Wednesday, July 4, 2012

လွှတ်တော်ဖွင့်ပွဲအများမထင်မှတ်ထားသည့်သမ္မတမိန့်ခွန်းပြော...

photo-facebook သမ္မတအသစ်ပြောသွားတာကတော့၂၀၁၅မတိုင်ခင်လူတွေမလုပ်ပေးနိုင်တဲ့အင်တာနက်အမြန်နူန်းရရှိလာအောင် သူ့အနေနဲ့ကြိုးစားဆောင်ရွက်ပေးပါ့မယ်လို့ကတိပေးပြောကြားသွားပါတယ်။တပ်မတော်သားတွေရဲ့အခုလိုတင်မြှောက် မှုဟာဖွဲ့စည်းပုံနဲ့မညီဖူးလို့လွှတ်တော်ဥက္ကဌကကန့်ကွက်လို့ကျမ်းသစ်စာကျိမ်ဆိုဖို့အခက်တွေ့နေပါတယ်။ ဒါပေမယ့်အွန်လိုင်းမဲဆန္ဒရှင်တွေကတော့အင်တာနက်အမြန်နူန်းရရှိလာဖြစ်တဲ့အတွက်အခုလိုသမ္မတအသစ်ကိုတင်မြှောက်တဲ့ တပ်မတော်သားတွေဖက်ကအပြည့်အ၀ထောက်ခံကြောင်းဖေ့ဘွတ်သတင်းရပ်ကွက်မှသိရသည်။

ယိုးဒယား2013 မှာ အိမ်ရှင်ဖြစ်ရင်တော့ ခြေစစ်ပွဲမအောင်လဲ ၀င်ကန်ရမှာပေါ့

Linn Yaung

ပိတ်ဆို့မှု လုံးဝရုပ်သိမ်းစေချင်ရင် လက်တွေ့ဆောင်ရွက်ပြဖို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေအားလုံး ဖယ်ရှားနိုင်ရေးအတွက် အခုလို ယာယီ ဆိုင်းငံ့ထားချိန်မှာ သက်ဆိုင်သူတွေက အောင်မြင်အောင် ဆောင်ရွက်ပြသနိုင်ဖို့ လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်က ရန်ကုန်မြို့ NLD ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ဥရောပ (၅) နိုင်ငံခရီးစဉ် အတွေ့ အကြုံ သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်း ပြောကြားနေစဉ်။

ရန်ကုန်မြို့ အန်အယ်ဒီပါတီ ရုံးချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ ဥရောပ (၅) နိုင်ငံခရီးစဉ် အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာက မိမိတို့ တိုင်းပြည်အပေါ် စေတနာရှိပါကြာင်း၊ အဲဒီစေတနာတွေ အကျိုးရှိလာအောင် မြန်မာနိုင်ငံဘက်က လုပ်ဆောင်ရမှာ ဖြစ်ကြောင်း စသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်က ပဋိပက္ခကို ရေတိုရေရှည် နည်းလမ်း နှစ်မျိုးနှင့် ဖြေရှင်းသွားရလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မတူညီတဲ့ လူမျိုးစုတွေအကြား ပြန်လည် သင့်မြတ်မှု ရရှိရေးအတွက် တရားဥပဒေ စိုးမိုးရေး နည်းလမ်းတွေနဲ့ ဖြေရှင်းသွားရမှာ ဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။
"ဒီရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ ခရီးစဉ်မှာလည်း ခဏ ခဏ မေးပါတယ်။ ကျွန်မကတော့ ဒီဟာနှစ်ပိုင်း စဉ်းစားရမယ်ပေါ့နော်။ တစ်ပိုင်းကတော့ ရေရှည်အတွက်ဆိုလို့ရှိရင် ဘာသာ မတူတဲ့၊ ယဉ်ကျေးမှုမတူတဲ့ အစုအဖွဲ့တွေကြားထဲမှာ အဆင်ပြေအောင် လုပ်ဖို့ဆိုတာ အချိန်ယူရတယ်ဆိုတာ ဒါကတော့ အားလုံး သိပြီးသား ကိစ္စပါ။ ဒါပေမဲ့ ရေတိုမှာတော့ ကျွန်မအမြင်မှာတော့ ကျွန်မတို့က ဒီဥပဒေ စိုးမိုရေးကို ရှေ့တန်းတင်တင်နေလို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို ကိစ္စတွေကြောင့်မို့လို့ ဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ရမယ်လို့ ကျွန်မတို့ မြင်တာပါ" အခုလို ရခိုင်ပြည်က ပြဿနာတွေ ဖြေရှင်းဖို့အတွက် ရခိုင်အဖွဲ့ အစည်းတွေနဲ့ လက်တွဲဆောင်ရွက် သွားမယ်လို့လည်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ရှင်းလင်းပွဲမှာပဲ မြန်မာနိုင်ငံကို "Burma" လို့ အင်္ဂလိပ် ဘာသာစကားနဲ့ ပြောဆို သုံးစွဲတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့  ဒီမိုကရေစီ ကျင့်စဉ် သဘောအရ သုံးစွဲတာ ဖြစ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက် န၀တ ခေတ်က ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကို မလေ့လာပဲ Burma လို့ အရင်ကတည်းက သုံးစွဲခဲ့တာကို Myanmar လို့ ပြောင်းခဲ့တာ ဖြစ်တယ်လို့ ပြော ပါတယ်။
ဆန္ဒခံယူပွဲလို မဟုတ်တောင်မှ အနည်းဆုံး ပြည်သူတွေရဲ့ သဘောထားကို လေ့လာပြီး ပြောင်းမှသာ... ဒီမိုကရေစီ သဘောထားကို လေးစားရာ ကျလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
http://www.rfa.org/burmese/news/assk-press-conference-07032012075257.html

