Monday, July 2, 2012

ဝန်ကြီး ဦးမောင်မြင့် က ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်စကားဆို

Monday, July 02, 2012


ဇူလိုင်လ ၁ ရက်နေ့ စွဲနဲ့ နိုင်ငံပိုင် သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်စကား ဆိုထားချက်ပါ။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ပြောဆိုခဲ့မှု ကို မြန်မာနိုင်ငံခြားရေး ဒု ၀န်ကြီး ဦးမောင်မြင့်က ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

ဒီလို ကျေးဇူးတင်စကားဆိုထားတာကို နိုင်ငံပိုင် သတင်းစာတွေမှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာ အလုပ်သမားအရေးကို မြန်မာအစိုးရ အဆက်ဆက်ကြိုးစားခဲ့တာပါတဲ့။ အခုမှ မဟုတ်ပါဘူးဆိုပဲ။

မြန်မာအလုပ်သမားတွေရဲ့ ပြဿနာဟာ နှစ် ပေါင်း ၃၀၊ ၄၀ ကြာခဲ့ပြီဖြစ်ကြောင်း၊ အစိုးရ အဆက် ဆက် ဖြေ ရှင်းဖို့ ကြိုးစား ခဲ့ပေမယ့် အဖြေမထွက်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး မြန်မာနဲ့ ထိုင်း တာဝန်ရှိ သူတွေတွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး မနားမနေ ကြိုးစားခဲ့လို့ ရလာဒ် ကောင်းတွေ ရလာပြီး တရား မ၀င် မြန်မာ အလုပ် သမားတွေ တရားဝင်ရေး လုပ်ခဲ့တာဖြစ် တယ်လို့ ဦးမောင်မြင့်က ပြောဆို ထားပါတယ်။

ဦးမောင်မြင့်ဟာ ထိုင်း အလုပ်သမား ဒုဝန်ကြီးနဲ့ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေးတွေကို ဆွေးနွေးခဲ့ပါတယ်တဲ့။

အခုတော့ မြန်မာ ရွှေ့ပြောင်း အလုပ် သမား ၁.၂ သန်းလောက်ကို ယာယီ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်ခဲ့ပြီး ၂ နိုင်ငံ အနေနဲ့ အခက် အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ ရကြောင်း၊ နောက်ထပ် တရားမ၀င် မြန်မာ အလုပ်သမား ၁ သန်းလောက် ကျန်နေသေးတယ်လို့ ဦးမောင်မြင့်က ဆိုပါတယ်။

အိမ့်သံစဉ် သတင်း

မောင်တော ဒေသခံများက နိုင်ငံတော် သမ္မတကြီးထံ ပေးစာ

သို့

သမ္မတကြီး ဦးသိန်းစိန်

နေပြည်တော် သမ္မတရုံး

ပြည်ထောင်စု မြန်မာနိုင်ငံ

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား

ကျွန်ုပ်တို့လေးစားစွာဖြင့်သိရှိ စီမံခန့်ခွဲနိုင်ရန် အစီရင်ခံ တင်ပြအပ်ပါသည်။

ရခိုင်ပြည်နယ်မောင်တောမြို့ နှင့် မောင်တောမြို့ နယ်တို့တွင် ၈/၆/၁၂ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု၌ ငယ်သောအမှုကို ကြီးစေ ကြီးသော အမှုကို ပို၍ ကျယ်ပြန့်စေ ဆိုသော သဘောဖြင့် နိုင်ငံတော် တစိတ်တပိုင်းအား လက်လွတ်လိုသော ရည်ရွယ်ချက်နှင့် နိုင်ငံတော်ကို ရောင်းစားရန်ကြံစည် အကောင် အထည် ဖေါ်နေသူမှာ မောင်တော နစက ဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ် မှူးကြီး ဦးအောင်ကြီး ဖြစ်ကြောင်းကို အောက်ပါအချက်တို့ဖြင့် သက်သေထူ တိုင်ကြားအပ်သည်။


အကြမ်းဖက်မှု ဖြစ်စေသော အခြေခံ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ( ၃၅၀ဝ ) နှင့် ခွင့်ပြုခြင်း နိုင်ငံတော် ၏ တည်ဆဲဥပဒေကို ချိုးဖေါက်ပြီး သညန များအား ၄ လတွင် ၁၀ဝ၀ဝ ကျပ်အထိ ကောက်ခံ၍ ဘင်္ဂလီကုလား များကို ကိုင်ဆောင်ခွင့်ပြုခြင်း။

၎င်း ဘင်္ဂလီ အိမ်ထောင်စုစစ်ဆေးရာတွင်လည်း တရားမဝင် ဘင်္ဂလီတစ်ယောက်အား အိမ်ထောင်စုထဲ ထည့်လိုလျှင် ငွေကျပ် ၂၀ဝ၀ဝ၀ မှ ၅၀ဝ၀ဝ၀ အထိယူပြီး အိမ်ထောင်စု ဝင်ခွင့်ပြုခြင်း။

၎င်းဘင်္ဂလီအား မိသားစုဝင် ဓါတ်ပုံထဲထည့်ရိုက်ရန် ငွေ ၅၀ဝ၀ ကျပ် ထပ်ပေးရခြင်း။

ဦးဒီလာ၊ ဦးလှမြိုင်၊ တို့သည်အကြမ်းဖက်မှု နောက်ကွယ်၌ ကြိုးကိုင်သူများဟု သိပါလျှက် ငွေယူပြီး သတင်းပေး အမာခံဟုဆိုကာ လုံခြုံရေးချထားပေးခြင်း။

နိုင်ငံတော်အစိုးရအဖွဲ့မှလိုအပ်သော ဦးတင်မောင်ဝင်းအား ဒီလာအိမ်၌ဝှက်ထားခြင်း။

ကျေးရွာ ရပ်ကွက်တို့အား မီးရှို့ဖျက်ဆီးသော ဘင်္ဂလီကုလားများအား မီးရှို့ဖျက်ဆီးနေစဉ်အတွင်း မည်သို့ သော အတားဆီးမှုမျှမပြုလုပ်ဘဲ ကားဖြင့်ရောက်လာပြီး မျက်ကွယ်ပြု ရှောင်ထွက်သွားခြင်း။

အကြမ်းဖက်မှုဖြစ်မည့်သတင်းကို ရခိုင်ကျေးရွာများမှ နေ့လယ် ၃ နာရီ ကတည်းက ဒေသနစက အဖွဲ့အား သတင်းပို့တိုင်ကြားသော်လည်း ညနေ ၅ နာရီ မီးလောင်လူသတ်ပြီးချိန်မှ ရောက်ရှိလာကြခြင်း

နယ်မြေနှင့်ဝေးသော ဒေသတို့တွင် လုံထိန်း/ ရဲ / တပ်မတော်တို့မှ ဝန်ထမ်းတို့သည် လက်နက်အပြည့် အစုံနှင့်ပင် ရွာထဲသို့မဝင်ရဲကြသော်လည်း နစကတို့ကမူ လက်နက်မပါဘဲ ဝင်ထွက်သွားလာနိုင်ခြင်း

၈/ ၆/ ၁၂ နေ့က အကြမ်းဖက်မှု ကျူးလွန်သူများကို ရဲနှင့် စစ်တပ်များက အရေးယူ ဖမ်းဆီး နေကြသည်ကို ၁၁/ ၆/ ၁၂ နောက်ပိုင်းတွင် ရပ်တန့်ခိုင်းခြင်း

ဒေသအနှံ့အပြား၌ နစကဝတ်စုံ နစကသေနတ်ဖြင့် ဓါးပြမှုများအား တခုမှ မဖေါ်ထုတ်ခြင်း

၈/ ၆/ ၁၂ ခုနှစ် သောကြာနေ့ ဘင်္ဂလီများ ဆုတောင်းပွဲအပြီးတွင် မြို့မဘုန်းတော်ကြီးကျောင်းနှင့် ယူနိုက် တက် တည်းခိုခန်းအား ရာပေါင်းများစွာသော ဘင်္ဂလီများက ခဲဖြင့်ပေါက် ဖျက်ဆီးနေသည်ကို ရဲတပ်ဖွဲ့မှ မိုးပေါ် ထောင် သေနပ်ပစ်ဖေါက်၍ လူစုခွဲမှုအား အောင်ကြီးကအပြစ်တင် ကြိမ်းမောင်းခြင်း။

၎င်းမှစပြီး ဗိုလ်မှူးရွာထဲရှိ ရခိုင်အိမ်များကို မီးရှို့ဖျက်ဆီးနေကြသည်ကို မျက်ရည်စက်လက်ဖြင့် အဝေး မှကြည့် နေရုံမှလွဲ၍ ကယ်သူမဲ့ ဖြစ်နေသော ကျွန်ုပ်တို့ပြည်သူများမှ နစကမှူး ဗိုလ်မှူးကြီး အောင်ကြီး ရောက်လာပြီးဟု အားကိုးတကြီးဖြင့် ၀မ်းသာနေကြရာ ဝမ်းသာခြင်းပင် မဆုံးလိုက် သူ၏ မျက်ကွယ်ပြု ခံခဲ့ရခြင်း။

၎င်းဖြစ်ရပ်တို့အား လုံခြုံရေးတို့ကို စောင့်ကြည့်ရုံသာ စောင့်ကြည့်ခိုင်းပြီး ဗိုလ်မှူးကြီး အောင်ကြီး တစ်စုံတစ်ရာ ဟန့်တားမူ မလုပ်ရန် နစကတပ်ဖွဲ့ဝင်များအား ညွှန်ကြားခြင်း

ဤဖြစ်ရပ်သည် အကြမ်းဖက်ကျူးကျော် သတ်ဖြတ်မှုဆိုသည်ကို သူကိုယ်တိုင် မသိလေခြင်းလော၊ အားပေး နေခြင်းလော၊ ကြံရာပါလော၊ သို့တည်းမဟုတ် အောင်ကြီးထက် အကြမ်းဖက်ဘင်္ဂလီများက ဩဇာကြီးနေ၍ လော။ ဤသို့ဆိုလျှင် အဘယ်ကြောင်းနည်း။ နိုင်ငံတော် အစိုးရ အဖွဲ့အနေဖြင့် စုံစမ်း ဖေါ်ထုတ်စစ်ဆေးသင့်ပါသည်။

မောင်တောမြို့ပေါ်တွင် မီးတိုက်မှုဖြစ်ပွါး ပြီးသောအခါ သရီကုန်ဘောင်၊ မောရဝတီဖက်သို့ မောင်တောမြို့ပေါ်မှ ကား ၄ စီး မောင် တောမှ ထွက်သွားပြီး ၄င်းကားပေါ်မှ ဆူပူ အကြမ်းဖက်လိုသူများက ဟောပြော သောအခါမှစ၍ မောင်တောနယ် တောင်ပိုင်းအား ဘင်္ဂလီများက မီးရှို့ ကြခြင်းဖြစ်ပါသည်။ မောင်တောမြို့ပေါ်၌ ထိထိရောက် ထိန်းသိမ်းနိုင်ခဲ့ပါလျှင် နယ်ကျေးရွာများ၌ မီးရှို့ တိုက်ခိုက် လူသတ်မူများ ဖြစ်လာစရာ အစီအစဉ်မရှိဟု ဘင်္ဂလီ သတင်းရပ် ကွက်မှကြား သိရပါသည်။

