Friday, August 3, 2012

သေဒဏ် ချမှတ်ခံရပြီး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူ ကိုဖြိုးဝေအောင်

Eleven Media Group


r
၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလအတွင်း X20 မဏ္ဍပ် ဗုံးခွဲမှုမှုဖြင့် စွပ်စွဲ ခံရပြီးနောက် သေဒဏ် ချမှတ်ခံရပြီး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူ ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံ အမျိုးသားဖျားနာဆောင်မှ အထူးအခပေးအခန်းသို့ ပို့ဆောင်စဉ်

လက်ရှိအချိန်တွင် အသည်းကင်ဆာဝေဒနာခံစားနေရပြီး ကိုယ်အောက်ပိုင်းသေနေသည့် ကိုဖြိုးဝေအောင်ကို ယနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေးကပြောပါသည်။

UNHCR မဟာမင်းကြီးရုံးရှေ့တွင် လူငယ် ၂၀ ခန့်ကဆန္ဒဖော်ထုတ်


7Day News Journal



နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သဘောထားအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့၊ မြေနီကုန်းမှတ်တိုင်အနီးရှိ UNHCR မဟာမင်းကြီးရုံးရှေ့တွင်
လူငယ် ၂၀ ခန့်က ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်
အတူယှဉ်တွဲနေ ထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ရှခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေးပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ရှ
ဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်
ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။
ထို့နောက် ““ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ
ချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ””ဟူ၍ ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒဖော်ထုတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။
၎င်းတို့မှာ မည်သည့်အဖွဲ့အစည်းလက်အောက်ခံမှမဟုတ်ဘဲ အွန်လိုင်းပေါ်တွင် စုစည်းမိသော လူငယ်များဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ-ဂျေမောင်မောင်-အမရပူရ)

အမည်မသိ အကြမ်းဖက် ဘင်္ဂလီမူဆလင်များ ၅၀ ခန့် မလေးရှားနိုင်ငံ မြန်မာ့ဥယျာဉ်ဆိုင်ဝင်ရောက်အကြမ်းဖက်သွား


Friday, 3 August 2012

မလေးရှားနိုင်ငံ ကွမ်လာလန်ပူမြို့တွင် တည်ရှိသောဦးစောအောင်ပိုင် မြန်မာ့ဥယျာဉ်ဆိုင်(ရခိုင်ဆိုင်
) ကို အမည်မသိ အကြမ်းဖက် ဘင်္ဂလီမူဆလင်များ ၅၀ ခန့်က လာရောက်ဝင်စီး၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ယနေညနေ၅နာရီခန့်ကအဆိုပါမည်မသိဘင်္ဂလီမူဆလင်များကဆိုင်ခန်များကို ၀င်ရောက်ဖက်ဆီး သွားကာအကြမ်းဖက်သွားကြသည်ဟုဆိုသည်။

အဆိုပါမြန်မာ့ဥယျာဉ် ဆိုင်ပိုင်ရှင်ဦးစောအောင်က ရွေမြန်မာမီဒီယာဂရုသို့  ယခုလို့  ပြောသည်။

" အဲဒီ ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်ဘင်္ဂလီတွေဟာ ဗလီဝတ်ပြုလို့အပြန်မှာ လမ်းမှာတွေ့တဲ့ ရခိုင်လို့  ထင်တဲ့ သူတွေကိုရိုက်ပါတယ်။တစ်ချို့ ရခိုင်တွေကလည်း ကိုယ်နဲ့နီးစပ်ရာကို ထွက်ပြေးတော့ ကျနော့်ဆိုင်ကို ရောက်လာတာကြတယ်လေ။

ကျနော့်ဆိုင်ကို အကြမ်းဖက်ဘင်္ဂလီတွေက ရခိုင်ဆိုင်မှန်းသိတာနဲ့ ဆိုင်မှာ ရှိတဲ့ စားပွဲခုန်တွေ၊ ကုန်ပစ္စည်းတွေ၊ နောက်တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။

ဘင်္ဂလီတွေ ၅၀ နီးပါးလောက်ရှိမယ်ထင်တယ်။ကျွန်တော်တို့  ချက် ချင် ရဲစခန်းကို အကြောင်းကြားတယ်။ အဲဒီ ဘင်္ဂလီ ၅၀ ထဲက ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်း(Tang Wangi)က ဖမ်းသွားပါတယ်။ ကျန်တဲ့ ဘင်္ဂလီများကတော့ ထွက်ပြေးသွားပါတယ်။ " ဟု ပြောသည်။

" ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်းတွင် မေးမြန်းစစ်ဆေးနေပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်နေလဲ၊ နောက်ပြီးတော့ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲပေါ့။ သူတို့ကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားပါမယ်ဟု၎င်းဆိုသည်။

