Saturday, July 7, 2012

ရခိုင်တိုင်း၇င်းသား ကိုယ်ခံပညာ၇ှင်များ အင်အားစု ကြေငြာချက်

“ရခိုင်/တိုင်း၇င်းသား ကိုယ်ခံပညာ၇ှင်များ အင်အားစု”

(၁) အသင်း၏ ၇ည်၇ွယ်ချက်
(က) ရခိုင်/တိုင်း၇င်းသားများကိုယ်ခံပညာတက်ကျွမ်းစေရန် ။
(ခ) ရခိုင်/တိုင်း၇င်းသားများ ကာယစွမ်း၇ည်တိုးမြှင့်စေရန်။
(ဂ)ရခိုင်/တိုင်း၇င်းသားများ အားကစားနည်းများလိုက်စားပြီး စာရိတ္တမြင့်မားလာစေရန်။
(ဃ) အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ေ၇ှာက်ဖို့ လိုအပ်သည့်အခါ အရံအင်အားအဖြစ် အဆင်သင့်ရှိနိုင်စေရန်။
ဟူသော ရည်ရွယ်ချက်များကို ဦးတည်ပြီး ဖွဲ့စည်းခြင်းဖြစ်ပါသည်။

(၂) အင်အားစု၏လုပ်ငန်းစဉ်များ

(က)ကိုယ်ခံပညာအဖွဲ့ တစ်ဖွဲ့စီမှ ကိုယ်ခံပညာရှင် ဆရာကြီးများက အကောင်းဆုံးတိုက်ခိုက်နည်း တိုက်ကွက် ၃-ကွက်လောက်စီကို ထုတ်နှုတ်ပြီး စစ်တွေမြို့ ပေါ်နှင့် ကျေးလက်တော၇ွာများ၇ှိ ရခိုင်နှင့် တိုင်းရင်းသား များအား အခမဲ့ သင်ကြားပို့ ချ၇န်။
(ခ) ရခိုင်ပြည်နယ်ရှိ မြို့နယ် တစ်ခုချင်းစီအလိုက် သင်တန်းများပို့ ချနိုင်ု၇န်အတွက် သင်တန်းဆ၇ာများ စေလွှတ်သင်ကြား၇န် (သို့) မြို့နယ်တစ်ခုချင်းစီမှ ကိုယ်ခံပညာ အခြေခံရှိသော လူငယ်များအား စစ်တွေမြို့သို့ ခေါ်ယူပြီး အကောင်းဆုံး တိုက်ခိုက်နည်းသင်တန်းများ ပိုချသင်ကြားပေးရန်။
(ဂ) ကိုယ်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ်ဘာသာ၊ ကိုယ်သာသနာ ကို အစွမ်းကုန် ကာကွယ်စောင့်ေ၇ှာက်သွားရန်။
(ဃ) ရခိုင်ပြည်နယ် အမျိုးသားလုံခြုံေ၇းအတွက် လိုအပ်ပါက ၊ တပ်မတော် ၊ မြန်မာနိုင်ငံ ၇ဲတပ်ဖွဲ့ ၊ အစိုးရ၀န်ထမ်းတို့ နှင့် ပူးပေါင်းဆောင်၇ွက်သွားဖို့ အဆင်သင့်ရှိနေစေရန်။


(၃) “ရခိုင်/တိုင်း၇င်းသား ကိုယ်ခံပညာ၇ှင်များ အင်အားစု”
ဤအင်အားစုအဖွဲ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ အောက်ပါ ကိုယ်ခံပညာအဖွဲ့များဖြင့် ဖွဲ့စည်းထားပါသည်။
(က) လေးဝတီတိုက်ကွမ်ဒို၊က၇ာတေးအသင်း
(ခ) အားမာန်က၇ာတေးအသင်း(၁)
(ဂ)ဟိုက်ကာ၇ီ က၇ာတေးအသင်း
(ဃ) သိုင်းမဟာသိုင်းအဖွဲ့ 
(င) ၇ှမ်းကြီးသိုင်းအဖွဲ့ 
(စ) သိုင်းမဟာအဖွဲ့ 
(ဆ)ရခိုင့်သစ္စာသိုင်းအဖွဲ့ 
(ဇ) အားမာန်က၇ာတေးအသင်း(၂)
(ဈ)တိုက်ကွန်ဒိုအသင်း
(ည) လက်ဝှေ့ အသင်း


(၄) အကြံပေးအဖွဲ့  -
အကြံပေးအဖွဲ့ ကို စစ်တွေမြို့ ပေါ်မှ အောက်ပါ မြို့ မိမြို့ ဖ၊ လုပ်ငန်း၇ှင်ကြီး (၁၀)ဦးဖြင့် ဖွဲ့ စည်းထား၇ှိပါသည်။
(က)ဦးမောင်ထွန်းကျော် (ဒု-ဥက္ကဌ အင်းပေါက်ဝ ကုမ္ပဏီ)
(ခ) ဦးေ၇ွှထွန်းမောင် (ဥက္ကဌ ကုန်သည်ကြီးများအသင်း)
(ဂ) ဦးသန်းေ၇ွှ (ေ၇ွှသဇင်ဟိုတယ်ပိုင်၇ှင်)
(ဃ)ဦးအောင်နိုင်ဝင်း (နိုဘယ်ဟိုတယ်ပိုင်၇ှင်)
(င) ဦးကျော်စိန် (သား၇တနာေ၇ွဆိုင်ပိုင်၇ှင်)
(စ)ဦးအောင်ကျော်ဇံ (ဒါ၇ိုက်တာ အောင်ဇေကုမ္ပဏီ)
(ဆ) ဦးကျော်ညွန့် (ဥက္ကဌ KKK ကုမ္ပဏီ)
(ဈ) ဦးေ၇ွမောင် (လူပျံတော်လ္ဘက်ခြောက်လုပ်ငန်းပိုင်၇ှင်)
(ည) ဦးကျော်သိန်း (Kiss တည်းခိုခန်းပိုင်၇ှင်)