ဗကသများအဖွဲ့ ချုပ်မှ ပြုလုပ်မည့် 7 July နှစ်(၅၀)ပြည့် နေရာပြောင်းရွှေ့ကျင်းပ ပါမည်

 
Thit Moe
ဗကသများအဖွဲ့ ချုပ်မှ ပြုလုပ်မည့် 7 July နှစ်(၅၀)ပြည့် အခမ်းအနား အား ယခင် တော်ဝင်နှင်းဆီ ခန်းမ တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်း နေရာသို့ ပြောင်းရွှေ့ကျင်းပ ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ရက်စွဲ။ ။၇-၇-၂၀၁၂
အချိန်။ ။၉း၀၀-မှ-၁၂း၀၀
နေရာ။ ။၂၈၄/က ၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း ၊သင်္ဃန်းကျွန်းမြို့ နယ်။ရန်ကုန်တိုင်းဒေသကြီး။

ဒုတိယ သမ္မတ နုတ်ထွက်


2012-07-04 ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။


Photo courtesy of Eye Press News
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး တက်ရောက်နေစဉ်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးသည် ၄င်း၏ ကျန်းမာရေး အခြေအနေအရ ဆန္ဒအလျောက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ ဒုတိယ သမ္မတ ရာထူးတာဝန်မှ နုတ်ထွက်ပါကြောင်း" ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင် ဧပြီလ ၁၈ ရက်နေ့မှ စတင်ကာ မေလ ၁၄ ရက်နေ့အထိ ဆေးကုသမှု ခံယူခဲ့ပြီး ပြန်လည် သက်သာလာခြင်း မရှိတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့အထိ ၎င်းရဲ့နေအိမ်မှာ အနားယူနေခဲ့တယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သူဟာ ရေရှည်ဆေးဝါးကုသဖို့ လိုအပ်တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဒုတိယ သမ္မတ အဖြစ်က နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခြင်း ခံရသူဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့ရဲ့နေရာကို စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့က ခုနှစ်ရက်အတွင်း ရွေးချယ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောပါတယ်။
"လစ်လပ်သွားသော ဒုတိယ သမ္မတရာထူးနေရာတွင် ဖြည့်စွက်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေ ၂၄၊ ၂၅ နှင့်အညီ ဒုတိယ သမ္မတ တစ်ဦးအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက် (အင်္ဂါနေ့) နောက်ဆုံးထား ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သတ်မှတ် အရည်အချင်းများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည့် ကိုယ်ရေး အချက်အလက်များနှင့်အတူ ဒုတိယ သမ္မတ အမည်စာရင်းကို နာယကထံ တင်ပြရန် ဖြစ်ကြောင်း ညွန်ကြားပါတယ်" အသစ်ရွေးချယ် တင်မြှောက်မဲ့ ဒုတိယ သမ္မတဟာ ပြည်သူအများ ယုံကြည်အားထားမှုရှိပြီး တိုင်းပြည် အေးချမ်းသာယာရေး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သူမျိုး ဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ဒီစီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်ကို အကုန်လုံး လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးလုံးနဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်တဲ့ လမ်းကြောင်းကို ရှာနိုင်တဲ့ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်ပေးနိုင်တယ် ဆိုလို့ရှိရင် ငြိမ်းချမ်းမှု ဖော်ဆောင်တဲ့ ကဏ္ဍမှာလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ထဲမှာလည်း ကျေနပ်နှစ်သိမ့်သွားနိုင်ပါတယ်။ ပြည်သူ ပြည်သားတွေရဲ့ ရင်ထဲမှာလည်း ဝမ်းပန်းတသာ ကြိုဆိုကြမှာ ဖြစ်သလို နိုင်ငံရေးပါတီ အားလုံးကလည်းပဲ သမ္မတကြီး သွားနေတဲ့ လမ်းကြောင်း ဖြောင့်ဖြူးနိုင်ဖို့အတွက် တပ်မတော်သားတွေ ကိုယ်နှိုက်ကိုက ရွေးပေးတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ ကျွန်တော်တို့ အကုန်လုံး ဝမ်းပန်းတသာ ကြိုဆိုကြရမဲ့ အဖြစ်မျိုး ဖြစ်အောင် ပုံဖော်နိုင်မဲ့ ဒီမြင်ကွင်းမျိုး ဖြစ်ဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်" လစ်လပ်နေပြီဖြစ်တဲ့ ဒုတိယ သမ္မတ နေရာအတွက် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့  အမှတ် ၂ စက်မှု ဝန်ကြီး ဦးစိုးသိန်းတို့ကို ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ ဝန်ကြီးနေရာတွေကို အစားထိုး ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ဖို့ရှိပြီး သဘောထား တင်းမာသူတွေအဖြစ် သတ်မှတ်ခံနေရတဲ့ ဝန်ကြီး ၃ ဦးကို ဖယ်ရှားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
http://www.rfa.org/burmese/news/vice-president-resign-07042012090433.html

