Wednesday, August 1, 2012
ဘင်္ဂလားကလက်နက်များသယ်ယူမှူရှိနေ၊
ကျောက်တော်မြိုနယ်၊ပေါက်တောဘလောင်ဘက်မှာ၊ ဘင်္ဂလားကလက်နက်များသယ်ယူမှူရှိနေ၊ လက်ရှိအစိုးရအနေဖြင့် စစ်ရေးအမြင်တခုတည်းဖြင့် ပေါ့သေးသေးမကိုင်တွယ်သင့်ပါ ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ပါထိခိုက်စေတာမို့  လူထုကိုယ်စားလှယ်များ အဖွဲ့ အစည်းများနဲ့  ပူးပေါင်းဆောင်ရွတ်သင့်ပါတယ် ။ သေသေချာချာနေရာတိုင်းမှာ လုံခြုံအောင်ကိုင်တွယ်ဖို့လိုပါတယ်။နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ ပြည်တွင်းက အစ္စလာမ်ကိုးကွယ်ပြီး ပလီသွားနေသူတွေ တိုင်းပြည်အပေါ် သစ္စာရှိဖို့  လိုလာပြီ ။ အခုပြသနာက လူအုပ်စု တခု နဲ့  ဒေသခံ တိုင်းရင်းသားတွေ ဖြစ်တဲ့ ပြသနာကနေ ဘာသာရေး နဲ့  တိုင်းပြည် ပြဿနာဖက်ကို အချိန်မရွေး ကူးသွားနိုင်တယ် ။
ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရ
July 30, 2012 at 6:42 pm
ပေါက်တောမြို့နယ် ကြံခင်း ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ရခိုင် အမျိုးသမီး တစ်ဦး  ဈေးဝယ်ပြီး အပြန် စစ်ကဲပြင် ( တောင်) ရွာအနီးတွင် မုဒိမ်းကျင့်ခံရကြောင်း ကျေးရွာသားများက သတင်းပေး ပို့သည်။
ရခိုင်ပြည်နယ်တွင် ခရီးသွားသူများသည် ယခုလို ခရီးသွားကြရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
မုဒိမ်းကျင့်ခံရသူ အမျိုးသမီးမှာ ကြံခင်းကျေးရွာမှ (အဘ) ဦးကျော်လှစိန်၊ အမိ ဒေါ်ယိုင်စိန်ဦးတို့ သမီး (မ——— ) ၃၂ ဖြစ်ကြောင်း သိရသည်။
မုဒိမ်းကျင့်သောသူများ အဖြစ် စွပ်စွဲခံရသူများမှာ  စစ်ကဲပြင် (တောင်) ရွာမှ ဟာလူဆော အဖနာမည်က ဂျီရာအာမာန် အပါအ၀င် နောက်ထပ် (၂) ဦး ဖြစ်ကြောင်း ရွာသားများက ပြောသည်။
အဆိုပါ အမျိုးသမီးသည် ဇူလိုင်လ ၂၇ ရက်နေ့က အခြေအနေ အေးချမ်းပြီဟု ဆိုကာ စစ်တွေ မှ နေ ဈေးဝယ်၍ ရွာကိုပြန်သောအခါ ကုတိုးလှေမှာ ချောင်းဝ ရွာဆိပ်တွင် ရပ်သဖြင့်  ထိုနေရာမှ အနီးအနားတွင် တည်ရှိသော  ရွာသို့  ခြေလျင် လျောက်ပြန်စဉ် စစ်ကဲပြင်ရွာမှ အဆိုပါ မွတ်ဆလင် (၃) ဦးက လမ်းမှ တားကာ ဓါးနန့်ထောက်ပြီး ခေါ်ယူသွားက မုဒိမ်းပြုကျင့်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ညနေ (၆) နာရီက ပေါက်တောမြို့နယ် ရဲစခန်းသို့ ဆက် သွယ် မေးမြန်းရာ မုဒိမ်းမူ ဖြစ်ပွားကြောင်း  သတင်းအရ ရဲစခန်း တာဝန်ရှိသူများမှ အဆိုပါ ကျေးရွာ သို့ စက်လှေဖြင့် သွားရောက် စစ်ဆေးနေကြောင်း၊ တာဝန်ရှိသူများ  မရောက်သေးသဖြင့် အမူ ကိစ္စနှင့် ပတ်သက်ပြီး တိတိကျကျ မပြောနိုင်သေးကြောင်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြော သည်။
ယခုအခါ ကျူးလွန်သူထဲမှ တစ်ဦးကို ဖမ်းမိထားပြီး ယခုအခါ စစ်တွေသို့ ခေါ်ယူလာပြီ ဖြစ်ကြောင်း အမည် မဖေါ်လိုသူ စစ်တွေမှ ရဲတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
http://www.narinjara.com/burmese/?p=1495
ရှစ်..သုံးလီ နှင့်..၈၈၈၈ အတွေးစများ
by Robina Lwin on Tuesday, July 31, 2012 at 3:43pm ·
                     ၂၀  ကျော် ငါးနှစ် ပတ်လည်..ကျမ..ကျမ..တို့ အရွယ်……………..
