Friday, June 22, 2012

သမ္မတကြီးရဲ့ ရွှေမြန်မာဒုတိယပိုင်းပါ

လှေသဘင်ပွဲတော် နွှဲပျော်ပျော် လှေသဘင်ပွဲတော် နွှဲပျော်ပျော် လှေသဘင်ပွဲတော် နွှဲပျော်ပျော် by ptkzzz

ဒု ၀န်ကြီး ဘုန်းဆွေဒိုင်လူကြီး လုပ်(စား)မည်


ရခိုင်အရေးတွင် အစိုးရက ဒိုင်လူကြီးလုပ်မည်ဟု ကယ်ဆယ် ဒုဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ၀န်ကြီး ဘုန်းဆွေက အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီး လုပ်မည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော် ခန်းမ

စစ်တွေမြို့ ရခိုင်ပြည်နယ် လွှတ်တော်ရုံးခန်းမတွင် ဇွန်လ ၁၉ ရက် နေ့လည် (၁) နာရီတွင် ပြု...လုပ်သော မြို့တော် သန့်ရှင်းရေးနှင့် လှပရေး အစည်းအဝေး ပြုလုပ်စဉ် ထိုသို့ ဒုဝန်ကြီး ဘုန်းဆွေက ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင် ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် ပြည်နယ် အဆင့် တာဝန်ရှိသူများ၊ ရတပ ပါတီမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်ဟု သိရသည်။

ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးက ပြောသည်။

၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် ယခုအချိန်တွင် တိုင်းရင်းသား၊ နိုင်ငံခြားသားကို ခွဲခြားရမည့် အချိန်ဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့် ဒိုင်လူကြီးမလုပ်ဘဲ ပြည်ထောင်စုကြီးနဲ့ အချုပ် အချာ ပိုင်စိုးမူ အတွက် ပြတ်သားစွာ ဆုံးဖြတ်ရမည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ တိုင်းရင်းသား များမှာ အမိမဲ့သား ရေနည်းငါး ပမာ အားကိုးရာမဲ့ ဖြစ်နေကြရသည်ကို စဉ်းစားပေးရန် သင့်ပါကြောင်း တင်ပြခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

နောက်ပိုင်းတွင် ဒုဝန်ကြီး ဦးဘုန်းဆွေ မိမိက ထိုသို့ ပြောလိုခြင်းမဟုတ်ကြောင်း ပြန်လည် ပြောဆို ခဲ့သည်ဟု ဆိုသည်။

ယခုအခါ ဒုဝန်ကြီး ဘုန်းဆွေ၏ ပြောစကားမှာ လူထုအတွင်း ကျယ်ပြန့်စွာ ရောက်ရှိသွားပြီး ယခု ရခိုင် ဆူပူအကြမ်းဖက်မူ အရေးအခင်းတွင် အစိုးရမှ ဒိုင်လူကြီးလုပ်မည်ဟု ပြောဆိုသဖြင့် အစိုး ရကိုယ်တိုင်က ဒိုင်လုပ်လို၍ ယခုအရေးအခင်းကို ဖန်တီးသလားဟု ဆိုကာ မေးခွန်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

ယခုကဲ့သို့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်ပါလျှက် တာဝန်မဲ့ စကားပြောကြားသော ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒုဝန်ကြီး ဘုန်းဆွေကို အစိုးရမှ အနီကပ်ပြကာ တာဝန်မှ ထုတ်ပယ်သင့်ကြောင်း လူအများက ပြောဆို ဝေဖန်လျှက် ရှိကြောင်း သတင်း ရရှိသည်။

Narinjara News Burmese

မြန်မာလိုပဲကြိုးစားပြောပါ( ဒေါ်အောင်ဆန်းစုကြည်)


"ကြိုးစားလို့ ပြောတယ်မဟုတ်လား.... ကြိုးစားရမယ်... ကိုယ့်ရဲ့ယဉ်ကျေးမှု၊ ကိုယ့်ရဲ့ဘာသာစကားကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမယ်.."
- ဒေါ်အောင်ဆန်းစုကြည်
နော်ဝေ၊ ဘာဂန်မြို့ မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲ
၁၇၊၀၆၊၂၀၁၂

