Thursday, July 12, 2012

ပေါက်ပေါက်ဖေါက်တဲ့ဘီဘီစီ

ရခိုင်-ဘင်္ဂလီကိစ္စအခုထပ်ပြီးသူတို့ဆွနေပြန်ပြီ။
ဖေ့ဘွတ်ပေါ်မှာလက်လွတ်စပယ်ပြောတယ်ဘာညာပေါ့၊
ရခိုင်-ဘင်္ဂလီကိစ္စဖြစ်အောင်သူတို့ ပဲဆွခဲ့တာမဟုတ်ပါလား။
ရခိုင်ပြည်နယ်နေရာမှာဘင်္ဂလီပုံကိုတိုင်းရင်းသားအဖြစ်ဖေါ်ပြခဲ့တာကစခဲ့တာပါ။

အထဲကဘင်္ဂလီတွေကတိုင်းရင်းသားဖြစ်ရေးတောင်းမတောင်းတော့မသိပါ။
အပြင်ကဘင်္ဂလီတွေကလည်းပေါ်ပေါ်ထင်ထင်မတောင်းပါ။

ဘင်္ဂလီတွေတိုင်းရင်းသားဖြစ်ရေးတောင်းပေးနေတဲ့သူတွေကဘင်္ဂလီမဟုတ်သူတွေပါ။။
အဟတ်..အဟတ်....စားထားပြီးပြီ.....အော်ပေးရတော့မယ်...။
သူတို့အအော်ကောင်းလို့အရင်နကစနဲ့အထဲမှာသူ့ဟာနဲ့သူအဆင်ပြေနေတဲ့ဘင်္ဂလီတွေ
အခုမှဒုက္ခသည်ဘ၀လုံးလုံးရောက်ရရှာတော့တယ်။

လတ်တလောအထဲမှာသမ္မတဖွဲ့တဲ့
အင်္ကြပေးကောင်စီမှာပါသွားတဲ့အပြင်ကနိုင်ငံရေးဂလုတယောက်၊
ဘီဘီစီ၊ယူကေကန်ပိန်း၊၊ဟန်ယောင်ရွှေ၊(နော်ဝေအသံလွှင့်ဌာနကိုအဲ့ဒီပိုက်ဆံတွေနဲ့နေရာဝင်ယူ)
၊ပြည်ပရောက်ကျောင်းသားခေါင်းဆောင်အမည်ခံတချို့၊အန်အယ်ဒီအယ်အေ(ယူကေ)၊အသံလွှင်ဌာနတချို့၊ပြည်ပမီဒီယာတချို့၊
.................................................................................................
မှတချို့ တချို့ မျှသာပါ.....

အပြင်ကဘင်္ဂလီတွေကကိုယ်တိုင်ဘာလို့မအော်ပဲဒီလောက်များတဲ့ပိုက်ဆံတွေဖြုန်းပြီး
နာမည်ရှိသူတွေကိုအော်ခိုင်းနေတာအဲ့ဒီပိုက်ဆံတွေဘယ်ကရပါသလဲ၊

ဘင်္ဂလီတွေကသူတို့ဟာအာရပ်နွယ်ဖွားတွေဖြစ်တယ်၊သူတို့လက်ရှိတည်နေရာမှာ
နိုင်ငံဖြစ်ဖို့ဘာသာရေးနဲ့ပါနွယ်ပြီးအာရပ်နိုင်ငံတွေဆီလက်ဖြန့်တောင်းလို့ရတဲ့ပိုက်ဆံ
တွေနဲ့အော်ခိုင်းနေတာပါ။
(အာရပ်နွယ်ဖွားမြန်မာတိုင်းရင်းသားများပေါ့....)
မထင်မှတ်ရလောက်တဲ့ပြည်ပနိုင်ငံရေးသမားတွေနဲ့အာရပ်၊ဘင်္ဂလီ၊
အင်တာနက်ပေါ်တက်လာတဲ့ဓါတ်ပုံတွေပလူပျံနေခဲ့ပါတယ်။

အခုလို့မထင်မှတ်တဲ့ပဋိပက္ခဖြစ်သွားတော့အော်ပေးနေသူတွေဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန်တာပါ။
မြန်မာ့အရေးလှုပ်ရှားသူတွေကအခြားတဖက်မှာအရေးကြီးနေလို့ဘင်္ဂလီတွေမေးလာရင်သမိုင်းဆရာ
ကျောက်မြောင်းဆရာဖက်လွှဲချထားခဲ့ကြတယ်၊
ဘင်္ဂလီတွေမသိလိုက်တာကသမိုင်းဆိုတာစာဖတ်သူထောက်ခံရင်ဒီနေ့ရဲရင့်ငယ်ပြောတာမနက်ဖန်သမိုင်း
ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။

