Thursday, July 26, 2012
ဦးအောင်သိန်းလင်း ၏အင်တာဗျူးနှင့် ပက်သက်၍ပါတီ ကိုထိခိုက်မှု မရှိကြောင်း
Yangon Media Group
တရုတ်သတင်းစာတွင် ဖော်ပြပါရှိ သည့်ဟုဆိုသည့်ဦးအောင်သိန်းလင်း ၏အင်တာဗျူးနှင့် ပက်သက်၍ပါတီ ကိုထိခိုက်မှု မရှိကြောင်း နှင့်အရေး ယူ ရန်မရှိကြောင်းပါတီ၏အထွေထွေ အတွင်းရေးမှူးဦးဌေးဦးပြောကြား
=======================================
ဝေမာသိမ့်
=======================================
တရုတ် အပတ်စဉ်ထုတ် သတင်းစာတွင်ဖော်ပြခဲ့သည့်ဗဟိုအ လုပ်အမှုဆောင်ဦးအောင်သိန်းလင်း ၏အင်တာဗျုးနှင့် ပက်သက် ၍ပြည် ခိုင်ဖြိုးပါ တီအနေဖြင့်အရေးယူခြင်း ပြုလုပ်မည်မဟုတ်သကဲ့သို့ပါတီကို လည်း ထိခိုက်မှုမရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကရန်ကုန်တိုင်းမ်ဂျာနယ် ၏ဆက်သွယ်မေးမြန်း ချက်အပေါ် ဖြေကြား ခဲ့သည်။
''ကိုအောင်သိန်းလင်းကို လည်းမေးပြီးပါပြီး သူအနေနဲ့ဒီလို ပြောခဲ့တာမျိုး မဟုတ်ဘဲ ဘာသာ ပြန်အဓိပ္ပါယ်လွဲမှား တာကြောင့်ဖြစ် တယ်လို့သိရပါတယ်။ ကိုအောင်သိန်း လင်းက ပါတီအနေနဲ့ အရေးယူမယ် ဆိုလည်း ခံယူဖို့အသင့် ပဲလို့ပြော ပါ တယ်။ဒါဟာ ပါတီနဲ့လည်းမဆိုင်ပါ ဘူး။ကိုအောင်သိန်းလင်းရဲ့သဘော ထားပဲဖြစ်တဲ့ အတွက်ပါတီကအရေး ယူတာတွေ၊ ဘာတွေ လုပ် သွားဖို့မရှိ ပါဘူး။ပါတီကိုလည်း ထိခိုက်စရာမ ရှိပါဘူး''ဟုပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အထွေ ထွေ အတွင်းရေးမှူးဦးဌေးဦးကဆိုသည်။
ယင်းနှင့်ပတ်သက်၍ တရုတ်နိုင် ငံတွင် ထုတ်ဝေသည် Southern weekend အပတ်စဉ်ထုတ်သတင်း စာတွင် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါ တီ၏ဗဟိုအလုပ်အမှုဆောင်ဦးအောင်သိန်းလင်း၏အင်တာဗျူးဖော် ပြခဲ့ ခြင်းဖြစ်ပြီး နှင့်ပက်သက်၍ ဦးအောင်သိန်းလင်းကိုဆက်သွယ်မေးခြန်းခဲ့ ရာ ''မှတ်မိတာကတော့ မျက်စိခွဲစိတ်ဖို့လာတဲ့အခါမှာ ဒီလို ပဲ စကားပြောကြတဲ့အခါမှာ သူတို့ မေးတာတွေ ကိုပြန်ဖြေတာ တော့ရှိ တယ်။ဒါပေမယ့် အဲ့လိုအသုံးအနှုန်း တွေကိုတော့ မသုံးဘူး။အဲ့လိုအဓိ ပ္ပါယ်မျိုး လည်း မပြောခဲ့ ဘူး။ ပြည်သူ တွေက အရူးဆို တဲ့စကားဟာ တရုတ်စကားပြန် ကနေပြီး ပြန်ပြန်ရင်း လွဲမှားသွား တယ်လို့ ထင်တယ်။ ပြော လိုက်တာမှာ Crazy လို့ပြော တာကို သူတို့က အရူးလို့ပြန်တာ ထင်တယ်။ အရူးလို့ပြောခဲ့ တာလည်း မဟုတ်ဘူး ။အစွဲအလန်း ရှိတယ်လို့ ပြောလိုက်တာ ဘာသာပြန်လွဲချော်မှု လို့ ထင်တယ်။ နောက်ပြီးဒီလိုကိစ္စတွေ ပြော ကြဆိုကြတာ တော့ ၅လ ပိုင်းလောက် ကပဲပြောခဲ့ ကြတာရှိတယ်။ဒါကြောင့် တရုတ်သံရုံး ကတဆင့်အဲ့ဒီဂျာနယ် လား၊သတင်းစာလာမသိ ဘူး ဆက် သွယ်ပြီးတော့ စုံစမ်းဦး မယ်။အဲ့ဒီ တုန်းကလည်းဘယ်သူ က၊ဘယ်သ တင်းစာကမေးတယ်ဆို တာတောင် မသိဘူး။ မျက်စိခွဲစိတ် သူတွေနဲ့ ပါလာ တဲ့ သူတွေတော့ ရှိတယ်။ဒီလိုပဲအ လွတ်သဘောဆွေးနွေးကြတာပဲရှိ တယ်'' ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။
