Friday, June 8, 2012

ပြည်ပရောက်မြန်မာများသတိရှိရန်သမ္မတရုံးတိုက်တွန်းချက်

Messenger News Journal
ပြည်တွင်း၌ ဖြစ်ပွားနေသော ဖြစ်စဉ်ဖြစ်ရပ်များကြောင့် ပြည်ပနိုင်ငံများ
(အထူးသဖြင့် ဘာသာရေးအရ ဆက်စပ်မှုရှိသော ပြည်ပနိုင်ငံများ)
တွင် ရောက်ရှိနေ ကြသော မြန်မာနိုင်ငံသားများအနေဖြင့် ယခုကာလအတွင်း သွားလာနေထိုင်ရာတွင် အထူးသတိရှိကြရန်နှင့် မိမိနိုင်ငံသားများ အချင်းချင်း ဆက်သွယ်မှု မပြတ်ရယူထားကြရန်၊ အရေးအကြောင်းရှိပါက မြန်မာနိုင်ငံသံရုံးများသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးအကြောင်းကြားကြပါရန်နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူတစ်ဦးက ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် တိုက်တွန်းနိုးဆော်ထားသည်။ထူးသတိရှိကြရန်နှင့် မိမိနိုင်ငံသားများ အချင်းချင်း ဆက်သွယ်မှု မပြတ်ရယူထားကြရန်၊ အရေးအကြောင်းရှိပါက မြန်မာနိုင်ငံသံရုံးများသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးအကြောင်းကြားကြပါရန်နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူတစ်ဦးက ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် တိုက်တွန်းနိုးဆော်ထားသည်။

မောင်တောမြို့ ဇွန်လ ၈ ရက်နေ့ မြင်ကွင်း.

Eleven Media Group
 

  ဓါးဖြင့် အထိုးခံရပြီး မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်
 
မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်၏ သားကို တွေ့ရစဉ်


မောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အား ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်တွေ့ရစဉ်

 

  
ဓါးဖြင့် အထိုးခံရပြီး မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်၏ ဇနီး

စစ်တွေမြို့ တက္ကသိုလ်အနီး မင်းဂံရွာကို မျက်နှာချင်းဆိုင်ရှိ ဘုမယ်ရွာမှ ဘင်္ဂါလီများက ည ၉ နာရီ ၄၅ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် မင်းဂံရွာသားလေးဦး ဒဏ်ရာ ရှိကာ တစ်ဦးမှာ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တော မြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။
မောင်တောမြို့နယ် ခရေမြိင် စံပြကျေးရွာရှိ ရဲစခန်းအား ည ၉ နာရီ ခွဲခန့်က ဘင်္ဂါလီ ရိုဟင်ဂျာ အယောက် ၂၀၀ ခန့် ၀ိုင်းထားခဲ့သည့်အတွက် ရဲစခန်းမှ သေနတ်ပြစ်ခတ်ပြီး ဟန့်တားခဲ့ရာ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။
မောင်တောမြို့ပြင်ရှိ ကျေးရွာများကို မီးရှို့ခဲ့သော ဘင်္ဂါလီများက မောင်တော မြို့အတွင်း ၀င်ရောက်ရန် ကြိုးစားနေသဖြင့် ၀င်ရောက်လာမည် ဆိုပါက ပစ်ခတ်တော့မည် ဖြစ်ကြောင်း လုံထိန်းတပ်ဖွဲ့ဝင်များက သတိပေး နေသံများကို ကြားနေရကြောင်း ဒေသခံတစ်ဦးက ည ၁၀နာရီခန့်တွင် ပြောကြားခဲ့ပါသည်။

