါကြောင်း ဇီးကုန်းရွာခံတို့က ပြောသည်။

စွမ်းရဲထွဋ်
 

 Oo Tay  
Hydrocephalus (play /ˌhaɪdrɵˈsɛfələs/), also known as "water in the brain," is a medical condition in which there is an abnormal accumulation of cerebrospinal fluid (CSF) in the ventricles, or cavities, of the brain. This may cause increased intracranial pressure inside the skull and progressive enlargement of the head, convulsion, tunnel vision, and mental disability. Hydrocephalus can also cause death.
source: wikipedia
 

   Nay Lin Tun 
Hydrocephalus generally need operation, a shunt to drain fluids from brain's ventricles into the abdominal cavity. However, when the child gets older, the shunt (the fluid draining pipe) needs to be given again and again. Generally if the operation is given early the child can live nearly normal life. It is a minor surgical procedure and very easy and very cost effective.   
 ယခုခွဲရင် ဦးနှောက် ထပ်မပျက်စီးရန်ကာကွယ်နိုင်ပါသည်။ ဦးနှောက်ပျက်စီးမှုနှင့်အတူပျက်စီးသွားသော အာရုံကျောများပြန်လည်ကောင်းမွန်ရန်အခွင့်အလမ်း အလွန်နဲပါးသည်။(လူ့ကိုယ်တွင် ဦးနှောက်၊နှလုံးကြွက်သားဆဲလ်များ ဆုံးရှုံးပါကအစားပြန်မရနိုင်ပါ) ကြီးသွားသောဦးခေါင်းခွံလဲ ပြန်မသေးနိုင်တော့ပါ။ 

မြန်မာငါးတရုတ်သတ်


News Date:5/24/2012 မိုင်းခွဲမူများကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည်
သဘာဝ ဓါတ်ငွေ့နှင့် တရုတ် ရေနံပိုက်လိုင်း အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချ နေမူကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။


 မိုင်းခွဲမူကြောင့် ရေနေသတ္တ၀ါများ ကျောက်ဖြူ အနောက်ဘက် ပင်လယ်ကမ်းခြေတွင် သေဆုံးနေမူကို ယခုလို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ) " အခုကတော့ အရင်လို မိုင်းခွဲတာတွေ မရှိတော့ပေမယ့် ရံဖန်ရံခါတော့ လိုအပ်ရင် လိုအပ်သလို တရုတ်တွေက မိုင်းခွဲနေတာတွေတော့ ရှိနေပါသေးတယ်။ အထူးသဖြင့် မဒေးကျွန်း ပတ်ဝန်းကျင်မှာ ခွဲနေတာ ဖြစ်ပါတယ်။ မိုင်းခွဲတဲ့ အတွက် ရေအောက်မှာ ခိုအောင်းနေတဲ့ ငါး၊ ပုဇွန်တွေ အပါအ၀င် လိပ်တွေက အစ အများအပြား သေဆုံးနေတာကို တွေ့နေရပါတယ်။ ခုလိုသာ ဆက်တိုက်လုပ်နေရင် ရေနေသတ္တ၀ါတွေ မျိုးတုန်းသွားနိုင်ပါတယ်" မဒေးကျွန်း ရွာမ ကျေးရွာမှ အမည်မဖေါ်လိုသူ တံငါသည် ဦးကြီး တစ်ဦးက ပြောသည်။

တရုတ် အင်ဂျင်နီယာများသည် မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်း တစ်ခုနှင့် ဂတ်စ်နှင့် ရေနံ ပိုက်လိုင်းများကို တည်ဆောက်နေရာ သင်္ဘောဝင်ထွက်မည့် လမ်းကြောင်း တလျှောက်ရှိ ရေအောက် ကျောက်တန်းများနှင့် ပိုက်လုံး လမ်းကြောင်း တလျှောက်ရှိ သန္တာကျောက်တန်းများကို မိုင်းခွဲဖြိုချနေကြောင်း သူက ပြောသည်။


