Sunday, July 8, 2012
ဆယ်နွေပူလည်း စောင့်မှာပဲ ဆိုတဲ့ သူတွေ
by--ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ)
၆-၇-၁၂ ည (၁၀း၄၅) တွင် မြဝတီကျောင်းတိုက်တွင် ဝင်ရောက် ခေါ်ဆောင် ထိမ်းသိမ်းခြင်းခံရပြီး ၇-၇-၁၂ ည (၇း၀၀)တွင် ပြန်လည်လွတ်မြောက်လာသော ရွှေဘို ခရိုင် မှ ကျောင်းသားလေးယောက်။ (ကျား-၃/ မ-၁ )
ဆယ်နွေပူလည်း စောင့်မှာပဲ ဆိုတဲ့ သူတွေ ။
r
ဒေါ်အောင်ဆန်းစုကြည် ဌား၇မ်းနေထိုင်မယ့် ဥတ္တသီရီမြို့နယ် ဇ၀နသိဒီဒ္ဒ ရပ်ကွက်က နေအီမ်
DVB TV News
၀၈ ဇူလိုင် ၂၀၁၂။ လွှတ်တော်တက်ရန် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရောက်ရှိ
ဒီနေ့ညနေ ၅ နာ၇ီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ
 လွှတ်တော်တက်ရောက်စဉ် ဌား၇မ်းနေထိုင်မယ့် ဥတ္တသီရီမြို့နယ် ဇ၀နသိဒီဒ္ဒ
 ရပ်ကွက်က နေအီမ်ကိုရောက်၇ှိ လာပါတယ်။ ဒီအိမ်ကို နှင်းဆီစံအိမ်လို့လဲ ခေါ်ပါတယ်။
ပထမ စီစဉ်ထားတဲ့ ပုဂံလမ်းက ညွန်ချုပ်အီမ်ယာဝင်းထဲက နေအိမ်ဟာ
 မြို့နယ်စည်ပင်ကပြင်ဆင်ခွင့်​မပေးတာကြောင့် အခုနေအိမ်ကို
 ပြောင်းလဲဌားရမ်းနေထိုင်ရခြ​င်းဖြစ်ပါတယ်။ (တင်ဆက် ဇော်ရို၊ ရိုက်ကူး အောင်လင်း)
ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြား နားလည်မှုလွဲအောင် ကြံဖွံ့ပါတီ လုပ်ကြံ
Written by မင်းသွီး
   Sunday, 08 July 2012 19:11   
www.myanmarexpress.net 15
ဇွန်လ ၃၀ ရက်နေ့က ဥရောပခရီးစဉ်မှပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုပွဲတွင် ရှစ်မိုင်လမ်းဆုံ၌ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမစုကြည်အလိုမရှိဟုဆိုကာ ဆန္ဒပြခဲ့သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်အမျိုးသား အင်အားစုမှဖြစ်ကြောင်း သတင်းရရှိသည်။
ထိုရခိုင်ပြည်အမျိုးသားအင်အားစုမှာ ပြည်ခိုင်ဖြိုးကြံဖွံ့ပါတီမှ လက်သတ်ငွေစားထားသော ပါတီတစ်ခုဖြစ်ပြီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အခြေစိုက်ကြောင်း သိရှိရသည်။ “ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးအပြန်ပြည်သူလူထုက ကြိုဆိုပွဲမှာ ဒီလိုမဟုတ်မက၊ လုပ်ကြံဆန္ဒပြဖို့အတွက် အဓိကလုပ်ကြံခိုင်းသူကတော့ ကြံဖွံ့ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက အဲဒီမြန်မာနိုင်ငံ ရခိုင်အမျိုးသားအင်အားစုကို ငွေပေးပြီး အသုံးချလိုက်ခြင်းဖြစ်တယ် ” ဟု ရခိုင်အမျိုးသားအင်အားစုနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြခဲ့ခြင်းမှာ ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကြားတွင် သဘောထားနားလည်မှုများလွဲမှားအောင် ကြံဖွံ့ပါတီအနေနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သော တစ်ခြားတိုင်းရင်းသားပြည်သူများရှေ့မှောက်တွင် ရခိုင်တိုင်းရင်းသားများကို သိက္ခာချခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ချို့က ပြောဆိုနေကြသည်။ 
www.myanmarexpress.net 19
ယင်းရှစ်မိုင်လမ်းဆုံတွင် ဆန္ဒပြခဲ့သော လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးယူထားသော NLD အဖွဲ့ဝင်များတို့ ထိုးကြိတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အင်တာနက် သတင်း Website စာမျက်နှာတစ်ချို့တွင် NLD အား ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့သည်။
Last Updated ( Sunday, 08 July 2012 19:23 ) http://arakantimes.net/burmese/index.php/2012-02-24-06-58-57/268-2012-07-08-12-18-40
2015 မှာ ရခိုင်ပြည်နယ် မဲ လုံးဝ မရရေး နဲ့ ရခိုင် တွေ မုန်းတီးရေး အတွက်လက်ရှိ လဲ မွတ်စလင် အမျိုးသား ကို အားပေးနှစ်သိမ့် နေတဲ့ သတင်းဓါတ်ပုံ တွေ လိုက်ဝေ နေတယ် ဆိုတါ သတင်းရပါတယ်
Freedom News Group(Burma)
ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ် မှ အပြန် တွင် ရှစ်မိုင် (မရမ်းကုန်း) လမ်းဆုံ ဉ် ကြံ့ဖွတ် ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးအောင်သိန်းလင်း က ရခိုင် အဖွဲ့  အစည်း တစ်ခု မြန်မာ ကျပ်ငွေ ၆ သိန်း ကျော် ပေး၍ ဒေါ်အောင် ဆန်း စုကြည် ဆန့် ကျင် ရေး ဆန္ဒပြ မှု တစ်ခု ဖန်တီး ခဲ့ သည် ဟု ကြံ့ဖွတ် ပါတီ ၀င် တစ်ဦးက ပြောသည်။ ဇွန်လ ၆ ရက် နေ့  ည ၈၈ မျိုးဆက် ကျောင်းသား ရုံး ကို ၀င်ရောက် ရှာ ဖွေ ရန် လည်း ကြံ့ဖွတ် ပါတီ မှ ပင် အမိန့် ပေးခဲ့ သည် ဟု သိရသည်။
အမေစုနေပြည်တော်ကိုရောက်ရှိစဉ်
အမေနေထိုင်ရာ နေပြည်တော် ဥတ္တသီရီမြို့နယ် ဇ၀နသိဒီဒ္ဒ ရပ်ကွက် အီမ်နံပတ် ၆၃၃၂ ရဲ့ ဓာတ်ပုံပါ။ အိမ်နာမည်က နှင်းဆီစံအိမ် တဲ့။
ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံသမိုင်း
File:သမဂ္ဂအဆောက်အဦး.jpg
 အကြောင်းအရင်းများ
၁၉၆၂ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ ၊ ရကသ ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မတ်လ (၆) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ဥက္ကဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဌ ကိုသက်ကို ဥက္ကဌ တင်မြောက်လိုက်ကြသည်။ ထို့နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၆၂ မေလ(၉) ရက်နေ့တွင် ဒတ်ခ်ျ သံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးမှ ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်း တို့ အဖမ်းခံခဲ့ရသည်။ ထိုနေ့တွင်ပင် တော်လှန်ရေးကောင်စီမှ ဥပဒေအမှတ် (၃) နှင့် (၄) ကို ထုတ်ပြန်၍ ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ထို ဥပဒေ (၃) နှင့် (၄) တွင် ရန်ကုန်နှင့် မန္တလေး မှလွဲ၍ အားလုံး အတူတူပင် ဖြစ်သည်။ ထို့အပြင် မေလ (၁၀) တွင် ဗိုလ်ချုပ်ကြီးနေဝင်း က တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ခေါ်၍ (၁) ဆရာများ အကျင့် ပျက်သည်။ (၂) ကျောင်းသားများကြား နိုင်ငံရေး ပယောဂများဝင်သည်ဟု စွပ်စွဲကာ အစိုးရ ကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့များမှ ကိုယ်စားလှယ်၊ တက္ကသိုလ် ဌာန အသီးသီး မှ ပါမောက္ခများ နှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် အချို့ပါဝင်သော တက္ကသိုလ် အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့သည်။ ထိုလုပ်ရပ်အား တက္ကသိုလ် အုပ်ချုပ်ရေးအား တော်လှန်ရေးကောင်စီမှ ထပ်မံ အာဏာသိမ်းခြင်းဖြစ်ကြောင်း သမဂ္ဂမှ အပြင်းအထန်ဝေဖန်ခဲ့သည်။ မေလ (၁၁) ရက်နေ့တွင် တက္ကသိုလ် နှင့် ဥပစာ ကောလိပ်မှ ဥပစာ သိပ္ပံ (ခ) တန်းအောင် ကျောင်းသားကျောင်းသူများသည် သက်ဆိုင်ရာဘာသာရပ်များ တွင် အနည်းဆုံး ရမှတ် (၅၀) ရှိ၍ ဖြေဆိုသော ဘာသာရပ်အားလုံး၏ ပျမ်းမျှ အမှတ်သည် (၅၀%) ရမှုသာ ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သစ်တောရေး မဟာဌာန တို့ ၌ဆက်လက် ပညာသင်ကြားခွင့် ရှိမည်ဖြစ်ကြောင်း တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်နေဝင်းက ကြေညာခဲ့သည်။ ကျောင်းများပြန်ဖွင့်သော အခါတွင်လည်း အဆောင် စည်းကမ်းများကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီအား အမိန့်ပေးခဲ့သည်။ ထိုအခါ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံ၍ မေလ (၁၁)မှာပင် တောလှန်ရေးကောင်စီမှ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက် စေခဲ့သည်။ မြန်မာစာပါမောက္ခ ဦးအေးမောင် အငြိမ်းစားယူခဲ့သည်။ ဦးဝန်(မင်းသုဝဏ်)ဌာန ပြောင်းခဲ့သည်။ မေလ (၁၂) ရက်နေ့တွင်လည်းရန်ကုန်တက္ကသိုလ် အဆောင်မှူး အချို့နှင့် လက်ထောက် အဆောင်မှူး အချို့နှုတ်ထွက်ခဲ့သည်။