(၅) ဦးစီးအဖွဲ့ 
(က)ဦးထွန်းရွှေမောင် နည်းပြချုပ် (လေးဝတီက၇ာတေးအသင်း)
(ခ) ဦးလှဖေ ။ (အားမာန်က၇ာတေးအသင်း)
(ဂ) ဦးကျော်ဝင်း ။ (ဟိုက်ကာ၇ီက၇ာတေးအသင်း)
(ဃ)ဦးထွန်းစော ။ (သိုင်းမဟာသိုင်းအဖွဲ့ )
(င)ဦးမောင်သိန်း ။ (၇ှမ်းကြီးသိုင်းအဖွဲ့ )
(စ) ဦးေ၇ွသိန်း ။ (သိုင်းပြောင်းပြန်သိုင်းအဖွဲ့ )
(ဆ)ဦးမောင်ထွန်းကျော် ။ (၇ခိုင့်သစ္စာသိုင်းအဖွဲ့ )
(ဇ)ဦးသံခဲအောင် ။ (အားမာန်က၇ာတေးအသင်း)
(ဈ) ဦးသင်္ခါကျော် ။ (လက်ဝှေ့ အသင်း)
(ည)ဦးေ၇ွှသောင်း ။ (တိုက်ကွန်ဒို အသင်း)

(၆) အလုပ်အမှူဆောင်ကော်မတီ
(က) ဦးအောင်သန်း ဥက္ကဌ (အားမာန်က၇ာတေးအသင်း)
(ခ) ဦးစံ၇ှားမောင် ဒု- ဥက္ကဌ (ေ၇ွှစွန်ညှိသိုင်းအဖွဲ့ )
(ဂ) ဦးသန်းေ၇ွှ ဒု- ဥက္ကဌ (လေးဝတီက၇ာတေးအသင်း)
(ဃ)ဦးညီပု ဒု- ဥက္ကဌ (မေမိုးအောင်ထွန်းသိုင်းအဖွဲ့ )
(င)ဦးဘသောင်း အထွေထွေအတွင်းေ၇းမှူး (သိုင်းမဟာသိုင်းအဖွဲ့ )
(စ) ဦးသန်းေ၇ွှ တွဲဘက်အတွင်းေ၇းမှူး (ဟိုက်ကာ၇ီက၇ာတေးအဖွဲ့ )
(ဆ)ဦးကျော်စိန် ဒု-အတွင်းေ၇းမှူး (သိုင်းပြောင်းပြန်အဖွဲ့ )
(ဇ)ဦးသန်းထိုက် ဒု-အတွင်းေ၇းမှူး (လေးဝတီက၇ာတေးအသင်း)
(ဈ)ဦးဇော်နိုင်ဝင်း ဒု-အတွင်းေ၇းမှူး (ဟိုက်ကာ၇ီက၇ာတေးအသင်း)
(ည) ဦးကျော်သန်း ဘဏာေ၇းမှူး (သိုင်းမဟာသိုင်းအဖွဲ့ အစည်း)
() ဦးကျော်သန်းဝင်း ဘဏာေ၇းမှူး (အားမာန်က၇ာတေးအသင်း)
()ဦးထွန်းနေဇော် စာ၇င်းစစ် (သိုင်းမဟာသိုင်းအဖွဲ့ )
()ဦးမောင်ထွန်းစိန် ။ (လေးဝတီက၇ာတေးအသင်း)
()ဦးအောင်သန်း ကော်မတီဝင် (၇ခိုင့်သစ္စာသိုင်းအဖွဲ့ )
(ဏ)ဦးသာဒိုးအောင် ။ (လေးဝတီက၇ာတေးအသင်း)
(တ)ဦးသန်းလှိုင် ။ (တိုက်ကွန်ဒိုအသင်း)
(ထ)ဦးမောင်ထွန်းလှိုင် ။ (သိုင်းမဟာသိုင်းအဖွဲ့ )
(ဒ)ဦးမောင်ကျော်စိုး ။ (၇ှမ်းကြီးသိုင်းအဖွဲ့ )
(ဓ)ဦးစောဝင်းနိုင် ။ (ဟိုက်ကာ၇ီက၇ာတေးအသင်း)
(န) ဦးေ၇ွှမောင်သာ ။ (အားမာန်က၇ာတေးအသင်း)



၇ခိုင်ပြည်နယ်အတွင်း ဘင်္ဂလီကုလားများသည် လွန်ခဲ့ သည့် နှစ်ပေါင်းများစွာကပင်နေထိုင်လာခဲ့ သူများ ၇ှိသလို့ ၊တဖက်နိုင်ငံမှတ၇ားမ၀င် ခိုးဝင်ေ၇ာက်လာကြသည့် ကုလားဦးေ၇များ တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာမှုကြောင့် တစ်ကြောင်း၊အိမ်နီးချင်း အစ္စလာမ်နိုင်ငံများနှင့် နောက်ခံအကြမ်းဖက် အင်အားစုများကို အားကိုးလျက် ရခိုင်နှင့် တိုင်းရင်းသားလူမျိုးများအား အကြမ်းဖက် လူသတ် မုဒိမ်းကျင့် လုယက်၊ ဘုရားကျောင်းကန်များနှင့် လူနေအိမ်များစွာကို မီရှို့ ဖျက်ဆီးပြီး နယ်မြေလု ထိုးစစ်ဆင် တိုက်ခိုက်လာကြသည်ကို လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ဖြစ်စဉ်များမှ သက်သေပြနေပါသည်၊၊
သို့ ဖြစ်ပါ၍ ရခိုင် နှင့် တိုင်းရင်းသား ကိုယ်ခံပညာရှင်များ အင်အားစုမှ အကြမ်းဖက် ကုလားဆိုးများနှင့် အတူနီးကပ်စွာနေထိုင်၇သည့်  ၇ခိုင်ပြည်နယ်ရှိ ရခိုင် နှင့် တိုင်းရင်းသား လူမျိုးများအတွက် လုံခြုံေ၇းနှင့် ကာကွယ်ေ၇းတွင် အနီးကပ်ရင်ဆိုင်ရာတွင် အသုံးချနိုင်ရန်အတွက် တိုက်ပွဲဝင် အကောင်းဆုံး တိုက်ခိုက်နည်းပညာများကို သင်ကြားပြသ လေ့ ကျင့်ပေးသွားမည် ဖြစ်ပါသည်။

