Friday, June 1, 2012

One-on-One Conversation with Daw Aung San Suu Kyi

Published on 31 May 2012 by One-on-One Conversation with a Leader
A conversation with Daw Aung San Suu Kyi

Interviewed by • Klaus Schwab, Founder and Executive Chairman, World Economic Forum With • Aung San Suu Kyi, Chairman of the National League for Democracy (NLD); Member of Parliament of Kawhmu Constituent, Myanmar
ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲမှ ဒေါ်အောင်ဆန်းစုကြည် by Lwin Aung Soe on Friday, June 1, 2012 at 4:11am ·

ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲမှ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံအတွက်၊ အာဆီယံအတွက်၊ နိုင်ငံတကာအတွက် မီးရှူးတန်ဆောင်ပမာ အားကိုးထိုက်သူတဦး ကမ္ဘာ့အလယ်မှာ ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာပါပြီ။ သူကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ချစ်ခင် လေးစား ဂုဏ်ယူရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါပဲ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ (World Economic Forum) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁-၆-၂ဝ၁၂ က မိန့်ခွန်းပြောဆိုပြီး ဆွေးနွေးသွားခဲ့ပါတယ်။ ဒီမိုကရေစီ မီးရှူးတန်ဆောင်အဖြစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရလာပြီးနောက် ၂၄ နှစ်အတွင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျ ပြည်ပကို သွားရောက် ပြောဆိုတဲ့ မိန့်ခွန်းဖြစ်ပါတယ်။



ဒီအကြောင်းဟာ ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ အမှတ်တရဖြစ်စရာ၊ ရည်ညွှန်းကိုးကားစရာ၊ အထောက်အကူပြုနိုင်စရာတွေကို သမိုင်းဝင်ဖြစ်လောက်အောင် ဒေါ်အောင်ဆန်းစုကြည်က ပေးစွမ်းနိုင်ခဲ့တယ်လို့ သုံးသပ်လိုက်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ “ကမ္ဘာမှာ တို့မြန်မာဟေ့” လို့ ဂုဏ်ယူစရာကောင်းလောက်အောင် ဒေါ်အောင်ဆန်းစုကြည်က တဖက်တလမ်းက ဦးဆောင် ပြသနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံသားတွေဟာ ဘယ်လို အခြေအနေမှန်မှာ ရှိနေပြီး ဘယ်လိုမျိုး လုပ်ပေးနိုင်ကြရင် ကောင်းစေနိုင်မှာကို ရိုးရိုးရှင်းရှင်း အမြင်ကျယ်ကျယ် ပြောဆိုသွားပါတယ်။ မိန့်ခွန်းအပြီးမှာတော့ ကျနော့်ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ခံစားမိလိုက်ရပါတယ်။



နိုင်ငံတကာ ဆွေးနွေးပွဲမှာ ဘယ်လိုစကားပြောရသလဲ ဆိုတာတွေကိုပါ ကျနော်တို့ကို လက်တွေ့ သရုပ်ပြ သင်ကြားပေးလိုက်သလိုဖြစ်အောင် ကောင်းလှပါတယ်။ ခေါင်းဆောင် အစစ်အမှန်ဆိုတာ အဲဒါပါပဲ။ ဘယ်သူ့ကိုမဆို စံနမူနာ ယူနိုင်စေဖို့ အရည်အချင်း၊ အမြော်အမြင်နဲ့ စေတနာရှိသူ ဖြစ်ပါတယ်။



ပြောရင် မကုန်နိုင်လောက်အောင် ချီးကျူးစရာတွေ ရှိပါတယ်။ အထူးတလည် မှတ်ချက်ပြုချင်တာကတော့ ---
>ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ဒီမိုကရေစီ မီးရှူးတန်ဆောင်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်အဖြစ် ထိုက်ထိုက်တန်တန် ရှိနေရသလဲ… ပြီးတော့ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ထာဝရလေးစားနေရသလဲ …. မြန်မာနိုင်ငံအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ ဒီလိုခေါင်းဆောင်တဦးကို ဘာကြောင့် အလိုရှိနေရသလဲ …. ဆိုတာတွေကို ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အထင်အရှား သက်သေပြသွားနိုင်ခဲ့ပါတယ်။



တချိန်တည်းမှာပဲ လက်ရှိမြန်မာအစိုးရ ခေါင်းဆောင်တွေကိုပါ ကျနော် ချီးကျူးမိပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်က လွှမ်းမိုးနေတုန်းပဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီကို ပြန်လည်တည်ထောင်နိုင်မှာ မဟုတ်သလို ဥပဒေပြု လွှတ်တော်အမတ်လည်း ဖြစ်လာမှာ မဟုတ်တဲ့အပြင် အခုလို ထိုင်းနိုင်ငံထွက်ပြီး နိုင်ငံတကာကို ပွင့်လင်း ပြတ်သားစွာ ပြောဆိုနိုင်ခွင့်လည်း ရမှာမဟုတ်ပါဘူး။ လက်ရှိ မြန်မာအစိုးရဟာ ဒီမိုကရေစီ ဖြစ်ထွန်းလာအောင် အသွင်ပြောင်းယူနေတာကို လက်တွေ့ကျကျ ပြသလိုက်တာ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူထားတဲ့အတိုင်း လက်တွဲပူးပေါင်း ကြိုးပမ်းနေတာ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် နားလည်မှု အပြည့်အဝ ရှိတာကိုလည်း သက်သေပြနိုင်ခဲ့ပြီလို့ ယူဆမိပါတယ်။


လွင်အောင်စိုး
၁-၆-၂ဝ၁၂

နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေး

ရှေ့နေများကွန်ယက်မှ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲ ကျင်းပ၊ ၈၈ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးက နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေးခေါင်းစဉ် ဖြင့်ဆွေးနွေးခဲ့
Friday, 01 June 2012 23:07
DSC_0235
ရှေ့နေများကွန်ယက်၏ ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲ မြင်ကွင်း
ရှေ့နေများကွန်ယက်၏ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ ၁ ရက်နေ့ ညနေက ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါအခမ်းအနားသို့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ၀ါရင့်ရှေ့နေကြီးများတက်ရောက်ခဲ့ ကြပါသည်။

