Sunday, June 3, 2012

ရန်ကုန်မြို့တော်ဝန်မအိပ်တော့ပါ

Eleven Media Group
မြန်မာ့အချုပ်အလုပ်လုပ်ငန်းများ (Cut, Manufacture and Produce) CMP ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများအား Stakeholder များစုပေါင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ၊ Chatrium Hotel ၌ ဇွန်လ ၃ ရက် နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် စတင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန် ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူများ နိုင်ငံရေးပါတီ ၂၀ ကျော်မှ တာဝန်ရှိသူများနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ စက်ရုံလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ တက်ရောက်ခဲ့ပြီး အဆိုပါ CMP လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် အလုပ်သမားများ အားလုံးအဆင်ပြေစေရေး ကိစ္စများဆွေးနွေးခဲ့ကြသည်။

ဦးမြင့်စိုး (မြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ)
ပါမောက္ခဒေါက်တာအောင်ထွန်းသက်(စီးပွားရေးပညာရှင်)
ဦးကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)
ဦးလှမြင့်(ရန်ကုန်မြို့တော်ဝန်) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဥာဏ်ထွန်းဦး
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (စက်မှုဝန်ကြီးဌာန)
ဦးအုန်းကြိုင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးခွန်ထွန်းဦး
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
ဦးမြင့်ဆွေ (ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာန)
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် (စီးပွား/ကူးသန်း ဝန်ကြီးဌာန)တို့တက်ရောက်သည်၊

UNHCR တစ်ဖ၀ါးမှ မခွာနိုင် ဖြစ်နေပုံ


အဂ္ဂမဟာ ဒီမိုဖက်တီး

(Update)မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြောင်း

Ei Mon Khaing 
 တောင်ကုတ်မြို့ခံတွေဆီက အတည်ပြုချက်ရပါပြီ။ ၈ဦးမဟုတ်ပါ။ ၁၀ ဦးဖြစ်ပါသည်။ အလောင်းများကို သံတွဲ၊ တောင်ကုတ်- ရန်ကုန် လမ်းခွဆုံတွင် ထားရှိသည်ဟု သိရပါသည်။ မြို့ခံများ ဆူပူမှုများ လူပင်တိုးမပေါက်ဟု မြို့ခံတစ်ဦးက ဖုန်းဖြင့်ပြောပါသည်။ ရိုးမသစ္စာကားကိုလည်း ထုခွဲဖျက်ဆီးထားကြသည်ဟု သူကပြောပါသည်။ ယနေ့ညနေ ၅ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ 

The Voice Weekly ‎[Breaking News]
သံတွဲမှ ရန်ကုန်သို့ ထွက်ခွာလာသော ရိုးမသစ္စာ ခရီးသည်တင်ယာဉ်အား တောင်ကုတ် - သံတွဲ လမ်းဆုံးတွင် ဒေသခံ ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင် လိုက်ပါလာသည့် အစ္စလာမ် ဘာသာဝင် ဆယ်ဦးခန့်ကို ကားပေါ်မှ ဆွဲချ၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ဆက်သွယ် ပြောကြားချက်အရ သိရှိရသည်။
လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသခံ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို အစ္စလာမ် ဘာသာဝင် သုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ခြင်းကြောင်း ယခုကဲ့သို့ လက်တုံ့ပြန်မှုများ ဖြစ်ပွားခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တောင်ကုတ် ဒေသခံအချို့က ပြောကြားသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရိုးမသစ္စာ ခရီးသည်တင်ယာဉ်လိုင်း ရန်ကုန်ရုံးသို့ အတည်ပြု ဆက်သွယ် မေးမြန်းခဲ့ရာ ဖြစ်စဉ် ဖြစ်ပွားသည်မှာ မှန်ကန်သော်လည်း အဆက်အသွယ် ပြတ်တောက်နေသဖြင့် သေဆုံးသူ ဦးရေနှင့် ပတ်သက်၍ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။
 ....................................................
အဘ ဥက္ကာကိုကို

သတိ- လူမျိုးရေးအဓိကရုဏ်းမဖြစ်လာစေရန် အရေးတကြီးလိုအပ်နေပါပြီ။

ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲအကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိကရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေခဲ့သည်။ တောင်ကုတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မသီတာထွေးအမှုမှ တရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာ ယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည်ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။

နောက်ဆက်တွဲကို ဆက်လက်စုံစမ်းနေပါသည်။
 

ကိုဇာဂနာဘီလူးစီးခံရခြင်း

Burma VJ Media Network
အင်္ဂလန် လန်ဒန်လေဆိပ်မှာပါ..
ဘီလူးခေါင်းအောက်ကကိုထိန်လင်းထင်တာပဲ။

စပီကာမရလိုက်တဲ့အမေစု....

DVB TV News
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ထိုင်းမြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းကို ဇွန်လ ၂ ရက်နေ့က သွားရောက်လေ့လာခဲ့ပါတယ်၊

နောင်ကို လုံခြုံရေးအရ တားခံရဦးမယ်

ဒါတွေကို အကြောင်းပြု၍.... နောက်တွင် ။

ဒီဂတ်စ်ပိုက်လိုင်းတွေ ဟာ လက်တွေ မြေယာတွေ ဆုံးရှုံးတယ် ။ သဘာဝတွေ မြေလှန်ခံ၇တယ် ။
နောင်ကို လုံခြုံရေးအရ တားခံရဦးမယ်။ အချုပ်အချာ အာဏာကို မလေးမစားလုပ်လာမယ်။ စီးပွားရေး ကြိုးကိုင်မှုတွေ တွေ့ရမယ်.... ပြောစရာတွေ မောစရာတွေ ဒုနဲ့ဒေး ပါလား ...။

ကိုဝိုင်ဝိုင်ကေ



ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းစတင်ပြီးနောက် ပြင်ဦးလွင်၊ နောင်ချို မြို့နယ်တွင် လယ်မြေ သိမ်းခံရမှုမြင့်တက်

by Yangon Press International on Thursday, May 31, 2012 at 6:52am ·
မေလ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊
ကျော်သူရမျိုး (YPI)

ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်သည့်နောက် ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် လယ်မြေသိမ်းဆည်းခံရမှု မြင့်တက်လာခဲ့ပြီး ယခုအခါ ယင်းစီမံကိန်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံရသည့် လယ်မြေ ဧက (၁၃၀၀၀) ကျော်အထိ ရှိလာကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ပြောသည်။

“နှစ်လအတွင်း စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ မြေဧက (၁၃၀၀၀)ကျော် အသိမ်းခံထားရပြီ၊ ဒါတောင်အသိမ်းခံထားရပြီး ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးတဲ့ တောင်သူလယ်သမားတွေ ရှိသေးတယ် ” ဟုတောင်သူလယ်သမား ကွန်ရက်မှ ဦးစည်သူကပြောသည်။

ပြင်ဦးလွင်မြို့တွင် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းလျှက် ရှိသည့် အလုပ်ခွင်တခုကို ယခုလအတွင်း တွေ့ရသည့် မြင်ကွင်း၊ ၊ (သတင်းဓါတ်ပုံ ကျော်သူရမျိုး YPI )

လက်ရှိကာလတွင် လယ်ယာမြေအသိမ်းခံထားရသည့် ရွာပေါင်းမှာ (၆၄) ရွာထိ ရှိလာပြီး တရုတ်နိုင်ငံသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂတ်စ်ပိုက်လိုင်း စီမံကိန်း စတင်ချိန်တွင် လယ်ယာမြေသိမ်းခံရမှု ပိုမိုမြှင့်တက်လာသည်ဟု ၎င်းက ပြောသည်။

လယ်ယာမြေအသိမ်းခံရသည့် တောင်သူလယ်သမားအများစုသည် ၎င်းတို့ပိုင် လယ်ယာမြေများပေါ်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသော်လည်း လယ်ယာမြေနှင့် ပတ်သက်သော အသိပညာဖွံ့ဖြိုးမှု နည်းပါးသည့်အတွက် သီးစားခွန်၊ ပုံစံ(၁၀၅)နှင့် မြေယာမှတ်ပုံတင်ခြင်းများကို ပြုလုပ်ထားခြင်း မရှိသောကြောင့် လွယ်ကူစွာ အသိမ်းခံရခြင်းဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တောင်သူလယ်သမားကွန်ရက်မှ မှတ်ချက်ချ သည်။

လယ်ယာမြေများ အသိမ်းခံရမှုတွင် ကုမ္ပဏီများနှင့် အုပ်ချုပ်ရေးအာဏာပိုင်များမှ ပူးပေါင်းသိမ်းယူမှုများပြားပြီး တောင်သူလယ်သမားများ၏ လယ်ယာမြေများကို သိမ်းယူမည်ဆိုပါကရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မှခေါ်ယူပြီး နှစ်ပေါင်းများစွာ လုပ်ကိုင်လျှက်ရှိသော တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ကုမ္ပဏီများမှ ပိုင်ဆိုင်ကြောင်း ပြောဆိုကာ အမြန်ဆုံး ဖယ်ရှားခိုင်းလျှက်ရှိသည်ဟုလည်း ကွန်ရက်မှပြောသည်။

“လယ်ယာမြေတွေသိမ်းမယ်ဆိုရင် ရပ်ကွက်ဥက္ကဋ္ဌကမင်းတို့လုပ်စားနေတာ ကုမ္ပဏီပိုင်မြေတွေဖယ်ပေးရမယ်။ မဖယ်ပေးရင် ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူမယ်ဆိုပြီး ခေါ်ပြောတယ် ”ဟု လယ်ယာမြေဧက(၆၀)ကျော် သိမ်းခံထားရသည့် ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျေးရွာမှ ဦးအောင်နိုင်ကပြောသည်။

အဆိုပါကဲ့သို့ တောင်သူလယ်သမားများသည် လယ်ယာမြေများ အသိမ်းခံရခြင်းကြောင့် ၎င်းတို့၏ ဘ၀ရပ်တည်ရေးအတွက် လုပ်ကိုင်စားသောက်ရန် မြေယာများမရှိတော့ဘဲ ကျောက်တူးခြင်း၊ အုတ်ရိုက်ခြင်း စသည့် ကြုံရာကျပမ်းအလုပ်များကိုသာ လုပ်ကိုင်စားသောက်လျှက်ရှိကြောင်း မြေယာအသိမ်းခံရသည့် လယ်သမားများက ပြောသည်။

“တောင်သူတွေမှာ လယ်စိုက်ဖို့ ယာလုပ်ဖို့အတွက် ကိရိယာတွေ အစုံအလင်ရှိပေမယ့် လုပ်ကိုင်စားသောက်မှုအတွက် မြေနေရာမရှိတော့ဘူးဟု “စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးအောင်ကျော်ဆန်းကပြောသည်။

ယင်းကဲ့သို့ လယ်ယာမြေအသိမ်းခံရမှုများကို တောင်သူလယ်သမားများမှ လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတအပါအ၀င် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များထံ အသနားခံစာနှင့် တိုင်ကြားစာများ ပေးပို့ခဲ့ကြသည်။

“ကျေးရွာပေါင်း (၄၀)ကျော်က စာတင်လိုက်တဲ့အချိန်မှာ ဧက(၇၀၀) ကျော်ပြန်ရထားတယ်ဟု” တောင်သူလယ်သများကွန်ရက်မှ ဦးနေလင်းဦးကပြောသည်။

ယခုလို လယ်မြေအများအပြား သိမ်းဆည်းခံရမှုကှို ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက “ သာမန်လုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သများတွေဟာ အကြောက်တရားတွေနဲ့ နေခဲ့ရတယ်။ အဲဒီအကြောက်တရားတွေနဲ့ နေခဲ့ရတဲ့သူတွေဆီက ခြိမ်းခြောက်ပြီး ယူသွားမယ်ဆိုရင် ခံကြရတာပေါ့” ဟု မှတ်ချက်ချပြောဆိုသည်။

ို ယခုနှစ် မတ်လဆန်းတွင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ လယ်ယာမြေအသိမ်းခံရသည့် တောင်သူလယ်သမားများမှ စုပေါင်း၍ စိမ်းလန်းပြင်ဦးလွင်ကွန်ရက်ကစတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေ အသိပညာပေး ဆွေးနွေးပွဲကို မေလ(၁၉)ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း “သိမ်းဆည်းမြေယာ ပြန်ပေးပါ” ဆိုသည့် စာတမ်းပါ တီရှပ်များဖြင့် ၀တ်ပြုဆုတောင်းပွဲတရပ် ပြုလုပ်ရာ ယင်းဘုရားပရ၀ုဏ်ကို သော့ပိတ်ထားခဲ့သည့် အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့သည်။        ။

