Tuesday, July 3, 2012

ဂျက်ကီချန်း မြန်မာနိုင်ငံလာမည်

Yangon Media Group

==========================
ရန်ကုန်မီဒီယာဂရုပ်
==========================

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (unicef)၏ အထူးသံတမန် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ လွတ်မြောက်လာသည့် ကလေးသူငယ်များကို လာရောက်အားပေးတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျက်ကီချန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၄င်း၏ အတွေ့အကြုံများကို မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်း လင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်တွင် ဇူလိုင်ရ ရက်နေ့ ၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာကျော် ကွန်ဖူးမင်းသား ဂျက်ကီချန်းသည် မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ ကာကွယ်တားဆီးရေး တိုက်ဖျက်ရေး လုပ်ငန်းများကို အာပေးမြှင့်တင်ရန်နှင့် လူကုန်ကူးခံရပြီး လွတ်မြောက်လာသည့် ကလေးသူငယ်များကို အားပေးတွေ့ဆုံရန် လာရောက်ခြင်းဖြစ်သည်။

ပုဂ္ဂိုလ်ရေးမေးခွန်းများ မမေးရန် ဒေါ်အောင်ဆန်းစုကြည် မီဒီယာများသို့ပြောဆို

Yangon Media Group

==================================
တည်ကြည်အေး
==================================
အယ်န်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းနှင့် ပတ်သက်သည့်ပုဂ္ဂိုလ်ရေးမေးခွန်းများ ကိုမေးမြန်းခြင်း မပြုကြရန် မီဒီယာများ သို့ပြောကြားလိုက်သည်။

ဥရောပခရီးစဉ်မှအပြန် ဇူလိုင် ၃ ရက်တွင်အယ်န်အယ်ဒီ ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ပုဂ္ဂိုလ်ရေးမေးခွန်းမမေးပါနဲ့။ ကျွန်မပုဂ္ဂိုလ်ရေးမေး ခွန်းတွေဖြေလေ့ ဖြေထမရှိပါဘူး'' ဟု ယင်းက ဆိုသည်။အဆိုပါ ဥရောပခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြည်တွင်း ပြည်ပမှ မီဒီယာ ၄၀ ကျော်ခန့်တက်ရောက် ခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းတွင် ဥရောပခရီးစဉ်နှင့် မသက် ဆိုင် သည့် မေးခွန်းများကိုပါ ဖြေကြားပေးခဲ့သော်လည်း ပုဂ္ဂိုလ်ရေး နှင့် ပတ်သက်သည့် မေးခွန်း အချို့အား ဖြေဆိုခြင်းမရှိခဲ့ပေ။
၈၈ ကျောင်းသားများနှင့် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး သတင်း ထောက်တစ်ဦး၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က''၈၈ မျိုးဆက်ကျောင်းသား တွေ ကလာတွေ့ ချင်တယ်ဆို လို့ တွေ့တာပါ။ ဆွေးနွေး တဲ့ ကိစ္စတွေကလည်း ကိုမင်းကိုနိုင်တို့၊ကို ကိုကြီးတို့၊ကိုပြုံးချိုတို့ဆွေးနွေးချင်တဲ့ ကိစ္စတွေဖြစ် ပါတယ်။ အဲဒီဟာတော့ ကာယကံရှင် ကိုမေးပါ။ ကျွန်မတို့ကတော့စည်းကမ်းအရ၊ မူအရ ကျွန်မတို့ လာတွေ့တဲ့ ဧည့်သည်တွေကဘာပြော တယ်ဆိုတာထုတ်ဖော်ပြောလေ့ မရှိပါဘူး။ ဘာမှထူးထူး ထွေထွေ တော့ မဟုတ်ပါ ဘူး။ မူအရပြောတာပါ။'' ဟု ပြန်လည် ဖြေကြားသည်။

ထို့အတူဥရောပခရီးစဉ် အတွင်းနော်ဝေနိုင်ငံအော်စလိုမြို့တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံစဉ်မည်သည့် အရေးကိစ္စများ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက် တစ်ဦး၏မေးမြန်း ချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည် ကမူအရဖြေကြား ဖို့မရှိကြောင်းပြော ကြား သည်။


