Monday, June 25, 2012

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံကြိုဆို

Sunday, 24 June 2012 14:03 AddThis Social Bookmark Button
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ဗြိတိန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၁ ရက် နေ့က ထောက်ခံကြိုဆိုခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရ သည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့် လန်ဒန်မြို့တွင် ဇွန်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့်ပူးတွဲ သတင်းစာရှင်း လင်းပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ အတိတ်ရဲ့အချုပ်အနှောင်ကို မခံလိုတဲ့အတွက်ကြောင့်ပါ။ နောက်ပြီး ပိုပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်ကို တည်ထောင်လိုတဲ့အတွက် အတိတ်ကိုကျွန်မတို့ အသုံးချချင်ပါတယ် “သမ္မတ ဦးသိန်းစိန်ကို ဖိတ်တာ မှန်တယ်လို့ ကျွန်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ အတိတ်ရဲ့အချုပ်အနှောင်ကို မခံလိုတဲ့အတွက်ကြောင့်ပါ။ နောက်ပြီး ပိုပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်ကို တည်ထောင်လိုတဲ့အတွက် အတိတ်ကိုကျွန်မတို့ အသုံးချချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ဧပြီလက ၀န်ကြီးချုပ် မြန်မာနိုင်ငံမှာ ရှိတုန်းက သူတို့တွေ စတင် ဆွေးနွေးခဲ့တာတွေကို ဆက်လက် ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် လာမယ့်လတွေမှာ ယူကေကို လာလည် ဖို့ ရှိပါတယ်”ဟု ၀န်ကြီးချုပ် ဒေး ဗစ်ကင်မရွန်၏ ပြောရေးဆိုခွင့်ရှိသူ က ဇွန်လ ၂၁ ရက်နေ့ အစောပိုင်း က ပြောကြားခဲ့သည်။
“ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တစ်ခုပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အကောင်အထည်ဖော် နေတာရှိပါတယ်။ ဒီလုပ်ငန်းစဉ် အောင်မြင်တာကို ဗြိတိန်အပါအ၀င် မိတ်ဆွေနိုင်ငံတွေက မြင်တွေ့လိုပါတယ်။ ဒီလုပ်ငန်းစဉ် အောင်မြင်ဖို့ အတွက် ကျွန်တော်တို့အနေနဲ့ အတိတ်ကာလက ဘယ်လိုပဲ သဘော ထားခဲ့သည်ဖြစ်စေ မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်”ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တစ်ရက်ကြာခရီး လာရောက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေ ပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့် ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြောကြားခဲ့သည်။
  news-eleven.com

မော်လမြိုင်သူ သိန်းလဲ့နွယ်(သို့) ယူအက်စ်ရောက်ပြီး လဲ့လဲ့နွယ်သိန်း(သို့)ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုစိတ် နဲ့ အကောက်ကြံ သူ

by Thein Win on Sunday, June 24, 2012 at 4:09am ·
ထောက်လှမ်းရေးခေတ် ...

တပ်မမှူး အမိန့် နဲ့ မြ၀တီ ကနေ ကောာ့ကရိတ် ဆင်းလာတဲ့ ကားကို ညီနောင် ဂိတ် မှာ ထောက်လှမ်းရေး အရာခံဗိုလ် အမိန့်နဲ့ ပြန်လှည့်ခိုင်းတဲ့ ခေတ် ..၊ ထောက်လှမ်းရေး တွေ သြဇာ အရှိန်အ၀ါ အကြီးဆုံး ခေတ် ..
မြ၀တီ နယ်စပ်ကုန်သွယ်ရေး ..အကျိုးအမြတ် ကောင်းတဲ့ ခေတ် (ကား ၂ ခါ ဆင်း ရင် ၁ စီး ပြန်ဝယ် လို့ရတဲ့ခေတ်)..
အဲဒီခေတ်မှာ ဒုတ်ပြီး ၊ ဒါးပြီး ၊ကျည်ပြီး ၊ အဘ တွေကို ပြီး လည်း ...ထောက် ကို မပြီးဘူး ...
Proxy အကျော် ကောင်း တဲ့ လူတွေလည်း ...ထောက် ကို ကျော် လို့ မရဘူး ..
ဒါပေမဲ့ ..ထောက် ကို ကျော်လို့ ရ တဲ့ စီးပွါးရေး သမား တစ်ဖွဲ့ ပေါ်လာတယ် ၊ သူတို့ဟာ ..သိုင်း လောက သားတွေ လိုဘဲ သို သို သိပ်သိပ် နဲ့လှုပ်ရှား ကြလို့ နယ်မြေခံ တွေ သိပ်မသိ ကြဘူး ။ တပည့် လက်သားတွေလောက်ဘဲ ရှေ့ ထွက်ပြီး ဂိုဏ်းချုပ် ဆရာမကြီး ကတော့ နောက်ကွယ် ကနေ ဘဲ ကြိုးကိုင် ခဲ့ တယ်.....အဲဒါ ထောက်လှမ်းရေး ခေတ် ...

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့ ဦးအောင်ဆန်းဦးကို စည်းရုံး နိုင်ခဲ့တဲ့ ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်း တစ်ယောက် ရရှိမဲ့ အကျိုး အမြတ်တွေ ကို တွေးပြီး .. လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် ပြီး လေထဲမြောက် အောင်ပွဲ ခံ ခဲ့ တယ်.. အဲဒါလည်း ထောက်လှမ်းရေး ခေတ်ပါဘဲ .....


၂၀၀၁ ခု အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၏ လက်မှတ်ဖြင့် ဒေါ်အောင် ဆန်းစုကြည်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားစွဲဆိုကြောင်း လက်မှတ်ရေးထိုး ပေးရန် စာတစောင် ၀ါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းထံ ရောက်လာသည်ဟု ဗိုလ်မှူးအောင်လင်းထွဋ်စာမှာ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်တွင် မောင်နှမကြား ပြဿနာတခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏စိတ် မရွှင်လန်းစေသည့်အပြင် ပြည်တွင်းနှင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုးမြင်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံစည်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦး၏ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာ စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်၏ မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်း သွင်းစေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဲဒါလည်း ထောက်လှမ်းရေး ခေတ်ပါဘဲ....

------------------------------------------------------------------------------------------


ပြသနာအရင်းခံက



ဒေါ်အောင်ဆန်းစုကြည်က...သူ့ အကိုလူရိုးကြီးကို သူ့ဇနီးမ..လဲ့လဲ့နွယ်သိန်း ( နစ်လင်ကွာမ ယောက်ကျားပေါင်းများ စွာနဲ့ ...တွဲခဲ့တဲ့ဇရှိတာကြောင့် )...စ ကပ်ကထဲက...မကျေနပ်လို့သဘော မတူလို့ ကန့်ကွက်နေခဲ့ရာက စတာပါ။ ပိုဆိုး တာက လဲ့လဲ့နွယ်သိန်းဟာ စမူဆာ-အောင်ကီးရဲ့  ပါတီက..ဦးနန်းနွယ် (မ.ဆ.လ ဟောင်းပါ ) ရဲ့သမိးဖြစ်နေ တော့....တစ်ဘက်အပြန်အလှန် နိင်ငံရေး အစာမကျေနိုင်ကြသူတွေ ဖြစ်နေတာကအရင်းခံပါ ။
ကျနော်တင်ထားတဲ့ဝက်ဆိုဒ် ( htt://billy-mackezie.freehoastia.com/) ထဲမှာကျနော် ရေးထားတာရှိပါတယ် ... ၉၀-ခုနစ်ရွေးကောက်ပွဲ အပြီးမှာ....ခင်ညွန့် ကို NLD ကို အာဏာမပေးရအောင်.....အခြေခံဥပဒေမရှိဘဲ အာဏာလွဲလို့ မရဘူး....အခြေခံဥပဒေ အရင်ဆွဲရမယ်လို့ အကြံသွားပေးသူ နိင်ငံရေးသမားကြီးနစ်ဦးရှိတယ်လို့ ကျနော်ရေးထားပြီး ...သက်သေမခိုင်မာလို့ နံမည်မဖေါ်ပြတာ....တဦးက...ဒီဦးနန်းနွယ်ပါ ။ ( ကျနော်တို့ကသူ့ကို နံမည်ပြောင်းပေးထား ပါတယ် ..( နန်းနွယ် ကနေ နံနွယ် ) နောက်တဦးကတော့ တခြားပါတီတခုရဲ့  နာယကကြီးပါ။ ဒီလောက်ဆို.. ကျောင်း တော်က နိင်ငံရေး..ရန်စသိလောက်ပါပြီ။

အောင်ဆန်းဦးဟာ...သူအနေနဲ့ ဒီအိမ်အမွေပိုင်ဆိုင်မှုမှာ လက်ရှိနိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအရ သူမှာတောင်းဆိုပိုင် ခွင့်တောင်မရှိဘူးဆိုတာ သူကောင်းကောင်းသိပါတယ် ။ န အ ဖ အယုတ်တမာကောင်ကြီးတွေလဲ ကောင်းကောင်းသိ ပါတယ် ။ သူ့ရှေ့နေ ဟန်တိုး ( နံတိုး --လူနံကြီး..သူကိုယ်နံ့က တော်တော်ကို ဆိုးဆိုးဝါးဝါး နံတာပါ )..လဲကောင်း ကောင်းသိပါတယ် ။ ရှေ့နေခရလို့ရယ်.. အောင်တိုး ( တရားသူကြီးချုပ်..ဟောင်ခိုး ...ချထားပေးလို့  ) လိုက်ပေး နေတာပါ။

လဲ့လဲ့နွယ်သိန်း အဖေ နံနွယ်က ဒီအမှုအကွက်ဆင်တိုင်း န အ ဖ နဲ့ ပလူးရပြီး ကန်ထရိုက်တွေ ရနေတာကမြတ်.. အကြိုက်ဆိုက်နေတာပါ ။ ဒါကြောင့် န အ ဖ ကလဲ...အာဇာနည်နေ့မှာ အောင်ဆန်းဦး၏ ယောက်ခမ နံနွယ်ကို လွမ်းသူ့ ပန်းခွေ အချခိုင်းပြီး..ဒေါ်အောင်အောင်ဆန်းစုကြည် အသဲကို..မထိတထိ အပ်နဲ့ဆွပေးနေတာပါ။ ဒီအမှုကိုရှေ့နေ နံတိုး က လိုက်ပေးတယ် ။ နံနွယ်က နံတိုးနဲ့  ပုလင်းထောင်ဆွေးနွေးတယ် ။ ( နံ နစ် နံ ) နံတိုးကလဲ ( အတွင်းစိတ်တော့ မသိ ပင်ရင်းစိတ်ကတော့ သာပေါင်းညာစား .....ဆရာစံလမ်း..နဲ့ တက္ကသိုလ်ရိပ်သာလမ်း ဒေါင့်မှာနေပါတယ် ) ဒေါ် အောင်ဆန်းစုကြည်ကို သူ့နဲ့တွေ့ရင်...မကောင်းဝေဖန်တယ်။ နိင်ငံရေးသမားတွေနဲ့တွေ့ရင်..အကောင်းဝေဖန်ပါတယ်။
တဆက်ထဲ ကိုယ်ရည်းသွေး နေတာမဟုတ်ပါ ။ ကျနော်ဟာ သာမာန်နိင်ငံရေးလုပ်သူပါ ။ ဒါပေမဲ့ ကျနော့်မိသားစုပိုင် အိမ်ခြံမြေ ( မုံရွာမြို့ ) ရှိခြံမြေကို..န.အ.ဖ. မှ ၂၀၀၈ ခုနစ်အကုန်က...ကျ နော့်နံမည်ပါနေသဖြင့် ပြည်သူပိုင်သိမ်းမည် အထိ အကျပ်ကိုင်လာပါသဖြင့် မိသားစုတွေ စိတ်ဒုက္ခ ရောက်ရပါသေးသည်။ ( မိခင်လဲ အသက်ထင်ရှားရှိနေပါသေး လျှက် ) ( တကယ်တော့ ကျနော့် နင့် ညီဖြစ်သူ ( ဒေါက်တာ ဂျိုးဇက်..).တို့ နိင်ငံရေးအမှုဖြင့်ထောင်ကျနေစဉ်က တည်းက ကျနော်တို့ နစ်ဦးကို..ထောင်ထဲမှာရှိစဉ်းကထည်းက..အိမ်အမွေ ပိုင်ဆိုင်မှု စွန့်လွတ်ပါကြောင်း လက်မှတ်ထိုး ပြီး လျှောက်ထားပြီးသားဖြစ်ပါသည်။ ( အောင်ဆန်းဦးကျမှ ..ပိုင်ဆိုင်ခွင့်ပေးနေတာ...ရီစရာကြီး)

