Tuesday, July 24, 2012

အိန္ဒိယ အာသံပြည်နယ် ဒေသခံနှင့် အခြေချ ဘင်္ဂလီများ၏ အဓိဂရုဏ်း လူပေါင်း ၁၈ ဦးသေဆုံး

သတင်း-နိဉ္စရာ July 23, 2012 at 7:21 pm

လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပတိပက္ခ အတွင်း လူပေါင်း ၁၈ ဦးသေဆုံး ပြီးနောက် ဝေးကွာလွန်းတဲ့ အာသံပြည်နယ် အတွင်းက ထောင်ပေါင်း မြောက်များစွာသော လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒီကနေ့ အေပီ သတင်း တစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။

အခုအချိန်ထိ ပျောက်ဆုံးနေသူ ၁၀ ဦးရှိကြောင်းနဲ့ တိုက်ခိုက်မူတွေဟာ မြေယာပိုင်ဆိုင်မူ အငြင်းပွားရာကနေ ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူတွေ အကြားမှာ ဖြစ်ပွားတာ ဖြစ်တယ်လို့ အိန္ဒိယ အာသံပြည်နယ် ပုလိပ်မင်းကြီး J.N. Choudhury ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။

အခု အဓိဂရုဏ်း ဖြစ်နေတဲ့ နေရာဟာ အာသံပြည်နယ် အနောက်ပိုင်း ကိုကြာဂျဟာ ခရိုင် (Kokrajhar district) အတွင်းမှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ အခုအခါ အဓိဂရုဏ်းဟာ အနီးအနားက ခရိုင်နှစ်ခုမှာ ဆက်လက် ကူးစက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဓိဂရုဏ်းအတွင်း ဓါးခုတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို တောထဲ နေရာ တချို့နဲ့ ကားလမ်း ဘေး၊ မြစ်ကမ်းဘေးတွေမှာ ရဲတွေက ရှာဖွေတွေ့တယ်လို့ ပြောပါတယ်။ အခုအခါ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးလာကြတဲ့ လူပေါင်း ၃၀၀၀၀ ခန့်ရှိပြီး သူတို့တွေ အတွက် ကယ်ဆယ်ရေး စခန်း (၆) ခုခန့်ကို ဖွင့်လှစ် ထားတယ်လို့ ပြောပါတယ်။

အခုအခါ အိန္ဒိယ အစိုးရက အဲဒီ ဒေသမှာ ကာဖျူး ထုတ်လိုက်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ အဲဒီဒေသကို စစ်တပ်တွေ စေလွှတ်ထားလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံ အာသံပြည်နယ်က ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ အခြေချနေထိုင်သူတွေအကြား အပြန်အလှန် ကွက်တိ ကွက်ကျား တိုက်ခိုက်မူတွေနဲ့ အတူ အိမ်မီးရှို့မူတွေကတော့ ၁၉၉၀ ခုနှစ်ကတည်းက ဖြစ်ပွားနေခဲ့တယ်လို့ ပြောပါတယ်။

မြေယာ ခိုးယူ ပိုင်ဆိုင်မူ အငြင်းပွားမူတွေကြောင့် ဒေသခံ ဘိုရိုတွေနဲ့ ထောင်ပေါင်းများစွာသော အရှေ့ပါကိစ္စတန် လက်ထက် ( ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး မတိုင်မီ) ကတည်းက အခြေချနေထိုင်သူ ဘင်္ဂလီတွေအကြားမှာ အမြဲတန်းလိုလို ဆူပွက်မူတွေနဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

နောက်သတင်း တစ်ခုမှာတော့ မွတ်ဆလင် ကျောင်းသားခေါင်းဆောင်နှစ်ဦး တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ မွတ်ဆလင်တွေက ဘိုရို လွတ်မြောက်ရေး ကျားအဖွဲ့က လူ ၄ ဦးကို ပြန်လည် တိုက်ခိုက်ရာကနေ အခု အဓိဂရုဏ်း စတင် ဖြစ်ပွားလာတယ်လို့ ပြောပါတယ်။
http://www.narinjara.com/burmese/?p=1415

မြန်မာ့ဆန်တင်ပို့မှု တရုတ်လက်မခံ



by အေးနိုင် July 24, 2012(photo-MRTV4)

မြန်မာနိုင်ငံဘက်က တင်ပို့နေတဲ့ဆန်ကို တရုတ်ဘက်အခမ်းက အခုရက်ပိုင်းအတွင်း တင်းကျပ်စိစစ်လိုက်တဲ့အတွက် ဆန်တင်ပို့မှု ရပ်ဆိုင်းရေတာ့မယ့် အခြေအနေ ဆိုက်နေတယ်လို့ ဆန်စပါးလုပ်ငန်း အသိုင်းအ၀ိုင်းက ပြောပါတယ်။

နယ်စပ်ကနေ ဆန်တင်သွင်းနေတာကို တရုတ်ဘက်က ရက်ပိုင်းအတွင်း တင်းကျပ်လိုက်တဲ့အတွက် မြန်မာ့ဆန်တင်ပို့မှု ရပ်ဆိုင်းခဲ့ရတာပါ။

နဂိုကတည်းက မြန်မာ့ဆန်ဟာ အရည်အသွေးနိမ့်လို့ဆိုပြီး တရုတ်နိုင်ငံက တရားဝင်ဝယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် မှောင်ခိုလမ်းကြောင်းက ပို့နေရတာဖြစ်ပြီး အခု တင်းကျပ်လိုက်တာပါ။ မြန်မာ့ဆန်တင်ပို့မှုကို တရုတ်ရဲ့ တင်းကျပ်မှုဟာ မြန်မာ့အသားတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ဆောင်ရွက်ချက်အသစ် ဖြစ်ပါတယ်။

ဒီဆန်တင်ပို့မှု တင်းကျပ်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ခုလို ပြောပါတယ်။

“နဂိုကတည်းက တရားမ၀င်တာ အခုက ၀န်ထမ်းတွေကို သူတို့ပို စည်းကမ်းကျပ်လိုက်တယ် ထင်တယ်။ ဟိုဘက်မှာ ရောင်းရ ၀ယ်ရခက်နေတယ် ကြားတယ်။ အဓိကပြဿနာက သယ်ယူပို့ဆောင် စရိတ်ကြီးတော့ ဆန်တွေသွားပုံမှာပေါ့။ ပို့ထားပြီးသား ဆန်တွေက ဒီဘက်ပြန်သယ်ရခက်မယ်။ သယ်ယူပို့ဆောင်စရိတ်က တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းလောက်ရှိနေတာ။”