စစ်တွေ အင်ဘလာရပ်ကွက် မိသားစုများကို မြို့ပြင်သို့ ပြောင်းရွှေ့

စစ်တွေမြို့ အင်ဘလာခေါ် အောင်မင်္ဂလာ ရပ်ကွက်မှ အိမ်မီးလောင်ပြီး ဒုက္ခရောက်နေသူ အနည်းဆုံး လူပေါင်း ၇၀၀ ကို အဆိုပါ ရပ်ကွက်မှ မြို့ပြင်သို့ ယနေ့တွင် ပြောင်းရွှေ့ ပေးလိုက်ကြောင်း သတင်း ရရှိသည်။
“ ဒီနေ့ နေ့လည် ၁၂ နာရီက စပြီး စစ်တပ်က ကားတွေနဲ့ ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်။ ဒီရပ်ကွက်က ရခိုင်တွေနဲ့ နီးနေတော့ သူတို့လည်း အပြင်ကို မသွားလာနိုင်တော့ စားရေး သောက်ရေးက အစ ပြဿနာ ဖြစ်လာပုံ ရပါတယ်။ ဒီနေ့တော့ သူတို့ သဘောတူညီချက်နဲ့ မြို့ပြင်ကို အစိုးရ တာဝန်ရှိသူတွေက ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်” ဟု ဖေယာလမ်းမှ ဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်ကျော်ဝင်းက ပြောသည်။
ပြောင်းရွှေ့ခံရသူ အရေအတွက်မှာ ၇၀၀ မှနေ ၈၀၀ ကြားထိ ရှိနိုင်ပြီး စစ်တပ်က ကား (၁၀) စီးဖြင့် လုံခြုံရေး ယူကာ ပို့ဆောင်ပေးခဲ့သည်ဟု သူက ပြောသည်။
“ လုံခြုံရေးတွေကတော့ အပြည့်ပါဘဲ။ သူတို့ကို သက်ကယ်ပြင် ရွာနားမှာ တည်ဆောက်ထားတဲ့ ဒုက္ခသည်တွေ စခန်းတွေမှာ နေရာချပေးတယ်လို့ သိရပါတယ်။ ဟိုက အခြေအနေကိုတော့ ကျွန်တော်တို့လည်း သွားမကြည့်နိုင်တော့ မသိဘူး။ ဒါကြောင့် ဟိုမှာ မွတ်ဆလင် ဒုက္ခသည်တွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုတော့ မပြောနိုင်ဘူး” ဟု သူက ပြောသည်။
စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံနေသူများမှာ ယခင်က ကဲ့သို့ အခြေအနေ မဆိုးဘဲ စားရေးသောက်ရေး အဆင်ပြေကြောင်း တစ်ခြား ရခိုင်တိုင်းရင်းသားပါတီမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။
အင်ဘလာရပ်ကွက်တွင် မီးရှို့မခံရသော အိမ်များတွင် လူအများအပြား နေထိုင်၍ ရှိနေသေးကြောင်း၊ သူတို့အား ဆက်လက် ပြောင်းရွှေ့မည် မပြောင်းရွှေ့မည်ကို မသိရသေးကြောင်း သူက ဆက်လက်ပြောကြားသည်။
စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံနေသူ ရခိုင် လူမျိုး ၁၆၀၀၀ ခန့်ကျန်ရှိနေသေးပြီး တချို့လည်း အခြေအနေ တည်ငြိမ်စ ပြုလာပြီ ဖြစ်သဖြင့် မိမိအိမ်သို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်နေသူ ဦးစံရွှေကျော်က ပြောသည်။
“ ရခိုင်လူမျိုးကတော့ ၁၆၀၀၀ ခန့် ကျန်ပါသေးတယ်။ မွတ်ဆလင် ဒုက္ခသည် အရေအတွက်တော့ ကျွန်တော်တို့ မသိရပါဘူး” ဟု ပြောသည်။
အစိုးရ တာဝန်ရှိသူများမှ ဆူပူ အကြမ်းဖက်မူကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလုံသူ သုံးသောင်းကျော် ရှိကြောင်း ထုတ်ဖေါ် ပြောဆိုသော်လည်း WFP ခေါ် နိုင်ငံတကာ စားနပ်ရိက္ခာ အဖွဲ့မှ ထွက်ပြေး ခိုလုံသူ ၉၀၀၀၀ ကျော်ရှိကြောင်း ဖေါ်ပြသည်။
ယနေ့ စစ်တွေမြို့၏ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ဈေးဆိုင်များလည်း ဖွင့်လှစ်ကာ နယ်ဒေသများမှလည်း ဈေးလာဝယ်သူများ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

BY နေရဉ္ဖရာ

ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများ တွေ့ 22.06.2012


ဆာတွေ..မဆာတွေမသိဖူး.. အကုန်အနောက်မှာတန်းစီ..ဒါပဲ



Canada CBC NEWS about Suu



Burma's Democratic Rise?(Canada news program)