သဗ္ဗေသတ္တာကံမ္မတကာ

နေပြည်တော်က ဘုန်းကြီးကျောင်းတွေကို စည်ပင်က မီးရှို့

2012-07-04
နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
"မနေ့ကနေပြီးတော့ ကျောင်းနှစ်ကျောင်း မီးရှို့လိုက်တယ်။ ပြီးတော့ တစ်ကျောင်းကတော့ သူက ၄၂ သိန်းပေးပြီးတော့ ဖျက်ဆီးလိုက်တာပေါ့။ အဲတာကို ဓမ္မဒီပကျောင်းက သူကဖျက်ဆီးလိုက်တယ်။ ကျန်တဲ့သစ်တွေကို ရွှေနံ့သာကို သွားပို့ပေးလိုက်တယ်" ကျောင်းတွေ ဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန် နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရသီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
"ရန်ကုန် မန္တလေး အဝေးပြေးလမ်းနဲ့ နေပြည်တော် မြို့ပတ်လမ်းတဝိုက်နဲ့ မလွတ်ကင်းတဲ့ ဘုန်းကြီးကျောင်းတွေ ပေါ့လေ၊ ဖျက်ခိုင်းနေတော့ ကျောင်းပေါင်းက ၃၀ ကျော်တယ်၊ စာရင်းပေါက်တာ။ အဲဒီထဲမှာက ကျွန်တော် ဥတ္တရသီရိက ကျောင်းပေါင်း ၂၀ ကျော်ပါတယ်။ အဲတာကို မနက်ဖြန်ပေါ့လေ၊ ၅ ရက်နေ့ နောက်ဆုံးထားပြီးမှ ဖျက်မဖျက် အကြောင်းပြန်ဖို့ နေပြည်တော်ကောင်စီ စည်ပင်သာယာရေးကော်မတီ စီမံရေးရာဋ္ဌာနက အကြောင်းကြားတယ်တဲ့၊ ဘုန်းကြီးကျောင်းတွေကို" ဖျက်ရမယ့် ညွှန်ကြားခံရတဲ့ ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝမရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို ကျောင်း ၉ ကျောင်းက အကြောင်းမပြန်ဘူးလို့ သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုး ပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့် သဘောထားရှိတယ်လို့ သိရပါတယ်။
ဘုန်းကြီးကျောင်းတွေ ဖျက်ဖို့ ညွှန်ကြားထားတဲ့ နေပြည်တော် စည်ပင်သာယာဋ္ဌာနကတော့ ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျ လျှောက်ထား ပန်ကြားတာ မရှိသေးဘူးလို့ သိရပါတယ်။
http://www.rfa.org/burmese/news/nay-pyi-taw-monastery-07042012103031.html
ဘလီနှစ်ခုလောက်ပဲစည်ပင်သာယာက ဖျက်မိန့်ပို့ပြီးတစ်ခုမီးရှို့ပြပါ။မီးရှို့ခံရတဲ့ဗလီအတွက်သိန်း၅၀ရဲရင့်ငယ်ပေးပါ့မယ်။