Sunday, June 24, 2012

သရေကုန်ဘောင်ဘင်္ဂလီတို့တိုက်ခိုက်ခံရသောဆရာမများ

ဂွကျွန်း ကို ဘင်္ဂလီများ ကျူးကျော် ရောက်ရှိနေ

ဂွကျွန်း ကို ဘင်္ဂလီကုလားများ ကျူးကျော် ရောက်ရှိနေသဖြင့် အာဏာပိုင်များ လုံခြုံရေးယူပေးရန် ဒေသခံများ လိုလားလျှက်ရှိ
by Ko MawPyay on Saturday, June 23, 2012 at 9:12am ·
                   ရခိုင်ပြည်နယ် ဂွမြို့မှနေပြီး တစ်နာရီကျော်ခန့် စက်လှေမောင်းရသည့် နေရာတွင်ရှိသော ဂွကျွန်း
ပေါ်သို့ ဘင်္ဂလီကုလားအုပ်စု(လူဦးရေမည်မျှ ရှိမည် အတိအကျမသိ) ရောက်ရှိနေသောကြောင့် ဂွဒေသခံတွေရဲ့
လုံခြုံရေး စိတ်ပူရဖွယ်အနေအထား ရှိသောကြောင့် မီဒီယာများ အနေဖြင့် အကူအညီပေးစေလိုကြောင်း ဒေသခံ
တစ်ဦးက ဆက်သွယ်ပြောကြားလာပါတယ်...
                   ကျတော် အကူအညီပေးနိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ ဖေ့ဘွတ်တင်လိုက်ပါတယ်... ဂွကျွန်းဟာ
နှစ်မိုင်ခွဲကျော်ပတ်လည်ခန့်ရှိပြီး ဒေသခံငါးဖမ်းလှေတွေ နားခိုရာ၊ ဂွဒေသခံတွေ သွားရောက် အပန်းဖြေရာနေရာ
ဖြစ်ပြီး ကျွန်းပေါ် အမြဲတမ်းနေထိုင်သူမရှိကြောင်း သိရပါတယ်.. လွန်ခဲ့တဲ့ နှစ်ရက်က ဘင်္ဂလားဒေ့ရှ် ဘက်က
မောင်းနှင်လာတယ်လို့ ယူဆရတဲ့ စက်လှေတစ်စီးဟာ စက်လှေပါလူတွေကို ဂွကျွန်းပေါ်သို့ ချထားပြီး ပြန်ထွက်
အလာ ရခိုင်ကတို့ကျွန်း အနားမှာစက်လှေဟာ ကျောက်ဆောင်နဲ့ တိုက်ပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်...
                   အဆိုပါ ဂွကျွန်းပေါ်သို့ရောက်ရှိနေတဲ့ ဘင်္ဂလီကုလား လေးယောက်ဟာ မနေ့က ရေကူးပြီး ဂွမြို့ကို
ရောက်ရှိလာကြောင်း၊ အဆိုပါ ဘင်္ဂလီများဟာ ရခိုင်စကားကော၊ ဗမာစကားပါ မတတ်ကြောင်း ဒေသခံတွေက
ပြောပါတယ်... ဂွမြို့နဲ့ နီးကပ်တဲ့ နေရာမှာ ဘင်္ဂလီတွေ ရောက်ရှိနေတာကို ဒေသခံတွေက စိုးရိမ်သလို၊ မြို့ရဲ့
လုံခြုံရေးအင်အား နည်းပါးတာကြောင့်လဲ ပိုပြီး ထိတ်လန့်နေရတယ်လို့ ဒေသခံကပြောပါတယ်... ဒီကနေ့လဲ
အဆိုပါကျွန်းမှ ဘင်္ဂလီ သုံးယောက် ဟာ ထပ်မံပြီး ဂွမြို့အနီး ရွှေရကြိုင်ကျေးရွာကို ရောက်ရှိလာပြန်ပါတယ်...
                   မီဒီယာတွေဆီက ဘာအကူအညီလိုချင်တာပါလဲ လို့ အဆိုပါ ဒေသခံတွေကို မေးကြည့်တော့ မီဒီ
ယာတွေ သိထားတဲ့ ကိစ္စရပ်တွေကို အစိုးရက အရေးတယူကိုင်တွယ်တတ်လို့ အကူအညီတောင်းရတာဖြစ်ကြောင်း
အဆိုပါ ဂွကျွန်းလူမနေပေမယ့် အချက်အချာကျတဲ့နေရာဖြစ်လို့  ဘင်္ဂလီတွေ ခြေကုပ်ချရာနေရာ ဖြစ်သွားမည်
ကို ပူပင်ကြောင်း... ဘင်္ဂလီ ယာယီရောက်ရှိနေထိုင်ရာမှ တခြားရခိုင်ဒေသတွေ ကဲ့သို့ပင် အမြဲတမ်း အခြေစိုက်
နေရာဒေသ ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ပြောပါတယ်...
                   ကျတော်ကတော့ ဘောင်အတွင်းက ပြောရတာဆိုတော့ ဒီလောက်ပဲ ပြောပါရစေ... ဂွမြို့ကို ဆက်
သွယ်ပြီး သတင်းပိုင်းအရ စိတ်ဝင်စားရင် မေးမြန်းနိုင်ပါတယ်... ကျတော်လဲ ကွန်ဖန်းလုပ်ပြီးပါပြီ... သတင်းမှန်
ပါတယ်...
                                                                                                               လေးစားပါတယ်ဗျာ
                                                                                                                         မောပြေ





ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ရဟတ်ယာဉ်နဲ့ လိုက်လံပစ်ခတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက အာအက်ဖ်အေကို ပြောဆိုပါတယ်။

 ဘင်္ဂါလီ လှေစီးဒုက္ခသည်တွေ ပစ်ခတ်ခံရတဲ့သတင်း ပြည်နယ် ဥပဒေချုပ် ငြင်းဆို
2012-06-23

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ရဟတ် ယာဉ်နဲ့ လိုက်လံပစ်ခတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေ မကြာခင် ရက် ပိုင်းက ပေါ်ထွက်ခဲ့ပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်မှု ရှိမရှိ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို အာအက်ဖ်အေက မေးမြန်းခဲ့ရာမှာ အတည် မပြုနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

"အဲဒီဟာ မမှန်ပါဘူး။ ကျွန်တော်တို့ သိထားတဲ့ထဲမှာ အခုစက်လှေတွေနဲ့ ပင်လယ်ထဲမှာ နေတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်ခုနကပြောတဲ့ အလယ် ဖရုံကာက ရွာတစ်ရွာနားမှာ ရှိတယ်"

စစ်တွေအနီး အလယ်ဖရုံကာမှာ ခိုလှုံနေသူ လူသုံးထောင်ကျော် ဘင်္ဂါလီ ရိုဟင်ဂျာအဖွဲ့တစ်ဖွဲ့ရှိပြီး ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ လုံခြုံရေးတွေ ပေးထားကြောင်း၊ အခုအခါ သူတို့ကို စစ်တွေမှာရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပူးပေါင်းထားရှိဖို့ စီစဉ်နေကြောင်း ဦးလှသိန်းက ပြောပါတယ်။

စစ်တွေမြို့ ဈေးကြီးကိုလည်း ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စစ်ရေယာဉ်တွေနဲ့ ရောက်ရှိနေတဲ့ ကုန်ပစ္စည်းတွေကို ပဋိပက္ခ ကာလအတွင်း အလုပ်သမား မလုံလောက်တဲ့အတွက် မချနို င်ဘဲ ဖြစ် ခဲ့ရာက မနေ့ကစလို့ တစ်စီးပြီးတစ်စီး အမြန်သယ် ချနေကြောင်း၊ ကုန်သည်တွေလက်ထဲ ကုန်ပစ္စည်းတွေ ရောက်ရှိသွားရင် ပြည် သူတွေဆီ ကုန်စည်စီးဆင်းမှု မြန်ဆန်လာမှာ ဖြစ်ကြောင်း လည်း ပြောဆိုပါတယ်။