မြန်မာပြည်ကဆန်ကို တရုတ်ဘက်မှာ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဇံလို အစာထုတ်လုပ်မှုနဲ့ ဆန်အရက်ချက်တာတွေမှာ သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

ဧပြီလကနေ မပိတ်ခင်အထိ ၁ ရက်ကို မြန်မာဆန် မက်ထရစ်တန်ချိန် ၂၀၀၀ နဲ့ ၂၅၀၀ အကြား တင်ပို့နေရာက ရပ်တန့်သွားတာလို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

မြန်မာဆန်ကုန်သည်တွေအဖို့ ရန်ကုန်ကနေ မူဆယ်၊ မူဆယ်ကနေ ကျယ်ဂေါင်ကို ဆန်မက်ထရစ် ၁ တန်ကို သယ်ယူပို့ဆောင်စရိတ် ဒေါ်လာ ၁၂၀ လောက်ကျသင့်ခံ ပို့ဆောင်ထားရာက အခုလိုတင်းကျပ်လိုက်တော့ သိုလှောင်စရိတ်တက်တာနဲ့ ပျက်စီးကုန်မှာတွေကြောင့် ငွေကြေးနစ်နာမှုတွေ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

မြန်မာ့ဆန် ပြည်ပနိုင်ငံတွေဆီ တင်ပို့နိုင်ရေးကိစ္စကို အစိုးရချင်း စကားပြောဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကေတာ့ ဟိုတခေါက် ညီလာခံမှာ တွေ့တုန်းကလည်း စီးပွားကူးသန်းဝန်ကြီးကို တင်ပြထားတယ်လေ။ ဒါကေတာ့ နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းပြီး စီးပွားကူးသန်းဝန်ကြီးအနေနဲ့ ညှိနှိုင်းပေးဖို့ပေါ့နော်။ သူတို့ လက်မှတ်ထိုးပေးမှ ရမှာလေ။ ကျနော်တို့ အသင်းအနေနဲ့ လုပ်လို့မရဘူး။ ကျနော်တို့ မြန်မာဆန်ကို သူတို့ တရားဝင် လက်ခံပေးဖို့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျေန်ာတို့ တိုင်းပြည်က သူတို့ပစ္စည်းတွေအများကြီးကို လက်ခံပြီး သုံးစွဲနေတာလေ။ ကျနော်တို့ ထွက်ကုန်ပစ္စည်းက ဘာမှ ရှိတာ မဟုတ်ဘူး။ သူတို့ တရားဝင် လက်ခံပေးဖို့ပေါ့။”

မူဆယ်ဒေသခံတွေနဲ့ မူဆယ် ၁၀၅ မိုင်ဂိတ် နယ်စပ်ကုန်သွယ်ရေးက ညွှန်ကြားရေးမှူးရုံးခန်းကလည်း လုံးဝတင်ပို့မှုရပ်တန့်တာမျိုးတော့ မဟုတ်သေးဘဲ ဆန်ကားတွေလာတာ တွေ့နေရဆဲပဲလို့ ပြောပါတယ်။

အရည်အေသွးနိမ့်တဲ့ မြန်မာ့ဆန်ကို ပြည်ပ တင်ပို့ကုန် မျက်နှာပန်းလှေအာင် အရည်သွေးမြှင့်ဖို့ ကြိုးပမ်းကြရမယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း အေထွေထွအတွင်းရေးမှူး ဒေါက်တာမျိုးအောင်ကျော်က ပြောပါတယ်။

“နိမ့်တဲ့အခါကျေတာ့ ဈေးကွက်မှာလည်း ဈေးကောင်းကောင်းမရဘူး။ ကျေန်ာတို့စက်တွေမှာကလည်း နှစ်ပေါင်းများစွာ ၁၉၅၀၊ ၁၉၆၀ ထဲက သိပ်အများကြီး တိုးတက်မလာသေးဘူးလေ။ နည်းနည်းပိုကောင်းတဲ့ စက်တွေထည့်လာတယ် ဆိုပေမယ့် ရာခိုင်နှုန်းတော်တော်များများက နဂိုအေနအထားအတိုင်းပဲ ရှိသေးတယ်။”

တရုတ်နယ်စပ်မှာ ဆန်တင်ပို့မှုကြောင့် နစ်နာရမယ့်သူတွေဟာ တပိုင်တနိုင် ပုဂ္ဂလိကလုပ်ငန်းရှင်ငယ်တွေလား ဒါမှမဟုတ် လုပ်ပိုင်ခွင့်ရှိသူတွေနဲ့နီးစပ်တဲ့ ခရိုနီ စီးပွားရေးသမားတွေ နစ်နာတာလားဆိုတာ သဲသဲကွဲကွဲ မသိရေသးပါဘူး။

သာယာဝတီနယ်က လယ်သမားတွေကို မေးကြည့်ရာမှာတော့ လက်ရှိ လယ်သမားလက်ထဲမှာ စပါးမရှိတော့တဲ့အချိန် စပါးကုန်သည်တွေက ဈေးမြှင့်ပေးလာဝယ်နေပေမယ့် ပဲဈေးတွေထိုးကျတဲ့အတွက် လယ်သမားတွေ ဘာစိုက်ပျိုးရမယ်ဆိုတာ တွက်ချက်ရ ခက်ခဲနေတယ်လို့ ပြောပါတယ်။
http://burmese.dvb.no/archives/28322

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် နိုင်ငံတော်အလံများ လွှင့်ထူ

Min Ko Aung's photo.
about an hour ago by-EMG

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၂ ရက်နေ့မှ ကိုးရက်တိုင်တိုင် လွှင့်ထူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထိုသို့ လွှင့်ထူရခြင်းမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကုသလမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သောအဖွဲ့နှင့် ဆွေးနွေးခဲ့ရာတွင် ပြောဆိုခဲ့သော စကားများကို ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ နိုင်ငံတော်အလံကို လွှင့်ထူကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း''ဟု မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး အိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင် မြန်မာနိုင်ငံတော်အလံကို လွှင့်ထူထားကြပြီး ကိုးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများက ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဥပဒေအရာရှိချုပ် ဦးလှသိန်းက ''သမ္မတပြောတာကို ထောက်ခံလို့ နိုင်ငံတော်အလံကို ထောင်တာကတော့ ကောင်းတာပေါ့။ ဒါပေမယ့် ဘယ်သူတွေ ဦးဆောင်ပြီးထောင်တယ်ဆိုတာကိုတော့ မသိပါဘူး''ဟု ပြောကြားခဲ့ပါသည်။

အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ သတင်းနှင့်ပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင်ကလည်း''နိုင်ငံတော်အလံကို ထောင်ကြတယ်ဆိုပြီး လေ့လာကြည့်တော့ သမ္မတကြီးကို ထောက်ခံတဲ့အကြောင်းကို ထုတ်ဖော်ပြသတာဆိုတော့ ကောင်းပါတယ်။ ပြည်နယ်အစိုးရအနေနဲ့လည်း ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ဒီလိုလုပ်တာ ကောင်းပါတယ်''ဟု ပြောကြားခဲ့ပါသည်။

ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး စစ်တွေမြို့တွင် နိုင်ငံတော်အလံကို ကားများ၊ ဆိုက္ကားများ၊ ဆိုင်ကယ်များ၊ အိမ်များ အစရှိသည့် နေရာပေါင်းစုံတွင် တော်တော်များများ လွှင့်ထူထားခြင်းအား တွေ့ရှိရပါသည်။

စစ်တွေမြို့တွင် ပျံ့နှံ့နေသော လက်ကမ်းစာစောင်များတွင် "သမ္မတကြီးအား ရခိုင်လူမျိုးများမှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းကိုပြသခြင်း၊ သမ္မတကြီး၏ ပြောစကားကို ရခိုင်လူမျိုးများမှ ထောက်ခံကြောင်း ပြသခြင်း၊ ဘင်္ဂလီများ အရေးကိစ္စတွင် သမ္မတကြီးနောက်မှ ရခိုင်လူမျိုးများရှိကြောင်းပြသခြင်း၊ သမ္မတကြီးစကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မထောက်ခံသော အဖွဲ့အစည်းများအား ရခိုင်လူမျိုးများက ပြန်လည် ကန့်ကွက်၊ ဆန်ကျင်၊ မထောက်ခံကြောင်းပြခြင်း၊ သမ္မတကြီးစကားကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် တပ်မတော်၊ ရဲ၊ နစက၊ လ၀ကနှင့် အခြားသော ၀န်ထမ်းများနှင့်တကွ ရခိုင်ပြည်သူတစ်ရပ်လုံးမှ မှန်ကန်စွာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ကို ပြသခြင်းဖြစ်ကြောင်း"ဟု ဖော်ပြထားပါသည်။

ထို့အပြင် စစ်တွေမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမြင့်ဇော်ကလည်း "ဒီလိုမျိုး သမ္မတကြီးရဲ့စကားကို ထောက်ခံပြီး လုပ်ကြတာ သိပ်ကိုကောင်းတဲ့ အစီအစဉ်တစ်ရပ်ပါ။ နောက်ကိုလည်း နိုင်ငံတော် သမ္မတကြီးနဲ့ တစ်ကွ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာလည်းပဲ တိုင်းသူပြည်သားတွေအတွက် အကျိုးရှိလို့ရှိရင် ပြည်သူ့အကျိုးအတွက် ရပ်တည်ပေးလို့ရှိရင် ဥပဒေဘောင်အတွင်းကနေပြီး ဂုဏ်ပြုခြင်းတွေ လုပ်သင့်ပါတယ်။ အခု ရခိုင်ပြည်သူတွေလုပ်နေတာကိုလည်း ကျွန်တော့်နေနဲ့ အားပေးသလို ကျွန်တော့အိမ်မှာလည်း နိုင်ငံတော်အလံကိုထောင်ထားပါတယ်"ဟု ပြောကြားခဲ့ပါသည်။
 

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီပါတီသစ်ကို တယ်လီဖုန်းဆက် ခြိမ်းခြောက်

Messenger News


ရိုဟင်ဂျာများအကြောင်းကိုလွှတ်တော်တွင် ဝင်ရောက်ဆွေးနွေးခဲ့သော် အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တယ်လီဖုန်းဆက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
''တယ်လီဖုန်းဆက်တာလေး ကြိမ်ရှိသွားပြီ၊ ရိုဟင်ဂျာဆိုတာမြန်မာနိုင်ငံမှာရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမရှိဘူးလို့ ပြောတာကို လက်မခံနိုင်ဘူး'' ဟု ဖုန်းဆက်၍ ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်၏သား ကိုခိုင်မင်းက ပြောသည်။
ကျင်းပနေသည့် စတုတ္ထအ ကြိမ်မြောက်ပြည်ထောင်စုလွှတ်တော် တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တိုင်းရင်းသား ၁၃၅ မျိုးတွင် ရိုဟင်ဂျာလူမျိုးမပါဝင် ကြောင်းနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ ကဗျာဆန်၍မရကြောင်း၊ ယခုကိစ္စမှာ အမျိုးသားရေးကိစ္စဖြစ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့ သည်။
ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းဖြစ် နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပါတီဝင်များက ခန့်မှန်း ပြောဆိုကြသည်။
''ကျွန်တော်တို့နဲ့ အငြင်းအခုံ ဖြစ်ရတယ်၊ ပါတီရဲ့မူဝါဒက ခုလို ရှိတယ်ဆိုလို့ရှိရင် ပါတီရှေ့မှာ ဆန္ဒလာပြမယ်'' လို့ အမျိုးသားတစ်ယောက်ကလည်း ထပ်မံဖုန်း ဆက်ပြီးပြောကြားကြောင်း အမျိုးသားဒီမိုကရေစီပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်၍ ကူညီထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီပါတီသစ်ကို အဖွဲ့အစည်းတစ်ခုမှ လာရောက်လှူ ဒါန်းမှုများပြုလုပ်ခဲ့သော်လည်း ပါတီ က လက်မခံဘဲ အစိုးရအဖွဲ့ကိုသာ တိုက်ရိုက်လှူဒါန်းရန် ပြန်လည်ပြော ကြားခဲ့သည့်ဖြစ်စဉ်ရှိကြောင်းလည်း သိရသည်။ ရိုဟင်ဂျာလူမျိုးများ၏ အကြောင်းကို ရေးသားထားသော စာအုပ် ၇ အုပ်ကိုလည်း အမျိုးသား ဒီမိုကရေစီပါတီသစ်ကို လာရောက် ပေးပို့ခဲ့ကြောင်း ပါတီဝင်များက ပြော သည်။
''အခုဖုန်းဆက်ပြီးခြိမ်းခြောက် တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအ ဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သွားပြီ၊ သူတို့သိချင်တာတွေကိုလည်း လာမေးလို့ ဖြေပြီးသွားပြီ၊ ကျွန်တော် တို့ပါတီရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး လွှတ်တော်တွင်းမှာ ရဲရဲဝံ့ဝံ့ဆက်ပြီး တော့ ဖော်ထုတ်ဆွေးနွေးသွားဦးမှာ ပါ''ဟု ပါတီတာဝန်ရှိသူတစ်ဦးကThe Messenger ဂျာနယ်သို့ ပြောသည်

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တင်ပေးခဲ့သော တာမွေဒီချုပ်ဆိုင်းပုဒ်ကို ရိုက်ခွဲခဲ့သူအား ပြန်လည်ကျေအေး...

ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 24 Jul, 2012


တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား ခဲနှင့်ရိုက်ခွဲခဲ့သော ကာယကံရှင်အား ဒီချုပ် (NLD)က တရားစွဲဆိုခဲ့သည့်အမှုအား ယနေ့ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျေအေးလိုက်ပြီဖြစ်သည်။
အဆိုပါ ဆိုင်းဘုတ်ကို ဇွန်လ ( ၅ )ရက်နေ့နံနက် (၇) နာရီတွင် ကိုသီဟလှိုင်မှ ခဲနှင့်ရိုက်ခွဲလိုက်ခြင်းဖြစ်ကာ NLD က တာမွေရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“သူရဲ့တောင်းပန်မှု၊ ၀န်ချမှုအတွက် ကျွန်တော်တို့လူကြီးများက ပြည်သူတစ်ယောက်ဝန်ချမှုအတွက် ပြည်သူ တွေအပေါ် ဘယ်လိုကူညီရမလ၊ဲ ပြည်တွေအတွက် ဘာလုပ်ပေးရမလဲဆိုတဲ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ကျေအေးပေးပါတယ်။ ဒီပြစ်မှုအပေါ်မှာလည်း ကျွန်တော်တို့ လက်ခံ ပါတယ်။” ဟု ဒီချုပ်ပါတီ တာမွေမြို့နယ် ဥက္ကဌ ဦးလှသိန်းက ပြောသည်။
ပြည်သူတစ်ယောက်ကို အကာကွယ်ပေးပြီး ပြည်သူတစ်ယောက် အလုပ်ပျက်မှာကို မလိုလားသည့်အတွက် ကျေအေးပေးလိုက်ကြောင်း ဥက္ကဌ ဦးလှသိန်းက ပြောဆိုခြင်းဖြစ်သည်။
ဆိုင်းဘုတ်အား ခဲနှင့်ပစ်ပေါက်သူ ကိုသီဟလှိုင်အား တာမွေရဲစခန်းမှ အမှတ် ၅၈၁/၁၂ ပုဒ်မ ၄၂၇ (အကျိုးပျက်စီးမှု) နှင့်တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ (၂၆) ရက်နေ့ ရုံးချိန်းတွင် ၄င်းအမှုအား ကျေအေးရန် တရားရုံးတွင် ပြောဆိုမည်ဟု သိရသည်။

“ကျွန်တော်အမူးလွန်ပြီးဖြစ်သွားတာပါ။ ကျွန်တော့်ကိုယ် ကျွန်တော်တောင်ပစ်ခွဲလိုက်မှန်းမသိပါဘူး။ ရုံးအဖွဲ့ဝင်တွေကို ကျေနပ်အောင်တောင်းပန်ချင်လို့လာခဲ့ပါတယ်။ ဖျက်ဆီးလိုက်တဲ့တန်ဖိုးအတိုင်းလဲ ပြန်ပြီး လျော်ပေးပါမည်။”ဟု ကာယကံရှင် ကိုသီဟလှိုင်က ပြောသည်။

အဖွဲ့ချုပ်အနေနဲ့ ယင်းဆိုင်းဘုတ်သည် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်တင် ပေးထားသဖြင့် မိမိတို့တန်ဖိုးထားသော ပစ္စည်းကို အရိုက်ခွဲခံလိုက်ရသည့်အတွက် စိတ်ထိခိုက်ပါကြောင်း NLD ပါတီဝင် ဦးစံတင်က ပြောသည်။

“ကျွန်တော်အနေနဲ့တော့ ဘာမှပြောစရာမရှိဘူး။ လူကြီးတွေက ကျေအေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ဟု တရားခံရှေ့နေ ဦးကျော်မိုးနိုင်က ပြောသည်။
ဆိုင်းဘုတ်တန်ဖိုးသည် ကျပ်ငွေ (၁ သိန်း ၄ သောင်း)ကို ကာယကံရှင်( တရားခံ) အနေနဲ့ လျော်ကြေးပေးရ သည်ဟု သဘောမထားသလို မိမိတို့အနေနှင့် လျော်ကြေးပေးသည်ဟု သဘောမထားပဲ ရန်ပုံငွေကို တစ်ဖက်တစ်လမ်းမှ ကူညီသည်ဟုသဘောထားကာ ရန်ပုံငွေဖြတ်ပိုင်းပြန်လည်ပေးအပ်ခဲ့ကြောင်း တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးလှသိန်း ကပြောသည်။

"Good Governance ၊ Clean Government အဆိုကို တပ်လှန့်ခြင်း။

NLD ၏ ပထမဆုံးအဆိုဖြစ်သော "Good Governance ၊ Clean Government အဆိုကို စာဖတ်သူများထံ တပ်လှန့်ခြင်း။


by Yan Aung on Wednesday, July 25, 2012 at 1:25am ·
ဒီနေ့ EMG ရဲ့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်..။ NLD က ၂၅-၇-၂၀၁၂ မှာ တင်သွင်းမယ့် ပထမဆုံး အဆို အကြောင်းပါ..။

ပြည်သူ့လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင်က တင်သွင်းမည့် အဆိုကို ယနေ့ အစည်းအဝေးတွင် မတင်သွင်း ဖြစ်တော့ဘဲ ဇူလိုင်လ ၂၅ ရက်နေ့ အစည်းအဝေးတွင် တွင်သွင်းရန် ရွေ့ဆိုင်းလိုက်ကြောင်း သိရပါသည်။ ရွေ့ဆိုင်းလိုက်ရသည့် အကြောင်းအရင်းမှာ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန်နှင့် နီးကပ်သွား သဖြင့် အချိန်မလောက်င သောကြောင့် ရွေ့ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ် စေရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀င်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်း နိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်
အဆို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း အဆိုကို ယနေ့ကျင်းပနေသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းရန် စီစဉ်ခဲ့သော ပထမဆုံး အဆိုဖြစ်ပါသည်။ လို့ ဖော်ပြထားပါတယ်..။


