Friday, June 29, 2012

အမေစုအိမ်ရှေ့ ...မြင်ကွင်း

Ye Lin Tun 4 minutes ago
(30.6.2012) (Sat) မနက်. (၈:၀၀).

မင်းသမီးမင်းသားတွေလည်းလေဆိပ်ထဲရောက်နေပြီ။

လေယာဉ်ခရီးစဉ်အမှတ် TG 303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ (ယနေ့) နံနက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။



Click here for 38 pictures

ရန်ကုန်လေဆိပ်သွားရာလမ်းတစ်လျှောက်တွင်ဒေါ်အောင်ဆန်းစုကြည်အား စောင့်ကြိုနေသောပရိတ်သတ်ဦးရေမှာနံနက်အစောပိုင်းအချိန်ကထက်ပိုမို များလာသကဲ့သို့လုံခြုံရေးတပ်ဖွဲ့ဝင်များတင်ဆောင်ထားသောမော်တော်ယာဉ်များမှာလည်းပိုများလာသည်ကိုတွေ့ရသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များ တင်ဆောင်လာသောယာဉ်အစီးရေ(၁၃)စီးခန့်ရှိပြီးလက်နက်၊ဒိုင်း အပြည့်စုံတပ်ဆင်ထားသောတပ်ဖွဲ့ဝင်အင်အား(၃၀၀)ကျော်ခန့်ရှိနီုင်သည်။

ရန်ကုန်ပြည်လမ်းတလျှောက်လမ်းမတွ​င်ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆို​ရန်စောင့်မျှော်နေသူများတစထက်တစ​ပိုများပြားလာ။

Messenger News Journal

မစ္စတာ ဒဲရစ်မစ်ချယ်၏ သက်သေခံပြောကြားချက်

Yangon Media Group



အမေရိကန်နိုင်ငံ အထက်လွှတ်တော်တွင် ဇွန်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ်ရွေးချယ် ခံထား ရသူဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချယ်၏ သက်သေခံပြောကြားချက် ကို စာဖတ်သူများ သိရှိစေရန် ဖော်ပြအပ်သည်။

ဦးမြတ်ခိုင်အား တရားစွဲဆိုထားမှုတရားရုံးတွင် စတင်စစ်ဆေး


7Day News Journal

ရန်ကုန်၊ ဇွန်- ၂၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ပုဇွန်တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရက တရားလိုပြု၍ လျှပ်တစ်ပြက်သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) (ဂ)ဖြင့် တ ရားစွဲဆိုထားမှုအား ဇွန်လ ၂၉ ရက် နံနက် ၁၁ နာရီတွင် ပုဇွန်တောင်တရားရုံး၌ တရားလိုကို စ တင်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်မှ တရား...လွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က တရားလိုအား ပြန် လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

တရားလိုဦးမင်းသူရ၏ အဓိက ထွက်ဆိုချက်တွင် လျှပ်တစ်ပြက်သတင်းဂျာနယ်၊ အတွဲ (၃)၊ အမှတ် ၉၁ ၊ စာမျက်နှာ ၈ တွင် ဖော်ပြထားသော အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးသုံးဦး၏ ဓာတ်ပုံနှင့် မသီတာထွေး၏ လု ယက်၊ လူသတ်၊ မုဒိမ်းကျင့်၊ လည် ပင်းလှီးဖြတ် အသတ်ခံရသည့် ဓာတ် ပုံတို့ ဖော်ပြခဲ့ခြင်းကြောင့် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိတ်လန့်လာစေပြီး ပြည်သူများအကြား စိုးရိမ် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက တရားစွဲဆိုရန် ညွှန်ကြားခဲ့ကြောင်း ထွက်ဆိုသွားခဲ့သည်။

၏ယနေ့ရုံးချိန်းတွင် ပုဇွန်တောင် မြို့နယ်တရားသူကြီးဒေါ်နိုင်နိုင်အောင်က နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ စစ်ဆေးခဲ့ပြီး လာမည့်ဇူလိုင်လ ၁၃ ရက် နံနက် ၁၁ နာရီတွင် ဆက်လက်စစ်ဆေးရန်ချိန်းဆိုထားကြောင်း သတင်းရရှိသည်။




