Saturday, June 30, 2012

ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ရိုဟင်ဂျာ လူမျိုး မရှိဘူးဆိုတာ ဆန္ဒပြ

အမေရိက ပြည်ထောင်စု နယူးယောက်မြို့  ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ
ရခိုင်လူမျိုးတွေ အပါအ၀င် -၈၈- ကျောင်းသားတွေ တိုင်းရင်းသားလူမျိုးတွေ
ဒီကနေ့  ၃၀-၆-၂၀၁၂ - နေ့ လည် --၂-နာရီကနေပြီး ညနေ -၅- နာရီထိ ဆန္ဒပြခဲ
့ကြတယ် ။အင်ဒီယားနားပြည်နယ်ရောက်
ရခိုင်လူမျိုးတွေ ကရင်လူမျိုးတွေ လာကြတယ် ။ ဗုဒ္ဒဘာသာဝင်
တိုင်းရင်းသားလူမျိုးတွေက အခုလို ဆန္ဒပြတာဟာ မြန်မာနိုင်ငံထဲမှာ
သမိုင်းလိမ် ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိဘူးဆိုတာ
ဆန္ဒပြထုတ်ဖေါ်ကြတာဖြစ်တယ် ။  အခန်အးနားမှူးအဖြစ် ကိုဘခင်ကဆောင်ရွက်ပြီး
ဦးခိုင်အောင်ကျော် နဲ့  -၈၈- ကျောင်းသား ကိုရဲထွတ် ( IFBNC )
ဒါရိုက်တာတို့ က အသီးသီး ဟောပြောကြပြီး ဆန္ဒပြပွဲလာသူတွေကလည်း သူတို့ ရဲ့ 
ခံစားချက်တွေကို ထုတ်ဖေါ်ပြောဆိုဟောပြောသွားကြပါ
တယ် ။ ဒီကနေ့  ပြုလုပ်တဲ
့အခန်အနားနဲ့ ပါတ်သက်လို့  ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သမိုင်းလိမ်
ရိုဟင်ဂျာလူမျိုးဆိုတာဟာ အကြမ်းဖက်သမားတွေသာ ဖြစ်တယ် ဆိုပြီး
ကြေညာထားသလို ရခိုင်ပြည်နယ်နဲ့  မြန်မာနိုင်ငံကို ကယ်တင်ကြဖို့ 
အမျိုးသားရေးစိတ်ဓါတ် ရှိကြဖို့  အခုအချိန်မှာ
အထူးလိုအပ်နေပြီဖြစ်ကြောင်း အတိအလင်း ကြေညာထားပါတယ် ။



Click here to see more photo

ညီညွှတ်ခြင်း နှင်းဆီမှသိန်း၁၀၀၀ကျော်မနက်ဖန်ရခိုင်သို့သွားရောက်လှူဒါန်းမည်

he Voice Weekly
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသည့် ရခိုင်တိုင်းရင်းသားများ ပြန်လည်ဖွံ့ဖြိုးရေး ရံပုံငွေပဒေသာ ကပွဲကို ဒဂုံမြို့နယ် အမျိုးသားကဇာတ်ရုံတွင်ကျင်းပရာ ဇွန်လ ၃၀ ရက်နေ့ညပိုင်း မြင်းကွင်း ဓာတ်ပုံများ ။ ရရှိလာသော အလှူငွေနှင့် အ၀တ်အထည်များကို ဇူလိုင်လ ၁ နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခု၏ အကူအညီဖြင့် သွားရောက်လှူဒါန်းမည်ဟု ရုပ်ရှင်အစည်းအရုံးပြန်ကြားရေးဌာနမှ သိရသည်။
ညီညွှတ်ခြင်း နှင်းဆီ




Click here 58 more photos

အတောင် မပေါက်ခင် “လောက်” အတောင်ပေါက်တော့ “ယင်”


(ရဲဘော်ကြီး၏ ရေးခဲ့ မျှ ဆောင်းပါး)
by ကိုဝိုင် ဝိုင်ကေ on Saturday, June 30, 2012 at 11:15am ·


(၁)
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့စည်းပြီးစအချိန် …. တစ်နေ့ တင်မိုးဆီကို အရင်က မန္တလေးတက္ကသိုလ်တုနုးက ကျောင်းသားအရေးတွေ အတူလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ရောက်လာပြီး အောင်ဆန်းဟာ နိုင်ငံရေး သစ္စာဖောက်၊ သူ့သမီးဟာလည်း ဖအေ့သမီးပဲ။ သူဖွဲ့တဲ့အဖွဲ့ချုပ်နဲ့အပြိုင် ပြည်သူ့အကျိုးကို လိုလားသူတို့က ပါတီတစ်ရပ်ဖွဲ့ဖို့လိုကြောင်း စည်းရုံးဟောပြောပါတော့တယ်။ တင်မိုးက အထက်နားမှာရေးပြခဲ့တဲ့အတိုင်း ညီညွတ်ရေးတရားကို ပြန်လည်ဟောပြောပြီး အောင်ဆန်းသမီးခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလံတော်အောက်မှာ တစ်မျိုးသားလုံး စည်းရုံးကြဖို့၊ သေရေးရှင်ရေးဖြစ်ကြောင်း၊ ရန်သူအားပေးတစ်စင် မထောင်ကြဖို့လိုကြောင်း နားချလိုက်ပါတယ်။ တင်မိုးလေကုန်ခံရကျိုးမနပ်လိုက်ပါဘူး။ ရက်ပိုင်းမှာပဲ အမျိုးသား နိုင်ငံရေးအင်အားစုဆိုလား၊ တပ်ပေါင်းစုဆိုလား မင်းသားကြီးမလုပ်ရလို့ ပတ်မထိုးဖောက်လိုသူ၊ တစ်စင်ထောင်လိုသူတို့ရဲ့ အဖွဲ့ထူထောင်သံ ကြားရပါတော့တယ်။ ဖြစ်ဖြစ်မြောက်မြောက်ရှိခဲ့ပုံမရပါဘူး။ လူမျက်စိနောက်စရာအဖြစ် သမိုင်းတစ်ကွေ့မှာ ဖုန်မထတဲ့ ခွေးလှေးခုန်ခဲ့တာတစ်ခုပါပဲ။ “

မောင်သာနိုး “စင်ပြိုင်မင်းသားရူးများ” စောင့်ကြည့်ဂျာနယ် (၅-၆-၂၀၁၂)


(၂)
“ ၁၉၈၈ ခုနှစ် နိုဝင်ဘာလဆန်းတွင် ….. မန္တလေး သပိတ်တပ်ပေါင်းစုနှင့် ရန်ကုန်အထွေထွေ သပိတ်ကော်မတီတွင် ပါခဲ့သည့် လူများနှင့် နိုင်ငံရေးပါတီတစ်ခုထူထောင်ရန် ……. ပါတီကို အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ဟု အမည်ခေါ်ဝေါ်သုံးစွဲရန်…. ” (စာ-၃၀)
“ NLD ရုံးကိုသွားပြီး ဒေါ်ခင်ကြည် နာယက ရာထူးယူဖို့တိုက်တွန်းပေးရန် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်က သူ့မိခင်ကြီး ကျန်းမာရေးအင်မတန်ဆိုးရွားနေပြီး နိုင်ငံရေးကိစ္စမဆိုထားနှင့် ခေါင်းရှုပ်စရာ မိသားစုကိစ္စများကိုပင် မတိုင်ပင်ခဲ့သည်မှာ ကြာပြီဖြစ်၍ တိုက်တွန်းမပေးနိုင်သည်ကို ဝမ်းနည်းပါကြောင်းပြောသဖြင့် မအောင်မြင်ခဲ့ … “
“ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ထံ တစ်ခေါက်ထပ်သွားပြီး နာယကလုပ်ရန်ပြောသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က မငြင်းဘဲ သူ့အနေနှင့် မပြီးဘဲ NLD (CEC) ကို တင်ပြရမည်ဟု ပြောသည့်အတွက် NLD (CEC) ကို စာတင်ပြီး အစည်းအဝေးဆုံးဖြတ်ချက်ကို ထိုင်စောင့်ခဲ့ကြသည်။ အစည်းအဝေးပြီးသည့်အခါ ဒေါ်မြင့်မြင့်ခင်ထွက်လာပြီး ဒေါ်စု နာယကလုပ်ရန် အဖွဲ့က သဘောမတူကြောင်း၊ ဒေါ်မြင့်မြင့်ခင်နှင့် ဦးဝင်းတင်တို့ကို နာယက အဖြစ်ချပေးကြောင်းကို မဲအရေအတွက်နှင့် တကွ ရှင်းပြသည် …. “
“ မ.န.တ အနေဖြင့် နာယက အဖွဲ့ဝင်များဖြစ်သည့် NLD ဦးဝင်းတင်နှင့် ဒေါ်မြင့်မြင့်ခင်တို့နှင့် အမြဲလိုလို ဖုန်းအဆက်အသွယ်ရှိပြီး မန္တလေး မ.န.တ မှ CEC များ အနေဖြင့် ရန်ကုန်ရောက်တိုင်း NLD ကိုဝင်ပြီး နာယကများနှင့် တွေ့လေ့ရှိ …. “ (စာ-၃၁)
“ ၁၉၈၉ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ သွားစဉ် NLD ပါတီမှ ဒေါ်မြင့်မြင့်ခင်နှင့် ဦးဝင်းတင်တို့ကို နာယကတင်မြှောက်ထားသည့် မ.န.တ ပါတီက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲဝမ်းပန်းတသာ ဂါဝရပြုကြ၍ လူထုခေါင်းဆောင်ဆိုပြီး စတင်ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။” (စာ-၃၅)

(၅-၈-၈၉ န.ဝ.တ အထူးသတင်းစာ ရှင်းလင်းပွဲ)


(၃)
မ.န.တ ပါတီ မထောင်မီ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ပြီး (အောင်၊ စု၊ တင်) တစ်စုချင်း၏ အခြေအနေ၊ အလားအလာ၊ ပါတီအကြပ်အတည်းကြုံပါက ဒေါ်စုတစ်ယောက်တည်း ဆိုင်းဘုတ်ကြီးဖက်၍ ကျန်ခဲ့နိုင်ကြောင်း၊ ကျွန်တော်တို့နှင့် ပေါင်းရန် အခွင့်မသာပါက အရံအဖြစ် ကိုယ်ပိုင်ပါတီတစ်ခု ထူထောင်ထားရန် ဆွေးနွေးခဲ့ကြပါသည်။ ဗိုလ်အောင်ကြီး ခြေကလိန်ပိုင်းပြီး ထွက်သွားပြီးနောက် ဒေါ်စုလည်း အမျိုးသားဒီမိုကရေစီပါတီ ထောင်လိုက်ပါသည်။
ဒေါ်ခင်ကြည်၏ ဈာပနပွဲတွင် မိခင်၏နာရေးကို အကြောင်းပြပြီး အမြတ်ထုတ်သည်ထင်မှာစိုး၍ ဌာနချုပ်ရှိ NLD ရန်ပုံငွေ အရောင်ဆိုင်ခန်းများကို ပိတ်ခိုင်းခဲ့ပါသည်။ သို့သော်လည်း မ.န.တ ဆိုင်းဘုတ်တင်၍ မ.န.တ မှ ထုတ်ဝေသည့် “သံမဏိ ပန်းတစ်ဖူး၏ ဥယျာဉ်မှုးမေမေ” ကဗျာစာအုပ်ကို ဒေါ်စုက ရောင်းချခွင့်ပြုခဲ့ပါသည်။

မ.န.တသည် မောင်နှမပါတီ၊ လူ့ဘောင်သစ်သည် ရင်ခွင်ပိုက်ပါတီဟု ဒေါ်စုကိုယ်တိုင် ပြောကြားခဲ့ပါသည်။ အကယ်၍ ၁၉၉၀ ရွေးကောက်ပွဲဝင်ဖြစ်ခဲ့ပါက မန္တလေးတိုင်းအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို မ.န.တ နှင့် တိုင်ပင် အတည်ပြုရန် သဘောတူညီခဲ့ကြပါသည်။