နိုင်ငံတော်၏ ကျွေးမွေးသောအစာရေစာတို့ကို စားသောက်ပြီး နိုင်ငံတော်သစ္စာဖောက်ကာ သူပုန်အားပေး နိုင်ငံ တော်ကို ရောင်းစားသူ ဒုဗိုလ်မှူးကြီးအောင်ကြီးအား လက်ပိုက်ကြည့်နေကြလျှင် ကြည့်နေသူ နိုင်ငံခေါင်း ဆောင် တို့သည် ကြံရာပါဖြစ်ပေလိမ့်မည်။ ဦးရွှေမန်း ကိုယ်တိုင် ကိုယ့်တူကိုကိုယ် ဆုံးမမည်လော (သို့မဟုတ်) နိုင်ငံတော်က ဆုံးမမည်လား (သို့မဟုတ်) မည်သူက ဆုံးမမည်ကို အမြန်ဆုံး သိရှိလိုပါသည်။

မခံမရပ်နိုင်သူ မောင်တော ဒေသခံများ


''ယခင်ဆက်စပ်သတင်း''

သမ္မတကြီးဦးသိန်းစိန် ၏ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ရွှေ့ဆိုင်း

The Voice Weekly
လာမည် ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်နေ့တွင်သွားရောက်ရန်ရှိသည် မြန်မာသမ္မတဦးသိန်းစိန်၏ဘင်္ဂလားဒေ့ရှ် နိုင်ငံခရီးစဉ်ကိုရခိုင်ပြည်နယ်တွင်ထုတ်ပြန်ထားသော
အရေးပေါ်အခြေနေအချို့နှင့်ဆက်စပ်၍ ရွှေ့ဆိုင်းကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ သတင်းများအရသိရှိရသည်။
ယခုကဲသို့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်သောလည်းမူဆလင် ဥပုတ် လ ရာမဒန် အပြီး ဇူလိုင်လ တတိယပတ်ခန့်တွင် လာရောက်ဖွယ်ရာရှိကြောင့်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ မှမီဒီယာများ သို့ထုတ်ဖော်ပြောကြား ခဲ့ သည်။
အိမ်နီးချင်းမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့်ဆက်နွှယ်သော ပဋိပက္ခများနှင့် ဆူပူအုံကြွများဖြစ်ပွားလျက်ရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်တွင် လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများ၏ထုတ်ပြန်ချက်ကို CNA သတင်းတွင်ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မြို့တစ်မြို့ဖြစ်သော ကောက်ဘဇားတွင် နယ်စပ်လုံခြုံရေးတပ်များကို တိုးမြင့်ထားပြီး၊ယင်းဒေသရှိ ရိုဟင်ဂျာ ၃သိန်းခန့်နေထိုင်သော ဒုက္ခသည်စခန်းကိုလည်း ဘင်္ဂလားဒေ့ရှ်ရဲများက သတိထား၍စောင့်ကြည့်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သူ Jasim Uddin ကပြောကြားသည်။
မြန်မာနှင့်နယ်နမိတ်ချင်းထိစပ်နေသော ကီလိုမီတာ ၂၀၀ (မိုင် ၁၂၅မိုင်)တလျောက်တွင် နယ်စပ်လုံခြုံရေးကိုတိုးမြှင့်ထားရန်အမိန့်ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှုးချုပ် Anwar Hossain က Daily Star သတင်းကိုပြောကြားသည်။
ထို့ပြင် ကောက်ဘဇားဒေသရှိ ရခိုင်ဘုရားပုထိုး များတွင်လည်း လုံခြုံရေးတိုးမြှင့်ထားကြောင့် ကောက်ဘဇားရဲတပ်ဖွဲ ဒုရဲချုပ် Uttam Kumar က AFP သတင်းဌာနသို့ပြောကြားသည်။

မသီတာထွေးသက်ရှိထင်ရှားစဉ်က..

before



after



The Voice Weekly
about an hour ago
တောင်ကုတ် အစ္စလမ်ဘာသာဝင် များ သတ်ခံရမှု လူ၃၀ ခန့် ဖမ်းဆီး

ရန်ကုန် ဇူလိုင် ၂
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်တွင် ဇွန်လ၃ရက်နေ့တွင် ဖြစ်ပွားခဲ့ သော ရိုးမသစ္စာကားပါ ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ် သူ ၁၀ ဦး အသတ်ခံရမှုနှင့်ပက်သက်၍ သံသယရှိ သူ အယောက် ၃၀ဦး ခန့်ကို သက်ဆိုင်ရာက ဖမ်းဆီးထားကြောင်း မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
စစ်တွေမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုစုံစမ်း စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူ ၂၄ ဦးအနက် ၁၉ ဦး ကို စစ်တွေမြို့တွင် ဖမ်းဆီးနိုင်ခဲ့ ပြီး ကျန်ငါး ဦးကို ဆက်လက် ဖော်ထုတ်ဖမ်းဆီးလျှက်ရှိ ကြောင်း သတင်းတွင် ရေးသားထားသည်။
တောင်ကုတ်မြို့ တွင် အစ္စလမ် ဘာသာ ကိုးကွယ်သူ ၁၀ ဦး အသတ်ခံရမှု မတိုင်မှီ မေလ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ရခိုင် အမျိုးသမီးငယ် တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ တရားခံ သုံးဦးကို ကျောက်ဖြူ ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးနေစဉ် ဇွန်၉ ရက်နေ့၌ တစ်ဦးမှာ ထောင်တွင်းတွင် ဆွဲကြိုးချ သေဆုံးခဲ့ပြီး ကျန်တရားခံ နှစ်ဦးကို တရားရုံးက သေဒဏ်ချမှတ် ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပက်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ဇော်မြင့် ဥက္ကဌ ဖြစ် ဦးဆောင်သော ၁၆ဦးပါသော စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေး တို့အတွက် ပြည်ထောင်စု အစိုးရဖွဲ့က တာဝန်ပေးခဲ့သည်။

