Tuesday, August 7, 2012

ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်အား ပြည်ပဟက်ကာတစ်ဖွဲ့က တိုက်ခိုက်

7Day News Journal



ရန်ကုန်၊ သြဂုတ် - ၇

ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် http://ministryofinformation.gov.mm/
...
ဝက်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီဝန်းကျင်မှစတင်၍
ဝင်ရောက်ကြည့်ရှုမရတော့ကြောင်းသတင်းရရှိသည်။
ယင်းနှင့်ပတ်သတ်၍ ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက
"ဟုတ်ပါတယ်။ ဒီနေ့ မနက်ကတည်းက server down သွားတာ လောလောဆယ် server ထိုင်ထားတဲ့ teleport ကစစ်နေတုန်းပဲ။ ဘာမှ report မရသေးပါဘူး "ဟုဆိုသည်။
ယခု အခြေအနေသည် တိုက်ခိုက်ခံထားရသည်ဟု ဆိုနိုင်သော်လည်း မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံမှ တိုက်ခိုက်လျက်ရှိသည်ကို မသိရှိရသေးကြောင်း ၄င်းကပြောသည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ သည်လည်း တိုက်ခိုက်မှုတစ်ခုကြုံတွေ့ခဲ့ရပြီး၊ ၄င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဓာတ်ပုံအပြောင်းအလဲ ပြုလုပ်ခြင်း၊ စာသားများ ရေးသားထည့်သွင်းခြင်းများ ပြုလုပ်သွားခဲ့သည်။
ယနေ့ နံနက်(သြဂုတ် ၇ ရက်)က ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ကြေညာခဲ့သည့် ဟက်ကာ စာမျက်နှာတစ်ခုတွင် မြန်မာနိုင်ငံတွင်းမှ ၄င်းတို့ တိုက်ခိုက်မည့်ဝက်ဘ်ဆိုက်များ၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယင်းကြေညာချက်တွင် ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်များအပါအ၀င်
.mm ဖြင့် ဒိုမိန်းရယူထားသည့် ၀က်ဘ်ဆိုက်များ ပါဝင်လျက်ရှိသည်။

ဘူး သီး တောင် န ယ် သား တ ယောက် က ပြော ပြ မည့် ဘ င်္ဂါ လီ တွေ အ ကြောင်း အ ပို င်း ( ၃ )

ဘူး သီး တောင် သား တ ယောက် က ပြော ပြ မည့် ဘ င်္ဂါ လီ တွေ အ ကြောင်း( ၁ ) ... ( ၂ ) ဖတ်ရန်။
CLICK http://www.yeyintnge.com/2012/08/blog-post_5.html


by Aye Kyaw Zan on Monday, August 6, 2012 at 12:01pm ·
၂။     သူတို့ ဘာကြောင့် “ရိုဟင်ဂျာ” ဖြစ်ချင်ကြသနည်း။ ( Why Do They Want To Be Rohingyas ? )

     တကယ်တော့ နှစ်နိုင်ငံနယ်စပ်မှာ လူမျိုးတမျိုးတည်းက ဟိုဖက် သည်ဖက် ခွပြီးနေထိုင်ကြတာ အဆန်း မဟုတ်ပါ။ ကချင်၊ ဝ လူမျိုးတွေ တရုတ်ပြည်ဖက်မှာလည်း ရှိပါသည်။ ကရင်၊ ကရင်နီ၊ မွန်၊ ပဒေါင်လူမျိုးတွေ ထိုင်းနိုင်ငံဖက်မှာလည်း ရှိကြပါသည်။ ဘင်္ဂလားယဉ်ကျေးမှု အနည်းငယ် လွှမ်းမိုး ခံရသော်လည်း ယခုအချိန်ထိ ၉၂ % လောက်က ဗုဒ္ဓဘာသာကိုးကွယ်ပြီး ရခိုင်စကားပြောဆဲ ဖြစ်သည့် ရခိုင်လူမျိုး ၁ သိန်း ၈ သောင်းခန့်သည်လည်း ဘင်္ဂလားဒေ့ရှ်ဖက်မှာ လက်ရှိ အခြေချ နေထိုင်နေကြဆဲ ဖြစ်ပါသည်။ ကျနော် သိရှိသုံးသပ်မိသလောက် ဘင်္ဂလားဒေ့ရှ်ပြည်သူများ ကိုယ်တိုင် နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ အဆက်ဆက်တို့သည် ကျနော်တို့ထက် အတန်ငယ် ဒီမိုကရေစီ ပိုဆန်ကြပုံ ပေါက်ပါသည်။ သူတို့က အိန္ဒိယနှင့်အတူ ဗြိတိသျှ ကိုလိုနီ ဖြစ်ဖူးကြသဖြင့် အင်္ဂလိပ် ဒီမိုကရေစီနှင့် နည်းနည်း အကျွမ်းတဝင် ရှိခဲ့ဖူးရာ အင်္ဂလိပ်စာတတ်ပေတတ်တွေ များပြီး အခြားမူဆလင်ကမ္ဘာက မူဆလင်တွေလောက် ဘာသာရေး အစွန်းမရောက်ကြပါ။ ထို့ကြောင့် သူတို့နိုင်ငံမှာ မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဒဘာသာဝင်တို့ အချင်းချင်း သိပ်ဆူညံပူညံမရှိလှပါ။ အဲသည်က ရခိုင်တွေက ထိုနိုင်ငံ၏ minority right တရားဝင်ရရှိသော နိုင်ငံသား ( citizen ) များ ဖြစ်ကြပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဤဗုဒ္ဓဘာသာဝင် ရခိုင်တွေကိုတော့ ကိုယ့်နိုင်ငံသားဟု သတ်မှတ်ပြီး မြန်မာပြည်ဖက်ခြမ်းနေ ကိုယ်နှင့်ကိုးကွယ်ရာဘာသာတူ၊ အမျိုးအနွယ်တူ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) တွေကိုတော့ ( နိုင်ငံ ခြားနေသဖြင့် ) နိုင်ငံခြားသားများ ဟုသတ်မှတ်ပါသည်။ ထို့ကြောင့်  ဟိုဖက်နိုင်ငံမှာနေသူက ဟိုဖက်နိုင်ငံသား၊ သည်ဖက်နိုင်ငံမှာနေသူက သည်ဖက်နိုင်ငံသားဟုသဘော ထားနိုင်ရမည်ဟု ထင်ပါသည်။