တက္ကသိုလ်ကောင်စီ
၁၉၆၂ မေလ(၁၄) ရက်တွင် တော်လှန်ရေးကောင်စီ အမိန့် အမှတ်(၃၈)အားထုတ်ပြန်၍ တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို တက္ကသိုလ်ကောင်စီတွင် အဓိပတိ အဖြစ် ဗိုလ်မှူးချုပ် သန်းဖေ၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သိန်းစိန် တို့ ပါဝင်ပါသည်။ ၎င်းတို့ အလိုကျ တင်းကြပ်သော အဆောင် စည်းကမ်းများ ကို ထုတ်ပြန်ပေးမည့် ၅၈ခု အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ မေလ (၂၂) ရက်နေ့တွင် ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါ နှင့် ကွယ်လွန်၍ ၎င်းနေရာအား ဗိုလ်လှဟန်တက်လာသည်။ ဇွန်လ (၁၇) ရက်နေ့ ဒဂုံရိပ်သာတွင် တက္ကသိုလ်ကောင်စီအစည်းအဝေးပွဲ ကျင်းပခဲ့သည်။ ထို့နောက် ဇွန်လ (၁၈) ရက်တွင် ကျောင်းဆောင်နေ ကျောင်းသားများကို မတရားချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို စည်းကမ်း (၂၂) ချက်တွင် ပါဝင်သော အချက်များမှာ- ကျောင်းဝင်ခွင့် နှင့် အဆောင်နေခွင့်ရရေးတို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်နှင့် လျှောက်ရမည်။ မိဘအုပ်ထိန်းသူ၏ ဝန်ခံကတိပေးချက်နှင့် ကျောင်းအပ်ရမည်။ သက်သက်လွတ်စားသူများ အား တစ်ရက် နှစ်ရက် မဟုတ်ဘဲ၊ တစ်နှစ်ပတ်လုံးစားမှသာ ခွင့်ပြုမည်။ အဆောင်နေကျောင်းသားများ အနေဖြင့် မနက်စာကို မနက် (၇) နာရီ မှ (၁၀) နာရီ သတ်မှတ်ထား၍ မနက်စာအား မဖြစ်မနေ စားရမည် ဟု စည်းကမ်းသတ်မှတ်ထားသည်။ ထို့ပြင် ည (၈) နာရီထိုးလျှင် အဆောင်အတွင်း၌ ရှိနေရန်၊ သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ရန်၊ အဆောင်မှူး၊ (သို့) လက်ထောက်အဆောင်မှူး စစ်ဆေးချိန်တွင် မိမိအခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စသည့် ကျောင်းနှင့် မအပ်စပ်သော စည်းကမ်းများကို ချမှတ်လာသည်။ ထို့ကြောင်းကျောင်းသားထုများကြား မကျေနပ်မှုများ တစ်စစ တိုးပွားလာခဲ့သည်။
စတင်ဖြစ်ပွားပုံ
ထို့ကြောင့် ဇူလိုင်လဆန်းမှစ၍ အဆောင် အချို့တွင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်သစ် ရွေးပွဲများနှင့် တွဲကာ ကျောင်းသားထု အစည်းအဝေးပွဲများ ကျင်းပခဲ့ကြသည်။ ကျင်းပခဲ့သော ကျောင်းသားထု အစည်းအဝေးတိုင်းတွင်လည်း ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၆၂ ခု ဇူလိုင်လ (၃) ရက်တွင် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂ ခန်မတွင် ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နှင့် မတရား အဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ရကသဥက္ကဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားများကြားမှ ဆန္ဒပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်းပြောကြားသွားပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဌ ကိုသက် နှင့် တကသခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် သမဂ္ဂကြီး (၃) ခုမှ ကြီးမှူး၍ ဒတ်ခ်ျ သံရုံးရှေ့ဆန္ဒပြပွဲကျင်းပသော အခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့သည်။ ထိုလုပ်ရပ်သည် သမဂ္ဂကို သေးသိမ်အောင် လုပ်သည် ဟု သမဂ္ဂမှယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ကန့်ကွက်ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ် ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို သူတို့စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေးတွင် ကန့်ကွက်သည်ဟု ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံများအော်ဟစ်၍ အဆောင် အပြင်ထွက် လှည့်လည် ဆန္ဒ ပြပါတော့သည်။ ထိုအခါ အနီးအနားရှိ အဆောင်များမှ ကျောင်းသားများပါ ထွက်လာကြပြီး လာရောက်ပူးပေါင်းကြသဖြင့် ဆန္ဒပြလူအုပ်ကြီးသည် ကြီးမားလာလေသည်။ ညအချိန်တွင် မကြေနပ်မှုများနှင့် တက်ကြွနေကြသော ကျောင်းသားထုကြီးသည် အဆောင်များအား ကာရံထားသော အကာအရံ နှင့် သံတံခါးများအား စတိ အဖြစ် ရိုက်ချိုးလိုက်ကြသည်။ ထိုလူအုပ်ကြီးသည် ပြည်၊ ပုဂံ၊ တကောင်း အဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ထိုညတွင် မိန်းခလေးဆောင် များမှလွဲ၍ ကျန်အဆောင်များအားလုံးပါဝင်ခဲ့ကြသည်။ ထို့နောက် မကျေမနပ်ဖြစ်နေသော ကျောင်းသားများ စုပေါင်း၍ တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ် နှင့် ပါမောက္ခ ဦးကာ အိမ်တို့ကို ဝိုင်းကာဆန္ဒပြ ဟစ်ကြွေးခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် နောက်တနေ့တွင် တကသမှ ကျင်းပမည့် ကျောင်းသားထု ဆန္ဒပြပွဲအတွက် လှုံ့ဆော်ပေးသကဲ့သို့ဖြစ်သွားပါတော့သည်။
အခင်းဖြစ်ပွားရသည့် အဓိကကြောင်းအရင်း
ဇူလိုင်လ(၇)ရက်နေ့ နေ့လည် တစ်နာရီတွင် သမဂ္ဂအစည်းအဝေးခန်း၌ ကျောင်းသားထု အစည်းအဝေးကျင်းပသည်။ ကိုဗဆွေလေးက ဥက္ကဌ အဖြစ်တာဝန်ယူသည်။ ထို အစည်းအဝေးမှ ကျောင်းသား များကိုဖိနှိပ်ချုပ်ချယ်သော စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက် ဆုံးဖြတ်ခဲ့ကြသည်။ တက္ကသိုလ် အက်ဥပဒေများ ရုတ်သိမ်းခဲ့ခြင်းကိုလဲ ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် အစည်းအဝေးအပြီးတွင် သမဂ္ဂရှေ့မှ စတင်၍ ကျောင်းဝင်းအတွင်း၌ပင် ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ဘွဲ့နှင်းသဘင်ရှေ့၌ ငြိမ်းငြိမ်းချမ်းချမ်းပင် လူစုခွဲလိုက်ကြသည်။ ထိုသို့လူစုခွဲပြီးနောက် နေ့လည် (၂) နာရီခွဲ အချိန်လောက်တွင် ရဲကား (၂)စီး တကသထဲသို့ ဝင်လာလေသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်တွေက တကသ ဥက္ကဌ ကိုဗဆွေကလေး၊ ဗကသ ဥက္ကဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဥာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင် များကို ဖမ်းဆီးလိုက်ပါသည်။ ကျောင်းသားများလည်း ကြောင်ကြည့်နေကြရာမှ ရဲကားဆီသို့ အတင်း ပြေးလိုက်ကြသည်။ သို့သော် ရဲကားသည် ချက်ချင်းပင်ပြန်လည်ထွက်ခွာသွားသည်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များ ပါသွားသည်။ ကျန်ရဲအချို့သည် တကသကို ဝင်စီးလိုက်ပြီး တချို့က တကသနှင့်ကပ်နေသော ဦးကာအိမ်သို့ ပြေးဝင်နေရာယူလိုက်ကြသည်။ ထိုအချိန်တွင် ကျောင်းသားတို့က အော်ရင်းဟစ်ရင်း လူစုမိသွားသည်။ ကျောင်းသားများသည် အဓိပတိလမ်း တံခါးကြီးကို ပိတ်ပစ်သည်။ ကျောင်းသားတစ်ချို့ကသထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်သည်။ ထို့နောက် ကျောင်းသားများသည် တကသဝင်းထဲဝင်ရန် ကြိုးစားကြသည်။ ဒိုင်းကိုယ်စီ ကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားတစ်ချို့၏ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲဖြစ်ကုန်လေသည်။ ကျောင်းသားတွေက လဲကျသူတစ်ချို့ကို မချီသွားပြီး၊ ကျန်ကျောင်းသားထုက ရဲများကိုဖိတိုက်လေတော့သည်။ ခဲများ၊ ပုလင်းများ၊ တုတ်များ စသည့် ရရာလက်နက်များနှင့် ရဲများကို ပစ်ခတ်တိုက်ခိုက်ကြတော့သည်။ ကျောင်းသားအင်အားထု များလာသဖြင့် ရဲများ၏တိုက်ခိုက်မှုကို မမှုတော့ဘဲ တိုး၍တိုး၍ တိုက်ခိုက်ကြလေတော့သည်။ ရဲများလည်း အထိနာလာလေသည်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာလေသည်။
