Sunday, July 1, 2012

မိုးလေးတခါခိုလိုက်တာနဲ့...

အဂ္ဂမဟာ ဒီမိုဖက်တီး

ယနေ့ (၁-၇-၂၀၁၂)ရက်နေ့ ညနေ (၈း၃၀)ခန့်အချိန်တွင် စစ်တွေမြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေစဉ် လုံခြုံရေးတာဝန်ကျနေသော လုံထိန်းနှင့်စစ်တပ်များမှ ရခိုင်များဖက်သို့ မိုးလာခိုနေကြသည်။ ယင်းအချိန် (၁၅)မိနစ်ခန့် လုံခြုံရေး လစ်ဟင်းသည်နှင့် ခေါ်တော ကုလားများသည် မေယုလမ်းတစ်လျောက်ရှိ အစိုးရရုံးတန်းများ (စစ်တွေလျှပ်စစ်ဓါတ် အားပေးစက်ရုံ၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်နယ်သာသနာရေးရုံး၊ ပြည်နယ်အာမခံရုံး၊ ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးရုံးများနှင့် ကပ်လျက် ရခိုင်အိမ်များကို ၀င်ရောက် မီးရှို့မှု ဖြစ်ပွါးခဲ့သည်။ ပြည်နယ်ပညာရေးမှူးရုံးသို့ ဖုန်းခေါ်ဆိုမေးမြန်းချက်အရ အိမ်ခြေ (၅)အိမ်ခန့်လောင်ကျွမ်းပြီးဖြစ်ကြောင်း ပြောဆိုလာပါသည်။



(အနောက်တံခါး ဘီလူး)


စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂၀၁၂)ရက် နံနက် (၁၁)နာရီဝန်းကျင်တွင် ဘင်္ဂလီရိုဟင်ဂျာ အင်အား(၂၀၀၀)ကျော်ခန့်(ပ)ပုံစံ ဖြင့် ၀န်းရံထားလုံခြုံရေးအင်အား(၂၅၀)မျှသာရှိကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။
လုံခြုံရေးမှ လူစုခွဲမှုမပြုလုပ်နိုင်ဖြစ်နေပြီး မင်းဂံရွာသားများ လုံခြုံရေးစိုးရိမ်နေကြပါတယ်။ အဆိုပါဖြစ်စဉ်မျိုးကြောင့် ရခိုင်ဒေသ ယခုတိုင်မအေးချမ်းနိုင်ဖြစ်နေရ။


ရခိုင်ပြည်သူများက နိုင်ငံတော်အစိုးရ အနေဖြင့် ဒီထက် ထိရောက်မြန်ဆန်စွာ ပြန်လည် အေးချမ်းလုံခြုံဖို့ မျှော်လင့်နေကြောင်း ရခိုင်ဒေသရောက် မန္တလေးမှ ကူညီရေး အသင်းသားများတွေ့ရှိခဲ့ကြောင်း Myanmar News Now ကိုပြောပါတယ်။

(၂၉၊၆၊၂၀၁၂)ရက်နေ့ ကလည်း အဆိုပါရွာအတွင်းသို့ ရိုဟင်ဂျာ(၅)ဦးက စစ်ဝတ်စုံဖြင့်အယောင်ဆောင်ကာဝင်ရောက်လာတာကြောင့် ကျေးရွာလုံခြုံရေးမှ လိုက်လံဖမ်းဆီးရာ တစ်ဦးမိပြီး စစ်ဆေးရာမှ လွတ်သွားသူ(၄)ဦးမှာလည်း ဘင်္ဂလီရိုဟင်ဂျာများဖြစ်ကြောင်းသိရှိရပါတယ်။

 
Myanmar News Now

ကိုထူးအိမ်သင်နှစ်ပါတ်လည်မိသားစုအလွမ်း

ဒီနေ့  ဇူလိုင် ၁ ရက် - ကိုငှက်မွေးနေ့ .. ၄၉ နှစ်ပေါ့...