အပျက်ပျက်တွေနဲ့ နှာခေါင်းသွေးထွက်ကြပြီ၊၊

ကျမကြားသိခဲ့ရတာကတော့ ဘားမားကန်ပိန်း(ယူကေ)က မမစုလွတ်ပြီးကထဲက အလှူငွေ ရရှိမှု နဲသွားတော့ အခု ဘင်္ဂလီအရေး၊
ကချင်အရေး ကိုင်ပြီး အရေခွံလဲပြီး အင်ဂျီအို အဖြစ်ဝင်ဖို့ ၂သန်း ယူကေ အစိုးရဆီမှာ proposal တင်ထားတယ်တဲ့။ ဒါကြောင့်
သူတို့က image အကြိုကို မမစုနဲ့ ဘားမားကန်ပိန်(ယူကေ)က ရန်ကုန်မှာသွားတွေ့ခဲ့တယ်။ အဆင်မပြေခဲ့ဖူး။ ဒါကြောင့် John
Phol ဆိုတဲ့ နာမည်လိမ်ယူပြီး ရှမ်းယောင်ဆောင်ပြီး မမစုကို တချိန်လုံးဆဲနေတယ်။ ဇာဂနာလဲရောက်လာရော
ဗစ်ကီဘိုးမန်းနဲ့ထိန်လင်းက သူတို့အိမ်မှာ အပိုင်စီးထားပြီး ဘင်္ဂလီအရေး၊ဘားမားကန်ပိန်းနဲ့ ပူးပေါင်း
လုပ်နေကြတယ်တဲ့အကိုရေ။ ကျမယုံလိုက်တာကတော့ ဒီပွဲမှာ မမစု မျက်နှာ အပျက်ပျက်ထွက်ပြီး လက်တောင် နောက်ဆုံး
ပရိတ်သတ်ဘက်ကိုတောင် လက်ပြတာတို့ မလုပ်တော့ပဲ မျက်နှာ တော်တော်ပျက်ပြီး ထွက်သွားတယ်။ ဆရာတော်ကြီး အပါး
၂၀ကျော်ကတော့ ပြောမနေနဲ့မျက်နှာ အပျက်ပျက်နဲ့ ပေါ့။ လူ့စိတ်ဆိုတာကလည်းပြောရခက်သားအကို။ မမစုက
သာ ဖြေတာတွေစကားမှားသွားရင် ဒေါက်ပြုတ်အောင် ပိပိရိရိဖြုတ်တာပေါ့။ ကချင်အချို့ကိုခွန်နောင်နဲ့ အမေရိကန်မှာ
မိန်းမကြီးတွေ ကလေးတွေရောထားခဲ့ပြီး ဒီ ယူကေက နိုင်ငံခြားသူတယောက်ထပ်ယူပြီး
ကလေးတယောက်ပါထပ်ရထားထဲ့ မောင်ဇာနည်က ဦးဆောင်ပြီး အဲဒီခန်းမ အပြင်မှာ ဘင်္ဂလီအချို့ အပါအဝင်
ဆန္ဒလာပြနေကြတာ တွေ့ခဲ့ရတယ်။သတင်းစုံတယ်။ ဟိုးတပတ်ကလဲ ဘင်္ဂလီတွေ မြန်မာသံရုံးရှေ့မှာ ရခိုင်ပြည်နယ် မှာ
ဘင်္ဂလီတွေအသတ်ခံ၊ အဖိနှိပ်ခံနေရပါတယ်ဆိုပြီး ရခိုင်လူမျိုးစစ်စစ် ကိုမသနား မစာနာပဲ တပြန်ကြီး ဆန္ဒပြတဲ့ပွဲမှာ
ဘားမားကန်ပိန်း(ယူကေ)က ဒါရိုက်တာ မတ်က် နဲ့ အန်နာရောဘတ်တို့၊ မြန်မာမူဆလင်အသင်း(ယူကေ)က ဥက္ကဌ ကျော်စွာ၊
အကြမ်းဖက် နူရူးအစ်စလာမ် ဆိုသူတာဝန်ပေးလို့ ဘင်္ဂလီ(ယူကေ) ခေါင်းဆောင်ဖြစ်လာတဲ့ ထွန်းခင်တို့
သူတို့တအုပ်လုံးဆန္ဒလာပြကြတယ်တဲ့။ အဲဒီမှာတန်ပြန်ဆန္ဒလာပြတဲ့ကလေးမလေးတွေကို ဘားမားကမ်ပိန်း(ယူကေ)က
မတ် နဲ့ အန်နာတို့က ကက်ကက် ကက်ကက်နဲ့ လိုက်တားမြစ်တယ်ဆိုပဲ။ ရဲကိုလဲ သွားတားခိုင်းတယ်တဲ့။
ရဲကတော့ အေးအေးဆေးဆေးပဲတဲ့။ ကျမတော့ သိပ်စိတ်မကောင်းဖူး။ မြင်ခဲ့ရကြားခဲ့ရတာတွေက တော်တော်ကို
စိတ်မချမ်းမြေ့စရာတွေ ဖြစ်တယ်။ သူတို့ဘာသာ ဘားမားကန်ပိန်း(ယူကေ) က မတ် နဲ့ လက်မထပ်အတူနေတာက
သူတို့အကြောင်းပါ။ ဒါပေမဲ့ ကိုယ့် အလုပ်က အခန်းအနားမှူး Master of Ceremony တက်လုပ်ကြပြီး ရိုင်းရိုင်းပြောရရင်
(ခွေးဝမ်းသာအောင်လေလည်ပြပြီး) ကိုယ့်ရဲ့ ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ဘုရားကြီးများကို အရှက်တကွဲ
အကျိုးနဲဖြစ်အောင် လုပ်ချလိုက်တာကတော့ မမစုလဲ အလွန်မျက်နှာပျက်ရပြီး ကြွရောက်လာတဲ့ မင်းပရိသတ်အပေါင်း လည်း
မျက်နှာပျက်တာပေါ့အကိုရယ်။ လုပ်ရက်ပလေပေါ့။ လူတွေက Absolute Power မပြောနဲ့ တဒင်္ဂ မက်ခွက်(Mic)ကလေး ကိုင်ခွင့်ရသွားတာနဲ့ ဆရာတော်ဘုရားကြီးတွေတောင် အရှက်ရအောင်လုပ်ရဲ တယ်ဆိုတော့ အာဏာလေးလက်ထဲ ခဏထည့်ပေးကြည့်
ပါလား တိုင်းပြည်တပြည်လုံး လူမျိုးခြားလက်ထဲ ရောင်းစားတော့မှာပေါ့။ အခုလဲ ရောင်းစားနေကြတာပါပဲ

