Monday, June 4, 2012

မြန်မာနိုင်ငံသားများ ပြည်ပသို့နိုင်ငံခြားငွေ ယူဆောင်ခွင့်အမိန့်ထုတ်ပြန်

Mdy Boy အထဲကိုလည်းကြိုက်သလောက်ယူခွင့်ပြုသင့်ပါတယ်။ ပြန်ထွက်သွားခါနီးအကုန်ထားခဲ့ရင်ပြီးတာပဲမဟုတ်လား။ သင်္ကြန်ပြီးထဲကဆုံးဖြတ်ချက်အခုမှသတင်းစာဆီရောက်တာဆိုတော့မြန်မာ့စာပို့ စနစ်မြောက်ကိုရီးယားဒုံးတွေတပ်ဆင်ရင်ကောင်းမလားလို့ ။

နျူကလီယားက ဆေးအတွက်ပါ

DVB News Mirror and Rhythm
အတိတ်က နျူကလီယား စီမန်ကိန်းတွေက ဆေးဘက်ဆိုင်ရာ အတွက်ပါ....
ကာကွယ်ရေးအတွက်မဟုတ် လက်နက်ထုတ်ဖို့မဟုတ်....
ဘာမှလဲ လက်တွေ့မဖြစ်ပါ...
စ လုံး ရေ စပါ...
အခု အကုန်ရပ်လိုက်ပါပြီဗျာ ဆိုတဲ့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

The Voice Weekly


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေ နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည နိုင်ငံပိုင် ရုပ်သံမီဒီယာများ၏ သတင်းအစီအစဉ်တွင် နောက်ဆုံးပိတ် သတင်းများအဖြစ် ထည့်သွင်း ကြေညာသွားခဲ့သည်။

ထုတ်ပြန်ခဲ့သော သတင်းများအရ မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသခံ မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီ လူမျိုး အစ္စလာမ် ဘာသာဝင် သုံးဦးကို လုံခြုံရေး အခြေအနေရ ကျောက်ဖြူထောင်၌ ပြောင်းရွှေ့ ထိန်းသိမ်းထားကြောင်း၊ အဆိုပါ အမှုကို အမြန်ဆုံး တရားစီရင်သွားမည် ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် ရဲမှူးကြီးတို့က ဒေသခံများသို့ ကတိပေး ပြောကြားခဲ့သည်။

ထို့နောက် တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်စလင် ဘာသာဝင် ကုလားလူမျိုး ဆယ်ဦး အသတ်ခံခဲ့ရသည် ဖြစ်စဉ်တွင် ကျူးလွန်သူများကို ထိုက်သင့်သည့် အပြစ်ဒဏ် ချမှတ်နိုင်ရန် အမြန်ဆုံး စီရင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်းတို့၏ အလောင်းကို ယနေ့ညနေက သဂြိုဟ်ပြီးစီး ခဲ့ကြောင်း၊ ဒေသတွင်း အခြေအနေမှာ ယနေ့ည ၆ နာရီခန့်တွင် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

ထို့အတူ ဇွန်လ ၃ ရက်နေ့ ည ၁၀ နာရီခန့်က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည် အမှတ် ၁ ရဲစခန်းအား လူစုလူဝေးဖြင့် ဝိုင်းအုံခဲ့မှုတွင် ရဲတပ်ဖွဲ့ဝင်များက မိုးပေါ်ထောင်ပစ်၍ ခြောက်လှန့်ခဲ့သော်လည်း လူစုမကွဲသဖြင့် ည ၁ နာရီခန့်တွင် မျက်ရည်ယိုဗုံးများ အသုံးပြု၍ လူစုခွဲခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆူပူအကြမ်းဖက်သူများကို တရားဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ထည့်သွင်း ကြေညာသွားသည်။

(အထက်ဖော်ပြပါ သတင်းများမှာ နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်ချက်ကို ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။)

အမေစုအရှေ့ အာရှစီးပွားရေးနှင့်အမျိုးသမီးခေါင်းစဉ်မှာဆွေးနွေး

Published on Jun 1, 2012 by

Asian Women as the Way Forward
How can the political and economic empowerment of women contribute to the long-term growth of East Asian economies?

Dimensions to be addressed:
- Investing in women's skills and talents
- The role of women in the regional and global supply chain
- Developing the political and economic leadership of women

• Aung San Suu Kyi, Chairman of the National League for Democracy (NLD); Member of Parliament of Kawhmu Constituent, Myanmar
• Jon Fredrik Baksaas, President and Chief Executive Officer, Telenor Group, Norway
• Helene D. Gayle, President and Chief Executive Officer, CARE USA, USA; Co-Chair of the World Economic Forum on East Asia
• Rokia Afzal Rahman, President, Bangladesh Federation of Women Entrepreneurs (BFWE), Bangladesh

Chaired by
• Andrew Stevens, Anchor and Correspondent, CNN International, Hong Kong SAR

ရှေ့နေများ ကွန်ယတ်ကနေပြီးဥပဒေရေးရာ ဆွေးနွေးပွဲတော်ဝင်နှင်းဆီမှာကျင်းပ

Burma VJ Media Network
ဥပဒေရေးရာ ဆွေးနွေးပွဲ
လက်ရှိဖြစ်ပေါ်နေတဲ့ ဥပဒေရေးရာ ကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ရှေ့နေများ ကွန်ယတ်ကနေပြီး ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဆွေးနွေးပွဲ အခမ်း အနားတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစီအစဉ် ၇ ရပ် နဲ့ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ၊ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ၊ NLD အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်း နဲ့ ဥပဒေပညာရှင်တွေ အပါအဝင် လူဦးရေ ၂၀၀ လောက် တက်ရောက်လာ ခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ တက်ရောက်လာတဲ့ ဥပဒေပညာရှင်တွေက ဖိတ်ကြားစာပါ ၊ (၁) တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်နှုန်းထားများကို တိုးမြင့်သတ်မှတ်သည့်ကိစ္စ ၊ (၂) တရားရုံးများအတွက် သီးသန့် ဆောက်လုပ် ထားပြီးသော အဆောက်အအုံများကို ဆက်လက်အသုံးပြုပေးရန်း ၊ ရန်ကုန်တိုင်းတရားရုံး ပြန်လည် မွန်းမံအသုံးပြုရန် ၊ (၃) မြန်မာနိုင်ငံရှေ့နေများ ကောင်စီးကို လွပ်လက်သည့်အဖွဲ့အစည်းတရပ်အနေဖြင့် ဖွဲ့စည်းတည်ထောင်ရန် ၊ (၄)ရှေ့နေများလိုင်စင် ထုတ်ပေးရေးနှင့် နိုင်ငံရေးအရ လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများကိစ္စ ၊ (၅) အခြားဥပဒေရေးရာကိစ္စများ စတဲ့ အချက် ၅ ချက်အပေါ်မှာပဲ တစ်ချက်ချင်း စီအလိုက် အပြန်အလှန်ဆွေးနွေးသွားခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ သဘာပတိအဖြစ် ဦးသန်းတင်က ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွှန့်က ပါဝင်ကူညီ ဆောင်ရွက်ခဲ့ပါတယ်။

ဖိုရမ်မှာဦးသန်းဋ္ဌေး(စွမ်းအင်ဝန်ကြီး)လည်းကြိုးစားပြီးပြောရှာပါတယ်။

Published on Jun 1, 2012 by
The Promise and Future of Myanmar
What does Myanmar's recent reform mean for the region and the world?

• U Than Htay, Union Minister for Energy of Myanmar

Chaired by
• Klaus Schwab, Founder and Executive Chairman, World Economic Forum

ဒါရိုက်တာဝိုင်းရဲ့ ကင်မရာရိုက်ကူးရေး အဖွဲ့၏မှတ်တမ်း ဗွီဒီယိုတွေကို ဖျက်ဆီး

ဒါရိုက်တာဝိုင်းနဲ့ဆက်သွယ်မေးမြန်းချက်
Radio Free Asia
ဒါရိုက်တာဝိုင်းနဲ့ဆက်သွယ်မေးမြန်းချက် by Radio Free Asia
Download
http://www.mediafire.com/?o1c4a37d2bt2417

တရားရုံးကြီးကို ရောင်းစားပစ်ဖို့ကြိုးစားတဲ့ သူတွေအကုန်လူယုတ်မာတွေချည်းပဲ

 

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး နဲ့ နိုင်ငံရေးအကျဉ်းကျ ရှေ့နေများ လိုင်စင် ပြန်လည်ရရှိရေး နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေကွန်ရက် အဖွဲ့ရဲ့ စာတမ်းဖတ်ကြား
ဆွေးနွေးပွဲကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးတင်ဦး၊ ဦးဝင်းတင် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

စာတမ်းဖတ်ပွဲမှာ.. အခွန်ဥပဒေ တိုးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်
စာတမ်း၊ တရားရုံး အဆောက်အဦးကို တခြားဌာနတွေကို ချထားတဲ့
ကိစ္စ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရေး
အတွက် “ဘားကောင်စီ ဥပဒေ” ကို ဝေဖန်ချက် စာတမ်း နဲ့ နိုင်ငံရေး
အမှုကြောင့် အကျဉ်းကျ ခံရပြီး လိုင်စင် ရုတ်သိမ်းခံထားရတဲ့ ရှေ့နေများရဲ့ ကိစ္စ၊ စတဲ့ စာတမ်း ၄ စောင်ကို ဥပေဒပညာရှင် ဦးအောင်သိန်း၊ ဦးကြီးမြင့်၊ ဦးသိန်းသန်းဦးနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး တို့က အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြပါတယ်။

ဒီအခမ်းအနားကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ဥပဒေ ပညာရှင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ် စုစုပေါင်း ၁ ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

ဦးဝင်းတင်ရဲ့စကားတစ်ခွန်းကိုကျွန်တော် ဖြည့်စွက်ပြောချင်ပါတယ်.. (ဂုဏ်သိက္ခာနဲ့ ရပ်တည်လာတဲ့ တရားရေးမှာ.. ဒီတရားရုံးကြီးကို ရောင်းစားပစ်ဖို့ကြိုးစားတဲ့ သူတွေအကုန်လူယုတ်မာတွေချည်းပဲ) တဲ့ခင်ဗျ...
By: Caspian Vincent

