Friday, June 15, 2012
ဇွန်လ ၁၅ ရက်နေ့ညနေပိုင်းက စစ်တွေမြို့၊ နာဇီကျေးရွာကို ရဲတပ်ရင်း ၆ မှ ၀င်ရောက်ရှင်းလင်းစဉ်
အဘ ဥက္ကာကိုကို
ဘင်္ဂါလီများ စစ်တွေမြို့တွင်း ကျေးရွာရပ်ကွက်များမှ မြို့ပြင်ကျေးရွာများသို့ ပြောင်းရွှေ့
7Day News Journal
ဇွန် ၁၄ ရက် နံနက်ပိုင်း စစ်တွေမြို့၊ လေယာဉ်ကွင်းအနီးမှ ဖြတ်သန်းကာ ကျေးရွာရွှေ့ပြောင်းနေသော ဘင်္ဂါလီလူမျိုးတချို့ကို တွေ့ရစဉ်။ ဘင်္ဂါလီများသည် စစ်တွေမြို့တွင်း ကျေးရွာရပ်ကွက်များမှ မြို့ပြင်ကျေးရွာများသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။
ဓာတ်ပုံ- ဂျေမောင်မောင်-အမရပူရ
နော်ဝေး၀န်ကြီးချူပ်က ဒေါ်အောင်ဆန်းစုကြည်ကိုဂု​ဏ်ပြု ညစာစားပွဲနဲ့ ဧည့်ခံ
ကျပ်တစ်သောင်းတန် ငွေစက္ကူ စတင်ထုတ်ဝေ
"ဘဏ်တွေမှာတော့ ငွေသွင်းငွေထုတ်က ပုံမှန်ပဲ။ ကျပ်တစ်သောင်းတန်ကလည်း ဒီနေ့စထုတ်တာ လူသိအောင်လို့ ဘဏ်တွေကို နည်းနည်းပါးပါးပဲ ပေးထားတယ်။ ဗဟိုဘဏ်က အများကြီးထုတ်မပေးသေးဘူး"ဟု ကျပ်တစ်သောင်းတန် ငွေစက္ကူ စတင်ထုတ်ဝေမှုနှင့်ပတ်သက်ပြီး အခြေအနေကို CB ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာက ပြောသည်။
ရခိုင်ပြည်နယ်တွင် အမေရိကန်ပြည်ထောင်စုက လိုအပ်သောအကူအညီများ ပေးအပ်ရန် မြန်မာအစိုးရသို့ ကမ်းလှမ်းထား
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်နေကြရသူများအတွက်​ အမေရိကန်ပြည်ထောင်စုက လိုအပ်သောအကူအညီများ ပေးအပ်ရန် မြန်မာအစိုးရသို့ ကမ်းလှမ်းထား 7Day News Journal
ရခိုင်ပြည်နယ် ပြဿနာတွေအပေါ် ဦးဝင်းတင်ရဲ့ သဘောထားအမြင်
Burma VJ Media Network
အစိုးရအနေနဲ့ ရပ်တည်ဖို့ဆိုတာဟာ ဒီပြဿနာတွေဟာ အခုမှဖြစ်တာမဟုတ်ဘဲ ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဒီမိုကရေစီအစိုးရလက်ထက်တုန်းကလဲ ရှိခဲ့တာသလို ဦးနေဝင်းလက်ထက်တုန်းကလဲရှိခဲ့တာပါပဲ။ အခုပြဿနာဟာ နယ်စပ်ကနေခိုးဝင်လာတဲ့ပြမဟုတ်တော့ဘဲ အခြေတကျဝင်ပြီးတော၊့ နေရာစိုက်ထူပြီး ကိုယ့်အရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်လို တောင်းဆိုတာတွေ ရပ်တည်လာတာတွေဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ သူတို့ကိုယ်သူတို့ မြန်မာလူမျိုးပါ မြန်မာတိုင်းရင်းသားဖြစ်တယ် အဲဒါကြောင့်သူတို့ကို အခွင့်အရေးတွေပေးရမယ်။ အဲဒီကနေတဆင့် ပြည်နယ်တောင်းတဲ့အဆင့် တပြည်လုံးမှာ ပြည်နယ်ခွဲထွက်တဲ့အဆင့်တွေတောင်ရောက်နိုင်တဲ့ အနေအထားတွေဖြစ်သွားနိုင်ပါတယ်။ အချို့လူတွေက ဒီပြဿနာကို အန်အယ်ဒီက ဖြေရှင်းပေးပါ၊ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖြေရှင်းဖို့ နိုင်ငံခြားခရီးစဉ်တွေမသွားဘဲ လာရောက်ဖြေရှင်းပေးဖို့ပြောနေကြပါတယ်။ ပထမဦးဆုံးအနေ နဲ့ အန်အယ်ဒီဆိုတာက အစိုးရမဟုတ်ဘူး ဒါကြောင့်လဲ စစ်တပ်၊ ရဲတပ်ဖွဲ့တွေကိုမခိုင်းနိုင်ဘူး ပြည်သူတွေကိုလဲ မသွားရမလာရဘူးလို့ အမိန့်မပေးနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ လုပ်နိုင်တာက မေတ္တာရပ်ခံတာပဲရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနဲ့ပက်သက်ပြီး ပြဿနာတတ်တယ်လို့ပြောနေကြတယ်။ လူနည်းစုတွေကို လူများစုတွေက ညှာတာဖို့လိုတယ်ဆိုတာက မွတ်စလင်ဘက်ကလိုက်ပြောခြင်းမဟုတ်ပါဘူး။ ပြဿနာဖြစ်တဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောချင်းသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အခုလိုရှင်းပြထားပါတယ်ခင်ဗျာ။
ရပ်ကွက် လုံခြုံရေးအတွက် ညကင်းစောင့်သူများ ဖမ်းဆီးခံရ
The Voice Weekly ရန်ကုန်၊ ဇွန် ၁၅
ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွါးနေသော ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် လုံခြုံရေး မလုံလောက်မှုကြောင့် ရပ်ကွက် လုံခြုံရေးအတွက် ညကင်းစောင့်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတတ် ရေးပါတီဝင် တစ်ဦးက ပြောကြားသည်။