ဘီဘီစီဖက်ပြန်လှည့်ရအောင်...
အမျိုးသားရေးကိစ္စ(ဟို...ဘောပွဲလိုပေါ့..ရှုံးရှုံးနိုင်နိုင်ကိုယ့်အသင်းပဲအားပေးရတာကလား။)
ရခိုင်တွေဖက်ကအော်တယ်၊ပြောတယ်၊ဘာဖြစ်လဲ၊
ဘယ်လောက်ပဲအော်အော်ဘာသာရေးဖက်မရောက်သွားအောင်အချင်းချင်းသတိပေးခဲ့ကြပါတယ်။
အခုမှထပေါက်ပေါက်ဖေါက်နေတာပါ။တကယ်တော့ဘင်္ဂလီ-ရိုဟင်ဂျာဆိုသူတွေကိုသတ်လိုက်တဲ့တရားခံ
ကဘီဘီစီမှဘီဘီစီပါ...ဓါတ်ပုံလေးတခုထဲနဲ့တသန်းလေးသိန်းကျော်ကိုလာခေါ်မယ့်နိုင်ငံစောင့်ရတဲ့ဘဝ
ရောက်အောင်လုပ်လိုက်တာပါ။အရင်ကဆို(ဘင်္ဂလီ-နကစ)ချစ်ကြည်ရေးရွှေလမ်းငွေလမ်းကိုဖြောင့်လို့၊
အစ်နေ့ဆိုရဲစခန်းစားစရာတွေလာပို့တာတားတောင်ယူရတယ်ဆိုပဲ၊ဗိုလ်မှုးချူပ်.......ဆို၂နှစ်လောက်ပဲ
နေတယ်သိန်းတသောင်းကျော်သပိတ်ဝင်အိတ်ဝင်ပဲ၊

အခြေချနေထိုင်သူအဖြစ်ရရင်တောင်တော်တော်လေးအဆင်ပြေနိုင်တယ်၊အဆင့်ကျော်ပြီးတိုင်းရင်းသား
ဖြစ်ချင်တော့အွန်လိုင်းမျိုးချစ်တွေတောင်မကျော်နိုင်ဖြစ်ခဲ့ရတယ်။ကနေဒါမှာဝန်ကြီးချူပ်တောင်တိုင်းရင်း
သားဖြစ်ခွင့်မတောင်းရဲဖူး၊အက်စကီးမိုးနဲ့အင်ဒီးယန်း၂မျိုးပဲတိုင်းရင်းသားရှိတယ်။သူတို့ကအခွန်ဆောင်
စရာမလိုဖူး၊အခြားအခွင့်အရေးတွေလည်းရတယ်။။

မြန်မာမှာတိုင်းရင်းသားအချင်းချင်းပဋိပက္ခဖြစ်နေချိန်မှာအခုလိုတိုင်းရင်းသားဖြစ်ဖို့ကြိုးစားတာဘင်္ဂလီ
တွေအတွက်တကယ့်ကိုမဟာအမှားတရပ်ပဲဖြစ်ပါတော့တယ်။





OIC မှ ဟန်ယောင်ဝေနှင့် နူးရ်အစ္စလာမ်




ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ) ရိုဟင်ဂျာ ဥက္ကဋ္ဌ နရူးအစ်စလမ်၊ ကိုတင်မောင်မောင်သန်းနှင့် ဇော်ဦး

ကိုထွန်းခင် (ရှပ်အြ­ဖူ)၊ နူးရ်အစ္စလာမ်၊ ဦးဘစိန် (ကုတ်အနက်)

ကိုထွန်းခင်ဒီရထားကြီးနဲ့လာခေါ်မယ်တဲ့။။။


ရဲရင့်ငယ်(ကနေဒါ)
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။

နိုင်ငံတော် အကြီးအကဲ တစ်ဦးရဲ့ သတင်း...ဆိုပဲ...