ရှေ့ခေတ် နံမည်ရ..သီချင်းလေးနဲ့ ..ယနေ့ ခေတ်ပေါ် အက ကို ခပ်ဟော့ဟော့လေး
က..ပြီး  ဘရုတ်ကျနေတဲ့..ကောင်မလေးတွေကို ပြုံးလိုက်မိတယ်..လန်းနိုင်တုံး အ
ရွယ် မို့  လန်းကြ ရတာ မဟုတ်လား…
                      အော်..တို့ များ တုံးက အဲ့ဒီ အရွယ်မှာ..လန်းဘို့  ခြေတစ်လှမ်း…
အရွေ့  `` ပမ်း ´´ ရမဲ့ ဘ၀ တစ်ခုကို မြန်မြန်ဆန်ဆန် ထောင့်ချိုး ချိုး ခဲ့ ရတာလေ..
ကားချပ် အသစ်စက်စက် တစ်ချပ် …..ကားချပ်ထဲမှာ အမေ အသစ်က  ကျမ အသစ်
လေးကို..မွေးဖွားလိုက်သလိုလို ….ပုံရိပ်ထဲမှာ  ၂၀ ကျော် လူကြီးသူမ..အသိစိတ်ဓါတ်
နဲ့  ..၈ လေးလုံးကို မိတ်ဖက် ခဲ့ ရပုံများ….
                      ၈..ရက်လောက်တော့ အားတင်းပြီး ဆန္ဒပြ ပါဝင်လိုက်မယ်ဆိုရင်…
သူတို့ ကလည်း ပြည်သူ့ ဆန္ဒကို လေးစား လိုက်နာကြမှာပါလို့  နုငယ်တဲ့ အတွေးလေး
နဲ့ ..လမ်းပေါ်က သွေး ရဲရဲတွေ ကိုကြည့်ပြီးကျောင်းသား ပြည်သူတွေနဲ့ အတူ  ဆန္ဒပြ
ခဲ့ကြတယ်..
လမ်းပေါ်က သွေးတွေက ..ရဲ ရာကနေ ကျဲမသွားဘဲ..ရွှဲ  လာတော့ ..၈ .ရက်က
နေ..၈. နှစ်လောက်တော့ တော်လှန်ရေး ခရီးကို ပစ် ၀င်ရတော့မယ်လို့  အများနည်းတူ
စိတ် ဒုန်းဒုန်း ချလိုက်တော့တယ်….
                    ၈. နှစ်လောက်တော့ ရီတာပေါ့လို့  ဆက်ပြောရပြန်ပြီလေ..ခံပြင်းမှု
ဒဏ်ရာ ပေါင်းစုံနဲ့  ၈.သုံးလီ ၂၄ .နှစ်ဆိုတဲ့ ယနေ့ ကို တိုင်လာပြီး..ကာရံက မပီ..အ
ဆုံးသတ်က မညီတဲ့ ..ဘ၀ တစ်ခုကိုေ၇ာက်လာခဲ့ တယ်..
                   ၈ သုံးလီ တိုင်ခဲ့ပြီး…၈ လေးလုံးဆိုတော့..၈ .လေးလီတော့မှာလား…
ဘုရား….ဘုရား....
                    ၈.လေးလုံး အရေးအခင်း ဆိုတာလည်း..ဖြစ်သင့် ဖြစ်ထိုက် ခဲ့ တာပါ
ဘဲလေ...၁၉၆၂ .ခုနှစ်မှာ .ဗိုလ်ချုပ်နေ၀င်းက စစ်တပ်အင်အားကိုသုံးပြီးတိုင်းပြည်
အာဏာကိုအပိုင်သိမ်းခဲ့တာ...စစ်တပ်ကဘဲ ချုပ်ကိုင်ထားတဲ့ မဆလ တစ်ပါတီစံနစ်
ကြောင့်မြန်မာပြည်သူတွေ ရင်ထဲက မကျေနပ်မှု အစိုင်အခဲကြီးက..၈၈၈၈ ..မှာထိန်း
မရအောင်ပေါက်ကွဲခဲ့ကြတာပေါ့..
                    အရှေ့တောင်အာရှမှာ .ထိပ်ဆုံးက ရှိနေခဲ့တဲ့ မြန်မာပြည် ဟာ ၈၈.မှာ
ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဘ၀ ကို ကြွေးမြီ တစ်ပုံတစ်ပင်ကြီးနဲ့ ရောက်လာခဲ့တယ်…
အာဏာရှင်တွေ ကတော့ စည်းစိမ်တွေအပြည့်နဲ့ ..ပြည်သူတွေက..မနက်စာ
 စားပြီး..ညစာအကြောင်း ဘာမှ မပြောနိုင်တဲ့  ဘ၀တွေက ဒုနဲ့ ဒေး..မကြုံဘူးရင်
တောင်..ယုံကြည်ကြပါတော့…
                    တခါတခါ ပြန် စဉ်းစားကြည့်မိတယ်. ၈ လေးလုံး အရေးအခင်းသာ မ
ဖြစ်ခဲ့ရင်..ဒီနေ့ အထိ ``မဆလ ´´ တစ်ပါတီ စံနစ်ရဲ့အောက်မှာ..မျက်စိပိတ် နားပိတ်
ခံ နေရပြီး..နိုင်ငံခြား ဆိုတာ ဂျိုနဲ့ လား လို့ တောင် မေးယူရမယ်ထင်တယ်..နေ့ စဉ်
မြန်မာ့အသံက.ဖြတ်တောက်ပြီး  ကြေငြာပေးတဲ့ သတင်းလေးကိုဘဲ နားထောင်ခွင့် ရပြီး..