“လုံခြုံရေး လည်း ချမပေးဘူး။ ရပ်ကွက် လုံခြုံရေးစောင့်တာကိုလည်း လက်နက်ကိုင် ဆောင်တယ် ဆိုပြီး ခေါင်း စဉ်တပ် ဖမ်းတယ်။ မနေ့က ကင်းစောင့်ခွင့်မရလို့ အိမ်တွေ မီးရှို့ခံလိုက်ရပြီးပြီ။ အစိုးရက အရေးယူပေးတာ လည်းမရှိဘူး။ အစိုးရက နေက်မှ အကူအညီပေးမှာ။ အခုကတော့ အိမ်တွေ မီးလောင် ပြာကျကုန်ပြီ“ ဟု ၄င်းက ရှင်းပြသည်။
ရပ်ကွက်လုံခြုံမှု အတွက် လုံခြုံရေး ချထားပေးခြင်းမရှိသဖြင့် ရပ်ကွက်လုံခြုံရေးများကို ကင်းစောင့်သော်လည်း ယင်းသို့ ဖမ်းဆီးခံ နေရသဖြင့် ယနေ့ည အခြေအနေ စိုးရိမ်ဖွယ်ရှိကြောင်း စစ်တွေ ဒေသခံ များက ပြောကြားသည်။
စစ်တွေမြို့၏ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီဟု ပြည်နယ်အစိုးရက ပြုလုပ်သောခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ကြေညာခဲ့သော်လည်း ဇွန်လ ၁၅ရက်နေ့ နံနက် ၁နာရီခန့်တွင် မြို့သူကြီးရပ်ကွက် ပိုက်သည်စု၌ ဘင်္ဂါလီလူမျိုများ ၀င်ရောက် မီးရှို့မှုကြောင့် နေအိမ် ဆယ်ချီ မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။
စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဇွန်လ ၁၄ရက်နေ့မှ စတင်ကာ လက်နက်ကိုင်ဆောင်သူ ဆူပူ အကြမ်းဖက်မှု လုပ်ဆောင်သူ၊ ကြံစည်သူများကို ဖမ်းဆီးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
"ကိုယ့်အိမ် လုံခြုံရေးစောင့်တဲ့သူကို မဖမ်းပါဘူး။ ရခိုင်ပဲ ဖြစ်ဖြစ် မွတ်ဆလင်ပဲ ဖြစ်ဖြစ် လမ်းပြင်ထွက်တဲ့ သူကို ဖမ်းတာပါ။" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့မှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ရှင်းပြသည်။
"မနေ့က မီးရှို့မှုက မွတ်ဆလင် မိန်းကလေး တစ်ယောက်က သူ့အိမ်သူ မီးရှို့တာပါ။ မိန်းကလေးဆိုတော့ အရေးယူလို့လည်း မကောင်းဘူး" ဟု ဦးဝင်းမြိုင် ကဆိုသည်။
ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မှုများကြောင့် လူ ၅၀ဦးသေဆုံးပြီး ၅၈ဦး ဒဏ်ရာရရှိကာ နေအိမ်နှင့် အဆောက်အအုံ ၂၅၀၀ ကျော် ပျက်စီး ဆုံးရှုံးသွားကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် တရားဝင်ထုတ်ပြန်လိုက်သည်။
ကျောက်တော်မြို့မဈေးကို မီးရှို့ရန်ကြိုးစားသော ပိုက်သည်ရပ်မှ ဘင်္ဂလီလေးဦး
DASSK Interview with French Language
အော်စလို လေဆိပ်ကနေ Grand Hotel အသွား
ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ဇွန်လ ၁၅ ရက်နေ့၌ ရန်ကုန်မြို့တွင် ပုံမှန်အခြေအနေအတိုင်း အေးချမ်းစွာရှိ
Friday, 15 June 2012 16:54
_DSC4094
မြို့တော်ခန်းမအနီးရှိ ဘန်ဂါလီစွန္နီဂျာမေဗလီအား ဇွန်လ ၁၅ ရက်နေ့ကတွေ့ရစဉ်
DSC_0010
မင်္ဂလာဈေးရှေ့ရှိ ကာလာဘတ်စ်တီး စွန္နီဂျာမေဗလီအား ဇွန်လ ၁၅ ရက်နေ့ကတွေ့ရစဉ်
ရန်ကုန်မြို့တွင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ဗလီအဆင်း၌ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ဖြစ်ပေါ်လိမ့်မည်ဟု လှုံ့ဆော်သော စာရွက်စာတမ်းများ ယင်းနေ့မတိုင်မီရက်များက ရန်ကုန်မြို့အတွင်း ပျံ့နှံ့ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် အထိတ်တလန့်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗလီအချို့နှင့် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့နယ်များ၌ လုံခြုံရေးများ တင်း ကြပ်စွာချထားခဲ့ကြောင်းသိရသည်။