     ဒါပေမဲ့ မှန်ရာကိုပြောရလျှင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) လူမျိုးများမှာ နိုင်ငံတော်မှ ထိုသို့ သဘောထားသည်ကို မခံကြရပါ။ ၂၀၀၃ ခုနှစ်အထိ ကျနော်သိရသလောက် သူတို့တတွေမှာ တယောက်မှာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ( နိုင် / အနီရောင် ) များ မရှိကြပါ။ အသက် ၆၀ ကျော် အငြိမ်းစား ကျောင်းအုပ်ဆရာကြီးများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ( ယာယီ/ အဖြူရောင် ) များသာ ထုတ်ပေးထားပါသည်။ အမေရိကန် ပြည်ထောင်စုတွင် တနှစ် တရားဝင် နေထိုင်ပြီးလျှင် ရသည့် ( Green Card: Permanet Resident ) အဆင့်နီးပါး ရှိပါလိမ့်မည်။ ဒါပေမဲ့ Green Card ထက် အဆင့်နိမ့်ပုံမှာ အရာထမ်းအဆင့် ဘင်္ဂလီလူမျိုး ဝန်ထမ်းများပင် ထို အဖြူရောင်ကတ်ဖြင့် ( ဝန်ကြီးဌာန တာဝန်ဖြင့် ) ရန်ကုန်မြို့သို့ ခရီးသွားခွင့် မရှိပါ။ ဘင်္ဂါလီလူငယ် ကျား/မ တွေ အိမ်ထောင်ပြုချိန်တန်လာလျှင်လည်း နစက တပ်ဖွဲ့များထံတွင် လက်ထပ်ခွင့်တင်ကြ ရပါသည်။ ထိုသို့ တင်ရပြီ ဆိုကတည်းက လာဘ်ပေးလာဘ်ယူကိစ္စ စတင်ပါတော့သည်။ နောက်ဆုံးတော့ ဤဘင်္ဂါလီ လူမျိုးတွေက ငွေလမ်းခင်းပြီး အကုန်လုပ်သွားကြတာသာ ဖြစ်ပါသည်။ ဘင်္ဂါလီ ခရိုနီတွေက ရန်ကုန်သွားချင်လျှင် ထိုစဉ်က ဒေသအာဏာပိုင် ဟုဆိုသော စစ်တိုင်းမှူးအမိန့်ဖြင့် "ရန်ကုန်မှာသွားရောက်ကုသမှ အသက်ချမ်းသာရာရမည့် ရောဂါ" တွေ ဖြစ်ကြကာ ရန်ကုန်သို့ ဥဒဟို သွားနေကြတာသာ ဖြစ်ပါသည်။ ယခု ရခိုင်- ဘင်္ဂါလီ ကိစ္စပေါ်ပေါက်လာသောအခါ သူတို့က နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံကြရပုံ ( မှန်သည်ပင် )၊ လွတ်လပ်စွာ ခရီးသွားလာခွင့် မရကြပုံ ( မှန်သည်ပင် )၊ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့် မရှိကြပုံ ( မှန်သည်ပင် ) တို့ကို တင်ပြ၊ တိုင်ကြားကြပါသည်။ ခွင့်ပြုချက် မကျသေးဘဲ ခိုးရာလိုက်ပြေးခဲ့လျှင် ဒေသန္တရအမိန့် မနာခံမှုဖြင့် သတို့သား, ထောင်ကျပါသည်။ သတို့သမီး ထောင်ကျ မကျတော့ မသိပါ။ ( ကျနော်က ခပ်ဆိုးဆိုး ဖြစ်၍ ထောင်ကျဖူးရာ ထိုသို့ ထောင်ကျလာသော သတို့သားတွေကို ကိုယ်တိုင်တွေ့ဖူးပါသည်။ သူတို့ လိမ်ပြောလျှင်တော့ မသိပါ။ ထို မိန်မခိုးမှုအတွက် ထောင်ဒါဏ်မှာ ၅ နှစ် ဟုသိရပါသည်။ အဲဒါ သတ္တဝါတို့အပေါ် မေတ္တာတရား ကြီးမားကြသည် ဆိုသော မြန်မာပြည်မှာဖြစ်နေတာ ဖြစ်ပါသည်။ ) ကျနော့် အနေ ဖြင့် ကိုယ့်နိုင်ငံ ကို အပုပ်ချနေခြင်း မဟုတ်ဘဲ အဲသည်လို ပုပ်သိုးဆွေးမြေ့နေသော လူ့ပါတ်ဝန်းကျင်မျိုး၊ လူအချင်းချင်း ဆက်ဆံရေး မျိုးကို ကိုယ့် နိုင်ငံထဲမှာ မမြင်မကြားလို၍ အမြန်ဆုံး အပြောင်းအလဲ လုပ်နိုင်ကြစေရန် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းပြီး ပြောနေရတာ ဖြစ်ပါသည်။ ကိုယ် မပြောလည်း ကင်တာနား တို့ အဲဒါတွေ တကမ္ဘာလုံး ကြားအောင် ပြောနေကြသည်ပဲ။