၈၈မျိုးဆက်ကျောင်းသားများ၏မေတ္တာရပ်ခံကြေငြာချက်

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။
၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။
၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပေါ်နေသည်ကို ကြားသိရပါသည်။
၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။
၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။
၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “ ၈၈ မျိုးဆက်ကျောင်းသားများ ” မှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(ကြေငြာချက်အမှတ်- ၃ /၂၀၁၁)

by ကိုဝိုင် ဝိုင်ကေ on Monday, June 4, 2012 at 11:42am ·
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဗဟိုဌာနချုပ်စစ်တွေမြို့၊ ရခိုင်ပြည်နယ် ထုတ်ပြန်ကြေငြာချက်အမှတ်- ၃ /၂၀၁၁

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီသည် ပြည်သူ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်ရန်ဖွဲ့စည်းထားသည့်အတွက် ရခိုင်ပြည်သူများသို့ ကျရောက်နေသည့်၊ ကျရောက်လာမည့်ဘေးအန္တရာလ်များကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်။

လွှတ်တော်အသီးသီးတွင်တက်ရောက်လျှက်ရှိသော ကိုယ်စားလှယ်များသည်လည်း သတ်မှတ်ထာသော ကိုယ်စားလှယ်များသည်လည်း သတ်မှတ်ထားသောဘောင်အတွင်းမှ တောင်းဆိုတိုက်ပွဲဝင်လျှက်ရှိပါသည်။

နိုင်ငံရေးခရီးတွင် တစ်နှစ်တာဖြတ်သန်းလာခဲ့သော အတွေ့အကြုံများကို သင်ခန်းစာယူပြီး အမျိုးသားနိုင်ငံရေးအနာဂတ်ခရီးသို့ ဆက်လက်ချီတက်ရန်ရုန်းကန်လှုပ်ရှားလျှက်ရှိပါသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီသည် ပြည်ပရောက် ဘင်္ဂလီတချို့က “ရိုဟင်ဂျာ” (Rohingya) နှင့် “(Arakan) ဟူသောစကားလုံးများကို အလွဲသုံးစားပြုလျှက် ကမ္ဘာ့အဖွဲ့အစည်းများသို့ လိမ်ညာရန်ကြိုးစားလုပ်ဆောင်နေကြသော်လည်း ရခိုင်ပြည်နယ်အတွင်း၌ တည်ငြိမ်အေးချမ်းစွာနေထိုင်ကြသော ဘင်္ဂလီမူဆလင်များ၏ နားလည်မှုလွဲမှားမည်ကို သတိကြီးစွာထား၍လည်းကောင်း၊

မိမိတို့ပတ်ဝန်းကျင်၌ နေသားတကျဖြစ်နေကြသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျှက်ရှိကြသည့် လူမျိုးပေါင်းစုံကြား၌ စိုးရိမ်သောကမဖြစ်စေလိုခြင်းငှာလည်းကောင်း၊

ရခိုင်ဒေသ၊ ရခိုင်လူမျိုးအပေါ် မှီတင်းနေထိုင်လျှက်ရှိကြသည့် လူမျိုးစုငယ်များအပေါ် သဘောထားအရ လူမျိုးကြီးဝါဒကျင့်သုံးခြင်းမသက်ရောက်စေလိုသည့်အတွက်လည်းကောင်း ဤသဘောထားထုတ်ပြန်ကြေငြာချက်ကို အဆောတလျှင်မပြုလုပ်ဘဲ အချိန်ယူစောင့်ကြည့် လေ့လာသုံးသပ်ခဲ့ပါသည်။

သို့သော် ပြည်ပရောက် ကိုယ်ကျိုးရှာဘင်္ဂါလီမူဆလင်တစ်စု၏ လုပ်ကြံဝေါဟာရဖြစ်သော “ရိုဟင်ဂျာ” (Rohingya) စကားလုံးကို သတင်းဌာနများတွင် တွင်တွင်ကျယ်ကျယ်သုံးစွဲလာခြင်း၊ ခေတ်အဆက်ဆက် ရခိုင်လူမျိုးများနေထိုင်ရာဒေသကို အစွဲပြုမှည့်ခေါ်သည့် “အာရကန်” (Arakan) ဝေါဟာရကိုအသုံးပြုပြီး ရခိုင်ဒေသသည် သူတို့ပိုင်နက်နေမြေဒေသဟုပင် အတင့်ရဲစွာသုံးနှုန်းပြောဆိုရေးသားထုတ်ဝေလာသည့်အတွက် ၂၀၁၁-ခုနှစ်၊ မေလ(၅၊ ၆၊ ၇)ရက်နေ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုကော်မတီတို့၏အစည်းအဝေးဆုံးဖြတ်ချက်အရ ဤကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။

သဘောထားကြေငြာချက်

၁။ ရိုဟင်ဂျာ (Rohingya) ဝေါဟာရသည် ဒေသိယစကားလည်းမဟုတ်၊ ရခိုင်ပြည်နယ်တွင်နေထိုင်လျှက်ရှိကြသော မည်သည့်လူမျိုးအဖွဲ့အစည်းများမှာမှမရှိသည့် လုပ်ကြံစကားတစ်လုံးသာဖြစ်သည်။ ယင်းကြောင့် ထိုစကားလုံးကိုအသုံးပြုပြီး အခွင့်ကောင်းယူရန်ကြိုးစားနေသည့် မမှန်မကန်လုပ်ရပ်နှင့် “ရိုဟင်ဂျာ” (Rohingya) စကားလုံးသုံးစွဲခြင်းကို လုံးဝကန့်ကွက်သည်။

၂။ အစိုးရဌာဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ အစိုးရမဟုတ်သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပြည်တွင်းပြည်ပသတင်းဌာနများ ပြည်တွင်းပြည်ပ NGO များအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဟူသည့် အစဉ်အလာကောင်းကို ထိခိုက်စေနိုင်သည့်အတွက် “ရိုဟင်ဂျာ” (Rohingya) စကားလုံးကို လုံးဝမသုံးစွဲကြရန် တိုက်တွန်းသည်။

၃။ ရခိုင်လူမျိုးမဟုတ်သည့် တခြားလူမျိုးတစ်ခုခုက ရခိုင်ပြည်နယ်အတွင်းနေထိုင်လျှက်ရှိကြသော လူမျိုးစုများအကြောင်း၌ နားလည်မှုလွဲမှားစေရန်ရည်ရွယ်၍ “အာရကန်”(Arakan) ဝေါဟာရကိုအသုံးပြုပြီး ကိုယ်ကျိုးရှာနေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်သည်။

၎။ “အာရကန်” (Arakan) ဟုခေါ်ဝေါ်သည့်နယ်မြေသည် သူတို့နယ်မြေဖြစ်ကြောင်း ပြောင်ကျကျသမိုင်းလိမ်နေခြင်းကို လက်ကိုင်တုတ်အဖြစ်အသုံးပြုပြီး ထောက်ခံအားပေးနေကြသော နယ်ချဲ့စနစ်ဆိုးမွေကိုကျင့်သုံးနေသည့်နိုင်ငံများ အဖွဲ့အစည်းများ သတင်းဌာနများအနေဖြင့် ရခိုင်လူမျိုးများ၏ သမိုင်းကြောင်းနှင့် ပကတိအနေအထားကို လေ့လာသုံးသပ်မှုမရှိဘဲ မီးလောင်ရာလေပင့်လုပ်ရပ်များကိုရပ်တန့်ရန် တိုက်တွန်းသည်။

၅။ ရခိုင်ပြည်နယ်၌မှီတင်းနေထိုင်လျှက်ရှိကြသော လူမျိုးများအားလုံး ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် ဒီမိုကရေစီမူဘောင်အတွင်းမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ရခိုင်လူမျိုးများနှင့်အတူ ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းသည်။

၆။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီသည် နှစ်စဉ်နှင့်အမျှတိုးပွါးလာသော လူဦးရေပေါက်ကွဲမှုကို အမျိုးသားအကျပ်အတည်းတစ်ခုအဖြစ် ရှုမြင်သုံးသပ်သည်။ ထိုသို့လူဦးရေပေါက်ကွဲမှု၏အခြေခံကြောင်းတရားကို လေ့လာဆန်းစစ်မှုမရှိဘဲ မည်သည့်အဖွဲ့အစည်းမှဖြစ်စေ အတင်းအကျပ် ဖိအားပေး၍ “ရိုဟင်ဂျာ” (Rohingya) ပြုခြင်းကိုမည်သည့်နည်းနှင့်မျှ လက်မခံနိုင်။ “ဘင်္ဂလီမူဆလင်” လူမျိုးဟုသာ လက်ခံသည်။

ရက်စွဲ။ ၂၀၁၁-ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်။၁၃၇၃-ခုနှစ်၊ တန်းဆောင်မုန်းလဆန်း (၁၂) ရက်၊ တနင်္လာနေ့

သံဃာ့ လုပ်အား ခေါင်းဖြတ်စား

Published on Jun 4, 2012 by
soe win maung soe ရဲ့    facebook ကတင်ထားတာကို မြင်သာအောင် လုပ်ကြည့် လိုက်ပါတယ်။

အမေစုမဲဆောက်သတင်းစာရှင်းလင်းပွဲရုပ်သံ

Published on Jun 4, 2012 by zayyar20283

ထိုင်း-မြန်မာဆက်ဆံရေးအပေါ် ထိုင်းဝန်ကြီးချုပ်စိုးရိမ်


နေသွင် DVB ၀၄ ဇွန် ၂၀၁၂

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ စီစဉ်ထားတဲ့ ထိုင်းခရီးစဉ် ၂ ကြိမ်ဆက်တိုက် ရွှေ့ဆိုင်းလိုက်တဲ့နောက်မှာ မြန်မာနှင့်ထိုင်းနိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်လို့ စိတ်ပူမိတယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်န၀ပ်က ပြောပါတယ်။

မြန်မာအစိုးရဘက်က နားလည်မှုလွဲမှာ စိုးရိမ်မိလို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကတဆင့် မြန်မာအစိုးရကို ရှင်းပြဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောတာကို ဘန်ကောက်အခြေစိုက် နေရှင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးအပေါ် မြန်မာအစိုးရဘက်က မကျေမနပ်ဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ပြီးခဲ့တဲ့အပတ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ တိုက်ဆိုင်နေတဲ့ ဘန်ကောက် ခရီးစဉ်ကို ဒီတပတ် တနင်္လာနေ့ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် သောကြာနေ့မှာ နောက်တခါ အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း သမ္မတရုံးရဲ့ ၀က်ဆိုက်မှာ ကြေညာလိုက်တာပါ။