ဗဟုသုတမရှိ..ယောင် နေရမဲ့ မြန်မာပြည်သူများ ဘ၀ သာလျှင်…
                     ကျမရဲ့ အတွေးစ များဆီ သို့  ပြန်ဆက်ပါလိုက်ပါဦးမယ်..၈ လေး
လုံးမှာ ဘ၀ တစ်ခုလုံး..ထောင့်ချိုး ချိုးပြီး.တဖက်ကမ်းကို ရောက်သွားခဲ့တဲ့ ပထမဆုံး
နေ့ ရက်များပေါ့…..
                               ``ဒေါင်းနီပြန်သင့်ပြီ´´
ဒီစာဖြတ်ပိုင်းလေးကို ကျမတို့  ဒေါင်းနီသပိတ်စခန်း က ကျောင်းသားတွေ တစ်
ယောက်တစ်လက်..လက်ဆင့်ကမ်းပေးဖတ်ရင်း..တစ်ယောက်မျက်နှာတစ်ယောက်
မေးခွန်းတွေပါတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်..တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့
အသံတစ်သံ....
``ဟေ့...တို့  သပိတ်စခန်းအပြင်မှာ စစ်တပ်က ၀ိုင်းထားလိုက်ပြီ..နားထောင်ကြည့်
တို့ တွေကို အမိန့် ပေးနေတယ်..လာ.လာ ဘုန်းကြီးကျောင်းအနောက်ပေါက်က အ
မြန်ထွက်ကြစို့ ´´
                       အဲ့ဒီနေ့ က စပြီး..အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာလိုက်
တာ..ထိုင်းမြန်မာနယ်စပ်..တော်လှန်ရေး နယ်မြေထိ ရောက်လာခဲ့တော့တယ်…မထွက်
ဘဲ ကျန်ခဲ့သူတချို့ လည်း..ထောင်ထဲ.ရောက်တဲ့သူ.. ရောက်ကုန်ကြတယ်…….
                     မြန်မာတနိုင်ငံလုံး..ထွက်လာတဲ့ ကျောင်းသား..၅.ထောင်ကျော်က
 တနေရာမှာ ဆုံမိကြပြန်တယ်…တယောက်နဲ့ တယောက်မိတ်ဆက်ကြပြီး..နှုတ်ဆက်
စကားတွေပြောနေကြပေမဲ့..ဘယ်လို ရှေ့ဆက်ရမှန်း..မသိကြသေးဘူး..လောလော
ဆယ်..နေစရာ..ရိက္ခာ..ဆေးဝါးက အရေးကြီးတဲ့ ပြသနာပေါ့..ကျရောက်လာမဲ့
အန္တရာယ်တွေကိုကာကွယ်ဘို့  လက်နက်ဆိုတာ ..ဝေလာဝေး….
                     ထွက်လာလိုက်ကြတာ..မြို့ နယ်အသီးသီးက..ကောလိပ်ကျောင်းသူ
ကျောင်းသားများ.အထက်တန်း အလယ်တန်းကျောင်းသူ/သားများ.ဆရာ ဆရာမများ
ဆရာဝန်.အင်ဂျင်နီယာ နဲ့ ဝန်ထမ်းပေါင်းစုံပါဘဲ..
                    ထိုအချိန်က ငယ်ရွယ်သေးသူ ပီပီ..ပူပန်မှုတွေကြားက စိတ်ဝင်စား
လိုက်သေးတယ်..အဲ့ဒါကတော့..အဆိုတော်တွေဖြစ်တဲ့..မွန်းအောင်..ထူးအိမ်သင်
ပန်းအိစံ..တို့ လည်းလာတယ်ဆိုလို့  လိုက်ငမ်းလိုက်မိသေးတာပေါ့..နောက်ထပ်
ဒရမ်မာသီရိညွန့် ..ဒါရိုက်တာဦးစိုးခိုင်..ဒါရိုက်တာမောင်ဝိုင်း.  တဲ့လေ..သီပေါမင်းရဲ့
မြစ်တော်တွေလည်းရောက်လာတယ်ဆိုလို့ ..မျက်လုံးထဲမှာ မတွေ့ ခင် မြင်ယောင်
လိုက်သေးတယ်…..တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းနဲ့ .ထိုင်မသိမ်းအကျီင်္..ဆံတုံးတော်
ကြီးနဲ့ ပေါ့လေ….
                   တွေ့ လိုက်တဲ့အချိန်..သီပေါ့မင်းရဲ့ဝေးစွာသောမြစ်တော်ဆိုတဲ့.(ရုပ်ရှင်မင်း
သားသီဟတင်စိုးတို့ မောင်နှမ)…ကိုယ်လေရူးမိပုံများ..ဘုရင်ခေတ်မှ မဟုတ်တော့ဘဲ
နော်သူတို့ လည်း..သူလိုကိုယ်လို ဘောင်ဘီနဲ့ အကျီင်္ဘဲဝတ်ထားတာ..
