Monday, July 23, 2012

ကျွန်တော်တို့ ဖက်က လွှတ်တော်ထဲ လှုပ်ရှားနေသော်လဲ ပြည်ပမှ ဖိအားပေးကြပါ


ကျင်းပနေတဲ့  ပြည်သူ့ လွှတ်တော်ညီလာခံကို တက်ရောက်နေတဲ့  ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်မှ နိုင်ငံတကာရှိ ဗုဒ္ဒဘာသာဝင်ရခိုင်လူမျိုးများနဲ့  တိုင်းရင်းသားညီနောင်အပေါင်းတို့ အား ဒီကနေ့ မှာ မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ် ။ ပြည်သူ့ လွှတ်တော်မှာ တက်ရောက်နေတဲ့  မွတ်ဆလင်ဘ၈င်္လီကုလား( ၃ ) ကောင်ပါနေတာကို အခုအချိန်မှာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ တရားဝင်တင်ပြတောင်းဆိုထားပြီဖြစ်ကြောင်း ၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီအနေနဲ့  သမ္မတဦးသိန်းစိန်ရဲ့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာလူမျိုးဆိုတာ တိုင်းရင်းသား လူမျိုး မဟုတ်ကြောင်း ပြောဆိုတာကို အထူးပင် ထောက်ခံပြီး ယခုဆိုရင် ရခိုင်ပြည်နယ်မှာ သမ္မတဦးသိန်းစိန်၏ စကားကို ထောက်ခံဂုဏ်ပြုသောအားဖြင့် အိမ်တိုင်းရုံးတိုင်းမှာ နိုင်ငံတော်အလံကို ထောင်ထားကြပြီးဖြစ်ကြောင်း ။ ယင်းအလံတော်အား ( ၉ ) ရက်တိတိ ထောင်ထားကြမည်ဖြစ်ကြောင်း ပြောဆိုသွားပါတယ် ။ ပြည်တွင်းမှာ ပြည်သူ့ လွှတ်တော်မှာ ပြည်သူတရပ်လုံးက တညီတညွတ် စည်းစည်းရုံးရုံးနဲ့  အစိုးရနဲ့  မွတ်ဆလင်ဘ၈င်္လီဘာဝသာဝင်လူမျိုးတွေရဲ့ လုပ်ရပ်တွေကို လုံးဝရှုတ်ချကန့် ကွက်ကြပြီဖြစ်ကြောင်း ၊ တချိန်တည်းမှာဘဲ နိုင်ငံတကာမှ ကုလသမ္မဂရုံးချုပ်များရှိရာများ၌ ကန့် ကွက်ဆန္ဒပြခြင်းများကို ကြားရ၍ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး အနေဖြင့် မေတ္တာရပ်ခံတောင်းပန်လိုသည်မှာ နိုင်ငံတကာမှ ပုဂိုလ်များ တိုင်းရင်းသားညီနောင် အပေါင်းတို့ မှ ကမ္ဘာလုံးဆိုင်ရာ ကန့် ကွက်ဆန္ဒပြပွဲများ ၊ သမ္မတဦးသိန်းစိန်၏ စကားကို ဂုဏ်ပြုထောက်ခံပွဲများ ပြုလုပ်ပေးပါရန်နှင့် သတင်းမှန်များ ၊ ဓါတ်ပုံအမှန်များကို နိုင်ငံတကာမှ သိရှိနားလည်အောင် ပြုလုပ်ပေးပါရန် အနူးအညွတ် ပန်ကြားပါကြောင်း မေတ္တာရပ်ခံ ပြောဆိုသွားပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )

ဒေါ်အောင်ဆန်းစုကြည် “တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” မူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိ


RFA Burmese
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဒီကနေ့ လွှတ်တော် ခေတ္တရပ်နားချိန်မှာ တနာရီ နီးပါး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အသေးစိတ်ကို မသိရပေမယ့် အလုပ်သဘော ကိစ္စ ဆွေးနွေးကြတာ
ဖြစ်ကြောင်း NLD ပြောခွင့်ရသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့တဲ့ အဆိုဖြစ်တဲ့ “တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” မူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ် လို့လည်း သိရပါတယ်။

ဒီ အဆိုတင်သွင်းချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို
ဆွေးနွေးပေးဖို့ တောင်းဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား
ပါတီတွေရဲ့ သဘောထားကို သိလိုတဲ့ အတွက် လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၅ ရက်နေ့
မှာ တွေ့ဆုံခဲ့ တယ်လို့လည်း သိရပါတယ်။

လူတယောက် အသက်ဆုံးရှုံးသွားရလောက်အောင် စိတ်ရောဂါရအောင် ဒေါက်တာဇါနည်က ပြုလုပ်ခဲ့ 

Sandar Thuria
ဒေါက်တာဇါနည်က -Youtube-မှာ သူ့ အကြောင်းကို အဖြစ်မှန်ပြောသည့်အတွက် ဒေါက်တာငြိမ်းချမ်းကို တရားစွဲ မယ်တဲ့ - ဒီလိုဆိုရင် ကွန်လွန်သွားရှာပြီဖြစ်တဲ့  ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးကျော်ကို အားမနာပ အပုပ်ချပြီး ရေးသားပြောဆိုခဲ့ သူဟာ ဒေါက်တာဇါနည်ဘဲဖြစ်တယ်- သူ့ ကြောင့် ဆရာကြီး ဒေါက်တာအေးကျော်ဟာ စိတ်ခံစားဖိစီးမှုရောဂါဖြစ်ပြီး
မကြာခဏ ခံစားခဲ့ ရတယ်- လူတယောက် အသက်ဆုံးရှုံးသွားရလောက်အောင် စိတ်ရောဂါရအောင် ဒေါက်တာဇါနည်က ပြုလုပ်ခဲ့ တယ် - ပြီးတော့ ဆရာကြီးဒေါက်တာအေးကျော်ကို ပုတ်ခတ်ရေးသားတဲ့  ဆောင်းပါးမှာ ရိုဟင်ဂျာတွေ သက်တော်ရှည်ကျော် ရှည်ပါစေ-လို့  ကြွေးကြော်သံ ထည့်ခဲ့ သေးတယ် -ဒေါက်တာဇါနည်ကိုသာ ပြန်လည် တရားစွဲဆိုရမှာဖြစ်တယ် ။ ဒေါက်တာငြိမ်းချမ်းကို အားပေးကြပါ ထောက်ခံပေးကြပါလို့  ပြောချင်ပါတယ်

အဖေ့စကားသမီးနားထောင်သလား

rဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းခံနဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခပြဿနာတွေဟာ ရခိုင်ပြည်နယ်ရဲ့  မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ နောက်မှာဝင်လာသူတွေဆိုတဲ့ ဘာသာကွဲပြား စကားမတူတဲ့ ဘင်္ဂါလီနွယ်ဖွားတွေကြားမှာ နှစ်ပေါင်းအတော်ကြာရှိနေခဲ့တဲ့ မုန်းတီးမှုနဲ့ သံသယမီးပွားတွေ ထပြီးတောက်လောင်ခဲ့တာပါ။ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ခေါ်ဝေါ်စေချင်တဲ့ ဒီလူအစု၊ လူအဝေးကို ဒေသခံတွေက အကြောင်းအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးကြောင့် သံသယကြီးစွာနဲ့ မယုံကြည် လက်မခံနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါဟာ လူဝင်မှုကြီးကြပ်ရေးရဲ့  အစဉ်အဆက် ကိုင်တွယ်မှုမှားယွင်းမှုအပြင်၊ နိုင်ငံရေးအမြတ်ထုတ်မှု၊ နိုင်ငံသားဖြစ် ဥပဒေအားနည်းချက်၊ လူ့အခွင့်အရေးချိုးဖောက်မှု စသဖြင့်လည်း ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လန်ဒန်မြို့ မှာ ရှိနေတဲ့ Bကမာေ ဃောစေငါည ၠဳ အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မဝေနှင်းပွင့်သုန်ဟာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးရဲ့  သမီးလည်း ဖြစ်ပါတယ်။