မ.န.တ ကို တရားမဝင်ကြောင်း ကြေငြာခဲ့သော်လည်း ပါတီခွဲငါးခု ( အလုပ်သမား၊ လယ်သမား၊ လူငယ်၊ အမျိုးသမီး၊ ကုန်သွယ်/စီးပွား) ကျန်ခဲ့ပါသည်။ တပါတီလျှင် လွှတ်တော်ကိုယ်စားလှယ် ၂ဦး ရွေးကောက်ပွဲမဝင်ပါက ပါတီသည် အလိုအလျှောက်ဖျက်သိမ်းပြီး ဖြစ်မည်ဟုဆို၍ “အမျိုးသားနိုင်ငံရေး လူငယ် အင်အားစု” မှ ကိုယ်စားလှယ် ၂ဦးရွေးကောက်ပွဲဝင်ခဲ့ရပါသည်။ ယင်းကိုယ်စားလှယ် ၂ဦး၏ ရွေးကောက်ပွဲ မဲဆွယ်တရားပွဲများတွင် NLD ပါတီကို မဲပေးဖို့ စည်းရုံးခဲ့ကြပါသည်။


(၄)
လေ့လာမှုမရှိလျှင် စကားပြောခွင့်မရှိပါ။
အခုဆိုရင် မ.န.တဟာ စင်ပြိုင်မင်းသားရူးလား …. တစ်စင်ထဲမှာ အသေအလဲ ဇာတ်ပို့ပေးခဲ့တာလား ရှင်းလောက်ပါပြီ။ ကိုသာနိုးရေ … မြောင်းဖော်မညှိချင်ပါနဲ့ဗျာ။ ဗွက်ပုတ်ရေနဲ့ လူတကာကို လိုက်ပက်မနေပါနဲ့တော့။ ဒီအရွယ်ကြီးကျမှ လိမ္မာဖိုကောင်းပါပြီ။

( နာယက တော်ဘုရားလေးနှင့်တကွ … ကျဆုံးသူ မ.န.တ ရဲဘော်များကို ဦးညွှတ်လျှက် )

တင်အေးကြူ

ဖြည့်စွတ်စာ -

ကိုတင်အေးကြူ (ခ) ကိုမှိုင်း ဟာ (ဆရာကြီး သခင်ကိုယ်တော်မှိုင်း) မှိုင်းရာပြည့် လှုပ်ရှားမှုရဲ ခေါင်းဆောင် ကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ ကိုမှိုင်းနှင့် ထောင်ထဲ အတူ နေစဉ် ကာလများမှာ ကျွန်တော် တို့ အတွက် ထောင်တွင်းစာကြည့်တိုက် တစ်ခုပါပဲ။ ခုဆောင်းပါးပါ မနတလို့ ခေါ်တဲ့ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ဆိုတာကလည်း ၉၀ နှစ်များဆီက မစိုးရိမ်၊ဘုရားကြီး၊မိုးကောင်း၊စကု၊မြတောင် စတဲ့ကျောင်းတွေမှာရှိတဲ့ ကျောင်းသား အသီးသီးနှင့် အကျွမ်းတဝင် ရှိထဲ့တဲ့ ၊ကူညီပေးခဲ့တဲ့ ပါတီပါ။ ကိုမှိုင်း က ရေးခဲတယ်။ ရေးလာပြီ ဆိုကတည်းက... သိလိုက်ပြီ.. ဒီဆောင်းပါးကို ကိုမှိုင်း သမီးလေး ဒေါက်တာမလေးက သူ့အဖေ.. ရှားရှား ပါးပါး ပြန်ရေးနေပြီလို့ ပို့လာတော့ ဖတ်ကြည့်လိုက်ပါတယ်.. ထပ်ဆင့်မျှဝေ ရမယ့် ဆောင်းပါးမို့ ပြန်တင်ပေးလိုက် ပါတယ်။

ကိုဝိုင်ဝိုင်ကေ
(ရဲရင့်ကျော်)


Tun Min Naing ...ကိုသာနိုးရေ...ကိုဇော်ဝင်းဟာ ဘယ်တုန်းကမှ သခင်အောင်ဆန်းကို မဆန့်ကျင်ခဲ့ဘူး။ သေသွားတဲ့လူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် မရေးပါနဲ့တော့။ အကြေးလှန်ပြီး တီးကြရရင် မကောင်းပါဘူး။ ဠင်းတလောက်တော့ ငှက်တိုင်းလှပါတယ်။ ခင်ဗျား နိုင်ငံရေးလုပ်ခဲ့တယ်ဆိုတာ ကျုပ်တို့ ထောင်အုတ်ရိုးဘေးမှာ သေးပေါက်တဲ့ အချိန်လောက်ပဲရှိပါတယ်။ တော်ပါတော့။မောင်စွမ်းရည်ရှိသေးတယ်။ ကိုလေးအင်းဝဂုဏ်ရည်ရှိသေးတယ်။ သူငယ်ချင်းတွေ အကုန်သေသွားတာမဟုတ်ဘူး။ ကိုအောင်သူရှိသေးတယ်။ ကိုသူတော်ရှိသေးတယ်။ လိမ်လို့မရပါဘူး။

Win Tun Nyunt... ဒေါ်စု၊ ဗိုလ်ချုပ်တို့နဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေက အမှန်တွေပါ။ ထိုစဉ်က မနတ ဥက္ကဌဖြစ်သူ ဦးဇော်ဝင်းရဲ့ ရဲဘော်တဦးဖြစ်ခဲ့တဲ့ အုပ်သူကြီး ကိုမြင့်ဆွေ(အရေးအခင်းမတိုင်ခင်ကာလက သထုံ တောင်စွန်းတွင် ကျူရှင်ဆရာလုပ်နေသူ) ကိုဇော်ဝင်း ခင်ဗျားတို့က ငွေ၅၀၀နဲ့ လူမိုက်စာရင်းသွားပေးကြတယ်ဆိုပြီး ပါတီမှတ်ပုံတင်ခြင်းကို ဝေဖန်ခဲ့တာလေးလည်း ပြန်အမှတ်ရမိပါတယ်။

ဟာဂျူလီ ကသာ... မန္တလေးသမိုင်းကို ရိုင်းအောင်လုပ်ချင်ကြသူများဆိုပြီး ဆိုပြီး(၁)ဆရာမောင်သာနိုးကို ထည့်ရမယ်နဲ့တူပါရဲ့..