ပစ်ခတ်မှုမဖြစ်ခင်အချိန်
တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားများမှ တောင်ငူဆောင်နှင့် ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာသောအခါ ပါမောက္ခ ဦးကာ၏ အိမ်ရှေ့မှ ရဲများကို ဒုတိယစစ်မျက်နှာ ဖွင့်၍တိုက်သည့်သဖွယ် ဖြစ်သွားသဖြင့် ရဲများ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲများဆီသို့ သွားပေါင်းကာ ပြန်တိုက်ကြသည်။ ဒဏ်ရာ အပြင်းအထန် ရသော ကျောင်းသားများကို အဆောင်များဆီသို့ ပြန်၍သယ်ယူခဲ့ကြသည်။ ၎င်းတို့ကိုမြင်ရသောအခါ ကျောင်းသားများ စိတ်ပိုမို လှုပ်ရှားခံပြင်းလာခဲ့ကြသည်။ ကျောင်းသားထုကလည်း များသထက်များ လာလေသည်။ ရဲများက မျက်ရည်ယိုဗုံးများ ပေါပေါများများသုံးကာ ကျောင်းသားထုကို ဖြိုခွင်း ပါသော်ငြားလည်း ဘဝတူ ကျောင်းသားများ၏ သွေးကို မြင်ကြသောအခါ မိမိ ထိခိုက်ဒဏ်ရာ ရမည်ကို မမှုတော့ချေ။ ကျောင်းသားများ၏ စိတ်ဓါတ်ကို ချိုးနှိမ်မရသည့်အဆုံးတွင် ရဲများသည် အဓိပတိ လမ်းဂိတ်ဘေး လူဝင် လူထွက်တံခါးကို ဖွင့်၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသ အဝိုင်းလေးနားသို့ ထွက်သွားကြတော့သည်။ ထို့နောက် အသင့်လာကြိုနေသော ကားများနှင့် ထွက်ခွါသွားကြတော့သည်။ ထိုအခါတွင် ကျောင်းသားများက အောင်ပွဲခံကာ ဝမ်းသာအားရ အော်ဟစ်ကြပါတော့တယ်။ နေ့လည် (၄) နာရီခန့်တွင်မူကား မည်သည့်နေရာမှ စောင့်ဆိုင်းသည်မှန်း မသိရသည့် တပ်ရင်း(၄) မှ စစ်သားအပြည့်တင်လာသော စစ်ကား (၂) စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှစ၍ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ် ဝင်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်လေသည်။ ၎င်းစစ်သားများသည် စစ်မြေပြင်တွင် မည်သည့်အခါကမျှ အသုံးမပြုရသေးသည့် ဂျီ သရီး မောင်းပြန် ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်။ တပ်ရင် (၄) သည် ဗိုလ်နေဝင်း၏ ကိုယ်ရံတော် အထူးတပ်ဖြစ်သည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့် နှင့် နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီး စိန်လွင် တို့ပါ ရောက်ရှိလာကြသည်။ ကျောင်းသားတွေကလည်း ဓမ္မာရုံတည့်တည့် အမရဆောင် ရှေ့မှတံခါးကို ပိတ်လိုက်လေသည်။ တို့ကြောင့် ကျောင်းသား နှင့် စစ်တပ်ကြားတွင် အောက်ခြေ နှစ်ပေ ခန့် အုတ်မြစ်ပေါ်တွင် အုတ်တိုင် နှင့် သံတိုင်စိုက် ဝင်းထရံသာ ခြားနေတော့သည်။ ထိုအချိန်တွင် အခြေအနေမှာ ငြိမ်သက်သွား၍ ကျောင်းသားများက တက္ကသိုလ် မြက်ခင်းပြင်ပေါ်တွင် ဝိုင်းဖွဲ့ စကားပြောသူကပြော၊ ထိုင်သူကထိုင်၊ ဝရန်တာရှေ့ ထွက်ကြည့်သူကကြည့်နှင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိနေကြသည်။ ထို့နောက် တကသအဆောက်အဦး ရှေ့တွင် ဟောပြောပွဲများ ကျင်းပကြပါတော့သည်။ စကားပြောသူပြော၊ လှဲသူ ကလှဲနေကြသည်။ စစ်သားများလည်း အေးအေးဆေးဆေး ဖြစ်သွားသည်။ ထိုသို့ ငြိမ်သက်နေချိန်တွင် နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီး သိန်းစိန်ကားရောက်လာပြီး တံခါးဝတွင် ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင် တို့နှင့် ရပ် စကားပြောနေသည်ကို မြင်ကြရသည်။(၁၀) မိနစ်ခန့် အကြာတွင် ဗိုလ်မှူးကြီး သိန်းစိန် ကားနှင့် ပြန်လည်ထွက်ခွာသွားလေသည်။ ဗိုလ်မှူးကြီး သိန်းစိန်ထွက်ခွာသွားပြီး မကြာမီ တွင်ပင် ဗိုလ်မှူးကြီး မင်းသိန်း ဂျစ်ကား နှင့်ရောက်လာလေ ကာ စိန်လွင် လက်ထဲသို့စာရွက်တစ်ရွက် ထည့်ပေးကာ ထွက်ခွာသွားလေသည်။ လှမြင့် နှင့် စိန်လွင် သည် ထိုနေရာရှိ တပ်မှူး များအား ခေါ်၍ ခေါင်းချင်း ရိုက်တိုင်ပင်လေသည်။ ထို့နောက် တပ်မှူးများက လက်ကို ဝုင်း၍ သုံးကြိမ် ဝှေ့ရမ်းပြသောအခါတွင် ကား အသင့်နေရာယူထားသော စစ်သားများသည် စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစလျှောက်ရှိ ကျောင်းသားထုထဲသို့ အလစပ် ပစ်ခတ်ကြလေသည်။
ပစ်ခတ်မှု
ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများ သည် မင်သက်လ်ျက် နေရာမှာပင် အသက်ပျောက်ခဲ့ရလေသည်။ အချို့ မှာလည်း ပြေးရင်းလွှားရင်း ထိမှန်ကုန်ကြသည်။ ကျောင်းသား အချို့ကလည်း နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြလေသည်။ ထိုသို့တက်ပြေးသူများအား စစ်သားများက ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ ဘေးဘက်ရှိ စာကြည့်တိုက် ဝင်းထဲ မှ ရပ်ကြည့်သူများကိုပါ ပစ်ခတ်ခဲ့သောကြောင့် စာကြည့်တိုက်ဝင်းပင်တွင် သေဆုံး ဒဏ်ရာရသူ (၄၀) မျှရှိသည်။ မောင်းပြန် သေနတ်များ နှင့် ၃-၄ မိနစ် ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အချို့မှာ သမဂ္ဂ အဆောက်အဦး အတွင်းထဲသို့ ခိုဝင်ကြသည်။ ပြီးနောက် ဒဏ်ရာရကျောင်းသားများကိုပါ သမဂ္ဂ အဆောက်အဦးအတွင်းသို့ ရွှေ့ပြောင်းလာကြသည်။ တကသ ရင်ပြင် ရှေ့ရှိ ဆန္ဒပြ ကျောင်းသားများကို ပစ်ခတ်ခြေမှုန်းပြီးနောက် ကျောင်းဆောင် အခန်းများကို တစ်ခန်းခြင်း ဝင်ရောက် ရှင်းကြပြန်သည်။ သို့သော် သမဂ္ဂအဆောက်အဦး ကိုမူကား ဒဏ်ရာရ ကျောင်းသားများ ကို သယ်ပြီးလျှင် ပြတင်းပေါက်များအားလုံးကို အလုံ ပိတ်လိုက် တာကြောင့် ဝင်မရှင်းနိုင်ဘဲ ဝိုင်းရုံသာဝိုင်းထားလိုက်ကြရသည်။ ထိုဆန္ဒပြပွဲကြီးကို နှိမ်နင်း ဖြိုခွဲရန်အတွက် “လုံခြုံရေး ကော်မတီ“ ကို ဗိုလ်နေဝင်းက ဇွဲ့ပေးခဲ့ခြင်းဖြစ်သည်။ ထိုကော်မတီကို ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန် နှင့် ဒု-ရဲချုပ် ဘအေး တို့ပါဝင်ခဲ့သည်။ ထို ကော်မတီအဖွဲ့ဝင်များသည် အသံလွှင့်ရုံတွင် ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြသည်။ ညပိုင်းတွင် ကျောင်းသားများကို ပစ်ခတ်နှိမ်နင်းခဲ့သော စစ်ဗိုလ်ကြီးများသည် နန်ကင်းဟော်တယ် က အစားအသောက်များ မှာယူ၍ အောင်ပွဲခံ စားပွဲသောက်ပွဲ များကျင်းပခဲ့ကြသည်။ ထိုသို စားသောက်အပြီး၌ ဗိုလ်လှဟန် နှင့် ဗိုလ်အောင်ကြီးတို့သည် ဗိုလ်နေဝင်းထံ သတင်းပို့ရန် ထွက် လာခဲ့ကြသည်။ လမ်း၌ အင်းယားကန်ဟော်တယ်အဝင်ဝရှိ ပါမောက္ခဦးကာ အိမ်သို့ဝင်၍ ဦးကာနှင့် ကျောင်းသားဆန္ဒပြမှု အခြေအနေများကို စုံစမ်း၊ဆွေးနွေးတိုင်ပင် စကားစမြည် ပြောခဲ့ကြသည်။ ထိုအခါ ဗိုလ်လှဟန်က သမဂ္ဂကိုခွဲရန်သူတို့အမိန့်ရထားကြောင်းပြောသည်။ ထိုအခါ ဗိုလ်အောင်ကြီးက “ဟာ_ခင်ဗျားတို့ ခွဲဖို့ အမိန့်မပေးလိုက်နဲ့ဦး၊ ကျနော် ဥက္ကဌကြီး ကို ပြောအုန်းမယ်“ ဟု ပြန်ပြောခဲ့သည်။ ထို့နောက်ဗိုလ်နေဝင်းထံသို့ ဆက်သွားခဲ့ကြသည်။ ဗိုလ်နေဝင်းထံသို့ရောက်သောအခါ ဗိုလ်လှဟန်က အခြေအနေအရပ်ရပ်ကို အစီရင်ခံသည်။ ဗိုလ်အောင်ကြီးကတော့ ဘာမှမပြောဘဲပြန်သွားခဲ့ကြသည်။ အသံလွှင့်ရုံရောက်သောအခါ ဥက္ကဌကြီးက “OK“ ဟုပြောလိုက်ကြောင်း ဗိုလ်အောင်ကြီးက ပြောခဲ့သည်။ အမှန်မှာ ကျောင်းသားများ ကျောင်းသားသမဂ္ဂ အဆောက်အဦးထဲသို့ ဝင်ခိုသွားကြောင်း သတင်းပို့ပြီးသားဖြစ်သည်။ ထိုအချိန်သည် ကွန်မြူနစ်များက ကျောင်းသားများ အတွက်လက်နက်များပို့ပေးထားကြောင်း ကွန်မြူနစ်များ၏ မြေပေါ်ဌာနချုပ်သည် သမဂ္ဂအဆောက်အဦးဖြစ်ကြောင်း သတင်းများ ထွက်နေခဲ့သည်။ ထိုအခြေအနေအား ဗိုလ်အောင်ကြီးက ၈-၇-၉၈ VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများအထဲဆွဲသွင်းကာ တံခါးပိတ်သွားသည် ဆိုသောကြောင့် ညနေစောင်း၍ အပေါ်က ပစ်ခတ်ပါက မိမိတို့လူသေမည် ဖြစ်သောကြောင့် အသေမခံဘဲ ရက္ခိုင်းလက် ဂန်းနှင့် သမဂ္ဂကို ဥက္ကဌကြီးက ပစ်ခိုင်းကြောင်း ပြောကြားခဲ့သည်။
Zaw Lin
ကျောင်းသား သမဂ္ဂ အဆောက်အဦး အား မိုင်းဖြင့်ခွဲခြင်း
ဤအကြောင်းပြချက်မှာ တော်လှန်ရေးကောင်စီ၏ ကုလားဖန်တစ်ခုသာဖြစ်သည်။ အမှန်မှာ သမဂ္ဂ အဆောက်အဦးအား ရက္ခိုင်းနှင့် ပစ်ရန် ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီအား အမိန့်ပေးခြင်းသာဖြစ်သည်။ သို့သော် ရက္ခိုင်းလက် ဂန်းကျဉ် ရှာမရသောကြောင့် ဒိုင်းနမိုက် နှင့် ကပ်ခွဲရန် ဒိုင်းနမိုက် ရှာကြပြန်သည်။ ညသန်းခေါင်းကျော်တွင် သမဂ္ဂအားဖေါက်ခွဲမည့် ဒိုင်းနမိုက်များအား ထောက်ကြံ့ပင်မ ခဲယမ်း သိုလှောင်ရုံမှ အမြောက်အမြား ရရှိခဲ့သည်။ သမဂ္ဂ အဆောက်အဦးကို စိတ်ကြိုက် ဒိုင်းနမိုက်ပ်ဆင် ဖောက်ခွဲခဲ့သူမှာ အင်ဂျင်နီယာတပ်မှ ထားဝယ်သား ဗိုလ်မှူး ထွန်းရီ ဖြစ်သည်။ ဖောက်ခွဲရာတွင်လဲ လိုအပ်သော ပမာဏ ထက် အဆပေါင်းများစွာ ပို၍သုံးခဲ့သည်။ ဒိုင်းနမကိုက်အား ရန်ကုန်မြို့ကဲ့သို့နေရာမျိုးတွင် ဖောက်ခွဲရန် အနည်းဆုံး ဗိုလ်မှူးကြီး အဆင့် တစ်ဦး လက်မှတ်ထိုးထားသည့် ဖောက်ခွဲမှု စာချွန်လွှာ ပေးမှသာ တရားဝင်သည်။ သို့သော် ဗိုလ်နေဝင်း မှ ဗိုလ်ကျော်စိုးဆီသို့ ဖောက်ခွဲဖို့ နုတ်မိန့်ပေးခဲ့သည်။ တဖန် ဗိုလ်ကျော်စိုးမှ ဗိုလ်ထွန်းရီကို နုတ်မိန့်ပေးပြန်သည်။ ထို အခါ ဗိုလ်ထွန်းရီသည် ဒိုင်းနမိုက်များ တပ်ဆင်ပြီးသော်လည်း တရားဝင် အမိန့်ပေးသော စာချွန်လွှာမရှိသည့် အတွက် အခက်တွေ့လျက်ရှိသည်။ ထိုအချိန်တွင် တပ်မတော် စစ်မင်းကြီး ဘဦး(ခ) မင်းသိမ်း မှ (မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးရန် ပြောသဖြင့်) ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ်ဝင်ထိုးပေးခဲ့သည်။ ထိုအခါမှ ဗိုလ်ထွန်းရီသည် သမဂ္ဂ အဆောက်အဦးတွင် အသင့် တပ်ဆင်ထားသော ဒိုင်းနမိုက်များကို ဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်တွင် ဖောက်ခွဲလိုက်လေသည်။
လွတ်မြောက်သူများ
သမဂ္ဂ အဆောက်အဦးကြီးတွင် ဘကြီးကံသိန်း၏ သမဂ္ဂ ဆံပင်ညှပ်ဆိုင် နှင့် စားသောက်ဆိုင်ရှိပါသည်။ ဘကြီးကံသိန်း ဆိုသူသည် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ် အောင်ဆန်း တို့ သမဂ္ဂခေတ်များမှတိုင် ရှိနေသူဖြစ်သည်။ ထိုအချိန်တွင် သမဂ္ဂ စားသောက်ဆိုင် တင်ဒါရ၍ ဖွင့်နေသူမှာ ပန်းချီ ဦးနန်းဝေဖြစ်သည်။ ၎င်းတို့မိသားစုများပါ သမဂ္ဂတွင် နေထိုင်ကြသည်။ ထိုဇူလိုင်လ (၇) ရက်နေ့ည (၁၁) နာရီ ခန့်တွင် စစ်တပ်မှ စစ်ဗိုလ်များက ဦးကံသိန်း နှင့် ဦးနန်းဝေတို့၏ အမည်များကို လက်ကိုင် အသံချဲ့စက်များနှင့် အော်ခေါ်ကြသည်။ ထို့နောက် သမဂ္ဂ အဆောက်အဦးမှ မိသားစုများနှင့် အတူထွက်ပေးရန်ပြောသည်။ ဦးကံသိန်း နှင့် ဦးနန်းဝေ တို့မှ “ညကြီးသန်းခေါင် ကားရှာမရမည် စိုး၍ မနက်မှ ထွက်ပါရစေ” ဟု တောင်းပန်သော်လည်း လက်မခံဘဲ “ညတွင်းချင်း လူချဉ်းသာထွက်ရမည်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမည်” ”ယူနီယံထဲတွင် မသမာသူများ ခိုအောင်း နေနိုင်၍ အပြတ်ရှင်းမည်” ဟုပြောခဲ့သည်။ ထိုအခါ ဦးကံသိန်းတို့လည်း မိသားစုနှင့် ခြေလွတ်လက်လွတ် ညတွင်းချင်းထွက်ခဲ့ရလေသည်။ မကြာမီ ဇူလိုင်လ (၈) ရက် နေ့ လင်းအားကြီးတွင် ကျောင်းသားထု ပိုင်ဆိုင်သော ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်လေတော့သည်။
စိန်ခေါ်မှု
ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါ ဗိုလ်နေဝင်းက ”၎င်း တိုင်းပြည်ကို တာဝန်ယူသည့် အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ်မတော်၏ အင်အားတစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်သည်” ဟုပြောကြားခဲ့သည်။ ထို့အပြင်“ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စတစ်ခုတည်းသာမက နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားသည်ကိုရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင် လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှထပ်မပြောလိုကြောင်း၊ ဓါးကို ဓါးခြင်း လှံကိုလှံခြင်း ဆိုင် ရန်သာရှိတော့ကြောင်း”ထပ်မံ စိန်ခေါ်ခဲ့လေသည်။ ထို ဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား (၁၇) ဦးသာသေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေးဆောင် တစ်ခုထဲတွင်ပင် စာရင်းအရ (၁၇) နှစ်ဦးသေဆုံးခဲ့သည်။ မြောင်းမြ မှ ကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ ခန္ဒာကိုယ်မှ သွေးနှင့် မန္တလေးဆောင် နံရံတွင် “၇-၇-၆၂ မမေ့ကြနဲ့”ဟုရေးသွားခဲ့သည်။
Zaw Lin
မှတ်ချက် ၁၉၆၃ ဇူလိုင်လ ကျောင်းများပြန်အဖွင့်တွင် သမဂ္ဂအဆောက်အဦး နေရာ၌ ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည် တည်ထောင်ကြသည်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နှင့်အတူ အလျား (၇၇) လက်မ၊ အနံ (၆၂) လက်မ ရှိ ကျောက်တိုင် တခု ပြုလုပ်၍ ၇-၇-၇၂ တွင် ကျဆုံးခဲ့သောကျောင်းသား ရာကျော်အတွက် ရည်စူးကာ “ရာကျော်ကျောက်တိုင်” ဟု အမည်တွင်စေခဲ့သည်။ ထို “ရာကျော်ကျောက်တိုင်“ ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ “ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” ဟုမိန့်ကြားခဲ့သည်။ သို့သော် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲ များ ဖြစ်ပေါ်၍ ကျောင်းများ ပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင် နှင့် အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦးလည်း ထပ်မံဖျက်ဆီးခံခဲ့ရသည်။
https://sites.google.com/site/myanmarsite1/home/sa/school
ဧရာဝတီမှသည် ကစ္စပနဒီအထိ
"စစ်ရောက်မှမျှားချွန်"  "မိုးလွန်မှထွန်ချ" ဆိုတဲ့စကားပုံတွေ အများကြား
ဖူးကြမှာပါ ..................................................................