အင်္ဂါ, 03 ဇူလိုင် 2012

မြန်မာ့အရေး ကူညီလိုသူ များပြား


ဓာတ်ပုံ ASSOCIATED PRESS

မြန်မာနိုင်ငံတိုးတက်ရေးအတွက် စေတနာရှိကြတဲ့ နိုင်ငံတွေ လူမျိုးတွေကမ္ဘာပေါ်မှာ အများကြီး ရှိတယ် ဆိုတာ သူ့ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ သိခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူ့ရဲ့ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး NLD ရုံးချုပ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာမှာ လွှတ်တော်ထဲမှာ ပွင့်လင်းမှု လိုအပ်တဲ့ကိစ္စ၊ မြန်မာနိုင်ငံကို Myanmar လို့ အင်္ဂလိပ်လို မပြောတဲ့ကိစ္စ၊ ပညာရေးအဆင့်အတန်းမြင့်ဖို့ကိစ္စတွေကို ဒေါ်အောင်ဆန်း စုကြည် က ရှင်းလင်း ဖြေကြားခဲ့ပါတယ်၊ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြောပါမယ်၊
Switzerland, Norway, Ireland, Britain နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ခဲ့စဉ်အတွင်းမှာ မြန်မာနိုင်ငံ ကြီးပွား တိုးတက်ရေးအတွက် စေတနာရှိတဲ့သူ၊ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့သူတွေ အများကြီး ရှိတာ ကို တွေ့ခဲ့ရတဲ့အတွက် အားတက်စရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ မှာ ပြန်ပြီးတော့ ပြောပြခဲ့ပါတယ်။ ကူညီချင်သူတွေအပြင် အောင်မြင်စေချင်တဲ့ ဆန္ဒ ရှိသူ တွေကို လည်း အံ့သြစရာကောင်းလောက်အောင်ကို သူတွေ့ခဲ့ရပါတယ်တဲ့။
“ကျမတို့နိုင်ငံကို သိနေတဲ့ အနောက်ပိုင်းနိုင်ငံတွေနဲ့ ကျမတို့နိုင်ငံဒေသကသာ မဟုတ်ဘဲ တော်တော် ဝေးတဲ့ အရပ်က ရိုးရိုး အလည်ရောက်နေတဲ့ ဧည့်သည် ပြည်သူ ပြည်သားတွေ၊ တခြားနိုင်ငံသူ နိုင်ငံသားတွေက  မြန်မာနိုင်ငံပေါ်မှာ စေတနာအများကြီး ထားတယ်ဆိုတာ တွေ့ခဲ့ရတယ်။”
ခုလို ဥရောပ ခရီးစဉ်က ပြန်လာပြီးတဲ့နောက် ရန်ကုန်မှာ လုပ်စရာအလုပ်တွေ၊ တွေ့စရာလူတွေ ရှိတဲ့ အပြင်၊ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်ကိုလည်း သွားဖို့ အချိန်ပေးချင်တာမို့ လွှတ်တော် တက်ဖို့ ခွင့်ယူ ထားရတယ်ဆိုတာကိုလည်း ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။
လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေက အဆိုတွေ တင်သွင်းဖို့ ပြင်ဆင် ထားတာ ရှိတယ်လို့ အသိပေးခဲ့ပေမဲ့ ဘယ်ကိစ္စတွေနဲ့ ပတ်သက်လဲဆိုတာကတော့ လွှတ်တော်ကို အရင် တင်ပြ သင့်တယ် ထင်တဲ့အတွက်ကြောင့် ပြောမသွားပါဘူး၊ လွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်းချက် တွေ ဆုံးဖြတ် အတည်ပြုတဲ့နေရာမှာ ပွင့်လင်းမှုရှိဖို့ အရေးကြီးတယ်ဆိုတာကိုတော့ ခုလို ပြောကြားပါတယ်။
“ဥပမာဆိုလို့ရှိရင်၊ ဥပဒေပြုတဲ့ .. ပြုနေတဲ့ အချိန်အခါမှဆိုလို့ရှိရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါ တယ်၊ ခုဆိုလို့ရှိရင် ဥပဒေပြုပြီးတဲ့အခါကျမှ ဥပဒေကို ထုတ်ပြန်ပြီးတော့မှပဲ အများပြည်သူက လေ့လာပြီးမှ ဒီဥပဒေမှာ ဘာရှိလဲဆိုတာကို သိရတယ်၊ တကယ်ဆို ဥပဒေမပြုခင်ကတည်းက ဒီဟာကို လွှတ်တော်ထဲက ဥပဒေပြုဖို့ ဆွေးနွေးနေတဲ့ အချိန်အခါမှာကတည်းက ပွင့်လင်းမြင်သာမှု လိုပါတယ်။ ဒါမှ ပါဝင်ပတ်သက်မယ့် သူ အားလုံးက ဒီပြဋ္ဌာန်းမယ့် ဥပဒေထဲမှာ ပါတဲ့ အချက် အလက် တွေကို လေ့လာပြီးတော့ လိုရင် လိုသလို ပိုရင် ပိုသလို ပြောဆိုနိုင်တဲ့အခါကျတော့ ဥပဒေ မပြုခင် ကတည်းကကို အကောင်းဆုံး ဖြစ်အောင်လို့ စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ နောက် တခြား ဥပဒေ ပြုချင်တာတို့၊ တခြား မသင့်တော်တဲ့ ဥပဒေတွေကို ဖယ်ရှားတာတို့ ဒါတွေကလည်း လုပ်ရမှာပဲ၊ ဒါပေမဲ့ ဘာပဲလုပ်လုပ် ပွင့်လင်း မြင်သာမှု ရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်မယ်လို့ ကျမ ပြောချင်ပါတယ်။”
ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးစဉ်က NLD ပါတီက တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည် သင်ြ့မတ်ရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးတွေကို လုပ်သွားမယ်လို့ ကတိပြုထားတဲ့ အတိုင်း အခု တက်မယ့် လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ဖို့ရှိတယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားဖို့ NLD က ကြိုးစားမှာ မဟုတ်ဘူးဆိုတာကိုတော့
“ကျမတို့ဟာ ဘယ်သူ့ကို ဖယ်ရှားဖို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ၀င်သွားတာမဟုတ်ဘူး၊ ပူးတွဲဆောင်ရွက်ဖို့၊ ပူးတွဲဆောင်ရွက်မှသာလျှင်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင်မှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင် ဖို့ဆိုတာ တပ်မတော်သားတွေနဲ့ ပူးတွဲဆောင်ရွက်မှ ရမှာပေါ့”
ဒီကနေ့ NLD ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးကြ ပြောကြတဲ့ နောက်ကိစ္စ တခု ကတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Myanmar လို့ မသုံးဘဲ Burma လို့ သုံးနှုန်းတာနဲ့ ပါတ်သက်လို့ အစိုးရက သတိပေးတဲ့ကိစ္စပါ၊ ဒါနဲ့ ပါတ်သက်လို့ ပြဋ္ဌာန်းချက်တရပ်အနေနဲ့ မရှိတာကို NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ဥပဒေကြောင်းအရ ရှင်းပြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီအရ ကို ခေါ်ချင်သလို ခေါ်နိုင်တယ်ဆိုတာကို တခြားနိုင်ငံတွေနဲ့ ခုလို ဥပမာပေးပါတယ်။
"ဥပမာဆိုလို့ရှိရင် ကျမတို့ အင်္ဂလန်နိုင်ငံလို့ ခေါ်နေတာ၊ တကယ်က သူတို့ရဲ့ တရားဝင်နာမည်က United Kingdom ပေါ့။ ကျမတို့က ဒီလိုပဲ ပြောနေတာပဲ၊ အင်္ဂလန်လို့ပြောတယ်၊ ဗြိတိန်လို့ပြောတယ်၊ ယူကေလို့ အင်မတန်မှ ပြောခဲတယ်။ ဘယ်သူမှလည်း ဒါကို ဘာမှမပြောကြပါ ဘူး။ ကိုယ် သင့်တော် သလို ခေါ် တာပေါ့နော်၊ နောက် ဥပမာ၊ ပြင်သစ်မှဆိုလို့ရှိရင်၊ မြန်မာနိုင်ငံကို သူတို့ ဗြမာနီ လို့ပဲ ပြော တာပဲ၊ ဒါ သူတို့ ပြင်သစ်စကားလေ၊ ကျမတို့က ပြင်သစ်နိုင်ငံကို ပြင်သစ်လို့ ခေါ်တယ်၊ ဘာလို့   လာစပွန့်စ် လို့  မခေါ်လဲ၊ ဒါ ကျမတို့စကားနဲ့ ကျမတို့ ပြင်သစ် လို့ ခေါ်တယ်၊ ပြင်သစ်က လည်း လာပြီးတော့ ငါတို့နိုင်ငံကို လာစပွန့်စ် လို့ပဲ ခေါ်ရမယ်လို့ တခါမှ လာမပြောဘူးနော်.. အဲတော့ ဒီဟာတွေဟာ ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေနဲ့ ဆိုင်တယ်လို့ ကျမထင်တယ်။ နံပါတ် တစ် က နိုင်ငံတနိုင်ငံရဲ့ နာမည်နဲ့ ပတ်သက်လို့ တရားဝင်နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ဆိုပြီးတော့ ပေးလိုက်တဲ့ နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ တရားဝင်နာမည်ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ နဲ့ မဆိုင်ဘူးနော်၊ ဒါက သပ်သပ်။ ဒါဟာ ပြည်သူ ပြည်သားတွေ ရဲ့ သဘောထားကိုတော့ လေ့လာပြီးမှ လုပ်သင့်တယ် ဆိုကလည်း ဒါ ဒီမိုကရေစီ အမြင်ပဲ။ ပြည်သူ တွေကို လေးစားတဲ့ အနေနဲ့။ နောက်တခု ကလည်း လွတ်လွတ် လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ကိုယ့် စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောဆိုပိုင်ခွင့် ဆိုတာဟာ ဒါ ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး၊ အဲဒါဟာလည်း ဒီမိုကရေစီ ရဲ့ သဘောတရား၊ ဒီမိုကရေစီရဲ့ မူဝါဒတွေနဲ့ ဆိုင်တယ်၊ အဲဒါကြောင့်မို့လို့ ကျမအနေနဲ့တော့ ဒီမိုကရေစီ ကို ယုံကြည်လို့ ကျမဘာသာကျမ ကျမ သုံးချင်သလို သုံးလို့ ရတယ်လို့ ကျမ ယူဆတယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီကနေ့မှာပဲ အစိုးရက အကျဉ်းသား ၄၆ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်၊ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ NLD ရဲ့ စာရင်းထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၀ လုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားပါတယ်ရှင်။
http://www.voanews.com/burmese/news/-

လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ်

angon Media Group

========================================
ဇော်ထိုက်
========================================
လစ်လပ်လျက်ရှိနေသည့် ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။

လက်ရှိအချိန်တွင် ဒုတိယသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူခွင့် ကို တောင်းခံထား သည် ဖြစ်ရာ အဆိုပါ လစ်လပ်နေရာအတွက် အစားထိုးခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလောင်း ၃ ဦးကို တပ်မတော်မှ အမည်စာရင်းတင်သွင်းသူတစ်ဦး လွှတ်တော်မှ အမည်စာရင်းတင်သွင်း သူတစ်ဦးနှင့် မဲဆန္ဒနယ်အများဆုံး အနိုင်ရသည့် ပါတီမှ အမည်စာရင်း တင်သွင်းသူတစ်ဦး စုစုပေါင်း ၃ ဦးကိုတင် သွင်း၍ ယင်းတို့အနက်မှ သမ္မတကိုရွေးချယ် သည့်စနစ်ဖြစ်ရာ ဒုတိယ သမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး သည် တပ်မတော်မှ အမည်စာရင်း တင်သွင်းခဲ့သူဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတများ နေရာလစ်လပ်မှု ဖြစ်ပေါ်၍ အစားထိုး ရွေးချယ်ခံရပါက အဆိုပါ ရွေးချယ်ခံရသူသည် ဒုတိသမ္မတ ၀ါစဉ်၏ အနိမ့်ဆုံးအဖြစ်သတ်မှတ် ခံရမည် ဖြစ်ရာ ဦးဌေးဦးသည် ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရပါက လက်ရှိဒုတိယ သမ္မတဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း၏ နောက်တွင် ဒုတိယသမ္မတ (၂) အဖြစ် တာဝန်ယူရ မည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားပေါင်းစုံညီလာခံ ကျင်းပဖို့ မြန်မာအစိုးရကြေညာ

