Saturday, August 4, 2012

လွှတ်တော်ကိုယ်စားလှယ်များ လုံခြုံ ရေးသတိရှိရန် လွှတ်တော်က သတိ ပေးပြောကြား

Yangon Media Group



============================== ==========
ဝေမာသိမ့်
========================================
လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် လုံခြုံရေးကိုအ ထူးဂရုပြုရန် အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ တို့ကလွှတ်တော်ကိုယ် စားလှယ်များ သို့ဇူလိုင်(၃၁) ရက်နေ့ က သတိပေး ပြောကြား ခဲ့ကြောင်းလွှတ်တော်ကိုယ် စားလှယ်များထံမှသည်။
အမျိုးသားလွှတ်တော် နှင့်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၁၈)ရက်မြောက်နေ့ တွင် အစည်းအဝေး အပြီးတွင်အထက် ပါအတိုင်း သတိပေးပြောကြားခဲ့ ခြင်း ဖြစ်သည်။

''လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့်လုံခြုံရေးနဲ့စည်း ကမ်းထိန်းသိမ်းကိုပါဝင်ရမှာဖြစ်ပါ တယ်။ လက်ရှိ အခြေအနေမှာ မိမိတို့ လွှတ်တော်နဲ့လွှတ်တော်ကိုယ်စား လှယ်များရဲ့လုံခြုံရေးအတွက်ပြန် လည်သုံး သပ်ပြီးတိုးမြှင့်ဆောင်ရွက်ရ မှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် သတိ အသိနဲ့ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကျွန် တော်အနေနဲတင်ပြပါတယ်''ဟုပြည် သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ကပြောကြားခဲ့သည်။

ထိုသို့ကိုယ်စားလှယ်လုံ ခြုံရေးနှင့်ပက်သက်၍ သတိပေးပြော ကြားသည့်အပေါ် ကိုယ်စားလှယ် များက ယခုဖြစ်ပွား နေသည့် ရိုဟင် ဂျာကိစ္စပေါ်အခြေခံ၍သတိပေးပြော ကြားခြင်းဖြစ်နိုင်ကြောင်း ဝေဖန်သုံး သပ်ကြ သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က''ကျွန်တော်တို့ အမျိုးသားလွှတ် တော်မှာလည်း လွှတ်တော်နဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ အနေနဲ့လုံ ခြုံရေးကို အထူးဂရုစိုက်ဖို့ ဥက္ကဌက ပြောခဲ့ တယ်။ ကျွန်တော်တို့ထင်တာ တော့ ရိုဟင်ဂျာကိစ္စနဲ့ပက်သက်ပြီး လုံခြုရေးသတိပေး တယ်လို့ ယူဆ တာပဲ''ဟုဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားဦးမန်းမောင်မောင်ဉာဏ် က''လုံခြုံရေးသတိပေး တယ်ဆိုတာ ရခိုင်ပြည်နယ် မှာဖြစ်ပွားခဲ့တာ နဲ့ဆက် စပ်ပြီး ပြောတယ်လို့တော့ ထင်တယ်'' ဟုဆိုသည်။

''လွှတ်တော်မှာ လုံခြုံ ရေးတိုးမြှင့်မယ်လို့ပြောပြီး နောက် နေ့မှာ ကျွန်တော်တို့မီဒီယာသမား တွေဝင်တဲ့ဂိတ် (၁) မှာအရင်ကအရပ်ဝတ်တွေ နဲ့လုံခြုံရေးရှိတာ အဲ့ဒီနေ့ ကတော့ ယူနီဖောင်းဝတ် တွေပါချ ထားတယ်''ဟု လွှတ်တော်တွင် သ တင်းရယူလျှက်ရှိသည့် အမျိုးသား သတင်းထောက် တစ်ဦးက ဆိုသည်။

အဆိုပါအမျိုးသား လွှတ်တော်နှင့်ပြည်သူ့လွှတ်တော် အစည်းအဝေးများ တွင်ထိုသို့လုံခြုံရေးကို သတိ ပေးပြော ကြားခြင်း သည်ပထမဆုံးအ ကြိမ်ဖြစ်ပြီးရိုဟင်ဂျာအရေးနှင့်ပက် သက်သတင်းများ ထွက်ပေါ်ခဲ့ မှုအပေါ် လွှတ်တော်ကိုယ်စား လှယ်များ နှင်လွှတ်တော်လုံခြုံရေးအတွက် လွှတ်တော် ကိုယ်စား လှယ်များပါ ဝင်လျှက်လုံခြုံရေးတိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

KIA နှင့်ဆွေး နွေးမှုစတင် မည် ဟု ဦးအောင်မင်း ပြောကြား

Yangon Media Group


KIA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နိုင်ငံရေးတွေ့ ဆုံဆွေး နွေးမှုစတင်လုပ်ဆောင် သွား မည် ဟု ဦးအောင်မင်း ပြောကြား
============================== ==========
ဝေမာသိမ့်
========================================

KIA နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒုတိယ အဆင့်ဖြစ်သည့် နိုင်ငံရေး ဆွေးနွေးရေးလမ်း စဉ်ဖြင့် မကြာမီ ဆွေးနွေး သွားမည်ဖြစ်ကြောင်းပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ အတွင်း ရေးမှူး ဦးအောင်မင်း က ရန်ကုန်တိုင်းမ်ဂျာနယ် ၏မေး မြန်းမှု တွင်ဖြေကြားခဲ့သည်။

“political dialoge ကအခုလည်းတက်နေတာပဲ။ ကျန်တဲ့အဖွဲ့တွေနဲ့ လည်း ဆွေးနွေး နေတာပဲ။ သူတို့အဖွဲ့က seat fire မလုပ်ပဲဆွေးနွေးမယ် ဆိုလည်း ဆွေးနွေးလို့ရတာပဲ။ political dialoge ဆိုလည်း ကျွန်တော်တို့သဘော တူပါတယ်'' ဟု ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင် မှုအဖွဲ့အတွင်းရေး မှူး ဦးအောင်မင်း ကဆိုသည်။

ထိုသို့ပြောကြားခြင်း မှာ ဩဂုတ်(၁)ရက်နေ့တွင် စက်မှု ဝန် ကြီးဌာနတွင်ပြုလုပ်သည့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး အပြီးတွင် မီဒီယာများ ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် ပက်သက်၍ မေးမြန်းကြရာတွင် အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

KIA အဖွဲ့ကအစိုးရ နှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးလမ်း စဉ်တွင်ပထမအဆင့်ဖြစ်သောအ ပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုကို မစတင်မီဒုတိယ အဆင့်ဖြစ် သောနိုင်ငံရေး ဆွေးနွေးမှုကိုပြုလုပ် လိုသည်ဟု တောင်းဆိုသဖြင့် ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော် ဆောင်မှုအဖွဲ့က နေရာညှို နှိုင်းမှုပြီး စီးပါကမကြာမီနိုင်ငံရေးဆွေးနွေးမှု ကိုစတင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။