Yangon Media Group

ဇွန် (၂၉) တွင် စတင်ကြားနာစစ်ဆေးသည့် ဦးမြတ်ခိုင်၏အမှု ဇူလိုင်(၁၃) တွင် ရုံးချိန်းပြန်ခေါ်

==============================​============ တည်ကြည်အေး ==============================​============

ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို နိုင်ငံတော်ဆူပူမှုဖြစ်စေရန် လှုံ့ဆော်ရေးသားမှု ပုဒ်မ ၅၀၅(ခ)(ဂ) ဖြင့် တရားစွဲထားရာတွင် ယနေ့ ဇွန် ၂၉ ၌ စတင်ကြားနာ စစ်ဆေးပြီး ယမန်ကြီး တစ်ပတ်အကြာ ဇူလိုင် ၁၃ တွင် ဆက်လက် စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအမှုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့​မှ တရားလိုအဖြစ် ပုဇွန်တောင်တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရပြီး၊ တရားခွင်သို့ တရားလိုစစ်ဆေးချက်အား ပုဇွန်တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရမှ လာရောက်ထွက်ဆိုခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ဦးမြတိခိုင်၏ရှေ့နေ ပြည်သူ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွ​န့် မှ ပြန်လည်မေး ခွန်းမေးမြန်း ရာတွင် ''ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား၊ ၀န်ကြီးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး ၏ ညွှန်ကြားချက်အရ မိမိမှ ရုံးတော်သို့ ဦးတိုက်လျှောက်ထားရခြင်း ဖြစ်ကြောင်း '' ဦးမင်းသူရ က တရားခွင် အတွင်း ပြန်လည်ဖြေကြား ခဲ့သည်။
ယနေ့စတင်စစ်ဆေးသည့်အဆိုပါအမှုတွင် တရားခွင် အား နံနက် ၁၁ နာရီ မှစတင်ခဲ့ရာ မွန်းလွဲ ၂ နာရီ အထိကြာမြင့်ခဲ့ ပြီး၊ ဦးမြတ်ခိုင်၏ရှေ့နေဦးသိန်းညွန့်မှ မေးခွန်းများပြန်လည်မေးမြန်းခဲ့​သည်။
ဇွန်လ ၈ ရက်ထုတ် လျှပ်တပြတ်ဂျာနယ် အတွဲ ၃ ၊ အမှတ် ၉၁ စာမျက်နှာ ၈ ပါ မသီတာထွေး ၏ ပုံဖော်ပြမှုနှင့် ပတ်သက်ပြီးတရားစွဲဆိုခဲ့ခြင်းဖြ​စ်သည်။ ယခု ကဲ့သို့ မီဒီယာနှင့် အစိုးရအကြား တရားစွဲဆိုခံရ သည့် အမှုမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ကာ ပထမအကြိမ်မှာ The Voice Weekly ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယနေ့စတင်စစ်ဆေးသညိ့ လျှပ်တစ်ပျက်ဂျာနယ်အမှုအား ပုဇွန်တောင်မြို့နယ်တရားရုံးမှ လာမည့်ဇူလိုင် ၁၃ရက်နေ့တွင်ရုံး ချိန်း ပြန်လည်ချိန်းဆိုလိုက်ကြောင်းသိ​ရသည်။

အများပိုင်လမ်း ဓာတ်တိုင်စိုက်ခြင်းကို နယ်စပ်လုံခြုံရေး ဝန်ကြီး ကန့်ကွက်


The Voice Weekly


ရန်ကုန်၊ ဇွန် ၂၈

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လှိုင်မြို့နယ် ၆ ရပ်ကွက် ၅၂ လမ်းရှိ ကန်ထရိုက်တိုက်တွင် ထရန်စဖော်မာအတွက် လျှပ်စစ်မီးတိုင်စိုက်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီး နယ်စပ် လုံခြုံရေး ဝန်ကြီး ဦးတင်ဝင်းက ကန့်ကွက်ခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများက The Voice Weekly သို့ တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါ ဝန်ကြီးသည် လျှပ်စစ်ဓာတ်အားအဖွဲ့မှ ဝန်ထမ်းများ ဇွန်လ ၂၃ ရက် နေ့လည် ၁ နာရီ ဝန်းကျင်တွင် မီးတိုင် တူးနေစဉ် ချက်ချင်းရပ်ရန် အာဏာဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က တူညီစွာ ပြောဆိုသည်။