RFA Burmese

အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ပတ်သက်တဲ့ သတင်းကို စာပေစိစစ်ရေး ခွင့်ပြုချက်မရှိဘဲ ဖော်ပြခဲ့တဲ့ ရန်ကုန်တိုင်းမ် ဂျာနယ် နဲ့ ဗီးနပ်စ် သတင်းဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေး ညွှန်ကြားရေးမှူးက မနေ့က ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး လေဖြတ် ဝေဒနာ ခံစားရပြီး စင်္ကာပူ နိုင်ငံမှာ ဆေးကုသမှု ခံယူနေရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေး ညွှန်ကြားရေးမှုး ဦးမျိုးမြင့်မောင်က ခေါ်ယူ သတိပေးခဲ့တာပါ။
နိုင်ငံတော် အကြီးအကဲ တစ်ဦးရဲ့ သတင်းကို ခွင့်ပြုချက်မရှိဘဲ ထည့်သွင်းဖော်ပြတာဟာ စည်းကမ်း ချိုးဖောက်မှုကြီး ဖြစ်ကြောင်း၊ နောက်နောင် စာပေစိစစ်ရေး ခွင့်မပြုတဲ့ သတင်းတွေကို ဆက်လက် ထည့်သွင်း ဖော်ပြမယ်ဆိုရင် ဂျာနယ်ထုတ်ဝေခွင့်ကို အပြီးအပိုင် ရုတ်သိမ်းမှာဖြစ်ကြောင်း နဲ့ စာပေစိစစ်ရေး ဆိုတာ ရှိနေသေးကြောင်း၊ ၁၉၆၂ ပုံနှိပ် အက်ဥပဒေ အသက်ဝင် နေသေးကြောင်း သတိပေး ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

"အမျှော်အမြင်ရှိတာလားဗျာ.......အံ့သြစရာ" ....

တိမ် တမာန်


By/ Pa Yit




မှတ်မိပါတယ်..
အခြေခံဥပဒေကိုပြင်မဲ့အတွက် ကျမ်းသစ္စာဆိုဖို့ကိစ္စနဲ့ ဒေါ်စုလွတ်တော်ထဲမ၀င်ပဲနဲ့နေတုန်းက..
လူတွေတော်တော်ဝေဘန်ကြတယ်၊
... အမျိုးမျိုးပဲ...
ကျွန်တော်တို့လဲအားမရခဲ့တာအမှန်ပါ...၊
သစ္စာပြုတဲ့ကိစ္စကအရမ်းအရေးကြီးလားပေါ့...

အခုနားလည်ပါပြီ၊
နားလည်မှုနဲ့အတူ..
အမေစုကို ပိုပြီးလေးစားလာတယ်တကယ်ပါ...

( နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ ၂၄(ခ) အရ......တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ပေးသောနေရာတွင် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပရမည်။ နည်းဥပဒေခွဲ(က)အရ ကျင်းပသည့် ရွေးချယ်တင်မြှောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဦးဆောင်မှုဖြင့်ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း)

အဲဒါ ကိုမြင့်ဆွေ.အတွက်ပေါ့...

(ပုဒ်မ ၆ (က)တွင် ပြဋ္ဌာန်းထားသည်မှာ ''နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က) ပါ အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်၍ ၎င်း၏အမည်စာရင်းကို လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက် ရယူပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်)

အဲဒါကိုဝေလွင်အတွက်ပေါ့..

အခုအားလုံးလဲနားလည်ကြလောက်ပြီထင်ပါတယ်....

လူတိုင်းမကြိုက်တဲ့သူကို ဒုသမ္မတအဖြစ်..
အဲဒီအခြေခံဥပဒေကပဲရွေးချယ်ကြတော့မယ်....
အဲဒီတော့..

ကျမ်းကြိမ်ထားတဲ့ သစ္စာဆိုထားတဲ့...
အမေစုက..
အဲဒီအဆိုတင်သွင်းတာကိုကြည့်ရင်း....ကြည့်ရင်းနဲ့.....

လွှတ်တော်မ၀င်ခင်က .....
ကျွန်တော်အပါအ၀င်...သူ့သားသမီးတွေဆန္ဒစောခဲ့တာတွေကိုပဲ...

ဂရုဏာဒေါသဖြစ်နေမလား......
မင်းတို့အတွက်.....သင်ခန်းစာပေါ့ဆိုပြီး...သင်ကြားပေးနေမလား...
ဆက်လုပ်ရမဲ့အလုပ်တွေအတွက်ပဲ..ခေါင်းရှုပ်နေမလား...
စိတ်ပဲပင်ပန်းလေးလံသွားမလား......
???????


ကျွန်တော်တို့ကလဲ...
ကျွန်တော်တို့ပါပဲလေ....

နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား

RFA Burmese

2012-07-11
မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက် တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါတယ်။
စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာနဲ့ မေးမြန်းခန်းမှာ စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမဲ့ အစိုးရ မူဝါဒပိုင်းမှာ မပါဝင်ဘူးလို့ ဦးသိန်းစိန်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်ပက ထိပါးလာမယ့် အန္တရာယ်တွေကို ကာကွယ်ဖို့ ကာလကြာမြင့်စွာကပဲ တိုင်းပြည်က စစ်တပ်ကို အားကိုး နေခဲ့ရတယ်။ ဒါကြောင့် ခုလိုအချိန်မှာ တပ်မတော်ကို နောက်ချန်ရစ် မထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
တပ်မတော်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘောင်တွင်းမှာ အကန့်အသတ်နဲ့ ပါဝင်တဲ့ အခန်းကဏ္ဍရှိပေမဲ့ အစိုးရ ဒါမှမဟုတ် အစိုးရ မူဝါဒရေးရာတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိဘူး။ သူ့ အစိုးရဟာ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ပန်းတိုင်ကို တက်လှမ်းနိုင်ပြီး နိုင်ငံရေးပိုင်းကို ခေါ်ဆောင်လာနိုင်မယ်လို့လည်း ဦးသိန်းစိန်က အကောင်းဘက်က ရှုမြင် ပြောဆိုပါတယ်။
မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံလို့ မပြောနိုင်သေးပေမဲ့ အစိုးရရဲ့ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်မခံဘဲ ကျန်နေသေးတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အောင်မြင်စွာ ဆွေးနွေးနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။

နိုင်ငံတော်သမ္မတက ရိုဟင်ဂျာကိစ္စကို တရားဝင်ထုတ်ဖော်ပြောကြား


7Day News Journal


ရန်ကုန်၊ ဇူလိုင် ၁၂

တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းနှင့် နောက်ဆုံးဖြေရှင်းမည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ်မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများစသည်ဖြင့် ရှုပ်ထွေးလျှက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုပါ ခြိမ်းခြောက်လာကြောင်း ထိုကိစ္စကို ကိုင်တွယ်ရန် အလေးအနက် စဉ်းစားလျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။


ကိုမင်းကိုနိုင်က "ဒီနယ်မြေက တိုင်းရင်းသားတို့ ပိုင်တဲ့မြေ၊ ဒီမြေထဲမှာ ရခိုင် တိုင်းရင်းသားတွေကို စော်ကားတာဟာ တိုင်းရင်းသား အားလုံးကိ စော်ကားတာ ဖြစ်တယ်။ ရခိုင်အရေးဟာ တစ်မျိုးသားလုံးရဲ့ အရေးဖြစ်တယ်" ဟုပြောကြားခဲ့သည်။ ...... (EMG)



RFA Burmese
တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင် ကြောင်း၊ မြန်မာအစိုးရ အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲ Antonio Guterres နဲ့ မနေ့က တွေ့ဆုံဆွေးနွေးချိန်မှာ အခုလို ပြောကြားခဲ့တာလို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ရေးသားထားပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းရာမှာ UNHCR ဒုက္ခသည်စခန်း ဖွင့်လှစ် စောင့်ရှောက်ထားဖို့ ဒါမှမဟုတ် တခြားလက်ခံမယ့် နိုင်ငံတခုခုကို ပို့ဆောင်ပေးဖို့ နည်းလမ်းသာ ရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“သမိုင်းကြောင်းအရ မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ဝင်ရောက်လာတာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့တွေက လယ်ယာ လုပ်ကိုင်ဖို့ ခေါ်သွင်းလာတာ ဖြစ်ကြောင်း၊ အဲဒီအချိန်က အလုပ်အကိုင် ကောင်းမွန်တဲ့အတွက် မပြန်တော့ဘဲ အခြေချ နေထိုင်သူတွေလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ တတိယမျိုးဆက် “မြေး” အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ရင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီတွေ ကနေ ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမည်ခံပြီး ခိုးဝင်လာသူတွေ၊ စသဖြင့် ရှုပ်ထွေးနေကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း ဦးသိန်းစိန်က ပြောကြားတယ်လို့ ဖော်ပြထားပါတယ်။


DVB TV News

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်ပြီး လာနေထိုင်တဲ့ ရိုဟင်ဂျာတွေကိုလက်ခံဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတနေအိမ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးအကဲနဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ နောက်ဆုံးဖြေရှင်းတဲ့နည်းလမ်းတခုအနေနဲ့ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို UNHCR ကိုအပ်နှံပြီး ဒုက္ခသည်စခန်း အဖြစ်ထားရှိဖို့နဲ့ UNHCR က ကူညီစောင့်ရှောက်ပြီးတဲ့နောက် တတိယနိုင်ငံတွေက လက်ခံမယ်ဆိုရင်လည်း ပို့ဆောင် ပေးမယ့်အကြောင်း ဥိးသိန်းစိန်က ပြောကြားလိုက်တယ်လို့ သိရပါတယ်။

ပန်းတောင်းမြို့ နယ်တောင်သူလယ်သမားများအရေး