ဆွေးနွေးပွဲတွင် ရှေ့နေများမှ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်နှုန်းထားများအား အဆ ၁၀၀ ကျော်အထိ တိုးမြှင့်ခဲ့ခြင်းအပေါ် ဆွေးနွေးခြင်း နှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီကို လွတ်လပ်စွာဖွဲ့စည်းခွင့်ရရန် နှင့် ရှေ့နေများရုံးအား ပြန်လည်အသုံးပြုခွင့်ရရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးမှ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေးခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

၁၉၀၇ခုနှစ် ကျေးရွာနှင့် မြို့ပြအက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ပတ်သက်၍ "ဤဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော အစိုးရသည် ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဖြစ်ပြီး သက်တမ်းအားဖြင့် ၁၀၅ နှစ်ရှိခဲ့ပြီ  ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာသည့်အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်း တိုင်ကြားရခြင်းမရှိဘဲ မိမိနိုင်ငံအတွင်း ခရီးသွားလည်ပတ်သည့်အခါ ဧည့်စာရင်းတိုင် ကြားရမည်ဆိုသည့် အချက်ကို နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်ကြောင်း၊ နိုင်ငံသားအားလုံး သန်းပေါင်း ၆၀ ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (Suspected) အဖြစ် သတ်မှတ်ခံရ သည့် သဘောဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးက ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ပါသည်။

မူရင်းကျေးရွာနှင့် မြို့ပြအက်ဥပဒေပါ မြို့ပြအက်ဥပဒေပုဒ်မ (၄) တွင် "ဤ ဥပဒေအာဏာ သက်ရောက်ရမည့်မြို့များကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်" ဟုပြဋ္ဌာန်းထားကြောင်း၊  ဧည့်စာရင်း တိုင်ကြားရခြင်းဥပဒေသည် နိုင်ငံသားအားလုံးအား သံသယဖြစ်ဖွယ်၊ မယုံကြည်ရသည့်သူများ (Suspected)) အဖြစ် ဂုဏ်သိက္ခာထိပါးစေပြီး ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိရကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီးက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ပြဋ္ဌာန်းသည်ကာလသည် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရ ပြီးစ ရောင်စုံလက်နက် ကိုင်ပုန်ကန်မှုများကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့် ကာလ(အရေးပေါ် အခြေအနေဖြစ်ပေါ်နေသည့် ကာလ)ဖြစ်ကြောင်း၊ အမှန်စင်စစ် ဤဥပဒေပါပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ(တရားဥပဒေစိုးမိုးနေသည့် အခြေအနေ)တွင် ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုများပင်ဖြစ်ကြောင်း၊ သို့သော် ယင်းကာလက တည်ဆဲအစိုးရအနေဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူ ကျင့်သုံးနိုင်သည့် အခြေအနေမရှိခြင်းကြောင့် အရေးပေါ်စီမံမှုအက်ဥပဒေကို အရေးတကြီး ပြဋ္ဌာန်းကျင့်သုံးရခြင်းဖြစ်ကြောင်း နိုင်ငံတော် တစ်ဝန်းလုံးသည် အရေးပေါ်အခြေအနေအောက်တွင် တည်နေသည်၊ ပုံမှန်အခြေအနေပျက်ပြားနေသည်ဟု ဆိုလိုကြောင်း ၄င်းကဆက် လက် ပြောကြားခဲ့ပါသည်။

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း ၊ဆိုင်းငံ့ခြင်းမရှိဘဲ အစဉ်တစ်စိုက် ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်ကြောင်း ၊ တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ် ခုနစ်နှစ်အစား ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် အနှစ်နှစ် ဆယ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်းပင်ဖြစ်ကြောင်း နိုင်ငံတကာ မိသားစုများအလယ်တွင် မြန်မာနိုင်ငံတော်သည် ပုံမှန် အခြေအနေမရှိသည့်နိုင်ငံ၊ အရေးပေါ် အခြေအနေပြဋ္ဌာန်းထားရသည့် နိုင်ငံအဖြစ် နိုင်ငံတော်၏ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသော ဥပဒေဖြစ်ကြောင်း ဦးကိုကိုကြီးကဆိုပါသည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆၊ အပိုဒ်ခွဲ(က)တွင် ပြည်ထောင်စုလွှတ်တော် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ၁၉၇၄ အခြေခံဥပဒေတွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ဟု ပြဋ္ဌာန်းထားပြီး ယခုဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၇၅ ရာခိုင်နှုန်းဆိုသည်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀  ရာ ခိုင်နှုန်း(ရာနှုန်းပြည့်) က ပြင်ဆင်လိုသည့်တိုင် ပြင်ဆင်ခွင့်မရှိဟု အဓိပ္ပာယ်သက်ရောက်ကြောင်း နိုင်ငံသားမဲဆန္ဒရှင်များ၏ ဆန္ဒ၊ ဂုဏ်သိက္ခာကို ထိပါးညှိုးနွမ်းစေသည့် သဘောကို ဆောင်နေကြောင်းလည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ၄င်း၏စာတမ်းတွင်  ထည့်သွင်းဖတ်ကြားခဲ့ပါသည်။
Eleven Media Group

မီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားမှုနှင့် ပတ်သက်၍ မသင်္ကာသူတစ်ဦးကို စစ်ဆေးနေ