“လှိုင်မြို့နယ် ရဲစခန်းမှူးကို ခေါ်ပြီး မီးတိုင်တူးတဲ့ ဝန်ထမ်းတွေကို အချုပ်ထဲ ထည့်လိုက်လို့ ပြောတယ်။ ဝန်ထမ်း ငါးယောက်ကို ရဲကားနဲ့ ခေါ်သွားလို့ ကျွန်တော်ကိုယ်တိုင် သွားထုတ်ပေးခဲ့ ရတယ်” ဟု လျှပ်စစ်မီး သွယ်တန်းသည့် ကန်ထရိုက်တိုက် ပိုင်ရှင်နှင့် ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးလည်းဖြစ်သူ ဦးဇော်မျိုးထွန်းက ပြောကြားသည်။

၎င်းအပြင် ဝန်ကြီးက ယခုလမ်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခင်းထားသည့် လမ်းမဟုတ်ဟု ပုတ်ခတ် ပြောဆိုသည့်အပြင် အေးအေးဆေးဆေး မနေပါက အချုပ်ထဲ ထည့်လိုက်မည်ဟု ခြိမ်းခြောက်သည့် အတွက် ယင်းမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းလွင်ကို တိုင်ကြား အသနားခံ ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ပြဿနာကို ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော်တွင် တင်ပြ ဆွေးနွေးမည် ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ၏ အဆုံးအဖြတ်တိုင်းသာ လိုက်နာသွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမင်းလွင်က ပြောကြားသည်။

“ကိုယ့်မြို့နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်တယ် ဆိုတာက အကောင်းဆုံးပါပဲ။ ဘယ်ပါတီ ဘယ်အဖွဲ့ဆိုပြီး ကျောသားရင်သား ခွဲစရာ မလိုပါဘူး။ အများပိုင်လမ်းမှာ လွတ်လွတ်ကင်းကင်း လုပ်လို့ရတယ် ဆိုရင် လုပ်သင့်ပါတယ်။ ကျွန်တော်ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်စေချင်တယ်” ဟု ၎င်းက ဆိုသည်။

ဦးဇော်မျိုးထွန်နှင့် မိသားစု နေထိုင်သော ကန်ထရိုက်တိုက်တွင် အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့စွဲဖြင့် ထရန်စဖော်မာ တစ်လုံး တပ်ဆင်ခွင့် ပြုခဲ့သည်

မ.. အက္ခရာ.. လ..မျက်နှာနဲ့.. ဘ၀တသက်တာရဲ့ ကျေးဇူးရှင်.

ပြင်သစ်မှအမေစုပုံရိပ်များ

CLick here to see 69 photos

အပြင်မှဆန္ဒပြနေချိန်အီဂျစ်နိုင်ငံက မြန်မာသံမှုးနှင့်အင်တာဗျူး

ဗွီဒီယိုဖိုင်ရိုက်ကူးဖြန့်ဝေသူအမျိုးသား

အင်တာနက်ပေါ်တွင်ပြန့်နှံ့နေသောဗွီဒီယိုဖိုင်တခုအတွက်နစ်နာရသူကာယကံရှင်အနေဖြင့်ရိုက်ကူးဖြန့်ဝေသူအမျိုးသားအား တရားစွဲဆိုသင့်ပါသည်။ပုဒ်မအများကြီးတပ်လို့ရပါသည်။ဖြန့်ဝေသူအမျိုးသားအားလည်းဒီနေရာမှရှုံ့ချပါသည်၊ထိုသူသည် မည်သူနည်း၊။ရှာဖွေရရှိသလောက်ဖေါ်ပြလိုက်ပါသည်။

http://www.facebook.com/profile.php?id=3233980&sk=photos

၂၀၀၄ ၂၀၀၅ ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ်။ အမျိုးသားက သဇင်ရည်းစားဟောင်း ကျော်သက် ပါ။ အမေရိကန် UC Davis Graduate တစ်ယောက်ပါ။ အခု လယ်ယာစိုက်ပျိုးရေးဒုဝန်ကြီး စိမ်းလန်းစိုပြေပိုင်ရှင် ဒေါ်စန္ဒာခင် (မေသက်) ရဲ့သားပါ။


