Tuesday, July 17, 2012

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် အရေးပေါ် ဆေးရုံတက်

By Thar Zaw


၈၈မျိုဆးက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တစ်ယောက် ရုတ်တရက် နှလုံးရောဂါ ဖောက်သဖြင့် ဆေးရုံသို့ အရေးပေါ် ဆေးစစ်မှု့ ခံနေရပါသည်။ပုံမှာတွေ့ရတာကတော့ ဇူလိုင် ၁၆ရက်နေ့က “နောက်ကြည့်မှန်”စာအုပ်လက်မှတ်ထိုးပေးတဲ့နေ့မှာ သွေးတက်လာတာကြောင့် ကျန်းမာရေးစစ်ဆေးမှုအမြဲလုပ်နေရတာပါ။






7Day News Journal

မင်းကိုနိုင်၏ နောက်ကြည့်မှန်ကို ရုပ်ရှင်ရိုက်ကူးမည်

ရန်ကုန်၊ ဇူလိုင်-၁၇

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းကိုနိုင်၏ ၁၉၈၆ ခုနှစ်က ရေးသားခဲ့သော နောက်ကြည့်မှန် လုံးချင်းဝတ္ထုကို ဒါရိုက်တာဝင်းထွန်းထွန်းက ရုပ်ရှင်ရိုက်ကူးရန် ၀ယ်ယူသွားကြောင်း ဦးမင်းကိုနိုင်က 7 Day News သို့ ပြောသည်။ ''ကျွန်တော့်ဝတ္ထုကို အားပေးမှုတစ်ခုအနေနဲ့ ကိုဝင်းထွန်းထွန်းက ၀ယ်ယူတယ်လို့ ခံစားရပါတယ်။ ဒီကိစ္စမှာ ငွေရေး ကြေးရေးက အဓိကမကျပါဘူး။ ပြီးတော့ ရုပ်ရှင်ရိုက်ကူးတဲ့အပိုင်းကိုလည်း ၀င်စွက်ဖက်ဖို့ မရှိပါဘူး။ လွန်ခဲ့တဲ့ ၂၆ နှစ် စစ်အာဏာသိမ်းပြီး စတုန်းက တစ်ကြိမ်တစ်ခါပဲ ရေးပြီး မပြင်တော့တဲ့ ၀တ္ထုလေးကို ငယ်လက်ရာလေးအတိုင်း နုပျိုမှုလေးတစ်ခုအနေနဲ့ ထုတ်ဝေခဲ့တာပါ"ဟု ဦးမင်းကိုနိုင်က ပြောသည်။

''နောက်ကြည့်မှန်'' ၀တ္ထုကို ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် အခန်းဆက်အဖြစ် ၂၄ ပတ်တိုင်တိုင် ဖော်ပြခဲ့ပြီး အရှေ့ကြယ်စာအုပ်တိုက်မှ ယခုလဆန်းပိုင်းတွင် လုံးချင်းဝတ္ထုအဖြစ် ပထမအကြိမ် ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ၀တ္ထုကို ဒါရိုက်တာဝင်းထွန်းထွန်းက ရုပ်ရှင်ရိုက်ကူးရန်အတွက် လက်ရှိရုပ်ရှင်လောကတွင် ၀ယ်ယူနေကြသော ၀တ္ထုဇာတ်လမ်းများ၏ ပေါက်ဈေးအတိုင်း အမြင့်ဆုံးဈေးနှုန်းဖြင့် သတ်မှတ်ဝယ်ယူမည်ဖြစ်ပြီး ပါဝင်မည့်သရုပ်ဆောင်၊ စတင်ရိုက်ကူးမည့်နေ့ရက် စသည့်အသေးစိတ် အချက်အလက်များကို မဆွေးနွေးရသေးကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

ဒုတိယသမ္မတ အမည်စာရင်းကို ထပ်မံတင်သွင်းရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ တင်ပြ

The Voice Weekly

ဒုတိယသမ္မတ အမည်စာရင်းကို ထပ်မံတင်သွင်းရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ တင်ပြထားကြောင်း သတင်းများ အစိုးရ အဖွဲ့အတွင်း ထွက်ပေါ်လျက်ရှိသည်။
အခြားသတင်း တစ်ရပ်အရ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုတိယသမ္မတ ဖြစ်မလာပါက ဗိုလ်ချုပ်ကြီးလှဌေးဝင်း ဖြစ်လာနိုင်ကြာင်း သတင်းထွက်ပေါ်နေသည်။
ယင်းသတင်းများကို The Voice Weekly ကအတည်ပြုနိုင်ရေး ကြိုးစားနေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည် နှင့် စီးပွားရေးပိတ်ဆို့မှု အဆိုကိုတင်သွင်းသူ ကန်လွှတ်တော် အမတ် မက်ကော်နယ် တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

Yangon Media Group
=======================================
ဝေမာသိမ့်
=======================================
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုရေး အတွက် သက်တမ်းတိုးရေး အဆိုကိုတင်သွင်းခဲ့သူ အမေရိကန် အထက်လွှတ်တော် အမတ် မက်ကော်နယ် နှင့် ဇူလိုင်လ ၁၆ရက်နေ့ည ၈ နာရီတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောခဲ့ကြောင်း သိရ သည်။

ပြောဆို ဆက်သွယ်ဖြစ်သည့် အဓိကအကြောင်းအရင်းမှာ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးကို သံတမန် အဆင့်အထိ ဆက်သွယ်တိုး တက်လာခဲ့သည် ဖြစ်သည့်အတွက် ဆက်ဆံရေး ဆက်လက် တိုးမြှင့်ရန် ကိစ္စ ၊ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တဖြည်းဖြည်း တက်လှမ်းလာသည် ဖြစ်သည့် အတွက် အမေရိကန်မှ လည်း လျော့ပေါ့ပေးသည့် အရှိန်အဟုန်ကို မြှင့်တင်ရန် ကိစ္စ နှင့် မြန်မာပြည်သူလူထု ဘဝ ပိုမိုတိုး တက်သာယာရေး အတွက် အမေရိကန်မှ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်လာ စေရန်စသည် တို့ကို ဆွေးနွေး ခဲ့ကြကြောင်း ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောကြား ချက်အရ သိရသည်။

မစ္စမက်ကော်နယ်သည် Burma Freedom In Democracy Act of 2003 ကို မြန်မာနိုင်ငံအတွက် အမေရိကန် အထက် လွှတ်တော်တွင် အဆိုအဖြစ်စတင် တင်သွင်းခဲ့သူဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှု သက်တမ်း ထပ်မံ တိုးမြှင့်ရန် အဆိုကို လည်း တင်သွင်းထား သူဖြစ် သည်။ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှု (SANCTION) နှင့် ပတ်သက်၍ လည်း အဓိကအရေးပါသည့် ပုဂိုလ်တစ်ဦးလည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က “မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ အခြေအနေကောင်းသွားမှာပါ ကောင်းတဲ့ရလာဒ်တွေထွက်မယ်လို့ထင်ပါတယ် ကျွန်တော်တို့ ဥက္ကဌကလည်း ပြည်သူလူထုကောင်းကျိုးအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်မယ်လို့ပြောခဲ့ပြီး သားပါပဲ” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆို့အရေးယူမှုကို လက်နက် သဖွယ် အသုံးပြုနေသည့် ဟူသော ပြောစကားများမှာ စိတ်ကူး ပင်မရှိဟု ဆို

Yangon Media Group

==================================
ဝေမာသိမ့်
==================================

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆို့အရေးယူမှုကို
လက်နက် သဖွယ်အသုံးပြုနေသည့် ဟူသော ဝေဖန်မှုများသည် သူမအနေဖြင့် စိတ်ကူးကြံစည်မှု ပင် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဇူလိုင်(၁၇)ရက်နေ့တွင် ပြောကြားခဲ့ကြောင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

မာ့ခ် ဖာမနာ (Mark Farmaner) ၏ ဖြေရှင်းချက်အား သုံးသပ်ခြင်း


by Mg Mike Mike on Tuesday, July 17, 2012 at 7:21am ·

Burma Campaign (UK) ၏ ဒါရိုက်တာဖြစ်သော မာ့ခ်ဖာမနာ (Mark Farmaner) ၏ ရိုဟင်ဂျာအရေး လှုပ်ရှားမှုနှင့် ပါတ်သက်ပြီး BC (UK) အဖွဲ့ တိုက်ခိုက်ခံရမှုများအား ရေးသားထားခြင်းနှင့် ၎င်းတို့အဖွဲ့အား အထင်လွဲနေသည် ဆိုသည့် ဖြေရှင်းချက်စာတန်းကို ဖတ်လိုက်ရပါတယ်။ အဆိုပါ စာတန်းကို ဖတ်ရှုပြီးသည့်နောက် စိတ်ထဲမှာ အချို့သော အကြောင်းအရာလေးများ ပေါ်လာတဲ့အတွက် ချရေးဖြစ်ပါတယ်။

Burma Campaign (UK) ဟာ အမှန်တကယ်ပဲ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဆောင်ရွက်နေပါသလား။
အဆိုပါအချက်နှင့် ပါတ်သက်၍ သံသယရှိစရာမလိုပါ၊ BC (UK) ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရးနှင့် ပါတ်သက်၍ ၎င်းတို့ ကျရာ ကဏ္ဍမှ ဆောင်ရွက်နေပါတယ်။ သို့သော် ၎င်းတို့၏ Activities အများစုမှာ မြန်မာတိုင်းရင်းသားအဖြစ် အငြင်းပွားဖွယ် ဖြစ်နေသည့်၊ တနည်းအားဖြင့် မြန်မာတိုင်းရင်းသားဟု ကြွေးကျော်နေသည့် ရိုဟင်ဂျာများအရေး လှုပ်ရှားမှုများသာ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ မြန်မာနိုင်ငံတွင် များစွာရှိနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အရေးတယူလှုပ်ရှား ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို အထင်သား လေ့လာတွေ့ရှိခဲ့ရပါသည်။