တနင်္လာ, 02 ဇူလိုင် 2012
By မနန္ဒာချမ်း

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေနဲ့ ပြေလည်မှုရဖို့ ရည်ရွယ်ပြီး တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ညီလာခံတခု ကျင်းပ ပေးမယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ပြောနေပေမဲ့လည်း ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် သံသယဖြစ်စရာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့်တော့ ဒုက္ခသည်တွေ ထောင်သောင်းချီပြီး ဆက်လက်ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်နေတဲ့ မြန်မာနိုင်ငံ မြောက် ပိုင်း ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမို့ မြန်မာအာဏာပိုင်တွေဟာ အပြောနဲ့အလုပ် မညီဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တုံ့ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက စုံစမ်း တင်ပြပေးထားပါတယ်။
နေပြည်တော်မှာ ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရဖို့အတွက် အဆင့် သုံးဆင့်ရှိတဲ့ အပစ်အခတ်ရပ်စဲဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ ၂၀၁၅ ခုနှစ်မတိုင်ခင် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ညီလာခံတခု ကျင်းပဖို့ ဆိုတဲ့ လမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။
ဒီလို ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းတဲ့နေရာမှာလည်း ပိုမိုအဆင်ပြေစေဖို့ ဒီလထဲ ရန်ကုန်မှာ ငြိမ်းချမ်းရေး စင်တာတခုကို  ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးဦးအောင်မင်းက အခုလို ပြောဆိုခဲ့ပါတယ်။
“Peace Coordinator လုပ်မယ်၊ Coordinte လုပ်မယ်၊ ဘယ်သူနဲ့ လုပ်မလဲ၊ ဒီက တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီက နိုင်ငံတော် အစိုးရနဲ့- ဒီကြားထဲမှာ Peace Center ကနေ Coordinate မယ်။ ကျနော်တို့ အဲဒီ Peace Center ဖွဲ့ပြီးရင်လည်း ---အဲဒီမှာ အချိန်မရွေး ဝင်ထွက်လို့ ရတယ်။ အဲဒီ Peace Center မှာ ဘာပါမလဲဆိုရင် Peace Media Group ဆိုတာလည်းပါမယ်။ အဲဒီ မီဒီယာ ကနေပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့သတင်းတွေကို အချိန်နဲ့အမျှ တခါတည်း ထုတ်ပြန်ကြေညာသွားမယ်။ ဂျာနယ် ထုတ်နိုင်အောင်ကြိုးစားမယ်။ နောက်ပြီးတဲ့ အခါမှာ Facebook ထုတ်နိုင်အောင် ကြိုးစားနေတယ်။ ဒီထဲမှာ သတင်းတွေကို ကျနော်တို့ တောက်လျှောက် တင်နေမယ်။ ခင်ဗျားတို့ အချိန်မရွေးဆက်သွယ်လို့ရတယ်ဆိုတာကို တင်ပြပါတယ်။”
အခုလို ၀န်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ပေမဲ့ - တိုင်းရင်းသား ဒေသတွေမှာ အထူးသဖြင့် ကချင်ဒေသ ဘက်မှာ တိုက်ပွဲတွေက ဆက်တိုက် ဖြစ်ပွားနေတာကြောင့် အစိုးရဟာ အပြောနဲ့အလုပ် မညီဘူး ဆိုပြီး KIO ကချင်လွတ်မြောက်ရေးအဖွဲ့က အခုလို တုံ့ပြန်ခဲ့ပါတယ်။
“ဦးအောင်မင်း ပြောတဲ့ကိစ္စကလည်း တွေ့ဆုံဆွေးနွေးမှုမှာ ပြောတဲ့အပိုင်းနဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတဲ့ ကိစ္စတွေဟာ နည်းနည်း ကွဲလွဲမှုရှိနေတယ်။ သမ္မတပြောဆိုသွားတဲ့ Road Map အဆင့်သုံးဆင့်ကို ကျနော်တို့ဘက်က၊ တိုင်းရင်းသားဘက်က ဒီအတိုင်းတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ အကြောင်းကို တွေ့ဆုံမှုတိုင်းမှာလည်း ဒီကိစ္စ ပြောပြီးသားဖြစ်တယ်။ အဲဒီကိစ္စတွေကို ကျနော်တို့ တိုင်းရင်းသားတွေက လက်ခံနိုင်သလား၊ မလက်ခံနိုင်ဘူးလားဆိုတာကို အစိုးရဘက်က သိပ်ပြီး ထည့်သွင်း စဉ်းစားတာမရှိဘဲနဲ့ သူတို့လိုချင်တဲ့ ပုံစံအတိုင်းပဲ သူတို့ သွင်းသွားတဲ့၊ ဆွဲသွားတဲ့ ပုံစံလေးပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက လက်ခံနိုင်တဲ့အကြောင်းအရာ၊ ပေးနိုင်တဲ့အကြောင်းအရာ ရှိရင်တော့ ခွင့်ပြုချက်ပေးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မပါတဲ့ အချက်ကိုတော့ ဘယ်လိုမှ မပေးနိုင်ဘူးဆိုတဲ့ ကိစ္စကို သူတို့က ပြောလာကြတယ်။ ဒီကိစ္စတွေဟာ ကျနော်တို့ရဲ့ တင်ပြ ပြောဆိုထားတဲ့ အချက်တွေနဲ့ အများကြီး ပြောဆိုကွဲလွဲမှုရှိနေတယ်လို့ ပြောလို့ ရတယ်ခင်ဗျ။”
လက်ရှိ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေဟာ တနေ့ကို အနည်းဆုံး ၃ ကြိမ်ဖြစ်ပွားနေပြီး ဇွန်လ တလတည်းမှာတင် တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ရှိခဲ့တယ်လို့လည်း ဦးလာနန်က ပြောပါတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်းမှာ KIA ထိန်းချုပ်တဲ့ တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ပြီးတော့ မြန်မာစစ်တပ်ဘက်က ထွက်ပြေးလာတဲ့ စစ်သားတွေလည်း KIA လက်ထဲမှာ ရှိနေတယ်လို့ ဦးလာနန် က အခုလို ဆက်ပြောပြပါတယ်။
“လွန်ခဲ့တဲ့ ၄ ရက်လောက်ကလည်း လိုင်ဇာနဲ့အနီးဆုံးဖြစ်တဲ့ လဂျားယန်တပ်စခန်းဘက်မှာ တိုက်ပွဲက နှစ်ရက် အပြင်းအထန် ဖြစ်ခဲ့တာ ရှိတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်မှုရှိတယ်ခင်ဗျ။ အစိုးရစစ်တပ်ဘက်မှာ လည်း ထိခိုက်မှုက အတော်များများရှိပါတယ်။ နောက်ပြီးတော့ ထိန်းသိမ်းတာပဲ ပြောပြောပေါ့ဗျာ။ ထွက်ပြေးလာတဲ့ရဲဘော် အယောက် ၃၀ ကျော်ရှိတယ်။ တော်တော်များများဟာ ကလေးစစ်သားတွေ ပါတယ်။ တချို့ဆိုရင် ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကလေးတွေလည်း ပါတယ်ခင်ဗျ။ ဒီကိစ္စကို ဦးအောင်မင်းကိုလည်း ကျနော်တို့ဘက်က ကိုယ်စားလှယ်တွေက အသိပေးပြီးသားဖြစ်တယ်။ ”
အခုလို KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ စစ်ပြေး ဒုက္ခသည် ဦးရေဟာလည်း တနေ့တခြား တိုးလာနေပြီး အခုဆိုရင် ဒုက္ခသည်ဦးရေ တစ်သိန်းနီးပါး ရှိသွားပြီလို့ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကလည်း ပြောဆိုခဲ့ပါတယ်။ KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ တနှစ်ကျော် ကာလအတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ပေမဲ့လို့ အခုထိတော့ ပြေလည်မှုရတဲ့အဆင့်မှာ မရှိသေးပါဘူး။
ဒီဇူလိုင်လထဲမှာတော့ နှစ်ဘက်တပ်တွေ နေရာချထားရေးနဲ့ တပ်အင်အားလျှော့ချရေး ကိစ္စတွေကို ဆွေးနွေးဖို့ အတွက် ပထမဆုံးအကြိမ် အနေနဲ့ ဒုကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် လာရောက်မှာဖြစ်ပြီး မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO တို့ ထပ်မံတွေ့ဆုံကြမှာဖြစ်ပါတယ်။
ဒါပေမဲ့ နေရာသတ်မှတ်ချက် အဆင်မပြေသေးတာကြောင့် ဘယ်နေ့ တွေ့ဖြစ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး လို့လည်း ဦးလာနန်က ပြောပြခဲ့ပါတယ်ရှင်။
 http://www.voanews.com/burmese/news/

ဗမာဆိုဗမာ..ကုလားဆိုကုလား

ကရင်ဆိုကရင်မိရိုးဖလာဒီလိုပဲခေါ်ဝေါ်လာတာအခုမှနှိမ့်ချခေါ်တာဆိုပြီးဘာသာရေးနဲ့
ပါတ်သက်တဲ့အသုံးအနှံးပါဆွဲ ထည့်လာလို့လူတွေရဲ့ဝေဖန်သံတွေပေါ်ထွက်လာတာပါ။



ဒီနေ့လွတ်လာတဲ့အောင်မိုးဇော်ခေါ် ကိုမိုးသီး (တီရှပ်အပြာဖြင့်)တို့၊ကိုမြအေးတို့ ၊
ဦးရာဇတ်တို့အစရှိတဲ့သူတွေဟာတတိုင်းပြည်လုံးအကျိုးအတွက်ပဲခြုံပြီးလုပ်သူတွေဖြစ်လို့အခြားခေါင်းဆောင်တွေနဲ့ အတူတူလေးစားခဲ့ကြတာချည်းပါပဲ။နိုင်ငံသားတဦးအဖြစ်အေးတူပူအမျှဝေမျှခဲ့သူတွေပါ။
ဘင်္ဂလီအကြောင်းတွေဖေါ်ပြနေတာပဋိပက္ခဖြစ်ဖို့ဦးစားပေးနေတာလားမေးစရာရှိပါတယ်။
အမေစုပြောသလိုသူတို့ကဘာလဲ၊သတ်မှတ်မှုကဘာလဲ?
တိုင်းရင်းသားဖြစ်ချင်မှု၊နယ်မြေရယူလိုမှု၊ဘီဘီစီအားကိုးဖြင့်ရခိုင်ပြည်ကတိုင်းရင်းသားအဖြစ်ကြွေးကျော်မှု၊
၁သန်း၎သိန်းလုံးမြန်မာနိုင်ငံသားလား? ငါးသိန်းကမှတ်ပုံတင်အဖြူ(နစကပိုက်ဆံယူလုပ်ပေးတာအပါ)ဆိုရင်ကျန်တဲ့၉သိန်းကဘာတွေလဲ၊ အယ်လ်ကားရီးဒါးနှင့်ဆက်သွယ်လှုပ်ရှားမှု၊အစရှိသည်တို့ကိုဦးသိန်းစိန်အစိုးရအနေဖြင့်သတ်သတ်မှတ်မှတ်ရဲရဲဝင့်ဝင့်ရှင်းလင်းဖေါ်ပြခြင်း မရှိသေးသ၍တော့အဆိုပါသတင်းများအားဆက်လက်ဖေါ်ပြနေမည်သာ။