ယုဇန

မှတ်ပုံတင်(white card) ထုတ်ပေးထားသည့် ဦးရေ မှာ ၅ သိန်း သာ ရှိ

RFA Burmese
ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူမျိုးဦးရေ ၁၀သိန်း ၀န်းကျင်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့ မနေ့က ပြောကြားလိုက် ပါတယ်။

နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ သတင်းထောက်တွေနဲ့တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး ဒီအထဲက မှတ်ပုံတင်ကတ် ၅ မျိုးထဲက နောက်ဆုံးတမျိုးဖြစ်တဲ့ white card ထုတ်ပေးထားသည့် ဦးရေ မှာ ၅ သိန်း သာ ရှိတယ်လို့ လည်း သူကပြောပါတယ်။

မြန်မာတိုင်းရင်းသား စစ်စစ် မျိုးနွယ်စုများ အချင်းချင်းမှ ဆင်းသက်လာသူများကိုသာ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတယ်လို့လည်း သိရပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာပဲ ရန်ကုန်မြို့မှာ အခုလအတွင်း ငြိမ်းချမ်းရေးစင်တာ Peace Center အား ဖွင့်လှစ်သွားမယ့်အကြောင်း ၊ ထာဝရ
ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အစိုးရ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့  နိုင်ငံတကာမှ အလှူရှင်တွေ၊ INGO တွေအကြား ပေါင်းကူးပေး
ရန် ဖွင့်လှစ်တာဖြစ်တယ်လို့လည်း ငြိမ်းချမ်းရေးဖော်ဆောင်အဖွဲ့အကြီးကဲ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားခဲ့ပါတယ်။

လယ်သမားတချို့ အိုးအိမ်ဦးစီးရှေ့  မှာ ဂျူလိုင်လ ၂ ရက်နေ့ က ဆန္ဒထုတ်ဖော်

VB TV News
လယ်သိမ်းခံ လယ်သမားတချို့  သူတို့ ရဲ့ နစ်နာမူ့ တွေအတွက် မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုး ရေးဦးစီးဌာနရှေ့  မှာ ဂျူလိုင်လ ၂ ရက်နေ့ က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကိုသက် ရိုက်ကူးဇေကြီး

ထူးအိမ်သင်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့မှာ ကျန်ရစ်သူမိသားစုက အလှူပွဲ(ရုပ်သံ)

DVB TV News

ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ထူးအိမ်သင်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့မှာ ကျန်ရစ်သူမိသားစုက အလှူပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ( ရဲဝင့်သူ )

သူရ ဦးရွေမန်း နဲ့ ၈၈ မျိုးဆက်ကျောင်းခေါင်းဆောင်တွေ ပထမဆုံး အကြိမ် တွေဆုံ

DVB TV News
ပြည်သူ့ လွတ်တော်ဥက္ကဌ သူရ ဦးရွေမန်း နဲ့ ၈၈ မျိုးဆက်ကျောင်းခေါင်းဆောင်တွေ ပထမဆုံး အကြိမ် တွေဆုံ ခဲ့ကြပါတယ်။ ကိုသက်


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်၊ ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၊ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊

ဘင်္ဂလီတွေသောင်းကျန်းခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းခွေ

ဘင်္ဂလီတိုင်းရင်းသားဖြစ်ရန်တောင်းဆိုနေဆဲဖြစ်

စာပေစိစစ်ရေးအသက်ရှိဆဲ..