ထိုင်း-မြန်မာ နယ်စပ်မှ သနားစဖွယ် နယ်မြေမဲ့ ကလေးငယ်များ

အဘယ့်ကြောင့်ဆိုသော် Stateless People of Myanmar ဟုခေါ်သည့် နယ်မြေမရှိသည့် မြန်မာလူမျိုးများဟု ခေါ်ဆိုလျှင် တိုင်းရင်းသား စစ်သည် မစစ်သည် မသေခြာသော ရိုဟင်ဂျာများထက် မြန်မာပြည် အရှေ့ပိုင်းရှိ ထိုင်း၊ မြန်မာနယ်စပ်မှ ဒုက္ခသည် စခန်းများအား ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုအနေဖြင့် စေတနာ မှန်ကန်ပါက မြန်မာလူမျိုး စစ်စစ်များ၏ အကျိုးစီးပွားအား ရှေ့တန်းတင်ရမည် ဖြစ်ပါသည်။ သို့သော် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ မဖြစ်ညစ်ကျယ် ပံ့ပိုးမှုကို ရရှိနေသည့် ထိုင်း၊ မြန်မာ နယ်စပ် တလျှောက်မှ ဒုက္ခသည် စခန်းများထက် ထောက်ပံ့မှု အပြည့်အ၀ ရရှိနေပြီး ၁ နှစ်လျင် ခန့်မှန်း ဒေါ်လာ သန်း ရာဂဏန်းခန့် အကူအညီများအား INGO များနှင့် ပရောဂျက် ခေါင်းစဉ်ပေါင်း မြောက်များစွာမှ ရရှိနေသည့် ရိုဟင်ဂျာများ အရေးကိုသာ ဦးစားပေး ဆောင်ရွက်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။

BC (UK) အနေဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအား အမှန်တကယ် ဆောင်ရွက်သလော
အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး မေးစရာ ရှိလာသည်မှာ ရိုဟင်ဂျာ လူမျိုးများအား အခြားသော နိုင်ငံများ၊ အထူးသဖြင့် ၎င်းတို့နှင့် ဘာသာတူ နိုင်ငံများမှ နှိမ်ချ ဆက်ဆံခြင်း၊ လူ့အခွင့်အရေး တားမြစ်ပိတ်ပင်ခြင်း အစရှိသည်များ ပြုလုပ်ခြင်းများစွာ ရှိနေသော်လည်း လူသိရှင်ကြား အမည်နာမ ထုတ်ဖော်ဝေဖန်ခြင်းများအား မတွေ့ရှိခဲ့ရပါ။ ဤနေရာတွင် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ဆော်ဒီနိုင်ငံတွင် တရားရုံးမှ ဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာများ နေထိုင်ခွင့်နှင့် ပါတ်သက်ပြီး BC (UK) မှ လူသိရှင်ကြား ဝေဖန်ခြင်း မရှိခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ အဆိုပါ ကိစ္စအား The 300,000 Rohingyas in Saudi are in limbo ဆိုသည့် ဆောင်းပါးတွင်
Mr Abdul Majid’s family moved to Saudi in 1954, two years after he was born, and was granted legal resident status as it was among the first Burmese groups to arrive. But a decree issued two decades later forced Rohingya older than 18 who were not born in the kingdom to obtain a non-Saudi passport.
ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ရိုဟင်ဂျာ ကလေးငယ်များအနေဖြင့် အစိုးရ ကျောင်းများတွင် တက်ခွင့် မရသည်ကိုလည်း
Without residency permits, their children cannot enrol in public schools. Mr Abdul Majid said Burmese children attend charity schools created for the community by Saudi donors and wealthy Burmese ဟု ဖော်ပြခဲ့ပါသည်။ အဆိုပါ ကိစ္စရပ်များနှင့် ပါတ်သက်ပြီး ရိုဟင်ဂျာအရေးအား ဆောင်ရွက်သည့် အဖွဲ့အစည်းအများစုထဲမှ တစ်ခုဖြစ်သော BC (UK) သည်လည်း ဝေဖန်ခြင်း မပြုခဲ့သည်ကို မာ့ခ် ဖာမနာ အနေဖြင့် မည်သို့ ဆင်ခြေပေးမည်လည်း စိတ်ဝင်စားမိပါသည်။ အထူးသဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအား နိုင်ငံပေါ်မူတည်၍ ဆောင်ရွက်လေသလောဟု သံသယဖြစ်လာပါသည်။

BC (UK) သည် မည်သည့်အလှူရှင်၏ လှူငွေဖြင့် ရပ်တည်နေသနည်း


အဆိုပါ ကိစ္စနှင့် ပါတ်သက်၍လည်း မာ့ခ် ဖာမနာမှ ရှင်းရှင်းလင်းလင်း ပြောထားခြင်း မရှိပါ။ ၎င်း၏အဆိုအရ BC (UK) မှာ အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း (Non-Government Organization) ဖြစ်သည်ဟု ဖော်ပြထားပါသည်။ သို့ဆိုလျင် NGO တစ်ခုသည် ၎င်းတို့၏ လုပ်ငန်းများ လည်ပါတ်နိုင်ရန် အလှူရှင်၏ လှူငွေများနှင့် လည်ပါတ်နေရခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင် အလှူရှင်များ၏ လှူငွေများနှင့် ရပ်တည်ရသဖြင့် BC (UK) အနေဖြင့် အလှူရှင်များ၏ အလှူငွေဖြင့် ရပ်တည်နေသည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ အခြားသော INGO အဖွဲ့အစည်းများကဲ့သို့ Mission များစွာနှင့် ဆင်းရဲသော ကမ္ဘာ့နိုင်ငံများအား ဆောင်ရွက်နေခြင်း မရှိသော BC (UK) အနေဖြင့် အလှူငွေများအား လက်ခံရရှိရန် ကြိုးပန်းရမည်မှာ အခက်အခဲတွေ့မည်မှာ သေခြာပါသည်။ သို့ဖြစ်သည့်အတွက် မည်သည့်နေရာမှ အလှူငွေများ ရရှိသနည်း ၎င်းအချက်မှာ စဉ်းစားစရာ ဖြစ်လာပါသည်။
ဤနေရာတွင် BC (UK) နှင့် ရိုဟင်ဂျာ အဖွဲ့အစည်းများဖြစ်သော Rohingya Solidarity Organization (RSO) နှင့် Arakan Rohingya National Organisation (ARNO) တို့နှင့် အတူတွဲလျက် ရှိသည့်  ဓါတ်ပုံများကို အထင်အရှား တွေ့လာရပါသည်။ (မှတ်ချက် ။     ။ ၀ီကီလိခ်နှင့် အခြားသော လုံခြုံရေး အဖွဲ့အစည်းများ၏ အဆင့်သတ်မှတ်ချက်တွင် RSO နှင့် ARNO တို့အား အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း၊ တစ်နည်းအားဖြင့် အန္တရာယ်ရှိ အဖွဲ့အစည်းဖြစ် သုံးသပ်ထားသည်ကို လေ့လာသိရှိနိုင်ပါသည်။) တစ်ချိန်တည်းမှာပင် RSO, ARNO နှင့် OIC တို့၏ ပါတ်သက်နေမှု သတင်းဓါတ်ပုံများကိုလည်း တဆက်တည်း တွေ့လာရသဖြင့် BC (UK) အနေဖြင့် မပြေးသော်လည်း ကံရာရှိနေပြီ ဖြစ်ပါသည်။

BC (UK) သည် မည်သည့်ရိုဟင်ဂျာ အဖွဲ့အစည်းများမှ ရခိုင်ဒေသအား ၎င်းတို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဟု ပြောဆိုသည်ကို မကြားဘူးကြောင်း သေခြာသလော
အဆိုပါ ကိစ္စနှင့် ပါတ်သက်ပြီးလည်း မာ့ခ် ဖာမနာအား မေးစရာ မေးခွန်းများ ရှိလာပါသည်။ အထူးသဖြင့် အမေရိကန် နိုင်ငံအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စောင့်ကြည့် အဖွဲ့အစည်းများမှ ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး တညီတညွတ်တည်း ဖော်ပြသည်မှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်သည် ဆိုသည်ပင်။ မကြာခင်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များတွင်လည်း အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့များ ပါဝင်ပါတ်သက်နေသည်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ၀န်ခံထားပြီး ဖြစ်ပါသည်။


ရိုဟင်ဂျာများ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရရှိရန် ကြိုးပန်းနေမှုများအား http://www.globalasia.org တွင် ဆောင်းပါးရှင် Thanawat Pimoljinda မှ ၂၀၁၀ မတ်လတွင် ရေးခဲ့သည် Ethno-Religious Movements As a Barrier to an ASEAN Community တွင် The Rohingya Solidarity Organization (RSO) and the Arakan Rohingya National Organization (ARNO) in Burma have been fighting to liberate Arakan from Buddhist rule, with the aim of establishing an Islamic state. ဟု ဖော်ပြထားပြီး Wikipedia ရှိ ရိုဟင်ဂျာ လူမျိုးများနှင့် ပါတ်သက်ပြီး ရေးသားထားသည်တွင် Post War တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို သိရှိနိုင်ပါသည်။
The Mujahid party was founded by Rohingya elders who supported jihad movement in northern Arakan in 1947.[28] The aim of Mujihid party was to create a Muslim Autonomous state in Arakan. ထို့အတူ Jane's World Insurgency and Terrorism တွင် ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး ဖော်ပြထားသည်တွင် RSO နှင့်ပါတ်သက်ပြီး
The group also aimed to establish an Islamic autonomous Rakhine (Arakan) state, uniting the Rohingya people of Myanmar and Bangladesh ဟု ရေးသားထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်ပြီး ဆောင်းပါးများစွာ ရေးခဲ့သည့် ဘာတီးလစ်တာနာ ဆောင်းပါးများတွင် လေ့လာလျင်လည်း တွေ့နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မာ့ခ် ဖာမနာ ပြောဆိုသည့် we have never even heard any Rohingya organization saying they want their own state ဆိုသည်မှာ မုသားမျှသာ ဖြစ်ပေသည်။

