Tuesday, June 12, 2012

မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်သူလက်ကျန်၂ဦး

Eleven Media Group
 ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုကို ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် ၈-၆-၂၀၁၂ သောကြာနေ့က တရားစွဲချက်တင်ခဲ့သော အမှုကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က တရားလိုဘက်မှ သေဆုံးသူ မသီတာထွေး၏ အစ်ကို အပါအ၀င် အသိသက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄ာရီခွဲခန့်တွင် ရပ်နားလိုက်ပြီး ကျန်ရှိနေသော အသိသက်သေများ၏ ထွက်ဆိုချက်များကို ၁၂ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရှိပါသည်။

Rakhaing EMG 12 JUN report

Eleven Media Group ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ အုပ်စု သပြေချောင်ကျေးရွာ မှ မသီတာထွေးအား မုဒိန်းကျင့်၊ သတ်ဖြတ်၊ လုယက်မှု ကျူးလွန်သူ တရားခံ ၃ ဦးအား ဇွန်လ ၈ ရက်နေ့က တရားစွဲချက်တင်ခဲ့ရာ ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် အမှုကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တရားလိုဖက်မှ သက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄နာရီ ၃၀ မိနစ်ခန့်တွင် ရပ်နားခဲ့သည်။ ထို့ပြင် ဇွန်လ ၁၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က တရားလိုဘက်မှ သက်သေ ၈ ဦး ၏ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၃နာရီ ၄၅ မိနစ်ခန့်တွင် ရပ်နားခဲ့သည်။ တရားလိုသက်သေ ၂၄ ဦးအနက် ကျန်ရှိနေသော သက်သေ ၈ ဦးအား ဇွန်လ ၁၃ ရက်နေ့ ရုံးချိန်တွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။စစ်တွေမြို့အနောက်ဘက် ၅ မိုင်အကွာတွင် ရှိနေသော အောင်နိုင်ရွာကို ဘင်္ဂါလီများ ၀ိုင်းထားသည်ဟု သတင်းရရှိသဖြင့် ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်းရယူနေသော Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့သည်။ရခိုင်ပြည် ရဲတပ်ရင်းစု၏ အဆင့်မြင့်အရာရှိတစ်ဦး၏ ယနေ့နံနက်ပိုင်းတွင် ပြောကြားချက်အရ ဘင်္ဂါလိများတွင် သေနတ်များ ရှိနေသည်ဆိုသော သတင်းများမှာ အတည်မပြုနိုင်သေးကြောင်း လုပ်သေနတ်များ ရှိနေသည်ဟု ယူဆရကြောင်း၊ ၄င်းတို့ အများဆုံးအသုံးပြုသည့် လက်နက်မှာ ဂျင်ကလိများ၊ မျှားများ၊ မီးကွင်း (ပုလင်းတွင်း ဓါတ်ဆီထည့်ပြီး မီးစာထုတ်ထားသော လက်နက်)များ ဖြစ်ကြောင်း သိရပါသည်။ သို့သော် ဘင်္ဂါလီများတွင် သေနတ်များရှိနေကြောင်း သတင်းမှာ စစ်တွေမြို့ခံများအကြား ပျံ့နှံ့နေကြောင်းသိရသည်။"မနေ့နဲ့ ဒီနေ့နှစ်ရက်လုံးမှာ ရပ်ကွက်က ဖမ်းမိတဲ့ ဘင်္ဂါလီတစ်ချို့ကို ရဲစခန်းကို လာပို့ပါတယ်။ အဲ့ဒီလူတွေကို ဘင်္ဂါလီတွေအတွက် ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ နောက်ပြီး ကယ်ဆယ်ရေးစခန်းသွားချင်တဲ့ ဘင်္ဂါလီတွေကိုလည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စောင်ရှောက်ပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ ဘင်္ဂါလီကလေးတွေနဲ့ မိန်းမတွေကို တွေ့ရင်လည်း စစ်တွေမြို့ခံတွေက ဘာမှမလုပ်ဘဲ ရဲစခန်းကို လာပို့ပေးပါတယ်။ သူတို့တွေကိုလည်း ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ လောလောဆယ် စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်ထားပါတယ်။ " စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ ညနေ ၇ နာရီ ၂၀ မိနစ်တွင် သတင်းပေးပို့ခဲ့ပါသည်။Eleven Media Group ‎"မီးရှိုကခံရတဲ့ ရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေ တော်တော်များများကတော့ မီထဲမှာ ပါသွားပါတယ်။ မနေ့ကဆိုရင် နာဇီရွာဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံလိုက်ရပါတယ်။ ဒီနေ့မှာ တော့ နေရာ ၄ နေရာမှာ မီးလောင်ပါတယ်။ နံနက်ပိုင်းက ဓည၀တီဘက်မှာ လောင်တယ်။ မွန်းလွဲပိုင်းမှာ နာဇီရွာနဲ့ ကျောင်းကြီးလမ်းရပ်ကွက်လောင်တယ်။ ညနေပိုင်းမှာ ကုန်တန်းရပ်ကွက်လောင်တယ်။ ကုန်တန်းရပ်ကွက်လောင်တော့ သိန်း ၇၀၀၊ ၈၀၀ တန်ဘိုးရှိတဲ့ တောင်ချေရွာ ဘုန်းကြီးကျောင်း ပါသွားတယ်။ တောင်ချေရွာ ဖြစ်စဉ်မှာတော့ တောင်ချေရွာဘုန်းကြီးကျောင်းမီးလောင်တော့ ရခိုင်တိုင်းရင်သား လေးဦးနဲ့ ဘုန်းကြီးတစ်ပါး ဒဏ်ရာရတယ်လို့ ကြားတယ်။ ဘင်္ဂါလီတစ်ယောက်သေတယ်။ ဒီနေ့ အသေအပျောက်စာရင်းနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးဘူး။" ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။စစ်တွေမြို့ပေါ်မှာ ဗလီတွေ ဖျက်ခံရတာ အပြင်မှာ ပြောနေကြသလောက် မဟုတ်ပါဘူး။ စစ်တွေမြို့ပေါ်မှာ ဗလီ အလုံး ၃၀ လောက်ရှိတယ်။ ၁ လုံးဘဲ ပြိုပြီး တစ်ချို့ဗလီတွေက ခြံစည်းရိုးတွေ ပြိုတာလောက်ပဲ ရှိပါတယ်။ အများစုက အရင်အတိုင်းပဲ ရှိနေပါတယ်။ တစ်ချို့ ဗလီတွေ ဆိုရင် လာဖျက်မှာ ဆိုလို့ လုံထိန်းတွေက တာဝန်ယူ စောင့်ကြည့်ပေးနေပါတယ်။" ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။"ယနေ့ဖြစ်တဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့ သူတွေထဲမှာ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးနဲ့ တပ်မတော်သား တစ်ဦး ဒဏ်ရာရရှိတယ်လို့ သိရတယ်။ စစ်တွေဆေးရုံကို အတည်ပြုချက် တောင်းခံခဲ့ပေမယ့် အတည်ပြုချက် မရရှိခဲ့ပါဘူး။ အကြမ်းဖျင်းအားဖြင့် ဒီနေ့ဖြစ်စဉ်မှာ ရခိုင်လူမျိုးတွေဘက် ၈ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။" ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ ည ၇နာရီတွင် သတင်းပေးပို့ခဲ့ပါသည်။"လောလောဆယ် စစ်တွေငြိမ်သက်နေတဲ့ သဘောရှိပါတယ်။ မိုးကလည်းရွာနေတယ်။ တပ်ကလည်း ဒီညမှာ အရင်နေ့ကထက် ပိုပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်မယ်လို့ သတင်းထွက်နေပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အကြောင်းကိုလည်း တစ်မြို့လုံးအနှံ့ လိုက်လံကြေညာထားပါတယ်။ မြို့ခံတွေက လုံခြုံရေးအတွက် ပြင်ဆင်မှုတွေပြုလုပ်ထားပေမယ့် အရင်နေ့တွေကလောက် တစ်နေရာထဲမှာ လူတွေအများကြီး စုနေတာမျိုးမဟုတ်တော့ဘဲ ကိုယ့်အိမ်ကနေကိုယ် အခြေအနေတွေကို စောင့်ကြည့်နေတဲ့ သဘော ရှိပါတယ်။ လုံထိန်းတွေနဲ့က ကင်းတွေကတော့ အရင်နေ့တွေအတိုင်းပဲ ဆက်ရှိနေပါတယ်။" ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ ညနေ ၆ နာရီ ၄၀ မိနစ်တွင် သတင်းပေးပို့ခဲ့ပါသည်။မောင်တောမြို့၏ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် မြို့တွင်း လမ်းထောင်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ စောင့်ကြပ်လျှက်ရှိကြောင်း၊ မီးရှို့များရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဘူသီးတောင်နှင့် မောင်တော ဆက်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းထားကြောင်းနှင့် ဈေးဆိုင်များ၊ ဘဏ်များ၊ ရုံးများ အပါအ၀င် နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားကြောင်း သိရှိရပါသည်။ နိုင်ငံတကာ သတင်းမီဒီယာများသည် ရခိုင်နှင့် ရိုဟင်ဂျာ အရေးကိစ္စတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာအောင် တစ်ဖက်စောင်းနင်း ဖော်ပြလာကြ “သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။”မောင်တောမြို့၏ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် မြို့တွင်း လမ်းထောင်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ စောင့်ကြပ်လျှက်ရှိကြောင်း၊ မီးရှို့များရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဘူသီးတောင်နှင့် မောင်တော ဆက်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းထားကြောင်းနှင့် ဈေးဆိုင်များ၊ ဘဏ်များ၊ ရုံးများ အပါအ၀င် နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားကြောင်း သိရှိရပါသည်။ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ ဂျာနယ်လစ်များ ရောက်ရှိနေပြီး ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကို မှတ်တမ်းတင် သတင်းရယူလျက်ရှိကြောင်း သိရှိရပါသည်။ ရောက်ရှိနေသော ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှာ Eleven Media Group၊ AP၊ Reuters၊ AFP၊ DVB၊ RFA၊ The Voice Weekly News Journal၊ 7 Day News Journal တို့မှ သတင်းအယ်ဒီတာများ၊ သတင်းထောက်များ နှင့် ဓါတ်ပုံသတင်းထောက်များ ဖြစ်ကြောင်း သိရသည်။စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိသူများ ရှိပြီး ရခိုင်လူမျိုးဘက်မှ ၈ ဦး ဓါးဒဏ်ရာ ရရှိခဲ့ကာ ယခုအခါ ဆေးရုံသို့ ရောက်ရှိနေကြောင်းနှင့် သတင်းများအရ ဘင်ဂါလီရိုဟင်ဂျာဘက်မှာလည်း ထိခိုက်ဒဏ်ရာ ရသူများ ရှိကြောင်းနှင့် ၄င်တို့ရှိရာ မြို့ပြင်နေရာများသို့ သွားရောက် စုံစမ်းရန် အခြေအနေမပေး၍ ဘင်ဂါလီရိုဟင်ဂျာများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။“စစ်တွေမြို့ ဆေးရုံ ၊ အရေးပေါ်ဌာန ကို လူနာ ၈ ယောက် ရောက်လာတယ်လို့ ကြားတယ်။ မနေ့ ကတော့ ၅ ယောက် ရောက်တယ် ပြောတယ်။ ဆေးရုံထဲကို မီဒီယာတွေ ၀င်ခွင့် မပေးလို့ သွေးလှူသူတွေက တဆင့် စုံစမ်းနေရတယ်။” ဟု အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသော Eleven Media Group မှ သတင်းထောက် မှ ယနေ့ ညနေ ၄း၃၀ နာရီတွင် သတင်းပေးပို့ပါသည်။ရန်ကုန်မြို့ ဆူးလေ စေတီတော်တွင် မွန်းလွဲ ၁ နာရီ ခွဲခန့်က သံဃာတော် အပါး ၁၀၀ ကျော်ခန့်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မေတ္တာပို့ ဆုတောင်းခဲ့ကြောင်းနှင့် ထို့အတူ ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်လိုသူအချို့က မြို့တော်ခန်းမရှေ့တွင် စာတမ်းများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖေါ်ရန် ကြိုးစားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်တားမြစ်မှုကြောင့် ဆန္ဒပြခွင့် မရခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆူးလေစေတီတော်နှင့် မြို့တော်ခန်းမ အနီးတစ်ဝိုက်တွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားသည်ကို တွေ့ရှိရပါသည်။စစ်တွေမြို့ ဖေရာလမ်းရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းနှင့် အိမ်များအား ရိုဟင်ဂျာ ဘင်္ဂါလီများက မီးရှို့လျှက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media Group သတင်းထောက်က မွန်းလွဲ ၂ နာရီတွင် သတင်းပေးပို့ပါသည်။စစ်တွေမြို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက ကျောင်းကြီးလမ်းရပ်ကွက်တွင်ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့မှုကြောင့် မီးလောင်ကြွမ်းမှုမှာ ဆက်လက် ဖြစ်ပွားနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖေါက် သတိပေးနေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် သတင်းပေးပို့ပါသည်။"အခုဖြစ်နေတဲ့ နေရာက နာဇီရပ်၊ အခု ဘင်္ဂါလီရိုဟင်ဂျာတွေ ပြေးစရာထွက်ပေါက်မရှိလို့ ရပ်ကွက်ထဲကို ၀င်ဖို့ကြိုးစားနေတယ်။ အခု သူတို့ ၀င်ဖို့ကြိုးစားနေတဲ့ နေရာက ကျောင်းကြီးတန်းရပ်ကွက် ၊ ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ကျောင်းကြီးတန်းရပ်ကွက်က ရခိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် အခြေအနေဖြစ်နေတယ်။ ဒီမှာက