Popular Myanmar News Journal



ထူးအိမ်သင်၏ မိခင်ကြီး ဒေါ်မြရင်

ထူးအိမ်သင်၏ မိခင်ကြီးနှင့် သျှီ

ထူးအိမ်သင်၏ ဇနီး မသွယ်သွယ်ထွေး(ပန်းရောင်နှင့်)

မိကွန်ထော

ထူးအိမ်သင်၏တုနိုင်းမဲ့ရတနာ

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးကို ဇူလိုင်လ ၉ ရက်နေ့မှ တက်ရောက်မည်

The Voice Weekly




ရန်ကုန်၊ ဇူလိုင် ၁

ဥရောပနိုင်ငံများသို့ ၁၆ ရက်ကြာ သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းခရီးစဉ်များ အတွင်း ခရီးပန်း နွမ်းနယ်မှုကြောင့် ဇူလိုင်လ လေးရက်နေ့တွင် စတင်ကျင်းပမည့် ပထမအကြိမ် စတုတ္ထမြောက် လွှတ်တော် အစည်းအဝေးသို့ ချက်ချင်း တက်ရောက်နိုင်မည် မဟုတ်ဘဲ ဇူလိုင်လ ၉ ရက်နေ့မှသာလျှင် လွတ်ေ...တ်ာသို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice Weekly သို့ ပြောကြားသည်။

“ဥရောပက ခရီးပန်းလာလို့။ ခွင့်သုံးရက် ယူထားတာပါ” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ် ကျင်းပသော ကမ္ဘာစီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့တွင် နိုင်ငံတကာ အလုပ်သမားများ အဖွဲ့ ILO တွင် မိန့်ခွန်း ပြောကြားရန်၊ ၎င်းရရှိထားသည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအား ကိုယ်တိုင် တက်ရောက်ယူရန် အတွက် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ ခရီးများ ဆက်တိုက် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ်၊ တတိယမြောက် လွတ်တော်အစည်းဝေးများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ကျမ်းသစ္စာ ဆိုခဲ့သည့် မေလ ၂ ရက်တွင် စတင် ရပ်ဆိုင်းခဲ့ပြီး စတုတ္ထမြောက် လွှတ်တော် အစည်းအဝေးများကို ဇွန်လ ၄ ရက်နေ့တွင် ပြန်လည် စတင်မည် ဖြစ်သည်။

ရခိုင်မှာအလှုပေးနေတဲ့အနုပညာရှင်များ

အဲလဲဗင်းမီဒီယာဂရု 


Click here more photos

မရမ်းကုန်းမြို့ နယ်နေ အမျိုးသမီးငယ်တစ်ဦး ဓါးချက်များစွာဖြင့် သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့ နယ် အမှတ်(၂)ရပ်ကွက်၊ မိသားစုလမ်းအတွင်း၌  အသက် (၁၉)နှစ် အရွယ် အမျိုးသမီတစ်ဦး ဇွန်လ(၂၉)ရက်နေ့က ဓါးချက်(၁၁)ချက်ဖြင့် သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားခဲ့သည့် နေရာက သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ မပိုးပိုးမော်သည် နေ့ ခင်း (၁၀)နာရီကျော်တွင် သမိုင်းကုန်းတံတားထိပ်တွင် ပန်းရောင်း၍   ဈေးမှ ခေတ္တသိမ်းဆည်းကာ  အိမ်ကိုပြန်လာစဉ် အိမ်အတွင်းရှိ လူတစ်ဦးမှ စောင့်၍ ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း
သေဆုံးသူ၏ မိခင် ဒေါ်ဝင်း၏ပြောကြားချက်အရ သိရသည်။

“ကောင်မလေးက မိုးရေထဲကပြန်လာပြီး အိမ်ပေါ်တက် အ၀တ်လဲပြီးမှ အသက်ခံရတာပါ။ သူသေတာက အိမ်နောက်ဘက်ကို   ခေါင်းပြစ်ပြီးတော့ ။ အခန်းထဲမှာ လည်ပင်းကို လှီးခံထားရတယ်။ ဗိုက်မှာလည်း အူတွေ ထွက်အောင် ဓါးနဲ့ ထိုးထားတယ်။”  ပာု ဒေါ်ဝင်းက ပြောသည်။

သေဆုံးသူမပိုးပိုး အသက်ခံရစဉ်က မိုးကြီးနေ၍ မည်သည့် အသံမှမကြားရဘဲ မိဘနှစ်ဦးပန်းရောင်း၍ ပြန်လာစဉ်အချိန် (၁၁)နာရီ(၄၅)မိနစ်မှ သေဆုံးမှုအား ပတ်ဝန်းကျင်က သိရှိရသည်။