ဝေနှင့်ပွင့်သုံအား ဆန့်ကျင်သည်မှာ အစ္စလာမ် ဘာသာဝင်ဖြစ်၍လော ရိုဟင်ဂျာအား ထောက်ခံ၍လော

အဆိုပါကိစ္စအား အထူးအထွေ ပြောဆိုရန်ပင် မလိုအပ်သော်ငြား မာ့ခ် ဖာမနာအနေဖြင့် အစ္စလာမ်ဘာသာနှင့် ရန်တိုက်သည့်သဖွယ် attacking her because she is a Muslim ဟု ရေးသားလာသည့်အတွက် ဆိုရေးရှိက ဆိုအပ်ရပါတော့မည်။ ဝေနှင်းပွင့်သုံ အင်္ဂလန် လွှတ်တော်တွင် My father, my father စသည်ဖြင့် ကလေးပင်ဖြစ်သောငြား မာန်ပါပါဖြင့် ပြောကြားခဲ့စဉ်က တခဲနက် ထောက်ခံခဲ့သူများတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစုပါဝင်ခဲ့သည်ကို မေ့ထား၍ မရပါ။ ကလေးပင် ဖြစ်သော်ငြား စစ်အစိုးရ၏ ဖိနှိပ်မှုအား တွန်းလှန်ရန် ၎င်း၏ ကြိုးစားအားထုတ်မှုအား မြန်မာနိုင်ငံရေးတွင် ပါတ်သက်ခဲ့သူများမှ လေးစား ချီးကျူးခဲ့သည်များမှာ ရှိခဲ့သည်မှာ သမိုင်းသက်သေ ရှိခဲ့ပါသည်။

ထို့အတူ မြန်မာနိုင်ငံအတွက် အမြင့်ခုန် ခဲ့ရာတွင်လည်း အားပေးခဲ့သည်မှာ မြန်မာနိုင်ငံသားများပင် ဖြစ်ပါသည်။ သို့ရာတွင် ထိုမှ တဆင့်တက်၍ ဒေါ်အောင်ဆန်းစုကြည် အငယ်စားဟု ချီးမြှောက်လာသည်တွင် မြန်မာလူမျိုးများစိတ်တွင် လက်ခံရန် ခက်ခဲလာပါသည်။ အဘယ့်ကြောင့်ဆိုသော ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အိုင်ကွန်ဖြစ်၍ ဒီမိုကရေစီအား မြတ်နိုးသည့် မြန်မာလူမျိုးအများစုအား ကိုယ်စားပြုသဖြင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသာမက အခြားသော နိုင်ငံများတွင်လည်း မိမိတို့ တန်ဖိုးထား လေးစားသည့် ခေါင်းဆောင်နှင့် တစ်တန်းတည်း တင်စားလာသူများအား လက်မခံသည်မှာ အထင်အရှားပင် ရှိပါသည်။ သူမ အစ္စလာမ်ဘာသာဝင် ဖြစ်၍ မဟုတ်ပေ။

မြန်မာလူမျိုးများအနေဖြင့် မည်သည့်ဘာသာဝင် ဖြစ်နေပါစေ အများပြည်သူ ဆန္ဒအား အတိုက်အခံ ပြုလုပ်လာပါက မည်သူ့ကိုမဆို ဆန့်ကျင်ရန် ၀န်မလေးသည်ကို ဖြစ်ပျက်ခဲ့သည် လူထု အုံကြွမှုကြီးများဖြင့် သိရှိနိုင်မည် ဖြစ်ပါသည်။ ထို့အတူပင် မည်မျှပင် အစိုးရနှင့် ပါတ်သက်နေသော်ငြား ပြည်သူလူထုနှင့် စိတ်သဘောထား မတိုက်ဆိုင်သည်ကို အတင်းအကြပ် ပြုလုပ်လာပါက ဆန့်ကျင်ခံရသည်ကို ဥပမာအနေဖြင့် ငါးမင်းဆွေအား ပြတ်ပြတ်သားသား ဆန့်ကျင်ကြခြင်းများအား လေ့လာခြင်းအားဖြင့် သိရှိနိုင်ပါသည်။ သို့ဖြစ်သည့်အတွက် ဝေနှင်းပွင့်သုံအား ဆန့်ကျင်နေကြသည်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်၍ မဟုတ်ပဲ အများပြည်သူ သဘောထား ဆန္ဒနှင့် ဆန့်ကျင်နေ၍ ဖြစ်ပါသည်။ ဤနေရာတွင် မြန်မာလူမျိုးများအနေဖြင့် အမှားမြင်၍ အမှန်ပြင်သူများကို ခွင့်လွှတ်ကြသည်ကို မမေ့ရန် လိုအပ်သကဲ့သို့ အမှန်ပြင်လာပါကလည်း ကြိုဆိုကြမည်မှာ မလွဲပေ။ ဝေနှင်းပွင့်သုံ၏ ဖခင်ဖြစ်သော ကိုမြအေးမှလည်း ရိုဟင်ဂျာများအား တိုင်းရင်းသား မဟုတ်ဟု ပြတ်ပြတ်သားသား ဆိုလာသဖြင့် ဝေနှင်းပွင့်သုံအနေနှင့် အမှားကို ပြင်လာပါက မြန်မာပြည်သူများနှင့် ဆန့်ကျင်ဘက် မဖြစ်တော့မည်ကို သတိချပ်ဖို့ လိုပါသည်။
ဘာကြောင့် ရခိုင်အဖွဲ့အစည်းများမှ BC (UK) အား မဆက်သွယ်သနည်း
အဆိုပါ အကြောင်းအရာနှင့် ပါတ်သက်ပြီး အထွေအထူး ရှင်းပြရန် မလိုအပ်တော့ပေ။ မိမိ၏ ရန်ဘက်အဖွဲ့အစည်းနှင့် ပုလဲနံပ သင့်နေသည့် အဖွဲ့အစည်းအား မည်သည့်အဖွဲ့အစည်းမျှ အဆက်အဆံ မလုပ်ချင်သည်ကို အထူးအားဖြင့် ပြောရန် မလိုတော့ပေ။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့ပင် အခန့်မသင်ပါက အတိုက်ခံသည်ကို ကြည့်ခြင်းအားဖြင့် သာမာန် အဖွဲ့လေးဖြစ်သော BC (UK) မှာမူ ဆိုဖွယ်ရာ မရှိသည်ကို မာ့ခ် ဖာမနာအနေဖြင့် စဉ်းစား ဆင်ခြင် သုံးသပ်သင့်ပေသည်။

မည်သည့်အတွက် မာ့ခ် ဖာမနာ ဒီစာကို ရေးသနည်း
ယခုအခါတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အသင့်မြတ်ဆုံးသော လမ်းကြောင်းပေါ်မှ သွားနေသဖြင့် နိုင်ငံတကာ အရေးယူမှုများ လျော့ကျလာချိန်တွင် ပြည်ပမှနေ၍ မြန်မာနိုင်ငံအရေးအား ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် ရံပုံငွေ (သို့) အလှူငွေ ရရှိရန်မှာ ယခင်ကဲ့သို့ မသေခြာတော့သဖြင့် မြန်မာပြည်တွင်းတွင် အခြေစိုက်မှ ရံပုံငွေများ ရရှိမည်ကို အလွန်လူရည်လည်သည့် မာ့ခ် ဖာမနာအနေဖြင့် သိရှိပြီး ဖြစ်ပါသည်။ ထိုသို့သိရှိခြင်းအားလည်း ၎င်းကိုယ်တိုင် ၀န်ခံထားသည့် မြန်မာနိုင်ငံသို့ တိတ်တဆိတ် လာရောက်ခဲ့သည့် ခရီးစဉ်အား ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင် ဆန့်ကျင်ကန့်ကွက်နေသော အစိုးရနှင့် တိတ်တဆိတ် လာရောက်ညှိနှိုင်းရန် ကြိုးပန်းမှု ခြေလှမ်းဖြစ်နေသောကြောင့်ပင်။ ၎င်းတို့အနေဖြင့် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု ရှိပါက ၎င်းတို့ ခရီးစဉ်အား ထိုကဲ့သို့ လျှို့ဝှက်လာရန် လိုအပ်မည် မဟုတ်ပေ။ အဆိုပါ ခရီးစဉ်အတွင်း ၎င်းတို့အား ရိုဟင်ဂျာများနှင့် ပါတ်သက်မှုများကို မေးမြန်းခံခဲ့ရခြင်းမှ အစပြု၍ ထိတ်လန့်လာခဲ့သဖြင့် အဆိုပါစာအား ထုတ်ဖော်ရေးသားခြင်းအား On my recent trip to Burma, even very senior democracy leaders in Rangoon talked about it. ဟု ရေးသားထားသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အနှစ်ချုပ်ရသော် မာ့ခ် ဖာမနာအနေဖြင့် အင်္ဂလန်တွင် ရုံးစိုက်၍ မြန်မာနိုင်ငံအရေးများအား ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်သည်ကို သိရှိလာသဖြင့် မြန်မာနိုင်ငံအတွင်းတွင် ဆက်လက်ရုံးစိုက်နိုင်ရန် ကြိုးပန်းနေချိန်တွင် ၎င်းတို့ အရေးမထားခဲ့သည့် အွန်လိုင်းမှ အသံများကြောင့် ၎င်းတို့ အလေးထားသည့် မြန်မာနိုင်ငံရေးတွင် ပါတ်သက်နေသည့် သူများ၏ အရေးတယူ မေးမြန်းမှုများကြောင့် အထင်မြင်လွှဲမှားနေမှုများအား ဖြေရှင်းချက် တစ်ခုအနေဖြင့်သာ မှတ်ယူရပါသည်။ တနည်းအားဖြင့် မတတ်သာ၍ လျှောက်လဲချက် ပေးခြင်းသာဖြစ်ပြီး ၎င်းတို့လုပ်ရပ်အား ဖုံးကွယ်ရန် ကြိုးစားနေခြင်းများကို အထက်တွင် ဖော်ပြထားသည့် အချက်များအား လေ့လာခြင်းဖြင့် သိရှိနိုင်သည့်အတွက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့နိုင်ငံနှင့် ပါတ်သက်ပြီး လုပ်စားလာကြမည့် နိုင်ငံရေးလုပ်စားများအား သတိထားရန် လိုအပ်ပြီး ၎င်းတို့ လှည့်ကွက်အတွင်း မ၀င်ရောက်မိစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

......................................................................................................