''ကေအိုင်အေနဲ့စကား ပြောထားတယ်။သူတို့ကို မူဆယ် မှာလာဆွေးနွေးပါလို့ပြောထားတယ်။ သူတို့က မူဆယ် မဟုတ်ဘူးရွှေလီ လို့ပြောတယ်။အခုသွားမှာ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ပါတော့ သူများနိုင်ငံမှာ ဆွေးနွေးတာမကောင်းဘူးလေ။ မူဆယ်ဘက်မှာ လာဖို့ တော့ပြောထား တယ်။ ဒီတစ်ခါတော့ တပ်တွေနေရာချမှာ တပ်တွေနေ ရာချပြီးရင်ငြိမ်းချမ်းပြီပေါ့။သူတို့ ဘက်က နေရာရပြီးရင် နေရာအတည်ပြုပြီး တာနဲ့သွားကြမယ်''ဟု ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း ကဆိုသည်။

စစ်အားစစ်ဘက်၊တပ် ဘက်အပါအဝင် KIO အဖွဲ့ ဘက်ကလည်း လိုချင်မည်မဟုတ်သကဲ့သို့ ကမ္ဘာက လည်းကြိုက်မည် မဟုတ်ကြောင်း၊ခေတ်ကလည်း လက်မခံ တော့သည့်အတွက်ငြိမ်းငြိမ်းချမ်း ချမ်းနှင့်ပူးပေါင်းဆောင်ရွက်ရန်သာ ရှိကြောင်း၊ခေတ်က လက်မခံတော့ သောစစ်အား ဆက်လက် ဆုပ်ကိုင် ထားသူသည် မိုက်မဲသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ကိုကျင့်သုံး နေပြီဖြစ် ကြောင်း ဦးအောင်မင်း ကပြော ကြားသည်။
စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ''အပစ်အခတ်ရပ်ဆဲပြီး နိုင်ငံရေးဆွေးနွေးတာက ပြည်သူ တွေ အတွက်ပို ကောင်း ပါတယ်။အခုလို နိုင်ငံရေး ကိုအရင်ဆွေးနွေး မယ်ဆိုလည်းကောင်းပါတယ်။ဘာဟာပဲ စစ စဖို့က အရေးကြီး ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကတော့တပ်မတော်က လုပ်ရမယ့်အပိုင်းပါ။ အစိုးရ နဲ့လွှတ်တော်က နိုင်ငံရေးဆွေးနွေးရေး ကိုဆောင်ရွက်ရမှာဖြစ်တာကြောင့် အပစ်အခတ်တွေရပ်စဲ သွားရင် တော့ ပိုကောင်းတာပေါ့'' ဟုဆိုသည်။

တိုင်းရင်းသားလက် နက်ကိုင်များ နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပထမအဆင့် အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအနေဖြင့် နိုင်ငံရေးဆွေးနွေးရေး နှင့်တတိယဆင့်အနေဖြင့် အားလုံး ပါဝင်သောညီလာခံ ကျင်းပရေးတို့ကို အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ်ကာတိုင်းရင်းသား လက်နက်ကိုင်ဖွဲ့ (၁၀) ဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကိုသဘော တူညီခဲ့ပြီး နိုင်ငံရေးဆွေး နွေးမှုကိုသွား နေပြီဖြစ် ကြောင်း၊KIAအဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကို ခေတ္တချန်ထားပြီး နိုင်ငံရေး တွေ့ဆုံမှုကို ဦးဆုံး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

တားဆီးတဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ စကားပြောနေတဲ့ မင်းကိုနိုင်

Zaw Lwin Win


ရန်ကုန်မြို့ မြေနီကုန်း Envoy ဂျာနယ်တိုက်ရှေ့

အခု ခင်ဗျားတို့ဟာ ဥပဒေချိုးဖေါက်နေတာ ဖြစ်တယ်။ စီတန်းလှည့်လည် ချင်တယ်ဆိုရင် ငါးရက်ကြိုပြီး ခွင့်ပြုချက် တင်ပါ ဆိုတဲ့ စမ်းချောင်းမြို့နယ် စခန်းမှူး နှင့် ဥပဒေမဲ့ လုပ်ရပ်ဖြစ်နေရင် သူတို့ ဂျာနယ်တိုက်ကို ထိခိုက်မှာ စိုးပါတယ် ဆိုတဲ့ Envoy ဂျာနယ် ထုတ်ဝေသူ ဇင်ယော်မောင်မောင်..





photo: Ko Marky

ဦးအောင်သိန်းလင်း တာဝန်မှ ရပ်စဲခံရ

ကြယ် စင် လင်း

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း နေရာတွင် ယခင် အစိုးရလက်ထက် က မွေး/ရေဝန်ကြီးဟောင်းဦးမောင်မောင်သိမ်း အား ပြောင်းလဲ တာဝန်ပေးအပ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တစ်ဦးထံမှ သိရသည်။''ဒီနေ့ပဲတွေ့ဆုံ မိတ်ဆက်ပွဲ လုပ်ပါတယ်။ ဦးအောင်သိန်းလင်း နေရာကို အခု ဦးမောင်မောင်သိမ်း က အစားထိုး ဝင်မှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံအဖြစ် ယခု အသစ် ပြောင်းရွှေလာသည့် ဦးမောင်မောင်သိမ်း မှာ ပထမဦးဆုံးတွင် စည်းရုံးရေး တာဝန်များကို ထမ်းဆောင်မည် ဖြစ်သော်လည်းပဲ နောက်ပိုင်း တွင် ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းဒေသကြီး စီမံရေးနှင့် ဘဏ္ဍရေး ကိစ္စများကို ပါ ဆက်လက် တာဝန်ယူသွားမည်ဟု ၄င်းက ဆက်လက်ကာဆိုသည်။
''ဦးအောင်သိန်းလင်းက တိုင်း ပြည်ခိုင်ဖြိုးရဲ့ စီမံရေး နဲ့ ငွေရေးကြေးရေးတွေမှာ အခု တာဝန်ထမ်းဆောင် နေအုန်းမှာပါ။ ဘာကြောင့်လဲ ဆိုတော့ မပြီးပြတ်သေးတာတွေ ရှိနေသေးလို့ပါ'' ဟု တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ် အမှုဆောင်တစ်ဦး က ပြောသည်။
ယခုပြောင်းရွှေ့လာသည့် မွေး/ ရေးဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း မှာ ယခင်က တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံတစ်ဦးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၊ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ တရုတ် သတင်းစာနှင့် တွေ့ဆုံဖြေ ကြားမှုနှင့် ပတ်သက်၍ ပါတီဗဟို အလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန်ချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက် နေ့က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့ခြင်းရှိ၊ မရှိအား စိစစ်နေ ပြီး တွေ့ရှိချက် အပေါ် မူတည်၍ ပါတီ စည်းကမ်းအရ ဆက်လက် အရေးယူ သွားမည်ဟု ဖော်ပြပါရှိသည်။ ဦးအောင်သိန်းလင်းသို့ ပေါ်ပြူလာနယူးစ် က ဆက်သွယ်မေးမြန်း ခဲ့ရာတွင်လည်း ၄င်းက တရုတ်သတင်းစာ ဘာသာပြန်လွှဲမှားသည် ဟုသာ ပြန်လည်း ဖြေရှင်းမှု ပြုခဲ့သည်။

အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

သနားပါတယ် အောင်သိန်းလင်း -
သူက မြန်မာလို ပြောတာ ၊ အဲဒါကို အသံဖမ်းပြီး တရုတ်လို သတင်းရေးတာ ၊
အဲဒါကို အင်္ဂလိပ်လို ဘာသာပြန် ရေးတာကို မြန်မာလို ထပ်ပြန်တော့ .....
"ပြည်သူတွေ ရှုးကုန်တာ" ဖြစ်မှာပါဗျာာာ

FEC ကို တစ်နှစ်အတွင်းရုတ်သိမ်းမည်

Yangon Media Group

===============================
AGD Bank Facebook Page မှ
===============================

FEC ကို တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုတ်သိမ်းနိုင်သောအခြေအနေရှိ သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၁-၈-၂၀၁၂ရက်နေ့တွင် ကျင်းပသော ဘဏ္ဍာအခွန်ဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တရားဝင်ပြောကြားခဲ့ပါတယ်။

FEC အသုံးဟာ လက်ရှိအနေဖြင့် အစိုးရဘီလ်တချို့ပေးဆောင်ရခြင်းနှင့် MFTB, MICB ဘဏ်များတွင် နိုင်ငံခြားအဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်းမျိုးတွင်သာအသုံးပြုပါတော့တယ်။ ဒီအတွက် FEC ရုတ်သိမ်းခြင်းဟာ ဈေးကွက်အပေါ် သက်ရောက်မှု အင်မတန်နည်းပါးတယ်လို့ သုံးသပ်မိပါတယ်။

မကြာမီမှာ Foreign Exchange Law အသစ်လည်း ထုတ်ပြန်တော့မယ်လို့ ၄င်းနေ့က ဘဏ္ဍာအခွန်မှ တရားဝင်ကြေငြာပါတယ်။ ၄င်းဥပဒေအသစ်ကို လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်မှ အတည်ပြုချက်ရပြီလို့လည်း သိရပါတယ်။

၎င်းဥပဒေအသစ်ကြောင့် FEC ကို ရုတ်သိမ်းမည်ဆိုလျှင် အခက်အခဲမရှိ ရုတ်သိမ်းနိုင်မည်ဖြစ်သလို၊ ပြည်တွင်းဈေးကွက်အတွက်လည်း သက်ရောက်မှုအနည်းဆုံးဖြင့် ရုတ်သိမ်းနိုင်မည်ဟု မျှော်လင့်ပါတယ်။

FEC လက်ဝယ်ကိုင်ထားသူများအနေဖြင့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီသော ပြန်လည်ပေးလျော်မှုကို ရရှိကြမှာဖြစ်ပါတယ်။

. နောက်ရက်လာယူမယ်ဆိုလို့ သိမ်းထားလိုက်တဲ့လွယ်အိတ်ကလေး

Aung Myo Min
၈၈ခုနှစ် ဇွန်လ မြေနီကုန်းအရေးအခင်းမတိုင်မီအထိ ကျောင်းသွားရင်ကိုင်တဲ့ အိတ်ကလေးကို သိမ်းထားပေးတဲ့ ကျောင်းတက်ဖော်အကိုကြီးရဲ့ ကျေးဇူးကြောင့် ပြန်ရခဲ့ပါတယ်…

ဒီအိတ်ထဲမှာ ကျနော်လက်ရေးနဲ့မှတ်စုလိုက်ထားတဲ့ Linguistics ဘာသာ မှတ်စုစာအုပ်လေးရယ်၊ ဇွန်လမှာ ဖြေရမဲ့ tutorial စာရွက်လေးရယ်ကို ပြန်တွေ့ရတော့ ကျောင်းသားစိတ်တွေ ပြန်ပေါ်လာတယ် … တက်ခဲ့တဲ့ တောင်ငူဆောင်၊ ထိုင်ခဲ့တဲ့ အရှည်ကြီးလက်ဖက်ရည်ဆိုင်၊ အတူတွဲခဲ့တဲ့ သူငယ်ချင်းအားလုံးပေါ့……..

မတ်လ တံတားဖြူအရေးအခင်းဖြစ်ပြီး ကျောင်းတွေကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီး ကျောင်းသားတွေကို နယ်ပြန်ပို့လိုက်တယ် …. ဇွန်လရောက်တော့ကျောင်းတွေကိုပြန်ဖွင့်ပေးတယ်….
ကျောင်းသားတွေသွေးမြေကျတာကို မြင်ခဲ့တဲ့ ကျနော်တို့ကတော့ ကျောင်းပြန်ဖွင့်လိုက်တာနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို ပြန်စခဲ့တယ်… မတ်လမှာ လက်တွဲလုပ်ခဲ့တဲ့သူငယ်ချင်းတချို့က ထောင်ထဲရောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြတော့ မတရားတာကိုလက်မခံနိုင်တဲ့ ကျနော်တို့ရဲ့သွေးတွေ နိုးကြွလာခဲ့တယ်…

tutorial ဖြေရမဲ့ ဇွန်လ (၁၀) ရက်ရောက်တော့ ရန်ကုန်တက္ကသိုလ်တခုလုံးမှာ တရားပွဲတွေ စနေပြီ…. ကျနော်လဲ အဓိပတိလမ်းပေါ်မှာ မမောတမ်းပေါ့…. စာဖြေရမဲ့ရက်မှာ စာစစ်မဲ့ဆရာမလေးတွေက ကြောက်ပြီး မစစ်ရဲတော့ ခေါင်းစဉ်တပ်ထားတဲ့စာရွက်လေးက ကျနော့် လွယ်အိပ်ထဲမှာ ကျန်နေတာ….

အဲဒီတုံးက ကိုယ့်ပုံစံကို ကိုယ်ပြန်မြင်ကြည့်ရင် လွယ်အိပ်နှစ်လုံးထဲမှာ လှုံ့ဆော်စာတွေအပြည့်နဲ့၊ ပုဆိုးတိုတို၊ မျက်မှန်ထူထူနဲ့ ကျောင်းသားတယောက်ဖြစ်တယ်……..အတူတူကျောင်းတက်နေတဲ့သူငယ်ချင်းတွေကိုယ်တိုင် မယုံနိုင်လောက်အောင် စိတ်ဓာတ်ပြင်းထန်သွားတဲ့ ကျောင်းသားတယောက်ဖြစ်တယ်……… ဘာနိုင်ငံရေးမှ စိတ်မ၀င်စားခဲ့ပေမဲ့ မတရားမှုကြောင့် အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ကျောင်းသားတယောက်ဖြစ်တယ်။
ဘာဘဲဖြစ်ဖြစ် ကျောင်းသားဘ၀ကို ပြန်ခံစားမိစေတဲ့ လွယ်အိတ်ကလေးရယ်.. ပြန်တွေ့ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်. အိတ်သိမ်းထားပေးတဲ့အကိုကြီးပြောတဲ့စကားတလုံးကတော့ ဟတ်ထိတယ်ဗျာ.. နောက်ရက်လာယူမယ်ဆိုလို့ သိမ်းထားလိုက်တာ အခု ၂၄ နှစ်ကြာမှ ပြန်ပေးခွင့်ရတော့တယ်တဲ့…