"မောင်တော အခြေအနေကို ကြားရတာ တော်တော်ဆိုးပါတယ်။ မီးစကို ဘယ်ကပဲ စစပေါ့။ ဒီပြသနာမီးပွားကို တရားဥပဒေနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်။ တရားဥပဒေမဲ့ ဘယ်လုပ်ရပ်ကိုမှ ကျွန်တော်တို့ လက်မခံဘူး။ အေးအေးချမ်းချမ်း ဖြေရှင်းတဲ့နည်းလမ်းကို လုံခြုံရေး အာဏာယူထားသူ အားလုံးကလည်း ရေရှည်အတွက်ကို ကြည့်ပြီး လုံခြုံမှု တည်ငြိမ်အောင် ဖြေရှင်းသွားဖို့ တာဝန်ရှိတယ်။ အစလေး တစ်စကို မီးပွားကြီးမဖြစ်အောင် ကျွန်တော်တို့ ထိန်းသိမ်းဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဝက်တစ်ပျက် ဖြစ်သည့်အခါမှသာ ဟိုဟာဖြစ်အောင် ဒီဟာဖြစ်အောင်ဆိုပြီး အပြကောင်းအောင် စောင့်ဆိုင်းနေမယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ ပြသနာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အချိန်မီ ထိန်းသိမ်းဖို့လိုတယ်။ အချိန်မီထိန်းသိမ်းနိုင်တဲ့ အားမရှိရင် အားရှိအောင်လုပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်။ မောင်တောပြသနာကို အစကတည်းက ကျွန်တော်တို့ ကြိုပြီး ပြောခဲ့တယ်။ စစ်တွေမှာ ပြသနာဖြစ်လာကတည်းက မောင်တောမှာ ဖြစ်လာမှာကို ကြောက်လို့ ကျွန်တော်တို့က လူထုကို ရှင်းပြခဲ့တယ်။ ပြောခဲ့တယ်။ ဘူသီးတောင်၊ မောင်တောတို့လို ထိခိုက်မခံနိုင်တဲ့ နေရာတွေသာ ဒီလို ဆက်တိုက်ဖြစ်နေမယ်ဆိုရင် တစ်ခြားနေရာတွေမှာလည်း အများကြီး ကြောက်စရာကောင်းနိုင်တယ်။ အထူးသဖြင့် လူနည်းစုရှိတဲ့ နေရာတွေဟာ အရမ်းကို ကြောက်စရာ ကောင်းပါတယ်။ အခုလို လူထုတွေ ညမအိပ် နေ့မအိပ်နိုင်တဲ့ အခြေအနေ မျိုးတွေဟာ အစိုးရမှာ အများကြီး တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ နောက်ပိုင်းဆိုရင် နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲ အပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေ လက်ထဲ အပ်ဖို့လိုမယ်။ မိမိရပ်ကွက်ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာ ဖွဲ့ဖို့ လိုတယ်။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်အောင် လုံခြုံရေး စီမံကိန်းတွေကို ခွင့်ပြုဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့က လည်း တောင်းဆိုသွားမှာပါ။ ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ်တွေကို ပြာပုံဘ၀ ရောက်တဲ့အထိ လုပ်တဲ့ ပုံစံမျိုးဟာ ၁၉၄၂ ခုနှစ်က ဖြစ်တဲ့ ကုလား-ရခိုင်အရေးအခင်းမျိုးကို ဖန်တီးတယ် ဆိုရင် ဖန်တီးသူတွေမှာ အများကြီး တာဝန်ရှိပါတယ်။ ဒီလို ဖြစ်မလာဖို့အတွက် လုံခြုံရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာမှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံးမှာ အများကြီး တာဝန်ရှိပါတယ်။ ဒါကြောင့် အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က Eleven Media Group အား ယနေ့ည ၇ နာရီ အချိန်ခန့်တွင် စစ်တွေမြို့၌ ပြောကြားခဲ့သည်။