(၇)။ ရခိုင်/တိုင်းရင်းသား ကိုယ်ခံပညာရှင်များ အင်အားစု မှ ပန်ကြားချက်
ဤအင်အားစုကို ဖွဲ့ စည်းသည့် နေ့  နှင့် ၇က်ပိုင်းအတွင်း အလှူငွေထည့်ဝင်၇၇ှိမှူမှာငွေ ၃၂ သိန်းခန့် ရရှိပြီးဖြစ်ပါသည်။ အင်အားစု ရေရှည် လည်ပတ်နိုင်ရန် သင်ထောက်ကူပစ္စည်းများ၊ အခြားလိုအပ်သော ပစ္စည်းများအတွက် ရံပုံငွေများ လိုအပ်နေပါသောကြောင့် မြန်မာနိုင်ငံ၏ အနောက်ဖက်တံခါး မကျိုးပေါက်အောင် မြန်မာမြေ တစ်လက်မမျှ မဆုံးရှုံးရအောင် ပြည်တွင်းပြည်ပရှိ ညီနောင်သားချင်းများနှင့် ရခိုင်ညီအကိုများ မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး ရံပုံငွေများ ထည့်ဝင်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

(၈) ၇ခိုင်/တိုင်း၇င်းသားကိုယ်ခံပညာရှင်များ အင်အားစု၇ုံး
ဂေါက်ရှီလမ်းနှင့် ဦးဥတ္တမလမ်းထောင့် (အမက ၂၃ ကျောင်းအနီး)
ကျောင်းတက်လမ်း၇ပ်ကွက် စစ်တွေမြို့ ရခိုင်ပြည်နယ် တွင် ဖွင့်လှစ်ထားပါသည်။
အသေးစိတ် သိလိုပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ
ဆ၇ာကြီး ဦးထွန်းေ၇ွှမောင် ၀၄၃၂၃၁၅၉/၀၉၄၉၂၅၂၂၂၀
ဆ၇ာ ဦးအောင်သန်း ၀၄၃ ၂၂၂၂၅/၀၉၅၀၁၀၀၀
ဆ၇ာ ဦးသန်းေ၇ွှ ၀၉၄၉၂၇၈၁၅၂
ဆ၇ာ ဦးမောင်ထွန်းစိန် ၀၉၄၉၆၄၀၈၄၄
ဆ၇ာ ဦးကျော်ဝင်း ၀၄၃ ၂၂၇၄၃/၀၉၄၁၀၀၀၁၆၅
ဆ၇ာ ဦးထွန်းစော ၀၉၅၀၅၅၀၄၀

တိုရန်တိုဆဲဗင်းဂျူလိုင်အခမ်းအနားအနှောက်အယှက်မရှိကျင်းပခဲ့

တိုရန်တိုဆဲဗင်းဂျူလိုင်အခမ်းအနား

more photos click here

လုပ်ပိုင်ခွင့် ရှိသူ တာဝန်ယူ

Published on Jul 7, 2012 by zayyar20283
မီဒီယာတွေလည်း အ ကူအညီ ပေးကြဖို့ တောင်းဆို လိုက်တဲ့ တောင်သူလယ်သမား အရေးဆောင် ရွက်နေသူ ဦးဝင်းချို နှင့် တွေ့ဆုံ ခြင်း

7 July နှစ် ( ၅၀ ) ပြည့် အထိမ်းအမှတ် အခမ်းအနား(မကွေးမြို့ မင်းကျောင်းတိုက်)

By Ernesto Kee Ling

7 July နှစ် ( ၅၀ ) ပြည့် အထိမ်းအမှတ် အခမ်းအနားကို မကွေးမြို့ မင်းကျောင်းတိုက် ( ကိုဗဟိန်း၏ `မြင်းခွာသံ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်´ဟူသော မိန့်ခွန်းပြောခဲ့ရာ အောင်ဓမ္မာရုံ တည်ရှိသည့် ဘုန်းတော်ကြီးကျောင်း ) တွင် အခြေအနေအမျိုးမျိုးကြောင့် အင်အား ၂၀ ကျော်မျှနှင့်သာ အကျဉ်းချုံး ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ၆၂မျိုးဆက် မြေလတ်ကျောင်းသား ခေါင်းဆောင် ဘဘဦးတင်စိုးဝင်း၊ ၈၈မျိုးဆက် မြေလတ်ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသည့် ကိုသန်းနိုင်၊ ကိုအောင်ကျော်ကျော်၊ ကိုအောင်နိုင်ဦး တို့အပါအ၀င် NLD ပါတီမှ လူငယ်တာဝန်ခံများ၊ ၂၀၁၂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( မြေလတ်ဒေသ ) ဖြစ်မြောက်ရေးကော်မတီမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာပထမ ဆရာတော် ဦးပညိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးနောက် ၇.၇.၆၂တွင် ကျဆုံးခဲ့သော ကျောင်းသားကြီးများနှင့် ကျောင်းသားအရေးလှုပ်ရှားမှုများတွင် ကျဆုံးခဲ့သော ကျောင်းသားအပေါင်းအားရည်စူး၍ ဆရာတော်မှ တရားချီးမြှင့်ကာ ရေစက်ချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် ဆရာတော် (၁၀)ပါးအား ဆွမ်းခဲဘွယ် ဘောဇဉ်တို့ကိုကပ်လှူခဲ့ပါသည်။

