Wednesday, July 18, 2012

တိုရန်တိုကနေဒါမှမြန်မာများကဘေးသင့်ရခိုင်ညီကိုမောင်နှမများ ထံပေးပို့ကူညီ

တိုရန်တိုကနေဒါမှမြန်မာများကဆရာတော်ဦးကောဝိဒအား အမှုးထား၍ $5,756 ကိုဘေးသင့်ရခိုင်ညီကိုမောင်နှမများ ထံပေးပို့ကူညီလိုက်ပြီဖြစ်ကြောင်းအသိပေးပါသည်။ ။

သူ့အနေနဲ့ UNHCR က လူတွေကို ပြတ်ပြတ်သားသား ပြောလိုက်ပြီး ဖြစ်


( မောင်ရမ္မာ မေးမြန်း တင်ပြသည်။)
ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ဒီမိုကရက်တစ် မဟာမိတ် ၁၀ ပါတီက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပါတီ ခေါင်းဆောင်တွေက မိမိတို့ရဲ့ လိုလားချက်တွေကို တင်ပြခဲ့ကြပါတယ်။ ဒီအထဲမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောလည်း ပါဝင်ပါတယ်။ ဦးဦးလှစောကို ရခိုင် အမျိုးသားတွေ အတွက် ဘာတွေ တင်ပြခဲ့ပါသလဲလို့ မေးကြည့်တဲ့ အခါ သူတင်ပြတာနဲ့ သမ္မတ ဦးသိန်းစိန်က  ပြန်လည် ပြောကြားချက်တွေကို ခုလို ပြောပြသွားပါတယ်။
Photos by Myanmar express တင်ပြချက်များ
ကျွန်တော်တို့ ရခိုင်ပြည်မှာ ဖြစ်သွားခဲ့တဲ့ ဘင်္ဂလီ အရေးကိစ္စကို တင်ပြခဲ့ပါတယ်။ ဘင်္ဂလီကိစ္စမှာ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ပြည်ထဲက အမြင်မရှင်းတဲ့ ဒီမိုကရေစီအင်အားစု တချို့၊ ပြင်ပ သံတမန်အသိုင်း အ၀ိုင်းတွေ၊ နိုင်ငံတကာ သံရုံးတွေက ရိုဟင်ဂျာဆိုတာ ဘယ်လို လူတွေလည်း ဆိုတာကို ဂဂ နန မသိဘဲ ဖြစ်နေကြတယ်။ အဲဒီအတွက်ကြောင့် ဒီအကြောင်းကို ရခိုင်-ဗမာ ပညာရှင်တွေနဲ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ စုပြီးတော့ နေပြည်တော်မှာ သမိုင်းဆိုင်ရာ Seminar ဘဲ ဖြစ်ဖြစ် Workshop  ဘဲ ဖြစ်ဖြစ် ပြုပ်လုပ်သင့်တဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်။
နောက်ပြီး ဒီကိစ္စကြောင့် ရခိုင်ပြည်မှာနေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသားတွေ မလုံမခြုံ ဖြစ်နေတဲ့ အတွက်ကြောင့်၊ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောနယ်မှာ ရခိုင်အမျိုးသား ကာကွယ်ရေးတပ်ကို တရားဝင် ဖွဲ့စည်းပေးဖို့၊ နယ်ခြားစောင့် တပ်တွေကို ချပေးဖို့၊ အမျိုးသီလကို စောင့်တဲ့ ရခိုင် တိုင်းရင်း သား တွေဟာ အမျိုးဘာသာ၊ သာသနာအတွက် အနောက်တံခါးကို ကာကွယ်နိုင်စွမ်းရှိတယ် လို့ ပြောခဲ့ပါတယ်။
နောက်တချက်က သဘာဝ ဓါတ်ငွေ့ကိစ္စကို ပြောခဲ့ပါတယ်။ ရခိုင်ပြည်က ဓါတ်ငွေ့တွေကို တရုတ်ပြည် ကို ရောင်းနေပြီးတော့ ကျောက်ဖြူမှာ အထူးစီးပွားရေး ဇုံတွေလုပ်နေတာဟာ ရခိုင်ပြည်သူတွေအတွက် အကျိုး ခံစားခွင့် ရဖို့လိုပါတယ်။ အခု သဘာဝဓါတ်ငွေ့တွေ ရှိလျှက်နဲ့ ရခိုင်ပြည်မှာ မီးမရ၊ ရပြန်သော်လည်း မီတာခတွေ အလွန်ကြီးတယ်။ ဒီကိစ္စကို ချက်ချင်း အကောင်အထည်ဖေါ်ပေးဖို့၊ သဘာဝဓါတ်ငွေ့က ရာခိုင်နှုန်း အချို့ကို ဂတ်စ် သိုလှောင်ရုံ တည်ဆောက်ပြီးတော့ ရခိုင်ပြည်ကို မီးပေးရန် အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးဖို့ကို နိုင်ငံတကာက စီးပွားရေး လာရောက်လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းပြီးသော်၎င်း၊ အစိုးရ အနေနဲ့သော်၎င်း အမြန်ဆုံး အကောင်အထည်ဖေါ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။
နောက်တင်ပြတာက ရခိုင်ပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ ညံ့ဖျင်းနေတယ်။ ဆေးရုံတွေမှာ ဆရာဝန်မရှိ၊ သူနာပြုတွေ မရှိဖြစ်နေတယ်။ ရခိုင်ပြည်က အောင်မြင်တဲ့ ဆရာဝန် ဆရာဝန်မတွေကို ရခိုင်ပြည်မှာ ပြန်လည် ခန့်ထားပေးဖို့ဆိုလို့ရှိရင် အဆင်ပြေနိုင်တဲ့ အကြောင်း၊ ခန့်အပ်ပေးဖို့ တောင်းဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
Photos by Myanmar express သမ္မတဘက်မှ ပြန်လည် တုန့်ပြန် ပြောဆိုချက်
ရိုဟင်ဂျာ ကိစ္စဟာ သိမ်မွေ့တဲ့အကြောင်း။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်ဖို့ လိုတဲ့ အကြောင်း၊ သူ့အနေနဲ့ UNHCR က လူတွေကို ပြတ်ပြတ်သားသား ပြောလိုက်ပြီ ဖြစ်ကြောင်းပြောပါတယ်။
(ကာကွယ်ရေးတပ်တွေ၊ နယ်ခြားစောင့်တပ် လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖြေအတိအကျ မပေးပေမယ့် လေးလေးနက်နက် မှတ်သားထားပါတယ်။ )
သဘာဝ ဓါတ်ငွေ့ကိစ္စမှာ သူဌေးချောင်းရေအားလျှပ်စစ်ဟာ လုံးဝ အားကိုးမရ ဆိုတာကို ပြောပါတယ်။ စိုင်းတင်ကလည်း မဖြစ်နိုင်တဲ့အတွက်ကြောင့် ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တဲ့ သဘာဝ ဓါတ်ငွေ့ထဲက ရာခိုင်နှုန်း တစ်စုံတစ်ရာကို  ယူပြီးတော့ သဘာဝ ဓါတ်ငွေ့နဲ့ ရခိုင်ပြည်နယ်မှာ မီးရရှိနိုင်တာကို စဉ်းစားရမယ်။ အဲဒါဟာ ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တယ်ဆိုပြီး  သမ္မတက ပြောသွားပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရခိုင်ပြည်က ဆရာဝန်တွေဟာ ရခိုင်ပြည်မှာ ခန့်အပ်တာဝန်ပေးဖို့ဆိုတဲ့ ကိစ္စဟာ လက်တွေ့ကျတယ်။ ဖြစ်နိုင်တယ်။ ဖြစ်အောင်လည်း လုပ်ပေးမယ်လို့ ပြောပါတယ်။
ကျွန်တော်တို့က ပြဿနာတွေကို တင်ပြတာဖြစ်ပါတယ်။ တင်ပြခွင့်ရတယ်။ သူတို့ဆီက လုပ်ပေးဖို့ မလုပ်ပေးဖို့ဆိုတာက မသိပါဘူး။ ဒီလို တင်ပြခွင့်ရတာဟာ ဒီလို ပြောခွင့်ရတဲ့ အတွက် အကျိုးရှိပါတယ်။ သူတို့ လုပ်ပေးသည် ဖြစ်စေ၊ မလုပ်ပေးသည် ဖြစ်စေ ကျွန်တော်တို့ လိုအပ်တဲ့ တောင်းဆိုချက်ကို ပြတ်ပြတ် သားသား တောင်းယူမှာဖြစ်တယ်။ မရရင် ရအောင်လည်း  ဥပဒေဘောင် အတွင်းက တောင်းယူမှာ ဖြစ်တယ်။ ဒီမိုကရေစီနည်းလမ်းနဲ့ ဒီတောင်းဆိုမှုတွေကို ရအောင် အကောင်အထည် ဖေါ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
တွေ့ဆုံခွင့်ရတဲ့ အချိန်
ကျွန်တော်တို့ နံနက် ၉ နာရီမှာ စတွေ့ပြီး ၁၂ နာရီခွဲမှာ ပြီးပါတယ်။ (ဇူလိုင် ၁၈ ရက်နေ့)
ပါဝင်တဲ့ နိုင်ငံရေး ပါတီများနဲ့ လူပုဂ္ဂိုလ်များ
တွေ့တဲ့အခါမှာ ဗမာပါတီက ၅ ခု၊ တိုင်းရင်းသားပါတီက ၅ ခု ဖြစ်ပါတယ်။  သမ္မကြီးဘက်ကတော့  သမ္မတနှင့် ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းစုစုပေါင်း ၃ ယောက်ပါ။
တိုင်းရင်းသားတွေဘက်က ရခိုင်ကဆိုရင် ကျွန်တော်ပါ။ ချင်း အမျိုးသားပါတီက ဥက္ကဌ ဦးဇိုဇမ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ဒုဥက္ကဌ နိုင်လှအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ကရင် ဖလုံ စဝေါ်ဒီမိုကရက်တစ်ပါတီက ဦးစိုးသိန်းအောင်၊ NDF ပါတီကဒေါက် တာသန်းငြိမ်းနှင့် ဦးခင်မောင်ရွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်သန်းသန်းနုနှင့် ဥက္ကဌ ဦးသုဝေ၊ ဒီမိုကေရစီနှင့် ငြိမ်းချမ်းရေးပါတီက ဦးအောင်သန်းနှင့် ဦးမျိုးညွန့်၊ PUP ပါတီက ဦးထွန်းရွေ၊ပြည်ထောင်စု ဒီမိုကေရစီပါတီက ဦးသန်းဝင်း အားလုံး ၁၃ ယောက် ဖြစ်ပါတယ်။ တိုင်းရင်းသား ၅ ယောက်ပါဝင်ပါတယ်။