စကားက လေးလုံးထဲပါ..။ Good & Clean ၊ Rule & Law ပါ..။


အဲဒီအဆိုဟာ .. သမိုင်းတွင်မယ့်အဆိုဖြစ်သလို ယခင် အစိုးရဟောင်းလက်ထက်က ဘောင်းဘီကျွတ်ပြီး အချောင် နေရာရလာသူများ၊ လွှတ်တော်ထဲ ရောက်လာသည့် ခရိုနီများနှင့် လွှတ်တော်ဥက္ကဌများအတွက်တော့ ဖင်ကြိမ်းစရာ အဆိုတစ်ခုဖြစ်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာမလိုပါ..။


အဲဒီအဆိုကို ကန့်ကွက်ခြင်း/ဖြတ်တောက်ခြင်း/ကန့်သတ်ခြင်းနဲ့  ပိတ်ပင်ခြင်း နှောင့်နှေးစေခြင်း ရှိမရှိဟာလည်း မြန်မာ့ဒီမိုကရေစီသမိုင်းမှာ လွတ်လပ်ခွင့်ရှိမရှိနဲ့ ကမ္ဘာက အကဲဖြတ်အမှတ်ပေးနေတဲ့ စီးပွားရေးပိတ်ဆို့မှု ပေတံကို အကျိုးများစွာ သက်ရောက်ပါလိမ့်မယ်..။

အရင်ပါလီမာန်ဒီမိုကရေစီခေတ် ၁၉၄၈-၁၉၅၈ က ၀န်ကြီးချုပ် ဦးနုရဲ့ လွှတ်တော်ထဲမှာ တရားဝင်ပြောခဲ့တဲ့စကားကို ဖတ်ဖူးတာမှတ်မိပါသေးတယ်.။

 ကျုပ် ၀န်ကြီးချုပ်ရာထူးက အခုနှုတ်ထွက်ပေးမယ် ကျုပ်ပိုင်ဆိုင်မှုတွေ အခုချက်ခြင်း ကြိုက်တဲ့ လူ/ပုဂ္ဂိုလ်/အဖွဲ့အစည်းကလာစစ် ၀န်ကြီးချုပ်မဖြစ်ခင်ဘ၀က ပိုင်ဆိုင်မှုထက် တစ်ကျပ် ပိုနေရင် ကျုပ်ကိုသူခိုးလို့စွပ်စွဲ
ဒီစကားဟာ မှတ်ကျောက်တင်တဲ့စကားပါ..။

ဒီအဆိုဟာ ဘာ့ကြောင့်အရေးကြီးသလဲ လို့ ပြောရသလဲဆိုရင် Good and Clean ရည်မှန်းချက်ဟာ ...သမ္မတကြီး ဦးသိန်းစိန်ရဲ့ ခံယူချက် ဖြစ်သလို လွှတ်တော်သက်တမ်း တစ်နှစ်ကျော်အတွင်း ယခုထက်ထိ ထိုကဲ့သို့ အဆိုမျိုးကို ဘယ်လွှတ်တော်အမတ်ကမှ တိတိကျကျ တင်သွင်းဝံ့ခြင်း မရှိတာကြောင့်ဖြစ်ပါတယ်..။

ယနေ့ ပြည်တွင်းမှာ ဖြစ်ပျက်နေသမျှ ဆိုးကျိုးကိစ္စတွေ အားလုံးနီးပါးက ယခင် စစ်အာဏာရှင် လက်ထက် ကတည်းက ဖြစ်လာတဲ့ အကြောင်းအရင်းတွေရှိခဲ့လို့ပါ..။
Clean မရှိလို့ မ Good ခြင်းလို့ ပြောလို့ပါတယ်..။

(၁) ရခိုင်အရေး (ဘင်္ဂလီသန်းပေါင်းများစွာ ဘာ့ကြောင့် ပျံ့နှံ့ဝင်ရောက်)

(၂) လယ်သမားတွေ လယ်သိမ်းခံရခြင်း (ဥပဒေကြောင်းအရ ဘ၀ပျက်ခြင်း)

(၃) အလုပ်သမားတွေ အကျိုးခံစားခွင့် နည်းခြင်း (လစာတွေ ဘာ့ကြောင့်နည်း -- ဥပဒေကြောင့်နည်း)


အဲဒီလိုမျိုး အဖြစ်အပျက်များစွာအတွက်  Good နဲ့ Clean က အရေးအကြီးဆုံးပါ။

အဲဒီအဆို တင်သွင်းချိန်မှာ ....။

ဘယ်သူတွေ မျက်နှာအောက်ချ နားထောင်နေမလဲ..။ ဘယ်သူတွေ မျက်ထောင့်နီနဲ့ ကြည့်နေမလဲ..။

စင်ပေါ်မှာ ထိုင်နေသူကြီးတွေ ဖင်ကြိမ်းနေမလား..။
ပြည်ခိုင်ဖြိုး အမတ်များက  PS Specialist တစ်ယောက်ဖြစ်သူ အမေစုရဲ့ ကိုယ်စားလှယ်ကို ....တန်ပြန်တိုက်ခိုက်ဖို့ ဒေတာစုနေမလား..။

 Skynet ရဲ့ လွှတ်တော် Channel  က  ပုသိမ်မှာ သမ္မတကြီးမိန့်ခွန်း လွှင့်လို့ မရသလို အဲဒီင်္နေ့ကျမှ ထုတ်လွှင့်မှုပျက်ကွက်လေဦးမလား.။

အစရှိသည်တို့ကို တွေးတောရင်း မနက်ဖန် ၂၅-၇-၂၀၁၂ နေ့တင်သွင်းမယ့် "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဆိုတဲ့ လေ့လာချင်မိပါတယ်.။ 

ဘာပဲပြောပြော ဒီအဆိုဟာ ပြည်သူ့မျက်နှာ တစ်ခုတည်းကို ကြည့်တဲ့ အဆိုတစ်ခု ဖြစ်တာတော့ သေချာပါတယ်..။

