Wednesday, July 11, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများ


Tuesday, July 10, 2012

အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်း အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ရေးဟာ အဓိက အကျဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ကာကွယ် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေနဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ် နိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုများ ထိရောက်စွာနှိမ်နင်းနိုင်ဖို့အတွက် Terrorist Intelligence Unit တွေကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ ဖွဲ့စည်းထားကြပါတယ်။ ဒီယူနစ်တွေက Terrorist Intelligence Process တွေကို အသုံးပြုပြီး သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သတင်းရယူခြင်း၊ အကြမ်းဖက်သမားဟု သံသယဖြစ်နိုင်ချေ ရှိသူများနှင့် ထောက်ခံအားပေးနေသူများကို ဖော်ထုတ်ခြင်း၊ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်အဖွဲ့အစည်းများအား ဖော်ထုတ်ခြင်း၊ ပုဂ္ဂိုလ်ရေးဆက်နွယ်မှု၊ ဘဏ္ဍာရေး ဆက်နွယ်မှု၊ ဖြစ်စဉ်ဆက်နွယ်မှု စသည်များကို ဆက်စပ်လေ့လာဆန်းစစ်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်ကြပါတယ်။
ဖြစ်ပွားပြီးခဲ့တဲ့ နိုင်ငံအသီးသီးမှ ပြည်တွင်းအကြမ်းဖက်မှုများနဲ့ နိုင်ငံတကာအကြမ်းဖက်မှုများကို လေ့လာဆန်းစစ်ချက်များအရ မည်သည့်အဖွဲ့အစည်းများနဲ့မှ ဆက်စပ်ခြင်းမရှိတဲ့ တကိုယ်တော် အကြမ်းဖက်မှု တွေက နည်းပါးပါတယ်။ အကြမ်းဖက်မှုများရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ထားတဲ့ (သို့မဟုတ်) ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများနဲ့ အားပေးထောက်ခံသော အဖွဲ့အစည်းများကို ဖော်ထုတ်နိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါကြောင့်လဲ ထောက်လှမ်းရေးအဖွဲ့အစည်းများနဲ့ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လက်တွဲပြီး အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်အဖွဲ့အစည်းများကို Link Analysis များ ပြုလုပ်ပြီး ဖော်ထုတ်ထားကြပါတယ်။
ဖော်ထုတ်တွေ့ရှိထားကြတဲ့ အကြမ်းဖက်အဖွဲ့အစည်း အများစုဟာ တရားဥပဒေစိုးမိုးရေး (rule of law) ရဲ့ လက်တံနဲ့ အနည်းငယ် ဝေးကွာလေ့ရှိတဲ့ တောတောင်ထူထပ်သော ဒေသများ၊ သဘာဝအရံ အတားအဆီး များသောဒေသများနဲ့ နယ်စပ်ဒေသများမှာ ခိုအောင်းပြီး အခြေစိုက်စခန်း တည်ထောင်လေ့ရှိကြပါတယ်။ ဒီလိုတည်ထောင်မှုကနေ အိမ်နီးချင်းနိုင်ငံများအပေါ်မှာ spill-over effects များ သက်ရောက်လာလေ့ရှိသလို၊ အိမ်နီးချင်းနိုင်ငံမှ အခြားစစ်သွေးကြွအဖွဲ့အစည်းတွေနဲ့ ဆက်စပ်လာတာတွေလဲ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုလေ့လာဆန်းစစ်ချက်တွေမှာ မိမိတို့နိုင်ငံသာမက နယ်နိမတ်ချင်းထိစပ်နေတဲ့ နိုင်ငံများရဲ့ အကြမ်းဖက်အဖွဲ့အစည်းများ အကြောင်းကိုပါ လေ့လာထားဖို့လိုအပ်ပါတယ်။ အခုဒီဆောင်းပါးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများအကြောင်းကို လေ့လာတင်ပြမှာ ဖြစ်ပါတယ်။
(၂၀၀၉) ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကနေ စစ်သွေးကြွအကြမ်းဖက်အဖွဲ့အစည်း (၁၂) ခုရဲ့ အမည်ကို ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတွေထဲမှာ ပါဝင်တဲ့ Harkat-ul Jihad Islami (HuJI) Bangladesh, Jamaat-ul Mujahideen Bangladesh (JMB), Shahadat-e-al Haqima (SAH) စတဲ့ အဖွဲ့အစည်းတွေဟာ ယခင်အစိုးရများလက်ထက်ကတည်းက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထုတ်ဖော် ကြေငြာခံထားရတဲ့ အဖွဲ့အစည်းများ ဖြစ်သလို၊ နိုင်ငံတကာလုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများရဲ့ လေ့လာဆန်းစစ်ချက် များမှာ အမည်စာရင်းထည့်သွင်းခံထားရတဲ့ အဖွဲ့အစည်းတွေလဲ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်အဖွဲ့အစည်းများအကြောင်းကို လေ့လာကြည့်ကြရအောင်ပါ။
Shahadat-e al Haqima: Shahadat-e al-Hikma (SAH)
ဒီအဖွဲ့အစည်းကို (၂၀၀၃) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ Kawsar Hossain Siddique ဆိုသူဖြစ်ပါတယ်။ ဒီအုပ်စုက အချက် ()ချက်ပါတဲ့ တောင်းဆိုချက်များကို တောင်းဆိုခဲ့ပြီး (၁၉၇၁) ခုနှစ် လွတ်မြောက်ရေးစစ်ပွဲကို အသက်ပြန်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ အစိုးရအာဏာကို အကြမ်းဖက်နည်းလမ်းနဲ့ ရယူမယ့် ရည်ရွယ်ချက်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီအဖွဲ့အစည်း ပေါ်ပေါက်လာစမှာပဲ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းရေးကို ခြိမ်းချောက်လာတာကြောင့် အဲဒီအချိန်က အစိုးရဖြစ်တဲ့ BNP- Jamaat government က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ပါတယ်။
ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ဒီအဖွဲ့မှာ ကွန်မင်ဒိုအင်အား တသောင်းခန့်ရှိပြီး၊ တိုင်းပြည်အနှံ့မှာ ဖြန့်ကျက်ထားတဲ့ တိုက်ခိုက်ရေးသမား နှစ်သောင်းခွဲရှိပါတယ်။ ကမ္ဘာကျော်အကြမ်းဖက် အဖွဲ့အစည်းကြီးဖြစ်တဲ့ Al Qaeda အဖွဲ့နဲ့ ဆက်စပ်မှုတွေ ရှိကြောင်း ထောက်လှမ်းရေးသတင်း အချက် အလက်များမှာ ဖော်ပြထားပါတယ်။
Harkat-ul Jihad al Islami Bangladesh (HuJI-B)
ဒီအဖွဲ့အစည်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသာကပဲ နိုင်ငံတကာ လုံခြုံရေးလောကမှာပါ နာမည်ကြီးတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို အာဖဂန်နစ္စတန်မှာ ဆိုဗီယက်တပ်တွေကို သွားတိုက်ပြီးပြန်လာခဲ့တဲ့ အာဖဂန်နစ္စတန်စစ်ပွဲပြန်များက စုဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ Osama Bin Laden’s International Islamic Force (IIF) ကို အားကျအတုယူမှုတွေ ရှိခဲ့ပါတယ်။ အဖွဲ့ရဲ့ ခေါင်းဆောင်အမည်ကတော့ Showkat Osman (ခေါ်) Sheikh Faridi ဆိုသူဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာဘ်အုပ်ချုပ်ရေးကို အကောင်အထည် ဖော်ဖို့ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ ပစ်မှတ်များကတော့ secularism--liberal ပညာရှင်များ၊ ခေါင်းဆောင်များနဲ့ တိုင်းပြည်ရဲ့ secular image ကိုဖော်ဆောင်ပေးတဲ့ ပွဲလမ်းသဘင်များ (ဥပမာ- Bengali New Year ) စတာတွေ ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းမှာ ကေဒါပေါင်းတသောင်းခွဲခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကနဦးအနေနဲ့ အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးအသုံးစရိတ်များကို International Islamic Front (IIF) က တာဝန်ယူထောက်ပံ့ပေးခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ လှုပ်ရှားဒေသကတော့ စစ်တကောင်းကနေ Cox’s Bazaar ကိုဖြတ်ပြီး၊ မြန်မာနိုင်ငံအထိ ပင်လယ်ကမ်းရိုးတန်းဒေသများမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလဲ ချိတ်ဆက်ကွန်ယက်ရှိပြီး၊ (၂၀၀၆) ခုနှစ် Sankat Mochan temple ဗုံးပေါက်ကွဲမှုနဲ့ (၂၀၀၇) ခုနှစ် Hyderabad ဗုံးပေါက်ကွဲမှုတွေမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဘင်လာဒင်ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စုအပေါ် စစ်ကြေငြာစဉ်တုန်းက လက်မှတ်ရေးထိုးပါဝင်ခဲ့တဲ့ အဖွဲ့အစည်းလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နီးစပ်နဲ့ စစ်တကောင်းဒေသ တောင်တန်းတွေမှာ ဖွင့်လှစ်ထားတဲ့ ပူးတွဲလွတ်မြောက်ရေးတပ်ဦး (United Liberation Front) စခန်းတွေကို ဒီအဖွဲ့အစည်းက ဦးစီးပြီး စီမံခန့်ခွဲတာဖြစ်ပါတယ်။
(၂၀၀၅) ခုနှစ်၊ အောက်တိုဘာလမှာ ဒီအဖွဲ့အစည်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းကြေငြာခဲ့ပြီး၊ (၂၀၀၇) ခုနှစ်မှာ အဖွဲ့ရဲ့ operational commander Mufti Hanan ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ (၂၀၀၂) ခုနှစ်၊ မေလ (၂၁) ရက်နေ့မှာ US State Department က ထုတ်ပြန်တဲ့ စတိတ်မင့်မှာ HuJI-Bကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။
HUJI-B အဖွဲ့အစည်းဟာ Rohingya Solidarity Organization (RSO) နဲ့ ချိတ်ဆက်လှုပ်ရှားမှုတွေ ရှိပါတယ်။ RSO အဖွဲ့အစည်းဟာ (၁၉၉၄) ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်းတောဒေသအတွင်းကို ထိုးဖောက်စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။ (၂၀၀၂) ခုနှစ်၊ မေလ (၁၀) ရက်နဲ့ (၁၁)ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Ukhia South ဒေသအနီးက စခန်းတခုမှာ ပြုလုပ်ခဲ့တဲ့ Islamic Fundamentalist အဖွဲ့အစည်း () ခုရဲ့ တွေ့ဆုံပွဲမှာ ရိုဟင်ဂျာအဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး၊ အစည်းအဝေးကနေ The Bangladesh Islamic Manch ဆိုတဲ့ ညွန့်ပေါင်းအဖွဲ့အစည်းတခုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဇွန်လမှာ အာဖဂန်စစ်ပြန်များက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ပြီး၊ ညွန့်ပေါင်းအဖွဲ့အစည်း အဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်တောင်းပိုင်ဒေသ၊ စခန်းနှစ်ခုမှာ စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။ အာဖဂန်စစ်ပွဲတွေမှာ တာလီဘန်တွေဘက်ကနေ ၀င်ရောက်တိုက်ခိုက်ဖို့အတွက် ဒီအဖွဲ့အစည်းတွေကနေ စစ်ကူများ ပေးပို့ခဲ့ရာမှာ HUIJ-B နဲ့ မဟာမိတ်အဖွဲ့များပါဝင်ခဲ့ပါတယ်။ HUIJ-B အဖွဲ့ကို al-Qaeda’s South Asia arm အဖြစ် ကမ္ဘာ့လုံခြုံရေးလောကမှာ သတ်မှတ်ထားပါတယ်။ HUIJ-B အဖွဲ့ဟာ မဟာမိတ် ရိုဟင်ဂျာအဖွဲ့ဝင်များကို စုဆောင်းပြီး နီပေါကနေ ပါကစ္စတန်၊ ပါကစ္စတန်ကနေ အာဖဂန်နစ္စတန်ကို ပို့ဆောင်ပေးခဲ့ကြောင်း ထောက်လှမ်းရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။ ဒါကြောင့် (၂၀၀၅) ခုနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တကောင်းနယ်က အကြမ်းဖက်စခန်းများကို စီးနင်းအရေးယူမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ စစ်ဆင်ရေးတခုမှာတော့ RSO အဖွဲ့က ထိုင်းနယ်စပ်မှတဆင့် တင်သွင်းလာတဲ့ လက်နက်ခဲယမ်းမီးကျောက်များနဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းများထုတ်လုပ်တဲ့ ဓာတုဆေးရည်များကို သိမ်းဆည်းရမိခဲ့ပါတယ်။ (၂၀၀၉) ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ မှာ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ Countries Report on Terrorism- 2008 မှာ HUIJ-B အဖွဲ့အစည်းဟာ မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာ (Islamic minority group) ကို ကိုယ်စားပြုလှုပ်ရှားမယ့် operatives များအား သင်တန်းပေးခြင်းနဲ့ တာဝန်ပေးစေလွှတ်ခြင်းများ ပြုလုပ်ကြောင်း ပါရှိပြီး၊ အဖွဲ့ရဲ့ လှုပ်ရှားဒေသများကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာလို့ ဖော်ပြထားပါတယ်။ Jamaatul Mujahideen Bangladesh (JMB) ဒီအဖွဲ့အစည်းကို (၁၉၉၈) ခုနှစ်မှာ ဖွဲ့စည်းခဲ့တယ်လို့ မှတ်တမ်းများမှာ တွေ့ရပေမယ့် စတင်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး အတိအကျ ရက်တွေကို အငြင်းပွားမှုရှိပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းကို တိတိကျကျ ခြေရာခံမိလာတာကတော့ (၂၀၀၂) ခုနှစ်၊ မေလမှာ ကေဒါရှစ်ယောက်ကို ဖမ်းဆီးမိချိန်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းက လက်နက်ကိုင်တော်လှန်ရေးပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစ္စလာမ်နိုင်ငံအဖြစ် တည်ထောင်ရန် ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဒီမိုကရေစီကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်တယ်လို့ ယူဆထားကြပါတယ်။ ဒီအဖွဲ့အစည်းဟာ ယဉ်ကျေးမှုရေးရာများကိုလဲ ဆန့်ကျင်ပြီး၊ ရိုးရာယဉ်ကျေးမှု ပွဲလမ်းသဘင်များကို တိုက်ခိုက်လေ့ရှိပါတယ်။ ဒီအဖွဲ့အစည်းမှာ အချိန်ပြည့်အဖွဲ့ဝင် တသောင်းခန့်ရှိပြီး၊ အချိန်ပိုင်းအဖွဲ့ဝင် တသိန်းခန့်ရှိတယ်လို့ ထောက်လှမ်းရေးမှတ်တမ်းများမှာ ပါရှိပါတယ်။ အဖွဲ့အစည်းရဲ့ ကေဒါများကို ရွေးချယ်ရာမှာ တက္ကသိုလ်ဆရာများ၊ ဘာသာရေးကျောင်းမှ ကျောင်းသားများကို ဦးစားပေးရွေးလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းဒေသမှာ အခြေစိုက် လှုပ်ရှားလေ့ရှိပြီး၊ တနိုင်ငံလုံးအနှံ့ ကွန်ယက်များ ဖြန့်ကျက်ထားပါတယ်။ ထောက်လှမ်းရေးသတင်းများအရ မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ စစ်တကောင်းနယ်အပါအ၀င် ဒေသကိုးခုမှာ operation divisions ကိုးခုခွဲပြီး လှုပ်ရှားပါတယ်။ (၂၀၀၅) ခုနှစ်၊ သြဂုတ်လမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ခရိုင် (၆၄) ခုအနက် (၆၃) ခုမှာ ဗုံးအလုံး (၅၀၀) ကို တနာရီအတွင်းပေါက်ကွဲအောင် ချိန်ကိုက်ပြုလုပ်ခဲမှုမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေကို ကူဝိတ်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံများမှ တဦးချင်း အလှူရှင်များကတဆင့် လက်ခံရရှိပြီး၊ အန်ဂျီအိုအမည်ခံထားတဲ့ အဖွဲ့အစည်းများမှတဆင့်လဲ လက်ခံရရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။ (၂၀၀၅) ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးထောက်လှမ်းရေးအဖွဲ့နဲ့ စစ်ထောက်လှမ်းရေးက တွဲဖက်ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ JMB ကို ထောက်ပံ့နေတဲ့ အန်ဂျီအိုအဖွဲ့အစည်း ဆယ်ခုရှိပြီး၊ ဘာသာရေးကျောင်းများတည်ဆောက်ရေး၊ လူသားချင်းစာနာမှုဖြင့် အကူအညီပေးရေး စတဲ့ အသွင်သဏ္ဍာန်များ ယူထားပါတယ်။ ဘင်္ဂလားဒေ့ရှ် (၂၀၀၉) ခုနှစ်မှာ ယူကေနိုင်ငံအခြေစိုက် အန်ဂျီအိုအဖွဲ့အစည်း Green Crescentကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားတဲ့ ဘာသာရေးကျောင်းကနေ လက်နက်ခဲယမ်းမီးကျောက်များကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိ ခဲ့ပါတယ်။ JMB ကို စတင်တည်ထောင်ခဲ့သူက Shaykh Abdur Rahman ဆိုသူ ဖြစ်ပါတယ်။ (၁၉၉၅) ခုနှစ်မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကို သင်တန်းပေးဖို့ အာရပ်သင်တန်းဆရာနှစ်ယောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိခဲ့ပါတယ်။ Shaykh Abdur Rahman ရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို ခြေရာစခံမိကြတာကတော့ အဲဒီသင်တန်းဆရာနှစ်ယောက်နဲ့ ပတ်သက်ဆက်နွယ်မှုတွေမှာ ဖြစ်ပါတယ်။ ဒီသင်တန်းဆရာနှစ်ယောက်ကို ရိုဟင်ဂျာအဖွဲ့အစည်းများအား သင်တန်းပေးရန် ဖိတ်ကြားပေးခဲ့သူကတော့ Asadullah al-Galib ဆိုသူဖြစ်ပါတယ်။ Shaykh Abdur Rahman နဲ့ Asadullah al-Galib တို့ဟာ နောင်မှာ JMB အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင်သုံးဦးမှာ ပါဝင်လာကြပါတယ်။ ဖမ်းဆီးခံရချိန်မှာ Asadullah al-Galib ရဲ့ ထွက်ဆိုခဲ့ချက်များအရ အဆိုပါသင်တန်းဆရာနှစ်ယောက်ဟာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များကို ကနဦးသင်တန်းပေးခဲ့ပြီး၊ နောက်ပိုင်းမှာ ဒေသခံများကိုလဲ ခြောက်နှစ်ခန့်သင်တန်းဆက်ပေးခဲ့ပါတယ်။ ဒီလိုသင်တန်းပေးနေဆဲကာလမှာပဲ JMB အဖွဲ့ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ JMB အဖွဲ့ကို အဖွဲ့ဝင် ခုနစ်ဦးက ဦးဆောင်ခဲ့ပြီး၊ regional commanders (၁၆) ဦး ရှိပါတယ်။ (၂၀၀၅) ခုနှစ်၊ သြဂုတ်လမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက JMB အကြမ်းဖက်အဖွဲ့ကို တရကြမ်းနှိမ်နင်း အရေးယူမှုတွေ စတင်ပြုလုပ်ခဲ့တာကြောင့် ခေါင်းဆောင်အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ JMB အဖွဲ့အစည်းဟာ အခြားအဖွဲ့အစည်းများဖြစ်တဲ့ Harkat-ul Jihad al Islami Bangladesh (HUJI-B), Rohingya Solidarity Organization (RSO) တို့နဲ့ ဆက်နွယ်မှုများ ရှိပါတယ်။ (၂၀၀၉) ခုနှစ်၊ မေလ (၁၄) ရက်နေ့မှာ JMB ရဲ့ ဖောက်ခွဲရေးကျွမ်းကျင်တဦးဖြစ်တဲ့ Boma Mizan ဆိုသူကို ဘင်္ဂလားဒေ့ရှ် Rapid Action Battalion (Rab) က ဖမ်းဆီးရမိခဲ့ပါတယ်။ ရဲတပ်ဖွဲ့၊ Rab နဲ့ စီအိုင်ဒီမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာမှာ JMB အဖွဲ့ရဲ့ ခေါင်းဆောင် Shaykh Abdur Rahman ဟာ HUJ-B နဲ့ RSO တို့နဲ့ ပူးပေါင်းချိတ်ဆက်မှုများ ပြုလုပ်ရာမှာ အဓိကတာဝန်ရှိသူဖြစ်ကြောင်း၊ Shaykh Abdur Rahman ရဲ့ တာဝန်ပေးချက်အရ Mizan နဲ့ JMB အဖွဲ့ဝင်များဟာ RSO က ပြုလုပ်တဲ့ လက်နက်ကိုင်သင်တန်းများကို (၂၀၀၂) ခုနှစ်အတွင်းမှာ တင်ရောက်ခဲ့ကြောင်း၊ သင်တန်းပြီးဆုံးချိန်တွင် ဆင်းပွားသင်တန်းများ ထပ်မံပေးခဲ့ကြောင်း၊ သင်တန်းနေရာက စစ်တကောင်းတောင်တန်းဒေသတခုမှာ ဖြစ်ပြီး၊ သင်တန်းကာလ (၁၀) ရက်ကြာခဲ့ကြောင်း၊ အပြန်အလှန်အားဖြင့် JMB က ရိုဟင်ဂျာများကို ဖောက်ခွဲရေး သင်တန်းများပေးရကြောင်း ထွက်ဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုဆိုင်ရာ လေ့လာရေးပညာရပ်မှာ Thrasymachan Justification for Terrorism ဆိုတာ ရှိပါတယ်။ နိုင်ငံရေး၊ တော်လှန်ရေး၊ ဘာသာရေး အစွန်းရောက်နေသူတွေဟာ ဥပဒေကြောင်းအရ၊ ကိုယ်ကျင့်တရားအရ အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်တာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းများကို ဖော်ထုတ်အရေးယူတာတွေကို လက်ခံစဉ်းစားလေ့ မရှိကြပါဘူး။ အကြမ်းဖက်မှုကြောင့် လူအများကြားမှာ climate of fear ပျံ့နှံ့လာပြီး နိုင်ငံရေး အကျပ်အတည်းတွေကို ဖောက်ထွက်နိုင်မယ့် political outrage ကို ဖန်တီးနိုင်မယ်လို့လဲ ယူဆထားလေ့ ရှိကြပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်တာဟာ ဒီလို political outrage ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေကို နှောင့်နှေးအောင် လုပ်တာလို့ ထင်မြင်စွပ်စွဲတတ်ကြပါတယ်။ ဒီလို တွေးခေါ်ယူဆချက်တွေ၊ ထင်မြင်စွပ်စွဲမှုတွေဟာ Thrasymachan Justification အပေါ်မှာ သက်ဝင်ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုသက်ဝင်ယုံကြည်မှုကနေတဆင့် အကြမ်းဖက်အဖွဲ့အစည်းများကို မသိဘာသာ ထောက်ခံအားပေးသူတွေ ဖြစ်လာတတ်သလို၊ ကိုယ်တိုင်လဲ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့အစည်း တည်ထောင်သူတွေ ဖြစ်လာတတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်ပေါ်ထွက်လာခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဒီလို Thrasymachan Justification for Terrorism ကနေ မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူ့အဖွဲ့အစည်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံများမှ အကြမ်းဖက် အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုများကို သတိနဲ့ စောင့်ကြည့်ရမှာဖြစ်သလို၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်းမှာ Thrasymachan Justification for Terrorism သဘောတရားများ မပျံ့ပွားစေရေးကိုလဲ သတိပြုဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။ (စာရေးသူသည် ဗြိတိန်နိုင်ငံမှ နိုင်ငံရေးဘောဂဗေဒ အထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာ လေ့လာရေး မဟာသိပ္ပံဘွဲ့၊ နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့များ ရရှိထားသည့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူတဦးဖြစ်ပြီး၊ အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ အစည်းအရုံးမှ အဖွဲ့ဝင်တဦး ဖြစ်ပါသည်)   http://www.khinmamamyo.info/2012/07/blog-post.html 