ဘင်္ဂလားဒေရှ် အကျဉ်းသား ၃၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေး
by Yangon Media Group on Monday, July 2, 2012 at 11:49pm ·
စောမြင့်သန်း(ပေါက်တော)

ဇူလိုင်လ ၃ ရက်နေ့ တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြည်နှင်ဒဏ် ပေးခဲ့သော နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးမှာ ဘင်္ဂလားဒေရှ့် နိုင်ငံသား များဖြစ်ကြောင်း သိရှိရသည်။
" နိုင်ငံခြားသား အကျဉ်းသားတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခဲ့တဲ့အတွက် အခုလိုလွှတ်ပေး ရခြင်း ဖြစ်ပါတယ် ၊ လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား အကျဉ်းသားအားလုံးက ဘင်္ဂလားဒေရှ့်နိုင်ငံ ကဖြစ်ပါတယ် " ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင် နိုင်ခွင့်ရှိစေ ရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေး ပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ စေရန်အတွက် လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး တို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား ယင်းကဲ့သို့ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအကျဉ်းသားများအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမဝါဆို လပြည့်နေ့(ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား များအား ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရှိရသည်။
"ဒီနေ့ လွှတ်ပေးလိုက်တဲ့ အထဲမှာ ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ ပါတယ်ဆိုတော့ ဒါဟာ နိုင်ငံတော် သမ္မတ ရဲ့ ဘင်္ဂလားဒေရှ့်  ခရီးစဉ်နဲ့ သက်ဆိုင်တယ်လို့ မြင်ပါတယ် နိုင်ငံတော် သမ္မတ အနေနဲ့ ဘင်္ဂလားဒေရှ့်  နိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရမယ့် အပိုင်းတွေမှာ အရေးကြီးတဲ့ လုပ်ငန်းတွေ ရှိတယ်လို့မြင်ပါတယ် ဥပမာ- ရခိုင်က နယ်စပ်ဖြတ်ကျော် ဘင်္ဂါလီအရေး ကိစ္စက တစ်စိတ်တစ်ဒေသပါဝင်မယ်လို့ ထင်ပါတယ် ၊ သမ္မတဦးသိန်းစိန်က ဒီဇူလိုင် တတိယပတ်မှာ ဘင်္ဂလားဒေရှ့် ခရီးစဉ်ကို မွတ်စလင်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလပြီးမှ သွားဖို့စီစဉ်ထားတယ်လို့ သိရတယ် " ဟု မြန်မာနိုင်ငံရေးလေ့လာသူ တစ်ဦးကပြောသည်

ကလေးစစ်သားအဖြစ် ဖမ်းဆီးခံ ကလေး ၁ ဦးလည်း ပြန်လည် လွတ်မြောက်

Published on Jul 3, 2012 by

၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ ညပိုင်း ၁၁း၀၀ နာရီအချိန်ခန့်တွင် မောင်ကျော်သက်နိုင်ဆိုသူ အသက် (၁၇) နှစ်အရွယ် လူငယ်လေး တဦးသည် မန္တလေး ကန်တော်ကြီးပတ်လမ်း တိုက်တန်းတွင် နေထိုင်သော အဒေါ်ဖြစ်သူ၏ နေအိမ်မှ အပြန်တွင် ၄၅ × ၈၂ လမ်းအရောက် စိုးစံလက်ဖက်ရည်ဆိုင်အနီးတွင် လူ (၅) ဦးမှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာပြီး တာဝန်အရဟု ပြောဆိုကာ ဇွတ်အတင်းဆွဲခေါ်သွားခဲ့ရာ မလိုက်သဖြင့် ၄င်းလူငယ်မှာ လက်သီးဖြင့် အထိုးခံရသဖြင့် မေ့သွားခဲ့ပြီး မနက်မိုးလင်း သတိရသောအခါ ခြေလျှင်တပ်ရင်း (၁၁၉) တပ် (ပုသိမ်ကြီး) အချုပ်ခန်းတွင် ရောက်နေကြောင်း သိရှိရပါသည်။ အဆိုပါ လူငယ်နှင့်အတူ အခြားနေရာဒေသအသီးသီးမှ လူငယ် ၁၀ ဦးလည်း ဖမ်းဆီးခံထားရကြောင်း သိရပါသည်။ အဆိုပါ လူငယ်များကို စစ်တပ်အချုပ်ခန်းတွင်း ထည့်သွင်းထားပြီး စစ်တပ်ထဲသို့ ဝင်ရောက်ရန်အတွက် ခြိမ်းခြောက် ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ မောင်ကျော်သက်နိုင်မှာ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တဦး ဖြစ်သည့်အပြင် အသက်မပြည့်သေးသဖြင့် စစ်တပ်ထဲ မဝင်နိုင်ကြောင်း ပြောဆိုရာ ဝိုင်းဝန်း ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ပြုလုပ်ကြောင်း သိရှိရပါသည်။ အခြား လူငယ်များမှာမူ ရိုက်နှက်သည့်ဒဏ်ကို မခံနိုင်သည့်အတွက် စစ်တပ်ထဲ ဝင်သွားကြောင်း မောင်ကျော်သက်နိုင်မှ တဆင့် သိရှိရပြီး မောင်ကျော်သက်နိုင်မှာမူ ထမင်းစားခန်းသို့ အသွား ထွက်ပြေးလွတ်မြောက်လာပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ NLD ပါတီရုံးသို့ ထွက်ပြေးလာခဲ့ပြီး အကူအညီ တောင်းခံခဲ့ကြောင်း သိရှိခဲ့ရပါသည်။မောင်ကျော်သက်နိုင်၏ မှတ်ပုံတင်တွင် မွေးသက္ကရာဇ်အမှန်မှာ ၁၉၉၅ ဖြစ်ပြီး၊ သူ့အား ခေါ်ဆောင်သွားသော စစ်သားများမှ မှတ်ပုံတင်အား ပြန်လည်ပြင်ဆင်လိုက်ကြောင်း၊ ခေါ်ဆောင်သွားသော စစ်သား (၅) ဦးအနက် (၂) ဦး၏ အမည်ကို သိကြောင်း၊ ၄င်းတို့မှာ ကိုချစ်ဦးမောင်နှင့် ကိုသက်ထွေး ဆိုသူတို့ဖြစ်ပြီး ၄င်းတို့မှာ စစ်သားများဖြစ်ကြပြီး၊ ၄င်းတို့၏ ရာထူးအဆင့်ကိုမူ မသိရှိခဲ့ရကြောင်း ဘားမားဗီဂျေ မီဒီယာကို ပြောပြခဲ့ပါသည်။