မဝေနှင်းပွင့်သုန် ။ ။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် - အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုမျိုး အကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက် မရှိဘူးရှင့်။ ရခိုင်ပြည်နယ်မှာဖြစ်တယ်ဆိုတဲ့ဟာက တော်တော်များများ ပြောတဲ့လူတွေကတော့ ရခိုင်ပြည်သူပြည်သားတွေဖက်ကလည်း ပြောတဲ့လူတွေရှိသလို။ ဒီလိုမျိုး ရခိုင်ပြည်သူတွေဖက်မှာနေနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဖက်ကနေ ပြောတဲ့လူတွေလည်းရှိတယ်။ ကျမအနေနဲ့ကတော့ တယောက်နဲ့တယောက် အမြင်ချင်းမတူတာ၊ ဘာသာချင်းမတူတာ။ အကိုပြောသလို ဒါက နှစ်တွေ၊လတွေ များစွာ စုပေါင်းပြီးတော့ဖြစ်လာတဲ့ ပြဿနာ။ အခုအချိန်မှာ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဒါကလုံးဝမဖြစ်သင့်တဲ့ ပြဿနာ။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးသင့်တယ်။ ကိုယ်နဲ့ဘာတူညီလဲ။ ကိုယ်နဲ့ဘာကွဲခြားသလဲဆိုတာကို ကြည့်မှာထက်။ တူညီတဲ့နေရာကနေ စပြီးတော့ ဘယ်လိုမျိုး ငြိမ်းချမ်းစွာနေသွားသင့်သလဲ။ ဘယ်လိုမျိုး နိုင်ငံကို။ လူမျိုးရေးပြီးတဲ့အခါကြတော့ ဘာသာရေးပိုထွန်းကားလာအောင်၊ ပြီးတော့ ပိုပြီးကာကွယ်လို့ရအောင် ဘယ်လိုမျိုး လုပ်မလဲဆိုတာတွေက အကြမ်းဖက်နည်းနဲ့သွားမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စတခုပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက မဝေနှင်း အခုနပြောသလို၊ တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာသင့်တယ်ဆိုတဲ့ နေရာမှာ အခုပြဿနာရဲ့  အရင်းခံကို အများစုသုံးသပ်တာကတော့ ဒါဟာ တိုင်းရင်းသားပြဿနာ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ပြီး အခေါ်ခံနေရတဲ့လူစုကို ရိုဟင်ဂျာအနေနဲ့ မခေါ်ချင်ဘူးဆိုကတည်းကိုက ဘယ်လိုလုပ် ဆွေးနွေးမှု ဖြစ်လာနိုင်မလဲ။

မဝေနှင်းပွင့်သုန် ။ ။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူး။ ရတယ် ကိစ္စမရှိဘူး။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူးဆိုရင် မင်းတို့ဘယ်လို ခေါ်ချင်သလဲ။ ဆွေးနွေးမှုဆိုတာ အဲဒီလို စတင်တယ်။ ဒါပေမဲ့ တကယ်တမ်း အခုဖြစ်နေတဲ့ဟာက သူတို့အနေနဲ့က ကျမတို့ ရိုဟင်ဂျာလူမျိုးရယ်လို့ မပြောပါနဲ့ ရန်ကုန်၊ မန္တလေးမှာရှိနေတဲ့ မြန်မာမူစလင်လူတွေကိုယ်တိုင်က တချို့ ဆိုရင် မှတ်ပုံတင်မရှိတဲ့လူတွေ အခုအချိန်အထိ ရှိနေတုန်းပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့  မိသားစုအခြေအနေကြောင့်။ ဒါမှမဟုတ်လို့ရှိရင် ပြီးတဲ့အခါကြရင် ပိုက်ဆံမရှိတာလား။ ပြီးတဲ့အခါ ဘယ်နေရာမှာ နေထိုင်တာလဲ။ အဲဒီလိုမျိုး ကွဲခြားပြီး မှတ်ပုံတင်မရှိတဲ့လူတွေ ရှိနေတုန်းပဲ။ ဆိုတော့ ဒီနေရာမှာ တရားမဝင်လာနေထိုင်ဆိုပြီးထားပါအုန်း။ တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။ သူတို့အနေနဲ့ ကျမတို့မှာ ရှိနေတဲ့ လူအခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်ဆိုင်သင့်ဘူးလား။ မင်းက ငါနဲ့ ဘာသာမတူဘူး။ မင်း ဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား။ ဒီလိုမျိုး အကြမ်းဖက်နည်းနဲ့ သွားမယ်ဆိုလို့ရှိရင် ကျမတို့က တိရစ္ဆာန်ထက်မခြားတော့ဘူးလေ။ အဲဒီလိုမျိုးတွေလည်း ကျမတို့ ကြည့်သင့်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့မြင်တာကတော့ ဘယ်ဖက်ကမှ တကယ်တမ်း အကြမ်းဖက်ချင်ကြတဲ့ ဆန္ဒတော့ ရှိချင်မှရှိကြမှာပါ။ ဒါပေမဲ့လည်း လက်တွေ့ ဒေသအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေ လှုံဆော်မှုတွေကြောင့် ဒါက မလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်ရတယ်။ ဒီနေရာမှာ သတင်းပေးပို့ကြတဲ့၊ ကောလဟာလဖြန့်ကြတဲ့ ကိစ္စတွေကလည်း တဖက်နဲ့တဖက် နစ်နစ်နာနာဖြစ်အောင် လှုံဆော်မှုတွေ အမျိုးမျိုးရှိနေကြခဲ့တယ်။ အဲဒီတော့ ဒါတွေဟာ နာကြည်းစရာ ပိုဖြစ်ကြတဲ့အနေအထားပေါ့။ အဲဒီတော့ ဒီပြဿနာဟာ စောစောက မဝေနှင်း ပြောသလိုပဲ နိုင်ငံသားပြဿနာ။ အဲဒီတော့ အနှစ်နှစ်အလလ၊ လူဝင်မှုကြီးကြပ်ရေးရဲ့  အဆက်ဆက်ရဲ့  ပေါ့လျော့မှုတွေ၊ နိုင်ငံသားဖြစ်တည်းမှုဆိုင်ရာ အခြေခံဥပဒေရဲ့  မမျှတမှုတွေကြောင့်ဖြစ်တယ်ဆိုတာ မဝေနှင်းတို့ရဲ့  အဖေဖြစ်တဲ့ ကိုမြအေးတို့အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဗမာပြည်က နိုင်ငံရေးသမားတွေ အတော်များများက ဒီအချက်ကို လက်ခံပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖြစ် ဖြစ်တည်မှုကိုတော့ လက်မခံနိုင်ဘူးဆိုပြီးတော့ တွင်တွင်ကြီးငြင်းနေတာကို ကျနော်တို့ ကြားရပါတယ်။ ဒီနေရာမှာ နိုင်ငံသားအခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေး အခုလောလောဆယ် အခြေအနေအရ မြန်မာနိုင်ငံရဲ့  အခြေအနေအရ ဘာတွေများ ကွာတယ်လို့ ယူဆပါသလဲ။