(ညီမလေးသီတာထွေးရေ... အမျှ အမျှ အမျှ နော်.)

အင်္ဂလန်က ဒေါ်စုကြိုဆိုပွဲကို ကုလား ပရိုးမိုးရှင်းပွဲဖြစ်အောင် လုပ်သွားတဲ့ ဒီပွဲကြီးက သာမန်ဇတ်ကတဲ့ ပွဲမဟုတ်ပါ။
ဘုန်းတော်ကြီးဆရာတော်ကြီးများသာ​မက ရှေ့မှီနောက်မှီ လူကြီးသူမတွေက ၂၄ နှစ်ကြာ
အထူးစောင့်မျှော်နေတဲ့ပွဲ။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံး​စံ ကိုဖေိာထုတ်ပြသတဲ့ပွဲ။ ဒေါ်စုကိုယ်တိုင် အင်္ဂလန်ရှိ
ဆရာတော်ကြီးတွေကရှေ့ဆုံးတန်းမှာ​ထားပါ။ ဆုတောင်းမေတ္တာပို့ပွဲကို သူကိုယ်တိုင်ဘာသာရေးလေးစားသူပီပီ အထူးမျှော်
လင့်နေကို သိသိရဲ့နဲ့ ဘုန်းကြီးတွေကို ခေါင်းညှိတ်ပြပြီး စင်ပေါ်ခေါ်မလိုလို နဲ့ ဇာဂနာ့နားတိုးသွားပြီး သူတို့နှစ်ယောက် "
အမေစု" ခေါ်လိုက်ကြရအောင်ဆိုပြီး ပြောခဲ့ပြီး သိသိသာသာ ဘုန်းတော်ကြီးတွေကို ကျောခိုင်းလိုက်တာ ဘုန်းကြီး
ဦးဥတ္တရနဲ့ မြောင်းမြဆရာတော်ကြီး ရယ် အခြားဆရာတော်တွေ ရှက်ရှက်နဲ့ ပြန်ထိုင်လိုက်ရတာ မျက်စိရှိသူတိုင်းတွေ့ခဲ့ကြရတယ်​။
Online အခွေတွေမှာလည်း ထပ်ခါထပ်ခါ ပြန်ကြည့်ကြပါ။ Original အခွေမှာ လူတိုင်းမြင်တွေ့ နိုင်ပါတယ်။ သူတို့ဖြတ်ညှတ်ပြစ်ရင်လည်း
မဖြူပြာဆီမှာရှိပါတယ်။ ဆရာတော်ကြီးတွေရဲ့ မေတ္တာဆုတောင်းပွဲက ၃မိနစ်ပဲယူထားတာ၊
ဒီလောက် နိုင်ငံအတွေက် အရေးကြီးနေတဲ့ အချိန်မှာ ဒီကဏ္ဍ ကို ရအောင်ဖျောက်ဖျက်ပစ်တယ်ဆိုတော့ ဒီ လူတွေဟာ
ဘာသာခြားတွေဖြစ်နေပြီလား။ ဦးခွန်ဆိုင်းကပါ မလောက်လေးမလောက်စား ဘော်လုံးပွဲ
လောင်းတာလောက်နောက်တောက်တောက်ြေ​ပာင်တောင် ရေးနေတယ်။ ခံစားခဲ့ရတဲ့
လူကြီးတွေ၊ အခြားဘုန်းကြီးတွေက ဒီလိုသမိုင်းဝင်ပွဲကြီး မှာ ဒီလိုလုပ်ရက်ကြလေခြင်းဆိုပြီး ရင်ထုမနာဖြစ်ကြတာကို ရှင်တို့၊
ထိန်လင်းတို့ကသာ ပြီးပြီးရော ချော်လဲရောထိုင်လုပ်သလို၊ ဗုဒ္ဒဘာသာ မဟုတ်တော့သလိုလို ရူးချင်ယောင်ဆောင်ချင်လို့ရချင်​ရမယ်။
ကျန်တဲ့အစော်ကားခံရသူ ၂၅၀၀ ကျော်ကတော့ တသက်စာ မမေ့တောဖူး။ အမျိုး၊ ဘာသာ၊ သာသနာကို မလေးစားတဲ့ အပြင်
စင်ပေါ်တက် စော်ကားရဲတဲ့သူတွေဟာ ငရဲပြည်ကို ဘုံပေါက်နေပါပြီင်္။ (သူတော်ချင်းချင်း၊ သတင်းလွင်လွင့်လေ။ ဒေါ်စုဘေးက
သက်တော်စောင့် မောင်အောင် ယောင်ဆောင်ပြီး ကိုအောင်(၈၈) ဖြစ်လာတဲ့ အောင်ကျော်စိုး ဇတ်ပျက်နဲ့ ပေါင်းလုပ်ကြတာကိုး။
ဒါတောင် ဒေါ်စုက သူတို့ ဇတ်တိုက်ပြီးဖိတ်တဲ့ လန်ဒန်မှာ ဘားမားကန်ပိန်း (ယူကေ) ပံပိုးမှုတွေနဲ့ အသက်ရှင်လာတဲ့ နူရူးအစ်စလာမ်၊
ထွန်းခင် တို့ ရိုဟင်ဂျာနှစ်ဖွဲ့ပါပါတဲ့ ညစာစားပွဲကို ငအောင်နှင့် ဒင်းတို့ စီစဉ်တာ ကံကောင်းလို့ ဒေါ်စုက ပါးပါးနပ်နပ် ငြင်းခဲ့ပေလို့။
ဒီတော့ စင်ပေါ်မှာ ရထားတဲ့ အခွင့်အရေးကို အလွှဲသုံးစား လုပ်ချပြီး ဒေါ်စုကို
မူဆလင်ဘာသာထဲဝင်ပါလားဆိုတဲ့ မေးခွန်းပါမကျန် မေးခွန်းတင်ပေးလိုက်ပုံကို ဒေါ်စုနောက် ဇာဂနာ ဝင်ဝင်ပုန်းပြီး
သူတို့တိုင်ပင်ထားခဲ့မေးခွန်းတွေကို ရွေးရွေးပြီး တင်ပေးနေတာ ပွဲကြည့်သူတိုင်း မြင်တာပဲ။ အခု VCD,
DVDအခွေတွေမှာ ပြန်ပြန်ကြည့်လည်း တန်းနေအောင်မြင်ရတာပဲ။ အစထဲက အခြား ဘာသာတွေကို ပါ အလေးထားပြီး ဒီပွဲမှာ
ဘုန်းတော်ကြီးတွေ မေတ္တာပို့မဲ့ ကဏ္ဍကို ဖြုတ်မယ်လို့ ပြောကြည့်ပါလား၊ ဒေါ်စုကလာတောင်လာမှာ မဟုတ်ဖူး။ ရှင် တို့က
ဘာသာခြားနေပြီ(သို့) ဘာသာပျက်နေပြီမို့လို့ အလွန်အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့ ဒီကဏ္ဍကို အမျိုး၊ ဘာသာ၊ သာသနာကို
မစောင့်ရှောက် နိုင်ခဲ့တာပေါ့။ အရှက်မရှိ လျှောက်ဖြေရှင်းမနေပါနဲ့ တော့။ ရှင့်ရဲ့ စမ်းချောင်းက ဗုဒ္ဒဘာသာဝင် မိဘတွေဆီ
နားပေါက်သွားရင် ရင်ထုမနာ ဖြစ်နေပါဦးမယ်။ ကိုယ့်စကားကို ကိုယ်တာဝန်ယူပါတယ်။