                   နောက်ထပ်..မျက်စိနောက်လောက်အောင်..ဟိုဒီလမ်းသလားပြီး
ရီစရာတွေပြော..ခင်မင်စရာကောင်းတဲ့ ရုပ်ရှင်မင်းသားကြီးဦးအောင်လွင်ရဲ့
သား..သာကျော်မောင်ဆိုဘဲ… ကျောင်းသူမလေးတွေကလည်း ငယ်ငယ်ချောချောလေး
တွေ..သီသီ..မီးမီး..မြင့်မြင့်စန်း.နွယ်နီထွန်း..နှင်းနွယ်စိုး..ညွန့် ညွန့် ဝေ.စိုးစိုးအေး
စီစီမာ ..သိန်သိန်းဦး..နောက်ထပ်..နောက်ထပ်..စုံလို့ ...
.စာသင်းခန်းထဲကနေ ရောက်လာကြတာပေါ့.ဒီရောက်မှဘဲ..လူစုံတက်စုံတွေ့ ရတော့
တယ်..မြန်မာပြည်ကိုချစ်လို့  ..အမှန်တရားကို ရင်ဆိုင်ခဲ့ကြတဲ့သူတွေပါ…
                  တစ်ယောက် စိတ်ကူးတစ်မျိုးစီနဲ့ ..၀င်လာလိုက်..ထွက်သွားလိုက်
ပြန်ရောက်လာလိုက်နဲ့ ..မျက်စိရှုပ် နားရှုပ်..ရင်တုန်ပြီး စိုးရွှံ့ ခဲ့ရသော နေ့ ရက်များပင်
                  ဒါကြောင့်လည်း..ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီး..စည်းနဲ့ 
ကမ်းနဲ့ ဖြစ်သွားအောင် အဖွဲ့ အစည်းလေး တစ်ခုကို စံနစ်တကျဖွဲ့ စည်းဘို့ သဘော
တူလိုက်ကြတယ်..
                 ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ပေါင်းများစွာ ပြီးဆုံးသွားတော့(မကဒတ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး....ဆိုပြီး ကျောင်း
သားအဖွဲ့ အစည်းတစ်ခု သမိုင်းစာမျက်နှာသစ် ပေါ်ပေါက်လာခဲ့တယ်..
                 မြန်မာပြည်အတွက်..ကောင်းသော ရည်၇ွယ်ချက်များဖြင့် ဖွဲ့ စည်းခဲ့ကြ
သော်ငြားလည်း..နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ရည်၇ွယ်ချက်ကြီးမားစွာ
လုပ်ဆောင်နေသူများရှိသလို..ဖျက်လိုဖျက်ဆီး နှံဖျက်ပိုးများလည်း..ရောနှောပါဝင်
လာကြတဲ့အတွက်..အဆိုး အကောင်းများ ဒွန်တွဲနေသော..သမိုင်းစာမျက်နှာကလည်း
မြင့်တက်လာခဲ့တယ်..
                 ၈၈.အရေးအခင်းမှာ..မြန်မာပြည်တွင်း၌အဖမ်းခံရသူများလည်း..ဘဝ
တွေ ခေါက်ရိုးကျိုး..လဲခဲ့ ကွဲခဲ့ကြတယ်..
                ပြည်ပ ထွက်လာသူတွေကလည်း..ကျိုးကန်းသူ..သေဆုံးသူ ဦးရေက
အများအပြား ..ဒုက္ခဆင်းရဲခြင်းနဲ့ သေတွင်းကို  ၁၀ နှစ်အတွင်း ကြံ့ကြံ့ခိုင် ရင်ဆိုင်
ခဲ့ကြတဲ့အတွက် နိုင်ငံတကာက အာရုံပြုမိလာပြီး..ကူညီခဲ့ကြတယ်..ဒါကြောင့်လည်း
 ၁၀..နှစ်ရဲ့ နောက်ပိုင်းကာလများမှာ..တတိယ နိုင်ငံများသို့ တဖြည်းဖြည်းရောက်
လာခဲ့ကြတယ်..တတိယ နိုင်ငံ ရောက်ကြသော်လည်း..၅ နှစ်အတွင်း..သူတို့ လူထု
အဆင့်နှင့်မမှီသော မကိုက်ညီသော အရည်အချင်းများကြောင့် စိတ်ဓါတ်ကျခြင်းနှင့်
ဒုက္ခများကို ဆက်လက်ရင်ဆိုင်ကြရပြန်တယ်..၁၅ နှစ်နောက်ပိုင်းကာလ မှာ တ
ဖြည်းဖြည်း အဆင်ပြေလာခဲ့ကြတယ်..
               ၈၈..နံမည်ကို ယူပြီး..ကောင်းစားနေကြပါတယ်ဆိုတဲ့ အရည်အတွက်
က လက်ချိုး ရေ လို့ ရပါသေးတယ်..ဒုက္ခမျိုးစုံကို ၁၅ နှစ်ကျော် ရုန်းကန်ပြီး..ကိုယ့်
ကြမ္မာကိုယ် ဖန်တီးနေရသော ..ဒဏ်ရာကိုယ်စီနှင့် သာမာန်ရဲဘော်များအရည်အ
တွက်က..များပြားနေဆဲပါ...သို့ သော်လည်း မြန်မာသမိုင်းတစ်ခေတ်ကို လုံးဝ
ပြောင်းစေခဲ့တဲ့..၈ လေးလုံးဆိုတာကိုတော့.ငြင်းလို့ မရနိုင်တော့ပေ..