အစီအစဉ်အရ ကျောင်းသားသမဂ္ဂ အလံတော်အား အလေးပြုကာ ကျောင်းသားအရေးလှုပ်ရှားမှုများတွင် ကျဆုံးခဲ့သော ကျောင်းသားအပေါင်းအားရည်စူး၍ တစ်မိနစ် ငြိမ်သက်ခဲ့ကြပါသည်။

ထို့နောက် အခမ်းအနား အစီအစဉ်အရ ၈၈မျိုးဆက် မြေလတ်ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော်ကျော်မှ အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ၆၂မျိုးဆက် မြေလတ်ကျောင်းသား ခေါင်းဆောင် ဘဘဦးတင်စိုးဝင်းမှ မျိုးဆက်သစ်ကျောင်းသားတို့အား ကျောင်းသားသမဂ္ဂသမိုင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၈၈မျိုးဆက် မြေလတ်ကျောင်းသား ခေါင်းဆောင် ကိုသန်းနိုင်မှ ကျောင်းသားတို့၏ရပိုင်ခွင့် အခွင့်အရေးများနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီး ပြောကြားကြကာ မိမိတို့၏ အတွေ့အကြုံများကို လက်ဆင့်ကမ်းခဲ့ကြပါသည်။

၂၀၁၂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( မြေလတ်ဒေသ ) ဖြစ်မြောက်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ကိုထက်မြက်လင်းမှ လက်ရှိ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၁၂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( မြေလတ်ဒေသ ) ဖြစ်မြောက်ရေးကော်မတီမှ မဘိုမက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနားအပြီးတွင် မျိုးဆက်ဟောင်းကျောင်းသားများမှ ၄င်းတို့၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားကြကာ ၂၀၁၂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( မြေလတ်ဒေသ ) ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ကိုခန့်ထူးမှ 7 July အထိမ်းအမှတ်အဖြစ် ကဗျာတစ်ပုဒ် ရွတ်ဆိုခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် မဇင်သူထက် ( ဘဏ္ဍာရေးတာဝန်ခံ၊ ၂၀၁၂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( မြေလတ်ဒေသ ) ဖြစ်မြောက်ရေးကော်မတီ) မှ ဆောင်ရွက်ခဲ့ပါသည်




CJMyanmar

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် နာမည်ကျော် ပုဂ္ဂိုလ်များမွေးထုတ်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ ဖြိုခွဲဖျက်ဆီးခံ ခဲ့ရသော ၇ ဇူလိုင် နှစ်၅၀ပြည့် အမှတ်တရ အခမ်းအနားကိုမန္တလေးမြို့ ၆၂လမ်းနှင့်စက်မှု ပန်းခြံလမ်းအနီး မြ၀တီမင်းကြီးကျောင်းတိုက်တွင် ၇.၇.၂၀၁၂ နံနက်၁၀နာရီခန့် တွင်ကျင်းပခဲ့သည်ဟုသိရှိရပါသည်။
သတင်း & ဓါတ်ပုံ za la

မြန်မာ မှာ ငြိမ်းချမ်းတဲ့နေရာ တနေရာရှိတယ်....

Duwa Kachin
********************************



သူများနိုင်ငံမှာ က ပြည်သူတွေ အဆင်ပြေဖို့ ပါလီမန်မှာ ဖိုက်တယ်။
မြန်မာနိုင်ငံမှာ က ပါလီမန်မှာ အဆင်ပြေဖို့ ပြည်သူတွေ မဲထည့်ရတယ်။

ငယ်သေးသည့်အတွက် ပညာကိုသာ ဦးစားပေးသင်ယူပြီး ကြီးမှ နိုင်ငံရေးလုပ်ရန်

အသက်ငယ်သေးသည့်အတွက် ပညာကိုသာ ဦးစားပေးသင်ယူပြီး ကြီးမှ နိုင်ငံရေးလုပ်ရန် သက်ဆိုင်ရာမှ တာဝန်ရှိသူက ပြောကြားလိုက်ကြောင်း ပြောသည်။(မ၀င်းလဲ့ရွှေ၊ - လားရှိုး)

အဲ့လို(တာဝန်ရှိသူ)တွေတိုင်းပြည်ကိုတာဝန်ယူ...
လူငယ်တွေကိုတလွဲကြပ်ကြပ်ပြော..
၂၀၁၅ကျတွေ့ကြသေးတာပေါ့.....