မဝေနှင်းပွင့်သုန် ။ ။ ကျမအမြင်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် အခုန အကိုပြောသွားသလိုပဲ ဒီပြဿနာတွေ ဖြစ်လာတဲ့အချိန်မှာ အဓိကနေရာကတော့ ပိုပြီးတော့ ပါဝင်ဆောင်ရွက်လာတဲ့ဥစ္စာက မီဒီယာပေါ့။ အထဲက မီဒီယာပဲပြောမလား။ အပြင်က မီဒီယာပဲ ပြောမလား။ သူတို့တွေက ပိုပြီးတော့ ဆွပေးတယ်။ ဆွပေးတဲ့နေရာမှာ တချို့ နေရာတွေမှာဆိုရင် စကားအသုံးအနှုန်းလေးတွေ။ ပြီးတဲ့အခါကြတော့ ပြောတာဆိုတာက တကယ်ကို ပညာတတ်လို့ ယူဆလို့မရအောင် ရေးသားတဲ့ဟာတွေရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း ကြွပေးတယ်။Facebook ပေါ်မှာဆိုရင်လည်း လူတွေက လိမ်ပြီးတော့ သတင်းမမှန်တာကို ပိုပြီးတော့ ယုံကြည်ချင်ကြတယ်။ ဒါကို ကျမအနေနဲ့ နားလည်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ လူမျိုးရေး၊ ဘာသာရေးဆိုတော့ ဘယ်သူမဆို ကျမတို့ နိုင်ငံကို ထိခိုက်တယ်ဆိုရင် ဘယ်သူမဆို နာမယ့်ကိစ္စပဲလေ။ ဆိုတော့ မီဒီယာကလည်း အဲဒါမျိုးကို ဆွပေးတယ်။ အခုလောလောဆယ်မှာ မြန်မာနိုင်ငံထဲက လူတော်တော်များများ ယုံကြည်တာက၊ အပြင်ကလူတွေပါပါတယ်။ ယုံကြည်တာက ဘာလဲဆိုတော့ တိုင်းရင်းသားအရေးလို့ ပြောလာတဲ့အခါကြရင် သူတို့ထင်တာက သူတို့က နိုင်ငံတနိုင်ငံ လိုချင်တယ် သူတို့အတွက်။ ရိုဟင်ဂျာအရေးလို့ တောင်းတဲ့အခါမှာ သူတို့က ရိုဟင်ဂျာနိုင်ငံ တည်ဆောက်ဖို့တောင်းတာပဲ။ သူတို့ မူစလင်နိုင်ငံတည်ဆောက်မယ်ဆိုပြီးတော့ ပြောကြတယ်ဆိုပြီး အဲဒီလိုမျိုး စွပ်စွဲတာမျိုးတွေလည်းရှိတယ်။ ကျမတို့ Burma Campaign UK ဆိုလို့ရှိရင် စွပ်စွဲခံရတာ ကျမတို့က အရှေ့ အလယ်ပိုင်းက ပိုက်ဆံတွေ ကျမတို့ရတယ်။ ရတဲ့အခါကြတော့ ကျမတို့ ရိုဟင်ဂျာအရေးကို ကျမတို့က အားသွန်ခွန်စိုက်လိုက်ပြီးတော့ တိုက်တွန်းဆောင်ရွက်နေတယ်။ ကျမတို့အနေနဲ့ ပိုက်ဆံတပြားမှ မရပါဘူး။ အရှေ့ အလယ်ပိုင်းက ရိုဟင်ဂျာအရေးလုပ်ဖို့ဆိုတာ။ ကျမတို့အနေနဲ့ လူ့အခွင့်အရေးလို့ ယုံကြည်တယ်။ ကရင်အရေးလည်း လုပ်ခဲ့တယ်။ ကချင်အရေးလည်း လုပ်ခဲ့တယ်။ တိုင်းရင်းသား၊ ဘာသာ၊ လူမျိုးမရွေးကိစ္စတွေကို ကျမတို့ လုပ်ခဲ့တယ့်အတွက် ဒီကိစ္စကလည်း လူ့အခွင့်အရေးဆိုပြီး လုပ်ခဲ့တာ။ နောက်တခု နိုင်ငံသားအရေးလို့ ပြောမယ်ဆိုလို့ရှိရင် ကုလသမဂ္ဂအခြေခံUN Declaration of Human Rights မှာ ပြောခဲ့တာက ဒီနိုင်ငံမှာ ဒီခလေးတယောက်က မွေးတယ်ဆိုလို့ရှိရင် သူတို့က နေ့ချင်းညချင်း နိုင်ငံသာခွင့် သူမှာရှိပြီသာ။ ရှိပိုင်ခွင့် ရှိကိုရှိတယ်။ ခလေးတိုင်းက သူတို့မှာ နိုင်ငံသားခွင့်ဆိုတာ ရှိတယ်။ ကျမတို့မြန်မာနိုင်ငံမှာ မွေးခဲ့တဲ့ တရုတ်လူမျိုး၊ နောက်ပြီး မြန်မာနိုင်ငံမှာ လာမွေးတဲ့ မူစလင်နိုင်ငံသားတွေလည်း ရှိတယ်ဆိုတော့ သူတို့အနေနဲ့ ဘာသာနိုင်ငံရေး၊ နိုင်ငံသားခွင့်ဆိုတာ သူတို့မှာရှိသင့်တယ်။ ဘာသာရေးမတူတာနဲ့ နိုင်ငံသားခွင့် မရှိတော့ဘူးဆိုတာ မဖြစ်သင့်ဘူး။ ကျမတို့ ဒီကိစ္စကိုတော့ သေသေချာချာ ပြန်ပြီးတော့ ကြည့်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုစောစောက မဝေနှင်း ပြောသွားတဲ့Burma Campaign UK ဗြိတိန်နိုင်ငံမှာရှိနေတဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့။ ဒီအဖွဲ့ဆိုရင် အထူးသဖြင့် ရိုဟင်ဂျာတွေရဲ့  အရေးကို နောက်ပိုင်းမှာ တော်တော်လေး ဦးစားပေးပြီးတော့ ဆောင်ရွက်လာတာလည်းတွေ့တယ်။ အထူးသဖြင့် ဗြိတိသျှပါလီမန်မှာသွားပြီးတော့ တင်ပြမှုတွေ လုပ်တဲ့အခါမှာ  Burma Campaign UK အဖွဲ့ရဲ့  ပံ့ပိုးမှုတွေလည်းပါတယ်။ ရိုဟင်ဂျာအဖွဲ့တွေက သွားပြီးတင်ပြတဲ့အခါမှာ။ အဲဒီနေရာတွေမှာ တချို့ သော ဥပမာ တချို့ သော ရိုဟင်ဂျာအဖွဲ့တွေရဲ့  တင်ပြမှုတွေထဲမှာ တချို့ သောကိန်းဂဏန်းတွေက ပြည်တွင်းမှာ အခုလက်ရှိ အနေအထားအရ အသတ်ခံရတဲ့လူပေါင်း ထောင်ချီပြီး ရှိနေပါပြီဆိုတဲ့ကိစ္စမျိုး။ ဒါမျိုးတွေကြတော့ အထောက်အထား ခိုင်ခိုင်လှုံလှုံ ရှိရဲလား။ ဒါမျိုးတွေက ဒီလိုမျိုး တင်ပြတာကိုကြားတဲ့အတွက် တဖတ်ကနေ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ ပိုပြီးမဖြစ်စေဘူးလား။