ဘင်္ဂလီကိစ္စဟာ အနှေးနဲ့ အမြန်ဆိုသလို ကျွန်တော်တို့ တိုင်းပြည်မှာ
အန္တရာယ်ကြီးလာတော့မယ်ဆိုတာ ကျွန်တော်အပါအ၀င် ပြည်ပရောက်
(၈၈) အချို့ တထစ်ချသိနေခဲ့တာ လွန်ခဲ့တဲ့ (၂) နှစ်ကျော်ကတည်းကပါ။
ဘာ့ကြောင့်သိရသနည်းဆိုတဲ့ အခြေခံအကြောင်းရင်းတွေကတော့ -
ဘင်္ဂလီတွေ ဒက္ကား မှာ ကောက်ဆ်ဘဇား မှာ လျှို့ ဝှက်ဖြန့် ချီတဲ့
အာရေးဘစ်နဲ့ ဘင်္ဂလီလိုအသံသွင်းထားတဲ့ စီဒီတွေကို ကျွန်တော့်တို့ ရခဲ့
တယ်။ ဘူးသီးတောင်မောင်းတောက ဘင်္ဂလီတွေနဲ့  ပြည်ပရောက်ဘင်္ဂလီ
တွေရဲ့ အကြမ်းဖက်သင်တန်းတွေ ကွန်ယက်တွေအကြောင်း ကျွန်တော်တို့ 
သိနေခဲ့တယ် .........
(ဘင်္ဂလီခွန့် ထားတဲ့ BBC Burmese လုပ်စားအုပ်စု, RFA ဟန်ညောင်ဝေ
အပါအ၀င်လုပ်စားတွေရဲ့ အသုံးတော်ခံနေပုံတွေ ပြည်တွင်းက န.စ.က -
လ.၀.ကတွေရဲ့ (၁၅)သိန်းယူပြီးစစ်တပ်ကကားနဲ့ ရန်ကုန်အရောက် ဘင်္ဂလီ
Carry ရိုက်တာတွေ တယောက်ကို (၆) သိန်းနဲ့  မှတ်ပုံတင်ထုတ်ပေး
တာတွေ ကို အတိအကျသိနေခဲ့လို့ ပါပဲ)။
သည်လိုနဲ့  ဒီမိုကရေစီကို စကြမယ်ဆိုပြီး (ဒီ) တလုံးပဲရေးယုံရှိသေးတယ်
ဘင်္ဂလီကြံဖွတ်-ပြည်ခိုင်ဖြိုးအမတ်တွေက လွှတ်တော်ထဲကိုရောက်နေပါပြီ -
NLD ထဲမှာလည်းဘင်္ဂလီကုလားတွေက လှိုက်စားနေခဲ့ပါပြီ။ ကျွန်တော်
တို့ ရဲ့ စိုးရိမ်မူဟာအထွဋ်အထိပ်ရောက်ပြီး မိမိတတ်နိုင်သလောက်မိမိ
တိုင်းပြည်နဲ့ ပြည်သူကိုအသိပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
(သူတို့ ဘက်က အင်မတန်အကွက်ကျကျ အချိန်ယူ ကြိုတင်ပြင်ဆင်
ထားခဲ့တာ နှစ်အတန်ကြာပြီဖြစ်တဲ့အတွက် BBC Burmese အပါအ၀င်
ပြည်ပလုပ်စား မီဒီယာတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီအသံကောင်းလွှင့်
လုပ်စားတွေကို ဘင်္ဂလီတွေက အိတ်ထဲထည့်ပြီးနေပါပြီ)၊ ဒါပေမဲ့ ဧရာဝတီနဲ့ 
တရုတ်ကိစ္စ၊ တိုင်းပြည်တွင်းက အစိုးရအပြောင်းအလဲကိစ္စ၊ လျှပ်စစ်နဲ့ 
ဖရောင်းတိုင်ကိစ္စတွေမှာ အာရုံများနေခဲ့ကြတဲ့အတွက်ဘင်္ဂလီနဲ့ ဘီဘီစီကိစ္စ
မျိုးဟာ အများအာရုံစိုက်စရာမဖြစ်ခဲ့ပါဘူး။
သူတွေ၊ မလိုအပ်ပဲလိုင်းတင်သူတွေ အဖြစ်အပြောခံခဲ့ရသလို ကုလားကိစ္စ
ဓါးသွေးစရာမလိုပါဘူးကွာဆိုပြီး အပြောခံခဲ့ကြရပါတယ်။ အခုဖြစ်လာတော့
လည်း မင်းတို့ က အခုမှလာအဖြစ်သဲပြနေတယ် ကြိုပြီးဘယ်လောက်များ
ကိုယ့်ပြည်သူကိုချပြခဲ့လို့ လဲဆိုပြီးထပ်အပြစ်တင်လာပါသေးတယ်။
သည်တော့ဗျာ - ဘယ်လိုအခြေအနေမှာမဆို အပြစ်တင်ခံရတာတွေများ
လာတော့ - ကိုယ့်ထမင်းကိုယ်စားပြီးနေတဲ့အတွက် အဲသည်အပြစ်တင်သူ
တွေကိုစိတ်ကုန်လာတယ်။ အဖက်လုပ်ပြီးဘာမှမဖြေရှင်းချင်တော့ဘူး။
သည်ဘင်္ဂလီကိစ္စကို လွန်ခဲ့တဲ့ (၈) လကျော်ကတည်းက ကျွန်တော်
ဘာပြောခဲ့သလဲဆိုတာ .... အပြစ်တင်နေတဲ့သူတွေ သိစေချင်ပါတယ်၊
သည် Note အောက်ကချိတ်ပေးထားတဲ့ Link မှာ တွေ့ နိုင်ပါလိမ့်မယ်။
ခင်ဗျားတို့ ရက်စွဲကိုပြန်ကြည့်ပါ။ ဘယ်တုံးကတည်းကကျွန်တော်ပြောခဲ့
သလဲဆိုတာ ........။
တိုင်းပြည်ချစ်ပါတယ်ဆိုတဲ့သူတွေကို တင်ပြချင်တာက - သေနတ်
ကိုင်ပြီးကင်းစောင့်မှ တိုင်းပြည်ကိုချစ်ပြတာမဟုတ်တဲ့အတွက် - တိုင်း
ပြည်နဲ့ လူမျိုးအတွက် ... အရေးကြုံတိုင်း မိမိလုပ်စာချွေးနည်းစာငွေတွေ
နည်းအမျိုးမျိုးနဲ့ ထည့်ဝင်လှူဒါန်းနေသူတွေ ... အင်မတန်တိုတောင်း
လှတဲ့လူ့ ဘ၀မှာ အများအတွက် အချိန်တွေပေးနေသူတွေ မိမိဘ၀ကို
ရင်းပြီး ထောင်နှုတ်ခမ်းမှာလျှောက်ရင်း အများဘက်ကရပ်နေသူတွေ
အားလုံးဟာ - တိုင်းပြည်နဲ့ လူမျိုးကိုချစ်သူတွေပါပဲ - (နောက်ဆုံး
မိမိရောက်ရာအရပ်မှာ မိမိအမျိုးသားရေးသစ္စာကိုစောင့်သိသူ၊ မိမိကိုယ်
လေးစားသူ၊ မိမိလူမျိုးကိုကာကွယ်စောင့်လျှောက်သူ၊ မိမိကြောင့်ကိုယ့်
တိုင်းပြည်နဲ့ လူမျိုးသိက္ခာမကျစေသူ မိမိအမျိုးသားချင်းမျှဝေခံစားသူ
တွေဟာလည်း ... ထမင်းတလုပ်အတွက် တိုင်းပြည်ကိုရောင်းစားနေတဲ့
သူတွေ - တိုင်းပြည်နဲ့ လူမျိုးသိက္ခာကိုချတဲ့သူတွေထက် နှိုင်းမရအောင်
သိက္ခာနဲ့ တန်ဖိုးရှိပါတယ်)၊
ထပ်ပြီးတင်ပြချင်တာက - တိုင်းပြည်မှကနေ့ ဖြစ်နေတာတွေဟာ
မ.ဆ.လ (၂၆) နှစ်နဲ့  စစ်အာဏာရှင်ခေတ် (၂၄) နှစ်ပေါင်းပြီး စုပုံလာ
တဲ့အရှုပ်ထုပ်အစုတ်ထုပ်ကြီးဟာ အခုအချိန်မှာ အနံ့ တထောင်း
ထောင်းနဲ့ ပုပ်ပွပြီး တနိုင်ငံလုံးမှာရော အိမ်နီးချင်းနိုင်ငံတွေကိုပါ
ကူးစက်နေတာဖြစ်တဲ့အတွက် ... ဘာပြီးမှဘာလုပ်ရမယ်ဆိုတာ
မရှိတော့ပဲ - အားလုံးကိုတပြိုင်ထက်လုပ်ကြရပါလိမ့်မယ်ခင်ဗျား။
(၁) ကျွန်တော်တို့ ရဲ့မိခင်ဧရာဝတီမြစ်ကြီးကို ကယ်တင်ရမဲ့ကိစ္စ
လည်းအမှန်တကယ်မပြီးသေးပါ။ ကျွန်တော်တို့ အားလုံးရင်တ
ထိတ်ထိတ်နဲ့ ရှိနေရဆဲပါ။
(၂) ကျောက်ဖြူကနေယူနန်ကိုဖြတ်ပြီး မြန်မာပြည်ကိုဓါးလွယ်ခုတ်
ခုတ်သတ်မဲ့ ကျောက်ဖြူ - ယူနန်ပိုက်လိုင်းနဲ့ အတူဖေါက်မဲ့လမ်းဟာ
မြန်မာပြည်ကိုတရုတ်လက်အောက်ရောက်မဲ့အရေးပါ၊ (တိုင်းပြည်
ရဲ့ အမျိုးသားလုံခြုံရေးပါ ဆုံးရှုံးရမဲ့ကိစ္စပါ)။
(၃) ထားဝယ်ရေနက်စီမံကိန်းဟာ အကိုင်အတွယ်မှားရင် မိမိအကျိုး
ထက် နိုင်ငံခြားသားအကျိုးကိုဖြစ်သွားနိုင်ပြီး မဆိုင်တဲ့တနင်္သာရီ
တတောလုံးပြုံးပြီး ထိုင်းတွေလက်ထဲရောက်သွားမဲ့အရေးပါ။
(၄) လ.၀.က ဥပဒေတွေကိုခိုင်မာအောင်မလုပ်နိုင်ရင် မန္တလေးကို
မြန်မာစကားမတတ်တဲ့ ပြည်မတရုတ်တွေက သေနတ်တချက်မှ
မဖေါက်ပဲသိမ်းခဲ့သလို အခြားနေရာဒေသတွေလည်း အလားတူဖြစ်
မဲ့အခြေအနေရောက်နေပါတယ်။
(၅) တိုင်းပြည်မှာ ဆယ်စုနှစ် နှစ်ခုအတွင်း အခွင့်အရေးနဲ့ ပါမစ်ရလို့ 
ခေတ်ပျက်သူဌေးဖြစ်လာတဲ့ ခရိုနီ နှစ်ကြိတ်နဲ့ ခေတ်ပျက်သူဌေးတွေ
ရဲ့ လောဘဇောတိုက်မူကြောင့် တိုင်းပြည်အနှံ့ အပြားရှိစက်ရုံတွေက
အလုပ်သမားတွေရဲ့နင်းပြားဘ၀တွေအတွက်လည်း တောင်းဆိုတိုက်ပွဲဝင်
နေဆဲပဲရှိပါသေးတယ်။ ခရိုနီတွေက သူတို့ ကုမ္ပဏီတွေအတွက်
ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပေါင်းပြီး လယ်သမားတွေရဲ့ဓါးမဦးချ
လယ်မြေတွေကို (လျှော်ကြေးတပြားမှမပေးပဲ ကိုလိုနီခေတ်က
ချစ်တီးထက်ဆိုး) အဓမ္မသိမ်းယူနေဆဲပါ၊ (ချစ်တီးကအကျွေးနဲ့ သိမ်း