ကားပျက်ရင် ဒဏ်ကြေးပေးရတယ်လို့ ....လို့ .....လို့

အဂ္ဂမဟာ ဒီမိုဖက်တီး

ဖမ်းဆီးခံ NGO ၀န်ထမ်းများ မောင်တောတွင် ရုံးတင်

July 11, 2012 at 2:28 pm

မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးခံထားရသည့် NGO ၀န်ထမ်း သုံးဦးကို ယမန်နေ့က မောင်တောခရိုင် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။

မောင်တောတွင် နစက တပ်ဖွဲ့များနှင့် ဆူပူသူများ ထိပ်တိုက်တွေ့နေစဉ်။

ယမန်နေ့က ရုံတင် စစ်ဆေးခံရသူများမှာ ချိုလေမာ ခါတုန်ဆိုသူ အမျိုးသမီး တစ်ဦးနှင့် နောက် အမျိုးသား နှစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။  သူတို့အား ကျီးကန်းပြင် အခြေစိုက် နစက ဌာနချုပ်မှ ယူဆောင်လာပြီး ယခုကဲ့သို့ ရုံးတင်စစ်ဆေးခြင်းဖြစ်သည်။
“ ချိုလေးမာကို ရုံးတင်ပါတယ်။ သူ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့လို့ကြားတယ်။ နောက်ပြီး ဒီမောင်တော မှာ ရှိတဲ့ ဌာနဆိုင်ရာတွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံအပြင်ဘက်ကို ပို့ပေးတယ် ဆိုတဲ့ စွဲချက်တွေ ပါတယ်လို့ သိရတယ်” ဟု မောင်တော ခရိုင် တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ချိုလေးမာခါတုန်မှာ သံတွဲသူ တဦးဖြစ်ပြီး မောင်တောတွင် ကျောင်းဆရာမအဖြစ် တာဝန် လာပြီးနောက် ကျောင်းဆရာမ အလုပ်မှထွက်ကာ ဂျပန်ကုမ္ပဏီတခုဖြစ်သည့် PAJ ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့ပြီး UNHCR တွင် ပြောင်းလဲ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
ချိုလေးမာခါတုန်ကို ရုံးထုတ်သည်မှာ ဟုတ်မှန်ကြောင်း အာဏာပိုင်များနှင့် နီးစပ် သည့် မောင်တောမြို့ခံတဦး က လည်း ယခုကဲ့သို့ ပြောသည်။
“ဟုတ်တယ်။ မနေ့က ရုံးထုတ်တယ်။ အန်ဂျီအိုက ဖမ်းထားတဲ့ ချိုလေးမာတို့ကို ရုံးထုတ်တယ်။ သူတို့ကို ဆူပူလှုပ်ရှားမှုမှာ ပါဝင်ပတ်သတ်တယ်ဆိုပြီး ရုံးထုတ်တာ” ဟု ပြောသည်။
ဒေါ်ချိုလေးမာတို့ကို ရုံးတင်လာသည့်ကို မြင်တွေ့လိုက်သူ နောက်ထပ် မောင်တောမြို့ခံ တစ်ဦးကလည်း ယခုကဲ့သို့ပြောသည်။
“ မနေ့က မနက် ၉ နာရီခွဲမှာ ရုံးတင်တယ်။ သူနဲ့အတူ တခြား ၂ယောက်လည်းပါတယ်။ ဘယ်အမှုတွေနဲ့ ရုံးတင် တယ်ဆိုတာ မသိဘူး။ ရုံးက ဆင်းတာနဲ့  ဌာနချုပ်ကိုယူသွားတယ်။ သူတို့ကို ရဲစခန်းမှာ မထားဘူး။ နစက ဌာနချုပ်မှာ ထားတယ်” ဟု မောင်တော မြို့ခံက ပြောသည်။
ချိုလေးမာကို ဇွန်လ ၁၄ ရက်နေ့က အာလီဆိုသူနှင့်အတူ မောင်တောရဲမှ သုံးမိုင်ဂိတ်တွင် ဖမ်းဆီးခဲ့ပြီး ကျီးကန်းပြင် နစက ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဇွန်လ ၁၁ ရက်နေ့ကလည်း နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်)  နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR  ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။
ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သိရှိရသည်။
အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့်  နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင်ဆိုသူကိုလည်း ယမန်နေ့က စစ်တွေမြို့တွင် ရုံးထုတ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြားအတည်မပြုနိုင်သေးပါ။
ဦးကျော်လှအောင်အား ဖမ်းဆီးပြီး AZG ရုံးခန်းနှင့် ဂိုဒေါင်များကို အာဏာပိုင်များမှ ၀င်ရောက် ရှာဖွေခဲ့ပြီးနောက် ဦးကျော်လှအောင်နှင့်ပတ်သတ်၍  ဇွန်လ ၁၇ ရက်နေ့က AZG  မှ ဒုတိယ ဌာနေ ကိုယ်စားလှယ် Ms. Vickie Hawkins က သတင်း စာရှင်းပွဲတခု ပြုလုပ်ခဲ့ကြောင်း ပြည်တွင်း ထုတ်ဂျာနယ် Weekly နှင့် Seven Day တို့တွင် ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင်ကမူ ရခိုင်ပြည်နယ် ဆူပူနှင့် ပတ်သက်ပြီး အန်ဂျီအို ၀န်ထမ်းများကို ဖမ်းဆီးထားခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
http://www.narinjara.com/burmese/?p=1226