အခုလိုမျိုး အကြမ်းဖက်အနိုင်ကျင့် ပြဿနာရှာတာကို နောက်တစ်ခါ မဖြစ်ရအောင် နောက်ပြီး မလေးရှားရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ တခြားမြန်မာအဖွဲ့အစည်းတွေပါ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်" ဟု ဆိုသည်။ မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်)ကိုခေတ္တပိတ်ထားသည်ဟုလည်းသိရသည်။

ရွှေမြန်မာမီဒီယာ
http://shwemyanmarmediagroup.blogspot.ca/2012/08/blog-post_7624.html

"ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ထပ်မံဖွင့်လှစ်ရန်စီစဉ်"


Popular Myanmar News Journal

ရန်ကုန် သြဂုတ်လ ၃ ရက်
ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ကိုထပ်မံဖွင့်လှစ်သွားရန် ပြည်ထဲရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ ရဲစခန်း ၇၅ ခုရှိပြီး ရဲစခန်းများထဲမှ စခန်း၈ခုကို အဆင့်မြှင့်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် မောင်တောခရိုင်ကို ဖွဲ့စည်းပုံအင်အား အပြည့်ခန့်အပ်သွားနိုင်ရန် စီစဉ်နေပြီး ၊အုပ်ချုပ်ရေးတံတိုင်းအဖြစ်ဌာနဆိုင်ရာ များကဆောင်ရွက်သွားရန်လည်း ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။ဇွန်လက ရခိုင်ပြည်နယ်၌ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူအသေအပျောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကော့မှုးသို့ကွင်းဆင်းဆောင်ရွက်

News and Information Department of NLD

DASSK @ Monastery
Photo: Kay Nyein Aye



DASSK @ Kawhmu NLD Township office !!
Photo: Kay Nyein Aye



DASSK @ Local Administration Office at Kawhmu. She meets with technicians and discuss for water supply conditions.
Photo: Kay Nyein Aye


၈၈မျိုးဆက်ကျောင်းသားကိုမြအေး၏မိုးကောင်းကင်၌တိမ်တိုက်များ

By Popular Myanmar News Journal



 ရန်ကုန် သြဂုတ် ၃ ရက်

 ၈၈မျိုးဆက်ကျောင်းသားကိုမြအေး၏ မိုးကောင်းကင်၌ တိမ်တိုက်များစာအုပ်မိတ်ဆက်ပွဲကို သြဂုတ်လ ၃ရက် ယနေ့ ၁၁:၀၀ နာရီက ရန်ကုန်မြို့ ဒဂုံစင်တာ ( ၂ )၌ ကျင်းပခဲ့သည်။ “ကျွန်တော့် စာအုပ်ကနိုင်ငံရေးအကြောင်းရေးထားတာမဟုတ်ဘူး၊သာမာန်အချစ်ရေးအကြောင်းပဲ ဒါပေမယ့် ဖတ်ကြည့်တဲ့အခါမှာတော့ ကျွန်တော်ပြောချင်တဲ့ မက်ဆေ့တွေ့ရလိမ့်မယ်” ဟုကိုမြအေးကပြောသည်။ အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ ဆရာဦးဟိန်းလတ်၊ဘလော့ဂါနေဘုန်းလတ် ၊ ဒီမိုကရက်တစ်ပါတီ ( မြန်မာ ) ဥက္ကဌ ဦးသုဝေ ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်း ၊ ကိုဇော်သက်ထွေး၊ပြည်သူ့ခေတ် ဂျာနယ်မှ ဆရာဖေမြင့်နှင့် ၈၈ မျိုးဆက်ကျောင်းသူကျောင်းသားများလည်း လာရောက်ကြသည်။ ထိုစာအုပ်ကို ဒါရိုက်တာ ကြည်ဖြူသျှင်မှ ၀ယ်ယူထားပြီး ဗီဒီယိုရိုက်ကူးမည်ဟုသိရသည်

ရခိုင်မြန်မာဆိုင်အားမူဆလင်၅၀နီးပါးဝင်ရောက်ဖြိုဖျက်

Min Aung

မာံသူ ရိန္ဒ

၃.၈.၂၀၁၂ ယနေ့ နေ့လည် ၄နညရီအချိန်လောက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာဥယျာဉ် ငွေလွှဲ စားသောက်ဆိုင် ကုန်ပစ္စည်းအရောင်းဆိုင် ရခိုင်မြန်မာဆိုင်အား မူဆလင်၅၀နီးပါးဝင်ရောက်ဖြိုဖျက်ြ
ပီး လမ်းပေါ်ရှိ ရခိုင်လူငယ်၂ဦးအားတိုက်ခိုက်ရာ ၁ယောက်မှာလွတ်မြောက်သွားပြီး ၁ယောက်ကိုဖမ်းဆီးသွားကြောင်းသိရပါသည် ရဲများမှ မူဆလင် ၈ယောက်ကိုဖမ်းမိပြီး ကျန်မူဆလင်များဖမ်းဆီးမရသေးကြောင်းသိရပါသည်။ ပါသွားသောရခိုင်လူငယ်အကြောင်းတစုံတရာမသိရှိသေးပါ။ သတင်းထူးလျှင် နောက်ဖော်ပြပါမည်။

Rakhine Massacre: Interview with Ko Khaing Kyaw Moe

Published on Jul 6, 2012 by change4ark


On June 8, 2012,
Rakhine Massacre occured around Maungdaw, Arakan State, Burma.