     လူမျိုးတမျိုးကို နှိမ်ချင်လျှင်လည်း ပညာရှိနည်းသုံးပြီး နှိမ်တာက လူကြားကောင်းပါသည်။ ဥပမာ၊ ကျနော် အမေရိကန် ပြည်ထောင်စု မှာ တရားဝင် ( ၄ ) နှစ် နေထိုင်ပြီး ဖြစ်၍ လာမည့်နှစ်တွင် နိုင်ငံသား ( citizenship ) လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ ကျနော့်မှာ Green Card ( Permanent Resident Card ) ရှိသော်လည်း ယင်း ကတ်ဖြင့် မဲပေးခွင့်မရှိပါ။ ထို့ကြောင့် မဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့် ဆိုသည် မှာ နိုင်ငံသားများသာလျှင် ရနိုင်သော မဟာအခွင့်အရေးကြီး ဖြစ်ပါသည်။ ယခုတော့ ကျနော်တို့နိုင်ငံမှာ တရားဝင်နိုင်ငံသား ( citizen ) မဟုတ်သေးသူ ဘင်္ဂါလီလူမျိုးကြံ့ဖွတ်ပါတီကိုယ်စားလှယ်များက အရွေးခံကြပြီး၊ တရားဝင်နိုင်ငံသားမဟုတ်သူတို့က တပွဲထိုးမဲပေးကာ လွှတ်တော်မှာ အမတ် ဖြစ်နေကြပါသည်။ ဘင်္ဂါလီတွေကို တကယ်နှိမ်လိုသည် ဖြစ်လျှင်၊ လွှတ်တော်သို့ မရောက်စေလိုလျှင် အမေရိက နမူနာကို သုံးနိုင်ကြပေသည်။ ကျနော်က သွယ်ဝိုက်၊ ဝေ့ဝိုက်ပြီး ပြောရတာ ပျင်းလှသဖြင့် တည့်တည့်ပဲ ပြောလိုက်ပါသည်။ ဒါကိုပဲ အလွယ်ယုံလိုက်ကျင့် ရနေကြသော ကျနော်တို့ ညီအကို မြန်မာနိုင်ငံသားတွေကလည်း ကြံ့ဖွတ်ပါတီ လက်ရှိလုပ်သွားပုံကိုတော့ သိပ် မမြင်ကြပဲ သမိုင်းထဲက ဝန်ကြီးချုပ်ဦးနု တခါတုန်းက ကုလားမဲရချင်လို့ အဲလိုလုပ်ဖူးသတဲ့ဟုသာ မှန်းဆ အပြစ်တင်နေကြလေသည်။