ညီမောင်မှာ.....ယခု ချောင်းဦးမြို့ တွင်နေထိုင်ပါသည် ။ တိုက်နစ်လုံး ပိုင်ဆိုင်ပြီး..ကားနင့်ဆိုင်ကယ်တွေ ပိုင်ဆိုင်သော် လဲ....၅-သိန်းသာသွင်းရသည့်...ဆင့်ပွားတယ်လီဖုံး..ယခုချိန်အထိ တတ်ဆင်ခွင့်မရရှာပါ။ သူ့ သမီးနစ်ယောက်နံမည် ဖြင့်ပင်လျှောက်လို့ မရပါ။
လောလောဆယ်တော့ ဒီလိုအမှုဆင်တိုင်း လဲ့လဲ့နွယ်သိန်း..အဖေ နံနွယ် အမြတ်ထွက်လေဆို တော့.....နံနွယ်အတွက် ...၉၀-ခုနစ်ရွေးကောက်ပွဲမှာ..သောက်သောက်လဲ စောက်ရှက်ကွဲခဲ့ရတာတွေကို ဂလဲ့စားလဲချေရာလဲရောက်တယ် စီးပွားရေးအမြတ်လဲ ရသေးတယ်ဆိုတော့...တချက် ခုတ်..၃-ချက်မက ပြတ်နေတာလေ။ ( ၉၀-ခုနစ်ရွေးကောက်ပွဲ မှာ...ဦးအောင်ကြီးဟာ ရွှဘိုမြို့ ( ကျနော်ချက်မြုတ်ဇာတိ ) ..မှာဝင်ပြိုင်တာ ....မဲပေးနိင်သူ..၆-သောင်းကျော်ရှိတာ မှာ....၃၀၀၀-လောက် ဘဲရပြီး..... မဲရေတွက်တာ..မပြီးသေးခင်..နံနက်မိုးမလင်းခင်ကထဲက..သောက်ရှက်ကွဲပြီး..မျက် ရေကျပြီး ပြေးခဲ့ရတာပါ။ ဒီအာဂါတတွေအတွက် လက်စားချေနေတာလဲ ပါပါတယ် ။

( ၉၂-လောက်တုံးက..ယခု ပုလဲ ကွန်ဒို နေရာမှာ အောင်ကြီးနဲ့  နံနွယ်တို့အတွက် ဟော်တယ် ဆောက်လုပ်ခွင့် ကန်ထ ရိုက်ချပေးလို့ ...ဟော်တယ်ကြေငြာ ဆိုင်းဘုတ်ကြီးနစ်ခု ပြူးနေအောင်ထောင်ထားတာ မှတ်မိလောက်ကြပါဦးမည် )။ မလေးရှားကုမ္မဏီ တခုနဲ့နံနွယ်တို့ကိုချပေးထား တာပါ ။ န.အ.ဖ. က ၉၀-ရွေးကောက်ပွဲ အပြီး..၁-၉၀ အမိန့်ထုတ်ဘို့ အကြံပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တာပါ။ နောက်တော့ မလေးကုမ္မဏီကအင်ကြီးဖြစ်နေလို့အောင်ကြီးတို့အင်ထိပြီး ... ကွဲသွားပါတယ်။

ဒီလောက်ဆို အောင်ဆန်းဦးတို့က...မြန်မာ့ဒီမိုကရေစီအရေးကို အပိုင်သတ်ခဲ့တဲ့မိသားစု ထဲရောက်နေတာမြင်လောက် ကြပါပြီ ။ မြန်မာ့ဒီမိုကရေစီရဲ့....ရန်သူ နံပတ်တစ် မိသားစုဆိုတာ သိလောက်ပါပြီ ။
ဗိုလ်ချုပ်ရဲ့  ဇူလိုင်- ၁၃ ရက်- နောက်ဆုံးမိန်ခွန်းမှာပြောခဲ့တဲ့..... ( ပြီးခဲ့တဲ့အစိုးရထဲမှာ လတ်စားတဲ့သူတွေ ရှိတယ် ( ကိုယ်ကျိုးရှာတဲ့သူ..တကိုယ်ကောင်းသမားတွေ ) ယခု ဒီလတ်စားတဲ့သူတွေကို အာဏာပြန်ရ အောင် လုပ်နေတဲ့သူတွေဟာ သဘောရိုးနဲ့လုပ်သည်ဖြစ်.....မရိုးမသား လုပ်သည်ဖြစ်စေ...တိုင်းပြည်ရဲ့ ရန်သူနံပါတ်တစ်ဖြစ်တယ် .....ဒီလူတွေကို မဲထဲ့ခဲ့ရင်..ခင်ဗျားတို့ကိုယ်လည်ပင်းကို ကိုယ်ပြန်ကြိုးကွင်းစွပ် တာဘဖြစ်တယ်။ လို့မိန့်ကြားခဲ့ပါတယ်။
ဒီတော့ စစ်ဗိုလ်ချုပ်တွေ..အာဏာသက်ဆိုးရှည်အောင်လုပ်ခဲ့တဲ့ နံနွယ်နဲ့ မိသားစုဟာ.( အောင်ဆန်းဥးအပါ အ၀င်.)...တိုင်းပြည်ရဲ့ရန်သူ နံပါတ်တစ်ဆိုတာ ထင်ရှားလောက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဒုက္ခ ပေးရုံမဟုတ်ပါဘူး။ ပြည်သူတရပ်လုံးကို စစ်ဖိနပ်အောက်က ရုံးမထွက်နိင်အောင် အကောက်ကြံခဲ့လူတွေပါ ။

ကျနော်ထက်ပိုသိသူတွေ ရှိပါမယ် ။
အားလုံးကိုလေးစားလျှက်နင့် ဘာကြောင့်အခုမှ အသိပေးရသလဲတော့ ရန်မမူကြပါနင့် ခင်ဗျာ ။

ဒေါက်တာလှိုင်မြင့်
ဇန္နာဝါရီ ၃ ၊၂၀၁၀။
(kaowao.org)

==============================================================

ဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့  မိသားစုနဲ့  ဘ၀တစ်ခုလုံးကို စွန့် လွှတ်ထားပြီး တိုင်းပြည်နဲ့  လူမျိုးအတွက် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေချိန်မှာတော့ အောင်ဆန်းဦးဟာ မွေးဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  မွေးမိခင် ဒေါ်ခင်ကြည်တို့ ရဲ့ တို့ ရဲ့  မျက်နှာကိုမှ မထောက်၊ သွေးရင်းသားရင်းဖြစ်သူ ညီမ ဒေါ်အောင်ဆန်းစုကြည်ကိုမှ မငဲ့ညှာ၊ တိုင်းပြည်နဲ့  လူမျိုးမျက်နှာကိုမှ အလေးမမှု၊ အာဏာရူး တို့ နဲ့  ပေါင်းဖက်ပြီး အမေရိကန်နိုင်ငံကနေ မြန်မာပြည်ကို ပြန်ပြီး စီးပွားရေးလုပ်ရုံမက မြန်မာပြည်သူပြည်သားတွေ လိုလားတောင့်တနေတဲ့ လွတ်လပ်မှုနဲ့  လူ့ အခွင့်အရေးလှုပ်ရှားမှုတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေသူ ဖြစ်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးနေခဲ့တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းအကြောင်းပြောရရင် အောင်ဆန်းဦးတို့ ရဲ့  နေအိမ်ဟာ အမေရိကန်နိုင်ငံ ဆန်ဒီဂို (San Diego)၊ ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားကြတဲ့ အောင်ဆန်းဦးတို့ ဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်ပြီး အာဏာရူးနအဖတွေနဲ့  ဆက်ဆံရေး ပြုလုပ်ကြပါတယ်။ အောင်ဆန်းဦးရဲ့  မိန်းမ လဲ့လဲ့နွယ်သိန်းဟာ စာရေးဆရာမ မေတ္တာဦး အမည်ခံ ခရီးသွားဆောင်းပါးတွေ ရေးနေတဲ့သူဖြစ်ပါတယ်။ အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ဟာ နအဖအာဏာရူးတွေနဲ့  ဆက်ဆံရေးပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရေးတွေ တည်ဆောက်နေကြပါတယ်။ အာဏာရူး နအဖကလည်း အောင်ဆန်းဦး လဲ့လဲ့နွယ်သိန်းတို့ ကို အဆောက်အဦးလုပ်ပိုင်ခွင့်တွေ ပေးပြီး နိုင်ငံရေးမှာ အသုံးချတာ လုပ်နေပါတယ်။

အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင် မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင် အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။


လဲ့လဲ့နွယ်သိန်း အကြောင်းကို သိရှိသူများက ပြောပြတာကတော့ -

လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရ ပါတယ်။

သူ.မိသားစုဟာ ရန်ကုန်ကို ပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး (ဟောင်း) မှာ ဆေး ရောင်းပါတယ်။

သူ.နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။ သိန်းလဲ့နွယ်ရဲ့ အမေဟာ ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက် ရှိခဲ့ပါတယ်။

သူ.ရဲ့ မြင့်မားခြင်တဲ့စိတ် လူထဲဝင်ခြင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းကို အထင်ကြီးတဲ့ သိန်းလဲ့နွယ်ဟာ တက္ကသိုလ်မှာ demonstrator လုပ်ရင်း သံရုံးပါတီတွေ တက်ရောက်ခဲ့ ကျက်စားခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ၁၉၇၀ ခုနှစ်မှာ ဘွဲ.ရပြီး ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြဆရာမ လုပ်ခဲ့ပါတယ်။ သုခမြိုင်မှာနေပြီး ညဘက် နိုင်ငံခြားသားတွေနဲ့ ပါတီသွားရင် ပြည်လမ်းက သူငယ်ချင်းအိမ်မှ တဆင့်သွားခဲ့ပါတယ်။ ဒီလို ပါတီတက် အရက်သောက်ရင်း ဂျာမန်အမျိုးသားတစ်ဦးနဲ့ ၄ နှစ်ခန့်  ပေါင်းဘက်နေထိုင်ခဲ့ပါတယ်။

ပါတီဂျပိုး သိန်းလဲ့နွယ်ဟာ ဂျာမန် လူမျိုးတစ်ယောက်နှဲ့  ချစ်ကျွမ်းဝင်ပြီး နှစ်ပေါင်းအတန်ကြာ တွဲခဲ့ပြီး အတူနေခဲ့တော့မလောက် ရင်းနှီးခဲ့ပါတယ်။