After Friday prayer in the mosque, Rohingya Bengali mobs in Maungdaw town and other remote villages in Maungdaw township, started a premeditated attacks against ethnic minority Rakhine and Burmese settlers. They killed any Rakhine and Burmese they could find on that day including women and children. They stole Rakhine property and burnt down Rakhine and Burmese houses including many Buddhist monasteries. Some reports said children were thrown into the fire and elders died in the fire because they could not escape quick enough.

မျက်လုံးဖွင့်၍ အိပ်ကြည့်ကြလေပြီ

ညီလာခံခမ်းမတခုလုံးမှာ အသံဗလံများ မကြားရ ၊ သတင်းထောက်များသာ တယောက်တပေါက်  ရှေ့သွားလိုက် နောက်တန်းပြန်လာလိုက်နှင့် သွားနေကြသည် ။ အိမ်ဖြူတော်၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သော ခမ်းမတွင် ခါတိုင်းလို သတင်းစာရှင်းလင်းပွဲ မျိုးမဟုတ် ။ ထာဝစဉ်ပြုလုပ်နေကြအတိုင်း ကြားနာပွဲသာဖြစ်သည် ။ ခမ်းမ၏ အရှေ့ဖက်တွင် ခုံဝိုင်းသဘွယ် တက်ရောက်နေသော သူများက မျက်နှာစုံညီ ထိုင်နေကြသည် ။ မျက်နှာချင်းဆိုင် အနောက်ဖက်တည့်တည့်၌ ပတ်လည်စားပွဲခုံရှိသည် ။ ထိုင်ခုံမှာ ကြားနာပွဲပြုလုပ်သူ၏ ထိုင်ခုံဖြစ်သည် ။ ၄င်းထိုင်ခုံနောက်ဖက်တွင်မူ တံခါးပေါက်ရှိသည် ။ ကြားနာပွဲသို့  တက်ရောက်သောသူများမှာ ခမ်းမ၏ ဘေးဖက်ပေါက်မှ ၀င်ကြရသော်လည်း ကြားနာပွဲပြုလုပ်သည့် ဆီနိတ်တာမှာမူ အနောက်ဖက်တံခါးပေါက်မှ ၀င်လာပြီး ထိုင်ခုံတွင် ထိုင်သည်နှင့် ကြားနာပွဲကို စတင်မည်ဖြစ်ကြောင်း ကြေညာသည် ။
     ယနေ့ တွင် မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍ ကြားနာပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား ပါရဂူများ ၊ ရခိုင်သမိုင်းပညာရှင် အနောက်နိုင်ငံသားများနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအတိုက်အခံသမားများနှင့် ရခိုင်နိုင်ငံရေးခေါင်းဆောင်များ တက်ရောက်ကြသည် ။ သူတို့ အားလုံးမှာ ဘဲဥပုံထိုင်ခုံ၏ အရှေ့ဖက်ခြမ်းရှိ တတိယမြောက် ခုံတန်းများတွင် ထိုင်ကြရသည် ။ အခြားတဖက်တွင် ကုလသမ္မဂ ဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ၊ အမေရိကန်ပြည်ထောင်စု မြန်မာသံအမတ်ကြီး ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး တို့ ထိုင်နေကြသည် ။
      ပဉ္ဖမမြောက် ထိုင်ခံဖက်မှာမူ အစိုးရမဟုတ်သော အဖွဲ့ အစည်းများဖြစ်သည့်  အဖွဲ့ များမှ ဒါရိုက်တာများ ၊ ဥရောပဋ္ဌါနခွဲ ကိုယ်စားလှယ် ဒါရိုက်တာ ဦးဟန်ညောင်ဝေတို့  ထိုင်နေကြသည် ။ သူ၏ ဘေးဖက်တွင် ဒေါက်တာဝါကာအူဒင် ထိုင်နေပြီး  ဘီဘီစီ -၊ အာဖက်အေ ၊ ဒီဗွီဘီ ၊ ဗွီအိုအေ သတင်းထောက်တို့ မှာ သူတို့ နှင့် ကပ်လျှက် ထိုင်နေကြသည် ။ အခြားထိုင်ခုံများတွင် အမေရိကန်ပြည်ထောင်စုသားများနှင့် လေ့လာသူ သမိုင်းကျောင်းသားများ ဖြစ်ကြသည် ။ စုစုပေါင်း လူဦးရေ -၁၅၀- နီးကပါးခန့်  ရှိသည် ။