မန္တလေးမြို့ သေဆုံးခြင်း


သွယ် လင်းဆက်
about an hour ago
မြေယာဥပဒေနဲ့ ပတ်သက်ပြီး လုပ်တဲ့ပွဲတစ်ခုမှာ အဆိုတော်လင်းလင်း ကိုယ်တိုင် တီးပြီး ကိုယ်တိုင်ဆိုထားတဲ့ "မန္တလေးမြို့ သေဆုံးခြင်း" သီချင်းပါ။ မနေ့က ကို Demo Waiyan ဆီမှာတင်ထားတာတွေ့လို့ ဒေါင်းလုပ်ချ နားထောင်ကြည့်ပြီး ကြိုက်လွန်းလို့ စာသားနဲ့Videoဖိုင်ပေါင်းလုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်။ ကျွန်တော်က မန္တလေးမှာကြီးခွင့်မရပေမယ့် မန္တလေးနန်းတွင်းထဲမှာ မွေးခဲ့ရသူပါ။ ဇာတိမဟုတ်ပေမယ့် ချက်ကြွေမွေးရပ်မြေလို့ပြောလို့ရပါတယ်။ ဘာပဲပြောပြော သမိုင်းအထောက်အထားတစ်ခုအနေနဲ့ မှတ်တိုင်ဖြစ်လာမယ့်သီချင်းတစ်ပုဒ်ကို ဆိုပေးခဲ့တဲ့ ကိုလင်းလင်းကိုလည်းကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ နက်နက်ရင့်ရင့်ခံစားရတဲ့ သီချင်းတစ်ပုဒ်မို့ နားထောင်ကြည့်စေချင်ပါတယ်။



မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြောင်း


အဘ ဥက္ကာကိုကို

သတိ- လူမျိုးရေးအဓိကရုဏ်းမဖြစ်လာစေရန် အရေးတကြီးလိုအပ်နေပါပြီ။

ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲအကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိကရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေခဲ့သည်။ တောင်ကုတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မသီတာထွေးအမှုမှ တရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာ ယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည်ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။

နောက်ဆက်တွဲကို ဆက်လက်စုံစမ်းနေပါသည်။

မြန်မာ့နိုင်ငံအရေး အပြောင်းအလဲများအား အကောင်းမြင်၍ မရသေး...


Demo Waiyan
http://www.demowaiyan.org/2012/06/blog-post_9618.html
ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ စ၍ နောက်ဆက်တွဲ ဖြစ်စဉ်များ..

ဇွန်လ (၂)ရက်နေ့ မဲဆောက်ခရီးစဉ်အတွက် နဂိုမူလ စီစဉ်ထားတဲ့ ခရီးစဉ်ကတော့ မဲဆောက်မြို့လေဆိပ်မှ ဒေါက်တာစင်သီယာမောင်မှ ကြိုဆိုပြီး ဒေါက်တာစင်သီယာမောင် ဆေးခန်းကို ဦးစွာသွားရောက်ဖို့ ဖြစ်ပါတယ်..။ ထိုမှ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး အပြန်မှာ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ ထပ်မံဝင်ရောက် လေ့လာပြီး တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နေ့လည်စာ သုံးဆောင်ကာ တွေ့ဆုံ ဆွေးနွေးဖို့ ပြုလုပ်ထားခဲ့ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအားလည်း မြန်မာအဖွဲ့အစည်းများနဲ့ မဲဆောက်မှ ထိုင်းလုံခြုံရေးများ ပူးတွဲ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ..။

မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ အထက်ပါ သတိပေးအကြောင်းစာ ပေးပို့ပြီးချိန်မှ စ၍ မဲဆောက်ကို သွားရောက်မယ့် ဇွန်လ (၂)ရက်နေ့ မနက်(၆)နာရီမှာတော့ ထိုင်းအာဏာပိုင်များမှ မူလအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးအား မယ်လဒုက္ခသည်စခန်းမှာပဲ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်..။ မဲဆောက် လေဆိပ်ရောက်ရှိ စဉ်မှာလည်း ထိုင်းအာဏာပိုင်များရဲ့ အစီအစဉ်နဲ့ မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပါတယ်..။ မယ်လဒုက္ခသည် စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်မှာလည်း အသံချဲ့စက် အသုံးပြုပြီးလူထုနဲ့ စကားပြောဆိုခွင့် မရခဲ့သလို မူလစီစဉ်ထားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး..။ မယ်လဒုက္ခသည် စခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်မှာ သတင်းစာရှင်းလင်းပွဲသာ လုပ်ခွင့်ရခဲ့ပါတယ်..။

အထက်ပါ ဖြစ်ရပ်တွေဟာ ထိုင်းအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အစိုးရဧည့်သည်တော် တဦးပုံစံ ကြိုဆိုခဲ့ကြပြီး မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် ဖိအားပေးခဲ့တဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေပါ..။ မြန်မာအစိုးရရဲ့ ထိုင်းအစိုးရအပေါ် လုပ်ရိုးလုပ်စဉ် ဖိအားပေးမှုတွေရဲ့ နောက်ကွယ်မှာ ထိုင်းအစိုးရမှ အလျှော့ပေး ဆက်ဆံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာကတော့ ယခင် စစ်အစိုးရ သက်တမ်းတလျှောက်ပါပဲ..။ သို့ပေတည့် ထိုင်းအစိုးရမှ အိမ်ရှင် ပီသစွာ လုံခြုံရေးမှ အစ လစ်ဟင်းမှု မရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပေမယ့် မြန်မာအစိုးရရဲ့ ဆက်ဆံမှု ထိခိုက်မယ့် အရေးကိုတော့ မဲဆောက်ခရီးစဉ်မှာ ထိန်းချုပ်လုပ်ဆောင် ခဲ့ပါတယ်..။ ထိုင်းအစိုးရမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၉ရက်နေ့ ရောက်ရှိစဉ်မှ စပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံခဲ့မှုအထိ နိုင်ငံဧည့်သည်တော် တဦးအလား လေးစားသမှု ပြုခဲ့သလို World Economic Forumမှ လူထုခေါင်းဆောင်ရဲ့ အသံဟာလည်း ကမ္ဘာသို့ ပျံနှံခဲ့ပါပြီ။

ဒီဖြစ်ရပ်တွေအတွက် မြန်မာအစိုးရ အတွင်းမှ အပျော့ဂိုဏ်း အမာဂိုဏ်းတွေရဲ့ အခြေအနေတွေကို လှစ်ဟ ဖော်ထုတ် ပြသနေသလို မြင်တွေ့နေရပါတယ်..။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးဟာလည်း အထက်ပါ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေမလားပဲ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောဆိုခဲ့တဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေပေါ်မှာ အကောင်းမြင်လွန်း အားကြီးနေမှုကို သတိကြီးစွာနဲ့ ကျတော်တို့ လေ့လာသုံးသပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းအစိုးရမှ လေးစားသမှုနဲ့ ကြိုဆိုခဲ့မှု အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေး ကန့်ကွက်ခဲ့တဲ့ အမာဂိုဏ်းသား မြန်မာအာဏာပိုင်များ၏ လုပ်ရပ်အားလည်း အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်..။

ဒီမိုဝေယံ

နိုင်ငံခြားနဲ့ထိုင်းသတင်းထောက်တချို့ကို စခန်းတာဝန်ရှိသူတွေကမောင်းထုတ်နေစဉ်

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်သတင်းလုပ်ဖို့ရောက်နေတဲ့ နိုင်ငံခြားနဲ့ထိုင်းသတင်းထောက်တချို့ကို စခန်းတာဝန်ရှိသူတွေကမောင်းထုတ်နေစဉ် ...

By: Aung Kyaw Oo

ဓာတ်တိုင်မှဝိုင်ယာကြိုးများ နီရဲနေခြင်း

နေပြည်တော်ပျဉ်းမနားမြို့နယ် မင်္ဂလာသာခေါင် ရပ်ကွက်အတွင်း မိုးလေပြင်းသဖြင့် သုံးနာရီခန့် မီးပျက်အပြီး မီးပြန်လာချိန်တွင် ရပ်ကွက်သို့ လျှပ်စစ်ဓာတ်အားပေးသည့် ဓာတ်တိုင်မှဝိုင်ယာကြိုးများ နီရဲနေသည်ကို ဇွန်လ(၂)ရက်နေ့ည ဆယ်နာရီခန့်က တွေ့ရစဉ်
By: Popular Myanmar News Journal

ကို ထွန်းသူ
ရွှေပြည်ရေ...ကျောင်းတုန်းက၊ သင်ခဲ့ရတဲ့ပုံသေနည်းတခုကို၊ ပြန်သတိရမိပါတယ်။ ရွှေပြည်လည်း မှတ်မိဦးမှာပါ။
ကြိုးရဲ့ခုခံမှု resistance ဟာ၊ ကြိုးရဲ့အလျှား length နဲ့ တိုက်ရိုက်အချိုးကျပြီး၊ ကြိုးရဲ့ လုံးပတ်ဧရိယာနဲ့ ပြောင်းပြန် အချိုးကျတယ် မဟုတ်လား။ Load ဆွဲတဲ့အခါ၊ ကြိုးရဲ့ လုံးပတ်ဧရိယာသေးတဲ့အတွက်၊ ကြိုးတွေပူလာမယ်ပေါ့။
မနိုင်တဲ့ဝန်ကို ထမ်းရတဲ့အခါ၊ sub-stations တွေမှာလဲ၊ over current trip နဲ့ 'OCB' တွေ၊ 'ACB' တွေပြုတ်ကျမှာပါ။ 'Energy Management' ဆိုတဲ့ စွမ်းအင်စီမံခန့်ခွဲမှုပိုင်းအရ၊ နှစ်ပေါင်းများစွာနောက်ကျ ကျန်ခဲ့တဲ့ မြန်မာပြည်မှာ လျှပ်စစ်မီးမှန်မှန်ရဖို့ generation အပိုင်းသာမက၊ transmission နဲ့ distribution ပိုင်းတွေကိုပါ၊ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။
အမေစုကတော့ မြန်မာပြည်မှာ မီးလာဖို့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ 'Energy Management' ပိုင်းတွေကို၊ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ပြောသွားပါတယ်။

..................
ရဲရင့်ငယ်
ကြိုးတွေပူလာရင်တွဲကျလာမယ်လုံးပတ်ပိုသေးလာ မှာပေါ့၊အရှည်ကတော့ပိုရှည်လာမယ်။resistance ကတော့အရင်အတိုင်းပဲရှိနိုင်တယ်။ကျွန်တော်တို့အိမ်ရှေ့ ကကြိုးတွေဆိုအပေါ်ထပ်ကနေလှမ်းဆွဲလို့မှီတယ်။ အဲ..ဆေးလိပ်မီးလည်းတို့လို့ရတယ်။ ဂက်စ်မကုန်တော့ဖူးပေါ့.. တိုင်းပြည်ရဲ့ စေတနာတွေလေ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်

(AFP Photo) Popular Myanmar News Journal

ပြည်မြို့ အကြမ်းဖက်မှုနှင့် ပတ်သက်သော သတင်းပေးပို့ချက်များ

by Ye Min Tun on Friday, June 1, 2012 at 3:24am · ( ပြည်မှာ ဖမ်းသည်ဆိုတုန်းက စိတ်ပူ၍ ဆက်သွယ်ရာ ကျနော့် ညီအကိုတော်များမှ ပြန်လည် ရေးသား ပေးပို့ထားသော စာဖြစ်ပါသည်။  မူရင်းစာအတိုင်းဆိုရင် ဖတ်ရသည်မှာ တောင့်တောင့်ကြီး ဖြစ်နေ၍ ကျနော်စာစီ ပေးလိုက်သည်။)    