အနုပညာလှုပ်ရှားခွင့်တွေ ပြန်လည် ရရှိလာတဲ့အပေါ် ဦးကျော်သူက သူ့ရဲ့ သဘောထား

မြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်လုပ်ဆောင်နေ


Kachin Waves
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်ရာဒေသ အလုပ်ခွင်တွင် မိုင်းဖောက်သံများ ဇွန် ၂၆ ရက်ကနေစတင်ပြီး ဆက်တိုက်ပြန်လည်ကြားနေ ရကြောင်းဒေသခံတစ်ဦးကပြောကြားသည်။
ဤမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် မြန်မာ တစ်နိုင်ငံလုံး ဤစီမံကိန်းအား ဆက်လက်မလုပ်ဆောင်ရန် ၀ိုင်းဝန်းတောင်းဆိုမူ ကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က သူ၏နိုင်ငံတော်သမ္မတ သက်တမ်းတစ်လျှောက် မလုပ်ဆောင်ရန်သမ္မတ အာဏာ နှင့် ရပ်ဆိုင်းထား ခြင်း ဖြစ် သည်။ ဤကဲ့သို့ရပ်ဆိုင်းထားပြီးဟု အများပြည်သူကထင်နေသော်လည်း အခုအချိန်တွင် မြစ်ဆုံစီမံကိန်းအား အများပြည်သူမသိအောင်ခိုးပြီး လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
“မိုင်းဖောက်သံတွင် ၂၆ ရက်နေ့ကစပြီး ပြန်ကြားနေရပြီ။ သူတို့လှိုင်ခေါင်းအထဲမှာ ဖောက်တာ။ တစ်ခါလေမှာ ဆို ခေါင်းတောင် ခါသွားသလိုခံစားရတယ် သူတို့မိုင်းတွေက အသံကျယ် လွန်းတော့” ဟုဒေသခံတစ်ဦးကဆိုသည်။
မိုင်းခွဲကာလုပ်ဆောင်သော လုပ်ငန်းခွင်မှာ မြစ်ဆုံ၏ တစ်ဖက်ကမ်း တွင်ဖြစ်ပြီး၊ ထိုမိုင်းဖောက်သံတွေကြောင့် ဤဒေသတွင် တောင်ယာလုပ်ကိုင်စားသောက်နေသူများမှာ စစ်ဖြစ်ပြီး ဗုံးကွဲတယ်ဆိုယူဆကာ မိမိနေအိမ်သို့ပြန်လာကြပြီးဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ရွာသားတွေရဲ့နွားတွေကသူတို့လုပ်ငန်းခွင်ဘက်မှာ နေတာများတယ်။ နွားသွားရှာမယ်ဆိုပြီးခွင့်သွားတောင်လည်းသူတို့ကမ၀င်ခိုင်းဘူး။ မ၀င်နဲ့ မိုင်းဖောက်စမ်းသပ်နေတယ် အန္ဒရာယ်များတယ် ဆိုပြီး မ၀င်ခိုင်းဘူး” ဟုကိုယ်တိုင်ကြုံတွေ့ခဲ့သူ အောင်မြင်သာဒေသခံတစ်ဦးကဆိုသည်။
ဤလုပ်ငန်းခွင်ထဲတွင် တရုတ်တွေ အများအပြာကျန်ရှိနေသေးကြောင့် မိုင်းဖောက်စမ်းသပ်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း လှိုင်ခေါင်းအထဲဖောက်တာပဲ ဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

တရားခံသူတို့လည်းမဟုတ်ပဲဝင်နာနေတယ်

Abfsu Cwc
၇ ဂျူလိုင်ပွဲကျင်းပရေးကိစ္စနဲ့ ပက်သက်ပြီး ဒီကနေ့  ညနေပိုင်းတွင်ဗကသများအဖွဲ့ ချုပ်(ဗဟိုလုပ်ငန်းကော်မတီ)ဥက္ကဌ ကိုကျော်ကိုကိုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်တစ်ဦးဖြစ်သော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုကြီးတင်ဝင်းမှခေါ်တွေ့ ပါသည်။
ထိုသို့ တွေ့ ဆုံရာမှာ ၇ ဂျူလိုင်သည် အစိုးရသတ်မှတ်ထားသောတရားဝင် ရုံးပိတ်ရက်မဟုတ်သောကြောင့် တရားဝင်ပွဲကျင်းပခွင့် မပေးနိုင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးမှပြောပါသည်။၇ ဂျူလိုင်နေ့ တွင်ကျောင်းသားများ လမ်းပေါ်ထွက်လာမည်ကို စိုးရိမ်ကြောင်းပြောပါသည်။ လမ်းပေါ်ထွက်လာခဲ့ ပါကလည်း အစိုးရအဖွဲ့ အနေဖြင့်  တားဆီးဖြိုခွဲသွားမည်ဖြစ်ကြောင်းပြောပါသည်။
........................................................

ဆဲဗင်းဂျူလိုင်တရားခံသူတို့လည်းမဟုတ်ပဲဝင်နာနေတယ်.. ၈လေးလုံးတို့၊ရွှေဝါရောင်တို့၊နောက်ဆုံး...ဟိုစိမ်းလဲ့ကန်သာငါးလောင်းပြိုင်အထိမ်းအမှတ်ပွဲတွေဆို ထားးးးးးးပါတော့။

Published on Jul 2, 2012 by BurmaVJMedia


၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည် အလုပ်ကော်မတီမှ ကိုမင်းခန့်၊ ကိုမိုးထက်နေ၊ ကိုအောင်မှိုင်းဆန်း၊ ကိုရဲရင့်ကျော်၊ ကိုသန်းထိုက်တို့ ငါးဦးအား မန္တလေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူးမှ နေ့လယ် ၁၁း၃၀ နာရီအချိန်တွင် 7 July ကိစ္စနှင့် ပတ်သတ်၍ တွေ့ဆုံ ဆွေးနွေးရန် သတင်းတပ်ဖွဲ့ (SB) မှတဆင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ တွေ့ဆုံရန် ချိန်းဆိုမှုအကြောင်း အသိပေးချိန်မှာ နံနက် ၉း၄၅ မိနစ်ဖြစ်ပြီး တရားဝင် စာထုတ်ပြန်ခြင်းမရှိဘဲ တယ်လီဖုန်းမှတဆင့် ဆက်သွယ် အသိပေးခဲ့ခြင်းသာ ဖြစ်ကြောင်း သိရှိရပါသည်။