သမ္မတရုံးရဲ့ ဇွန် ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ “ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်မည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အား အကြောင်း မညီညွတ်ပါသဖြင့် ရွှေ့ဆိုင်းလိုက်ပြီး နှစ်နိုင်ငံ အဆင်ပြေမည့်အချိန်ကို ပြန်လည်ညှိနှိုင်းစီစဉ်သွားမည်” လို့ ဖော်ပြထားပါတယ်။

ထိုင်းအစိုးရပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဖိုရမ် တက်ရောက်ဖို့ အစီအစဉ်ကို သူတို့ စီစဉ်တာမဟုတ်ဘဲ ဖိုရမ် စီစဉ်သူတွေရဲ့ အစီအစဉ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို နှစ်ကြိမ်တွေ့ဆုံခဲ့သလို၊ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းကိုလည်း ထိုင်းလုံခြုံရေးတွေရဲ့ အကူအညီနဲ့ သွားရောက်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်က မကျေမလည် အဖြစ်ဆုံးကိစ္စကတော့ ထိုင်း-ဒုဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့တဲ့ ကိစ္စလို့ အမည်မဖော်လိုတဲ့ ထိုင်းအစိုးရအရာရှိတဦးက ပြောတာကို နေးရှင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့လိုက်တဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိစ္စနဲ့ မြန်မာဒုက္ခသည်အရေးမှာ မြန်မာအစိုးရထက် ထူးထူးခြားခြား ကိုင်တွယ်ပြနိုင်လိုက်တယ်လို့ အဲဒီ အမည်မဖော်လိုတဲ့ အစိုးရအရာရှိက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေး ဖိုရမ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သလို၊ အတိုက်အခံပါတီက ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘိဇစ် ၀ိချချီဝ နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့် ဒီခရီးစဉ်အတွင်းမှာပဲ မဲဆောက်မှာ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ တွေ့ဆုံမယ့် အစီအစဉ်အပါအ၀င် တချို့အစီအစဉ်တွေကို နှစ်နိုင်ငံဆက်ဆံရေးကို ငဲ့ပြီး ဖျက်သိမ်းခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က မီဒီယာတွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း ထိုင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း စီစဉ်ပေးခဲ့သူ တဦးဖြစ်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ် ငြိမ်းချမ်းရေးကောင်စီက ဒေါက်တာ တင်မိုသီကလည်း ဒီခရီးစဉ်အတွင်းက တချို့အစီအစဉ်တွေမှာ အခက်အခဲဖြစ်သွားအောင် မြန်မာနိုင်ငံခြားရေးဌာနက ထိုင်းဘက်ကို ဖိအားပေးခဲ့တာမျိုး ရှိခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီလို အဆင်မပြေမှုတချို့ရှိခဲ့ပေမယ့် တနင်္ဂနွေမှာ ထိုင်းခရီးစဉ်က အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ၆ ရက်ကြာ ထိုင်းခရီးစဉ်အပေါ် အားရကျေနပ်မှုရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်ဟာ ၂၄ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ရှေ့လာမယ့် ရက်သီတင်းပတ်တွေအတွင်းမှာပဲ နော်ဝေ၊ အင်္ဂလန်တို့ကို သွားရောက်ဖို့ ဥရောပကို ခရီးထွက်ဖို့ ရှိနေပါတယ်။

ဥရှိမှ ချမ်းသာမည်။

အဂ္ဂမဟာ ဒီမိုဖက်တီး
Yesterday
မြန်မာအစိုးရ သတင်းစာများ၏ ဆောင်ပုဒ်သစ် ......
ဥမွေးမည် ၊ ဥစားမည် ၊ ဥရောင်းမည် ၊ ဥရှိမှ ချမ်းသာမည်။

 

နိုင်ငံသားများ၏ စားဝတ်နေရေး မဖြေရှင်းနိုင်ဘဲ မအုပ်ချုပ်ဟု ဦးအောင်မင်းဆို

The Voice Weekly

ရန်ကုန်၊ ဇွန် ၃
နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့် အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။
ရန်ကုန်မြို့တော် Chatrium ဟိုတယ်တွင် ယနေ့ နေ့လည်ပိုင်းက ပြုလုပ်သော အထည်ချုပ် လုပ်ငန်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ စသည့် ပါဝင် ပတ်သက်သူများ စုပေါင်း ဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“(ပြည်သူလူထု) ကို ထမင်း မကျွေးနိုင်ဘဲ ကျွန်တော်တို့ အစိုးရ တက်မလုပ်ဘူး။ ခင်ဗျားတို့ အရေးကိစ္စတွေကို ကျွန်တော်တို့ တောက်လျှောက် လုပ်နေတယ်” ဟု ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။
ဆက်တိုက် ဖြစ်ပွားနေသော အလုပ်သမား ဆန္ဒပြမှုများ ဖြေရှင်းရန် နည်းလမ်းများကို ယင်းဆွေးနွေးပွဲတွင် ပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး အလုပ်သမားများ၏ ဝမ်းရေးကြောင့် ဆန္ဒပြမှုများကို ဆူပူမှုအဖြစ် မမြင်ရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးကိုကိုကြီးက သတိပေး ပြောဆိုခဲ့သည်။
ဆာလောင်သူတွေကို ဆူလောင်သူတွေလို့ မသတ်မှတ်ဖို့ အရေးကြီးပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။
အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေရခြင်းမှာ ၎င်းတို့ ဝမ်းရေးကိုပင် မဖြေရှင်းနိုင်သော ဝင်ငွေ အနေအထားကြောင့် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော အလုပ်သမား ခေါင်းဆောင် တစ်ဦးက ပြောဆိုခဲ့သည်။
“ဆန္ဒပြနေပါပြီ ဆိုတာ ထမင်းငတ် နေပါပြီလို့ ပြောတာနဲ့ အတူတူပဲ”ဟု ယင်းက ဆိုသည်။
ယခု လဆန်းပိုင်းအထိ အလုပ်သမား စက်ရုံ စုစုပေါင်း ၆၀ နီးပါးမှ အလုပ်သမား သုံးသောင်းခွဲကျော် ဆန္ဒပြခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ယင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။


Eleven Media Group

တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်မည်



ဇွန် ၄ ရက်၊ ၂၀၁၂ခုနှစ်၊ YPI

ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။

ယမန်နေ့မွန်းလွဲပိုင်း သံတွဲ-ရန်ကုန်သွား ရိုးမသစ္စာ ခရီးသည်တင်ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်က သံတွဲ တောင်ကုတ်လမ်းဆုံတွင် ရိုက်နှက်ခဲ့ကြသဖြင့် ယင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် တခြမ်းပဲ့ ဗလီ တရားထိုင်အဖွဲ့ဝင် ၈ ဦးအပြင် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း ကိုယ်စားလှယ်တဦးနှင့် သံတွဲမြို့ခံတဦးတို့ဖြစ်သည်ဟုသိရှိရသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့နံနက် ၁နာရီခွဲကျော်တွင် သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် သဂြိုဟ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှုလျှက်ရှိရာ လူပရိသတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့်ချထားခဲ့ရသည်ဟုလည်း သံတွဲမြို့ခံက ပြောသည်။

ယခုကဲ့သို့ သံတွဲ ရန်ကုန်ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ခရီးသည်အချို့အား ရန်ပြုသတ်ဖြတ်သည့်ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် သတင်းများထွက်ပေါ်ကာ အမှတ် (၁) ရဲစခန်းသို့ လူအုပ်ကြီးက ၀ိုင်းဝန်းတောင်းဆိုသည့် အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။

ယခုလောလောဆယ်တွင် သံတွဲမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန်အတိုင်းသာရှိသည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။ ။

လျှပ်စစ်မီးအချိန်ပြည့်ရရှိရေးဆန္ဒထုတ်ဖော်မှု ရုပ်သိမ်းကြောင်းကြေညာ

By Popular Myanmar News Journal
လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ဆန္ဒထုတ်ဖော်မှုများ ရုပ်သိမ်းမှုကို ဇွန်လ ၃ရက်နေ့  ည ၈နာရီကျော်ခန့် က ရန်ကုန်မြို့ ဆူးလေဘုရား၌ ပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ ပြည်သူတွေ အတွက် မီးဆန္ဒပြခဲ့ရာ အခုဆိုရင် မီးကနည်းနည်း ပြန်မှန်နေပြီဖြစ်လို့ ကျွန်တော်တိုရဲ့ မီးဆန္ဒပြတဲ့ ကမ်မိန်းဟာ လေးပုံနှစ်ပုံလောက် အောင်မြင်နေပါပြီ ၊ ဒါကြောင့်မို့ လို့  ၃ရက်နေ့ ညနေ ဆူးလေဘုရားမှာ မီးဆန္ဒပြတဲ့ ကမ်မိန်းကို ငြိမ်းချမ်းစွာရုပ်သိမ်းခဲ့ပါတယ်” ဟု ဆန္ဒထုတ်ဖော်သူ တစ်ဦးက ဇွန်လ ၃ရက်နေ့ ညက ဆူးလေ ဘုရားပေါ်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

Mobile phone သုံးစွဲသူစာအုပ်ငယ်တစ်ခု. ဘောပင်တစ်ချောင်း. အမြဲမပြတ်ဆောင်ထားသင့်တယ်

Mobile phone သုံးစွဲသူအနေနဲ့ ဖုန်းနံပါတ် မှတ်သားရန်စာအုပ်ငယ်တစ်ခု
         ဘောပင်တစ်ချောင်း အမြဲမပြတ်ဆောင်ထားသင့်တယ် 

 by  Kami Kaze

ရိုးမသစ္စာကား ယာဉ်မောင်းနှင့် ၎င်း၏မိန်းမတို့မှာ ထွက်ပြေး လွတ်မြောက်

အဘ ဥက္ကာကိုကို

သံတွဲမှ ရန်ကုန်သို့ထွက်ခွာလာသော မော်လ၀ီဆရာ(ဟာဂျီဘွဲ့ခံ)များ ပါဝင်သည့် ရိုးမသစ္စာကားကို တောင်ကုတ်မြို့အရောက်တွင် မြို့ခံများက ဆိုင်ကယ်အစီး ၃၀ ကျော်ဖြင့်ပိတ်ဆို့ တားဆီးကား ဦးစွာယာဉ်မောင်းကိုဆွဲချခဲ့သည်
။ ယာဉ်မောင်းနှင့် ၎င်း၏မိန်းမတို့မှာ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ကားပေါ်တွင်ပါလာသူများကို ၀ိုင်းဝန်းသတ်ဖြတ်ကာ ကားပေါ်မှဆွဲချ၍ လမ်းပေါ်တွင်စုပုံထားခဲ့သည်။ထိုသို့အခင်းဖြစ်နေစဉ် တောင်ကုတ်မြို့ ဆေးရုံအုပ်ဟောင်း
ဒေါက်တာစံနိုင်ရောက်ရှိလာပြီး ဖျောင်းဖျဖျန်ဖြေသဖြင့် ၎င်း၏စကားကိုနားထောင်ကာ လူထုမှာ လူစုခွဲသွားခဲ့သည်။ ““နောက်တစ်ခါဘယ်ကားဖြစ်ဖြစ် ကုလားတွေသယ်မလာနဲ့””ဟု အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။