ဂျာမန်လေး ပြည်တော်ပြန်ချိန်မှာ လိုက်သွားဖို. ကြိုးစားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အသဲအသန် ခွဲစိတ်ဆေးကုသခံနေခဲ့ရတာမို. လိုက်သွားခွင့်ကို မိခင်က မပေးလို. လိုက်မသွားရဘဲ ကျန်ခဲ့ပါတယ်။ ဖခင်နေကောင်းလာပြီးတော့မှ ရန်ကုန်မှာနေတဲ့ အမေရိကန် အသက်ကြီး အဖိုးကြီးတစ်ယောက်၏ ဇနီးအဖြစ်ဖြင့် ယူအက်စ်ကို လိုက်ပါသွားခဲ့ပါတယ်။

ယူအက်စ်ရောက်ပြီး မကြာခင်မှာဘဲ အဖိုးကြီးကို ပစ်ခဲ့လို. အမေရိကန်အဖိုးကြီးဟာ ရန်ကုန်က သူ့အိမ်နီးခြင်း ဆရာဝန်မကြီးတစ်ဦးကို မျက်ရည်စက်လက်နဲ့  ပြောပြခဲ့တာ မြင်တွေ.ဘူးပါတယ်။

နောက်တော့ အောင်ဆန်းဦးနဲ့ အိမ်ထောင်ကျပြီး သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီး လဲ့လဲ့နွယ်သိန်းအဖြစ်ဖြင့်၎င်း ဗိုလ်ချုပ်အောင်ဆန်း ချွေးမအဖြစ်၎င်း အလွန်လှပစွာ ၀တ်စားဆင်ယင်၍ အာဇာနည်နေ့ အခမ်းအနားများတွင် အောင်ဆန်းဦးနှင့်အတူ သတင်းစာမျက်နှာဖုံးတွင် ပေါ်ထွက်လာခဲ့ပါတော့တယ်။

လဲ့လဲ့နွယ်သိန်းဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်စဉ်မှာ အကြားအမြင်ဗေဒင်ဆရာတစ်ဦးဆီကို သွားရောက်ပြီး “သူမရဲ့ ယောင်္ကျား အောင်ဆန်းဦးအနေနဲ့  မြန်မာပြည်ရဲ့  ၀န်ကြီးချူပ် ဖြစ်ဖို့  ရှိပါသလား” လို့  မေးမြန်းခဲ့ပါတယ်။ အောင်ဆန်းဦးကို ၀န်ကြီးချူပ်ဖြစ်စေလိုတာထက် လဲ့လဲ့နွယ်သိန်းဟာ မြန်မာနိုင်ငံရဲ့  ၀န်ကြီးချူပ်ကတော် သမတကတော် ဖြစ်လိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့  First Lady လိုမျိုး မြန်မာနိုင်ငံရဲ့  first lady အဖြစ် စိတ်ကူးယဉ် ရူးသွပ်နေသူဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းဟာ ဗိုလ်ချူပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မနာလိုစိတ်တွေ များပြားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ ပျက်စီးရေးအတွက် ဖျက်လို့ ဖျက်ဆီးနဲ့ ယုတ်မာသော ကလီကမာ ဥာဏ်နီဥာဏ်နက်နဲ့  လုပ်ကြံနေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပထမဦးဆုံး စတင်တာကတော့ ယောင်္ကျားဖြစ်သူ အောင်ဆန်းဦးကို အသုံးချတာဘဲ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးအပေါ် အကြပ်ကိုင် အနိုင်ယူထားတဲ့အချက်တွေကို ခုတုံးလုပ်ပြီး အောင်ဆန်းဦးကို ရုပ်သေးရုပ်တစ်ရုပ်လို ကြိုးဆွဲကစေခဲ့ပါတယ်။

လည်ပတ်လွန်းတဲ့ လဲ့လဲ့နွယ်သိန်းဟာ ဂုဏ်ပကာသနတွေ မက်မောသူဖြစ်ပြီး ကိုယ်ကျိုးအတ္တကြီးမားသူဖြစ်တဲ့အလျောက် အောင်ဆန်းဦးကို အရယူခဲ့သူ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  လဲ့လဲ့နွယ်သိန်းရဲ့  ချယ်လှယ်မှုကို မလွန်ဆန်ရဲတာရော ကျန်းမာရေးမကောင်းမွန်မှုများအရရော မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  စီစဉ်ဆောင်ရွက်မှုတွေအရ နောက်ဆုံးမှာ နအဖအဏာရူးတွေနဲ့  ဆက်ဆံပါတော့တယ်။

တစ်သက်လုံး အညတြဘ၀ဖြင့် နေခဲ့ရပြီး အလွန်မြင့်မားချင်သူ သိန်းလဲ့နွယ် (ခေါ်) လဲ့လဲ့နွယ်သိန်း ဆုတောင်း ပြည့်ခဲ့သည့်အပြင် ၄င်း၏ မောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို နအဖဗိုလ်ချုပ်ကတော်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့ ကူညီခဲ့သူ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းသည် သူ၏ မောင်နှစ်မများကို ကူညီရန် ၀န်မလေးခဲ့ပေမဲ့ အောင်ဆန်းဦးကတော့ တစ်ဦးတည်းသော နှမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိနေအိမ်မှာ မနေနိုင်အောင် အမွေကိစ္စအဖြစ် တရားစွဲဆိုခဲ့ပြီး ဒုက္ခပေးခဲ့ခြင်းမှာ ရင်နာစရာ ကောင်းပါတယ်။

အောင်ဆန်းဦးဟာ ညီမရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက်ဘဲ မိန်းမယုတ်ဖြစ်သူ လဲ့လဲ့နွယ်သိန်းရဲ့  ပြောဆိုခိုင်းစေသမျှကိုသာ နာခံပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ်ကျိုးမဘက်ဘဲ စွန့် လွှတ်အနစ်နာခံမှုပေါင်းများစွာနဲ့  ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကိုရင်းဖြစ်သူကိုယ်တိုင်က မညှာမတာ ဖျက်လို့ ဖျက်ဆီးလုပ်ရက်ခြင်းဘဲ ဖြစ်ပါတယ်။

အောင်ဆန်းဦးဟာ မွေးသဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မိန်းမယုတ်တစ်ဦးရဲ့  လိုရာကြိုးဆွဲကခံနေတာဟာ အောင်ဆန်းဦးအနေနဲ့  ရှက်ဖို့  အလွန်ကောင်းပါတယ်။ အောင်ဆန်းဦးအနေနဲ့  မည်သို့ သော အကြပ်ကိုင်မှုအရဖြစ်စေ အကြောင်းပြချက်အရဖြစ်စေ ကျန်းမာရေးအရဖြစ်စေ ဆင်ခြေပေးအကြောင်းမပြဘဲ မိမိရဲ့  အမိအဘဂုဏ်သိက္ခာ ကိုယ်ရဲ့  ဂုဏ်သိက္ခာကို ထိန်းသိန်းစောင့်ရှောက်တဲ့ အမျိုးသားကောင်းတစ်ယောက်အနေနဲ့  ခံယူခဲ့သင့်တာပါ။

အောင်ဆန်းဦးအနေနဲ့  အသက်ကြီးပြီး နောင်တရရမယ့်အစား မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  ကြိုးကိုင် ချုပ်ကိုင်မှုတွေကို မလွန်ဆန်ရဲဘဲ အောင်ဆန်းဦးအမည် အသုံးချတာကို ဆက်လက်ခံနေပြီး အဖေ ဗိုလ်ချုပ် (ဦး) အောင်ဆန်း၊ အမေ ဒေါ်ခင်ကြည်တို့ မျက်နှာကို သားရင်းဖြစ်သူကိုယ်တိုင်က အိုးမည်းသုတ် ဖျက်ဆီးပစ်နေပါတယ်။

အောင်ဆန်းဦးအနေနဲ့  အမှန်တကယ်လုပ်သင့်ခဲ့တာက တိုင်းပြည်နဲ့ လူမျိုးမျက်နှာထောက်ပြီး မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မဟုတ်မမှန်လုပ်ရပ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ရမှာပါ။ ညီမရင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကိုရင်းဖြစ်သူကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့  အကာအကွယ်ပေး စောင့်ရှောက်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ရမှာပါ။

ယခုကတော့ အောင်ဆန်းဦးဟာ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မျက်နှာတစ်မျက်နှာထဲကြည့်ပြီး မလွန်ဆန်နိုင်တာတွေ ကျန်းမာရေးမကောင်းတာတွေ အကြောင်းပြပြီး မိမိရဲ့  ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် အဖတ်ဆည်မရအောင် ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ တုန့် ပြန်မှုတွေကို ပြည်သူတွေကနေ ပေးမှာ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  အချိန်မီ ပြန်လည်အဖတ်ဆည်ချင်တယ်ဆိုရင်တော့ အောင်ဆန်းဦး ဘာလုပ်သင့်သလည်းဆိုတာ အောင်ဆန်းဦး သိမှာပါ။

ဒီလိုမှ မဟုတ်ဘဲ နအဖအာဏာရူးတွေနဲ့  ဆက်လက်ဆက်ဆံနေဦးမယ်ဆိုရင်တော့ အောင်ဆန်းဦးဟာ အမျိုးသားသစ္စာဖောက်၊ မိဘဂုဏ်ကျေးဇူးအပေါ် သစ္စာဖောက်၊ သွေးသားညီမအရင်းအပေါ် သစ္စာဖောက်သူ ဆက်လက်ဖြစ်နေမှာဖြစ်ပြီး လူသေပြီးနောက်တောင် နာမည်ပျက်နဲ့  သစ္စာဖောက် အောင်ဆန်းဦးအနေနဲ့  သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် တင်ကျန်နေမှာ ဖြစ်ပါတယ်။

ဒီလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့တစ်ဝှန်းလုံးက နိုင်ငံတကာအစိုးရများကိုယ်တိုင်ကပါ ဂုဏ်ပြုချီးကျူးထားခြင်းကို ခံရတဲ့ နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကို ဖြစ်သူ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကနေ နေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှုပြုလုပ်ခဲ့ခြင်းဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို အနှောင့်အယှက်ပေးနေတာ ဖြစ်တဲ့အတွက် အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်နေခဲ့ပါပြီ။

ထို့ အတူ အမေရိကန်နိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်လွတ်မြောက်ရေး ကြိုးပမ်းမှုကို ပံ့ပိုးအားပေးနေမှုကို အမေရိကန်နိုင်ငံသား ခံယူထားကြသူများဖြစ်တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ က ဆန့် ကျင်နေတာ ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့  အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကနေ စီးပွားရေးပိတ်ဆို့ ထားတဲ့ အာဏာရူးနအဖတွေနဲ့  ပြောင်ပြောင်တင်းတင်း စီးပွားရေး ဆက်ဆံမှုတွေ တိုက်ရိုက် သွားရောက်ပြုလုပ်နေပြီး ရရှိနေတဲ့ ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအားလုံးကို အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ဟာ အမေရိကန်နိုင်ငံမှာ ပြန်လည်သုံးစွဲနေတာ ဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အမေရိကန်နိုင်ငံဥပဒေများအရ အရေးယူသင့်နေပါပြီ။

ဒီကိစ္စကို အမေရိကန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မျိုးချစ်မြန်မာများအနေနဲ့  ဖေါ်ထုတ်တင်ပြပြီး အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ပိုင်ဆိုင်မှုတွေ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့  တရားဝင် တောင်းဆိုသင့်ပါတယ်။