သို့ရာတွင် ရန်ကုန်မြို့အတွင်း ဗလီများအနီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် ဈေးဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိသည်ကို တွေ့ခဲ့ရပြီး အခြေခံပညာ ကျောင်းအချို့တွင်လည်း ကျောင်းသားမိဘအချို့က ၎င်းတို့၏ သားသမီးများအား စေလွှတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်မြို့တော်ခန်းမအနီးရှိ ဘန်ဂါလီစွန္နီဂျာမေဗလီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီနှင့် ကာလာဘတ်စ်တီးစွန္နီ ဂျာမေဗလီများ ရှေ့တွင် သတင်းထောက်များ၊ စောင့်ကြည့်သူများ၊ လုံခြုံရေးဝန်ထမ်းများ အများအပြားရှိခဲ့ပြီး ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာဘင်္ဂါလီများ၊ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီး ရက်သတ္တပတ်အတွင်း၌ ထိုသို့ ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တွင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ဗလီအဆင်း၌ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ဖြစ်ပေါ်လိမ့်မည်ဟု လှုံ့ဆော်သော စာရွက်စာတမ်းများ ယင်းနေ့မတိုင်မီရက်များက ရန်ကုန်မြို့အတွင်း ပျံ့နှံ့ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် အထိတ်တလန့်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗလီအချို့နှင့် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့နယ်များ၌ လုံခြုံရေးများ တင်း ကြပ်စွာချထားခဲ့ကြောင်းသိရသည်။
သို့ရာတွင် ရန်ကုန်မြို့အတွင်း ဗလီများအနီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် ဈေးဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိသည်ကို တွေ့ခဲ့ရပြီး အခြေခံပညာ ကျောင်းအချို့တွင်လည်း ကျောင်းသားမိဘအချို့က ၎င်းတို့၏ သားသမီးများအား စေလွှတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။
_DSC4106
အောင်ဆန်းကွင်းရှေ့ တခြမ်းပဲ့ဗလီအနီးရှိ အခြေခံပညာကျောင်းတစ်ကျောင်းအား ဇွန်လ ၁၅ ရက်နေ့ကတွေ့ရစဉ်
ထို့ကြောင့် ရန်ကုန်မြို့တော်ခန်းမအနီးရှိ ဘန်ဂါလီစွန္နီဂျာမေဗလီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီနှင့် ကာလာဘတ်စ်တီးစွန္နီ ဂျာမေဗလီများ ရှေ့တွင် သတင်းထောက်များ၊ စောင့်ကြည့်သူများ၊ လုံခြုံရေးဝန်ထမ်းများ အများအပြားရှိခဲ့ပြီး ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာဘင်္ဂါလီများ၊ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီး ရက်သတ္တပတ်အတွင်း၌ ထိုသို့ ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
                        news-eleven.com                          
စစ်တွေမြို့ တရားသီးစုရပ်ကွက် ထပ်မံ မီးရှို့ခံရ
Written by မင်းသွီး Friday, 15 June 2012 03:02 295092 4130439536403 1428806987 nဇွန်လ ၁၅ရက်၊ နံနက် ၁နာရီခွဲခန့် အချိန်တွင် စစ်တွေမြို့ တရားသီးစုရပ်ကွက်ရှိ အိမ်ပေါင်း ၃၀ကျော်ကို ဘင်္ဂလီမူဆလင်များ မီးရှို့သွားကြောင်း သတင်းရရှိသည်။
“ဘင်္ဂလီမူဆလင်တွေက မော်တော်ဘုတ်ကို ကမ်းနဲ့ဝေးတဲ့နေရာမှာ ရပ်ထားခဲ့ပြီး လှေနဲ့ ကမ်းပေါ်တက်ကာ ကမ်းနဲ့နီးတဲ့ အိမ်တွေကို စရှို့တာ ရွာခံသားတွေနဲ့ လုံခြုံရေးတွေ လိုက်တော့ မြစ်ထဲ ပြန်ဆင်းပြေးသွားကြတယ်။ မီးက တော်တော်လည်းကြောက်ဖို့ကောင်းအောင်ကို အရှိန်ပြင်းတာ၊ မီးသတ်ကားနဲ့ မနိုင်လို့ လူတွေ အကုန်လုံး ၀ိုင်းပြီးတော့ငြိမ်းတာ။ မီးလေး နည်းနည်းငြိမ်းသွားပြီး မိုးရွာတော့ လူတွေလည်း နည်းနည်းပါးသွားချိန်မှာ အဲဒီဘင်္ဂလီမူဆလင်တွေ နောက်တစ်ခေါက် ကမ်းတက် မီးရှို့ဖို့ ကြိုးစားသေးတယ် လူတွေ ၀ိုင်ပြီးလိုက်တော့ ကမ်းပေါ်မတက်နိုင်ခဲ့ဘဲ ပြန်ပြေးသွားကြတယ်။ မြစ်ထဲအထိလိုက်ဖို့က ကမ်းမှာ ဘာလှေမှ မရှိတော့ လိုက်လို့မရလိုက်တော့ဘူး”ဟု တရားသီးစုရပ်ကွက်သား တစ်ဦးက Arakan Times သို့ ပြောပြသည်။
ယခုကဲ့သို့ ထပ်မံမီးရှို့ခံရခြင်းမှာ လုံခြုံရေးများ ပေါ့ဆမှုကြောင့်ဖြစ်ပြီး အရပ်သားများအား ယခင်ကဲ့သို့ လေးယောက်တစ်ဖွဲ့စီ ကင်းစောင့်ခွင့်များကိုလည်း ပိတ်ပင်ထားသောကြောင့်ဟု ဒေသခံများက ပြောဆိုနေကြသည်။