စစ်တွေ အပါအ၀င် ရခိုင်ပြည်နယ် မြို့တချို့မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ (၁၄၄) ရုပ်သိမ်းနိုင်ခြေ ရှိမရှိနဲ့ ပတ်သက်လို့လည်း ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက -

"ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ဥပဒေကြောင်းပေါ့။ ၁၄၄ ထုတ်တယ်ဆိုလို့ရှိရင် ၂ လပေါ့။ ၂ လကြာတဲ့ အခါမှာ ရုတ်သိမ်းဖို့ မသင့်သေးဘူး၊ မတည်ငြိမ်သေးဘူး ဆိုရင်တော့ ဒီအမိန့်ကို ဆက်လက်ပြီးတော့ ကျင့်သုံးဖို့ ကြေညာမှာ ဖြစ်ပါတယ်။ ဒီ ၂ လ မကြာပဲနဲ့ လုံခြုံမှုတွေက ကောင်းသွားပြီ၊ စောစောစီးစီး အခြေအနေ ကောင်းသွားပြီ ဆိုလို့ရှိရင် စောစောစီးစီး ပြန်ရုပ်လိုက်ရင် ရပါတယ်။ ခဲရာ ခဲဆစ်တော့ မဟုတ်ပါဘူး"

အလားတူ ရခိုင်ပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ဟာလည်း (၃) လအတွင်း အစိုးရက ပြည်ထောင်စု လွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး၊ လွှတ်တော်က ဆက်လက် ထားရှိဖို့ သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လယ်သမားတွေ လယ်ပြန်ထွန်နိုင်ဖို့ အတွက် လြုံခုံရေးတွေ စီစဉ်နေတယ်လို့ သိရပါတယ်။

Fitness Physique

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဝတ်စားဆင်ယဉ်မှု ပြောင်းလဲကျင်းပသော အလှမယ်ပြိုင်ပွဲဖြစ်သည့် အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဇွန် ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပရာ Model Physique ခေါင်းစဉ်ဖြင့်ကျင်းပသော ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အလှမယ်များ ယှဉ်ပြိုင်စဉ်။ ထိုပြိုင်ပွဲတွင် အလှမယ် ၂၃ ဦး ၀င်ရောက်ယှဉ်ပြိုင်သည်။
7Day News Journal

ဝတ်စားဆင်ယဉ်မှုအသစ်ဖြင့် ကျင်းပသော အလှမယ်ပြိုင်ပွဲတွင် Model Physique နှင့် Fitness Physique ဟူသော ခေါင်းစဉ်နှစ်မျိုးဖြင့် ကျင်းပရာ Model Physique ပြိုင်ပွဲတွင် ဆုရရှိသူသုံးဦး။ ပထမဆုကို မ၀တ်ရည်ဖြိုးက ရရှိပြီး၊ ဒုတိယဆုကို မအေးအေးစိုး၊ တတိယဆုကို ခင်သက်မွန်ဝင်း တို့က ရရှိခဲ့သည်။

ခြံခတ်ပြီးကန်ခိုင်းတဲ့ Mad ဇော်ဇော်

ဇော်ဇော်အကြံကြီးပုံကဖီဖာကိုဒါဏ်ဆောင်ရမယ့်ပိုက်ဆံခြံခတ်ပြီးကန်ခိုင်းတယ်.. အချို့ နိုင်ငံရဲ့ ကွင်းတွေမှာကာတာကမြင်ကွင်းပျောက်ပိုက်အမဲအကွက်ကြီးကာတတ်ကြပါတယ်။