(မူပိုင်-  နိရဉ္စရာ)
http://www.narinjara.com/burmese/?p=1342

မောင်တော ဆူပူမူနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ဒေါက်တာ ထွန်းအောင်ကို စစ်တွေတွင် ရုံးတင်


သတင်း — July 18, 2012 at 6:44 pm

မောင်တောမြို့တွင် ဖမ်းဆီးခံရပြီး စစ်တွေ အကျဉ်းထောင်သို့ လွဲပြောင်းခံရသူ ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား ယမန်နေ့က စစ်တွေ ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။
စစ်တွေ အကျဉ်းထောင်ကို လုံခြုံရေး ယခုလို တင်းကျပ်ထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ) “ နေ့လည် ၂ နာရီခွဲမှာ မနေ့က ရုံးထုတ်ပါတယ်။ ကျွန်တော်တို့လည်း နားထောင်ခွင့်ရမလားလို့ သွားတာ အထဲကို ၀င်ရောက်ခွင့်မရတဲ့ အတွက် အပြင်ကဘဲ နားထောင်ရပါတယ်။ အပြင်က နားထောင်တော့ ဘာမှ မကြားရပါ” အမည်မဖေါ်လိုသူ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။
ဒေါက်တာ ထွန်းအောင်အား  အင်္ဂါနေ့က နေ့လည်တွင်  ရုံးထုတ်စဉ် ရန်ကုန်မှ ရှေ့နေ  အမျိုးသမီးကြီး တစ်ဦးလည်း သူ့အမူကို လိုက်ပါ ဆောင်ရွက်ရန် ရောက်ရှိသည်ဟု သူက ပြောသည်။
“ ရန်ကုန်က ရှေ့နေ အမျိုးသမီး တစ်ဦးရောက်ပါတယ်။ ရဲတွေလည်း အများကြီး လုံခြုံရေး ယူထားပါတယ်။ နောက်တစ်ပတ်ကို ရုံးချိန်းပေးလိုက်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။
ဒေါက်တာ ထွန်းအောင်အား မည်သည့်အမူနှင့် စွဲချက်တင်ပြီး တရားရုံးလွတ်လပ်ခွင့် မည်မျှထိ ရှိသည်ကို နိရဉ္စရာမှ ဆက်လက် စုံစမ်းမေးမြန်း နေတုန်း ဖြစ်ပါသည်။
ဇွန်လ ၁၁ ရက်နေ့  နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်)  နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR  ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။ ဒေါက်တာ ထွန်းအောင်အားဇွန်လ ၈ ရက်နေ့က  စတင်ခဲ့သော မောင်တော အကြမ်းဖက် ဆူပူမူတွင် တာဝန်ရှိသူဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်သည်။
ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့ မောင်တောမြို့  ငြိမ်းချမ်းစွာ ဘာသာရေး ဆုတောင်းပွဲကို ဘာပြဿနာမှ မဖြစ်စေရဟု အာဏာပိုင်များထံမှ အာမခံ ခွင့်တောင်းကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့်  နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG ၀န်ထမ်း တဦးဖြစ်သူ မွတ်ဆလင် လူမျိုး  ဦးကျော်လှအောင်ဆိုသူကိုလည်း စစ်တွေမြို့တွင် ရုံးထုတ် စစ်ဆေးနေသည် ဆိုသော သတင်းများ လက်ခံ ရရှိသော်လည်း နိရဉ္စရာမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
http://www.narinjara.com/burmese.asp

ဒီငြိမ်းလင်း၏အာဇာနည်နေ့အကြောင်းပြောကြားချက်

မှုးဇော်ရဲ့ရိုက်ချက် -- မည်သူ၏ ဦးဆောင်မှုကိုမျှ စောင့်ဆိုင်းနေရန် မလိုပါ။

Hmuu Zaw

အမျိုးသားလုံခြုံရေး National Security ဟူသည်မှာ နိုင်ငံသားတိုင်းနှင့်သက် ဆိုင်သည်။ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး စသည့် လူကြားကောင်းစေမည့် လူပြိန်းကြိုက်(နိုင်ငံတကာအကြိုက်) အမည်ခံ အခွင့် အရေးများနှင့် အမျိုးသားရေးကို လဲလှယ်ရန် မသင့်ဟု မြင်ပါသည်။ တိုင်းပြည် နှင့် လူမျိုးကို ချစ်ခင်မြတ်နိုးသော နိုင်ငံသားတိုင်း ထမ်းဆောင်ရမည့် တာဝန် ရှိနေပါသည်။ မည်သူ၏ ဦးဆောင်မှုကိုမျှ စောင့်ဆိုင်းနေရန် မလိုပါ။ မည်သူက ထုတ်ဖော်ပြောကြား ခြင်း မရှိသေး၍ ဟူသော အမျှော် အခေါ်များသည် တစ်ချိန်ချိန်တွင် ပေးဆပ်ရမည့် တန်ဘိုး ကြီးမားနေသောအချိန်ရောက်မှ နောင်တ ရကြပါလိမ့်မည်။ (မိမိတို့ မျှော်လင့်နေကြသူများ မည်သည့်အတွက်ကြောင့် ပြတ်ပြတ်သားသား မပြောရဲသည်ကို သတိပြုဆင်ခြင်ရမည့်အစား ပြောလာနိုးနှင့် စောင့်စားနေခြင်းသည် အမြော်အမြင် ကင်းမဲ့ရာ ရောက်နေပေသည်။)
ယင်းအချိန် ရောက်လျှင် အသက်ကယ်ဆေး ထိုးရန်ပင် အလျဉ်မမီတော့သည့်အနေအထား ဖြစ်သွားပေလိမ့်မည်။ အမျိုးသားရေးနှင့် ယှဉ်သော နောင်တ တရားဟူသည် မရှိသင့် ဟုသာ ယူဆပါသည်။



http://burma.irrawaddy.org/archives/15171

မွတ်စလင်များ အသတ်ခံရမှု အရေးယူရန် အီရန် တောင်းဆို | ဧရာဝတီ
burma.irrawaddy.org
အီရန်နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တရားရေးဌာနက မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင် လူနည်းစုကို သတ်ဖြတ်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းရေး အရေးယူဆောင်ရွက်ရန် မြန်မာ အာဏာပိုင်များကို တောင်းဆိုလိုက်သည်။ ယင်း လုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် လွန်စွာ ၀မ်းနည်းမှု ဖြစ်ရကြောင်း၊ မွတ်စလင် နိုင်ငံများအနေနှင့်လည်း စိုး...

အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုစိုင်းအိုက်ပေါင်း ခိုင်းလို့နန်းဝါနုဖတ်ကြား

r အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)
အဖအမည်-စိုင်းဦးဆိုင် (၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖမ်းဆီးမှုတွင် ဗိုလ်ချုပ် ဆေထင်ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇(၁)တပ်ကာ ထိန်းသိမ်းခံရသည်။ လပိုင်းအတွင်း ပြန်လွတ်မြောက်ခဲ့သည်။ တောင်ကြီးမြို့-သစ်တောရပ်ကွက်တွင် အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။ အနှိပ်ခန်းသက်သက်မဟုတ်ဘဲ ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
ခင်ပွန်းအမည်-ခွန်ဌေးနိုင်လော

နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး တရားခံများဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊ တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟု ဆိုကာ ငွေများကို တရားခံများထံ ပြန်လည်တောင်းခံသော ထူးခြားသည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့် ရှေ့နေမ တစ်ဦးဖြစ်သည်။

ခင်ပွန်းဖြစ်သူမှာ ဗိုလ်နေ၀င်းရဲ့ ဒေါက်တိုင် ဒုတိယ-ဗိုလ်မှူးကြီးထွန်းရင်လော (မြသန်းတင့်၊ ဗန်းမော် တင်အောင်၊ လူထုစိန်ဝင်းနှင့် ရဲဘော်ဖိုးသံချောင်းတို့ကို ကျွန်းသို့ပို့ဆောင်ခဲ့သူ) ၏တူတော်မောင် ခွန်ဌေးနိုင်လော ဖြစ်သည်။

ထွန်းရင်လောဆိုသူမှာ ပအိုဝ်းအမျိုးသား လောက်ကောင်အဖြစ် ပအိုဝ်းပြည်သူများက သတ်မှတ် ခံထားရသူဖြစ်သည်။ မဆလ ဒေါက်တိုင်ဖြစ်သလို နအဖ ညောင်နှစ်ပင်ညီလာခံတွင်လည်း သဘာပတိအဖြစ် ကုလားထိုင်ပေါ် တက်ခွထိုင်ဖူးသူဖြစ်သည်။

လက်ရှိ နန်းဝါနု ခင်ပွန်း ခွန်ဌေးနိုင်လောမှာ အမြဲတမ်းသောက်စားနေသူဖြစ်သည်။ တကယ့်ယစ်ထုတ် ကြီးဖြစ်နေပါသည်။ ဇနီးသည်မှာလည်း ရုပ်ရှည်ချောမောသဖြင့် စိုင်းအိုက်ပေါင်းတို့ လက်စွဲတော်ဖြစ် နေသည်ကို သိရှိသဖြင့် ထွက်ပေါက်ရှာသည့်အနေဖြင့် ပိုမိုအရက်သောက်နေသူဖြစ်သည်။

ဖခင်မှာလည်း ဇိမ်ခန်းဖွင့်လှစ်ထားသဖြင့် စိုင်းအိုက်ပေါင်းကဲ့သို့သောလူများ ရန်ကုန်တွင် ခြေငြိမ် သလောက် တောင်ကြီးတွင် ထင်တိုင်းကျဲနေသည်မှာ နန်းဝါနုဖခင်ဖွင့်ထားသော ဇိမ်ခန်းတွင်ဖြစ် သည်။ တကယ်လည်း စိုင်းအိုက်ပေါင်းသည် ရန်ကုန်တွင် ဗြောင် မ'ဘူး'ရဲပါ။ တောင်ကြီးတွင်သာ စိတ်လွတ်ကိုယ်လွတ် 'ဘူး'ပါသည်။ ထို့ကြောင့်လည်း နန်းဝါနုဖခင် ဇိမ်ခေါင်း စိုင်းဦးဆိုင်နှင့် ဖောက်သည်ဖြစ်သွားပုံရသည်။

၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာစိုင်းခမ်းလှိုင်သည် ကော်မရှင်
အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ နအဖ အခြေခံဥပဒေ နောက်ဆုံးရေးဆွဲသည့် ၅၄ ဦးကော်မတီတွင် လည်း ဒေါက်တာစိုင်းခမ်းလှိုင်ပါဝင်သည်။ (ညောင်နှစ်ပင်ညီလာခံအပြီးတွင် သိန်းစိန်ဦးဆောင်သော အခြေခံဥပဒေ နောက်ဆုံးအချောသတ်ရေးဆွဲသည့် ၅၄ ဦးကော်မတီဖြစ်သည်)

ဒေါက်တာစိုင်းခမ်းလှိုင်သည် နန်းဝါနု၏ဦးလေးအရင်းခေါက်ခေါက်ဖြစ်သည်။ ဒေါက်တာစိုင်းခမ်းလှိုင် သည် ၂၀၁၀ -ရွေးကောက်ပွဲတွင် ကော်မရှင်မှ ထွက်ကာ ကွန်ဟိန်းမဲဆန္ဒနယ်တွင် ကြံ့ဖွတ်အမတ် အရွေးခံသည်။ စိုင်းအိုက်ပေါင်းကလည်း စိုင်းခမ်းလှိုင်တူမဖြစ်သူ နန်းဝါ၀ါနုကိုရွေးချယ်ကာ ကျားဖြူ အမတ်အဖြစ် ကွန်ဟိန်းတွင် ၀င်ရောက်ယှဉ်ပြိုင်စေသည်။ ကွန်ဟိန်းရှမ်းများ ကြံ့ဖွတ်ကို အော့နလုံး နာသဖြင့် နန်းဝါနုသည် အရွေးခံ အမတ်ဖြစ်လာသည်။ ဦးလေးဖြစ်သူ ဒေါက်တာစိုင်းခမ်းလှိုင်ကလည်း ရွေးကောက်ပွဲအပြီးတွင် နန်းဝါနုအား ကော်မရှင်ထံတရားစွဲသည်။ စိုင်းအိုက်ပေါင်း အားဖြည့်ကူညီ သဖြင့် ကော်မရှင်တွင် နန်းဝါနု အနိုင်ရကာ အမတ်ဖြစ်လာပြီး လွတ်တော်တွင်းရောက်လာသူဖြစ် သည်။

အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုကို နန်းဝါနု မသိပါ။ နားမလည်ပါ။ စိုင်းအိုက်ပေါင်း ဖတ်ကြားခိုင်းလို့
ဖတ်ကြားလိုက်ရပါသည်။ လွတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်ရခက် ထရခက်ဖြစ်အောင်
နန်းဝါနုက လုပ်ချလိုက်ခြင်းဖြစ်ပါသည်။

အကျိုးရလာဒ်အဖြစ် တောင်ကြီးအက်စ်ဘီနှင့် စရဖများ ၂၀၁၂- ဧပြီလမှစပြီး ပိတ်ထားသည့် ဖခင်ဖြစ်သူ ဇိမ်ခန်းသည် မကြာမီအချိန်တွင်း ပြန်လည်ဖွင့်လှစ်လာမည်ဖြစ်သည်။

အေးချမ်းလှသော ကျနော်တို့ တောင်ကြီး-သစ်တောရပ်ကွက်သည် မကြာမီကာလအတွင်း အော်ဟစ် မူးယစ် မုန်ယိုသံများနှင့် ကြီးစိုး မင်းမူ ဆူညံပေတော့မည်။

ခွန်အောင်ခမ်းကီ (ကျောက်တလုံး)

စကားချပ်။ ရှမ်းအသိုင်းအ၀ိုင်းက နန်းဝါ၀ါနုလို ပအိုးဝ်ပျက်ကို လင်လုပ်သောကြောင့် ပစ်ပယ်နေကြသလို ယခုအခါ ပအိုဝ်းများကလည်း ဒေါ်စုကိုအရှက်ခွဲသော ဖောက်ပြန်သောရှမ်းမကို ဇနီးလုပ်သောကြောင့် ခွန်ဌေးနိုင်လောကို ပစ်ပယ်ကုန်ပြီ။ ရှမ်းပစ် ပအိုဝ်းပစ်ဘဝ ရောက်ရလေပြီ။

ရန်ကုန်မြို့ ၃၂ လမ်း အောက်ဘလောက်တွင် ဆောက်လက်စ တိုက်တစ်လုံးမှ ငြမ်းများ ပြိုကျ

The Voice Weekly
ရန်ကုန်မြို့ ၃၂ လမ်း အောက်ဘလောက်တွင် ဆောက်လက်စ တိုက်တစ်လုံးမှ ငြမ်းများ ပြိုကျလာသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဇူလိုင်လ ၁၈ နေ့ မွန်းလွဲ ၁ နာရီကျော် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်က တွေ့ရစဉ်