Yeyint Nge
ဘင်္ဂလီကိုတိုင်းရင်းသားအဖြစ်မသတ်မှတ်တာမြန်မာတိုင်းရင်းသား
ပြည်သူအကုန်ပဲ..အစိုးရကလည်းဘင်္ဂလီလူမျိုးလို့ပဲသတ်မှတ်တယ်။
ဘင်္ဂလီတိုင်းရင်းသားဖြစ်ရေးကြိုးစားပေးနေရင်ဘင်္ဂလီကန်ပိန်း(ယူကေ)
ဆိုပြီးသုံးပါ။သူတို့ကဘာနဲ့တူလည်းဆိုတော့လိပ်နဲ့တူတယ်။။v
ပြသာနာလည်းတက်ရောခေါင်းကိုအထဲမှာဖွက်ထားတယ်။
အာရပ်တွေဆီကပိုက်ဆံယူပြီးဘင်္ဂလီအရေးလုပ်ပေးနေတယ်ဆိုပြီး
လိပ်ဖင်ဒုတ်နဲ့ ထိုးလိုက်တော့မှမထွက်ချင်ထွက်ချင်နဲ့ခေါင်းလေးထွက်
လာတယ်၊ပြည်တွင်းပြည်ပဘာပဲပြောပြောဘင်္ဂလီတိုင်းရင်းသားဖြစ်ရေး
ဆက်ပြီးကြိုးစားပေးနေအုံးမယ်ဆိုတာပဲ...
ဒီတော့အမောင်ကန်ပိန်းယူကေ..မြန်မာပြည်သူများနှင့်ဆန့်ကျင်သည့်
အမြင်၇ှိသည့်အပြင်အခြားလူမျိုးအရေးလုပ်ဆောင်နေပြီဖြစ်၍..
ဘားမားကန်ပိန်းယူကေဆိုသည့်အသုံးအနုံးအားဆက်လက်သုံးစွဲခြင်း
မပြုရန်တားမြစ်လိုက်သည်။

ဒု-ဗိုလ်မှူးကြီးအောင်ကြီး ခြစားမှုများထပ်မံထွက်ပေါ်


Phway Lone



မောင်တောမြို့နယ်အတွင်း မြန်မာဘင်္ဂလီများထံမှ လာဒ်အမြောက်အများစားမှုဖြင့် ဒု-ဗိုလ်မှူး ဦးအောင်ကြီးအား
ဇူလိုင်လ ၇ ရက်နေ့က နယ်ပြည်တော်သို့ ခေါ်ဆောင်သွားကြောင်းနှင့် ၎င်းအမှုများနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိသူ ထောက်လှမ်းရေးအရာရှိ

ဦးအောင်ဆန်းနေနိုင်အောင်အား ယခုသတင်းပတ် သောကြာနေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မောင်တောမြို့ ခရိုင်ရုံးမှ အတည်ပြုပြောသည်။ဒုဗိုလ်မှူးကြီး ဦးအောင်ကြီးက အကြမ်းဖက်သောင်းကျန်းမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူ အကြမ်းဖက်ခေါင်းဆောင် ၃ ဦးထံမှ ကျပ် သိန်း၉၀၀ စီ ယူပြီးခြစားကာ လွှတ်ပေးလိုက်ကြောင်း မောင်တောမြို့ နစကအသိုင်းအ၀ိုင်းတွင် ကောလဟလသတင်းများ ထွက်ပေါ်နေသည်။

မောင်တောမြို့နယ်တွင် ဒု-ဗိုလ်မှူးကြီး ဦးအောင်ကြီး ကိုင်တွယ်ခဲ့သော ဘဏ်အကောင့်ထဲသို့ သောကြာနေ့က လာဒ်ငွေများဟု ယူဆရပြီး ၀င်လာသည့် ကျပ် သိန်း ၈၀၀ အား ဘူးသီးတောင်မြို့
ဗျူဟာက သိမ်းဆည်းလိုက်ကြောင်း နစကအောက်ခြေတပ်ဖွဲ့ သတင်းများအရ သိရှိရသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲရေးမှူးဋ္ဌာနချုပ် (စကခ) ၁၅ ဗိုလ်မှူးချူပ်ကျော်သက် ဦးဆောင်သော တပ်မ လက်အောက်တွင် တပ်ရင်းပေါင်း ၁၀ ရင်းရှိပြီး၊ မောင်တောမြို့နယ် မြောက်ပိုင်းဒေသအတွင်း ခမရ ၅၅၁နှင့် ခမရ ၅၆၄ စစ်ကြောင်းများ လှုပ်ရှားနေကြောင်းနှင့်
တောင်ပိုင်းတွင် ခမရ ၅၃၆၊ ၅၆၅နှင့် ခမရ ၅၃၇ စစ်ကြောင်းများ လှုပ်ရှားနေကြောင်း စုံစမ်းသိရှိရသည်။

ကျန်စစ်ကြောင်းများပါ များမကြာမီလှုပ်ရှားနိုင်ရန် ပြင်ဆင်မှုများ ရှိနေသည်ဟု စစ်တပ်သတင်းရပ်ကွက်က ဆိုသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသအခြေစိုက် စစ်ကြောင်းတပ်ဖွဲ့များမှာ ခြစားမှုနှင့် မုဒိန်းမှုများ မကြာခဏ သတင်းများ ပေါ်ပေါက်လျက်ရှိနေသောကြောင့် ယခုအခါ ပြည်နယ်တိုင်းမှူး ကိုကိုနိုင် ကိုယ်တိုင် မောင်တောမြို့တွင် အခြေစိုက်ပြီး ကွပ်ကဲကိုင်တွယ်လျက်ရှိနေကြောင်း သိရှိရသည်။

မြန်မာအပေါ် စီးပွားပိတ်ဆို့ မှု လျော့ပေးခဲ့တဲ့ထဲ အမေရိကန် ကုမ္မဏီတွေအတွက်ဘဲ အသာရနေ

DVB TV News

အမေရိကန်က မြန်မာအပေါ် စီးပွားပိတ်ဆို့ မှု လျော့ပေးခဲ့တဲ့ထဲ အမေရိကန် ကုမ္မဏီတွေအတွက်ဘဲ အသာရနေပြီး မြန်မာပြည်က ပို့ ကုန်လုပ်ငန်းရှင်တွေတွက်တော့ မပါရှိသေးတဲ့အတွက် တလမ်းသွား တဖက်သတ် ဖြစ်နေတယ်လို့ သမတ ဦးသိန်းစိန်က ပြည်သူလွတ်တော်ဆီ သ၀ဏ်လွာပေးပို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းအပါအ၀င် န၀မနေ့ လွတ်တော် အခြေအနေတွေ ဦးဇော်ရိုက ပေးပို့ ထားပါတယ်။
 




စီးပွားရေးပိတ်ဆို့မှုအမေရိကန်ဖြေလျော့ပုံမျှတခြင်းမရှိဟုပြောခြင်းအပေါ်Ongoing Proces ဖြစ်၍ဟုUS-ASEAN မှတွဲဘက်ဒါရိုက်တာပြောကြား by Yangon Media Group on Monday, July 16, 2012 at 6:43am · စီးပွားရေးပိတ်ဆို့မှု အမေရိကန်ဖြေလျော့ ပုံမျှတခြင်းမရှိဟု ပြောခြင်းအပေါ် Ongoing Process ဖြစ်၍ဟု US-ASEAN Business Council မှတွဲဘက် ဒါရိုက်တာပြောကြား

ဇော်ထိုက်(Yangon Media Group)

အမေရိကန်နိုင်ငံ  အနေဖြင့် စီးပွါးရေးပိတ်ဆို့မှုများကိုဖြေလျော့ သည်ဟုဆိုရာတွင်ယင်းတို့ဘက်အတွက် အကျိုးအမြတ် ရရှိစေရန်ကိုသာကနဦး ရှေးရှုးလုပ်ဆောင်နေခြင်းဖြစ်ပြီးမြန်မာ စီးပွါးရေးလုပ်ငန်းများ အတွက် ကိုမှုအ ကျိုးဖြစ်ထွန်းစေခြင်း  မရှိကြောင်းမကြာ မီရက်ပိုင်းအတွင်း ကလွှတ်တော်အ တွင်း ပြောကြား ခဲ့ခြင်းအပေါ်ယင်းသို့ ဖြစ်ခြင်းမှာ  ဖြေလျော့ရေးလုပ်ငန်းစဉ် များသည် Ongoing Process (ဆောင်ရွက်နေဆဲ) ဖြစ်၍ထိုသို့ဖြစ် နေခြင်းဖြစ်ကြောင်း US-ASEAN Business Concil  မှ တွဲဖက် ဒါရိုက် တာ Mr.Anthony Neison က ပြောကြားလိုက်သည်။      

ယင်းနှင့် စပ်လျဉ်း၍ယနေ့  နေ့လည်၁၂နာရီတွင်ဆီဒိုးနားဟိုတယ် ၌ကျင်းပသော  သတင်းစာ ရှင်းလင်းပွဲ တွင်ရန်ကုန်တိုင်းမ်  ဂျာနယ်၏မေးမြန်း ချက်ကိုထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။Mr.Anthony Neison ''ဒါကဆောင်ရွက်နေဆဲ လုပ်ငန်းပါခင်ဗျာ။ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်း စဉ်တွေ အဆင့်တွေ အများကြီးရှိနေပါသေးတယ်။ဒါနဲ့ပတ် သတ်ပြီး ကန့်သတ်ချက်တွေ ကလည်း အများကြီး  ရှိနေပါသေးတယ်။နောက် နှစ်နှစ်လောက် ဆိုရင်တော့ဒီထက်အ များကြီး ပိုလုပ် လို့ ရလာမှာပါ''  ဟုပြန် လည်ဖြေကြားခဲ့သည်။          