AFC U -22 ပွဲစဉ် မြန်မာနှင့် ဖိလစ်ပိုင်အသင်း မြင်ကွင်းဓာတ်ပုံများ
The Voice Weekly
အသက် ၂၂ နှစ်အောက် အာရှဖလား ခြေစစ်ပွဲ အုပ်စု G မှ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ဇွန်လ ၂၄ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်က သူဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ငါးဂိုးတစ်ဂိုး၊ ဖြင့် အနိုင်ရရှိခဲ့သည်။

တိရိစ္ဆာန်သတင်းသည် ဦးကျော်ဆန်းအတွက် အစိုးရ-သတင်းဖြစ်သည်။

ဒီ ချစ် သူ

အရင်ကအမတ်မဖြစ်ခင်ကဇေကမ္ဘာခင်ရွှေနိုင်ငံခြားမှာဒေါက်တာဘွဲ့ (အတု) ရတုန်းကသတင်းစာထဲပါတယ်ပြောကြတယ်။ အင်းလေ..သူလည်းဆင်ကြံကြံတတ်သူဆိုတော့..ဆင်မျိုးနွယ်ထဲပါလို့နေမှာပေါ့...
တိရိစ္ဆာန်တချို့ ကတော့အမေစုကိုကန်တော့ပါတယ်။

ကျနော် လူကြမ်းမင်းသား

Monday, December 28, 2009

ကျနော် လူကြမ်းမင်းသား


မြန်မာ စာဆိုရှိတယ်ဗျ..
အဖေ့ထက်သားတလကြီး..
ပိုဘုန်းကြီးတယ် ဆိုဘဲ။

တကမ္ဘာလုံးသိတာ ကျနော်တို တမျိုးလုံး
အင်္ဂလိပ်ကြောက်တာ..မင်းကြီးရွှေလရောင်..
ဂျပန်တွေ လေးစားတာ..အဖေဗိုလ်တေဇ..
ညီမလေးကလည်း.. နိုဗယ်ဆုရတဲ့အခါ..
ကျနော်တစ်ကောင်ထည်း..
ဘာဂုဏ်ပုဒ်ကလေးမှ မရှိ..
အမြီးမရှိတဲ့ ခွေး..နာမည်တွင်အောင်
ရာဇ၀င်တော့ ရေးခဲ့မှဖြစ်မယ်..
နားလည်ပေးကြပါ
ကျနော်လည်းဗျာ..နာမည်ကျော်ချင်တာပေါ့

အဖေ့ ခြေရာနင်းနိုင်မှတော့
အောင်ဆန်းဦး တို့  နာမည်ကျော်တာ ကြာပြီပေါ့
သွေးတောင်မကြည့်ရဲ သတ္တိက ဒီလောက်များ
အဖေနဲ့  မတူချင်တဲ့ သား..
ဖြစ်ချင်တာ လူကြမ်းမင်းသား..

ဇာတ်လမ်းတပုဒ်မှာ..အနှစ်ရသ..
ဇာတ်လိုက်သာ အရေးပါတာမဟုတ်ဖူး
ဇာတ်ပို့  လူကြမ်း..
သူကြမ်းလေလေ..ရမ်းလေလေ..
နာမည်ကျော်..လူ ချီးမွမ်းလေလေဘဲ

ဟဲ့ ငါ့နှမ..ဒါ ငါ့ အမေအိမ်..
ငါသာ သားကြီးသြရာသ..
လင်သေနှမ မုဆိုးမ..
ထောက်ထောက်ညှာညှာဂရုဏာထားပါတယ်..
မများပါဘူးအေ
တစ်ဝက်ဘဲ ယူပါမယ်..

ညည်း.နေစရာမရှိ..
အင်းစိန်ထောင်မှာ သွားနေချေ
ဒါမှမဟုတ် စစ်ကိုင်းချောင်မှာနေ..
မပေး ပေးပေး
ပေးတစ်ဝက် င့ါအမွေ..

အိမ်ပြင်တာ..သဘောမတူဘူး..
ဒါးမြ၀င်ဝင် သူခိုးဝင်ဝင်
နင်သေသွားရင် ငါတအိမ်လုံးရဖို့ ဘဲ..
ပြုတင်းပေါက်မရှိ..ခန်းဆီးကာနေ…
ပေးဘယ်မလဲ ငါ့အမွေ..