     တံခါးပွင့်လာသည်နှင့် အခန်းအနား စတင်မည်ဖြစ်ကြောင်း ကြေညာသည် ။ ခမ်းမထဲတွင် မည်သူမျှ လက်ခုပ်တီးခြင်း မပြုလုပ် ။ ယနေ့ ထူးခြားသည်မှာ မေးခွန်းပုံစံများဖြင့်သာ မေးပြီး အဖြေများကို ဆီနိတ်တာက ဆုံးဖြတ်ပေးမည်ဟု ဆိုပါသည် ။ စောဒကတက်ခွင့် မရှိရသော အဖြေများဟု သိထားကြသည် ။ သဘောက ဆုံးဖြတ်ချက် ချမှတ်သည်နှင့် အားလုံးလိုက်နာရမည်ဟု ဆိုလိုရင်းဖြစ်သည် ။
      ဆီနိတ်တာက မေးပါတော့သည် ။
“  အမေရိကန် နိုင်ငံသားဖြစ်သော်လဲ မြန်မာနိုင်ငံ အရေးကို ကျွမ်းကျင်တဲ့  ပါရဂူမို့  မြန်မာနိုင်ငံက မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးကို ဗုဒ္ဒဘာသာဝင် များတဲ့  မြန်မာနိုင်ငံက လက်မခံဘူးလို့  ပြောပါတယ် ။ ဒီလိုဆိုရင် မွတ်ဆလင်ဘာသာဝင်များနေထိုင်တဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံရင် သင့်တော်ပါ့မလား “
         မစ္စတာဂျိုးဇက် စတီဗင် က တချက်မျှ ပြုံးလိုက်သည် ။ သူက ထိုင်ခုံမှ ထပြီး ပြောခြင်းမဟုတ်၍ သူ့ ကို ကြိုးစားပြီး လှမ်းမျှော်ကြည့်လိုက်သည် ။ ကြားနာပွဲမှာ မည်သူမျှ ထိုင်ခုံမှ ထ၍ ပြောစရာ မလိုချေ ။
    “   ဘာသာရေးအရလဲတူညီခြင်း ၊ လူမျိုရေးအရလဲ တူညီခြင်းနဲ့  တူညီနေတဲ့ သူတို့ ကို လက်ခံမှ ဖြစ်မယ်ပေါ့ဗျာ ၊ ဘင်္ဂလီလူမျိုးတွေကို ဘင်္ဂလားဒေ့င်္ရနိုင်ငံက ဘာကြောင့်များ လက်မခံတာလဲဗျာ ။  မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေဟာ ရခိုင်ပြည်က ဘင်္ဂလီ လူမျိုးတွေကို ဘာကြောင့်များ ကိုယ်ချင်းမစာနာကြတာလဲ၊ သူတို့ ဘာသာမှာ တခြားတိုင်းတပါးမှာသာ ဒုက္ခ သုခ နေကြ ၊ မွတ်ဆလင်ဘာသာကိုးကွယ်တဲ့  နေရာတွေကို မလာရတော့ဘူး ဆိုတဲ့  တားမြစ်ချက်တွေ ရှိနေသလား မသိပါဘူး ၊ အမှန်တော့ သူများချစ်တယ် ဆိုတာ မိသားစု မုန်းတီးတာလောက်ဘဲ ရှိပါတယ် ။ ကျနော်ဆိုရင် အသက် ( ၈၀ ) နား ကပ်နေပါပြီ ။ ကိုယ့်ဆွေမျိုးတွေရှိရာကိုဘဲ သွားတယ် လာတယ် ။ သူများတွေ နေရာကို လှည့်တောင် မကြည့်ဖြစ်ဘူး “
      ဆီနိတ်တာက သူ၏ စာရွက်မှာ ပါမောက္ခပြောသော စကားကို မှတ်တမ်းရေးနေပါသည် ။ ပြီးတော့ ဦးဟန်ညောင်ဝေ ကို မေးမြန်းလိုက်ပါသည် ။
“  မြန်မာနိုင်ငံသားဖြစ်တဲ့  ဦးဟန်ကို မေးပါရစေ ။ ရခိုင်လူမျိုးတွေက ဘင်္ဂလီလူမျိုးတွေကို သူတို့  ပြည်နယ်မှာ မထားချင်ကြတော့ဘူးဆိုရင် ဦးဟန်တို့  ရှမ်းတောင်တန်းတွေနဲ့  အင်မတန်လှတဲ့  ရှမ်းပြည်နယ်ဖက်မှာ ထားပေးလို့  ဖြစ်ပါ့မလား “
     ဦးဟန်ညောင်ဝေမှာ တချက်မျှ ဒေါက်တာဝါကာအူဒင်ကို ကြည့်လိုက်သည် ။ ပြီးတော့ သူ့ မှာပါလာသော စာရွက်တွေကို ကြည့်လိုက်သည် ။ ပြီးတော့ သူဖြေပါတော့သည် ။
“    ဒီပြသနာက ဘင်္ဂလီလူမျိုးတွေကို မေးကြည့်ရပါအုံးမယ် ။ သူတို့  ရဲ့ စိတ်ဆန္ဒတွေ ဘယ်လို ရှိသလဲ ဆိုတာကို ၊ ဒီမိုကရေစီဆိုတာက သူတို့ မှာ ရွေးချယ်ပိုင်ခွင့် ရှိရမှာပါ “
ဆီနိတ်တာက လက်ကာပြလိုက်သည် ။