(မဖြူပြာ - ၃၀.၀၆.၂၀၁၂)

ဒေါ်အောင်ဆန်းစုကြည်ကိုသိက္ခာချအကောက်ကြံသည့် ကြံ့ဖွတ်ပါတီ၏လုပ်ရပ်


ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ် ရှစ်မိုင်လမ်းဆုံတွင်
”ကုလားမယား စုကြည် အလိုမရှိ”ဟူသောစာတန်းကိုင်ေ​ဆာင်ပြီးဆန္ဒပြနေသူသုံးဦး


လုံခြုံရေးအချို့မှလိုက်လံသိမ်းဆည်စဉ်

ဒီအဖြစ်အပျက်ဟာစက္ကန့်ပိုင်းပဲကြာလိုက်တဲ့အတွက်ကျန်သတင်းထောက်တွေပုံမရလိုက်ပါဖူး။
အချိန်ကိုက်ထားတဲ့သူတို့ ဓါတ်ပုံသမားကပဲတဖက်ခြမ်းကနေရိုက်ယူခဲ့တာပါ။
ဒီပုံတွေကိုကြံ့ဖွတ်ကျောထောက်နောက်ခံပြုထားတဲ့မြန်မာအိတ်စ်ပရက်စ်နက်မှာချက်ချင်းတင်ထားတာပါ။
ဆန္ဒပြနေသူသုံးဦးကိုအခကြေးငွေပေးပြီးရည်ရွယ်ချက်ရှိရှိနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုသိက္ခာချအကောက်ကြံသည့်
ကြံ့ဖွတ်ပါတီ၏လုပ်ရပ်တခုသာဖြစ်ပါသည်။




အမေစုအား ရိုင်းပြစွာ စော်ကားသည့် ဆိုင်းဘုတ် ကိုင်ဆောင်သူအား ကြံ့ဖွတ် မှ ငွေကျပ် 1သိန်း ပေးကာငှါးရမ်းလုပ်ဆောင်စေသည်ဟု ၄င်းနှင့် နီးစပ်သူမှ ပြောကြားပါသည်။ ထိုသို့လုပ်ဆောင်ရာတွင်လည်း အမေစုအား ကြိုဆိုသည့် လူများကြားတွင် နေခိုင်းကြောင်း အမေစုကားလာမှသာ ဆိုင်းဘုတ်ကိုပြရဲကြောင်း ဒါမှ အမေစုကိုကြိုဆိုသောသူများပါ မိမိကဲ့သို့ ကန့်ကွက်ဆန္ဒပြသူအဖြစ်မြင်ကြမှာဖြစ်ကြောင်း ၄င်းမှ ဆက်လက်ပြောကြားပါသည်။

ရခိုင်နှင့် အစိုးရတပ်ဖွဲ့ သတ်ဖြတ်၍ ရိုဟင်ဂျာ ၆၅၀ သေဆုံးကြောင်း ဦးထွန်းခင်မှ စွပ်စွဲ