ငါ့လူမျိုးတွေလည်း ရိုဟင်ညာတွေဖြစ်ကုန် ပြီ။

ရာဇာဓိ ရာဇာ




ဩဂုတ်လ သုံးရက်နေ့က ပါကစ္စတန်၊ အင်ဒိုနီးရှား နဲ့ မလေးရှားမှာ
ရိုဟင်ညာတွေ အတွက်ဆန္ဒပြ နေတာပါ။ ဒါကလူမြင်ကွင်းမှာမို့ သိပ်ကြောက်
စရာမလိုပေမဲ့ အာရကန် ပရိုဂျက် က ခရစ်လျှူဝါလို ရိုဟင်ဂျာအကြောင်းကို
အပ်ကျတာကအစသိပါတယ်ဆိုတဲ့အမျိုးသမီးမျိုးတွေ လူ့အခွင့်အရေး
စောင့်ကြည့်ရေး အဖွဲ့လို အိုင်စီဂျီအဖွဲ့လို အနောက်အင်အားကြီး
နိုင်ငံတွေရဲ့ အာဘော်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကနေ
ထိုးနှက်ချက်တွေဟာ မြန်မာပြည်သူတွေအတွက်
ဘာသာစကားအဆီးအတားကြောင့်မသိသာ သလိုထင်ရပေမဲ့ တိုင်းပြည်အတွက်
အလွန်အထိနာလှပါတယ်။

နိုင်ငံလုံခြုံရေးအတွက် အိန္ဒိယ တရုတ် ရုရှား တို့နဲ့နားလည်မှူရထားတယ်
ဆိုပေမယ့် သူတို့တွေလည်း လေလှိုင်းစစ်ပွဲမှာတော့ ခံစစ်ကနေတိုက်စစ်
အသွင်ပြောင်းလည်းကြိုးစားဆဲဖြစ်ပါတယ်။ လက်ရှိမြန်မာ့အုပ်ချုပ်ရေးနဲ့
နိုင်ငံခြားရေးမှာ တာဝန်ယူထားတဲ့သူတွေအနေနဲ့ အင်ဒိုနီးရှားလို
လူမျိုးစုများတဲ့ နိင်ငံမှာတောင် အရှေ့တီမောကပေးခဲ့တဲ့ သင်္ခန်းစာကို
အသုံးချပြီး (အဲဒီအဖြစ်အပျက်မှာ အင်ဒိုနီးရှားဟာ တီမောပင်လယ်ထဲက
ကမ်းလွန်ရေနံ တွင်းတွေပါ ဆုံးရှုံးခဲ့ရတယ်) အာချေ တွေကို ဘယ်လို
ထိမ်းထားလဲ ဘရာဇီးလို လူမျိုးစုများပြီး နယ်မြေကျယ်ဝန်းတဲ့ နိုင်ငံမှာ
နှစ် ပေါင်းနှစ် ဆယ်ကျော်ကြာ ဒုစရိုက်၊ မူးယစ်ဆေး နဲ့ ခွဲထွက်ရေး
ပြဿနာတွေကြားထဲက ကမ္ဘာ့ ထိပ်တန်း အဆင့်မှီ စီးပွါးရေးအင်အားကြီး
နိုင်ငံဖြစ်လာအောင်ဘယ်လိုကြိုးပန်းခဲ့လည်းဆိုတာ အချိန်ရှိတုန်း လေ့လာ
အသုံးချရမှာဖြစ်ပါတယ်။

ရိုဟင်ဂျာအလိုမရှိ လို့အော်နေလို့မရတော့ပါဘူး။ ကျွန်တော်တို့ထွက်အော်ရင်
"အစိုးရလိုလားသူများလို့" နာမည်တပ်ကြပါလိမ့်မယ်။ လွှတ်တော်ထဲအော်ရင်
စစ်တပ်ဩဇာသက်ရောက်တဲ့ လွှတ်တော် လို့ နာမည်တပ်ကြပါလိမ့်မယ်။
အမေစုတို့လိုအတိုက်အခံတွေကပါပေါင်း ပြီး တညီတညွတ်ထဲ ပြောပြော
အခု ချက်ချင်း ရွေးကောက်ပွဲ လုပ် အမေစုတို့ကို အစိုးရခန့်ပြီး ဥပဒေကြမ်း
ဥပဒေချော ရေးဆွဲပြီး ကျေညာချက် ထုတ်လည်း ရိုဟင်ညာလူနည်းစု ကို
မတရားဖိနှိပ်တယ်လို့ ပြောကြဦးမှာပါ။

နိင်ငံသားပေးတယ်ဆိုရုံနဲ့တင် မပြီးဘူးဆိုတာ မြန်မာ့အရေးမှာ
အရေးပါအရာရောက်တဲ့သူတိုင်းသိကြပါတယ်။ ဘင်္ဂလား အိန္ဒိယ ပါကစ္စတန်
စသဖြင့် နိုင်ငံတွေမှာ ဒုက္ခသည် စာရင်းပေးထားတဲ့သူတွေကိုပါ
ရခိုင်မှာ (အိမ်ဆောက် လယ် မြေပေးပြီး) အခြေပြန်ချ ပေးဖို့ရန်တောင်းဆို
မှူတွေ တောက်လျှောက်လာဦးမှာပါ။ အဲဒါတွေပြီးရင် ဘာသာမတူ စကားမတူ
ယဉ်ကျေးမှူမတူတာမို့ သူတို့အနေနဲ့ အာဖဂန်နီစတန်လို သီးသန့်
နေချင်ကြဦးမှာ။ အင်ဒိုနီးရှား မလေးရှားက အခုအော်နေကြတယ်
ဆိုတာကလည်း လက်ရှိသူတို့တွေဆီမှာ ဒီဘင်္ဂါလီတွေ နှစ်သောင်းက နေ
ငါးသောင်းနီးပါးရှိလို့ သူတို့လည်း နောက်လာမယ့် ဆယ်နှစ်အရေးကို
တွေးပြီးကြောက်နေတာလည်းပါမယ် ထင်ပါတယ်။