လမ်းသွယ်တွေက အများကြီးရှိနေတယ်။ လုံခြုံရေး ရောက်လာတာတော့ မရှိသေးဘူး" ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းပေးပို့ခဲ့ပါသည်။ယနေ့၁ နာရီ ၂၀ မိနစ်တွင် စစ်တွေမြို့ ကျောင်းကြီးတန်းရပ်ကွက် ရခိုင်လူမျိုးနေထိုင်သော အိမ်များကို ရိုဟင်ဂျာဘင်္ဂါလီများက မီးရှို့ပြီး ထွက်ပြေးရန် ဆောင်ရွက်နေကြောင့် ရခိုင်လူမျိုများက လိုက်လံ ဖမ်းဆီးနေကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။နာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့် နေအိမ်အတွင်းမှ မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် အခက်အခဲ ရှိစေရန် လမ်းသွယ်၊လမ်းကြား အချို့တွင် အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။“မောင်တောမှ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်ထားတယ်။ အဲဒီမှာ ရောက်ရှိနေသူက ၂၀၃၈ ဦးရှိတယ်။ ဘူးသီးတောင်မှာ ကယ်ဆယ်ရေးစခန်း တစ်ခုရှိတယ်။ အဲဒီကို ရောက်နေတာ ၉၄၈ ဦးရှိတယ်။ ရခိုင်ပြည်နယ် စစ်တွေမှာရှိတဲ့ ဘုန်းကြီးကျောင်း ၁၀ ကျောင်းမှာ ရောက်ရှိခိုလှုံနေသူတွေက ၅၀၀၀ကျော် ရှိတယ်။ စစ်တွေမြို့အနီး ရပ်ကွက်တွေမှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့ရဲ့လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ ပြည်နယ်အစိုးရရုံးကို အကြောင်းကြားလာတာ ရှိတယ်။ ဥပမာအားဖြင့် မကျည်းမြိုင်ရပ်ကွက် က လူတွေက ဘုမေဘက်ကို သွားချင်တဲ့အကြောင်း အကြောင်းကြားလာတွေ ရှိတယ်။ သူတို့ထဲမှာလည်း လူကောင်းတွေ အများကြီး ရှိနေပါတယ်။ အဲဒါကြောင့်မို့လို့ အစ္စလာမ် ဘာသာဝင်တွေအတွက် ကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်ပေးထားပါတယ်။ တစ်ခုက စက်ရုံစု (နာဇီရွာ အုပ်စု)၊ အ.ထ.က(ခွဲ) မှာ ဖွင့်ထားပါတယ်။ အဲဒီမှာ အစ္စလာမ် ဘာသာဝင်ဦးရေ ၂၁၂၅ ဦး ရောက်ရှိခိုလှုံနေပါတယ်။ အိမ်ထောင်စုပေါင်း ၃၃၃ စု ရှိပါတယ်။ မကျည်းမြိုင်ဗလီမှာလည်း ကယ်ဆယ်ရေးစခန်း ၁ ခုဖွင့်ထားပါတယ်။ အဲဒီမှာ အစ္စလာမ် ဘာသာဝင် ၃၀၀ ရောက်ရှိနေပါတယ်။ အိမ်ထောင်စု ၄၀ ရှိပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေက တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်လို့ အပြန်အလှန် ဖြစ်နေကြတဲ့ သဘောရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရခိုင်တိုင်းရင်းသားတွေဖက် ရော အစ္စလာမ် ဘာသာဝင်တွေဖက်ရော နှစ်ဖက်စလုံးသွားပြီး စေ့စပ်မှုတွေလုပ်နေပါတယ်။ ဥပမာဆိုရင် ပထမဖြစ်ကာစ က အစ္စလာမ် ဘာသာဝင်တွေ ရှိတဲ့ဘက်ကို အခြေအနေ ရှုပ်တွေးနေတော့ ဘယ်သူမှ မသွားရဲကြဘူး။ အခုအချိန်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း အစ္စလာမ် ဘာသာဝင်တွေ ရှိတဲ့ဘက်ကို သွားပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်နေပါတယ်။” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ထိပ်တန်း အရာရှိတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားပါသည်။ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁း၁၅ နာရီခန့်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာတွင် ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ၁၀၀၀၀ခန့် အဓိကရုဏ်း ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့် က ၀င်ရောက်ဖြန်ဖြေ ပေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသည့် Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ပါသည်။မောင်တောမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စွန့်ခွာ၍ မောင်တောမြို့ပေါ်ရှိ ပရဟိတ ကယ်ဆယ်ရေးစခန်းနှင့် အလိုတော်ပြည့်ကျောင်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာသည့် ဒေသခံများ၏ ပြောစကားများ “ညောင်ချောင်းခွဆုံက ဆိုင်ခန်းတွေ မီးရှို့နေတာကိုမြင်တော့ ကျွန်တော်တို့လည်း ဘင်္ဂါလီတွေ ရွာကို လာတော့မယ်ဆိုတာ ပြောနေတုန်းပဲ ဘင်္ဂါလီတွေ ရွာကို အုပ်စုလိုက် ချီတက်လာကြတယ်။ ကျွန်တော်တို့ ရွာသားသုံးဆယ်လာက်စုပြီး ခုခံဖို့လုပ်ကြတယ်။ ဒါပေမယ့် တွေ့တဲ့လူကို ၀ိုင်းရိုက်ကြတော့ ကျွန်တော်တို့ ကလေးတွေ အမျိုးသမီးတွေကို ထွက်ပြေးကြဖို့ ပြောလိုက်တယ်။ လူတွေလဲ တစ်ယောက်တစ်ကွဲ တောင်တွေထဲ ပြေးသွားကြတယ်။ ရွာကဘုန်းတော်ကြီးကို ၀ိုင်းရိုက်တာတွေ့တယ်။ ကျွန်တော်တို့လဲ နောက်ဆုံးပြေးကြ တော့တာပဲ။ ရွာသားနှစ်ဦး အသတ်ခံလိုက်ရတယ်။”ဟု ရွှေရင်အေးကျေးရွာမှ ရခိုင်လူမျိုး ဦးသာစိန်ကပြောသည်။ “ကျွန်မတို့က ညောင်ချောင်းလမ်းခွဆုံမှာ ဆိုင်ရောင်းတာပါ။ ပထမ ဘင်္ဂါလီတွေ ဗလီတွေက ဆင်းချိန်မှာ အုပ်စုလိုက် ညောင်ချောင်းရွာက တက်လာကြတယ်။ ကျွန်မတို့လဲ ဆိုင်ကထွက်ပြေးကြတော့ ဆိုင်တွေကို မီးရှို့လိုက်ကြတယ်။ ကျွန်မတို့က နစက စခန်းဆီပြေးဝင်ကြတယ်။ ဆိုင်ခန်းတွေမီးရှို့နေတာ ကြည့်နေရတယ်။ နစကတွေလည်း ဘာမှပြန်မလုပ်နိုင်ဘူး။ ဘင်္ဂါလီတွေက လုံခြုံရေးအဖွဲ့တွေ သေနတ်နဲ့ ချိန်နေတာတောင် မကြောက်ပဲ တက်လာကြတာ။” ဟု မသီတာက ပြောသည်။ “ကျွန်တော်တို့က ရွာကိုမီးရှို့ခံရတော့ အားလုံးထွက်ပြေးကြတယ်။ ကံသာယာ ရွာဘက်ကိုပြေးကြတယ်။ အဲဒီမှာပြည်သူ့စစ်တွေရှိတော့ လိုက်လာတဲ့ ဘင်္ဂါလီတွေ မတက်ရဲတာ့ဘူး။ နောက်မှ လေးမိုင်စခန်းကို ပြေးခဲ့ရတယ်။ မနေ့က ရွာကိုသွားကြည့်တယ် ။ အိမ်ခြေ ၈၀ မှာ ၆ လုံးပဲ ကျန်လိုက်တယ် ။ ကျန်တာတွေ မီးရှို့ခံလိုက်ရတယ်။ ရွာကိုတွေ့ရတာ မျက်ရည်ဝဲမိတယ်ဗျာ။” ဟု ရွှေရင်အေးရွာမှ ဗမာ အမျိုးသား ကို သန်းလွင်က ပြောသည်။ “ဗလီဆင်းချိန် ၂ နာရီခွဲလောက်မှာ ကျွန်တော်တို့ သရေကုန်းဘောင်ရွာကို ဘင်္ဂါလီတွေ အုပ်စုလိုက် တက်လာကြတယ်။ ရွာသားတွေက ဖုန်းနဲ့ နစက စခန်းကို အကြောင်းကြားပေမယ့် လုံခြုံရေးတွေ မရောက်မီ ရွာကိုမီးရှို့ခံရတယ်။ စပြီး ဘုန်းကြီးကျောင်းကနေ စရှို့တယ်။ နောက်ရွာကို ၀ိုင်းတယ်။ ကျွန်တော်တို့က ရွာမှာပိတ်မိနေတော့ ၀ိုင်းပြီး အရိုက်ခံရတယ်။ ကျွန်တော်တို့မိသားစုကို ဒုတ်တွေ ဓါးတွေ အပြင် ကျွန်တော့ကို ဆိုင်ကယ်ချိန်းကြိုးနဲ့ ရိုက်တယ်။ ခေါင်း၊လက်မောင်း နဲ့ ပေါင်မှာ ဒဏ်ရာရတယ်။ ရွာက ထွက်ပြီး တောင်တွေဆီ အုပ်စုတွေ ကွဲပြီးပြေးကြရတယ်။ နောက်ဆုံးကျွန်တော်တို့ အဖွဲ့တောင်ပေါ်ရောက်မှ နစကတွေ ရောက်တယ်။ ပြန်လာဖို့ အကြောင်းကြားမှ ကျွန်တော်တို့ အုပ်နှစ်စုလောက် ပြန်လာကြတယ်။ တစ်ချို့အုပ်စုတွေက တောင်ကျော်ပြီး ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ ရွာမှာက ဆရာမောင်ချမ်းသာ အသတ်ခံ လိုက်ရတယ်။ နောက်ရွာခံ နှစ်ဦးအသတ်ခံရတယ်။ လုံခြုံရေးတွေက ကားနဲ့ မောင်တောကို ချက်ချင်းခေါ်လို့ ဒီကို ရောက်လာတာပါ။ ရွာမှာ အိမ်ခြေ ၁၇၀ ကျော်ရှိတာ မှာ ၅ လုံးလောက်ပဲ မီးမလောင်ပဲကျန်ပါတယ်။” ဟု အလိုတော်ပြည့် ကျောင်းစခန်းကို ရောက်နေသော သရေကုန်းဘောင် ကျေးရွာသား ဦးအောင်သန်းတင် (အသက် ၅၆) မှ ပြောသည်။ “ရွာဟောင်း ကိုမီးရှို့ခံရတော့ ငါတို့လဲ ထွက်ပြေးကြတယ်။ တောင်ပေါ်ကို ပြေးသွားကြတယ်။အားလုံး အုပ်စု တွေကွဲပြီး သွားကြတယ်အခု မိသားစုတွေ မစုံကြသေးဘူး။ ကျွန်တော်တို့က တောထဲမှာ မိုးရွာထဲမှာ တစ်ညလုံး နေခဲ့ရတယ်။ မိုးလင်းမှ လုံခြုံရေးတွေ ခေါ်မှ ရွာကို ဆင်းလာရတယ်။ ကျွန်တော်တို့ လာတုန်းကတော့ ရွာဘာမှ မဖြစ်သေးဘူး။ အခုတော့ ဘယ်လိုအခြေအနေ ရှိနေတယ်ဆိုတာ မသိဘူး။”ဟု ကိုင်းကြီးရွာမှ ဦးမြင့်ဦးမှ ပြောသည်။ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု၊ ဇွန်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်လူမျိုးအများးစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံးပြီး အိမ်ခြေ ၇၀ နီးပါး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိသည်။ ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ထွက်ပေါ်လာခဲ့သည့် သတင်းတစ်ခုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ထွက်ပေါ်ခဲ့သည့် သတင်းမှာ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသည့် ရခိုင်အမျိုးသမီးတစ်ဦးကို သံထော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာများမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဆိုသော သတင်းဖြစ်သည်။ ယင်းထွက်ပေါ်ခဲ့သည့် သတင်းကြောင့် နံနက် (၁၁)နာရီအချိန်ဝန်းကျင်တွင် ကျေးရွာအများရှိ ရခိုင်လူမျိုးများ တစ်ဖြည်းဖြည်းများလာပြီး သံတော်လီကျေးရွာမှ ဘင်္ဂါလီရိုဟင်ဂျာများ နှင့် မွန်းလွဲ (၁း၄၅) အချိန်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ကာ အဆိုပါကျေးရွာရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုတွင် ရခိုင်လူမျိုးဦးရေ တစ်ထောင့်ငါးရာ ၀န်းကျင်နှင့် ဘင်္ဂါလီရိုဟင်ဂျာ ဦးရေ တစ်ထောင်ဝန်းကျင်တို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်ကြောင့် ဇွန်လ(၁၁)ရက်နေ့ ညနေ ၆ နာရီအချိန်ထိ တွေ့ရှိခဲ့သည့်အလောင်း (၅)ဦးရှိခဲ့ပြီး သေဆုံးသူများမှာ ရခိုင်လူမျိုး(၃)ဦးနှင့် ဘင်္ဂါလီရိုဟင်ဂျာနှစ်ဦးတို့ ဖြစ်သည်ဟု သိရှိရသည်။ အဆိုပါ ခိုက်ရန်ဖြစ်ပွားနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲမှူးကြီးလှမိုးက “ဒီဖြစ်စဉ်က ရှင်းရှင်းလေးရယ်နဲ့ အခက်တွေ့နေတာပါ ပြည်နယ်အတွင်းမှာက ဟိုဘက်လုပ်လိုက်၊ ဒီဖက်ကလုပ်လိုက် သတင်းတွေ မကြာခဏကြားရတယ်၊ အချို့သတင်းတွေက မမှန်ကန်ဘူး၊ အခုဖြစ်စဉ်ဆိုရင်လည်း ရခိုင်အမျိုးသမီးတစ်ယောက်ကို အဲဒီသံတော်လီကျေးရွာက လူမျိုးခြားတွေ ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းကြောင့် မခံနိုင်တဲ့ ရခိုင်လူမျိုးတွေက တစ်ဖြည်းဖြည်းများလာပြီး အဲဒီဖမ်းခေါ်သွားတယ်ဆိုတဲ့ လူမျိုးခြားကျေးရွာတို့ကို ၀င်ပြီးတော့ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေက မွန်းလွဲ ၁၂း၃၀ လောက်မှာ အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည့်းဖြည်း များလာတဲ့အချိန်မှာပဲ ရဲကင်းက တာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြိး သေနတ်ပစ်ခဲ့တယ်။ အဲဒါကို သံတော်လီကျေးရွာထဲက လူမျိုးခြားတွေက ပစ်တယ်လို့ထင်ပြီးတော့ ပိုပြီး စိတ်မထိန်းနိုင်တော့ပဲ အခုလိုဖြစ်ခဲ့တာပါ”ဟု ရှင်းလင်းပြောကြားခဲ့သည်။ ဖြစ်စဉ်တွင် ရဲတပ်ရင်းမှ ၀င်ရောက် ထိန်းပေးနေသည့်အချိန်တွင် သံတော်လီကျေးရွာအတွင်းမှ သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ရင်းမှ ခြောက်လှန့်သည့်အနေထားဖြင့် အကြိမ်ရေ ၁၅ ကြိမ်ခန့် ပြန်လည်ပစ်ခတ်ရကြောင်း သိရှိရသည်။ အဆိုပါရဲတပ်ရင်းမှ တာဝန်ရှိသူများသည် မွန်းလွဲပိုင်း (၁း၄၅)အချိန်တွင် အဆိုပါကျေးရွာထဲသို့ ၀င်ရောက်ပြီး ဘင်္ဂါလီရိုဟင်ဂျာများကို ခေါ်ယူ၍ ခိုက်ရန်မဖြစ်ကြရန် ဆွေးနွေးခဲ့ပြီး သံတော်လီကျေးရွာနှင့် ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကြားတွင် တပ်မ(၂၁၀)မှ တပ်ခွဲတစ်ခွဲလုံခြုံရေးယူကာ ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ရဲမှူးကြီးလှမိုးက “ကောင်းမွန်စွာနေထိုင်၍ အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက နာကျည်းတဲ့စိတ်တွေကို ရှေ့မထွက်ပဲ နေဖို့လိုတယ်။ တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရက ဥပဒေအရ အရေးကြောင်းအရ အရေးယူပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။