ရန်ကုန် ၊ မိတ္ထီလာ လေတပ် နှင့် စစ်တွေ ရေတပ် မောင်တော သို့  ထွက်ခွာ (LIVE)

by FNG on June 9, 2012
မောင်တော မြို့ နယ် တွင်း ရှိ လက်နက် ကိုင် အကြမ်းဖက် ဘင်္ဂလီ ရိုဟင်ဂျာများ အား ရှင်းလင်းရန် အလို့ ငှာ မြန်မာ့ တပ်မတော် လေတပ် နှင့် စစ်တွေ ရှိ ရေတပ် များ မှ မောင်တော မြို့ သို့  စတင် ထွက် ခွာ လျှက် ရှိ သည်။ ဘူးသီးတောင် ၊ ရသေ့တောင် နှင့် စစ်တွေ အခြေစိုက် တပ် များ မှ ယနေ့ ည ၁၀ နာရီ တွင် မောင်တော မြို့  တွင်း သို့  ၀င်ရောက်လာရာ တစ်ဖက် နိုင်ငံ မှ AK – 47 , ပခုံးထမ်း လောင် ချာ စသည့် လက်နက် များ တပ် ဆင် ထား သည့် အကြမ်းဖက် ရိုဟင်ဂျာများ နှင့် ထိတွေ့ မှု ဖြစ်ပွား ပြီး နောက် ပိတ်မိနေသည့် ရွာများ မှ ဒေသခံ အချို့  ကယ် ထုတ် နိုင် ခဲ့ သည်။ ည ၁၁ နာရီ ကျော် အချိန် တွင် လက်နက် ကိုင် ဆောင် ထား သည့် ရိုဟင်ဂျာများ က ဝေသာလီ ကျေးရွာ ကို မီးရှို့ ဖျက် ဆီး သွား ရာ နေ့ လည် ၂ နာရီ အချိန် မှ စပြီး မီးရှို့ ဖျက်ဆီး ခံရသည့် ရွာ များ အနက် ၁၆ ရွာ မြောက် ကျေးရွာ ဖြစ်နိုင် သည် ဟု စစ်တွေ မြို့  မှ အလွတ် သတင်း ထောက် တစ်ဦး ဖြစ်သူ ဦးအောင် မော် က FNG သို့  ပြောသည်။ တစ်ဖက် နိုင်ငံ တွင် အခြေစိုက် သည့် ရိုဟင်ဂျာ လက်နက် ကိုင် များ မှာ ည ၈ နာရီ ကျော် အချိန် တွင် နယ် စပ် ကို ဖြတ် ကျော် ပြီး ကြိမ်ချောင်း အပိုင် လောင်ဒုံ ရဲစခန်း ကို ပိတ် ဆို့ ထား ကာ ခရေ မြိုင် ၊ ရွှေရင် အေး အစရှိသည့် ရွာများ ကိုလည်း မီး ရှို့ ဖျက် ဆီး ခဲ့ သည် ဟု သတင်း ရရှိသည်။ ရိုဟင်ဂျာ အကြမ်းဖက် သမား များ ၏ အကြမ်းဖက် မှု ကြောင့် ရွာများစွာ ပျက် စီးသွား ပြီး အမျိုးသမီး နှင့် ကလေး ငယ်များ သေဆုံးသည် ဟု စစ်တွေ ဆေးရုံကြီးမှ ကျန်းမာရေး ၀န် ထမ်း တစ်ဦး က ပြောသည်။ မောင်တောမြို့ပြင် ကားလမ်းတစ်နေရာ ကညင်တန်းတွင် ဘင်္ဂလီRSOပျောက်ကျားများနှင့် မြန်မာ့တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိပြီး လက်နက်ကိုင် RSO စစ်တကောင်းမှဘင်္ဂလီဦးရေတစ်ရာဝန်းကျင်ခန့်နှင့် ဒေသတွင်း ဘင်္ဂလီများပါဝင်ကြောင်း သိရသည်။ မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် စစ်သွေးကြွများ အကျအဆုံး များကြောင်း သိရှိရသည်။ ရေချမ်းပြင်မှ မြန်မာ့တပ်မတော်နေဗီဘုတ်နှစ်စီးထပ်မံလိုက်လာကြောင်း သိရှိရသည်။ ဆက်လက် တိုးတက် ဖြစ်ထွန်းသည့် သတင်း များ ကို အချိန် နှင့် တပြေးညီ ဖော်ပြ သွား ပါမည်။
.......................................................................................................................
မောင်တော မှာ ရိုဟင်ဂျာ ဘင်္ဂလီ တွေ အကြမ်းဖက် မှုကြောင့် သေဆုံးသူ တစ်ရာ ကျော်ရှိ
by FNG on June 8, 2012