June 29, 2012 at 10:19 am
ခိုင်မောင်ဦး (မလေး)
လန်ဒန် အခြေစိုက် The Burmese Rohingya Organisation UK (BROUK) အဖွဲ့ဥက္ကဌ ဦးထွန်းခင်မှ ရခိုင်လူမျိုးတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေက ပူးပေါင်း သတ်ဖြတ်တဲ့ အတွက်  ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူ အတွင်း ရိုဟင်ဂျာ  ၆၅၀ သေဆုံးကြောင်း ဗြိတိန်နိုင်ငံ ပါလီမန် မြန်မာ ဒီမိုကရေစီ ရရှိရေးဆိုင်ရာ ပါတီ ပေါင်းစုံ အဖွဲ့ ရှေ့မှောက်မှာ လိမ်လည် ပြောဆိုသွားခဲ့ပါတယ်။
Ethnic Rakhine Buddhists pass time in a Buddhist monastery used as a collective shelter for those displaced by recent violence in Sittwe. Photo: REUTERS ဇွန်လ ၂၇ ရက်နေ့ ဗြိတိန်နိုင်ငံ ပါလီမန်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးဆိုင်ရာ ပါတီ ပေါင်းစုံ ဥက္ကဌ Baroness Kinnock ရှေ့မှောက်မှာ ခုလို ဦးထွန်းခင်က ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် ရွာပေါင်း ၂၂ ရွာမီးရှို့ ခံရပြီး လူပေါင်း ၁၂၀၀ ပျောက်ဆုံးကာ ရိုဟင်ဂျာ ဘင်္ဂလီ လူပေါင်း ၈၀၀၀၀ ထိ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ လိမ်လည် တင်ပြသွားခဲ့ပါတယ်။ ဒါ့ပြင် ဦးထွန်းခင်က ဒီပြဿနာကို ဖြစ်ပွားအောင် အစိုးရတွင်းက တင်းမာသူတွေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အကွက်ချ စီစဉ်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုသွားပါတယ်။
ဒီလို ဗြိတိန် ပါလီမန်မှာ ဦးထွန်းခင် လိမ်လည် ထွက်ဆိုနိုင်အောင် စီစဉ် ပေးသူကတော့ များမကြာမီက A friend’s appeal to Burma (မြန်မာနိုင်ငံသို့ မိတ်ဆွေတဦး၏ မေတ္တာရပ်ခံချက်) ကို  ရေးသားသူ CSW မှ Benedict Rogers ဘဲ ဖြစ်ပါတယ်။ တခြား နောက်ထပ် ကူညီ ပေးသူတွေကတော့ ရခိုင်စီမံကိန်း ( Arakan Project) က Chris Lewa ဆိုတဲ့ အမျိုးသမီးနဲ့ Burma Campaign UK တို့ဘဲ ဖြစ်ပါတယ်။
ရခိုင် ဆူပူ အကြမ်းဖက်မူမှာ အစိုးရ စာရင်းအရ  သေဆုံးသူ ၈၀ ကျော်ဖြစ်ပြီး ဒဏ်ရာ ရတဲ့သူက ၅၀ ကျော် ရှိတယ်လို့ တရားဝင် ထုတ်ပြန်ကျေညာထားပါတယ်။ သေဆုံးသူတွေထဲမှာလည်း ရခိုင်ဦးရေက တ၀က်ထက် ပိုများပါတယ်။  ဒီအရေအတွက်ကို နိုင်ငံတကာ အန်ဂျီအိုတွေကလည်း လက်ခံထားပါတယ်။
အခုလို  လူပေါင်း ၆၅၀ ထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ ဗြိတိန် ပါလီမန်ထိ တက်ရောက်ပြီး လိမ်လည်တာဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို  ပျက်ပြားအောင်၊ ဆူပူ အကြမ်းဖက်မူကို ထပ်ဖြစ်အောင် နိုင်ငံခြားကနေပြီး သွေးထိုးလုံဆော်နေတာနဲ့ တူတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။ ခုလို အခြေအမြစ် မရှိတဲ့ ကိန်းဂဏန်းတွေနဲ့ တင်ပြတာကို ဗြိတိန် ပါလီမန်က လက်ခံတာဟာလည်း အထူး ၀မ်းနည်းစရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။
အခုအရေးအခင်းမှာ ဘင်္ဂလီ ရိုဟင်ဂျာဆိုသူတွေဘဲ သေသေ၊ ရခိုင်တိုင်းရင်းသားတွေဘဲ သေသေ  အကုန်လုံးဟာ လူသားတွေ ဖြစ်ကြတဲ့ အတွက် ဒီလို သေကြေ ပျက်စီးမူကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက မလိုလားဘူးလို့ ဘီဘီစီ (မြန်မာပိုင်း)နဲ့ အင်တာဗျူးမှာ ဦးဦးလှစောက ပြောပါတယ်။
အခု ဖြစ်တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူမှာ ရိုဟင်ဂျာ ဘင်္ဂလီ လူမျိုး တစ်ခုတည်းသာ သေဆုံး ဒုက္ခရောက်ကြတာ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေလည်း သေဆုံး ဒုက္ခရောက်ခဲ့ကြပါတယ်။ ဒီလို ရခိုင် တိုင်းရင်းသားတွေ သေဆုံး ဒုက္ခရောက်ခဲ့ကြတာကို တခွန်းတပါဒမှ မပြောဘဲ ဗြိတိန်ပါလီမန်မှာ တဖက်သတ် လိမ်လည် ပြောဆိုတာကတော့ ကိုယ်ချင်းစာမဲ့ရာ ရောက်ပြီး အထူး ၀မ်းနည်း စရာဘဲ ဖြစ်ပါတယ်။
အခုလို ဦးထွန်းခင်နဲ့ အပေါင်းအပါ တစ်စုရဲ့ လိမ်လည်တာကို ကမ္ဘာက သိအောင် ထပ်ဆင့် ဖြန့်ဝေ ပေးတာကတော့ Burma Campaign UK ဖြစ်ပါတယ်။ သူတို့ ဖြန့်ဝေတဲ့ စာကို အောက်မှာ ပူးတွဲ ဖေါ်ပြအပ်ပါတယ်။

BROUK ADDRESSES BRITISH PARLIAMENT ON ARAKAN CRISIS
The President of the Burmese Rohingya Organisation UK (BROUK), Tun Khin together with Benedict Rogers (East Asia Team Leader, Christian Solidarity Worldwide) and Chris Lewa (Co-co-ordinator for Arakan Project) presented evidence of the persecution of Rohingyas in Arakan State at a meeting in the British Parliament today. The meeting was chaired by Baroness Kinnock, Chair of the All Party Parliamentary Group for Democracy in Burma, and focused on the current crisis in Arakan State, Burma.
Tun Khin told the parliamentary meeting that the current crisis was well planned and organized by hardliners within the regime, who do not want to see reforms in Burma, and the Rakhine National Development Party (RNDP). In recent months, there have been an increasing number of anti-Rohingya activities, including seminars in Rangoon and in Arakan State organized by RNDP, and anti-Rohingya demonstrations.
According to Tun Khin, at least 650 Rohingyas have been killed by Rakhine and government forces, and at least 1200 are missing. More than 80,000 Rohingyas are displaced, 22 villages have been burned down and 14 mosques destroyed. Bangladesh has refused entry to Rohingyas trying to flee the violence, and has pushed back at least 16 boats from Sittwe. The curfew imposed by President Thein Sein has only been applied to Rohingyas and not Rakhine..During curfew time Rohingyas stayed in their homes, while Rakhine and government authorities burned down Rohingya villages and looted Rohingya shops in Sittwe and Maungdaw.
Tun Khin said: “We really need UN observers in Arakan State. Even though the riot was stopped some Rohingya houses are still being burned down by Rakhines, and in the last few days Rakhine police officers and Paramilitary Forces joined together and have been arresting Rohingya men, looting and raping Rohingya girls. We urge the British government to put effective pressure on the Burmese regime to stop the killings and violence against the Muslim Rohingyas in Arakan and to restore peace and security in the region, to allow the international community and NGOs to provide immediate humanitarian assistance to all the victims regardless of race or religion. We call for pressure on the regime to ensure that displaced Rohingya people can return to their original villages safely and freely. We call on the international community to urge the Bangladesh government to keep its border open to Rohingyas fleeing persecution and violence in Arakan. We also urge the Burmese government to restore our citizenship and ethnic rights, to stop anti-Muslim activities and racism in burma. There should be laws on racism if the regime want to see durable peace in Burma. There is a solution if the regime is willing to negotiate between the two communities.”
For more information, please contact Tun Khin Tel; +447888714866
 http://www.narinjara.com/burmese/?p=998