 ကျောက်ဖြူ ပင်လယ်ကမ်းခြေတွင် သေဆုံးနေသော ငါးများကို တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ) " တရုတ်တွေက ရေထဲက ကျောက်တန်းတွေကိုသာ မိုင်းခွဲနေတာ မဟုတ်ပါဘူး။ ကုန်းပေါ်က ကျောက်တောင်တွေကိုလည်း မိုင်းခွဲပြီး ကျောက်ထုတ်နေပါတယ်။ မဒေးကျွန်းမှာဆိုရင် ကျွန်းပေါ်က ကျောက်တောင်တွေ အကုန်လုံး ပျက်စီးသွားပါပြီ။ ကုန်းရော ရေရော အကုန်လုံး ပျက်စီးကုန်ပါပြီ။ ဘယ်သူကမှလည်း တရုတ်တွေကို မတားရဲပါဘူး။ သူတို့ တိုင်းပြည်ကျနေတာပါဘဲ" ဟု သူက ဆက်ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ် စွန်ပန်းချိုင်ကျေးရွာ အနီးရှိ သန္တာကျောက်တန်းများအားလည်း မိုင်းခွဲပြီး ကျောက်ထုတ် လုပ်နေသဖြင့် သန္တာကျောက်တန်းများ အားလုံး ပျက်စီးသွားကြောင်းနှင့် သန္တာကျောက်တန်းတွင် ခိုအောင်းနေသော ငါးများ အကြီးအကျယ် သေဆုံးနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" စွန်းပန်ချိုင်က သန္တာကျောက်တန်းတွေ လုံးဝ မရှိတော့ဘူး။ မိုင်ခွဲတဲ့ အတွက် ငါး၊ ပုဇွန်တွေ အကြီးအကျယ် သေကြေ ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီတွေရော၊ ပုဂ္ဂလိကတွေကပါ လုံးဝ ဒီလို ဖြစ်ပျက်နေတာကို ဂရုမစိုက်ပါ။ သူတို့က မိုင်းခွဲ ကျောက်ထုတ်ပြီး MGC ကို ကျောက်တွေသွင်းရင် ပိုက်ဆံ ရဖို့လောက်ကိုဘဲ သူတို့ စဉ်းစားကြတာကို တွေ့ရပါတယ်။ မိုင်းခွဲ ကျောက်ထုတ်တဲ့ အတွက် ငါးတွေသေပြီး အခုဆိုရင် ငါးတွေ တော်တော့ကို ရှားပါးသွားပါပြီ" ဟု ပြောသည်။


 ယခုလို ရေနေသတ္တ၀ါများ အစုလိုက် အပြုံလိုက်သေနေသော်လည်း အာဏာပိုင်များက မိုင်းခွဲမူကို တားဆီးခြင်း မရှိပါ။ ( ဓါတ်ပုံ- နိရဉ္စရာ) ၎င်းပြင် ရမ်းဗြဲကျွန်းရှိ အထင်ကရ သန္တာကျောက်တန်း တစ်ခု ဖြစ်သော ငကျားမော် နတ်ကျောက် အားလည်း မိုင်းခွဲ ဖြိုချပစ်သဖြင့် ယခုအခါ အဆို သန္တာ ကျောက်တန်းမှာ ပျက်စီး ပျောက်ကွယ် သွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရေပေါ် ရေအောက်ရှိ သန္တာကျောက်တန်းများအား မိုင်းခွဲ ဖျက်ဆီးပစ်သဖြင့် ရေနေသတ္တ၀ါများ အကြီးအကျယ် သေဆုံးသွားခဲ့သဖြင့် ယခုအခါ ကျောက်ဖြူ မြို့နယ် အတွင်းရှိ ကမ်းနီး ရေတိမ်ပိုင်းတွင် ငါးရှာ၍ မရတော့ကြောင်း သဗ္ဗာန်ချောင်းရပ်ကွက်မှ လူကြီး တစ်ဦးက ပြောသည်။

" အခု ကျောက်ဖြူ ပင်လယ်မှာ ငါးရှာမရလောက်အောင် ရှားသွားပါပြီ။ လက်လုပ် လက်စား လှေငယ်လေးတွေနဲ့ တစ်ဝမ်း တစ်ခါး ရှာဖွေ စားသောက်နေတဲ့သူတွေက တော်တော့ကို အခက်အခဲ ဖြစ်နေကြပါတယ်။ ငါးက လုံးဝကို ရှားသွားတာ။ ပင်လယ်ထွက်ရင်လည်း ဟိုနေရာ မဖမ်းရ၊ ဒီနေရာ မသွားရနဲ့ လူတွေက ဘယ်လိုမှ လုပ်ကိုင် စားသောက်ဖို့ အခွင့်မသာတော့ပါဘူး" ဟု ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ငစရိုင်းချောင်းကျွန်းရှိ ရှေးဟောင်း စေတီပုထိုးများ တည်ရှိရာ ငစရိုင်းချောင်း ကျောက်တောင်အားလည်း ကုမ္ပဏီတစ်ခုမှ မိုင်းခွဲပြီး ကျောက်ထုတ်နေကြောင်း သတင်း ရရှိသည်။ အဆိုပါ ကျောက်တောင်ပြိုပျက်သွားပါက လေမုန်တိုင်းများ ၀င်ရောက်လာနိုင်သလို ပင်လယ်ရေများ ကျွန်းပေါ်သို့ တက်လာနိုင်သဖြင့် ဒုက္ခ ဖြစ်မည်ကို ကျွန်းပေါ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။ 

 http://www.narinjara.com/detailsbur.asp?id=3983

စစ်အရာရှိများ တဘက်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်ရာတွင် ပါဝင် ပတ်သက်နေ


News Date:5/26/2012
ထွန်းထွန်း
----------
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် တပ်ရင်းမှူး တစ်ဦး အပါအ၀င် စစ်အရာရှိ အများ အပြားသည် တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ သစ်မှောင်ခိုတင်ပို့ရာတွင် ပါဝင် ပတ်သက်မူများ ရှိနေကြောင်း သတင်း ရရှိသည်။