တဲ့အတွက်ဖြေလို့ ရနိုင်ပါသေးတယ်။ အခုဟာက ဓါးပြတိုက်ယူတာ)
လယ်အသိမ်းခံ စားစရာဆန်မရှိတဲ့လယ်သမားတွေရဲ့ တိုက်ပွဲဝင်မူ့ တွေ
လည်းရှိနေပါတယ်။ (မနေ့ ကအထိပေါ့ဗျာ - ကုမ္ပဏီတွေက ဒေသ
ဆိုင်ရာအာဏာပိုင်တွေနဲ့ ပေါင်းပြီး ဒဂုံဆိပ်ကမ်းမြို့ နယ်ကလယ်တွေ
ကိုအသိမ်းခံထားရတဲ့လယ်သမားတွေက ကျွန်တော်တို့ လယ်မရှိရင်
ဘယ်လိုလုပ်စားမလဲလို့ မေးတာကို "မရှိရင်တောင်းစားကြ" လို့ 
စီပင်သာယာက အရာရှိဦးသောင်းညွန့် ကဖြေကြားလိုက်ပါတယ်။
တိုင်းပြည်မှာ မီဂါဝှပ် ၁၅၀၀ ပိုလို့ ရောင်းစားတယ် - မီးမလာရင်
အိမ်မှာနေပြီးဖရောင်းတိုင်ထွန်းနေကြ ... စတဲ့ လက်လွတ်စပါယ်
အောက်တန်းကျတဲ့နည်းလမ်းတွေနဲ့  တိုင်းပြည်ရဲ့အခက်အခဲတွေကို
ဖြေရှင်းလို့ မရနိုင်တော့ပါဘူး)။
(၆) လက်ရှိပါလီမန်ထဲက အစိုးရက ငြိမ်းချမ်းရေးကိုအသံကုန်အော်
နေပေမဲ့ - တဘက်က (တရုတ်အကျိုးစီးပွါးအတွက်) ကချင်ညီအစ်ကို
တွေကို တိုက်နေတဲ့ စစ်ပွဲတွေဟာ ပြင်းထန်နေဆဲပါ။ ရှမ်းညီအစ်ကို
တွေနဲ့ လည်း စစ်ပွဲတွေပြန်ဖြစ်နေပြန်ပါတယ်။ အင်အားသုံးသောင်းနဲ့ 
တရုတ်အစိုးရထဲမှာကိုယ်စားလှယ်ရောက်နေတဲ့ တရုတ်စကားပြော
နေတဲ့ တရုတ်စာကိုရေးနေတဲ့ "၀" ကိုမတိုက်ပဲ တရုတ်အကျိုးစီးပွါး
အတွက် မိမိညီအစ်ကိုရင်း ကချင်ကိုတိုက်နေခြင်းဟာလည်း
အင်မတန်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။(ပြည်တွင်းစစ်ကိုမရပ်
နိုင်သ၍ ဘယ်တိုင်းပြည်မှ အမှန်တကယ်တိုးတက် ဖွံ့ ဖြိုးအောင်
တာစူလို့ မရဘူးဆိုတာ ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တွေနဲ့ ဖြစ်ခဲ့တဲ့
တိုင်းပြည်အားလုံးရဲ့ဘ၀တွေက သက်သေခံနေပါတယ်)။ ကျွန်တော်တို့ 
အားလုံးရဲ့ အမျိုးသားရန်သူထဲမှာ ပြည်တွင်းစစ်ဆိုတာ အဓိကရန်သူ
ပါပဲ။ နာဂစ်ဖွဲ့ စည်းပုံရဲ့အားနည်းချက်တွေကြောင့် လက်ရှိအစိုးရနဲ့ 
တိုင်းပြည်ကိုကာကွယ်ဖို့ ဖွဲ့ စည်းထားတဲ့ တပ်မတော်ကို အပိုင်စားရ
ထားသူတွေရဲ့အကြားက အာဏာလွန်ဆွဲပွဲတွေကြောင့်လည်း တိုင်းပြည်
ဟာ ၀ါးအစည်းပြေသလိုဖြစ်နေပါတယ်။
(၇) ဌာနတိုင်းမှာ ခြစားမူတွေဟာ အတောမသတ်နိုင်လောက်အောင်
တိုင်းပြည်နဲ့ လူမျိုးကို မျက်နှာမဖေါ်ရဲလောက်အောင် - အောက်ခြေက
အစထိပ် ဆုံးအထိ -  ဗိုလ်ချုပ်အဆင့်ကအစ ပြည်သူပိုင်ဆေးရုံတွေက
တံခါးစောင့်များအထိအေးဓါးပြတိုက်နေကြပြီး မြန်မာဆိုတာ ကမ္ဘာမှာ
ဟေတီဆိုတဲ့တိုင်းပြည်ပြီးရင် ဒုတိယCorrupted Society ဖြစ်နေခဲ့တဲ့
အထိပါပဲ။
ဟုတ်ပြီ - မင်းကပြဿနာတွေချည်းပြောသွားတယ် - ဘယ်လိုဖြေရှင်း
ရမလဲဆိုတာရောအဖြေရှိရဲ့လားဆိုတဲ့မေးခွန်း ... ရှိလာမှာပါ။
မေးချင်ကြမှာပါ။
ဟုတ်ကဲ့ခင်ဗျား -
ပြည်တွင်းစစ်ကိုအရင်ရပ်ရပါလိမ့်မယ်။ လွှတ်တော်ထဲက အိပ်နေကြတဲ့
တမတ်သားကို ထုတ်မပစ်သည့်တိုင်အောင် လက်ရှိ ဖွဲ့ စည်းပုံကို
ပြင်ဆင်နိုင်တဲ့ဥပဒေကိုထည့်သွင်းရပါလိမ့်မယ်။ လက်ရှိဖွဲ့ စည်း
အုပ်ချုပ်ပုံဟာ သမတကြီးဦးသိန်းစိန် ပြောနေ ဖြစ်ချင်နေ လုပ်နေတာ
တွေရဲ့ မဟာအဟန့် အတားကြီး တခုဖြစ်နေပြီဆိုတာ ဗွင်းဗွင်းကြီးပေါ်
နေပါပြီ - တနည်းအားဖြင့် ခေတ်မှီတိုးတက်ဖွံ့ ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံ
တော်ကြီး ကိုလက်ရှိဖွဲ့ စည်းပုံနဲ့ ဘယ်လိုမှ ... ချီတက်လို့ မရသလို၊ ရေရှည်
ရေတို အမျိုးသားအကျိုးစီးပွါးကို အကာအကွယ်မပေးနိုင်သလို၊ တိုင်း
ပြည်ကို ဘင်္ဂလီလိုပြည်ပရန်ကနေ ကာကွယ်နိုင်တဲ့ခိုင်ခန့် တဲ့ လူဝင်မူ
ဥပဒေတံတိုင်းတွေမရှိသလို၊ အောက်ခြေလူတန်းစား နင်းပြား အလုပ်သမား
လက်လုပ်လက်စားနဲ့  တောင်သူလယ်သမားတွေရဲ့ သန်းပေါင်းများ
စွာသောဘ၀တွေကို လုံခြုံမူ မပေးနိုင်ပဲ ... တိုင်းပြည်မှာ လူလတ်တန်းစား
ပျောက်ပြီးသ္ခင်နဲ့ ကျွန် နှစ်မျိုးပဲရှိစေမဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံဖြစ်နေတယ်
ဆိုတာပါပဲ။
အဲသည်ဖွဲ့ စည်းပုံကို ပြင်ဆင်ဖြည့်စွက် နိုင်မှသာ ... အထက်က
တင်ပြထားတဲ့ပြဿနာတွေကို အမှန်တကယ်ဖြေရှင်းနိုင်မဲ့ လမ်းစ
တွေကို တွေ့ ရှိနိုင်မှာဖြစ်ပြီး - တရားစီရင်ရေးအာဏာ၊ တရားဥပဒေ
ပြုမူအာဏာနဲ့  အုပ်ချုပ်မူအာဏာ ဆိုတဲ့ ဖိုခနောက်ကြီးသုံးခု ခိုင်မာ
လာမည်ဖြစ်ကြောင်းပါခင်ဗျား -
(အင်္ဂလိပ်တွေဟာ ကိုယ့်တိုင်းပြည်ကောင်းစားဖို့ ကိုယ့်လူမျိုးအချင်းချင်း
ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ နှလုံးသားနဲ့ ရောဦးနှောက်နဲ့ ပါသိခဲ့သလို
သူတပါးတိုင်းပြည်နဲ့ လူမျိုးကိုဘယ်လိုအုပ်ချုပ်ရမလဲဆိုတာပါသိခဲ့လို့ 
ကမ္ဘာမှာ နေမ၀င်အင်ပါယာကြီးကို ပိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ
တွေ ၂၁ ရာစုရောက်တဲ့အထိ ကိုယ့်တိုင်းပြည်ကောင်းစားဖို့  ကိုယ့်လူ
မျိုးကိုယ်မအုပ်ချုပ်တတ်ကြသေးပါဘူး) ကျွန်တော်တို့ လူမျိုးချင်းအုပ်ချုပ်
တဲ့ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အာဏာရသူတွေရဲ့
စိတ်ဓါတ်နဲ့ အပြုအမူတွေဟာ ဂျပန်ခေတ်ကဂျပန်တွေ သူတို့ သိမ်းခဲ့တဲ့
တိုင်းပြည်တွေကိုအုပ်ချုပ်တဲ့ပုံစံအတိုင်းတထပ်တည်းကျနေခဲ့တာ ရာစုနှစ်
ထက်ဝက်ရှိခဲ့ပါပြီ။
အားလုံးကိုလေးစားစွာဖြင့်
လှိုင်ဘွား/၈၈
ရခိုင်လူမျိုး ကိုသက်ပြင်း
Zaw Lwin Win
about an hour ago
သူ့ကို ကုလားတွေက နာဇီရွာထဲမှာ စခုတ်တယ်။ လက်ကိုထိတယ်။ သူလဲသွားတော့ မသေမှာစိုးလို့ ကျောပြင်ကို ထပ်ခုတ်တယ်တဲ့။ သူလုံးဝ လဲကျသွားတယ် အဲ့ဒီအချိန်မှာ ကုလားတွေက လှံနဲ့လှမ်းပစ်တယ်။ လှံကိုကောက် ထောက်ပြီး ထွက်ပြေးလာတယ်။ သူ့လူတွေအနားရောက်တော့ လဲကျသွားတယ်။ အဲ့ဒီအချိန် ပထမပုံကို ရိုက်ထားတာပါ။ ဒီနေ့ ကျွန်တော်နဲ့သူ တွေ့တယ်။ နေကောင်းတယ်။ သက်သာတယ်။ လက်ကတော့လှုပ်မရသေးဘူးတဲ့ ကျောပြင်က ဒဏ်ရာတွေကတော့ ကြက်နေပြီ အထဲမှာတော့ အကင်းသေအုံးမှာ မဟုတ်ဘူး။...
ကျွန်မတို့ကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး ဘေးမှာ ထောက်လှမ်းရေးက ၅ ယောက်လောက် ရှိတယ်။
r 7Day News Journal