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်သို့ ခေါ်သွားပြီ

July 11, 2012 at 2:31 pm

မောင်အေး
မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန်  ခေါ်ယူသွားပြီ ဖြစ်ကြောင်း နစက သတင်းရပ်ကွက်အရ သိရသည်။

မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး စွပ်စွဲချက် အများအပြား ထွက်လာပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း နစက တပ်ဖွဲ့ တစ်ဦးက ပြောသည်။
“ ဗိုလ်မှူးကြီးကို ဒီကနေ ဇူလိုင်လ ၇ ရက်နေ့ကနေ  ခေါ်သွားပါတယ်။ သူ့ကို နေပြည်တော်မှာ စစ် ဆေးဖို့ ခေါ်သွားတာလို့ သိရပါတယ်။ မောင်တောမှာဖြစ်သွားတဲ့ အကြမ်းဖက်မှုတွေမှာ အကြမ်းဖက် လူပ်ရှားသူတွေဆီက ပိုက်ဆံ ယူတယ်ဆိုပြီး စွပ်စွဲချက်တွေ အကြီးအကျယ် ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သူခုလို အခေါ်ခံရတာ ဖြစ်တယ်။”  ဟု နစက တပ်ဖွဲ့ဝင်က ပြောသည်။
ယခုကဲ့သို့ ခေါ်ယူသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး မောင်တောမြို့တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တ ဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်ကြားတာက အခုသူ့ကို (ဗိုလ်မှူးကြီးအောင်ကြီး) နေပြည်တော်ကို ခေါ်သွားပြီလို့ကြား တယ်။  မောင်တောကိစ္စနဲ့ပတ်သတ်လို့ သူ့ကို စစ်ဆေးနေတယ်လို့ကြားတယ်” ဟု ပြောသည်။
မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ရခိုင် ကျေးရွာ အများအပြား မီးရှို့ ခံရပြီး အကြမ်းဖက်ဆူပူသူများကို ထိထိရောက်ရောက်မနှိမ်နှင်း နိုင်ခဲ့ခြင်းမှာ နစကမှူး ဗိုလ်မှူးကြီး အောင်ကြီး၏ အားနည်း ချက်ကြောင့် ဖြစ်သည်ဟု ပြည်သူများသာမက အစိုးရ၀န်ထမ်းများကပါ မြင်နေကြသည်ဟု သူက ဆိုသည်။
“ မောင်တောမြို့ထက်မှာ ဖြစ်နေတုန်း လုံးထိန်းတပ်ရင်း ၂ က သေနတ်ပစ်ပြီး လူစုခွဲတာကို နစက က လာပြီး ပြဿနာရှာတယ်။ မောင်တော မြောက်ပိုင်း လောင်းဒုံ နတလရွာမှာ ဖြစ် တုန်း ကလည်း ဗိုလ်မှူးကြီး အောင်ကြီးက  လုံးဝ ပစ်ခွင့် မပေးဘူး။ နယ်မြေမှူး ခန္ဓာပေါ်  ခဲတွေကျလို့ မခံနိုင်တဲ့ အတွက် သေနတ် ပစ်ခတ်လိုက် တော့မှ လူစုကွဲသွားတယ်။ ဒီတွက် သူရဲ့ လုပ်ပုံ  ကိုင်ပုံတွေကို ဌာနဆိုင်ရာက အရာရှိတွေပါ မကျေမနပ် ဖြစ်နေကြပါတယ်”ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်မှ ပြောသည်။
မကြာသေးမီက မောင်တောမြို့ခံများက နိရဉ္စရာသို့ ပို့ပေးသည့်စာတွင်လည်း ဗိုလ်မှူးကြီး အောင်ကြီး သည်  အကြမ်းဖက်မှု ဖြစ်ကို စတင် ဖြစ်ပွားစေသော အခြေခံ အကြောင်း အရင်း ဖြစ် သည့်  ငြိမ်းချမ်းစွာ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ၃၅၀ဝ နှင့် ခွင့်ပြုခဲ့သည်ဟု စွပ် စွဲ ဖေါ်ပြသည်။
ယခုအခါ မောင်တော နစက ဌာနချုပ်တွင် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်က တိုက်ရိုက် ကိုင်တွယ်နေသည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=1229

သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြော


ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆို။

ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ် ဆိုတဲ့ concept မရှိပါဘူး။ သူတို့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ သူတို့ဟာ မြန်မာတိုင်းရင်းသားပါ လို့ ကြွေးကြော်လို့တော့ ရတာပေါ့လေ။ ဒါပေမဲ့ ဒီလို အော်နေတာက အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော်ထ...င်ပါတယ်။ သူတို့အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါ လို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှသာ ဒါကို အသုံးပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အခုအချိန်အထိတော့ သူတို့အားလုံး (ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေ အားလုံး) အနေနဲ့ အဲဒီ နိုင်ငံရေး ခေါင်းစဉ်တစ်ခု အောက်မှာ အကျုံးဝင်ဖို့ အဆင်သင့် မဖြစ်ပါဘူး။ ကျွန်တော် ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့တုန်းက ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လာတယ် ဆိုတဲ့ မူစလင်တွေကို မေးကြည့်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့က ရခိုင်ပြည်က လာတဲ့ ရိုဟင်ဂျာလား.. လို့။ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ရခိုင်ပြည်မှာ နေထိုင်ခဲ့တဲ့ မူစလင်တွေပါ။ ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေကာ ကပ်ပေးလို့ မရပါဘူး.. လို့ ပြန်ပြောခဲ့ပါတယ်။

Q: Are the Rohingya an ethnic group of Burma?