လူပွဲစားဖြင့် မလေးရှားနိုင်ငံ သွားသည့် လီဆူအမျိုးသမီး (၂)ဦး ပျောက်ဆုံးနေ

Submitted by on Tuesday, 3 July 2012--
ဇူလိုင်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
လူပွဲစားများ၏ ဆက်သွယ်ပေးမှုဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့မှတဆင့် မလေးရှားနိုင်ငံသို့ တောလမ်းဖြင့်သွားသည့် အသက် ၂၈နှစ်အ ရွယ် အာချီနှင့် အသက် ၂၁အရွယ် အာချာဆိုသူ လီဆူတိုင်းရင်းသူ ညီအစ်မ နှစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။
ယခုနှစ်၊ ဧပြီလ ၁၉ရက်နေ့၌ မမွန်ဆိုသူ ပွဲစားနှင့်ချိတ်ဆက်၍ လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၄,၅၀၀ (နှစ်သောင်းလေးထာင်ငါးရာ)ဖြင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည့် လူ ၂၄ဦးကို ရန်ကုန်မှ မြ၀တီသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ခရီးဆက်ခဲ့ရာ တောလမ်းတနေရာ တွင် အဆိုပါညီအစ်မနှစ်ဦး ပျောက်ဆုံးရာမှ ယနေ့အထိ ဆက်သွယ်မရခဲ့ခြင်းဖြစ်သည်ဟု အတူပါသွားခဲ့သူ ကိုအာဖူက ပြောသည်။
“ပွဲစား မမွန်က သူ့လူတွေနဲ့ မလေးရှားအရောက်ပို့ ပေးမယ်လို့ ပြောပါတယ်။ မြ၀တီကနေ ၂၈ရက်နေ့မှာ ကျနော်တို့ကို လူစုခွဲပြီး ကားနဲ့ ပို့ ကြတယ်။ နောက် မလေးကို တောလမ်းနဲ့ ခရီးဆက်တယ်။ တောလမ်းမှာ ချောင်းကူးဖို့ လူစုခွဲရတဲ့အခါမှာ အာချာကို မတွေ့ရတော့ဘူး။ မလေးမှာက သူတို့ညီအစ်မနဲ့ ကျနော်တို့ကို လာကြိုမယ့် အသိတွေရှိတယ်။”ဟု သူက ပြောသည်။
၎င်းတို့အား ထိုသို့ ခေါ်ဆောင်သွားသော ပွဲစားအမျိုးသားမှာ တောထဲတနေရာအရောက် ပျောက်သွားသဖြင့် ကိုအာဖူ အပါအ၀င် ၉ဦးမှာ တစ်ရက်နှင့်တစ်ည ရေမသောက်၊ အစာမစားရဘဲ နေခဲ့ရသည်ဟု သိရသည်။

ဆက်လက်၍ “မေ ၁ရက်နေ့ မနက်မှာ ကုလားအမျိုးသားတစ်ဦးရောက်လာပြီး ကျနော်တို့ကို လာပြန်ခေါ်ပါတယ်။ (ထိုင်းနိုင်ငံ) မဲဆောက် ကို ပြန်ပို့ပေးတယ်။ မင်းတို့ကို လိုက်ပို့ပေးတဲ့လူ ထွက်ပြေးသွားပြီးလို့ ပြောတယ်။ ဒီလိုနဲ့ ကျနော်တို့ မြ၀တီကနေတဆင့် ရန်ကုန်ပြန်ခဲ့ကြ တာပါ။ မပြန်ခင် မေ ၂ရက်၊ ၃ရက်တွေမှာ ပွဲစား မမွန်ဆီသွားတော့ အိမ်တံခါးလည်း ပိတ်ထားပါတယ်။ သူ့ဆီ ဖုန်းဆက်တော့ နောက်နေ့ အာချီနဲ့ အာချာ ညီအမကို သွားခေါ်ပေးမယ်ပြောတယ်။ နောက်တော့ သေပြီး ငါသွားရှာမယ်လို့ပြောပြီး သူ့ဖုန်းက ဆက်မရတော့ပါဘူး။” ဟု ကိုအာဖူက ပြောသည်။
ယင်းကိစ္စကို ကူညီဆောင်ရွက်ပေးနေသော စောတင့်နိုင်မှ မဲဆောက်မြို့ရဲစခန်းနှင့် ဆေးရုံများသို့ သွားရောက်စုံစမ်းပြီး ထိုင်း-မြန်မာနယ် စပ်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စ ကူညီဆောင်ရွက်ပေးသည့် BLC ၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့များသို့ အကူအညီ တောင်းခံထားကြောင်း သိရသည်။
ကိုအာဖူက “မလေးမှာရှိတဲ့ လူတွေကို ဆက်သွယ်တော့လည်း သူတို့ညီအစ်မ မရောက်လာသေးဘူးပြောတယ်။ မဲဆောက်မှာတော့ အမှု ဖွင့်ထားပြီးပါပြီ။ ဇူလိုင်လ ၅ရက်နေ့မှာ မြ၀တီမှာရှိတဲ့ လူကုန်ကူး တိုက်ဖျက်ရေးအဖွဲ့နဲ့သွားတွေ့ပြီး တိုင်ချက်ဖွင့်ပါမယ်။ ပွဲစားမမွန်နဲ့ လမ်းမှာပို့ပေးတဲ့ ကုလားအမျိုးသားတွေကိုလည်း လိုက်ရှာပြီးတွေ့မယ်လို့ စီစဉ်ထားပါတယ်။”ဟု ဆိုသည်။
အာချီနှင့် အာချာသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့မှနေ၍ ရန်ကုန်မြို့သို့ ရောက်လာကာ လူပွဲစားများ၏ ချိတ်ဆက်ပေးမှုဖြင့် မြ၀တီသို့ လာရောက်ကြခြင်းဖြစ်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရာတွင် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို ယခင်စောင့်ကြည့်အဆင့် ၃မှ အဆင့် ၂သို့ အမေရိကန်အစိုးရမှ တိုးမြှင့် အသိအမှတ်ပြုလိုက်ကြောင်း လူကုန်ကူးမှုဆိုင်ရာ နှစ်လည်အစီရင်ခံစာကို ကိုးကား၍ မြန်မာပြည်တွင်းထုတ် THE VOICE ဂျာနယ်တွင် ဇွန်လက ဖော်ပြထားသည်။
kicnews.org

ရှေ့ဆုံးတန်းဆိုနောက်တခါ...ဘယ်တော့မှမ၀ယ်တော့ဖူး၊


လှိုင်းကြက်ခွပ်လေးတွေဘောလုံးကွင်း ကပ်စပ်ကိုဖြတ်ကျော်ဖို့ကြိုးစားစဉ်...