ကျောင်းသားသမဂ္ဂဖြိုခွဲခံခဲ့ရသော 7 July နှစ် (၅၀)ပြည့်အခမ်းအနားတွင် ဦးဆောင်ကျင်းပမည့် ဗကသခေါင်းဆောင်အချို့ကို ပြင်ပ၌မရှိစေချင်သောကြောင့် ခေါ်ယူထိန်းသိမ်းထားခြင်းဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံကြောင်း နာရီ ၂၀ ခန့် ထိန်းသိမ်းခံရပြီး ပြန်လွတ်လာသူများက ပြောသည်။
ဖမ်းဆီးခံရသူ ဗကသကျောင်းသားတစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းက "7 July နဲ့ပတ်သက်ပြီး အဓိကမေးပါတယ်။ ဒါကို စိုးရိမ်တဲ့အနေနဲ့ လမ်းပေါ်ထွက်ပြီးတော့ ကျောင်းသားအရေးအခင်းတွေဖြစ်မှာဆိုးလို့ပါ။ ကျွန်တော်တို့နောက်မှာ ကျောင်းသားအင်အားစုရှိတယ်ဆိုပြီး စိုးရိမ်တဲ့အတွက်ပါ" ဟု ရှင်းပြသည်။
သို့သော် ယခုဖမ်းဆီးရာတွင် ယခင်ဖမ်းဆီးသည့်ပုံစံနှင့်မတူဘဲ အာမခံချက်ရှိပြီး ဖမ်းဆီးစဉ်ကပင် ၂၄ နာရီအတွင်း ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ပြီး ကောင်းမွန်စွာနေရကြောင်း လွတ်မြောက်လာသူများက ပြောသည်။
ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းခွင့်မရသေးခင်မှာ အခမ်းအနားများအား ခွင့်ပြုချက်နှင့်သာ ကျင်းပရမည်ဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ ထိန်းသိမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့ တာဝန်ခံရဲမှူးကြီး ဦးစိုးသိမ်းက ပြောကြောင်း ပြန်လည်လွတ်မြောက်လာသူ ကိုစည်သူမောင်က ပြောသည်။ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ မှာ သက်ဆိုင်ရာက ၂၄ နာရီအတွင်း ခေါ်ယူမေးမြန်းစုံစမ်းနိုင်သည်ဟု ဆိုသည်။
 ယာယီထိန်းသိမ်းခံ ခဲ့ရသူများတွင် ပါဝင်ခဲ့သည့် ဗကသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းက
“ဗကသ ကျောင်းသားတွေကို ခုလို ဖမ်းဆီး ထိန်းသိမ်းတယ်ဆိုတာ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်တာပါပဲ။ ဥပဒေကို လက်တစ်လုံးခြား လုပ်တာပါ။ ၂၄ နာရီ ရှိထဲအထဲက ၂၂ နာရီလောက် ခေါ်ယူ ထိန်းသိမ်းထားတာပါ။ ဒါဟာ စိတ်ကို ညှင်းပန်းနှိပ်စက်ခြင်း တစ်မျိုးပါပဲ” ဟု ပြောဆိုသည်။
 Eleven Media Group
"သူတို့ပြောတာကတော့ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလိုပွဲမျိုးတွေကို လုပ်ခွင့်မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ကို ခေါ်ယူ ထိန်းသိမ်းတယ်လို့ မပြောဘူး။ ခေါ်ယူဆွေးနွေးတာလို့ပဲ ပြောတယ်။ ဒီပွဲအတွက် ခေါ်ယူဆွေးနွေးတာ။ ပွဲပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့တော့ အာမခံချက်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မနက် ၃ နာရီလောက်အထိ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးတာတွေ လုပ်တယ်။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေ လုပ်တာပါ"ဟု ထိန်းသိမ်းခံရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုစည်သူမောင်က ပြောပါသည်။
"ကျွန်မတို့ကို စစ်ဆေးတာကတော့ ဒီ 7 July ပွဲအတွက် ဘယ်အချိန်ကတည်းက စ စီစဉ်ခဲ့တာလဲ။ ဘယ်နေရာတွေမှာ စီစဉ်ခဲ့တာလဲ။ အဲဒါမျိုးတွေ မေးတယ်။ ကျွန်မကိုယ်တိုင်တောင် အတိအကျ မမှတ်မိဘူး။ ကျွန်မတို့လည်း ယေဘူယျသဘောလောက်ပဲ မှတ်ထားတာရှိတယ်။ ခေါ်ယူဆွေးနွေးတယ်ဆိုပေမယ့် ကျွန်မတို့ကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး ဘေးမှာ ထောက်လှမ်းရေးက ၅ ယောက်လောက် ရှိတယ်။ အမျိုးသမီးတွေပါပဲ။ ခေါ်ယူဆွေးနွေတယ်ဆိုပေမယ့် တကယ်က ဖမ်းဆီးထိန်းသိမ်းတာပါပဲ။" ဟု ထိန်းသိမ်းခံရသော ကျောင်းသူတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါသည်။
မြန်မာ့မြေပေါ်တွင်ကျေးဇူးဆပ်သူများ
CPI ကုမ္မဏီမှတာဝန်ရှိသူများ မြစ်ဆုံရွာနှင့် အောင်မြင်သာရွာတွင်စည်းရုံးရေးဆင်း
Kachin Waves
July 4
မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် CPI ကုမ္မဏီမှ ကောကိမ်းလျောင်( ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ)နှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၀ ယောက်ကျော် မြစ်ဆုံရွာနှင့် အောင်မြင်သာရွာဒေသခံများ အိမ်သို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဇွန်လိုင် (၁) ရက်နေ့မှစတင်ကာ စည်းရုံးရေးဆင်းကြောင်း CPIကုမ္မဏီ နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဒေသခံတစ်ဦးကဆိုသည်။
“မင်းတို့ဒေသခံတွေ ဒီရေအားလျှပ်စစ် စီမံကိန်းလုပ်တာကို သဘောမတူဘူးလား။ မင်းတို့ သဘောတူရင် မင်းတို့ကို လိုလေ
သေးမရှိအောင် ကူညီပေးမယ်။ မင်တို့ဘယ်လိုသဘောရလဲ” ဟု CPI ကုမ္မဏီမှ ကောကိမ်းလျောင်( ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ) က ဒေသခံများအား မေးမြန်စည်းရုံးခဲ့ကြောင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဒေသခံတစ်ဦးကပြောပြသည်။
အောင်မြင်သာတွေရှိသော အိမ်သစ်များသည် သူတို့CPI တွေဆောက်ထားပေးတာဖြစ်ကြောင်း ပြောကာ ၎င်းအိမ်များ ဘုရားကျောင်းများ၏ ခိုင်ခံမှုအခြေနေများကိုပါ ဆက်လက်မေးမြန်းသွားကြောင်းသိရသည်။
“ဒီမြစ်ဆုံစီမံကိန်း ပြီးသွားပြီဆိုရင် မင်းတို့ဘာမှပူစရာမလိုတော့ဘူး။ အခုက ငါတို့အားလုံးကြိုးအားပြီး တောင်တက်နေတာ တောင်ထိပ်မရောက်သေးဘဲ တောင်အလယ်မှာပဲရပ်နေရသလိုဖြစ်နေပြီ။ တောင်ထိပ်သွားရောက်သွားမယ်ဆိုရင် ငါတို့အားလုံးပျော်
ပြီ။ အခုက မင်းတို့နဲ့ငါတို့ကဒုက္ခရောက်နေတယ်။ လူဆိုတာ ဒက္ခရောက်နေတာကို ကျော်လွှားနိုင်ပြီးမှ ပျော်ရွှင်မှုကို ရတာ” ဟုCPI မှ ဆက်လက်ပြောကြားသွားကြောင်းကိုလည်းသိရသည်။
ဤမြစ်ဆုံစီမံကိန်းအား ၂၀၁၁ စက်တင်ဘာ (၂၃) ရက်နေ့တွင် နိုင်ငံသမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတ အာဏနှင့်ရပ်ဆိုင်းထားခြင်း
ဖြစ်သည်။ CPI သည် ထိုကဲ့သို့ဒေသခံများအား စည်းရုံးရေးဆင်းကာ မြစ်ဆုံစီမံကိန်းအား တရားဝင် ပြန်လည်လုပ်ဆောင်နိုင်ရန်လုပ်
ဆောင်နေခြင်းဖြစ်သည်။
Burma ဆိုသည်မှာ အင်္ဂလိပ်စကားလား
သံအမတ်ကြီးဟောင်း ဆရာဦးသက်ထွန်း အတွက် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုစကား
(ဆရာမောင်ဝံသ မှ ....)