မြန်မာပြည်တွင်းမှာ ရှိကြတဲ့ မြန်မာပြည်သူလူထုအနေနဲ့ လည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို ရှုတ်ချကန့် ကွက်မှုတွေ၊ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ လို အမျိုးသားသစ္စာဖောက်တွေရဲ့  ယုတ်မာတဲ့လုပ်ရပ်တွေကို တားဆီးဟန့် တားမှုတွေ ပြုလုပ်သင့်ပြီး မြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးလမ်းခရီးမှာ ခလုတ် စူးငြောင့်လို ဒုက္ခပေးနေတဲ့သူတွေကို ဒီအတိုင်း လက်ပိုက်ကြည့်ကာ ခွင့်လွတ်နေရမယ့် အချိန် မဟုတ်တော့ပါဖူး။

ဒီလို စူးငြောင့် ခလုပ်ကန်သင်းတွေကို မဖယ်ရှားဘဲ လစ်လျူရှုထားမယ်ဆိုရင် အဆိုပါ အမျိုးသားသစ္စာဖောက်များဟာ တဖြည်းဖြည်းနဲ့  ပိုမို အတင့်ရဲလာပြီး ပြည်သူလူထုရဲ့  အကျိုးကို နစ်နာထိခိုက်စေတဲ့လုပ်ရပ်များ ပိုမိုလုပ်လာရုံသာမက အာဏာရူးနအဖတွေကို ထောက်ပံ့ပေးနေတဲ့ နအဖလက်ပါးစေ အကြီးစားလက်ရုံးများဖြစ်လာပြီး သူတို့ ကိုယ်တိုင် အာဏာရှင်များသဇွယ်ဖြစ်လာတာမို့  တိုင်းပြည်ရဲ့  လူမျိုး အနာဂတ်အတွက် အထူးရင်လေးစရာ ဖြစ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖျက်ဆီးနေခြင်းဟာ မြန်မာပြည်သူလူထုရဲ့  ခေါင်းဆောင်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အနာဂတ်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့  လူထုခေါင်းဆောင်ရဲ့  ဘ၀လုံခြုံမှုကို အကာအကွယ်ပေးစောင့်ရှောက်ကြရမှာဖြစ်သလို အနှောင့်အယှက်ပြုသူတွေကို ဖယ်ရှားပစ်ရမှာ အရေးကြီးဆုံး အမျိုးသားရေးတာဝန်တစ်ရပ်လို့  ခံယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထုက ရွံ့ မုန်းနေကြတဲ့အပြင် သံဃာတော်များကလည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အာဏာရူးတွေနဲ့  ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့ က စပြီး သပိတ်မှောက် ကံဆောင်ထားပါတယ်။ သံဃာတော်များအနေနဲ့  အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ထံကနေ အလှူခံခြင်း၊ တရားဟောခြင်း စသည့် သာသနာနှင့် ပတ်သက်သော ဆက်ဆံခြင်းများ မပြုလုပ်ကြရန် ဖြစ်ပါတယ်။

ယခုနှစ် အာဇာနည်နေ့ မှာ အခမ်းအနားမှာလည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့  အာဇာနည်ဗိမာန်မှာ လွမ်းသူ့ ပန်းခွေ လာချတဲ့ ဓါတ်ပုံကို အာဏာရူးတွေရဲ့  သတင်းစာထဲမှာ ဖေါ်ပြထားတာ မြင်ရလို့  အော့နှလုံးနာမိပါတယ်။ ဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  မိခင် ဒေါ်ခင်ကြည်တို့ သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် မွေးရကျိုးမနပ် တိုင်းပြည်နဲ့ လူမျိုးအတွက် အနှောင့်အယှက်သမားတွေလို့  ပြောကြားမှာကို မြင်ယောင်မိပါတယ်။

ဖခင် ဗိုလ်ချူပ်အောင်ဆန်း မျှော်လင့်သုံးသပ်ခဲ့တဲ့ အကြီးကောင် ငဦးကတော့ ယခုနေချိန်မှာ အာဏာရူးတွေရဲ့  အသုံးတော်ခံကြီးဖြစ်နေတာ မြင်တွေ့ ရရင်တော့ ဖခင် ဗိုလ်ချူပ်အောင်ဆန်း ရင်ကျိုးပက်လက်ဖြစ်မိမှာ စိုးရိမ်မိပါရဲ့ ။ ဒါပေမယ့်လည်း ဖခင် ဗိုလ်ချူပ်အောင်ဆန်း သုံးသပ်ပြောဆိုခဲ့တဲ့ “ငါ့သမီးလေး (စု) အားလုံးထဲမှာ အလိမ္မာဆုံး ချစ်စရာ အကောင်းဆုံး ဖြစ်မှာပါဘဲ” ဆိုသလို ကျွန်တော်တို့ ရဲ့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖခင်ဗိုလ်ချူပ်အောင်ဆန်း မိခင် ဒေါ်ခင်ကြည်တို့ က ဂုဏ်ယူရမယ့် သမီးကောင်းရတနာဖြစ်ရုံမက မြန်မာပြည်သူပြည်သားတိုင်းက လေးစားချစ်မြတ်နိုးတဲ့သူတစ်ဦး ဖြစ်နေပါကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ။
(နစ်နေမန်းဘလော့ မှ)

==================================================================

"ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ"

အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။ ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမ၀ယ်ဘူးတဲ့။ ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။ ဒီလိုကားမျိုးဆို ခင်ဗျားတို့ နိုင်ငံမှာ လမ်းပေါ်တောင် ရဲက အရောက်မခံဘူး ထင်တာပ။ဲ အလုပ်ကြမ်းသမားတွေ၊ ကျောင်းသားလေး တွေတောင် အရစ်ကျ ငွေချေစနစ်နဲ့ ကားသစ်တစီး ၀ယ်နိုင်တဲ့ ခင်ဗျားနိုင်ငံမှာ ခင်ဗျားမကြိုက်တဲ့ ကားစုတ်ဆိုတာ ဘယ်လိုကားမျိုးလဲ ကျနော်တို့ မှတ်သားရအောင် ခင်ဗျားဇနီးကို နောက်ဆို ဓာတ်ပုံပါ ရိုက်ပြီး ဖော်ပြပေးဖို့ ပြောပေးပါဦးဗျာ။ အမေရိကားမှာ ကားစုတ်ပဲ ၀ယ်နိုင်တဲ့ လူတွေကို အိမ်နီးချင်း တော်ရမှာ စိုးလို့ ဒီလိုလူမျိုးတွေ ရှိတဲ့ လမ်းထဲက အိမ်ဆိုရင်တောင် ဘယ်လောက် ကောင်းကောင်း မ၀ယ်ဘူးဆိုတဲ့ ခင်ဗျားက မြန်မာပြည်က အိမ်စုတ်တလုံးကို ဘာလို့များ အမွေလုနေရတာလဲ ကိုအောင်ဆန်းဦးရေ။ ကျနော်တို့ အဘွားကြီးနေတဲ့ အဲဒီ တိုက်အိုကြီးကို ခင်ဗျား မက်မယ် မထင်ဘူး။ ခုနေ တအိမ်လုံး ခင်ဗျား ယူလိုက်ပါတော့လို့ ကာယကံရှင်က ဆင်းပေးလဲ ခင်ဗျား လာနေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်က ဗွက်ထူ ခြင်ထူတယ်ဗျ။ ဒီတိုင်းပြည်မှာ မွေးပြီး ဒီတိုင်းပြည်မှာ ကြီးသွားပေမယ့် ခုလောက်ဆို ဖုံနံ့ မခံနိုင်၊ ခြင်မြင်မခံနိုင် ခင်ဗျား ဖြစ်နေရောပေါ့။ ခင်ဗျားဇနီးကတော့ မြန်မာပြည် ပြန်လာလည်တုန်းက ပြောရှာပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ ကိုယ်လာမနေနိုင်တဲ့ အိမ်တလုံးကို အမွေလှမ်းလုနေတဲ့ကိစ္စကို။ ဒီအိမ်ကို ရရင် ဒေါ်ခင်ကြည်ပြတိုက် ဖွင့်မလို့ပါတဲ့။ ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးကတော် အသည်းအသန် ဖြစ်နေတုန်းက ခင်ဗျားတို့ လင်မယား တခေါက်ကလေးမှ လာကြည့်ဖော် မရပါလားဗျာ။ ဒေါ်ခင်ကြည်ဟာ မမာမကျန်းဘ၀နဲ့ လပေါင်းများစွာ ကြာပြီးမှ ဆုံးသွားတာပါ။ ခင်ဗျားတို့ အမေ၊ ယောက္ခမကို လာကြည့်ချင်သပဆို လာဖို့ အချိန်တွေအများကြီး ရှိပါတယ်။ ဒေါ်စုလို အနီးကပ် ပြုစုစောင့်ရှောက်ပေးဖို့လောက်ထိ မပြောသေးဘူးနော်။ ဧည့်သည်တွေ့ လာတွေ့ချင်ရင်တောင် လာတွေ့ဖို့ အချိန်တွေ အများကြီးပါ။ အလုပ်များလို့ အချိန်မရှိဘူးလို့တော့ ခင်ဗျား မပြောနဲ့လေ။ အမွေလုဖို့ အမှုဖွင့်ပြီးမှ ခင်ဗျားတို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ဆိုပြီး အတောမသတ် လာနေတာကျတော့ အချိန်တွေ ဘယ်က ပြန်ထွက်လာလဲ။ တချိန်တုန်းက အဝေးကနေ နှစ်တိုင်း ပန်းခြင်းလေး တခြင်းပဲ မသဒ္ဓါရေစာ လှမ်းပို့နေကျ ခင်ဗျားအဖေရဲ့ အာဇာနည်နေ့မှာ ခုမှ ဘာလို့ လင်မယားတွဲပြီး ပန်းခွေတွေချပြ၊ ဓာတ်ပုံအရိုက်ခံပြီး အစိုးရ သတင်းစာတွေမှာ ထည့်ကြ လုပ်နေတာလ။ဲ ဒေါ်ခင်ကြည် လရှည် မမာတုန်းက မလာခဲ့တဲ့ ခင်ဗျားတို့ လင်မယား ဒေါ်ခင်ကြည်ဆုံးပြီဆိုမှ ရောက်ချလာတယ်။ ရက်လည်တဲ့အထိပဲ နေပြီး ချက်ချင်း ပြန်သွားတယ်။ ဒေါ်ခင်ကြည် ဆုံးတာ ၈၈ ဒီဇင်ဘာလကုန်ပိုင်းကပါ။ ၈၈ အရေးအခင်းပြီးလို့ လူတွေ ထောင်ချီ သေရတာ လပိုင်းလေး ရှိသေးတယ်။ မင်္ဂလာဒုံ လေဆိပ်ကို ခင်ဗျားရောက်တော့ ခင်ဗျား ပထမဆုံး ပြန်ရှူရတဲ့ ကျနော်တို့ နိုင်ငံလေထဲမှာ သွေးညှီနံ့တွေ ပါတယ်လို့ မထင်မိဘူးလားဗျာ။ အဲဒီအချိန်က ခင်ဗျားအမေအိမ်ကမှ မသာအိမ် မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကိုယ်နှိုက်က ကိုယ့်လူမျိုးတွေ သောက်သောက်လဲ သေထားရတဲ့ မသာအိမ်ကြီးပါ။ ဒီမသာအိမ်ကြီးကို ပြန်လာပြီး မသာရှင် မြန်မာလူမျိုးတွေကို ၀မ်းနည်းစကားလေး တချက်တောင် အားပေးနှစ်သိမ့်ဖော် မရဘဲ ခင်ဗျား ချက်ချင်း ပြန်ထွက်သွားတယ်နော်။ ခင်ဗျားဟာ ကျနော်တို့အတွက် အိမ်ရှေ့မင်းသားတပါး ဖြစ်ခဲ့ပါတယ် ကိုအောင်ဆန်းဦး။ ၈၈ အရေးအခင်းဖြစ်ခါနီးမှာ ကျနော်တို့ မင်းလောင်းလို မျှော်ခဲ့ကြတာ ခင်ဗျားကိုပါ။ ဒေါ်စု မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ကျနော်တို့ကို ကျူးကျော်ခဲ့တဲ့ ကိုလိုနီလုပ်ခဲ့တဲ့ နိုင်ငံဆိုတဲ့ အငြှိုးနဲ့ အင်္ဂလိပ်ကို လက်ထပ်ထားတဲ့ ဒေါ်စုအပေါ် ကျနော်တို့ မမျှော်လင့်ခဲ့ကြဘူး။ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သားကြီးသြရဿ ခင်ဗျားဟာ ခေါင်းဆောင်ငတ်နေတဲ့ မြန်မာပြည်ကို ပြန်လာပြီး ကယ်တင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားကို ကျနော်တို့ မင်းလောင်းမျှော် မျှော်ခဲ့ကြတယ်။ ခုချိန်မှာ ခင်ဗျားတို့ ဇနီးမောင်နှံ အိပ်မက်မက်နေတဲ့ မြန်မာပြည် နိုင်ငံရေးခေါင်းဆောင် နေရာဟာ လိုချင်ခဲ့ရင် တချိန်တုန်းက ခင်ဗျားအတွက် အဆင်သင့်ပါ။ ခင်ဗျားဇနီးက ဒီအိမ်မှာ လက်ရှိနေနေတဲ့ ဒေါ်စုကို ဖယ်ပြီး ဒေါ်ခင်ကြည် ပြတိုက် ဖွင့်ချင်လို့ပါ ဆိုတာကို အလိုလိုက်ရအောင် ခင်ဗျားဇနီးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ရော၊ ဒေါ်ခင်ကြည်နဲ့ရော ဘာများ ဆိုင်လို့လဲ တဆိတ် ရှင်းပြပါလားဗျာ။ သရဖူ မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဒေါ်လဲ့လဲ့နွယ်သိန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖေဖေဗိုလ်ချုပ်လို့ သုံးသွားတာတော့ သတိထားလိုက်မိပါရဲ့။