မြန်မာကခြေစစ်ပွဲအောင်သလိုမလေးရှားကလည်းတမှတ်ထပ်ရပြီး၁၀မှတ်နဲ့အခြေအနေကောင်းနေပါသေးတယ်။



Watt Pauk...သူ့ရဲ့ အစွမ်းပြကာကွယ်မှုတွေကြောင့်မြန်မာအသင်းသက်သာသွားတာပါ... ပင်နယ်တီမှာတောင်အဆုံးဖြတ်မှန်မှန်နဲ့ ဖမ်းခဲ့ပါသေးတယ်... ကန်တဲ့လူက ဘောလုံးတစ်လုံးစာ စကေးနဲ့ကန်သွားလို့ ပါ... ပင်နယ်တီတော်တော်များများမှာ နာမည်ကြီးဂိုးသမားတွေပေးလိုက်ရသလို တောင်ကန်ရင်မြောက်ဖမ်းတဲ့ပုံစံမျိုးမဟုတ်ဘူး



အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား(အချို့)လွတ်

By Political Prisoner
 (၁) စောဝီလျှံ အင်းစိန် (၂) စောဖရန်စစ် အင်းစိန် (၃) အေးအေးနွယ်(ခ) အဲလီဇဘက် အင်းစိန် (၄) စောနိုင်ဝင်း အင်းစိန် (၅) မြင့်ကြိုင် အင်းစိန် (၆) ဇာနည်ဦး(ခ) ဇာဇာ အင်းစိန် (၇) မိုးသီး(ခ) အောင်မိုးဇော် အင်းစိန် (၈) အေးအောင် ကလေး (၉) အောင်အောင်ဦး ကသာ (၁၀) ဒေါက်တာကျော်ကျော် မြင်းခြံ (၁၁) ခွန်ကောရီယို မြင်းခြံ (၁၂) ပြည့်ဖြိုးအောင်(ခ)ပြည့်ဖြိုးမောင် ပြည် (၁၃) သန့်ဇော် သရက် (၁၄) အောင်နိုင် ဘားအံ (၁၅) မဦး ထားဝယ် (၁၆) ၀င်းလွင်(ခ) ၀င်းမြိုင် ထားဝယ် (၁၇) မ၀ါ ထားဝယ် (၁၈) အေးသိန်း(ခ) ရန်နိုင် အင်းစိန် (၁၉) ထွန်းမြတ်သူ အင်းစိန် (၂၀) ဇော်မင်းအောင် အင်းစိန် (၂၁) အန်ထော်နီ အင်းစိန် (၂၂) ဒေါ်ဝင်း ကော့သောင်း(၂၃) အောင်မိုးဦး ကသာ နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်းအရ သံဃာတော် ၂၈ ပါး လုံးလွတ်လာခဲ့ခြင်းမရှိသေးကြောင်းသိရပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲမှ လွတ်မြောက်လာသော အကျဉ်းသားများ၏ နေအိမ်များသို့လိုက်လံပို့ဆောင်ပေးခဲ့သည်။


Min Kyaw Khine
(၁) စောဝီလျှံ အင်းစိန် (၂) စောဖရန်စစ် အင်းစိန် (၃) အေးအေးနွယ်(ခ) အဲလီဇဘက် အင်းစိန် (၄) စောနိုင်ဝင်း အင်းစိန် (၅) မြင့်ကြိုင် အင်းစိန် (၆) ဇာနည်ဦး(ခ) ဇာဇာ အင်းစိန် (၇) မိုးသီး(ခ) အောင်မိုးဇော် အင်းစိန် (၈) အေးအောင် ကလေး (၉) အောင်အောင်ဦး ကသာ (၁၀) ဒေါက်တာကျော်ကျော် မြင်းခြံ (၁၁) ခွန်ကောရီယို မြင်းခြံ (၁၂) ပြည့်ဖြိုးအောင်(ခ)ပြည့်ဖြိုးမောင် ပြည် (၁၃) သန့်ဇော် သရက် (၁၄) အောင်နိုင် ဘားအံ (၁၅) မဦး ထားဝယ် (၁၆) ၀င်းလွင်(ခ) ၀င်းမြိုင် ထားဝယ် (၁၇) မ၀ါ ထားဝယ် (၁၈) အေးသိန်း(ခ) ရန်နိုင် အင်းစိန် (၁၉) ထွန်းမြတ်သူ အင်းစိန် (၂၀) ဇော်မင်းအောင် အင်းစိန် (၂၁) အန်ထော်နီ အင်းစိန် (၂၂) ဒေါ်ဝင်း ကော့သောင်း(၂၃) အောင်မိုးဦး [ 24] ဦးဝီရိယ (ခ)ခင်မောင်ဝင်း (မန္တလေး အကျဉ်းထောင်)

စစ်ကိုင်းတိုင်း၊ ခန္ဒီးအကျဉ်းထောင်မှ ၂၀၀၇ ရွှေဝါရောင် ရန်ကင်းရပ်ကွက်မှ ဦးညီပု လွတ်လာပါပြီ။


Photos by Burma VJ Media Network

Burma VJ Media Network
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတမှ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က)ဖြင့် အကျဉ်းထောင်အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ၉ ဦး စုစုပေါင်း ၄၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။ အင်းစိန်ထောင်မှ နံနက် ၉း၄၅ နာရီအချိန်တွင် နိုင်ငံရေးအကျဉ်းသား ကျား (၉) ဦး၊ မ (၂) ဦး ပြန်လည် လွတ်မြောက်လာခဲ့ပါသည်။ ယခုလက်ရှိ အင်းစိန်ထောင်တွင်း ဝမ်းရောဂါဖြစ်ပွားနေသည်ဟုလဲ သိရှိရပါသည် ။ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၉ ဦးက ၈၈ ကျောင်းသားများရုံးခန်းသို့ နံနက် ၁၁း၀၀ နာရီအချိန်တွင် သွားရောက်ခဲ့သည်ဟု သိရှိရပါသည်။ နိုင်ငံရေးအကျဉ်းသား ၉ ဦး၊ မ ၂ ဦး (၁) အောင်မိုးဇော် (ခ) မိုးသီး ASYC (၆ နှစ်) အသင်းအဖွဲ့ (၇)၊ ၁၃/၁ (၂) စောဝီလျံ (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၃) စောဖရန်စစ် (၃ နှစ်) ၁၇/၁ (၄) ကိုအေးသိန်း (ခ) ရန်နိုင် (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၅) ကိုထွန်းမြတ်သူ (၂၇ နှစ်) ၁၇/၁၊ ၂၄/၁၊ ၄၂၀၊ ၄၆၈ (၁၂ နှစ်နေသားရှိ) (၆) မဇာနည်ဦး (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၇) မအေးနွယ် (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၈) ကိုမြင့်ကြိုင် (၅ နှစ်) ၁၃/၁၊ ၁၇/၁ (၉) ကိုဇော်မင်းအောင် (၃ နှစ်) ၁၇/၁ ကျန်သည့် နိုင်ကျဉ်း ကျား ၂ ဦး နာမည်အား စုံစမ်းဆဲ၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ကျဉ်း အယောက် ၃၀ နီးပါး လွတ်မြောက်လာသည်ဟု သိရပါသည်။

လူ၁ယောက်သတ်ရင်၅သိန်း၇မှာ