မဝေနှင်းပွင့်သုန် ။ ။ ကျမတို့ Burma Campaign UK အနေနဲ့ အခုနောက်ပိုင်း ရိုဟင်ဂျာအရေးကို လုပ်လာတယ်ဆိုတာ ကျမတို့အဖွဲ့အစည်းတခုတည်း ဒီကိစ္စကို လုပ်တာမဟုတ်ပါဘူး။ ခရစ်ယာန်အဖွဲ့အစည်းလို့ခေါ်တဲ့ Christianly Solidarity World Wideနဲ့ တခြားအဖွဲ့အစည်း Amnesty ဆိုလည်း ဒီကိစ္စကို ထောက်ခံတာပဲ။ ဒါပေမဲ့ ဒီနံပတ်၊ လူဦးရေ ဘယ်လောက်ရှိတယ်။ ပြီးတော့ ဘယ်နှစ်ယောက် ထိခိုက်ပြီးတော့၊ ဘယ်နှစ်ယောက် သေဆုံးနေတဲ့ကိစ္စကိုတော့ ကျမတို့အနေနဲ့ သူတို့ကို သေချာကို အထောက်အထား ခိုင်ခိုင်လုံလုံဖြစ်အောင် ပြခိုင်းပါတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံ - တချို့ ကြတော့လည်း တကယ်တမ်း သိပ်ပြီးတော့  experience မရှိတဲ့အခါကြတော့ ဟိုရောက်တဲ့အခါ စိတ်လှုပ်ရှားတာနဲ့ ပြီးတော့ ပြောတဲ့နံပတ်တွေကလည်း မှားရင်လည်း မှားပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း ပါလီမန်မှာ ဗြိတိသျှလွှတ်တော်မှာ အမတ်တွေနဲ့သွားပြီး တွေ့တဲ့အခါကြရင် သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါကြရင် သေချာတဲ့၊ ခိုင်လုံမှုရှိတဲ့ အချက်အလက်တွေနဲ့ ကျမတို့သွားတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြဿနာက ဒီကိစ္စကို ဖြေရှင်းဖို့ဆိုလို့ရှိရင် နှစ်ဖက်စလုံး ရခိုင်တိုင်းရင်းသားဖက်နဲ့ မြန်မာပြည်မှာရှိတဲ့ နိုင်ငံသားတွေဖက်ကရော ဒီဖက်မှာရှိနေတဲ့ ရိုဟင်ဂျာတွေ၊ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေ ဘယ်သူတွေကိုပဲ ကိုယ်စားပြုပြု မှန်ကန်တဲ့ တင်ပြချက်တွေကို လုပ်နိုင်ဖို့ဆိုတာ ပိုပြီးအရေးကြီးတယ်လို့ မယူဆဘူးလား။ နို့မို့ဆိုရင် ပြဿနာက တဖက်နဲ့တဖက် ပိုပြီးတော့ အထင်လွှဲမှားမူတွေ၊ မုန်းတီးမှုတွေ ပိုဖြစ်ဖို့ ရှိနေတယ်လို့ မယူဆဘူးလား။

မဝေနှင်းပွင့်သုန် ။ ။ ဒါကတော့ ဟုတ်တာပေါ့။ ကျမတို့အနေနဲ့ မှန်ကန်တဲ့ဥစ္စာကို အဓိကထားပြီးတော့ သွားရမှာလေ။ ကျမတို့အနေနဲ့ သေသေချာချာ အချက်အလက် ခိုင်ခိုင်လုံလုံ ရှိမှသာ ကျမတို့သွားရမယ်။ ဒါပေမဲ့ အခု ဥပမာ လန်ဒန်မှာ ပြဿနာ ဘယ်လိုဖြစ်သလဲဆိုတော့ ရိုဟင်ဂျာကိစ္စအရေးဆိုလို့ရှိရင် ကျမတို့အနေနဲ့ ဖြစ်စေချင်တာက ရခိုင်ပြည်သူ၊ ပြည်သားတွေကိုလည်း လာစေချင်တယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့။ ဒီလိုမျိုး Facebookအင်တာနက်ပေါ်မှာ ဆဲဆိုရေးတဲ့ဟာတွေ။ ပြီးတော့ တဖက်သတ် စွပ်စွဲတာဟာတွေထက်ဆရင် လာပါ။ အကယ်၍ မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးလို့ရတယ့်ဟာမျိုး။ မင်းတို့ ဘာဖြစ်လို့ အဲဒီလိုမျိုး ခေါ်တာလဲ။ ဘာဖြစ်လို့ မင်းတို့ ဒီလိုမျိုး ယုံကြည်ချက် ဖြစ်တာမျိုးလည်းဆိုတာ။ ဒီလိုမျိုး မျက်နှာချင်းဆိုင် ဖြေရှင်းတဲ့အခါမျိုးကြရင် ပိုပြီး ထိရောက်တယ်လို့ မြင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာပြီ။ အခြေအနေလေးတွေ ပြောင်းလဲလာတဲ့အခါကြတော့ ဒီမိုကရေစီ လမ်းစဉ်ကို သွားနေတယ်လို့ ကျမယုံကြည်တယ်။ ဒီမိုကရေစီလမ်းစဉ်ကို သွားတယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ ဘယ်သူကိုမှ အနောက်ထဲမှာ ထားခဲ့လို့မရဘူး။ ဘာသာမတူ၊ လူမျိုးမတူလို့လား ကျမတို့အနေနဲ့ ဘယ်လိုမျိုးအချင်းချင်း ငြိမ်းချမ်းစွာ နေထိုင်သွားမလဲ။ အဲဒီဥစ္စာကတော့ နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေးပြီးတော့ တူညီတဲ့နေရာလေးတွေက စရမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ပါဘူးလို့ ယတိပြတ် ပြောဆိုနေတဲ့အချက်တွေနဲ့ ပတ်သက်လို့။

မဝေနှင်းပွင့်သုန် ။ ။ အဲဒီဥစ္စာက ရိုဟင်ဂျာ တိုင်းရင်းသားမဟုတ်ပါဘူးဆိုပြီး ယတိပြတ်ပြောဆိုနေတဲ့ အချက်အလက်တွေက တချို့ ကြတော့ သူတို့အနေနဲ့လည်း သေချာအချက်အလက် မပေးနိုင်ဘူး။ ကျမအဖေ ပြောသွားသလို ကျမအနေနဲ့ ငယ်တယ်။ ကျမအနေနဲ့ သေချာသိချင်မလဲသိမယ်။ ဒါပေမဲ့ ကျမရဲ့  ယုံကြည်ချက်က ဘာလဲဆိုတဲ့အခါကြတော့ လူ့အခွင့်အရေးဆိုတာ လူတိုင်းအတွက် ဖြစ်သင့်တယ်။ ထားပါတော့ သူတို့ တရားမဝင် ဝင်လာတယ်လို့ စွပ်စွဲတဲ့လူတွေ အများကြီးရှိတယ်။ သူတို့ တရားမဝင် ဝင်လာတာနဲ့ ဒီခလေးတွေကို ကျမတို့ ပညာသင်ပိုင်ခွင့် မပေးနိုင်တော့ဘူးလား။ ဒီ ခလေးတွေကို ကျန်းမာရေးပတ်သက်တဲ့ စောင့်ရှောက်ခွင့်တွေ မပေးတော့ဘူးလား။ ဒီ ခလေးတွေက တကယ်တမ်းကြတော့ ကြားထဲက မြေစာပင်ဖြစ်ရတဲ့ ဘဝမျိုးတော့ မဖြစ်သင့်ဘူးလေ။ လူ့အခွင့်အရေးဆိုပြီး လက်ကိုင်ထားပြီးတော့ ပြောနေတဲ့လူတွေ ခဏတော့ စဉ်းစားသင့်တယ်။ ကျမတို့အနေနဲ့ လူ့အခွင့်အရေးဆိုတာ ငါတို့အတွက်ပဲ ဖြစ်သင့်သလား။ သူတို့အတွက်ကော မဟုတ်ဘူးလားဆိုတာကို ကျမတို့ သေသေချာချာ မျက်စိဖွင့်ပြီး ကြည့်သွားဖို့ လိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဟာက မဝေနှင်း ပြောနေတာက နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကိစ္စပေါ့။ အဲဒီတော့ စောစောက ကျနော် မေးခဲ့တဲ့ မေးခွန်းအတိုင်းပဲ တိုင်းရင်းသားအခွင့်အရေးဆိုတာ အခုအချိန်မှာ ဘာများပိုလို့လဲ။ သဘောကတော့ သူတို့ကို ဘင်္ဂါလီလူမျိုးတွေလို့ မခေါ်ပါနဲ့ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ပါဆိုတဲ့ တောင်းဆိုချက်ပေါ့။

