Sunday, July 29, 2012

ယူအန်နှင့် အိုင်အန်ဂျီအို ဆန့်ကျင် ပိုစတာများ ရဲက သိမ်းဆည်း

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင်  ယူအန်နှင့် နိုင်ငံတကာ အန်ဂျီအိုများအား ဆန့်ကျင်သော ပိုစတာများအား နေရာ အနှံ့ကပ်ထားသည်ကို ရဲအဖွဲ့က လိုက်လံခွာယူပြီး သိမ်းဆည်း သွားကြောင်း သတင်း ရရှိသည်။


UNHCR မှ စပိဘုတ် တစ်စီး ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ တစ်ခုတွင် ရပ်နားစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)

အဆိုပါ ပိုစတာ များအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ရဟန်းတော် တစ်ချို့နှင့် မြို့ပေါ်မှာ လူပုဂ္ဂ္ဂိုလ် တချို့မှ လူစည်ကားရာ နေရာများတွင် လိုက်ကပ်ထားခဲ့သည်။ ကပ်ထားပြီး  တစ်နာရီခန့် အကြာတွင် ရဲအဖွဲ့ဝင်များ ရောက်ရှိလာပြီး စာရွက်များကို လိုက်လံ ခွာယူကာ  သိမ်းဆည်း သွားခဲ့သည်ဟု ရတပ ပါတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးသန်းလိုင်က ပြောသည်။
ပိုစတာများတွင် ယူအန်၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) များ အလိုမရှိ၊ UN and INGOs – Get Out စသော စာများကို အနက်ရောင် စာလုံးကြီးများဖြင့် ရေးသားထားကြသည်ဟု ဆိုသည်။
မည်သည့်အတွက်ကြောင့် နိုင်ငံတကာ အန်ဂျီအိုများအား  ဆန့်ကျင်ရပါသလဲဟု မေးမြန်းရာ ဦးသန်းလိုင်က  ယခုလို ပြောသည်။
“ သူတို့က တရားမျှတမူ မရှိဘူး။ သူတို့က ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်။ ကျွန်တော်တို့ ရခိုင်တွေကို ထောက်ပံ့တာ သိပ်မရှိခဲ့ဘူး။ ၁၀၀မှာ  တစ်ရာခိုင်နုန်းလောက်ဘဲ ရခိုင်တွေကို ထောက်ပံ့တယ်။ ဒါကြောင့် ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကို အလိုမရှိတဲ့ ဆိုတဲ့ ပိုစတာတွေကို လူစည်ကားတဲ့ နေရာတွေမှာ ကပ်ကြပြီး ဆန့်ကျင်ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယူအန်အပါအ၀င် အိုင်အန်ဂျီအို အဖွဲ့အစည်းများ ဘူးသီးတောင်တွင် အခြေစိုက်ရန် ပြန်လည် ရောက်ရှိလာခြင်း မရှိသေးသဖြင့် သူတို့၏ တုန့်ပြန်မူကို မသိရှိရကြောင်း ဦးသန်းလိုင်က ပြောသည်။
ယခုကဲ့သို့ ပိုစတာများကို ကပ်ရခြင်းမှာ သူတို့ မရောက်လာမီ ကြိုတင်ပြီး လှုပ်ရှားထားခြင် ဖြစ်ကြောင်း သူက ဆက်ပြောကြားသည်။
ရခိုင်ပြည်နယ် အတွင်း ယူအန်နှင့် အိုင်အန်ဂျီအိုများ အပေါ် ဒေသခံ ရခိုင်အမျိုးသားများက ဆန့်ကျင်မူများ တိုးပွားလာနေသဖြင့် အဆိုပါ ပြဿနာကို ပြေလည်အောင် ထိန်းကျောင်းပေးရန် ယူအန် တာဝန်ရှိသူများက မြန်မာ အစိုးရကို မေတ္တာရပ်ခံထားသည်ဟုလည်း သတင်းများ ရရှိသည်။
http://www.narinjara.com/burmese/?p=1464 



မြန်မာ အနောက်ဘက် နယ်စပ်ရှိ ရခိုင်ကျေးရွာများ အရေးပေါ် အကူအညီလိုအပ်နေ

မောင်အေး
ဘင်္ဂလား မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ကမ်းခြေတလျှောက်ရှိ ရခိုင်ကျေးရွာတချို့တွင် စားဝတ် နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။