7Day News Journal
ယာယီထိန်းသိမ်းခံရသော ဗကသကျောင်းသားအချို့ ပြန်လည်လွတ်မြောက်
ရန်ကုန်၊ ဇူလိုင်-၇
ဇူလိုင်၆ရက်ညတွင် ယာယီထိန်းသိမ်းခြင်းခံခဲ့ရသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)
အဖွဲ့ဝင်များဖြစ်သော ရန်ကုန်မြို့မှ လေးဦး၊ မန္တလေးမြို့မှ ကိုးဦး(၈၈မျိုးဆက်ကျောင်းသားတစ်ဦး
အပါအ၀င်)၊ လားရှိုးမြို့မှ ဗကသအဖွဲ့ဝင် လေးဦးတို့မှာ မကြာမီက လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဗကသအဖွဲ့ဝင်များထဲမှ
ရန်ကုန်မြို့နေ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့ကို သက်ဆိုင်ရာက
ယနေ့ညနေ၇နာရီဝန်းကျင်တွင် ၄င်းတို့၏အိမ်များသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်များက ပြောသည်။ မန္တလေးမြို့မှ ယာယီအဖမ်းခံရသူများတွင် ကိုအောင်မှိုင်းဆန်း၊
ကိုမိုးထက်နေ၊ ကိုသန်းထိုက်၊ ကိုမင်းခန့်တိုနှင့် ရွှေဘိုမြို့မှ ၀သန်၊ ပြည့်ဖြိုးကျော်၊ ၀က်သိုး(ခ) ကိုခင်ခင်ဦး၊
မဌေးဌေးဝင်းတို့ဖြစ်သည်။ လားရှိုးမြို့မှအဖမ်းခံရသူများတွင် မ၀င်းလဲ့ရွှေ၊ ကိုအာကာကိုကို၊
ကိုသိန်းထိုက်ဇော်၊ကိုစိုးကြည်သာ၊ ကိုကျော်ကျော်ဦးတို့ဖြစ်သည်။ ၄င်းတို့အား ဇူလိုင်၆ရက်ည
၁၀နာရီဝန်းကျင်က ယာယီထိန်းသိမ်းသွားခဲ့ပြီး ယနေ့ညဦးပိုင်း ၇နာရီခန့်က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထိန်းသိမ်းထားစဉ် 7 July အခမ်းအနားနှင့်ပတ်သက်၍လည်းကောင်း၊ကျောင်းသား သမဂ္ဂနှင့်ပတ်သက်၍
လည်းကောင်း၊ မိသားစုနှင့် ကိုယ်ရေးရာဇ၀င်အချက်အလက်များကို မေးမြန်းခဲ့ကြောင်း
ကိုယ်တိုင်ထိန်းသိမ်းခံရာတွင် ပါဝင်ခဲ့သော အသက်၁၇နှစ်အရွယ် မ၀င်းလဲ့ရွှေကပြောသည်။ ထို့အပြင် အသက်
ငယ်သေးသည့်အတွက် ပညာကိုသာ ဦးစားပေးသင်ယူပြီး ကြီးမှ နိုင်ငံရေးလုပ်ရန် သက်ဆိုင်ရာမှ တာဝန်ရှိသူက
ပြောကြားလိုက်ကြောင်း ပြောသည်။ သို့သော် ခံဝန်လက်မှတ်ရေုးထိုးခဲ့ရခြင်းမျိုး မရှိကြောင်းလည်း ၄င်းက
ဆက်လက်ပြောသည်။

ကျောင်းသားများအဖမ်းခံခြင်းနှင့်ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်၏ ကိုယ်စား ကိုကျော်ကိုကို၏ သဘောထားအမြင်

by Abfsu Fac on Friday, July 6, 2012 at 5:59pm ·

    ၂၀၁၂ ခုနှစ် ဇူလိုင်က ၇ ရက်နေ့တွင် ကျရောက်သော နှစ် (၅၀) ပြည့် ဆဲလ်ဗင်းဇူလိုင်မှာ ခွတ်ဒေါင်းတိုက်ပွဲဝင် ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ရဲ့သမိုင်းမှတ်တိုင်ကို ဖော်ထုတ် ကျင်းပနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ထိုသို့ကြိုးပမ်းနေစဉ် မိမိတို့အား ခြိမ်းခြောက်နှောက်ယှက်မှုများ၊ တားဆီးပိတ်ပင်မှုများ မကြာခဏကြုံတွေ့ခဲ့ကြရပါတယ်။ သမဂ္ဂကို တရားမဝင် အသင်းအဖွဲ့တခုအဖြစ် အသရေဖျက်ပြီး ဖျက်သိမ်းပစ်ရန် ကျိုးပမ်းနေမှုများကို တွေ့ရှိနေရပါတယ်။ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်အား စစ်အာဏာရှင်တွေ ရက်စက်ကြမ်းကျုတ် ပရိရယ်နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့  ဆဲလ်ဗင်းဇူလိုင်နေ့ကို လေးစားထိုက်တန်စွာ ဂုဏ်ပြုဖို့ အားထုတ်ခဲ့ကြပါတယ်။ ဒီလို ကြိုးပမ်းခဲ့ရာမှာ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မြင်းခြံ၊ ရွှေဘို စသည့် နေရာအနှံမှ ကျောင်းသားခေါင်းဆောင်များအား တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီလုပ်ရပ်က ပြည်တွင်းပြည်ပမှအင်းအားစုများဖြင့် ယုံကြည့်မှုရရှိအောင် တည်ဆောက်နေပါတယ် ဆိုတဲ့ အစိုးရတရပ်အဖြစ် မထိုက်တန်ပါဘူးလို့ ပြောလို့ရပါတယ်။ နောက်ကြောင်း ပြန်လှည့် မသွားအောင် ဆောင်ရွက် နေပါတယ်ဆိုတဲ့ အစိုးရတရပ်အနေနဲ့ မဆီလျှော်တဲ့ လုပ်ရပ်လဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ပွဲကျင်းပရာမှာ လွန်းခဲ့တဲ့ နှစ် ၅၀ က ဖြစ်ပွားခဲ့တဲ့ သမိုင်းဆိုင်ရာ ဝမ်းနည်းဖွယ်အဖြစ်ကို နောင်ဘယ်တော့မှ ထပ်မဖြစ်တော့အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ကျောင်းသားတွေတောင်းဆိုနေတာ ဒီမိုကရေစီပညာရေး၊ ကောင်းမွန်တဲ့ပညာရေးစနစ် အတွက်ပါ။ အစိုးရကနေ စီမံခန့်ခွဲနေတဲ့ နိုင်ငံရေးအာဏာကို တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးရော တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီလို ရိုးသားပြီး ပွင့်လင်းမြင်သာတဲ့ တောင်းဆိုမှုတွေကို ဘာကြောင့် ခြိမ်းခြောက်နေရတာလဲ၊ဘာကြောင့် လန့်ဖြန့် သွေးပျက် နေရတာလဲ၊ ဒီမေးခွန်းကို ထောင်သောင်းသိန်းသန်းထုရှိတဲ့ ကျောင်းသားထုကိုယ်စားကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်က မေးပါရစေ၊ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ရုံနဲ့ ကျောင်းသားသမဂ္ဂ အစဉ်အလာသမိုင်းမှာ စိတ်ဓါတ်တွေ ကြေပြုန်း ခမ်းခြောက်သွားမှာ မဟုတ်ပါဘူး၊ ရှေ့ဆက်ရှင်သန်ဖို့ရန် လမ်းဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဖြိုခွဲခဲ့တာ နှစ် ၅၀ တိုင်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ စစ်အာဏာရှင်အစိုးရတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ လက်ရှိအစိုးရက ဘာကြောင့် ဒီသမိုင်းအမှန်တရားကို ဆက်လက် ဖုံးဖိထားဖို့ ကြိုးစား နေရတာလဲ၊ သမဂ္ဂတွေ ရှင်သန်လွတ်လပ်ခွင့်၊ သမဂ္ဂအဆောက်အဦကို ပြန်လည် တည်ဆောက်ခွင့် ပေးခြင်းအားဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ရှေ့ရှုတဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ကို လက်ခံထားပါတယ်။ ဒါပေမဲ့ ဒီနေ့လို ဖမ်းဆီး ထိမ်းသိန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျိန်းသေပေါက် နှောင့်နှေးစေ တယ်လို့ ကျွန်တော်တို့ ပြောကြားလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ဗကသများအဖွဲ့ချုပ်ကိုယ်စား
ကျော်ကိုကို (ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ)