အဆိုပါ အင်တာဗျူး သည် နိုင်ငံရေး အသိုင်းအဝိုင်း၊ လွှတ်တော်အသိုင်း အဝိုင်းနှင့်ပြည်သူများ အကြားတွင် လှုပ်ခတ်သွား ခဲ့သည့် သတင်း တစ်ပုဒ်ဖြစ်ခဲ့ပြီး အင်တာ နက်စာမျက်နှာနှင့်ဖေစ့်ဘုတ်များတွင် ပျံနှံခဲ့သည့်သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
အဆိုပါ အင်တာဗျူးအား http://www.infzm.com/content/78148 တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး http://moemaka.blogspot.com/2012/07/aung-thein-lins-interview-in-southern.html တို့တွင်လည်း အင်္ဂလိပ်ဘာသာနှင့်ပြန်ဆိုထားပြီးသား ကိုတွေ့ရပါသည်။
ဂွမြို့အနီးစက်လှေပျက်မြောလာသော ဘင်္ဂါလီများကို ထောင်ဒဏ်ချမှတ်
by Yangon Press International on Thursday, July 26, 2012 at 6:14pm ·
ဇူလိုင် ၂၆၊ ၂၀၁၂ (YPI)
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အနီးတွင် ဇွန်နောက်ဆုံးပတ်က စက်လှေပျက်၍ဆိုက်ကပ်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား သံတွဲမြို့နယ်တရားရုံးမှ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီးနောက် ၎င်းတို့နှင့်အတူပါလာသူ ကလေးတစ်ဦးအား သံတွဲမြို့ သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ထားကြောင်း ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ စက်လှေဖြင့် မလေးရှားနိုင်ငံသို့သွားရောက်စဉ် စက်ပျက်ပြီး ဂွမြို့အနီးရှိ
ကျွန်းတစ်ခုတွင် သောင်တင်လာခြင်းဖြစ်ကာ စုစုပေါင်း ၈၈ ဦးဖြစ်ကြောင်း သံတွဲအကျဉ်းထောင်မှ အရာရှိ တစ်ဦးကပြောသည်။
၎င်းတို့အား ဖမ်းဆီးခဲ့စဉ်က သံတွဲမြို့နယ်၊ လ.၀.က ဦးစီးမှူးက ယင်းဘင်္ဂါလီများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် သံရုံး တို့ညှိနှိုင်းနေကြောင်း၊ လက်ခံပါက ပြန်ပို့မည်ဖြစ်ကြောင်းနှင့် ၎င်း
တို့ ဦးအား လ.၀.က ဥပဒေအရ အရေးယူ သွားရမည် ဖြစ်ကြောင်းပြောခဲ့သည်။
ထို့နောက် ဇူလိုင် ၄ ရက်တွင် သံတွဲမြို့နယ် တရားရုံး၌ ဂွမြို့နယ် လ.၀.ကဦးစီးမှူးက တရားလိုလုပ်ကာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်
စွဲဆိုစစ်ဆေးခဲ့ပြီး  ဇူလိုင် ၁၆ ရက်တွင် ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့ကြောင်း သံတွဲဒေသခံရှေ့နေတစ်ဦးက ပြောသည်။
၎င်းတို့နှင့်အတူ အသက် ၁၂ နှစ်ခန့် အရွယ်ယောက်ျားလေးတစ်ဦးပါခဲ့ရာ ထောင်ဒဏ်ချမှတ်ပြီးနောက်တွင် အဆိုပါကလေးငယ်အား သံတွဲ မြို့နယ် လ.၀.က ရုံးတွင်ခေါ်ယူထားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက ဗလီတွင်ခေါ်ယူစောင့်ရှောက်ထားရန် ပြောသောကြောင့် သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ခဲ့သည်။