ကသည်းသူပုန်တစ်ဦးမှ မြန်မာတိုင်းရင်းသူတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး မျက်မြင်အမျိုးသမီး၏ အသက်အန္တရာယ်အရေး ကြုံတွေ့နေရ။








ကျွန်မ မကျိန်ငိုက်မန် ( ၅/ကလထ(နိုင်) ၁၇၉၉၃၀ ) မှ အသနားခံ တင်ပြအပ်ပါသည်။

ကျွန်မသည် ခလရ(၂၂၈) ကလေးမြို့မှ အငြိမ်းစားပင်စင်ယ်ူပြီးသည့် ဒုအရာခံဗိုလ် ခွာလ်ကမ်း(ရုံးအုပ်)၏
သားသမီး(၇)ယောက် အနက်မှ အလတ်(တတိယမြောက်) သမီးဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်၊ မတ်လတွင် ကလေးတက္ကသိုလ်မှ B.A (Hons) English ဘွဲ့ရရှိပြီး ယခုလက်ရှိတွင် ( KVBA UNICEF) NGO တွင် Local Trainer ရာထူးဖြင့် ကျွန်မ၀ါသနာပါသည့်
အလုပ်ကို ရိုးသားစွာလုပ်ကိုင်ရင်း အချိန်အားလပ်သည့်အချိန်တွင် စက်ချုပ်ပညာကို ဆည်းပူးသင်ယူလျှက် ရှိပါသည်။

သို့ရာတွင် မိဘကို ကျွေးမွေးပြုစုချင်တာတောင် ကျေးဇူးဆပ်ခွင့်မရဘဲ ကျွန်မဘ၀ကို လိမ်လည်ဖြားယောင်းပြီး အတင်းအဓမ္မ ပေါင်းသင်းခြိမ်းခြောက်ခံသူ ကသည်းသူပုန်တစ်ဦးကြောင့် ကျွန်မမှာ ယနေ့ထိတိုင်
အသက်အန္တရာယ် စိုးရိမ်မှုဖြင့် ထိတ်လန့်မှု ဖြစ်နေရပါသည်။

ဧပြီလ(၁၂)ရက်၊ ၂၀၁၂ ခုနှစ်တွင် ကျွန်မအား တောင်ကြီးသင်္ကြန် အလည်သွားမည်၊ မလိုက်လျှင် မရဟု ဆိုကာ ကားတစ်စီး(စိုးမိုးသူကားအသင်း)နှင့် အတင်းထည့်ပေးပါသည်။

၎င်းမတိုင်ခင် အိမ်တွင်လည်း အကြိမ်ကြိမ်သေနတ်ဖြင့် ရင်ကိုထောက်ချိန်ပြီး သူ့အား မချစ်/ မပေါင်းရင် ဘာဖြစ်သွားမလဲ ဆိုတာ သတိထားဆိုပြီး ခြိမ်းခြောက်ပါသည်။ မည်သူနှင့်မှလည်း စကားမပြောခိုင်း၊ အဆက်အသွယ် မလုပ်ခိုင်းပါဘူး။

(၁၄)ရက်နေ့ တောင်ကြီးရောက်ပြီး တည်းခိုခန်းတွင် ကျွန်မအား အမြဲတမ်း ပိတ်ထားခဲ့ပါသည်။ (၁၉)ရက်နေ့တွင် လွိုင်ကော်ရောက်ပြီး
တည်းခိုခန်းတွင် ပြန်တည်းပါသည်။ ကျွန်မမှာ တစ်နေကုန် တည်းခိုခန်းထဲတွင် အပြင်လုံးဝမထွက်ရ၊ မည်သူနှင့်မှ စကားမပြောရ အမိန့်ဖြင့် အကျဉ်းသမားတစ်ယောက်လို ဖြစ်ခဲ့ရပါတယ်။

ထမင်းတောင် အချိန်မှန် မစားရပါဘူး။ ညအိပ်ချိန်ကျမှ မခံမရပ်နိုင်အောင် အနိုင်ကျင့်စော်ကားပါတယ်။ သင်္ကြန်ပြီးကတည်းက ကျွန်မပြန်မယ်ပြောတာကို လုံးဝပြန်ခွင့်မပေးပါဘူး။ မိဘတွေနဲ့ ဖုန်းတောင် ပြောခွင့်မပေးပါဘူး။

ကျွန်မ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကိုပါ ထွက်ခိုင်းပါတယ်။ အကြိမ်ကြိမ် ဆေးပြားရှုပြီး ကျွန်မကို နှာခေါင်း၊ ခံတွင်းတွေပါ အမြဲတမ်း ဒဏ်ရာရခဲ့ပါတယ်။ ဌာနဆိုင်ရာကို တိုင်ရဲရင်တိုင်ကြည့်ပါလား တဲ့။ နင်ရော၊ နင့်မိသားစုဝင်တွေရော ငါတို့သေနတ်နဲ့ သေရမယ်၊ ငါ့မှာ တပည့်တွေအများကြီးရှိတယ် တဲ့။ ငါတို့ကို မြန်မာနိုင်ငံအစိုးရနဲ့ ဥပဒေက ဘာမှလုပ်လို့မရဘူးတဲ့။ ငွေနဲ့ ကိုင်ပေါက်လို့ရတယ်တဲ့။

ကျွန်မကို လူမဆန်စွာ နှိပ်စက်စော်ကားခဲ့တာတွေကတော့ (၃)လလုံးလုံးပါပဲ။ သူ့လက်ထဲက လွတ်မြောက်ဖို့အကြိမ်ကြိမ် ထွက်ပြေးခဲ့ပေမယ့် အားချင်းမမျှလို့ ကျွန်မကိုပြန်မိပြီး ရက်ရက်စက်စက် မျက်စိတွေညိုမည်း၊ သွေးထွက်သွားအောင်
အခါပေါင်းများစွာ ထိုးကြိတ်ပြီး နောက်တစ်ခါ ငါ့ဆီကထွက်ပြေးရင် နင့်အလောင်းပဲ ကလေးမြို့ရောက်သွားမယ်လို့ ပြောပါတယ်။ တကယ့်ကို ကြောက်စရာကောင်းတဲ့လူပါ။

+++++

ဒီလိုနဲ့ လွိုက်ကော်ကနေ မန္တလေးပြန်တဲ့အချိန်မှာ မသင်း(သေဆုံးသူ) လိုက်ပါလာပါတယ်။ သူက မုံရွာထိ ကားမောင်းပြီး မုံရွာရောက်မှ
ကလေးမြို့ပြန်မယ်ဆိုပြီး ကျွန်မမှာလည်း မိဘတွေနဲ့ အတူပြန်တွေ့ရတော့မယ်ဆိုပြီး ပျော်နေတာပါ။ တကယ်ပြန်မယ်လို့
ကျွန်မထင်ခဲ့တာ။

မုံရွာအထွက် သမိုင်းဝင်အင်ကြင်းတောမရောက်ခင် တောလမ်းထဲကို ကွေ့မောင်းသွားလို့ ကျွန်မက ဘာဖြစ်လို့လဲ၊ လမ်းမှားနေပြီလို့ ပြောတော့ ကျွန်မကို ( ဒါက ဂန့်ဂေါသွားတဲ့ဖြတ်လမ်း) လို့ လိမ်ပြောပါတယ်။

အဲဒီကနေ တစ်မိုင်လောက်မှာ ကားရပ်ပြီး ကလေးမြို့ပြန်မယ်ဆိုပြီး သူခေါ်လာတဲ့ အမျိုးသမီး(မသင်း)ကို ထိုးကြိတ်ပါတယ်။ ကျွန်မကိုယ်တိုင် ၀င်ရောက်ကယ်တင်ခဲ့သော်လည်း ကျွန်မကို ကားထိုင်ခုံနဲ့ ခေါက်ညှပ်ပြီး လည်ပင်းနဲ့ရင်ညွန့်ကို ကားဒစ်ဘုတ်နဲ့
ဖိညှပ်ခဲ့ပြီး ( ငါ့လုပ်ငန်းကိစ္စ ငွေလိမ်လို့ ငါ အပြစ်ပေးတာ၊ နင်ဘာတစ်ခုမှ မသိဘဲနဲ့၊ မဆိုင်ဘဲနဲ့ ကယ်ဖို့မကြိုးစားနဲ့) လို့ ပြောပါတယ်။