 တက်ကနက်ဆိပ်ကမ်းရောက် မြန်မာမှ သစ်များ။ " သူတို့က မွတ်စလင် သူဌေး မာနှဆိုတဲ့ သူနဲ့ ပူးပေါင်းပြီး တစ်ဘက်နိုင်ငံကို သစ်တွေ ခိုးထုတ်နေပါတယ်။ အဓိက ပါဝင်ပတ်သက်နေတာက ခမရ ၂၃၄ တပ်ရင်းမှူး ဖြစ်ပါတယ်။ သူ့ဆီက သစ်ထုတ်ခွင့် လက်မှတ်တွေနဲ့ မာနက သစ်တွေကို အတားအဆီးမရှိ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့နေပါတယ်" ဟု အမည်မဖေါ်လိုသူ သစ်လုပ်ငန်း လုပ်နေသူ တစ်ဦးက ပြောသည်။

သစ်မှောင်ခိုသမား မာနသည် သစ်ထုတ်ခွင့် ရရှိရေး အတွက် ခမရ ၂၃၄ တပ်ရင်းမှူး လိုအပ်သော မီးစက်၊ ကွန်ပျူတာ၊ မော်တော်ဆိုင်ကယ်၊ တေလီဗေးရှန်း၊ မီးပူ စသည့် ပစ္စည်းများ အပါအ၀င် တခြား အဖိုးတန် ပစ္စည်းများကို ပုံမှန် လက်ဆောင် ပေးနေသည်ဟု သူက ပြောသည်။

" မာနက ၂၃၄ တပ်ရင်းမှူး ဘာလိုလို အကုန်ဝယ်ပေးတယ်။ တန်ဖိုးကြီးကြီး ပစ္စည်းတွေကအစ အချိုရည် အဆုံး တပ်ရင်းမှူး လိုအပ်တာကို အကုန် ၀ယ်ပေးတော့ တပ်ရင်းမှူးက သူ့တစ်ယောက်တည်းကို သစ်ထုတ်ခွင့် ပြုပေးထားပါတယ်။ အခုဆိုရင် မာနတို့ အဖွဲ့က သစ်တွေကို တဘက်နိုင်ငံကို ခိုးထုတ်နေတဲ့ အတွက် စိုင်းတင်တောင်တန်းနဲ့ မေယူတောင်မှာ သစ်တွေ မရှိတော့သလောက် ဖြစ်သွားပါပြီ" ဟု သူက ပြောသည်။

သစ်ခိုးထုတ်ပုံ လမ်းကြောင်းကိုလည်း သူက ယခုလို ပြောသည်။

" စိုင်းတင်နဲ့ မေယူတောင်တန်းကို သွားပြီးတော့ သစ်ခုတ်သမားတွေကို အငှားထည့်ပြီး သစ်တွေကို ခုတ်ခိုင်း တယ်။ အဲဒီက သစ်တွေကို တောင်ဘဇာ ကို သယ်ယူ လာတယ်။ အဲဒီက တဆင့် ခွဆုံဆိုတဲ့ နေရာကို ဘုတ်တွေနဲ့ ပို့တယ်။ အဲဒီ ကတဆင့် နတ်မြစ် သယ်ယူလာပြီး နတ်မြစ်ကတဆင့် ဘင်္ဂလာကို ဘုတ်ကြီးတွေနဲ့ တင်ပြီး ခိုးထုတ်ကြပါ တယ်" သူက ဆက်ပြောသည်။

အဆိုပါ သစ်များကို နတ်မြစ် ကမ်းခြေသို့ ပို့ရာတွင် တောင်ဘဇား အခြေစိုက် စကခ(၁၅)ကို ပိုက်ဆံပေးရကြောင်း သူက ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် သစ်များကို ခုတ်လှဲ ထုတ်ယူရာတွင် သက်ဆိုင်ရာ နယ်မြေရှိ တပ်ရင်းမှူးများ၏ ခွင့်ပြုချက်နှင့် လက်မှတ် မပါဘဲ ထုတ်ယူခွင့် မရှိကြောင်း သိရသည်။ သစ်တောဌာန ၀န်ထမ်းများ ရှိသော်လည်း အများစု သစ်တောဝန်ထမ်းများပါ စစ်အရာရှိများနှင့် ပူးပေါင်းကာ ယခုကဲ့သို့ လုပ်စားနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျွန်းတစ်တန်လျှင် ကျပ် ၁၃ သိန်း၊ စကားဝါသစ် တသိန်းခွဲ၊ ကန်းညင် ၈ သောင်းနှင့် ရေမနီသစ်မှာ ကျပ် ၉သိန်းဈေး ရှိကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့တွင် မြန်မာမှ တင်သွင်းသော သစ်များကို ဖုတ် ဟုခေါ်သော အတိုင်းအတာဖြင့် ၀ယ်ယူကြပြီး တတန်တွင် သစ်ဖုတ် (၅၀) ရှိကြောင်း သိရသည်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ်မြို့ တက်ကနက်တွင် လက်ရှိ မြန်မာသစ် ပေါက်ဈေးမှာ ကျွန်းသစ် တစ်ဖုတ်လျှင် တာကာ ၃၅၀၀၊ စကားဝါသစ် တစ်ဖုတ် ၂၆၀၀ တာကာ၊ ကန်းညင်သစ် တစ်ဖုတ် တာကာ ၁၂၀၀ ဖြစ်သည်။

