Wednesday, June 27, 2012

ဒေါ်အောင်ဆန်းစုကြည်အပင်စိုက်...သမ္မတကြီးဦးသိန်းစိန်ရေလောင်း

ကို ခိုင်ဇော်

ဘင်္ဂါလီတွေကို တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်းနေထိုင်စေချင်

DVB TV News
ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို ရခိုင်တိုင်းရင်းသားတွေနဲ့ နီးကပ်မှုမရှိအောင် သင့်တော်တဲ့နေရာမှာ ယာယီ နေရာချပေးပြိး နောက်ပိုင်းမှာ တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်းနေထိုင်စေချင်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီက ဇွန်လ 26 ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေငြာချက်မှာ ရခိုင်ပြည်နယ်က ရခိုင်ပြည်သူတရပ်လုံးရဲ့ လတ်တလော လုံခြုံရေးအတွက် အစိုးရနဲ့ ရခိုင်ပြည်သူတွေပါဝင်တဲ့ လုံခြုံရေးအစီအစဉ် တစ်...ခု ချမှတ်လုပ်ဆောင်ဖို့။ ရခိုင်ပြည်နယ်တွင်းရှိ မြို့ရွာတွေမှာ ရခိုင်နဲ့ ဘင်္ဂလီတွေကို နီးနီးကပ်ကပ်ရောနှော နေထိုင် မှု မရှိအောင် ဘင်္ဂလီတွေကို သင့်တော်ရာမှာ ယာယီနေရာချထားဖို့။ မြန်မာနိုင်ငံကို ဘင်္ဂလီတွေ ၀င်ရောက်နေမှုကို ပြည်ထောင်စုတိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းဟန့်တားဖို့။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတို့ ညှိနှိုင်းပြီး မြန်မာနိုင်ငံသား မဟုတ်တဲ့ ဘင်္ဂလီတွေကို တတိယနိုင်ငံတွေဆီ ရွေ့ပြောင်းပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲကို လောက်လေးခဲဖြင့် ပစ်ပေါက်

မကွေးတိုင်း ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးခန်းသစ်ဖွင့်ပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက် ခန့်ကပြုလုပ်ခဲ့ပါတယ်။အဲဒီအ​ခမ်းအနားပြုလုပ်နေချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးသား​ဖြစ်သူ စိုးသူ(ဥပဒေဒုတိယနှစ်ကျောင်းသား)က အခမ်းအနားကျင်းပနေတဲ့ အိမ်ကို လောက်လေးခဲ့နဲ့ပြစ်ပေါက်ခဲ့​ပါတယ်။ဒေသခံ ပြည်သူ အယောက် ၁၅၀ ကျော်ရှိတဲ့လူအုပ်ထဲကို လောက်လေးခဲ့နဲ့ပြစ်ပေါက်ခဲ့​တာကြောင့် ကလေးငယ်တစ်ဦး အမျိုးသမီးတစ်ဦးနဲ့ အခြားရွာသား ၃ ဦးတို့ လောက်လေးခဲ့ထိမှန်ခဲ့တယ်လို့​သိရပါတယ်။

ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့်မှီရေး John Hopkins University ပူးပေါင်း ဆောင်ရွက်

RFA Burmese
"Wednesday, June 27, 2012 at 1:08pm">



ပညာရေး ၀န်ကြီးဌာနကနေ ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ တက္ကသိုလ် အရည်အချင်းမှီ အဆင့်ဖြစ်လာဖို့စီမံကိန်းမှာ အမေရိကန်
ပြည်ထောင်စုမှာ ရှိတဲ့ နာမည်ကြီး John Hopkins တက္ကသိုလ်ကြီးကနေ အဓိက ပူးပေါင်းဆောင်ရွက် နေပါတယ်။

အထူးသဖြင့် တက္ကသိုလ် ဆရာဆရာမတွေရဲ့အရည်အချင်း မြှင့်တင်ရေး အတွက် ဘာသာရပ် ဆိုင်ရာ သင်တန်းတွေ ပို့ချနိုင်ရေး အတွက် ရန်ကုန် တက္ကသိုလ်မှာ Center of Excellent ပင်မသင်တန်းပေး အစီအစဉ်ကို လာမယ့် သြဂုတ်လ အတွင်း ဖွင့်လှစ်သင်ကြားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စီမံကိန်းမှာ ပါဝင်အကျိုးဆောင်နေတဲ့ မင်္ဂလာမြန်မာအဖွဲ့ ညွန်ကြားရေးမှူး ဦးဖုန်းဝင်းက ပြောပါတယ်။

"အခု ရန်ကုန် တက္ကသိုလ်အတွက် ကတော့ အမေရိကန်နိုင်ငံက John Hopkins တက္ကသိုလ်က အဓိက ဖြစ်ပါလိမ့်မယ်။ သူတို့ တက္ကသိုလ်
မြန်မာပြည်မှာ လာပြီး လုပ်ငန်းတွေကို ဆောင်ရွက်ခွင့် ရအောင်လို့
ဆောင်ရွက်တဲ့အခါ ချောချောမွေ့ မွေ့ ဖြစ်အောင်လို့ ကျနော်တို့ မင်္ဂလာမြန်မာ ကနေကူတယ်။ ပြီးတော့ ကျနော်တို့ MDRI (Myanmar Development Resource Institute) က ကူနေတာ ရှိပါတယ်။ ဥရောပဘက်က
တက္ကသိုလ်တွေကလည်း သူတို့  စိတ်ဝင်စားပါတယ်၊ စင်ကာပူတို့
သြစတေးလျတို့က တက္ကသိုလ်တွေကလည်း စိတ်ဝင်စားပါတယ်၊ သူတို့လည်းလာပြီး ပူးပေါင်းလုပ်မယ်လို့ မျှော်လင့်ရပါတယ်။"

ဒါအပြင်သြဂုတ်လအတွင်း ကမ္ဘာကျော်ပညာရှင်တွေ ဖြစ်တဲ့ ပါမောက္ခ ဖရစ်ဟူကူရာမာနဲ့ ရောဂျာရီလိ တို့လည်း မြန်မာနိုင်ငံကို လာရောက်ပြီး သင်တန်းတွေ ပို့ချပေးမယ်လို့ ဦးဖုန်းဝင်းက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဖွင့်လှစ်မယ့် Center of Excellent သင်တန်းဟာ
မြန်မာပြည်အောက်ပိုင်း တက္ကသိုလ် အားလုံးက ဆရာဆရာမတွေ အတွက် ဖြစ်ပါတယ်။

အလားတူ မြန်မာပြည် အထက်ပိုင်းက တက္ကသိုလ် ဆရာဆရာမတွေရဲ့
အရည်အချင်း မြှင့်တင်ရေးအတွက် သင်တန်းတွေကို မန္တလေး တက္ကသိုလ်
မှာလည်း Center of Excellent ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဥရောပနိုင်ငံတွေက တက္ကသိုလ်တွေ ကနေ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့ ဦးဖုန်းဝင်းက ဆိုပါတယ်။

တက္ကသိုလ်တွေရဲ့ ပညာရေးစနစ် ပြန်လည်မြှင့်တင်နိုင်ဖို့ အဆင့်လိုက် လုပ်ဆောင်မှာဖြစ်ပြီး ပထမဆုံး အဆင့်ဖြစ်တဲ့ တက္ကသိုလ် ဆရာ
ဆရာမတွေရဲ့ ပညာသင်ကြားရေး အရည်အချင်းတွေ အတွက် သင်တန်းတွေ ပို့ချသွားမှာဖြစ်ပြီး နိုင်ငံခြား ပညာတော်သင်တွေ အဖြစ်
လည်း စေလွှတ်သွားဖို့ ရှိတယ်လို့ ဦးဖုန်းဝင်းက ပြောသွားပါတယ်။