“   ဦးဟန်ကို မေးခွန်းထုတ်နေတာက ဘင်္ဂလီလူမျိုးတွေကို ရှမ်းပြည်နယ်မှာ လက်ခံနိုင်မလားလို့  မေးတာပါ ၊ ဒီမိုကရေစီအခွင့်အရေးကို မေးနေတာ မဟုတ်ပါဘူး ၊“
ဦးဟန်က ပခုံးတွန့် လိုက်သေးသည် ။ ကုတ်အင်င်္ကျီကို ခါးဆွဲချလိုက်ယင်း ဖြေးဖြေး ပြန်ဖြေလိုက်ပါသည် ။
“   ကျနော်တို့  ရှမ်းပြည်နယ်မှာ ဘင်္ဂလီလူမျိုးတွေကို ဘယ်သူကမှ လက်သင့် ခံမယ်လို့  မထင်ပါဘူး “
ဆီနိတ်တာက ချက်ချင်း မေးပါတော့သည် ။
“  ဘာဖြစ်လို့  ရှမ်းပြည်နယ်က လက်သင့် ခံမှာ မဟုတ်လဲဗျာ ။ ဦးဟန်ကဘဲ သူတို့  လူမျိုးကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုဖို့  အစည်းအဝေးတွေ ညီလာခံတွေ ပြုလုပ်ပေးနေတာတွေလေ “
“  ဆီနိတ်တာ ခင်ဗျား အဲဒါ အယင်ကပါဘဲ ။ ခုတော့ မြန်မာနိုင်ငံအစိုးရက သူတို့ လူမျိုးကို တိုင်းရင်းသားလူမျိုး မဟုတ်လို့  ကြေညာသလို သန်ကောင်စာရင်းကောက်ရင်လဲ သူတို့ ကို ကောက်တာမဟုတ်ဘူးဆိုတော့ ရှမ်းပြည်နယ်ကလဲဘဲ သူတို့ ကို ဘယ်လိုနည်းနဲ့ မှ လက်သင့်ခံပြီး ထားပေးကြမယ် မထင်လို့ ပါဗျာ ။ သူတို့  လူမျိုးအတွက်  ၀မ်းနည်းပါတယ် “
    ဆီနိတ်တာက ဒေါက်တာဝါကာအူဒင် ဖက်သို့  မျက်လုံးချင်း ဆိုင်ကြည့်လိုက်သည် ။ သို့ သော် သူ့ မှာ ဦးဟန်ညောင်ဝေကို ဒေါသထွက်သော အကြည့်နှင့် ကြည့်နေသောကြောင့် ဆီနိတ်တာ၏ မေးနေသော စကားကို မကြားမိလိုက် ။ အနားမှာ ရှိသော ဘီဘီစီမှ သတင်းထောက်တဦးက ပြောလိုက်မှ နားထောင်ရတော့သည် ။ ဆီနိတ်တာက
“ မွတ်ဆလင် နိုင်ငံများက ညီလာခံခေါ်ပြီး ပြုလုပ်နေကြတဲ့ အတွက်  သူတို့ နိုင်ငံများမှ ခေါ်ယူရင်  ဘင်္ဂလီလူမျိုးများ အေးအေးဆေးဆေး သွားနိုင်ပါ့မလားလို့  မေးတာပါ “
   “   ကျနော်တို့  လူမျိုးတွေက မြန်မာနိုင်ငံမှာ နေတော့ မြန်မာနိုင်ငံမှာဘဲ နေချင်ကြပါတယ် ။ တခြားနိုင်ငံတွေကို မသွားချင်ကြပါဘူး “
ဆီနိတ်တာက တချက်မျှ ပြုံးကြည့်လိုက်သည် ။
“ ဒါဖြင့်ရင် တခြားနိုင်ငံတွေကို လှေနဲ့  သွားနေတဲ့  လူတွေ ၊ ယူအန်မှာ တတိယနိုင်ငံကို သွားမဲ့  လူတွေဟာ တကယ်တော့ မြန်မာနိုင်ငံမှာဘဲ နေချင်ကြတာပေါ့ “
‘  မှန်ပါတယ် ဆီနိတ်တာခင်ဗျား ။ ကျနော်တို့  လူမျိုးတွေကို လူ့ အခွင့်အရေးအပြည့်နဲ့  ပေးနေမယ်ဆိုရင် မြန်မာနိုင်ငံမှာေ နချင်ကြပါတယ် ။ “
“လူ့ အခွင့်အရေး မရ ၊ ဒီမိုကရေစီမရဘဲ ရှိနေရင် ကော ဆက်ပြီး နေချင်သေးကြတုံးဘဲလား ၊ တခြားနိုင်ငံတွေကို သွားချင်ကြတဲ့  စိတ်တွေ မရှိကြဘူးလား ၊ ဥပမာ မွတ်ဆလင်ဘာသာဝင် ကိုးကွယ်တဲ့  နိုင်ငံတွေကိုပေါ့ “
 “  မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး မရရှိရင် ရှိအောင် လုပ်ပေးစေချင်ပါတယ် ။ ဒါမှ ကျနော်တို့  လူမျိုးတွေ လူလိုသူလို နေနိုင်ကြမှာပါ “
“   ခင်ဗျားတို့ ကို ဘယ်လိုမှ မကူညီနိုင်ဘူးဆိုရင် လူလိုသူလို နေကြရမဲ့  မွတ်ဆလင်ဘာသာဝင်များ နေထိုင်တဲ့  နိုင်ငံတွေကို မပြောင်းချင်ကြဘူးလား “
“  မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေက လက်သင့်ခံကြမယ် မထင်ပါဘူး ၊ ဒါကြောင့် မသွားချင်ကြတာ “