လူသတ်အစိုး ရ အဖွဲ့ သစ် ဒုဝန်ကြီး သား အမေရိကန်ပြည်ထောင်စုမှာနေထိုင်လျက်ရှိခြင်း


စန္ဒာခင် (ခ) မေသက် (ပန်းရောင်နဲ့ အမျိုးသမီး) ကို သန်းရွှေ ပုဂံခရီးစဉ်မှာတွေ့ ရစဉ် ။
မြန်မာ့လူသတ် အစိုးရသစ်အဖွဲ့  က ယဉ်ကျေးမှု  ဒုဝန်ကြီး ဒေါ်စန္ဒာခင် (ခ) မေသက် ရဲ့ သားဟာ အမေရိကန် နိင်ငံမှာ ရောက်နေတယ်လို့ သတင်းရရှိပါတယ်။ စန္ဒာခင် (ခ) မေသက် ရဲ့ သားဟာ ကျော်သက်ဖြစ်ပြီ အခု အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာနေထိုင်လျက်ရှိတယ်။ သူဟာ   University of California  မှာတက်နေတယ်လို့ သိရပါတယ်။

စန္ဒာခင် (ခ) မေသက် ဟာ မဆလခေတ်က စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာချစ်ရဲ့  သမီးဖြစ်တယ်။ သူအဖေဟာမဆလခေတ်မှာ ပြည်သူဘဏာတွေကို နည်းမျိုးစုံနဲ့ ခိုးယူခဲ့သူ ၊ ချမ်းသာလာသူတဦးဖြစ်တယ်။
  အင်လျားကန်ဘောင်က နေရာ ကို ခင်ညွန့် လက်ထက်က စန္ဒာခင်ကရရှိခဲ့ပါတယ်။ အစိုးရဆီက မတန်တဆဈေးနဲ့ ငှားရမ်းခွင့်ရခဲ့တယ်။   စိမ်းလန်းစို ပြေစားသောက်ဆိုင် ကိုဖွင့်လှစ်ခဲ့တယ်။ စန္ဒာခင် (ခ) မေသက် ဟာ သန်းရွှေ ခရီးစဉ်တွေမှာ ချီးဂတုသေး ဂတုလုပ်ဆောင်ပေးခဲ့သူမျှသာဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာသူမဟာ  ရန်ကုန်တက္ကသိုလ်ဓါတုဗေဒဌာနမှာ ကျူတာ လုပ်ခဲ့တယ်။ ၁၉၈၈ ခုနစ်မှာသူဟာ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပြောင်းခဲ့တယ်။ သူယောက်ကျား ကျော်မြင့်လှိုင် ဖြစ်တယ်။ 





                             ကျော်သက် (ဒေါ်စန္ဒာခင် သား ) (အနက်)

အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ က မြန်မာ စစ်အစိုးရ နဲ့ ဆွေမျိုးတွေကို စီးပွားရေးပိတ်စို့ ထားတဲ့အတွက် သူတို့ ဟာ အမေရိကန်ပြည်ထောင်စု  ဥပဒေနဲ့ ညိစွန်းနေသူ ဖြစ်ပါတယ်။
သူက လွန်ခဲ့တဲ့ ၂နစ်ကတည်း က ဗီဇာရရှိခဲ့တာလို့ လည်း သိရပါတယ်။  စာဖတ်သူတို့ အနေနဲ့  အမေရိကန် သံရုံ  ကောင်ဆယ်လာကို တိုက်ရိုက်ဆက်သွယ်မေး မြန်း ပါ။ ကန့် ကွက်ပါလို့ တို က်တွန်းလိုပါတယ်။  သူကျောင်းလိပ်စာကတော့ University of California, Davis One Shields Avenue Davis, CA 95616 (530) 752-1011 . သူဟာ နာမည်ပြောင်းနဲ့ ဗီဇာယူပြီးကျောင်းတက်နေပုံရပါတယ်။
 http://komoethee.blogspot.ca/2011/03/blog-post_9092.html