ရခိုင် ပြည်နယ် မောင်တော မြို့  မှာ အစ္စလာမ် ဘာသာဝင် တွေ လူစုလူဝေး နဲ့  အကြမ်းဖက် မီးရှို့  မှု တွေ ၊ ဓာလုပ်တာ ကြောင့် ဒေသခံ ရဲတပ်ဖွဲ့  က သေနတ် မိုးပေါ် ထောင်ဖောက် ပြီး လူစု ခွဲ့  ခဲ့ ရသည်။ ယနေ့  နံနက် ပိုင်း မွတ်ဆလင် ဘာသာ ၀င် တို့ ဗလီ ဆင်းချိန် တွင် လူစုလူဝေး ဖြင့် မြို့  စွန်ရှိ ဗိုလ်မှုး ကျေးရွာ မှ နေအိမ် များ ကို မီးရှို့ ဖျက်ဆီး ပြီး အနည်းဆုံး လူ ၁၀ ဦး ခန့်  ကို အုတ်ခဲ များ တုတ် များ ဖြင့် လိုက်လံ ပြစ်ခတ် သောကြောင့် ဆရာဝန် နှစ်ဦး နှင့် အခြား အသက် ၆၀ ကျော် အမျိုးသား တစ်ဦး သေဆုံး သွား ခဲ့ သည်။ မူလက နေ့ လည် ၂ နာရီ ကျော် ခန့်  အချိန် တွင် အခြေအနေ မှာ ထိမ်းသိမ်း မရ သော ကြောင့် အစိုးရ က ပစ်မိန့် ပေး ပြီး နောက် လူစု ခွဲ ခြင်း ကို ခွင့် ပြု လိုက်သည် ဟု သတင်း ရရှိသည်။ ယခု ဖြစ်ရပ် မတိုင်ခင် အစ္စလာမ် အဖွဲ့  အစည်း များ မှာ လူစုလူဝေး ဖြင့် ဆူပူ ခြင်း မပြု လုပ်ရန် ကြေငြာ ချက် ထုတ် ပြန်ခဲ့ သည်။ ယနေ့ ည နေ ၇ နာရီ နောက် ဆုံး ရရှိသည့် သတင်း များ အရ အစ္စလာမ် ဘာသာဝင် များ ၏ အကြမ်းဖက် မှု ကြောင့် သေဆုံး သူ အနည်းဆုံး လေးဦး ခန့်  ရှိ သွား ပြီ ဟု သိရသည်။ သေဆုံး သူများ မှာ ဓားဖြင့် ခုတ်သတ် ခံ ရခြင်း ကြောင့် သေဆုံး ခြင်း ဖြစ်ပြီး ၊ ဒဏ်ရာရရှိ သူ လေးဆယ်ဦးခန့်  ရှိသည် ဟု သိရသည်။ ညဘက် တွင် လည်း အစ္စလာမ် ဘာသာ ၀င်များက လူစုလူဝေး များ ဖြင့် ဆက်လက် လှုပ်ရှား နေ ပြီး အိမ် များ ကို မီးရှို့ ဖျက်ဆီးလျှက် ရှိ ကြောင်း သိရသည်။ အစ္စလာမ် ဘာသာ ၀င်များ က မောင်တော တွင် မြန်မာ ဗုဒ္ဓဘာသာ နေအိမ် များ ကို မီးရှို့ ဖျက် ဆီး ပြီး နောက် ဘုရား ဆင်းတု များ ကို ဖျက်ဆီးခြင်း ၊ ခြေ ထောက်ဖြင့် ကန် ကျောက် ခြင်း များ လုပ်ခြင်း တို့  ကို ပြု လုပ် သည် ဟု မောင်တော ဆေးရုံကြီး မှ ကျန်းမာရေး ၀န်ထမ်း တစ်ဦးက FNG ကို ပြောသည်။ ဘင်္ဂလား ဒေရှ် နိုင်ငံ နှင့် နယ်စပ် ချင်း ထိစပ် နေသည့် မောင်တော မြို့  တွင် အစ္စလာမ် ဘာသာ ၀င်များ မှ လူများ စု ဖြစ် ပြီး မြန်မာ ဗုဒ္ဓဘာသာ များ မှာ လူနည်းစု ဖြစ်ကာ ဒေသခံခြေလျှင် တပ် ရင်း တစ်ခု ၊ အကျဉ်းဦးစီးနား ရဲဘက် စခန်း တစ်ခု အတွက် အကစ လုံခြုံရေး ၀န်ထမ်း နှင့် ရဲတပ်ဖွဲ့  တစ် ခု သာရှိသည်။ နောက်ဆုံး သိရသည့် သတင်းများ အရ ဘူးသီးတောင် အခြေစိုက် ခလရ ၈၃ မှ တပ်များ မောင် တော မြို့  အခြေ အနေ ထိမ်းသိမ်း ရန် ထွက် ခွာ သွား သည် ဟု သိရသည်။ အစ္စလာမ် ဘာသာ ၀င်များ က အကြမ်းဖက်မှု ဖြစ်ပွား နေသည့် မောင်တော မြို့  တွင် လည်း ပုဒ်မ ၁၄၄ ဖြင့် ညမထွက် ရ အမိန့် ထုတ် ပြန်ထား သည်။ မောင်တော မြို့  အနီးမှ မီးရှို့  ခံ ရသည့် ရွာများ မှ ၁၄ ရွာ ရှိ သည် ဟု သတင်း ရရှိ ပြီး ဘုန်းတော် ကြီး ကျောင်း နှစ်ကျောင်း နှင့် စာသင်ကျောင်း ငယ် တစ်ခု ပျက် စီး သွား သည်။ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ရိုဟင်ဂျာ များ ကို မြန်မာ တိုင်းရင်းသား အဖြစ် မသတ်မှတ် နိုင်ကြောင်း တရားဝင်ပြောကြားလိုက်သည်။ နောက်ဆုံး သိရသည့် သတင်းများ အရ အစ္စလာမ် ဘာသာ ၀င် များ ၏ အကြမ်းဖက် တိုက် ခိုက်မှု ကြောင့် သေဆုံး သူ မြန်မာ ဗုဒ္ဓဘာသာဝင် ၁၀၀ ကျော် ရှိ နိုင်ကြောင့် မော်တော မြို့ နယ် တိုက်နယ် ဆေးရုံ မှ ကျန်းမာရေး ၀န်ထမ်း တစ်ဦး က FNG သို့  အတည်ပြု သည်။ ” တစ်ချို့  ရွာ တွေ မှာ ရွာလုံး ကျွတ် ဖျက်ဆီး ခံရတာ ရှိ တယ် ၊ ရဲ လည်း မရှိ ဘူး စစ်တပ် လည်း မရှိ ဘူး ” အဲဒီက အခြေအနေ တွေ မသိရ သေးဘူး ” ဟု ပြောသည်။