လွှတ်တော်အပါအ၀င် အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ထိန်းကျောင်းပဲ့ကိုင်ပေးမယ့် အဆိုဖြစ်သလို အဲဒီအဆိုကနေ အုပ်ချုပ်သူလူတန်းစားနဲ့ ဗျူရိုကရေစီယန္တရား လည်ပတ်သူတို့ကို ပဲ့ကိုင်မယ့် ဥပဒေတစ်ရပ်ရပ် ပေါ်ထွက်လာဖို့ မျှော်လင့်ပါကြောင်း..။

ရန်အောင်..
မည်သူမဆို Share နိုင်ပါသည်..။

သိန်း ( ၁၀၀၀ ) လောက် လာဘ်စားပြီး လူကုန်ကူးကြသည့် ဗိုလ်မှူးဇေါ်လင်းဦးအဖွဲ့  ဘယ်လဲဘာလဲ

ကျောက်ဖြူ အခြေစိုက် ဗိုလ်မှူးဝင်းခန့်  ဦးစီးတဲ့  ခမရ ( ၅၆၂ ) နဲ့  ကျောက်နီမော်အခြေစိုက် ခမရ ( ၅၄၂ ) တို့  မနေ့ က တပ်ချိန်းကြတယ် ။ တပ်ချိန်းတော့ မော်တော်ပေါ်မှာ မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတွေကို ခေါ်ဆောင်သွားကြတယ် ။ အဲဒီ မိတ္ထိလာနဲ့  ကျောက်ဖြူက မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတွေနဲ့  ကျောက်နီမော်က ကုလားလူမျိုး ( ၃၂ ) ဦးဟာ မသီတာထွေး လူသတ်ခံရပြီးနောက် ရောက်ရှိလာသူများဖြစ်ပြီး အဓိက ကျောက်နီမော်မှာ လှုပ်ရှားကြိုးကိုင် နေသူများဖြစ်တယ် ။ အခုတော့ ဗိုလ်မှူးဇေါ်လင်းဦးက တပ်ပြောင်းတော့ပြီမို့  သူတို့ လဲ အတူလိုက်ပါခွင့်ရဖို့  သိန်း ( ၁၀၀၀ ) နဲ့  ဈေးတည့်သွားပြီး အခုလို ဗိုလ်မှူးဝင်းခန့် တို့  စီးလာတဲ့  မော်တော်နဲ့ ဘဲ ကျောက်ဖြူကို ခေါ်လာခဲ့ ကြတယ်လို့  သိရတယ် ။ သူတို့ ကို လုံခြုံရေးများချပေးထာကာ မနက်ဖန်ကျောက်ဖြူမြို့  ကုလားချောင်းထိပ် ပလီသစ်မှာ လူစုနဲ့  တွေ့ ဆုံစကားပြောခွင့်ပေးမယ်လို့  သိရတယ် ။ ကျောက်ဖြူကတဆင့် ရန်ကုန်ကို လေယဉ်နဲ့  လိုက်ပါပို့ ဆောင်မယ်ဆိုတာ သိရပြီး ဘာကြောင့်များ အခုလို လုံခြုံရေးတွေနဲ့  လိုက်ပါပို့ ဆောင်နေသလဲဆိုတာ ပြည်သူတွေ မသိရဘူးလို့  ပြောဆိုနေကြတယ် ။ ဗိုလ်မှူးဇေါ်လင်းဦးဟာ ကျောက်နီမော်မှာ ရခိုင်ကျောင်းဆရာမလေးတွေကို ကုလားကြောက်ရင် ငါနဲ့  လာအိပ်လို့ အားမနာပ စကားတွေ ပြောပြီး ရိုင်းစိုင်းလွန်းသူ တယောက်ဖြစ်တယ်လို့  သိရတယ် ။ ဒီလို သိန်း ( ၁၀၀၀ ) လာဘ်စားပြီး လုံခြုံရေးယူလို့  သွားတာကို မကြေနပ်တဲ့  အရာရှိတွေက တဆင့် ပေါက်ကြားလာတဲ့  သတင်းတွေ ထွက်လာတာကို ဗိုလ်မှူးဝင်းခန့် တို့ က ကြားလို့  မကြေနပ်ကြောင်းလဲ ကြားနေရတယ် ။ အခုလိုဘဲ ကုလားတွေကို လုံခြုံရေးတွေပေးပြီး နိုင်ငံတော် သမ္မတတယောက်လို ခေါ်ဆောင်လိုက်ပါ ပို့ နေကြတာဟာ လာဘ်စားရလို့  ကြီးပွါးသွားတယ် ဆိုတာကို ဘာမှ မပြောလိုကြပေမဲ့  စစ်တပ်သိက္ခာကျ လွန်းနေတယ်လို့  ပြောဆိုနေကြတယ် ။