မဝေနှင်းပွင့်သုန် ။ ။ သူတို့အနေနဲ့ ဘင်္ဂါလီလို့ ခေါ်လား။ ရိုဟင်ဂျာလို့ ခေါ်တယ်ဆိုတာ ကျမအနေနဲ့ နံမည်တွေကို ခဏဘေးဖယ်ထားလိုက်။ ကျမတို့ မြန်မာနိုင်ငံမှာ မွေးလာတဲ့လူတွေကြတော့ ဘယ်လိုခေါ်မလဲ။ ကျမတို့ အခုဆိုလို့ရှိရင် ကုလားဆိုတဲ့ဟာက ရိုဟင်ဂျာတင်မဟုတ်ပါဘူး။ ကျမတို့ မြန်မာနိုင်ငံမှာ မွေးပြီး၊ မြန်မာနိုင်ငံမှာ ကြီးလာတဲ့လူတွေကိုတောင်မှ ကုလားလို့ အခေါ်ခံထိတဲ့လူတွေ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့။

ဦးသန်းလွင်ထွန်း ။ ။ အများစုက အခေါ်မခံချင်တဲ့ ကုလားဆိုတာကိုတော့ ခေါ်ကြတယ်။ အခေါ်ခံချင်ပါတယ်ဆိုတဲ့ ရိုဟင်ဂျာဆိုတာကိုတော့ မခေါ်ချင်ကြဘူးဆိုတဲ့ သဘောပေါ့။

မဝေနှင်းပွင့်သုန် ။ ။ အဲဒီလိုမျိုး ဖြစ်နေတယ်။ ရိုဟင်ဂျာ ဆိုလို့ရှိရင်။ ကျမဆိုရင် ရိုဟင်ဂျာလူမျိုးလည်း မဟုတ်ပါဘူး။ ရိုဟင်ဂျာအနေနဲ့ ကြီးလာတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမကို ပြောတယ်ဆိုလို့ရှိရင် ကျမမှာ ရိုဟင်ဂျာ ယောက်ျား ဘယ်နှစ်ယောက်ရှိတယ်။ ကျမဟာ ရိုဟင်ဂျာလူမျိုး၊ ရိုဟင်ဂျာအရေးအတွက် လုပ်နေတယ်။ ပိုက်ဆံဘယ်လောက်ရတယ်ဆိုပြီး အဲဒီလိုမျိုး စွပ်စွဲခံရတယ်။ ကျမတို့ တကယ်ကို နက်နက်ရှိုင်းရှိုင်း ပြန်ကြည့်မယ်ဆိုလို့ရှိရင် မုန်းတီးမှုက ဘာသာရေးကစတာလို့ပဲ ကျမမြင်မိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လန်ဒန်မြို့ မှာရှိနေတဲ့  Burma Campaign UK က မဝေနှင်းပွင့်သုန် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။
 http://burmese.voanews.com/content/burma-democracy-forum-072212/1442823.html

ပထမတော့ သီတာထွေး-- ဒီ့နောက်တော့ သမ္မတဦးသိန်းစိန်

  ပထမတော့ သီတာထွေး-- ဒီ့နောက်တော့ သမ္မတဦးသိန်းစိန် မျက်နှာနဲ့  အလံတော်ကို ခြေထောက်နဲ့  နင်းချေကြလေပြီ