8-6-2012 နေ့ စစ်တွေတွင် တိုက်ခိုက်ခံရသူများ

ယနေ့(၈-၆-၂၀၁၂) ညနေ (၃)နာရီခန့်အချိန် စစ်တွေမြို့မှ မှန်စီသုသာန်သို့ အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ကားလမ်းဘေးရှိ ဘင်္ဂလီကုလားရွာများမှ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရသူများ ရှိကြောင်းသိရှိရသည်။ ထိုအချိန်တွင် ကားပေါ်မှ အော်ဟစ်ဆူညံသံများကြားသောအခါ မင်းဂံကျေးရွာရှိ ရခိုင်အမျိုးသားများမှ ရွာပြင်ဖက်သို့ထွက်ကြည့်ရာတွင် ဘုမေကျေးရွာအုပ်စု ၀ါယာလိတ်ရွာနှင့် လက်သမားရွာရှိ အိစ္စလာမ်ဘာသာဝင် ကုလားများဝတ်ပြုရာ ဗလီအတွင်းမှာ လူနှစ်ရာခန့် ထွက်လာပြီး မင်းဂံ ရွာအနီး ရထားလမ်းဘေးတွင် နေထိုင်သူ ဖော်ပြပါ ဓာတ်ပုံပါ ခြောက်ဦးအား လေးဂွ တုတ်ပုလင်းများ၊ ခဲများဖြင့် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရရှိပြီး နှစ်ဦးမှာ စစ်တွေဆေးရုံ၌ တက်ရောက်ကုသခံနေကြရကြောင်း သိရှိရပါသည်။ ၄င်းနေ့ညနေ လေးနာရီခွဲအချိန်တွင် မှန်စီကျေးရွာ(ရခိုင်ရွာ)တွင် အိမ်ခြေ ၂၂ လုံးသာရှိပြီး ရခိုင် မိသားစုဝင်များ လုံခြုံမှုမရှီသောကြောင့် ကျေးရွာတွင်မအိပ်ရဲဘဲ စစ်တွေမြို့အနီးရှိမင်းဂံနှင့် ရွာသာယာကျေးရွာ များသို့ သွားရောက်ခိုလှုံနေထိုင်ကြရသည် By D-nwe Oo

ရခိုင်ပြည်နယ် မှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေ နဲ့ ပက်သက်ပီး ကိုမင်းကိုနိုင် ရဲ့ ပြောဆိုချက်။