ပြန်ကြားရေးဝန်ကြီး ဖြေရှင်းရမည့် ပြသနာ

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး အဓိကဘာလဲ

ကျွန်တော်တို့  လိုချင်သည်မှာ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးအပြည့်အ၀ ရရှိရေးဖြစ်သည် ။ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်သည် ။
သို့ သော် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဘာမျှမရရှိကြောင်း ပြည်တွင်းမှ ပေးပို့ သော သတင်းများကို ကိုးကားပြောဆိုကြသည် ။
ပြည်ပသတင်းများကို ကိုးကားပြောဆိုသောအခါ မွတ်ဆလင်ဘာသာဝင်များက ဂျီဟပ်စစ်ဆင်ရေးပြုလုပ်ရန် ရခိုင်ပြည်နယ်ကို ကြေညာနေသည်ဟု ဆိုတော့ ဤပြသနာမှာ စဉ်းစားစရာဖြစ်လာသည် ။
ယခုဖြစ်နေသော ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးနှင့် မွတ်ဆလင်ဘာသာဝင်ဘင်္ဂလီလူမျိုးတို့ မှာ တကယ်တမ်းအားဖြင့် အုပ်ချုပ်ခံ လူမျိုးများသာဖြစ်သည် ။ လူမျိုးတမျိုးကို လူမျိုးတမျိုးက အတွင်းသိ အစင်းသိ ဖြစ်ကြ၍ ပြောကြရေးကြသည် ။ လိမ်၍မရ ညာ၍မရ ။ သမိုင်းဆိုသည်မှာ ဖျောက်ဖျက်၍မရ ။ ထို့ ကြောင့် သမိုင်းနှင့်ပြောပြော လက်ရှိပကတိအနေအထားနှင့်ပြောပြော ပြောနိုင်ခြင်း ၊ ရေးနိုင်ခြင်း၊ ဆိုနိုင်ခြင်း လောက်သာ ဆောင်ရွက်နိုင်သည့်လူမျိုးများသာဖြစ်သည် ။
ကျွန်တော်မကြာခဏ ရေးနေပြောနေသည်မှာ ယင်းအချက်ဖြစ်သည် ။ တကယ်တမ်းလက်တွေ့ အကောင်ဖေါ်ရသည့်သူမှာ တည်ဆဲဥပဒေအရ အစိုးရဖြစ်သည် ။ ယခုဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသည် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ တိုင်းရင်းသားလူမျိုး မဟုတ်ကြောင်း ပြောဆိုထားသည် ။ အစိုးရကလည်း နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိသည်ဟု အတိအလင်း ကြေညာထားသည် ။ သို့ ဖြစ်၍ ဒေါသထွက်ခြင်း ၊ စိတ်လိုက်မန်ပါ ပြောဆိုခြင်းများ လိုအပ်လာလျှင် အစိုးရကိုသာ အပြစ်တင် ပြောဆိုကြရမည်မဟုတ်ပေဘူးလား ။ ရခိုင်လူမျိုးကြောင့် မွတ်ဆလင်ဘာသာင်ဘင်္ဂလီ လူမျိုးမှာ တိုင်းရင်းသားလူမျိုး အဖြစ် အသိအမှတ် မပြုရဟု ဆိုသည်မှာ လုံးဝဥသုံ မှန်ကန်မှုမရှိချေ ။ အစိုးရက အသိအမှတ်ပြုလျှင် မည်သူမျှ ပြောပိုင်ခွင့်မရှိ ။
ယခုအချိန်တွင် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးသုံးသပ်ချက်စာတမ်းကို ထုတ်ပြန်လာသည်ကို တွေ့ ရသည် ။ ဤစာတမ်းမှာ ရခိုင်လူမျိုးက ထုတ်ပြန်သောစာတမ်းဖြစ်၍ မြန်မာဘာသာစကားကို နားလည်သောသူများသာ ဖတ်နိုင်သည် ။ ယခုအချိန်တွင် မွတ်ဆလင်ဘာသာဝင်နိုင်ငံများ အဖွဲ့ ချုပ်ကော နိုင်ငံတကာမှာ ရှိသော အစိုးရများကော သိနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့်