“အခု စစ်တပ်က အကုန်လုံးကို သူတို့အာဏာလွှမ်းမိုးထားသလိုဖြစ်နေပြီ ရဲတွေလည်း သူတို့လက်အောက်ကိုရောက်သွားပြီ၊ အဲဒီတော့ စစ်တပ်က လူတွေကို အယင်နေ့တွေလို လေးယောက်တစ်ဖွဲ့စီ ကိုယ့်ရပ်ကွက်မှာကိုယ် ကင်းစောင့်တာကို ခွင့်မပြုတော့ဘဲ သူတို့လုံခြုံးရေးနဲ့ သူတို့ စောင့်တော့ နေရာစုံမှာ လုံခြုံရေးမယူနိုင်တော့ဘူး။ ပြီးတော့ လုံခြုံရေးတွေက လုံခြုံရေးယူတယ်လို့သာပြောတယ် အရက်သောက်နေပြီး မူးနေကြတယ်။ မြစ်ကမ်းမှာ သူတို့စောင့်နေတာဘဲ၊ ဘာဖြစ်လို့ ဘင်္ဂလီမူဆလင်တွေ ကမ်းတက်လာတာကို မတွေ့တာလဲ မေးစရာရှိတယ်”ဟု စစ်တွေမြို့ခံ တစ်ဦးမှ ပြောပြသည်။
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၄၄အမိန့်မှာ ပြည်သူများအတွက် လုံခြုံမှုကို မပေးနိုင်သည့်အပြင် ပြည်သူတွေကို အမြဲတမ်း ထိတ်လန့်ခြောက်ခြားမှုတွေကို ပေးနေသလို ဖြစ်နေတယ်ဟု ဒေသခံများက ပြောဆိုနေကြသည်။ arakantimes.net
ဆံတော်ရှင်ကျွန်းသို့ ထွက်ပြေးလာသော ဘင်္ဂလီမူဆလင်များရန်ကို ဒေသခံများစိုးရိမ်နေ
Written by ရွှေဘန်း(စစ်တွေ)    Friday, 15 June 2012 09:07    564307 142647352538188 1133225612 nစစ်တွေမြို့ မြို့သူကြီး၊ တရားသီးစု၊ ရွှေပြားနှင့် တစ်ခြား ရပ်ကွက်များရှိ ရခိုင်အိမ်များအား မီးကူးစက်လောင်ကျွမ်းသွားစေရန်အတွက် သူတို့အိမ်များကို သူတို့ မီးရှို့ထွက်ပြေးသွားသော ဘင်္ဂလီမူဆလင်များမှာ အနောက်ဆံတော်ရှင်ကျွန်းနှင့် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း ဆင်တက်မော်ကျေးရွာအုပ်စုများ ဘက်သို့ ရောက်ရှိနေကြကြောင်း သတင်းရရှိသည်။ယင်းဘင်္ဂလီမူဆလင်များသည် လွန်ခဲ့သော တနင်္ဂနွေနေ့မှ ယနေ့အထိ ပေါက်တောမြို့ ပိန္နဲချောင်းကျွန်း ဆင်တက်မော်အုပ်စု၊ အနောက်ရဲကုလားရွာသို့ ဆက်တိုက်ရောက်ရှိနေပြီး လူဦးရေ စုစုပေါင်း ၁၈၄၄ဦးနှင့် မော်တော်ဘုတ် ၄၃စီး ရှိကြောင်း သိရှိရသည်။ “သူတို့က ဒီတစ်ပတ်လုံးကို ဆက်တိုက်ဆိုသလို အုပ်စုလိုက် အုပ်စုလိုက် မော်တော်ဘုတ်တွေနဲ့ အဲဒီ အနောက်ရဲကုလားရွာကိုရောက်လာကြတာ၊ အဲဒီတော့ ကျွန်မတို့ ရွာခံတွေလည်း သူတို့ဘယ်အချိန်များ ရွာကိုဝင်လာမလဲဆိုပြီး စိုးရိမ်ပူပင်နေရတယ် ညဆိုရင် ရွာကလူငယ်တွေက မအိပ်ဘဲနဲ့ ကင်းစောင့်ကြတယ်။ မနေ့ကတော့ ရွာလူကြီးတွေနဲ့ အဲဒီဘင်္ဂလီမူဆလင် လူကြီးတွေနဲ့ ညှိနှိုင်းပြီးတော့ သူတို့ ဒီနေ့ထွက်သွားတော့မှာပါလို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် အခုထိ သူတို့ ထွက်မသွားသေးဘူး”ဟု အနောက်ရဲကျေးရွာအနီးမှ ကျေးရွာသူတစ်ဦးက ပြောပြသည်။ယခင်ကတည်းက အနောက်ရဲကုလားရွာ၏ လူဦးရေမှာ တစ်ခြားရခိုင်ရွာများထက် အဆမတန် များပြားလျက်ရှိပြီး ယခု သူတို့အိမ်များကို သူတို့ မီးရှို့ထွက်ပြေးလာသော ဘင်္ဂလီမူဆလင်များ ရောက်ရှိလာခြင်းကြောင့် ပဋိပက္ခ တစ်ခုခုဖြစ်ပေါ်လာမှာကို ဒေသခံများ စိုးရိမ်နေရခြင်းဖြစ်သည်။အနောက်ဘက်ဆံတော်ရှင်ကျွန်း စစ်ကဲပြင်ကျေးရွာတွင်လည်း လူဦးရေ စုစုပေါင်း ၅၀၀ ကျော်ခန့်နှင့် ဘုတ်အစီး ၂၀ခန့် ရောက်ရှိနေကြောင်းသိရှိရသည်။“အခု ဘင်္ဂလီမူဆလင်တွေ ရောက်ရှိနေတဲ့ အနောက်ရဲကုလားရွာမှာတော့ ခမရ ၅၄၁ တပ်ရင်းက စစ်သား ၅၀ခန့် လုံခြုံရေးချထားတယ်။ စစ်ကဲပြင်ကျေးရွာနဲ့ ပြိုင်းတောင်ကျေးရွာအတွက် လုံခြုံရေးအင်အားနည်းတဲ့အတွက် တပ်ရင်းမှူးက စစ်တွေကိုအကြောင်းကြားပြီး လုံခြုံရေးအကူအညီတောင်းထားပါတယ်”ဟု စစ်ကဲပြင်ကျေးရွာသား တစ်ဦးမှ Arakan Times သို့ပြောပြသည်။ရောက်ရှိနေသော ဘင်္ဂလီမူဆလင်များအား စစ်တပ်မှ စားနပ်ရိက္ခာများထောက်ပံ့ထားပြီး ရခိုင်ရွာများသို့ မသွားရောက်နိုင်ရန်အတွက် လုံခြုံရေးအရ အထူးတင်းကျပ်ထားကြောင်းသိရှိရသည်။ သို့သော်လည်း ဒေသခံပြည်သူများမှာ စိုးရိမ်မကင်း ဖြစ်နေကြဆဲဟု သိရှိရသည်။ arakantimes.net
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်လ်ဆု ပေးပွဲ အခမ်းအနားကိုတိုက်ရိုက် ကြည့်ရှုနိုင်..