UN come and solve the problem

This is not civil conflict, and also religious conflict. This is so-called Rohingyas/Bengali Terrorist invasion to Myanmar. They commit cruelly genocide on Indigenous Rakhaing/Arakanese in west of Myanmar. UN, come and solve the problem because Myanmar government has bullshit idea to solve this invasion.

ဘင်္ဂါလီကုလားများ၏ အကြမ်းဖက်မှုကြောင့် ဓါးဒဏ်ရာပြင်းထန်စွာရ

Htay Hlaing စစ်တွေမြို့ ကုန်တန်းရပ်ကွက်၊ ချင်းပျံလမ်းတွင် ၄င်းရပ်ကွက်နေ မြို့ခံတစ်ဦးဖြစ်သူ ဒေါ်မချေ၏ခင်ပွန်းဖြစ်သူမှာ ဘင်္ဂါလီကုလားများ၏ အကြမ်းဖက်မှုကြောင့် ဓါးဒဏ်ရာပြင်းထန်စွာရရှိပြီး စစ်တွေဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ထားရပါသည်။

နာဇီရပ်ကွက် မီးလောင်မှုမြင်ကွင်း

CJMyanmar
ရွာခံ ရခိုင်တိုင်းရင်းသားများ မိမိတို့ ရွာကို စီးနင်းမခံရစေရန် ရွာပြင်တွင်ထွက်၍ ကင်းစောင့်ကြပ်နေသည်ကို တွေ့ရစဉ်

နာဇီရပ်ကွက် မီးလောင်မှုမြင်ကွင်းကို ၁၂-၆-၂၀၁၂ ရက် နေ့လည် ၁ နာရီခွဲခန့်က လေယာဉ်ပေါ်မှ တွေ့မြင်ရစဉ်။

ဇွန်လ (၁၂)ရက်နေ့ စစ်တွေ၊ နာဇီဈေးပတ်ဝန်းကျင်ရှိ အိမ်များမီးရှို့ခံနေရကြောင်း CJ Myanmar မှ CJ တစ်ဦးမှ ပြောကြား။

ဇွန်လ (၁၂)ရက်နေ့ နေ့လည် ၂နာရီခွဲဝန်းကျင်တွင် စစ်တွေမြို့ ချင်းပျံလမ်းပေါ်ရှိ ဆီရီဆီရီဟိန္ဒူဘုရားကျောင်းနှင့် ဘုရားကျောင်းဝန်းကျင် ရပ်ကွက်များအား ရိုဟင်ဂျာများ၏ မီးရှို့ခြင်းများခံခဲ့ရသည်။ ယခုအချိန်တွင် အဆိုပါနေရာများရှိ ရဲတပ်ဖွဲများနေရာတွင် တပ်မတော်မှ ၀င်ရောက် နေရာယူပြီး ရပ်ကွက်ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသက်နိုင်ရန် အကာအကွယ်များပေးနေကြောင်း CJ Myanmar မှ သိရသည်။