     ဘင်္ဂါလီလူမျိုးများမှာ မြန်မာမူဆလင်တွေနှင့်မတူဘဲ ဤနိုင်ငံမှာ နေပြီး၊ ဤနိုင်ငံနှင့် တသားတည်း သိပ်မဖြစ်သော၊  နိုင်ငံခြားသား ဇာတိစိတ် ( alien-mind )မျိုး တော့ အနည်းငယ် ရှိပုံရပါသည်။ သမိုင်းကြောင်းကို အနည်းငယ် လှန်ရလျှင် ၁၉၄၂ ဒုတိယကမ္ဘာစစ် အတွင်း အင်္ဂလိပ်အစိုးရ အိန္ဒိယသို့ ဆုတ်ခွာသွားစဉ် ( ဂျပန် တပ်မတော်နှင့် BIA တပ်တို့လည်း ရခိုင်ပြည်နယ်သို့ မရောက်သေးစဉ် ) မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်များတွင် မူဆလင်ဦးရေ ၅ ထောင်ကျော် သတ်ဖြတ်ခံရသလို ဘူးသီးတောင်၊ မောင်တော မြို့နယ်ဖက်ခြမ်းတွင် ဘင်္ဂါလီတို့က ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးဦးရေ ၂ သောင်းကျော်ကို သတ်ဖြတ်ခဲ့ကြပါသည်။ အဓိကရုဏ်း ဖြန်ဖြေပေးရန် ရောက်ရှိလာသည့် ဒုတိယတိုင်းမင်းကြီး ဦးဦးကျော်ခိုင် ( U Oo Kyaw Khaing ) နှင့် ရဲဘော်သုံးကျိတ်ဝင် BIA ဗိုလ်ရန်အောင်တပ်မှ စစ်ဗိုလ် ၂-၃ ဦးလည်း သတ်ဖြတ် ခံခဲ့ကြပါသည်။ ကျနော့်အဖိုးက တုတ်၊ ဓါး၊ လှံချွန်များကိုင်ဆောင် ထားသော   သူတို့တပ်ကို ဘုန်းတော် ကြီးများက ထုံးဖြူများဖြင့် နဖူးတွင်တလုံး၊ တင်ပါး ( သို့ ) ရင်ဘတ်တွင်နှစ်လုံး တုတ်ပြီး၊ ဓါးပြီး ( ဝ ) သုံးလုံးအစီအရင်တွေ လုပ်ပေးပြီး ဘင်္ဂါလီတွေနှင့် လိုက်တမ်း၊ ပြေးတမ်း စစ်တိုက်ခဲ့ရဖူးသည်ကို တခါတရံ ပြန်ပြောင်းပြောပြတတ်ပါသည်။ သို့သော် တဖက်မှ အင်အားများသဖြင့် ရွာများ မီးရှို့ခံရကာ နောက်ဆုံးတွင် ရခိုင်ပြည်နယ် အနောက်ခြမ်း ( ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ် ) မှ ရခိုင်လူမျိုးများသည် ကျောက်တော်၊ မြောက်ဦး ( မြို့ဟောင်း ) မြို့နယ်များဖက်သို့ ထွက်ပြေးကြရသည်။ ထိုစဉ် မိုင် ၂၀ လောက်ရှိသော တောင်တန်းကို ခြေကျင်လျှောက်၍ ဖြတ်ကြရင်း ကျနော့် ( အဖေဖက်က ) အဖွား ကွယ်လွန်ခဲ့ပါသည်။ သေချာသည်မှာ ဘင်္ဂါလီတွေသည် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ ဂျပန်နှုင့်အတူ ဝင်လာစဉ် ၁၉၄၂ ခုနှစ်လောက်ကပင် ဘူးသီးတောင်၊ မောင်တောဒေသဖက်မှာ လူများစု ( majority ) ဖြစ်နေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ကျနော်က အခုမှ အထိတ်တလန့် ထအော်နေကြသူများကို ကြည့်ပြီး “ကျနော်တို့ ( အခုမှ ) ဘာများကော တတ်နိုင်ကြပါ ဦးတော့နည်း” ဟုသာ ပြောချင်နေပါတော့သည်။

     ထိုဘင်္ဂါလီတို့သည်“ဂျီဟာဒ်” ( Jihad ) လုပ်ခြင်းကို ယုံကြည်သော “မူဂျာဟစ် ပါတီ” ( Mujahid Party ) ကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီး ၁၉၄၇ တွင် ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ရခိုင် ပြည်နယ် အနောက်ဖက်ခြမ်းကို မူဆလင် ကိုယ်ပိုင်ပြည်နယ် ထူထောင်ရန် တောင်းဆိုခဲ့ကြသည်။ မူဂျာဟစ်ပါတီ တည် ထောင်ပြီးနောက် ၁၉၅၀ ကျော်တွင်မှ “ရိုဟင်ဂျာ” ( Rohingya ) ဟူသော အသုံးအနှုန်းကို စတင်သုံးစွဲကြတာ တွေ့ရသည်ဟု သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ဆိုပါသည်။ ထိုသို့ ဤနိုင်ငံမှာနေပြီး ဤနိုင်ငံနှင့် သိပ် သဟဇာတမဖြစ်ဘဲ အမျိုးမျိုး ကြံစည်နေကြသောကြောင့် မြန်မာအစိုးရ အဆက်ဆက်က နိုင်ငံခြားသားဇာတိစိတ် မပျောက်သေးသော ရွှေ့ပြောင်းဝင်ရောက် လာကြများ ( alien-minded migrants ) ဟု သဘောထားခဲ့ဟန်လည်း တူပါသည်။ ဝန်ကြီးချုပ် ဦးနုကတော့ သူတို့ကို တနည်းနည်း အသိအမှတ် ပြုလိုခဲ့ဟန် ရှိပါသည်။ ဦးနုလုပ်ချင်သည့် အစီအစဉ် ကို ကျနော် ဂဂနန မသိပါ။ သို့ရာတွင် သူများတကာတွေက သူ မဲရလို၍ဟု စွပ်စွဲပြစ်တင်ကြသည့် အတိုင်း ကျနော်ကတော့ မထင်ပါ။ ထိုစဉ်က တပြည်လုံးနီးပါး ယခု ကချင်ဒေသမှာကဲ့သို့ စစ်မက် ဖြစ်ပွားနေ ခဲ့ရာ သူ ဝန်ကြီးချုပ်တဦး အနေဖြင့် တချို့စစ်မျက်နှာတွေကို minority right လို၊ citizenship လိုအခွင့်အရေးမျိုး အနည်းငယ်ပေး၍ ( တိုင်းပြည်ပြသနာကို စစ်ရေး နည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့်အဖြေရှာခဲ့ခြင်း ) လည်းဖြစ်နိုင်သည်ဟု ထင်ပါသည်။ အခုပြည်မက ( ကိုမြအေး တို့လို၊ မဂိုလမ်းမှာနေသူတွေလို ) မူဆလင်တွေမှာ နိုင်ငံသားများပင် မဟုတ်ပါလော။ ဘူးသီးတောင်၊ မောင်တောနယ်က ဘင်္ဂါလီ ( ရိုဟင်ဂျာ ) များသည်လည်း ထို မဂိုလမ်းက ကုလားများကဲ့သို့ပင် ဗြိတိသျှကိုလိုနီ စနစ်နှင့်အတူ မြန်မာပြည်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်ပါသည်။ သို့ဖြစ်လျှင် သူတို့က ဘာကြောင့် နိုင်ငံသား အဆင့်အတန်း မရထိုက်ပါသနည်း။ ကျနော်က အဲသည်လိုပေးလိုက်လျှင် ရခိုင်ပြည် အနောက်စွန်းက ရခိုင်လူမျိုးများအတွက် ပိုလုံခြုံမှု ရှိသည်ဟု ယုံကြည်သဖြင့် သည်စကား ကို ပြောနေခြင်း ဖြစ်ပါသည်။ ကျနော့်သဘောမှာ အနာရောဂါများကို မွေးမထားအပ်ပေ။ ပြည်ညှစ် တန်တာညှစ်၊ ခွဲစိတ်တန်တာ ခွဲစိတ်သင့်လေသည်။ အသေအချာ စဉ်းစားကြည့်ကြပါလေကုန်။