ဖြစ်စဉ်အစ

စိတ်မပူဖို့ စာရေးမယ် တွေးရာက အသေးစိတ်ရေးပြတာက နိုင်ငံရေးအရ ပိုအကျိုးရှိမယ် ထင်လို့ ရေးပေး လိုက်ပါတယ်။ ပြည်မှာ လျှပ်စစ်မီး အချိန်ပြည့်ရရေး ကြွေးကြော် ဆန္ဒပြကြတာ မေ ၂၂ ရက်နေ့ညက ဖယောင်းတိုင် ထွန်းပြီး တကြိမ်၊ မေလ ၂၃ရက်နေ့ မနက် မြို့ထဲက တိုင်းလျှပ်စစ်ဓါတ်အားခွဲရုံးထိ သုံးမိုင်လောက် လမ်းလျှောက်ပြီး တကြိမ်၊ မေလ ၂၄ ရက်နေ့ မနက် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး ရှေ့ကနေစထွက်ပြီး ၂ ဖာလုံလောက် လျှောက်ပြီး အကြမ်းဖက် ရိုက်နှက် လူစုခွဲခံရခြင်း သည့် ၃ ကြိမ်မြောက်မှာ ပြဿနာ စ ဖြစ်ပါတယ်။ မနက် ၉း ၂၀ နာရီ မြို့နယ်လျှပ်စစ်ရုံး ရှေ့က လမ်းလျှောက်ဆန္ဒပြ ထွက်လာသူတွေကို ခရိုင်ရဲတပ်ဖွဲ့မှူး အမိန့်အရဆိုပြီး၊ လမ်းရှည် နဲ့ လက်သမားလမ်းထောင့်မှာ တားပါတယ်။ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးအရ ဆန္ဒပြကြတာဖြစ်လို့၊ အာဏာပိုင်တဲ့ တရားသူကြီးတဦး  ဦးမပါ-အုပ်ချုပ်ရေး ဝန်ထမ်းတဦး မျှသာဖြစ်တဲ့ ရဲအရာရှိ တဦးက အခုလို တားပိုင်တယ်လို့ ကျနော်တို့ပြည်သူများက နားလည် ထားချက်မရှိပါ။ ပြစ်မှုတစုံတရာ ကျူးလွန်နေတာလည်း မဟုတ်လို့ “မနှစ်မျို့ရုံ မျက်စိစပါး မွှေးစူးရုံ မျှဖြင့် ကာကွယ် စောင့်ရှောက်ပေးဖို့ မိမိဝတ္တရားရှိနေတဲ့ ပြည်သူများ အပေါ် နိုင့်ထက် စီးနင်း အကြမ်းဖက်လာမယ်”လို့လည်း မမျှော်လင့်ခဲ့ပါ သမ္မတဦးသိန်းစိန် အစိုးရက ယုံလောက်အောင် အထပ်ထပ် ရွှန်းရွှန်းတွေဝေ ပြောခဲ့သလို၊ လူထုခေါင်းဆောင်များက ယုံကြည်ဖို့ တိုက်တွန်းခဲ့သလို ပြည်မြို့ ပြည်သူများ ယုံစားခဲ့ကြပါတယ်။ ခေတ္တရပ်တန့် (ဥပဒေနဲ့အညီ ဆန္ဒပြကြခြင်း သာဖြစ်ကြောင်း ရှင်းလင်း အသိပေးပြီး) ဆက်လျှောက်ခဲ့ ကြပါတယ်။

အာဏာပိုင်များမှ အကြမ်းဖက်မှု ကျုးလွန်ပုံ

ကျနော်တို့(အားလုံး)ယူဆချက်များ လွဲခဲ့ပါတယ်။ နောက် တဖါလုံခွဲလောက် လျှောက်မိတော့ မြို့လယ် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ လူမြင်ကွင်းကြီးမှာဘဲ ကြိုတင် ပြင်ဆင်ထားတဲ့ အချုပ်ကား တစီးနဲ့အတူ၊ ဒိုင်းလွှား၊ နံပတ်တုတ်ကိုင် ပုလိပ်သားများ (သမ္မတကြီးခင်ဗျား    ခင်ဗျာ့ လူတွေကို “ပုလိပ်” လို့ခေါ်ခွင့်ပြုပါ။) ကြိုတင်အသင့် နေရာယူစောင့်ဆိုင်း နေတာနဲ့တိုးပါတယ်။
 (ခရိုင်ရဲတပ်ဖွဲ့မှူး အမိန့်လို့ ဆိုပါတယ်။ ရဲဝန်ထမ်းတယောက်က အဲ့ဒီအမိန့်မျိုးပေးရ-မရတော့ ဒီမိုကရေစီ ဂုရုကြီးများ တွေးတောဖို့ ကောင်းပါတယ်။) လူစုခွဲရမယ် အမိန့်ပေးပါတယ်။ တဆက်တည်း လူစုမခွဲလို့ ဆိုပြီး ဆန္ဒပြအဖွဲ့တာဝန်ခံ ကိုကျော်ဆွေကို လူအုပ်ကြားက အဓမ္မဝင်ဆွဲပါတယ်။ မျက်မြင်သက်သေ ရာနဲ့ချီ ရှိနေတာပါ။ ဒါဟာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပေါ်ဖို့တင်ကူး ကြံရွယ်လုပ်ဆောင်တာပါ။ ရာဇဝတ်မှုမြောက်-မမြောက် ဥပဒေပညာရှင်တို့ သုံးသပ်ပါ။ ကိုယ့်လူကိုယ် ပြန်ဆွဲခေါ်တဲ့ ရုန်းရင်းဆန်ခတ်မှု သဘာဝကျကျ ဖြစ်လာပါတယ်။ မူလက ရဲမှူးကြီးအမိန့် လို့ ဆိုပေမယ့်  မြို့နယ်အုပ်ချုပ်ရေးမှူး  ဆိုသူရဲ့ “ရိုက်  ရိုက် အဲ့ဒီအကောင်ကိုရိုက်” လို့အမိန့်ပေးသံ ထွက်လာပါတယ်။အုပ်ချုပ် နဲ့ စီမံ တာဝန်သာရှိသူတွေက တရားစီရင်ခွင့် အာဏာကီု လွှဲအပ်မှု အတိအလင်းမရှိဘဲ လူပုံအလယ် ပြောင်ပြောင်ကြီး တလွဲကျင့်သုံးပါတယ်။ အများပြည်သူက အများပြည်သူဆိုင်ရာ နေရာမှာ ၊ အများပြည်သူဆိုင်ရာ အခွင့်အရေးကို အသုံးချတဲ့ ကိစ္စ လွဲနေတယ် ယူဆရင်တောင်မှ ဆိုင်ရာတရားစီရင်ခွင့်ရှိသူထံသာ တင်ပြရမှာပါ။ ခုတော့ အမိန့်မနာခံတဲ့ပြစ်မှု လို့ ကိုယ့်ဖာသာ ကင်ပွန်းတပ်၊ ကိုယ့်သဘောနဲ့ကိုယ် တထိုင်တည်း စီရင်ချက်ချပြီး လုပုံအလယ် ပြောင်ကြီး ရာဇဝတ်မှု ကျူးလွန်ကြပါတယ်။ အမည်မသိ ၁၅-၁၆ နှစ်အရွယ် ကလေးတယောက်ကို ဝိုင်းဝန်း ထိုးကြိတ်တာခံရပါတယ်။ (နောက်တော့ အဲ့ဒါ NLD က ကိုသိန်းဇော်ရဲ့ သားအငယ်ဖြစ်ကြောင်း သိသူများပြောပြပါတယ်။) ဆန္ဒပြအဖွဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုဝင်းလှိုင် နံပတ်တုတ်နဲ့ ၄ချက်ထက် မနည်းရိုက်ခံရပါတယ်။ လဲကျနေချိန်မှာ စစ်ဘိနပ်များနဲ့ ဝိုင်းဝန်း ကန်ကျောက်ကြတာကို ၁၀ ချက်လောက်ခံရပါတယ်။ကိုအောင်ထူး က သူ့အကို ကိုဝင်းလှိုင်ကို ဝင်ကာကွယ်မိလို့ ညို့သူကျည်းကို ပုံလျက်သား ကျသွားအောင် ရိုက်ခံရပါတယ်။ ကိုကျော်ဆွေကို ပြန်ဆွဲဖို့ကြိုးစားခဲ့တဲ့ သူ့ဇနီး မကေး ပလက်ဖေါင်းပေါ် ပစ်ကျအောင် တွန်းလှဲခံလိုက်ရပြီး။ ဆဲဆို ကြိမ်းမောင်း သွားတာခံရပါတယ်။ ဆန္ဒပြအဖွဲ့ တာဝန်ခံ ကိုကျော်ဆွေ၊ ကိုဝင်းလှိုင်၊ HRDP က ကိုဇော်ထွန်း၊ ကိုဖိုးဖြူ၊အမည်မသိ  အမျိုးသားတဦး၊NLD  က မဂျူးဂျူး တို့ကို အသင့် စောင့်နေတဲ့ အချုပ်ကားပေါ် တွန်းထိုးတင်ပြီး ဖမ်းသွားပါတယ်။ ကိုဝင်းလှိုင် ကို ၄-၅ ယောက်ချုပ်  ပြီး ကားပေါ် ပစ်တင်လိုက်တာမှာ ကားဘေးနံရံ နဲ့ ခေါင်းနဲ့ အသံမြည်အောင် ပစ်ဆောင့်မိကြောင်း အနီးကပ်တွေ့ လိုက်ကြရပါတယ်။

 ပြည်သူလူထုနှင့် သံယာတော်များပါ စုရုံးလာခြင်း

မနက် ၁၀း၂၀ နာရီပါ။ ၁ နာရီလောက် ခြားသွားတော့(၁၁း၃၀ခန့်) ဖမ်းဆီးခံရသူတွေ ပြည်ထောင်ထဲ ပို့လိုက်ကြောင်း ဟိုက-ဒီကတဆင့်စကား တွေကြားရတယ်။ ဆန္ဒပြခဲ့သူတွေ သာမကတော့ဘဲ မြို့လူထုကပါ မတရားမှုကို နှလုံးနာစိတ်နဲ့ပြည်ထောင်ရှေ့ စုရုံးရောက်လာကြ ပါတယ်။ ဘုန်းတော်ကြီးကျောင်းများမှ(ဆွမ်းဒကာ/ဒကာမတွေ တရားမဲ့အနိုင်ကျင့်ခံရတာကို တုန့်ပြန်ဖို့) နေ့ဆွမ်းဘုဉ်းပေးပြီးချိန်(မွန်းလွဲ၁း၀၀နာရီမှာ) သာသနာ့ဗိမာန် ရှေ့စုရုံးလာကြဖို့နှိုးဆော်နေပြီဖြစ်ကြောင်း သတင်းတွေပျံ့လာပါတယ်။  ကြာလေ ပြည်ထောင်ကြီးရှေ့ လူအုပ်ကများလေ၊ ၂၀၀၀ လောက်ဖြစ်လာပါတယ်။

ပြည်သူလူထုထံ ပြန်လည်ဆွေးနွေးခြင်း

အမှတ် ၂ ရဲစခန်းမှူးဆိုသူက ဆန္ဒပြသူများနဲ့ နီးစပ်မှုရှိတဲ့ ရှေ့နေတဦးထံ ဖုန်းနဲ့ဆက်သွယ်ပါတယ်။ “ အဆိုပါရှေ့နေ နဲ့ သိကျွမ်းသူ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်ကို ခေါ်လာပြီးဖြေရှင်းကြရင်၊ ဖမ်းထားသူတွေလွှတ်မယ်” ဆိုပါတယ်။
ဦးဝင်းမြင့်ကိုဆက် သွယ်တဲ့အခါ ၉ မိုင်လောက်အကွာ(ရွှေတောင်မြို့) ကပြန်လာနေပြီဖြစ်ကြောင်း၊ စခန်းက စောင့်စေချင်ကြောင်း ပြန်ပြောတယ်ဆိုပါတယ်။ နေ့လည် ၁ နာရီလောက်ထိ ၃၀၀၀ လောက်ရှိတဲ့မြို့လူထုကြီးပြည်ထောင်ရှေ့ နေပူကြီးထဲစုရုံးနေကြတာကို ဘယ် တာဝန်ရှိသူ မျိုးကမှ တချက်လာမကြည့်ပါ။ ဘယ်သူမှ သြဇာလာ မပေးပေမယ့် လူအုပ်ကြီးက ဘာဥပဒေချိုးဖေါက်မှုမှ မလုပ်ပဲ စုရုံးစောင့်ဆိုင်းခဲ့ပါတယ် (ကိစ္စတွေပြီးလို့အပြန်တောင်မှ လမ်းပေါ်ကျနေတဲ့ ရေသန့်ဗူးခွံတွေ ပြန်ကောက်သိမ်း သွားပါသေးတယ်။)
လူအုပ်ထဲက အစောကဖေါ်ပြခဲ့တဲ့ရှေ့နေ နဲ့  ရင်းနှီးသူတဦးရဲ့လက်ကိုင်ဖုန်းကို၊အဲ့ဒီရှေ့နေက ဖုန်းခေါ်ပြီး ပြောလာပါတယ်။
ထောင်ရှေ့ကလူအုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကိုယ်စားလှယ်များအမှတ် ၂ ရဲစခန်းမှာလာဆွေးနွေးဖို့ပါ။လူထုကြီးက ကိုယ်စားလှယ် ၈ ဦး
 ရွေးပေးပါတယ်။
(က) ဖမ်းထားသူများချက်ချင်းလွှတ်ဖို့
(ခ) မီးမရလို့ဖြစ်တဲ့ပြဿနာမို့ ဖြစ်နိုင်သမျှ မီးရရှိရေး လိပ်ပတ် လည်အောင်လုပ်  ပေးဖို့ -သဘောထား ၂ ခုပေးလိုက်ပါတယ်။