“ဒါမျိုးက ခဏခဏ ကြုံရတယ်၊ လ.၀.က ကဖမ်းပြီး ထောင်ကလွတ်လာတဲ့ ဒေသအသီးသီးက
မွတ်စလင်တွေကို နေရပ်ပြန်မပို့ခင် ဗလီတွေမှာခေါ်ထားပြီး ကျွေးမွေးထားရတယ်၊
သူတို့က တာဝန်မယူဘူး၊ လူသားချင်းစာနာမှုနဲ့ ခေါ်ထားခဲ့ရတာ ပေါ့”  ဟု အကူအညီ
ပေးခဲ့သူ တစ်ဦးကပြောသည်။
တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများသို့ တရားမ၀င်သွားရောက်သူများမှာ သဘာဝ ဘေးအန္တရာယ်နှင့် တာဝန်ယူပို့ဆောင်ပေးသူများ၏ မသမာမှုကြောင့် သံတွဲခရိုင်အတွင်း မကြာခဏ
သောင်တင် ဖမ်းမိလေ့ရှိကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။        ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပထမဆုံးတင်သွင်းသော အဆိုအပေါ် အမေစု သဘောထား
by Ko MawPyay on Wednesday, July 25, 2012 at 5:05pm
·                 ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က " Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean
goverment(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ
ကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ငှင်းတို့၏ ရွှေ့
ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်
တမ်းတင်ထားရန်" အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဒီကနေ့ ဇူလိုင်(၂၅) ရက်
နေ့ တွင် သဘောတူလိုက်သည်...
                အထက်ပါ အကြောင်းအရာနှင့် ပါတ်သတ်ပြီး အမေစု အင်တာဗျူးတိုလေးကို ဖေ့ဘွတ်သူငယ်
ချင်းများကို လက်ဆောင်ပေးလိုပါသည်... စေတနာ ပိုစွာဖြင့် ကျတော့လက်ရာ အမေ့ ဓါတ်ပုံလေးပါ တင်
ပြီး လက်ဆောင်အဖြစ်ပေးပါသည်...
NHK အမေး... ဒီကနေ့ ဆွေးနွေးတဲ့ အဆိုအပေါ်မှာ အန်တီသဘောထားလေး သိချင်ပါတယ်...
အဖြေ... အဲ့ဒါ အန်တီတို့ကတော့ ဖြစ်သင့်တယ်လို့ ထင်တယ်... တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေ
မှာဆို ဒီလိုပဲ လုပ်ကြတာပဲလေ... အဲ့တော့မှလဲ အစိုးရအဖွဲ့ဝင်တွေက သန့်သန့်ရှင်းရှင်းနေဖို့ရာ လိုအပ်လာ
မှာပေါ့... ဥပမာ --- ၀န်ကြီးမဖြစ်ခင်တုန်းက အိမ်တစ်လုံး နဲ့ ၀န်ကြီးဖြစ်ပြီးတော့ အိမ်ဆယ်လုံးဆိုရင်တော့
ဒါ မေးစရာ ဖြစ်မယ်... အဲ့ဒါတွေကို ကာကွယ်ဖို့အတွက် ဒီလို ဥပဒေတွေ ထုတ်ကြတာပဲ...
NHK အမေး... အန်တီကရော အားရရဲ့လား... အဆိုအပေါ်မှာ ...
အဖြေ... အင်း... သူ့ရဲ့အဆိုအပေါ်မှာ အားရပါတယ်... ဒါက အဆိုက ရိုးရိုးလေးပဲလေ... နောက်တော့မှ
ဒါကို အခြေခံပြီး ဆွေးနွေးရမှာပေါ့... သားတို့ရော သဘောမတူဘူးးးးလား... (သံပြိုင်- တူပါတယ်)...