လက်ရှိ ငွေလဲလှယ်နုန်းမှာ ဘင်္ဂလာ တာကာ ၁၀၀ကို မြန်မာကျပ်ငွေ ၉၅၀ ရှိသဖြင့် လက်ရှိပေါက်ဈေးအရ မြန်မာနိုင်ငံမှ ကျွန်းသစ် တစ်တန်ကို ဘင်္ဂလာတွင် ကျပ် ၁၆ သိန်းကျော် ရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တင်ပို့ ကုန်များထဲတွင် သစ်တင်ပို့မူမှာ တွက်ခြေ အကိုက်ဆုံးဖြစ်သဖြင့် တရားဝင်ရော တရားမ၀င်သည့် နည်းလမ်းနှင့်ပါ တခြား ကုန်ပစ္စည်းများထက် သစ်ကို အဓိက ဦးစားပေး တင်ပို့နေကြသည်ဟု သိရသည်။

http://www.narinjara.com/detailsbur.asp?id=3987

သရဖူသံမဏိစက်ရုံပိုင်ရှင်ဖြစ်သူ နေရပ်သို့ ပြန်လည်ထွက်ခွာ


မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန် သရဖူသံမဏိစက်ရုံတွင် လုပ်သားအင်အားငါးရာကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွား၊ ပိုင်ရှင်ဖြစ်သူ နေရပ်သို့ ပြန်လည်ထွက်ခွာသွားသဖြင့် ၀န်ထမ်များမှ အစာငတ်ခံ စတင်ဆန္ဒပြနေကြောင်း သိရ
Friday, 25 May 2012 11:05

မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူသံမဏိစက်ရုံရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားနေသည့် မြင်ကွင်းများအား တွေ့မြင်ရစဉ်

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ တရုတ်လူမျိုးပိုင်ဆိုင်သော ရန်ကုန်သရဖူ သံမဏိ သံရည်ကျိုစက်ရုံတွင်မေလ ၂၀ ရက်နေ့တွင် လုပ်သားအင်အား ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး လုပ်သားများ၏ တောင်းဆိုချက်အား စက်ရုံတာဝန်ရှိသူများမှ လိုက်လျောမှု မပေးသည့်အပြင် စက်ရုံပိုင်ရှင် တရုတ်လူမျိုးမှ ပြည်ကြီးသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သဖြင့် ဆန္ဒပြအလုပ်သမားများအနေဖြင့် မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ လုပ်သား ၂၀ ဦးမှ အစာငတ်ခံ ဆန္ဒပြမှု စတင်ပြုလုပ်နေပြီး အဆိုပါ ဆန္ဒပြမှုအား နေ့ည မရွေး ပြုလုပ်မည်ဖြစ်ကာ ထိုသို့ ဆန္ဒပြရန် ဆန္ဒဖြစ်ပေါ်သည့် လုပ်သားအင်အားများ နေ့စဉ် တိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
တစ်လလုံးလုပ်တဲ့ လုပ်အားခ ၅၀၀၀ မပြည့်တဲ့ အလုပ်သမားတွေ အများကြီးပဲ၊ ဖျားလို့ နာလို့ ခွင့်ယူရင် ရက်မှန်ကြေး ၅၀၀၀ ဖြတ်တဲ့အပြင် ပျက်ရက် ၅ ရက်ကျော်ရင် တစ်လလုံးစာ ဖြတ်ပစ်လိုက်တယ်၊ အချိန်ပိုကြေးကလည်း တစ်နာရီ ၈၀ ကျပ်ပဲရတဲ့အပြင် အလုပ်ချိန် ၁၂ နာရီကျော်မှ အချိန်ပိုကြေး ရတယ်
အစာငတ်ခံ ဆန္ဒပြနေသည့် အလုပ်သမား ၂၀ ဦးအား ကျန်ရှိသည့် စက်ရုံလုပ်သား ၅၀၀ ကျော်မှ ၀န်းရံစောင့်ရှောက်ထားကြောင်း သိရှိရပြီးထိုကဲ့သို့ ဆန္ဒပြမှုမှာ ရန်ကုန်မြို့တွင် မကြာခဏ ဖြစ်ပွားနေသည့် စက်ရုံလုပ်သား ဆန္ဒပြမှုများအနက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူ သံမဏိစက်ရုံရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားနေသည့် မြင်ကွင်းများအား တွေ့မြင်ရစဉ်