              အဆိုးများအတွက် ကြေကွဲနေရသလို ..အကောင်းများအတွက် ကြည်
နူးရင်း..တယ်လီဖုန်းခေါ်သံကို အမြဲနားစွင့်နေတဲ့ အမေကို နှစ်သိမ့်ရင်း..ခေါင်း
လောင်းသံလည်းတိတ်..အမေလည်း အိပ်တော့..ရှစ် သုံးလီ က..၂၄ ..နှစ်တိုင်
သမိုင်းကို ရင်ဆိုင် ခဲ့ပါပြီ....
~~ Robina (8888)
ဤကမ္ဘာတွင်လည်း ကြားစေသတည်း ၊ နောင်တွေ့ မည့် ဂြိုလ်များတွင်လည်းဤအတိုင်းသာ ရှိစေသတည်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတဦးသိန်းစိန်မှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးမှာ တိုင်းရင်းသားလူမျိုးမဟုတ်လို့  အစိုးရကိုယ်စား ထုတ်ဖေါ်ပြောဆိုထားသည် ။ မနေ့ က ရန်ကုန်မြို့  နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းတွင် ကျင်းပရာ၌ လူဝင်မှုကြီးကြပ်ရေးဋ္ဌါနနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန-၀န်ကြီးဦးခင်ရီက ကုလသမ္မဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား၏ ရှေ့ ၌ မျက်နှာချင်းဆိုင်ရပ်ပြီး နိုင်ငံတကာသံအမတ်များနှင့် သတင်းစာဆရာများကို ဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည် ။ ၄င်းရှင်းလင်းပွဲ၌ ၀န်ကြီးဦးခင်ရီကလည်း သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မိန့် ကြားမှူအတိုင်းပင် ရိုဟင်ဂျာလူမျိုးဟုခေါ်သော လူမျိုး မရှိကြောင်း တိကျစွာ ရှင်းလင်းထုတ်ဖေါ်ခဲ့ သည် ။
       ယခုအချိန်၌ မြန်မာနိုင်ငံအရေးကို ရေးသားပြောဆိုနေကြရာ ခုတော့ဖြင့် အဖြစ်မှန်တို့ မှာ ဘူးပေါ်သလို ပေါ်လာခဲ့ ပြီဖြစ်သည် ။ အဖြစ်မှန်ဆိုသည်မှာ ရိုဟင်ဂျာဟုခေါ်သော လူမျိုး မရှိကြောင်းဆိုသော အဖြစ်မှန်ဖြစ်သည် ။ ထို့ ကြောင့် ဤမရှိဟု ပြောဆိုသောလူမျိုးကို ကုလသမ္မဂ၏ ဋ္ဌါနတိုင်းတွင် ဤနာမည်နှင့် မှတ်တန်းမှတ်ရာ ထားပေးနေမှုများကို ရုပ်သိမ်းပေးရမည်ဖြစ်သည် ။ အမေရိကန်အစိုးရ၏ ၀ပ်ဆိုက်မှာ ဖေါ်ပြထားသော မြန်မာနိုင်ငံ၏ လူမျိုးများစာရင်းမှာ ထည့်သွင်းဖေါ်ပြထားသည်ကို ချက်ချင်းပယ်ဖျက်ပေးရမည်ဖြစ်သည် ။ တချိန်တည်းမှာပင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ မည်သည့်သတင်းဋ္ဌါနမဆို ( အသံဖြင့်လွှင့်ထုတ်သော- စာဖြင့်ရေးသားသော ) သတင်းဋ္ဌါနအပါအ၀င် မြန်မာဘာသာဖြင့်ရေးသားနေသော -အသံဖြင့် ထုတ်လွှင့်နေသော မီဒီယာများသည်လည်း ယခုအချိန်မှာစ၍ သတင်းထုတ်ပြန်ခြင်းများကို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ထုတ်ပြန်ထားသော ပေါ်လီစီအရသာ ရေးသားထုတ်လွှင့်ရမည်ဖြစ်သည် ။ အကယ်၍ မျက်နှာလို မျက်နှာရ ငွေကြေးရလိုမှုကြောင့် ထုတ်လွှင့်ရေးသားလိုသူများက ၄င်းလူမျိုးများသတင်းကို လက်ယားပြီး ဖေါ်ပြလိုလျှင် ( ရိုဟင်ဂျာဟုခေါ်သော- So call Rohingyas ) ဟု ရေးသား ဖေါ်ပြရမည်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံအစိုးရသည် ၄င်းလူမျိုးအား တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် မပြုထား၍ မည်သူမဆို နာမည်များကို ထားချင်တိုင်းထားပြီး ခေါ်စေချင်တိုင်း ခေါ်စေရမည်ဟု လက်ခံခြင်းမရှိသောကြောင့်ဖြစ်သည်။ ဤအချက်ကို လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ချက် ယူကြရန်လိုသည် ။
     ကုလသမ္မဂ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး မဟာမင်းကြီးဋ္ဌါနမှလည်း ( So call Rogingyas ) ဟု အသိအမှတ်ပြု၍ ရေးသားအသုံးပြုရန်လိုသည် ။ လက်ခံချင်၍ လူ့ အခွင့်အရေးကို စာနာထောက်ထား၍ လူသားချင်းကူညီပေးလိုသည့်တိုင်အောင် ပေးနိုင်သော်လည်း ယင်းလူမျိုးများကို မြန်မာနိုင်ငံအစိုးရ၏ ပေါ်လီစီအတိုင်း အသိအမှတ်ပြုပေးရမည်ဖြစ်သည် ။ ဤပြသနာမှာ နောင်အရှည်ကြာကြာ၌ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ထိခိုက်စေကာ ဖြစ်ပွါးစေမည့် မီးစမီးပွါးလေးများဖြစ်သည် ။
    ယခုအချိန်တွင် -UNHCR-မှ ငါးဦး- WFP-မှတဦး- AFG -မှ တဦးတို့ မှာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမှုဖြင့် ဖမ်းဆီးထားသည်ဟု သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားသည် ။ စင်စစ်အားဖြင့် ၄င်းသူတို့ မှာ သူလှို ( Spy ) လုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်သည် ။ ရခိုင်ပြည်၏ တပ်ရင်းတပ်စခမ်းများ ၊ ရဲကင်းများ ၊ လမ်းတံထားများ၊ ဆက်သွယ်ရေးလမ်းကြောင်းများ ၊ မြို့  သိမ်းတိုက်ပွဲများကို မည်သို့  ဆင်နွှဲနိုင်ကြောင်းနှင့် သူတို့ ၏ လူဦးရေ မည်မျှအထိ လွှမ်းခြုံနေပြီလဲ ဆိုသည်ကအစ သတင်းများကို ကွန်ပြူတာများမှ အကြမ်းဖက်အဖွဲ့ အစည်းများကို ပေးနေသည်မှာ ကြာမြင့်နေပြီဖြစ်သည် ။ သို့ ဖြစ်၍ ကုလသမ္မဂမှာ တာဝန်ရှိသူများ ၊ INGOs မှ တာဝန်ရှိသူများသည် သူတို့ ၏ ၀န်ထမ်းများအား လွပ်မြောက်ရေးအတွက် မည်သို့ မျှ မဆောင်ရွက်နိုင်သောအခါ မြန်မာနိုင်ငံအစိုးရအား လူ့ အခွင့်အရေးကို အကြောင်းပြကာ မွတ်ဆလင်ဘာသာဝင်များကို ဗုဒ္ဒဘာသာဝင်များက တပါတ်မှာ တသောင်းအထိ သတ်ဖြတ်နေပါသည်ဟု လန်ဒန်မြို့  ကျင်းပနေသော ကမ္ဘာ့အိုလံပစ်ပွဲတော်မှာ ပိုစတာဆိုင်းဘုတ်တွေ ထောင်ပြီး ဆန္ဒပြနေကြသည်အထိ ဖန်တီးနေကြသည်  ။ ဤသို့  သတင်းအမှားများကြောင့် ယခုလို မြန်မာနိုင်ငံတွင် ကုလသမ္မဂမှလာရောက် စစ်ဆေးရန် အခြေအနေထိ ဖြစ်ပေါ်လာခြင်းဖြစ်သည် ။ ခုတော့ အဖြစ်မှန်တို့  ဘူးပေါ်သလို ပေါ်လာပြီဖြစ်သည် ။ ထို့ ကြောင့် ယခုအချိန်မှစ၍ မစ္စတာကင်တားနားမှာ ကမ္ဘာကို အဖြစ်မှန်အတိုင်း သတင်းများ ထုတ်ပြန်စေရန်လိုသည်။ မြန်မာနိုင်ငံအစိုးရ၏ ထုတ်ပြန်ကြေညာချက်များကို စောဒကတက်ပြီး မည်သို့ မျှ ဖြေရှင်းစရာ မလို ။ အကယ်၍ ဘက်လိုက်ပြီး စောဒကတက်ကာ ဖြေရှင်းနေလျှင် မြန်မာနိုင်ငံအစိုးရမှသူ့ အား မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းလိုက်ရမည်သာဖြစ်သည် ။ ယင်းမှာ မြန်မာနိုင်ငံအစိုးရ၏ အခွင့်အရေးဖြစ်သည် ။ တချိန်တည်းမှာပင် ဤသို့  သမ္မတကော ၀န်ကြီးပါ အစိုးရ၏ ပေါ်လီစီကို ကြေညာထားသည်နှင့် မြန်မာနိုင်ငံသူများကော တကမ္ဘာလုံးမှကြားသိပြီးဖြစ်သည် ။ ကျွန်တော် အားရပါးရ ပြောလိုက်ချင်ပါသည် ။ ဤသမ္မတဦးသိန်းစိန်နှင့် ၀န်ကြီးဦးခင်ရီ၏ ပြောသောစကားမှာ ကမ္ဘာတွင်လည်း တည်စေသတည်း ၊ နောင်တွေ့ လာကြမည့် ဂြိုလ်များတွင်လည်း တည်စေမည်တည်းဟု ပြောရလျှင် လွန်အံ့မထင် ။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
The Voice Weekly နှင့် Envoy ဂျာနယ် ယာယီအပိတ်ခံရပြန်ပြီ
The Voice Weekly
စာပေစိစစ်ရေး နှင့် မှတ်ပုံတင် ဌာန ၏ ထုတ်ပြန်ကြေငြာချက်
အသိပေး ကြေညာချက်
၁။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ(၈)၊ အမှတ် (၃၂) နှင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ(၃) ၊ အမှတ် (၁၃) တို့ ထုတ်ဝေရာတွင် အဖုံးနှင့် အချပ်ပိုများတွင် ပါဝင်သော အချို့သော သတင်း ၊ ပုံများမှာ စာပေစိစစ် နှင့် မှတ်ပုံတင်ဌာန သို့ ကြိုတင် တင်ပြမှုမရှိဘဲ ထည့်သွင်းရိုက်နှိပ်ခဲ့ကြောင်း နှင့် ဌာနမှ ဖြန့်ချိခွင့်မပြုမီ ကြိုတင် ဖြန့်ချိခဲ့ကြောင်း စိစစ် တွေ့ရှိရပါသည်။
၂။ ထို့ကြောင့် အဆိုပါ ဂျာနယ် များအနေဖြင့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင် နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများကြီးကြပ်မှု ဗဟိုအဖွဲ့မှ ၂၀၁၁ ခုနှစ်၊ ဇွန်လ (၇) ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက် (၄၄) အရ "စာမူများကို စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာန ၏ ဖြန့်ချိခွင့် အမိန့်ရပြီးမှ ဖြန့်ချိ ရောင်းချခြင်း" အား ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိရပါသည်။
၃။သို့ပါ၍ ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် များအား လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အတွက် အောက်ပါ ဂျာနယ် (၂) စောင်အား ယနေ့မှစ၍ ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းကြောင်း ကြေငြာလိုက်သည်..