ယခုကဲ့သို့ အရေးပေါ်အကူအညီလိုအပ်နေသည့်အကြောင်းကို မောင်တောမြို့မှ စေတနာ့ဝန်ထမ်း လုပ်ဆောင် နေသည့် ကိုနိုင်အောင်က ယခုကဲ့သို့ ပြောသည်။
“ အဲဒီက လူတွေက လက်လုပ်လက်စား လုပ်စားနေကြသူတွေဖြစ်တဲ့အတွက်၊ ဒီဆူပူမှုဖြစ်ပြီး နောက်ပိုင်းမှာ အလုပ် ထွက်မလုပ်ရဲဖြစ်နေကြတယ်။ ငါးဖမ်းဖို့အတွက်လည်း ဘင်္ဂလီရန်ကို ကြောက်ပြီး မြစ်ကို မဆင်းရဲဆိုတော့ သူ့တို့အတွက် စားရေးသောက်ရေး အခက်အခဲရှိတယ်။ အခုဆိုရင် တချို့ကျေးရွာတွေမှာ ဆန်ပြတ်လုနီးပါး ဖြစ်နေကြပြီ။ ကျန်းမာရေးအတွက်လည်း သူနာပြုတွေ တယောက်မှ မရှိတော့ဘူး။”
ယခုကဲ့သို့ အကူအညီလိုအပ်နေသည့် ကျေးရွာများမှာ ငခူရ၊ အောက်ပြုံးမ၊ အထက်ပြုံးမ၊ ရွက်ညှိုးတောင်၊ ခြံပြင်ကျေးရွာ၊ မြို့သစ်၊ ရေမျက်တောင်အပါအ၀င် နတ်မြစ်တလျှောက်ရှိ ရခိုင် ကျေးရွာပေါင်း ၁၀ နီးပါးရှိ ကြောင်း သိရသည်။
ဒေသအတွင်း ကြုံတွေ့နေရသည့် အခက်အခဲကို ဒေသခံ အမျိုးသမီးတဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ အခုက လူတွေလည်း မောင်တောကိုလည်း ဈေးဝယ်ဖို့မသွားရဲဘူး။ ကားတွေလည်းမသွား၊ ဆိုင်ကယ်တွေ နဲ့သွားရမှာကလည်း ဘင်္ဂလီရွာကြီးတွေကို ဖြတ်ပြီးသွားရမှာဖြစ်လို့ မသွားရဲကြဘူး။ ဒီကလူတွေက မြစ်မှာ ကဏန်းဖမ်း၊ ငါးဖမ်းပြီး လုပ်စားကြသူတွေပါ။ တခြားလုပ်ငန်းကလည်းမရှိ။ အခုက ငါးဖမ်းဖို့လည်း မြစ်ကို မဆင်းရဲ ဖြစ်နေကြတယ်။ အကူအညီ ပေးတာကလည်း နတလ ရွာတွေကိုဘဲ ဦးစားပေးတယ်ဆိုလို့ ရွာကလူ တွေကလည်း ဒီက ပြဿနာတွေကို အထက်ကို မတင်ပြ ရဲကြဘူး” ဟု သူမက ပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် ဆူပူမှုများ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့သော်လည်း ဆူပူမှုများဖြစ်ပြီး နောက်ပိုင်းတွင် ခရီးသွားလာမှုများ လုံးဝရပ်တန့်သွားသည့် အတွက် ယခုကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။
“ပြဿနာဖြစ်ပြီးနောက်မှာ သူနာပြုဆရာမတွေ၊ ကျောင်းဆရာမတွေလည်း မနေရဲလို့ ပြန်သွား ကြပါပြီ။ ကလေးတွေလည်း ကျောင်းမတက်ရဘူး။ နေမကောင်းဖြစ်ရင်လည်း ဆေးကုသပေးဖို့  ကျန်းမာရေး ၀န်ထမ်းတွေ မရှိသလို ဆေးဝါးလည်း  မရှိဖြစ်နေပါတယ်။ အခက်အခဲက အစစ အရာရာပါဘဲ” ဟု အဆိုပါ အမျိုးသမီးကဆက်ပြောသည်။
ဆူပူမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် အဆိုပါ ကျေးရွာများသို့  “အကိုထွေးနှင့် အဖွဲ့”မှ ဆန် ၈၅ အိပ် လှူးဒါန်းပြီးနောက် နောက်ထပ်လုံးဝ အကူအညီ မရသေးကြောင်း သိရသည်။
ဒေသခံများ အတွက် အရေးပေါ်လိုအပ်နေသည့် အကူအညီများမှာ ဆေးဝါးနှင့် အစားအသောက်များ ဖြစ်ကြောင်း ကိုနိုင်အောင်က ပြောသည်။
ဒေသခံ ရခိုင်ကျေးရွာသားများ မောင်တောမြို့ကိုသွားပြီး ဈေးဝယ်နိုင်ရေး အတွက် အရေးအခင်း ဖြစ်ပြီးသည်မှာ တစ်လကျော် ကြာလာပြီ ဖြစ်သော်လည်း လုံခြုံရေးတပ် ဖွဲ့ဝင်များမှ ယခုအချိန်ထိ စီစဉ် ဆောင်ရွက်ပေးခြင်း  မရှိသေးကြောင်း သိရသည်။
ဆူပူအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်တွင် UNHCR အပါအ၀င် INGOs နှင့် တခြား အဖွဲ့အစည်းများ၊  ပြည်တွင်း လူမှုထောက်ပံ့ရေးအသင်းများနှင့်  စေတနာရှင်များမှလည်း မောင်တောမြို့ရှိ ဒုက္ခသည် စခန်းများနှင့် မောင်တော မြို့အနီး အနားရှိ ကျေးရွာများကိုသာ ဦးစားပေး လှူဒါန်းနေကြပြီး ယခုကဲ့သို့ ဝေးလံသော နယ်စပ်ရှိ ကျေးရွာများသို့ လာရောက် ကူညီ လှူဒါန်းခြင်း မရှိကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=1453

ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူတွေ ပါဝင်နိုင်


RFA Burmese

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုဝင်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က၊ လန်ဒန်ထုတ် Sunday Express သတင်းစာကို ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အဖြစ်အပျက် တစ်ချို့နဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း မြန်မာအာဏာပိုင် တွေကိုလည်း အကြောင်းကြား
ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး ရဲ့ အစီရင်ခံချက်တွေအရ၊ ဘင်္ဂလားဒေ့ရှ်မှာ
ရှိတဲ့ ဂျမက် အီး အစ္စလမ် မီး အဖွဲ့လို အစွန်းရောက် အစ္စလမ်မစ်အဖွဲ့တွေ
က၊ အဲဒီ ဒုက္ခသည်တွေထဲက တစ်ချို့ကို အားပေးကူညီတာမျိုး ရှိနိုင်တယ်
လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘင်္ဂါလီ ရိုဟင်ဂျာ တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ပေမဲ့၊ ဘင်္ဂလားဒေ့ရှ် အစိုးရက အ၀င်မခံဘဲ ပြန်မောင်းထုတ်နေတဲ့ အတွက်
နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေက ကန့်ကွက်ဝေဖန် နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ကတော့ မြန်မာနိုင်ငံဘက်က အဲဒီ ဒုက္ခသည်တွေ ဘာကြောင့် ထွက်ပြေးပြီး၊ ဘင်္ဂလားဒေ့်ရှ် နိုင်ငံထဲကို ၀င်ရောက်ဖို့ ကြိုးစား နေတာလဲ ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်း
က သေသေချာချာ သိအောင် စုံစမ်းသင့်တယ်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ် မှာ ဒုက္ခသည် အများအပြားရှိနေပြီး ဖြစ်တဲ့အတွက် နောက်ထပ် လက်မခံနိုင်တော့ဘူးလို့လည်း ပြောဆိုပါတယ်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ဟာ အကြမ်းဖက်သမား နှိမ်နင်းရေးအတွက် ဗြိတိသျှအစိုးရနဲ့ စကော့ တလန်ယာ့ဒ် ထောက်လှမ်းရေး အဖွဲ့တွေကနေ အကူအညီပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဒေါက်တာအေးမောင်လိုလူတွေ များများပေါ်လာပါစေ