     ယခု “သူတို့ဘာကြောင့် သည်မျှလောက် “Rohingya” ဖြစ်ချင်ကြသနည်း” ဆိုသည်ကို ကျနော် ထင်တာ ပြောပါမည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ( Bangladeshi ) များမှာ “အမျိုးအနွယ်” ( ethnicity  ) အားဖြင့် Bengali များဖြစ်ကြ၍ “နိုင်ငံသား” ( citizen ) “ဟုတ်သည်/ မဟုတ်သည်” ကို “ဤနိုင်ငံအတွင်း မွေးဖွားခဲ့သည်/မမွေးဖွားခဲ့” ဆိုတာနှင့် မတိုင်းတာဘဲ မည်သည့် “အမျိုးအနွယ်” ( ethnicity ) ဖြစ်သည် ဆိုတာနှင့်သာ တိုင်းတာလေ့ ရှိသော မြန်မာနိုင်ငံ၏ “Concept of citizenship” ကို ကြောက်သဖြင့် သူတို့ “ရိုဟင်ဂျာ” ဖြစ်ချင်နေကြတာဟု ထင်ပါသည်။ တကယ်တော့ “နိုင်ငံသား” ကို မွေးဖွားရာ “နိုင်ငံ” နှင့် တိုင်းတာရမည်ဖြစ်ပြီး၊  “တိုင်းရင်းသား” ကိုမှ “လူမျိုး” နှင့် တိုင်းတာရမည် ဖြစ်ပါသည်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ထို Concept ပျောက်နေပါသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ethnicity Rakhine ပင် ဖြစ်နေစေကာမူ citizen ဖြစ်နိုင်သကဲ့သို့ပင် ethnicity Bengali ပင်ဖြစ်နေစေကာမူ  မြန်မာပြည်ထဲမှာမွေးဖွားခဲ့ပါက citizen ဖြစ်ခွင့်ရှိမည် ဆိုလျှင် သူတို့ “Rohingya” ပါဟု အကြောက်အကန် ငြင်းနေကြလိမ့်မည် မထင်ပါ။ အခုတော့ ငါတို့သည် Bengali တွေမဟုတ်၊  Bengal ဒေသမှ လာခဲ့ကြတာမဟုတ်၊ Arabian တွေသာဖြစ်သည်ဟု သင်္ဘောတစီး ပျက်ဖူးတာကို ရမယ်ရှာပြီး လုပ်ဇာတ်ခင်းရလေတော့သည်။ လူပြိန်းတွေး တွေးမိတာကို ပြောရလျှင် Arabia-origin ဖြစ်ပါက အီရန်၊ အီရတ်၊ ဆော်ဒီလူမျိုးတွေလို အသားဖြူဖြူ၊ ထောင်ထောင် မောင်း မောင်း ဖြစ်သင့် ပါသည်။ အာရပ်ယဉ်ကျေးမှု၊ အာရပ်ဘာသာစကားတွေ အတူပါလာသင့်၊ ကြွင်းကျန်နေသင့်ပါသည်။ ထို့ကြောင့် ကျနော်ကတော့ Bengli ဟူသော စကားလုံးနှင့်မပတ်သက်ချင်လို့၊ ထိုစကားလုံးကို ရှောင် ချင်လို့ “Rohingya” ကို လူမျိုးနာမည် လုပ်လာကြတာဟု ထင်ပါသည်။

 ၃။   ပတ်သက်သူများ အားလုံးသို့ အကြံပြုခြင်း ( Suggestion to All Concerning Parties )