(က) The Voice Weekly ဂျာနယ်
(ခ) Envoy ဂျာနယ်
စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန
အပိတ်ခံရသော Envoy ဂျာနယ်နှင့်The Voice Weekly ဂျာနယ် ၏ မျက်နှာဖုံး
သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ- ၁.၈.၂၀၁၂
၁။ ပိတ်ပင်ခံထားရသောThe Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကိုချက်ချင်းထုတ်ဝေခွင့်ပေးရန်။
၂။ ပြုပြင်ပြောင်းလဲမှုများကိုထိခိုက်စေသည့်နောက်ပြန်ဆွဲသောမည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေးယူဖယ်ရှားပေးရန်။
၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကိုဖိနှိပ်ကန့်သတ်ထားသောဥပဒေများကိုချက်ချင်းဖျက်သိမ်းပေးရန်။
၎။ သတင်းမီယာများအပေါ် အရေးယူမှုများကိုထပ်မံလုပ်ဆောင်ခြင်းမပြုရန်။
၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သောမည်သည့်ရေးသားမှုကိုအစိုးရကဥပဒေကြောင်းအရတရားစွဲမှုများကိုချက်ချင်းရပ်ဆိုင်းရန်။
၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆိုလက်မခံပါ။
၇။ လတ်တလောဖြစ်ပွားနေသောစာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကအမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်။
အထက်ပါတောင်းဆိုချက်များကိုချက်ချင်းလုပ်ဆောင်ပေးရန် ယနေ့တက်ရောက်လာသောသတင်းမီဒီယာသမား ၉၂ ဦးကသဘောတူလက်မှတ်ရေးထိုးလိုက်သည်။
ကော်မတီဝင်များစာရင်း
၁။ ကိုဇော်သက်ထွေး
၂။ ကိုကျော်မြင့်
၃။ ကိုသက်ဇင်
၎။ ကိုနိုင်မင်းဝေ
၅။ ကိုကျော်ဇေယျာထွန်း
၆။ ကိုသာလွန်ဇောင်းထက်
၇။ ကိုသူရအောင်
၈။ ကိုဝေဖြိုး
၉။ ကိုဖိုးစိုင်း
၁၀။ ကိုအောင်ပေါ်ထွန်း
၁၂။ ကိုခွန်းသု
၁၃။ ကိုအောင်သူရ
၁၄။ ကိုထက်နိုင်ဇော်
၁၅။ မအေးသီရိဝင်း
၁၆။ ကိုမြတ်ဇံ
၁၇။ မမြနှင်းအေး
၁၈။ မစန်းမွန်အောင်
၁၉။ကိုကျော်ဆန်းမင်း
၂၀။မညိုမီသင်း
၂၁။မနန်းလွင်
၂၂။ဥာဏ်လင်းအောင်
၂၃။ကိုအောင်ထွန်းဦး
ကော်မတီများ
၁။ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီ
သာလွန်ဇောင်းထက်၊ ကိုသူရအောင်၊ ကိုဝေဖြိုး၊ ကိုနိုင်မင်းဝေ၊ မနန်းလွင်၊ မညိုမီသင်း၊ ဦးကျော်မြင့်
၂။ ပြန်ကြားရေးကော်မတီ
ကိုသက်ဇင်၊ ကိုဇော်သက်ထွေး၊ ကိုကျော်ဆန်းမင်း
၃။ ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီ
(ကျန်သူအားလုံး)
မတရားကြိုးတုပ်ရိုက်နှက်မှု
သဲကုန်းမြို့ လယ်သမားကြီးများကို ရိုတ်နှက်ဖမ်းဆီးထား
by Ye Min Tun on Tuesday, July 31, 2012 at 9:34pm ·
၁။ သဲကုန်းမြို့-ပဲခူးတိုင်း(အနောက်) မှာ အင်အား ၂၀၀ ဝန်းကျင် လယ်သမားဆန္ဒပြမှု ဒီနေ့မနက်ဖြစ်။ ၂။ တပ်များ၊သူဌေးများလက်မှာ ပုံသဏ္ဌာန်မျိုးစုံ နဲ့ မတရားဆုံးရှုံးထားခံရတဲ့ လယ်ဧက ၂၀၀၀ ဝန်းကျင်   ရှိနေတာ၊ တရားသဖြင့်ပြန်ရဖို့ ပါ။