Khine Soe Linn



Maung Maung Wann
နိုင်ငံတကာမှာ နိုင်ငံသားဖြစ်ခွင့်ကို လွယ်လွယ်လေးနဲ့ လက်ခံပေးတဲ့နိုင်ငံများရှိရင် ဘယ်နိုင်ငံရှိလည်း ပြောပြစမ်းပါ..(ဗဟုသုတအဖြစ် မှတ်တမ်းတင်ထားချင်လို့ပါ )။ဂျပန်နိုင်ငံ UN ရှေ့မှာ ဘင်္ဂလီခေါ်တောတွေ ဆန္ဒပြတော့..ဂျပန်လူမျိုးတဦးက ဗမာစကားနဲ့..မြန်မာနိုင်ငံ နိုင်ငံသားဖြစ်ခွင့်ဥပဒေကိုဖျက်သိမ်းဘို့ကြွေးကျော်သွားတယ်..အဲဒါ သူ့ကိစ္စမဟုတ်ဘူး..ကျနော်တို့ မြန်မာနိုင်ငံသားတွေ ကိစ္စ...။ မြန်မာနိုင်ငံသားတွေက ပြဋ္ဌာန်းပေးရမဲ့ ဥပဒေကို...ဘယ်နိုင်ငံတကာ..ဘယ်အဖွဲ့အစည်းကမှ ဖိအားပေးဆောင်ရွက်လို့မရဘူး ..ဖျက်သိမ်းခိုင်း လို့မရဘူး။ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံမှာမှ ဒီလို အလုပ်မျိုး လုပ်လို့မရဘူး..။UN လည်း လုပ်လို့မရဘူး၊ အခု မီဒီယာတွေမှာ တွေ့နေရတာတွေက..ဘင်္ဂလီတွေရဲ့ အဓိက ရည်မှန်းချက်က မြန်မာ့မြေပေါ်မှာ..မြန်မာနိုင်ငံသားဖြစ်ခွင့်...ဒါ သူတို့ရဲ့လတ်တလောရည်မှန်းချက်ဆိုတာ ထင်ထင်ရှားရှားတွေ့နေရတယ်။ အစိုးရကပြောတာလည်း ရှင်းနေတာပဲ..နိုင်ငံသားဖြစ်ခွင့် အရည်အချင်းရှိရင် ဥပဒေအကြောင်းအချင်းအရာများနဲ့ ကိုက်ညီလျှင်..နိုင်ငံသားဖြစ်ခွင့်ရှိတယ်...။နို့မဟုတ်ရင်..မရဘူး ..ရှင်းနေတာကို..ဘာတွေလာရှုတ်နေတာလည်း။ မည်သည့်နိုင်ငံခြားသားမဆို...ကိုယ့်မြေပေါ်မှာ အလိုအလျှောက်..အော်တိုမက်တစ်..ဟတ်.ချ.လောင်း နိုင်ငံသားဖြစ်စေဆို လုပ်လို့ရသလား...ဒါမျိုး လက်ခံတဲ့ နိုင်ငံ ရှိရင်လည်း ပြောပြစမ်းပါ။ ဘာလဲ..ရူးတူးတူး ပေါတောတော ကလေးကွက်လေးတွေနဲ့..ဘင်္ဂလီခေါ်တောတွေကို သူတို့ ဖိအားပေးလို့..ချက်ခြင်းနိုင်ငံသားပေးရမဲ့ ပုံစံ...နောက်တခါ..သမိုင်းနဲ့ချီပြီး ဘင်္ဂလီခေါ်တော နဲ့ မွတ်စလင် ကိုရောချနေတယ်..( ယုတ္တိဗေဒ လိုပြောရရင်..လူတိုင်းမှာ ခြေနှစ်ချောင်းရှိပေမဲ့..ခြေနှစ်ချောင်းရှိတိုင်း လူမဟုတ်ဘူး ) ဘင်္ဂလီခေါ်တောတွေမှန်သမျှ မွတ်စလင်ဖြစ်ပေမဲ့...မွတ်စလင် တိုင်းဟာ ဘင်္ဂလီခေါ်တောမဟုတ်ဘူး....မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာက အခြေချနေထိုင်လာတဲ့ မွတ်စလင်တွေနဲ့ သမိုင်းကို ရောမချနဲ့...လက်မခံဘူး။ ဗုဒ္ဒဘာသာဝင်ချင်းတူတာတောင် မြန်မာက မြန်မာပဲ..ထိုင်းက ထိုင်းပဲ..တရုတ်က တရုတ်ပဲ..ဘာမှမဆိုင်ဘူး။ တခြားဆီ။ မြန်မာပြည်က ထွက်ပြေးလာတဲ့..ဒုက္ခသည်တွေကို..ထိုင်းနိုင်ငံသားဖြစ်ခွင့်ချက်ခြင်းပေးရမယ်ဆို..ဖိအားပေးကြည့်ပါ့လား...ထိုင်းက လက်ခံမလား......။
ပေါလဲ..ပေါတတ်ပါ့။