“  မဟုတ်ဘူးလေ- ခင်ဗျားတို့  လူမျိုးကို မွတ်ဆလင်ဘာသာဝင် နိုင်ငံတွေက လက်သင့်ခံကြမယ် ။ လူလိုသူလို နေကြရမယ် ။ ပညာလဲ သင်ကြားခွင့်ရှိမယ် ။ စီးပွါးရေးလဲ လုပ်ကိုင်ခွင့် ရှိမယ် ။ မိန်းမတွေလဲ အများကြီး ယူခွင့်ရှိမယ် ၊ ခင်ဗျားတို့ လိုချင်တဲ့  လူမျိုးနာမည်လဲ အဲဒီနိုင်ငံတွေမှာ အသိအမှတ်ပြုပေးလိမ့်မယ် ၊ ခင်ဗျားတောင် အဲဒီနိုင်ငံတွေမှာ အဲဒီလူမျိုးတွေအတွက် သမ္မတ လို အဆင့်နဲ့ နေရမယ် ။ ဒီတော့ မွတ်ဆလင် ဘာသာဝင် နိုင်ငံတွေကို ခင်ဗျားတို့  တောင်းဆိုကြရမယ် ။ ဘယ်လိုလဲ “
ဒေါက်တာဝါကာ အူဒင်မှာ စောစောက ဦးဟန်ညောင်ဝေ ကို ဒေါသထွက်နေသော်လည်း သူ့ အလှည့်တွင် ပို၍ စိတ်ထိခိုက်စွာဖြင့် ရှိနေတော့သည် ။ သူမည်သို့ ဖြေရမည်ကို မသိတော့ ။ နောက်ဆုံးမှာ ဆီနိတ်တာက မှတ်တမ်းများ ရေးတော့သည် ။ ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့်ကုလသမ္မဂ ဆိုင်ရာအထူးကိုယ်စားလှယ် ၊ အမေရိကန်ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တို့ ကို မေးခွန်းတွေ မေးမြန်းသည် ။ သူတို့ တွေကို မေးမြန်းပြီးသည်နှင့် အဖြေများကို ကြေညာတော့မည်ဟု ဆိုပါသည် ။
        ---------        -------------       ------------           ----------
အချိန်အားဖြင့် ကြာမြင့်နေသည်ဟု စိတ်ထဲမှာ ထင်နေကြသည် ။ အပ်ကျသံတောင် ကြားရမည်လား မပြောတတ် ။  လုံခြုံရေးအနေအထားဖြင့် ရပ်နေသော လုံခြုံရေးသမားတို့ မှာ မတ်တပ်ရပ်လျှက် ကိုယ်ခန္ဒာ တောင့်တောင့်နှင့် ခမ်းမထဲတွင် သတိကြီးစွာ စောင့်ကြည့်နေကြသည် ။  ဆီနိတ်တာက ကြေညာတော့မည်ဟု ဆိုသောအခါ လူတိုင်းလိုလို သူ့ မျက်နှာကို ကြည့်ဖြစ်ကြသည် ။ သတင်းဓါတ်ပုံသမားများမှာ ဓါတ်ပုံတဖြတ်ဖြတ် ရိုက်နေကြသည် ။
 “   ဒီကနေ့  တက်ရောက်ကြတဲ့  မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ အထူးကိုယ်စားလှယ် ၊ အမေရိကပြည်ထောင်စု မြန်မာသံအမတ်ကြီး နဲ့  မွတ်ဆလင်ဘာသာဝင် နိုင်ငံများမှ သံအမတ်များအပါအ၀င် ကြားနာပွဲ ပြုလုပ်ပေးရန် တောင်းဆိုကြသော လူပုဂိုလ်များအား အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ စောစောက မေးခွန်းတွေထဲမှာ သွေးထွက်သံယို မရှိဘဲ လူဖြစ်လာရင် မွေးရာပါအခွင့်အရေးကို ခံစားနိုင်တဲ့  လူ့ အခွင့်အရေးကို ရရှိရေးအတွက် ဘယ်လိုဆောင်ရွက်နိုင်ကြမှာလဲ ဆိုတာကို သံအမတ်ကြီးနဲ့  ပါမောက္ခတွေ ၊ သမိုင်းပညာရှင်တွေ ၊ နိုင်ငံရေးသမားတွေ ၊ သုတေသီတွေကို မေးမြန်းပြီးနောက် အခုလို အဖြေထွက်ရှိပါတော့တယ် “
ဆီနိတ်တာ၏ အဖြေထွက်ရှိပါတော့တယ် ဆိုသော စကားကြားရတော့ လူတကာ မျက်စိပြူးသွားကြသည် ။  စိတ်ဝင်စားသွားကြသည် ။ မြန်မာနိုင်ငံ၏ အနောက်ဖက် လူမျို၍ နိုင်ငံပါ ပျောက်မည့် အခြေအနေရှိနေသော မြန်မာနိုင်ငံ၏ ပဋိပက္ခကို ယနေ့ တွင် အပြီးသတ် ဆုံးဖြတ်ချက် ချမည်ဆိုတော့ မည်သူမဆို စိတ်ဝင်စားကြမည်ဖြစ်သည် ။ တီဗွီမှလည်း တိုက်ရိုက်ပြသနေရာ ကမ္ဘာတ၀န်းမှာ သန်းပေါင်း များစွာ ကြည့်ရှူနေကြသည် ။