ဌဲ..ဌဲ..ဌဲ…
ကဲ..ဘာပြောကြဦးမလည်း..
အဖေထက် ခြေရာတစ်တောင်ပိုတဲ့သား
လက်နဲ့ ရေးသောအရာ..ခြေနဲ့ ဖျက်သား
ကျနော်ဗျာ..လူကြမ်းမင်းသား

ဘဲ့နဲ့ ရှိစ နိုဘယ်ဆုရှင်..
အောင်ဆန်းမျိုးထဲက
တကောင်သော လူမိုက်..
ကျနော့ နာမည်လည်း ကဗျည်းတင်ထိုက်တယ်။
နှမငယ် နာမည်ကောင်းထက်..ကျုပ်နာမည်ဆိုး..
လူပေါင်းများစွာ အော့ကျောလန်..
အောင်ဆန်း၏ သားရူး
ကျနော့နာမည် အောင်ဆန်းဦး..

မသဒ္ဓါ (၁၂။ ၂၇။၂၀၀၉)
တအူတုံဆင်း..အကိုကြီးတစ်ဦး၏ ရင်သပ်ရှုမောဘွယ်..စေတနာနှင့် ဂရုဏာ စာနာထောက်ထားခြင်းတို့ ၏ ဂုဏ်ဒြပ်အားကြက်သီးထဖွယ်..ခံစားရပါသောကြောင့်

 http://thadar.blogspot.ca/2009/12/blog-post.html

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ဥပဒေ


by moe set
Leilei Nwe Thein is U.S. citizen who has lived in the U.S. for 24 years and has worked as a environmental health and safety manager working at the University of San Diego for the past 15 years.

Is Aung San U U.S. citizen who has lived in the U.S. for 24 years......


၈ နှစ်ကြာသော်လည်း ဦးအောင်ဆန်းဦး နေအိမ် မပြီးပြတ်နိုင်သေး"

ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်


ဦးအောင်ဆန်းဦးနှင့် ဒေါ်လဲ့လဲ့နွယ်သိန်းတို့ တည်ဆောက်နေသော ပုဂံမြို့ရှိ နေအိမ်သည် ၈ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မပြီးပြတ်သေးကြောင်း သိရှိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံကို ၂ဝဝ၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ကြီးခင်ညွန့်က မန္တလေးတိုင်း ပုဂံမြို့ တောင်ဖီအရပ်ရှိ သရဘာဂိတ် ဟိုတယ်အနီး၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆောက်လုပ်ခွင့်ပြုခဲ့ရာ ယခုတိုင် မပြီးပြတ်သေးကြောင်း သိရခြင်း ဖြစ်သည်။
''တကယ့်ကို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား ဆောက်နေတာ။ ဥရောပစတိုင်ဗျ။ ၂ ထပ်တိုက်ခေါင်မိုး သုံးခုနဲ့ မြေအောက်ခန်း၊ ဓာတ်လှေကားပါ ပါတယ်။ ၂ဝဝ၂ ကတည်းက အင်ဂျင်နီယာတွေ တယောက်ပြီး တယောက် ပြောင်းပြီး ဆောက်နေတာ အခုထိကို မပြီးသေးဘူး။ သူက ဆောက်လုပ်မှု ကုန်ကျစရိတ် ကျပ်သိန်း ၆ဝဝဝ လောက် မှန်းထားတယ်။ သိန်း ၃ဝဝဝ လောက် ကုန်နေပြီ” ဟု နေအိမ်ဆောက်လုပ်ရေးတွင် ပါဝင်ကူညီနေသူတဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားသား မြေယာပိုင်ဆိုင်ခွင့်မပြုသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသားက မည်သည့်နည်းဖြင့် ဝယ်ယူထားသည်ကို ရှင်းရှင်းလင်းလင်းမသိရနိုင်သော်လည်း ဒေါ်လဲ့လဲ့နွယ်သိန်း၏ အမျိုးများ အမည်ပေါက် ဝယ်ယူထားသည်ဟု ပုဂံဒေသခံများက ပြောသည်။