အာဏာပိုင်တို့၏ သဘောထားပြောဆိုချက်များ

ကိုယ်စားလှယ်များ စခန်း ၂ ရောက်ကျတော့၊ ၄ ယောက်သာ ဝင်ခွင့်ရမှာမို့ ၄ ယောက်ထပ် စီစစ်ပြီးဝင်တွေ့ကြရပါတယ်။ (ဒါက
 အရင် စစ်ထောက်လှမ်းရေးများ လုပ်နေကျ လူရှာတဲ့ပုံစံအတိုင်းပါ။) စခန်းထဲ ရောက်နှင့်နေတာကတော့ ပြည်-ပြည်သူ့လွှတ်တော် ကိုယ်
 စားလှယ် ဦးဝင်းမြင့်၊ပြည်-အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်လေး၊ပြည်-တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဦး
 မောင်မောင်လေး နဲ့ ဦးမျိုး ဆိုသူ ၄ ဦး။ အစောကရှေ့နေ၊ ဆန္ဒပြပွဲမှာပါခဲ့တယ်လို့ သိထားရတဲ့ဘော်လံတီယာ ၁ ဦး။ NLD ပါတီက ဦး
 သိန်းဇော်၊ဦးအုန်းမောင်၊အမည်မသိလူငယ် တဦး။ရှေ့နေမ တဦး။ခရိုင်ရဲမှူး တဦး ။စခန်းမှူး နှစ်ဦး။မြို့နယ်မှူး တဦး ။မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသူ (ထူးခြား ကာကီယူနီဖေါင်းဝတ်) တဦး စောင့်နေကြပါတယ်။
ခရိုင်ရဲမှူးက ဆန္ဒပြသူများကို သက်ညှာခွင့်ပေး ဆွေးနွေးခဲ့သေးကြောင်း၊ ဥပဒေနဲ့အညီ တားတာ/ရိုက်တာ/ဖမ်းတာ ဖြစ်ကြောင်း အထက်က နှိမ်နင်းဖို့အမိန့်ရခဲ့ကြောင်း ၊ပြည်ထောင်စုဝန်ကြီးချုပ် အထိတာဝန်ခံနိုင်ကြောင်း  ပြောပါတယ်။သူ့အပြောက
 ဆန္ဒပြသူများရဲ့ အခြေခံပိုင်ခွင့် အရဆန္ဒပြတဲ့ခါ အုပ်ချုပ်ရေးဝန်ထမ်းတဦးက တလေးတစားဆွေးနွေးဖို့ဟာ တာဝန်သာဖြစ်ကြောင်းခံယူ
 ထားပုံမရပါ။ကိုယ့်ကိုယ်ကိုယ် အာဏာကိုပိုင်တဲ့ ပိုင်ရှင်အဖြစ်မြင်ထင်ပုံရပြီး၊ဆွေးနွေးတယ် ဆိုတာ သူ့ရဲ့ကိုယ်ပိုင်သက်ညှာခွင့်ပေးမှုအ
 ဖြစ်ပြောနေတာပါ။  မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ဆန္ဒမပြအောင် ခေါင်းဆောင်တွေက ထိန်းဖို့၊ထိန်းရင်ရ ရမယ်။ခေါင်းဆောင်ကောင်းဟာ လက်အောက်ငယ်သားကိုနိုင်နင်းရမယ်  ဆိုတဲ့ နိုင့်ထက် စီနင်းဝါဒ အကြောင်းမာန် နဲ့ဌာန် နဲ့ပြောပါတယ်။ အများကိုနာခံရတဲ့၊ တာဝန်ခံသာရှိပြီး ခေါင်းဆောင်မခေါ်နိုင်တဲ့၊ တာဝန်ခံက ကိုယ်စားပြုသူလူထုရဲ့ အကျိုးကိုဆောင်နိုင်တာ သာအရည်အချင်းလို့သတ်မှတ်ကြတဲ့ ဒီမိုကရေစီအလေ့အထများကိုကြားဖူးမယ့်ပုံမပေါ်ပါဘူး။  ရှေ့နေကြီးက “ အခြေခံဥပဒေမှာ
လွတ်လပ်ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုထားတယ်၊  အခုအရေးယူခံရသူတွေက စံနစ်တကျ ဆန္ဒပြခွင့်တင်တယ်။ နည်းဥပဒေမရှိလို့ခွင့်မပြုဘူး။
နည်းဥပဒေတွေ၊ကျင့်ထုံးတွေက ခွင့်ပေးဖို့ရာတော့ မပေါ်ပေါက်သေးဘူး၊ ရိုက်နှက်ဖို့အရေးယူဖို့တော့ပေါ်ပေါက်နှင့်ပြီလား?” ဆိုတာမေးခွန်းထုတ်ပါတယ်။ ခရိုင်ရဲမှူးက ဘဝင်ကျအောင်မဖြေဖဲ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတာပြောပါတယ်။ တိုင်းအမတ်က ကြားဝင်ပါတယ်။ “ဥပဒေရေးရာ အငြင်းပွါးမှုကို သူတို့နဲ့သာလုပ်ဖို့၊သူတို့က တဆင့်လွှတ်တော်ဆီသယ် ဆောင် ဆွေးနွေးမယ်။ အခုဒီလိုကြားဝင်တာ ပြဿနာမဖြစ်စေ့ချင်လို့ဖြစ်ပြီး ပါတီကြော်ငြာတာမဟုတ်။(၄ ဦးလုံး ကြံ့ဖွံ့ ကပါ။)
 ဒီဟာက ၂ ဖက် ဘာလိုချင်တယ်ညှိဖို့ဘဲပြောပြီး ဥပဒေရေးရာ အငြင်းပွါးမှုကြောင့် အချိန်ကုန်/အကျိုးမဲ့နိုင်ကြောင်း
ပြောပါတယ်။ လူထု တိုက်ရိုက်ရွေးတဲ့ ၄ ဦးမှာ တဦးဘဲတာဝန်ခံ စကားပြောပါတယ်။ “ဖမ်းတဲ့ ၆ ယောက်လွှတ်ပါ။မီးကို အပြေလည်ဆုံးရဖို့
 လုပ်ပေးပါ။” ဒါပါဘဲ။ ခရိုင် ရဲမှူး လိုချင်တာ ခုမှရှင်းပါတယ်။“ဆန္ဒမပြဖို့။(ဆန္ဒပြတဲ့ခါ အခြားဥပဒေချိုးဖေါက်မှုတွေ မဖြစ်အောင်တာဝန်ခံဖို့ မဟုတ်ဘူးနော်။) ဆန္ဒပြကြမယ့်အစား  လွှတ်တော် ကိုယ်စားလှယ်တွေ ရှိနေတာမို့၊ လိုချင်/ဖြစ်ချင်တာတွေ သူတို့က တဆင့်စံနစ်တကျတင်ပြ၊  တောင်းဆိုကြဖို့။ နောက်ထပ် ဆန္ဒပြမှုမဖြစ်အောင် အခုကိုယ်စားလှယ်တွေကတာဝန်ယူကြဖို့။” ပြောပါတယ်။ နဂိုရ်ပြောလက်စ ကိုယ်စားလှယ်ကဘဲဆွေးနွေးပါတယ်။ “လူထုက လိုအပ်ချက်ကိုဆန္ဒပြတာမို့၊လိုအပ်ချက်မရဘဲ ဆန္ဒမပြ ကြဖို့အမိန့်မပေးနိုင်ကြောင်း၊ လူထုကြီးကို အမိန့်စံနစ်နဲ့ခေါင်းဆောင်လို့မရကြောင်း၊ အခု ၆ ယောက်ကိုလွှတ်မယ်ဆိုရင် ဒီ ၆ ယောက်နဲ့ သူတို့နဲ့သက်ဆိုင်ရာ တစုကတော့ အာမခံသက်တမ်းအတွင်း ထိန်းသိမ်းနေကြမယ်လို့ယုံကြည်နိုင်ကြောင်း၊ကျန်အများစုကလည်းမီးကိစ္စ တစုံတရာပြေလည်တဲ့ထိလုပ်ပေးရင် တဖြည်းဖြည်းဆန္ဒပြတာနည်းသွားမယ်ယူဆကြောင်း”ဆွေးနွေးပါတယ်။ “ အခု ထောင်ရှေ့လူအုပ်ကြီးက ဖမ်းဆီးကိစ္စဆွေးနွေးဖို့ လွှတ်လိုက်တာသာဖြစ်ပြီး ၊အခြားမြို့လူထုကဆန္ဒပြကြရင် တာဝန်ခံဖို့ထား၊ ကျနော်တို့သိပင် မသိနိုင်ကြောင်း”  ဖြည့်စွက်ပါတယ်။ ခရိုင်ရဲမှူးကလည်း ဆန္ဒမပြကြဖို့ သာတွင်တွင်တောင်းဆိုပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကြားဝင်ပါတယ်။ “သူတို့ ကိုယ်စားလှယ် ၄ ဦး အာမခံ လက်မှတ်ထိုးပေးရင် ဒီလူတွေ ကိုလွှတ်မယ်လို့ အစောပိုင်းက နားလည်မိထားတာရှိပါတယ်။ အခုအဲ့ဒီလိုအာမခံမယ်ဆို လွှတ်မှာမဟုတ်လား?”မေးတော့၊ ခရိုင်ရဲမှူးကလွှတ်မယ် ဖြေပါတယ်။ ခရိုင်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များက ဆက်ပြီး မီးရရှိရေးအခက်အခဲများ နဲ့မြို့နယ်တွင်းတိုးချဲ့ ရရှိရေးဆောင်ရွက်ထားပုံများပြောပြရှင်းလင်းပါတယ်။ လိုရင်းက KIA ဗုံးခွဲလို့မီးမပေးနိုင်တာဖြစ်ပြီး၊ 500 KV မီးစက်တလုံးဝယ်ထားပြီး၊ စည်ပင်ရေစက် နဲ့ဆေးရုံလိုအရေးကြီးနေရာတွေမီးပြန်ပေးတော့မှာလို့ပြောပါတယ်။ လူထုကိုယ်စားလှယ်များက ဆက်ဆွေးနွေးဖို့ မလိုအပ်တော့ယူဆပြီးပြန်ခဲ့ပါတယ်။