လက်ရှိမှာ သမ္မတ တစ်ယောက်ဘဲ နိုင်ငံတစ်ကာတရားရုံးဘဲရောက်ရောက်
ဆိုပြီး ခေါင်းခံထားတယ်။ သူခေါင်းခံ ခဲ့တာ အတိုင်းအတာ အချိန်ပိုင်း တစ်ခု
အထိဘဲ သက်ရောက်မှူရှိမှာပါ။ နိုင်ငံတစ်ကာက ဆက်တိုက်ပေးလာတဲ့
ဖိအားပေါ်မူတည်ပြီး နောက်ထက် ရင်ဆိုင်ဖို့ နည်းလမ်းရှာရဦးမှာပါ။
သမ္မတကြီးကလည်း နည်းလမ်းရှာပါလို့ဘဲ အားလုံးကို ပြောပါတယ်။
ခက်တာက ဒါကို ဘယ်သူမှ နားမထောင်ဘဲ မြန်မာပြည်ကိုဘဲ
ဖိအားပေးနေတာပါ။ ကျွန်တော်တို့လို တိုင်းပြည်ချစ်စိတ် ရှိတဲ့သူတွေက
တက်နှိုင်သလောက် ကျရာနေရာမှာ ပါဝင်နေ/ပါဝင်ဖို့ အသင့်ဖြစ်နေပေမယ့်
လိုအပ်တာက တကယ် တာဝန်ယူ တာဝန်ခံထားတဲ့သူတွေက အခုအချိန်မှာ
ရှေ့ကိုထွက်ပြီး ဒီစွတ်စွဲချက်တွေကို မဖြစ်မနေ ရင်ဆိုင်ရမှာပါ။ သူတို့တွေ
ဆွေးနွေးပွဲလုပ်သလို ကိုယ့်ဘက်ကလည်း ရိုဟင်ညာကိစ္စကို
ဆွေးနွေးပွဲတွေလုပ်သင့်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ အားနည်းလို့
နောက်ချန်နေစရာမလိုပါ။ အင်္ဂလိပ်လူမျိုးကို အင်္ဂလိပ်စကားနဲ့ ကျွန်တော်
တို့လိုမြန်မာမပြောနဲ့ စကော့တစ်ရှ်တွေ အိုင်းရစ်တွေ ဝဲလ်ရှ်တွေတောင်
ယှဉ်မပြောနိုင်ပါဘူး။ ကိုယ်ကအချက် မှန်ဖို့ အရေးကြီးပါတယ်။

ဥပမာ ရိုဟင်ဂျာ အလိုမရှိ လို့အော်မယ့်အစား ငါတို့ရဲ့ ရိုဟင်ညာ
ပြဿနာကို ကူညီဖြေရှင်းပေးကြပါ (Help us solve Rohingya issue)
လို့ အော်တာ ပိုအကျိုးရှိ ပိုထိရောက်ပါတယ်။
ကုလ အလိုမရှိလို့ အော်မယ့်အစား ကုလ ဘက်လိုက်မှူ ကင်းစေရေး
(UN, give us a fair go!) တို့ (Free and Fair UN in Rakhine)
ဆိုရင် ပိုပြီးထိရောက်တယ် ရှင်းပြပြီးသားလည်းဖြစ်မယ်။

မြန်မာပြည်မှာ ဆွန်နီ အစ္စလာမ်ရှိတယ် ရှီရိုက် အစ္စလာမ်ရှိတယ်
အီရက်မှာလိုပေါ့။ ဘင်္ဂါလီတွေက ဆွန်နီ အစ္စလာမ်ကိုးကွယ်တယ်။
အဲဒီတော့ပြည်တွင်းနေ ကိုးကွယ်သူတွေအထဲမှာတောင် ကွဲပြားမှူရှိတယ်။
အားလုံးကို ချုံး ပြီး ပြည်တွင်းနေအစ္စလာမ် ကိုးကွယ်သူတွေ သဘောထား
ဆိုပြီးလုပ်လို့မရဘူး။ ဒါတွေကိုသိအောင် လုပ်ရမယ်။ အဲဒီလိုမျိုးပေါ့လေ
အရည်အချင်းပြည့်တဲ့သူများ တတ်နှိုင်သလောက် ထပ်ပြီးပါဝင်ကူညီ
စဉ်းစားပေးကြပါဦး လို့တိုက်တွန်းလိုက်ပါတယ်။

(√မဆိုင်တဲ့သူများကို ထိခိုက်နစ်နာစေရန် မရည်ရွယ်ပါကြောင်း)

ခရိုနီသားမက်လေး

by Aung Kyaw Oo on Friday, August 3, 2012 at 4:47pm ·

ခရိုနီ ခရိုနီနဲ့ ခေတ်အဆက်ဆက်မှာ ရေပန်းစားနေတော့။ ကျနော်လည်း ခရိုနီသားမက်ဖြစ်ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပေါ့။ ခရိုနီဖြစ်ချင်လွန်းလို့ အိပ်မက်တောင် မက်တယ်။ အဲဒီအိပ်မက်လေးကတော့....
တနေ့မှာ....
ကိုယ်က ခရိုနီသားမက်လေးဖြစ်ချင်တော့ ယောက္ခမအလိုကျနေတတ်အောင်ခရိုနီအကြောင်းလေး  ဘာလေးလေ့လာကြည့်မိတယ်။
လေ့လာကြည့်တော့မှ ခရိုနီဆိုတာ သူတောင်းစားထက်တောင် အရှက်မရှိတာကို သွားတွေ့ရတယ်။ ခရိုနီတွေ ချမ်းသာလို့ မနာလိုမရှုစိတ်တွေနဲ့ ပြောမိတာ မဟုတ်ဘူးနော်။ တကယ့်ကို ခရိုနီသားမက်လေးဖြစ်ချင်လွန်းလို့ သူတို့စရိုက်တွေ သဘာဝတွေကို အတွင်းကျကျလေ့လာလိုက်တာ အော်ကြောလန်ပြီး အော့နှလုံးနာခဲ့ရတဲ့အဖြစ်တွေကို ကြုံလိုက်ရလို့လေ။

ခရိုနီတိုင်း မကောင်းဘူးလို့ ပြောနေတာမဟုတ်ဘူးနော်။ လယ်လေးတွေသိမ်း၊ အိမ်ယာစီမံကိန်းတွေလုပ်၊ ကျောက်လုပ်ကွက်တွေတူးဖော်၊ သဘာဝသယံဇာတတွေရောင်းစား၊
ဖုန်းကားမြေတွေကို ပြည်သူတွေ မပိုင်နိုင်အောင် လက်ဝါးကြီးအုပ်ဈေးတင်၊ သွင်းကုန်၊ ထုတ်ကုန်တွေကို ဆိုင်ရာပိုင်ရာတွေနဲ့ပေါင်းပြီး ပိတ်လိုက်ဖွင့်လိုက် တင်ပို့လိုက် တင်သွင်းလိုက်နဲ့ တိုင်းပြည်ဝင်ငွေတွေကို သူတို့အိတ်ထဲလှလှပပလေး ထည့်တတ်ကြတဲ့သူတွေကို ခရိုနီတွေလို့ခေါ်သဗျ။