A: My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have been living in Rakhine for several generations, nobody can deny it. For me, Rohingya is the term, which is an old word that has been claimed as above all as a political label after the independence of Myanmar. For the moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh, people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when you ask them, “are you Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine, we do not take for us the label Rohingya.”

ရိုဟင်ဟူသည်မှာ (China ကို တရုတ်ဟု မြန်မာတို့က ခေါ်သကဲ့သို့) ရခိုင်ပြည်ကို ရိုဟင် ဟု ဘင်္ဂလီများက ဘင်္ဂလီဘာသာဖြင့် ရှေးခေတ်က ခေါ်ဆိုကြခြင်းသာ ဖြစ်ပြီး ဆင့်ပွား ဝေါဟာရဖြစ်သော ရိုဟင်ဂျာမှာ ရခိုင်ပြည်သားဟု အဓိပ္ပါယ်ရကြောင်း သိရသည်။ အဆိုပါ ဝေါဟာရမှာ ရခိုင်ပြည်သား သို့မဟုတ် ရခိုင်များနှင့်သာ သက်ဆိုင်ပြီး၊ နောက်ပိုင်းကာလမှသာ ရခိုင်ပြည်သို့ ဘင်္ဂလားမှ ရွှေ့ပြောင်းဝင်ရောက်လာသူ ဘင်္ဂလီများနှင့် သက်ဆိုင်မှု မရှိကြောင်း သိရပါသည်။ ၁၉၅၀ နောက်ပိုင်းတွင်မှ အဆိုပါ လူမသိ သူမသိသော ရှေးဟောင်း ဘင်္ဂလီ ဝေါဟာရကို ရခိုင်ပြည်နယ်မှ ဘင်္ဂလီ ပညာတတ်များက နှစ်ပေါက်တစ်ပေါက်ရိုက်ကာ လှည့်စား အသုံးပြုလိုက်ခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျင်လူမျိုးဟူသည့် တိုင်းရင်းသား လူမျိုးသစ် နိုင်ငံရေး ကစားကွက် တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဝန်ကြီးချူပ်ဖြစ်လာမယ့်ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်

The Voice Weekly - ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် ရုပ်သံမီဒီယာများ၏ ယနေ့ ည ၈ နာရီ သတင်း၌ ကြေညာသွားသည်။

အဘ ဥက္ကာကိုကို ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် စစ်တက္ကသိုလ်အပတ်စဉ် (၁၈) သင်တန်းဆင်းတစ်ဦးဖြစ်ပြီး မကွေးမြို့ အမှတ်(၈⁠၈) ခြေမြန်တပ်မဌာနချုပ် တွင် စ⁠စ်ဦးစီးမှူး(တတိယတန်း)တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်တက္ကသိုလ်ဒုတိယကျောင်းအုပ်ကြီးတာဝန်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတာဝန်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ပထမဆုံးတိုင်းမှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။
၂၀⁠၀၈ မတ်လမှ ၂၀၁⁠၁ နှစ်ကုန်အထိ ၂၀⁠၀၈ မေလ လူထုဆန္ဒခံယူပွဲနှင့် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေေ⁠ထွရွေးကောက်ပွဲအတွက် ၁၆ ဦးပါ အထူးသီးသန့်ကော်မတီကို
ဖွဲ့စည်းခဲ့ရာ အဖွဲ့ဝင်များထဲတွင် နပတ တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်က ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။
၂၀၁၀ ဇူလိုင်တွင် နေပြည်တော်မှ စစ်တပ်အရာရှိတချို့ဦးဆောင်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့ အလည်အပတ်သွားရောက်စဉ် အာဏာသိမ်းရန်ကြံစည်ခဲ့ရာ ဗိုလ်ချုပ်ဝေလွင်
၏နေအိမ်ကို အ၀ိုင်းခံထားခဲ့ရပြီး အာဏာသိမ်းအကြံကို ဗိုလ်ချုပ်ဝေလွှင်က လက်မခံခဲ့ဟု ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ၂၀၁၀ တွင်ဗိုလ်မှူးချုပ်မှ ဗိုလ်ချုပ်ဖြစ်လာခဲ့ကာ၂၀၁၀
စက်တင်ဘာတွင် စ⁠စ်ထောက်ချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ ဥက္ကဌလည်းဖြစ်သည်။ ၂၀၁၁ သြဂုတ် ၃၀ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ ပြန်တမ်းဝင်နံပတ်မှာ (ကြည်း ၁၃၉၃၇) ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ တရားဝင်လစာမှာ ခြောက်သိန်းကျပ်ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် ယခုအခါ ဒုတိယသမ္မတအဖြစ်အမည်တင်သွင်းခြင်းခံထားရသော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ နေရာသို့ အစားထိုးဝင်ရောက်ရန် အလားအလာရှိနေကြောင်းသတင်းများထွက်ပေါ်နေသူဖြစ်သည်။
ဝန်ကြီးချုပ်နေရာကို လွှတ်တော်ကိုယ်စားလှယ်များထဲမှသာ ဖြစ်နိုင်ပြီး ယင်းနေရာကို ကာကွယ်ရေးဦးစီးချုပ်မှ အမည်တင်သွင်းကာ ပြောင်းလဲပေးနိုင်သည်။