“  လူမျိုးရေးပဋိပက္ခများနဲ့  ဘာသာရေးပဋိပက္ခများ မရှိတဲ့  ကမ္ဘာကြီးကို တည်ဆောက်ဖို့  ကျွန်တော်တို့ အမေရိကပြည်ထောင်စု အပါအ၀င်  အင်အားကြီးနိုင်ငံတွေမှာ အထူးအရေးကြီးပါတယ် ။အခု ဆုံးဖြတ်ချက် သုံးခုကို ချပေးလိုက်ပါတယ် ။ ပထမအချက်က သူတို့  လိုချင်တဲ့ နာမည်ကို သူတို့  သုံးစွဲခွင့် ရှိရပါမယ် ။ မည်သူမဆို အစိုးရမဆို အသိအမှတ်ပြုရပါမယ် ။ ဒုတိယအချက်က သူတို့ ကို နယ်မြေထူထောင်ခွင့် ပေးရပါမယ် ။ သူတို့ မှာ နယ်မြေရှိမှ သူတို့  လူမျိုးအကျိုးကို ဆောင်ရွက်နိုင်မှာဖြစ်ပါမယ် ။  တတိယအချက်က သူတို့ ရဲ့  ပညာရေး ၊ စီးပွါးရေး ၊ လူမှုရေး တွေကို သူတို့  လုပ်ပိုင်ခွင့်ရှိရပါမယ် ။ ဒီအချက် သုံးချက်ကို အခြေခံပြီး ကျွန်တော်တို့  အစိုးရက အခုလို အဖြေထုတ်ပြီး ဆုံးဖြတ်ချက် ချမျတ်ပေးလိုက်ပါတယ် ။ “
      သတင်းစာဆရာများမှာ ဆီနိတ်တာ၏ ဖြေရှင်းပြနေသော စကားကို အသံဖမ်းယင်း ငြိမ်သက်စွာ ရှိနေကြသည် ။
 “   ဒါကြောင့် ပထမအချက်ဖြစ်တဲ့  မွတ်ဆလင် ဘာသာဝင်များရဲ့ ဘင်္ဂလီ လူမျိုးများအဖို့  သူတို့ နာမည်ကို အသိအမှတ်ပြုတဲ့  မွတ်ဆလင်နိုင်ငံများမှာသာ အသုံးပြုခွင့် ရှိနိုင်တဲ့ အတွက်သော်၎င်း ၊ အဲဒီမွတ်ဆလင်နိုင်ငံများမှာ နယ်မြေဒေသတွေမှာေ နထိုင်သောကြာင့် ပဋိပက္ခများ မရှိဘဲ နေထိုင်နိုင်ခြင်းကြောင့် ၄င်း ။ မွေးရာပါအခွင့်အရေးအရ လူတယောက်လို နေထိုင်နိုင်ဖို့  မွတ်ဆလင်ဘာသာဝင် နိုင်ငံများကသာ ဖန်တီးပေးနိုင်မှာမို့  သူတို့ နိုင်ငံများကိုသာ ပို့ ဆောင်ပေးမှာဖြစ်ပါတယ် ။ ဒီလိုပို့ ဆောင်ပေးဖို့  ကမ္ဘာ့ဘဏ်က ချေးငွေများနဲ့  မွတ်ဆလင်နိုင်ငံများ၏ အလှူငွေများကို သုံးစွဲမည်ဖြစ်ကြောင်း သိစေအပ်ပါတယ် ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။”
    ဆီနိတ်တာက ပြောပြီးသည်နှင့် ထိုင်ခုံမှ ထွက်ခွါသွားသည် ။ ဦးဟန်ညောင်ဝေကို ဒေါက်တာဝါကာအူဒင်က မျက်နှာခွက်ကို ဖိနပ်နှင့် ကန်ကျောက်လိုက်၍ နောက်ခုံသို့  ပက်လက်လန်ကျသွားသည်ကို မြင်လိုက်ကြသည် ။ သတင်းထောက်များမှာ ချက်ချင်း ဓါတ်ပုံရိုက်ယူထားနိုင်လိုက်ကြသည် ။ ဦးဟန်ညောင်ဝေမှာ တသက်လုံး သူတို့ ဆီက ဒေါ်လာတောင်းစားနေ၍ ယခုအချိန်မှာမှ ရှမ်းပြည်နယ်တွင် သူတို့ လို လူမျိုးကို လက်မခံပါဟု ဆိုတော့ မျက်နှာကို ဖိနပ်နှင့် ကန်ကျောက်သည်မှာ နည်းတောင် နည်းသေးသည်ဟု ထင်လိုက်ကြသည် ။ မြန်မာ့အရေးကျွ့မ်းကျင်ပြီး ရခိုင်သမိုင်းပညာရှင် တဦးဖြစ်သော ပါမောက္ခမှာ အသက်အရွယ် ကြီးမြင့်၍လားမသိ ။  မှေးနေသည်ကို မြင်ရသည်  ။ ဤသို့ ဖြေရှင်းမှ ရမည်ဟု ထင်နေသည်လား မပြောသာ ။ မွတ်ဆလင်ဘာသာဝင်အချင်းချင်း မည်သည့်အချိန်ခါမှာများ သူတို့ ကို လူတလုံး သူတလုံး အသိအမှတ်ပြုပြီး ခေါ်ရမည် ။ မခေါ်လျင် သူတို့ ချင်း ချင်း ပြသနာဖြစ်ချင်သလိုဖြစ် ။ အဘယ့်ကြောင့်ဆိုသော် သူတို့ အတွက် မြန်မာနိုင်ငံမှာ နေစရာ တမြေတလက်မမျှ မရှိဆိုလျှင် အခြားနိုင်ငံသွားရုံသက်သက် ။ မြန်မာနိုင်ငံသားများအတွက် သီးသန့် ခုံတန်းပေးထေားသော နေရာတွင်မူ တက်ရောက်နေသော သူတဦးမှာ မျက်လုံးဖွင့်၍ အိပ်ကြည့်နေသည်ကို မြင်လိုက်ရပါတော့သည် ။