“ကျွန်တော်တို့က အလုပ်သွားနေတာ။ အိမ်မှာက သမီးတွေဘဲ ကျန်ခဲ့ တယ်။ သူတိုပြောတာတော့ ဘာသံမှ လည်းမကြားရဘူး။ မပိုးပိုးပြန်လာတာဘဲ တွေ့လိုက်တယ်လို့ ပြောတယ်”ပာု အဆိုပါအခင်းဖြစ်ပွားသည့်အိမ်နှင့်အနီးရှိ   ဦးကျော်ကျော်  ကပြောသည်။

မပိုးပိုးသေဆုံးနေစဉ် ၎င်းပိုင်ဆိုင်သော နားကပ်၊ဆွဲကြိုး၊စက်ဘီးတို့  ပျောက်ဆုံးနေ၍ သတ်ဖြတ်သူမှ ယူဆောင် သွားဖွယ်ရှိကြောင်းကိုလည်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။

သေဆုံးသူ၏ ဓါးချက်များမှာ များပြားသော်လည်း သေစေနိုင်သည့် ဓါးချက်မှာ ၀မ်းဗိုက်မှ(၁)ချက်နှင့်  ကျန် ဒဏ်ရာများသည်  နက်နဲစေသော ဒဏ်ရာများသာဖြစ်ကြောင်း မရမ်းကုန်းမြို့ နယ် အမှတ်(၂)ရပ်ကွက်မိသားစုလမ်းအပိုင်   ရဲအရာရှိ နယ်ထိန်းတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဒီသတင်းကြားကြားခြင်း အခင်းဖြစ်တဲ့ နေရာကို ရောက်သွားတာပါ။ တရားခံကိုလည်း  တိုင်းကနေ ဆင်းပြီး ရှာဖွေနေပါတယ်။”ပာု အဆိုပါ နယ်ထိန်းကပြောသည်။

ထိုပြင် အဆိုပါအမှုအတွက် တရားခံရှာဖွေရေးလုပ်ငန်းများကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ အစည်း အဝေးများပြုလုပ်၍ အဆင့်ဆင့် ဆွေးနွေးရှာဖွေနေဆဲဖြစ်ကြောင်း မရမ်းကုန်မြို့ နယ် ရဲတပ်ဖွဲ့ က သိရသည်။

အဆိုပါအမှုအား ဥပဒေပုဒ်မ(၃၀၂) ဖြင့် မရမ်းကုန်းရဲစခန်းမှ အမှုဖွင့် ထားပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ သည့် လူသတ်တရားခံကိုလည်း လိုက်လံစုံစမ်းလျက်ရှိကြောင်းနှင့် သေဆုံးသူအား ယနေ့ ဇွန်(၃၀)ရက်နေ့ နေ့လည်(၂း၀၀)အချိန်တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

စောဇင်ညီ(မြစ်မခ) Myit Makha Mediagroup

စစ်တွေမြို့နယ် မင်းဂံရွာသို့ တပ်မတော် ဝတ်စုံ ဝတ်ဆင်ထားသော ဘင်္ဂါလီ(၅)ဦး ဝင်ရောက် ။

by ကိုဝိုင် ဝိုင်ကေ on Sunday, July 1, 2012 at 7:23am ·



ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော မန္တလေးမှ လူမှုကူညီထောက်ပံ့ရေး အဖွဲ့ဝင် တစ်ဦးမှ ဖုန်းပြောပြချက်-

၃၀-၆-၁၂ နေ့က စစ်တွေမြို့နယ် မင်းဂံရွာသို့ တပ်မတော် ဝတ်စုံ ဝတ်ဆင်ထားသော ဘင်္ဂါလီ(၅)ဦး ဝင်ရောက်လာရန် ရွာသားများမှ မသင်္ကာ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ သတင်းပေးပို့ခဲပြီး ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ (၁)ဦး လက်ရ ခဲ့ပြီး(၄)ဦးမှာ လွတ်မြောက်သွားကြောင်း သိရှိရပါသည်။
မင်းဂံရွာတွင် ဦးရေ တစ်သောင်းကျော်ရှိပြီး ထိုရွာသည် စစ်တွေမြို့ အနောက်ခြမ်းတွင် ခံတပ်သဖွယ်ရှိသော ရွာဖြစ်သည်။ သံလမ်း၏ အနောက်ဖက်တွင်မူ ဘင်္ဂါလီရွာစု အများအပြားရှိနေပြီး လုံခြုံရေး အရ အထူးစိုးရိမ်ရသော ရွာဖြစ်သည်။ လက်ရှိတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့မှာလည်း အင်အား အလွန်နည်းပါးကြောင်း သတင်းပေးပို့သည်။
မေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဘင်္ဂါလီများကို တိုင်ထုတ်ချင်သော်လည်း အထက်မှ အမိန့် တစ်စုံတစ်ရာ မှ မရသေးကြောင်း တိုက်ထုတ်လိုသည့် ဆန္ဒများ ရှိကြကြောင်း ရွာခံများက ပြောကြသည်။