လုပ်သားများဆန္ဒပြသည့် အဓိကအကြောင်းရင်းများမှာ အခြေခံလစာ တစ်လလျှင် ၄၈၀၀ ကျပ်သာ သတ်မှတ်ထားခြင်း၊ အချိန်ပိုကြေး တစ်နာရီ ၈၀ ကျပ်သာ ရရှိခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက ထိရောက်သော ကုသမှု မရှိခြင်း၊ နားရက်နှင့် ခွင့်ရက်ခံစားခွင့် မရှိခြင်း၊ ပျက်ရက်များအတွက် ဒဏ်ကြေးတစ်ရက်လျှင် ၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ဒဏ်ရိုက်ခြင်း စသည့် အချက်များကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ဆန္ဒပြမှုအား မေလ ၂၀ ရက်နေ့ နံနက် ၇ နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး စက်ရုံရှိ လုပ်သားအင်အား ၇၀၀ ကျော်အနက် ၅၀၀ ကျော် ပါဝင်ခဲ့ပြီး စက်ရုံအတွင်းရှိ တရုတ်လုပ်သားများနှင့် စားဖိုဆောင်၊ လုံခြုံရေး စသည့် ၀န်ထမ်းများအား စက်ရုံဝန်းအတွင်းမှ ထွက်ခွာခွင့် မပြုသော်လည်း မေလ ၂၅ ရက်နေ့မှစတင်ကာ စားဖိုဆောင်လုပ်သား အမျိုးသမီး ၁၂ ဦး စတင် ပါဝင်လာခဲ့ကြောင်း သိရှိရပါသည်။
''မေလ ၁၉ရက်နေ့ နေ့လယ် ၂  နာရီမှာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည်အ၀ရဖို့ ပထမဆုံးအကြိမ် ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။ ညနေ ၆ နာရီမှာ ထပ်မံညှိနှိုင်းတော့ စက်ရုံမှုးဦးမြင့်ဆွေက မင်းတို့တောင်း ဆိုတာ ဘာမှ လုပ်မပေးနိုင်ဘူး၊ တိုင်ချင်ရာတိုင်လို့ ပြောတဲ့အတွက် ည ၈ နာရီမှာ အရေးပေါ် အစည်းအဝေးထိုင်ပြီး ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့မှာ အလုပ်သမားတွေရဲ့ အဓိကတောင်းဆို ချက်ဖြစ်တဲ့ အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်ကနေ ကျပ် ၄၀၀၀၀ အထိ တိုးတောင်းတာကို မလိုက်လျောတဲ့အပြင် အလုပ်ရှင် ပြည်မကြီး ပြန်သွားတယ်ပြောလို့ မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးအထိ လမ်းလျောက် ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကိုမင်းကိုနိုင်တို့အဖွဲ့က မေတ္တာရပ်ခံတားမြစ်ခဲ့လို့ ဒီအစီအစဉ်ပျက်သွားပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေ မရမချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်၊ ပြီးရင် အလုပ်သမား အင်အားစုထဲက အစာငတ်ခံ ဆန္ဒပြချင်တဲ့သူတွေကို နေ့စဉ် တိုးမြှင့်သွားမယ်''ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ပြောသည်။
ygn1
မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူ သံမဏိစက်ရုံရှေ့တွင် အစာငတ်ခံ ဆန္ဒထုတ်ဖေါ်နေသူများကို တွေ့ရစဉ်