ဘင်္ဂါလီ ၉၀ ကျော်ကို ပြစ်မှု ထင်ရှားရင် သက်ဆိုင်ရာ နိုင်ငံကို လွှဲမယ်

The Voice Weekly ဘင်္ဂါလီ ၉၀ ကျော်ကို လဝက ဥပဒေဖြင့် စစ်ဆေး

ရန်ကုန်၊ ဇွန် ၂၇

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသော ဘင်္ဂါလီ လူမျိုး ၉၀ ကျော်ကို သံတွဲခရိုင် လွှဲပြောင်း၍ ဇွန်လ ၂၇ ရက်နေ့မှ စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သံတွဲမြို့ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“လ.ဝ.က က စစ်ဆေးပြီးမှ တရားရုံးတင် စစ်ဆေးမယ်။ ပြစ်မှု ထင်ရှားရင် အရေးယူသွားမယ်။ ...ပြီးမှ သက်ဆိုင်ရာ နိုင်ငံကို လွှဲမယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဖမ်းဆီးခံထားရသော ဘင်္ဂါလီ လူမျိုးများမှာ မြန်မာ ဘာသာစကား တတ်ကျွမ်းသူ မပါရှိသဖြင့် အမှုစစ်ဆေးရန် အခက်အခဲ ကြုံနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

အဆိုပါ ဘင်္ဂါလီများကို ဘာသာပြန် အကူအညီဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့မှာ ဘင်္ဂါလား ပင်လယ်အော် အတွင်းမှ လာသော စက်လှေမှဖြစ်ပြီး မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံ နယ်စပ်မှတစ်ဆင့် ထွက်ခွာရန် လာခြင်း ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့ စခန်းက အတည်ပြု ပြောကြားသည်။

အဆိုပါ ဘင်္ဂါလီများသည် ဇွန်လ ၂၀ ရက်နေ့ခန့်က စက်လှေပျက်စီး၍ ဂွမြို့နယ်နှင့် ၇ မိုင်ခန့် ဝေးကွာသော ဂွကျွန်းသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အဆိုပါ ဘင်္ဂါလီများကို ဂွမြို့နယ်မှ သံတွဲခရိုင်သို့ ဇွန်လ ၂၅ ရက်နေ့တွင် လွှဲပြောင်း ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်နိုင်ငံသားဆု ပေးအပ်ချီးမြှင့်ပွဲ (ရုပ်သံ)

အင်္ဂလိပ်သန်းကောင်စာရင်းမှာရိုဟင်ဂျာနာမည်မတွေ့ရ

Mohomedin mean who believe and follow Muslim

NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်း ကို သတင်းမှားထုတ်ပြန်မှု နဲ့ တရားစွဲထားတဲ့ကိစ္စကို


RFA Burmese
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်း
ကို သတင်းမှားထုတ်ပြန်မှု နဲ့ တရားစွဲထားတဲ့ကိစ္စကို နေပြည်တော်မှာ မနေ့က သက်သေတဦးစစ်ဆေးခဲ့ပါတယ်။

ဒီအမှုမှာ နှစ်ဘက်သက်သေအယောက် ၂၀ လောက်စစ်ဆေးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

... "သက်သေတယောက်စစ်တယ် မကုန်သေးဘူး။ ၅ နာရီမှပြီးပါတယ်ဗျာ။ သက်သေနှစ်ဖက်ဆိုရင်
နှစ်ဆယ်လောက် ရှိပါတယ်ဗျာ။ ဒါ Information ရလို့ 
ကျနော်ရလို့ ကျနော်ပေးတာ။ ကျနော် intentionally လုပ်တာကို သူတို့ဘာမှ သက်သေမပြနိုင်ဘူး။ အလားအလာ ကတော့ကျနော့်ဘက်ကတော့ တော်တော်ကောင်းတာပေါ့ဗျာ၊ တရားရုံးကဘာလုပ်မလဲ ဆိုတာတော့ မသိဘူး။"

ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလက်မှတ်တွေဖယောင်းသုတ်ထားလို့ မဲပေးတဲ့အခါဘောလ်ပန် ခြစ်လို့မရပဲချော်နေတဲ့ဖြစ်ရပ်တွေတွေ့ရတယ်လို့ အနယ်နယ်အရပ်ရပ်က သတင်းပေးပို့လာတဲ့ အတွက် ရွေးကောက်ပွဲ
အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားရတဲ့ ဦးဥာဏ်ဝင်းက ဒီအကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့သလို၊ သတင်းမီဒီယာတွေမှာလည်း ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမှားထုတ်ပြန်မှုနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်က NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို တရားစွဲထားတာဖြစ် ပါတယ်။

ဇူလိုင်လ ၆ ရက်နေ့မှာ နောက်တခေါက်ရုံးချိန်းသတ်မှတ်လိုက်တယ်လို့ ဦးဥာဏ်ဝင်းကပြောပါတယ်။

ရခိုင် ပြည်နယ် အခြေ အနေ လူမှု ရေး မငြိမ် သက် မှု တွေ ဆက် ဖြစ်နေ ဆဲ

r by FNG on June 26, 2012
XqdTRwuc_ZZRv1A65lqKuzl72eJkfbmt4t8yenImKBVaiQDB_Rd1H6kmuBWtceBJရခိုင် ပြည် နယ်တွင် မေလ နှောင်း ပိုင်း မငြိမ် သက် မှု များ စတင် ချိန် မှ ယခု အချိန် အထိ
သေဆုံးသူ ၇၈ ဦး နှင့် ဒဏ်ရာ ရရှိသူ ၈၇ နှင့် အိမ် အလုံး ပေါင်း သုံးထောင် ကျော် ဖျက်ဆီး
ခံရသည် ဟု ပေါ်ပြူ လာ သတင်း ဂျာ နယ် ၏ Facebook စာ မျက် နှာ တွင် ဖော် ပြထား
သည်။
ရခိုင် ပြည်နယ် စစ်တွေ မြို့  အခြေအနေ များ ပြန် လည် ငြိမ် သက် လာ စ ပြု သော် လည်း
မငြိမ် သက်မှု များ ဖြစ် ပွား စဉ် က ပြစ် မှု ကျုး လွန် သူ များ ကို ဖမ်းဆီး ရန် အခက် အခဲ
ရှိ နေ ဆဲ ဟု သိရသည်။
ဒုက္ခသည် များ အတွက် အနယ် နယ် အရပ် ရပ် မှ လှုဒါန်း ကြ သော် လည်း ပြန် လည် ထူထောင်
ရေး လုပ် ငန်း များ မှာ မုတ်သုံ ရာသီ ဖြစ်သည့် အလျှောက် နှေး ကွေး နေ ဆဲ ဖြစ်သည်။
ကုလ သမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာ မင်းကြီး ရုံး က ရခိုင် ဒေသ တွင် စား သောက် ဖွယ်
ရာ ပြတ် လပ် မှု များ ကြုံတွေ့  နိုင် သည် ဟု သုံးသပ် ထား သည်။
စစ်တွေ ဒေသတွင် ရေလုပ် ငန်း ၊ ကုန် စည် ပို့ ဆောင် ရေး စသည့် အဓိက စီး ပွား ရေး လုပ်ငန်း
များ မှာ ရပ် တန့်  နေ ပြီး ဆန်စပါး စိုက် ပျိုး မှု ကို ထိ ခိုက် နေ သည် ဟု စစ်တွေ မြို့  မြို့ မ ဈေး
မှ ကုန် သည် တစ်ဦး ဖြစ်သူ ဦး ကျော် မင်း က FNG ကို ပြောသည်။
ဘူးသီးတောင် မြို့  ကယ်ဆယ် ရေး စခန်း တွင် ရေ သန့် နှင့် စားစရာ များ ပြတ် လပ် နေ ပြီး
မောင် တော နှင့် စစ်တွေ ဒုက္ခသည် စခန်း များ ရှိ အချို့  မှာ စိတ် ပိုင်း ဆိုင်ရာ ပြဿနာ များ
ကြုံ တွေ့  နေရသည်။
ဘင်္ဂလား ဒေရှ် နိုင်ငံ သို့  သွား ရောက် လည်ပတ် သည့် မြန်မာ သမ္မ တ ဦးသိန်းစိန် သည် ဘင်္ဂလား
အစိုးရ နှင့် ရိုဟင် ဂျာ ကိစ္စများ ကို ဆွေး နွေး မည် ဟု သိရသည်။
မငြိမ် သက် မှု များ ၏ ဗဟို ချက် ဖြစ် ခဲ့သည့် စစ်တွေ နှင့် မောင် တော မြို့ များ တွင် ပုံ မှန်
အခြေအနေ သို့  ရောက် ရှိ ရန် နှစ် နဲ့  ချီ အချိ န်ယူ ရ အုံး မည် ဟု ကျွမ်းကျင် သူ များ က
ခန့် မှန်း ထား ကြသည်။
အစိုးရ လုပ်ငန်း ဆောင် တာ များ အပါ အ၀င် ဘဏ် ၊ ကျောင်း ၊ ဈေး စသည့် နေ့  တဓူဝ လုပ်
ငန်း များ ကို ပင် ပြန်လည် စတင် ရန် ခဲယဉ်း နေသည် ဟု လည်း သိရသည်။
မြို့  တွင်း နေ ဘင်္ဂါ လီ များ ကို မြို့  ပြင် ရပ် ကွက် များ သို့  ပြောင်း ရွှေ့ နေရာ ချ ထား ပေး သော်
လည်း အဓိက အခြေ ခံ လို အပ် ချက် များ ဖြစ်သည့် ရေ ၊ လျှပ် စစ်မီး စသည် တို့  ကို မဖြည့်
စွမ်း ပေး နိုင် သေး ဟု ဆိုသည်။
ဂွ မြို့  ဂွ ကျွန်း တွင် ခို လှုံ နေသည့် ဘင်္ဂါ လီ ၁၀၀ ကျော် ကို ဖမ်းဆီးထား ပြီး ရသေ့တောင်
ဂူထောင် ကျေးရွာ တွင် ရခိုင် တိုင်း ရင်းသား များ ကို သတ် ဖြတ် မှု ကျုးလွန် ခဲ့ သူ များ အား
လည်း ဖမ်းဆီးထားသည်။
http://freedomnewsgroup.com