ဘင်္ဂလီများ မီးရှို့နေစဉ်..EMGမှမှတ်တမ်းတင်ထားပုံ

ပုဒ်မ-၁၄၄- အမိန့် အတိုင်း အစိုးရကျ တိတိကျကျ လုပ်ပေးမှ အဓိကရုဏ်း ပြီးဆုံးမည်

ပုဒ်မ္မ-၁၄၄- အမိန့် ကို အစိုးရက တိတိကျကျလုပ်ရင် သက်ဝင်လှုပ်ရှားနိုင်အောင် ပြည်သူတွေ နောက်မှနေပြီး နေပေးဖို့ လိုတယ် ပုဒ်မ္မ-၁၄၄-ရဲ့  အမိန့် အာဏာမှာ ထိထိရောက်ရောက် အရေးယူပိုင်ခွင့်တွေ ရှိနေတယ် ။ လူ( ၅ ) ဦးထက် မစုရဆိုတဲ့  အမိန့် ကို သာမန်ပြည်သူတွေ သိကြတယ်။ ဒါပေမဲ့  ဒီ့ထက်ပိုလို့  မသိကြဘူး ။ တကယ်လို့ လူစုဖြစ်လာရင် ဘာလုပ်ရမှာလဲ ဆိုတဲ့  ဥပဒေပြဋ္ဌန်းချက်တွေ ရှိနေတယ် ။ ပဋိပက္ခအဓိကရုဏ်းနှိမ်နှင်းရေးလက်စွဲ ဥပဒေစာအုပ်ကို ရဲအရာတွေသာ သီးသန်းလှို့ ဝှက် သင်ယူဖတ်ထားရတယ် ။ ပုဒ်မ္မ-၁၄၄-အမိန့် ကို ထုတ်ပြန်ပြီးတဲ့ နောက် လူ( ၅ ) ဦးထက် ပိုမိုပြီး စုလာဖြစ်ပြီဆိုရင် ဒါဟာ နိုင်ငံတော်က ပြဋ္ဌန်းထားတဲ့  ဥပဒေအမိန့် ကို ချိုးဖေါက်လာတာဖြစ်တယ် ။ ဒီတော့ခါ ဥပဒေပုဒ်မ္မ ၁၄၄- အမိန့် ရဲ့  လုပ်ပိုင်ခွင့်အာဏာတွေကို ပြည်သူတွေ သိရှိရအောင် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသင့်တယ် ။ နိုင်ငံရေးပါတီတွေက ပြည်သူတွေကို လေ့ကျင့်သင်ကြားပေးသင့်တယ် ။ ဒါပေမဲ့  ဗြိတိသျှအင်္ဂလိပ်ခေတ်က ထုတ်ပြန်ခဲ့ တဲ့  အဓိကရုဏ်း ပဋိပက္ခနှိမ်နှင်းရေးလက်စွဲ ဥပဒေစာအုပ်ဟာ ခုအချိန်ထိ ရဲအရာရှိများအတွက်သာ ပြဋ္ဌန်းထားတာဘဲဖြစ်နေသေးတယ် ။ ဒီတော့ ဒီဥပဒေရဲ့  အတိမ်အနက်ကို ဘာတခုမှ မသိကြရဘူး ။ လူစုလူဝေးနဲ့  ရုန်းရင်းဆန်ခတ် အဓိကရုဏ်း ဖြစ်လာတဲ့ အချိန်မှာတောင် ဒီဥပဒေရဲ့ အကာအကွယ်ကို ဘယ်လိုယူရမယ်ဆိုတာ ပြည်သူတွေ မသိကြဘူး၊ ဥပဒေရဲ့  အစောင့်အရှောက်ကို ဘယ်လိုခံယူမယ်ဆိုတာလဲ မသိကြဘူး ။ ဒါကြောင့် ပုဒ်မ္မ-၁၄၄-ရဲ့ အမိန့် အာဏာဒီဂရီကို ဘယ်လိုဖေါ်ပြထားတယ်- ဘယ်လိုလုပ်ပိုင်ခွင့် ရှိတယ်ဆိုတာကို ရှင်းပြပေးလိုက်ပါတယ် ။ အဓိကကတော့ ပုဒ်မ္မ-၁၄၄-ရဲ့  အမိန့် ကို ထုတ်ပြန်လိုက်တာနဲ့  ပြည်သူတွေဟာ လူ( ၅ ) ဦးထက် မစုရတော့ပါဘူး ။ lလူစုပြီဆိုရင် သက်ဆိုင်ရာ အဓိကရုဏ်းနှိမ်နှင်းရေးအဖွဲ့ တွေက လက်နက်ကိုင်အင်အား အပြည့်နဲ့  ဆန္ဒပြလူုစုလူအုပ် ရှေ့မှာ ရှိနေရပါလိမ့်မယ် ။ ဒီ့နောက်မှာ သံဆူးကြိုးတားထားပေးရပါတယ် ။ အရေးပေါ်ဆေးရုံလူနာတင်ကားတွေကို သေသေချချာ ရှိနေရပါလိမ့်မယ် ။ ဆေးရုံမှာလဲ တာဝန်ကျဆရာဝန်တွေကို ပြည့်ပြည့်စုံစုံ ရှိနေရပါတယ် ။ အဲဒီအချိန်မှာ လူအုပ်လူစုက ဆန္ဒပြနေရာက လူ ( ၅ ) ဦးထက်ကျော်ပြီးသား ဖြစ်နေတဲ့ အတွက် ပုဒ်မ္မ-၁၄၄- အမိန့် ကို ချိုးဖေါက်ပြီးသားဖြစ်နေပြီမို့  သံဆူးကြိုးကို ကာထားရာကနေပြီး မကျူးကျော်လာဖို့ ကို လူအုပ်လူစု ကြားအောင် အသံချဲ့ စက်နဲ့  အော်ပြောရပါတယ် ။ ဒါတွေကိုတောင်မှ လူအုပ်လူစုက လက်မခံဘဲနဲ့  သံဆူးကြိုးကာထားတာကို ကျော်ဖြတ်ပြီး အတင်းဝင်ရောက်လာမယ်ဆိုရင် ဒါဟာ ဥပဒေကို ချိုးဖေါက်သွားပြီမို့  ဥပဒေရဲ့ ဒီ၈ရီအတိုင်း ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သံဆူးကြိုးကာထားတာများကို ကျော်ဖြတ်တဲ့ အတွက် ဆန္ဒပြလူအုပ်ကို ပထမဦးစွာ မြင်းတပ်နဲ့  နှိမ်နှင်း တားဆီးပေးရမယ်လို့  ဖေါ်ပြထားပါတယ် ။ ဒါပေမဲ့  မြင်းတပ်က နေရာတကာမှာ မရှိတဲ့ အတွက် မျက်ရည်ယိုဗုံးကို အသုံးပြုရပါတယ် ။ မျက်ရည်ယိုဗုံးကို အသုံးပြုသော်ငြားလဲ လူအုပ်လူစုက အတင်းရှေ့ဆက်ပြီး အကြမ်းဖက်လှုပ်ရားလာလို့  ထိမ်းမနိုင် သိမ်းမရ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်လာနိုင်တယ်လို့  သတ်မှတ်ရပြီဆိုရင် သေနတ်နဲ့  ပစ်ဖို့  အမိန့် ပေးရတော့မှာဖြစ်ပါတယ် ။ ဒါဟာ ဥပဒေပုဒ်မ္မ-၁၄၄- ရဲ့ အမိန့် ကို ဆောင်ရွက်ရတာဖြစ်တယ် ။ ဒီတော့ခါ သေနတ်နဲ့ ပစ်တဲ့ အခါ မိုးပေါ်ထောင်ပစ်လို့  မရဘူးဆိုတာ ဥပဒေ ပုဒ်မ္မ-၁၄၄- မှာ ဖွင့်ဆိုထားတာပါ ။ လူအုပ်လူစုဟာ သေနတ်နဲ့  ပစ်တဲ့ အခါ မိုးပေါ်ထောင်ပစ်လို့ ရှိရင် သူတို့ ကို တကယ်မပစ်ဘူးဆိုတဲ့  အသိဝင်သွားပြီးတဲ့ နောက် အတင့်ရဲပြီးတော့ နဂိုရ်ထက် အကြမ်းဖက်မှုများကို ပြုလုပ်တတ်တဲ့  အကျင့်ရှိနေတတ်ပါတယ် ။ ဒါကြောင့် သေနတ်နဲ့  ပစ်တဲ့ အခါ လူအုပ် လူစုကို ပစ်ရပါတယ် ။ ပစ်တဲ့ အခါမှာလဲ အဆူအပူဆုံး လူစုကို ပစ်ရပါတယ် ။ ဆန္ဒပြတဲ့ အခါမှာ ခေါင်းဆောင်တွေရှိတဲ့ နေရာဟာ အဆူအပူဆုံး နေရာဖြစ်တာမို့ တည့်တည့်ပစ်ရပါတယ် ။ အဲဒီလိုပစ်ပြီးမှ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ သေဆုံးသွားတဲ့ သူတွေကို အရေးပေါ်ဆေးရုံ လူနာတင်ကားနဲ့  ချက်ချင်း တင်ယူသွားရပါတယ် ။ လူအုပ်လူစုဟာ ဒီလိုထိထိရောက်ရောက် ပစ်ခတ်နှိမ်နှင်းမှသာ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့် ပြီး သူတို့ ရဲ့  အသက်အန္တရယ်ကို စိုးရိမ်ရလာတဲ့ အတွက် နောက်ဆုပ်သွားကြတာမျိုးဖြစ်တတ်ပါတယ် ။ ဒါကြောင့် ပုဒ်မ္မ-၁၄၄- အမိန့် ကို ထုတ်ပြန်ပြီးလို့  ရှိရင် ဒီလို ဥပဒေရဲ့  အကာအကွယ်နဲ့ ဥပဒေရဲ့  အမိန့် ဒီဂရီတွေကို စောင့်ရှောက်ခံယူ လိုက်နာခြင်းနဲ့  တာဝန်ယူခြင်းများကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ် ။ ကဲ - ဒီလိုဆိုရင် ယခုအချိန်ထိ ဥပဒေအမိန့်  အနေနဲ့  ပုဒ်မ္မ-၁၄၄- အမိန့်  ထုတ်ပြန်ထားပေမဲ့  ဘာကြောင့်များ ဒီအမိန့် ဒီဂရီကို အတည်ဖြစ်အောင် မဆောင်ရွက်ကြနိုင်သလဲ ဆိုတဲ့ မေးခွန်းက ရှိနေလာပါပြီ ။ ပြည်သူတွေက မလိုက်နာလို့  ရှိနေရင် ခုနက တင်ပြထားတဲ့ အတိုင်း ဆောင်ရွက်စရာတွေကို ဆောင်ရွက်ရပါလိမ့်မယ် ။ ဒီတော့ အစိုးရက အကြမ်းဖက်လူအုပ်လူစုတွေကို မြင်နေရ တွေ့ နေရသားနဲ့  ဥပဒေအတိုင်း မဆောင်ရွက်ဘူးဆိုရင် ဥပဒေရဲ့  အားနည်းချက်တွေ ရှိနေပါတယ်လို့  ပြောလာကြမယ်ဆိုတာထက် လူတွေက ဒီ့အချိန်မှာ သေကြေပျက်စီးနေကြ - အိမ်ယာတွေ မီးရို့ ခံရတာတွေ - အလောင်းပျောက်သွားတာတွေဟာ လက်တွေ့ မှာ တန်ဖိုး ဖြတ်မရတဲ့  ဆုံးရှုံးမှုကြီးတွေ ဘဲ ဖြစ်ပါတယ် ။ ဒီတော့ အစိုးရကို ဝေဖန်ပြစ်တင်နေမဲ့ အစား အစိုးရက ဥပဒေကို ထိရောက်စွာ အကြံပေးရမှာသာ အရေးကြီးတယ် ။ ဒီအချိန်မှာ တားဆီးလို့ ရနိုင်သေးတဲ့ အချိန်ဖြစ်တယ် ။ ဘာကြောင့်လဲဆိုရင် အခုအကြမ်းဖက်အုပ်စုက ဘယ်သူတွေ ဆိုတာ အစိုးရက သိရှိပြီးဖြစ်နေတယ် ။ သမိုင်းလိမ် ဘင်္ဂလီမူဆလင်ကုလား လူမျိုးတွေက အဓိကရုဏ်းကို ဖန်တီးနေတာဖြစ်တယ် ။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေဟာ အိမ်ရှင်မြေရှင်ဖြစ်တယ် ။ အခုဖြစ်ပျက်နေရာမှာ အိမ်ရှင်မြေရှင်ဖြစ်တဲ့  ရခိုင်လူမျိုးတွေက သမိုင်းလိမ်ဘင်္ဂလီမူဆလင်ကုလားလူမျိုးတွေကို အဓိကရုဏ်းဖြစ်အောင် ဖန်တီးပြီး နှင်ထုတ်နေတာမဟုတ်ဘူး ဆိုတာ ရှင်းနေတယ် ။ ဒါပေမဲ့  ဘီဘီစီ ဒီဗွီဘီ -ဗွီအိုအေ- အာဖက်အေ- မိဇျိမ္မသတင်းဋ္ဌါနတွေဟာ ခုအချိန်ထိ ဒီသတင်းတွေကို ပြောင်းပြန်ဖြစ်အောင် လုပ်နေကြသေးတယ် ။ ကုလားဝပ်ဆိုက်တွေမှာတော့ ဘယ်နိုင်ငံမှာ သေဆုံးနေကြတယ် ဆိုတာ မဖေါ်ပြဘဲ အခုဖြစ်ပျက်နေတဲ့  အဓိကရုဏ်းမှာ သေဆုံးသွားတဲ့  လူတွေဆိုပြီး ဓါတ်ပုံတွေန ဖေါ်ပြနေကြတာရှိတယ် ။ အဆိုးဆုံးကတော့ မောင်တော ဘူးသီးတောင်မှာ -UNHCR- WEF- စတဲ့ အဖွဲ့ တွေဟာ ဒီပြသနာကြောင့် သူတို့ ရဲ့  လုပ်ငန်းဆောင်ရွက်ရာမှာ ဆက်လက်မလုပ်နိုင်တော့တဲ့ အတွက် ရန်ကုန်ကို ၀န်ထမ်း-၁၅၂-ဦးရှိရာကနေပြီး -၄၄- ဦးပြန်သွားကြပါတယ် ။ ကမ္ဘာ့ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဆိုတာဟာ ခုအချိန်မှာ ကိုယ့်မျက်စိရှေ့မှာတင် ဒုက္ခရောက်နေတာကို မြင်တွေ့ နေပါရဲ့ သားနဲ့  သူတို့  ရဲ့ အသက်အန္တရယ်ကို စိုးရိမ်လို့ ဆိုပြီး ရန်ကုန်ကို ပြန်သွားနေကြတယ် ။
ရခိုင်လူမျိုးတွေကတော့ ကိုယ့်လူမျိုးအချင်းချင်းမို့  ကူညီထောက်ပံ့ဖို့  နိုင်ငံတကာမှာ ဆော်သြနိုးဆော်နေကြရတယ် ။
ရန်ကုန်-သြစတေးလျား-ရန်ကုန်-စင်ကာပူ -OVDR4MM -( Online Volunteers of Disasters Recovery for Myanmar -အဖွဲ့ တွေဟာ ရံပုံငွေတွေ ကောက်ခံနေကြပြီး ဒုက္ခသည် ရခိုင်လူမျိုး သောင်းနဲ့ ချီလို့  ရှိနေတာကို ထောက်ပံ့နေကြရပြီ ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကလဲဘဲ မကြာခင်မှာ ဒုက္ခသည် သိန်းနဲ့ ချီလို့  ရှိလာနိုင်တယ်ဆိုပြီး အလှူငွေ ကောက်ခံဖို့  ဆော်သြနိုးဆော်ထားနေရတယ် ။