အလုပ်သမားများ တောင်းဆိုသည့်အချက် ၁၃ ချက်ရှိပြီး အဓိက တောင်းဆိုသည့် အချက်များမှာ အခြေခံလစာ တိုးမြှင့်ပေးရေး၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်နှင့် အခြားသော ခွင့်ခံစားခွင့်များပေးရေး၊ လူမှုဖူလုံရေး ကတ်ရရှိရေး၊ ဒဏ်ကြေးလျော့ပေါ့ရေး၊တရားဝင်ရုံးပိတ်ရက်များနှင့်အများ ပြည်သူရုံးပိတ်ရက်များတွင် အလုပ် ပိတ်ရေး၊စက်ရုံမှသိမ်းဆည်းထား သောမှတ်ပုံတင် ပြန်လည်ရရှိရေး၊ တရုတ်စက်ရုံမှုးနှင့်မြန်မာစက်ရုံမှုး အကြားနားလည်မှုရယူ၍အလုပ်လုပ် ရာတွင်ညှိနှိုင်းဆောင်ရွက် ရေး၊၀န်ထမ်းရေးရာဋ္ဌာနသီးခြား ဖွင့်လှစ်ပေးရေး၊လစဉ်လဆန်း ၇ ရက်မတိုင်မီ လစာရရှိရေး၊ ဋ္ဌာနတစ်ခုတွင် စကားပြန်တစ်ဦး ထားရှိရေး၊ ၀န်ထမ်းအားလုံး တိုးမြှင့်ဆုကြေး ခံစားခွင့်ရှိရေး၊ အလုပ်သမားများအတွက် လုပ်ငန်းသုံး ပစ္စည်းလိုအပ်ချိန်တွင် ရရှိရေး၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား စက်ရုံအ၀င်ဝ တွင်ပင် ပေါက်ကွဲမှု မဖြစ်ပွားရေး ဆောင် ရွက်ပေးရန်၊လက်ရှိစက်ရုံမှုးအား တာဝန်မှရပ်ဆိုင်းပေးရန် စသည့် အချက်များတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
''စက်ရုံမှာ တစ်လလုံးလုပ်တဲ့ လုပ်အားခ ၅၀၀၀ မပြည့်တဲ့ အလုပ်သမားတွေ အများကြီးပဲ၊ ဖျားလို့ နာလို့ ခွင့်ယူရင် ရက်မှန်ကြေး ၅၀၀၀ ဖြတ်တဲ့အပြင် ပျက်ရက် ၅ ရက်ကျော်ရင် တစ်လလုံးစာ ဖြတ်ပစ်လိုက်တယ်၊ အချိန်ပိုကြေးကလည်း တစ်နာရီ ၈၀ ကျပ်ပဲရတဲ့အပြင် အလုပ်ချိန် ၁၂ နာရီကျော်မှ အချိန်ပိုကြေး ရတယ်။ ဒီကြားတဲ့ နန်းဆွဲတဲ့ သံချောင်းတွေ အနည်းငယ်ပွန်းပဲ့သွားရင် ပြန်ပြီးတော့ သံရည်ကျိုမခံဘဲ ဒဏ်ကြေး ၁၅၀၀၀ အထက်ရိုက်တယ်။ ဒီဆန္ဒပြမှုဖြစ်တာကလည်း အခြေခံလုပ်သားတွေရဲ့ အခွင့်အရေးကို အရမ်းဖိနှိပ်ထားလို့ပါ၊အခြားစက်ရုံတွေမှာအခြေခံ လစာ တစ်လ ကျပ် ၆၀၀၀၀ ၀န်းကျင် ရနေချိန်မှာ ကျွန်တော်တို့ လုပ်သား အားလုံးက အခြေခံလစာ ၁၆၀ ကျပ်ပဲ တပြေးညီရနေပါတယ်၊ ဒီအကြောင်းကို စက်ရုံမှုးကိုတင်ပြတော့ မင်းတို့ကို ထမင်းကျွေးထားတယ်၊ နေစရာပေးထားတယ်ပြောပါတယ်။ အလုပ်သမား မိသားစုတွေ ဘယ်လိုနေ၊ ဘယ်လိုစားရမလည်းဆိုတာ သူမစဉ်းစားဘူး''ဟု ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုအောင်ကိုလတ်က ပြောသည်။
အလုပ်သမားများ ဆန္ဒပြရာတွင် လိုအပ်ချက်များ ရရှိရေး ၊အလုပ်ရှင်နှင့် အလုပ်သမားအကြား တာဝန်ရှိသူများမှ ပြေလည်အောင် ညှိနှိုင်းပေးမပေးနှင့် ရန်ကုန်သရဖူ သံရည်ကျိုစက်ရုံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေး တို့အတွက် Action Labour  Rights မှစောင့်ကြည့် ကူညီ ပေးနေပြီး ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီဖြေရှင်းပေးမှု လိုအပ်နေကြောင်း ယင်းအဖွဲ့အစည်းမှ ဥပဒေပညာရှင် ကိုသူရိန်အောင်က ပြောသည်။

အလုပ်သမားများ ဆက်လက် ဆန္ဒပြမည်ဆိုသည့် အချက်နှင့် ပတ်သတ်၍ စက်ရုံမှုးဦးမြင့်ဆွေ၊ဥပဒေအကြံပေးဦးခင်မောင်မြင့်နှင့် တွေ့ဆုံခွင့်တောင်းရာ စက်ရုံမှုး ဦးမြင့်ဆွေ အိမ်ပြန်သွားပြီဟု ပြောဆိုခဲ့ပြီး၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်မှာ စက်ရုံအတွင်း၌ အစည်းအဝေး ဆက်လုပ်နေသဖြင့် တွေ့ဆုံရန်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်သွယ်စုံစမ်း မေးမြန်းရန် တာဝန်ရှိသူများ၏ ဖုန်းနံပါတ်နှင့် စက်ရုံဖုန်းနံပါတ် တောင်းခံရာတွင် ပေးပိုင်ခွင့်မရှိကြောင်း စက်ရုံ လုံခြုံရေးမှုးဦးမျိုးသန့်က ပြောသည်။
အဆိုပါ ဆန္ဒပြမှုမှာ စက်ရုံ သက်တမ်း ၁၀ နှစ်ကျော်ကာလ အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ယင်းစက်ရုံအား တရုတ်လူမျိုးမာစတာ ရှောက်စန်းပိုင်ဆိုင်ကာ ယင်းမှာ မြန်မာနိုင်ငံတွင် ရန်ကုန်သရဖူသံမဏိ သံရည်ကျိုစက်ရုံ နှင့် Standard Cable ၀ါယာစက် ရုံနှစ်ခု ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိရှိရပါသည်။