ရိုဟင်ဂျာ စနက်တံ နဲ့  မြန်မာ အစိုးရ ဘာလဲ ၊ ဘယ်လဲ

by FNG on June 24, 2012
168834_10150986460279105_1544968682_n
တင်ကျော်ကျော်စိုး ၊ ၊ရခိုင် ပြည်နယ် မြောက် ပိုင်း မှာ အခြေစိုက် တဲ့ မြန်မာ စစ်တပ် က အရ
ရှိ တွေ ဟာဘင်္ဂါလီ ရိုဟင်ဂျာ တွေ နဲ့  ပေါင်းပြီး ကိုယ်ကျိုးစီး ပွား ရှား ဖွေ မှု တွေ ၊ ဒေသခံ တွေ ရဲ့  ပြဿနာ
တွေ ကို ဦးစား
မပေး မှု တွေ ကို ၊ ဘင်္ဂါလီ တွေ ရာဇ၀တ် မှု ကျူးလွန် ခဲ့ တာ တွေ ကို မသိကျိးကျွံ့ ပြု ခဲ့ တာ တွေ
ကို FNG မှ မကြာခင် တင်ဆက် ပါတော့ မည် ။ စောင့်မျှော် ဖတ် ရှု ကြပါ။
ရခိုင် ပြည်နယ် မြောက် ပိုင်း တွင် အခြေစိုက် သည့် စစ်တပ် ၊ ရဲ အပါ အ၀င် အစိုးရ လုံခြုံ ရေး တပ်
ဖွဲ့  များ တစ်ဖက် နိုင်ငံ မှ ခိုးဝှက် ၀င်ရောက် ကာ အခြေချ နေ ထိုင် သည့် ဘင်္ဂါလီ များ ထံ မှာ နှစ်စဉ်
မြောက် များ လှ သော အကျိုး အမြတ် များ ကို ရှိ သည် ဟု မောင်တော မြို့  နယ် အခြေစိုက် အစိုးရ
မဟုတ် သည့် အဖွဲ့  အစည်း တစ်ခု မှ အကြီး အကဲ တစ်ဦး က FNG ကို ပြောသည်။
ထိုဒေသ တွင် ဆယ်စု နှစ် တစ်စု ကျော် ကြာတာဝန် ထမ်းဆောင် လာခဲ့ သည့် လုပ် ငန်း ပိုင်း ဆိုင်ရာ
ကျွမ်းကျင် သူ ဌာနေ NGO အရာ ရှိ သည် စစ်တပ် အရာ ရှိ များ ၊ ဘင်္ဂါလီ လူကုံ ထံ များ ၊ ဒေသခံ
ရခိုင်တိုင်း ရင်းသား ကြေး ရတတ် များ နှင့် လည်း နီးစပ် မှု ရှိ ပြီး ၎င်း တို့  ပြု လုပ် သည့် ဧည့် ခံ ပွဲ
များ နှင့် ဖိတ်ကြား မှု များ ကိုလည်း အမြဲ တစ်စေ လို လို ရောက် ဖြစ် သူ တစ်ယောက် ဖြစ်သည်။
ပြီး ခဲ့ သည့် သီတင်း ပတ် များ အတွင်း ရခိုင် ပြည်နယ် တွင် မငြိမ် သက် မှု များ နှင့် ပတ်သက် ၍ သူက
“ ကျွန်တော် ဒါမျိုး ဖြစ်လာ မယ် လို့  မထင် ထား ခဲ့ ဘူး ၊ တကယ် ကို မထင် ထား ခဲ့ တာ ပါ။ ဒီဒေသ
မှာ အခြေချ တဲ့ ဘင်္ဂလီ တွေ က နည်း လမ်း အမျိုး မျိုး သုံး ပြီး နိုင်ငံ သား ဖြစ်ရေး ပဲ။ ဒီလို အကြမ်းဖက်
တဲ့ နည်း တွေ ပါဝင် လာ မယ် လို့  ကျွန်တော် ဘယ် တုန်း က မှ မထင် ခဲ့ ဘူး ဟု FNG ကို ပြောသည်။
မောင်တော မြို့ နယ် သည် ရခိုင် ပြည်နယ် ၏ ဖွံ့ ဖြိုး တိုးတက် မှု အနည်းဆုံး ဒေသ ဖြစ်သော် လည်း
တစ်ဖက် နိုင် ငံ နှင့် နီးစပ် သည့် ပြင် နယ်စပ် ကုန်သွယ်ရေး အခြေစိုက် စခန်း ရှိ ရာ မြို့  ဖြစ် သော
ကြောင့် စီးပွား ရေး ဆန်သည့် မြို့  တစ်ခု ပင် ဖြစ်သည်။ မောင်တော ဒေ သတွင် စိုက်ပျိုး ရေး လုပ်ငန်း
များ နှင့် မွေး မြူ ရေး လုပ် ငန်း များ ရှိ ပြီး ငါး ၊ ပုဇွန် စသည့် မွေး မြူ ရေး လုပ် ငန်း များ ကို စစ် တပ်
မှ ထိမ်း ချုပ် ထား သည်။ ထွက် ရှိသည့် ငါး ၊ ပုဇွန် များ မှာ လည်း ဒေသ တွင်းစား နပ် ရိက္ခာ ဖူလုံ
ရေး ထက် ဘင်္ဂါလီ များ မှ တစ် ဆင့် ဘင်္ဂလား ဒေရှ် နိုင်ငံ ကို ရောင်း ချကြသည်သာ များသည်။
နယ်စပ် ကုန် သွယ် ရေး (နစက) ၊ လူဝင်မှု ကြီးကြပ် ရေး ၊ ရဲ နှင့် စစ်တပ် မှာ မောင်တော ဒေသ တွင်
အာဏာ လွှမ်း မိုး မှု အရှိ ဆုံး သူ များ ဖြစ်ပြီး ဒေသတွင်း ရှိ မင်္ဂလာ ဆောင် နှင့် မွေး နေ့  ပွဲ မှ လွဲ ၍
အရာ ရာ ကို ချုပ် ကိုင်ထားသည်။