...............................................................................................

လဲ့လဲ့နွယ်သိန်းဟာ မွန်ပြည်နယ်ရေးမြို့ဇာတိ၊ဒေါ်ထွေးမြင့်သမီးဖြစ်ပါတယ် သူတို့အမျိုးတွေရေးမှာအများကြီးရှိကြတယ် မွန်သွေးပါတယ်၊၁၉၉၀-ခုမှာ ဦးအောင်ဆန်းဦးနဲ့အမေရိကန်မှာလက်ထက်တယ် ရေးမြို့နယ်၊ဟံဂံကျေးရွာဇာတိ ဦးဥတ္တမ(ရန်ကုန်ရေကြည်ပြဿတ်ကျောင်း)အမေရိကန် လော့အင်းဂျလိမှာယာယီကျောင်းထိုင်စဉ် မင်္ဂလာဆွမ်းကပ်ခဲ့ကြတယ်၊ဒေါ်ခင်ကြည်မသေဆုံးခင်က လဲ့လဲ့နွယ်သိန်းနဲ့အောင်ဆန်းဦးကိုသဘောမတူခဲ့ဘူးလို့ကြားသိရတယ်၊၉၀-ခုရွေးကောက်ပွဲစည်းရုံးရေးကာလက ဗိုလ်ချုပ်/ဒေါ်အောင်ဆန်းစုကြည် အောင်ဆန်းဦးတို့မင်္ဂလာဆောင်ဓါတ်ပုံတွေနဲ့စည်းရုံးရေးလုပ်ခဲ့ကြတယ်(အဲဒီကာလက ဗိုလ်ချုပ်ရဲ့သားကြီးတစ်ဦးအဖြစ် အပြောင်းအလည်းကိုမျှော်လင့်တဲ့လှုပ်ရှားမှုအရ)လဲ့လဲ့နွယ်သိန်းက မော်လမြိုင်ကောလိပ်မှာ မြန်မာစာနည်းပြလုပ်ခဲ့ပြီး ရာထူးတိုးနဲ့ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်ကို ကတိကအဖြစ်ပြောင်းသွားတယ်၊မိုးနတ်သူဇာအငြိမ့် လူရွှင်တော်ပိန်ပိန်ရဲ့ဆရာမဖြစ်ခဲ့ဖူးတယ်ဆိုတာသိရတယ်၊လဲ့လဲ့နွယ်သိန်းဟာ နိုင်ငံခြားဘာသာသိပ္ပံကျောင်းတက်ရင်း အမေရိကန်သံအမတ်သမီးနဲ့သူငယ်ချင်းဖြစ်ပြီး အမေရိကန်သွားနိုင်ရေးကြိုးစားရာမှာ သံအမတ်ရဲ့ဇနီးအဖြစ်တရားဝင်လက်ထပ်ပြီးလိုက်သွားကြောင်း အမေရိကန်ရောက်တော့ ကွာရှင်းတဲ့ကိစ္စနဲ့မြန်မာသံရုံးမှာ ဦးအောင်ဆန်းဦးနဲ့ဆုံကြတယ် ဦးအောင်ဆန်းဦးက သံအမတ်ကြီးနဲ့လဲ့လဲ့နွယ်သိန်းအမှုကိုကူညီဆောင်ရွက်ပေးရင်းချစ်ကြိုက်လို့ယူလိုက်တာဖြစ်ကြောင်းသိရတယ်၊ဦးနန်းနွယ်ဟာ လဲ့လဲ့နွယ်သိန်းအဖေမဖြစ်နိုင်ဘူးလို့ထင်ပါတယ် ရေးမြို့လယ်ဘုရားကြီးနှစ်ဆူကို ဦးအောင်ဆန်းဦး လဲ့လဲ့နွယ်သိန်းတို့ဘက်စုံပြုပြင်ရေးဆိုပြီး သိန်းပေါင်းများစွာလာရောက်လူဒါန်းသွားတယ်လို့ မြို့ခံတွေပြောကြတယ် ဒေသခံစစ်တပ် အာဏာပိုင်တွေအထူးလုံခြုံရေးယူပေးတာလို့သိရတယ်။

ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့်အပေါင်းအပါများမှ ဝိုင်းရိုက်


ဘုန်းတော်ကြီးသင်ကျောင်းရန်ပုံငွေ ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့်အပေါင်းအပါများမှ ဝိုင်းရိုက်
by Burma VJ Media Network
on Monday, June 25, 2012 at 5:50am ·
By ဇာဏီ၊ ၂၀၁၂ခုနှစ် ဇွန်လ ၂၅ရက်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။

ဖယ်ရီကားမှာ ၁၄ ပေ ဒိုင်နာဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်(၃)ရှိ UIBအထည်ချုပ်စက်ရုံမှ စက်မှုအလုပ်သမားများအတွက် ကြို/ပို့ ဖယ်ရီ မောင်းနှင်ပေးနေသောကားဖြစ်ပါသည်။ အခင်းဖြစ်ပွားချိန်တွင် ကားပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် အဖော် အဖြစ် မှော်ဘီ နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတဦး လိုက်ပါလာပြီး ၎င်းတို့မှာ ပရဟိတကျောင်းမှ မွေးစားထားသူများဖြစ်ပါသည်။

အဆိုပါရိုက်နှက်ခံရမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ကျန်သူနှစ်ဦးမှာလဲ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါသည်။

" ဖယ်ရီကားက စက်ရုံအလုပ်သမားတွေကို အပြန်လိုက်ပို့တဲ့အခါမှာ အဲ့ဒီ အရက်ဆိုင်ရှေ့မှာ လူတစုနဲ့ စကားအခြေအတင်များကြပြီး ရွာသစ်ရွာဘက် အလုပ်သမားတွေကို သွားပို့ပြီးအပြန်မှာတော့ ကားလမ်းမအလယ်မှာ အုတ်နီခဲတွေ ပုံ ဝါးလုံးတန်း တားထားပြီး ကားကို တားလို့ ကားရပ်ပေးလိုက်တော့ ကားလမ်းမဘေးက လူ ၃ယောက်က ကားပေါ်တက်ရိုက်ပါတယ်။ ဆိုင်ရှင် အမျိုးသမီး ဒေါ်အေးမြင့်ကပါ ဘေးက ရပ်နေတဲ့သူကိုပါ တွန်းလွှတ်ပြီး ဝင်ရိုက်ခိုင်းပါတယ်။ ကားစပယ်ယာက သွေးအလူးလူးနဲ့ လဲကျသွားတော့မှ အဲ့ဆိုင်ရှင်အမျိုးသမီးက ဝါးလုံးတန်းကို ဖယ်ပေးပြီး မောင်းခိုင်းပါတယ်။ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတော့လဲ ဝိုင်းကြည့်နေကြပြီး ဝင်ကူညီပေးတာမျိုး မရှိပါဘူး။" ဟု အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇေယျာနန္ဒက ဖြစ်စဉ်ကို ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

ရိုက်နှက်မှုဖြစ်ပွားသည့် ညမှာပဲ ထန်းတပင်ရဲစခန်းသို့ အမှုဖွင့် အကြောင်းကြားခဲ့ပေမယ့် ဝိုင်းရိုက်ခဲ့သူ ၃ ဦးကိုသာ သာမန် ပြဿနာဖြစ်မှုနှင့် အမှုဖွင့်ပေးထားပြီး ဆိုင်ရှင် ဒေါ်အေးမြင့်နှင့် နောက်တယောက် အမည်ကို ဖုံးကွယ်ထားပါသည်။ ထန်းတပင် စခန်းမှူး၊ နယ်ထိန်းရဲနှင့် အမှုလိုက်ရဲ ဇော်မင်းဦးတို့က အမှုဖြစ်ပွားသည့်အရက်ဆိုင်မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီ၏ ညီမဖြစ်သူ ဒေါ်အေးမြင့် ရောင်းချသည့် အရက်ဆိုင်ဖြစ်သောကြောင့် အမှုကို ဖုံးဖိပေးထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြပါသည်။

"ဘုန်းဘုန်းတို့ လှိုင်သာယာနဲ့ ထန်းတပင် သွားတဲ့ ကားလမ်းပေါ်မှာ ညဘက်လုယက်မှုက တော်တော်လေး များလာပါတယ်။ ဟိုတလောကလဲ လူသတ်ပြီး ဆိုင်ကယ်လုသွားတာ ဖြစ်သေးတယ်။ ဆိုင်ကယ်ကိုတော့ ပြန်ရပြီး တရားခံ ကို အခုထိ ဖမ်းမမိသေးပါဘူး။ ဒိုင်နာသမားတွေလဲ ခဏခဏ အရိုက်ခံရတယ်။ ရိုက်တဲ့လူတွေကလဲ သိန်းရီ အမျိုးဟေ့ ဘယ်သူ့မှ ဂရုမစိုက်ဘူျးဆိုတော့ အာဏာပိုင်တွေကလဲ ဘာမှမလုပ်ပဲ ကြည့်နေသလိုဖြစ်နေတယ်။ အခု ဘုန်းဘုန်းကလေးတွေ အရိုက်နှက်ခံရတဲ့အမှုမှာလဲ အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းပေးတာမျိုးမရှိပဲ ဦးသိန်းရီရဲ့ ညီမဖြစ်တာကြောင့် ကာကွယ်ပေးနေတာမျိုးဖြစ်နေပါတယ်။ ဘုန်းဘုန်းသဘောကတော့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း သွားလာနေရပြီး တရားဥပဒေ စိုးမိုးစေချင်ပါတယ်။ တရားဥပဒေထက်မှာ မည်သူမှ မရှိစေရဆိုတာမျိုးလို့ ဖြစ်စေချင်ပါတယ်။” လို့ ဆရာတော်က ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်းသည် ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိပြီး မူလတန်းသင်ပညာရေးမှ တက္ကသိုလ်ပညာရေးအထိ ထောက်ပံ့ပေးနေသည့် ကျောင်းတကျောင်းဖြစ်ပါသည်။