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခန်းအနားကို ဇွန်လ ၁၆ ရက်နေ့ စနေနေ့ည တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
http://www.nobelprize.org/
စင်္ကာပူ =   ဇွန်လ ၁၆ ရက်နေ့ စနေနေ့ည၇နာရီ
ရန်ကုန်=    ဇွန်လ ၁၆ ရက်နေ့ စနေနေ့ညနေ၅နာရီခွဲ
ဆိုးလ် =    ဇွန်လ ၁၆ ရက်နေ့ စနေနေ့ည၈နာရီ
ဘန်ကောက်= ဇွန်လ ၁၆ ရက်နေ့ စနေနေ့ည၆နာရီ
တိုရန်တို+နယူးကောက်= ဇွန်လ ၁၆ ရက်နေ့ စနေနေ့မနက်၇နာရီ
လန်ဒန်= ဇွန်လ ၁၆ ရက်နေ့ စနေနေ့နေ့လည်၁၂နာရီ
အော်စလို= ဇွန်လ ၁၆ ရက်နေ့ စနေနေ့မွန်းလွဲ၁နာရီ
ဆွစ်နဲ့ နော်ဝေမှအမေစု
ဖ၀ါးနဲ့ မနာ နားနဲ့ နာ -ဘုရားက အထက် မျောက်က အောက်မှာပါဘဲ
rကျုပ်က ရှင်းရှင်းလေးဘဲ ပြောချင်တယ်  ။ အဖြစ်အပျက်အမှန်တွေမို့ 
ဘယ်သူမှ ဖရုံသီးလို့ မ ရတော့ဘူးဆိုတာပါဘဲ ။ သိတယ်မလား ။ နိုင်ငံရေးလောက
စကားတခွန်းကို လေ ၊ ဘာတဲ့  - လိမ်စရာ ရှိရင် ထပ်လို့  လိမ်ပါတဲ
့-လိမ်ဖန်များရင် အတည်ဖြစ်သွားတယ်တဲ့ ၊ ဒါက အာဏာရှင်ဖြစ်တဲ့ 
ဒုတိယကမ္ဘာစစ်အတွင်း ဂျာမဏီက ဟစ်တလာ ရဲ့  လက်သုံးစကား ပါ ။ ဒီစကားကို
အာဏာရှင်လုပ်ချင်တဲ့  လူတွေက သုံးချင်ကြသဗျ ။ သို့ ပေမဲ့  အာဏာရှင်
ဟစ်တလာတောင် သူ့ သေပြီးသည့်တိုင်အောင် ဖနောင့်နဲ့ ပေါက်မှာကြောက်လို့ 
အလောင်းဖျောက်ဖို့  စီစဉ်ပြီးမှ သေဆုံးသွားရရှာတာပါ ။ မသေခင်မှာတော့ သူ
့ရဲ့  ဂျာမဏီတပ်မတော်ဟာ စစ်ပွဲတိုင်းမှာ ရှေ့တန်းမှာ အနိုင်ရနေတယ်လို့ မ
သေခင်အထိ ပြောဆိုလိမ်ညာနေခဲ့ ပါသေးတယ် ။ ဒီတော့ သူ့ ရဲ့ ဖေါ်နည်းကား လဲ
အသက်မ၀င်ခဲ့ ပေမဲ့ သူ့ ရဲ့ တလွှဲပေါ်လီစီကို လိုက်နာတဲ့  လူတွေက ကမ္ဘာမှာ
ပေါ်ပေါက်လာကြတတ်ပါတယ် ။  ဝေးဝေး သွားကြည့်စရာမလိုပါဘူး ။ ကျုပ်တို့  ဆီက
သမိုင်းလိမ်ဘင်္ဂလီကုလားလူမျိုးတွေအကြောင်းသာ ကြည့်ပေတော့လို့ 
ပြောရမှာပါဘဲ ။
      ဒီနေ့ ဘဲ ကျုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထုတ်လွှင့်နေတဲ့ 
ရုပ်မြင်သံကြားအစီအစဉ်ကို ကြည့်မိသဗျ ။ ဒီတော့
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မစစ် -DIPU MONI- ကနေပြီး
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သောင်းကျန်းနေတဲ့  သူတို့ ကို သူတို့ 
ရိုဟင်ဂျာလူမျိုးပါလို့  ခေါ်ဆိုနေတဲ့  သူတွေကို -Jamaat -e-Islam က
လက်နက်တွေ ထောက်ပံ့ပေးနေတာတွေ -တာင်္လင်္ဘန်အကြမ်းဖက် လက်နက်ကိုင်တွေနဲ့ 
ဆက်သွယ်နေသူများဖြစ်လို့  အခုအချိန်မှာ သူတို့ နိုင်ငံကို လှေနဲ
့ဖြတ်လာနေတဲ့  သူတို့ တွေကို မောင်းထုတ်နေရတာ ဆိုတဲ့ အကြောင်း
ကြေညာနေတာဖြစ်ပါတယ် ။ နိုင်ငံခြားရေးဝန်ကြီးက အမျိုးသမီးဖြစ်နေတော့
သူမအတွက် ကျုပ်စိုးရိမ်စိတ်တောင် ပေါက်မိသေးတယ်ဗျ ။ ဘာကြောင့်ဆိုရင်
သူတို့ နိုင်ငံက အိမ်မီးရို့ တာတွေ - လူရိုက်ပွဲဖြစ်တာတွေ -
အကြမ်းဖက်ရွာမီးရို့ တာတွေ - တရားမ၀င် လက်နက်ပုန်းတွေနဲ့ 