(ဘာပဲဖြစ်ဖြစ် တရားဥပဒေနဲ့ မျှတစွာ ဖြေရှင်းပါ) လို့ ကျွန်မတောင်းပန်ပေမယ့် ( ငါတို့မှာ တရားဥပဒေဆိုတာ မရှိဘူး) တဲ့။ (ဒီမုံရွာခရိုင်နဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တစ်ခုလုံးပါ ငါဘာမဆိုလုပ်လို့ရတယ်။ ငါပိုင်တယ်) ဆိုပြီး ကျွန်မကို အရင်ဒဏ်ရာတွေ ပိုဆိုးလာအောင်လုပ်ပြီး အသက်ရှုကြပ်မှ မသင်းကို သူသတ်လိုက်ပြီး အမှောင်တောထဲမှာ ပစ်ထားခဲ့ပါတယ်။

ကျွန်မတို့ကို ဘယ်အကူအညီမှ မရနိုင်တဲ့ (၁၈)ရက်နေ့ည (၁၀)နာရီလောက် ဒီတောလမ်းထဲမှာ ဖြားယောင်းခေါ်သွားတာပါ။ အဲဒီကနေ မန္တလေးကို ပြန်မောင်းသွားပြီး ပတ္တမြားတည်းခိုခန်းမှာ တည်းပါတယ်။

ငါ လူသတ်တဲ့အကြောင်း နင်နဲ့မဆိုင်တာဝင်ပြောမယ်၊ တိုင်မယ်ဆိုရင် ငါ နင့်ကို အချိန်မရွေးသတ်ရဲတယ်ဆိုတာ မှတ်ထားလို့ ခြိမ်းခြောက်ပါတယ်။ အဲဒီမှာ အခန်းထဲမှာပဲထမင်းစားရတယ်။ အပြင်ထွက်ခွင့်မရှိဘူး။

ကျွန်မ (၃)ကြိမ်တိုင်တိုင် ပတ္တမြားတည်းခိုခန်းပိုင်ရှင်ကို ( အခွင့်အရေး မရမက နေ့ညမအိပ်ဘဲကြိုးစားပြီး) စာနဲ့ရော၊ မျက်ရိပ်နဲ့ရော၊ ပါးစပ်နဲ့ကပါ ပြော/တိုင် ခဲ့ပေမယ့် အခြေအနေမထူးခဲ့ပါဘူး။

ကားမှန်အနက်တပ်တဲ့နေရာမှာလည်း စာရေးမကို ရဲကိုဖုန်းဆက်ပေးပါလို့ အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မ
ဒီမတရားလုပ်ကြံသတ်ဖြတ်မှုကို ချက်ချင်းအမြန်ဆုံးဖော်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်မကို လုံးဝ အလစ်မပေးတော့ပါဘူး။

(၂၇)ရက်နေ့ မန္တလေးကနေ ပြန်လာတယ်။ ကလေးမြို့ကို ၂၈.၆.၂၀၁၂၊ မနက်(၆)နာရီမှာ ရောက်ပါတယ်။ အိမ်ပြန်မပို့ဘဲ ချင်းတောင်တန်း ဟိုတယ်မှာ တည်းပါတယ်။

မိဘတွေကို အသိမပေးဘဲ သူ့အိမ်မှာ ပစ္စည်းထားပြီး ခရီးပြန်ထွက်မယ်။ ကျွန်မ လိုက်ကိုလိုက်ရမယ်လို့ ပြောပါတယ်။ ကျွန်မ ဒီရောက်ပြီးမှတော့ မိဘ/မိဘရင်ခွင်ထဲ ငိုယိုပြီး ကျွန်မအဖြစ်ကို မိဘတွေသိရင် ဘယ်လောက်ထိ ရင်နာလိုက်မလဲဆိုပြီး ၀မ်းနည်းလွန်းလို့ မိဘနဲ့တွေ့ခွင့်တောင်းတာ ခဏလေးပဲ တွေ့ခိုင်းပါတယ်။

အဲဒီအချိန်မှာ ညီမလေးအငယ်ဆုံးကို အိမ်သာဘက်ခေါ်ပြီး( အစ်မကြီးဆီကို သွားပြောပါ၊ ချင်းတောင်တန်းဟိုတယ် အခန်းနံပါတ် (၃၀၄) မွေ့ယာအောက်မှာ ကျွန်မစာ မြန်မြန်ရေးပြီး ဖွက်ထားတာရှိတယ်၊ အမြန်သွားဖတ်ပါ ) လို့ သွားပြောခိုင်းလိုက်ပါတယ်။ ပြီးတော့ ရဲစခန်းကို အမြန်သွား အကူအညီတောင်းပါလို့ ပြောလိုက်တယ်။

ပြီးတော့ သူတို့အိမ်သွားပါတယ်။ ကျွန်မ အဲဒီမှာ အိမ်နံပါတ်တွေ မှတ်ထားလိုက်တယ်။ ကားထဲက စောင့်ခိုင်းတာပါ။ အဲဒါပြီးတော့ ကားရေဆေးခိုင်းတယ်။

ကျွန်မအစ်မလည်း တည်းခိုခန်းကို သွားပြီးတော့ မန်နေဂျာကို အကူအညီတောင်းပြီး ကျွန်မတို့ တည်းတဲ့အခန်းထဲက စာဖတ်ပြီးတာနဲ့ စာကိုယူပြီး ရဲစခန်းချက်ချင်းသွားပါတယ်။

အဲဒီမှာ ရဲစခန်းအရှေ့မှာတွေ့တဲ့ ရဲကို ချက်ချင်းတိုင်ပြီး အကျိုးအကြောင်းပြောပြပြီး ကျွန်မရေးထားတဲ့စာကိုလည်း
အဲဒီ ဒုရဲအုပ် စိုးနောင် (ခရိုင်အထူးမှုခင်းနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင်) က ယူထားလိုက်ပါတယ်။

ကျွန်မတို့ထင်တာတော့ တရားခံကို ချက်ချင်းဖမ်းဖို့ စီစဉ်မယ်။ ပြီးတော့ ကျွန်မရဲ့အသက်က တရားခံရဲ့လက်ထဲမှာရှိတယ်ဆိုတော့
ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ယုံကြည်အားကိုးခဲ့တာပါ။

ဒါပေမယ့် အဲဒီတရားခံက ဒုရဲအုပ်စိုးနောင်နဲ့ အရမ်းရင်းနှီးပြီး လူယုတ်မာ (မိုးသူ) ကျွေးသမျှ စားထားမျိုထားတဲ့ ရဲသစ္စာဖောက်ဆိုတော လူယုတ်မာ မိုးသူကို ချက်ချင်းဖုန်းဆပြီး ( မင်းကို လူသတ်မှုနဲ့တိုင်လာတဲ့ ကောင်မလေးက မင်းနဲ့အတူပါလာတဲ့မိန်းမ၊ မင်းဘေးနားက မိန်းမ၊ မင်းကို သူ့အစ်မနဲ့ စာရေးပြီး လာတိုင်ခိုင်းတယ်) လို့ ပြောတော့ ကျွန်မမှာ ရဲအားကိုးမိကာမှ
ရဲက တရားခံဘက်ပါနေတော့ ကျွန်မ အရမ်းတုန်လှုပ်သွားတယ်။

ကျွန်မ မတိုင်ပါဘူးလို့ ငြင်းတော့ ဗိုလ်လေးစိုးနောင်က အတိအကျပြောနေတာ၊ မယုံရင် ရော့-ဖုန်းပြော ဆိုပြီး ကျွန်မနဲ့ပြောခိုင်းပါတယ်။

ကျွန်မကို (ဒီကိစ္စ နင်ဖော်လိုက်ပြီဆိုတော့ နင့် ငါသတ်ပစ်မယ်၊ ငါ့လက်က ဘယ်လိုမှ မလွတ်ဘူး )ဆိုပြီး ကားကို ဟိုတယ်ဘက် အမြန်မောင်းပါတယ်။ ကျွန်မလမ်းမှာ ကားပေါ်ကနေ တံခါးဖွင့်ပြီး ခုန်ချမယ်လုပ်တော့ သူက
ကျွန်မကို တံခါးဂျက်ချပြီး အတင်းပြန်ဆွဲထားတယ်။

ပြီးတော့ ( သေသွားတဲ့သူက နင့်အမျိုးလည်းမဟုတ်၊ သူ့အကြောင်း သူ့မိသားစုကိုတောင် မသိဘဲနဲ့ အကျိုးမရှိတဲ့ဟာကို ဘာဖြစ်လို့ တိုင်ရတာလဲ၊ နင်ဘာအကျိုးမှ မရဘူး။ ငါလည်း ဘာမှ မဖြစ်ဘူး ) လို့ပြောပါတယ်။