အထက်ပါသတင်းအား အတည်ပြုချက်ရယူရန် အလုပ်သမားခေါင်းဆောင် ကိုဇော်ထက်ထံမှ ရရှိသည့် ဖုန်းနံပါတ်ဖြင့် စက်ရုံဥပဒေအကြံပေး ဦးခင်မောင်မြင့် ကိုင်ဆောင်သည့် မိုဘိုင်းဖုန်းသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းနံပါတ် မှားယွင်းနေပါသည်ဟု ဖြေကြားခဲ့သည်။
 http://www.weeklyeleven.com/

ဥပဒေဆိုတာပြည်သူအတွက်လို့ အမေစုပြော

Published on May 25, 2012 by RFABurmeseVideo Burma VJ Media Network

အလုပ်သမားများဆန္ဒပြမှုသည် အလုပ်သမားလှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေဟုဆို

Yangon Press International


မေလ ၂၆ရက်၊ ၂၀၁၂ခုနှစ်၊ (YPI)

ယခုနှစ် ဖေဖေါ်ဝါရီလတွင်စတင်ခဲ့ကာ ယခုလအတွင်း တပြိင်နက်ထဲဆိုသလိုဖြစ်ပွားလျှက်ရှိသည့် စက်ရုံ အလုပ်သမား ဆန္ဒပြမှုများသည် အလှုပ်သမား လှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရှေ့နေဦးဋ္ဌေးက ပြောသည်။

“အခု တလောဖြစ်ပွားနေတဲ့ စက်ရုံတရုံချင်း အလုပ်သမား ဆန္ဒပြနေတာတွေဟာ အလုပ်သမားလှုပ်ရှားမှုတခုကို ဦးတည်နေတယ်” ဟု ဦးဋ္ဌေးက YPI သို့ပြောသည်။

လုပ်ခလစာတိုးပေးရေးကို အဓိကထား တောင်းဆိုသည့် စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ယခုလအတွင်း ရုတ်တရက် မြင့်တက်လာပြီး ယခုလောလောဆယ် စက်ရုံ ၉ ရုံ တပြိုင်နက်ထဲ လုပ်ခလစာတိုးရရန် တောင်းဆိုဆန္ဒပြလျှက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ယခုလဆန်းတွင် စတင်ခဲ့သည့် လှိုင်သာယာ စက်မှုဇုန်ရှိ ဟိုက်မို ဆံပင်တုစက်ရုံ အလုပ်သမားဆန္ဒပြမှုမှ စတင်ကာ ဂရင်းရွိုင်ရယ် အရက်ပုလင်းသွတ်စက်ရုံ၊ စံပယ်ပွင့် ၊ ပုလဲ ၊ နေမင်းအောင် ၊ YJ အထည်ချုပ်စက်ရုံတို့သို့ ကူးစက်သွားပြီးနောက် ယခင်သီတင်းပတ်ကုန်တွင် ငွေကံ့ကော် အထည်ချုပ်စက်ရုံ နှင့် မြောင်းတကာ စက်မှုဇုန်ရှိ သံမဏိ စက်ရုံ၊ တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီး အထည်ချုပ်စက်ရုံများ အထိ လုပ်ခတောင်းဆိုရေး ဆန္ဒပြလျှက်ရှိကြသည်။

ယင်းတို့အနက် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတရုံနှင့် မြောင်းတကာ သံမဏိစက်ရုံတို့မှ အလုပ်သမားတချို့က တောင်းဆိုချက်များရရှိရေးအတွက် အစာငတ်ခံဆန္ဒပြမှုများအထိ စတင်ဖြစ်ပွားလာနေသည်။
လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားအရေးကိစ္စများကို ဖြေရှင်းဖို့ ခက်ခဲရခြင်း၏ အဓိက အားနည်းချက်တခုမှာ အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်မရှိသည့် အချက်ဖြစ်သည်ဟုလည်း ဦးဋ္ဌေးက ထောက်ပြသည်။

ယခုလပိုင်းအတွင်း လုပ်ခလစာတိုးပေးရေးနှင့်ပတ်သက်၍ အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းသည့်အခါ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဋ္ဌာနမှ အရာရှိများက အနိမ့်ဆုံး အလုပ်သမား သတ်မှတ်ချက်မရှိသည့်အချက်ကို လက်ညှိုးထိုး နေသည့်အတွက်လည်း ပြေလည်မှုမရရှိနိုင်ပဲ ဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။

မေလ ၂၂ ရက်နေ့မှ စတင်ကာ ဆန္ဒပြနေသည့် တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီးအထည်ချုပ်စက်ရုံမှ အလုပ်သမ မဆုမြတ်နိုင်က “ ကျွန်မတို့ လက်ရှိ အခြေခံလစာ ၆ ထောင်ကို ၁၅၀၀၀ တောင်းတာ မရပါဘူး၊ အဲဒီနောက် ညှိပေးတဲ့ လူကြီးတွေက နည်းနည်းလျော့ပါဦးဆိုလို့ ၁၀၀၀၀ ထိ ကျွန်မတို့လျော့ပေးခဲ့တယ်၊ ဒါလည်း မလိုက်လျောဘူး” ဟု အလုပ်ရှင်က မလိုက်လျောသည့် အကြောင်းကို ရှင်းပြသည်။