ကိုမင်းကိုနိုင် လယ်သမားတွေနဲ့တွေ့ဆုံ

Burma VJ Media Network
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှာရှိတဲ့ ကွင်းအမှတ် (၁၁၂၆-ခ)က လယ်ယာ မြေတွေကို ပင်လယ်ကိုးသွယ်ကုမ္မဏီနဲ့ အာဏာပိုင်တွေပူးပေါင်းပြီး သိမ်းယူခဲ့တာကြောင့် ဒေသခံလယ်သမား တွေမှာ အခက်တွေ့နေကြတယ်ဆိုလို့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင် ဦးဆောင်တဲ့ NLD အဖွဲ့ဝင်တွေ နဲ့ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် လူဦးရေ ၅၀ လောက်က ဒေသခံလယ်သမား တွေကို ဇွန်လ ၂၂ ရက်နေ့က သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ ကိုမင်းကိုနိုင်က ဒီလယ်မြေပြဿနာကို အမှန်တရားအတိုင်းထုတ်ဖော်ပေးမယ်ဆိုတာကို ဒေသခံလယ်သမားတွေကို ပြောဆိုသွားခဲ့သလို ရှေ့နေကိုဖိုးဖြူကလည်း လယ်ယာမြေဥပဒေတွေနဲ့ ပတ်သက်လို့ ရှင်းပြပြောဆိုသွားခဲ့ပါတယ်။

သဲချောင်း ဒုက္ခသည်စခန်း (ဘင်္ဂလီ)



Thurein Hlaing Win's photo

ရွာကြီးမြောက် ဒုက္ခသည်စခန်း၊ စစ်တွေမြို့ (ရခိုင်တိုင်းရင်းသားများ)

မြန်မာပြည်က အလုပ်သမားထုအတွက် အဆိုတော်သားစိုးရဲ့ ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု

RFA Burmese

နိုင်ငံကျော် အဆိုတော် သားစိုး စီစဉ်တဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ အတွက် အလုပ်အကိုင်ရှာဖွေတာနဲ့ပတ်သက်လို့ ရာသက်ပန် အခမဲ့ဝန်ဆောင်မှု အင်တာနက်ဝက်ဘက်ဆိုဒ် မိတ်ဆက်ပွဲအခမ်းအနားကို မနေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ဒီကနေ့ အလုပ်အေဂျင်စီတွေကနေ အလုပ်အကိုင်ရှာဖွေရေးနဲ့ ပတ်သက်လို့ အခကြေးငွေမတရားယူနေတာတွေကြောင့် အလုပ်သမားတွေ နစ်နာ ဆုံးရှုံးမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အင်တာနက် ၀က်ဘ်ဆိုဒ် ၀န်ဆောင်မှုကို ဆောင်ရွက်ပေးတာဖြစ်တယ်လို့ အဆိုတော် သားစိုးက RFA ကိုပြောပါတယ်။
"အလုပ်သမားတွေအတွက် အခမဲ့ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဖွင့်လိုက်တာပါ။ ၀က်ဘ်ဆိုဒ်ကို ပေါ့နော်။ အလုပ်သမားတွေကို ရာသက်ပန် အခမဲ့ လုပ်ပေးပါတယ်။ ပြီးတော့ အလုပ်ရှင်တွေကို တနှစ် free ပေးထားပါတယ်။ ဒီ မြန်မာနိုင်ငံမှာက အလုပ်သမားတွေက အလုပ်အေဂျင်စီတွေကို သွားရင် ၀န်ဆောင်ခကို တောင်းတယ်။ ဒါ့အပြင် ပထမဆုံးရတဲ့ လစာရဲ့ တ၀က်အထိကို လိုက်တောင်းတယ်။ တချို့ဆိုရင် တစ်လစာ ကို ယူတယ်။ အဲဒီလို မတရားမှုတွေ ဖြစ်နေတဲ့အတွကကြောင်း ကျနော်က free ၀က်ဘ်ဆဒ်နဲ့ တင်ပေးလိုက်တာပါ။ အဲဒီကတော့ ဒီအလုပ်သမားထုပေါ့နော်။ အေးအေးဆေးဆေး ကိုယ်ကြိုက်တဲ့အလုပ်ကို ရွေးလို့ ရမယ်။ အလုပ်ရှင်တွေအကြောင်းကိုလည်း အလုပ်ရှင်က အလုပ်သမားတွေကို ခေါ်တဲ့အခါမှာ သူတို့ background သူတို့ ပေးနိုင်မယ့်လစာ၊ အလုပ်ချိန်စသဖြင့် တရားဝင် ပွင့်ပွင့်လင်းလင်း ရေးပြီး ခေါ်လို့ ရအောင် ကျနော်လုပ်သွားမှာပါ။ ဒီကိစ္စကိုလည်း အလုပ်သမား ၀န်ကြီးဌာနကို တရားဝင် မှတ်ပုံတင်ပြီး လုပ်ပေးမှာပါ။"
www.myanmarbestjob.com အမည်နဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် ဖွင့်လှစ်ထားပြီး ဖေဖေါ်ဝါရီလကတည်းက စတင်ဆောင်ရွက်နေပေမယ့် အခုမှ တရားဝင်ဖြစ်အောင် ကြေညာလိုက်တာလို့ ကိုသားစိုးက ဆိုပါတယ်။
ဒါ့အပြင် နာမည်ကျော် အနုပညာရှင်အများစု ပါဝင်တဲ့ မြန်မာချစ်သူအဖွဲ့ ကနေ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် မနေ့ကစတင်ပြီး အလှုငွေတွေကို ကိုယ်တိုင်လည်း ထည့်ဝင်ကြသလို လှူဖွယ်ပစ္စည်းတွေ ကိုလည်းလက်ခံနေပြီး မကြာခင် ရခိုင်ပြည်နယ်ကို သွားရောက်လှူဒါန်း မှာဖြစ်တယ်လို့ ကိုသားစိုးကပြောသွားပါတယ်။

မှုခင်းကင်းမဲ့ဇုန်

Good-Clean Nyo Gyi
စစ်တွေမြို့နယ်တွင် မှုခင်းကင်းမဲ့ရမည်... တဲ့။

ကယ်ဆယ်ရေးစခန်းအချို့တွင် လူနှစ်ထောင်ကျော် ကျန်ရှိနေဆြဲ

>မောင်တောမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသူများကို ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သော်လည်း ကယ်ဆယ်ရေးစခန်းအချို့တွင် လူနှစ်ထောင်ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရ



Monday, 25 June 2012 02:35

မောင်တောမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်းရှိ ဒေသခံများအား ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်

မောင်တောမြို့နယ် ကယ်ဆယ်ရေးစခန်းများမှ ခိုလှုံသူတချို့ကို နေရပ်သို့ ပြန်လည် နေရာချထားပေးနေပြီဖြစ်သော်လည်း လက်ရှိတွင် ကယ်ဆယ်ရေးခန်းများတွင် လူနှစ်ထောင်ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရာချထားသူများမှာ မီးရှို့မခံရသည့်ရွာမှ လူများကို ပထမဦးစားပေး ပို့ဆောင်ခဲ့ခြင်းပြီး အဆိုပါကျေးရွာများမှာ ကံသာယာ၊ရွာသာ ယာ၊ ငွေတောင်၊ သာယာကုန်း၊ မကျည်းကုန်း၊ သစ်တောရွာ၊ ဝေသာလီ၊ ကိုင်းကြီး (နတလ)ကျေးရွာတို့ဖြစ်ကြောင်းလည်း သိရသည်။
ရွာကို မီးရှို့ခံရပြီး ထွက်ပြေးလာသူများကိုလည်း ကျန်ခဲ့သည့် ကျွဲ၊ နွားများကို ပြန်လည်ရှာဖွေ သိမ်းဆည်းရေးနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်မည့်သူများကို နေရပ်သို့ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ကာ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ရွာမီးရှို့ခံရသည့်သူများကို ပြန်လည်ပို့ဆောင်ရာတွင် အိမ်ထောင်စုလိုက်မဟုတ်ပဲ အိမ်ထောင်ဦးစီး အမျိုးသားများကိုသာ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
သရေကုန်းဘောင်ကျေးရွာသို့ ကျေးရွာသားအမျိုးသား ၂၇ ဦးနှင့် ကိုင်းကြီးကျေးရွာသို့ အမျိုးသား ၁၁ ဦးကို လယ်ယာသုံးပစ္စည်းများဖြစ်သော ပေါက်ပြားတစ်လက်၊ ”ဓါး တစ်လက်၊ မိုးကာ၊ အိုးခွက်ပန်းကန်နှင့် စားနပ်ရိကာများအပြင် ငွေသုံးသောင်း ကျပ် ထောက်ပံ့ပေးပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
''ကျွန်တော်တို့ရွာက တစ်ရွာလုံး မီးရှို့ခံရတော့ ပြန်ရင်ဘယ်မှာနေမှာလဲ၊ အခုပြန်ပို့တဲ့သူတွေက ရွာမှာ ကျန်ခဲ့တဲ့နွားတွေကို ပြန်ရှာဖို့နဲ့ လယ်လုပ်ဖို့ ပြန်လိုသူတွေကို ပို့တာပါ။ အများစုက ကယ်ဆယ်ရေးစခန်းတွေမှာပဲ ရှိနေပါသေးတယ်''ဟု သရေကုန်း ဘောင်ကျေးရွာသားတစ်ဦးက ပြောသည်။
ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသူများထဲမှ ရွာဖျက်မခံရသည့်သူများကို ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိတွင် ကယ်ဆယ်ရေးခန်းများတွင် လူနှစ်ထောင်ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ပေါ်နှင့် လေးမိုင်ရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်း ခုနစ်ခုရှိနေပြီး စုစုပေါင်း ၂၂၆၉ ဦး ကျန်ရှိသေးကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးစခန်းများတွင် ကျန်ရှိနေသူများမှာ တစ်ရွာလုံး မီးရှို့ခံရပြီး ရွာကိုစွန့်ခွာလာသူများဖြစ်ကြောင်း၊ ၎င်းတို့ကို ကျေးရွာများရှိ နေအိမ်များကို ဆောက်လုပ်ပြီးချိန်မှ ပြန်လည် နေရာချထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းများဖြစ်သည့် လေးမိုင် ကယ်ဆယ်ရေးစခန်းတွင် ၁၁၀၀ ဦး၊ လ၀က၀င်းအတွင်းတွင် ၂၆ ဦး၊ သစ်တောရိပ်သာတွင် ၂၃ ဦး၊ ဗဟိုကျောင်းတွင် ၃၅၂ ဦး၊ အလိုတော်ပြည့် ပရဟိတတွင် ၁၁၆ ဦး၊ အ.မ.က (၁)တွင်၇၄ ဦး၊အ.မ.က (၃) တွင်၂၀၃ ဦးတို့ဖြစ်ကြောင်း လ၀ကမှ ကောက်ယူသော စာရင်းများအရ သိရသည်။
ယင်းအပြင် မောင်တောမြို့နယ်တောင်ပိုင်း ကယ်ဆယ်ရေးစခန်းများဖြစ်သော မြင်းလွတ်တွင် ၂၀၀ ဦး၊ အင်းဒင်တွင် ၃၀၀ ဦး၊ ကျောက်ပန်းတူတွင် ၂၂၅ ဦးတို့ရှိနေကြောင်း သိရသည်။
ဘူးသီးတောင်မြို့ပေါ် ကယ်ဆယ်ရေးစခန်းများမှ လူများကိုလည်း ပြန်လည် နေရာချထားပေးလျက်ရှိရာ လက်ရှိတွင် အလက(၁)ကျောင်းတွင် လူဦးရေ ၅၈ ဦး ကျန်ရှိနေသေးကြောင်းနှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် စည်တောင်တွင် ၄၀၀ ဦး၊နွားရုံတောင်တွင် ၁၆၈ ဦးနှင့် ဖရုံချောင်းကျေးရွာတွင် ၄၀ ဦးကျော်တို့ကို စားနပ်ရိက္ခာများ ထောက်ပံ့နေရကြောင်း ကူညီမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
http://news-eleven.com