လမ်းမတော်မြို့ နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားမှုနှင့် ပတ်သက်၍ မသင်္ကာသူတစ်ဦးကို စစ်ဆေးနေကြောင်းသိရ
Friday, 01 June 2012 22:00
p01
အမှုမှ မသင်္ကာသူ၏ ခဲပန်းချီပုစံကို တွေ့ရစဉ်
လမ်းမတော်မြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသည့် မိန်းကလေးတစ်ဦးကို သတ်ပြီး မီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူဟု မသင်္ကာသူတစ်ဦးကို စစ်ဆေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၂ခုနှစ် မေလ ၃၀ရက်နေ့ နံနက် ၉နာရီခွဲ အချိန်တွင် ကိုသန်းထွန်းဦး၊ ၂၆နှစ် လမ်းမတော်မြို့နယ်နေသူသည် နေအိမ်၌ ညီမဖြစ်သူ မစုစန္ဒီအောင်၊ ၁၆ နှစ်၊ အ.ထ.က ၂ လသာ၊ (ဆယ်တန်းဖြေထား)၊ အား နေအိမ်တွင် ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ထားခဲ့ပြီး ၁၈လမ်း ထိပ်ရှိ ဈေးဆိုင်သို့ သွားရောက်စဉ် နံနက် ၁၁နာရီ ၄၅မိနစ်အချိန် နေအိမ်၌ မီးလောင်နေကြောင်း ကြားသိရ၍ ပြန်လာခဲ့ရာ နေအိမ်အိပ်ခန်းအတွင်း၌ ညီမဖြစ်သူအား မှောက်လျက် အနေအထားဖြင့် ဦးခေါင်း၊ လည်ပင်း၊ ၀ဲလက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိလျက် မီးရှို့သတ်ထားသည့် လက္ခဏာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ထို့အပြင် အိပ်ခန်းအတွင်းရှိ ဗီရိုအားစစ်ဆေးရာ ဗီရိုအောက်အကန့်အတွင်း သိမ်းဆည်းထားသော အလေးချိန် ၈ကျပ်သားမှ ၁၀ကျပ် သားခန့်ရှိ မုန့်ကြိုးလိန်ပုံရွှေဆွဲကြိုး တစ်ကုံး၊ (ဒေါ်လာပုံဆွဲပြား၁ခုပါ) တန်ဖိုး(၄၈)သိန်း၊ အလေးချိန် ၁ကျပ် သားခန့်ရှိ လက်ကောက်လေးကွင်း၊ တန်ဖိုး(၂၄)သိန်းစသည့် ရတနာပစ္စည်း စုစုပေါင်းတန်ဖိုး (၁၀၄၅၀၀၀၀) မှာ ပျောက်ဆုံးနေသဖြင့် ညီမဖြစ်သူအား သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများအား ခိုးယူသွားသူအပေါ် အရေးယူပေးရန် ကိုသန်းထွန်းဦးမှ တရားလိုပြုတိုင်ကြားမှုကြောင့် လမ်းမတော်ရဲစခန်း (ပ)၁၃၀/၂၀၁၂ ပုဒ် မ ၃၀၂/၄၃၆/၂၀၁/၃၉၂ဖြင့် မေလ ၃၀ရက်နေ့ ညနေ၄နာရီ ၄၅မိနစ် အချိန်တွင်အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပျော်ဘွယ်မြို့မှ တရားခံ ဖြစ်သူအား ဖမ်းဆီးရမိထားပြီဟုဆိုကာ ၀က်ဆိုက်အချို့တွင် တင်ထားခြင်းများသည် မှားယွင်းကြောင်း တရားခံကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိ သေးခြင်းမရှိဘဲ မသင်္ကာသူကိုသာ စစ်ဆေးနေသည့် အဆင့်သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး သက်လွင်က Eleven Media Group ၏ မေးမြန်းချက်အပေါ် အတည်ပြု ပြန်လည်ဖြေကြားခဲ့ပါသည်။
ယင်းကဲ့သို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူနှင့် ပတ်သက်၍ မျက်မြင်သက်သေ သုံးဦးကို စစ်ဆေးရာ၌ သိရှိခဲ့ရမှုများကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးသက်လွင်က "အဲဒီ တိုက်ခန်းက တိုက်ခန်းနေထိုင်သူတွေဆီမှာပဲ အတက်အဆင်း တံခါးသော့ရှိတယ်။ ကျူးလွန်တဲ့သူက အခန်းတစ်ခန်းရဲ့ နေထိုင်သူက တံခါးဖွင့်ပြီးတက်တဲ့အချိန်မှာ သူကလိုက် တက်သွားတယ်။ ပြီးတော့ ပြန်ဆင်းတဲ့အခါမှာ တံခါးကပိတ်ထားတော့ သူက တစ်ခန်းစီတံခါးခေါက်ပြီး သော့ဖွင့်ပေးဖို့အကူအညီတောင်းတဲ့ အခါမှာ တိုက်ခန်းတစ်ခန်းက အိမ်အကူ အမျိုး သမီးတစ်ဦးက  သူရဲ့တိုက်ခန်းပိုင်ရှင်ကို ခေါ်လိုက်တယ်။ အဲဒီအမျိုးသားက ဘာဖြစ်လို့ ဒီအထဲရောက်နေတာလဲမေးတော့ ကျွန်တော် အိမ်ပြောင်းလာတဲ့ အသိအိမ်ကို လိုက်ရှာ နေတာပါလို့ပြောသွားတယ်။ ပြီးတော့ သူက ညာဘက်ချိုးပြီး အနော်ရထာလမ်းကနေ ဘယ်ဘက်က ၀ါးတန်းလမ်းကို ဖြတ်လျှောက်သွားပါတယ်။ အဲဒီကျူးလွန်တယ်လို့ သံသယအဖြစ်ဆုံးလူက အဲဒီနေ့က ဘေးလွယ်အိတ် အမဲရောင်လွယ်ထားတယ်။ ဦးထုပ်အဖြူအ၀ိုင်းပျော့ကို ဆောင်းထားတယ်။ ရှပ်အကျီလက်တို ၀တ်ထားတယ်။ ပြီးတော့ ရွှေပုဇွန် မုန့်အိတ်ကိုကိုင်ထားတယ်။ အဲ့ဒီ မသင်္ကာတဲ့သူ ထွက်သွားပြီး ၁၀ မိနစ်လောက်မှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲက ချိန်ကိုက်ပြီး ဆောင်ရွက်ခဲ့လည်း ဆိုတာကို အခုအချိန်အထိ စစ်ဆေးနေဆဲပါပဲ။" ဟုပြောပြခဲ့သည်။ ဆက်လက်၍ အဆိုပါ အမှုမှ မသင်္ကာသူ၏ ပုံသဏ္ဍာန် အချက်အလက်အချို့ ရရှိထားခြင်းနှင့် ပတ်သက်၍ "ရွှေပုဇွန်မုန့်ဆိုင်တွေရဲ့ CCTV ကင်မရာတွေကို စစ်တော့ လမ်းမတော် ၉ လမ်းနားက ရွှေပုဇွန် မုန့်ဆိုင်ရဲ့ CCTV ကင်မရာမှာ အဲဒီလိုပုံစံတူ အမျိုးသားတစ်ဦးရဲ့ မှတ်တမ်းကို မေ လ ၃၁ရက်နေ့ ညပိုင်းက ရရှိခဲ့ပါ တယ်။ ပြစ်မှုကျူးလွန်တယ်လို့ မသင်္ကာတဲ့သူကို ဇွန်လ ၁ရက်နေ့က ခေါ်ယူပြီးတော့ စစ်ဆေးနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက သူနေတဲ့  နေအိမ်ကနေ ခေါ်ယူပြီးစစ်ဆေးနေတာပါ" ဟုပြန်လည်ပြောပြခဲ့သည်။