သူတို့က ကျောလို့ရတဲ့သူတွေကို မျက်နှာကြောကြီးတွေနဲ့ အထက်စီးကနေ မောက်မောက်မာမာ ဂုတ်သွေးစုပ်တတ်ပြီး ဖားရမည့်သူတွေကိုကျတော့ ပါးစပ်ကြီးတဟဟ ပြုံးဖီဖီကြီးနဲ့ ပေါက်တင်ညိုခေါင်းတညိမ့်ညိမ့်လုပ်ပြီး ကျလာတဲ့ မစင်ပေါက်ကိုလျှက်ပေးဖို့ စောင့်နေလေရဲ့။ ခရိုနီဆိုတာ အရှက်မရှိတဲ့ သူတောင်းစားအကြီးစားတွေ ထက်ဆိုးပါတယ်။ သူခိုးလုပ်သင့်လည်းလုပ် တောင်းသင့်တယ်ဆိုလည်းတောင်းစားတတ်တဲ့သူတွေပေါ့။

အရှက်လည်းမရှိ၊ လောဘဇောတွေမသတ်နိုင်တဲ့ ဗြိတ္တာအကြီးစားတွေလေ။ သူတို့ဆယ်သက်စားမကုန်အောင် ဂုတ်သွေးစုပ်အမြတ်ထုတ်ပြီး တိုင်းပြည်နစ်နာ ပြည်သူတွေဆင်းရဲသွားတာတောင် ကျေနပ်အားရမှုမရှိပဲ သားစဉ်မြေးဆက် ဆင်းရဲသားတွေအပေါ် လူများစုအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နိုင်အောင် လက်ဆင့်ကမ်းခဲ့ကြတဲ့သူတွေလေ။ အဲအဲ..မသိတဲ့သူတွေကျတော့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အတူတူပဲလို့ ထင်တတ်ကြတယ်။ စီးပွားရေးလုပ်ငန်းရှင် အချို့လည်း ခရိုနီဆန်ဆန်လုပ်ကြသူတွေရှိနေကြလို့လေ။

အာဏာရှင်တွေ အကြံအဖန်အကျင့်ပျက်ခြစားနေတဲ့ အကြီးအကဲတွေနဲ့ပေါင်းပြီး ရိုက်စားဂွင်တွေ တနပ်စားဂွင်တွေဆင်ပြီး ကိုယ်ကျိုးအတွက် မကျန်ကျန်အောင် စီမံကိန်းအကြီးကြီးတွေပြော၊ အကျိုးအမြတ်အကြီးကြီးတွေပြပြီး လက်တွေ့ကျတော့ ဘာတစ်ခုမှ မဖြစ်လာပဲ ဟိုအကြောင်းပြ ဒီအကြောင်းပြ အရှူံးအမျိုးမျိုးပြပြီး သူတို့ အိမ်တွေယာတွေလုပ်ငန်းတွေတာ အကြီးကြီးဖြစ်သွားကြတာ။တိုင်းပြည်ကြီးက အရှိကနေ မရှိဆင်းရဲအဖြစ်ကို ရောက်ရော။ ရှေးခေတ်က ခရိုနီတွေကြီးစိုးခဲ့လို့လည်း လူတွေပျက်စီးကြရတာ။ ဘုရင်စနစ်တုန်းကဆို တော်တော်လေးဆိုးတယ်။ အာဏာရှင်တွေ လက်ရဲဇက်ရဲလူသတ်သမားတွေတောင် ခရိုနီတွေလောက် မဆိုးဘူး။ အဲဒီအချိန်က ခရိုနီတွေဆို ထင်တိုင်းကျဲခဲ့ကြတာ။ ဘုရင်ခေတ်မှာလည်း ခရိုနီတွေကြောင့် လူမျိုးအချင်းချင်း ဂုတ်သွေးစုပ်ခံရပြီး အကျင့်စရိတ္တတွေပျက် တိုင်းပြည်ကြီးကို ကောင်းကောင်း မအုပ်ချုပ်နိုင်တော့ပဲ တပါးသူတွေနယ်ချဲ့တာ ခံရပြီး သူ့ကျွန်ဘ၀တွေ ရောက်ခဲ့ရတယ်။ ကိုလိုနီခေတ်မှာလည်း တိုင်းတပါးခရိုနီတွေက ကိုယ့်လူမျိုးတွေကို နည်းမျိုးစုံနဲ့ မှိုင်းသွင်းပြီး အကျင့်တွေ မပျက်ပျက်အောင် လုပ်ကြတယ်လေ။ တရုတ်ပြည်မှာဆိုရင် ခရိုနီတွေက တရုတ်လူမျိုးတွေကို ဘိန်းစားတွေဖြစ်အောင်လုပ်၊ လောင်းကစားသမားတွေ အရက်သမားတွေဖြစ်အောင် လုပ်ပြီး မပျက်ပျက်အောင် ဖျက်ဆီးကြတာ။ အင်္ဂလိပ်လက်အောက်ရောက်ခဲ့တုန်းကလည်း အပျော်အပါး အပေါ့အပါးကြိုက်တတ်တဲ့ မြန်မာလူမျိုးတွေကို ဆယ်နှစ်လရာသီပွဲတော်တွေနဲ့ သုံးတတ်ဖြုန်းတတ်အောင် စပြီး ဖျက်ဆီးခဲ့တာလို့လဲ ခရိုနီဖခင်ကြီးတွေဆီက ကြားခဲ့ရတယ်။

သုံးတတ် ဖြုန်းတတ် သောက်တတ် စားတတ် ပျော်တတ် ပါးတတ်ပြီး အောက်ခြေလွတ်နေမှလည်း ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့သူတွေ လက်ထဲမှာ ငွေအမြဲလိုနေမှာ။ ငွေလိုနေမှလည်း ခိုင်းသမျှကို လက်ရဲဇက်ရဲလုပ်ရဲမှာတဲ့။ အင်္ဂလိပ်နယ်ချဲ့တွေဆိုတော့ မြန်မာတွေ တိုးတက်ကြီးပွားလာမှာကို မလိုလားဘူး။ မြန်မာအချင်းချင်း ရန်ဖြစ်နေတာ။ မြန်မာအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ခေါင်းပုံဖြတ်နေတာ။ မြန်မာအချင်းချင်း အနိုင်ကျင့်နှိပ်စက်နေတာကိုပဲ လိုချင်တယ်လေ။ ဒါမှလည်း သူတို့အုပ်ချုပ်ရတာ လွယ်ကူမှာပေါ့။ အပြစ်လာပြောရင်လည်း ငါတို့ နှိပ်စက်တာ မဟုတ်ဘူး မင်းတို့လူမျိုးအချင်းချင်း နှိပ်စက်ကြတာ။ ငါတို့က သိမ်းထားတဲ့ ရန်ကုန်မြို့တော်ကိုတောင် အာရှမှာခေတ်အမီဆုံး အကောင်းဆုံးဖြစ်အောင် မြို့သစ်တည်ပေးခဲ့တာ ဆိုပြီး အသံကောင်းဟစ်ပြနေဦးမယ်။ တွေ့လား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ၀န်ကြီးများရုံးဆိုပြီး နမူနာပြနေဦးမှာ။ အဲဒီခေတ်က ရန်ကုန်ကို အကောင်းဆုံးလမ်းတွေတည်ဆောက်ပြီး မြို့အင်္ဂါရပ်နဲ့အညီ ရေလာမြောင်းတွေ၊ မိလ္လာပိုက်တွေ၊ လမ်းတွေကို စနစ်တကျလုပ်ပေးပြီး တည်ခဲ့တာ။ နောက်ပိုင်းတည်တဲ့မြို့သစ်တွေနဲ့ ငါတို့တည်ခဲ့တဲ့ မြို့နယ်၆မြို့နယ်နဲ့ယှဉ်ကြည့် မမီစေရဘူးဆိုပြီး လက်မထောင် ပြောနေမှဖြင့် ခံနေရဦးမှာ။