ကိုဝိုင်ဝိုင်ကေ
၁-၇-၁၂

နှစ် (၅၀)ပြည့် ဇူလိုင် (ရ)ရက်နေ့အခမ်းအနား မြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့ (BSDO)ဖိတ်ကြား

မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဘင်္ဂလာသို့ ယနေ့ရောက်မည်

June 30, 2012 at 10:10 am

မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် သူ၏ သုံးရက်ကြာ ခရီးစဉ်ကို စတင်ရန် ယနေ့တွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြို့တော် ဒက္ကားကို ရောက်ရှိလာမည် ဖြစ်သည်။

ဦးမောင်မြင့်သည် နှစ်နိုင်ငံ အကြား  ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့အကြား ကျင်းပ ပြုလုပ်မည့် နှစ်နိုင်ငံ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာမည် ဖြစ်သည်။
ယခု အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ရောက်ရှိနေသောမွတ်ဆလင် ဒုက္ခသည်များအား မြန်မာသို့ ပြန်ပို့ရေး ကိစ္စကို အဓိက အလေးထားဆွေးနွေးမည်ဟု ဆိုသည်။ ယူအန် အသိအမှတ်ပြု မွတ်ဆလင် ဒုက္ခသည် ၂၉၀၀၀  ကိုသာမက မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေအထောက်အထား တစ်စုံတရာ မရှိဘဲ သူတို့ အခေါ်  Undocumented Refugees သုံးသိန်းခန့်အားလည်း မြန်မာသို့ ပြန်ပို့ရေး ဆွေးနွေးမည်ဟု ဘင်္ဂလာဒေခ်ျ့က ဆိုသည်။
၎င်း ဒုက္ခသည် အရေး ကိစ္စမှာ ယခု ပြုလုပ်မည့် အစည်းအဝေးတွင် လွှမ်းမိုးနေဖွယ်ရှိကြောင်း ဘင်္ဂလာာဒေခ်ျ့ ထုတ် သတင်းစာများက ရေးသားဖေါ်ပြသည်။
၎င်းပြင်  စွမ်းအင်ဆိုင်ရာနှင့် ဆက်သွယ်ရေး ကားလမ်းမ ဖေါက်လုပ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သောဆူပူ အကြမ်းဖက် ဖြစ်စဉ်နှင့် ပတ်သက်ပြီးလည်း ယခု အစည်းအဝေးတွင် ဆွေးနွေးကြမည် ဖြစ်သလို သမ္မတကြီး ဦးသိန်းစိန်၏ ဘင်္ဂလာဒေခခ်ျ့ ခရီးစဉ်နှင့် ပတ်သက်ပြီးလည်း  ဆွေးနွေးကြမည် ဟုဆိုသည်။
မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့သို့ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ လာရောက်လည်ပတ်ရန် စီစဉ်ထား သော်လည်း မြန်မာနိုင်ငံတွင် ပြဿနာများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်နေသဖြင့် ယခုသတ်မှတ်ထားသော အချိန်ကို ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းရနိုင်ကြောင်း ဘင်္ဂလားဘက်က ပြောသည်။
http://www.narinjara.com/burmese/?p=1031

မွတ်ဆလင် ၂၄ ဦးကို ပြည်ခိုင်ဖြိုး လက်မှတ်ဖြင့် ကျောက်ဖြူ ထောင်မှ လွှတ်ပေး



ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ မွတ်ဆလင် လူမျိုး  အကျဉ်းသား ၂၄ ဦးကို ကြံခိုင်ပါတီ အသင်းဝင်ကဒ်ပြားများဖြင့် မနေ့က ထောင်ထဲမှ လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