ထို့ပြင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပျော်ဘွယ်မြို့မှ တရားခံ ဖြစ်သူအား ဖမ်းဆီးရမိထားပြီဟုဆိုကာ ၀က်ဆိုက်အချို့တွင် တင်ထားခြင်းများသည် မှားယွင်းကြောင်း တရားခံကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိ သေးခြင်းမရှိဘဲ မသင်္ကာသူကိုသာ စစ်ဆေးနေသည့် အဆင့်သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး သက်လွင်က Eleven Media Group ၏ မေးမြန်းချက်အပေါ် အတည်ပြု ပြန်လည်ဖြေကြားခဲ့ပါသည်။

သေဆုံးသွားသူ မိန်းကလေး၏ အိမ်အတွင်း သက်သေခံပစ္စည်းများ ရှာဖွေရာ၌ မီးဖိုချောင်အခန်းတွင် အရိုးအသွား တစ်ပေခန့်ရှိသည့် ဓားတစ်ချောင်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပြစ်မှုကျူးလွန်သွားသူဟု သံသယရှိသူ၏ ခဲခြစ်ပန်း ချီပုံကိုလည်း ခဲခြစ်ပန်းချီဆွဲ၍ မြို့နယ်၊ ရဲစခန်းအသီးသီး၌ ဖြန့်ဝေထားပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

သေဆုံးသွားသူ မိသားစုမှာ လွန်ခဲ့သော နှစ်ပတ်ခန့်မှ အဆိုပါ နေထိုင်ရာ လမ်းမတော်မြို့နယ်၊ ၇ လမ်းကို လမ်းမတော်မြို့နယ်၊ ၁၈ လမ်းမှ ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ပြုလုပ်သွားသူ တရားခံနှင့် ပတ်သက်၍ ဒုတိယရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီးသက်လွင်က "မကြာခင်မှာ ဒီတရားခံကို မိတော့မှာပါ။ အမြန်ဆုံးမိနိုင်ဖို့ကိုလည်း ဆောင်ရွက်နေပါပြီ။ ဒီလို ရက်စက်စွာသတ်သွားတဲ့ တရားခံက သေသွားတဲ့ မိန်းကလေးနဲ့ သိပြီးတော့ အတွင်းထဲကလူတွေနဲ့ ရင်းနှီး နေမယ်လို့ယူဆရပါတယ်။ ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကလည်း ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာ ထူးခြားတာတွေ၊ မသ င်္ကာတာတွေတွေ့ရင် အမြန်ဆုံး နီးစပ်ရာ ရဲစခန်းကိုဆက်သွယ်ဖို့လိုပါ တယ်" ဟု ဆက်လက်ပြောကြားခဲ့ သည်။

ပြစ်မှုကျူးလွန်သူ၏ အချက် အလက်အချို့မှာ အရပ် (၅'၅") ၊ဆံပင်တို၊ ဦးထုပ်အဖြူ အ၀ိုင်းအပျော့ ဆောင်းထား၊ မျက်ခုံး၊ မျက်လုံးသင့်၊ နှာတံချွန်၊ နှုတ်ခမ်းမဲ၊ ကွမ်းစားထား၊ မေးရိုးချွန်၊ နားရွက်သေးကပ်၊ မျက် နှာရှည်၊ ခန္ဓာကိုယ်ပိန်ပါး၊ အသားညို၊ ရှပ်အကျီလက်တိုဝတ်ထား၊ ပုဆိုးအမဲကွက်ဝတ်၊ မျက်နှာပြောင်စပ်စပ်၊ အသက်(၄၀)နှစ်ခန့်ရှိ၊ ဘေးလွယ်အိတ်အမဲရောင်အား ညာဘက် လွယ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက် အရသိရှိရသည်။

သေဆုံးသွားသူ၏ မိခင်ဖြစ်သူ ဒေါ်စန်းရီက "ကျွန်မ အပြင်သွားတိုင်း သမီးကို တစိမ်းပဲဖြစ်ဖြစ်၊ အမျိုးပဲဖြစ်ဖြစ် ဘယ်သူပဲလာလာ တံခါးမဖွင့်ပေးဖို့၊ ပြီးရင် ကျွန်မကို ဖုန်းဆက်ဖို့အမြဲတမ်းမှာနေကြပါ။ အဲဒီနေ့မှာလည်း ကျွန်မ မှာသွားသေးပါတယ်။ အိမ်ရဲ့ တံခါးက သံပန်းတံခါးတစ်ခုရှိတယ်။ သစ်သားတံခါးတစ်ခုရှိတယ်။ ပြီး တော့ မှန်ဘီလူးပေါက်လေးလည်း တပ်ထားပါတယ်။ ဒီလိုမျိုးအ ပြစ်ကျူးလွန်တဲ့သူက အိမ်ထဲဘယ်လိုရောက်သွားလဲဆိုတာကတော့ စဉ်းစားစရာပါပဲ။ သမီးကလည်း သူသိတဲ့သူဖြစ်နိုင်ပါတယ်။ သမီးက တစ်ခါမှလည်း ရန်မဖြစ်ဖူးဘူး။ လူချစ်လူခင်လည်း ပေါများတဲ့ကလေးကို အခုလိုမျိုး ရက်ရက်စက်စက် သွေးအေးအေးနဲ့ သတ်သွားတဲ့သူကို ဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေးစေချင်ပါတယ်" ဟုပြောကြားခဲ့သည်။