ကွယ်လွန်ချိန်အထိ ယခုနေအိမ်တွင် နေထိုင်သွားရန် ဦးအောင်ဆန်းဦးသည် ရည်ရွယ်ထားသည်ဟု သိရသည်။

ဦးအောင်ဆန်းဦးသည် လွန်ခဲ့သည့် ၂ လခန့်ကတည်းက ရန်ကုန်သို့ ရောက်ရှိလာပြီး နိုင်ငံတော် ဧည့်ဂေဟာ ကုန်းမြင့်သာ၌ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) အစောင့်အရှောက်များဖြင့် နေထိုင်လျက်ရှိပြီး အမေရိကား၊ ရန်ကုန်နှင့် ပုဂံကို ဥဒဟိုသွားလာနေကြောင်း သိရသည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဖြစ်သည့် ဦးအောင်ဆန်းဦးသည် အင်ဂျင်နီယာဘွဲ့ရ တဦးဖြစ်ကာ၊ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သူဖြစ်သည်။

သူသည် ညီမ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်မှ အမွေခွဲလိုကာ၊ လတ်တလော နေအိမ်ပြင်ဆင်မှုကို ကန့်ကွက်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က တရားစွဲဆိုခြင်းကို ရုတ်သိမ်းပေးရန် သတိပေးခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ဦးအောင်ဆန်းဦးနှင့် ဒေါ်လဲ့လဲ့နွယ်သိန်းကို ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယခုလ ၂ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
နယူးဒေလီ (မဇ္ဈိမ)

အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ

by Lwin Aung Soe on Sunday, June 24, 2012 at 12:42am ·

ဒေါ်ခင်ကြည်ဈာပနမှာ..

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ပိုင်ဆိုင်နေထိုင်ရာ အိမ်ကို ဦးအောင်ဆန်းဦးကို တဝက်ခွဲပေးလိုက်ဖို့ တရားစီရင်ချက်အပေါ် အခုလို ရှုမြင် သုံးသပ်မိပါတယ်။

မိသားစု ပုဂ္ဂိုလ်ရေးအရ ဦးအောင်ဆန်းဦးအနေနဲ့ မိသားစုရဲ့ တဦးတည်း ကျန်ရှိနေတဲ့ ညီမငယ်အပေါ်မှာ တရားစွဲဆို အမွေခွဲဝေ တောင်းခံတာမျိုး မလုပ်သင့်ပါဘူး။ထင်ရှားကျော်ကြားပြီး စံနမူနာယူထိုက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ရဲ့ ဂုဏ်သိက္ခာကို ထောက်ထား ငဲ့ညှာသင့်ပါတယ်။ မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မှန်ကန်သင့်လျော်မှု မရှိပါဘူး။ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်ဟာ ဘက်လိုက်မှု ဖြစ်တာကြောင့် ဥပဒေကို မျက်ကွက်ပြုရာ ရောက်နေပါတယ်။>ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အကျိုးပြုလုပ်ငန်းတွေကို မနာလို မရှုစိမ့်တဲ့အနေနဲ့ တားဆီးပိတ်ပင် နှောင့်ယှက်ဖို့ ဖြစ်နေပါတယ်။
အထက်ပါ (၁) နဲ့ (၂) ကတော့ အများပြည်သူ အလွယ်တကူ သဘောပေါက် ရှင်းလင်းပြီးသား အချက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်း အချက်တွေကိုတော့ ရှင်းပြချင်ပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောာင် ဦးနေဝင်း အစိုးရလက်ထက်မှာ အိုးအိမ်စီးပွားတွေ စွန့်လွှတ်ပြီး ပြည်ပကို ထွက်ပြေးသွားသူတွေ ရှိပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး အခြားနိုင်ငံတွေမှာ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသား မဟုတ်တော့တဲ့အတွက် မြန်မာနိုင်ငံမှာ စွန့်လွှတ်ခဲ့တာတွေကို ဘယ်တော့မှ ပြန်ရယူနိုင်ဖို့ မရှိကြတော့ပါဘူး။