နစက အရာ ရှိ များ မှာ ကိုယ်ကျိုး ရှာ အကျင့် ပျက် ချစား မှု တွင် ထိပ် ဆုံး က ဖြစ်သည် ။ ဘင်္ဂလား
ဒေရှ် မှ ကုန် ပစ္စည်းသာ မက လူပါ သွင်းသည် ဟု ကျော်ကြား သည်။ ဘင်္ဂလီ အများစု မှာ မောင်
တော နှင့် စစ်တွေ တွင် အခြေချ နေ ထိုင် ကြ သော် လည်း တောင် ကျော် လျှင် (မှတ်ပုံ တင် / နိုင်
ငံသား လက်မှတ်) မရှိ သူများ မှာ ခက် ခဲ ကြသည်။ လမ်းခရီး တွင် မှတ် ပုံ တင် ပြ ရသည့် ဂိတ် များ
ရှိ နေသည့် အတွက် ခရီးသွားလာ ရေး တွင် အဆင် မပြေ ကြ ချေ။
စစ်တပ် က တောင် ကျော် ချင်သည့် ဘင်္ဂါလီ များ ကို တစ်ဦး လျှင် သိန်း ဆယ်ဂဏန်းထိ ယူကာ ပို့ 
ဆောင် ပေး ကြသည် ဤ သို့  ဖြင့် ဘင်္ဂါလီ ရိုဟင်ဂျာ များသည် မကွေး ၊ ရန်ကုန် နှင့် မန္တလေး မြို့ များ
သို့  ရောက် ရှိလာ ကာ အခြေချ နေ ထိုင် ကြ တော့ သည်။ အချို့  လည်း ထပ်မံ ခရီး ဆက် ပြီး ထိုင်း
နှင့် မလေး ရှား သို့  ရောက် ကာ ဒုက္ခသည် များ အဖြစ် ခံ ယူလိုက် ကြ ပြီး တတိယ နိုင်ငံ များ သို့ 
ရောက် ရှိ ကြ တော့ သည်။
ထိုခရီးလမ်း ကြောင်း အမေရိကန် နိုင်ငံ သို့  ရောက် ရှိ လာသည့် ဘင်္ဂါလီ ရိုဟင် ဂျာ ဒုက္ခသည် တစ်ဦး
ဖြစ်သူ အဗ္ဗဒူလာ ဖိုင်ဆယ် က ” ကျွန်တော် ၁၉၉၆ ခုနှစ် မှာ မောင်တော ကို ရောက်တယ် ၊ မှတ်ပုံ တင်
လုပ် ဖို့  က ဈေးကြီးတယ်။ မကပ် နိုင်တာ နဲ့  တောင် ကျော် ပြီး ရောက်လာ တာပါ။ အဲဒီတုန်း ကတော့
စစ်တပ် ပေါ်တာ နဲ့  မဟုတ် ဘူး ၊ ဂိတ် တွေ မှာ လိုင်း ကြေး ပေး ပြီး ဖြတ်တာ ပါ။ ၂၀၀၀ ခုနှစ် မှာ မဲလ
ဒုက္ခသည် စခန်း ကို ရောက်တယ်။ ၂၀၀၄ ခုနှစ် မှာ အမေရိကန် ရောက်တယ်။ အခု တက္ကဆက် ပြည်
နယ် မှာ နေတယ် ” ဟု သူ ဖြတ် သန်း ခဲ့ ရသည့် ခရီး ရှည် ကြီး ကို အကျဉ်း ချုံး ပြောပြသည်။
ရခိုင် ပြည်နယ် ရှိ လူဝင်မှု ကြီး ကြပ်ရေး ဦးစီးဌာန နှင့် နယ်စပ် ဒေသ ရှိ လ၀က ၀န်ထမ်းများသည် ဘင်္ဂါ
လီ ရိုဟင်ဂျာ များထံ မှ တံစိုး လက် ဆောင် မြိုးမြိုး မျက် မျက် ရယူပြီး နိုင်ငံ ကူးလက် မှတ် ထုတ် ပေး လေ့
ရှိသည်။ ၎င်း တို့  သတ်မှတ် ထား သည့် ကာ လ ပေါက် ဈေး မပေး နိုင် သည့် ဘင်္ဂါလီ များ ကို နိုင်ငံ ကူး
လက်မှတ် ( နိုင်) ကို မထုတ် ပေး သော် လည်း ထောက် လှမ်း ရေး တစ်ခောတ် ဆန်း ချိန် က မူ ယာယီ
နေ ထိုင် ခွင့် နှင့် ခရီးသွားလာခွင့် ဆိုသည့် ကဒ် တစ်မျိုး ကို လစဉ် ကြေး ပုံစံ မျိုး ဖြင့် ပေး ပြီး ထုတ် ပေး
သည်။ ထို ယာယီ နေ ထိုင် ခွင့် ဆိုသည် မှာ အစိုးရ ၏ တရား ၀င် အစီအစဉ် မဟုတ် ပေ။ ဒေသရှိ ၀န်ထမ်း
များ နှင့် အထက် အရာ ရှိ များ ပူးပေါင်း ရိုက်စား လုပ် သည့် အစီအစဉ် တစ်ခု သာ ဖြစ်သည်။
မောင်တော နှင့် ဘူးသီးတောင် အထက် ဘက် တွင် နယ်စပ် ဖြတ် ကျော် မှု ခင်း များ နေ့  စဉ် လို လို ရှိသည်
။ မြန်မာ ဘက်ခြမ်း တွင် ရာဇ၀တ် မှု ခင်းများ ကျူးလွန် ထား သည့် ဘင်္ဂါလီ များသည် နယ်စပ် ဖြတ် ကျော်
ပြီး ဘင်္ဂါလား ဒေရှ် နိုင်ငံ ထဲ ကို ထွက် ပြေးကြသည်။
” မောင်တော ၊ ဘူးသီးတောင် ရာဇ၀တ် မှု ခင်း တစ်ဝက် လောက် က ဘင်္ဂါလီ တွေ ကျုးလွန် တာ ချဉ်း ပဲ၊
ပြီး ရင် နတ် မြစ် ကို ကူး ပြီး ထွက် ပြေး ကြတယ်။ ပြီး ရင် ပြန်လာ ကြတယ်။ ပုဇွန် အင်း တွေ မှာ လုပ်တဲ့
ရိုဟင်ဂျာ တွေ ဆို ဆေးခြောက် ၊ ဖင်ဆီဒိုင်း ရောင်းတာ တို့  တွေ ပါ လုပ် တယ် ” ဟု မောင်တော မြို့ မှ
ကျန်းမာ ရေး ၀န်ထမ်း တစ်ဦး က ပြောသည်။
တရား မ၀င် ကျုးကျော် နေထိုင်သည့် ရိုဟင်ဂျာ များ ကို ခိုင်မာသည့် စည်းမျဉ်းစည်းကမ်း များ နှင့် အညီ