အလောင်းများကို ခရိုင်ရဲမှူးကြီးမှ တာဝန်ယူထိန်းသိမ်းလိုက်ပြီဖြစ်သည်။
သံတွဲမြို့တွင်လည်း သေဆုံးသူတို့၏ အလောင်းများကို ပြန်ပေးရန် သံတွဲမြို့ခံ မွတ်ဆလင်များက ခရိုင်ရုံးတွင် သွားရောက်တောင်းဆိုနေကြပြီး မြို့ခံများမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ဆင်နေကြသည်ဟု ဒေသခံတစ်ဦးကဆိုသည်။

တောင်ကုတ်မြို့တွင် ရဲတပ်ဖွဲ့အင်အားများကို ကျောက်ဖြူမြို့သို့ ပို့ဆောင်ထားသဖြင့် လက်ရှိတွင် စစ်တပ်မှ အသင့်အနေအထားဖြင့် တာဝန်ယူနေပြီဖြစ်ကြောင်း သိရသည်။




By mmsy

၁။ ဦးနီဖေ ၈/တတက(နိုင်) ၀၉၅၅၄၈ အသက် ၅၈ နှစ်
၂။ ဦးမောင်နီ ၈/တတက (နိုင်) ၀၉၅၅၃၀ အသက် -၆၅ နှစ်၊
၃။ ဦးအေးလွင် ၈/တတက(နိုင်) ၀၉၃၅၇၃ အသက်-၅၂ နှစ်၊
၎။ ဦးလှမောင် ၈/တတက(နိုင်) ၀၉၄၅၅၇ အသက် ၅၀ နှစ်၊
၅၊။တေဇာမြင့် ၈/တတက(နိုင်) ၁၈၉၈၁၅ အသက် ၂၈ နှစ်၊
၆။ ကိုတင်မောင်ထွေး ၈/တတက(နိုင်) ၂၃၁၀၈၄ အသက် ၂၁ နှစ်၊
၇၊ ကိုအောင်ဘိုဘိုကျော် ၁၄/မလန(နိုင်) ၂၃၁၀၈၄ အသက် ၂၆ နှစ်၊
၈။ ကိုဇော်ညီညီထွဋ် ၁၄/မလန(နိုင်) ၁၄၈၁၃၃ အသက် ၃၃ နှစ်၊
(၁၀) ယောက်တွင် ယာဉ်နောက်လိုက် တစ်ဦးနဲ့ ကားတာဝန်ခံ တစ်ယောက်လဲ ပါဝင်ကြောင်းသိရတယ်။
ကား တာဝန်ခံ ကတော့ မိန်းကလေးလို့ သိရပါတယ်။
သတင်းထပ်မံရရှိမှုမှာ အမျိုးသမီးမှာလွတ်မြောက်သွားပြီး မွတ်စလင်မ်ဟုယူဆခြင်းခံရသော ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း သတ်ဖြတ်ခံရမှုတွင်ပါဝင်ကြောင်း သိရပါတယ်။



yangon Press International
ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI
ယနေ့မွန်းလွဲပိုင်းက သံတွဲမှ ရန်ကုန်သို့လာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် စီးနင်းလိုက်ပါလာသည့် အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်လိုက်ကြသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။ ကျောက်နီမော်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်သည့် ဓါတ်ပုံနှင့် စာရွက်များကို ယနေ့နံနက်ပိုင်းကတည်းက တောင်ကုတ်ဈေးတွင် ဖြန့်ဝေခဲ့သဖြင့် တောင်ကုတ်မြို့ခံများက မကျေမနပ်ဖြစ်နေစဉ် သံတွဲမှ ရန်ကုန်မြို့သွား ရိုးမသစ္စာ ခရီးသည်ကားပေါ်တွင် ရန်ကုန် တခြမ်းဗဲ့ ဗလီမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ တရားထိုင်အဖွဲ့ဝင် အစ္စလာမ် ဘာသာဝင်များကိုတွေ့ရှိကာ ရန်ပြုကြခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။ ယင်း တရားထိုင်အဖွဲ့ဝင်များထဲတွင် တောင်တွင်းကြီးမှ ၆ ဦးနှင့် မြောင်းမြမှ ၂ဦးပါဝင်သည်ဟုလည်း သိရသည်။ ယင်းအခြေအနေကြောင့် ကားမောင်းသူက ကားကို သံတွဲဘက်သို့ ပြန်လှည့်မောင်းရန်ကြိုးစားသော်လည်း တောင်ကုတ်မြို့ခံလူအုပ်က ကားနှစ်စီးဖြင့် ညှပ်ပိတ်ကာ ပြန်လှည့်ခွင့်မပေးပဲ တောင်ကုတ်၊ သံတွဲ လမ်းဆုံတွင် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။ “ကားသမားနဲ့ ကျွန်တော် ဖုန်းအဆက်အသွယ်ရချိန်မှာ ကားသမားကိုယ်တိုင်လည်း လူအုပ်က ၀ိုင်းရိုက်တာခံထားရတယ်လို့ပြောတယ်၊ အခင်းဖြစ်ပြီးသူလည်း တနေရာရာမှာ ပုန်းရှောင်နေရပုံပဲ” ဟု ရိုးမသစ္စာ ကားမောင်းသူနှင့် အဆက်အသွယ်ရသူ သံတွဲမြို့ခံက ပြောပြသည်။ ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းနေရာတ၀ိုက်ကို တောင်ကုတ်မြို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်မှာ လုံခြုံရေး ချထားပြီး ယနေ့ညနေ ၅နာရီတွင် သံတွဲခရိုင် ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ တောင်ကုတ်မြို့သို့ လိုက်သွားကြသည်ဟုလည်း သိရသည်။ ကျောက်နီမော် အရေးကိစ္စကြောင့် သံတွဲမြို့နှင့် တောင်ကုတ်မြို့များတွင် ရဲဝန်ထမ်း ပုံမှန်အရေအတွက်ထက် လျော့နည်းလျက်ရှိသည်ဟုလည်း သံတွဲမြိ့မှ ရဲဝန်ထမ်းတဦးက ပြောသည်။ ယခုအဖြစ်အပျက်ကို နှင့် ပတ်သက်၍ တောင်ကုတ်မြို့ခံတဦးက “ အခုလို အဖြစ်အပျက်ကနေ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်လာရင် နိုင်ငံရေး အပြောင်းအလဲဆီ ဦးတည်သွားနေတဲ့ လမ်းလွဲသွားနိုင်တာကို သတိထားသင့်တယ်” ဟု YPI သို့ပြောသည်။ သေဆုံးသွားသူများကို သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်ကာ သဂြိုဟ်ရန် သံတွဲမြို့ အုပ်ချုပ်ရေးမှူးနှင့် သံတွဲမြို့ ဗလီ၊ ဂေါပက အဖွဲ့တို့နှင့် ဆွေးနွေးသဘောတူထားသော်လည်း မည်သည့်အချိန်တွင် သယ်ဆောင်လာမည်ဆိုသည် စသည့်အသေးစိတ် အချက်အလက်များ မသိရှိရသေးဟု သံတွဲမြို့ခံ ကပြောသည်။ အခြားရရှိသော သတင်းများအရ သေဆုံးသူမှာ ၁၀ ဦးအထိရှိနိုင်သည်ဟု ဆိုသော်လည်း ယင်းအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပါ။ ။

လူသတ်မှုဖော်ထုတ်ပေးရန်တောင်းဆိုရာမှ စစ်တွေရဲစခန်းရှေ့ ပစ်ခတ်မှုဖြစ်ပွား

The Voice Weekly
ရန်ကုန်။ဇွန် ၎
စစ်တွေမြို့အနီး နာဇီကျေးရွာ မှအမျိုးသားတစ်ဦး အသတ်ခံရ သည်ဟုယူဆရသောအမှုအား ဖော်ထုတ်ပေးရန်စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် မြို့ခံများဝိုင်းဝန်းတောင်း ဆိုရာမှ တဖြည်းဖြည်းလူများလာပြီ လူုစုကွဲစေရန်အတွက် အဆိုပါရဲစခန်းရှိ ရဲများမှသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ ကြောင်း စစ်တွေမြို့ခံတစ်ဦးက The Voice Weekly သို့ပြောကြားသည်။ အဆိုပါ ပစ်ခတ်မှုမှာ ဇွန်လ၃ရက်နေ့ ည ၁၀ နာရီအချိန်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။ “ပထမတော့မိုးပေါ်ထောင် ပစ်တယ် ။နောက်တော့လူအုပ်ကြီးထဲပစ်တယ် ။အချက်လေးဆယ် လောက်ရှိတယ် ပစ်တာ” ဟု အဆိုပါ The Voice Weekly သတင်းရင်းမြစ်ကဆိုသည်။ ထိုသို့စစ်တွေအမှတ် (၁)ရဲစခန်းမှ လူစုခွဲစေရန် လူအုပ် အတွင်းပစ်ခတ်မှုကြောင့် စစ်တွေ့မြို့ ခံငါးဦးထိ မှန်ကာနှစ်ဦးမှာဦးခေါင်း နှင့် ၀မ်းဗိုက် သို့ထိမှန်ခဲ့ပြီး စစ်တွေဆေးရုံအရေးပေါ် ကုသဆောင် သို့ပို့ဆောင် ထားရပြီး သုံးဦးမှာ ခြေထောက်သို့ထိမှန်ခဲ့ကြောင်း အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာရဲစခန်း အနီးသို့ရောက်ရှိနေသည့် စစ်တွေမြို့ခံတစ်ဦးကပြောကြားသည်။ ယနေု့ညတစ်နာရီခွဲ အချိန်တွင် The Voice Weekly က စစ်တွေမြို့ သို့ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှု များဆက်လက်ဖြစ်ပွားနေပြီး စစ်တွေမြိုခံများမှ ရဲစခန်း သို့ဝိုင်းထားကြောင်း ။ရဲများက မျက်ရည်ယိုဗုံး များ ။သေနတ်များဖြင့်ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း စစ်တွေမြို့ခံများကဆိုသည်။ “တမြို့လုံးဗြောင်းဆန်နေပြီအိမ်တွေကိုပါ သေနတ်ထိတယ်။အပေါ်ထပ်တွေ ထိတယ်”ဟုစစ်တွေ မြို့တွင်သီတင်းသုံးလျက်ရှိသောရဟန်းတစ်ပါးကမိန့်ကြားသည်။ နောက်ဆုံးဆက်သွယ်မေးမြန်းချက်များအရ ရခိုင်တိုင်းရင်းသားဖွံဖြိုးရေးပါတီ ဥက္ကဌဒေါက် အေးမောင် အပါအ၀င်ပါတီဝင်ငါးဦးနှင့်ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းတို့ အဆိုပါရဲစခန်းသို့ သွားရောက်ညှိနိုင်းမှုများပြုလုပ်လျက်ရှိကြောင်း စစ်တွေမြို့ဒေသခံ များကဆိုသည်။