ခိုင်အောင်ကျော် ( နယူးယောက် ) 

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ(ချောက်) မီးလောင်

မြ၀တီ
နေပြည်တော် သြဂုတ် ၂ စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဟိုက်ဒရိုဂျင်ပါအောက် ဆိုဒ်စက်ရုံ (ချောက်)၌ သဘာဝဓာတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန် မဟုတ်သော ထူးခြားသည့် အသံများ ပေါ်ထွက် လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည် Working Solution များ အောက်သို့စီးကျလာပြီး ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပေါ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ချောက်ြ မို့၊ ညောင်ဦးမြို့နှင့်ကျောက်ပန်းတောင်းမြို့တို့မှ မီးသတ်ကားများ ရောက်ရှိလာပြီး ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် မီးထိန်းနိုင်ပြီး ညနေ ၆ နာရီတွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုဖြစ်စဉ်ကြောင့် စက်ရုံအတွင်းရှိ အခြားအဆောက်အအုံများ ပျက်စီးမှုမရှိသော်လည်း ပေါက်ကွဲမှု အရှိန်ကြောင့် ပြတင်းပေါက်မှန်များသာ ကွဲအက်ပျက်စီးခဲ့ပြီး စက်ရုံဝန်ထမ်းငါးဦးနှင့် မီးသတ်ဝန်ထမ်း တစ်ဦးတို့အနည်း ငယ်ဒဏ်ရာရသည့်အနက် ဓာတုအရည်ထိမှန်သည့် ဝန်ထမ်းတစ်ဦးသာ ချောက်မြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိကြောင်း၊ တပ်မတော်သားများမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားရာ စက်ရုံသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများရောက်ရှိပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။