သူတို့ကို ယခုအခါ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ် ဗလီတွင် ထားရှိကြောင်း ဒေသခံများက ပြောသည်။
“ သူတို့ကို မနေ့က နံနက် ၈ နာရီခွဲမှာ လွှတ်ပေးလိုက်ပါတယ်။  ရဲတွေက သူတို့ကို အခု ကုလားပိုက်ဆိပ်က ဗလီမှာထားပါတယ်။ သူတို့ကို သွားရောက်စုံစမ်းတဲ့ အခါ သူတို့မှာ ပြည်ခိုင်ဖြိုးက ထုတ်ပေးထားတဲ့ အဖြူရောင် အဖွဲ့ဝင် ကဒ်ပြားတွေ ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယခု ထောင်ထဲမှ လွှတ်လာသူ မွတ်ဆလင် ၂၄ ဦးမှာ မြန်မာနိုင်ငံသားလား၊ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားလားဆိုသည်ကို မသိရကြောင်း၊ အများစုမှာ ဗမာနှင့် ရခိုင်စကားကို ကောင်းမွန်စွာ မပြောတတ်ကြောင်း သူက ဆက်ပြောသည်။
“ သူတို့က မြန်မာနိုင်ငံသားလား ဘင်္ဂလာဒေခ်ျ့ကလား ဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။ သူတို့ကို လွန်ခဲ့တဲ့ ၆ လခန့်က မလေးကို သွားစဉ်မှာ  စက်လှေပျက်ပြီး မာန်အောင်ကျွန်းမှာ ဖမ်းမိတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် မာန်အောင် မြို့နယ်  တရားရုံးက သူတို့ကို လ၀က အမူနဲ့ ထောင် (၆) လ ချတယ်ဆိုတယ်။ ဒီလ စောစောပိုင်း ကတည်းက လွှတ်ရက်စေ့ပေမယ့် ရခိုင်မှာ ဆူပူမူ ဖြစ်နေတာကြောင့် မလွှတ်ဘဲ အခုမှ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။
ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ မရှိသဖြင့် အဆိုပါ ကိစ္စကို မပြောနိုင်ကြောင်း ပြောကြားသည်။
ကျောက်ဖြူ နယ်ထိန်းတပ်ဖွဲ့ကို ကိုးကားပြီး ဒေသခံ တစ်ဦးက ပြောရာတွင် သူတို့အား စစ်တွေသို့ သင်္ဘောကြုံဖြင့် နောက်တစ်ရက်နှစ်ရက်အတွင်း ပို့ပေးမည်ဟု ဆိုသည်။
http://www.narinjara.com/burmese/?p=1026

ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မည် ဟုဆို

The Voice Weekly

နေပြည်တော်၊ ဇူလိုင် ၁

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ အပြန်အလှန် ပစ်ခတ်မှုမှာ တစ်နှစ်ကျော် လာပြီ ဖြစ်ပြီး လက်ရှိ အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဦးနှစ်ဘက် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သောကြောင့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေး အောင်မြင်မည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ယနေ့ ပြောကြားလိုက်သည်။

ယနေ့ မွန်းလွဲ ၁၂ နာရီတွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲများ ဖြစ်ပွားလာပါက စစ်ဆေးနိုင်ရန် အတွက်လည်း စစ်မြေပြင် လေ့လာစောင့်ကြည်ရေး အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် မတိုင်မီမှာပင် ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

ကယား ပြည်နယ်တွင် ၁၁ လတာ ကာလအတွင်း တိုက်ပွဲ တစ်ကြိမ်သာ ဖြစ်ပွားပြီး ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တွင် ဖြစ်ပွားမှု မရှိကြောင်း ကချင် ပြည်နယ်ရှိ တိုက်ပွဲ အခြေအနေမှာလည်း ၅၀ ရာခိုင်နှုန်းခန့် လျှော့ကျသွားကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ် မရှိသူများကို အရေးယူ သွားမည်

The Voice Weekly



နေပြည်တော်၊ ဇူလိုင် ၁


ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မြန်မာ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိ အခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိပြီး ယင်းပြည်နယ် အတွင်းရှိ ဝန်ထမ်း ၂၇၅ ဦးဖြင့် စစ်ဆေးလျက် ရှိပြီး နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ၆၈ ဦးထိ ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ဇာတိဒေသ၌ ဘင်္ဂါလီလူမျိုးများ အဆမတန် များပြားနေမှုကြောင့် နေရင်း ဒေသသို့ ပြန်မသွားရဲကြကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။