ဘင်္ဂလားဒေ့ရှ်အစိုးရက ရခိုင် အများစုနေတဲ့ ရွာတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပုံမှန်ထက် သုံးဆခန့်ပိုမိုတိုးမြှင့်


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခပြဿနာများ ဖြစ်ပေါ်နေသည့် ကာလမှ စတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံနယ်စပ်ရှိ ရခိုင်ကျေးရွာများအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ လုံခြုံရေးတပ်ဖွဲ့ဝင် များစေလွှတ် ၍ ကျေးရွာလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနစ်မြို့၊ မြစ်နားရွာမှ မ၀င်းဝင်းအေးက ပြောသည်။ "ဖြစ်စဉ်ဖြစ်တဲ့နေ့က စပြီးတော့ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်အဖွဲ့တွေက ကျွန်မတို့ ရခိုင် အများစုနေတဲ့ ရွာတွေကို လုံခြုံရေးအတွက် လာပြီးစောင့်ရှောက်ပေးနေပါတယ်"ဟု သူမကပြော သည်။ ဖြစ်စဉ်ဖြစ်ပွားသည့် နေ့များမှစတင်၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပုံမှန်ထက် သုံးဆခန့်ပိုမိုတိုးမြှင့် တာဝန်ချထားပေးကြောင်း တက္ကနစ်မြို့မှ ရခိုင်အမျိုးသား ကိုနိုင်နိုင်က ပြောသည်။ "ရခိုင်ဖက်မှာ ဖြစ်စဉ်တွေဖြစ်နေပေမယ့် ကျွန်တော်တို့ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကျွန်တော်တို့ရွာတွေအတွက် လုံခြုံရေးချပေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာတွေက ကျွန်တော်တို့ရွာတွေကို မီးဝင်ရှို့ပြီး ဒုက္ခပေးမယ်လို့ ကြားနေရတဲ့ အတွက် လုံခြုံရေးချထားပေးတာလို့ ပြောတယ်" ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် တက္ကနစ်မြို့အကြားတွင် နေထိုင်သော ရခိုင်အမျိုးသား ကိုစိုးလင်းထွန်းက တယ်လီဖုန်းဖြင့် ပြောသည်။

(သတင်း- ဥက္ကာကိုကို၊ ဖိုးသီဟ)

အကြမ်းဖက်သမား ဘင်္ဂလီများရန်ကြောင့် ရသေ့တောင်မြို့သို့ ပြေးလာသူများ

Zaw Lwin Win

ဂူတောင်ရွာအရေးအခင်းတွင် တစ်ဖက်နိုင်ငံမှ အကူအညီပေးသူများနှင့် ချိတ်ဆက်ပေးခဲ့သော ဘင်္ဂလီ(၂)ဦး

Thi Ha
ရသေ့တောင်..ကူတောင်ကျေးရွာမှ..ရခိုင်သား ၁၀ဦးအသတ်ခံရမှူတွင် အဓိက ကြိုးကိုင်ခဲ့သူ ၂ ဦး ဘူးသီးတောင်မြို.နယ် ညောင်ချောင်းကျေးရွာအနီးမှ ဖမ်းဆီးရမိခဲ့သည်...


Linaung Pyae
 
ဘင်္ဂလီတို့၏ရက်စက်စွာသတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ကြသော ဂူဒေါင်ရွာမှ ရွာသား(၉)ဦး၏ ဇာပနအားတွေ့ရစဉ်
 

 ရခိုင်သူရဲကောင်း ကျောင်းဆရာ ဦးဦးသိန်းဟန်

 ဆရာဦးသိန်းဟန်ရဲ့ ဇာပန



 ကျန်ရစ်သူ ဆရာဦးသိန်းဟန်၏ ဇနီး ဆရာမဒေါ်ခင်ဌေးကြည်
 
ယောင်္ကျားအတွက်သာမက သားလေးအတွက်ပါ ပူဆွေးသောက ရောက်ရရှာတဲ့ စာရေးဦးသန္တာအောင်ရဲ့ ဇနီး

 အယ်ကိုင်ဒါးအဖွဲ့နှင့်ဆက်သွယ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေခဲ့ပြီး ဂူတောင်ရွာအရေးအခင်းတွင် တစ်ဖက်နိုင်ငံမှ အကူအညီပေးသူများနှင့် ချိတ်ဆက်ပေးခဲ့သော ဘင်္ဂလီ(၂)ဦးအား ဓည၀တီ(၃)၊ မောင်တော-စစ်တွေသွား သင်္ဘောပေါ်တွင် ဖမ်းဆီးလာခိုက် တွေ့ရစဉ်..



 တရားခံများထဲတွင် ယခုကဲ့သို့ အမျိုးသမီးတစ်ဦးလည်း ပါဝင်

 ရသေ့တောင်မြို့နယ်အနောက်ပြင်ရွာမှ လူသတ်ဘင်္ဂလီများ၏ ခေါင်းဆောင်(၂)ဦးအားဖမ်းဆီးလာစဉ် ပါတလိဆိတ်ကမ်းတွင် တွေ့ရစဉ်...

လေးထောင်တန်မြတ်ခိုင်


တရားစွဲဆိုခံရသော လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ပထမနေ့ရုံးချိန်းတွင် အာမခံရရှိ

PDF Print Monday, 25 June 2012 13:40

အမှုရုံးချိန်းသို့ လာရောက်သူများကို တွေ့ရစဉ်

ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လျှပ်တစ်ပြက်ဂျာနယ်အပေါ် ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုထားမှု ပထမနေ့ ရုံးချိန်းဖြစ်သည့် ဇွန်လ ၂၅ ရက်နေ့တွင် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၏ ကျန်းမာရေး အခြေအနေအရ အာမခံလျှောက်ထားမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက လုံ လောက်သည့်ခံဝန်ဖြင့် အာမခံခွင့်ပြုလိုက်ပြီး အလင်္ကာဝတ်ရည်မှ ဦးမောင်မောင်အေး(မောင်ဟေမာ)နှင့်  စာရေးဆရာမောင်ဆွေသက်တို့က ငွေကျပ်သိန်းလေးထောင်ခံဝန်ဖြင့် အာမခံပေးထားကြောင်း သတင်းရရှိသည်။

ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဇွန်လ ၂၅ ရက်နေ့(ယနေ့)တွင်ပြုလုပ်သည့် ပထမဆုံး အမှုရုံးချိန်းတွင် လျှပ်တပြက်ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မှာ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါများ ခံစားနေရကြောင်း၊ ဆေးစာအထောက်အထားများရှိကြောင်း၊ သို့ဖြစ်၍ ကျန်းမာရေး အခြေအနေအရ အာမခံပေးပါရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

အမှုရုံးချိန်းသို့ လာရောက်သူများကို တွေ့ရစဉ်

တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့်ရှေ့နေမှ ယခုစွဲဆိုတားသည့်အမှုမှာ အာမခံပေးပိုင်ခွင့် မရှိသည့်အမှုဖြစ်သဖြင့် ကန့်ကွက်ပါကြောင်း ပြန်လည်လျောက်ထားခဲ့သည်။ ထို့နောက် ပုဇွန်တောင်မြို့နယ် တရားသူကြီးက နှစ်ဖက်လျှောက်ထားချက်များကို ကြားနာပြီး လျှပ် တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အတွက် အာမခံလျှောက်ထားမှုကို လုံလောက်သည့်ခံဝန်ဖြင့် ခွင့်ပြုလိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး နောက်ထပ်ရုံးချိန်းကို လာမည့် ဇွန်လ ၂၉ ရက်နေ့တွင် ဆင့်ခေါ်ကြောင်းသိရှိ ရပါသည်။

''ဘာအကြောင်းနဲ့ တရားစွဲတယ်ဆိုတာ အခု ကူးခိုင်းထားပါတယ်။ လုံလောက်တဲ့ ခံဝန်နဲ့ အာမခံပေးလိုက်ပါတယ်။ လုံလောက်တဲ့ခံဝန်ဆိုတာ ဘယ်လောက်ပဲ သတ်မှတ်သတ်မှတ်ပေါ့ဗျာ။ အရေးကြီးဆုံးက အာမခံရဖို့ပဲ။ တရားမျှတတဲ့ ဆုံးဖြတ်ချက်ချပေးတဲ့အတွက် မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်အတွက် အားတက်လာပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၇ မှာ ပေးထားတဲ့ခြွင်းချက်နဲ့ အာမခံလျှောက်ထားခဲ့တာပါ။ နောက်ရုံးချိန်းက ဇွန်လ၂၉ ရက်နေ့ပါ။ အဲဒီနေ့မှာတော့ တရားလိုသက်သေတွေကို စစ်မှာပါ ''ဟု တရားလွှတ်တော် ရှေ့နေ ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။
''တရားစွဲတာက ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး စွဲတာပါ။ အာမခံပေးတာကတော့ ဦးမောင်မောင်အေးနဲ့ ဆရာမောင်ဆွေသက်တို့ ဖြစ်ပါတယ်။ အာမခံအတွက် ရံထားတာတော့ ဆရာချစ်စံဝင်းတို့လည်း ပါပါတယ်''ဟု လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောကြားခဲ့သည်။

အာမခံရရှိရန်အတွက် အလင်္ကာဝတ်ရည်မဂ္ဂဇင်းမှ ဦးမောင်မောင်အေးနှင့် စာရေးဆရာမောင်ဆွေသက်တို့က နှစ်ဦးပေါင်း ကျပ်သိန်း ၄၀၀၀ ခံဝန်ဖြင့် အာမခံပေးထားကြောင်း သိရှိရပါသည်။

ယနေ့ ကြားနာစစ်ဆေးသည့် အမှုရုံးချိန်းသို့ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များ၊ ပြည်တွင်းဂျာနယ်များမှ အယ်ဒီတာ၊ သတင်းထောက်များနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများ စုစုပေါင်း ခန့်မှန်းဦးရေ ၅၀ ကျော်တက်ရောက် သတင်းရယူခဲ့ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ) တို့သည် ပုံမှန်အားဖြင့် အာမခံပေး၍မရသော ပုဒ်မဖြစ်သော်လည်း တရားသူကြီးအနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ အာမခံပေးနိုင်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် အာမခံ ပေးကိုပေးရမည်ဟု သတ်မှတ်ထားသော ပြစ်မှုများအား အာမခံပေးရာ၌ တရားသူကြီးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ အရ အာမခံပေးလေ့ရှိကြောင်းသိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ (၁)တွင် ပြဌာန်းထားသည်မှာ  "အာမခံ မပေးနိုင်သော ပြစ်မှုတစ်စုံတရာဖြင့် စွပ်စွဲခံရသူတစ်ဦးသည် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှုးက ၀ရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ်နှောင်ခြင်းဖြစ်စေ ခံရသည့်အခါ (သို့မဟုတ်) တရားရုံးရှေ့သို့ ထိုသူရောက်ရှိသောအခါ (သို့မဟုတ်) တရားရုံးရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ ထိုသူကို အာမခံဖြင့် လွှတ်ထားနိုင်သည်။ သို့သော်လည်း ထိုသူသည် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် သင့်လျှော်သော အကြောင်းများရှိလျင် ထိုသူကို ထိုကဲ့သို့ လွှတ်ထားခြင်း မပြုရ၊ သို့ရာတွင် အဆိုပါပြစ်မှုမျိုးဖြင့် စွပ်စွဲခြင်းခံရသည့် အသက် ၁၆ အောက်ရှိသူ မည်သူ့ကိုမဆို (သို့မဟုတ်) မည်သည့်အမျိုးသမီးကိုမဆို (သို့မဟုတ်) ဖျားနာနေသော (သို့မဟုတ်) ချိနဲ့နေသော မည်သူ့ကိုမဆို အာမခံဖြင့် လွှတ်ထားရန် တရားရုံးက ညွှန်ကြားနိုင်သည်" ဟူ၍ ဖြစ်ပါသည်။
http://news-eleven.com