မြန်မာနိုင်ငံနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုသာ သိရှိခဲ့ခြင်းသည် မိမိသိရှိသော အရာအားလုံးဖြစ်ကြောင်းဂျက်ကီချန်းပြော

ကလေးများလူကုန်ကူးခံရမှု သက်ဆိုင်ရာသာမကပဲ အားလုံးကပူးပေါင်းပါဝင်သင့်ဟု ဂျက်ကီချန်းပြောကြား

Yangon Media Group
44 minutes ago
====================================
ဇော်ထိုက် ၊ ဖူးပွင့်သော်
====================================
မြန်မာနိုင်ငံတွင် ရှိသော ကလေးသူငယ်များ လူကုန်ကူးခံရခြင်း နှင့်ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းများ တွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ မည်သူမဆို ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည့် ကိစ္စဖြစ်ကြောင်း ကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ကုလသမ္မဂ ကလေးများရန်ပုံငွေ အဖွဲ့ (unicef) ၏ ကလေးများ ဆိုင်ရာ သံတမန်ဖြစ်သူ ကွန်ဖူးမင်းသားကြီး ဂျက်ကီချန်း က ဆီဒိုးနား တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

" ဒါကို ယူနီဆက်နဲ့ အစိုးရက သေချာဆောင်ရွက်နေတာတွေ့ရပါတယ် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေပဲ လုပ်လို့ မရပါ ဘူး အားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့တာဝန်ရှိပါတယ် " ဟု ယင်းကပြောကြား သည်။

ဆက်လက်၍ မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များ ၈၀%ခန့်သည် တရုတ်နိုင်ငံ ဘက်သို့ လူကုန်ကူးခံရခြင်းနှင့် ပတ်သက်ပြီး မည်သို့ မှတ်ချက်ပေးလို ပါသလဲ ဟု သတင်းထောက်တစ်ဦး ကမေးမြန်းရာတွင်

"ဒီကိစ္စရဲ့ ပြဿနာက တရုတ်နဲ့ မြန်မာ အရမ်းနီးစပ်နေတဲ့ ပြဿနာပါ ၊ မန္တလေးကိုရောက်တုန်းကလည်း ဒီအကြောင်းတွေ ကြားသိခဲ့ရပါတယ် တရုတ်အပြင် မလေးရှား ကိုလည်း ပို့နေကြတယ်ဆိုတာ ကြားသိရပါတယ်၊ ဒီလို လူကုန်ကူးခံရတဲ့ ကိစ္စတွေက မြန်မာနိုင်ငံတစ်နိုင်ငံတည်း မဟုတ်ပါဘူး အမေရိကန်လို နိုင်ငံမျိုးမှာတောင် ဒီပြဿနာရှိပါတယ် ဒီအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ် ၊ မီဒီယာများအနေနှင့်လည်း ဒီကိစ္စကို အလေးထားပြီး ရေးသားစေချင်ပါတယ် ၊ ပြောရရင် လေဒီဂါးဂါးလောက်ပဲ အာရုံစိုက်မနေကြပါနဲ့ ကလေးတွေဖြစ်တဲ့ ကိစ္စတွေကို လည်း ပိုအာရုံစိုက်ရေးသားစေချင်ပါတယ်" ဟု ပြန်လည်ဖြေကြား ခဲ့သည်။


photo-Eleven Media Group


Photo-Yangon Media Group

ယူနီဆက် သံတမန် ဂျက်ကီချန်း ရတနာ့မေတ္တာမှ ကလေးများနှင့်တွေ့ဆုံ

=========================================
ဇော်ထိုက် ၊ ဖူးပွင့်သော်
=========================================

ကမ္ဘာ့ကုလသမ္မဂ ကလေးများရန်ပုံငွေ အဖွဲ့ (unicef) ၏ ကလေးများဆိုင်ရာ သံတမန်ဖြစ်သူ ကွန်ဖူးမင်းသားကြီး ဂျက်ကီချန်းသည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ရတနာ့ မေတ္တာ အဖွဲ့က ကူညီစောင့်ရှောက်ထားသော ကလေး အယောက် ၄၀ ခန့်ကို ရွှေတိဂုံ ဘုရားတောင်ဘက်မုဒ် ရှိရွှေကျင်ဓမ္မာရုံတွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရ သည်။

မစ္စတာ ဂျက်ကီချန်းသည် ကလေးများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ကလေးများနှင့် အတူ ကစားပွဲများ ဆင်နွဲခဲ့သည်။