( က )     ဘင်္ဂါလီ ( ရိုဟင်ဂျာ ) လူမျိုးများ / မူဆလင်ကမ္ဘာ

     ရခိုင်ပြည်နယ်တွင် ဗြိတိသျှအစိုးရက ကောက်ယူခဲ့သော သန်းခေါင်စာရင်း တရားဝင် စာရင်းများ အရ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ ခန့် ( ၁၈၉၁ ) လောက်က မူဆလင်လူဦးရေ ၅ သောင်း ကျော်ခန့် သာရှိခဲ့ရာမှ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့် ( ၁၉၁၁ ) တွင် မူဆလင်လူဦးရေ ၁ သိန်း ၇ သောင်း ခန့်ထိ တိုးပွားလာခဲ့ပြီး၊ နှစ်ပေါင်း ၁၀၀ အကြာ ယခုအချိန်တွင် မူဆလင် ( ဘင်္ဂါလီ ) လူဦးရေ   ၈ သိန်းမှ ၁သန်းခန့်အထိ တဒေသထဲမှာထူထပ်စွာ တိုးပွားလာခဲ့ပါသည်။ ထို့ကြောင့်သာ ရခိုင်ပြည်နယ်သား တွေကရော၊ ရခိုင် မဟုတ်သည့် အခြားမြန်မာနိုင်ငံသားတွေကရော၊ မြန်မာအစိုးရ ကရော “အမျိုးသား လုံခြုံရေးအမြင်” ( view of national security ) မှ စိုးရိမ်နေကြခြင်း ဖြစ်ပါသည်။ ဤခံစားချက်မျိုးမှာ Racism, discrimination တို့ အတော်နည်းပါးသော အမေရိကန် ပြည်ထောင်စု၊ အာရီဇိုးနားပြည်နယ်သား၊ တက္ကဆက်ပြည်နယ်သားများနှင့် အခြားအမေရိကန်များမှာပင် ရှိကြပါ သည်။

     ဒေသခံတို့၏ ဤစိတ်ခံစားမှု ( psychology ) ကို မမှန်သတင်းတွေ ကမ္ဘာကို “ရည်ရွယ်ချက်ရှိရှိ” ဖြန့်ချီနေကြသည့် ဘင်္ဂါလီ lobby ခေါင်းဆောင်များ နားလည်သင့်ပါသည်။ ကျနော် ဘူးသီးတောင် နယ်သားတဦး အနေနှင့် မြန်မာပြည်၊ ရခိုင်ပြည်နယ်ဇာတိ ဘင်္ဂါလီတွေကို သံယောဇဉ်ရှိ၍ ပြောပါမည်။ ခင်ဗျားတို့လုပ်နေကြသည့် မြန်မာနိုင်ငံကို ugly image ရစေလိုသော ရည်ရွယ်ချက်မကောင်းပါ။ မလှပပါ။ အောင်မြင်လိမ့်မည်မဟုတ်ပါ။ ခင်ဗျားတို့ တထစ်လျှော့ပြီး ( တိုင်းရင်းသားဖြစ်ရေးကို လျှော့ချပြီး ) “နိုင်ငံသားဖြစ်ရေး” ( citizensh ) ကိုသာ တောင်းဆိုသင့်သည်ဟု ထင်ပါသည်။

     “တိုင်းရင်းသား” ( indigenous people )  ဆိုသည်မှာ မိုးပေါ်ကကျလာ သည်ဟု ထင်ရလောက် အောင်ပင် ဤနေရာကို ဘယ်ကနေဘယ်လို ရောက်လာမှန်းကိုမသိသော လူမျိုးစုဝင်တွေအတွက်သာ ဖြစ်ပါသည်။ migrants ( ဥပမာ၊ အမေရိကန်၊ စင်္ကာပူရိယန် တွေလို ) တွေအတွက် မဟုတ်ပါ။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေက BC 3000 ကျော်လောက်ကပင် ရောက်နေကြသည် ဟု အဆိုရှိသော ( ပါးစပ်ရာဇဝင် ဖြစ်နိုင်စေကာမူ ) ဘယ်ကရောက်လာကြမှန်း အစရှာမရနိုင် လောက်အောင်ပင် နှစ်ပရိစ္ဆေဒ ကြာညောင်းနေပြီဖြစ်သည့် ပင်မမူလဒေသခံတိုင်းရင်းသားများ ဖြစ်ကြ ပါသည်။ ( ကျနော် ၁၈၂၃ ခုနှစ်ကို မေ့ထားလျှက် common sense နှင့် ပြောနေတာ ဖြစ်ပါသည်။)

     ရခိုင်ပြည်နယ်နေ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) များအနေဖြင့် ထိုတိုင်းရင်းသား ရခိုင်လူမျိုးကိုတုပြီး “တိုင်းရင်းသား” အဆင့်အတန်း တောင်းနေလျှင်၊ ကိုယ့်နိုင်ငံကို ကမ္ဘာ့အလယ်မှာ မဟုတ်မတရား နာမည်ဖျက်နေလျှင် ဤပြဿနာ ပြီးဆုံးနိုင်မည် မဟုတ်ပါ။ မိမိတို့၏ ( ဆွေမျိုး အရင်းခေါက်ခေါက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လက်မခံသော ) နိုင်ငံမဲ့အခြေအနေကြောင့် သာလျှင် နိုင်ငံတော်သို့ အနည်းဆုံး permanent resident status ၊ ဖြစ်နိုင်လျှင် citizenship စဉ်းစားပေးပါရန် သာယာ ချေငံစွာ တင်ပြသင့်သည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) အရေးနှင့်ပတ်သက်၍ “နှစ်ဖက်စလုံးမှလက်ခံနိုင်ဖွယ်ရှိသည်၊ လက်ခံကြဖို့ကောင်းသည်၊ ငြိမ်းချမ်း သော အဖြေရှာမှုဖြစ်သည်” ဟု ကျနော်ယုံကြည်သောအဆိုတခုကို မနေနိုင်လွန်း၍ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဝင်တွေက မနှစ်မြို့ကြမည်ကိုသိလျှက်နှင့် ဝင်ပြောနေခြင်း ဖြစ်ပါသည်။ ဤသဘောထား သည် “ရခိုင်လူမျိုး” တို့၏ သဘောထား မဟုတ်ပါ။ ကျနော် လူမျိုးတမျိုး၊ ဘာသာတခုကို ကိုယ်စား မပြုပါ။ ကျနော် မိမိကိုယ်မိမိသာ ကိုယ်စားပြုပါသည်။ နှစ်ဖက်စလုံးက စဉ်းစားကြည့်ကြဖို့ ကျနော် အော်ခြင်းဖြစ်ပါသည်။