အခုအမှုမှာ ဦးအောင်ဆန်းဦးလို မြန်မာနိုင်ငံသား မဟုတ်တော့သူတဦးကို သူနေထိုင်ခဲ့ဖူးရာ အိမ်တဝက်ကို ပိုင်ဆိုင်ခွင့် ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံ တရားဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဖြစ်လာရတော့မယ်။ နိုင်ငံခြားကနေ မြန်မာနိုင်ငံသားဟောင်း များစွာတို့က သူတို့ ပိုင်ဆိုင်ခဲ့ဖူးတာတွေ ပြန်တောင်းတဲ့ အမှုတွေကို မြန်မာနိုင်ငံဘက်က ရင်ဆိုင်ရပါတော့မယ်။

အမှုတခုမှာ ဘယ်သူဘယ်ဝါရဲ့ သားသမီးဖြစ်လို့ အကျိုးခံစားပိုင်ခွင့် ရှိစေ ဆိုတဲ့ အကြောင်းပြချက်ဟာ ကျင့်သုံးရမယ့် တရားစီရင်ရေးစနစ် မဖြစ်ထိုက်ပါဘူး။ ဒီလိုသာ ခွင့်ပြုချက်ကို ပေးခဲ့ရင် မိဘအရှိန်အဝါ အားကိုးပြီး ရာဇဝတ်မှု ကျုးလွန်သူတွေအားလုံးကို တရားစီရင်ရေးဘက်က မျက်ကွယ်ပြုရာ၊ အားပေးရာ ရောက်သွားပါမယ်။ တရားစီရင်ရေးစနစ်က သြဇာတိက္ကမ ကြီးသူတွေရဲ့ သားသမီးတွေ ရာဇဝတ်မှု ကျူးလွန်ဖို့ အနေအထားတွေကို ခွင့်ပြုရင် ဒါဟာ အာဏာကို အလွဲသုံးစားမှုလည်း ဖြစ်သွားပါတယ်။

နောက်ဆုံးအချက်ကတော့ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ တရားစီရင်ရေး မဏ္ဍိုင်အပေါ် လွှမ်းမိုးမှု ရှိနေလားလို့ သံသယ ဖြစ်စရာ အခြေအနေပါပဲ။ ဒါဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုရင် နိုင်ငံရေးလုပ်တာ မြန်မာတနိုင်ငံလုံးရော တကမ္ဘာလုံးကပါ ကောင်းကောင်းသိထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်တာတောင်မှ နိုင်ငံအကျိုးပြု၊ ပြည်သူလူထု အကျိုးပြု နိုင်ငံရေးကိုသာ သတ်သတ်မှတ်မှတ် လုပ်နေမှန်း အများက သိကြပါတယ်။

မြန်မာနိုင်ငံရေးအပေါ် အမြင်တိမ်းစောင်းတဲ့ ကိုယ်ကျိုးရှာသူ မဆိုစလောက် လူနည်းစုတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ဖျက်လိုဖျက်ဆီး လုပ်တတ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ နိုင်ငံတကာက အစိုးရခေါင်းဆောင်တွေနဲ့ အခြား နိုင်ငံခြား ဧည့်သည်တွေ ဝင်ထွက်သွားလာနေတာကို သူတို့က မနာလို မရှုဆိမ့် ဖြစ်နေပုံရပြီး နိုင်ငံရေး အကျိုးပြု လုပ်ငန်းတွေ လုပ်နေတယ်လို့ မမြင်တတ်ကြပါဘူး။

ဒါတွေအားလုံးဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက် ဟန့်တားနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကောက်ချက်ချလိုက်ပါတယ်။