တိုက်ခိုက်သတ်ဖြတ်နေကြတာတွေဟာ နိုင်ငံရေးလောကမှာ နေ့ တဓူဝ
ဖြစ်နေတတ်တာကိုးနော် ။ ဒီတော့ ကျုပ်လဲ မစိုးရိမ်ဘဲ ဘယ်နေပါ့မလဲဗျာ-နော ၊
သူမခမြာ လုပ်ကြံခံရမလားလို့ ဘဲ လေ ။
      ကြည့်စမ်းပါအုံး ။ ကျုပ်တို့ မြေမှာနေ ကျုပ်တို့ ရေကိုသောက်
ကျုပ်တို့ လေကို ရှူနေတဲ့  ဒင်းတို့ တွေက အရိပ်ခိုပြီး အခက်ချိုးလို့ 
ကျုပ်တို့  ဗုဒ္ဒဘာသာလူမျိုးတွေကို မီးလောင်တိုက်သွင်းပြီး အိမ်တွေမီးရို
့လို့  ထွက်ပြေးသွားကြပါပေါ့လား ။ ကျုပ်တို့ အိမ်ကို မီးစွဲအောင် သူတို
့အိမ်ကို သူတို့  ရို့ ပြီး သွားကြတော့ သူတို့ တွေက နောက်ကျတော့
ဘာပြောတာမှတ်လဲ - သူတို့  ရဲ့  အိမ်တွေကိုများ ကျုပ်တို
့ရခိုင်လူမျိုးတွေက မီးရို့  လို့  သူတို့ တွေ နေစရာမရှိ တာကြောင့်
အခုလို လှေနဲ့  ထွက်ပြေးရတယ်လို့  ပြောကြသေးသဗျ ။ လှေနဲ့  ထွက်ပြေးတဲ့ 
သူတို့ တွေကို နိုင်ငံခြားသတင်းထောက်တွေက နတ်မြစ်ထဲမှာ
ဓါတ်ပုံသတင်းလုပ်ပြီး တီဗွီနဲ့  လွှင့်တော့ ကမ္ဘာတခုလုံးက ကျုပ်တို့ 
ရခိုင်လူမျိုးတွေကို လူဆိုးစာရင်းဝင်ဖြစ်သွားသပပါဗျာ ။  တော်ပါသေးတယ် ၊
ဒါပေမဲ့  ဒါကိုကျတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်သမားတွေမို့ လို့ 
ပြောပြီး လက်မခံဘူးဆိုတော့ ကျုပ်တို့ က ရာဇ၀င် လူဆိုးနေရာကနေပြီး
ကင်းလွတ်သွားရောဗျို့  ။  တရားကို နတ်စောင့်တယ်လို့  ပြောရတော့မှာပါ ။
      နောက်တချက်က တော်တော်ကြီး ဟန်ကျလှသကိုးဗျာ ။ လူသေကောင်တွေ
တန်းစီချထားပြီး အဲဒီလူသေအလောင်းတွေဟာ ကျုပ်တို့  ရခိုင်လူမျိုးတွေက
သတ်ဖြတ်လို့  သေဆုံးသွားရတဲ့  သူတို့ လူမျိုးတွေပါလို့  ဆိုပြီး
စာစောင်တွေ -ဓါတ်ပုံတွေ- အင်တာနက်တွေ-၀ါဒ်ဆိုက်တွေမှာ တင်လာတာပါဘဲ ။
ဘင်္ဂလီမူဆလင်တွေ ဒုက္ခသည်စခမ်းဆီမှာ ရောက်နေတာကို အင်တာဗျူး လုပ်ပြီး
လွှင့်နေတာတွေကလဲ မီဒီယာတွေက တမှောင့်ရှိနေပါသေးတယ် ။ ဖြစ်နေတာက
ရခိုင်လူမျိုးတွေကို စီအန်အန် သတင်းဋ္ဌါနက အခုလို လွှင့်ပြနေတော့ ကျုပ်မှာ
မခံချိ မခံသာ ရင်မှာ စစ်ကနဲ စစ်ကနဲ နာကျင်မိရပြန်ပါတယ် ။ ကြည့်ပါအုံးဗျာ
။ မောင်တောမြို့ နယ် -ဘူသီးတောင်မြို့ နယ်- စစ်တွေမြို့ နယ်တွေမှာ
အဓိကရုဏ်းဖန်တီးသူများကို အစိုးရကလဲ သိပါတယ် ။ ဒါပေမဲ့  စစ်သားတွေက
ဒီအချိန်မှာ သေနတ်ကို လက်ကကိုင်ထားပေမဲ့  သူတို့ ရို့ ထားတဲ့  မီးစွဲနေတဲ
့ အိမ်တွေကို ရေပုံးနဲ့  ငြိမ်းသတ်နေရတာ မြင်ရတော့ အဲဒီပုံဟာ ကမ္ဘာမှာ
အကောင်းဆုံးဓါတ်ပုံတပုံဖြစ်သွားပါရောလား ။
        ဟုတ်တယ်- စစ်သားတွေက သေနတ်တွေနဲ့  မပစ်ကြပါဘူး ။ ပစ်သတ်ရင်
သူတို့ တွေ သေဆုံးကုန်ကြမှာပါ  ။ ဒီလို ပစ်သတ်ရင် ဘယ်ရခိုင်လူမျိုးတွေမှာ
သေဆုံးကြမှ မဟုတ်ပါဘူး ။ ဘာကြောင့်ဆိုရင် ရခိုင်လူမျိုးတွေက သူတို
့မီးရို့ နေလို့  မီးငြိမ်းသတ်နေရတာနဲ့  သူတို့  ဒါးနဲ့  ခုတ်ဖို
့လိုက်လို့  အသက်လုပြီး ထွက်ပြေးနေရတာနဲ့  အချိန်ကို ကုန်နေပါတယ် ။