Ma Latt Latt Soe
အငြိမ်းစားသံအမတ်ကြီး ၀ဏကျော်ထင် ဦးသက်ထွန်းရဲ့ နောက်ဆုံး ဆောင်းပါး (မကွယ်လွန်မီ
၂ရက်အလိုတွင် ပြည်သူ့ခေတ်ဂျာနယ်အတွက် ရည်ရွယ် ရေးသားခဲ့ခြင်းဖြစ်သည်)
http://htwduwintinfoundation.blogspot.jp/2012/07/burma.html
သံတွဲ GTI ပြန်ဖွင့်ပြီ
by Yangon Press International on Sunday, July 8, 2012 at 1:25am ·
ဇူလိုင် ၈၊ ၂၀၁၂၊ YPI
ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများကြောင့် ပိတ်ထားသည့် အဆင့်မြင့်ပညာကျောင်းများအနက် သံတွဲ G.T.I အစိုးရ စက်မှုလက်မှုသိပ္ပံ  အား ဇူလိုင် ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပတ်ခန့်ကစ၍ ပိတ်ထားခဲ့သည့် သံတွဲG.T.I ကျောင်းအား ဇူလိုင် ၃ ရက်အထိ ပိတ်ထားမည်ဟု ကြေငြာခဲ့ပြီးနောက် ဇူလိုင် ၅ ရက်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“ ကျောင်းပြန်ဖွင့်ပေမယ့် ကျောင်းသားတွေ မရောက်ကြဘူး၊ ကျွန်တော်တို့အတန်းမှာတော့ ဆယ်ယောက်လောက် ရောက်တယ်” ဟု မြို့ပြပထမနှစ် ကျောင်းသားတစ်ဦးက ပြောသည်။
သံတွဲ G.T.I တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ မြို့များမှ ကျောင်းသား ၃၈၀ ကျော် တက်ရောက်လျှက်ရှိရာ ယင်းအနက် ကျောင်းသား ၂၀၀ ကျော်မှာ  သံတွဲမြို့မှ ဖြစ်ကြသည်။
အခြား ရခိုင်ပြည်နယ်တွင်းရှိ အဆင့်မြင့်ပညာကျောင်းများမှာ ကျောက်ဖြူပညာရေး ကောလိပ်၊ စစ်တွေ တက္ကသိုလ်၊ စစ်တွေသူနာပြုတက္ကသိုလ် နှင့် စစ်တွေနည်းပညာတက္ကသိုလ် တို့ဖြစ်ပြီး ကျောက်ဖြူပညာရေး ကောလိပ်မှာ ပိတ်ခဲ့ခြင်းမရှိဟု ဒေသခံတစ်ဦးက ပြောသည်။
သို့ရာတွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ စသည့်မြို့များရှိ အခြေခံပညာကျောင်းအချို့ ယခုအချိန်ထိ ပိတ်ထားဆဲဖြစ်၍  စစ်တွေမြို့ပေါ်တွင်လည်း အ.ထ.က(၆) တစ်ကျောင်းတည်းသာ ဖွင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အ.ထ.က (၆)က စစ်တပ်နားမှာရှိတယ်၊ အခြားကျောင်းတွေအားလုံးက အကန့်အသတ်မရှိ ပိတ်ထားပါတယ်”ဟု စစ်တွေမြိ့နယ်၊ ၀ါဘိုကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ဆူပူမှုများဖြစ်ခဲ့သည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသော စစ်တွေဒေသခံ ဆရာ၊ ဆရာမများမှာ စစ်တွေတွင် လက်ရှိဖွင့်ထားသည့် ကျောင်းများတွင် တွဲဖက်တာဝန် ထမ်းဆောင်နေကြကြောင်း ဒေသခံ ဆရာတစ်ဦး ကပြောသည်။
ဇွန်လ ၃ ရက်နေ့မှ စတင်သည့် ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် မငြိမ်သက်မှုများကြောင့် မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသကဲ့သို့ ရခိုင်ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်သည်။       ။
မိတ္ထီလာခရိုင် လေးမြို့နယ်တွင် ထွန်တုံးတိုက်ပွဲ နည်းဖြင့် ဆန္ဒဖော်ထုတ်မည်
The Voice Weekly 6 minutes ago
ရန်ကုန်၊ ဇူလိုင် ၈
မိတ္ထီလာ ခရိုင်တွင်း လေးမြို့နယ်တွင် လယ်ယာ အသိမ်းခံ ထားရသော တောင်သူ လယ်သမားများ စုပေါင်းကာ ဇူလိုင် ၁၁ ရက်နေ့တွင် ထွန်တုံးတိုက်ပွဲ ခေါင်းစဉ်ဖြင့် အသိမ်းခံထားရသော လယ်မြေများတွင် နွားများဖြင့် ဝင်ရောက် ထွန်ယက်ကာ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ယင်းလယ်သမားများနှင့် အဆိုပါကိစ္စကို ကူညီဆောင်ရွက် ပေးနေသူများထံမှ သိရသည်။
“ကျွန်တော်တို့ မတရား အသိမ်းခံရတဲ့ လယ်တွေကို ပြန်ရချင်တယ် ဆိုတာ သိစေချင်လို့ ကျွန်တော်တို့ ကိုယ်တိုင် အဲဒီလယ်တွေမှာ နွားနဲ့ လယ်ထွန်ကြမှာ” ဟု မိတ္ထီလာမြို့နယ် ကံကောင်းကျေးရွာမှ လယ်သမား တစ်ဦးက ဆိုသည်။
မိတ္ထီလာ ခရိုင်အတွင်း မလိုင်၊ ဝမ်းတွင်း၊ သာစည်နှင့် မိတ္ထီလာ မြို့နယ်များရှိ လယ်မြေများ အသိမ်းခံရသည့် ကျေးရွာများတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
ဝန်ကြီးဌာနနှင့် ကုမ္ပဏီများက သိမ်းယူထားသည့် လယ်မြေများမှာ မလိုင်မြို့နယ် ကန်စောင်းရွာတွင် ၁၀ ဧက၊ မလိုင်မြို့နယ် ကံကောင်း ကျေးရွာတွင် ၁၀ ဧက၊ ရေချိုကျေးရွာတွင် ၅၀ ဧက၊ ဝမ်းတွင်း မြို့နယ် အိုးပြွန်တန်းနှင့် အနီးဝန်းကျင် ကျေးရွာများတွင် ဧက ၁၀၀ ကျော်တို့ ဖြစ်ကြောင်း လယ်သမားများ အရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးဉာဏ်ထွန်းလင်းက ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် ဆန္ဒဖော်ထုတ်ကာ အသိမ်းခံလယ်များ ပြန်လည် ပေးအပ်ရန် တောင်းဆိုမှုများ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ယာယီထိန်းသိမ်းခံရသော ဗကသကျောင်းသား ၄ ဦး
၂ဦးစလုံးခွင့်မလွှတ်စရာအကြောင်းမရှိ.....(သဇင်)
သဇင့်ခင်ပွန်းသက်နိုင်အောင်ဇေယျအင်တာဗျူး
ရွေးကောက်ပွဲရှုံးသွားတဲ့ကျောင်းကလေး
နှစ် (၅၀)ပြည့် ဇူလိုင် (၇)ရက်နေ့အခမ်းအနားမြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့ (BSDO-Canada) ၏သဘောထားထုတ်ပြန်ချက်
တိုရန်တိုဆဲဗင်းဂျူလိုင်အခမ်းအနား
photos click here
7 July at New York
more videos click here