" ကျွန်တော်ငယ်ငယ်က မိဘတွေက တအားဆင်းရဲတဲ့အတွက် ပညာကောင်းကောင်း မသင်ခဲ့ရဘူး အခုကြီးမှ ပညာရေးဟာ ဘယ်လောက်အရေးကြီးလဲဆိုတာ သိလာရတယ် အခုတွေ့ရတဲ့ ကလေးတွေက ကူညီစောင့်ရှောက်တဲ့ သူတွေ များတဲ့အတွက် ပညာရေးအတွက်ကို အထူးကြိုးစားစေချင်တယ် ဒီ(unicef) အနေနဲ့ လည်း အားပေးကူညီမှုတွေ အများကြီးလုပ်ပေး သွားမှာပါ နောင်အခွင့်အခါကြုံရင် လည်း မြန်မာနိုင်ငံကို ပြန်လာပါဦးမယ် " ဟု ပြောကြားခဲ့သည်။

အဆိုပါ ရတနာ မေတ္တာ အဖွဲ့ သည် လမ်းပေါ်နေကလေး ၊ မိဘမဲ့ကလေး ၊ မိဘတစ်ခြမ်းပဲ့ ၊စသည်ဖြင့် အကာအကွယ်မဲ့နေသော ကလေးသူငယ် အယောက် ၂၀၀ ခန့်ကို ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးနေသော လူမှုကူညီရေး အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ရတနာမေတ္တာအဖွဲ့မှ ဥက္ကဌ ဦးမြင့်ဆွေက "အခု လမ်းပေါ်နေကလေးတွေကလည်း ပိုပိုပြီးများလာပါတယ် ဒါကြောင့် ကျွန်တော်တို့တွေ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေကို လုပ်ပေးဖို့လိုနေပါတယ် ၊ ဂျက်ကီချန်းလို နာမည်ကျော် တစ်ဦး ဒီကိုလာပြီး မြန်မာကလေးတွေကို လာကြည့်တဲ့အတွက် အကူအညီတွေ ပိုရနိုင်တယ်လို့လည်းထင်ပါတယ် " ဟုပြောကြားခဲ့သည်။

ဂျက်ကီချန်းသည် ဇူလိုင် ၇ ရက်နေ့ တွင် ရတနာ့မေတ္တာမှ ကလေးများနှင့် မိနစ် ၅၀ ခန့် တွေ့ဆုံခဲ့ကာ နေ့လည် ၂ နာရီခွဲတွင် ဆီဒိုးနား ဟိုတယ်၌ တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

မြန်မာနိုင်ငံရှိ လူကုန်ကူးခံရသော ကလေးသူငယ်များအရေး ကူညီဆောင်ရွက်ပေးမည် ဟုဂျက်ကီချန်းပြောကြား

မြန်မာနိုင်ငံရှိကလေးသူငယ်များအရေးနှင့်ပတ်သက်ပြီး အဓိကလုပ်ဆောင်ရန် အချက် ၃ ခုရှိကြောင်း ဂျက်ကီချန်းက ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
ယူနီဆက်ချစ်ကြည်ရေးအထူးသံတမန်ဖြစ်သူ တရုတ်ကွန်ဖူးမင်းသား ဂျက်ကီချန်းသည် ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးသူငယ်များလူကုန်ကူးမှု ကာကွယ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၅ ရက်က လာရောက်ခဲ့ခြင်းဖြစ်သည်။
““ မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ပတ်သက်လို့ ပညာရေး၊ လူကုန်ကူးမခံရရေး၊ HIV/AIDS ကူးစက်မှုတာဆီးရေးနဲ့ မိဘမဲ့ကလေးတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားဖို့ရှိပါတယ်”” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဂျက်ကီချန်းကပြောသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော ကလေးငယ်များနှင့်ပတ်သက်၍ အကူအညီ တောင်းခံလာမည်ဆိုပါက လိုအပ်သော အကူအညီများကို မိမိအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
ဂျက်ကီချန်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ခရီးစဉ်တွင် ဇူလိုင် ၅ ရက်က မန္တလေးမြို့၊ ၆၂လမ်းနှင့် လမ်း ၃၀ထောင့်ရှိ မြန်မာနိုင်ငံ ဗုဒ္ဒဘာသာမိဘမဲ့ ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်ခဲ့ပြီး ယင်းနေရာမှ ကလေးငယ်များနှင့်တွေ့ဆုံခဲ့သလို့ ဇူလိုင်လ ၆ ရက် ညနေပိုင်းတွင် ပြည်ကြီးတံခွန် မြို့ နယ် အမှတ် ( ၂၂ ) အခြေခံပညာ အလယ်တန်းကျောင်း၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းနှင့်တိုင်းရဲတပ်ဖွဲ့ရုံးသို့ သွားရောက်ခဲ့သည်။
၎င်းသည် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်ကရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ ရွှေကျင်မြို့နယ်အသင်း ဓမ္မာရုံသို့ သွာရောက်ခဲ့ကာ ကလေးသူငယ်များနှင့်တွေ့ဆုံခဲ့သည်။
““ မြန်မာပြည်မှာ ကျွန်တော့်ကိုတွေ့တဲ့ ကလေးတိုင်းလိုလိုက ကျွန်တော်ကို အားကျနေတယ်။ လူကုန်ကူးခံရတဲ့ကလေးတွေရော ယောကျာ်းလေး မိန်းကလေး၊ သူတို့ကိုသူတို့ ပိုမိုကောင်းမွန်တဲ့ ဘ၀တွေ တည်ဆောက်သွားနိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ သူတို့ရဲ့အကောင်းမြင်တဲ့ စိတ်ဆန္ဒတွေကို ကျွန်တော် လှိုက်လှိုက်လှဲလှဲလေးစားမိပါတယ်”” ဟု ဂျက်ကီချန်းက တွေ့ဆုံခဲ့ရသည့် လူကုန်ကူးခံရသောကလေးငယ်များနှင့် ပက်သက်၍ သူ၏အမြင်ကိုပြောသည်။
၎င်းသည် မြန်မာနိုင်ငံတွင် ၃ ရက်ကြာနေထိုင်ပြီးနောက် ဇူလိုင် ၈ ရက် နံနက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၄င်းအတွက် အသစ်အဆန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင်အချိန်များက မြန်မာနိုင်ငံနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုသာ သိရှိခဲ့ခြင်းသည် မိမိသိရှိသော အရာအားလုံးဖြစ်ကြောင်း ၄င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် ဇူလိုင် ၈ ရက် တွင်တရုတ်နိုင်ငံဘေဂျင်းသို့ ထွက်ခွာမည်ဖြစ်ပြီးဘေဂျင်းမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အာဖကန်နစ်စတန်သို့သွားရောက်မည်ဟုသိရသည်။