အမေရိကန် အစိုးရအနေ ဖြင့်အရေးယူ ပိတ်ဆို့မှုများအားဖြေ လျော့ရာတွင်ယခုအခါအမေရိကန်စီး ပွါးရေး လုပ်ငန်း များ ကိုမြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်ရန်ခွင့်ပြုပေးလိုက်ပြီဖြစ် သော်လည်းမြန်မာ့ ထုတ်ကုန် များ ကိုမှု လက်ခံခြင်းမရှိသေးရာ  ယင်းအချက် သည်တရားမျှတမှုမရှိဟုမကြာမီရက် ပိုင်းက လွှတ်တော် အတွင်း၌ပြောကြား ခဲ့ကြသည့်အပြင်မြန်မာလုပ်ငန်းရှင်း  အချို့ကလည်း ထိုကဲ့သို့သုံး သပ်လျှက် ရှိသည်။  

မြန်မာနိုင်ငံ အပေါ်နိုင်ငံ ရေးအကြောင်းပြချက်ဖြင့်ပိတ်ဆို့မှု များပြုလုပ်ထားခဲ့သောနိုင်ငံများမှာအီး ယူ အဖွဲ့ဝင်၂၇ နိုင်ငံ၊အမေရိကန်၊ကနေ ဒါနှင့် ဩစတြေးလျတို့ဖြစ်ရာယင်းတို့ အနက်အီးယူသည် လက်နက် ကုန်သွယ် မှုမှ အပကျန်ပိတ်ဆို့မှုများကိုတစ်နှစ် ဆိုင်းငံ့၊ဩစတြေးလျသည်လည်းလက် နက်ကုန်သွယ် မှုမှ လွဲလျှင်ကျန်အချက် များ ကိုဖြေလျော့ခြင်း၊  ကနေဒါသည် လည်းများ စွာဖြေ လျော့ခြင်း များ ကိုဆောင် ရွက်ပေးထားပြီဖြစ်သည်။          

အမေရိကန်နိုင်ငံအနေ ဖြင့်မှုမြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ ကိုဆောင်ရွက်လာ ချိန်မှ စကာ ကနဦး နေဖြင့်ယခင်တပ်မ တော်အစိုးရလက်ထပ်တွင်ဗီဇာပိတ်ထား သောသူများ ကိုပြန်လည် ခွင့်ပြုခြင်း၊ ငွေကြေးလွှဲပြောင်းမှုကိုအမေရိကန်ဘဏ် များက ပိတ်ထားရာမှပြန်လည်ခွင့်ပြု ခြင်း နှင့် ယခု  အခါအမေရိကန်ကုမ္ပဏီ များကိုပင်ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ပြီ  ဖြစ်သည်။

ယင်းနှင့်စပ်လျဉ်း၍ အမည်မဖေါ်လိုသူမြန်မာ့စီးပွါးရေး ပညာ ရှင်တစ်ဦးက''အမေရိကန်ကမြန်မာကို စီးပွါးရေး ပိတ်တုန်းကလည်းတစ်ဆင့် ခြင်းပိတ်တာဖြစ်သလိုအခုဖြေလျော့ လိုက်တော့လည်း တစ်ဆင့်ခြင်း  ပဲလျော့ မှာလို့နားလည်တယ်။ခုမြန်မာ့ပို့ကုန်    တွေကိုလက်မခံတာကတော့နစ်နာတယ် ဆိုပေမယ့် သူတို့မ္ပဏီတွေ အရင်က လုံးဝမလာတာကနေအခုလာရင်လည်း ကိုယ့်တိုင်းပြည်အတွက် အရမ်း အကျိုး ရှိမှာကတော့ သေချာတယ်။အားလုံး ကတော့တစ်ဖြည်းဖြည်းမှပဲဖြစ်လာမှာ ပါ'' ဟုပြောကြား ခဲ့သည်။  

အမေရိကန်ကုမ္ပဏီများ ကိုမြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံခွင့်ပြု လိုက်သည့်အချိန်နှင့်တစ်ပြိုင်နက်မြန် မာနိုင်ငံသို့ Google ၊GE ၊နှင့် Boing အပါအဝင်အမေရိကန် ကုမ္ပဏီ၃၆ ခုသည်ဇွန်လ ၁၄ရက်မှ ၁၆ရက် အထိ  စီးပွါးရေးလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်ခဲ့သည်။          
အမေရိကန်၏မြန်မာအ ပေါ်စီးပွါးရေးပိတ်ဆို့မှုဖြေလျော့ရေး အလားအလာနှင့်စပ်လျဉ်းကာယင်း ကုမ္ပဏီ ၃၆ခု၏ရှေ့ပြေးကိုယ်စားလှယ် အဖြစ်လာရောက်သည့် Doilitte ၏ အုပ်ချုပ်မှု အကြံပေး ဦးချစ်ထွန်းဖေက    ''ဒီကိစ္စကိုလွန်ခဲ့တဲ့ခြောက်လလောက်က စပြီးလေ့လာကြည့်ခဲ့ပါတယ်။ကျွန် တော်လည်း ဆန်ရှင်ရေးရာကျွမ်းကျင် သူတော့မဟုတ်ပါဘူး။နံပတ်တစ်က အမေရိကန်ရဲ့ ဆန်ရှင်က တခြားနိုင်ငံ တွေထက်စာရင် very complicated (အလွန်ရှုပ်ထွေးတဲ့အနေအ ထား)ပေါ့။ Technical အရကိုက် ဖြစ်နေတာပါ။နိုင်ငံရေးနဲ့ဆိုင်သ လိုနိုင်ငံရေး နဲ့မဆိုင်ပဲသူရဲ့ bureaucratic ntaure (ဗျူရိုကရေစီသ ဘောတရား) ကိုကရှုပ်နေတဲ့ ဟာတွေ ရှိတယ်။သူတို့လည်း ဥပဒေတွေနဲ့အ မျိုးမျိုး နဲ့လုပ်ခဲ့တာ ဆိုတော့အဲဒါ ကိုပြန်ဖြေဖို့ဆိုတဲ့ဟာကကွန်ရက်စ် ကိုမေးတော့ကျွန်တော်ကိုပြော တာကတော့ သူ့လမ်းကြောင်း အရ တော့ပုံမှန်ပြန်ဖြစ်ဖို့အနည်းဆုံး တစ်နှစ်၊တစ်နှစ်ခွဲလောက်ကြာ မယ်လို့ ပြောတယ်။ ဇန်နဝါရီလောက်က မေးတဲ့အချိန်မှာပြောတာပါ။ဒါပေ မယ့်လက်ရှိ အမေရိကန်ရဲ့ အုပ်ချုပ် ရေးကကော၊မြန်မာနိုင်ငံမှာဖြစ်နေ တဲ့တိုးတက်မှုတွေကကော နှစ်ဖက်စ လုံးကရှေ့ရွေ့အောင် လုပ်နေတာကျွန် တော်တော့တွေ့ရတယ်။ကျွန်တော့် အမြင်အရတော့လက်ရှိမှာကုမ္ပဏီ အားလုံးလုံးက အမေရိကန် အစိုးရ ကိုမေးကြတဲ့အပိုင်း ကသူတို့မှာ  Clear  black or white understanding (တိကျရှင်းလင်း တဲ့အဖြေ) တော့မရဘူး။ ဥပဒေ အရတော့အ တားအဆီး တွေရှိနေကြတုန်းပဲ။ဒါ ပေ မယ့် ကျွန်တော်ကြား ထားတဲ့တစ်ခု ရှိတာကတော့  ဖြစ်လာမယ့်  ကိစ္စတစ်ခုချင်းစီအရ (စနေကျင်း ပမယ့် အခမ်းအနားမှာလည်း  သိကောင်းလည်း သိရမှာပေါ့)တစ်ချို့ကဏ္ဍတွေကို တော့ special permit (အထူး ခွင့်ပြုချက်) သဘောမျိုးနဲ့သုံးသပ် ခွင့်ပြုတာမျိုး ဖြစ်လာ  နိုင်မယ်လို့ထင် တယ်။ ဘာလို့လဲ ဆိုတော့ ဥပဒေအ ရဖြစ်နေတာကိုတော့  ဘယ်သူမှကျော် လွှားလို့မရဘူး။ ဖြေဖို့ဟာကိုအင်စတီ ကျူးရှင်း အရတော့သွားရဦး မှာကိုး။ ကျွန်တော်ရဲ့ခန့်မှန်းချက်  ကတော့အဲဒီလို ကိစ္စရပ်တစ်ခုချင်းစီ၊ ကဏ္ဍ တစ်ခုချင်း စီအလိုက်ဆောင်ရွက်လိမ့်မယ်လို့ ယူဆတယ်။ ကျွန်တော်အမြင်မှားရင် လည်းမှားမှာပေါ့။ ကုမ္ပဏီတွေဘက်က တော့ဒီကိစ္စကိုအမေရိကန်အစိုး ရကိုလည်း အမြဲမေး နေပါတယ်။ ကျွန် တော်ဒီကိုမထွက်လာခင်ပြီးခဲ့တဲ့အ ပတ်(ဇွန်နောက်ဆုံးပ တ်)အထိကတော့ဥပဒေတွေကတော့ အရင်အတိုင်း အတူတူပဲ။ထူးခြားတာ ကတော့သူတို့က update  လုပ်မယ် ပေါ့အဲဒီအနေအထားမှာရှိနေပါ တယ်'' ဟုပြောကြား ခဲ့သည်။             