ကိုယ့်ကိုကိုယ် ဒဏ်ခတ်လိုက်သောစာတပုဒ် (သို့) ဘုံအမေနဲ့ Burma = Myanmar ပြဿနာ

by ဖိုး သိကြား on Sunday, July 1, 2012 at 11:58pm ·


တောက်... ကြိုတင်စီစဉ်ထားလေသမျှ ဒီမနက်မှဖြစ်ရတယ်လို့.. အမေ့ရဲ့အိမ်အပြန်လမ်းမှာ အမေ့ကို
ချစ်ခင်လေးစားတဲ့ သားတယောက်အနေနဲ့ တတပ်တအား ကြိုဆိုဖို့စီစဉ်ထားတာ သွားပြီ။ ခဲလေသမျှ
သဲရေကျဖြစ်ခဲ့ရပြီ။ ပဲရေပွကြောင့်လား ဘယ်သဟာကြောင့်လည်းတော့မသိ မနေ့ညက အမတို့အိမ်မှာ
ငတ်ကြီးကျခဲ့သမျှ မနက်ကျ ၀မ်းတွေနာလို့ သာယာတဲ့အိမ်လေးသို့ အခေါက်ခေါက်ပြေးနေရတဲ့ ပန်းကိုကို
ဖြစ်နေတဲ့အတွက် လှမ်းကြိုဖို့ လက်လျော့လိုက်ရတော့တယ်..။

ကိုယ့်ကိုကိုယ်လည်း အလိုမကျဘူး။ တာဝန်မကျေသလိုလည်း ခံစားနေရတယ်။ ရန်ကုန်မှာနေပြီး အမေ့
အပြန်ခရီးကို မကြိုဆိုနိုင်ခဲ့ဘူး။ မဆင်မခြင်ငတ်ကြီးကျခဲ့တဲ့ ပါးစပ်ကိုပဲ အပြစ်တင်ရမလား။ ချိန်သားကိုက်
ဖောက်ပြန်ခဲ့တဲ့ဗိုက်ကိုပဲ စိတ်ဆိုးရမလား..တောက်.. တနုံ့နုံ့ခံစားနေရလို့ နောက်ဆုံးမနေနိုင်တဲ့အဆုံး သက်
သာလိုသက်သာငြား ခံစားရသမျှ ဒီစာကို အိပ်ရေး(ထိုင်ရေးခြင်းမဟုတ်) လိုက်ရခြင်းပင်..။

တကယ်တော့လူတိုင်းမှာ အမေဆိုတာ ရှိကြပါတယ်။ အမေမရှိဘဲ လူ့လောက ရောက်မလာကြပါဘူး။
အဖေ့ကြောင့်လည်း ပါတာပေါ့နော့။ ဒါကတော့ လူတဦးစီတိုင်းမှာရှိကြတဲ့ မွေးရာပါ ကိုယ်ပိုင်အမေပါ။
အဲဒီလိုပဲ မွေးအမေမဟုတ်ပေမယ့် မိမိတို့ဘ၀အခြေအနေအရ နှလုံးသားကခံစားမှုအရ အမေအဖြစ်သတ်
မှတ်ကြတာမျိုးလည်း ရှိတတ်ပါတယ်။ မွေးစားအမေတို့ ယောက်က္ခမကို အမေအဖြစ် သဘောထားတာမျိုး..
ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက အမေအရွယ်တွေကို အမေအဖြစ်သဘောထား ချစ်ခင်လေးစားကြတာ
မျိုးတို့ပေါ့..။

အပေါ်ဆုံးမှာ ဖိုးသိကြားပြောခဲ့တဲ့ အမေပြန်လာပြီဆိုတာကတော့ မွေးအမေလည်းမဟုတ်၊ မွေးစားအမေ
လည်းမဟုတ်၊ အနီးနားပတ်ဝန်းကျင်ကလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဖိုးသိကြားရဲ့နှလုံးသားမှာတော့ သူမ
ကို အင်မတန်ချစ်ခင်လေးစားပြီး အမေအဖြစ်သတ်မှတ်ထားပါတယ်။ ဖိုးသိကြားလိုပဲသူမကိုအမေအဖြစ်
သဘောထားကြတဲ့သူတွေ မနည်းလှပါဘူး။ ဒီတော့သူမသည် ဖိုးသိကြားတို့အားလုံးရဲ့ “ဘုံအမေ” ပေါ့..
တချို့တွေကျ “ဘုံအဘ” ဆိုတာရှိတတ်ကြတယ်လေ..။

သူမဆိုတာက ဖိုးသိကြားတို့အားလုံးက ချစ်ခင်သမှုနဲ့ အမေစုလို့ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ခမ်း
ခမ်းနားနားပြောရရင် သူမဟာ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ရဲ့သမီး၊ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့ ပြည်သူလူထုအတွက် အနစ်နာခံကိုယ်ကျိုးစွန့်ခဲ့တဲ့ နိုင်ငံတကာက
လေးစားအားကျရတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုအပါအ၀င် ဂုဏ်ထူးဆောင်ဆုတံဆိပ်ပေါင်းများစွာ ချီး
မြှင့်ခံထားရတဲ့ အမေစုပေါ့..။

အမေစုကို ဖိုးသိကြားတို့ရဲ့ဘုံအမေအဖြစ် ဘာလို့သတ်မှတ်ကြသလဲ..အမေက ဖိုးသိကြားတို့ကို သားသမီး
ရင်းများအလား မေတ္တာထား သနားကြင်နာလို့လေ။ ဖိုးသိကြားတို့အပေါ်မှာ လူမျိုးဘာသာ ဆင်းရဲချမ်းသာ
မခွဲခြား အားလုံးကောင်းစားရေးကို လိုလားတဲ့အတွက် ဖိုးသိကြားတို့အားလုံးကလဲ မိခင်ရင်းနဲ့မခြား ချစ်ခင်
အားကိုကြတာ ဘာဆန်းလို့လဲနော့..။