အင်္ဂလိပ်ဘာသာနဲ့ ဘားမား လို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မထီမဲ့မြင် ပြုရာ မရောက်

ဒေါ်စုရဲ့ ဥရောပ ခရီးစဉ်က နိုင်ငံတော်ရဲ့  တရားဝင်ခရီးစဉ် မဟုတ်ဘူးဆို ....
ကိုယ်ရေးကိုယ်တာ ကိစ္စ သွားတာ ၊ ကိုယ်ရေးကိုယ်တာ ဆုယူတာ ၊
ကိုယ်ရေးကိုယ်တာ မိန့်ခွန်းပြောတာ လေ...



RFA Burmese

ဦးဝင်းတင်
‎"ကျနော်ပြောနိုင်တာကတော့ အဖွဲ့ချုပ်က မူအားဖြင့် လက်မခံဘူး။ ကျနောတို့ ဗမာစကားနဲ့ ပြောရင် မြန်မာနိုင်ငံပဲ ပြောတာပဲ။ ဒါပေမဲ့ အင်္ဂလိပ်လို ပြောရင် ကမ္ဘာက သုံးနေတဲ့ Burma လို့ သုံးတာပေါ့။ ဥပမာဆိုပါတော့။ ဂျပန်ဆိုလို့ ရှိရင် သူတို့က နိပွန်လို့ ခေါ်တယ်ပေါ့ဗျာ။ ကမ္ဘာကနေ ဂျပန်လို့ ခေါ်တယ်။ တရုတ်ဆိုလည်း ဒီလိုပဲ။ ဒီဟာတွေ နောက်မှ ဘာမှ အဓိပ္ပါယ် ထူးထူးခြားခြား ရှိတာမှ မဟုတ်ပဲ။

နောက်တခု ကျနော်ပြောချင်တာက မြန်မာဆိုတာကလည်း စစ်အစိုးရ
လုပ်ပြီး ပြောနေလို့၊ တကယ်တော့ မြန်မာဆိုတဲ့ စကားဟာ သူတို့ မှားတောင်နေတာဗျ။ မြန်မာဆိုတာ အားလုံးနဲ့ ဆိုင်တယ် ဘာညာ
လုပ်နေတာ။ မြန်မာက အားလုံးနဲ့ ဆိုင်တာ မဟုတ်ဘူးဗျ။ ဗမာကမှ အားလုံးနဲ့ဆိုင်တာ။

ပုဂံခေတ်က မြစေတီ ကျောက်စာမှာ မွန်ရယ်၊ မြန်မာရယ်၊ ပါဠိရယ်၊ ပျူရယ် ရေးတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဗမာနဲ့ မွန်လို့ ပြောတာ မဟုတ်ဘူး။ မြန်မာဟာ ဒီ ဧရာဝတီ မြစ်ရိုးမှာနေတဲ့ ပုဂံတို့၊ အင်းဝတို့ ပင်းယတို့ စတဲ့ ဒီ ဧရာဝတီမြစ်ရိုးမှာနေတဲ့သူတွေကို မြန်မာ ဆိုတဲ့ ဟာနဲ့ သုံးတယ်။ တပြည်လုံးကျတော့ ဗမာလို့ သုံးတယ်။