ဟိုတယ်ရောက်တာနဲ့ ကားတံခါးဖွင့်ပြီး ကျွန်မ ကားတစ်စီးဝင်လာတာတောင် ဂရုမစိုက်နိုင်တော့ဘဲ ကားရှေ့တိုက်ခါနီး
ဇွတ်အတင်း ၀င်တိုးပြီး ဟိုတယ်ထဲပြေးပုန်းပါတယ်။

နောက်ပြီး သူက မှတ်ပုံတင်တွေယူ၊ အခန်းခ ရှင်းနေတုန်းမှာ ကျွန်မ ဟိုတယ်နောက်ဖေးကနေ ထွက်ပြီး ခုန ကျွန်မကို တိုက်ခါနီးဖြစ်သွားတဲ့ ကားထဲကို အတင်းဝင်ပုန်းပြီး ကားမောင်းတဲ့အစ်ကိုကို ကျွန်မ ဒုက္ခရောက်နေတယ်။ ကူညီပါ၊
ရဲစခန်းကို အမြန်ပို့ပေးပါလို့ ပြောပါတယ်။

အဲဒါနဲ့ အန်ကယ်တစ်ယောက် ကားပေါ်ပြန်တက်လာပြီး ခုနက ကားရှေ့မှာ အလန့်တကြားနဲ့ အတင်းဖြတ်ပြေးသွားတဲ့
ကလေးမဘဲ။ ကားတိုက်လို့ သေတော့မှာပဲလို့တောင် ပြောလိုက်သေးတယ်။ သမီးဘာဖြစ်တာလဲ လို့ပြောတော့ ကျွန်မကအကျိုးအကြောင်းပြောပြပါတယ်။

အမှန်တော့ ဒုရဲအုပ်စိုးနောင်က မိုးသူဆီက ငွေတွေစားထားတာ မနည်းတော့ တရားခံကို ပြေးဖို့အခွင့်အရေးပေးလိုက်ပြီး
သူနဲ့ တွေ့ဖို့ (နှစ်ယောက်တည်း) ချိန်းတွေ့ကြဖို့ ဖုန်းပြောနေပါတယ်။ တွေ့လည်းတွေ့ကြပါတယ်။

ကျွန်မမှာတော့ ရဲအားကိုးမိမှတော့ အသက်လုပြီး ခွေးပြေးဝက်ပြေး ပြေးလိုက်ရတာ အသက်ထွက်မတတ်ပါပဲ။

ခရိုင်ရဲစခန်း အရင်သွားတော့ လူသတ်တရားခံမိုးသူ ဆိုတာကြားတော့ ကသည်းသူပုန်မှန်းသိတော့ သိပ်ပြီး
ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိခဲ့ပါဘူး။

ကျွန်မကို လိုက်ပို့တဲ့ ကားပိုင်ရှင်က (ညီမ သူတို့တွေက တရားခံဘက်မှာ အားလုံးပါနေပြီ။ အရမ်းသိသာတယ်) လို့ပြောပါတယ်။

မြို့နယ်ရဲစခန်းမှာ ကျွန်မအမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ သူက ကျွန်မနှင့်ဘာမှ
သွေးသား မတော်စပ်သူ ဆိုတော့ ဒီအမှုကို ရှေ့တိုးမှာလား၊ နောက်ဆုတ်မှာလား လို့ စခန်းမှူးက မေးပါတယ်။

ကျွန်မအနေဖြင့် ဒီအမှုကို တိုင်ရခြင်းကတော့ (မတရား မင်းမဲ့စရိုက်နဲ့ ဥပဒေ မရှိတဲ့နိုင်ငံလို လူတစ်ယောက်ရဲ့
အသက်တစ်ချောင်းကို မနှမြော တန်ဖိုး မထားတတ်တဲ့၊ အနိုင်ကျင့်စော်ကားတတ်တဲ့၊ ဆေးစွဲပြီး စိတ်ဂနာမငြိမ်ဖြစ်နေတဲ့သူကို ဥပဒေနဲ့အညီ ထန်းသိမ်းဆုံးမပေးပါ။

မြန်မာနိုင်ငံမှာ ခိုလှုံပြီး မြန်မာနိုင်ငံသားတွေကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်၊ အထင်သေးစော်ကား၊ သတ်ဖြတ်နေတဲ့
တရားဥပဒေ မရှိတဲ့၊ ရိုင်းစိုင်းနေတဲ့ သူတို့ကို လက်နက်ကိုင်ခွင့်ပေးထားတာ အဆိုးဆုံးပါပဲ။

ကျွန်မမှာ လူမျိုး၊ ဘာသာ ခွဲခြားတဲ့စိတ်မရှိပါဘူး။

အဲဒါကြောင့် လူ့အသက်တစ်ချောင်းအတွက် ကျွန်မအသက်အန္တရာယ်ကိုတောင် ပဓာနမထားပဲ အမှန်တရားဘက်က ရပ်တည် စွန့်စားခဲ့တာပါ။ ဒီလိုသာ လုပ်ချင်တိုင်း လုပ်ခွင့်၊ ထင်ရာစိုင်းခွင့်ပေးထားမယ်ဆိုရင် ဥပဒေ၊ လူမှုရေး၊ ဘာသာရေးနဲ့
နားလည်မှုဆိုတာ မရှိတဲ့ သူတို့မှာ မသင်္ကာစရာလူ၊ အထင်လွဲစရာ လူတွေအားလုံးကို ဒီလိုနည်းနဲ့ပဲ ဖြေရှင်းသတ်ဖြတ်ပစ်ကြမှာပဲ။

ကျွန်မက ကသည်း သူပုန်တွေရဲ့စိတ်၊ ရက်စက်တတ်တဲ့စရိုက်တွေကို လက်တွေ့ကြုံခဲ့ရသူပါ။

စ.ရ.ဖ နဲ့ အချို့သောရဲတွေက သူတို့ဆီက ငွေမက်လုံးတွေယူပြီး ပြည်သူတွေရဲ့ အသက်ကို မကာကွယ်ဘဲ ပြည်သူတွေရဲ့ အခက်အခဲကို မကူညီဘဲ ဒုက္ခရောက်အောင် လုပ်သလို ဖြစ်နေပါပြီ။

၂၈.၆.၂၀၁၂ မှာ ညနေ(၆)နာရီလောက်မှာမြို့နယ်ရဲစခန်းရောက်ပါတယ်။ ဒုရဲအုပ်စိုးနောင်၊ နယ်ထိန်းခေါင်းဆောင်၊ စခန်းမှူးတို့ အကြံနဲ့ ကျွန်မကို ရဲမေမပါဘဲ သက်သေခံပစ္စည်းထားတဲ့အခန်းမှာ အိပ်ခိုင်းပါတယ်။ ပြတင်းပေါက်တွေက ဂျက်မရှိဘဲ ပြုတ်နေပါတယ်။ တာဝန်မှူးက တံခါးတွေ၊ ပြတင်းတွေ သေချာစစ်ပေးမှ ပြတင်းဂျက်ပြုတ်နေတဲ့ဟာကို သစ်သားနဲ ဂလန့်ပြီး
ကန့်လန့်ထိုးထားလိုက်ပါတယ်။

ကျွန်မမှာ လူရောစိတ်ရော ပင်ပန်းလွန်းလို့ ခဏအိပ်ပျော်သွားပါတယ်။

+++++

ပြတင်း တံခါးခေါက်သံကြားမှ ကျွန်မနိုးလာတယ်။ သေချာကြည့်လိုက်တော့ ပြတင်း ဂျက်ပြုတ်နေတဲ့ဘက်ကနေ ခတ်ထားတဲ့ တံခါးသော့ဖွင့်ပေးပါတယ်။

ကျွန်မ စခန်းမှူးရုံးခန်းထဲက ကြမ်းပြင်ကော်ဇောပေါ်မှာပဲ အိပ်ခွင့်တောင်းပါတယ်။ ကျွန်မကို ရဲမေမပါဘဲ အိပ်ခိုင်းတာ။ ပြီးတော့ ပြတင်းတံခါးမကောင်းဘဲ အပြင်ဘက်က ဆွဲဖွင့်တာတွေ ကျွန်မ အသက်အန္တရာယ်၊ အဲဒီနေ့သာ တံခါးကို မစစ်ဘဲ
သစ်သားနဲ့ ကန့်လန့်မပိတ်ထားရင် ကျွန်မ အခုလို အသက်ရှင်တော့မှာမဟုတ်ဘူး။