ကြားဖြတ်ဝန်ထမ်း ဇာတ်သိမ်းခန်း ရောက်သင့်ပြီ


စိန်သံလုံး

ကြားဖြတ်အစိုးရ ဆိုတာတွေ၊ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာတွေကတော့ မရှိမဖြစ်
ရှိသင့်တာပေါ့။ လိုအပ်ချက်အရ ပေါ်ပေါက်လာရတာမျိုးလေ။ ဒါပေမယ့်
ကြားဖြတ်ဝန်ထမ်း ဆိုတာတော့ မရှိသင့်တော့ဘူး။ သူတို့ကို
အခွင့်အရေးပေးခဲ့တာ နှစ်ပေါင်း ၅၀ လောက် ရှိခဲ့ပြီဆိုတာ နည်းမှတ်လို့ဗျာ။

ကြားဖြတ်ဝန်ထမ်းဆိုတာ ဌာနဆိုင်ရာများမှာ စစ်ဘက်ပင်စင်စားတွေကို
အဆင့်မြင့်နေရာ ခွဲပေးနေရတဲ့ကိစ္စ။ လစ်လပ်တဲ့ ရာထူးနေရာကြီးကြီးကို
လုပ်သက်အရ အတွေ့အကြုံအရ ပညာပိုင်းဆိုင်ရာအရ အရပ်ဘက်ဝန်ထမ်းများက
ရသင့်ပေမယ့် ဘာမှမတတ်တဲ့ စစ်ဘက်ပင်စင်စားတွေကို နေရာပေးလိုက်တော့
နှစ်နဲ့ချီပြီး ကြိုးစားလာကြတဲ့ အရပ်ဘက်ဝန်ထမ်းတွေ စိတ်ဓာတ်ကျကုန်ရော။
အဲဒီလို ကြားဖြတ်အခွင့်အရေးယူလို့ ‘ကြားဖြတ်ဝန်ထမ်း’ လို့ ခေါ်တာဖြစ်တယ်။
တချို့က နိုင်ငံခြားကို ထွက်သွားကြတာကြောင့် ကိုယ်တတ်တဲ့ပညာနဲ့
တိုင်းပြည်ကို အလုပ်အကျွေးပြုခွင့် မရတော့ဘူး။

ဒါကြောင့် သမ္မတက နိုင်ငံခြားကို ရောက်နေသူတွေ ပြန်လာကြဖို့
ဖိတ်ခေါ်နေရတာပေါ့။ သမ္မတ ဖိတ်ခေါ်သူတွေထဲမှာ ပညာရှင်တွေက အဓိက ပါဝင်နေတယ်။
အမေရိကားမှာဆို ထူးချွန်ထက်မြက်တဲ့ ဆရာဝန် တော်တော်များများ
ရောက်နေကြပြီ။ သူတို့ကတော့ ပြန်လာဖို့ ခက်ခဲမှာပါ။ အဲဒီထဲမှာ
စစ်ဘက်ပင်စင်စားတွေကြောင့် စိတ်နာပြီး ထွက်သွားတဲ့ လူတွေလည်း ပါတယ်။
အဲဒီလူတွေက ဟိုမှာ နိုင်ငံသားဖြစ်နေကြပြီဖြစ်တဲ့
အတွက်
အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြပါ့မလား၊ စွန့်စားကြပါတော့မလား။
အဲလိုဖြစ်ရတာဟာ အဓိက က စစ်ဘက်ပင်စင်စားတွေ စစ်အစိုးရအဆက်ဆက်
အခွင့်အရေးယူနေကြလို့ပဲ။

“တော်လှန်ရေးကောင်စီခေတ် စစ်ဘက် ပင်စင်စားတွေကို ရာထူးနေရာ
တီထွင်ပေးထားခဲ့ဖူးတယ်။ အထူးအရာရှိတဲ့။ အဲဒီအထူးအရာရှိဆိုတာ ရာထူးနေရာ
မရှိလို့ ကြံဖန်ပြီး နေရာပေးထားတာ။ အဲဒီအထူးအရာရှိတွေ လုပ်လို့
တိုင်းပြည်ဆင်းရဲသွားတာ ဘာမှ မကြာသေးဘူးနော်။ အထူးအရာရှိတွေက ညွှန်မှူး၊
ညွှန်ချုပ်တွေကိုပါ အမိန့်ပေးပြီး လုပ်ချင်ရာ လုပ်လို့ ကုန်သွယ်လယ်ယာက
စပါးဝယ်မရတော့ဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။”

ဒီကနေ့ ၀န်ကြီးဌာနတွေရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့
ဦးဆောင်ညွှန်ကြားရေးမှူး ၁၀ ယောက်မှာ ၈ ယောက်က စစ်ဘက်ပင်စင်စားတွေပဲ
ဖြစ်တယ်။ စတုတ္ထမဏ္ဍိုင်ကို မွေးထုတ်ပေးမယ့် ပြန်ကြားရေး ၀န်ကြီးဌာနမှာလည်း
ကြည့်၊ ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်
(ဒု-ဗိုလ်မှူးကြီးဟောင်း)၊ ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး
ဦးအောင်မျိုးမြင့် (ဗိုလ်မှူးကြီးဟောင်း)၊ ပုံနှိပ်လုပ်ငန်း
ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့် (ဗိုလ်မှူးဟောင်း)၊
သတင်းနှင့်စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်
(ဒု-ဗိုလ်မှူးကြီးဟောင်း)၊ ပြန်ဆက် ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်
(ဒု-ဗိုလ်မှူးကြီးဟောင်း) တို့ ဖြစ်နေတာကြောင့် သူတို့ထက် တတ်ကျွမ်းတဲ့
သူတို့ထက် လုပ်သက်များတဲ့ သူတို့ထက် အရာရာမှာသာတဲ့ အရပ်ဘက်ဝန်ထမ်းတွေရဲ့
ခံစားချက်ကို ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။