နေထိုင် ရန် ဒေသ ရှိ တာဝန် ရှိ သူ များ ကိုယ် တိုင် က မလုပ် ဆောင် ခဲ့ ကြ ။ ရာဇ၀တ် မှု ခင်း များ ဖြစ်
လျှင် လည်း ရုံး မရောက် ၊ ဂါတ် မရောက် မှီ မှာ ပင် ရိုဟင်ဂျာ ကြေးရတတ် များ က ငွေ ပေး ပြီး ရွေးထုတ်
ခဲ့ ကြသည်။ မောင်တော ရဲ များ ကလည်း လူနည်း စု မို့ ထင် ပါသည် ဘင်္ဂါလီ များ ကို ပြတ်ပြတ်သားသား
မကိုင် တွယ် ရဲ ။ စစ်တွေ မြို့  နေရာ အချို့ နှင့် မောင်တော တွင် ပါ ညအချိန် ဆိုလျှင် ဘင်္ဂါလီ များ ကြီးစိုး
သည့် နေရာ များ သို့  မြန်မာ အများ စု မ၀င်ထွက် ရဲ ကြ။
ချမ်းသာ သည့် ဘင်္ဂါလီ များ က တပည့် မွေး ၊ လူမိုက် မွေး လုပ် ပြီး ဒေသ တွင် တာဝန် ကျသည့် စစ်တပ်
ရဲ အရာ ရှိ များ ကို အိပ်ကပ် ထဲ ထည့် ကာ လူ တွင် ကျယ် လုပ် လာ သည် မှာ ထို ဒေသ တွင် ဆယ်စု နှစ်
တစ်ခု မခန့်  ရှိ ပြီုဖြစ်သည်။
ဘူးသီးတောင် ထောင် တွင် နိုင်ငံ ရေး အကျဉ်းသား အဖြစ် နှစ်အတန်ကြာ နေ ခဲ့ ဖူး သူ တစ်ယောက် က
” အပြင်က အာဏာပိုင် တွေ တော့ ဘယ်လို နေလဲ မသိ ဘူး ထောင် အာဏာ ပိုင် တောင် ဘင်္ဂါလီ ထောင်
ကျ တွေ ကို သောကြာ နေ့  ၀တ် ပြု ခွင့် ပေးတာ တို့  က အစ ဒေသခံ ရခိုင် တိုင်းရင်းသား တွေ ထက် ကို
ထူးထူးခြားခြား အခွင့် အရေး ပေး ရတယ် ” ဟု FNG ကို ပြောသည်။
၂၀၀၀ ပြည့် လွန် နှစ်များ တွင် နိုင်ငံ ရပ်ခြား မှာ မွတ်ဆလင် များ ၏ အကူ အညီ ဖြင့် ထိုဒေသ ရှိ ရိုဟင်ဂျာ
တို့ သည့် လှေစီးဒုက္ခသည် ဆိုသည့် အမည် ကို ရရှိ ရန် ကြံ ဆောင် ခဲ့ ကြသည်။ စွန့် စား ၀ံ သူ ရိုဟင်ဂျာ
များ က ဒေသတွင်းဉ် ၎င်း တို့  လုံခြုံ မှု မရှိ ဟု အကြောင်း ပြ ကာ လှေ ဖြင့် ထွက် ပြေး ကြခြင်း ဖြစ်သည်။
မလေး ရှား တွင် အသင့် စီစဉ်ထား သူ များ က ထို လှေစီး ဒုက္ခသည် ရိုဟင်ဂျာ များ ရောက် လာ လျှင် အဆင်
သင့် ပင် ဒုက္ခသည် အဖြစ် အသိအမှတ် ပြု လိုက် တော့ သည်။
မလေးရှား သို့  လှေစီးဒုက္ခသည် အဖြစ် ရောက် ရှိ သွား သူ အများစု မှာ လှေစီး သူ များ ရှိ သလို လှေမစီး
ပဲ ၊ မြန်မာ နိုင်ငံ တွင်း ကုန်း လမ်း ခရီး ဖြင့် ကော့သောင်း သို့  အရောက် သွား ကာ ထို မှ တစ် ဆင့် ထိုင်း
နယ်စပ် မှ မလေး သို့  တစ်ဆင့် ၀င်ကာ ဒုက္ခသည် အဖြစ် ခို လှုံ ကြ ပြန်သည်။ ပေး သူ ၊ ယူသူ ကြည်ဖြည်
လျှင် ကား မည်သို့ မျှ ကန့် ကွက် စရာ မရှိ သော် လည်း မောင်တော လို နေရာ မျိုး တွင် ကုန် စုံ ဆိုင် ကြီး
ဟီး နေ အောင် ဖွင့် ခဲ့ သည့် ဘင်္ဂါလီ ကား မလေး ရှား UN ရောက် သော် မြန်မာ နိုင်ငံ တွင် သူ့  ဆွေ မျိုး
များ အသတ် ခံ ရ ပြီး သူ ကိုယ် တိုင် လည်း စားရ မဲ့ သောက် ရမဲ့ ဖြစ် လူ့  အခွင့် အရေး ချိုးဖောက်ခံ ခဲ့
ရပါသည် ဆိုတော့ ၎င်း တို့  ၏ လိမ် လည် ထွက် ဆို ခြင်း ကား အကျဉ်းတန် လှပေသည်။
တကယ် တော့ လှေစီး ရိုဟင်ဂျာ လှေ စီး ဒုက္ခသည် မြစ် ဖျား ခံ ရသည် စစ်ထောက်လှမ်း ရေး လက်ထက်
က တမင် အကွက် ချ ကြံ စည် မှု ကြီး တစ်ခု ပင် ဖြစ်သည်။ အနောက် နိုင်ငံ များ သို့  မြန်မာ နိုင်ငံ မှ ထွက်
သည့် ဒုက္ခသည် ဆိုသည် မှာ နိုင်ငံ ရေး အရ တို့  ၊ IDP တို့  ဆိုသည် ကို ပုံဖျက် ခြင် ၍ ခု လို နိုင်ငံ မဲ့ ဂျစ်
ပစီ လူတန်း စား တစ် ရပ် ကို ကျူးဘား ဖောင်စီး ဒုက္ခသည် အရေး လို စနစ် တကျ မွေး ထုတ် ခဲ့ ခြင်း ပင်
ဖြစ်သည်။
လှေစီး ရိုဟင်ဂျာ ဒုက္ခသည် များ နှင့် ပတ်သက် သည့် အတိတ် ခြေရာ တစ်ခု ကို ယခင် စစ်မဟာဗျူဟာ
လေ့လာ ရေး ဌာန မှ အရာ ရှိ ဟောင်း တစ်ဦး ဖြစ်သူ က ” စက်တင် ဘာ ၁၁ နောက် ပိုင်း မှာ ကျွန်တော်
တို့  ရိုဟင်ဂျာ နဲ့  ပတ်သက်
ပြီး ပရီယိုရတီ ဦးစားပေး အဆင့် အနေ နဲ့  ကိုင်တွယ် လာတယ်။ အာဖဂန် နစ္စ