မကြာသေးမီက အလုပ်သမား ဖြန်ဖြေရေး ဥပဒေထွက်ရှိပြီးဖြစ်သော်လည်း ယင်းဥပဒေက လတ်တလော ဖြစ်ပွားနေသည့် အလုပ်သမား လစာတိုးပေးရေး တောင်းဆိုမှု ပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ပဲ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။

ဦးဋ္ဌေးက “တနေ့ ၈နာရီအလုပ်လုပ်တာကို တရက် ကျပ် ၁၀၀၀ တောင် မပေးနိုင်တာက လတ်တလော အခက်အခဲ မပြေလည်နိုင်တာပဲ” ဟု အလုပ်သမားများ တောင်းဆိုသည့် အခြေခံလစာ တနေ့ ကျပ် ၁၀၀၀ ကို တိုးမပေးနိုင်သည့် အဖြစ်ကို ထောက်ပြသည်။

၎င်းက ယခုအဖြစ်အပျက်သည် အမျိုးသားရေး အသွင်ဆောင်လာပြီး အားလုံး ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်သည်ဟုလည်း ဆိုသည်၊ ၎င်းတို့အနေဖြင့်လည်း အလုပ်သမားများအား သည်းခံဖို့နှင့် ငြိမ်းချမ်းစွာ လုပ်ဆောင်ကြဖို့ တိုက်တွန်းလျှက်ရှိကြောင်း ပြောဆိုသည်။ ။


မှော်ဘီမြု့နယ်မြောင်းတကာကျေးရွာ မြောင်းတကာစက်မှုဇုံ
YANGON CROWNစက်ရုံရှိဆန္ဒပြအလုပ်သမားများကိုရွှေည၀ါဆရာတော်မှ အားပေးစကားပြောခဲ.ပါတယ်
စက်ရုံ အလုပ်သမားများက ရွှေည၀ါဆရာတော်ကြွလာဖို. အင်္ကျီတွေခင်ပေးနေတာပါ ရွှေည၀ါဆရာတော်မှ မင်းတို.တွေဘက်မှာငါရှိတယ်လို.အားပေးခဲ.ပါတယ်
News By Nay Min Ayelwin

စက်ရုံငါးခု လုပ်သား ပြဿနာ ပြေလည်မှုရ

ရန်ကုန်၊ မေ ၂၆
The Voice Weekly
လုပ်ခလစာ ပြဿနာဖြင့် တစ်ရက်လျှင် စက်ရုံနှစ်ရုံခန့် တိုးမြှင့် ဆန္ဒပြမှု ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံငါးရုံတွင် လုပ်သား ပြဿနာ ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။
ပုလဲ၊ စံပယ်ပွင့်၊ YJ၊ အာရှနှင်းဆီ အထည်ချုပ်စက်ရုံ လေးရုံနှင့် Miss Style ဖိနပ်စက်ရုံတို့မှ အလုပ်သမား ပြဿနာများ ပြေလည် သွားပြီ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ပုလဲ အထည်ချုပ်စက်ရုံနှင့် စံပယ်ပွင့် အထည်ချုပ် စက်ရုံတို့မှ အလုပ်သမားများမှာ ရှားပါးစရိတ် ထောက်ပံ့ကြေး သုံးသောင်း တောင်းဆိုထားရာ နှစ်သောင်းကျပ်ဖြင့် အလုပ်ရှင် အလုပ်သမား ပြေလည်မှု ရရှိသွားခြင်း ဖြစ်ကြောင်း၊ အခြေခံလစာကို အချိန်ပိုမပါ ၅၆၈၀၀ ကျပ်ပေးပြီး ရက်မှန်ကြေးကို နှစ်ထောင် ထပ်မံ တိုးပေးလိုက်ကြောင်း ယင်းစက်ရုံများမှ အလုပ်သမားများက ပြောကြားသည်။

“အဆင်ပြေသွားပြီ။ တစ်သောင်းကျော်လောက် ထပ်တိုးသွားတာပေါ့” ဟု ပုလဲ အထည်ချုပ် စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက ရှင်းပြသည်။

YJ အထည်ချုပ်စက်ရုံမှ အလုပ်သမားများမှာ အခြေခံလစာကို သုံးသောင်း တောင်းဆိုထားရာ ၂၅၀၀၀ ကျပ်ဖြင့် ပြေလည်သွားပြီ ဖြစ်ကြောင်း၊ အာရှနှင်းဆီ စက်ရုံနှင့် Miss Style တို့တွင်လည်း အလုပ်ရှင်ဘက်က လိုက်လျောမှု များကြောင့် ပြေလည်သွားပြီ ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများ ထံမှ သိရသည်။

လှိုင်သာယာ စက်မှုဇုန်တွင် မေလ လဝက်အတွင်း စက်ရုံ ၂၀ ကျော်မှ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။

 Eleven Media Group