(နိရဉ္စရာ)
ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဇွန်လ ၃ရက်နေ့က ညက လာရောက် ဆန္ဒပြသော လူအုပ်ကြီးကို ရဲက အကြမ်းဖက် ဖြိုခွဲသဖြင့် အနည်းဆုံး လူ ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ ဆန္ဒပြသူ ၃၀၀ ခန့်သည် အမှတ် (၁) ရဲစခန်းရှေ့တွင် ယမန်နေ့ ညဥ့် ၁၁ နာရီ အချိန်ခန့်တွင် စုဝေး ဆန္ဒပြစဉ် ရဲတပ်ဖွဲ့များက အကြမ်းဘက်နှိမ်နင်းခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမှ လူငယ် တစ်ဦးက ပြောသည်။ “ ဆန္ဒပြရတဲ့အကြောင်းက စစ်တွေ နာဇီဈေးကို လေလံရထားတဲ့ မွတ်စလင် အမျိုးသား ဦးခင်မောင်လှက ရခိုင် အားမာန်ကရာတေး အဖွဲ့ကိုငှားပြီးတော့ ဈေးခွန်းကို ပိုကောက်ခိုင်းတယ်။ အဲဒါကိုဈေး သည်တွေက မကျေနပ် ရာကနေ လူထုအုံကြွမူ ဖြစ်ပြီး ပြဿနာ ဖြစ်ရာကနေ ရခိုင်လူငယ် တယောက်ကို ဖမ်းဆီး သွားခဲ့တယ်။ အဲဒါ ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာကို ချက်ချင်း စစ်ဆေးပေးဖို့ အမှတ် (၁) ရဲစခန်းရှေ့မှာသွား ပြီး ဆန္ဒပြ ကြတာ ဖြစ်ပါတယ်။ အခု ရဲက သေနတ်ပစ်ပြီး ဖြိုခွဲတဲ့ အတွက် တော်တော်များများ ဒဏ်ရာ ရရှိ သွားခဲ့ပါတယ်” ဟုပြောသည်။ ရဲက အကြမ်းဘက် ဖြိုခွဲမူကြောင့် လူ ၇ဦးထက်မနည်း ဒဏ်ရာ ရရှိသွားခဲ့ပြီး တချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ “ တစ်ချို့က ခြေထောက်တွေမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပါတယ်။ ခြေထောက်တွေကို ဖြတ်ပစ်ရမယ့် အထိ ဒဏ်ရာ ရသူတွေလည်း ရှိပါတယ်။ အခု စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြပါတယ်” ဟု သူက ဆက်ပြောသည်။ ဆန္ဒပြသူများကို အမှတ် (၁) ရဲစခန်းမှ ရဲအဖွဲ့ဝင်များက ညဥ့် ၁၁ နာရီခန့်တွင် မျက်ရည်ယိုဗုံးများဖြင့် စတင် ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေပြည်သူ့ ဆေးရုံကြီးကို မေးမြန်းရာ တာဝန်ကျ ပုဂ္ဂိုလ်တဦးက“ ကျွန်တော် ဆေးရုံကို ခုမှရောက်တယ်။ အဲဒီကိစ္စကို မသိဘူး” ဟု ပြောသည်။ စစ်တွေ ဈေးကြီးမှ အမျိုးသမီးတဦးကို မေးကြည့်ရာ “ဒီကိစ္စ ဖြစ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ကျွန်မမသိ ဘူး။ ဒီနေ့အခြေအနေတော့ အေးဆေးသွားပြီးလို့ မြင်တယ်” ဟုပြောသည်။