တန် က ထွက် ပြေး လာ တဲ့ တာလီဘန် သူပုန် တစ် ချို့  က ရခိုင် နဲ့  ဘင်္ဂလား နယ် စပ် မှာ ခိုလှုံ မှု ပြုတယ်
လို့  အမေရိကန် အစိုးရ က ကြေငြာ တော့ ဒီ ဒေသ က ဘင်္ဂလီ တစ်ချို့  ကို သတင်း ပေး အနေ နဲ့  မွေးမြူ
ခဲ့ ရတယ်။ ဒါပေမယ့် ထူးထူး ခြားခြား တာလီ ဘန် ၊ အယ်(လ)ခိုင်ဒါ သတင်း တွေ တက် မလာ ခဲ့ ဘူး ၊
နယ်မြေ အတွင်း မှာ များ နေတဲ့ မွတ် ဆလင် ၀ိတ် ကို ပြန် ချ ခြင် တဲ့ အခါ သူ တို့  ထဲ က တစ်
ချို့  ကို လှေ နဲ့  ထွက် ခွင့် ပြု တာ တွေ မှာ မြန်မာ့ ရေတပ် အပါ အ၀င် ဘာ မှ အတားအဆီး မရှိ ပဲ ပင်လယ်
ထဲ ကို လွှတ်ပေး လိုက်တယ်။ ၂၀၀၂ လောက် မှ စတာ ပေါ့ ။ အလုံး အရင်း နဲ့  မဟုတ်သေး ဘူး။ သူ တို့ 
က ဘင်္ဂလား မပြန် ချင် ကြ ဘူး ၊ ရန် ကုန် ၊ မန္တလေး မှာ အခြေ ချ နိုင် ဖို့  နဲ့  တတိယ နိုင်ငံ ထွက် ဖို့ 
က သူ တို့  ရဲ့  ဦးစား ပေး ပဲ ။ ကျွန်တော် တို့  က တော့ ဘယ် လို မှ ပြည်တွင်း ထဲ စိမ့် ၀င် လာ နိုင် ဖို့  ကို
ခွင့် မပြု ခဲ့ ပါဘူး ” ဟု FNG ကို ပြောသည်။
စစ်အစိုးရ လက် ထက် ကျင်း ပခဲ့ သည့် ၂၀၁၀ ရွေးကောက် ပွဲ တွင် ကြံ့ဖွတ် ပါတီ ကို မဲပေး နိုင် ရန် အတွက်
ရိုဟင်ဂျာ အချို့  ကို နိုင်ငံ သား စီစစ် ရေး ကဒ် ထုတ် ပေး ခဲ့ ရာ ရိုဟင်ဂျာ ၊ ဘင်္ဂါလီ တို့  ၏ စီးပွား ရေး ၊ လူမှု
ရေး ၊ နိုင်ငံ ရေး ၊ ဘာသာ ရေး အင်ပါယာ ချဲ့  ထွင် လာ ခဲ့ သည်။ ပလီ တွေ တစ်လုံး ပြီး တစ်လုံး တိုးလာ
သည်။ တစ်နွယ် ငင် တစ်စင် ပါ ဆို သလို ကုရန် အန် ကျမ်းစာ သင် ကျောင်း တို့ ၊ မွတ်ဆင်လင် ကျန်းမာ
ရေး စောင့်ရှောက် မှု ဌာန တို့  ဖြစ်လာ သလို ၊ စီးပွား ရေး တွင် လည်း ပွဲရုံ ၊ ကုန်လှောင် ရုံ ၊ ရေ လုပ်ငန်း
စသည် ဖြင့် ကျယ် ပြန့် လာခဲ့ သည်။
ထို အဖြစ် ပျက် ကို ကား ရခိုင် ရိုး မ အရှေ့ ဘက် ခြမ်း နေသူ များ အတွက် ရင်ခုန် စိတ်လှုပ်ရှား စရာ ဖြစ်မလာ
ခဲ့ သော်လည်း ဇာတိ ချက် ကြွေ မွေး ရပ် မြေ ၊ ဓား မ ဦး ချ ရခိုင် တိုင်း ရင်းသား တို့  အတွက် နာကျဉ်း ခံပြင်း
စရာဖြစ် လာ ခဲ့ သည်။
ဌာနေ ရခိုင် တိုင်းရင်း သား ကလေး က လမ်းလျှောက် ပြီး ကျောင်းသွား နေ ချိန် တွင် ဘင်္ဂါလီ ကလေး က စူပါ
ကပ် ဆိုင် ကယ် နှင့် ဖြစ်သည်။
အဖြစ်ကတော့ မနှစ် က နှင့် မတူ ဟု ဆို ရမည့် အချက် မှာ ၊ ဒေသ ရှိ အာဏာ ပိုင် တို့  က ဘင်္ဂါ လီ ရိုဟင်ဂျာ များ
နှင့် သူဌေး ကြေး ပ ဆက် ဆံ ရေး ပင် ဖြစ်သည်။ ကြာတော့ ဘင်္ဂါလီ များ သည် ၎င်း တို့  ကိုယ် တိုင် ပင် တစ်ဖက်
နိုင်ငံ မှ ခိုးဝင် လာသူ များ ဆို သည် ကို မေ့ ချင်ချင် ဖြစ်လာ ကြသည်။
ကြာတော့ အမှိုက် က စ တစ်မြို့  လုံး မီး လောင်ခဲ့ သည်။
ပြီးခဲ့ သည့် သီတင်း ပတ် က ရခိုင် ပြည်နယ် တွင် ဖြစ်ပွားခဲ့ သည့် မငြိမ် သက် မှု များ သည် “ လူ တွင်
ပါ လို့  နွား ကျား ကိုက် သည် ဟု ဆိုရမည့် ဇာတ် လမ်း ” ဟု အသက် ၇၀ ကျော် အရွယ် ရှိ စစ်တွေ မြို့  မှာ ကျောင်း
ဆရာ ဟောင်း တစ်ဦး ဖြစ်သူ ဦးစိုးတင့် က ပြောသည်။
အခြား တစ်ယောက် ၏ အမြင် တွင် တော့ ” ရိုဟင်ဂျာ ကိစ္စသည် စနစ် ၏ ဆိုး မွေး ဖြစ်ပြီး ၊ လူမှု ရေး ၊ နိုင်ငံရေး အရ
ပေါက် ကွဲအား ပိုပြင်းထန် နိုင်သည့် စနက် တံ အဖြစ် ဆက် ရှိ နေ အုံး မည် ” ဆိုသည်။
Photo by Lynn Bo Bo
ဤ ဆောင်းပါး တွင် ဖော်ပြထား သည့် ဓာတ်ပုံ အား လုံး မှာ ရခိုင် ပြည်နယ် တွင် လင်းဘိုဘို ရိုက်ကူး
ထားသည့် ဓာတ် ပုံ များ ဖြစ်သည်။ စစ်တွေ မြို့  နာဇီ ကျေးရွာ တွင် ရိုက် ကူးထား ခြင်း ဖြစ်သည်။
http://freedomnewsgroup.com