“အမေရိကန် အစိုးရမှ မြန်မာနိုင်ငံအား လူသားချင်းစာနာ ထောက်ပံ့မှု အဖြစ် ကန်ဒေါ်လာ ၆ သန်းထောက်ပံ့လှူဒါန်း”

Popular Myanmar News Journal
အမေရိကန်အစိုးရမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျှက်ရှိသော အဓိက ရုဏ်းများနှင့် ပြည်တွင်းစစ်များကြောင့် ဒုက္ခရောက်နေသူများအား လူသားချင်းစာနာသည့်အနေဖြင့် ထိုဒုက္ခသည်များအား ကူညီနိုင်ရန် အမေရိကန်ဒေါ်လာ ၆ သန်းအား ဇူလိုင်လ ၅ရက်နေ့ တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ လူသားချင်းစာနာထောက်ထား သည့်အနေဖြင့် အလှူငွေ ကန်ဒေါ်လာ ၆ သန်းအားပေးအပ်လှူဒါန်း သည့်အခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက အင်းယားလိတ် ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေရိကန်သံရုံးတာဝန်ခံ Mr. Micheal Thurston ၊ မြန်မာနိုင်ငံ အခြေစိုက် UNDP ရုံးမှ တာဝန်ရှိသူများ နှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနား ၌ အမေရိကန်သံရုံး တာဝန်ခံ Mr. Micheal Thurston က ယခု အမေရိကန်နိုင်ငံမှ ပေးအပ်သည့် ကူညီထောက်ပံ့ငွေ များမှာ ပြည်တွင်းစစ်နှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက် နေ သူများအား ကူညီခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ၄င်းအခမ်းအနား သို့တက်ရောက်ခဲ့သည့် သီတဂူ ဗုဒ္ဓသာသနာပြုအဖွဲ့မှ အတွင်းရေးမှူး ဦးဟန်ကပြောသည်။
“အမေရိကန်က ရခိုင်အတွက် အမေရိကန်ဒေါ်လာ ၃ သန်း ၊ ကချင်ဒေသအတွက်ကို ဒေါ်လာ ၁ သန်း နဲ့ သဘာဝဘေး အန္တရာယ်ကြောင့် ဒုက္ခရောက်နေသူတွေ အတွက် ဒေါ်လာ ၂ သန်း ဆိုပြီး လှူတာပါ။အဲ့ဒီ အလှူငွေတွေကို အမေရိကန်သံရုံးက နေတဆင့် USAID ကိုပေးမယ်။အဲ့ဒီကနေမှ ပြည်တွင်းမှာရှိ လူမှုရေးအဖွဲ့ အစည်းတွေက တဆင့် ထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရတယ်” ဟု၎င်းက ဆိုသည်။

ယနေ့ညနေ ၆နာရီမတိုင်ခင် အိမ်အရောက် ပြန်ပို့ပေးမည်

7Day News Journal

ဇူလိုင် ၆ရက်ညက ယာယီထိန်းသိမ်းထားသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)အဖွဲ့ဝင် အချို့ကို ယနေ့ညနေ ၆နာရီမတိုင်ခင် အိမ်အရောက် ပြန်ပို့ပေးမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ၈၈မျိုးဆက် ကျောင်းသားများရုံးသို့ ဖုန်းဆက်၍ ပြောကြောင်း ထိုရုံးတွင် စောင့်ဆိုင်းနေဆဲဖြစ်သော ယာယီထိန်းသိမ်းခံထားရသည့် ကိုစည်သူမောင်၏မိခင် ဒေါ်နုနုဆွေကပြောသည်။

ဒီငြိမ်းလင်းကို အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူး စောထွဋ်နှင့် ခရိုင်မှူး မျိုးအောင်တို့က ၀င်ရောက်ဖမ်းဆီးသည်။ ဖြိုးဖြိုးအောင်ကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူး ထွန်းသိန်းက ၀င်ရောက်ဖမ်းဆီးသည်။
၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းကို ၀င်ရောက်စစ်ဆေးသူမှာ ရဲမှူးကျော်ဇေယျအပါအ၀င် ၂၀ ဦးဖြစ်သည်။

ရန်ကုန်မြို့ ၈၈ မျိုးဆက်ကျောင်းသားများရုံးတွင် ဇူလိုင် ၇ ရက် နံနက် ၉ နာရီမှ ၁၀ နာရီ ၄၀ မိနစ် အထိ နှစ် (၅၀)ပြည့် 7 July အခမ်းအနားကို ကျင်းပခဲ့သည်။ ဇူလိုင် ၆ ရက်ညတွင် ဗကသ ကျောင်းသားအချို့ ယာယီထိမ်းသိမ်းခဲ့သည့်ကြားမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ဦးဆောင်၍ အဆိုပါအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ လူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်းလည်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။ အလားတူ မန္တလေးမြို့တွင် ဗကသ ကျောင်းသားအချို့ အဖမ်းခံခဲ့ရသော်လည်း မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်တွင် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲဝန်းကျင်အထိ အဆိုပါအခမ်းအနားကို ကျင်းပခဲ့သည်။

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)


  နှစ် (၅၀)ပြည့် 7 July အခမ်းအနားဓာတ်ပုံများကြည့်ရန်-38 photos