ဒီနေရာမှာ အခုဖြစ်ပျက်နေတဲ့  အဓိကရုဏ်းမှာ ရခိုင်ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ - မောင်တောမြို့ - ဘူးသီးတောင်မြို့ - ရသေ့တောင်မြို့ နဲ့  ရမ်းဗြဲမြို့ တို့ မှာ ဒုက္ခသည်စခမ်းအဖြစ် ဘုန်းကြီးကျောင်းတွေ- စာသင်ကျောင်းတွေမှာ ဖြစ်သလို နေကြရတယ် ။ ကမ္ဘာ့ဒုက္ခသည်များကို စောင့်ရှောက်ပါတယ်ဆိုတဲ့  -UNHCR- ကတော့ သူတို့  ရဲ့  အသက်အန္တရယ်ကို စိုးရိမ်လို့  ရန်ကုန်ကို ပြေးရတယ် လို့  ဆိုတာကတော့ ရွံစရာကြီုးဖြစ်နေတယ် ။ ဒါပေမဲ့  ဒုက္ခသည်တွေကို မမြင်မတွေ့ လိုက်ရတဲ့ ဘင်္ဂလားဒေ့င်္ရနိုင်ငံ ကော့ဘဇားက ကိုယ်စားလှယ် -Craig Sanders- ကတော့ အကြမ်းဖက်မှု ပဋိပက္ခက ထွက်ပြေးလာတဲ့  ဒဏ်ရာရထားသူတွေကို ကူညီစောင့်ရှောက်ဖို့  လှေနဲ့ ထွက်ပြေးလာသူတွေကို ဘ၈င်္လားဒေ့ရှ်နိုင်ငံကို လာဖို့  ခွင့်ပြုပေးသင့်တယ်လို့  ဘင်္ဂလားဒေ့ရှ်အစိုးရကို မေတ္တာရပ်ခံထားပါတယ်တဲ့ - ဒီသတင်းကိုကျတော့ ဘီဘီစီက သေသေချာချာ လွှင့်ပေးလိုက်ပါတယ် -အင်မတန်မှ စ်တ်ပျက်စရာကောင်းတဲ့  သတင်းဋ္ဌါနတွေကို အခုအချိန်မှာ သည်းညဉ်းခံလို့  မရနိုင်တော့တဲ့  အခြေအနေတွေ ဖြစ်နေလာပါပြီ ။
ဒါကြောင့်လဲ အိမ်ရှင်မြေရှင်ဖြစ်တဲ့  ရခိုင်လူမျိုးတွေဟာ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်မြေမှာနေပြီး စော်ကားခံ နှိပ်စက်ခံနေရပြီ - ရခိုင်လူမျိုးတင် မဟုတ်ပါဘူး- မောင်တောနယ်စပ်ဒေသမှာ တအိုးတအိမ်နဲ့ နေထိုင်ကြတဲ့  ဗမာလူမျိုးတွေဟာလဲ အလောင်းပျောက်ပြီး မိသားစုတွေ ကစင့်ကရဲဖြစ်နေကြရပါပြီ-အခုအသက်ရှင်နေကျန်ရစ်ခဲ့ ကြတဲ့  ရခိုင်လူမျိုးတွေ သောက်ရေကန်ထဲမှာ အဆိပ်တွေ ခပ်ခ့နေကြပါတယ်- လောင်ချာနဲ့ အထုခံနေကြရပါပြီ -
မီးတွေရှို့ လို့  ရခိုင်လူမျိုးတွေ ဗမာလူမျိုးတွေ ရဲ့  အိမ်တွေထဲမှာ သေဆုံးကြရတဲ့  အဖိုးအို အဖွားအို -ခလေးငယ်တွေ - အခုအချိန်ထိ ဘယ်မှ အလောင်းပျောက်နေသလဲ မသိရတဲ့  လူတွေ တပုံကြီး ရှိနေပါတယ် ။ ဒါပေမဲ့  အယ်လဇီးယား တွီဗွီသတင်းဋ္ဌါနက လွှင့်ထုတ်ပြနေတာကတော့ သမိုင်းလိမ်ဘ၈င်္လီမူဆလင် လူမျိုးတွေကို ရခိုင်လူမျိုးတွေက နှိပ်ကွက်လို့  အခုလို ဖြစ်ပျက်နေရတာလို့  ကမ္ဘာကို လိမ်နေပါပြီ- နိုင်ငံခြားသား သတင်းဋ္ဌါနတွေထဲမှာ မူဆလင်သတင်းဋ္ဌနက အကောင်းဆုံးဝါဒဖြန့် သတင်းဋ္ဌါနဟာ အယ်လ်ဇီးယားဖြစ်သလို ဗုဒ္ဒဘာသာ သတင်းဋ္ဌါနတွေကတော့ ဘီဘီစီ-ဒီဗွီဘီ- အာဖတ်အေနဲ့  ဗွီအိုအေ-မိဇျိမ္မ-ဧရာဝတီသတင်းဋ္ဌါနတွဖြစ်နေပါတယ် - မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး (၁၃၅ ) မျိုးထဲမှာ ဒီလူမျိုးနာမည် မရှိပါဘူးလို့  အစိုးရက တိတိကျကျ ပြောနေ ရခိုင်သမိုင်းပညာရှင်တွေက တိတိကျကျ ပြောနေ ဆိုနေ ရေးနေ စာအုပ်စာတမ်း သက်သေ အကိုးအကားနဲ့  ချပြထားတာကိုတောင် အခုအချိန်ထိ ဒီသမိုင်းလိမ်ဘ၈င်္လီလူမျိုးတွေရဲ့  နာမည်လေးကို ဖေါ်ပြနေတာကိုက မရိုးသားမှုဆိုတာ ဖေါ်ပြနေတာပါဘဲ ။
ရှင်းရှင်းလင်းပြောရရင် ဒီနာမည်ဟာ ရခိုင်ပြည်နယ်မှာ ဘယ်သူကမှ မခေါ်ကြသလို ကြားလဲ မကြးဖူးကြတဲ့ အတွက် ပြည်ပမီဒီယာသမားတွေက ဘာကြောင့်များ အာတွေ့ နေကြသလဲ လို့ သိချင်ပါတော့တယ် ။ အခုတော့ ဒီသမိုင်းလိမ်လူမျိုးတွေဟာ နှစ်ပေါင်းနှစ်ဆယ်ကျော် အနုနည်းနဲ့  ကြိုးစားခဲ့ ပြီးနောက် အကြမ်းဖက် ဆူပူခြင်းနဲ့  နိုင်ငံရေးကစားကွက်ကို ကျင့်သုံးလာတာဖြစ်ပါတယ်- nမီးရို့ တာတွေ - ဗုံးဖေါက်တာတွေ ပြုလုပ်မယ် ဆိုတာတွေဟာ မူဆလင်အကြမ်းဖက်သမားတွေရဲ့  လက်ချက်တွေ ဗျူဟာတွေဖြစ်ပါတယ်-ဒီအကြမ်းဖက်နည်းမျိုးကို ခုလောက်ဆိုရင် အစိုးရက ရိပိမနေပါပြီ ။ လက်နက်မဲ့ ရခိုင်လူမျိုးတွေကို ခြိမ်းခြောက်လို့  မရနိုင်ပေမဲ့  သူတို့ ဟာ ကမ္ဘာကို လိမ်ညာဖို့  ကြိုးစားမှု လုပ်ပြထားတယ်- သူတို့ က လက်နက်နဲ့  အကြမ်းဖက် လှုပ်ရှားလာတယ်ဆိုတာကို ကမ္ဘာက သိလာနေကြပါပြီ- အယ်လကိုင်းဒါးတွေကို တယောက်စီ တယောက်စီ ဖြိုခွဲ တိုက်ခိုက် သတ်ပစ်နေတာ အမေရိက အစိုးရဆိုတာ သူတို့ မေ့နေပါတယ်- အမေရိကပြည်ထောင်စုအစိုးရနဲ့  မြန်မာနိုင်ငံအစိုးရဟာ ခုအချိန်မှာ နှစ်ပြည်ထောင် အလွမ်းသင့်နေတဲ့ အချိန်ကာလဖြစ်ပါတယ်- ဒါကြောင့်မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်က ပုဒ်မမ​-၁၄၄- အမိန့် ကို ထုတ်ပြန်ထားတဲ့ အတွက် ဒီဥပဒေအတိုင်း ကျင့်သုံးပေးဖို့  အမြန်ဆုံး လိုအပ်နေပါပြီ- ဒါ့ကြောင့်မို့ လို့  ဒီဥပဒေကို အကောင်အထည် ဖေါ်ဆောင်နိုင်ဖို့ အတွက် လက်နက်ကိုင် တပ်မတော် -ရဲ- အဓိကရုဏ်းရဲများရဲ့  အမိန့် ကို ဗုဒ္ဒဘာသာဝင်တွေက လေးစားလိုက်နာဖို့ လိုပါတယ် ။ တိတိကျကျ ပြောရင် လက်နက်ကိုင် အဓိကရုဏ်းနှိမ်နှင်းရေး အဖွဲ့ များရဲ့ ရှေ့ကနေပြီး လူစွမ်းကောင်း မလုပ်မိဖို့  လိုပါတယ်-ဒါမှသာ ပုဒ်မ္မ-၁၄၄- အမိန့် က သက်ဝင်လှုပ်ရှားနိုင်စွမ်း ရှိမှာဖြစ်ပါကြောင်း----

ခိုင်အောင်ကျော် ( နယူးယောက် )