ထုတ်ဝေသင့်သည် ။ ထုတ်ဝေရမည်လည်းဖြစ်သည် ။ သို့ မှသာ နိုင်ငံတကာအစိုးရများနှင့် မွတ်ဆလင်ဘာသာဝင်နိုင်ငံများက သဘောပေါက် နားလည်နိုင်သွားမည်ဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေမူကြမ်းကို ကိုင်တွယ် ဆွေးနွေးမည်ဟုလည်း လွှတ်တော်ကလာသောသတင်းအရ သိရသည် ။ မျက်မှောက်ကာလတွင် ယခုဖြစ်နေသော ပဋိပက္ခအသွင်များကို အကောင်းဆုံးငြိမ်းအေးသွားစေနိုင်သည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မွတ်ဆလင်ကမ္ဘာကို အဖြစ်မှန်များနှင့် ရှင်းပြပြီး မေတ္တာရပ်ခံခြင်းဖြင့် အဆုံးသတ်စေမည်ဟု ယုံကြည်သည် ။ စင်စစ်အားဖြင့် အစိုးရသည် ဤနေရာ၌ အဓိကတာဝန်အရှိဆုံးဖြစ်သည် ။ ဒုတ်တပြက် ဒါးတပြက်ဖြစ်နေသော နှစ်ဖက်လူမျိုးကို မီးရို့ တာလည်း သေနတ်ပိုက်ကြည့်နေခြင်း ၊ လူတွေရိုက်သတ်နေသည်ကိုလည်း မတ်တပ်ရပ်ကြည့်နေခြင်း ၊ လုံခြုံရေးအပြည့်အ၀ ကောင်းစွာ မပေး၍ ယခုကဲ့သို့  နှစ်ဖက်လူမျိုးများ သေဆုံးကြရခြင်း ၊ စသည်တွေမှာ အစိုးရ၏ ပေါ့ဆမှု ၊ တာဝန်မကျေမှု ၊ လာဒ်စားမှုတို့ ကြောင့်ဖြစ်သည် ။
ရခိုင်ပြည်နယ်၏ ပြသနာများကို ယခုမှစ၍ တည်ငြိမ်အေးချမ်းရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ အစိုးရမှ လုံခြုံရေးကို တင်းကြပ်စွာ ချထားပေးရန်လိုသည် ။ ဆောင်ရွက်ထားရန်လိုသည် ။ တက္ကသိုလ်ကျောင်းတက်ချိန် ကျောင်းသားများကို သတ်ဖြတ်ရန် ကြံစည်သော အခြေအနေမျိုးကို နောက်ထပ်မကြားချင်ပေ ။ ကျွန်တော်ပြောလိုသည်မှာ မည်သည့်လူမျိုးဖြစ်ဖြစ် လုံခြုံရေးအားနည်းခြင်းကို အခွင့်ကောင်းယူကာ သတ်ဖြတ်ခြင်း ၊ မီးရို့ ခြင်းကို မပြုလုပ်သင့်ဟု ထင်သည် ။ ပြည်ပနိုင်ငံတကာတွင် သတင်းအမှားများ ၊ ဓါတ်ပုံအမှားများ ထုတ်လွှင့်နေရာ ယင်းသတင်းများကြောင့် မွတ်ဆလင်ဘာသာဝင်များက နိုင်ငံတကာမှာ ဆန္ဒပြကန့် ကွက်ပွဲ ပြုလုပ်နေကြသည် ။ ယင်းသတင်းမျိုးကြောင့် မည်သူမဆို ပေါက်ကွဲမည်ဖြစ်သည် ။ ယင်းသတင်းအမှားကို ဘာကြောင့်များ မဖြေရှင်းသနည်း ။
နိုင်ငံတကာမှာ ရခိုင်လူမျိုးများက မွတ်ဆလင် ဘာသာဝင် ဘင်္ဂလီ လူမျိုးများကို ထောင်နှင့်သောင်းနှင့်ချီ၍ သတ်ဖြတ်နေသည်ဆိုသော သတင်းကို ချေပရန် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှာ တာဝန်အရှိဆုံးဖြစ်သည် ။ သမ္မတဦးသိန်းစိန်၏ ဓါတ်ပုံနှင့် နိုင်ငံတော်အလံကို ခြေထောက်ဖြင့် နင်းချေနေသည့်တိုင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက စတုတ္တမဏ္ဍိုင်ကို ကြည့်ပြီး အေးအေးလူလူနေနိုင်လွန်းသည် ။ အဓိပ္ပါယ်မဲ့ လူ ဖြစ်နေသော ပြန်ကြားရေးဝန်ကြီး ဖြစ်နေသည် ။
ယခုဖြစ်နေသည့်ပွဲမှာ ဒိုင်လူကြီး ရှိနေသည် ။ ဒုတိယဗိုလ်မှူးကြီးလှမင်းသည် ယခုဖြစ်နေသော ပြသနာမှာ စစ်တပ်မှ ဒိုင်လူကြီးပါလို့  ထုတ်ဖေါ်ပြောဆိုသွားသည်ကို သတိရသည် ။ ကျွန်တော်တို့ သည် ဒိုင်လူကြီးရှိနေသော ပွဲမှာ တရားခံအဖြစ် ပါဝင်ကစား သင့်သလား ။
သမ္မတဦးသိန်းစိန်၏ စကားကိုလည်း ကြိုဆိုပါသည် ။ ဒေါ်အောင်ဆန်းစုကြည်မှ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ ရှိနေဖို့  အရေးကြီးသည် ဆိုခြင်းကိုလည်း ကျွန်တော် အကြွင်းမဲ့  လက်ခံသည် ။ သို့ သော် ယင်းဥပဒေကို အစိုးရသည် ဘာကြောင့်များ နိုင်ငံတည်ငြိမ်အောင် မဆောင်ရွက်နေရသနည်း ။ မီးချစ်ဆံလောက်နှင့် မီးရို့နေကြပြီး မြို့ ရွာတွေကို ပြာကျစေလောက်အောင် ၊ တုတ်တချောင်း ၊ အုပ်နီခဲ တလုံးလောက်နှင့် အဓိကရုဏ်းဖြစ်နေသော လူအုပ်ကို လက်ပိုက်ကြည့်နေသည်မှာ စစ်တပ်ဖြစ်နေသည် ။ ခံရသူမှာ ရခိုင်လူမျိုးများသာ ဖြစ်သည် ။ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ ကို အဏုမြူဗုံးကြဲချမှ စစ်ပွဲကြီးပြီးဆုံးသွားသည့် ဖြစ်ရပ်ရှိသည် ။ ယင်းဖြစ်ပွါးနေခဲ့ သော ရခိုင်ပြည်နယ်ကို သတင်းအမှန် မသိသော မွတ်ဆလင်ဘာသာဝင်နိုင်ငံများ အထူးသဖြင့် အီရန်နိုင်ငံက ကုလသမ၈္ဂငြိမ်းချမ်းရေးတပ်ကို တောင်းဆိုနေသည် ။ ကုလသမ္မဂ ငြိမ်းချမ်းရေးတပ်ဆိုသည်မှာ လုံခြုံရေးကောင်စီမှ အဆင့်ဆင့်ဖြတ်သန်းလာရပြီး ယင်းသို့ လာရောက်ရန်အတွက် သက်ဆိုင်သူ ကာယကံရှင်နိုင်ငံမှ အစိုးရက တောင်းဆိုမှသာဖြစ်သည် ။
ယခုတောင်းဆိုခြင်းမှာ ပြည်တွင်း၌ လူမျိုးတုံးသတ်ဖြတ်မှုများ ရှိနေသောကြောင့်ဟု ဆိုကာ အကြောင်းပြ တောင်းဆိုခြင်းဖြစ်သည် ။ လူမျိုးတုံး သတ်ဖြတ်ဖို့ ရခိုင်မှာ မည်သည့်လက်နက်မှ မရှိ ။ ခံနေရသေးသည်ကို ပြည်ပက မွတ်ဆလင်ဘာသာဝင်တွေ မသိသေး ။ NGOs ဖြစ်သော -နယူးယောက်အခြေစိုက် -Amenesty International –AI ကို ဖြေရှင်းရန်လိုနေပါပြီ ။ မလေးရှားမှာ ပြုလုပ်မည့် အာဆီယံ ညီလာခံမှာ ဖြေရှင်းပြရမည်ဖြစ်သည် ။ ယင်းသို့  မဆောင်ရွက်က အစိုးရ၏ လုပ်ရပ်သည် နောင်ကို သွေးချောင်းစီးစေရန်အတွက် အကွက်ဆင်နေခြင်းဟု ပြောရုံမှ တပါးအခြားမရှိ ။ ပါကစ္စတန်မှ လူ့ အခွင့်အရေးခေါင်းဆောင်-Ansa Burney-က ငိုနေသော ဒုက္ခရောက်နေသော သူကို တွေ့ ရန်လာမည်ဟု တနင်းလာနေ့ က ဗီဇါလျှောက်ယင်း ပြောဆိုထားသည် ။ ကဲ မည်သူများ ကိုယ့်အိမ်မှာ ငိုကြွေးနေရသနည်း ။
ခိုင်အောင်ကျော် ( နယူးယောက် )

လန်ထွက်နေတဲ့ ဦးအောင်သိန်းလင်း




ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောနေပြီ။
မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆို သော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ဖြေကြားပြောဆိုသွားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အ စည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၎င်းစီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အ ငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံမေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်း ဖြစ်ပါသည်။
ဦးအောင်သိန်းလင်း က “ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျနော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်” ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့် သ လားဟု မေးမြန်းရာတွင် “ဆောက်ကို ဆောက်ရမှာပေါ့၊ ကျနော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကို ရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။


USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အား ပြင်းပြင်ထန်ထန် ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် အား လည်း “ကျနော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး” ဟု ဖြေကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ “ကျနော်တို့ ပြည်သူတွေအတွက် ကျနော်တို့ နိုင်ငံအတွက်လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ” ဟု ဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား “သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေး အစိုး ရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ” ဟုဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက “လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက “ကျနော်တို့ သင်ခန်းစာတွေရတယ်။ လူ ထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ်” ဟု ဆိုပါသည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်း အနေဖြင့် မသိကြောင်း နိုင်ငံရေးလေ့လာသူတဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက” သူ တို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး” ဟု မှတ်ချက်ပြုပါသည်။
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရ လဒ်ဖြင့် အနိုင်ရခဲ့သူ ဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲအများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၎င်း သည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူ ဖြစ်သည်။
Eleven Media Group မှ …
http://www.naytthit.net/?p=29264