ပြောချင်တာက စစ်သားတွေဟာ သမ္မတကြီး ဦးသိန်းစိန်ရဲ့  ဥပဒေပုဒ်မ္မ-၁၄၄- ကို
ကြားပြီးသားဖြစ်နေပါပြီ ။ သူတို့ ရဲ့  ဗုဒ္ဒဘာသာလူမျိုးတွေကို
အကြမ်းဖက်သတ်ဖြတ်နေတာကိုလဲ မြင်တွေ့ နေရပါပြီ။ အိမ်တွေ တိုက်တွေကိုလဲ
နေစရာမရှိအောင် ဖျက်ဆီးကုန်ကြပါပြီ ။ ဒါကို မျိုသိပ်ယင်း
သေနတ်ကြီးတကားကားနဲ့  လူတွေကို တားနေရပါတယ် ။ ဒီကြားထဲ ဘင်္ဂလီတွေ
ပစ်လိုက်လို့  စစ်သားတွေကိုယ်တိုင်  သေနတ်ကျည်ဆံထိမှန်သွားရပြန်တော့
စစ်သားတွေခမြာ အသဲတဆတ်ဆတ်နဲ့  လက်ယားနေခဲ့ ကြရပါတယ် ။ ဒါပေမဲ့  သူတို
့ခမြာ လူတွေကို သေနတ်နဲ့ ပစ်မဲ့ အစား ပါးစပ်နဲ့  အသံကုန်အော်ပြီး တားနေခဲ
့ရတာနဲ့  မီးခိုးတွေ တလူလူကြား ညရေးအိပ်ပျက်ခံ နေခဲ့ ရတဲ့  ဗမာ့သားကောင်း
ဇါနည်အဖြစ် နေပေးခဲ့ ရပါတယ် ။
     ခုတော့ ငြိမ်သက်စပြုနေပြီလို့ ပြောလို့  ရပေမဲ့  တချို့ နေရာမှာ
မီးရို့ မှုတွေ ရှိနေသေးတယ်လို့  ကြားရပြန်ပါသေးတယ် ။ ဒီနေ့ လဲဘဲ
စစ်တွေမြို့ မှာ မီးဟုန်းဟုန်းတောက်လောင်နေဆဲပါဘဲ ။ ချုပ်ကြည့်လိုက်တော့
ဒုက္ခသည်စခမ်းဆီကို ရောက်သွားကြရတာပါ ။ ပစ်မိန့် ရထားပါလျှက်နဲ့  မပစ်တဲ့ 
စစ်သားတွေကို အပြစ်မြင်ခဲ့ သူတွေဟာ ခုအချိန်မှာ အပြစ်မမြင်ကြတော့ပါဘူး ။
ဘာဖြစ်လို့ ဆိုတော့ အမှန်တရားကို သိသွားကြပြီးနောက် ဒါကို အစိုးရက
ဆုံးဖြတ်သွားဖို့  အချိန်ဖြစ်နေလို့ ပါဘဲ ။ သမိုင်းလိမ်ဘင်္ဂလီလူမျိုးတွေဟာ
မူဆလင်ဘာသာကို ကိုးကွယ်တဲ့  တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်က
ခိုးဝင်လားသူများသာဖြစ်တယ် ဆိုပြီးတော့ မြန်မာနိုင်ငံခေတ်အဆက်ဆက် အစိုးရက
အသိအမှတ် ပြုထားတာပါ ။ ရှေးနှစ်ပေါင်း ရာကျော်လောက်ကဘဲ
ရခိုင်သမိုင်းတွေ-မြန်မာသမိုင်းတွေ -အင်္ဂလိပ်သမိုင်းတွေနဲ့  လွပ်လွပ်ရေးရစ
လူမျိုးအဖြစ် သတ်မှတ်ခဲ့ တာမှ မရှိခဲ့ တာဘဲဗျာ ။ ဒါပေမဲ့  မူဆလင်ဘာသာကို
ကိုးကွယ်တဲ့  ဘ၈င်္လီကုလားလူမျိုးတွေကို ကျုပ်တို့ နိုင်ငံမှာ
မူဆလင်လူမျိုးအဖြစ် လက်ခံထားတာ ရှိပါသော်ကော  ။  ခုတော့ လူကောင်းနဲ့ 
လူဆိုးတွေကို ခွဲခြားရတော့မှာဖြစ်တယ် ။ ပြောချင်တာက အဓိကရုဏ်းဖန်တီးပြီး
မီးရို့ သူတွေ -လက်နက်တွေ ကိုင်ဆောင်ထားသူတွေ- လှုံ့ ဆော်သူတွေ-
ခေါင်းဆောင်တွေကို အားလုံးအပြစ်တွေ ပေးရ လိမ့်မယ် ။ ရက်ရက်စက်စက်
ထောင်ချရလိမ့်မယ် ။ ကျုပ်ကတော့ ဒီလို ကျေးဇူးတရားမသိတဲ့  လူတွေကို
လုံးဝလက်ခံလို့ မရဘူးလို့  ပြောမှ ကြေနပ်တယ် ။
          အဲဒီလို မြန်မာနိုင်ငံမှာ မူဆလင်လူမျိုးတွေ ရှိနေပေမဲ့ 
တခြားဘာသာခြားတွေလဲ အတူတူ ရှိခဲ့ နေခဲ့  ရှိဆဲ နေဆဲပါလားဗျာ ။
အခုမူဆလင်ဘာသာကိုးကွယ်တဲ့  ဒီသမိုင်းလိမ်ဘင်္ဂလီလူမျိုးတွေက အေးအတူပူအမျ
မြန်မာနိုင်ငံသား မူဆလင်လို မနေကြပါလားနော် ။ သူတို့ ကို ရခိုင်ပြည်နယ်
တခြမ်းပေးရမှာနဲ့  မပေးရင် လက်နက်ကိုင် ချမှာနဲ့  - ဟော နောက်ဆုံးတော့