နိုင်ငံတော် သမ္မတရုံးရဲ့ စာမျက်နှာမှ ဖော်ပြထားတဲ့ သတင်း

မိတ္ထီလာ လေတပ်လည်း အသင့်အနေအထား ပြင်

Yangon Press International
နံနက်၊ ၀း၅၆ နာရီ၊ ဇွန်လ ၉ ရက်၊ ၂၀၁၂၊ YPI
မောင်တော နှင့် ဘူးသီးတောင်တို့တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်အတူ နယ်စပ်လုံခြုံရေးအတွက် လိုအပ်လျင် အသုံးပြုနိုင်ရန် မိတ္ထီလာလေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ ။ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မောင်တောမြို့တွင်းသို့ ဘူးသီးတောင်နှင့် မောင်တောအကြား အခြေစိုက်သည့် တပ်ရင်းများမှ စစ်တပ်များ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း ၀င်ရောက်လာပြီး မောင်တောမြို့တွင်းရှိ မြို့တွင်း နေအိမ်များ ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ရခိုင်လူမျိုးများအား ရှာဖွေကယ်ထုတ်နေသည်ဟု မောင်တောမြို့ခံတဦးက ဆက်သွယ် ပြောဆိုသည်။ ယင်းတပ်များ ၀င်လာနေစဉ်မှာပင် ဗိုလ်မှူးရွာဘက်မှ ဘင်္ဂါလီလူမျိုး လူအုပ်စုလည်း မကွဲသေးပဲ တက်လာနေသည်ဟု ယင်းမြို့ခံက ပြောသည်။ သေနတ်သံများ လေးဘက်လေးတန်မှ ကြားနေရကာ ၎င်းတို့အနေဖြင့် မအိပ်နိုင်ပဲ အခြေအနေကို နားစွင့်နေကြရသည်ဟုလည်း ပြောသည်။ စစ်တပ်အသိုင်းအ၀ိုင်းမှ ရရှိသည့် ခိုင်လုံသည့် အခြား သတင်းတရပ်အရ ရခိုင်ပြည်နယ်ရှိ စစ်တပ်အင်အား အများစုမှာ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ လက်နက်ပြည့် ကျည်ပြည့်ဖြင့် ရောက်ရှိနေကြပြီဟု ဆိုသည်။ ယနေ့နေ့လည်ပိုင်းက အဖြစ်အပျက်နှင့် ယခုလတ်တလော ပစ်ခတ်မှုများတွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO Rohingya Solidarity Organization အဖွဲ့မှ ပါဝင်ပတ်သက်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။ ယင်း RSO အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ ရိုဟင်ဂျာ စခန်းတွင် တာလီဘန်များ စစ်သင်တန်းပေးဖူးကြောင်း စီအန်အန် သတင်းတရပ်တွင် ဖေါ်ပြခဲ့ဖူးသည်။ မောင်တောမြို့ မြို့မကညင်တန်းကုန်း ရပ်ကွက်တွင် ဘင်္ဂါလီလူစုလူဝေးမှာ ယခုည ၁၁နာရီကျော်သည် အထိ မကွဲသေးပဲ သေနတ်ပစ်ဖေါက်သံများလည်း ကြားနေရသည်ဟု ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေသည့် မောင်တောမြို့ခံတဦးက YPI သို့ပြောသည်။ စစ်တပ်အင်အား မလုံလောက်သည့်အနေအထားကို ည်း တွေ့မြင်နေရသည်ဟု ၎င်းက ပြောဆိုကာ တမြို့လုံးတွင် စစ်ကားတစီးသာ မြင်တွေ့ရသေးသည်ဟုလည်း ဆိုသည်။ယနေ့နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ပြောသည်။ ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ၏ နေအိမ် သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့်ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖေါ်လိုသူ တပ်အရာရှိ တဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။ ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။ လူမျိုးရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ် နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖေါ်ဖြစ်သူက ဓါးနှင့် ထိုးသဖြင့် ဇနီးဒေါ် သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာ ဦးခင်မောင်လတ်အား ဆေးရုံသို့တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။ စစ်တွေမြို့အနီးဆိုက်ကပ်ထားသည့် စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန်ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။ မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ (၃၀ ) ကျော်ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှသတင်းအရ ၄ ဦးသေ ၁ ဦးဒဏ်ရာရရှိသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။ မောင်တောမြို့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် ဖြစ်ပွားခဲ့သည့် သည့် မီးရှို့မှုများ၊ လုယက်မှုများနှင့်အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မောင်တောမြို့ စည်ပင်သာယာ နယ်နိမိတ်တွင် ည ၆နာရီမှ နံနက် (၆) နာရီထိ ညမထွက်ရ အမိန့်နှင့် လူ (၅) ယောက်ထက်ပို၍ စုဝေးခြင်း မပြုရဟု ပုဒ်မ (၁၄၄) အရ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေရသူ မောင်တောမြို့ခံ ကိုထူးက နောက်ဆုံး အခြေအနေကို ည၈နာရီခွဲတွင် YPI သို့ပြောဆိုရာတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ခြင်းကို ၎င်းအနေဖြင့် မကြားသိသေးကြောင်း ၊ စွန့်ပစ်ထားခဲ့သည့် နေအိမ်များမှ ပစ္စည်များအား လုယူသွားမှုရှိနေသဖြင့် ၎င်းတို့၏ နေအိမ်သို့ ပစ္စည်းယူဆောင်ရန် လူအုပ်စုဖြင့် သွားစဉ် ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများက ဒါးများ၊ ဒုတ်များဖြင့် လိုက်လာ၍ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။ လမ်းပေါ်တွင် ရဲများကို မတွေ့ရတော့ပဲ လုံထိန်းရဲများကိုမူ တွေ့ခဲ့ရသည်ဟုလည်း ကိုထူးက ပြောသည်။ ၎င်းက “ကျွန်တော်တို့ ဘ၀တွေတော့ စုတ်ပြတ်သတ်သွားပါပြီ” ဟု ပိုင်ဆိုင်မှု ဆုံးရှုံးမည့်အရေးကို စိုးရိမ်စွာဖြင့် ပြောသည်။ မောင်တောမြို့ ရှိ INGO ၀န်ထမ်းများမှာ နေအိမ်မီးရှို့မှုများ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် UNHCR ရုံးဝင်းအတွင်းသို့ ပြေးဝင်ခိုလှုံနေရကြောင်းလည်း သိရှိရသည်။ ယင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွင်းတွင် ခိုလှုံသူ ၅၀၀ ခန့်ရှိသည်ဟု အမည်မဖေါ်လိုသည့် အန်ဂျီအိုဝန်ထမ်းတဦးက ပြောသည်။ အချို့ဝန်ထမ်းမိသားစုများမှာ နီးစပ်ရာ မြန်မာဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်ဟုလည်း ယင်းဝန်ထမ်းက ပြောသည်။ ရခိုင်ရပ်ကွက်များတွင် အရပ်သားများက အလှည့်ကျ ကင်းစောင့်လျှက်ရှိပြီး ပြင်ပသို့ ဖုန်းပြောဆိုရာတွင်လည်း အသံတိုးတိုးသာ ပြောဆိုရဲကြသည်ဟု ခိုလှုံနေသူက ပြောသည်။ သမ္မတရုံး အရာရှိဖြစ်သူက ၎င်း၏ ဖေ့စ်ဘွတ်တွင် “မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည်” ဟု အမိန့် ကြေညာချက် အပြည့်အစုံကို ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။ မောင်တောမြို့ အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာ မှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန်ကြိုးစား သော်လည်း မီးမလောင်ပဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။ အချို့ရပ်ကွက်များတွင် လူနေအိမ်များမီးရှို့ခြင်း ရွှေထည်ပစ္စည်းများ လုယူခြင်းများရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း ၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့်နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။ မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။ အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။ ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်း တခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလိုလူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားခြင်းကြောင့် တဖက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ နောက်ထပ် ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံးမီးလောင်ကျွမ်းခံရပြီး ၃ ဦးအသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှု သတင်းကို သီးခြားအတည်မပြုနိုင်သေးပါ။ မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။ နိုင်ငံတော် သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော် ၏ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ် အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို “ နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။ ထိန်းမနိုင် သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေး တပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေး ထား ဆောင်ရွက်လျက် ရှိနေပါသည်။ မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်း ကြစေလိုပါသည်” ဟုဖေါ်ပြထားသည်ကိုတွေ့ရသည်။ ။

ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားလူမျိုးတစ်ခုမဟုတ်ဘူးလို့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေက အတိအလင်းပြော




သိသလောက်မြို့ပြတွေမှာနေတဲ့ကုလားတွေတိုင်းရင်းသားဖြစ်ချင်တယ် ပြောတာမကြားဖူးဖူး၊အချို့ဆိုအက်ဖ်အာစီအဆင့်နဲ့ ပဲနေနေကြတာပဲ။ အချို့ဆိုကုလားလိုတောင်တခွန်းမှမပြောတတ်တဲ့သူငယ်ချင်းကုလားတွေအများကြီး..ဒီနယ်စပ်ကမြန်မာ၊ရခိုင်လိုတခွန်းမှမပြောတတ်တဲ့ဘင်္ဂလီတွေမွှေ တာပြည်တွင်းမငြိမ်သက်မှုဖြစ်စေတယ်။အစိုးရဘာလို့နှေးနေတာလည်း။။။ ဘာတွေအကျိုးဆက်ဖြစ်စေချင်လို့လည်း....???????????? ဘင်္ဂလီလို့ပဲသုံးပါ။ရိုဟင်ဂျာဆိုတာသူ့ဖာသာပေးတဲ့နာမည်ပါ။ မောင်တောကဘင်္ဂလီတွေကိုအစိုးရမထိန်းနိုင်ရင့်ပြည်သူ့လက်အပ်ပါ။