ယခုအထိဖြစ်ပျက်နေသော အခြေအနေမှာ သည်းခံခြင်းပါရမီကိုဘဲ ပြောရမလား မသိတော့ ။ ခန္တီစပါရမီဆိုသည်မှာ ထာဝစဉ်ရှိနေရလျှင်မကောင်းတတ်ချေ
။ သို့ သော် မည်သည့်အတွက်ကြောင့် သည်းညဉ်းခံရမည်ဆိုသည်ကို သတိထားရန်လိုသည် ။ သည်းညဉ်းခံသည်မှာ ရှေးဦးစွာ ပြုလုပ်ရမည့် ကိစ္စကို ပထမ-မပြုလုပ်ဘဲ ဆိုင်းးငံ့နေခြင်းဖြင့် လုပ်ငန်းဟူသမျှ ဆုံးရှုံးရသည် ဆိုသော သဘောမဟုတ် ။ နေ့ စဉ်ထုတ်သတင်းစာများတွင် မြန်မာနိုင်ငံအလံကို ခြေထောက်နဲ့  နင်းချေနေပုံများ ၊ သမ္မတဦးသိန်းစိန်ရုပ်ပုံပါ ကားချပ်ကို ခြေထောက်နဲ့  နင်းခြေ မီးရို့ နေပုံများကို ဖေါ်ပြခြင်း မတွေ့ ရ ။ ယုတ်စွအားဖြင့် မူဆလင်ဘာသာင်များ နိုင်ငံမှ ပြည်ထောင်စုမြန်မာနိုင်ငံအား လည်ပင်းလှီးသတ်မည့် ဂျီဟပ်ဆိုသော စစ်ပွဲကို ဆင်နွဲတော့မည်ဟု ကြေညာနေသည်ကို မြန်မာနိုင်ငံသားတွေမှာ မသိကြရ ။
အင်ဒိုနီးရှားနိုင်ငံ ၊ အီဂျစ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သည် ယခုအချိန်တွင်ဗြောင်ဆန့် ကျင်ကန့် ကွက်နေသော နိုင်ငံများဖြစ်နေပြီ ။ နောက်ထပ်အခြားနိုင်ငံများလည်း ပေါ်ပေါက်လာမည်ဖြစ်သည် ။ မကြာခင် သြဂုတ်လ-၁၄-ရက်နေ့ တွင် မလေးရှားနိုင်ငံ၌ မွတ်ဆလင်နိုင်ငံများ ညီလာခံများကျင်းပကြမည်ဆိုသည် ။ နိုင်ငံတကာလွပ်ငြိမ်းချမ်းသာခွင့် - Amenesty International -အဖွဲ့ မှ ရခိုင်ပြည်နယ်တွင် ပုဒ်မ္မ ( ၁၄၄ ) အမိန့် ထုတ်ပြန်ခြင်းမှာ မွတ်ဆလင် ဘာသာဝင် သမိုင်းလိမ် ရိုဟင်ဂျာဆိုသော လူမျိုးကို ဖိနှိပ်ရန်အတွက် ထုတ်ပြန်ခြင်းဖြစ်သည်ဟု ထုတ်ဖေါ်ပြောပြီး ကြေညာချက်ထုတ်နေသည် ။ ယခုအချိန်တွင် မြန်မာနိုင်ငံအအစိုးရမှ မွတ်ဆလင်ဘာသာဝင်များကို အစုလိုက်အပြုံလိုက် -Massacre-သတ်ဖြတ်နေသည်ဟု လုပ်ကြံသတင်းလွှင့်နေတော့သည် ။ ယင်းသို့  သတင်းများကြောင့် မွတ်ဆလင်ဘာသာဝင်နိုင်ငံများမှ အထူးပင် ဒေါသထွက်ကာ ယခုလို ဘာသာရေးစစ်ကြေညာလာသလို ဖြစ်လာနေသည် ။
အမှန်မှာမူ ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ဘာဝင်များ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရခိုင်လူမျိုးများမှာ ယခုအချိန်တွင် ဒုက္ခသည်များစွာဖြစ်နေကြရသည် ။ သတင်းအမှားတွေ တင်ပြနေသောကြောင့် ကျွန်တော်တို့  စစ်မက်ဖြစ်ပွါးပြီး အတုံးအရုံးသေဆုံးပေးကြရမည်လား ။ တဖက်က စစ်ရေးအတွက် ဒါးသွေးနေချိန် သေနတ်မောင်းထိုးနေချိန် ကျွန်တော်တို့  ပြည်သူတွေမှာ ဘာမျှ ကြိုတင် မပြုလုပ်ရသေး ။ ထင်ရှားသောနိုင်ငံရေးသမားများ ၊ အနုပညာရှင်များ ၊ ဗုဒ္ဒဘာသာဘုန်းတော်ကြီးများ ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ၊ စီးပွါးရေးလုပ်ငန်းရှင်များ ၊ ၈၈-ကျောင်းသားခေါင်းဆောင်များတို့ သည် ရခိုင်ဒုက္ခသည်များအား အလှူငွေများ လှူဒန်းခြင်းနှင့် သွားရောက်အားပေးခြင်းများကို ပြုလုပ်ပေးနေကြရသည် ။ ဤနေရာ၌ ၄င်းအလှူရှင်များအား မည်သည့်အတွက်ကြောင့် -Amenesty International-နိုင်ငံတကာလွပ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှ ယင်းအကြောင်းအရာများနှင့် ပါတ်သက်၍ စကားတလုံးတလေမျှ မမေးမြန်းခဲ့ လေသနည်း ။ မင်းကိုနိုင်နှင့် ၈၈-ကျောင်းသားများ လွပ်မြောက်ရေး ၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးတို့ ကို ထာဝစဉ်ကြေညာချက်ထုတ်နေခဲ့ ကြသော ဤအဖွဲ့ တို့ မှာ ယခုအချိန်တွင် သူတို့ ဆီက ဘာကြောင့်များ ထင်မြင်ချက်များ ၊ သတင်းများ မရယူကြပါလိမ့် ။ ဘဘဦးဝင်းတင်ကို ဘာကြောင့်များ ဖုံးကလေးတချက်ဖြင့် မဆက်ကြပါလိမ့် ။
န၀တ-နအဖ-တို့ မှာ စစ်အစိုးရဟု ပြောလျှင် ယင်းအချိန်က ကြေညာချက်များ ထုတ်ပြီး လုပ်နေခဲ့ သည်ဆိုလျှင်ထားတော့ ၊ ယခုသမ္မတဦးသိန်းစိန်က ဒီမိုကရေစီနိုင်ငံသစ်ဆီသို့  သွားနေခြင်းပါဟု ပြောနေသည်ကို ထောက်ရှုပြီး ရခိုင်ပြည်အရေးနှင့် ပါတ်သက်ပြီး မြန်မာနိုင်ငံအစိုးရကို ဘာကြောင့်များ မမေးမြန်းကြရသနည်း ။ ကျွန်တော့်မှာ မေးခွန်းတွေ တပုံတပင်ရှိသည် ။ မွတ်ဆလင်ဘာသာဝင် သမိုင်းလိမ်လူမျိုးတွေက သတင်းများကို လွှင့်ချင်တိုင်း လွှင့် တင်ချင်တိုင်း တင်နေသည်ကို ကျွန်တော်တို့ သိသည် ။ ကျွန်တော်တို့ ထက် ပြည်တွင်းက ပြည်သူတရပ်လုံးသိသည် ။ အထူးသဖြင့် အစိုးရက ပို၍သိပါသည် ။
ယင်းသို့  သတင်းလိမ်များ ဓါတ်ပုံလိမ်များကို လွှင့်ထုတ်နေခြင်းကို ပြည်တွင်းမှ နေ့ စဉ်ထုတ်သတင်းစာများက တကြောင်းတလေမျှ ပြန်လည်ချေပခြင်းလည်း မရှိသည်မှာ စတုတ္တမဏ္ဍိုင်ဟု ခေါ်သော မီဒီယာကို ဘာတခုမှ မသိလိုက်ရဘဲ မြန်မာနိုင်ငံသားတွေ ဂျီဟပ်ခေါ်သော လည်ပင်းလှီးမည့် သူများလက်ထဲ သွေးချောင်းစီးကြရတော့မည်ဖြစ်သည် ။ ပြည်သူကို အသိပေးရန် ယခုအချိန်မှာ အချိန်တန်နေပါပြီ ။ သမ္မတဦးသိန်းစိန်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးမဟုတ် ဟု ပြောကြားသောမိန့် ခွန်းကို ကြိုဆိုထောက်ခံသောအားဖြင့် စစ်တွေမြို့ မှာ အိမ်တိုင်းစေ့ အလံတွေ ထောင်နေကြပြီ ။ အခြားပြည်နယ် မြို့ တွေမှာ အလံတွေ ထောင်ကာ ကြိုဆိုရန်လိုသည် ။
အာဆီယံနိုင်ငံထဲတွင် မွတ်ဆလင်ဘာသာဝင်နိုင်ငံများက ပါဝင်နေရာ ယခုအချိန်တွင် သမ္မတဦးသိန်းစိန်ကို တိုက်ခိုက်နေသည်မှာ လွန်လွန်းလာနေပြီ ။ ထိုင်းနိုင်ငံကို မသွားခင် တရက်အလိုမှာ ထိုင်းနိုင်ငံထုတ်သတင်းစာက ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားထားသည် ။ စင်စစ်အားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းသည်မွတ်ဆလင် ခွဲထွက်ရေးသမားများ၏ လည်လှီးသတ်ဖြတ်ခြင်းခံနေရသော ဘာသာရေးစစ်မြေပြင်ဖြစ်နေသည် ။ ယင်းစစ်မြေပြင်ကို ဘေးဖယ်ထားကာ ယခုကဲ့သို့  တညီတညွတ် မည်သည့်အတွက်ကြောင့် မွတ်ဆလင်ဘာသာဝင်နိုင်ငံများက လှုပ်ရှားလာနေကြရသနည်း ။ ဤပြသနာမှာ အသေးအမွှားမဟုတ်တော့ ။ တိတိကျကျ လေ့လာစုံစမ်း သုတေသနပြုလုပ်ပြီး လူမျိုးရေး ဘာသာရေးစစ်ပွဲသို့  ဦးတည်လာနေပြီဆိုသည်ကို သတိထားကြရမည့်အချိန်ဖြစ်သည် ။ အကယ်၍ ကျွန်တော်တို့ ၏ ခန့် မှန်းသုံးသပ်ချက်များကို လျှော့ပေါ့တွက်ချက်ပြီး ဂရုမထားပါက နောင်အနာဂါတ်တွင် ဆိုးကျိုးများကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု တိတိကျကျ နိမိတ်ဖတ်ပြော၍ရပါသည် ။ မွတ်ဆလင် ဘာသာဝင် သမိုင်းလိမ်လူမျိုးတို့ မှာ တိုင်းရင်းသားအဖြစ် တောင်းဆိုခြင်းထက် နယ်မြေချဲ့ ထွင် ကိုလိုနီအဖြစ် သိမ်းပိုက်ရေးဖြစ်လာပြီ ။ ဤအချက်ကို မြန်မာနိုင်ငံသားတိုင်း လက်တွဲ ပြီး တညီတညွတ်ကာကွယ် ရတော့မည်ဖြစ်သည် ။ အင်္ဂလိပ် နယ်ချဲ့ တို့ သည် မြန်မာနိုင်ငံကို သိမ်းပိုက်ရန် အရှေ့အိန္ဒိယကုမဏီ၏ သစ်ကိစ္စလောက်ကို အကြောင်းပြပြီးပီး ရခိုင်နှင့် တနင်းသာရီကို ပထမဦးစွာ နယ်ချဲ့  သိမ်းပိုက်ခဲ့ သည် ။ နောက်မှ မန္တလေးကို သိမ်းပိုက်ပြီး ရန်ကုန်မြို့ ကို သိမ်းပိုင်သောအခါ မြန်မာနိုင်ငံတခုလုံးသည် အဂ်လိပ်လက်အောက် ကျရောက်သွားခဲ့ ရသည် ။ ၁၈၂၅ -ခုနှစ် အချိန် ခရဟ်ယန်ဘာသာဝင်များဖြစ်ရန် အင်္ဂလိပ်တို့  နယ်ချဲ့ အုပ်စိုးခဲ့ သလို ယခုတဖန် သမိုင်းကို တခါပြန်ပြီး မွတ်ဆလင်ဘာသာဝင်များ နိုင်ငံဖြစ်ရန် ရေးဖို့  ဖြစ်လာရမည်လား ။
ကျွန်တော်တို့ အနေဖြင့် သမ္မတဦးသိန်းစိန် ၏ ကုလသမ္မဂ -မဟာမင်းကြီး-Mr Antonio Guteress-ကို ပြောကြားသောအချက်အား ထောက်ခံကြိုဆိုသည် ။ ယင်းပြောကြားချက်ကြောင့် သမ္မတဦးသိန်းစိန်အား နိုင်ငံတကာတွင်ဆန္ဒပြကန့် ကွက်နေမှန်းလည်း သိသည် ။ စင်စစ်အားဖြင့် ယခုအချိန်တွင် ပြည်သူ့ လွှတ်တော်မှနေပြီး ယခုကဲ့ သို့  သတင်းလိမ်များ ၊ ဓါတ်ပုံလိမ်များကို လိမ်ညာပြီး လုပ်ကြံဝါဒဖြန့် နေခြင်းအပေါ် သတင်းစာဆရာများအား ခေါ်ယူဖြေရှင်းရန်လိုသည် ။ သို့ မဟုတ်က သမ္မတဦးသိန်းစိန်၏ ဓါတ်ပုံနှင့် နိုင်ငံတော်အလံအား လန်ဒန်မှ ဝေနှင်းပွင့်သုန်တို့ လို မကြာခင်ခြေထောက်ဖြင့် နင်းခြေမည့်သူများ မြောက်မြားစွာ ပေါ်လာမည်ဖြစ်သည် ။
လာမည့်စက်တင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသို့  ခရီးထွက်လာမည်ဖြစ်သည် ။ ကုလသမ္မဂအဖွဲ့ ချုပ်တွင်လည်း နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ ဆုံမည်ဖြစ်သည် ။ ယင်းအခါ သတင်းစာကြီးများနှင့် တွေ့ ဆုံမည်ဖြစ်ရာ နယူးယောက်မြို့ မှာ ရှိသော -နိုင်ငံတကာလွပ်ငြိမ်းချမ်းသာခွင့် အဖွဲ့ - Amenesty International – AI-နှင့် တွေ့ ဆုံဖြစ်မည်မှာသေချာသည် ။ ယင်းအချိန်ထိ ကျွန်တော်တို့ မှာ ယခုကဲ့ သို့ သတင်းလိမ်များ ထုတ်ပြန်နေခြင်းနှင့် မြန်မာနိုင်ငံအပေါ် ဂျီဟပ်စစ်ဆင်ရေး ပြုလုပ်မည်ဟု ကြေညာနေသော မွတ်ဆလင်နိုင်ငံများကို မဖြေရှင်းဘဲ နေလို့  ရမည်လား ။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်မှ အကောင်းဆုံးဖြေရှင်းရန် အမေရိကပြည်ထောင်စုသို့  မလာခင် ရခိုင်ပြည်နယ်သို့  ခရီးထွက်ပြီး ရခိုင်လူမျိုးဒုက္ခသည်များနှင့် တွေ့ ဆုံပြီးမှသာ အဖြစ်မှန်ကို ကမ္ဘာသို့  ရှင်းပြနိုင်မည်ဖြစ်သည် ။ ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးများမှာ မည်သို့ မည်ပုံ ဒုက္ခသည်ဖြစ်နေသည်ကို သွားရောက်ကြည့်ရှုရန်လိုသည် ။ NGOs များမှ အကူအညီများကို ဘာကြောင့် မယူလိုသည်ကို နားလည်ရန်လိုသည် ။ မည်သူက မည်သို့ ဖြစ်သည်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာပြီး ကမ္ဘာမှာ ချပြနိုင်မည်ဖြစ်သည် ။ အစိုးရက မချပြလျှင် ချပြရန်မှာ ဒေါ်အောင်ဆန်းစုကြည်သာဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်က ယခုအချိန်မှာ မြန်မာနိုင်ငံအလံတော်အား မွတ်ဆလင် ဘာသာဝင် သမိုင်းလိမ်များ၏ ခြေထောက်အောက်တွင် နင်းချေမခံရရန် ကာကွယ်စောင့်ရှောက်ပေးစေလိုသည် ။ ခြေထောက်ဖြင့် နင်းချေသည်ထက် ယခုတော့ သွေးချောင်းစီးတိုက်ပွဲ ဖြစ်လာကြတော့မည်မှာ သေချာသည် ။ အဘယ့်ကြောင့်ဆိုသော် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေကြပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ မှာ မြန်မာနိုင်ငံတ်ာအလံကို ဂါရ၀ကြီးမားစွာဖြင့် အလေးပြုနေကြသူများဖြစ်သောကြောင့် နိုင်ငံတော်၏ ဂုဏ်ကြက်သရေကို အဖတ်ဆယ်ရန်သာ ရှိပါတော့သည် ။ အဖတ်ဆယ်ပေးမည့်သူမှာလည်း ဒေါ်အောင်ဆန်းစုကြည်မှ တပါအခြားသူမရှိချေ။ ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံကို အလေးမပြု၍ တခန်းတနား စာဖွဲ့ ကာ နေ့ စဉ်ထုတ်သတင်းစာများတွင် နိုင်ငံတော်အလံကို အလေးပြုရန်တိုက်တွန်းနေသူ သတင်းစာဆရာများမှာ နိုင်ငံတော် အလံကို ခြေထောက်နှင့် နင်းခြေသူများအား တုန့် ပြန်ရန်သာ အရေးကြီးသည်ဟု ပြောချင်ပါတော့သည် ။ တိတိကျကျ ပြောရလျှင်မူ ရခိုင်ပြည်နယ်သည် ကျူးကျော်သူများကို ခုခံတိုက်ခိုက်သော စစ်မြေပြင်အဖြစ် အကောင်းဆုံး တိုက်ပွဲနေရာဖြစ်ပြီး မြန်မာနိုင်ငံတခုလုံးကမူ အကောင်းဆုံး ထောက်ပံ့ကာ သေနတ်ကိုင် ဒါးဆွဲ လုပ်ပေးရမည့်ကာလ ဖြစ်နေပြီဆိုသည်ကို ပြောချင်သည် ။ သို့ မဟုတ်က မသီတာထွေး ပြီးတော့ သမ္မတဦးသိန်းစိန် ပြီးတော့ နိုင်ငံကိုပါ ယူသည်ဟု ပြောရမည့်ကိန်းကား မလွဲမသွေ ရောက်လာမည်လား ဆိုလျှင် --