တွေးမိတိုင်း ရင်နာစရာ၊ ကြက်သီးထစရာပါ။ ကျွန်မ အသက်အန္တရာယ်က ဘယ်အချိန်မှာမှ လုံခြုံစိတ်ချရတော့မှာလဲ။ ကျွန်မကို အခုအချိန်ထိ နှုတ်ပိတ်ဖို့ကြိုးစားနေကြတုန်းပါ။

ကျွန်မဘ၀က အချိန်ပြည့် အသက်အန္တရာယ် ရှိနေပါတယ်။ ကျွန်မဘ၀ကို အမှန်တရားဘက်က ရပ်တည်ဖြေရှင်းကာကွယ်ပေးကြပါလို
့ အသနားခံ တင်ပြလျှောက်ထားအပ်ပါတယ်။

+++++

မိန်းကလေးတစ်ယောက်ရဲ့ အိနြေ္ဒ၊ သိက္ခာ၊ ကိုယ့်ကျင့်တရား၊ နာမည်၊ စိတ်ရောလူပါ ဘ၀များစွာ ထိခိုက်နစ်နာခဲ့ပါတယ်။

ကျွန်မရဲ့ ခေါင်းတွေ နာကျင်မူးဝေနေတုန်းပါဘဲ။ ကျွန်မရဲ့ အသိဥာဏ်၊ အသိ၊ အမြင်၊ အကြားအာရုံတွေ ပျက်စီးစေလိုသော စိတ်နဲ့ ညှင်းပန်းနှိပ်စက်ခဲ့တာပါ။ သူနဲ့ ပေါင်းစဉ် ကိုယ်ဝန်ရလျှင်လည်း ရက်ရက်စက်စက် အဓမ္မဖျက်ခိုင်းပါတယ်။

ကျွန်မ ဒီရဲစခန်းရောက်မှ သိရတာက သူ့မှာ မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတယ်လို့ ပြောပါတယ်။ သားသမီးချင်းတောင် ကိုယ်ချင်းမစာတဲ့ ယုတ်မာရက်စက်တဲ့သူပါ။

မကျိန်ငိုက်မန်(ခ) မီးငယ်
၅/ ကလထ(နိုင်) ၁၇၉၉၃၀

+++++

( ၄င်းကိစ္စနှင့်ပတ်သက်၍ မကျိန်ငိုက်မန် အလုပ်လုပ်ကိုင်ရာ ယူနီဆက်အဖွဲ့အစည်းမှ မည်သို့သဘောထားသည်ကို မသိရသေးပါ။ ILO
သို့ တိုင်ကြားထားကြောင်း သိရသည်။ မိမိတို့ တိုင်းရင်းသူတစ်ဦး၏ အသက်အန္တရာယ်နှင့် လုံခြံရေး၊ လူမဆန်စွာ အလွယ်တကူ သတ်ဖြတ်ခဲ့ခြင်းတို့ကို တရားဥပဒေအတိုင်း ဖြောင့်မှန်စွာ ဖြစ်ပေါ်လာရေးတို့အတွက် မြန်မာနိုင်ငံတွင်းနှင့် တကမ္ဘာလုံးရှိ မြန်မာလူမျိုးအပေါင်းတို့အား အသိပေးအပ်ပါသည်။ )

(လမင်းအို)

ဗိုလ်ချူပ်လုပ်ကြံခံရသည့်နေရာ

popular News Journal

  အစည်းအဝေးခန်းနှင့် ရုံးခန်းများသို့ အလွယ်တကူ သွားလာနိုင်သော သီးသန့်လှေကားငယ် တစ်ခု(လုပ်ကြံသူများ ထိုလှေကားမှ တက်ခဲ့သည်ဟု သိရသည်။)

  ဗိုလ်ချုပ် ရုံးခန်းသို့ အဝင်နံရံတွင်တွေ့မြင်ရသည့်ကျောက် ပန်းချီကား (ဗိုလ်ချုပ် လုပ်ကြံခံရပြီးနောက်ပိုင်း အင်ဂျင်နီယာ အသင်းမှ ပြုလုပ် ပေးခဲ့ပြီးအောက်ခြေတွင် UNM ပန်းချီအဖွဲ့ဟုရေး ထိုးထားသည်။)

  ရှေးလက်ရာ သစ်သားကနုတ်များဖြင့် ပုံဖော်ထားသည့် အစည်းအဝေးခန်းမတံခါးများ (အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသောအခန်း ဖြစ်သည်။)

  ယခင်က တိုင်းပြုပြည်ပြု လွှတ်တော်ကျင်းပရာ အဆောက်အအုံနှင့် အလံတိုင်( အဆိုပါ အလံတိုင်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာချိန်၌ နိုင်ငံတော် အလံ ပထမဆုံး လွှင့်တင်ခဲ့သည့် အလံတိုင်ဟု သိရသည်။)

  ရှေးလက်ရာအတိုင်း ပကတိ တည်ရှိနေသေးသည့် ရုံးတွင်းအဆောက်အအုံ မြင်ကွင်းနှင့် သစ်သားလှေကားကြီး (ပထမထပ်တွင်ရှိသော ဗိုလ်ချုပ်ရုံးထိုင်သည့် အခန်းသို့ ရောက်ရန် ထိုလှေကားမှ သွားရသည်။)

  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လုပ်ကြံခံခဲ့ရသောအစည်းအဝေးခန်းမ​ဆောင်။ယခုအခါတွင်တော့ ဘုရားရှစ်ခိုးရာ ခန်းမဆောင်အဖြစ်ပြောင်းလဲလိုက်ြ​ပီဖြစ်သည်။

ဗိုလ်ချုပ် ရုံးထိုင်ခဲ့သောအခန်း

မွတ်ဆလင်နိုင်ငံတွေမှာအကြောင်းအမျိုးမျိုးကြောင့်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက်


မွတ်ဆလင်နိုင်ငံတွေမှာအကြောင်းအမျိုးမျိုးကြောင့်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက်အထူးအရေးကြီးသတိပေးလိုပါတယ် ။