ဒါကို အထာပိုတယ်လို့ မနာလိုသူတွေလည်း ရှိကောင်းရှိနိုင်တာပေါ့... ဟဲဟဲ.. ဖိုးသိကြားတို့ကတော့ ဂရု
မစိုက်ပေါင်..။ သူတို့ကိုချစ်ဖို့နေနေသာသာ အမြင်မကတ်အောင်တောင် မနည်းကြိုးစားနေရတာ။ မနာလို
တိုရှည်ယောင်းမကြီးနဲ့မွှေ.. အဲလေ. မနာလိုမဖြစ်ကြပါနဲ့ဘကြီးတို့ရာ(ဘကြီးအရွယ်တွေမို့ ဘကြီးလို့ ခေါ်
လိုက်တာ.. အမေစုကို အမေလို့ခေါ်ရတာလောက် အရသာတယ်မရှိလှဘူးဗျာ..) ဘကြီးတို့မှာလည်း ဘုံး
သားမြေး.. အဲ.. ဘုံသားမြေးလေးတွေက အဖလိုသဘောထားပြီး ဘုံးအဘ..သြော်.. ဒီဝစ္စပေါက်ကလည်း။
ဘုံအဘလို့ သတ်မှတ်ကြမှားပေါ့.. စိတ်အားမငယ်နဲ့.။ ဖိုးသိကြားကတော့ သာမာန်သက်ကြီးရွယ်ကြီး ဘကြီး
တွေလို့ပဲ သဘောထားသဗျ..။

ဘကြီးတို့ မုဒိတာမပွားနိုင်သရွေ့တော့ အမေ့ရဲ့ အောင်မြင်မှုတွေက ဘကြီးတို့အတွက် အကုသိုလ်တွေကို
လေလံဆွဲသလို ဖြစ်နေကြရဦးမှပ..။ အမေ့ရဲလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ခရီးစဉ်တွေက ဘကြီးတို့
ရဲ့ စိတ်နှလုံးကို ချုံးချုံးကျစေတယ်။ ကမ္ဘာ့တလွှားမှ ပြည်သူတွေရဲ့လက်ခုပ်သံတွေကဘကြီးတို့နှလုံးအိမ်ကို
သိမ့်သိမ့်တုန်စေခဲ့တယ်။ ဒါ့ကြောင့်လည်း မနာလိုမရှုစိတ်နဲ့ ဘကြီးတို့ရဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ အလင်းရောင်
မပြဘဲ သတင်းအမှောင်ချခဲ့ကြတာပေါ့နော့..။

နိုင်ငံတကာ သတင်းမီဒီယာတွေက တခမ်းတနား ဖော်ပြနေချိန်မှာ ဘကြီးတို့အိမ်က သတင်းစာ၊တီဗွီတွေမှာ
တော့ အမေ့ခရီးစဉ်တွေမှာ Myanmar လို့မသုံးပဲ Burma လို့သုံးတဲ့အတွက် ကန့်ကွက်သတိပေးတယ် ဆိုတာ
ကြီးပဲ တွေ့တွေ့နေရတယ်။ တခြားမြန်မာပြည်တိုးတက်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ အမေ့ရဲ့လုပ်ဆောင်ချက်တွေ၊
ပြောဆိုချက်တွေကိုတော့ မျက်စိမှိတ်၊နားပိတ်ပြီး ရူးချင်ယောင်ဆောင်နေကြပါလား..။ အဓိကနဲ့သာမညကို
တော့ ခွဲခြားတတ်ဖို့လိုတာပေါ့ဗျာ။ အခုတော့ကလေးအထာနဲ့ အရေးမပါတာ အရာပေးလို့ Highlight လုပ် အ
ပြစ်တင်အပုပ်ချနေကြပါလားဗျို့..။

ခုဟာကလည်း အိန္ဒိယကို ပေါက်ဖော်လို့ခေါ်တာမဟုတ်သလို တရုတ်ကိုလည်း ဘာဘူလို့ခေါ်တာမဟုတ်ဘူး
လေ။ တရုတ်ပဲခေါ်ခေါ် ပေါက်ဖော်ပဲခေါ်ခေါ် အတူတူဖြစ်သလို ကုလားကြီးနဲ့ဘာဘူကြီးဆိုတာ မကွဲပြားဘူး
ဆိုတာ လူတိုင်းသိပါတယ်။ အမေ့ရဲ့ Burma ဆိုတာ ဘကြီးတို့ရဲ့ Myanmar ကိုရည်ညွှန်းတယ်ဆိုတာ အားလုံး
သဘောပေါက်ကြတာပဲ..။ တချို့ဆို Burma ဆိုမှ သိကြတဲ့သူတွေတောင်ရှိတယ်..။

ခုတော့ ဘကြီးတို့က မတူတာတွေဖယ်ထား တိုင်းပြည်ကောင်းစားအောင် အားထုတ်မယ်မရှိဘူး။“ငါနဲ့မတူငါ့
ရန်သူ”သဘောထားနေကြသလိုပ..။ အမေ့ရဲ့ “ဘားမားတိုးတက်ကောင်းစားဖို့အတွက် အကူအညီတွေပေးကြ
ပါ..” ဆိုတဲ့စကားမှာ ဘားမားလို့သုံးလိုက်တာနဲ့ပဲ အမြင်မကြည်ဖြစ်ပြီး အပြစ်တင်ကြတယ်။ နောက်က အနှစ်
သာရပြည့်ဝတဲ့ စကားစုတွေကျ ပစ်ပယ်ထားလိုက်ကြတယ်။ ဒါကောင်းသလားဗျ.. မကောင်းဘူး.. ဘကြီးတို့
လုံးဝမကောင်းဘူး..။