ပြည်ထောင်စုလွှတ်တော် သို့ အ၀င်တွင်
အချိန်တွေကို မချိုမြိန်ဘဲ စားခဲ့ ကြသူများ
အာဇါနည်နေ့ အတွက် ၀ါရှင်တန်ကနေပြီး နယူးယောက်ကို ဒေါက်တာစိန်ဝင်းလာတယ် ။ သူနဲ့ အတူ အခန်းအနားလုပ်မဲ့ နေရာကို သာသနာ့ဥသျှောင်ကျောင်းက တက္ကစီနဲ အတူ့လာတယ် ။ ဘုန်းကြီးကျောင်းမှာ မနက်ပိုင်း ဆွမ်းကပ်တရားတော်နာ ရေစက်ချအမျှဝေပြီး ဟောပြောပွဲအခန်းအနားလုပ်မဲ့  -China Town -ကို လာခဲ့ ကြတယ် ။ ကားပေါ်မှာ ကျွန်တော်က ဒေါက်တာစိန်ဝင်းကို ခုလို ပြောပြလိုက်တယ် ။
 “  ၁၉၉၀-ခုနှစ်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာလွှဲပြောင်းပေးလိုက်ရင် ခုအချိန်ဆိုရင် သိပ်ပြီးတော့ မြန်မာနိုင်ငံ ပြောင်းလဲတိုးတက်နေမှာဖြစ်တယ် ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ က လွှတ်တော်ထဲကို ရောက်လာပေမဲ့  အချိန်တွေ သိပ်နောက်ကျလွန်းနေပြီ “
ဒီစကားပြောတော့ ဒေါက်တာစိန်ဝင်း လက်ခံတယ် ။ သူက မကြာခင် အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့် ပေါင်းအစိုးရကို ဖျက်တော့မယ်လို့  ပြောတယ် ။  ဒေါ်အောင်ဆန်းစုကြည် အမေရိကပြည်ထောင်စုကို ရောက်တဲ့ အချိန်များ ဖျက်လေမလားတော့ မသိဘူး ။ ခုထိတော့ မဖျက်ရသေးဘူးလို့  ဆက်ပြောတယ် ။
ဥရောပခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရေစီးကြောင်းကို ပြောဖြစ်ကြတယ်  ။ ဒီတော့ သူမ အပေါ်မှာ နိုင်ငံတကာက တော်တော်ကြီးကို အားပေးထောက်ခံနေတာတွေ့ တယ် ။ သူမစကားကိုသာ လက်ခံပြီး နေပေးကြတာတွေ့ ရတယ် ။ ဒီတော့ တကယ်လို့  ဒေါ်စုကို ပြည်သူ့ လွှတ်တော်ထဲမှာ တစုံတရာနေရာများ ပေးကြလေမလား ဆိုပြီး ကြည့်ဖြစ်တယ် ။ ဟိုတလောက ဒေါ်စုကို ဒုသမ္မတ နေရာ ပေးသင့်တယ်လို့  ကျွန်တော် ဆောင်းပါး ရေးလိုက်တယ် ။ အဲဒီတုံးက အမေရိကပြည်ထောင်စုကို လာမယ်ဆိုတဲ့  သတင်းတောင် မထွက်သေးပါဘူး ။
  ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လေးစားထောက်ခံလို့  ဒုသမ္မတရာထူးကို ပေးသင့်တယ် ဆိုတာက ရွေးချယ်ခံပိုင်ခွင့်ဘောင်ထဲက ပြောတာဖြစ်တယ် ။ ဒေါ်စုလို့ မှ မဟုတ်ဘူး ၊ အခြားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာလဲဘဲ ရွေးချယ်ပိုင်ခွင့်ရှိရမယ် ။ ခုတော့ -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ဒီလို ကိုယ့်ဆန္ဒနဲ့  မဲပေးပိုင်ခွင့်တောင် မရှိဘူး ။ ခုတော့ မိုးကျရွှေကိုယ် တဦးကို ဒုသမ္မတပါလို့  မတ်တပ်ရပ် လက်ခံရမဲ့  ဘ၀ရောက်နေကြရတာပါဘဲ ။