အထိန်းသိမ်းခံ ၆ဦး ပြန်လွတ်လာ

လူထုကိုယ်စားလှယ်များထောင်ရှေ့ပြန်ပြီး ၃၀၀၀-၄၀၀၀ လောက်လူအုပ်ကြီးနဲ့အတူထောင်ရှေ့ နေပူကြီးထဲထိုင်စောင့်
 ကြပါတယ်။ လူထုကြီးက လူစုခွဲနိုင်ပြီဖြစ်ကြောင်း ပြောပေမယ့်၊ ဘယ်သူမှမပြန်ပါ။ သံဃာတော်အချို့ လည်းထပ်ရောက်လာပါတယ်။အလှူ့ ရှင်များရောက်လာပြီး ရေသန့် ၁ ယောက်-၁ ဘူး ဝေပါတယ်။ ၂း၀၀ နာရီပါ။ ၂း၃၀ နာရိလောက်မှာ ခရိုင်ရဲမှူး၊စခန်းမှူး တဦး အမတ် ၄ဦး (အမတ်များရဲ့ကားပေါ်မှာ ကိုယ်ပိုင်လုံခြုံရေးပုဂ္ဂိုလ် ၈ ဦးလိုက်ပါ)  ထောင်ရှေ့ရောက်လာပါတယ်။ သူတို့ ကြားဝင်ပေးလို့ ပြေလည်သွားပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အမတ်က လူထုကြီးကို နှုတ်ဆက်ပြော  ပြောပါတယ်။ နောက်တော့ ထာင်ထဲကိုဝင်ပါတယ်။ အခြားလူထုထဲက လိုက်ပါသူ မပါဝင်ပါ။ ၂း၄၅ မှာထိန်းသိမ်းခံ ၆ ဦးထွက်လာကြ၊ လူထုကြီး အော်ဟစ်ကောင်းချီးပေး၊ ပုခုံးထမ်းတင်ကြိုကြတယ်။ ထောင်အနီးလူထုမိတ်ဆွေ ဆရာကြီးဦးအာကာအိမ်ရှေ့မှာလွတ်လာသူ ၆ ဦးက “လူထုကြီးကိုကျေးဇူးတင်ကြောင်း” နှုတ်ဆက်စကားဆို၊ ၃း၁၅ နာရိလူစုခွဲကြတယ်။

ဥပဒေအတိုင်း အရေးယူပေးရန်ကြိုးပမ်းခြင်း

ညနေ ၄း၄၅ နာရီမှာ ထိန်းသိမ်းခံ ၆ ဦးက ပြည်-အမှတ်၂ ရဲစခန်းကိုသွားပြီး “ မတရားဖမ်းဆီး ချုပ်နှောင်မှု၊လက်ရောက်ကျူးလွန်  မှုများ”ကျူးလွန်ခံခဲ့ရမှု” အတွက် ခရိုင်ရဲမှူး နဲ့တာဝန်ရှိသူများအပေါ် တိုင်ချက်ဖွင့်ပါတယ်။ စခန်းက ချက်ချင်းလက်မခံပါ။  “အမှုမဖွင့်ဖို့ နဲ့၊ NLD ပါတီက ထိန်းသိမ်းခံ အမျိုးသမီးတဦး ထပ်မံလွှတ်ပေးဦးမယ်“ လို့ကမ်းလှမ်းခံရကြောင်း အဲ့ဒီ ၆ ဦးထဲကသတင်း ထွက်လာတယ်။ အဲ့ဒါ ဘယ်အထိမှန်လဲမသိပါ။ အခုပြောတဲ့အမျိုးသမီးက လင်ရောမယားပါ လောင်းကစားပုဒ်မ နဲ့ စွပ်ဆွဲ ဖမ်းထားပြီး ပြစ်ဒဏ်မချ ရသေးပါ။ သူတို့ရဲ့အပြင်မှာ တဦးတည်း ကျန်ရစ်သူသမီးငယ်က ဒီကမ်းလှမ်းချက်ကိုငြင်းဖို့သဘောထားပေးကြောင်းလည်း ကြားရပါတယ်။ အခု မေလ ၂၅ ရက်နေ့ မနက်မှာတော့ ရဲစခန်းက တိုင်ချက် ကိုယ့်ဖာသာရေးလာရင် အမှုလက်ခံမယ်ပြောလို့၊ လွတ်မြောက်လာသူ ၆ ဦး အမှုသွားဖွင့်ကြပါတယ်။ အမှုမဖွင့်ပေးပါ။ရှေ့နေ ဦးမြင့်အေးကို ပထမအကြိမ် ခေါ်ပြီးတော့လည်းကောင်း ။ မေလ ၂၉ ရက်နေ့ မှာ ဦးမြင့်အေး၊ ကိုဇော်ထွန်း၊ မဂျူးဂျူး ရဲ့ဖခင်အပါအဝင် ၅ ဦးကို လည်းခေါ်တွေပြီး ပြည်သူ့လွှတ်တော်(ကြံ့ဖွံ့) အမတ်ဦးဝင်းမြင့် နှင့် နယ်စပ်ဖွံ့ဖြိုးရေးဝန်ကြီး(ဗ.မ.က) သက်ထွန်းနဲ့အဖွဲ့က ခေါ်တွေ့ပြီး ပြောကြားသည်မှာ မတိုင်ကြဖို့
မီဒီယာတွေမှာ မပြောကြဖို့ ချော့တာလိုလို၊ ဖိအားပေးတာလိုလို၊ အပေး အယူလုပ်တာ လိုလို လုပ်နေပါတယ်။

နောက်ဆုံးအခြေနေ
ဂျွန်လ ၁ရက်နေ့ မနက် ၁၀း၃၀ မှာ ၊ပြည်မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်လွှာ တင်တယ်။ တရားသူကြီးနဲ့ ပေးမတွေ့။ စာရေးက “ကျင့်ထုံး ၁၉၇ အရမ ပြည့်စုံ၍ ပြန်ပေး” လို့လက်ရေးနဲ့ ရေးပေးတယ်။ ဘာမပြည့်စုံတာ၊ ဘာဖြည့်စွက်ရမှာ မေးလို့ မဖြေပါ။ဒုတိယတကြိမ်“ ဒီအတိုင်း လက်မခံနိုင် ပြောလာတဲ့အခါ ဦးတိုက်လျှောက်ထားသူများမှ “ခင်ဗျားရာထူးနဲ့ တာဝန်ဖေါ်ပြပါ။ တံဆိပ်တုံးထုပေးပါ။တာဝန်ရှိသူတယောက် တရားဝင်ဖြေရှင်းပါ။” ထပ်ပြောမှ။ ၁၂း၂၀ နာရီမှာ “သမ္မတအမိန့်စာနဲ့မှ တင်လို့ရမယ်၊ အဆင့်မြင့်အရာရှိ (ခရိုင်ရဲမှူး) ပါနေတာကြောင့်” ဆိုတဲ့ အဖြေရပါတယ်။ သမ္မတနဲ့ တရားလွှတ်တော်ချုပ်ကို စာဆက်တင်မယ်။ နောက်ဆုံး အခြေအနေပါ။

ထိုအချက်အလက်များသည် ပြည်မြို့မှ မျက်မြင်သက်သေ ညီအကိုတော်များ၏ ကျနော်ထံ ရေးသားပေးပို့ချက်များဖြစ်ပြီး။
သူတို့၏ ဆန္ဒအတိုင်း ဂျွန်လ ၁ ရက်နေ့မှ စတင်ပြီး အများသိအောင် တင်ပြပေးပါသည်။
ခင်မင်လေးစားလျက်
ရဲမင်းထွန်း

ပြည်မြို့အာဏာပိုင်များ အကြမ်းဖက်မှု တရားစီရင်နိုင်ရေး အခက်ခဲနှင့် မေတ္တာရပ်ခံပန်ကြားခြင်း

by Ye Min Tun on Saturday, June 2, 2012 at 7:35am · ပြည်မြို့တွင် ဖြစ်ပေါ်သွားသော ၂၄ နာရီလျှပ်စစ်မီး ရရှိရေး ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကို ပြည်အာဏာပိုင်များက အကြမ်းဖက် နှိမ်နင်းခဲ့သည်။ ထိုအကြမ်းဖက်မှုများကို တရားစီရင်ရေးအတွက် တရားရုံးကို ဦးတိုက်လျှောက်ထားသည့် ရှေ့နေဦးမြင့်အေးနှင့် အမှုသည် ကိုဇော်ထွန်း (HRDP )ပါ ငါးဦးမှ ကြုံတွေ့ရသည့် အခက်အခဲများကို မျက်မြင်သက်သေများက ပြည်သူလူထု သိအောင် တင်ပြရင်း ကာယကံရှင်များထံ  အကြံပေးလိုက်ပါသည်။

တရားရုံးတွင် ဦးတိုက်လျှောက်ထားစဉ် အခက်အခဲများ
ဇွန်လ ၁ ရက်နေ့တွင် ဦးတိုက်လျှောက်ထားရာ-
တရားသူကြီးထံ တိုက်ရိုက်လျှောက်ထားခွင့်မရ တရားရုံးစာရေးထံ ဦးစွာလျှောက်ရသည်။ တရားရုံးစာရေးက အကြောင်းပြချက်မပေးပဲ ပြန်လွှတ်၏။ နှစ်ကြိမ်လျှောက်ထားရာ နှစ်ကြိမ်ပြန်လွှတ်၏။ တရားသူကြီးနှင့် တွေ့ခွင့်မရဖြစ်နေသည်။ တရားစီရင်ရေးဌာန၏ နည်းလမ်းမကျပုံများ
တရားသူကြီးကို ဦးတိုက်လျှောက်ထားခွင့်မရှိ တရားရုံးစာရေးကို ဦးတိုက်လျှောက် သလိုဖြစ်နေသည်။
ကျင့်ထုံးမှာ တရားသူကြီးကျင့်ထုံး ဖြစ်၍ စာရေးက စာကိုဖတ်ခွင့်လည်းမရှိ ဆုံးဖြတ်ခွင့်လည်း မရှိပါ။
တရားသူကြီးကို မတွေ့ရပဲ စာရေးကို ဦးစွာတင်ပြရခြင်းသည် အမှုသည် လိုက်နာရန် စည်းကမ်းလည်း မဟုတ်ပါ။
ကျင့်ထုံး အကန့်အသတ်မှာ ' စစ်ဆေးခွင့် စီရင်ဆုံးဖြတ်ခွင့် မရှိ' ကြောင်းသာ ကန့်သတ်သည်။' လျှောက်ထားခွင့် မရှိ' ဟုမကန့်သတ်ပါ။ လျှောက်ထားပြီးမှ တရားသူကြီးက ဆုံးဖြတ်ခွင့်မရှိ ပြန်ပယ်ရမည်။
သမ္မတအမိန့်စာယူရန်မှာ အောက်ရုံးက တရားသူကြီး လက်မခံ၊ ပယ်ချကြောင်း အမိန့်ရှိမှ ပူးတွဲ၍  တောင်းခံနိုင်မည်။ အထက်ရုံး (ခရိုင်ရုံး) ကိုလျှောက်ထားရန် အောက်ရုံး (မြို့နယ်ရုံး)မှ ပယ်ချအမိန့်ရှိဖို့ လိုသည်။
တွေးတောချက်
နိုင်ငံသားတိုင်း တရားသူကြီးထံ ဦးတိုက်လျှောက်ထားခွင့် ရှိသည်။ အမှုမခိုင်မာက တရားသူကြီးပယ် လိမ့်မည်။ ကြားပွဲစား (စာရေး) ဆုံးဖြတ်ပိုင်ခွင့်မရှိ။
တရားရုံး၊ ရုံးချိန်း၊ ရုံးအလုပ်၊ တရားသူကြီး တာဝန်ရှိသော ဦးတိုက်လျှောက်ထားခြင်း အမှုကို နိုင်ငံသားအခွင့်ရေး ရှိသည့်အတိုင်း ဥပဒေဘောင်အတွင်း ဆောင်ရွက်ခြင်းဖြစ်သည်။ လက်ခံကြားနာပိုင်ခွင့် ရှိရမည်။
စာရေးက အာဏာမပိုင်ဘဲ တားမြစ်နေခြင်းမှာ မတရား တားမြစ်မှု (၃၄၁) မြောက်သည်။ တရားရေး မဏ္ဍိုင်လည်း ချွတ်ချော်စေသည်။ ၄င်းကိုယ်ပိုင်သဘောဖြင့် လုပ်ဝံ့မည် မထင်။ ရဲရဲတင်းတင်း ပိုင်ပိုင်နိုင်နိုင် (ဒေါသမပါဘဲ) မိမိအခွင့်အရေး အပြည့်ကျင့်သုံး နိုင်ဖို့ ကြိုးစားသင့်သည်။
ဆောင်ရွက်နိုင်သောနည်း
တခါပြန်သွား၍ ဦးတိုက်လျှောက်ထားခွင့် ရှိကြောင်း၊ စာရေးက တင်ပြမပေးလိုက မိမိတို့ဖာသာ တင်ပြနိုင်ဖို့ စီစဉ်ပေးသင့်ကြောင်း၊ တင်ပြပြီး တရားသူကြီး ဆုံးဖြတ်ချက်နှင့်သာ သမ္မတအမိန့်စာ ရယူခွင့်ရှိကြောင်း၊ စာရေးတွင် ဦးတိုက်လျှောက်ထားခြင်းကို ဟန့်တားခွင့်မရှိ မဟန့်တားသင့်ကြောင်း ပြောဆိုရန်။
ရှေ့နေက ဦးတိုက်လျှောက်ထားခြင်းတွင် ၀င်ရပ်ရန် ဘောင်မ၀င်သော်လည်း ရုံးစာရွက်စာတမ်း ကမောက်ကမဖြစ်ခြင်းကို ကြားရပ်ခွင့်ရှိ ၀င်သင့်။
ရုံးမ၀င်မှီ သတင်း မီဒီယာများကို အထက်ပါ မတရားပိတ်ဆို့မှု ရှိနေကြောင်း၊ နိုင်ငံသားများအနေဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခွင့် မရှိသလို ပြုမူခံနေရကြောင်း၊ တရားသူကြီးကို တွေ့ခွင့်မပြု စာရေးကိုသာ ဦးတိုက်လျှောက်ထားရမည် ဟုပြုမူဆုံးဖြတ်နေကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ခွင့်အရေး လုံခြုံမှုနှင့်  တရားမျှတမှုတို့အတွက် အမြင့်ဆုံးတာဝန်ခံထားသော တရားရုံးပေါ်တွင် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးလျက် တရားမျှတမှုနှင့် လုံခြုံမှုအတွက် သံသယရှိဖွယ် ဖြစ်နေကြောင်း စသည်တို့ကို ဖွင့်ချရန် (ဖြစ်နိုင်ပါက တရားရုံးဖုံးနံပါတ်ပါ ဖေါ်ပြပေးရန်)
စသည်တို့ကို ပြည်မြို့ ပြည်သူလူထု မျက်မြင်သက်သေများမှ ၄င်းတို့သိရှိသမျှကို အများသိစေရန် တင်ပြရင်း ကာယကံရှင်များကို အကြံဥာဏ်များ ပေးလိုသည်များပါ ဖေါ်ပြလိုက်ပါသည်။