အမွေလာခွဲနေသော ဦးအောင်ဆန်းဦးရဲ့ နန်းတော်ကြီးတမျှ ခမ်းနားလှတဲ့ ပုဂံမြို့ ဧရာဝတီမြစ်ကမ်းနဖူးပေါ်မှ စံအိမ်ကြီး

ဝင့်ထယ်ကောင်းမြတ်


နာ့်အဖွား က ပုဂံသူပါ၊ ကျနော်သည်လဲ ပုဂံမျိုးပုဂံသွေးပါ။တောင်ဘီလယ်ယားကျောင်းထိုင် ဘုန်းဘုန်း ဦးသံဝရ ကတော့ ကျနော်တို့ အမျိုးဘုန်းဘုန်းလိုပါပဲ။တောင်ဘီလယ်ယားမှာ ဒီအိမ်ကြီးစတင် ဆောက်လုပ်စဉ်ကတည်းက ကျနော်တို့ ရှေ့မှာပါပဲ ဒီနှစ်ကျနော်တို့သွားတော့ ဘုန်းဘုန်းဘုရားက ကျနော်တို့ကို မိန့်ပါတယ် အမေ့ကိုပေါ့ ငါ့ကျောင်းမှာ ဆေးခန်းလေး လုပ်ထားတယ် မိမိုး ( ဒေါ်ခင်မိုးမိုး ရှမ်းပြည်နယ် NLD ) ကိုပေါ့ ။အဲ့ဒီမှာ ဘုန်းဘုန်းဆေးခန်းကိုတွေ့ရပါတယ် ဒါနဲ့ တစ်ပြိုင်နက်တည်းတွေ့ရတာက ROAD TO MANDALAY က နိုင်ငံခြားသားတွေလေ့လာမဆုံးတဲ့ လယ်ယားရှေးဟောင်းကျောင်းကြီးနဲ့ ဘုန်းဘုန်းကျောင်းဝန်းနဲ့ ဆက်နေတဲ့ အိမ်ကြီးတစ်လုံးပါ။ ဆေးခန်းအကြောင်းပြောကျတော့ တစ်ပတ်မှာ ၃ ရက် RTM သင်္ဘောပေါ်က ဆရာဝန်ကြီး က ဆေးခန်းထိုင်ကြောင်းနဲ့ ဆရာဝန်ကြီးအားကြည်ညိုအားကိုးသူများ တဲ့အကြောင်းဘုန်းဘုန်းက မိန့်ပါတယ် ၊တစ်ပတ်ကို ၃ ရက် ဆေးခန်းထိုင်ပေးကြောင်းနဲ့ ပခုက္ကူမြို့ ပတ်ဝန်းကျင်ရွာများနဲ့ မြိုင်လောက်က လူနာတွေပါ ဒီကိုဆေးလာကုကြကြောင်းပြောပါတယ် ဆေးခန်းဖွင့်တဲ့ ရက်တွေမှာ တစ်ရက် လူနာ ၄၀၀ ကနေ ၅၀၀ အထိလာ ဆေးလာကုကြ ကြောင်းလဲပြောပါတယ် သူတို့ဟာ ဘုန်းဘုန်းကျောင်းမှာပဲ တည်းခိုပြီး ဆေးကုကြပါတယ် ဆင်းရဲနွမ်းပါသူတွေဖြစ်တဲ့အတွက် ဘုန်းဘုန်းကပဲ စားစရိတ်တာဝန်ယူပေးပါတယ် ဘုန်းဘုန်းကတော့ ရှိတဲ့ဟင်းနဲ့ ရှိသလောက်ကုန်အောင် စားကြဆိုပြီး ထားတာပဲလို့ပြောပါတယ် အဲ အဲ့ဒီအိမ်ပိုင်ရှင်ကရောမကြည့်ဘူးလားမေးတော့ သူကတော့ဒီလိုပါပဲ ငါလဲမပြောချင်းဘူး မိမိုးရလို့မိန့်ဆိုပါတယ် ရပ်ဝေက လူနာတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ပုဂံမြို့မှာလဲ ဆေးရုံမရှိတာပါ ရပ်ဝေ ဦးစားပေးရပေမဲ့ ရပ်နီး ပုဂံမြို့တွင်းက မြို့သူလယ်ယားရွာ ၀န်းကျင်ကလဲ ဒီဆေးခန်းကိုပဲ အားထားနေရတယ်လို့သိရပါတယ်။ ဆေးခန်းလေးရဲ့အခြေအနေ ကိုကြည့်ပြီး ကျနော်တို့ မိသားစုလဲ စိတ်မောရပါတော့တယ် ဘုန်းဘုန်းက လူတွေက များတယ် သူ့ဆေးခန်းလေးက ကျဉ်းတော့ မဆန့်ဘူး ဆရာဝန်ကလဲ ဆရာဝန်ကြီးနဲ့ သူ့တပည့်နှစ်ယောက် လောက်ပဲရှိတာ တော်သေးတာက ဆရာဝန်ကြီးက ည ၁၁ နာရီအထိ လူနာ မကုန်မခြင်း စေတနာထားပြီး သဘောင်္ပေါ်ကဆေးနဲ့ လှူဒါန်တာလေးရသမျှနဲ့ ကုပေးတယ် ဘေးက အကူတွေကတောင်ညည်းတယ် ဆရာဝန်ကြီးကတော့ မနားတမ်းလူနာတွေကိုကြည့်ပေးတယ် လို့ဆိုပါတယ် ဘုန်းဘုန်းသဘောကတော့ ဆေးခန်းလေးကိုချဲ့ရင်လဲချဲ့ မဟုတ်ရင်လဲ ဘုန်းဘုန်းက မြေပေးမယ် ဆေးရုံအငယ်လေးလောက်တော့ ဖြစ်အောင်ဆောက်ချင်တဲ့ ဆန္ဒပြင်းပြနေပါတယ် သူဆောက်မဲ့မြေကွက်ကိုလဲ အဖေ့ကိုပြပါတယ် အဖေက အင်ဂျင်နီယာဆိုတော့ ဘယ်လိုဆောက်ရင်ရမယ်လို့ အကြံပြုပါတယ် မြေကွက်ကလဲ တော်တော်ကျယ်ပါတယ် အမေ့ကိုဘုန်းဘုန်းက မိမိုး ညည်းတို့ NLD က ဒီကိစ္စဆောင်ရွက်ပေးနိုင်ရင်လဲ ကောင်းတာပေါ့ဟာလို့ ဆိုရှာပါတယ် အမေလဲမနေနိုင်တော့တာမို့ ညောင်ဦးNLD နဲ့တွေ့ပြီး ဒီကိစ္စတိုင်ပင်ပါတယ် ကျမတို့ရှမ်းပြည်ကလဲ အလှူကောက်ပြီးမတည် ပါမယ် ညောင်ဦးကနေဦးဆောင်ပြီး ဒီကိစ္စဆောင်ရွက်ပေးဖို့ ညှိတော့ ညောင်ဦး NLD က ၀မ်းမြောက်ဝမ်းသာပဲ သူတို့ ဆောင်ရွက်ပါမည့်အကြောင်းပြောပါတယ်။ ဆေးရုံဖြစ်မြောက်ရေး အတွက် ပခုက္ကူ NLD နဲ့ မန္တလေးတိုင်းရုံးကိုပါ သွားရောက်ညှိနှိုင်းတော့ အားလုံးက ၀ိုင်းဝန်းကျမယ်လို့ဆိုပါတယ် ဒါကတော့ ဒီအိမ်ကြီးနဲ့ ပတ်သတ်ပြီး အနီပတ်ဝန်းကျင်အခြေအနေပါ ။ကျနော့ကိုလဲ ပုဂံချစ်သူများ အဖွဲ့ထောင်ဖို့ အမေက ပြောပေမဲ့ ကျနော်လဲ အဲ့ဒီဖက်မလှည့်အားသေးပါဘူး အမေကတော့ ကျိန်းနေတာပေါ့ အခုရက်ပိုင်း ဦးအောင်ဆန်းဦးသတင်းတွေတက်လာတော့ ဒီကိစ္စလေးကိုလဲအမှတ်ရ အစ်ကို တစ်ယောက်ကလဲ ဒီအိမ်ပုံတွေတင်ပါအုန်းလို့ တောင်ဆိုတာနဲ့ ဒီပုံလေးတွေနဲ့ စာလေးတွေကိုတင်ဖြစ်သွားတာပါ။ NLD အနေနဲ့ အသိပေးစရာ တစ်ခုရှိပါသေးတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ နေခဲ့ပေမဲ့ မြန်မာနိုင်ငံမှတပါး ဘယ်နိုင်ငံမှာမှ နိုင်ငံသားခံယူထားချင်းမရှိပါဘူးဆိုတာကိုပါ ။သူမဟာစီပွားရေးလုပ်ငန်းရှင်လဲ မဟုတ်ဘူး ဘယ်ကုပဏီ မှာမှလဲ ရှယ်ယာမရှိပါဘူး သူရထားတဲ့ ဆုငွေတွေကိုလဲ သူသိမ်းထားတဲ့ သူမဟုတ်ပါဘူး သူ့ကိုယ်ကျိုးသူမသုံးရုံမက ပြည်သူအတွက်ကလွဲပြီး NLD ပါတီအတွက်တောင်ပေးနိုင်တဲ့သူမဟုတ်ပါဘူး သူရပ်တည်နေတာဟာလဲ မြန်မာပြည်သူတွေရဲ့ မေတ္တာတရားနဲ့သာပါ ဆိုတာကိုတော့ ပြောချင်ပါတယ် .... အမွေကိစ္စ ဘယ်ဟာက တရားတယ် မတရားဘူး လူတိုင်းသိနေတော့ မရှင်းတော့ပါဘူး ၊အိမ်ပိုင်ရှင်ကိုလဲ အန်တီ့အစ်ကို ဆိုတဲ့ အတွေးနဲ့ ဘာမှမပြောဆိုလိုတော့ပါဘူး လူဆိုတာ သူ့သမိုင်းသူရေးတာပါပဲ စိတ်ရှည်လက်ရှည်ဖက်ပေးသူများကို ကျေးဇူးအထူးတင်ကြောင်းပဲပြောရင် နိဂုံးချုပ်ပါရစေတော့ခင်ဗျာ
ဝင့်ထယ်ကောင်းမြတ်
NLD လူငယ် (ရှမ်းပြည်နယ်)

တိရိတ္ဆန် ကို နိုင်ငံတော်အဆင့်က ဘွဲ့နာမတော် ချီးမြင့်

သောနုတ္ထိုလ်ကျော်ဆန်းကတော့ပြောလေလေရွဲ့လေလေပဲ....