       အခုအချိန်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကလဲဘဲ ပြည်သူ့ လွှတ်တော်ထဲ ရောက်နေပါပြီ ။  ကျွန်တော်တို့ ဖြစ်ချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိခဲ့ ရင် ခုရှိနေတဲ့ ဟာနဲ့  ဆက်စပ် တည့်မတ်ကြရင် ကောင်းမွန်တဲ့  နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ဖြစ်ပေါ်လာမှာပါဘဲ ။ ဒါဟာဘယ်ပါတီ ဘယ်အဖွဲ့ အစည်းက ရေးဆွဲတာ မဟုတ်ဘဲနဲ့  နိုင်ငံတော်အတွက် ကောင်းကျိုးကို မျှော်ကိုးလို့  ရေးဆွဲခြင်းသာဖြစ်တယ်ဆိုပြီး ခံယူဖို့ လိုတယ် ။
      ဒီကနေ့ မျက်မှောက်ကာလအထိတော့ ပြည်သူ့ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အစာမကြေသေးတာတွေ တွေ့ နေရဆဲဖြစ်တယ် ။ ဒါက ဒေါ်စုကို သူမနဲ့  ထိုက်တန်တဲ့  ရာထူးနေရာတခုကို မဖန်တီးရဲကြလို့ ဖြစ်တယ် ။ သူတို့ ရဲ့ ၀ပ်ဆိုက်တွေ ဘလော့တွေမှာ တိုက်ခိုက်နေတဲ့  ဟာတွေကို ကြည့်လို့ ရှိရင် အစာမကြေသေးဘူးဆိုတာ ငြင်းချက်ထုတ်လို့  မရဘူးဆိုတာ သိသာလွန်းတယ် ။  ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ပြီး လွှတ်တော်ထဲကို ရောက်လာတာ ၀မ်းပမ်းတသာကြိုဆိုကြပေမဲ့  နေရာထိုင်ခင်းတော့ ပေးသင့်နေပါပြီ ။ ဒီနေ့ ဘဲ မိုးသီးဇွန်နဲ့  စကားပြောဖြစ်လိုက်သေးတယ် ။ သူတို့  ( ၅ ) ဦးက သြဂုတ်လလောက်မှာ သွားဖြစ်မယ်ဆိုတော့ ရခိုင်စကားပုံတခုကို ပြောရသေးတယ် ။
    ကျွန်တော်တို့  ရခိုင်မှာ စကားပုံတခုရှိတယ် ။ အဲဒါက ဇရပ်မှာ အယပ်လေးချပြီး တွဲလို့  မနေနဲ့  ဆိုတာပါဘဲ ။ မိုးသီးဇွန်က ဒီစကားကို နားမလည်ဘူး ။ ဒီတော့ ပြောပြလိုက်ရတယ် ။ ဇရပ်မှာ အဖီလေး ချပြီး မနေနဲ့ လို့  ပြောတာလို့  ။ ဒီတော့ သူသဘောပေါက်သွားတယ် ။ ကျွန်တော်ပြောချင်တာက တကယ်နိုင်ငံကို အကျိုးပြုမဲ့ သူတွေကို အဖီလေး တွဲလို့  နေပေးဖို့ ဟာကို မလိုချင်ဘူး ။ သူတို့ မှာ လုပ်ပိုင်ခွင့် ရှိရမယ် ။ နိုင်ငံရေးသမားတွေမှာ နိုင်ငံရေးအာဏာ မရရှိရင် သူဟာ တိုက်ပွဲမှာ ကျဆုံးသူ တဦးဖြစ်နေခြင်းပါဘဲ ။ ခုတော့ နှစ်ပေါင်း ( ၂၀ ) ကျော်ကာလဆိုတာကို မချိုမြိန်ဘဲနဲ့  စားသုံးခဲ့ ရပြီ ။ ခုထက်ထိလဲ အဲဒီခါးမှန်း သိတဲ့  အသီးကို စားကြအုံးမယ်ဆိုရင် ။။။
ခိုင်အောင်ကျော် ( နယူးယောက် )
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး အဓိကဘာလဲ
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး အဓိကဘာလဲ