ဌာနမှာ နှစ်နဲ့ချီ ၁၀ နှစ်၊ အနှစ် ၂၀၊ အနှစ်အစိတ်လောက် ကြိုးစားပမ်းစား
သစ္စာရှိရှိ၊ တာဝန်သိသိ လုပ်လာခဲ့တဲ့ အရပ်ဘက်ဝန်ထမ်းထက် စစ်ဘက်ဝန်ထမ်းတွေက
ရောက်ပြီး ၁ လ၊ ၂ လအတွင်း လစ်လပ်ရာထူးကို အလွယ်တကူ ယူသွားလေတော့
တကယ်ရသင့်တဲ့ ၀န်ထမ်းတွေ စိတ်ဓာတ်ကျကုန်တယ်။ လုပ်ငန်းစွမ်းဆောင်ရည်တွေ
ကျဆင်းသွားတယ်။ နောက်ဆုံး စိတ်ဓာတ်ကျပြီး အသက်မပြည့်ခင်မှာ အလုပ်က
ထွက်သွားသူတွေ အများကြီး ရှိခဲ့တာကတော့ ဌာနတိုင်းမှာ မေးကြည့်ရင်
သိနိုင်ပါတယ်။

အဲဒီလို ထန်းပင်ပေါ်က ကျလာသူတွေကြောင့် လက်ရှိဝန်ထမ်းတွေ
စိတ်ဓာတ်ကျနေကြတယ်။ ၀န်ထမ်းတွေရဲ့ ရှေ့အနာဂတ် မျှော်လင့်ချက်ဆိုတာ
ဘာမှမရှိတော့ဘူး။ မျှော်လင့်ချက်မရှိရင် ၀န်ထမ်းဘ၀ သာယာမှုမရှိတော့ဘူး။
တိုင်းပြည်အတွက်လည်း နစ်နာတယ်။ မိသားစုအတွက်လည်း နစ်နာတယ်။ လက်ရှိ
ဝန်ထမ်းတွေရဲ့ တိုးတက်မှုအတွက် စစ်ဘက်ပင်စင်စား ဗိုလ်ကြီး၊ ဗိုလ်မှူး၊
ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးဟောင်းတွေက ရှေ့က ပိတ်ထားသလို ဖြစ်နေတယ်။

ခက်တာက အဲဒီလူတွေက ဘာမှမတတ်ပဲ အမိန့်တွေ တွင်တွင်ပေးနေတော့ ဌာနအတွက်
အကျိုးရှိပါ့မလား။ ပညာရပ်ဆိုတာ အတွေ့အကြုံနဲ့ယှဉ်ပြီး တိုးတက်စေတာ။
အတွေ့အကြုံရှိသူတွေက အောက်က အတွေ့အကြုံ မရှိသူတွေက အပေါ်ကဆိုတော့
စဉ်းစားကြည့်၊ ဘယ်လို အကျိုးရှိအောင် လုပ်ကြမှာလဲ။

တော်လှန်ရေးကောင်စီခေတ် စစ်ဘက် ပင်စင်စားတွေကို ရာထူးနေရာ
တီထွင်ပေးထားခဲ့ဖူးတယ်။ အထူးအရာရှိတဲ့။ အဲဒီအထူးအရာရှိဆိုတာ ရာထူးနေရာ
မရှိလို့ ကြံဖန်ပြီး နေရာပေးထားတာ။ အဲဒီအထူးအရာရှိတွေ လုပ်လို့
တိုင်းပြည်ဆင်းရဲသွားတာ ဘာမှ မကြာသေးဘူးနော်။ အထူးအရာရှိတွေက ညွှန်မှူး၊
ညွှန်ချုပ်တွေကိုပါ အမိန့်ပေးပြီး လုပ်ချင်ရာ လုပ်လို့ ကုန်သွယ်လယ်ယာက
စပါး ၀ယ်မရတော့ဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။

ခုချိန်မှာ ခေတ်တွေ ပြောင်းနေပြီ၊ စနစ်တွေ ပြောင်းနေပြီ၊ မူတွေ
ပြောင်းနေပြီလို့ ဆိုတယ်။ ခက်တာက လူတွေက မပြောင်းသေးဘူး။ အကျင့်ဟောင်းတွေ
မပြင်သေးဘူး။ ပြင်ဖို့လည်း ခပ်ခက်ခက်ပဲ။ ဒီတော့
တိုင်းပြည်ကောင်းဖို့ဆိုရင် အဲဒီကြားဖြတ်ဝန်ထမ်းတွေ ဇာတ်သိမ်းခန်း
ရောက်သင့်ပါပြီ၊ တိုင်းပြည်တိုးတက်ဖို့ ဖွံ့ဖြိုးဖို့ တကယ်စေတနာရှိရင်
အဲဒီကြားဖြတ်ဝန်ထမ်းတွေကို သုတ်သင်ရှင်းလင်းဖို့ တိုက်တွန်းလိုက်ပါရစေ။
ကဲ ... ဘယ်သူလုပ်ရဲသလဲ။

လစာတိုးမလား စက်ရုံပိတ်မလား

Published on 31 May 2012 by
လှိုင်သာယာ စက်မှုဇုန်မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို ဗိုလ်ကြီးဟောင်း နေမျိုးဇင် မှ မှတ်တမ်းတင် ဖြန့်ချိထားခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲ

ဖိုရမ်မှာအမေစုကမြန်မာကတရုတ်နဲ့အမေရိကန်အတွက်စစ်တလင်း မဖြစ်ကြောင်းအတိအလင်းပြောလိုက်ပြီ


Suu Kyi warns China, US not to fight over Burma
ABC/AFP
By South-East Asia correspondent Zoe Daniel
Updated June 01, 2012 20:37:09

Burmese opposition leader Aung San Suu Kyi has delivered a speech in
Bangkok saying that investment is welcome in her country, as long as
it does not lead to corruption.

Speaking at the World Economic Forum on East Asia in Bangkok, in her
first trip abroad for 24 years, Ms Suu Kyi called for commitment from
all in Burma's reform process, including the military.

Ms Suu Kyi received a standing ovation from delegates to the forum
when she entered the packed conference hall.

The Nobel laureate warned China and the United States against turning
Burma into a "battling ground" as they vie for influence over the
strategically important nation.
"A lot of people are talking now about what the position of Burma will
be now that we are starting to engage ... more with the United States
and how it will affect our relations with China," she said.

