ကနေဒါဆိုတာလူ့အခွင့်ရေးနဲ
့ပတ်သက်လာရင်အထိမခံတဲ့ဌာနတခ
လူမျိုးပေါင်းစုံရှိနေတော့ဘ
တရုတ်ကလာတဲ့သူကလည်းမညာပါဖူး
လို့ပဲပြောပါတယ်။ဘာသာရေးကို
နိုင်ငံတကာစံနန်းကိုပဲဖေါ်ပြ
စေချင်မှုကိုလည်းမကန့်ကွက်ပါ
လူ့အခွင့်အရေးလိုဆိုလို့ရပါ
ဒီမှာမွေးတဲ့မြန်မာကလေးတွေေ
(I am Canadian but my parents are Burmeses.)လို့ပဲပြောပါတယ်။
Burmese-Indian လို့ပြင်ဖတ်ပေးပါ။Canadian-Burmese.....Canadian_Chinese...
လက်၇ှိအခြချတဲ့နိုင်ငံနာမည်ကိုအရှေ့မှာထားရပါတယ်။
Tuesday, June 5, 2012
မူဆလင်မှာပြသာနာမရှိပေမယ့်ကုလားမှာရှိနေ.....
မြန်မာမွတ်စလင် အစည်းအရုံးတိုက်တွန်းချက်
လူမျိုးပေါင်းစုံ၊
ဘာသာပေါင်းစုံ လက်တွဲကြဖို့ အချိန်တန်ပြီ
၁။ အပြစ်ကင်းမဲ့သော
ရခိုင်အမျိုးသမီးငယ် မသီတာထွေးကို ရမ်းဗြဲမြို့နယ်၌ အစ္စလာမ်ဘာသာ ကိုးကွယ်သော
လူငယ်သုံးဦးက ၂၀၁၂ခု မေလ(၂၈)ရက်တွင် ရက်ရက်စက်စက် အဓမ္မပြုကျင့် သတ်ဖြတ်လိုက်သည့်
သတင်းဆိုးတစ်ရပ်ကို ကြေကွဲဖွယ်ရာ ကြားသိရပါသည်။
၂။ တစ်ဖန်သံတွဲ-ရန်ကုန်ခရီးသည်တင်ကားပေါ်ရှိအမျိုးသမီးတစ်ဦးအပါအဝင် အပြစ်မဲ့ ခရီးသွား အစ္စလာမ်ဘာသာဝင်(၁၀)ဦးနှင့်
ဗုဒ္ဓဘာသာဝင်တစ်ဦးကို ၂၀၁၂ခု ဇွန်လ(၃)ရက်နေ့တွင် တောင်ကုတ်မြို့နေရခိုင်လူမျိုးအချို့ကကားပေါ်မှဆွဲချပြီး ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်သတ်လိုက်သည့်
သတင်းဆိုးတစ်ရပ်ကိုလည်း ကြေကွဲဖွယ်ရာ ထပ်မံကြားသိရပါသည်။
၃။ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က
တရားဥပဒေစိုးမိုးရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးအလေးပေး ဆောင်ရွက်နေသော
ယခုကဲ့သို့ တိုင်းပြည်တည်ဆောက်ရေး ကာလမျိုးတွင် ပြစ်မှုကျူးလွန်သူကိုကျူးလွန်သည့်ပြစ်မှုအလျောက် ထိရောက်စွာ အရေးယူရေးဖြစ်ရမည့်အစား တစ်နိုင်ငံလုံးသို့လူမျိုးရေး၊ဘာသာရေးအဓိကရုဏ်းများပြန့်နှံ့လာမည့်အလားအလာများပိုမိုကြီးထွားလာသည်ကို
စိုးရိမ်ဖွယ်ရာ တွေ့မြင်လာရသည်။
၎။ ထို့ကြောင့်
မလိုလားအပ်သောပြသနာများ ပိုမို မကြီးထွားလာရေးအပြင်၊ အလားတူပြသနာများနောက်နောင်
မဖြစ်ပေါ်လာစေရေးအတွက် မိမိနည်း မိမိဟန်ဖြင့် သီးခြားဖြေရှင်းနေကြမည့်အစား မြန်မာမွတ်စလင်ခေါင်းဆောင်များနှင့်ရခိုင်အမျိုးသားခေါင်းဆောင်များရင်းနှီးပွင့်လင်းစွာတွေ့ဆုံညှိနှိုင်းပူးတွဲ
လုပ်ဆောင်ကြရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။
၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
ရှစ်လေးလုံးမျိုးဆက် ခေါင်းဆောင်များအပါအဝင် အခြားဘာသာစုံ၊ လူမျိုးစုံ
အဖွဲ့အစည်းပေါင်းစုံကလည်း ဆရာတော်၊ သံဃာတော်များ၏ဦးဆောင်မှုကိုခံယူ၍ နိုင်ငံလုံးဆိုင်ရာ
ဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှုတစ်ရပ်ဖြစ်ထွန်းလာအောင်လုပ်ဆောင်သင့်ပြီဖြစ်ကြောင်းအလေးအနက် တိုက်တွန်းလိုက်သည်။
မြန်မာမွတ်စလင်
အစည်းအရုံး
ဇွန်လ(၄)ရက်၊ ၂၀၁၂
Media Contact;
ကိုကျော်စွာ +44 782 842 6801(UK) kyawzwa@b-m-a.org
ဒေါ်မော်လီ +1 306
242 4536 Canada law4women@gmail.com;
Ma
Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net;
သတင်းစာမှလူမျိုးရေးဆိုင်ရာအသုံးအနှုံးများအတွက် ပြန်လည်ပြင်ဆင်မည်
7Day News Journal
ရန်ကုန်- ဇွန် ၅
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့ေ
ဦးရဲထွဋ်က“သတင်းစာများပါရခိုင်
ဇွန်လ၅ရက်နေ့ထုတ်နိုင်ငံပိုင် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကျေညာချက် ထုတ်ပြန်
နိုင်ငံရေး — June 5, 2012 at 6:11 pm
ရမ်းဗြဲ၊ တောင်ကုတ်၊ စစ်တွေ ဖြစ်ရပ်နှင့် ပတ်သက်ပြီး RNDP ကျေညာချက် ထုတ်ပြန်
ကျေညာချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဗဟိုဌာနချုပ်၊ စစ်တွေမြို့
သဘောထားကြေငြာချက် အမှတ် (၁/၂၀၁၂)
နေ့စွဲ-၂၀၁၂-ခုနှစ်၊ ဇွန်လ (၄) ရက်
၁။ ၂၈. ၅. ၂၀၁၂ နေ့တွင် ဖြစ်ပျက် ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်၊
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ အုပ်စု၌ ရခိုင် အမျိုးသမီးအား
လူမဆန်စွာ မုဒိမ်းပြုကျင့် ရာဇ၀တ်မှုကျူးလွန် သတ်ဖြတ် ခံခဲ့ရမှု အပေါ်၊
ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ အနေဖြင့် များစွာ စိတ်ထိခိုက်
ဝမ်းနည်း ကြေကွဲ ရပါသည်။
၂။ ၃.၆. ၂၀၁၂ နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ အစ္စလာမ်ဘာသာဝင်
ခရီးသွားပြည်သူ (၁၀)ဦးအား ရက်စက်စွာ သတ်ဖြတ်ကျူးလွန်ကြမှုအပေါ် တွင်လည်း
ကျွန်ုပ်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအ နေဖြင့် လုံးဝလက်ခံ
နိုင်ဖွယ်ရာ ဖြစ်ရပ်မဟုတ်ကြောင်း ရှုမြင်သုံးသပ်ပါသည်။
၃။ ရန်လိုမုန်းတီးခြင်း၊ ရက်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ အစွန်းရောက်