 ၃။ အာဏာပိုင်အဆင့်ဆင့်ဆီ တရားဝင်စာတင်ပါတယ်။ တရားဝင်ပိတ်ပင်တာ-ဒါမှမဟုတ်- ခွင့်ပြုတာမ  ရှိခဲ့ပါ။
 ၄။ ဒီမနက် ၁၀း၀၀ နာရီဝန်းကျင်မှာ ဆန္ဒပြလူအုပ်ကိုသဲကုန်းရဲက  မြို့အဝင်လမ်း၊လူထုပရိဿတ်အများရှေ့  မှာဘဲ တင်ကြိုသတိပေးမှုမရှိ၊ရိုက်နှက်လူစုခွဲပါတယ်။ခြောက်လှန့်ရုံဆောင်ရွက်တယ် ဆိုပေမယ့်၊အများပြည်သူမြင် 
  ကွင်းမှာ လူ့ဂုဏ်သိက္ခာအရ မဆီလျော်ဘူး ဆိုနိုင်တယ်။
 ၅။ လယ်သမားအရေးဆောင်ရွက်သူ ကိုအုန်းဟန်၊လူ့အခွင့်အရေးဆောင်ရွက်သူကိုဝင်းလှိုင် နဲ့ အမည်မသိရ  သေးတဲ့ လယ်သမား ၃ ဦး-စုစုပေါင်း(၅) ဦးကို ၊သဲကုန်းရဲစခန်းမှာချုပ်ထားပါတယ်။
၆။ ရိုက်နှက်လူစုခွဲခံရတဲ့ လယ်သမားများဟာ နာရီဝက်အတွင်းပြန်စုမိသမျှ(၇၀ ခန့်) နဲ့ သဲကုန်းရဲစခန်းရှေ့မှာ  အခု စုဝေးထိုင်နေပြီး၊သူတို့မိတ်ဆွေများ+ဘဝတူလယ်သမားများကို “ ဥပဒေချိုးဖေါက်ခြင်းမရှိဘဲ၊မဖမ်းဆီးသင့်ကြောင်း
 -ပြန်လွှတ်ပေးစေချင်ကြောင်း ” ရဲ တာဝန်ရှိသူများနဲ့ဆွေးနွေးနေပါတယ်။
၇။ အခုတော့ ရဲဘက်က -ပြန်လွှတ်မယ်                                               - ဆန္ဒပြဖို့ခွင့်ပြုချက်မရှိဘဲ ပြလို့ဖမ်းတာ
                                              - ခံဝန်လက်မှတ်ထိုးရမယ်
                                              ... လို့ ၃ ချက်ပြန်ကြားပါတယ်။
                    လယ်သမားများက - တရားဝင်တင်တဲ့ဆန္ဒပြခွင့်တောင်းခြင်းကို ၄၈ နာရီအတွင်းအကြောင်း
                                                 ပြန်ဖို့ ရဲဘက်ကသာပျက်ကွက်ခဲ့တာဖြစ်ကြောင်း
                                               - ဥပဒေဖေါက်ဖျက်ကျူးလွန်မှု မရှိဘဲ ခံဝန်လက်မှတ်ထိုးဖို့ဟာမဖြစ်နိုင်
                                                  ကြောင်း      
                                               -  ပြစ်မှုကျူးလွန်ခြင်းမရှိသူတွေကိုပြန်လွှတ်ဖို့လိုကြောင်း
                                               ..... ပြောဆိုနေကြပါတယ်။
၈။ ပြည်က H.R.D.P ရှေ့နေ ဦးမြင့်အေးဟာ၊ မတရားဖမ်းဆီးခံလယ်သမားများကိုအကူအညီပေးဖို့  အတွက် သဲကုန်းမှာအခုရောက်နေပြီး သူ့ဖုန်းက ၀၉၄၃၁၅၆၆၀၃ ပါ။
၉။ ပြည်၊သဲကုန်း၊ပုတီးကုန်း ၃ မြို့ လုံးမှာ၊ ဖုန်း နဲ့ အင်တာနက် Network Connection တွေ အချိန်  ကိုက်ချွတ်ယွင်းသွားတာမို့၊အဆက်အသွယ်တွေခက်နေပါတယ်။
                                          ဒီလောက်ပါဘဲ။
သဲကုန်းမြို့ လယ်သမားကြီးများ ဆန္ဒပြနေစဉ်
ဆန္ဒပြခွင့်ရှိကြောင်း၊မဖမ်းဆီးသင့်ကြောင်း အချေအတင်...။
လယ်လည်းမရှိတော့ဘူး။ လူတော့ မပါဘဲမပြန်နိုင်ဘူး။မိုး ရွာပလေ့စေ၊ပြန်မလွှတ်မချင်း၊ထိုင်နေကြမယ်....တဲ့။
ဖမ်းထားသူတွေလွှတ်ပေးမှ ထကြမယ်။
လမ်းများအားကောင်းစေလိုသူပဲခူးစုသား