ဒါဟာ ကျနော်ထင်တယ်ဗျ။ ဒို့ဗမာအစည်းအရုံး ဖြစ်တော့လည်း ဗမာတမျိုးလုံးနဲ့ ဆိုင်တဲ့ စကား၊ အဲဒါကို သုံးတာဗျ။ ဒို့ဗမာဆိုတာက အဲဒီတုန်းက မွန်တွေလည်းပါတယ်ဗျာ။ ရခိုင်တွေလည်း ပါတယ်ဗျာ။ ဗမာဆိုတဲ့ နေရာမှာ။ မြန်မာ ကသာလျှင် မြန်မာစကား ပြောတဲ့ သူတွေပေါ့ဗျာ။ မြန်မာစကားပြောတဲ့လူဟာ မြန်မာပဲ။ မွန်စကားပြောတဲ့လူက မွန်ပဲ။ ရခိုင်စကားပြောတဲ့လူက ရခိုင်လူမျိုး။ အဲတော့ မွန်လူမျိုး၊ ရခိုင်လူမျိုး၊ မြန်မာလူမျိုး၊ ရှမ်းလူမျိုး၊ အဲဒီလို ခေါ်ကြတဲ့အခါ တနိုင်ငံလုံး
ကိုတော့ ဗမာနိုင်ငံလို့ သုံးတယ်ဗျ။

ကော်မရှင်တို့ ဘာတို့က ဒီကိစ္စတွေကို ၀င်ပြီးတော့ လုပ်နေတယ်။ အခြေခံ ဥပဒေတို့ဘာတို့ ကို ကိုင်ပြီး ပြောနေတယ်။ ဒါကို ကျနော် လက်မခံနိုင်ဘူး။ ကျနော့်သဘောကို ပြောတာနော်။ အဖွဲ့ချုပ်ကတော့ ဘယ်လို ဆုံးဖြတ်အုန်း
မယ် မသိသေးဘူး။

ဒါတွေက ရှင်းရှင်း ပြောရရင် စာပေ ပညာရှင်တွေနဲ့ အများကြီး ညှိနှိုင်းရအုန်းမယ့် ကိစ္စ ဖြစ်တယ်။ သူတို့ က ဒါကို မြန်မာစကားတို့ ဗမာစကားတို့ ဗမာလူမျိုးတို့ မြန်မာလူမျိုးတို့ ဆိုတာ သူတို့က နိုင်ငံရေးနဲ့ ဆွဲပြီးတော့ နိုင်ငံရေးဆိုတာ စစ်နိုင်ငံရေးပေါ့ဗျာ။ စစ်နိုင်ငံရေးနဲ့ ဆွဲ ပြောနေတာပဲ။"

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ဒီအောက်က link မှာ နားဆင်နိုင်ပါတယ်။ RFA ကိုနေရိန်ကျော် က မေးမြန်းတင်ပြထားပါတယ်။

http://snd.sc/OKCu7f


  မန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာနဲ့ ဘားမား လို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မထီမဲ့မြင် ပြုရာ မရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားလိုက်
ပါတယ်။

နိုင်ငံတော်အမည်ကို Burma ဘားမား ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်
ပြောဆို သုံးနှုန်းနေတာကို မြန်မာ လို့သာ ခေါ်ဆို အသုံးပြုဖို့ အသိပေး အကြောင်းကြားထားကြောင်း ဒီကနေ့ အစိုးရထုတ် သတင်းမီဒီယာတွေမှာ
ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက အခုလို တုန့်ပြန်
ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီအခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က အခုလို အသိပေး အကြောင်းကြားတဲ့ ကိစ္စဟာ ပြဿနာကြီး တရပ် မဟုတ်ကြောင်း
လည်း ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။
  The Republic of the Union of Myanmar ကို Burma လို့ ရည်ညွှန်းတာ ၊ The Republic of the Union of Burma လို့ သုံးစွဲတာ မဟုတ်ဘူး ။ ၂၀၀၈ အခြေခံဥပဒေကို လိုက်နာခြင်း မလိုက်နာခြင်းနဲ့ မည်သို့မျှ ပတ်သက်ခြင်းရှိသည့် ကိစ္စမဟုတ်ပါ။

-ဦးဥာဏ်ဝင်း (NLD)
 



ကိုဇေယျသော်နဲ့ မေးမြန်းချက်
http://soundcloud.com/tibetan-rfa/pjyosin0hzme