ဒိုက်ဦး ဆရာမ က ကျောင်းသား ကို အညှိုးကြီး စွာ ရိုက်နှက် ဆုံးမ


by FNG on July 11, 2012


ပဲ ခူးတိုင်း ဒိုက်ဦးမြို့ နယ် အစိုးရအထက်တန် ကျောင်းတွင် ပညာသင်ကြားနေသည့်  အဌမတန်း
ကျောင်းသားမောင်ဟိန်းသန့် ဇင် အား ၊ (ဒသမတန်း-D) တွင်ပညာသင်ကြားလျှက်
ရှိသော ကျောင်ဆရာမ ဒေါ်ခင်ခင်လဲ့  က  ဇွန်လ ၂၈ ရက်နေ့ က လူမဆန်စွာ အချက်ပေါင်းများ
စွာ  ရိုက်နှက်ခဲ့ သည် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါသည် ။
ဖြစ်စဉ်မှာ  မောင်ဟိန်းသန့် ဇင် သည်ဒသမတန်းတွင် ပညာသင်ကြာနေသော အစ်ကို
ဝမ်းကွဲအား ထမင်းချိုင့်သွားပို့ စဉ် (ဒသမတန်း-D) ခန်းရှေ့အရောက်မှ ဆရာမ ဒေါ်ခင်ခင်လဲ့
၏ မြေးဖြစ်သူလက်ထဲမှ လွတ်ကျသွားသော မာလာကာသီးတစ်လုံးအား တက်နင်းမိ၍
လွတ်ပစ်လိုက်သော မာလာကာသီး ဟုထင်မှတ်က ကန်ကျောက်ဆော့ ကစားမိရ
(ဒသမတန်း-D) မှဆရာမဒေါ်ခင်ခင်လဲ့က (၈)တန်းကျောင်းသားမောင်ဟိန်းသန့် ဇင် အား
ဆွဲခေါ်၍ သူ၏အခန်းထဲတွင်(ဒသမတန်း-D)ကျောင်းသူကျောင်းသားများရှေ့  တွင် အချက်
ပေါင်းများစွာ ရိုက်နှက်ခဲ့သည်ဟု မျက်မြင်ကျောင်းသားကျောင်းသူများက တွေ့ ရှိခဲ့ကြောင်း
ပြောသည်။
ထို ကျောင်းမှာ အထက်တန်း ကျောင်းသား တစ်ဦး က FNG ကို ပြောပြ ရာ တွင် ဆရာမ ဒေါ်ခင်
ခင်လဲ့ က အချက် ပေါင်း  များစွာ ရိုက်နှက် ခဲ့ သည် ဟု သိရသည်။
ထိုသို့  ဖြစ်ပွား ပြီး နောက် မောင်ဟိန်းသန့် ဇင် ၏ မိဘများက ကျောင်းအုပ်ဆရာ
မကြီး ထံ တိုင်ကြားခဲ့ ရာ နောက်တစ်နေ့ တွင် ဆရာမဒေါ်ခင်ခင်လဲ့  သည် မောင်ကောင်းသန့့်
ဇင် နေထိုင်သော ကျေး ရွာသို့ လာရောက်ပြီး(တောင်းပန်)သည်မဟုတ်ပဲ ကျောင်းသား မိဘ
များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့  မချေမငံပြောဆိုသွားပါသည်။
ဒိုက်ဦး မြို့  တွင် ပြင်ပ ပုဂ္ဂလိ က ကျောင်း နှင့် ကျုရှင် များ မှာ လည်း ခောတ် စား နေ ပြီး အစိုးရ
ကျောင်း ဆရာမ များ မှာ ထို ကျုရှင် များ တွင် လည်း သင်ကြား  ပြသလျှက် ရှိသည်။
ပြီးခဲ့ သည့် မတ်လ က ရန်ကုန် တိုင်း စမ်းချောင်း မြို့ နယ် မှ ကျောင်းဆရာ မ တစ်ဦး သည်
ကျောင်းသူ တစ်ဦး အား လက် ကျိုး သည် ထိ ရိုက် နှက် ခဲ့ ရာ ကလေး က ကြောက်လန့် 
သွား ခဲ့ ပြီး ကျောင်း ပြောင်း ရွှေ့ အပ် နှံ ရသည် ထိ ဖြစ်ပေါ် ခဲ့ သည်။


http://freedomnewsgroup.com/2012/07/11/mis-treatment/

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရန်ကုန်ရောက်ပြီ

RFA Burmese



2012-07-11

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် Derek Mitchell ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သံအမတ်ကြီး မစ္စတာ Mitchell ဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ဖို့အတွက် နေပြည်တော်ကို ခရီးရောက်မဆိုက် သွားရောက်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရသူဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ သံအမတ် ခန့်အပ်လွှာ ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့ အကြား သံတမန် ဆက်ဆံရေး တဆင့်နှိမ့်ချခဲ့ပြီး မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ထားတာ မရှိခဲ့ပဲ ယာယီ သံရုံးတာဝန်ခံ အဆင့်ပဲ ထားရှိခဲ့တာပါ။

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အမေရိကန်အစိုးရက ခုလို သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိတာ ဖြစ်ပါတယ်။

ခုလို မစ္စတာ ဒဲရက် မစ်ချယ်ကို ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ သူဟာ မြန်မာပြည်အကြောင်း တော်တော် သိထားတဲ့အတွက် လက်ခံနိုင်လောက်ပါတယ် လို့ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲက ပြည်သူ့လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Derek Mitchell ဟာ သံအမတ်အဖြစ် တာဝန်ပေးအပ်ခြင်း မခံရခင်က အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၂၀၁၁ ခုနှစ်ကနေ စတင်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင်က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှာ အာရှပစ္စဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ပါတယ်။ သူဟာ ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေးဌာန CSIS ရဲ့ ညွှန်ကြားရေးမှူးအဖြစ်လည်း ၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။


(Photo:Myanmar President Office website-
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်က သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး မစ္စတာ Derek Mitchell က ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နေစဉ်။)

ဒေသန္တရ ကျန်းမာရေး ဆေးခန်းကို စည်ပင်သာယာ က သိမ်းယူ


RFA Burmese

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ ရှိတဲ့ ဒေသန္တရ ကျန်းမာရေး ဆေးခန်းကို စည်ပင်သာယာ က သိမ်းယူလိုက်ပြီး အဲဒီနေရာမှာ (၈) ထပ် ကွန်ဒိုတိုက် တည်ဆောက်ဖို့ ACE ကုမ္ပဏီကို မနေ့က လွှဲပြောင်း ပေးလိုက်ပါတယ်။

ခရိုင်အဆင့် ကျန်းမာရေးဆေးခန်း ဖြစ်တဲ့ အဲဒီဆေးခန်းမှာ တီဘီ၊ HIV- AIDS ဝေဒနာရှင် တရာကျော်နဲ့ ပြင်ပလူနာ ၂ ရာလောက်ကို နေ့စဉ် ဆေးဝါး
ကုသ ပေးနေတာပါ။

လက်ရှိ ဆေးခန်း မြေနေရာ ဟာ ဧက တမတ် ကျယ်ဝန်းပြီး ဝန်ထမ်း ၄၅ ဦးအတွက် ဝန်ထမ်း အိမ်ယာတွေလည်း ရှိနေပါတယ်။

ကွန်ဒို ဆောက်လုပ်ပြီးရင် ဆေးခန်းအတွက် တိုက်ခန်း (၁) ခန်းသာ
ပြန်ပေးမှာ ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူ တွေက ခေါ်ယူ ပြောခဲ့တဲ့
အတွက် ကျန်းမာရေးဌာန ဝန်ထမ်းတွေက ကွန်ဒိုဆောက်လုပ်မှုကို ကန့်ကွက်ခဲ့ ပါတယ်။