မြန်မာနိုင်ငံအပေါ်ပိတ်ဆို့    မှုပြုထားသော နိုင်ငံ၃ဝအနက်ကနေဒါ နိုင်ငံသည် အလုံး စုံပိတ် ဆို့မှုပြုလုပ်ခဲ့ သောနိုင်ငံဖြစ်ပြီး  အခြား၂၉နိုင်ငံသည် ကဏ္ဍအလိုက်ပိတ်ဆို့မှုများကိုသာပြု လုပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပြစ်မှုလို့ လူသိများတဲ့ ပုဒ်မ ၅ည ဖျက်သိမ်းဖို့ ပြည်ထဲရေးဒု ၀န်ကြီးကသဘောတူ

DVB TV News

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းဝေးမှာ နိုင်ငံရေးပြစ်မှုလို့ လူသိများတဲ့ ပုဒ်မ ၅ည ဖျက်သိမ်းဖို့ ပြည်ထဲရေးဒု ၀န်ကြီးက သဘောတူလိုက်တာကြောင့် လွှတ်တော်ဥက္ကဌက ဥပဒေမူကြမ်း တင်သွင်းဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒီဗီဘီသတင်းထောက် ဇော်ရို တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။ (ရိုက်ကူး ဇေကြီး)

ခဏခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး ။

by Heinn FiveStrings on Tuesday, July 17, 2012 at 6:39am ·

ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း ...... ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။

ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။
''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။
ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။
ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။
သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။
တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။
နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။

၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။
အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။
ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..
၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။

            ဟိန်း (17.7.2012)

စစ်တွေမှာ -GTC- ကျောင်းသူများ အကြမ်းဖက် ဘင်္ဂလီတွေရဲ့  ရိုက်နှက်ဖျက်ဆီး လူသတ်ရန်ကြံစည်ခြင်း ခံရပြန်ပြီ