 တနေ့ကတောင် အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Ms Nuland က Rohingya State လို့သုံးနူန်းတာတွေ့လိုက်တယ်။ သူတို့လုပ်ရပ်တွေက ထိရောက်မူ့ရှိတယ်ဗျ။ ပိုက်ဆံတွေလိုသလောက်သုံးစွဲနိုင်ခဲ့လို့ဘဲ ဒီလိုအောင်မြင်မူ့တွေရတာပေါ့။ ဒီဗွီဘီ၊ဘီဘီစီ၊ဧရာဝတီတို့လို မြန်မာနိုင်ငံသားပုံရိပ်ရှိတဲ့အတိုက်အခံမီဒီယာတွေ စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေးတစိတ်တပိုင်းအဖြစ် ရိုဟင်ဂျာတွေကို စစ်အစိုးရကိုတိုက်ခိုက်ဖို့အတွက်အသုံးချခဲ့ရာကနေ အမေရိကန်၊ အီးယူ၊ ယူအန်အပါအဝင် နိုင်ငံတကာ အန်ဂျီအိုတွေ၊ အလူုရှင်တွေကပါ သနားကရုဏာသက်သွားလို့ ခုအခြေအနေအထိဖြစ်သွားရတာပါ။ ငွေပေးလို့ရနိုင်တဲ့ဟာတွေရှိသလို တပြားမှမကုန်ဘဲနဲ့ အလကားကြော်ငြာပေးခဲ့ကြလို့ ရိုဟင်ဂျာတွေအမြတ်ထွက်သွားကြတယ်။

သိပ်မကြာခင်မှာ မြန်မာအစိုးရက ဒီဖြစ်ရပ်တွေကိုဖွင့်ချတော့မယ်လို့မျှော်လင့်ရပါတယ်။ ကေ့စ်တခုတည်ဆောက်ဖို့အတွက် အချိန်လိုပါတယ်။ လောလောဆယ်တော့ အဖမ်းအဆီးတွေရှိနေတယ်။ အဓိကဇတ်လိုက်တွေဖြစ်နိုင်တဲ့ UNHCR တာဝန်ခံတွေ၊ အဲဒီဝန်ထမ်းတွေNGO အဖွဲ့တွေရဲ့ခေါ်တောဝန်ထမ်းတွေ၊ UNO, RSO,အယ်လကိုင်းဒါးနဲ့ဆက်စပ်မူ့တွေ၊ လက်နက်သိမ်းဆည်းမူ့တွေအပါအဝင် ဘူးသီးတောင်၊ မောင်တောဒေသကို မူဆလင်ပိုင်နက်နယ်မြေ့ပုလုပ်ချင်တဲ့ရည်ရွယ်ချက်တွေလဲပါနိုင်ပါတယ်။

မိုးရွာတာကိုကျေးဇူးတင်ရမယ်၊ ခုပြသနာအေးသွားတာ မိုးရွာတာကပိုအဓိကကျပါတယ်။ တနေ့ကတောင် မောင်တောမှာ ရဲတယောက် သေနတ်အလုခံရသေးတယ်။ ဘယ်လောက်အတင့်ရဲသလဲ။ မြေပုံမှာလဲ သောက်သုံးရေကန်ကိုအဆိပ်ခပ်တယ်လို့ အလဲဗန်းသတင်းတက်လာတယ်။

လောလောဆယ် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတင်ပြထားတဲ့ တတိယနိုင်ငံအစီအစဉ်ကိုစိတ်ဝင်စားပါတယ်။ သူတို့ကို အမေရိကန်ကလက်ခံမလား၊ အော်ဇီလား၊ မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာနာမည်ခံဘင်္ဂလီတွေကိုတော အမေရိကန်က လက်ခံနေတယ်လို့ကြားရတယ်။ ရခိုင်ဘက်က ဘကုန်းတွေကိုလဲ အမေရိကကိုပို့လိုက်ပါ။ အဲဒီချိန်ကျမှ အမေရိကမှာRohingya State ပေးလိုက်ကြပေါ့။
Myanamar cupid mamber


The main ploblem is they are looking for own state ,own land..to separate new state from rakhine state .there are one million bingali porpulation in there.other step they asking for ethnics (native)group not even citizen. There are a lot of muslim live in other parts of burma.We don't have any ploblem with religious.If they come to your country ,will you give them own land?