ခရိုနီတွေဆိုတာ မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး အခွင့်အရေးရဖို့ချောင်းနေကြတဲ့သူတွေပဲလေ။ နယ်ချဲ့ခေတ်က ခရိုနီတွေဆို အမျိုးသစ္စာဖောက်ပြီး ကိုယ့်လူမျိုးကိုယ်ပြန်ဖိနှိပ်ပြီး ဂုတ်သွေးစုပ်ကြတာပေါ့။ ဒါပေမဲ့ လူမျိုးခြားခရိုနီတွေတာများတာပါ။ လွတ်လပ်ရေးရပြီးတော့ ၀န်ကြီးချုပ်ဦးနုခေတ်မှာတော့ ခေတ်ပျက်သူဋ္ဌေးတွေပေါ်လာတာပေါ့။ သူ့ကျွန်ဘ၀ကလွတ်လွတ်လာချင်းဆိုတော့ တိုင်းရေးပြည်ရေးအတွက် လုပ်စရာတွေ အများကြီးရှိသေးတာပေါ့။ အဲဒီလို ရှုပ်နေတဲ့ အချိန်၊ ပျော်နေတဲ့အချိန်၊ အောက်ခြေလွတ်နေကြတဲ့ အချိန်မှာ အရိုးစွဲအောင် ဖြစ်စေတဲ့ သားစဉ်မြေးဆက် ခရိုနီစနစ်ကြီးကို အကောင်အထည်ဖော်ကြတော့တာပဲလေ။ အဲဒိအချိန်တုန်းက တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းအများအပြား လိုအပ်တယ်လေ။ အဲဒါတွေက ခရိုနီတွေအတွက် စားပေါက်တွေပဲလေ။ ယုံအောင်ပြော၊ ဟန်ဆောင်လုပ်ပြပြီး တစတစ ခရိုနီတွေ ချမ်းသာကြွယ်ဝလာကြတယ်လေ။

နယ်ချဲ့လက်အောက်ကျရောက်ခဲ့ပေမဲ့ အင်္ဂလိပ်တွေကစီးပွားရေးအချက်အချာကျတဲ့ မြန်မာနိုင်ငံကို အာရှမှာခြေကုတ်အခြေချနိုင်မည့် တိုင်းပြည်တစ်ခုအဖြစ်သတ်မှတ်ပြီး ကိုယ့်အိမ်လို အကောင်းဆုံး တည်ဆောက်ပေးခဲ့ကြတာဆိုတော့။ စစ်ပြီးခေတ်မှာ ပြည်သူတွေ စားဝတ်နေရေးအတွက် သိပ်မပူပင်ရသေးဘူး။စနစ်ကော စီးပွားရေးယန္တရားကပါ ခေတ်မီနေတယ်လို့ ဆိုနိုင်တယ်။ လူဦးရေကလည်း ယခုလောက်မပေါများသလို မြေကြီးက ရွှေသီးနေတယ်ဆိုတော့ စားဖို့သောက်ဖို့အတွက် သိပ်ပြီး မဆင်းရဲကြသေးဘူးလေ။ အခုခေတ်လို ရှိသမျှ ထွက်သမျှတွေကို ပြည်သူတွေ အလျှံပယ်စားဖို့ မထားပဲ ရှိသမျှအကုန် ပြည်ပပို့ပြီး ကိုယ့်အိတ်ထဲကိုယ်ထည့်နေကြတဲ့ ခရိုနီတွေမှ မရှိသေးတာ။ အဲဒီတော့ မြေကြီးက ရွှေသီးတဲ့ အမိမြေကြီးက ပြည်သူတွေအတွက် စားဖို့လောက်ငှတယ်လေ။ မြေတွေကလည်း ပေါတော့ အိမ်ဝင်းခြံဝင်းကြီးတွေနဲ့ ပြည်သူတွေ အေးအေးချမ်းချမ်းနေနိုင်တယ်လေ။

ဦးနုလည်းပြောင်း နေ၀င်းလည်းလာရော..ပြည်သူပိုင်ဆိုတာတွေ ခေတ်စားလာတယ်။ ဆွေစဉ်မျိုးဆက် တွေ့သမျှအကုန်ပိုင်ချင်တဲ့ ခရိုနီတွေ အများအပြားပေါ်လာရော။ ဟိုပိတ်ဒီပိတ် ဟိုသိမ်းဒီသိမ်းလုပ်ပြီး ပြည်သူတွေဆီက ပိုင်ဆိုင်မှုတွေအားလုံးကို ခရိုနီတွေက နည်းမျိုးစုံသုံးပြီးယူကြတာ။ ကုန်ဈေးနှုန်းတွေမြင့်တက်လာလို့ ပြည်သူတွေစားဝတ်နေရေးကျပ်တည်းလာတယ်။ ဦးနုခေတ်က ခရိုနီတွေအနေကျပ်အစားကျပ်လာပြီး ခေတ်ပျက်ခရိုနီတွေကြီးစိုးလာတယ်။ အဲဒီအချိန်ကစပြီး ပေါ်ပင်တွေခေတ်စားလာတယ်။ ဆိုင်ရာဆိုင်ရာတွေနဲ့ပေါင်းပြီး တိုင်းပြည်ကြီးရဲ့အခြေခံစီးပွားရေးအဆောက်အအုံကြီးကို ဖျက်ဆီးပစ်လိုက်တော့တာ။ ခရိုနီတွေကြောင့် ငွေကြေးဖောင်းပွမှုတွေ အကြီးအကျယ်ဖြစ်လာရော။ အဲဒီအချိန်မှာ နေ၀င်းအစိုးရက ငွေစက္ကူတွေဖျက်သိမ်းတာတွေ အကြိမ်ကြိမ်လုပ်လိုက်တယ်။အဓိကကတော့ လက်ရှိခရိုနီတွေနေရာမှာ ခေတ်သစ်ခရိုနီတွေကို အစားထိုးဖို့လေ။ လက်ရှိခရိုနီတွေမှာ ဓနအင်အားတောင့်တင်းနေရင် မိမိအလိုကျ ထင်သလို ခြယ်လှယ်လို့မရဘူးလေ။ ဒါနဲ့ပဲ ဦးနုခေတ် ခရိုနီတွေ အတုံးအလှဲခံရတော့တာ။