စစ်တွေမြို့ နဲ့  အလှမ်းဝေးကွာလွန်းတဲ့  ရေချမ်းပြင်ကျေးရွာဖက်မှာ တည်ရှိတဲ့  -GTC_ ကျောင်းဟာ ကျောင်းသားတွေအဖို့  အတော် ကသီလင်တ ဖြစ်နိုင်တဲ့  နေရာမှာ တည်ရှိနေတာဖြစ်တယ် ။ ကျောင်းသားထုတွေက လူအုပ်နဲ့ စုပြီး ရှိနေတတ်တာမို့  န၀တ-နအဖ-ခေတ်က ကျောင်းသားတွေ မစုမိရအောင် အခုလို မြို့ ပြင် ဇနပုဒ်တွေမှာ လူတွေနဲ့  အလှမ်းကွာအောင် ထားခဲ့ တာဖြစ်တယ် ။ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့  မြက်ခင်းပြင်တွေ ၊ ရွှံ့ နွံ့ ဗွက်တောတွေ ၊ လယ်ကန်သင်းတွေကြားကနေပြီး တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်းတက်နေကြရတယ် ။ မြို့ ထဲကနေပြီး ကျောင်းတက်နိုင်ဖို့  ပြေးဆွဲနေတဲ့  ဘတ်စ်ကားခက ဈေးကြီးလို့  မကြာမကြာဆန္ဒပြ တောင်းဆိုနေရတာလဲ ကြားနေရတယ် ။ စစ်အစိုးရရဲ့  အမွေဆိုးကို ခုအချိန်ထိ ခံစားနေရတဲ့  တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ ဒီနေ့ တော့ ဘ၈င်္လီမွတ်ဆလင် ကုလားတွေရဲ့  အကြမ်းဖက် သတ်ဖြတ်မှုကနေပြီး ကံကောင်းလို့  အန္တရယ်ကြီးစွာ မခံစားရဘဲ လွပ်မြောက်သွားခဲ့ ရတယ် ။ ကားသမားကလွှဲလို့  အခြားကျောင်းသူတွေ ဆရာမတွေက ထိခိုက်ဒဏ်ရာမရရှိခဲ့ ကြလို့  သိရတယ် ။ လုံခြုံရေးကားရောက်လာလို့  ဘေးမသီရန်မခဆိုတဲ့  သဘောပါဘဲ ။ ပြောချင်တာက တက္ကသိုလ်ဆရာမတွေကတော့ အလုပ်ပြုတ်ရင်လဲ ပြုတ်ပါ့လေစေတော့ ဆိုပြီး ကျောင်းကို မတက်တော့ဘူးရယ်လို့  ထုတ်ဖေါ်ပြောသွားတာပါဘဲ ။ ဒီစကားကြားတော့ ၀မ်းနည်းခြင်းကြီးစွာဖြစ်ရပါတယ် ။ ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ အဓိကရုဏ်းတွေက ထင်ထင်ရှားရှား သိသိသာသာ မရှိတော့ဘူးဆိုပေမဲ့  ပြောက်ကျားတိုက်ခိုက်နေတာတွေ ရှိနေဆဲ ဖြစ်တယ် ။ မီးရို့ ဖို့  ကြိုးစားနေတာတွေ့ နေရတယ် ။ ရေကန်တွေကို အဆိပ်ဖို့  ကြိုးစားနေတာ တွေ့ နေရတယ် ။ မနေ့ ကတင်ဘဲ စစ်တွေမြို့ ရဲ့ တောင်ပိုင်း မြစ်ဝမှာ လက်နက်တွေနဲ့ အတူ လှေတစီးကို ဖမ်းဆီးရတယ်။ ရေတပ်က တားဆီးတာကို ပြန်ပြီးတော့ ခုခံပစ်လို့  သေနတ်နဲ့ ပစ်ဖေါက်ပြီးမှ လက်နက်တွေနဲ့  ဖမ်းဆီးမိတာဖြစ်တယ် ။ တယောက်ကတော့ စစ်တွေဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်နေရတယ် ။ ကျန်တဲ့ လူတွေကိုတော့ အချုပ်ထဲထားလိုက်ရတယ် ။ ဖမ်းခံထိတဲ့ သူတွေက ရခိုင်စကားကို အနည်အကျဉ်း ပြောတတ်သူတွေဖြစ်တယ်လို့ ဆိုတယ် ။ ကယုချောင်းခေါ် တက်က္ကနတ်မြို့ က ဆိုပြီး သူတို့ ဟာ ဘင်္ဂလားဒေ့င်္ရှနိုင်ငံသားလို့  ၀န်ခံကြတယ်လို့ ပြောတယ် ။ ပြောချင်တာက ဘ၈င်္လားဒေ့ရှ်နိုင်ငံသားတွေက ဘာဖြစ်လို့  လက်နက်တွေနဲ့  ရခိုင်ပြည်နယ်က စစ်တွေမြို့ ရဲ့  တောင်ဖက် ကဉ္ဖပ-နဒီမြစ်ကြောထဲမှာ ရောက်လာရတာလဲ ဆိုတာပါဘဲ ။ စောစောကပြောခဲ့ သလို စစ်တွေမြို့ ထဲမှာ ပြသနာက မငြိမ်းချမ်းသေးဘဲနဲ့  တက္ကသိုလ်ကျောင်းဖွင့်တာဆိုတာဟာ တကယ်တော့ အခုလို ပြသနာတွေထပ်ဖြစ်စေဖို့  မီးမွှေးလိုက်တာဘဲဖြစ်တယ်လို့  ပြောရမှာဖြစ်တယ် ။ မြို့ ပြင်မှာတည်ရှိနေတဲ့ ကျောင်းကို ဘယ်လိုမှ ပြသနာမဖြစ်ရင် ထားလို့ ရပေမဲ့  အခုလို အချိန်မျိုးမှာ မြို့ ပြင်မှာ တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်သင်ကြားစေတာဟာ ဘယ်လိုမှ အလားအလာ ကောင်းနိုင်မှာ မဟုတ်ပါဘူး ။ ဒါဖြင့်ရင် မြို့ တွင်းမှာ တက္ကသိုလ်ကျောင်းကို ထားရမလား ဆိုတာကလဲဘဲ စဉ်းစားစရာအချက်အလက် တခုဖြစ်လာနေတယ် ။ ဒုတိယအချက်က တက္ကသိုလ်ကျောင်းသားတွေအတွက် လုံခြုံရေးဘဲဖြစ်တယ် ။ သူတို့ တွေအတွက် လုံခြုံရေးအပြည့်အ၀ မရှိရင် ကျောင်းတက်ဖို့ ဆိုတာကို ထားဦး ။ ပုဒ်မ္မ ( ၁၄၄ ) မရုပ်သိမ်းဘဲနဲ့  ကျောင်းတက်ရမယ်ဆိုတာကို တာဝန်ရှိသူတွေက ဘယ်တော့မှ မပြုလုပ်အပ်ဘူးလို့  ထင်တယ် ။ တတိယအချက်က လက်နက်ကိုင်အကြမ်းဖက်သမားတွေကို မြစ်ကြောထဲမှာ စက်လှေနဲ့  အတူ ဖမ်းဆီးရတယ်ဆိုတာဟာ မတွေးဝံ့စရာဖြစ်တယ် ။ တကယ်လို့  ရေတပ်ကသာ မတွေ့ ဖြစ်ခဲ့ ရင် သူတို့ တွေ ဘယ်ကို သွားပြီး ရခိုင်လူမျိုးတွေကို ဘယ်နှစ်ယောက်များသတ်ဖြတ်ပြီး သွားကြမှာလဲဆိုတာ စဉ်းစားရင် သိသာနိုင်တယ် ။ ဒီလိုဘဲ သူတို့ လို မတွေ့ တဲ့  လက်နက်ကိုင် အကြမ်းဖက်သမားတွေက ဘယ်နှစ်စီး ဘယ်နှစ်ယောက်ကများ ရခိုင်ပြည်နယ် အနှံ့မှာ ပုန်းအောင်းခိုဝင်ရောက်ရှိသွားကြပြီလဲ ဆိုတာ သတိထားစစ်ဆေးရတော့မယ် ။ တချိန်တည်းမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်လက်နက်ကိုင်သူတွေနဲ့  လက်နက်တွေကိုပါ ဖမ်းဆီးမိထားတာတွေ ပြီးတော့ ဒုက္ခသည်စခမ်းတွေ ဖွင့်လွှစ်ထားတာတွေ - အကူအညီ ပေးထားတာတွေကို ရှင်းလင်းကြေညာသွားတယ် ။ ပြောချင်တာက အကြမ်းဖက်လက်နက်ကိုင် သမားတွေကို အတိအကျ ဖေါ်ပြရမှာနဲ့ NGOs တွေမှာ တာဝန်ထမ်းဆောင်သူများကို အကြမ်းဖက်သမားတွေနဲ့  ဆက်သွယ်ပတ်သက်မှုရှိတယ်ဆိုတာကို ပြောသင့်တယ်လို့ ထင်တယ် ။ အခုအချိန်မှာ တကယ့်အရေးတကြီး စဉ်းစားရမှာက ပြသနာကို အတိမ်အနက် စဉ်းစားကြည့်ရတော့မှာဖြစ်တယ် ။ ဘင်္ဂလီမွတ်ဆလင် အကြမ်းဖက်သမားတွေဟာ ရခိုင်ပြည်နယ် အတွင်းမှာ မွတ်ဆလင်ဘာသာဝင်များအဖြစ် ယခင်က နေထိုင်လာခဲ့ တုံးက ခုလို သွေးထွက်သံယိုမှုများစွာနဲ့  တိုင်းရင်းသားအဖြစ် လုပ်ပေးရမယ်လို့  မတောင်းဆိုခဲ့ ဘူး ။ ခုတော့ လက်နက်အားကိုးနဲ့ တင် တောင်းဆိုလာနေပြီဖြစ်တယ် ။ ရခိုင်လူမျိုးတွေက သမိုင်းသုတေသီတွေဟာ ရခိုင်လူမျိုးတွေရဲ့  သမိုင်းအချက်အလက်ထဲမှာ ဒီမွတ်ဆလင်ဘာသာဝင် လူမျိုးတွေကို သူတို့ ပြောပြောနေတဲ့  ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဘူးလို့  သမိုင်းအချက်အလက်နဲ့  ထုတ်ဖေါ်တင်ပြတာတွေဘဲ ပြုလုပ်တာရှိတယ် ။ ဒီတော့ သူတို့ ကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုဖို့  သူတို့ မှာ ပြောပိုင်ခွင့် လုပ်ပိုင်ခွင့် မရှိသလို သတ်မှတ်တာဟာ အစိုးရဘဲဖြစ်တယ် ။ ဒါ့ကြောင့်လဲဘဲ အစိုးရကနေပြီး လက်နက်မဲ့  ရခိုင်ပြည်သူတွေကို တိတိကျကျ အကာအကွယ်ပေးရမှာဖြစ်တယ် ။ ဘင်္ဂလီမွတ်တလင် ဘာသာဝင်လူမျိုးတွေက အခုလို လက်နက်အားကိုးနဲ့  လာရောက်တိုက်ခိုက်ရင် ခုခံကာကွယ်ပိုင်ခွင့်အနေနဲ့  လက်နက်နဲ့ ပြန်လည်တိုက်ခိုက်ရဖို့  အစိုးရက ရခိုင်လူမျိုးကို လက်နက်တပ်ဆင်ပေးရမှာဖြစ်တယ် ။ နယ်ခြားစောင့်တပ်ဆိုတာမျိုးဟာ ရခိုင်လူမျိုးတွေရဲ့  အသက်အိုးအိမ်ကို စောင့်ရှောက် ကာကွယ်တဲ့  အနေအထားရှိတယ် ။ တကယ်လို့  ဘင်္ဂလီမွတ်ဆလင် ဘာသာဝင်လူမျိုးတွေက အခုလို လက်နက်အားကိုးနဲ့  လာရောက်တိုက်ခိုက်လာတာမျိုးဟာ တိုင်းရင်းသားဖြစ်ဖို့ အတွက် တောင်းဆိုလာခြင်းဆိုရင် အစိုးရက ပြတ်ပြတ်သားသား ဖြေရှင်းတိုက်ခိုက်ခြေမှုန်းရမှာဖြစ်တယ် ။ အခုဟာက လက်နက်ကိုင် အစိုးရက တခြားဖြစ်နေပြီး လက်နက်မဲ့  ရခိုင်လူမျိုးက အလယ်ကမြေဇါပင် ဒါးစာခံလို ဖြစ်နေတယ် ။ ရခိုင်ပြည်နယ်မှာ အဓိကရုဏ်းဖြစ်နေတာကိုကြည့်ရင် မွတ်ဆလင်ဘာသာဝင်နဲ့  ဗုဒ္ဒဘာသာရခိုင်လူမျိုးဖြစ်တယ် ။ ကုလားတွေက လက်နက်နဲ့ လူအုပ်နဲ့  တိုက်ခိုက်တာကို ကမ္ဘာက မသိဘူး ။ သူတို့ တွေက ကမ္ဘာကို သတင်းလိမ်နဲ့  ဓါတ်ပုံတွေလိမ်ပြီး တင်ပြနေတယ် ။ ဒါကို အစိုးရက ပြန်လှန်ရှင်းပြရမှာဖြစ်တယ် ။ ရခိုင်လူမျိုးတွေက ဖြေရှင်းနေရတော့ ဒါဟာ အစိုးရဖြေရှင်းတာလောက် မထိရောက်ဘူးဖြစ်နေတယ် ။ ပြောချင်တာက အစိုးရက ပြည်သူ့ လွှတ်တော်မှာ ဒါကို ညီလာခံဆုံးဖြတ်ချက်အရ အတည်ပြု ကြေညာပြဋ္ဌန်းဖို့ လိုတယ် ။ တိတိကျကျ ပြောရရင် ဂျီဟပ်စစ်ဆင်ရေး လုပ်မယ်လို့  အင်ဒိုးနီးရှားနိုင်ငံနဲ့  အခုဆိုရင် မွတ်ဆလင် နိုင်ငံပေါင်းမြောက်မြားစွာက မြန်မာနိုင်ငံကို စိန်ခေါ်နေပြီဖြစ်တယ် ။ ဂျီဟပ်စစ်ဆင်ရေးဆိုတာက လှည်လှီးသတ်ဖြတ်မဲ့  စစ်ပွဲလို့  ကြေညာတာဖြစ်တယ် ။ အင်ဒိုးနီးရှားနိုင်ငံအစိုးရက ဂျီဟပ်စစ်ဆင်ရေးလုပ်မှာ မဟုတ်ဘူးလို့  ပြောနိုင်ပေမဲ့  သူတို့ ဟာလဲဘဲ ပြည်သူတွေရဲ့  အလိုကျ လက်ခံရမဲ့  အစိုးရဖြစ်တယ်ဆိုတာ နားလည်ထားဖို့ လိုတယ် ။ အခုဖြစ်နေတာဟာ ရခိုင်လူမျိုးနဲ့ တင် မွတ်ဆလင်ဘာသာဝင် ကုလားတွေနဲ့  ဖြစ်နေတာမဟုတ်တော့ဘဲ မြန်မာနိုင်ငံအစိုးရကိုပါ စိန်ခေါ်လာခြင်းဖြစ်တယ်ဆိုတာ ကျင်းပနေတဲ့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက လက်ခံနားလည်ပေးဖို့ လိုတယ် ။ ရခိုင်ပြည်နယ်ကို ထိုးကျွေးထာမျိုး လုပ်နေလို့ ကတော့ ဘယ်လိုနည်းနဲ့ မှ ဖြစ်လာနိုင်မယ်လို့  မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ် ။ အခုအချိန်မှာ သမ္မတ ကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးမဟုတ်ဘူးလို့  တိတိကျကျ ပြောထားတယ် ။ အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံညွန့် ပေါင်းအစိုးရ-၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းကတော့ သမ္မတဦးသိန်းစိန်ဟာ ဒီစကားပြောတာ အကောင်းဆုံးဘဲလို့  ထောက်ခံပြီး ပြောသွားတယ် ။ ပြောချင်တာက သမ္မတကြီး ဦးသိန်းစိန်အနေနဲ့  ပြည်ပနိုင်ငံတကာတွေ ၊ NGOs -တွေရဲ့  ပယောဂတွေနဲ့  အကြမ်းဖက် လက်နက်ကိုင်ပြီး တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုပေးရမယ်ဆိုပြီးကြိုးစားလာမှုတွေကိုတော့ တရားဝင် ပြည်သူ့ လွှတ်တော်ကနေပြီးနိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ ကြေညာချက်သာ ထုတ်ပြန်ပေးစေချင်ပါတယ် ။။။

ခိုင်အောင်ကျော် ( နယူးယောက် )

ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကြိုတင်စီစဉ်ထားခြင်း မရှိပဲ လာရောက်လည်ပတ်ပြီး သတင်းသမားတွေနဲ့ တွေ့ဆုံ

DVB TV News
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဒီကေ​န့ ဇူလိုင် ၁၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေတ္တနားချိန်မှာ သတင်းသမားများ သတင်းယူရန်သတ်မှတ်ထားတဲ့ အခန်းကို ကြိုတင်စီစဉ်ထားခြင်း မရှိပဲ လာရောက်လည်ပတ်ပြီး သတင်းသမားတွေနဲ့ တွေ့ဆုံသွားပါတယ်။ ဒီဗွီဘီ သတင်းထောက် ဇော်ရိုက တင်ဆက်ထားပါတယ်။
(ရိုက်ကူး ဇေကြီး)




Photo...The Voices

စစ်တွေ နည်းပညာ ကောလိပ် ကျောင်းသားများ တိုက်ခိုက်ခံရ

  နိရဉ္ဇရာ

မောင်အေး၊ ထွန်းထွန်း

ယမန်နေ့က ဖွင့်လှစ်ခဲ့သော စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများကို ယနေ့ ကျောင်းဆင်းချိန်တွင်  မွတ်ဆလင် လူအုပ် တစ်ခုက တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။