တကယ်ဆို တို့နီုင်ငံတိုးတက်ဖို့အတွက် လမ်းဖောက်ပေးနေတာပါလားဆိုပြီး အားပေးချီးမြှောက် ဂုဏ်ယူရဦး
မှာ.. ခုတော့ဗျာ.. ဘကြီးတို့လုပ်ပေါက်က လမင်းကြီးကိုဟောင်နေကြတဲ့ ဟိုအကောင်တွေလို ဖြစ်နေဘီ..။
နိုင်ငံတကာက လေးစားရတဲ့အမေ့ကို သာမာန်ပြည်သူတဦးအလား အလေးထားစရာမဟုတ်ဘူးဆိုရင် Burma
လို့သုံးတာကို ဘာလို့လိုက်ပြီး အပြစ်တင်နေကြတာလဲ။ Burma နဲ့ Myanmar အဓိပ္ပါယ်မခြားဘူးလို့ လက်ခံသူ
တွေအဖို့ နှစ်သက်သလို ပါးစပ်သင့်သလို သုံးနှုန်းကြပါစေပေါ့.။ ဘားချင်တဲ့သူ ဘားမား.။ မြန်ချင်တဲ့သူ မြန်
မာပါစေ.. ဘာဖြစ်လဲ..။ဘာမှမဖြစ်ဘူး..။

အဲဒီလိုပြောတော့ ဘကြီးတို့ရဲ့ မြေးသားလေးတွေက ဖိုးသိကြားကို ပြောဦးမယ်။ Burma ဆိုတာဗမာကိုပဲ ကိုယ်
စားပြုတာ။ Myanmar ကမှတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတာဆိုပြီး..။ အမှန်တော့ မဟုတ်ဘူး။ Burma
ပဲသုံးသုံး Myanmar ပဲသုံးသုံး အဓိက က ရင်ထဲကခံယူချက်ပဲ။ ဖိုးသိကြားတို့နိုင်ငံဟာ တိုင်းရင်းသားအားလုံးကို
ကိုယ်စားပြုတယ်။ အားလုံး တန်းတူညီမျှခွင့် ရှိရမယ်။ လူမျိုးဘာသာ ခွဲခြားမှု မရှိစေရဘူးဆိုတဲ့ အသိတရား ရှိ
ထားရင် အဲဒီလူတယောက်က Burma လို့သုံးနှုန်းတာ ပြစ်တင်စရာအကြောင်းမရှိဘူး။ Myanmar လို့သုံးနှုန်း
နေပမယ့် တိုင်းရင်းသားလူမျိုးတွေအပေါ် အနိုင်ပြုစော်ကားနေမယ်ဆိုရင် ဘကြီးတို့ရဲ့ Myanmar ဆိုတာ ဘာ
အဓိပ္ပါယ်ရှိတော့မလဲ.. ဟုတ်တယ်ဟုတ်.. စကားလုံးထက် ရင်ထဲကအသိက ပိုအရေးကြီးတယ်လေ.. စကား
လုံးတွေကြားမှာ အကျဉ်းကျခံနေရတဲ့ ဘကြီးတို့ဘ၀က သနားစရာပါလား..။

ဒီတော့ဘကြီးတို့ရာ.. အသက်တွေလည်းကြီးလှပြီ။ ကုသိုလ်တရား မရှာနိုင်ရင်တောင် အကုသိုလ်မပါသွားချင်
စမ်းပါနဲ့..။ စိတ်ကို ကြည်ကြည်လင်လင်လေးထားပြီး ဗြဟ္မာစိုရ်တရား လက်ကိုင်ထားပြီး နေသွားကြရင်မ
ကောင်းဘူးလား။ ဘကြီးတို့နေရတဲ့အခိုက်အတန့်လေးမှာ ပြည်သူတွေရဲ့မေတ္တာ မစူးရှအောင် နေကြစေချင်
တယ်ဗျာ..။ ဒါကတော့ ဤခရီးနီးနေပြီဖြစ်တဲ့ ဘကြီးတို့အပေါ်ထားတဲ့ ဖိုးသိကြားရဲ့ စေတနာသက်သက်ပါ..။

အင်း.. ပြောရတာလည်း မောလှပြီ..အဲလေ ညောင်းလှပြီ။ ခုလောက်ဆို အမေလည်း အိမ်ပြန်ရောက်လောက်
ရောပေါ့..။ ငါ့မှာသာ..ဟင်း.. “အပြန်လမ်း.. အပြုံးပန်းတဝေေ၀.. ဒေါင်းအလံတွေရင်မှာပိုက်.. ကြို
လိုက်စို့လေး..” ဆိုပြီး ကိုယ်တိုင်ရေးခဲ့တဲ့စာသားလေးကိုတောင် မျက်နှာဘယ်လိုပြရမလဲ.. “နားလည်ခွင့်
လွှတ်ပေးပါ.. အမေရေ့” လို့သာနှုတ်မှ တိုးဖွဖွရေရွှတ်ရင်း မပြီးပြတ်နိုင်သေးသော ပန်းဇာတ်လမ်းအတွက်
အိမ်သာစခန်းသို့ လှမ်းတက်ခဲ့ရပြန်ချေပြီတကား..။


Credit for Photos : EMG and Wunna Phyo

(ခုတလော စိတ်ကမရွှင်ဥာဏ်စဉ်မလန်းလို့ စာရေးချင်စိတ်မရှိ။ ရေးဖို့အတွက်လည်း ဦးဏှောဏ်မသွက် ဥာဏ်
မထက် ဖြစ်နေတဲ့ကြားမှ အမေ့ခရီးစဉ်အား ကြိုဆိုရန်ပျက်ကွက်ခဲ့သည့် မိမိကိုယ်မိမိ ဒဏ်ခတ်သည့်အနေဖြင့်
ပန်းကိုကိုကျန်ုပ် စာတပုဒ်ကို မဖြစ်ဖြစ်အောင် ဖျစ်ညှစ်အားထုတ် ရေးသားလိုက်ရပါကြောင်းနှင့် လွန်ုတာရှိက
ဝန္တာမိပါ.. အမှားသည်းခံဖတ်ရှုပါရန်..)

အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား