Thursday, July 5, 2012
ဒုက္ခသည်များ ပြန်ပို့ရေး မရေရာ
July 3, 2012 at 7:46 am
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည်များကို ပြန်လည် လက်ခံရန်
မူအားဖြင့် သဘောတူညီခဲ့သော်လည်း ဒုက္ခသည်များကို မြန်မာနိုင်ငံသို့
ပြန်ပို့ရေးမှာ မရေရာ မသေချာဘဲ ဖြစ်နေကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။
ဇူလိုင်လ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ပြုလုပ်ခဲ့သော မြန်မာ-ဘင်္ဂလာ
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးအဆင့် ပြုလုပ်ခဲ့သော
ဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိနေသော မြန်မာ
နိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များကို ပြန်လည် လက်ခံရန် မူအားဖြင့်
သဘောတူညီခဲ့သည်။
အဆိုပါ သဘောတူညီမူ အရ မြန်မာဘက်က ဒုက္ခသည်များကို ပြန်လည် လက်ခံမည်
ဖြစ်သော်လည်း မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေ အထောက်အထား ခိုင်လုံစွာ
တင်ပြနိုင်မှ လက်ခံမည် ဖြစ်ကြောင်း မြန်မာ ကိုယ်စားလှယ်များက
ပြောကြားခဲ့သည်ဟု ဆိုသည်။
၎င်းပြင် လက်ရှိ အခြေအနေတွင် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော ဆူပူ
အကြမ်းဖက်မူများကြောင့် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိနေသော ဒုက္ခသည်များကို
လောလောဆယ်တွင် လက်ခံနိုင်အုံးမည် မဟုတ်ကြောင်း မြန်မာဘက်က ပြောဆိုခဲ့သည်ဟု
ဘင်္ဂလာဒေခ်ျ့ အရာရှိများက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိနေသော မြန်မာမှ မွတ်ဆလင် ဒုက္ခသည် အရေအတွက်မှာ
ယူအန် အသိအမှတ်ပြု စခန်း (၂) ခုတွင် ၂၉၀၀၀ ခန့်ရှိပြီး စခန်းပြင်ပတွင်
အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ နေထိုင်သူ သုံးသိန်းခန့်ရှိကြောင်း ဘင်္ဂလာ
အရာရှိများက ပြောသည်။
မြန်မာ အနေဖြင့် ယူအန် အသိအမှတ်ပြု ဒုက္ခသည် ၂၉၀၀၀ထဲက ၉၀၉၅ ဦးကို
မြန်မာနိုင်ငံသားများ ဖြစ်သဖြင့် ပြန်လည် လက်ခံရန် ၂၀၀၅ ခုနှစ်က
သဘောတူညီခဲ့ပြီး ကျန်အထဲမှ ၂၄၁၅ ဦးကိုလည်း ၂၀၀၉ ခုနှစ်တွင်
မြန်မာနိုင်ငံသား ဖြစ်သဖြင့် ပြန်လည် လက်ခံရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ရန် အားနည်းမူကြောင့် ဒုက္ခသည်များကို ပြန်ပို့နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
မြန်မာ အနေဖြင့် ကျန်ရှိနေသေးသော ဒုက္ခသည်များကို ပြန်လည် လက်ခံရန်
အစည်းအဝေးတိုင်းတွင် ဂတိပြု ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ
ယူဆောင်ခြင်း မရှိကြောင်းသိရသည်။
နာယာပါရာနှင့် ကူတော့ ပလောင် ဒုက္ခသည် စခန်း (၂) ခုတွင် နေထိုင်သူများမှာ ၁၉၉၂ ခုနှစ်ကတည်းကပင် ရောက်ရှိလာခဲ့သူများ ဖြစ်ကြဟု ဆိုသည်။
ယခု ပြုလုပ်သော နှိုင်ငံခြားရေး ဒုဝန်ကြီး အဆင့် ဆွေးနွေးပွဲတွင်
မြန်မာဘက်မှ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်သော ၆
ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ နိုင်ငံခြားရေး
ဝန်ကြီးဌာန အတွင်းဝင် မီဇရုလ် ကွာယက် ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦး
အဖွဲ့ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပုံမှန် ဆွေးနွေးနေကျ ဖြစ်သည့် လမ်းတံတား ဖေါက်လုပ်ရေး
ကိစ္စ၊ ကုန်သွယ် မြှင့်တင်ရေး ကိစ္စ၊ ရေကြောင်းလိုင်း လေကြောင်းလိုင်း
ဖွင့်လှစ်ရေး ကိစ္စ၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊
စွမ်းအင်နှင့် ရေအားလျှပ်စစ် ၀ယ်ယူရေး ကိစ္စများကို အဓိကထား
ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=1075
ယူအန် အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ ရခိုင်မြောက်ပိုင်းတွင် ပြန်လည် အခြေစိုက်မည်ကို ဒေသခံ တိုင်းရင်းသားများ အလိုမရှိ
July 4, 2012 at 5:48 pm
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်
မြို့နယ်များတွင် ယူအန် အဖွဲ့အစည်းများနှင့် တခြားနိုင်ငံခြား အန်ဂျီအို
အဖွဲ့အစည်းများ ပြန်လည် အခြေစိုက်မည်ကို ဒေသခံ ရခိုင်တိုင်းရင်းသား
အများစုက မလိုလားကြောင်း နိရဉ္စရာသို့ စာအားဖြင့် ဖြစ်စေ၊ နှုတ် အားဖြင့်
ဖြစ်စေ ပေးပို့ရာ တွင် ဒေသခံများက ဖေါ်ပြကြသည်။
ယခုကဲ့သို့ မလိုလားကြောင်းမှာ ယူအန် အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ
အနေဖြင့် ဒေသခံ တိုင်း ရင်းသားများအား ခွဲခြား ဆက်ဆံသည့် အပြင် ယခု
အကြမ်းဖက် ဆူပူတွင် အန်ဂျီအို ၀န်ထမ်း တချို့ နောက်ကွယ်မှ ပါဝင် ပတ်သက်မူ
ရှိနေ၍ ဖြစ်သည်ဟု မောင်တော ဒေသခံ တစ်ဦးက ပြော ကြားသည်။
“ အခု ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မူမှာ အန်ဂျီအို တချို့က ၀န်ထမ်းတွေ
ပါဝင်ပတ်သက်မူ ရှိနေ တယ်။ ဒါကြောင့် အာဏာပိုင်တွေက ဖမ်းဆီး
ထိန်းသိမ်းခဲ့ရပါတယ်။ သူတို့က ဘယ်လို ပါဝင်ပတ် သက်နေသလဲ ဆိုရင် အင်တာနက်
အီးမေးလ်တွေက တဆင့် တောင်ကုတ်က မမှန်တဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို ယူပြီး
ဒေသခံ မွတ်လင်တွေကို ခုလို ဆူပူမူ ဖြစ်အောင် ဖြန့်ဝေတယ်။ အားပေး
အားမြှောက်လုပ်တယ်။ ဒါကြောင့် ခုလို ဆူပူတွေ ဖြစ်လာ ဖြစ်တယ်” ဟု မောင်တော
ဒေသခံက ပြောသည်။
တစ်ဘက်နိုင်ငံရှိ တရားမ၀င် အဖွဲ့အစည်းများနှင့် တချို့ ၀န်ထမ်းများမှာ
ဆက်နွယ်ပတ်သက်မူ ရှိနေကြောင်း တာဝန်ရှိသူများက သံသယ ရှိနေသည်ဟု သူက
ပြောကြားသည်။
၎င်းပြင် ယူအန် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အန်ဂျီအိုများသည် မြန်မာ
အစိုးရအား လူ့အခွင့်အရေး ချိုးဖေါက်ပြီး ခွဲခြားဆက်ဆံမူ ရှိနေသည်ဟု
စွပ်စွဲပြီး တဘက်တွင် သူတို့ကိုယ်တိုင်က ခွဲခြား ဆက် ဆံမူများ
ကျင့်သုံးနေသည်ဟု ဒေသခံများက ပြောပြသည်။
“ ပြောရမယ်ဆိုရင်- ယူအန်နဲ့ နိုင်ငံခြား အန်ဂျီအိုတွေက
အလုပ်ခေါ်တယ်ဆိုပါတော့။ သွားလျှောက် ရင် အရည်အချင်းသာပေမယ့်
ရခိုင်တိုင်းရင်းသားတွေကို အလုပ်မခန့်ဘူး။ သူတို့က ဘင်္ဂလီတွေ ကိုဘဲ
ခန့်တယ်။ ဒါ့ပြင် ရခိုင်တိုင်းရင်းသားတွေကို စားစရာ မရှိပေမယ့် သူတို့က
မထောက်ပံ့ဘူး။ ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်။ ရွာတစ်ရွာတည်းမှာ အတူနေပေမယ့်
ရခိုင်သားတွေကို မထောက် ပံ့ဘူး။ သူတို့က ဒီလို ခွဲခြား ဆက်ဆံမူတွေ ဒီလို
လုပ်ထားတာ ဖြစ်တယ်” ဟု တခြား ဒေသခံ တစ်ဦးကလည်း ဖုံးမှ တဆင့် နိရဉ္စရာသို့
ပြောသည်။
၎င်းပြင် ယူအန် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အန်ဂျီအိုများတွင် တာဝန်
ထမ်းဆောင်သူ ဒေသ အတွင်းက အရာရှိ အများစုသည် အဆိုပါ နိုင်ငံခြား
အဖွဲ့အစည်းများ၏ အဆောင်အယောင်များကို အသုံးပြုပြီး ဒေသခံ တိုင်းရင်းသားများ
အပေါ် စော်ကားခြင်း၊ မောက်မောက်စွာ ဆက်ဆံခြင်း၊ မထီမဲ့မြင် ပြုခြင်း၊
အဖက်မတန်သလို ဆက်ဆံခြင်းများကို အစဉ်အမြဲ ပြုလုပ်ခဲ့သည် ဟု ဒေသခံ များက
ပြောသည်။
ယခုကဲ့သို့ ပြုမူခြင်းများသည် ဒေသခံများ၏ မကျေနပ်မူကို ပိုမို
ကြီးထွားစေပြီ ဒေသအတွင်း လူမျိုးရေး ပတိပက္ခကို ပိုမို ဖြစ်စေသည်ဟု လူမူရေး
လုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
“ ရခိုင်တိုင်းရင်းသားတွေလည်း အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မူကို
အကြီးအကျယ် ခံနေကြရတယ်။ အဲသ လို အခြေအနေမျိုးမှာ တစ်ခါ နိုင်ငံခြားကလာတဲ့
ယူအန် အဖွဲ့အစည်းတွေ၊ နိုင်ငံခြား အန်ဂျီအို တွေက လည်း သူတို့ အပေါ်
ခွဲခြား ဆက်ဆံတော့ ပိုပြီး မကျေနပ်မူက တိုးပွားလာတယ်။ အဲသလို မကျေ
နပ်မူတွေဟာ ဘယ်သူ့ဆီကို ရောက်သွားသလဲဆိုတော ဒေသအတွင်းမှာနေတဲ့ ဘင်္ဂလီတွေ
ဆီကို ရောက်သွားတယ်။ ဖိနှိပ်ခံနေရချင်း အတူတူ ဒီလို နိုင်ငံခြား
အန်ဂျီအိုတွေကပါ ခွဲခြား ဆက်ဆံ မူကို ခံရတာဟာ သူတို့ကြောင့်ဆိုပြီး
မျက်မုန်းကျိုးပြီး ရန်ငြိုးတွေ ထားလာတယ်။ ဒီလို အန်ဂျီအိုတွေ ရဲ့
ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာ အပေါ်မှာ သေချာ မလေ့လာဘဲ တဖက်စောင်းနင်း
လုပ်တဲ့ အတွက် ခုလို မုန်းတီးမူတွေ၊ ရန်လိုမူတွေ ပိုမို ကြီးထွားလာတာ
ဖြစ်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်မိပါတယ်” ဟု ပြောသည်။
ယူအန် အဖွဲ့အစည်းများ နိုင်ငံခြား အန်ဂျီအိုများသည် လူမျိုး နှစ်မျိုး
အကြားတွင် တဘက်ကို အထူး ဦးစားပေး ဆက်ဆံပြီး တခြား တဘက်ကို
မျက်ကွယ်ပြုထားသဖြင့် လူမျိုးနှစ်မျိုးအကြားတွင် သဟဇာတ မဖြစ်ဘဲ တစ်ဘက်နှင့်
တဘက်အကြားတွင် ပိုပြီး အမြင်စောင်းလာကာ ပဋိပက္ခကို ပိုမို
ကြီးထွားလာစေသည်ဟု သူက ဆက်ပြောသည်။
၎င်းပြင် နိုင်ငံခြားမှ လာရောက် လုပ်ကိုင်နေသော ဆေးဘက်ဆိုင်ရာ အန်ဂျီအို
အများစုသည် လည်း ဒေသခံ တိုင်းရင်းသားများထက် ဘင်္ဂလီ လူမျိုးများအား ပိုမို၍
ကျန်း မာရေး စောင့်ရှောက်ပေးပြီး ခွဲခြားဆက်ဆံမူများကို အကြီး အကျယ်
ပြုလုပ်နေ သည်ဟု ဒေသခံများ က စွပ်စွဲ ပြောဆိုသည်။
ယခုကဲ့သို့ ယူအန် အဖွဲ့အစည်းများ အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ
အနေဖြင့် ဒေသခံ တိုင်းရင်းသားများ အပေါ် ခွဲခြား ဆက်ဆံမူများ
ပြုလုပ်ထားသဖြင့် ယခု ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားစဉ် သူတို့၏ လုံခြုံရေးကို
စိတ်မချ စိုးရိမ်ရာမှ သူတို့၏ ၀န်ထမ်းများကို အမြန်ဆုံး ရခိုင်ပြည်နယ်ထဲမှ
ရုတ်သိမ်းကာ ရန်ကုန်သို့ ရွှေ့ပြောင်းသွားကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ ယူအန် လက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံခြား
အန်ဂျီအိုများ လက်ရှိ ဆူပူ အကြမ်း ဖက်မူကြောင့် ထွက်ပြေးခဲ့ကြရသော
ဒုက္ခသည်များ အရေးကို အကြောင်းပြကာ ရခိုင်ပြည် နယ်သို့ ပြန်လည်
ဝင်ရောက်လာသော်လည်း သူတို့၏ အကူအညီ အပေါ် ဒေသခံ တိုင်းရင်း သားများက
အထူးမျှော်လင့်ချက် မထားကြောင်း သိရသည်။
မောင်တောမြို့ အလိုတော်ပြည့်ကျောင်းထိုင်ဆရာတော်မှ သူ့ကျောင်းရှိ
ဒုက္ခသည်များအတွက် နိုင်ငံခြား အန်ဂျီအိုများမှ လှူဒါန်းသော အကူအညီများကို
လက်မခံကြောင်းကို မြန်မာ အစိုးရ အရာ ရှိများနှင့် နိုင်ငံခြား အန်ဂျီအို
တချို့ လာရောက် အကူအညီများ လှူဒါန်းစဉ် တရားဝင် ထုတ်ဖေါ် ပြောကြားသည်ဟု
သိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြား အန်ဂျီအိုများ အပေါ် ဒေသခံ
တိုင်းရင်းသားများက မည်မျှ နာကျည်းနေသည်ကို ပေါ်လွှင်စေသည်ဟု ဒေသခံ တစ်ဦးက
ပြောသည်။
ယခုတစ်ကြိမ်တွင်လည်း ယူအန် အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများသည် သူတို့
ပေါ်လစီကို အပြောင်းအလဲ မလုပ်ဘဲ ဒေသခံ တိုင်းရင်းသားများ အပေါ် ယခင်ကကဲသို့
ခွဲခြား ဆက်ဆံ လာမည်ဆိုပါက ဒေသခံ တိုင်းရင်းသားများ၏ မကျေနပ်မူများသည်
သူတို့ဆီသို့ ဦးတည် သွားနိုင်ဖွယ် ရှိကြောင်း အများက ထင်မြင် ယူဆနေကြဟု
သိရသည်။
July 4, 2012 at 9:46 pm
နိုင်ငံခြား အန်ဂျီအိုများ အကူအညီ ဒေသခံ တိုင်းရင်းသားများ ငြင်းပယ်
မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်း(၇)
ခုသည် နိုင်ငံခြား အန်ဂျီအိုများမှ လာရောက် လှူဒါန်းသော အကူအညီများကို
လက်မခံဘဲ ငြင်းပယ်လိုက်သည်ဟု သတင်း ရရှိသည်။
မောင်တောမြို့ဒုက္ခသည်စခန်းတခုမှ မြင်ကွင်း
ယခုကဲ့သို့ ငြင်းပယ်ရခြင်းမှာ မရိုးသားမူများ ရှိနေ၍ ဖြစ်ကြောင်း
ဒုက္ခသည်များ အဓိက ခိုလုံရာ နေရာ ဖြစ်သည့် အလိုတော်ပြည့်ကျောင်း ဆရာတော်က
မိန့်ကြားသည်။
“ သူတို့ရဲ့ လူသားချင်း စာနာထောက်ထားခြင်း အားဖြင့် လူမျိုးမရွေး
ဘာသာမရွေး ကူညီထောက်ပံ့ခြင်းဆိုတဲ့ ခေါင်းစီးစာတန်းကိုတော့ လေးစားပါတယ်။
ဒါပေမယ့် အဲဒီစာတန်းရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေတယ်။
ဘာဖြစ်လို့တုန်း ဆိုတော့ ခေတ် အဆက် ဆက်မှာ ဒီဒေသမှာရှိတဲ့
ငါတို့တိုင်းရင်းသားတွေကို ဒီနိုင်ငံခြားက အဖွဲ့အစည်းတွေ
ကူညီထောက်ပံ့ခဲ့တယ်ဆိုတာ လက်ညှိုး ထိုးပြစရာ မရှိဘူး။ သူတို့အဖွဲ့အစည်းတွေက
ဒီမှာရှိတဲ့ မူဆလင် ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်” ဟု ဆရာတော်က ပြောသည်။
နိုင်ငံခြား အန်ဂျီအို သုံးခုသည် ဇူလိုင်လ ၃ ရက်နေ့က
မောင်တောမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လာရောက်ပြီး အကူအညီပေးစဉ်
ထိုသို့ ငြင်းပယ်ခံရခြင်း ဖြစ်သည်။
“ သူတို့က ဒီဒေသမှာ ဆန်ပေးတယ်။ ကျန်းမာရေးအခမဲ့ ပညာရေး အခမဲ့ ဒါတွေကို
ဆောင်ရွက်ပေးတယ်။ တို့တိုင်းရင်းသားတွေ အတွက် မဟုတ်ဘူး။ သူတို့က တို့တွေ
အတွက် ဘာမှလုပ်ပေးခဲ့ တာမရှိဘူး။ မူဆလင် ရွာတွေမှာ လမ်းဖောက်ပေးတယ်။
ရေတွင်းတူးပေးတယ်။ ရေကန်ဖော်ပေးတယ်။ တို့တိုင်းရင်းသား ရွာတွေမှာ
ဘာမှမရှိဘူး။ အဲသလို အခြေအနေမျိုးမှာ အခုတော့ အေးချမ်းစွာ
လုပ်ကိုင်စားသောက်နေတဲ့ တို့ရင်းသားတွေကို ဒီအန်ဂျီအိုတွေ အားကိုးနဲ့
အကြမ်းဖက်ခြင်းခံရတယ်။ သာမန် အားဖြင့်ကြည့်ရင် ရခိုင်နဲ့ ကုလား
အဓိကရုဏ်းဖြစ်တယ်လို့ မြင်နိုင်တယ်။ ဒီထက်လေးနက်တဲ့ အပိုင်းက
နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိပါးတာဖြစ်တယ်” ဟု ဆရာတော်က ပြောသည်။
“ အဲဒါကြောင့်မို့ မင်းတို့ ထောက်ပံ့တဲ့ ပစ္စည်းတွေကို ငါတို့မလိုအပ်ဘူး၊
မင်းတို့ မလာပါနဲ့လို့ ပြောလိုက်တယ်။ တို့လူမျိုးတွေက သူများကို
အားကိုးတဲ့လူမျိုး မဟုတ်ဘူး။ ဒီလိုဘဲ ပြောပြီး သူတို့ကို ကျောင်းထဲက
လွှတ်လိုက်တယ်” ဟု ဆရာတော်က ဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့တွင်လည်း မာတေဇာ အပါအ၀င် အန်ဂျီအို တချို့ တခြား
ဒုက္ခသည်စခန်းများသို့ သွားရောက် လှူဒါန်းရာတွင်လည်း ယခုကဲ့သို့
ငြင်းပယ်ခံရသည်ဟု ဆိုသည်။
“ နိုင်ငံခြား အန်ဂျီအိုတွေက ဆရာဝန်ကြီးတွေနဲ့ အတူ ပစ္စည်းတွေလှူဖို့
လာတယ်။ တစ်နေရာကလည်း လက်မခံဘူး။ ပြန်လွတ်လိုက်တယ်။ အင်္ဂလိပ်တယောက်လည်း
ပါတယ်။ သူတို့ ဒီနေ့ ညနေ ၂ နာရီလောက်မှ မြို့ထဲက ပြန်သွားတယ်” ဟု
မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
ယခု မောင်တောမြို့နယ် အကြမ်းဖက်မူတွင် နိုင်ငံခြား အန်ဂျီအိုများမှ
ဒေသခံ ၀န်ထမ်းများ နောက်ကွယ်က ပါဝင်နေသည်ဆိုသော သတင်းများ
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ နိုင်ငံခြား အန်ဂျီအိုများ အပေါ်
ဒေသခံ တိုင်းရင်းသားများက အထူး မကျေနပ်မူများ တိုးပွားနေသည်ဟု သိရသည်။
၎င်းပြင် ယူအန် လက်အောက်ခံ အဖွဲ့များနှင့် နိုင်ငံခြား အန်ဂျီအိုများသည်
ဒေသခံ ရခိုင်တိုင်းရင်းသားများ အပေါ် ဆယ်စုနှစ်နှင့် ချီပြီး ခွဲခြား
ဆက်ဆံမူများ ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
July 2, 2012 at 10:34 am
လုံခြုံရေး ၅ ဆ တိုးမြှင့် ပေးမည်ဟု ဆိုသော်လည်း ဒေသခံ ရခိုင်တိုင်းရင်းသားများ ယုံကြည်မူ မရှိ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ဒေသခံ
ရခိုင်တိုင်းရင်းသားများ အနေဖြင့် အစိုးရ တာဝန်ရှိသူများမှ လုံခြုံရေးကို
ယခင်ကထက် (၅) ဆခန့် တိုးမြှင့်ပေးမည်ဟု ဆိုသော်လည်း ယုံကြည်မူ မရှိ
ဖြစ်နေကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။
“ မကြာခင်က မောင်တောမှာ မီးရှို့၊ လူသတ်တာတွေကို အကြမ်းဖက်သမားတွေ
ကျူးလွန်သွားခဲ့တာဟာ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ မျက်စိ
ရှေ့ထက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ထိထိရောက်ရောက် ၀င်မတားခဲ့ပါဘူး။
ဒါ့ပြင် အခုအချိန်အခါမှာလည်း တချို့အာဏာပိုင်တွေဟာ လာဒ်ငွေတွေ ယူပြီး
ဖမ်းရမယ့်သူကို မဖမ်း၊ မဖမ်းသင့်တဲ့ သူကို ဖမ်း ဒီလို လုပ်နေတဲ့ အတွက်
သူတို့က လုံခြုံရေးကို တိုးမြှင့် ပေးမယ်ဆိုပေမယ့် မယုံကြည်ရဲဘဲ
ဖြစ်နေကြပါတယ်” ဟု အမည် မဖေါ်လိုသူ မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
အခုအခါ မောင်တောမြို့နယ် အတွင်း တာဝန်ကျသူ တစ်ချို့ အရာရှိများ၏
ဖေါက်ပြန်မူကြောင့် အခြေအနေမှာ မတည်ငြိမ်ဘဲ ပိုမို ဆိုးရွားလာမည်ကို
လူအများက စိုးရိမ်နေကြောင်း သူက ဆက်ပြောသည်။
“ အခုက ဘယ်လို ဖြစ်နေလဲဆိုတော့ တချို့ စစ်ဗိုလ်တွေဟာ အကြမ်းဖက်သမားတွေဆီက ပိုက် ဆံတွေယူပြီး သူတို့နဲ့ ပေါင်းနေတယ်။ ပီးရင် ဒေသခံ ဗုဒ္ဓ္ဓဘာသာဝင်တွေကို
ဖမ်းဆီးရိုက်နက် တာတွေတောင် ပြုလုပ်တာ ရှိနေပါတယ်။
ခရေမြိုင်ကျေးရွာမှာဆိုရင် ရွာသားတွေကို အကြမ်းဖက်တဲ့ ကုလားတွေက
တိုက်ပေးတဲ့ အတွက် သစ်ခိုးတယ်၊ နွားခိုးတယ်ဆိုပြီး စွပ်စွဲ
ဖမ်းဆီးရိုက်နှက် တာတွေလည်း ရှိပါတယ်” ဟု သူက ပြောသည်။
ယခုကဲ့သို့ တာဝန်ကျ အရာရှိများက လာဒ်ငွေများ ယူပြီး မတော်မတရား
လုပ်နေခြင်းကို မောင်တောမြို့ပေါ်ရှိ စရဖနှင့် တခြား စစ်ဘက်ဆိုင်ရာ အထက်
အရာရှိကြီးများကို သွားရောက်တိုင်ကြားသော်လည်း အရေးယူမူ တစ်စုံတစ်ရာ
မရှိဘဲ အကြမ်းဖက်သူများကို အရေးယူပေးမည်ဟုသာ ပြောကြောင်း ဒေသခံက ပြောသည်။
ခရေမြိုင်ကျေးရွာတွင် တာဝန်ကျနေသော စစ်အရာရှိသည် အကြမ်းဖက်သမားများမှ
လက်ဆောင်ပေးသော ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးများကို ခါးတွင်ချိတ်ကာ ဒေသခံများ
အပေါ် အနိုင်ကျင့်နေသည်မှာ အထူးစက်ရှုပ် ရွံရှာဖွယ်ကောင်းကြောင်း မျက်မြင်
ရွာသားများက ပြောသည်။
ယခုကဲ့သို့ တာဝန်ကျ စစ်ဘက်ဆိုင်ရာ အရာရှိများမှ တိုင်းပြည်
နိုင်ငံအရေးကို မကြည့်ဘဲ လာဒ်ငွေများ ယူကာ မိမိကိုယ်ကျိုးအတွက်
ဆောင်ရွက်နေသဖြင့် မောင်တောဒေသတွင် ရခိုင်တိုင်းရင်းသားများ ဆက်လက်
နေထိုင်ရန်မှာ မလွယ်ကူနိုင်တော့ကြောင်း ဒေသခံ အများစုက နိရဉ္စရာသို့
ပြောသည်။
မောင်တောမြို့နယ်တွင် ရှိနေသော ရခိုင်တိုင်းရင်းသားများမှာ လာဒ်ပေး
လာဒ်ယူမူ ပြုလုပ်နေသော စစ် ဘက်ဆိုင်ရာ အရာရှိများနှင့် ဆူပူ အကြမ်းဖက်မူ
ပြုလုပ်လိုသော မသမာသူများ အကြားတွင် အထူး ဘေးကျပ်နံကျပ် အခြေအနေသို့
ရောက်ရှိနေကြောင်း သိရသည်။
မောင်တောမြို့နယ်ရှိ ငွေကြေး တစ်ခုတည်းကိုသာ ကြည့်နေသော လုံခြုံရေး
တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာမှ အချိန်မှီ အရး မယူနိုင်ပါက ယခု
ဖြစ်ပေါ်နေသော ဆူပူမူများမှာ ဆက်လက် ပေါ်ပေါက်လာအုံးမည့် အပြင်
မောင်တောမြို့နယ်မှာလည်း ယခုထက် ဆိုးရွားသော အခြေအနေသို့
ရောက်ရှိသွားနိုင်သဖြင့် အထူး ရင်လေးစရာကောင်းနေကြောင်း မောင်တော
ဒေသခံများက ပြောသည်။
http://www.narinjara.com/burmese/
ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ
July 5, 2012 at 11:47 am
မောင်အေး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု
ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ
အဆိပ်ခတ်သွားကြောင်း သိရှိရသည်။
အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က
ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒီနေ့
ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”
ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး
စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။
“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက ဆရာဝန်ကြီးတွေ
မရောက်သေးတဲ့အတွက် ဘာမှမ လုပ်ကြသေးဘူး။ ရွာသားတွေကို စစ်ဆေးမေးမြန်းတာလည်း
မရှိသေးဘူး။ မွတ်ဆလင် လူမျိုး နှစ်ဦးကိုတော့ ရွာက လူတွေ သံသယ ရှိနေကြတယ်။
ဆရာဝန်တွေ အလာကို စောင့်နေကြ တယ်။”
ကပိုင်ချောင်းကျေးရွာမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဇွန်လ ၂၉ ရက်နေ့ကလည်း မြေပုံမြို့ မြို့သူမြို့သားများ သောက်သုံးနေသည့်
အထက်တန်းကျောင်း ရှေ့တွင် တည်ရှိသည့် တရာတန်ကို မသမာသူများက
အဆိပ်ခတ်ခဲ့သည်။
http://www.narinjara.com/burmese/?p=1115
ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။
by Yan Aung on Thursday, July 5, 2012 at 1:35pm ·
အခု
ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင်
တက်လာမည့်အစိုရတိုင်းအတွက် အမြစ်တွယ် ဖြိုဖျက်ရခက်သည့် ကင်ဆာကဲ့သိုသော
ပျက်စီးမှုဟု တင်စားနိုင်ပါသည်။ အကျင့်ပျက်ချစားခြင်း၊ Rule Of Law
မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန်
အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင်
မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။
နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို
ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင်
စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ
ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ရောက်နေသည်ကိုလည်း စာနာမိပါသည်။
ထို့ကြောင့် ထိုကိစ္စများထဲမှ မိမိ လက်လှမ်းမီရာများကို
လေ့လာဖော်ပြလိုက်ပါသည်..။
(၁)
ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ .. ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော
လယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ
ဖြစ်ပွားခြင်း။
အဖြေ = ယခင်စစ်
အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့်
ပလဲပနံသင့်သော ကုမဏီများ၏ ငွေမတန်တဆပေးချေကာ
..လယ်မြေ/မြေယာသိမ်းယူမှုများပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခု
အစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များ
ဆက်တိုက်ဖြစ်ပွားနေခြင်း။ (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း
မြေယာသိမ်းယူမှုများကို ဆန္ဒပြခြင်းဖြစ်ပါသည်။
(၂) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော
စက်မှု့ဇုံ အလုပ်သမားများ ဆန္ဒပြပွဲများ..
အဖြေ =
ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ မှ စခဲ့သော
အလုပ်သမားဥပဒေများ/အလုပ်သမားအကျိုးခဲစားခွင့်များ (အခြေခံလစာဆိုင်ရာ
သတ်မှတ်ချက်များ) အားနည်းခြင်း ကြောင့် အလုပ်ရှင်များ နှိပ်ကွပ်သမျှ နှစ်
(၂၀) ခန့် နင်းပြား ဖြစ်ခဲ့ရခြင်း။
(ယခင်က ဆန္ဒပြလျှင် ... ယခုလောက် အလုပ်သမားဝန်ကြီးဌာနမှ မဆောင်ရွက်ပဲ မသိချင်ယောင်ဆောင်ထားခြင်းက အားလုံးအသိပင်။
(၃)
ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း မော်တော်ယာဉ်
လိုင်များအားလုံးနီးပါးမှ ဖြစ်ပေါ်လာသော ယာဉ်စည်းကမ်းဖောက်ဖျက်မှုများ။
ယာဉ်မတော်တဆမှုများ.. အုပ်စုဖွဲ့အနိုင်ကျင့်မှုမှုများ သိသာထင်ရှားလာခြင်း။
အဖြေ။ ==
ယခင် စစ်အစိုးရလက်ထက် မထသ နှင့် အပါအ၀င် အခြားယာဉ်လိုင်းစုံတို့အား
စစ်မှုထမ်းဟောင်များနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့မှာ
အင်အားသုံးချယ်လှယ်နေကြသဖြင့် လုပ်ချင်တာလုပ်နေကြခြင်။
ယာဉ်ထိန်းရဲများအားလည်း လေးစားကြောက်ရွှံခြင်းမရှိတော့ဘဲ
ငွေပေးရင်ရတယ်ဟုသောသဘောဖြင့် ပိုက်ဆံလိုချင်သော သူတောင်းစားသာသာ
ဆက်ဆံခဲ့သည်မှာ နှစ်ပေါင်းများစွာ ထုံးစံလိုဖြစ်နေခြင်း။
(မထသ ၃၅ လိုင်းဆိုလျှင် ယာဉ်ထိန်းရဲအား တိုက်သတ်မှုမှာ တစ်ခုထက်ပိုပါသည်။)
(၄) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း ရေအားလျှပ်စစ် စီမံကိန်းကြီးများ ကန့်ကွက်ခံရခြင်းင့် ရပ်တန့်ခံရခြင်း။
အဖြေ ===
ယခင်စစ်အစိုးရလက်ထက် ရေအားလျှပ်စစ်စီမံကိန်းများကို
ကော်မရှင်ရလျှင်ပြီးရော/ဒေါ်လာရလျှင်ပြီးရော စိတ်ထားဖြင့်.. MOU ထိုးကာ
ခွင့်ပြုခဲ့ခြင်း။ လက်မှတ်ထိုးသူ တာဝန်ရှိသူဝန်ကြီးများမှမှ MOU တွင်
ဘယ်လိုရေးထားသလဲဆိုတာတောင် သေသေချာချာ မဖတ်ပဲ ဆုံးဖြတ်ခဲ့ကြခြင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ပြည်သူလူထုကို အကျိုးပြုခြင်းဆိုင်ရာ
EIA, SIA များကို လျစ်လျူရှုကာ..ထင်သလိုပြုမူခဲ့ခြင်း။
(၅)
အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် ဖြစ်ပေါ်လာသော နယ်မြေတွင်း
တရားမ၀င်/တရားဝင် နည်းများဖြင့် စိမ့်ဝင်ပျံ့နှံ့လာသော ဘင်္ဂလီများကြောင့်
အရေးအခင်းများဖြစ်ပွားခြင်း။ ရခိုင်တိုင်းရင်းသားများ သေကြေပျက်စီးခြင်း
အဖြေ ===
ယခင် စစ်အစိုးရလက်ထက် နိုင်ငံတ၀ှမ်း မကြုံစဖူး
အဂတိလိုက်စားမှုကြီးများဖြစ်ပေါ်ခဲ့ပြီး နယ်စပ်ဒေသ (ဘင်္ဂလား) မှ ဘင်္ဂလီများ
ငွေပေးလျှင် အလွယ်တကူ ၀င်ရောက်လာခဲ့ခြင်း။ ထိုမှတစ်ဆင့်
ပိုမိုများပြားလာခြင်း။ လ၀ကဥပဒေ ခိုင်မာသောလည်း White card ကို လူဦးရေ
ငါးသိန်းနီးပါးကို ထုတ်ပေးထားခြင်းအပြင် လက်ရှိ တရားမ၀င် လူဦးရေ
ငါးသိန်းနီးပါး (အဂတိလိုက်စားမှုများအရ) ရခိုင်ပြည်တွင်းတွင်
ရောက်ရှိနေခြင်း။ ထို့အပြင် ၁၉၈၉ နောက်ပိုင်းမှဝင်ရောက်လာသော ဘင်္ဂလီများက
ရန်ကုန်တွင် အခြေချကာ နိုင်ငံတော်သူဌေးများအဆင့်အဖြစ်ရောက်ရှိနေခြင်။
ထိုသူဌေးများထဲမှ ပြည်ခိုင်ဖြိုးအမတ်များအဖြစ်ရောက်ရှိနေကာ ရိုဟင်ဂျာကို
တိုင်းရင်းသားလူမျိုးအဖြစ်သတ်မှတ်ပြီး စိစစ်ရေးကတ် ပန်းရောင်
ထုတ်ပေးရန်တောင်းဆိုသည်အထိ ဆိုးဝါးလားခြင်း။
(၆)
ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် .ရွှေတူးနှင့် သတ္တုတူးဖော်ထုတ်လုပ်သော
ကုမဏီ ရာပေါင်းများစွာမှ အစိုးရသစ်သို့ အခွန်ဆောင်ရန် ပျက်ကွက်ခြင်းနှင့်
အလုပ်သမားများ ဆန္ဒပြခြင်း။ ပညာရှင်းများ/စစ်ဆေးရေးအဖွဲ့များ ဖြင့်
ဖွဲ့စည်းဆာင်ရွက်ခြင်းမရှိသဖြင့် မြစ်ချောင်းများ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း
အဖြေ ===
ယခင် စစ်အစိုးရလက်ထက် မျက်နှာကြီးသူများ၊ သြဇာရှိသူများနှင့် (တရုတ်)
သြဇာခံကုမဏီများအား ရွှေတူးဖော်ခွင့်ပြုခြင်းအပြင် ဒေသအာဏာပိုင်များ
ဝင်ရောက်စွက်ဖက်ရန်မလွယ်သော အခြားလုပ်ပိုင်ခွင့်များကို ပေးထားခြင်း။
ရင်းနှီးမြုပ်နှံမှုဥပဒေများ ခိုင်ခိုင်မာမာ မရှိခြင်း။
(၇)
အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ ခုနှစ်တွင် အစိုးရ၏ လယ်လုပ်သူများ
လယ်ပိုင်ရေးနှင့် လယ်သမားများ လယ်ပိုင်ရေးမျှော်လင့်ချက်များအား
ကြိုးစားသမျှ အရာမထင်ခြင်။
ဖြေ =
စစ်အစိုးရလက်ထက် ၂၀၀၀ ၀န်းကျင်ခန့်မှစတင်ပြီး
(ဦးရွှေမန်း၏သားပိုင်ဆိုင်သော) ဧရာရွေှ့ဝါ၊ ၀ါဝါ၀င်း အစရှိသော
ကုမဏီကြီးများက လယ်သမားကို စပါးပေး (စိုက်ပျိုးစရိတ်ချေးငွေ) ထုတ်ခြင်းပြီး
လယ်များကို အပိုင်ရယူရန်(ချစ်တီး) များကဲ့သို့ ကြိုးစားခဲ့ခြင်း။ ၂၀၀၈
နာဂစ်အပြီးတွင်လယ် (ဦးတေဇပိုင်) ထူး .. စသော ကုမဏီများမှ
ပြန်လည်ထူထောင်ရေးအကြောင်းပြကာ လယ်ယာလုပ်ငန်းများတွင်
ဝင်ရောက်ရင်းနှီးမြုပ်နှံလာကြခြင်း။ ယနေ့အချိန် ၂၀၁၂ တွင်
လယ်လုပ်သူလယ်သမားးများထက် ကုမဏီပိုင်လယ်များ များပြားနေသလို
လယ်သမားအများစုမှာ သူရင်းငှား အဖြစ် ကုမဏီလယ်များတွင်
ပြန်လည်လုပ်ကိုင်နေရခြင်း။
(၈) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် နိုင်ငံအတွင်း အင်အားအကြီုံးဆုံး စီးပွားရေးလုပ်ငန်းစုကြီများ အခွန်ဆောင်မှု နည်းပါးခြင်း
အဖြေ =
စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ အစပြုကာ
အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ပလဲပနံသင့်နေသော ကုမဏီများ၊
တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နှင့် စစ်ထောက်ချုပ်ဦးဆောင်သော
မြန်မာနိုင်ငံစီးပွားရေးကော်ပိုရေးရှင်း (MEC) အစရှိသည်တို့မှ အခွန်ဆောင်မှု
နည်းပါးခြင်းမှစတင်ကာ ယနေ့အချိန်အထိ အခွန်ရှောင်နေကြခြင်း။
(၉)
အစိုးရသစ်လက်ထက် နိုင်ငံတကာမှ စီးပွားရေးကန့်သန့်မှုများ ပျက်ပြယ်ကာ
စီးပွားရေးပိတ်ဆိုမှုကို လျှော့ချလိုက်သော်လည်း
နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မ၀င်သေးခြင်း။
အဖြေ ==
စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ စတင်ကာ ယနေ့အထိ ပြဌာန်းထားသော
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ/အလုပ်သမားဥပဒေများ
ခိုင်မာမှုမရှိခြင်း။ နှစ်ပေါင်းများစွာ ..အမိန့်ကြော်ငြာစာများဖြင့်သာ
စီမံခန့်ခွဲခဲ့ခြင်း ..။ ယခု အစိုးရသစ်လက်ထက်တွင် ၂၀၁၂ တွင် မခိုင်မာ၊
ခေတ်မမီတော့သော ဥပဒေများကို ပြင်ဆင်ရေးဆွဲပြဌာန်းနေရခြင်း။
(၁၀)
အစိုးရသစ်လက်ထက် Myanmar အစား Burma ဟုသော အသုံးအနှုန်းကို
ကန့်ကွက်ရန်ကြိုးစားခြင်။။ လူငယ်များ တိုင်းရင်းသားများမှ Myanmar - Burma
ဟုသော အသုံးအနှုန်းများအား ၀ိဝါဒ သဘောထား ကွဲလွဲစပြုလာခြင်း။
အဖြေ ====
ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ တွင် အင်္ဂလိပ်အသုံအနှုန်းများအား
မြန်မာအသံထွက်ဖြင့် စာလုံးပေါင်းရန် သတ်မှတ်ခဲ့ခြင်းကြောင့် Burma ကို
Myanmar ဟုသော စကားရပ်ဖြင့် ပြဌာန်းချက်ထုတ်ကာ အာဏာတည်စေခဲ့ခြင်း။
(၁၁)
အစိုးရသစ်လက်ထက်တွင် မော်တော်ယာဉ်များအား တင်သွင်းမှု ပေါ်လစီနှင့်
အခွန်များ လျှော့ချကာ ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့်
မော်တော်ယာဉ်ပိုင်ဆိုင်သူများ နစ်နာခဲ့ခြင်း။ စီးပွားရေးထိခိုက်လာခြင်း။
အဖြေ
=== ယခင်အစိုးရလက်ထက်တွင် နှစ်ပေါင်းများစွာ ကားတင်သွင်းမှုကို ကန့်သတ်ကာ
ဦးပိုင်ကဲ့သို လုပ်ငန်းရှင်များကိုသာ သီးသန့်ဖွင့်ပေးခဲ့ခြင်းကြောင့် ၁၉၉၀
ခုနှစ်မှ ၂၀၁၀ အတွင်း ကားတစ်စီး၏ပေါက်ဈေးမှာ အဆ ၁၀၀
နီးပါးခန့်တက်သွားခဲ့သဖြင့် ယခုလို
ပြုပြင်ပြောင်းလဲမှုများစွာလုပ်ဆောင်နေချိန်တွင် ထိုအချိန်က
ကားဈေးမြှင့်ကာဝယ်ယူထားသူများမှာ များစွာနစ်နာခဲ့ခြင်း။
အဲဒီကိစ္စများဟာ .. ၂၀၁၅ အတွင်းမှာ အားလုံး အဆင်ပြေသွားနိုင်ဖို့ မလွယ်ပါ။ အမြစ်ကအစနှုတ်ယူဖို့ ဆယ်စုနှစ်များစွာ အချိန်ယူရမှာပါ။
အစရှိတဲ့ အထုပ်အရှုပ်တွေကို လေ့လာရင်းနဲ့ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၄၅) ကို ပြန်လည်မြင်ယောင်မိပါတော့တယ်.။
“ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒ
လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကို လည်း
ကောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံ
တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့
သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်
အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။”
ကဲ... ဘယ်လိုလုပ်ကြမလဲ....။
သမ္မတကြီးကတော့ ပြောပါတယ်..။ နောက်ကြောင်းပြန်မလှည့်ကြေး..တဲ့... သူပြောတာကို.. သဘောပေါက်သလိုလိုတော့ ရှိသား။။။
ရန်အောင်..