ကမ္ဘာကျော် တာလီဘန်အကြမ်းဖက် သမားတွေနဲ့ ပေါင်းပြီး ကြိုးစားလာတော့ ဒါကို
သေသေချာချာ သိနေတဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး-DIPU
MONI -ကတောင် ကြေညာလိုက်ရတာပါဘဲ ။ မူဆလင်ဘာသာဝင်အချင်းချင်း
လက်မခံဘူးဆိုတဲ့ အကြောင်း ကြေညာလိုက်တာပေါ့ ။  မူဆလင် လူကောင်း
သူကောင်းတွေဆိုရင် သူတို့ တွေက ဘာသာဝင်ချင်းချင်းမို့  လက်မခံနိုင်စရာ
အကြောင်းမရှိပါဘူး ။ ဒီတော့ ရခိုင်ပြည်နယ်မှာလဲ ရခိုင်လူမျိုးတွေကို
စော်ကားချင်တိုင်း စော်ကားထားပြီးပြီမို့  ရေရည်မှာ သူတို့ တွေ ရှိနေသရွေ
့ကတော့ ပြသနာက နေ့ စဉ်ရှိလာကြမှာပါဘဲ ။ ဒီပြသနာကို စဉ်းစားကြည့်တဲ့ အခါ
သူတို့ ကို သနားကရုဏာ ကြီးမားတဲ့  ရှမ်းလူမျိုး- ဦးဟန်ညောင်ဝေ-
ဒေါက်တာဇါနည် - ပအို့ လူမျိုး ဦးသန်းလွင်ထွန်းတို့ ကို
ရှမ်းတောင်တန်းတွေမှာ ဒီလူမျိုးတွေ ထားလို့ ရမရ ပြောဆိုရတော့မှာပါ ။
ဆွေးနွေးကြရတော့မှာပါ ။ ဒါကို အစိုးရက စီစဉ်ပြီးသူတို့ နဲ့ ရှမ်းပြည်မှာ
ထားဖို့ အရေး  ဆွေးနွေးသင့်ပါတယ် ။
       ဒီနေ့ မှာဘဲ ကမ္ဘာကို ကြေညာလိုက်သူ နောက်ယောက်ကတော့
ဒေါ်အောင်ဆန်းစုကြည်ပါဘဲ ။ ကျုပ်တို့ က ဒေါ်အောင်ဆန်းစုကြည်ဟာ
အလုပ်သမားညီလာခံမှာ ဒီသမိုင်းလိမ်ဘ၈င်္လီလူမျိုး အကြောင်းကို
ထုတ်ဖေါ်ပြောဖို့  ခေါင်းထဲ ထည့်ထားလိမ့်မယ်လို့  မထင်မှတ်ခဲ့ ပါဘူး ။
ပြီးတော့ ခရီးပမ်းသွားတဲ့  ဒေါ်စုခမြာ သတင်းစာသမားတွေနဲ့ 
အင်တာဗျူးပေးနေရာမှာ မူးလဲပီး အော့အံသွားရသေးတယ်ဆိုတော့
ကျုပ်ကိုယ်ချင်းစာမိပါတယ် ။  သတ္တိကောင်းလှတဲ့  ဒေါ်စုဟာ သတင်းထောက်တွေက
သူတို့ ကို သူတို့  ခေါ်ဆိုနေတဲ့  ရိုဟင်ဂျာ လူမျိုးကို
တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုပါ့မလားလို့  မေးတဲ့ မေးခွန်းကို
မေးတဲ့ အခါ နှစ်နိုင်ငံစလုံးဟာ နယ်စပ်ချင်း ကပ်နေတာမို့  နယ်စပ်ချင်း
ဖြတ်ကျော်ခိုးဝင်မှုတွေ ရှိနိုင်တယ် ။ တရားဥပဒေစိုးမိုးမှု ရှိမှဖြစ်မယ်
။ နိုင်ငံသားဖြစ်ဖို့ ဆိုတာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေရှိမှ  ဖြစ်မယ်
လို့  ဖြေဆိုသွားပါတယ် ။
     ကဲ -ဒီတော့ ကျုပ်တို့  နားလည်သလို ပြောရင် နယ်စပ်ဒေသက
ခိုးဝင်လာသူများကို နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေနဲ့  တိတိကျကျ
စစ်ဆေးပြီး နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့   အညီ
ဆောင်ရွက်ရမှာ ဖြစ်တယ်လို့  ပြောသွားပါရောလားဗျာ ။  တကယ်တော့
လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့   ဒေါ်အောင်ဆန်းစုကြည်က ဘဘဦးတင်ဦးလို
နယ်စပ်က ခိုးဝင်လာသော ဘ၈င်္လီလူမျိုးများလို့  ပြောလိုက်ခြင်းပါဗျာ ။
ဒါကြောင့် ကျုပ်စောစောက စကားပလ္လင် ခံထားတာဘဲလေ- ဖ၀ါးနဲ့ မနာ နားနဲ
့နာပါလို့ - ဘာတဲ့ - ဘုရားကားအထက် မျောက်ကား အောက်ကပါဘဲဗျာ ။
ခိုင်အောင်ကျော် ( နယူးယောက် )