ကျန်းမာရေးဌာနရဲ့ ကန့်ကွက်ချက်ကို ရန်ကုန် စည်ပင်သာယာရေး
ကော်မတီက လက်မခံဘဲ ပယ်ချခဲ့သလို ဝန်ထမ်းအိမ်ယာမှာ နေထိုင်သူတွေ
ရဲ့ စားဝတ်နေရေးနဲ့ ဆေးခန်းပုံမှန် လည်ပတ်ရေးတွေ အတွက် ဘာမှ အာမ,ခံချက် မပေးခဲ့ဘူးလို့လည်း ကြည့်မြင်တိုင် ဒေသန္တရ ဆေးခန်း ဝန်ထမ်းတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝင်စတန်ချာချီဆု ချီးမြှင့်


RFA Burmese Liked · 5 hours ago

2012-07-11

ဗြိတိန်နိုင်ငံ ကုန်သည်များနဲ့ ရင်းနှီးမြှုပ်နှံမှု အသင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ညက နေပြည်တော်မှာ ဝင်စတန်ချာချီဆု ချီးမြှင့်လိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲ ဆောင်ရွက်ရာမှာ ထူးချွန်တဲ့အတွက် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

"မနေ့က ညက နေပြည်တော်မှာရှိတဲ့ ဟိုတယ် အမရာမှာ ဗြိတိန်နိုင်ငံက ရောက်ရှိနေတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဲဒီအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဝင်စတန် ချာချီဆုကို ချီးမြှင့်ပါတယ်ခင်ဗျ"

ဒီအတောတွင်း မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ ကနေဒါ လွှတ်တော်အမတ်များ အသင်းကလည်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့ညက နေပြည်တော်မှာ လာရောက် တွေ့ဆုံပြီး လွှတ်တော်တွင်း အတွေ့အကြုံတွေကို ဖလှယ်ကြသလို NLD ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း ရုံးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေကို ကူညီ သွားမယ်လို့ ကတိပြုကြောင်း သိရပါတယ်။

ပုဂ္ဂိုလ်စွဲ ပါတီစွဲ မရှိလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


RFA Burmese


2012-07-10


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်ရေးရာတွေမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။


လွှတ်တော်တွင်း ဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင် ဆွေးနွေးဖို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ဖိတ်ခေါ်ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုတာဖြစ်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"သူရ ဦးအောင်ကိုက အဲဒီမှာ သူက အစ်မကြီးရဲ့ ပြည်ပခရီးစဉ်က အရမ်းကို အောင်မြင်ပါတယ်တဲ့။ ပြည်သူလူထုကလည်း အရမ်းကို ကြိုက်ကြပါတယ်တဲ့။ ဒါကို ဗီဒီယိုကို ကြည့်ပြီးတော့၊ အဲဒီလိုပြောတယ်ခင်ဗျ။ နောက်ပြီးတော့ လွှတ်တော်မှာ ဥပဒေကြမ်းနဲ့ ဘာနဲ့ ပတ်သက်လို့ ဥပဒေတွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ရှိရင်လည်း ပြင်ချင်တာ၊ ဆင်ချင်တာတို့ ဥပဒေ ကိစ္စတွေ၊ ဘာတွေ ကျွန်တော်တို့ကို ပြောလို့ရပါတယ်တဲ့။ ပြောပါတဲ့။ ဥက္ကဋ္ဌက ပြန်ပြီး ဆွေးနွေးတာကတော့ ကျွန်မတို့က လူပုဂ္ဂိုလ်က အဓိက မကျပါဘူးတဲ့။ ဘယ်ပါတီ၊ ညာပါတီဆိုတာ အဓိက မကျပါဘူးတဲ့။ တိုင်းပြည်ကောင်းဖို့ ဝိုင်းလုပ်ကြဖို့ပဲ၊ မှန်တာကို မှန်တဲ့အတိုင်း၊ အကုန်လုံးက မှန်တဲ့ အပေါ်မှာ တူညီစွာ ရပ်တည်ပြီးတော့ တူတာကို တွဲပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် ဒါ အကုန်လုံး ရှေ့တိုးတက် သွားကြမှာပါတဲ့ အဲဒီလိုပြောသွားပါတယ်"

တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနဲ့ အဖွဲ့ဝင်တွေက လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။

(Photo: RFA- ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်က လွှတ်တော်၌ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ်။)

မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့ ၈၈ အဖွဲ့တို့ စစ်တွေမြို့ရောက်ရှိ

2012-07-10
RFA Burmese
မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဖို့အတွက် တပည့် သံဃာတော် (၃) ပါးနဲ့အတူ ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

ဆရာတော်ဟာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် ခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေကို အားပေးစကားပြောဖို့နဲ့ ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သွားရောက် လှူဒါန်းသွားဖို့ရှိပြီး ပဋိပက္ခအတွင်း သေဆုံးသွားခဲ့ကြတဲ့ သူတွေကို ရည်စူးပြီးတော့ ရေစက်ချ အမျှဝေကာ အလှူအတန်းတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ RFA ကို မိန့်ကြားပါတယ်။

ဆရာတော် ဦးဝီရသူဟာ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ သီတင်းသုံးလျှက် ရှိနေပြီး ရခိုင်ပြည်နယ်မှာ သီတင်းတစ်ပတ် ကြာမယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဦးကိုကိုကြီး (စမ်းချောင်း)၊ ကိုအံ့ဘွယ်ကျော်၊ မနီလာသိန်းနဲ့ မမီးမီးတို့ စစ်တွေမြို့ကို မနေ့က နေ့လည်ပိုင်းမှာ ရောက်ရှိသွားပြီး ဒီနေ့ မနက်ပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် စစ်တွေမြို့ကို ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်မှာ ဖြစ်တဲ့အတွက် အစီအစဉ်တွေ ကြိုတင်ရေးဆွဲဖို့ ဦးကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့က စစ်တွေမြို့ကို ဦးစွာရောက်ရှိနေတာ ဖြစ်ပါတယ်။

(Photo: RFA - ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနှင့် သံဃာတော်များ မန္တလေး မဟာမြတ်မုနိဘုရား၌ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ်။)





ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဂျင်မီတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ဒီကနေ့ နေ့လည်က စစ်တွေ မြို့မ ပရိယတ္တိ စာသင်တိုက် နဲ့ မင်းဝံ ဒုက္ခသည်စခန်း အပါအဝင် စခန်း ၆ ခုကို သွားရောက်ပြီး အလှူငွေ ၅ သိန်းစီ ပေးအပ် လှူဒါန်းခဲ့သလို ဒုက္ခသည် စခန်းတွေက မွေးကင်းစ ကလေးငယ် တွေရဲ့ မိခင်တွေကိုလည်း ကျပ် ၁ သောင်းစီ ပေးအပ်ခဲ့ပါတယ်။ ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ညနေပိုင်းမှာ စစ်တွေမြို့က “ဝံလက်” လူမှု ကယ်ဆယ်ရေး နဲ့ ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရုံးခန်းမှာ မြို့မိမြို့ဖတွေ၊ လူမှုရေး အသင်းအဖွဲ့ တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။