ခိုင်အောင်ကျော် ( နယူးယောက် )

သတိ.. မှတ်မိတယ်ဟုတ်.. ချေးထုပ်

အထူးကြောင်ပိန်းဖျင်းတဲ့ ဦးအောင်သိန်းလင်းသို့ ဖိုးသိကြားမှ အိပ်ဖွင့်ကဗျာ (သို့) သတိ.. မှတ်မိတယ်ဟုတ်.. ချေးထုပ်

by ဖိုး သိကြား on Monday, July 23, 2012 at 1:14pm ·



ရုပ်ရည်နဲ့လိုက်ဖက်ကာ
စိတ်ဓါတ်ပါပုပ်သိုးကြမ်းကြုတ်
ဘီလူးရုပ်ပေါက်နေတာတာင်
မင်းသားအယောင်ဆောင်
ကြောင်တောင်တောင်ပိန်းကာဖျင်းတဲ့
ဦးအောင်သိန်းလင်း..

ခင်ဗျားရဲ့ခပ်ကြောင်ကြောင်စကားမှာ
အမေစုကိုထောက်ခံကြတဲ့
ကျုပ်တို့အားလုံးက
အရူးတွေတဲ့လား..ဟား..ဟား
ရူးတယ်ပဲပြောပြောဗျာ
ကျုပ်တို့မနောထဲက
သဘောကျနှစ်သက်လေတဲ့
အမေစုကိုတော့
ဆက်လက်ထောက်ခံအားပေးဦးမှာပဲ..။

ယုတ်ညံ့လှတဲ့ခင်ဗျားရဲ့စိတ်ထား
ခင်ဗျားစကားတွေက
သက်သေပြနေကြပါလား
အားလုံးသောပြည်သူ့ဆန္ဒအရ
သမ္မတကိုယ်တိုင်ရှေ့မဆက်
ရပ်နားထားတဲ့စီမံကိန်းကို
ခပ်ပိန်းပိန်ပြောချက်က
ဆက်လက်လုပ်မယ်ဆိုပဲ
တဟဲဟဲနဲ့ ရယ်လိုက်ချင်တယ်
ခင်ဗျားက ဘာမို့လဲ???