ကျွန်တော်တို့  လိုချင်သည်မှာ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးအပြည့်အ၀ ရရှိရေးဖြစ်သည် ။ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်သည် ။ သို့ သော် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဘာမျှမရရှိကြောင်း ပြည်တွင်းမှ ပေးပို့ သော သတင်းများကို ကိုးကားပြောဆိုကြသည် ။ ပြည်ပသတင်းများကို ကိုးကားပြောဆိုသောအခါ မွတ်ဆလင်ဘာသာဝင်များက ဂျီဟပ်စစ်ဆင်ရေးပြုလုပ်ရန် ရခိုင်ပြည်နယ်ကို ကြေညာနေသည်ဟု ဆိုတော့ ဤပြသနာမှာ စဉ်းစားစရာဖြစ်လာသည် ။
      ယခုဖြစ်နေသော ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးနှင့် မွတ်ဆလင်ဘာသာဝင်ဘင်္ဂလီလူမျိုးတို့ မှာ တကယ်တမ်းအားဖြင့် အုပ်ချုပ်ခံ လူမျိုးများသာဖြစ်သည် ။ လူမျိုးတမျိုးကို လူမျိုးတမျိုးက အတွင်းသိ အစင်းသိ  ဖြစ်ကြ၍ ပြောကြရေးကြသည် ။ လိမ်၍မရ ညာ၍မရ ။ သမိုင်းဆိုသည်မှာ  ဖျောက်ဖျက်၍မရ ။ ထို့ ကြောင့် သမိုင်းနှင့်ပြောပြော လက်ရှိပကတိအနေအထားနှင့်ပြောပြော ပြောနိုင်ခြင်း ၊ ရေးနိုင်ခြင်း၊ ဆိုနိုင်ခြင်း လောက်သာ ဆောင်ရွက်နိုင်သည့်လူမျိုးများသာဖြစ်သည် ။
     ကျွန်တော်မကြာခဏ ရေးနေပြောနေသည်မှာ ယင်းအချက်ဖြစ်သည်  ။ တကယ်တမ်းလက်တွေ့ အကောင်ဖေါ်ရသည့်သူမှာ တည်ဆဲဥပဒေအရ အစိုးရဖြစ်သည် ။ ယခုဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသည် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ တိုင်းရင်းသားလူမျိုး မဟုတ်ကြောင်း ပြောဆိုထားသည် ။ အစိုးရကလည်း နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိသည်ဟု အတိအလင်း ကြေညာထားသည် ။ သို့ ဖြစ်၍ ဒေါသထွက်ခြင်း ၊ စိတ်လိုက်မန်ပါ ပြောဆိုခြင်းများ လိုအပ်လာလျှင် အစိုးရကိုသာ အပြစ်တင် ပြောဆိုကြရမည်မဟုတ်ပေဘူးလား ။ ရခိုင်လူမျိုးကြောင့် မွတ်ဆလင်ဘာသာဝင်ဘင်္ဂလီ လူမျိုးမှာ တိုင်းရင်းသားလူမျိုး အဖြစ် အသိအမှတ် မပြုရဟု ဆိုသည်မှာ လုံးဝဥသုံ မှန်ကန်မှုမရှိချေ ။ အစိုးရက အသိအမှတ်ပြုလျှင် မည်သူမျှ ပြောပိုင်ခွင့်မရှိ ။
         ယခုအချိန်တွင် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးသုံးသပ်ချက်စာတမ်းကို ထုတ်ပြန်လာသည်ကို တွေ့ ရသည် ။ ဤစာတမ်းမှာ ရခိုင်လူမျိုးက ထုတ်ပြန်သောစာတမ်းဖြစ်၍ မြန်မာဘာသာစကားကို နားလည်သောသူများသာ ဖတ်နိုင်သည် ။ ယခုအချိန်တွင် မွတ်ဆလင်ဘာသာဝင်နိုင်ငံများ အဖွဲ့ ချုပ်ကော နိုင်ငံတကာမှာ ရှိသော အစိုးရများကော သိနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့်
ထုတ်ဝေသင့်သည် ။ ထုတ်ဝေရမည်လည်းဖြစ်သည် ။ သို့ မှသာ နိုင်ငံတကာအစိုးရများနှင့် မွတ်ဆလင်ဘာသာဝင်နိုင်ငံများက သဘောပေါက် နားလည်နိုင်သွားမည်ဖြစ်သည် ။
    ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေမူကြမ်းကို ကိုင်တွယ် ဆွေးနွေးမည်ဟုလည်း လွှတ်တော်ကလာသောသတင်းအရ သိရသည် ။ မျက်မှောက်ကာလတွင် ယခုဖြစ်နေသော ပဋိပက္ခအသွင်များကို အကောင်းဆုံးငြိမ်းအေးသွားစေနိုင်သည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မွတ်ဆလင်ကမ္ဘာကို အဖြစ်မှန်များနှင့် ရှင်းပြပြီး မေတ္တာရပ်ခံခြင်းဖြင့် အဆုံးသတ်စေမည်ဟု ယုံကြည်သည် ။ စင်စစ်အားဖြင့် အစိုးရသည် ဤနေရာ၌ အဓိကတာဝန်အရှိဆုံးဖြစ်သည် ။ ဒုတ်တပြက် ဒါးတပြက်ဖြစ်နေသော နှစ်ဖက်လူမျိုးကို မီးရို့ တာလည်း သေနတ်ပိုက်ကြည့်နေခြင်း ၊ လူတွေရိုက်သတ်နေသည်ကိုလည်း မတ်တပ်ရပ်ကြည့်နေခြင်း ၊ လုံခြုံရေးအပြည့်အ၀ ကောင်းစွာ မပေး၍ ယခုကဲ့သို့  နှစ်ဖက်လူမျိုးများ သေဆုံးကြရခြင်း ၊ စသည်တွေမှာ အစိုးရ၏ ပေါ့ဆမှု ၊ တာဝန်မကျေမှု ၊ လာဒ်စားမှုတို့ ကြောင့်ဖြစ်သည် ။
   ရခိုင်ပြည်နယ်၏ ပြသနာများကို ယခုမှစ၍ တည်ငြိမ်အေးချမ်းရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ အစိုးရမှ လုံခြုံရေးကို တင်းကြပ်စွာ ချထားပေးရန်လိုသည် ။ ဆောင်ရွက်ထားရန်လိုသည် ။ တက္ကသိုလ်ကျောင်းတက်ချိန် ကျောင်းသားများကို သတ်ဖြတ်ရန် ကြံစည်သော အခြေအနေမျိုးကို နောက်ထပ်မကြားချင်ပေ ။ ကျွန်တော်ပြောလိုသည်မှာ မည်သည့်လူမျိုးဖြစ်ဖြစ် လုံခြုံရေးအားနည်းခြင်းကို အခွင့်ကောင်းယူကာ သတ်ဖြတ်ခြင်း ၊ မီးရို့ ခြင်းကို မပြုလုပ်သင့်ဟု ထင်သည် ။ ပြည်ပနိုင်ငံတကာတွင် သတင်းအမှားများ ၊ ဓါတ်ပုံအမှားများ ထုတ်လွှင့်နေရာ ယင်းသတင်းများကြောင့် မွတ်ဆလင်ဘာသာဝင်များက နိုင်ငံတကာမှာ ဆန္ဒပြကန့် ကွက်ပွဲ ပြုလုပ်နေကြသည် ။ ယင်းသတင်းမျိုးကြောင့် မည်သူမဆို ပေါက်ကွဲမည်ဖြစ်သည် ။ ယင်းသတင်းအမှားကို ဘာကြောင့်များ မဖြေရှင်းသနည်း ။
      နိုင်ငံတကာမှာ ရခိုင်လူမျိုးများက မွတ်ဆလင် ဘာသာဝင် ဘင်္ဂလီ လူမျိုးများကို ထောင်နှင့်သောင်းနှင့်ချီ၍ သတ်ဖြတ်နေသည်ဆိုသော သတင်းကို ချေပရန် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှာ တာဝန်အရှိဆုံးဖြစ်သည် ။ သမ္မတဦးသိန်းစိန်၏ ဓါတ်ပုံနှင့် နိုင်ငံတော်အလံကို ခြေထောက်ဖြင့် နင်းချေနေသည့်တိုင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက စတုတ္တမဏ္ဍိုင်ကို ကြည့်ပြီး အေးအေးလူလူနေနိုင်လွန်းသည် ။ အဓိပ္ပါယ်မဲ့ လူ ဖြစ်နေသော ပြန်ကြားရေးဝန်ကြီး ဖြစ်နေသည် ။