လွန်းခြင်းများသည် ယဉ်ကျေးသော လူ့အ ဖွဲ့အစည်း အဆင့်ဆင့်အနေဖြင့်
ယနေ့ကာလတွင် ခါးခါးသီးသီး လက်ခံနိုင်စရာ မရှိသော အချက်များဖြစ်ပေသည်။
၅။ ရခိုင်လူ့အဖွဲ့ အစည်းအဆင့်ဆင့် အနေဖြင့် ဤသို့သော လူမဆန်မှုများကို
ပစ်ပယ်၍ လူ့အဖွဲ့ အစည်းကြီး၏ အေးချမ်းသာယာမှု၊ လုံခြုံမှု၊ ချစ်ခင်မှု၊
နွေးထွေးမှု စသောအချက်များကို မြှင့်တင် ဆောင်ရွက် ခြင်းဖြင့် အေးချမ်း
လုံခြုံသော လူ့ဘောင်လူ့အဖွဲ့အစည်းကို တည်ဆောက်ရပေမည်။
၆။ သို့ဖြစ်ပါ၍ အခြားအခြားသော မလိုလားအပ်သည့် ပြဿနာ၊ ပဋိပက္ခများ
ပေါ်ပေါက်ခြင်းများ ချုပ်ငြိမ်းရန်နှင့် အေးချမ်းလုံခြုံမှု ခိုင်မာစွာ
ပေါ်ထွန်းနိုင်စေရန်၊ မည်သည့်ဖြစ်ပွားပေါ် ပေါက်သော ပြဿနာအခက် အခဲများမဆို
အား လူသားဆန်စွာနှင့် ဥပဒေနှင့် ညီညွတ်စွာသာလျှင် ရင်ဆိုင်ဖြေရှင်း
ကြသင့်ပါကြောင်း လေးစားစွာတိုက် တွန်းအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဗဟိုဌာနချုပ်၊ စစ်တွေမြို့
ဗဟိုဌာနချုပ်၊ စစ်တွေမြို့
သဘောထားကြေငြာချက် အမှတ် (၂/၂၀၁၂)
နေ့စွဲ ၂၀၁၂-ခုနှစ် ဇွန်လ (၄) ရက်
၁။ ၃.၆.၂၀၁၂ နေ့ညနေပိုင်းက စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းရှေ့၌
ဖြစ်ပွားခဲ့သော ပြဿနာ၏ အစမှာစစ် တွေမြို့ စက်ရုံစုရပ်ကွက် (နာဇီဈေး)
အခွန်ကောက်ခံ သူအုပ်စုများ၏ ပဋိပက္ခဆက်နွယ်ပြီး “အောင်သန်းဝေ” ဆိုသူ
ပျောက်ဆုံးနေမှုအတွက် တိုင်တန်းတောင်းဆို ကြခြင်းဖြစ်ကြောင်း
ကျွန်ုပ်တို့ပါတီမှ သိရှိခဲ့ရပါသည်။
၂။ ကျွန်ုပ်တို့ပါတီမှ တာဝန်ရှိ ပုဂ္ဂိုလ်အချို့ကိုယ်တိုင် “အောင်သန်းဝေ”
အား လိုက်လံရှာဖွေတွေ့ရှိ လာခဲ့သည့် အတွက် အမှတ် (၁) ရဲစခန်းရှေ့ရှိ
တောင်းဆိုနေကြသူ လူအုပ်အား “အောင်သန်းဝေ” ကိုထုတ်ဖော်ပြသခြင်း။
အောင်သန်းဝေကိုယ်တိုင် တောင်းဆိုသူလူ အုပ်များရှေ့မှောက်၌
စကားပြောဆိုခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
၃။ ထိုနောက်တွင် အဓိကရုဏ်း အသွင်ဆောင်လာသော လူအုပ်အား သက်ဆိုင်ရာမှ
အင်အားသုံးပစ်ခတ်နှိမ် နင်းခြင်း၊ (၁၁)ဦးဒဏ်ရာရရှိပြီး စစ်တွေဆေးရုံကြီး၌
အတွင်းလူနာအဖြစ် ကုသရခြင်းတို့ ဖြစ်ပျက်ရမှုနှင့် ပတ် သက်၍ ရခိုင်ပြည်သူ
တစ်ရပ်လုံးနှင့်အတူ ကျွန်ုပ်တို့ပါတီမှ အထူးထိခိုက်ခံစား ရပါကြောင်း
ထုတ်ပြန်အပ်ပါ သည်။
၎။ သက်ဆိုင်ရာမှ အဓိကရုဏ်း နှိမ်နင်းရာတွင် အင်အားအလွန် ကြီးမားစွာ
အသုံပြုမှုနှင့် ပတ်သက်၍လည်း ရခိုင် ပြည်သူ တစ်ရပ်လုံးနှင့်ထပ်တူ
အထူးထိခိုက်ခံစားရ ပါကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။
၅။ ၃.၆.၂၀၁၂ နေ့ဖြစ်ပွားသော ဖြစ်ရပ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူ
ဆောင်ရွက်ကြရေးကိုလည်း ကောင်း၊ ပြည်သူများ၏ သံသယကင်းစင်ရေးအတွက်
အဖြစ်အပျက်၏ သတင်းမှန်များကို သက်ဆိုင်ရာမှ တိကျ စွာ
ထုတ်ပြန်ပေးရေးကိုလည်းကောင်း ကျွန်ုပ်တို့ပါတီမှ လေးလေးနက်နက်
တောင်းဆိုအပ်ပါသည်။
ဗဟိုဌာနချုပ် အမှုဆောင်အဖွဲ့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဗဟိုဌာနချုပ်၊ စစ်တွေမြို့
http://www.narinjara.com/burmese/?p=615
၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း
Tuesday, June 05, 2012
အိမ့်သံစဉ်
မြို့တော်ခမ်းမရှေ့ မွတ်ဆလင်တချို့ဆန္ဒပြနေစဉ် ကိုမြအေး ရောက်ရှိခိုက်
Messenger Journal က ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ပါတယ်။
မေး။ ။ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့
ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော
အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော
ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော်
လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး
မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။
ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ
ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို
ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း
ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း
ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။
နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ
အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့
အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့
လုံးဝလက်မခံပါဘူး။
မေး။
။ သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း
လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့
ဘယ်လို ဖြေရှင်းပေးချင်သလဲ။
ဖြေ။ ။
ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။
တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး
လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို
အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့
သူများရှိပါတယ်။ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က
မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို
ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား
ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ
ကျွန်တော်လုံးဝ နားလည် တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ
ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို
ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာ တဲ့
ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ
နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့
ရှင်းရှင်းပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို
ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ
တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊
သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။
မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ကျွန်တော်
ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့
ကတော့ ဒီနေ့ ပြုပြင် ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ
ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော် ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့
ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို
ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး
လူသတ်မှုတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည်
ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင်လည်း ညှိနှိုင်း တိုင်ပင်စေချင်တယ်။ အဲဒါ
ရင်ထဲက ဆန္ဒပါ။
မေး။
။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့
ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့
ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့
အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ
ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး
ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့
ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။
ကျွန်တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက
ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေး ယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ်
ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက်
အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး
ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရ သတင်းစာထဲမှာပါတဲ့
စကားလုံးတွေ ကို ပြောချင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း
မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှု ကျူးလွန်တာ
လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။
ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊
မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့
သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိ ပါပြီ။ တစ်လျှောက်လုံးမှာ
အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်း
ပုံစံကို ကျွန်တော် လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။
နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း
အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။
မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ
ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။
ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့် အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။
ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း (
၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ်
မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို
အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကို လည်း ကျွန်တော်တို့ကာ
ကွယ်တာဆီး၇မှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ်
ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား
နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။
မေး။
။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့်
သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့
ဘယ်လို ခံယူချက်မျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။
ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို
လေးစား လိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော်
သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက်
ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။
ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ
အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့
မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး
ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့် တရားအတိုင်း
စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမ နာခံကြ
မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။
ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မေး။
။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့
ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက
ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး
တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။
ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို
အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့
လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို
ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့
အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့
ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့
ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက
အစ္စလာမ်ဘာသာဝင်တွေကို အရေး ကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။
လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော်
ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ
အနေနဲ့က မြန်မာပြည် မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့
ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို
ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့
ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။
ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက
ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့
အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံ ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့
သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။
ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀
ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ် က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက်
ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင်
ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့
ကျွန်တော်တို့မှာ ရှင်းလင်း ပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ
လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရ မယ့် နိုင်ငံရေး
သမားစိတ်ဓါတ်ပဲ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ မေတ္တာရပ်ခံပန်ကြားလွှာ
ဲပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏
အစ္စလာမ်ဘာသာဝင်များသို့ မေတ္တာရပ်ခံပန်ကြားလွှာ
(၅.၆၂၀၁၂)ရက်နေ့ ထုတ်ဝေသည့်သတင်းစာတွင် ဖေါ်ပြချက်များနှင့်ပက်သက်၍ နိုင်ငံသားပြည်သူများအကြားတွင် သဘောထားကွဲလွဲလျက်ရှိပါသည်။
ယင်းကိစ္စနှင့်ပက်သက်၍ ထုတ်ပြန်ချက်အပေါ် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းကြီးအနေဖြင့်လည်း သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများထံသို့ တင်ပြပြီး တရားဥပဒေဘောင်အတွင်းမှ အေးချမ်းစွာဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အစ္စလာမ့်တရားတော်နှင့်အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါရန်၊ လူစုလူဝေးဖြင့် ဆန္ဒဖေါ်ထုတ်ခြင်းများ ရှောက်ကြဉ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
၁။ အိုလမာ အစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့ချုပ်
၂။ အစ္စလာမ့်သာသနာရေးရာ ကောင်စီဌာနချုပ်
၃။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီအဖွဲ့ချုပ်
၎။ မြန်မာမွတ်စ်လင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လ ဌာနချုပ်
၅။ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ)ဌာနချုပ်
ဆူးလေဘေးကရုတ်ရုတ်ရုတ်ရုတ်
တောင်ကုပ်မှာအသတ်ခံရတဲ့ပုံတွေနဲ့ ဆူးလေဘုရားဘေးဗလီရှေ့ ဆန္ဒပြတာကိုဝိုင်းကြည့်ပြီးဝေဖန်နေကြတာပါ။ ဆူးလေဘုရားရဲ့အခြားတဖက်မှာရဲတွေရှိနေပေမဲ့လူစုမခွဲခဲ့ပါဖူး။ ကိုမြအေးတို့ရောက်လာပြီးအခြေအနေကိုဝင်ထိန်းခဲ့ပါတယ်။