ပြောလိုက်ဦးမယ်
အော့နှလုံးနာစရာအကြောင်းအရာတွေ
ရွှေဝါရောင်တော်လှန်ရေးမှာ
မေတ္တာပို့သွား ဘုရားသားတွေကို
ကြည်ညိုမြတ်နိုးလက်စုံးမိုးတဲ့
တပည့်ဝန်ထမ်းတွေကိုလည်း
ခင်ဗျားဆဲဆိုခဲ့တယ်..။

မဲဆွယ်ကာလမှာသတင်းရှာတဲ့
မီဒီယာတချို့ကိုလည်း
ခင်ဗျားချဲခဲ့ဖူးတယ်..။

တခါကအရာရှိဘဝ
ဖမ်းဆီးရတဲ့ သုံ့ပန်းရဲ့နားရွက်
ဓါးနဲ့လှီးဖြတ် အစိမ်းသက်သက်ကို
အရက်နဲ့လည်း မြည်းခဲ့သေးတယ်..။

ရက်စက်ကြမ်းကြုတ် သန္ဓေစုတ်က
အရေခွာတောင်မရခဲ့ဘူး
အမတ်ရာထူး တနေရာရ
ငါကွငါကွလုပ်ခဲ့လို့
မြို့ဝန်ရာထူးပြုတ်ပြီးတဖန်
ချေးထုပ်ဒဏ်ပါခံခဲ့ရတာရော
မှတ်မိသေးရဲ့လား.. ဟား..ဟား

ခုတော့ခင်ဗျားက
မင်းသားကြီးမမြှောက်လို့
ပတ်မကြီးထိုးဖောက်မယ်အကြံနဲ့
ဘန်ကီမွန်းလည်းလက်မခံ
UN ကိုလည်းမယုံကြည်
ဟီလာရီကို စိတ်တွေခု
အမေစုကျအကောင်းမထင်
မြင်မြင်သမျှ ဘ၀မကျဘဲ
တရုတ်ကိုသာ အဖေခေါ်မယ့်အရူး
အထူးကြောင်ပိန်းဖျင်းတဲ့
ဦးအောင်သိန်းလင်းပဲ.. ဟဲ..ဟဲ

ရှင်းရှင်းပြောရရင်
“ပုထုဇနော ဥမ္မတကော..” ဆိုတဲ့
ဗုဒ္ဓစကားအရသာ
ကျုပ်တို့ကရူးနေကြတာ
ဒါပေမယ့် ခင်ဗျားလိုတော့
ပိုသာထူးလို့ အရူးမထဘူး..။

နောက်ဆုံးသတိပေးလိုက်ချင်ရဲ့
အထူးကြောင်ပိန်းဖျင်းတဲ့
ဦးအောင်သိန်းလင်းရေ့
ကိုယ့်အကြောင်းကိုယ်သိ
ကိုယ့်နေရာကိုယ်ကြည့်လို့
လက်ရှိအမတ်ရာထူးလေး ပြုတ်မသွားအောင်
တိတ်တိတ်ဆိတ်ဆိတ်နေလို့
ပါးစပ်ပိတ်ထားဗျို့..
နို့မို့ဆိုရင်တော့..
သတိ.. မှတ်မိတယ်ဟုတ်.. ချေးထုပ်

မို့ဝန်ပြုတ်ကြီးရဲ့ စကားမှာ အရူးတွေဖြစ်သွားရတဲ့ ဘ၀တူအရူးများကိုယ်စား ရေးသားပါသည်..။
အားလုံးကို ချစ်ခင်လေးစားသော... ဖိုးသိကြား(အရူးတယောက်)... (23/07/2012)

အချိန်မီကာကွယ် တုန့်ပြန်ဖို လိုအပ်နေပြီ

မြန်မာအစိုးရ အနေနဲ့ အချိန်မီ ကြိုတင်ပြင်ဆင်ပြီး ထိထိရောက်ရောက် ကာကွယ် တုန့်ပြန်ဖို လိုအပ်နေပြီ

by Lwin Aung Soe on Monday, July 23, 2012 at 11:22am ·
A stitch in time saves nine.

မြန်မာအစိုးရ အနေနဲ့ အချိန်မီ ကြိုတင်ပြင်ဆင်ပြီး ထိထိရောက်ရောက် ကာကွယ် တုန့်ပြန်ဖို လိုအပ်နေပြီ

မြန်မာအစိုးရဘက်က ပြည်ပခိုးဝင် ဘင်္ဂါလီ ရိုဟင်ဂျာ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ အားနည်းချက်တွေ ရှိတာကို သတိပြုမိပါတယ်။ အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ချင်ပုံ ရှိတယ်လို့ ထင်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ ကောင်းကောင်းကြီး သတိထားစရာတွေ ရှိလို့ အတတ်နိုင်ဆုံး စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး အင်အားစုစည်းထားဖို့ လိုအပ်နေပြီလို့လည်း ထင်ပါတယ်။

အခြားတဖက်မှာဆိုရင် မူဆလင်၊ အစ္စလမ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်သွေးကြွတွေဟာ သူတို့ လုပ်ရပ် မှန်ကန်ကြောင်း သက်သေပြချင်နေတာကြောင့် ပြဿနာ လိုက်ရှာနေချိန် ဖြစ်ပါတယ်။ သူတို့လုပ်ရပ် မှားယွင်းနေတာကို မူဆလင်တွေ အပါအဝင် တကမ္ဘာလုံးက သိနေကြတယ်လို့ ဆိုနိုင်ပါတယ်။

အမေရိကန်၊ ဥရောပ၊ သြစတြေလျ၊ ဂျပန်၊ တောင်ကိုးရီးယား အစရှိတဲ့ နိုင်ငံတွေမှာ မူစလင် စစ်သွေးကြွ အကြမ်းဖက်သမားတွေ ခေါင်းမထောင်နိုင်ပါ။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့ နိုင်ငံတွေမှာလည်း အတော်အတန် ထိန်းကွပ်ထားနိုင်ပါတယ်။ ဒါကြောင့် အလွယ်ကူဆုံး ပစ်မှတ်လို့ ယူဆနိုင်တဲ့ မြန်မာဘက်ကို ဦးတည်လာနေတာလို့ တွေးဆမိပါတယ်။

ဘင်္ဂလီ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ နိုးကြားစွာ တုန့်ပြန်မှုက အားရစရာကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အချုပ်အခြာကိုပါ ထိခိုက်လာနေတဲ့အတွက် ဒီလောက်နဲ့တင် မလုံလောက်ပါဘူး။

မြန်မာအစိုးရကိုယ်တိုင် နိုင်ငံတကာ အတိုင်းအတာအနေနဲ့ တက်တက်ကြွကြွ ပိုမို ပူးပေါင်းဆောင်ရွက်တာ၊ မြန်မာပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးကို စီမံလုပ်ဆောင်ပေးနိုင်ရင် ကောင်းမယ်လို့ ယူဆပါတယ်။ အချိန်မီ ကြိုတင်ပြင်ဆင်ပြီး ထိထိရောက်ရောက် ကာကွယ် တုန့်ပြန်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

လွင်အောင်စိုး
၂၃-၇-၂ဝ၁၂
......................................


Muslims burn a picture of Burma’s President Thein Sein as they protest in front of the Burmese embassy in Bangkok by 21 June 2012. (Reuters)

Thousands of Rohingya Muslims protest at Burmese embassy in Kuala Lumpur