ရန်ကုန်မြေဈေးများ နှစ်ကုန်အထိ အမြင့်ဈေးနှုန်းဖြင့် ဆက်လက် တည်ငြိမ်သွားနိုင်


ရန်ကုန်မြေဈေးများ နှစ်ကုန်အထိ အမြင့်ဈေးနှုန်းဖြင့် ဆက်လက် တည်ငြိမ်သွားနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များပြော ထားထားခင်
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂) ရန်ကုန်မြို့ရှိ မြေဈေးနှုန်းများသည် ယခင်နှစ်ဖြစ်သော ၂၀၁၁ ခုနှစ်ထက် သိသာသော ဈေးနှုန်းတက်ရိပ်ပြသည်ကို မတွေ့ရှိရဘဲ အိမ်ခြံမြေဈေးကွက် အေးမှုနှင့်အတူ အချက်အချာနေရာ များတွင်ပါ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။
ယခုနှစ်တွင် ကားဈေးကွက်ကဲ့သို့ သော အကြောင်းအရာများ ဈေးကွက်သို့ သက်ရောက်မှုရှိခဲ့သည့်အတွက် အခွန်သက်တမ်းကုန် ဆုံးခါနီးတွင်ပင် ဈေးကွက်ဝယ်လိုအားသိသာစွာ တက် မလာမှုက အိမ်ခြံမြေဈေးကွက်အတွက် အခြေခံကျသော မြေဈေးများကို နိုင်ငံတော်စီမံကိန်း၊ လူနေအိမ်ရာစီမံ ကိန်း အနီးဝန်းကျင်များတွင် မြင့်တက် မှုများမှလွဲ၍ အခြားနေရာများတွင် သိသာသော ဈေးနှုန်းပြောင်းလဲမှုများ မတွေ့ခဲ့ရကြောင်း ၎င်းတို့က ပြောသည်။
"မြေဈေးတွေက အေးနေတယ်။ အိမ် ခြံမြေဈေးကွက်အရောင်းအ၀ယ်လည်း ငြိမ်သက်နေတဲ့အတွက် မြေဈေး အရမ်း မလှုပ်ဘူး။ လက်ရှိအချိန်မှာတော့ ပဲခူး မှာရှိတဲ့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့နီးတဲ့နေရာက မြေကွက်တွေကို ၀ယ်သူတွေစိတ်ဝင်စား နေပြီး ဈေး တွေလည်း မြင့်နေတယ်။ အဲဒီနေရာ တွေမှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်း က သိန်း ၄၀-၅၀ တန်တဲ့ ဧကကွက်တွေ က သိန်း ၆၀၀-၇၀၀ လောက်ဖြစ်နေ တယ်လို့ ကြားရတယ်"ဟု တာမွေမြို့နယ် အခြေစိုက် ၀ါရင့်အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့စွန်ရှိ စီမံကိန်းဧရိယာ တစ်ခုဖြစ်သည့် သီလ၀ါစက်မှုဇုန် စီမံ ကိန်းအပြင် ရန်ကုန်မြို့လယ်မှ အလှမ်း ဝေးသည့် မြို့နယ် များဖြစ်သည့် ဒဂုံ ဆိပ်ကမ်း၊ အရှေ့ဒဂုံမြို့နယ်များ၊ လှိုင် သာယာအမှတ် ၂ နှင့် အမှတ် ၃ လမ်းမကြီးအနီးဝန်းကျင်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံမြို့နယ်များတွင်မူ လိုအပ်ချက်အရ ၀ယ်လိုအားသွက်ခဲ့ သည့်အတွက် မနှစ်ကထက် ၁၀ ရာခိုင် နှုန်း ပျမ်းမျှ အားဖြင့် ဈေးနှုန်းမြင့်လာ သည်ဟု ခြုံငုံပြောဆိုနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။ "ရန်ကုန်မြေဈေးရဲ့ ဦးတည်ရာက မြို့စွန် တွေဘက်မှာ ၀ယ်လိုအားကြောင့် ဈေးအနည်းငယ်တက်ရိပ်ပြတယ်။ ဒါပေ မယ့် ဈေးကွက်အခြေအနေအရ အခု အချိန်မှာ နေရာ ကောင်း တွေမှာဆိုရင် ဈေးကွက်ပေါက်ဈေးအတိုင်းပဲ ခေါ်လို့ ရတဲ့ အခြေအနေဖြစ်နေတယ်။ ဈေးမြှင့် ခေါ်လို့မရဘူး။ ဒါတောင် လတ်တလော အချိန်မှာ ၀ယ်လက်တွေကလည်း မရှိ သေးဘူး"ဟု ၎င်းက ရှင်းပြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အခြေစိုက် ၀ါရင့်အကျိုးဆောင်တစ်ဦးကလည်း ရန်ကုန်မြေဈေးများ ယခုနှစ်ကုန်ခန့် အထိ ဆက်လက် တည်ငြိမ်သွားနိုင်ဖွယ် ရှိကြောင်း ပြောသည်။
"ရန်ကုန်မှာ မြေဈေးက သိသိသာသာ တက်လာတာမျိုးမရှိဘူး။ ငြိမ်နေတယ်။ ရွှေတောင်ကြားလိုနေရာမျိုးမှာတောင် တစ်ပေပတ်လည် သုံးသိန်းပဲရှိတယ်။ တချို့နေရာတွေဆိုရင် ညှိနှိုင်းဈေးနဲ့ အရောင်းအ၀ယ်လုပ်သွားတာတွေရှိ တယ်။ "မနှစ်ကနဲ့ ဒီနှစ်မြေဈေးက သိပ် မကွာဘူး။ ဒါပေမယ့် ၂၀၁၀ နဲ့ ယှဉ်ရင် တော့ ဒီနှစ်မှာ မြေဈေးသိသိသာသာ တက်တယ်လို့ ပြောနိုင်တယ်။ ခန့်မှန်း မိသလောက်တော့ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ဥပဒေထွက်လာရင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို များများဖိတ်ခေါ်နိုင်မှာ ဖြစ်သလို အိမ်ခြံမြေဈေးကွက် လည်း ပို ကောင်းလာမယ်လို့ မျှော်လင့်ရတယ်။ ဒီအနေအထားတွေပေါ် မူတည်ပြီး မြေဈေးတွေက ကောင်းလာနိုင်ဖို့ အလားအလာ ရှိတယ်လို့ ပြောနိုင်သလို ဈေးကွက်ပေါက်ဈေးအတိုင်း အမြင့်ဆုံး နဲ့ တည်ငြိမ်သွားမယ်လို့လည်း ပြောနိုင် တယ်"ဟု ၎င်းအမြင်ကို ပြောသည်။
စီမံကိန်းအနီးဝန်းကျင်နေရာများ သည် မြေဈေးများတက်လေ့ရှိရာ လတ်တလောကာလတွင် ပဲခူးမြို့ ဟံသာဝတီလေဆိပ်အနီး ၀န်းကျင်၊ ဆည်မြောင်းလမ်း၊ ဥဿာမြို့သစ်လမ်းဘေး တစ်လျှောက်ရှိ မြေကွက်များ၊ ရန်ကုန်- ပဲခူးလမ်းမကြီးတစ်လျှောက် တွင်ရှိသော မြေကွက်များအ၀ယ်လိုက်၍ ဈေးမြင့် နေကြောင်း ၎င်းက ဆိုသည်။
"ပဲခူးဘက်က မြေဈေးတွေ တက်နေ တာ မှန်ပါတယ်။ ဒါပေမယ့် လောလော ဆယ်မှာတော့ ကျွန်တော်တို့ အကျိုး ဆောင်အနေနဲ့ အဲဒီဘက်ကို လိုက်ပြ ပေးရတာမရှိသေးပါဘူး။ ရန်ကုန်မြေ ဈေးတွေအနေနဲ့ ပြောရရင် မြို့စွန် မြို့နယ်တစ်ခုဖြစ်တဲ့ မြောက်ဒဂုံ တိုးချဲ့ ဘက်မှာ သိန်း ၁၀၀ ကနေ ၂၅၀ ရှိတဲ့ မြေကွက်တွေ အရောင်းအ၀ယ်သွက်တယ်။ နောက်ပြီး မြောက်ဥက္ကလာ လမ်းမကြီး တစ်ဝိုက်မှာ သိန်း ၂,၅၀၀ ကနေ ၃,၀၀၀ တန်တွေ သွက်တယ်။ အိမ်ခြံမြေဈေးကွက်ကို ပြောရမယ်ဆိုရင် လက်ရှိအချိန်ကတော့ စောင့်ကြည့် ကာလလို့ ပြောနိုင်တယ်။ မြေဈေးတွေ ဘယ်လောက်တက်မယ်ဆိုတာက တော့ အတိအကျ ခန့်မှန်းဖို့ မလွယ်သေးဘူး" ဟုလည်း လမ်းမတော်မြို့နယ်အခြေစိုက် (မြ)ပန်းသခင်အကျိုးဆောင်မှ ကိုမင်းမင်းစိုးက သုံးသပ်ပြောဆိုခဲ့သည်။
   myanmar.mmtimes.com 

ရန်ကုန်မြို့တွင် ကြိုးဆွဲချသေဆုံးမှု တစ်ပတ်အတွင်း ခြောက်ကြိမ်ဖြစ်ပွား

ဝန်ထမ်းတစ်ဦး၏ မိခင်ဖြစ်သူ ကင်ဆာဝေဒနာရှင်က ဆေးကုသရန် ငွေကြေးအခက်အခဲကြောင့် ကြိုးဆွဲချသေဆုံးမှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား၊ ရန်ကုန်မြို့တွင် ကြိုးဆွဲချသေဆုံးမှု တစ်ပတ်အတွင်း ခြောက်ကြိမ်ဖြစ်ပွား

Wednesday, 27 June 2012 09:58

ကင်ဆာဝေဒနာရှင် ကြိုးဆွဲချသေဆုံးခဲ့သည့် အခန်းအား ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အစိုးရ၀န်ထမ်းအိမ်ရာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ဆေးကုသရန် ငွေကြေးအခက်အခဲကြောင့် ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်အပါအ၀င် တစ်ပတ်အတွင်း ကြိုးဆွဲချသေဆုံး သည့်ဖြစ်စဉ် ခြောက်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါကဲ့သို့ ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်များမှာ တစ်ပတ်ကာလအတွင်း ဖြစ်စဉ်ခြောက်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သူခြောက်ဦးသည် အသက်ရွယ်အားဖြင့် ၂၅ နှစ်မှ ၄၇ နှစ်အထိဖြစ်ပြီး သုံးဦးမှာ အမျိုးသမီးဖြစ်ပြီး၊ ကျန်သုံးဦးမှာ အမျိုးသားဖြစ်ကြောင်း သိရှိရသည်။