ရှေ့နေဦးမြင့်အေး-ဖုန်း ၀၉၄၃၁၅၆၆၀၃
ကိုဇော်ထွန်း(HRDP )-ဖုန်း ၀၅၃၂၄၂၈၂/၀၅၃ ၂၄၉၀၈
ပြည်မြို့နယ်တရားရုံး-ဖုန်း ၀၅၃ ၂၄၀၁၆/ ၀၅၃ ၂၄၁၁၆။


( ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ပေးပို့လာသည့် လက်ရေးမူကို ပြန်လည်ရိုက်နှိပ် ဖေါ်ပြပေးပါသည်။ ရဲမင်းထွန်း)
တရားရုံးစာရေးမှ ဦးတိုက်လျှောက်ထားခြင်းကို ငြင်းဆိုပြီး ပြန်လည်ရေးပေးလိုက်သည့် လက်ရေးမူ ဖြစ်ပါသည်။ အများပြည်သူသိရှိစေရန် ဖေါ်ပြပေးလိုက်ပါသည်။

ပြည်မြို့ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုက်ဖေါ်ပွဲ အကြမ်းဖက်မှု တရားစီရင်ရေး သက်သေခံ စာရွက်စာတမ်းများ (၁)



by Ye Min Tun on Saturday, June 2, 2012 at 11:18am · ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒထုက်ဖေါ်ရန် ဒေသဆိုင်ရာ အာဏာပိုင်များကို ကြိုတင်အသိပေး အကြောင်းကြား ခဲ့ပါသည်။ မြို့နယ်ရဲတပ်ဖွဲ့ထံ  ပြည်သူများကိုယ်စား တင်ပြ တာဝန်ခံသည့် ဦးကျော်ဆွေ၊ ဦးဝင်လှိုင်၊ ဦးသန့်စင်၊ ဦးပြည့်လွင် နှင့် ဦးကျော်ကျော်ဦးတို့၏ စာမူရင်းနှင့် အတူ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြန်လည် ငြင်းဆိုသည့်စာ၊ တရားလွှတ်တော် ရှေ့နေဦးမြင့်အေး၏ အယူခံစာတို့ကို ပြည်သူများ သိရှိစေရန် တင်ပြပါသည်။ ပြည်မြို့ ၂၄ နာရီ မီးရရှိရေး လှုပ်ရှားမှုသည် ဥပဒေဘောင် အတွင်းမှ အဆင့်ဆင့် တင်ပြပြီး လုပ်ဆောင်သွားတာ ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုကို ရိုတ်နှက်ဖမ်းဆီး အကြမ်းဖက်ခြင်းသည် အာဏာပိုင်များ၏ အာဏာအလွဲသုံးစား ပြုလုပ်ခြင်းကို ပေါ်လွင် သိရှိစေရန် ရည်ရွယ်ပါသည်။






ပြည်မြို့ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲအကြမ်းဖက်မှု တရားစီရင်ရေး သက်သေခံ စာရွက်စာတမ်းများ (၂)


by Ye Min Tun on Saturday, June 2, 2012 at 11:24pm · ပြည်အာဏာပိုင်များ၏ အကြမ်းဖက် နှိမ်နင်းဖမ်းဆီးခြင်းခံရသော ဦးကျော်ဆွေ၊ ဦးဝင်လှိုင်၊ ဦးသန့်စင်၊ ဦးပြည့်လွင် နှင့် ဦးကျော်ကျော်ဦးတို့၏ ဦးတိုက်လျှောက်ထားလွှာ မူရင်းကို အများပြည်သူ သိရှိနိုင်ရန် အတွက် တင်ပြပေးလိုက်ပါသည်။



















ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်


ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်အား လူထုကချစ်သည်မှာ သဘာဝကျပါသည်
၀၃ ဇွန် ၂၀၁၂

ယနေ့ ကမ္ဘာသည် ခေတ်မီနည်းပညာ အသစ်များဖြင့် အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲ တိုးတက်နေပေရာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ခေါင်းအေးအေးထားပြီး သုံးသပ်ကာ မှန်ကန်ယုံမက တိကျမြန်ဆန်ရန် အရေးကြီးပေသည် ။ လာဘ်စားလိုသော မော်တော်ပီကယ်တစ်ယောက် လို လမ်းလယ်ခေါင်ရပ်ပြီး ကားများကို လမ်းပြသကဲ့သို့ ဟိုတစ်စီး ကရပ်ပြီး နောက်တစ်စီးကို သွားခိုင်း၍ မဖြစ်နိုင်ပါ ။ ဆိုလိုသည်မှာ နိုင်ငံရေးက မီးနီ မိနေပြီး စီးပွားရေးကို မီးစိမ်းပြ၍ ဘယ်လိုမှ မဖြစ်နိုင်ပါ ။ အပြိုင်အဆိုင်များ များပြားသော ခေတ်ရေစီးကြောင်းတွင် အရာအားလုံးသည် အချိန်နှင့် တပြေးညီ တချိန်တည်း တပြိုင်ထဲ ဖြစ်နေပေသည် ။ ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အစိုးရ အဖွဲ့များသည် တိုင်းပြည်နှင့် လူထုအကျိုးစီးပွားကို ဆောင်ရွက်ရန် တာဝန်ယူကြရပြီး သို့မဟုတ်ပါက ကျောက်ခေတ်ကာလကဲ့သို့ ကိုယ့်အုပ်စုနှင့်ကိုယ်အမဲလိုက်ပြီး မီးမလာ ရေမလာ ဂရုမစိုက်ပဲ အင်တာနက်နှင့် face book မရှိသော ကျောက်ဂူထဲတွင် အိပ်နေယုံသာရှိပေသည် ။

ပြည်တွင်းစစ် ဖြစ်နေယုံမက ဗလောင်းဗလဲမြန်သော မတရားဥပဒေ များကို လိုရင်လိုသလို အသက်သွင်းပြီး အကျင့်ပျက် ဖောက်ပြန် ခြစားမှုများ ပြည့်နှက်နေသော မြန်မာပြည်တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတကာသည် လက်တုန့်နှေးကွေးနေပေသည် ။ ဦးသိန်းစိန် အစိုးရအနေဖြင့် ကမ္ဘာက လေးစားတန်ဘိုးထားရသော ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွဲလယ်ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှုများ ရပ်တန့်ရန် လုပ်ဆောင်နေမှုသည် တစ်ချိန်ချိန်တွင် အောင်မြင်နိုင်ပေမဲ့ ခိုင်မာသော မတရား ဥပဒေသများရှိစဲ လွှတ်တော်ထဲတွင် အကျင့်ပျက်ခြစားမှုကိုတော့ ကိုယ်ကိုတိုင် ပြင်ဆင်မှ ရပေလိမ့်မည် ။

ခေတ်မီ လက်နက်များဖြင့် ဖြေရှင်းမရသော ခေတ်နောက်ကျနေသော စစ်အတွေးအခေါ်များ
ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေသော အဓိက အကြောင်းအရင်းမှာ အမေရိကန်သည် ဂျပန်ကို အနုမြူဗုံးကြဲပြီး လက်နက်ချ အညံ့ခံခိုင်းစေခြင်းဖြင့် တဖက်သတ် ငြိမ်းချမ်းရေးကို ဖန်တီးခဲ့လေသလား ၊ ပါလက်စ္စတိုင်းနှင့် အစ္စရေး ရေရှည် ပဋိပက္ခ္ခ္ခ္ခ္ခတွင်လည်း စူဆိုက်ဗုံးသမားများသည် တိုင်းပြည်ချစ်စိတ်ကို နာကျည်းစိတ်ဖြင့် လက်စားချေတုန့်ပြန်ခဲ့မှုသည် အမှန်တရားလား ။ အာဏာရှင် အစိုးရများ၏ အာရပ်နွေ ဦး လူထု လှုပ်ရှားမှုများကို လျစ်လျှူရှုပြီး တဖက်သတ် ဖီနှိပ်မှုများကြောင့် ဆီးရီးယား ၊ ယီမင်တိုင်းပြည်သည် ယခုအခါ သွေးချောင်းစီးသော စစ်မြေပြင် အသွင်ဆောင်ကာ အပြစ်မဲ့ပြည်သူများ သေကြေနေရပေသည် ။ ကျနော်တို့သည် ပြည်တွင်းငြိမ်းချမ်းရေး ၊နှငိ့အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုရွေးချယ်မည်လား ဒါမှမဟုတ် ရေရှည် ပြည်တွင်းစစ်ကို မွေးမြူပြီး နောက်ကြောင်းပြန်လှည့်ကြမည် လား။ မေးခွန်းတိုင်းတွင် အဖြေရှိစမြဲမို့ ဒီမိုကရေစီ နိုင်ငံသစ်ကို မဖြစ်မနေ သွားချင်သော အစိုးရ ၊ အတိုက်အခံ ၊ ပြည်သူပြည်သားများတွင် ဖြေဆိုရပည့် တာဝန် ၀တ္တရားရှိပေသည် ။

တိုင်းပြည်ကို ဦးဆောင်သူများ၏မှန်ကန်သော လမ်းကြောင်းရွေးချယ်မှုသည် ၄င်းတိုင်းပြည်၏ အနာဂတ်ကို လုံးဝကောင်းကျိုး ဆိုးကျိုးများအား ဖြစ်ပေါ်စေပါသည် ။သေချာသည်မှာ ယနေ့ကမ္ဘာသည် ပြဿနာကို ခေတ်မီ လက်နက်များဖြင့် ဖြေရှင်းမရသလို ခေတ်နောက်ကျနေသောစစ်အတွေးအခေါ်များကိုလည်း လူထုက ကြိုက်နှစ်သက်မှု မရှိကြောင်း ယနေ့ အမေရိကန် အီရတ်နှင့် အာဖကန်နစ္စတန် နိုင်ငံတို့က သက်သေပြနေပေသည် ။ သမ္မတ အိုဘားမားက မကြာသေးမီ ကပြောကြားခဲ့သော မိန့်ခွန်းတွင် ဗီယက်နမ်စစ်ပွဲလို မဟာဗျူဟာ အတိအကျမရှိသော စစ်ပွဲများကို အနာဂတ်တွင် လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သည် ။

လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်လို အမိမြန်မာပြည်၏ငြိမ်းချမ်းရေး
KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ အပစ်အခတ်ရပ်စဲပြီး စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြောင်း လက်ရှိဦးသိန်းစိန်အစိုးရကို ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပေသည် ။ကချင်ဒေသတွင်လည်း တနှစ်နီးပါး စစ်မြေပြင်အသွင်ဆောင်ကာ တိုက်ခိုက်မှုများကို ရပ်တန့်ကာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးများ လုပ်ဆောင်သင့်ပေသည် ။

အတိုက်အခံပါတီ NLD သည်လည်း မတရားသော အမိန့်အာဏာဟူသမျှ ဖီဆန်ကြဟု ကြွေးကြော်ရာမှ လွှတ်တော်တွင်းမှ နေပြီး လူထုကို အကျိုးမပြုသည့် မတရားသော ဥပဒေများကိုပြင်ဆင်ရန် ရွေးချယ်ခဲ့မှုသည်လည်း တိုင်းပြည်၏သနေ့အပြောင်းအလဲကို တနည်းတဖုံ အပြုသဘောဆန်စွာ ချဉ်းကပ်သော နည်းဗျူဟာအသစ်တစ်ရပ်ဖြစ်သည်ဟု သုံးသပ်လျှင် မှားနိုင်ချေ နည်းပေမည် ။
လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်လို အမိမြန်မာပြည်၏ငြိမ်းချမ်းရေးသည် မယိုင်မလဲရန် တိုင်းချစ်ပြည်ချစ်စိတ် ရှိသူတိုင်းမှ အားလုံးဝိုင်းဝန်း လုပ်ဆောင်ရန် သမိုင်းပေးတာဝန်ရှိပါသည် ။

အများအားဖြင့် ယနေ့ကမ္ဘာသည် ပြဿနာ တရပ် ကို သီအိုရီ စာအုပ်များမှ တစ်ဆင့်ချဉ်းကပ်ပြီး လက်တွေ့ကျစွာ အဖြေရှာမှုများနည်းခဲ့ပေသည် ။ ထိုအခါပြဿနာကို လက်တွေ့ရင်ဆိုင်နေရသော တိုင်းပြည်သည် အနာနှင့်ဆေး မတွေ့ပဲ ခုတ်ရာတလွဲ ရှရာတခြားဖြစ်ကာ ရေရှည် အတွင်းကြေဖြစ်ရပေသည် ။ယနေ့ ဆီးရီးယာ.တိုင်းပြည်မှာ ရင်ဆိုင်နေရသလို အာဏာရှင်အစိုးရ၏သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ တစ်သောင်းကျော် သေကြေပျက်ဆီးနေလင့်ကစား United Nations တွင် ရုရှား၏ ဗီတိုအာဏာကြောင့် အာဏာရှင် အစိုးရကို အရေးမယူနိုင်ဖြစ်နေပေသည် ။ ရုရှားသည် ဆီးရီးယားကို လက်နက်ရောင်းနေသော နိုင်ငံလည်း ဖြစ်ပေရာ စစ်မြေပြင်မှ အကျိုးအမြတ်ကို ကောင်းကောင်း အသုံးချနေပေသည် ။ မြန်မာနိုင်ငံသည်ပင် အတိတ်စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကို အရေးယူဆောင်ရွက်ရန်တွင်လည်း United Nations တွင် တရုတ်အစိုးရမှ အကြိမ်ကြိမ် ဗီတိုအာဏာသုံးပြီး ပယ်ချနေပေရာ တရုတ် အစိုးရ အနေဖြင့် မြန်မာအစိုးရထံမှ အကျိုးအမြတ်များရနေသည်မှာ ထင်ရှားကြောင်း သုံးသပ်နိုင်ပေသည် ။

ကျနော်တို့မြန်မာပြည်သည် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သော ကာလမှသည်
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ရေရှည်ပြည်တွင်းစစ် သံသရာမှ ရုန်းမထွက်နိုင်ခဲ့ပေ။ စစ်အစိုးရကို ရုရှား ၊ အိန္ဒိယ ၊ တရုတ်နိုင်ငံတို့မှ လက်နက်များ ရောင်းချမှုများ ရှိခဲ့သလို လူမျိုးစုလက်နက်ကိုင် အုပ်စု တော်လှန်ရေးအင်အားစုများကိုလည်း နိုင်ငံတကာမှ လက်နက်များရောင်းချနေပေသည် ။ လက်နက်ပွဲစားများက ၄င်းတို့ အကျိုးအမြတ်အတွက် စစ်မြေပြင်များဖန်တီးနေပြီး စစ်ပွဲများကိုဘော်လုံးပွဲကြည့်သလို အားပေးခဲ့ပေသည် ။ အတိတ်ကာလမှ စစ်အစိုးရခေါင်းဆောင်များအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းပြည်၏ ပြဿနာကို စားပွဲဝိုင်းမှာ အဖြေမရှာပဲ စစ်ရေးနည်းဖြင့်ဖြေရှင်းခဲ့ပေရာ တိုင်းပြည်သည်ဆိုးကျိုးများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရပေသည် ။

ယနေ့ပြောင်းလဲခြင်း၏ လမ်းဆုံ လမ်းခွတွင် လမ်းကြောင်း ရွေးချယ်မှုသည် အဓိက အရေး ကြီးပါသည် ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးသပ် ဆွေးနွေးသလို ကိုယ်ဘာလုပ်ချင်သလဲဆိုတာ ကိုယ်တိုင်သိကာ ကိုယ့်အနာဂတ်ကို ကိုယ်ကိုတိုင်ရွေးချက်ရပေမည် ။

စစ်သည် အပြစ်မဲ့ပြည်သူ့အသက်ပေါင်းများစွာကို ချွေယူလို့အားမရပဲ နှစ်ဖက် စလုံးမှ ရဲဘော်ရဲဖက်များသည် ခွေးသေ၀က်သေ စစ်မြေပြင်တွင် ကျဆုံးနေရပေသည် ။ရန်ငြိုး ရန်စကို ပိုမို ပြင်းထန်စေပြီး ရေရှည် ကြာလာသည့်အခါ ငြိမ်းချမ်းရေးကို ကျောခိုင်းချင်သော အတွေးအခေါ်များ ကပ်ငြိတတ်ပေသည် ။စစ်မြေပြင် တိုက်ပွဲအတွင်း သို့မဟုတ် ငြိမ်းချမ်းစွာ ဆန္ဒပြသော မြို့ပေါ်ဆန္ဒပြမှုအတွင်း ကျဆုံးခဲ့ရသော ညီအစ်အကို မောင်နှမ ၊ မိဘဆွေမျိုး သူငယ်ချင်းရဲဘော်ရဲဖက်အတွက် လက်စားချေလိုစိတ် များဖြစ်ပေါ်နေမည်မှာ မလွဲမသွေပါ ။

ကျနော်တို့တွင် တခါတရံ ပိတ်ဆို့နေသော လမ်းကြောင်းကို အသစ်ဖောက် ချဉ်းကပ်ဖို့ အတွေးအခေါ်သစ်ကို တည်ဆောက်ရန် မေ့လျော့တတ်ကြသည် ။ ဆိုလိုသည်မှာ ကျှဆုံးခဲ့သော အာဇာနည်များလိုလားတောင့်တချက်ကို သွေးထွက် သံယိုမှုအနည်းဆုံးဖြင့် လုပ်ကိုင်လျှင် မတောင်းပေဘူးလားဟု တွေးခေါ်မှုအစား ဒုတ်ဒုတ်ချင်း ဓားဓားချင်း စိန်ခေါ်မှုကိုပင် သာယာခဲ့ပေသည် ။

ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မည်ဆိုလျှင် ခေတ်နောက်ကျနေသော အတွေးအခေါ်များနှင့်အတူ အတ္တအကျိုးကို လိုလားသော စိတ်ဓာတ် ၊ အဖွဲ့အစည်း တစ်ခု ၊ လူတစ်စု အကျိုးစီးပွားကို ကာကွယ်သော စိတ်ဓာတ်ကို ၂၀ ရာစု တွင် မြှုပ်နှံ သင်္ဂြိုလ်လ်ထားခဲ့ရပေမည် ။ ၂၁ ရာစု ကမ္ဘာ့ရွာသည်ဆိုးကျိုးများ ပြည့်နှက်နေသော စစ်ပွဲများနေရာတွင် တိုင်းပြည်နှင့်လူမျိုးအကျိုး စီးပွားဖြစ်စေသော စီးပွားရေး ဖွံ့ဖြို
းတိုးတက်မှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေပေသည် ။

လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်အား လူထုကချစ်သည်မှာ သဘာဝကျပါသည်

ဆင်းရဲတွင်း ချောက်နက်ထဲကို တိုင်းပြည်နှင့်လူထု တစ်ရပ်လုံးကျနေခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပေပြီ ။သံသယ ၊ အညှိုးအတေးများဖြင့် ပြည့်နှက်နေခဲ့သော အတိတ်ရက်များသည် အင်အားကြီးသူက အင်အားနဲသူကို နည်းမျိုးစုံဖြင့် ဖြိုခွဲကာ မတရားဥပဒေသများဖြင့် ဖမ်းဆီး ထောင်ချမှုများ ပြည့်နှက်နေခဲ့သည် ။ တခြားတစ်ဖက်တွင်လည်း ဖိနှိပ်မှုကို လူထုအားနှင့် ဆန့်ကျင်မှုများပြုလုပ်ရာ စစ်အုပ်စုမှ ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်မှုများ ရှိခဲ့ပေသည် ။

တိုင်းပြည်နဲ့လူမျိုးကောင်းစားမယ်ဆိုရင် သင်ပုန်းချေရေးအတွက် ကျနော်တို့ စိတ်ဓာတ်တွေ အဆင်သင့်ဖြစ်ပြီလားဟု မိမိကိုယ်ကို မိမိအရင်ဆုံး မေးခွန်းထုတ်ရပေမည် ။မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်းကိစ္စကို သင်ပုန်းချေရေးမူဖြင့် ခွင့်လွှတ်ပြီး တခြားတဖက်တွင် ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးခဲ့သောအာဇာနည် သူရဲကောင်းတို့ လိုလားသော မြန်မာပြည်ကို လွတ်လပ်သော တရားမျှတသော ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံဖြစ်မြောက်ရန် နေ့မအား ညမအားလုပ်ဆောင်နေပေသည် ။

အတိတ်စစ်အစိုးရမှ လုပ်ဆောင်ခဲ့သော မှားယွင်းသည့် ခြေလှမ်းများကို ယခုလက်ရှိ အစိုးရမှ လမ်းကြောင်းမှန်ကို စတင်လှမ်းကာမှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ယုံကြည်မှု တည်ဆောက်နိုင်ပေမည် ။အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား နယ်မြေဒေသများတွင် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖန်တီးကာ အလုပ်အကိုင်အသစ်များ လုပ်ဆောင်ရမည့်အစား မတရားလုပ်အားပေးခိုင်းစေခြင်း ၊ အဓမ္မ ပေါ်တာ အဖြစ် ခိုင်းစေခြင်း ၊ ဖမ်းဆီး သတ်ဖြတ်မှုများဖြင့် မထင်ရင် မထင်သလို ရွာလုံးကျွတ် မီးရှို့မှုများအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လက်ရဲဇက်ရဲ လုပ်ဆောင်ခဲ့ပေသည် ။နှစ်တွေရှည်ကြာလာသည်နှင့်အမျှ ရေရှည်ပြည်တွင်းစစ်တွင် အပြစ်မဲ့ တိုင်းရင်းသား ပြည်သူလူထု ထောင် သောင်းမကအိုးမဲ့ အိမ်မဲ့ ဒုက္ခသည် ဖြစ်ယုံမက ပြည်တွင်းစစ်ဒဏ်ကြောင့် ထောင်းသောင်းမက သေကြေ ပျက်စီးနေရပေသည် ။