နေ၀င်းက လမ်းစဉ်ပါတီတို့ တေဇလူငယ်တို့လို လမ်းပြကောင်းတွေထေားဖို့ ပြောပြောပြီး ခရိုနီတွေက တိုင်းပြည်မပျက်ပျက်အောင် မမွဲမွဲအောင် ရောင်းစားကြတော့တာ။ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ရောင်စုံသူပုန်တွေထကြွအောင် ကရင်စစ်ပွဲတွေဖြစ်အောင် တမင်လုပ်ဇာတ်တွေလုပ်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်တယ်လေ။ ပြည်သူတွေကို ကိုလိုနီခေတ်ကလို အသိဥာဏ်နည်းအောင် လုပ်ပြီး အုပ်ချုပ်တယ်။ ပညာတတ်တွေကို နေရာမပေးဘူး။ ဆွေတော်မျိုးတော် ခရိုနီတွေပဲ ကြီးစိုးတဲ့ခေတ်ပေါ့။ ပြည်ကြီးချမ်းသာပါတယ်။ လူတွေချမ်းသာပါရဲ့ ဘယ်နေရာကြည့်ကြည့် အဲဒီလက်တဆုပ်စာ ခရိုနီတွေပဲ သုံးနိုင်ဖြုန်းနိုင်ကြတာ။ ပြည်သူတွေကျပ်တည်းလာတိုင်း တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ဇာတ်လေးတွေခင်းပြီး အာမခံရဲအောင် ခြိမ်းခြောက်လိုက် အကြမ်းဖက်လိုက်လုပ်လာတော့ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်လာတာတော့ မဆင်းပေးမနေရ အဆင့်ရောက်ကုန်ရော။

အို အဲဒီခေတ်ပြီးတော့ နောက်တစ်ခေတ်ကို လူတိုင်းမြင်ရ ခံစားဖူးကြတယ်ဆိုတော့ ကိုယ်တွေ့တွေ ဖြစ်ရပ်မှန်တွေဖြစ်ခဲ့တာတွေကို လူတိုင်းသိပြီးပြီမို့ ရွှေခေတ်က ခရိုနီတွေဘယ်လို အမြတ်ထုတ်ကြသလဲဆိုတာကိုတော့ မပြောတော့ပါဘူးနော်။ အရင် ကုန်ဈေးနှုန်းထက် အခုကုန်ဈေးနှုန်းဘယ်လောက်ကွာသလဲ။ အရင် ရန်ကုန်မြို့လူနေမှုစားရိတ်နဲ့ အခုစားရိတ်ဘယ်လောက်ကွာသလဲ။ ၀င်ငွေနဲ့ ထွက်ငွေ ဘယ်လောက်တောင် ကွာခြားပြီး ကျပ်တည်းလာသလဲဆိုတာကို တွက်တတ်ရင် အခုခရိုနီတွေရဲ့ စရိုက်ကို ပြည်သူတွေ သိကြမှာပါ။ ကျနော်လည်း ခရိုနီလုပ်ချင်ဇောနဲ့တာ ခရိုနီတွေအကြောင်းလေ့လာကြည့်မိတာ။ ဆက်ကို မလေ့လာရဲတော့ဘူး။ သူတို့က သူတော်ကောင်းယောင်ဆောင်ထားတဲ့ မြေခွေးအိုကြီးတွေလေ။ နာမည်ကောင်းယူရမယ်ဆိုရင် ထိပ်ဆုံးက ရပ်ပြီး ဘာလုပ်ပေးမယ်။ ဘယ်လိုလုပ်နေတယ်။ ပြောပြောပြီး ရသမျှအခွင့်အရေးတွေကို မျက်နှာပြောင်တိုက်ပြီး အကုန်ယူပစ်တာ။ အမျိုးဂုဏ်လည်း မကြည့်၊ တိုင်းပြည်မျက်နှာလည်း မထောက်၊ ဘာသာ သာသနာကိုလည်း မလေးစား မကြည်ညိုတဲ့အပြင် လူမျိုးရေး၊ ဘာသာရေးတွေ အကြောင်းအမျိုးမျိုးပြပြီး လုပ်ဇာတ်တွေခင်း၊ ရန်တိုက်ပွဲတွေလုပ်ပေးပြီး အခွင့်ကောင်းယူဖို့စောင့်နေကြတာ။ တိုင်းပြည်ရောင်းစား၊ လူမျိုးရောင်းစားဖို့ စနစ်တကျနဲ့ကို စောင့်နေကြတာ။ စီးပွားရေးလုပ်ငန်းရှင်နဲ့ ခရိုနီနဲ့ လုံးဝကို မတူဘူး လုပ်ငန်းရှင်တွေက ပြည်သူတွေစားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ပေးတယ်။ တိုင်းပြည်ကြီး အခြေခံစီးပွားရေး အဆောက်အအုံတွေနဲ့ ခိုင်မာလာအောင် အမြော်အမြင်ရှိရှိနဲ့ စိမံကိန်းတွေဖော်ဆောင်တယ်။ ခရိုနီတွေကတော့ ဘယ်ကနေ ကြားပေါက်ရမလဲ။ ဘယ်ကနေ သယံဇာတတွေခိုးထုတ်ရောင်းစားရမလဲ။ ပြည်သူတွေဆီက ငွေတွေကို ဘယ်လိုနည်းတွေသုံးပြီး ညှစ်ရမလဲ။ ကုန်ဈေးနှုန်းတက်အောင် ဘယ်လိုလုပ်ရမလဲ။ စားကုန်သောက်ကုန် စားသုံးကုန်ဈေးတွေ မြင့်တက်အောင် ဘယ်လို နည်းတွေနဲ့ တားမြစ်ရမလဲဆိုတဲ့ နည်းတွေကိုသုံးပြီး ပြည်သူတွေဆီက ရသမျှအကုန်ညှစ်၊ တိုင်းပြည်ဆီက ရောင်းလို့ရသမျှ အကုန်ယူကြတာ။ ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်ဆိုပြီး ပြောင်ပြောင် ပြောင် မျက်နှာရူးတွေပြောင်၊ ပြောင်ပြောင်ပြောင် တိုင်းပြည်ကြီးလည်းပြောင်၊ ပြောင်ပြောင်ပြောင် ငါ့ဖင်လည်းပြောင်မှာ ကြောက်သဖြင့် ခရိုနီသားမက်ဖြစ်ချင်တဲ့ အိပ်မက်လေးကို ကြောက်ကြောက်ကြီးနဲ့ကို ဖျက်လိုက်ပါကြောင်း အသိအလင်းကြေညာအပ်ပါတယ်လို့လဲ ပြောလိုက်ရော...ခရိုနီတွေက တဖြောင်းဖြောင်းလက်ခုပ်တီးပြီး ထောက်ခံပါတယ် ထောက်ခံပါတယ်လို့လဲ ၀ိုင်းအော်ရော..ကျနော်လည်း အိပ်ရာကနေလန့်နိုးသွားတာပေါ့...အော်အော်..အိပ်တာတောင် အိပ်မက်ဆိုးမက်မှာကို ကြောက်နေရသေးတယ်နော်..ဒုက္ခ..ဒုက္ခ..