"I'm always very concerned when Burma is seen as a battling ground for
the United States and China.

"It should not be so, it should be an area of harmony for those two
big countries."
The resource-rich, but poor country has a history of engagement with
Beijing, but Washington has recently sought closer ties with the
quasi-civilian government, easing some sanctions to reward the end of
military rule.

Critics accuse China of extracting natural resources at the expense of
Burma's impoverished people, and helping to shield the country's
former junta from the full weight of international opprobrium at the
United Nations Security Council.
Ms Suu Kyi said Burma and China had been "good neighbours" for many years.
Also in the speech, Ms Suu Kyi appealed to investors to think not just
of the money they would make, but of how they could best help the
Burmese people.

She underlined the need to eradicate corruption and inequality.

"We do not want more investment to mean more possibilities for
corruption. We do not want investment to mean greater inequality. We
want investment to mean, quite simply, jobs. As many jobs as
possible," she said.

She said ordinary Burmese need access to basic secondary education to
participate in and gain from reform.

Ms Suu Kyi also said laughingly that the bright lights of Bangkok
struck her as she was flying in after 24 years in Burma, because her
own country is in dire need of an an energy policy.

The US has sought to build links with Burmese president Thein Sein's
government, easing some investment sanctions and naming its first
ambassador to the country in 22 years, to reward steps towards
democracy including by-elections in April.

Washington has vowed to keep broad sanctions against Burma as an
"insurance policy" against "backsliding" on democratic reforms even as
it seeks to open up certain types of investment.

Burma occupies a key strategic position between neighbours China and
India and its gas, oil, water, wood and precious stones are widely
coveted by foreign investors.



Myanmar president cancels Thailand visit
Reuters – 3 hrs ago

YANGON (Reuters) - Myanmar President Thein Sein has postponed next
week's two-day visit to Thailand, both countries said on Friday, just
days after he decided against attending the World Economic Forum on
East Asia in Bangkok.

Thein Sein's office said on its website that a new date would be fixed
at a more convenient time. It gave no explanation for postponements of
both the June 4-5 and May 31-June 1 visits.

The former junta general, who has been lauded by the international
community for introducing unprecedented reforms since coming to power
last year, was due to give a speech at the economic forum, which
opposition leader Aung San Suu Kyi attended.

Suu Kyi's visit, which received widespread media coverage, was her
first trip outside Myanmar in 24 years, 15 of which were spent in
detention under the junta.

ထိုင်းနိုင်ငံခရီးစဉ်အား အကြောင်းမညီညွတ်၍ ဖျက်သိမ်း


အဂ္ဂမဟာ ဒီမိုဖက်တီး ဇွန်လ (၃)ရက်နေ့ မှ ဇွန်လ (၄)ရက်နေ့ အထိ ထိုင်းနိုင်ငံခရီးစဉ်အား
အကြောင်းမညီညွတ်၍ ဖျက်သိမ်းလိုက်ပါတယ်။ လာဖြစ်မယ် ဆိုရင်
တော့ မဟာချိုင်ကို သူကိုယ်တိုင် လာမယ်လို့လည်း သတင်းရရှိထား
ပါတယ် ......
Ah Ba Yah သိရဲ့သားနဲ့ ဇွတ်လုပ်မနေပါနဲ့နော် ။
++++++++++++++++++++++++
လူနဲ့သူနဲ့ လူတောတိုးဖို့ဆိုတာ ( သီလ ၊ သမာဓိ ၊ ပညာ ) မပါရင် ကြောက်ရွံ့နေမှာသေခြာပါတယ် ။
စိတ်လုံခြုံမှု ရှိဖို့ အတွက် ကိုယ့်သီလက ကိုယ့်ကို စစ်ဆေးအဖြေပေးမှာပါ ။
အများနဲ့ ပြောဆိုဆက်ဆံဖို့ရာမှာ သတိအားကောင်း သမာဓိနဲ့ပြည့်စုံပြီးမှ ပညာနဲ့ ရဲရင့်ပြီး ပွဲလည်တင့်ရတာပါ ။
အာဏာတွေ ၊ ငွေတွေ ၊ လက်နက် တွေဟာ တကယ်တော့ လူနဲ့သူနဲ့ လူတောတိုးဖို့ လုံလောက်တဲ့ ခွန်အားနဲ့ စိတ်လုံခြုံမှုကိုမပေးနိုင်ဘူးဆိုတာ ထင်သာမြင်သာ ရှိနေပါပြီ ။
   

မုံရွာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အဆောက်အဦး အနီး ကခြံဝင်းတစ်ဝင်း မှာ

Ko Thet

သဘာဝဓါတ်ငွေ့ တွေ အများအပြားထုတ်လုပ်နေတာမို့  ငွေကြေးအနေနဲ့  အဆင်ပြေလာမှာလို့  စွမ်းအင်ဝန်ကြီး သန်းဌေးက ပြောကြား

Nik Nayman


မြန်မာနိုင်ငံက စွမ်းအင်ဝန်ကြီး သန်းဌေး ပြောသွားတာ အကျဉ်းချူပ်အနေနဲ့ က - မြန်မာပြည်ကနေ သဘာဝဓါတ်ငွေ့ တွေ ထုတ်နေပါတယ်ဆိုတဲ့အကြောင်း၊ စွမ်းအားအတွက် အရင်းအမြစ်ဖြစ်တဲ့ သယံဇာတတွေက တဖြည်းဖြည်း ရှားပါးလာတာမို့  လုံလောက်မှု မရှိတော့တဲ့အကြောင်းနဲ့  သမတသိန်းစိန်ကနေ နှုတ်ခွန်းဆက်ပါတယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။ မြန်မာပြည်ရဲ့  နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ ပတ်သက်ပြီး အနာဂတ်အတွက် ဘယ်လို စီစဉ်ထားတာ ရှိပါသလည်းဆိုတဲ့ မေးခွန်းကိုတော့ တိုက်ရိုက် မဖြေကြားဘဲ ယခုလို သဘာဝဓါတ်ငွေ့ တွေ အများအပြားထုတ်လုပ်နေတာမို့  ငွေကြေးအနေနဲ့  အဆင်ပြေလာမှာလို့  စွမ်းအင်ဝန်ကြီး သန်းဌေးက ပြောကြားသွားကြောင်းပါ ...

ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့

Myat Lay Ngon
 မြန်မာပြည် ရဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။
ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။
ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။
ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။
ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။
ကျွန်မအနေနဲ့ (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန် မတို့နိုင်ငံသားတွေ ဒီမှာ အလုပ်လုပ် နေ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှ ကိုယ့်ရဲ့လုပ် ပိုင်ခွင့်တွေ ကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ်ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကို နားလည်လာမှာပါ။ နောက်တစ်ခုကတော့ ကျွန်မ သတိပေးချင်တာကတော့ ကျွန်မတို့ မြန် မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မြန်မာနိုင် ငံသူ၊ နိုင်ငံသားတွေဟာ အချင်းချင်းညီညီညွတ်ညွတ်နေဖို့ ကြိုးစားကြပါ။ အချင်းချင်းညီညွတ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ တစ်ဦးအပေါ် တစ်ဦး စာနာပါ။ နားလည်မှုပေးပါ။ ကိုယ်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ဂုဏ်ယူနိုင် တဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့က ကြိုးစားသလို နိုင်ငံကလည်း ကျွန် မတို့ ပြည်သူတွေအတွက် ဂုဏ်ယူနိုင်အောင်လို့ ကျွန်မတို့ ပြည်သူပြည်သား တွေကလည်း ကြိုးစားပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ အခုကျွန်မ ထိုင်းနိုင်ငံကို လာတာကတော့ အစည်းအဝေးတက်ဖို့ လာ တာပေါ့နော်။ အစည်းအဝေးတက်ဖို့လာတာဆိုပေမဲ့ အမှန်ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကတော့ ကျွန်မ တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျွန်မတို့ရဲ့ ဒုက္ခသည်တွေရဲ့ ဘဝ အခြေအနေတွေကို ကျွန်မအနေနဲ့ သုံးသပ်ပြီးတော့ ဘယ်လိုနည်းနဲ့ သက် သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာဖို့ ကျွန်မလာတာဖြစ် ပါတယ်။
နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန် မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမား တွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ဝန်ကြီးဌာနတွေ ကျွန်မတို့ဆက်ပြီးတော့ လုပ် ပါမယ်။ ကျွန်မတို့နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန် မတို့ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။
ကြိုးစားပါ့မယ်လို့ ပြော လို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခုချက်ချင်းလက်ငင်း လုပ်ပေး စေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မက ကတိတွေပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲတာကြောင့်မို့လို့ အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မ တို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံးကြိုးစားပါ့မယ်လို့ ပြောပါရစေ။ အားလုံးကျန်းမာချမ်းသာကြပါစေ။

ပုဂ္ဂလိက လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးခြင်းအား ဖိတ်ခေါ်ခြင်း


ဒီနေ့ထုတ် မြန်မာ့အလင်း မှာပါလာပါတယ်။ သဘောကျလို့ပါ။ ဘာသာပြန်ပြီး တခြားနိုင်ငံတွေကို ပြကြည့်ချင်တယ်။ By: Movie Crazies

ဝါးလုံးခေါ်င်းထဲသာတဲ့လ

Zay Latt

အခြေအနေတွေ ကောင်းမွန်လာပြီးဆိုရင်သူတို့အားလုံးကို ပြန်ခေါ်လိုက်မယ်

Freedom News Group(Burma)
ဒီတစ်ပတ် ပြောစကား

ထိုင်းအာဏာပိုင်တွေ ဟာ မြန်မာ နိုင်ငံ က ရွှေ့  ပြောင်း အလုပ်သမားတွေ စိတ်လက် ချမ်းသား စွာ နဲ့  အလုပ်လုပ် နိုင်အောင် တာဝန်သိစိတ် နဲ့  ဆောင်ရွက် ပေး ပါ။ ဒါမှ မဟုတ်ရင်တော့ မြန်မာပြည်မှာ အခြေအနေတွေ ကောင်းမွန်လာပြီးဆိုရင်သူတို့အားလုံးကို ပြန်ခေါ်လိုက်မယ်
လို့  ထိုင်း ဒုဝန်ကြီး ချုပ် နဲ့  တွေ့ ဆုံ ချိန် မှာ အရွှန်း ဖောက် ပြီး ပြောခဲ့ ပါတယ်။

လေယဉ်မှုးပိုက်လော့ရဲ့ ဖိတ်ခေါ်ချက်အရဒေါ်အောင်ဆန်းစုကြည်ရှေ့ဆုံးခန်းမှာထိုင်

DVB TV News ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ရောက်ဖို့ ထိုင်းနိုင်ငံကိုသွားရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လျပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ ဘန်ကောက်မြို့ ကြီးကို ကြည့်ပြီး မြန်မာနိုင်ငံမှာ လျပ်စစ်စွမ်းအင်ဆိုင်ရာမူဝါဒသစ်တရပ် အမြန်ဆုံးလိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ကနေ ဘန်ကောက်ကိုသွားတဲ့ခရီးစဉ်အတွင်း လေယဉ်မှုးပိုက်လော့ရဲ့ ဖိတ်ခေါ်ချက်အရ ရှေ့ဆုံးခန်းမှာထိုင်ပြီး လျပ်စစ်မီးတွေကောင်းကင်အထိ လျံတက်နေတဲ့ ဘန်ကောက်မြို့ ကြီးရဲ့ ညရှုခင်းတွေကို ကြည့်ရှုခဲ့ပါတယ်။ အဲဒီ့နောက် လျပ်စစ်မီးမရလို့ညစဉ် မှောင်မိုက်နေတဲ့ ရန်ကုန်မြို့ ကြီးနဲ့ ဘာကွာလဲလို့ သတင်းထောက်တွေကမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့နိုင်ငံမှာ လျပ်စစ်စွမ်းအင်ဆိုင်ရာမူဝါဒသစ် အမြန်ဆုံးလိုအပ်ပါတယ်လို့ ရီကာမောကာနဲ့ ပြန်လည်ဖြေကြား သွားကြောင်း ဘန်ကောက်ကပေးပို့တဲ့ Down Jones သတင်းမှာ ရေးသားထားပါတယ်။