*******************************
ကျွန်တော်အလုပ်လုပ်နေသောဒူဘိုင်း မှာကျွန်တော်နဲ.ကျွန်တော့်အလုပ်ထဲက အီဂျစ်၊တို.ဂျော်ဒန်တို.နဲ.ရိုဟင်ဂျာကိစ္စစကားအခြေအတင်ဖြစ်ခဲ့ပါတယ် ။
အရင်ကတော့သူတို.နဲ.ဆက်ဆံရေးအဆင်ပြေပါတယ်၊ အခုနောက်ပိုင်းမှာသူတို.နဲ.အသေးအဖွဲ.ကိစ္စနဲ.ဆက်ဆံရေး
သိပ်အဆင်မပြေဖြစ်လာပါတယ် ။ ကျွန်တော်လည်းတတ်နိုင်သမျှသည်းညည်းခံပါတယ် ။
ဒါပေမယ့်ဒီဆက်ဆံရေးမပြေမလည်ဖြစ်ရတဲ့အကြောင်းက ဒီနေ.မှရိုဟင်ဂျာကိစ္စနဲ.ပတ်သတ်မှန်းသိလာရပါတယ် ။ ရိုဟင်ဂျာကိစ္စမြန်မာနိုင်ငံမှစဖြစ်တုန်းကတော့
သူတို.ကကျွန်တော့်ကိုမေးချင်ပေမယ့်ကျွန်တော်ကိုအားနာတာက
တစ်ကြောင်း၊လုပ်ငန်းသဘောအရကျွန်တော်ကသူတို.ကိုကြပ်လို.ရတဲ့နေရာမှာရှိတာကတစ်ကြောင်း၊ကျွန်တော့်ကိုသိပ်မမေးရဲကြပါ ။ ကျွန်တော်ကလဲဒီကိစ္စကိုလုံးဝမဟပါ ။ ဒီနေ.တော့အီဂျစ်တစ်ယောက်နဲ.ဂျော်ဒန်တစ်ယောက်က ကျွန်တော့်ဆီအလုပ်နဲ.မပတ်သတ်ပဲဒဲ့ဝင်လာပြီးပြောပါတယ်။ မင်းတို.မြန်မာအစိုးရနဲ.မြန်မာတွေက မွတ်ဆလင်တွေကိုဘာလို.လူမျိုးတုံးသတ်ဖြတ်နေရတာလဲတဲ့ ? ကျွန်တော်ကပြန်မေးလိုက်ပါတယ် ၊ မင်းဘယ်ကကြားလာတာလဲ ? မင်းကိုဘယ်သူပြောလဲလို. ? အဲ့ဒါနဲ.သူတို.က သူတို. ဖေ့စ်ဘွတ် မှာရှယ်ထားတဲ့ဓါတ်ပုံတွေကို လပ်တော့ ယူလာပြီးပြပါတယ် ။ အားပါးပါး … နဲတာမဟုတ်ဘူး ၊ ဘယ်ကမှန်းမသိတခြားတိုင်းပြည်က အကြောင်းအမျိုးမျိုးကြောင့်သေနေတဲ့မွတ်ဆလင်တွေရဲ.ပုံကိုတင်ပြီး မြန်မာတွေကမွတ်ဆလင်တွေကိုသတ်နေပါတယ်ဆိုပြီးဝါဒဖြန်.ထားတဲ့ပုံတွေ သူတို.ဖေ့ဘွတ်ပေါ်မှာပလူပျံနေတာပဲ ။ ရုတ်တရက်တော့ကိုယ့်နိုင်ငံနဲ.လူမျိုးတွေကိုဒီလိုမဟုတ်တန်းတရားစွတ်စွဲထားတာတွေ.တော့ ဒေါသတော့ထွက်သွားတာအမှန်ပါ ။ ဒါပေမယ့်ကို.စိတ်ကိုထိန်းပြီးသူတို.ကိုအေးအေးဆေးဆေးရှင်းပြပါတယ် ။
ဒီသတင်းတွေကမမှန်ဘူးလို. ၊ဒါတွေကလုပ်ကြံထားတဲ့ပုံတွေလို.သူတို.ကိုရှင်းပြပါတယ် ။သူတို.FB ထဲကလုပ်ကြံထားတာထင်ရှားတဲ့နှစ်ပုံကိုထောက်ပြပြီးရှင်းပြပါတယ် ။ တစ်ပုံကပါကစ္စတန်မှာဗုံးကွဲပြီးလူသေနေတဲ့ပုံပါ ။ အဲ့ဒါငါ့ဒို.မြန်မာပြည်ကလူတွေဝတ်လေ့ရှိတဲ့အ၀တ်အစားမဟုတ်ဘူးလို. ။ အနားမှာရပ်နေတဲ့ရဲတွေရဲယူနီဖေါင်းကလည်းငါ့တို.ဆီကရဲတွေဝတ်တဲ့ယူနီဖေါင်းမဟုတ်ဘူးလို. ။ နောက်တစ်ပုံကထိုင်းမှာမကြာသေးခင်ကအီရန်လူမျိုးတစ်ယောက်ကိုယ့်ဗုံးကိုခွဲပြီးသေနေတဲ့ပုံပါ ။အဲ့ဒီပုံကထိုင်းမှာ ဗုံးကွဲတုန်းက Bangkok post မှာပါတဲ့ပုံလို.ကျွန်တော်ရှင်းပြပါတယ် ။ အဲ့ဒါတော့သူတို.လည်းသိပါတယ် ။ ရှင်းပြလိုက်တော့သူတို.ဒေါသနည်းနည်းတော့ကျသွားပုံရပါတယ်။
ကျွန်တော်ဆက်ရှင်းပြပါတယ် ။ ဒီကိစ္စဟာဘာသာရေးကိစ္စလုံးဝမဟုတ်ကြောင်း ။ ကျွန်တော့မှာလည်းမြန်မာမွတ်ဆလင်သူငယ်ချင်းသာမက နိုင်ငံခြားသားမွတ်ဆလင်သူငယ်ချင်းကောင်းတွေလည်းများစွာရှိကြောင်း ၊ ဒီကိစ္စက ပြည်ပကခိုးဝင်လာတဲ့
ဘင်ဂါလီလူမျိုးတွေနဲ. ဒေသခံတိုင်းရင်းသားတို.ဖြစ်တဲ့ပြဿနာဖြစ်ကြောင်း ၊ မြန်မာမွတ်ဆလင်တွေက မိမိယုံကြည်ရာလွတ်လပ်စွာကိုးကွယ်ပြီးဘာပြဿနာမှမရှိပဲမြန်မာနိုင်ငံမှာငြိမ်းချမ်းစွာနေလျက်ရှိကြောင်းရှင်းပြပါတယ် ။ ဒါပေမယ်သူတို.က သိပ်လက်ခံချင်ပုံမရပဲ … ငါတို.ကြားနေရတဲ့သတင်းအရမြန်မာတွေသတ်လို.မွတ်ဆလင်တွေသေတယ်လို.သတင်းတွေပဲကြားနေရတယ်တဲ့ ၊ လူအများစုဆီကလာတဲ့သတင်းဆိုတော့မှန်ကန်တဲ့သတင်းလို.ယူဆရမှာပဲတဲ့ ။ ကျွန်တော်လည်းသူတို.ရဲ.အစွန်းရောက်တဲ့စိတ်ဓါတ်တွေကိုသိထားသူမို.အလုပ်ကိုအကြောင်းပြပြီးဥပါခါပြုထားလိုက်ပါတယ် ။ သူတို.တွေရဲ့ဖေ့ဘွတ်မှာ လုပ်ကြံဝါဒဖြန်.ထားသူတွေက
“ မိမိနိုင်ငံမှာရောက်နေတဲ့လက်လှန်းမှီရာမြန်မာတွေကိုသွေးကြွေးပြန်ဆပ်ကြ “ လိုအဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်လို.တိုင်းတွန်းချက်ကို ပါတွေ.ခဲ့ရပါတယ် ။
အများစုကတော့ အာရဘီလိုရေးထားတာဆိုတော့နားမလည်ပါ ။ အချို.သော ထောက်ခံ ကွန်မန်.ရေးထားသူတွေမှာ မြန်မာနာမည်တွေပါဝင်နေတာကိုစိတ်မကောင်းစွာတွေ.ရှိရတာပါပဲ ။
သတင်းအမှားပေမယ့်လည်းလူအများပါးစပ်ဖျားရောက်သွားလျှင်သတင်းအမှန်ဖြစ်တတ်ပါတယ်။
အဖွဲ.အစည်းတစ်ခု သို. အုပ်စုတစ်ခုက မွတ်ဆလင်ဘာသာဝင်တွေ နဲ.မြန်မာမာနိုင်ငံသားတွေအပေါ်မှာ
မုန်းတီးရေးလက်တုံ.ပြန်ရေးလှုံဆော်နေတယ်လို.ယူဆရပါတယ် ။ ဒီဒူဘိုင်းဆိုတဲ့နိုင်ငံကတော့ စော်ဘွားအုပ်ချုပ်တဲ့နိုင်ငံဖြစ်တာကြောင် မည်သည့်အကြောင်းပြချက်နဲ.မှဆန္ဒပြတာတို.အကြမ်းဖက်တာတို.
လုံးဝခွင့်မပြုပါ ။ လုံခြုံရေးလည်းအထူးတင်းကြပ်ထားတာကြောင့် အခြားမွတ်ဆလင်နိုင်ငံတွေထက်စာလျှင်
မြန်မာနိုင်ငံသားတွေအတွက် အ န္တရယ်ဖြစ်နိုင်ခြေနည်းပါတယ် ။ဒါပေမယ့်မဖြစ်ဘူးလို.တော့ကျိန်ူသေပြောမရပါ။
ဒီရိုဟင်ဂျာကိစ္စဟာအစိုးရအနေနဲ. အထူးအလေးထားပြီးကိုင်တွယ်ဖို.လိုပြီလာလို.ထင်ပါတယ် ။ ဒီလို.သတင်းအမှားတွေသာ ကမ္ဘာက (အထူးသဖြင့်မွတ်ဆလင်နိုင်ငံတွေ) သိတာများလာလို.ရှိရင်ရေရှည်မှာမြန်မာနိုင်ငံသားတွေရဲ.လုံခြုံရေးပါစိုးရိမ်စရာရှိပါတယ် ။
ရိုဟင်ဂျာဘင်ဂါလီအရေးလှုံ.ဆော်နေတဲ့သူတွေကလည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ.လုံခြုံရေးကို
ပြစ်မှတ်ထားလာဟန်ရှိတာကြောင်
မွတ်ဆလင်နိုင်ငံတွေမှာရောက်နေကြတဲ့
မြန်မာနိုင်ငံသားတွေကို မိမိလုံခြုံရေးကိုအထူးအထူးဂရုစိုက်ကြဖို. အစစအရာရာအပြောအဆိုအနေအထိုင်ဆင်ခြင်ဖို.မေတ္တာဖြင့်သတိပေးနှိုးဆော်လိုက်ပါတယ် ။

ညီညီမောင်