     ယခုဖြစ်နေသည့်ပွဲမှာ ဒိုင်လူကြီး ရှိနေသည် ။ ဒုတိယဗိုလ်မှူးကြီးလှမင်းသည် ယခုဖြစ်နေသော ပြသနာမှာ စစ်တပ်မှ ဒိုင်လူကြီးပါလို့  ထုတ်ဖေါ်ပြောဆိုသွားသည်ကို သတိရသည်  ။ လူမျိုးတမျိုးနှင့်တမျိုး သေကြေသတ်ဖြတ်ပြီး ကျွန်တော်တို့ သည် ဒိုင်လူကြီးရှိနေသော ပွဲမှာ တရားခံအဖြစ် ပါဝင်ကစား သင့်သလား ။ သမိုင်းအမှန်ကို သိရှိအောင် ရှင်းပြီး သွေးထွက်သံယိုမရှိအောင် မပြုလုပ်သင့်ဘူးလား ။
      သမ္မတဦးသိန်းစိန်၏ စကားကိုလည်း ကြိုဆိုပါသည် ။ ဒေါ်အောင်ဆန်းစုကြည်မှ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ ရှိနေဖို့  အရေးကြီးသည် ဆိုခြင်းကိုလည်း ကျွန်တော် အကြွင်းမဲ့  လက်ခံသည် ။ သို့ သော် ယင်းဥပဒေကို အစိုးရသည်  ဘာကြောင့်များ နိုင်ငံတည်ငြိမ်အောင် မဆောင်ရွက်နေရသနည်း ။  မီးချစ်ဆံလောက်နှင့် မီးရို့နေကြပြီး မြို့ ရွာတွေကို ပြာကျစေလောက်အောင် ၊ တုတ်တချောင်း ၊ အုပ်နီခဲ တလုံးလောက်နှင့် အဓိကရုဏ်းဖြစ်နေသော လူအုပ်ကို  လက်ပိုက်ကြည့်နေသည်မှာ စစ်တပ်ဖြစ်နေသည် ။   ခံရသူမှာ ရခိုင်လူမျိုးများသာ ဖြစ်သည် ။ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ ကို အဏုမြူဗုံးကြဲချမှ စစ်ပွဲကြီးပြီးဆုံးသွားသည့် ဖြစ်ရပ်ရှိသည် ။ ယင်းဖြစ်ပွါးနေခဲ့ သော ရခိုင်ပြည်နယ်ကို သတင်းအမှန် မသိသော မွတ်ဆလင်ဘာသာဝင်နိုင်ငံများ အထူးသဖြင့် အီရန်နိုင်ငံက ကုလသမ၈္ဂငြိမ်းချမ်းရေးတပ်ကို တောင်းဆိုနေသည် ။ ကုလသမ္မဂ ငြိမ်းချမ်းရေးတပ်ဆိုသည်မှာ လုံခြုံရေးကောင်စီမှ အဆင့်ဆင့်ဖြတ်သန်းလာရပြီး ယင်းသို့ လာရောက်ရန်အတွက် သက်ဆိုင်သူ ကာယကံရှင်နိုင်ငံမှ အစိုးရက တောင်းဆိုမှသာဖြစ်သည် ။
       ယခုတောင်းဆိုခြင်းမှာ ပြည်တွင်း၌ လူမျိုးတုံးသတ်ဖြတ်မှုများ ရှိနေသောကြောင့်ဟု ဆိုကာ အကြောင်းပြ တောင်းဆိုခြင်းဖြစ်သည် ။  လူမျိုးတုံး သတ်ဖြတ်ဖို့ ရခိုင်မှာ မည်သည့်လက်နက်မှ မရှိ ။ ခံနေရသေးသည်ကို ပြည်ပက မွတ်ဆလင်ဘာသာဝင်တွေ မသိသေး  ။ NGOs ဖြစ်သော -နယူးယောက်အခြေစိုက် -Amenesty International –AI ကို ဖြေရှင်းရန်လိုနေပါပြီ  ။ မလေးရှားမှာ ပြုလုပ်မည့် အာဆီယံ ညီလာခံမှာ ဖြေရှင်းပြရမည်ဖြစ်သည် ။ ယင်းသို့  မဆောင်ရွက်က အစိုးရ၏ လုပ်ရပ်သည် နောင်ကို သွေးချောင်းစီးစေရန်အတွက် အကွက်ဆင်နေခြင်းဟု ပြောရုံမှ တပါးအခြားမရှိ ။ ပါကစ္စတန်မှ လူ့ အခွင့်အရေးခေါင်းဆောင်-Ansa Burney-က ငိုနေသော ဒုက္ခရောက်နေသော သူကို တွေ့ ရန်လာမည်ဟု တနင်းလာနေ့ က ဗီဇါလျှောက်ယင်း ပြောဆိုထားသည် ။ ကဲ- မည်သူများ ကိုယ့်အိမ်မှာ ငိုကြွေးနေရသနည်း ။
ခိုင်အောင်ကျော် ( နယူးယောက် )