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုအင် ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်ကြည့်ရာ တိုင်းပြည်နှင့် လူမျိုးအပေါ်မှာ ထားရှိတဲ့ ရင်ထဲက စေတနာတွေကို မိန့်ခွန်းမှာ အထင်သားတွေ့ရသည် ။ .လူထုအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရေးအပြင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေး နှငိ့အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မနေတည်ဆောက်ရန် ပြင်းထန်သော ဆန္ဒ ရှိနေပေသည် ။
လာမည့်၂၀၁၄အာဆီယံ ဥက္ကဌကို ဘယ်လိုမြင်ချင် ပါသလဲလို့ အားလုံးရဲ့အမြင်ကို အကြံပေးပြောကြား သည့်စကားသည်ပင် အမှန်တစ်ကယ် ပညာသားပါပြီး ထိရောက်သော စကားလုံးတွေမို့ ဒေါ်စုကို ပြည်စူလူထုမှ ချစ်ခင် လေးစားရပါသည်။ ကျနော်အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြရလျှင် အာဆီယံသည် မားဖီးယားဂိုဏ်းလို လူမိုက်ကို ခေါင်းဆောင် တင်မည်တော့မဟုတ်ပါ ။ဒေါ်အောင်ဆန်းစုကြည် ပြောဆို သုံးသပ်သလို .နိုင်ငံရေးလုပ်သည့် သူတွေကို ကာကွယ်မဲ့ ဥပဒေတွေ မြန်မာပြည်မှာ အမှန်တကယ်လိုအပ်နေပါသည် ။ အကျင့်ပျက်ခြစားမှုတွေကို ပိုတိုးစေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မလုပ်မိဖို့ လိုအပ်ပါသည် ။ ဘန်ကောက်နဲ့ မြန်မာပြည် လျှပ်စစ်မီးရောင်ချင်း သိပ်ကွာနေတော့ စွမ်းအင် ပေါ်လစီကို အမြန်ဆုံး လုပ်ရမယ်ဆိုတာ သိပ်မှန်သည့် စကားဖြစ်ပါသည် ။

တိုင်းပြည် ရေရှည် ပြည်တွင်းစစ် ၏ သားကောင် ဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်မှ မေ့မထားပါဟု ထိုင်းမြန်မာနယ်စပ် မယ်လစခန်းတွင် ပြောကြားခဲ့မှုက နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ဒုက္ခပေါင်းစုံကို ရင်စည်းခံနေရသော ဒုက္ခသည် တိုင်းရင်းသားပြည်သူပြည်သားမျှားအတွက် တန်ဖိုးမဖြတ်နိုင်သော အားဆေးတစ်ခွက် မလွဲမသွေဖြစ်ပေသည် ။တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်လေးစားတန်ဘိုးထားသောအပြောနှင့် လုပ်ရပ်ကား အမေတစ်ယောက်လို မေတ္တာတရားကြီးမားမှုကို ပြသနေပေသည် ။လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်အား လူထုကချစ်သည်မှာ သဘာဝကျသလို လူထုအသံကို လူထုအကျိုးအတွက် ထွှတ်တော်ထဲတွင် ပြောကြားမည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများသည် အိပ်ငိုက်နေသော လွှတ်တော်အမတ်များကိုလည်း လှုပ်နှိုးနိုင်လိမ့်မည် ဟု အပြည့်အ၀ ယုံကြည်နေမိပါသည် ။

အောင်ခိုင်မြင့်
၀၃ ဇွန် ၂၀၁၂

ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း


ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်း၌ ဆန္ဒထုတ်ဖေါ်
မောင်ရမ္မာ
ရိုဟင်ဂျာသည် မြန်မာ တိုင်းရင်းသား မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖေါ်ပွဲတရပ်ကို ဇွန်လ ၁ ရက်နေ့က မြန်မာ နိုင်ငံသားများစုစည်းပြီး  ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  ဗြိတိသျှ ၀န်ကြီးချုပ် နေအိမ် တည်ရှိရာ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှေ့တွင် ပြုလုပ်ခဲ့ကြသည်။
 “ လန်ဒန်မှာရှိတဲ့ ဗြိတိသျှ ၀န်ကြီးချုပ်ရဲ့ အိမ်ရှေ့မှာ အားလုံးစုပြီးတော့ တညီတညွတ်တည်းနဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာတွေဟာ သမိုင်းတွေကို လိမ်ပြီးတော့ သူတို့တွေဟာ ဗမာနိုင်ငံမှာ မူလ တိုင်းရင်းသားလူမျိုးစု ဖြစ်ပါတယ် ဆိုပီး အရေးဆိုနေတဲ့ကိစ္စကို သူတို့တွေဟာ လိမ်နေတာ ဖြစ်ပါတယ်။ မြန်မာ တိုင်းရင်းသား လူမျိုးစု အမှန်အကန် မဟုတ်ပါဘူး ဆိုတာကို မြန်မာ တိုင်းရင်းသားတွေ အကုန်လုံးက တညီတညွတ်တည်းနဲ့  လာရောက်ပြီးတော့  ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ တကွ MP တွေ၊ ကမ္ဘာတ၀ှမ်းက လူတွေ သိရှိအောင်လို့ ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ပြောခွင့်ရ အမျိုးသမီး ဒေါ်မေသက်မွန်က ပြောသည်။
လက်ရှိ အချိန်တွင် နိုင်ငံခြားသား တချို့သည်  ရိုဟင်ဂျာများဘက်မှ ထောက်ခံပေးနေခြင်း အပေါ် အခြေအနေမှန်ကို သိစေလို၍လည်း ယခုလို  ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။
“ လက်ရှိ အချိန်မှာ တချို့သော အင်္ဂလိပ်လူမျိုးတွေဟာ ရိုဟင်ဂျာကိစ္စနဲ့ ပါဝင် ပတ်သက်နေတယ်။ သူတို့တွေ ဟာ ရိုဟင်ဂျာပြောတဲ့ စကားတွေကို ယုံကြည်ပြီးတော့ ရိုဟင်ဂျာတွေကို ထောက်ခံပြီး အများကြီးလုပ်ဆောင်နေ ပါတယ်။ ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိသျှ ၀န်ကြီးချုပ်အပါအ၀င် ဗြိတိသျှ အမတ်တွေနဲ့ တကမ္ဘာလုံးက လူတွေ သိရှိလာအောင် ကျွန်မတို့ ခုလို လုပ်ရတာ ဖြစ်ပါတယ်။”
၎င်းပြင် တချို့ အင်္ဂလိပ် တချို့သည် ရိုဟင်ဂျာ ကိစ္စကို ဗြိတိသျှ ပါလီမာန်ထိ ယူဆောင်လာကာ ဒေါ်အောင်ဆန်း စုကြည်အား ဖိအားပေးပြိး ရိုဟင်ဂျာကို တိုင်းရင်း လူမျိုး တစ်မျိုး အဖြစ် အသိအမှတ်ပြုအောင် စီစဉ်နေသည်ဟု ဆိုသည်။
“ မကြာခင်မှာ ဒီရိုဟင်ဂျာတွေဟာ ဗြိတိသျှ ပါလီမန်ထဲကိုဝင်ပြီး သူတို့တွေဟာ မြန်မာ နိုင်ငံရဲ့ လူမျိုးစု တခု ဖြစ်တယ်။ ဗမာ အစိုးရကသော်၎င်း၊ ဗမာလူမျိုးတွေကသော်၎င်း၊ ရခိုင်လူမျိုးတွေက သော် ၎င်း၊ သူတို့တွေကို နှိပ်ကွက်နေပါတယ်လို့  တစာစာအော်ပြီးတော့ ဗြိတိသျှ ပါလီမန်မှာ အရေးဆိုဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အင်္ဂလန်ကို လာတဲ့အချိန်မှာ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ အမတ်တွေဟာ ဒီကိစ္စကို နားမလည်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးတာတွေ၊ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ် လက်ခံအောင် ပြောမယ့် ကိစ္စတွေ ရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဒီပြဿနာ အပေါ် အကုန်လုံးက သိရှိ နားလည် သဘောပေါက်လာအောင် ကျွန်မတို့က အသိပေးတဲ့ သဘောလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဒီရိုဟင်ဂျာ အရေး ကိစ္စဟာ မြန်မာနိုင်ငံ အတွက် ဘယ်အတိုင်းအတာထိ အရေးကြီးပါသလဲလို့ မေးမြန်းရာ သူမက ယခုလို ပြောသည်။
 “ ဒီကိစ္စဟာ ဘာသာရေးကိစ္စလည်းမဟုတ်ပါ။ လူ့အခွင့်အရေးကိစ္စလည်း မဟုတ်ပါဘူး။ လူဝင်မှု ကြီးကြပ်ရေး ပြဿနာတခု ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ ဒီပြဿနာဟာ အထူး အရေးကြီးတဲ့ အဆင့်ကို ရောက်လာတယ်။ ဘယ်လောက်ထိ အရေးကြီးလဲဆိုရင်  နိုင်ငံရဲ့ နယ်နိမိတ်၊ နိုင်ငံရဲ့ အချုပ် အခြာ အာဏာ၊ မိမိနိုင်ငံရဲ့ အမျိုးသားရေးကိုထိ ထိခိုက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ကို ဗြိတိသျှ ကိုလိုနီခေတ်ကတည်းကပင် သူတို့တွေဟာ လယ်ယာမြေ လုပ်သားတွေအဖြစ် ၀င်ရောက်နေထိုင်တယ်။ ရခိုင်တွေကလည်း သူတို့ကို ဧည့်သည်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် သူတို့ဟာ တဖြည်းဖြည်းနဲ့ လောဘကြီးလာပြီး ရခိုင်ပြည်ကို သူတို့ပြည်၊ သူတို့ဟာ ရခိုင်တွေထက် ဒီမြေမှာ အယင်ကတည်းကပင် ရောက်နေတဲ့လူတွေ ဖြစ်တယ်ဆိုတဲ့ လိမ်လည်တဲ့ သတင်းတွေကို ထုတ်လွင့်တယ်။ လူတွေကို အယုံသွင်းတယ်။ ဒါကြောင့်မို့လို့ တချို့ မြန်မာ့သမိုင်းကို နား မလည်တဲ့သူတွေက သူတို့ပြောတာကို ဟုတ်လေသယောင်၊ နားယောင်ကြပါတယ်။ သူတို့ဟာ ဧည့်သည်ကို အိမ်ရှင်က စော်ကားတာထက် ပိုဆိုးနေပါတယ်။ အဲဒီလို အခြေအနေကြောင့်မို့  ဒီကိစ္စဟာ ရခိုင်တမျိုးသားလုံးအတွက် အရေးသာမဟုတ်၊ မြန်မာ တစ်နိုင်လုံး အတွက်ပါ အရေးကြီးပါတယ်” ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် တရုတ်နွယ်ဖွား မြန်မာ လူမျိုးများ၊ အိန္ဒိယ နွယ်ဖွား မြန်မာ လူမျိုးများ ရှိကြောင်း၊ သူတို့ အနေဖြင့်  မြန်မာနိုင်ငံသား အဖြစ်ဖြင့် ပျော်ရွင်စွာ  နေထိုင်နေကြကြောင်း၊ ရိုဟင်ဂျာ ဆိုသူများ အနေဖြင့်လည်း သူတို့ကဲ့သို့  နိုင်ငံသားအဖြစ်၊ ဧည့်နိုင်ငံသားအဖြစ် ဘယ်လိုဘဲနေနေ ရခိုင်လူမျိုးများ  အနေဖြင့်သော်၎င်း၊ ဗမာလူမျိုးတွေအနေဖြင့်လည်း ကန့်ကွက်စရာ မရှိပါကြောင်း၊ သို့သော်သူတို့မှာ မရှိသည်ကို အရှိလုပ်ပြီး လိမ်လည်ကာ ရခိုင်ပြည်နယ်ကို သူတို့ ပြည်နယ် ဖြစ်ကြောင်း မဟုတ်မတရား သမိုင်းလိမ်များဖြင့် ကမ္ဘာတွင် လိမ်လည်နေ၍ ကန့်ကွက်ရခြင်းသာ ဖြစ်ကြောင်း သူမက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ အပါ အ၀င် မြန်မာနိုင်ငံ ပြည်ထောင်စု တိုင်းရင်းသားများ ၁၃၀ ကျော်ခန့်  တက်ရောက်ခဲ့ကြသည်။
http://www.narinjara.com/burmese/?p=549