မိုးယိုနေသော ကျောင်းသစ်ကြီး



သမ္မတရဲ့သီချင်းနဲ့အလုပ်ကြမ်းသမားတွေရဲ့လူနေမှုအဆင့်အတန်းဟတ်နေတာပဲ

ဒါကြောင့်သွားလေသူရွှေရွှေကပြောတာ၊ဆင်းရဲခန်းတွေထည့်မရိုက်ပါနဲ့ လို့..
၂၄နှစ်လုံးကြိုးစားလိုက်တာပန်းရံအလုပ်သမားတယောက်ကို(Safty dress)တစုံ
လူစုံအောင်မဆင်နိုင်ပေမဲ့သမက်ကိုမာစီဒီးဝယ်ပေးဖို့တော့ကြိုးစားခဲ့ပါတယ်။
ဒီအထုပ်ကိုဦးသိန်းစိန်ရင်မှာပိုက်ပြီးရွှေမြန်မာလုပ်လိုက်ပုံက...ဒီလို....


သမ္မတကြီးရဲ့ ရွှေမြန်မာ

ဥပဒေမဲ့ဖမ်းဆီးရိုက်နှက်ခံရ

Published on Jun 21, 2012 by
တောင်ဒဂုံ 25 ရပ်ကွက်နေသူ
ကိုကျော်မင်းခိုင်အား ရန်ကုန်မြို့တွင်း တွင် ညနေစောင်း အချိန် မီးရထားရဲ
ဝတ်စုံဝတ် ၀န်ထမ်းများက ဘူတာကြီး ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ
ရိုက်နှက်ပြီး ညလူခြေတိတ်ချိန် ကျမှ လူခြေတိတ်ရာ ပုဂံလုံးကျွန်းဘက်သို့
လက်ထိပ်ခတ်ကာ ဆိုက်ကားဖြင့် သွားရောက်ပို့ဆောင် စွန့်ပစ်ခဲ့သည်။
ရဲက ၀ိုင်းရိုက် ပြီး စွန့် ပစ် ထား
မင်္ဂလာတောင်ညွန့် အပိုင် ရန်ကုန်ဘူတာကြီး မီးရထား ရဲစခန်း မှ အမည်မသိ ရဲတပ်သားသုံးယောက် က ဥပဒေမဲ့ ဖမ်းဆီးပြီး ၀ိုင်းဝန်း ရိုက်နှက်ကာ ညလူချေတိတ်ချိန် ကျမှ ပုဂံလုံးကျွန်း ဘက်ကို သွားရောက်စွန့်ပစ်ခံခဲ့ရသော​ ကိုကျော်မင်းခိုင်အား ယခုလ ၂၀ ရက်နေ့က ခါးဆစ်ပြုတ်ထွက်နေသော အနေအထားဖြင့် လမ်းပေါ်တွေ့ရှိရသော လမ်းသွားလမ်းလာတို့ တာဝန်သိစွာ အိမ်သို့ ကားငှားပို့ပေးသဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။ ယခု ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာန အခန်း ၂ ကုတင် ၁၅ အောက်ထပ်တွင် လုံးဝ မထနိုင်ပဲ ဆေးကုသမှု ခံယူနေရသည်။ ယခုထက်တိုင် တာဝန်ရှိသော ရဲတပ်ဖွဲ့မှာ ထိရောက်သော အရေးယူစုံစမ်းမှုများ မလုပ်သေးကြောင်း သိရှိရသည်။ အသေးစိတ် သိရှိလိုပါလျှင် ကိုကျော်မင်းခိုင်ဧ။် အမ ဖြစ်သူ မမေမေခင် ဖုန်းနံပတ် 0973089690 နှင့် တာဝန်သိစွာ အကျိုးဆောင်ပေးသူ ကိုမျိုးခင် 09421079490 သို့ ဆက်သွယ် အကြံဥာဏ်ပေးနိုင်သည်။ တရားဥပဒေ စိုးမိုးမှု ရှိရန် နိုင်ငံတော် သမတ ကြီးက ဦးဆောင်ကြိုးပမ်းနေစဉ် ယခုကဲ့သို့ လူမဆန်စွာ နိုင်ငံသား တဦးအား ယူနီဖေါင်းဝတ် ၀န်ထမ်းများက ၀ိုင်းဝန်းရိုက်နှက်ပြီး စွန့်ပစ်ခြင်းအား ထိရောက်စွာ အရေးယူဖေါ်ထုတ်နိုင်ရန် ပြည်သူပြည်သားများ အားလုံးတွင် တာဝန်ရှိလာပါသည်။ ယခုကဲ့သို့ အမှုမျိုးများကို လစ်လျူရှုထားမည်ဆိုလျင် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး ဟူသည် ဘယ်သောအခါမျှ ပေါ်ပေါက်လာနိုင်မည် မဟုတ်ပေ။

All context are credit to Nay Myo Zin