ယခုရက်ကာလအတွင်း ကြိုးဆွဲချသေဆုံးခဲ့သည့် ဖြစ်စဉ်ခြောက်ခုတွင် အစိုးရ၀န်ထမ်း မိသားစုဝင်နှင့် ပတ်သက်သည့် နှစ်မှုပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါဖြစ်စဉ်များမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၁း၄၅ နာရီ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ် သရက်တောမြောက်ရပ်ကွက် သစ်စက်ပင်မ ပစ္စည်းဌာန၀င်းအတွင်း နေထိုင်သူ ဒေါ်စန်းစန်းမော် (၄၄ နှစ်) မှာ နေအိမ်လိုင်ခန်းအတွင်းဘက် မျက်နှာကျက်တန်းအား လေးပေကျော်ခန့်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးမှုကြောင့် ကြည့်မြင်တိုင် ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၂ အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ရင်းနှီးသူတစ်ဦးက ''သေသွားတဲ့သူက သားအိမ်ကင်ဆာရောဂါ ခံစားနေရသူပါ။ ရောဂါဝေဒနာကလည်း ပြင်းထန်လာပြီး နာကျင်ကိုက်ခဲမှုတွေကို ပိုခံစားလာရတယ်လို့ သိရတယ်။ သေတဲ့နေ့ကသူ့ကိုပြုစုတဲ့ သူ့သမီးလေး အိမ်သာသွား နေတဲ့အချိန်မှာ ဖြစ်သွားတာပါ။ သေသွားတဲ့သူက သားအိမ်ကင်ဆာအခြေအနေ တော်တော်ဆိုးရွားနေပါတယ်။ ရောဂါဖြစ်တာက တစ်နှစ်ကျော် ကြာလောက်ရှိပြီ။ ကြာလာတော့ သားသမီးနဲ့ ယောက်ျားကို အားနာလာတယ်။ ၀န်ထမ်းမိသားစုတွေဆိုတော့ ရေရှည်မှာ ဆေးကုသစရိတ်တွေကလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ ကိုယ်အတွင်းပိုင်းက နာကျင်မှုတွေလည်း ပိုပြင်းထန်လာတယ်။ ဆရာဝန်နဲ့ပြပြီး ကုတာရှိသလို ဆေးမြီးတိုတွေနဲ့လည်း ကုပါတယ်''ဟု ပြောပြခဲ့သည်။
ထို့အတူ ဇွန်လ ၂၃ ရက်နေ့ နံနက် ၆း၂၀ နာရီ အချိန်တွင် လမ်းမတော်မြို့နယ် ၉ ရပ်ကွက်နေ သတင်းတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး၏ ဇနီးဖြစ်သူ မမြင့်မြင့်မော်  (၄၇ နှစ်) မှာ နေအိမ် လိုင်းခန်းအပြင်ဘက် အမြင့်ခြောက်ပေခန့်ရှိ အုတ်နံရံတွင်တန်းထားသော ၀ါးလုံးတွင် အရှည် ၂၆ ပေခန့်ရှိ တီဗီအင်တာနာကြိုးအား ခေါက်ချည်ပြီး အမြင့်တစ်ပေခန့်ရှိ ပလပ်စတစ်ထိုင်ခုံပေါ်တက်ကာ လည်ပင်းကြိုးကွင်းဆွဲလျက် သေဆုံးနေမှုကြောင့် လမ်းမတော် ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၅/ ၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့်အတူ ဇွန်လ ၁၉ ရက်နေ့တွင် သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတွင် ဦးမြင့်ဦး(၃၇ နှစ်) သန်လျင်မြို့နယ်နေသူမှာ ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးကိစ္စ စကားများရာမှ ကြိုးဆွဲချ သေဆုံးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဆိပ်ကြီးခနောင်တို ဆမာဒူးဝါးအပိုင်း ၄ ရပ်ကွက်နေ ဦးသိန်းဦး (၄၀ နှစ်)မှာ အရက် အလွန်အကျွံ သောက်သုံးသဖြင့် မိန်းမနှင့်စကားများပြီး နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချ သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ဇွန်လ ၂၂ ရက်နေ့ နံနက် ၈း၁၅ နာရီအချိန်ကလည်း သုံးခွ မြို့ ၇ ရပ်ကွက်တွင်နေထိုင်သူ ကိုမြင့်ဇော်ဦး (၂၆ နှစ်) မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ဇနီးဖြစ်သူ ဟင်းချက်မထားသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းအပြန် အလှန်စကားများကြပြီး ဇနီးဖြစ်သူ နှင့်ကလေးနှစ်ဦးမှာ နေအိမ်မှထွက်သွားသဖြင့် တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မှော်ဘီမြို့နယ် ကြက်ဖြူကန်ကျေးရွာနေ ကိုနန္ဒာဝင်းလွင်(၂၅နှစ်)မှာ အရက် အလွန်အကျွံ သောက်သုံးပြီး ကြိုးဆွဲချသေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ သေဆုံးသူမှာ စိတ်မူမမှန်သူတစ်ဦးလည်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

news-eleven.com

ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ခုန်တက်

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ခုန်တက်ပြီး အက်ဖ်အီးစီ ပြင်ပငွေလဲနှုန်း တစ်ယူနစ် ကျပ် ၉၀၀ အထက်ရောက်ရှိ ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပငွေလဲနှုန်း ကွာဟချက် ပိုမိုများပြားလာ
Wednesday, 27 June 2012 21:42
လဲလှယ်လိုသလောက် နိုင်ငံခြားငွေပမာဏ မရရှိ၍ လာရောက်လဲလှယ်သူမရှိသလောက် နည်းပါးသွားသည့် နိုင်ငံခြားငွေလဲကောင်တာတစ်ခုကို ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်

မြန်မာငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ပြင်ပဈေးကွက်အတွင်းတစ်ဒေါ်လာ ကျပ်၉၀၀၀န်းကျင်အထိဆက်လက် မြင့်တက်လျက်ရှိပြီးအက်ဖ်အီးစီပြင်ပ လဲနှုန်းမှာလည်း တစ်ယူနစ်ကျပ် ၉၀၀ အထက်ရောက်ရှိလာသည်။ ထို့အတူ ဗဟိုဘဏ်မှသတ်မှတ်သော ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း၊ တရားဝင်ငွေလဲကောင်တာဈေးနှုန်း နှင့် ပြင်ပဈေးကွက်ငွေလဲနှုန်းများ အကြား ကွာဟချက်ပိုမိုများပြားလာ ကြောင်း ငွေကြေးဈေးကွက်အတွင်း မှ သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်နေ့နောက်ပိုင်းမှစ၍ ဆက်တိုက်မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လနှောင်းပိုင်းတွင် ပိုမိုမြင့်တက်လာခဲ့ပြီး ဇွန် ၂၇ရက်နေ့၌ ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ ၈၆၇ကျပ်၊ သိမ်ဖြူငွေလဲကောင်တာ ဈေးနှုန်းမှာ ၀ယ်ဈေး-၈၆၅ကျပ်၊ ရောင်းဈေး-၈၇၄ကျပ်(မွန်းလွဲ ၁၂နာရီခွဲဈေး)ဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးသည် ၀ယ်ဈေး ၈၉၀ကျပ်၊ ရောင်းဈေး ၈၉၂ကျပ်ထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။
သိမ်ဖြူငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူက''အခု ကားသွင်းဖို့ လာဝယ်တဲ့သူက များတယ်။  သူတို့က တစ်ယောက်ကို ငါးထောင်လောက် ၀ယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာငွေက သုံးလေးသောင်းလောက်ပဲ ရှိတယ်။ အဲဒီတော့ ငါးယောက် ခြောက်ယောက်လောက် ၀ယ်တာနဲ့ ငွေကပြတ်သွားပြီ။ ငွေလာရောင်းတဲ့သူကျတော့ တစ်ဦးမှ တစ်ရာ နှစ်ရာလောက် လာရောင်းတာ။ ဒါကြောင့် လုံလုံလောက်လောက် မရောင်းနိုင်ဘူး''ဟု ပြောကြားပါသည်။
''အက်ဖ်အီးစီဈေးတက်တာ အဓိကအချက်ကတော့ ကားသွင်းတဲ့သူတွေကို ကညန ယာဉ်မှတ်ပုံတင်ကြေးကောက်ရင် အက်ဖ်အီးစီနဲ့ပဲ သွင်းခိုင်းလို့။ အက်ဖ်အီးစီမဟုတ်လဲ အက်ဖ်အီးစီလဲနှုန်းနဲ့ကိုက်ပြီး သွင်းခိုင်းတော့ အက်ဖ်အီးစီဖျက်သိမ်းမယ်လို့ သတင်းမထွက်ခင် ကိုင်ထားတဲ့သူတွေက ကစားလို့ ကောင်းသွားတာပေါ့။ ကားတင်သွင်းတဲ့သူတွေကို အက်ဖ်အီးစီနဲ့မကောက်ပဲ အမေရိကန် ဒေါ်လာလဲနှုန်းနဲ့တွက်ပြီး ကောက်သင့်တယ်။ ကညနကို ပေးသွင်းရတဲ့ ပမာဏကလည်း မနည်းဘူးလေ။ အခုလည်း ကားတင်သွင်းတဲ့သူတွေ ပေးသွင်းတာ ပမာဏ တော်တော်များများ ရနေတာပဲ၊ ဒေါ်လာလဲနှုန်းနဲ့ပဲ ပေးသွင်းဖို့ ပြောင်းသင့်တယ်။ မဟုတ်ရင် ဒီအချက်ပေါ်မှာကစားပြီး အက်ဖ်အီးစီဈေး ဆွဲတင်ကြမှာပေါ့''ဟု ကားတင်သွင်းသူတစ်ဦးဖြစ်သည့် ကိုထွဋ်ကလည်း ပြောပြခဲ့သည်။
ယခုဖြစ်ပေါ်လာသော နိုင်ငံခြားငွေလဲနှုန်းနှင့် အက်ဖ်အီးစီ ငွေလဲနှုန်းသည် မြန်မာနိုင်ငံခြားငွေလဲနှုန်း ကျပ် ၉၀၀ အောက် စတင်ကျဆင်းသည့် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလာဈေးနှုန်းကို ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

news-eleven.com