Guy!!!! go defense there in comments .
http://www.egyptindependent.com/news/protest-staged-outside-myanmar-embassy-against-burma-muslim-massacre

မြန်မာနှင့် မလေးရှားပွဲမှာသရေကျယုံဖြင့်ခြေစစ်ပွဲအောင်မည်

မြန်မာ - တရုတ် (တိုင်ပေ) ပွဲစဉ်တွင် မြန်မာ၆-၂ဖြင့်အနိုင်ရသည်။
မလေးရှားအသင်းကလည်း ဗီယက်နမ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ မြန်မာ ရမှတ် ၁၀ မှတ်၊ မလေးရှားရမှတ် ၉ မှတ်ဖြစ်သည်။ ထို့ကြောင့် ဇူလိုင် ၃ ရက်တွင် မြန်မာနှင့် မလေးရှားပွဲစဉ်မှာ အုပ်စုတက်ရေးအတွက် အဆုံးအဖြတ်ပွဲ ဖြစ်လာခဲ့ပြီဖြစ်သည်။ နောက်ဆုံးပွဲရှုံးသည့်အသင်းမှာလည်း တတိယအကောင်းဆုံးအသင်းဖြစ်ရန် အလားအလာကောင်းနေသည်။ အုပ်စုပွဲများမှ၂သင်းစီခြေစစ်ပွဲအောင်မည်ဖြစ်ပြီး၊ တတိယအကောင်းဆုံးအသင်းတသင်းအားလည်းထပ်မံရွေးချယ်မည်ဖြစ်သည်။
မြန်မာနှင့် မလေးရှားပွဲမှာသရေကျယုံဖြင့်ခြေစစ်ပွဲအောင်မည်ဖြစ်သော်လည်းမြန်မာအသင်းခေါင်းဆောင်ကအနိုင်ကန်မည်ဟုဖြေကြားခဲ့သည်။

ယခုအခါ မြန်မာအသင်း ရမှတ်စုစုပေါင်း (၁၀)မှတ်ဖြင့် ယနေ့ညနေ ၆း၁၅ နာရီတွင် ယှဉ်ပြိုင်မည့် " တောင်ကိုရီးယား - ဖိလစ်ပိုင် " ပွဲစဉ်ရလဒ်မတိုင်မီအထိ အုပ်စုပထမနေရာတွင် ရောက်ရှိနေလျက်ရှိကာ ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေကောင်းနေသည်။
မြန်မာအသင်း၏ အုပ်စုတွင်း နောက်ဆုံးပွဲစဉ်အဖြစ် (၃-၇-၂၀၁၂)ရက်၊ ညနေ ၆း၁၅ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ္ဏဘောလုံးကွင်း၌ မလေးရှားအသင်းနှင့် ရင်ဆိုင်ယှဉ်ပြိုင်ဆင်နွှဲရမည်ဖြစ်သည်။
မြန်မာ - တရုတ် (တိုင်ပေ) ပွဲစဉ် ပထမပိုင်း ၃၅ မိနစ်တွင် မြန်မာအသင်းအတွက် တတိယမြောက်ဂိုးကို နောက်တန်းကစားသမား ရန်အောင်ဝင်းက ခေါင်းတိုက်သွင်းယူလိုက်စဉ်။
ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
မြန်မာက တရုတ်(တိုင်ပေ)အသင်းအား ၆ဂိုး-၂ဂိုးဖြင့်အနိုင်ရရှိသောပွဲစဉ်တွင် တိုက်စစ်မှူးကျော်ကိုကို မပါဝင်ခဲ့ခြင်းမှာ ခြေထောက်ဒဏ်ရာရရှိနေသောကြောင့်ဖြစ်ပြီး၊ အဆုံးအဖြတ်ပွဲဖြစ်သော မြန်မာ-မလေးရှားပွဲစဉ်တွင် ပါဝင်နိုင်ခြင်းရှိ၊မရှိနှင့်ပတ်သက်၍ 7Day News က မြန်မာယူ-၂၂နည်းပြချုပ် ပတ်ဆောင်ဟွာကို မေးမြန်းရာ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစား

Myanmar Mediamm

;လေဆိပ်မှ နေအိမ်သို့  ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစားခဲ့သည် ။ လူငယ် ၂ ယောက် ပါသောတဖွဲ့ နှင့် ၃ ယောက်ပါ စုစုပေါင်း ၂ ဖွဲ့  သည် ( ကုလားမယား အောင်ဆန်းစုကြည် ) စာတန်းအား ကိုင်ဆောင်ထားပြီး မင်္ဂလာဒုံလေဆိပ် မြို့ အ၀င်ဆိုင်းဘုတ် နားတွင် တဖွဲ့  ၊ ရှစ်မိုင် လမ်းဆုံ မှတ်တိုင် အနားတွင် တဖွဲ့ မှ အဆိုပါစာတန်းအား ကိုင်ဆောင်ပြသကြသည် ။ ရှစ်မိုင်လမ်းဆုံ အနီးမှ လူငယ် ၂ ဦး သည် ၎င်းစာတန်းကို ကိုင်ဆောင် ကာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသောမော်တော်ယာဉ်အနီး သို့  တိုးကပ်လာသောကြောင့် လုံခြုံရေးလိုက်ပါသော တာဝန်ရှိသူမှ အဆိုပါလူငယ်အား တချက်ခန့် ရိုက်နှက်ခဲ့ပြီး အသရေဖျက်သည့် စာတန်းအား သိမ်းဆည်းသွားခဲ့သည် ။ ထူးခြားသည်မှာအသရေဖျက်လိုသည့် လူငယ်၂ ဖွဲ့  ၏ စာတန်းများတူညီနေခြင်း ရှစ်မိုင်အနီးမှလူငယ် ၂ ဦး အနီးတွင် ထောက်လှမ်းရေး ၂ ဦး မှာ လမ်းလယ်မျဉ်းအနီးမှကင်မရာဖြင့်အသင့် စောင့်စားမှတ်တမ်းတင်နေခဲ့သောကြောင့် ကြိုတင် အကွက်ချ စီမံထားကြောင်း သိသာထင်ရှားစေသည် ။

.မြိုင်ဟေ၀န်နားမှာ လူသုံးယောက်က လမ်းမလယ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုပါ၏ဆိုတဲ့စာရွက်ကိုကိုင်ပြီးကြိုနေရင်းကနေ ရှေ့ပြေးကားရောက်လာတော့စာရွက်ကိုတစ်ဖက်လှန်လိုက်တော့ အောင်ဆန်းစုကြည်ကုလားမယားလို့ရေးထားတာတဲ့အဲဒါ ရှေ့ပြေးယာဉ်ပေါ်ကလူတွေဆင်းလိုက်တော့ လူခွဲပီးပြေးကြရောတဲ့...

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်



click here to See More 56 photos