ဗွီအိုအေ
စစ်တွေ ဖြစ်ရပ်
မနေ့ညပိုင်း ၁၀ နာရီလောက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရဲစခန်းရှေ့မှာ လူစုလူဝေးနဲ့ ဆူပူခဲ့ရာကနေ ပစ်ခတ်တဲ့အဆင့်အထိ ရောက်သွားခဲ့ရပြီး လူ တချို့ ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပွားပုံကတော့ လွန်ခဲ့တဲ့တလက ဈေးကောက်နှုန်းကြီးမားမှုကို ဦးဆောင်ပြီး ဆန္ဒပြခဲ့သူတဦးကို ဆန့်ကျင်ဘက်အုပ်စုက ဝိုင်းရိုက်လို့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ရာကနေ ဆူပူမှု ဖြစ်လာခဲ့ရတာပါ။ အခုလို ဖြစ်ပျက်ရတဲ့ အခြေအနေကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။ “၁၀ နာရီကျော်ကျော်လောက်မှာ လူထုက ခဲနဲ့ ပေါက်တော့တာပါပဲ။ တအုပ်စုကို ၁၀၀ လောက်တော့ ရှိမယ်ဗျ။ ဟိုဘက် ၅၀၊ ဒီဘက် ၅၀ လောက်။ ရဲစခန်းကို ခဲနဲ့ ပေါက်ကြတာပေါ့။ ခဲနဲ့ပေါက်တော့ နာရီဝက်လောက် အထိကတော့ ဘာမှမလုပ်ပါဘူး။ ရဲက ဒီအတိုင်းကြည့်နေပါတယ်။ အဲဒါနဲ့တင် နောက် နာရီဝက်ကျော်ကျော်လောက် ကြာတော့ ရဲက သေနတ်နဲ့ မိုးပေါ်ထောင်ပစ်ပါတယ်။ ၁၁ နာရီခွဲလောက်မှာတော့ လူတွေကို တည့်တည့်ပစ်တော့တာပဲ။ အဲဒီမှာ လူ သုံးယောက် ကျနော့်ရှေ့တင်ပဲ ဒဏ်ရာ ရပြီးတော့ ဆိုင်ကယ်တွေနဲ့ တင်ပြီးတော့ ဆေးရုံကို အရေးပေါ်ပြေးသွားကြတယ်ခင်ဗျ။ ဒါပေမဲ့ လူအုပ်စုက ကွဲမသွားဘူး။ နောက်ထပ် ခဲနဲ့ ထပ်ပစ်နေကြတယ်။” ဈေးကောက်ကိစ္စ ဖြစ်ပွားခဲ့တာက အရင်အခေါ် နာဇီကျေးရွာ၊ စက်ရုံစုကျေးရွာ ဈေးမှာ ဈေးကောက် အဆမတန် မြှင့်ကောက်ခဲ့လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးအောင်သန်းဝေ ဦးဆောင်တဲ့ ဈေးသည်တစုက ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြပြီး ဈေးကောက်နှုန်းတွေ လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီတောင်းဆိုမှုကြောင့် ရခိုင်ပြည်ထောင်စု ဝန်ကြီးချုပ်က ချက်ချင်းပဲ ဈေးကောက် အပြောင်းအလဲတွေ လုပ်ပေးခဲ့ပါတယ်။ ရဲစခန်းရှေ့ကို ရောက်လာသူတွေက အရိုက်ခံရသူ ဦးအောင်သန်းဝေ သေဆုံးသွားတယ်၊ အလောင်းကို ကားပေါ်တင်သွားတယ်ဆိုတဲ့ သတင်းတွေကြောင့် ရဲစခန်းရှေ့မှာသွားပြီး အလောင်းရှာပေးဖို့၊ တရားခံတွေကို ဖမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒါကြောင့် ကာယကံရှင် ဦးအောင်သန်းဝေ ကိုယ်တိုင်က သူ ဘာမှ မဖြစ်တဲ့အကြောင်း ရဲစခန်းရှေ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းပုံနဲ့ပတ်သက်လို့ အခုလို ပြောပြပါတယ်။ “လူထုက ကျနော့်ကို မတွေ့ရရင် မကျေနပ်တဲ့ သဘောမျိုး ဖြစ်နေတာ။ အဲဒါ လူထုကိုတော့ ကျနော် အကျိုးအကြောင်း ပြောပြလိုက်တာပေါ့။ သူတို့ ဦးအောင်သန်းဝေ အစစ် ဟုတ်မဟုတ်ဆိုတာ သူတို့လည်း သေချာ မသိကြဘူးလေ။ ကျနော့် မှတ်ပုံတင်ကဒ်ပြားတို့၊ ပါတီဝင်ကဒ်ပြားတို့ အကုန်ထုတ်ပြပါတယ်။ တချို့ကတော့ နားလည်ပြီး ပြန်သွားတယ်။ တချို့ကတော့ အဲဒီမှာ အစ်မရယ် မူးယစ်သောက်စားထားတဲ့သူတွေ ပါတာပေါ့။ အဲဒီလူတွေကတော့ ခပ်ရိုင်း ရိုင်းပေါ့။ အကြမ်းဖက်ချင်တဲ့ ဆန္ဒသဘောထားတွေ တွေ့ရတယ်ခင်ဗျ။ ကျနော်တောင်မှ မနေ့က ဟိုကောင်တွေ သတ်လို့မသေဘဲ ဒီက ကျနော့်တို့လူပါဆိုပြီးမှ ပါလာတဲ့ မသမာတဲ့သူတွေရဲ့ လက်ချက်ကြောင် မသေတာ ကံကောင်းပဲဗျ။ အုပ်ခဲတွေရော ဘာတွေရော ပျံနေတပဲ။ ဒီက ရဲစခန်းမှာ။” ဦးအောင်သန်းဝေကတော့ ရဲစခန်းအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်နဲ့အတူ ရှိနေတာပါ။ အခုလို ပစ်ခတ်မှုတွေ စတင်ပုံနဲ့ ပတ်သက်လို့ ရဲစခန်းထဲမှာ ရောက်နေတဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။ “ဒီဘက်က ရဲစခန်းဝင်းထဲကို တံခါးဖွင့်ဖို့ လုပ်ကြတာ ရှိတာပေါ့နော်။ အဲဒီမှာ ရဲတွေနဲ့ တော်တော်များများ ပစ်ကြခတ်လိုက်ကြတာတော့ ကျနော်တို့ ကြားပါတယ်။ ကျနော်တို့ကတော့ လုံခြုံတဲ့နေရာမှာ ရှိတာပေါ့နော်။ အဲဒီ အကြာကြီးပေါ့နော်။ ခဲတွေနဲ့ ပစ်၊ ပုလင်းတွေနဲ့ ပစ်တဲ့အသံတွေ ကြားလိုက်ရပါတယ်။ အဲဒီနောက်မှာ အချက်ပေါင်း တော်တော်များများဟာ မိုးကို ထောင်ပစ်တဲ့သဘော ကြားပါတယ်။ အဲဒီနောက်မှာ တံခါးတခု ပွင့်သွားတယ်ဆိုတဲ့ အသံလည်း ကြားပါတယ်။ တံခါးရဲ့ လူဝင်ပေါက်လေး ပွင့်သွားတယ် ဆိုတဲ့အခါမှာ ဒီဘက်ကို ကျော်ဝင်လာမှာစိုးလို့ ထောင်ပစ်တဲ့သဘောလို့လည်း ကျနော်တို့ ကြားတာပေါ့ဗျာ။” စစ်တွေမြို့နယ်၊ အမှတ် (၁) ရဲစခန်းထဲမှာ ရှိနေတဲ့ ဒေါက်တာအေးမောင်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာပါ။ ကျမတို့ ဆက်သွယ် မေးမြန်းချိန်ဟာ ည သန်းကောင်ကျော်အချိန် ဖြစ်နေပြီး အဲဒီအချိန်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကိုလည်း ဒေါက်တာအေးမောင်က အခုလို ပြောပြပါတယ်။ “အခု ကြားနေရတဲ့အသံက ရှေ့ကို မတက်လာဖို့ပေါ့ဗျာ။ နောက် လူတွေ ကွယ်နေပါ ဆိုတာကို ရခိုင်လို ပြောနေကြတာပါ။ ရဲဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ထင်ပါတယ်။” ညပိုင်း ၁၁ နာရီလောက်မှာ လူ သုံးယောက် ဒဏ်ရာရတယ်လို့ သိထားရပေမဲ့ အခု တနင်္လာနေ့ မနက်ဘက် ၁ နာရီဝန်းကျင်မှာတော့ စစ်တွေမြို့ထဲ နောက်ထပ် ပစ်ခတ်မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း မြို့ခံတဦးက ပြောပါတယ်။ “ကျနော်တို့ ဖြစ်တာက ပထမက ၉ နာရီ ၀န်းကျင်လောက်ကနေ မိုးပေါ်ကို ထောင်ပစ်သံတွေ ကြားတာပေါ့။ အခုကျတော့ ည ၁ နာရီ ၀န်းကျင်လောက်မှာ လူအုပ်ကို လှမ်းပစ်တဲ့အသံတွေ ကြားလာတယ်။ နောက်ပြီးတော့ လမ်းကြားတွေထဲအထိ လိုက်ပစ်တယ်၊ နေရာအနှံ့အပြားကနေ သေနတ်သံတွေ ထွက်တာပေါ့နော်။ စောစောပိုင်းကတော့ ကျနော်တို့ ရဲစခန်းဘက်ကို ခဲနဲ့ ထုတယ် ဆိုတဲ့ အသံတွေ ကြားရတယ်ပေါ့လေ။ အဲဒီနောက်ပိုင်း ရဲစခန်းကနေ မိုးပေါ်ထောင်ပစ်တယ်။ နောက်ပြီးတဲ့အခါကျတော့ အခု နေရာအနှံ့အပြားကနေ လူအုပ်တွေထဲအထိ လိုက်ပစ်တာပေါ့။ ရဲကားတွေကလည်း လမ်းကြားတွေထဲအထိ ရောက်လာတယ်။ အခု ၇ ယောက်လောက် ဆေးရုံတင်ထားရတယ် ဆိုတဲ့ သတင်းတွေတော့ ကြားနေရတယ်။ ကျနော်တို့ သိထားသလောက်ပေါ့။ ကိုယ်တိုင်တော့ မမြင်ရသေးဘူးပေါ့နော်။ ၁ နာရီ ၀န်းကျင်လောက်မှာ ပစ်တဲ့အခါကျတော့ အဆောက်အဦးတွေပါ မှန်တယ်။ ကျနော်တို့ အိမ် အပေါ်ထပ်တွေဘာတွေ မှန်တယ်။ သေနတ်မှန်တယ်။” လူစုခွဲရာမှာ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က သီးခြားအတည်ပြုချက်ရဖို့ အခင်းဖြစ်ပွားရာ အမှတ်(၁) ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ရှိ အနေအထားမှာတော့ ရဲတပ်ရင်း တပ်ဖွဲ့တွေက စစ်တွေမြို့ရဲ့ လမ်းတွေပေါ်မှာ လုံခြုံရေး ကင်းလှည့်နေကြောင်းကိုလည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် နိုင်ငံတကာ၌ ယူဆလာနေ

by General Knowledge on Sunday, June 3, 2012 at 10:49am ·

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် နိုင်ငံတကာ၌ ယူဆလာနေ

Sunday, 03 June 2012 14:29


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ၊
အဂတိလိုက်စားမှုများကို ပိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်းနှင့် စီမံကိန်းကြီးများ ပွင့်လင်းမြင်သာမှု မရှိပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော World Economic Forum on East Asia 2012 သို့ တက်ရောက်ရန် သွားရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ်ပါ နိုင်ငံတကာက ယူဆလာနေကြောင်း ဘန်ကောက်မြို့တွင် ရောက်ရှိနေသော Eleven Media Group ၏ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။




၆ ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ ရွှေ့ပြောင်းလုပ်သားများရှိရာ မဟာချိုင်ဒေသသို့ သွားရောက်ပြီး လေ့လာခဲ့သလို ထိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အတိုက်အခံပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာအလုပ် သမားများ၏ အရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဇွန်လ ၂ ရက် နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်ကာ လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် World Economic Forum on East Asia 2012 သို့ တက်ရောက်လာသော ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များအား မြန်မာနိုင်ငံနှင့် သက်ဆိုင်သော အမှာစကား ပြောကြားခဲ့ကာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ (၂၉) ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီ၊ မိနစ် ၃၀ ခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ပြီး မေလ ၃၀ ရက် နေ့ နံနက်ပိုင်းတွင် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အများဆုံး လာရောက်လုပ်ကိုင်နေသည့် မဟာချိုင် ဒေသသို့ သွားရောက်ခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများအပြင် ထိုင်းလူမျိုးများပါ ကြိုဆိုခဲ့ကြသည်။

“မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို သိချင်လို့။ အခြေအနေကို သိချင်တယ်ဆိုတာ ဒီအခြေအနေကို ကောင်းသွားအောင် ဘယ်လိုလုပ်မလဲဆိုတာ လေ့လာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးရဲ့ အန္တိမ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြန်လာချင်တဲ့အခါ ပြန်လာနိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ပါ။ ဒီလို အခြေအနေတွေကို ဖန်တီးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး၊ အလုပ်သမား အားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ဥပဒေ ဘောင်အတွင်းကနေ ကာကွယ်စောင့်ရှောက် ရမယ်။ ဒီလို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်း လုပ်စေချင်တယ်။ မျက်နှာငယ်စရာ၊ အားငယ်စရာ မလိုဘူး။ သမိုင်းဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ။ လက်ရှိအချိန်မှာ ကျွန်မတို့ နိုင်ငံသားတွေ ဒီနိုင်ငံကို လာပြီးလုပ်နေရတယ်ဆိုပေမယ့် နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျွန်မတို့ရဲ့ နိုင်ငံသားတွေရဲ့ တန်ဖိုးကလည်း တက်လာမှာပဲ ဆိုတာ ယုံကြည်ကြပါ။ ကျွန်မတို့ အနေနဲ့ တတ်နိုင်သမျှ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ရအောင်၊ မျှမျှတတ ဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရမှာပဲ။ တာဝန်ဆိုတာ ကိုယ့်ရဲ့ အမိနိုင်ငံ အပေါ်မှာလည်း တာဝန်ရှိတယ်။ အိမ်ရှင်နိုင်ငံ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဟိုဘက်ဒီဘက် မြင်တဲ့အမြင်ရှိမှ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ ကျွန်မတို့ မေ့မထားဘူး ဆိုတာကို ဘယ်တော့မှ သံသယ မဖြစ်ပါနဲ့။ ရွှေ့ပြောင်း အလုပ်သမားတွေကို ဘယ်တော့မှ မမေ့ထား ပါဘူးလို့ ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်တွင်  Talaat Kung(ပုစွန်ဈေး)နှင့် MWRN Learning Center သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လုပ်ငန်းပေါင်းစုံမှ ရွှေ့ပြောင်း လုပ်သား ၂၇ ဦးနှင့် သီးခြား တွေ့ဆုံခဲ့ပြီး အလုပ်သမား ရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများကို နားလည်မှု မရှိသလို ထိုင်းအစိုးရ အနေဖြင့်လည်း မြန်မာအလုပ်သမားများ နားလည်လာစေရန် အသိပညာပေးမှု အားနည်းသည်ဟု သုံးသပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံ ပါတီခေါင်းဆောင် အဘီးဆစ်က တည်းခိုရာ ရှန်ဂရီလာဟိုတယ်သို့ လာရောက် တွေ့ဆုံခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် မစ္စတာအဘ်ဟီးဆစ်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ပေါ်ထွက်မှု အားနည်းနေခြင်းက ပြောင်းလဲမှုအတွက် လိုအပ်ချက် ဖြစ်နေသေးသည်ဟု သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး မေလ ၃၁ ရက် ညနေပိုင်းက မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ အစည်းအဝေး တက်ရန် ဆိုသည်ထက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ဘ၀အခြေအနေများကို သုံးသပ်ပြီး မည်သည့်နည်းဖြင့် သက်သာစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေလိုခြင်းက ပို၍ အရေးကြီးကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် သူမ၏ တာဝန်မှာ ပြည်ပရောက် မြန်မာအလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်လာချိန်တွင် လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ပေးရမည်ဟု နားလည်ကြောင်း ပြောဆိုသွားခဲ့သည်။