တဆက်တည်းမှာပဲ ဦးအောင်ဆန်းဦးကိုသာမက အမြော်အမြင်မဲ့ ဥပဒေကြောင်းနဲ့မညီတဲ့ တရားစီရင်ချက်ကိုပါ လူထုတရပ်လုံးက ဝိုင်းဝန်း ရှုတ်ချ ပြစ်တင် ကန့်ကွက်တဲ့ ကမ်ပိန်းတွေ လုပ်သင့်ပါတယ်။

လွင်အောင်စိုး
၂၄-၆-၂ဝ၁၂


အခုလည်း တရားရုံးရဲ့ အမိန့်က အိမ်နဲ့ခြံကို တစ်ယောက် တစ်ဝက်ခွဲယူရမယ်ဆိုတော့ တစ်ယောက်က တစ်ယောက်ကို တန်ဖိုး တစ်ဝက် လျော်ပေးရမယ့်ပုံ ဖြစ်နေတာမို့ မောင်နှမ ၂ ယောက်ကြားမှာ အစိုးရ ကိုယ်တိုင်က ပိုပြီး အငြင်းပွားဖွယ် ဖြစ်အောင် တွန်းပို့နေပုံရပါတယ်။
နောက်ဆုံးတခုကတော့ ဦးအောင်ဆန်းဦး အနေနဲ့ ဒီအိမ်ကြီးကို အမွေဆက်ခံသင့်တယ်ဆိုရင် ဒေါ်စု အနေနဲ့ တရားရုံးမှာတောင် အလုပ်ရှုပ်ခံပြီး ခုခံကာကွယ်နေမယ့် လူမျိုးမဟုတ်ပါဘူး ။ ၂၀၀၀ နောက်ပိုင်း အမှုစတင်ချိန်ကစပြီး ဒေါ်စုဟာ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကြောင့် များစွာ စိတ်ဆင်းရဲ ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ...... တိုင်းသူပြည်သားတွေအတွက်လည်း အလွန်ကို စိတ်မကောင်း ဖြစ်စရာပါ။
အဂ္ဂမဟာ ဒီမိုဖက်တီး



U.S. citizen who has lived in the U.S. for 24 years and has worked as a environmental health and safety manager working at the University of San Diego for the past 15 years , Leilei Nwe Thein is the wife of Aung San U, who is the oldest son of National Hero General Aung San; with her family background, she could exercise considerable influence, and her experience in Myanmar was instrumental in the early stages of the disaster relief program for Nargis effected area.

ဇာနည်ဒေါ်အောင်ဆန်းစုကြည်နံကြားဒါးနဲ့ ထိုး



ဇာနည်.... ဟိုအနီကချင်ဝတ်စုံလေးနဲ့လူငယ်ကိုမေးခွင့်ပေးလိုက်ပါ...

Khun Nawng ....ဒေါ်စုက မြန်မာ့တပ်မတော်ကို ကချင်ပြည်နယ်မှာ အကြမ်းဖက်မှုနဲ့ ရှုံ့ ချပါသလား...

အခမ်းအနားမှုး...ဒီမေးခွန်းကအရမ်းကြီးနေပါတယ်...

ဒေါ်အောင်ဆန်းစုကြည်....မြန်မာမှာတင်မဟုတ်ကမ္ဘာမှာပါဘယ်အကြမ်းဖက်မှုမဆိုရှုံ့ ချပါတယ်။


ဇာနည် နဲ့ Khun Nawng


အနားကပ်ထိုင်ပြီးဒေါ်အောင်ဆန်းစုကြည်နံကြားဒါးနဲ့ထိုးနေသူဇာနည်။

မြန်မာ့တပ်မတော်တခုထဲကိုပဲကွက်ပြီးအောင်ဆန်းစုကြည်ကရှုံ့ချစေချင်တာ...
ဘယ်လိုရည်ရွယ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့တပ်မတော်နဲ့ ရန်တိုက်ပေးတာလဲ..

နိုင်ငံခြားသားတွေအိမ်ပိုင်ခွင့် ရှိပြီ။(ဦးအောင်ဆန်းဦးတ၀က်ရ)