“ ဖြစ်တာက နေ့လည် ၁ နာရီကျော် ကျောင်းဆင်းချိန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းကားတွေကို ဘင်္ဂလီတွေက ဆွဲလား ရမ်းလား လုပ်တယ်လို့ ဒီလိုဘဲ ကျွန်တော် တို့ သတင်းရပါတယ်” ရခိုင်ပြည်နယ် ပြန်ကြားရေး အရာရှိ ဦးဝင်းမြိုင်က ပြောသည်။

ယခုကဲ့သို့ ပြဿနာ ပေါ်ပေါက်ခဲ့သည့် အကြောင်းအရင်းကို မေးကြည့်ရာ သူက ယခုလို ဆက်ပြောသည်။
“ သူတို့က ကျောင်းကားတွေကို တိုက်ခိုက်တာတွေ လုပ်တယ်လို့ ပြောပါတယ်။ ဘတ်စ်ကားတွေက ကျောင်းသားတွေ အတွက် စီစဉ်ပေးထားတာ။ အရပ်သားတွေ အတွက် မဟုတ်ဘူး။ ကျောင်းကားတွေကို တိုက်ခိုက်ရာကနေ  ပြဿနာ ဖြစ်ကြတာပါ။ နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်လာတော့ ပြဿနာက ပီးဆုံးသွားခဲ့ပါတယ်” ဟု ဦးဝင်းမြိုင်က ပြောသည်။

ယခု တိုက်ခိုက်သည့် ဘင်္ဂလီရွာသားများမှာ ရေချမ်းပြင် အနီးရှိ ရွာကြီး၊ ရွာငယ်မှ ဖြစ်ပြီး တစ်ချို့မှာ ၎င်းရွာများ အနီးရှိ  ကုတင်ပိုက်ရွာက ဖြစ်ကြောင်း သိရသည်။

နည်းပညာကောလိပ်မှ ကျောင်းသားတစ်ဦးကလည်း သူတို့ ယနေ့ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ယခုလို ပြောသည်။

“ ကျွန်တော်တို့ ကျောင်းဆင်းချိန်မှာ နည်းပညာကောလိပ်  အနီးက အပြင်ဘက်မှာ ရှိတဲ့ ဘင်္ဂလီ ရွာသားတွေက တုတ်တွေ၊ ဓါးတွေကို ထမ်းပြီး အုပ်စုလိုက် ပြေးလိုက်လာကြတယ်။ ကျွန်တော်တို့လည်း ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းပြင် လမ်းပေါ်ကနေ ကျောင်းထဲကို ပြန်ဝင် ပြေးကြတော့ ဖရိုဖရဲ ဖြစ်ကုန်ပြီး ကျောင်းသူတွေ ငိုယိုပြီး အကူအညီ တောင်းကြတော့ အခြေအနေက ရုတ်ရုတ်သည်းသည်း ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ကြားတာက ဘင်္ဂလီတွေနဲ့ ဂျီအီး တပ်က လူတွေ ရှေ့မှာ ပြဿနာ တက်နေကြတယ်လို့ဘဲ ကြားပါတယ်” ဟု ပြောသည်။

အခင်း ဖြစ်ပွားစဉ် သုံးဘီး ဆိုင်ကယ်ပေါ်တွင် ပါလာသူ  ဆရာမ တယောက်က သူမြင်တွေ့ ခံစားရပုံကို ယခုလို ပြောသည်။

“-အခုဆိုရင် ကျွန်မတို့ လုံခြုံမှု လုံးဝမရှိတောပါ။ ကျွန်မတို့ကို ဆိုင်ကယ်ကို တုတ်တွေ ဓါးတွေနဲ့  ဘင်္ဂလီတွေက လာတိုက်ပါတယ်။ ကျွန်မတို့က အသက်လု ပြေးကြရပါတယ်။ ဆိုင်ကယ် တက်စီ ဒရိုင်ဘာမှာ ဒဏ်ရာ ရရှိသွားပါတယ်။   ဒီအတိုင်းဆိုရင် ကျောင်းကို ဆက်မသွားနိုင်တော့ပါ။ အလုပ်ဖြုတ်မယ်ဆိုရင်တောင် အလုပ်ပြုတ်ခံတော့မှာပါ” ဟု ပြောသည်။

ဦးဝင်းမြိုင်မှ  စစ်သားများနှင့် စတင် ပြဿနာ ဖြစ်ပွားခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသလို ဒဏ်ရ ရသူလည်း မရှိပါကြောင်း ပြောသည်။

လုံခြုံရေးနှင့် ပတ်သက်ပြီးလည်း ဦးဝင်းမြိုင်က ယခုလို ပြောသည်။

“ လုံခြုံရေးကတော့ ကျောင်းဝင်းထဲမှာ ရှိပါတယ်။ လမ်းတွေမှာတော့ မရှိဘူး။ ဒါကြောင်း မနက်ဖြန်က စပြီး လမ်းတွေမှာလည်း လုံခြုံရေး တိုးမြှင့်သွားပါမယ်” ဟု ပြောသည်။

ယနေ့ ကျောင်းကားများကို တိုက်ခိုက်ရာတွင် မွတ်ဆလင် ရွာသား ၃၀၀ ခန့်ပါဝင်သည်ဟု ဆိုသည်။


ရခိုင်ပြည်နယ် စစ်တွေမြို့ အဓိကရုဏ်းဖြစ်အောင် ဖန်တီးသူ ဦးခင်မောင်လှ ရန်ကုန်မှာ တိမ်းရှောင်နေ အာရကန်တိုင်းမ်စ်

Khin Mg Hlaရခိုင်ပြည်နယ် စစ်တွေမြို့ မှာ အဓိက အဓိကရုဏ်း ဖြစ်စေအောင် သွေးထိုးလှုံ့ဆော်ဖန်တီးပေးသူဖြစ်သည့် ဘင်္ဂလီမူဆလင် ဦးခင်မောင်လှသည် ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင်အဓိကရိုဏ်းတွင် အဓိက ဦးဆောင်ခဲ့သူ ဦးခင်မောင်လှသည် စစ်တွေမြို့ နာဇီဈေးတွင် ဈေးအကောက်ခွန်ကို လေလံဆွဲထားသူ တစ်ဦးဖြစ်ပြီး၊ ယင်းဈေးတွင် နွားသတ်လိုင်စင်ကို အာဏာပိုင်များဖြင့်ပူးပေါင်း၍ ၁၀နှစ်ကျော်ခန့် ရရှိထားသူလည်းဖြစ်ကြောင်းသိရှိရသည်။

“သူက နာဇီဈေး (စက်ရုံစုရပ်ကွက်)မှာ -၁၀-နှစ်ကျော်လောက်နွးသားသတ်လိုင်စင်ကို ထောက်လှမ်းရေးနဲ့ ကပ်ပေါင်းပြီး တဦးတည်းလေလံဆွဲခွင့် ရထားသူဖြစ်တယ်။ ငွေကြေးတောင့်တင်းသူမို့  ရဲ တွေထောက်လှမ်းရေးတွေဟာ သူ့ တပည့်လုံးလုံးဖြစ်ကြရတယ်။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ စစ်တွေမြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ခဲ့တယ်။ အခုအဖမ်းဆီး ခံနေရတဲ့ AFZက ရှေ့နေဦးကျော်လှအောင်နဲ့  အတူတူ ၀င်ရောက်ခဲ့ကြတာဖြစ်တယ်။ လန်ဒန်က ထွန်းခင်၊ ၀ါကာအူဒင်၊ ဘစိန်၊ မောင်စိန်၊ နုရုအာလမ်တို့နဲ့ အဆက်သွယ်တွေလည်းရှိတယ်။ မနေ့က ဖမ်းဆီးရမိတဲ့ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးအယောင်ဆောင် သင်္ကန်းစည်းပြီး နေအိမ်တွေကို မီးရှို့ နေတာတွေ၊ လူသတ်နေတာတွေကို အကွက်ကျကျလုပ်ဖို့ စေခိုင်းနေတာဖြစ်တယ်။ မနေ့က မွတ်ဆလင် ဘင်္ဂလီ ပြောတဲ့ဖြောင့်ချက်အရ သူက ရခိုင်လူမျိုးတဦးကို လည်လှီးပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရတယ်။ ဒီလိုသတ်ဖြတ်ဖို့အတွက် ဦးခင်မောင်လှက အမိန့်ပေးခဲ့တယ်လို့  ဖြောင့်ချက်ပေးနေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာအဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတဲ့  ဦးခင်မောင်လှကို အမြန်ဆုံးဖမ်းဆီးနိုင်မှဖြစ်မယ်။ သူက အခု ရန်ကုန်ကို တိမ်းရှောင် ရောက်ရှိနေပြီး ရန်ကုန်ကဘဲ ကြိုးကိုင် စေခိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။”ဟု ကိုခိုင်ထွန်းမှ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

စစ်တွေတွင် မေလ ၇ရက်၊ ၂၀၁၂ခုနှစ်က ဦးခင်မောင်လှ လေလံဆွဲထားသော နာဇီဈေးတွင် ဈေးအကောက်ခွန်မြင့်တက်နေမှုနှင့် ဈေးသည်များ၏အခက်အခဲပြဿနာများကိုဖြေရှင်းပေးရန် ဈေးသည်များ ရခိုင်ပြည်ဝန်ကြီးချူပ်အိမ်အထိ ချီတက်ပြီး ဈေးအကောက်ခွန်လျှော့ချရန်နှင့် ၄င်းတို့၏အခက်အခဲများကိုဖြေရှင်းပေးရန် တောင်းဆိုခဲ့ရကြောင်း၊ ဦးခင်မောင်လှမှာ ဒေသခံအာဏာပိုင်များအား လာဒ်ငွေအမြောက်အမြားပေးပြီး အာဏာပိုင်များမှတစ်ဆင့် ဒေသခံရခိုင်တိုင်းရင်းသား ဈေးသည်များအား မတရားဈေးခွန်ကောက်မှုများ ပြုလုပ်ခဲ့သူလည်း ဖြစ်ကြောင်း သိရှိရသည်။