မယ်လစခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်

(၂၁)ကြိမ်မြောက် အရှေ့အာရှ စီးပွားရေးဖိုရမ် (World Economi Forum on East Asia 2012) သို့ တက်ရောက်ရန် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော နိုင်ငံတကာမှ စီးပွားရေး ခေါင်းဆောင်များအား ၁၅ မိနစ်ကြာ အမှာစကား ပြောကြားခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ် ခဲ့သော်လည်း အဂတိ လိုက်စားမှုနှင့် မညီမျှမှုများကို ဖြစ်ပေါ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့အပြင်သူမက မြန်မာနိုင်ငံတွင် ဥပဒေကောင်းများ ရှိနေသော်လည်း အဓိက ကျောရိုးဖြစ်သည့် တရားစီရင်ရေးကဏ္ဍတွင် သန့်ရှင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသွားခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု ဥပဒေဆိုင်ရာ ဥပဒေများ ရှိနေခဲ့ပင်လျင် အဆိုပါ ဥပဒေများကို လွတ်လပ်စွာသုံးစွဲခွင့် ရမရဆိုသည်ကို သတိထားစေလိုကြောင်း ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကျင့်ပျက် ခြစားမှုစသည့် အကြောင်းအရာများကို ပြောဆိုခဲ့သလို WEF အမှုဆောင်ဥက္ကဋ္ဌ Klaus Schwab ၏ မေးခွန်းများကိုလည်း ဖြေဆိုခဲ့သည်။



မယ်လစခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်

အဆိုပါ အစီအစဉ်အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတကာ သတင်းထောက်များ၏ မေးမြန်းမှု များကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ရာ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ လာရောက်ရင်နှီး မြှုပ်နှံနေသော စီမံကိန်းများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သော မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် စီမံကိန်းကြီးများအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်သည်ဟု ပြောဆိုခဲ့ပြီး မြန်မာပြည်သူများအနေဖြင့် အဆိုပါ စီမံကိန်းကြီးများနှင့် ပတ်သက်သော စာချုပ်ပါ အချက်အလက်များကို သိခွင့် မရကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခွင့်၊ အမြင်ချင်း ဖလှယ်ခွင့် မရကြကြောင်း၊ ယင်းအချက်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အလွန်အန္တရာယ်များစေကြောင်း ပြန်လည်ဖြေကြား သွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မဟာဗျူဟာအရ အရေးပါနေသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည့် အမေရိကန်နှင့် တရုတ်တို့အတွက် မြန်မာနိုင်ငံသည် မြေဇာပင်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ 

"အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင် နေရာလို သဘောထားခံရမှာကို ကျွန်မ အမြဲတမ်း စိုးရိမ်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အိမ်နီးချင်းကောင်းများ ဖြစ်ခဲ့ကြောင်း၊ အင်အားကြီး နှစ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် ချစ်ကြည် ရင်းနှီးမှုမျှဝေနိုင်သည့် နေရာ တစ်နေရာသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများသည် ခြစားမှုနှင့် မညီမျှမှုတို့ကို ပိုမိုဆိုးရွားစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုး မဖြစ်သင့်ဘဲ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ရင်းနှီးမြှုပ်နှံမှုမျိုးသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံ သူများကို တောင်းဆိုခဲ့သည်။ အလုပ်အကိုင် ဖန်တီးမှုများနှင့် မြန်မာ့လုပ်သားထုအတွက် လေ့ကျင့်သင်ကြားပေးမှုများတွင် အာရုံစိုက် လုပ်ဆောင် စေလိုကြောင်း သူမက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် ရင်းနှီးမြှုပ်နှံ သူများအား တောင်းဆိုခဲ့ပြီး ငယ်ရွယ်သူ အလုပ်လက်မဲ့များပြားနေခြင်း ပြဿနာမှာ ချိန်ကိုက်ဗုံးတစ်ခု ဖြစ်နေကြောင်း သတိပေး ပြောကြားခဲ့သည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လက်တို့တွေ့ဆုံစဉ်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်း မမြင်ရန် လိုအပ်ကြောင်း၊ လက်ရှိပြုပြင် ပြောင်းလဲမှုများသည် နောက်ကြောင်း ပြန်မလှည့်နိုင်ဟု မဆိုနိုင်သေးကြောင်း သတိပေးပြောကြားခဲ့သည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့ တွေ့ဆုံစဉ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ထိုင်းနိုင်ငံသားများကလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ နည်းတူ စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုခဲ့ကြသည်ဟု သိရှိရသည်။


ဒေါ်အောင်ဆန်းစုကြည်ဟာ နေရာမှန်ကို အချိန်ကိုက်ရောက်လာခဲ့တယ်လို့ ထင်ပါတယ်။ WEF  မှာ သူပြောခဲ့တဲ့ စကားတွေကလည်း ရှင်းလင်းပြတ်သားပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့သလို လာရောက်ရင်းနှီးမြုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု ရှိရမယ် ဆိုတဲ့အချက်ကိုလည်း ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေရှိနေတဲ့ မဟာချိုင်ကို သွားခဲ့တာပါ။ မြန်မာခေါင်းဆောင် အဆက်ဆက်ဟာ ဒီနေရာကို မသွားကြတဲ့အချိန်မှာ သူကသွားခဲ့ပါတယ်။ သူရောက်သွားအချိန်မှာ မြန်မာအလုပ်သမားတွေ ပျော်နေတာကို တီဗွီကတစ်ဆင့် ကြည့်ရတော့ ကိုယ်ပါပျော်မိပါတယ်။

နောက်ပြီး တစ်နေရာထဲမှာ မြန်မာအလုပ်သမားတွေ အများအပြားစုခဲ့တာကို ဒီတစ်ခါပဲ မြင်ခဲ့ရတယ်။ တကယ်တမ်းအားဖြင့်တော့ ထိုင်းအစိုးရကိုယ်တိုင် မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဖိအားတွေရှိနေပါတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး နှစ်ဖက် ပြေလည်စေမယ့် နည်းလမ်းတွေရဖို့ ကြိုးပမ်းခဲ့တာဟာ ထိုင်းအစိုးရအတွက် စိတ်သက်သာရာ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် WEF အပါအ၀င် ထိုင်းခရီးစဉ်တစ်ခုလုံးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နေရာမှန်ကို အချိန်ကိုက် ရောက်လာတယ်လို့ ယူဆပါတယ် ဟု Nation Media မှ သတင်းထောက် ထိုင်းနိုင်ငံသား Nuthatai Chotechuang က ပြောကြားခဲ့သည်။


Asai Pacifice Media  Services ၏ Correspondent ဖြစ်သူ Bertil Lintner ကလည်း-

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အရည်အသွေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ WEF မှာတင်မကပဲ ထိုင်းခရီးစဉ် တစ်ခုလုံးမှာပါ ပြသလိုက်တာပါ။ WEF လို စီးပွားရေးဖိုရမ် တစ်ခုမှာ စီးပွားရေးနဲ့ ခြစားမှုအရေး ကိစ္စတွေကို ပြောသွားခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ ဒီမိုကရေစီအရေးမှာတင် မကဘဲ ကမ္ဘာ့စီးပွားရေး ဇာတ်ခုံမှာပါ နိုင်ငံတကာရဲ့ လေးစားမှုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦး အဖြစ်သာမကဘဲ နိုင်ငံတကာရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ် ဆိုတာကို ပြသလိုက်နိုင် ပါတယ်။ မြန်မာတွေ လက်လွှတ်ခဲ့ရတဲ့ အခွင့်အရေးတွေကို သူကပြန်ပြီး ဆုပ်ကိုင်ပြခဲ့တာပါ။ နောက်တစ်ချက်ကတော့ မဟာချိုင် သွားခဲ့တဲ့ ခရီးမှာရော၊ ဒုက္ခသည်စခန်းကို သွားခဲ့တဲ့ ခရီးစဉ်မှာပါ သူမဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။ ဒီအချက်ဟာ အလွန်ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လုပ်ပေးနိုင်တာတွေကို ဖြစ်မြောက်အောင် လုပ်နိုင်ပါ့မလား။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ သူ့မှာ ကန့်သတ်ချက်တွေ ရှိနေသေးတယ်လို့ ထင်ပါတယ်” ဟု ပြောကြားပါသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တစ်လျှောက် ပြောကြားမှုများ တွေ့ဆုံဆွေးနွေးမှုများ အပါအ၀င် သတင်းဖြစ်စဉ်များကို CNN အပါအ၀င် ကမ္ဘာ့မီဒီယာများ၊ သတင်းစာများက ထိပ်တန်းသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။

မေလ၂၉ ရက်နေ့မှ စတင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ဇွန်လ ၃ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ထိုနေ့တွင်ပင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ သတင်းဖော်ပြခြင်း မရှိကြောင်း တွေ့ရှိရသည်။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်ပေါင်း(၂၄)နှစ်အတွင်း တိုင်းပြည်ပြင်ပသို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လအတွင်း၌ ဆွန်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီးထွက်ဦးမည်ဖြစ်ကြောင်း သိရှိရသည်။



ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များမှ ကောက်နှုတ်ချက်အချို့


'အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေနေထိုက်တဲ့ အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်' (ရွှေ့ပြောင်း အလုပ်သမားများ တိုင်းပြည်သို့ ပြန်လာနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ပြောကြားခဲ့မှု)
'အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်'
(မဟာဗျူဟာအရ အရေးပါသော မြန်မာနိုင်ငံတွင် အမေရိကန်နှင့် တရုတ်တို့ လွှမ်းမိုးရန် ကြိုးပမ်းနေမှုအပေါ် သတိပေးစကား)
'ကျွန်မတို့ ပြည်သူတွေအနေနဲ့ ဒီစီမံကိန်းစာချုပ်တွေမှာ ဘယ်လို သဘောတူညီချက်တွေ ပါဝင်ပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာကို သိခွင့် မရှိပါဘူး။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အမှောင်ချထားခံရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အလွန်အင်မတန် အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အန္တရာယ်ရှိပြီး သံသယစိတ်တွေကို တိုးပွားစေသလို မယုံကြည်မှုတွေကို တိုးပွားစေပါတယ်'
(စီးပွားရေး စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ပြောကြားချက်)
'အကျင့်ပျက် ခြစားမှုတွေကို အားပေးတဲ့ ရင်နှီးမြှုပ်နှံမှုကို မလိုချင်ပါဘူး။ ရင်နှီးမြှုပ်နှံမှုတွေဟာ မညီမျှမှုတွေဖြစ်ပေါ်ပြီး အကျိုးခံစားခွင့်ရနေတဲ့သူတွေကိုသာ အကျိုးရှိစေမယ့် အဖြစ်မျိုးကို မလိုချင်ပါဘူး'
(အကျင့်ပျက်ခြစားမှုများကို အားပေးစေမည့် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ကြရန် သတိပေးပြောဆိုခဲ့မှု)
'မြန်မာနိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပေမယ့် တရာစီရင်းရေးကဏ္ဍမှာ သန့်ရှင်းပြီး မျှတတဲ့ တရားစီရင်ရေးစနစ် မရှိသေးပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်လောက်ကောင်းတဲ့ ဥပဒေဖြစ်ပါစေ လက်တွေ့ အသုံးချမှု မရှိခဲ့ရင် အသုံးဝင်တဲ့ ဥပဒေဖြစ်လာမှာ မဟုတ်ပါဘူး'
(ရင်နှီးမြှုပ်နှံမှုများအတွက် တရားဥပဒေစိုးမိုးမှုအပြင် လုံခြုံစိတ်ချရသော အာမခံချက်ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့မှု)
'ဒီပြဿနာတွေက စိတ်လှုပ်ရှားခံစားမှုနဲ့ ဖြေရှင်းလို့ မရဘူး။ လက်တွေ့ကျကျ ဖြေရှင်းရမယ်'
(မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည်များအရေးနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည့်စကား)

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် အမြင်များ


“၂၀ ရာစုရဲ့ ကမ္ဘာ့အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးသမိုင်းကို ပြောမယ်ဆိုရင် နယ်လ်ဆင်မင်ဒဲလားကို ချန်ထားလို့မရသလို ၂၁ ရာစုရဲ့ ကမ္ဘာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သမိုင်းကို ပြောမယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားလို့ မရတော့ပါဘူး။

ဒါကို အားလုံး အသိအမှတ် ပြုကြရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အစိုးရကို မှားရင်မှားသလို ဝေဖန်ထောက်ပြပြီး မှန်ရင်မှန်သလို ချီးကျူးမှုတွေ ပြုလုပ်သင့်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်သင့်ပါတယ်။

အစိုးရအနေနဲ့လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအရေး ကိစ္စတွေမှာဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ပါဝင်ခွင့်ကို ပိုမိုချဲ့ထွင် ပေးသင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ထိုင်းနိုင်ငံလိုပဲ တာဝန်ယူပြီး နိုင်ငံခေါင်းဆောင် တစ်ဦးလို ပြုမူဆက်ဆံသင့်ပါတယ်။

အစိုးရမီဒီယာတွေ အနေနဲ့လည်း ဒီလိုပဲ ပြုမူ ဖော်ပြသင့်ပါတယ်။ အစိုးရခေါင်းဆောင်၊ လွှတ်တော် ခေါင်းဆောင်တွေနဲ့ သာမက တပ်မတော်ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးခင်မင်စွာ ဆက်ဆံသင့်ပါတယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေသာမက ကမ္ဘာ့ပြည်သူတွေကပါ လေးစားတဲ့ ခေါင်းဆောင်တစ်ဦး ဆိုတာ ဒီခရီးစဉ်မှာ သိသာစေခဲ့ပါတယ်”

ဒေါက်တာသန်းထွဋ်အောင်
(CEO, Eleven Media Group)

“ထိုင်းမှာ ကျွန်တော်နေခဲ့တဲ့ ၂၄ နှစ်တာ အတွေ့အကြုံအရ မြန်မာလို့ဆိုရင် ဒေါ်စုကိုပဲ အသိဆုံးပါ။ သူဒီကိုလာတဲ့အတွက် ဒီမှာရောက်နေတဲ့ မြန်မာတွေ ပျော်ကြသလို ထိုင်းတွေလည်း တော်တော်ပျော်ကြပါတယ်။ ကမ္ဘာက လေးစားရတဲ့ လူတစ်ယောက်၊ သူတို့လေးစားတဲ့ လူတစ်ယောက်ကို သူတို့လည်း တွေ့ချင်တဲ့အတွက် ပျော်ကြတာပါ။ သူတို့ကြားဖူးနေတဲ့ လူတစ်ယောက်ကို တွေ့ရတော့မယ်ဆိုပြီး ကြည်နူးပြီးကို ပျော်ကြတာပါ။

နောက်ပြီး ထိုင်းမှာက မီဒီယာအားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည် သတင်းက မီဒီယာတိုင်းကို လွှမ်းမိုးသွားပါတယ်။ တစ်နေ့ကဆို ဘဏ်သွားရင်း လူတစ်ယောက်က ပြောတယ်။ ဗမာသတင်းကတော့ Top 10 ကတောင် မဆင်းတော့ဘူးတဲ့။ အားလုံးက ဒေါ်စုသတင်းပဲဖြစ်နေခဲ့တယ်"

ဒေါက်တာနိုင်အောင်
(Forum for Democracy in Burma, အတွင်းရေးမှူးချုပ်)
နှစ်ပေါင်းများစွာ ကြာမြင့်အောင်ရှိနေတဲ့ ဒုက္ခသည်စခန်းကို သူသွားခဲ့တာဟာ အလွန်ကောင်းတဲ့ လုပ်ရပ်ပဲလို့ ထင်ပါတယ်။ လက်ရှိ အခြေအနေအရ တကယ်ကို သွားသင့်တဲ့ နေရာတစ်ခုပါပဲ။ အကူအညီ လိုအပ်နေတဲ့ လူတွေ၊ နေထိုင်မှု ခက်ခဲနေတဲ့ လူတွေဟာ နယ်စပ်တစ်လျှောက်မှာအများကြီး ရှိနေခဲ့ပါတယ်။ တိုးပွားလာနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမယ့် သူတို့လည်း အကူအညီတွေ လိုအပ်နေတာပါ။

ဒါကြောင့် ဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တာဟာ အားလုံးအတွက် အကျိုးရှိစေခဲ့ပါတယ်။ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ အဖွဲ့သစ်အကြား ဆွေးနွေးမှုတွေမှာလည်း အထောက်အကူ ဖြစ်စေမှာပါ။  

WEF ကတော့ ကမ္ဘာ့စီးပွားရေး မျက်နှာစာတစ်ခုပါပဲ။ ဒီဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ရောက်ရှိလာနိုင် စေပါတယ်။ နောက်ပြီး WEF ဆိုတာ စီးပွားရေး တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အောင်မြင်မှုရှိခဲ့ပါတယ်။ အထူးသဖြင့် ဒုက္ခသည်စခန်းသွားပြီး တိုင်းရင်းသား လူမျိုးစုတွေနဲ့ တွေ့ဆုံခဲ့တာဟာ မြန်မာနိုင်ငံအတွက် ကောင်းကျိုးရရှိစေမှာပါ"

Asia Reportes မှ Martin Stanford

ခရီးစဉ်ကာလထဲမှာ ဒုက္ခသည်စခန်းကို သွားခဲ့တာကတော့ ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒီမတိုင်ခင် အချိန်ကတော့ ဒီလိုဒုက္ခသည် စခန်းကို သူသွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒီမှာရှိနေတဲ့ မြန်မာတွေ အတွက်ရော၊ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဒုက္ခသည် စခန်းတစ်ခုအတွက်ပါ ကောင်းတဲ့အချက် တစ်ခုပါပဲ။ ဒုက္ခသည် စခန်းထဲမှာ နေထိုင်နေကြတဲ့ သူတွေဟာ မျှော်လင့်ချက်တစ်ခု အတွက်နဲ့ အသက်ရှင်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့အတွက် လူတွေဟာ သူတို့မျှော်လင့်ချက်အပေါ် ယုံကြည်ချက် ခိုင်မာလာစေမှာပါ။ ပြီးတော့ ယုံကြည်ချက် ခိုင်မာမှုတွေကို တခြားသူတွေနဲ့ ထပ်တူမျှဝေ လာနိုင်မှာပါ။ ကျွန်မ ဘ၀တစ်လျှောက်လုံးမှာတော့ ဒီနိုင်ငံထဲမှာ မြန်မာတွေ တစ်နေရာတည်း အများကြီးစုနေတာကို ဒီတစ်ခါပဲ မြင်ဖူးတာပါ။

နောက်တစ်ခုကတော့ WEF ကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကိုတင်မကပဲ မြန်မာကိုပါ ပြသနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ အပါအ၀င် တခြားအရာ အားလုံးအတွက် အခြားနိုင်ငံတွေရဲ့ အာရုံစိုက်မှု ဖြစ်စေခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့အခြေအနေ တစ်ခုပါပဲ။ ထိုင်းအတွက်လည်း မျှတတဲ့ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်။ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ မြင်ကွင်းထဲ လက်တွဲခေါ်ဆောင် နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ အနာဂတ်မှာ ထိုင်းနဲ့မြန်မာဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ အတူတကွ လုပ်ဆောင်နိုင်မယ့်အခြေအနေ ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံသား တစ်ဦးအနေနဲ့ ဒီလိုပဲမြင်မိပါတယ်”

Am Puchara 
(CNN Stringer နှင့်ထိုင်းသတင်းထောက်)