( ခ )     ရခိုင်အမျိုးသားများ / အခြားမြန်မာ နိုင်ငံသားများ

( ဂ )     မြန်မာနိုင်ငံတော်အစိုးရ / ပြည်ထောင်စု လွှတ်တောာ်

( မှတ်ချက်။ ။ အထက်ပါ အပိုဒ် ( ခ )၊ ( ဂ ) တို့ကို အပိုင်း ( ၄ ) တွင် ထည့်သွင်းရေးသားလျှက် ဤဆောင်းပါးကို အဆုံးသတ် ပါမည်။ ဤနောက်ဆုံးအပိုင်းတွင် အမေရိကန် ပြည်ထောင်စုအတွင်း တရားမဝင်နေထိုင်သူ ၁၂ သန်းခန့်အကြောင်း ရေးထားသည့် Time Magazine, June 25, 2012 မှ "We are Americans just not legally" - cover story ကို ထည့်ပြောပါမည်။ )  

ALP ကို နယ်ခြားစောင့်တပ်ဖွဲ့ကာ အင်အားထပ်တိုးစေချင်ဟု ဦးအောင်မင်းပြော

by Yangon Press International on Monday, August 6, 2012 at 11:37pm · သြဂုတ် ၇၊ ၂၀၁၂၊ YPI

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP Arakan Liberation Party) ကိုနယ်ခြားစောင့်တပ်ဖွဲ့ကာ ယခုလက်ရှိအင်အားထက် အဆ ၂၀ ၀န်းကျင်တိုးစေချင်သည်ဟု ပြည်ထေင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ၎င်းတို့ပါတီနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောခဲ့သည်ဟု ၎င်းက ပြောသည်။

'' ၀န်ကြီးကတော့ ဖွဲ့စေချင်တယ်ပြောတယ်။ ဒါပေမယ့် (ALP) ရဲ့အင်အားကနည်းနေတော့ ထပ်တိုး စေချင်တယ်လို့လည်း ပြောတယ်" ဟု ဦးမျိုးကျော်ကဆို သည်။

ရခိုင်လွတ်မြောက်ရေးပါတီ(ALP) သည်လက်ရှိတွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလျက်ရှိပြီး ၎င်းပါတီတွင်အင်အား (၂၀၀) ခန့်သာရှိသဖြင့် ပြည်ထောင်စုဝန်ကြီးကအင်အား (၄၀၀၀) ခန့်ရှိရန် လိုအပ်သည်ဟု ပြောခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ''ပါတီဘက်ကလုပ်နိုင်မယ် ဆိုရင်ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးကို အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ စောင့်ရှောက်နိုင်လိမ့်မယ်။ ဒါပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့ရင် ဖွဲ့စည်းပုံအရ စစ်တပ်လက်အောက်ကို ရောက်မှာဆိုတော့ ပါတီသဘောထား ဘယ်လိုရှိမလဲမသိဘူး'' ဟုပြောသည်။

ထိုသို့ပြုလုပ်နိုင်ပါက ALP အနေဖြင့်တရားဝင် အမျိုးသားရေးလုပ်နိုင်မည့် အနေအထားသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းပါတီ၏တာဝန်သည်လည်း အရေးပါလာမည်ဖြစ်ကြောင်း ဦးဖေသန်းက ဆိုသည်။

၎င်းက '' ဆက်ဆံရေးရုံးဖွင့်ထားရုံလုပ်လို့ရတဲ့ ငြိမ်းချမ်းရေးထက် ဒီလိုတာဝန်ယူရတာ ပိုကောင်းမယ်ထင်တယ်။ ပြီးတော့ အရင်က ကိုယ့်ကျိုးရှာပြီး လာဘ်စားခဲ့သူတွေကြောင့် နိုင်ငံခြားသားတွေ ရခိုင်ပြည်နယ်ထဲခိုးဝင်လာတဲ့ ရန်ကိုလည်း ALP အနေနဲ့ကာကွယ်နိုင်မယ်'' လို့ဆက်ပြောကြားသည်။

ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ် အနောက်ပိုင်း မောင်တောမြို့နှင့် စစ်တွေမြို့များတွင် ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်လူမျိုးများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်  ထိစပ်နေသည့် မောင်တောမြို့တွင် ဘင်္ဂါလီလူမျိုး အများစုနေထိုင်ကြပြီး ၎င်းတို့အနက် အများစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၄၊ ၅ခုအတွင်း လူဦးရေထူထပ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ခိုးဝင်လာခြင်းဖြစ်သည်ဟု မြန်မာ အစိုးရက ယူဆထားသည်။ ယင်းအခြေအနေကြောင့် ALP အဖွဲ့အား ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းစေလိုခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်သူများက ကောက်ချက်ချကြသည်။

ALP / ALA Arakan Liberation Army ကို ၁၉၇၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာ-အိန္ဒိယနယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်တို့တွင် အခြေစိုက်ပြီး လက်နက်ကိုင် အင်အား ၂၀၀ ၀န်းကျင်ရှိသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလကုန်ပိုင်းက မြန်မာနိုင်ငံအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ ဖိတ်ခေါ်ချက်အရ ALP ခေါင်းဆောင်များ စစ်တွေမြို့သို့ လာရောက်ဆွေးနွေးခဲ့ကြရာ ALP ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ရခိုင်လူမျိုး သိန်းနှင့်ချီကြိုဆိုခဲ့ကြသည်။ လက်ရှိ ဒုတိယဥက္ကဋ္ဌမှာ ခိုင်စိုးနိုင်အောင်ဖြစ်၍ အတွင်းရေးမှူး (၂)မှာ ခိုင်သုခဖြစ်သည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ရာ  လက်နက်ကိုင် အဖွဲ့အတော်များများနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ကချင်လွတ်လပ်ရေး အဖွဲ့နှင့် ၁၇ နှစ်ကြာ အပစ်ရပ်ခဲ့ပြီး ၂၀၁၁ ဇွန်လတွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ရာမှာ ယခုချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။       ။

ALP ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် (ဓါတ်ပုံ-ဒီဗွီဘီ)

ကျောက်တော်တွင် နေအိမ် ၅၀၀ ခန့် ကျေးရွာတစ်ရွာ ထပ်မံ မီးရှို့ခံရ

The Voice Weekly

17 minutes ago
ရန်ကုန်၊ သြဂုတ် ၇

ဒေသအခြေ အနေ တည်ငြိမ် အေးချမ်းနေပြီဟု အစိုးက တရားဝင် သတင်း ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ကျောက် တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ (ယ နေ့) တွင် နေအိမ် ၅၀၀ခန့်ရှိသော အင်ဘာရီကျေးရွှာ ထပ်မံ မီးရှို့ခံရကြောင်း အဆိုပါမြို့နယ်ရှိ ရခိုင် တိုင်းရင်းသားများ တိုး တက်ရေး ပါတီမှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဦးစံသိန်းက ပြောကြားသည်။

အဆိုပါ မီးရှို့ခံရသော ကျေးရွှာတွင် ဘင်္ဂါလီလူမျိုးများ အများစုနေထိုင်ကြပြီး ရခိုင်တိုင်းရင်းသားများက မီးရှို့ဖျက်စီးခဲ့ ခြင်းဖြစ်ကြောင်း၊ သြဂုတ်လ ၄ ရက်နေ့၊ ၅ ရက်နေ့ နှင့် ၆ရက်နေ့များက ရခိုင်တိုင်းရင်းသားများနေထိုင်သော ကျေးရွှာ များကို ဘင်္ဂါလီလူမျိုးများက ၀င်ရောက် မီးရှို့ ဖျက်ဆီးမှု နှင့် ကျောက်တော မြို့ပေါ်ရှိ ရွှေပြည်သစ် အဝေးပြေး ကားဂိတ် ကို ၀င်ရောက် ဖျက်ဆီးမှုများ ဖြစ်ပွားရာမှ အဆိုပါမြို့နယ် အတွင်း လူမျိုးစုနှစ်စု အပြန် အလှန် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ကြောင်း ယင်း၏အကျိုးဆက်အဖြစ် ယနေ့တွင် ထပ်မံ မီးရှို့ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရသိရှိရသည်။

ယင်းကဲ့သို့ မီးရှို့မှုကြောင့် နေအိမ် ၄၀၀ခန့် ပျက်စီးခဲ့ရကြောင်း ဒေသခံများက ခန့်မှန်းပြောကြားသည်။ အဆိုပါ ဆူပူအကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း အဆိုပါမြို့နယ်တွင် လုံခြုံရေးအင်အား အလွန်နည်းပါး သဖြင့် အချိန်မီဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံများနှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ထံ ဆက်သွယ် မေးမြန်းချက် အရသိရှိရ သည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကို The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့ မီးရှို့မှုများ ထပ်မံဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း အပျက်အစီးများနှင့် လူသေဆုံးမှု စာရင်းများကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ ကျောက်တော်မြို့တွင် ဖြစ်ပွား သော အခြေအနေများကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့ က အကြီးတန်း အရာရှိများသည် ယင်းမြို့နယ်သို့ သွားရောက်ကာ ဖြေရှင်းပေးနေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ထိုင်ခုံ အမှတ် A.35 ရှေ့ဆုံးအတန်းသို့ရောက်ရှိ

Popular Myanmar News Journal

လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများ၏ လုံခြုံရေး အတွက် လွှတ်တော် အ၀င်တွင်သာ မက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းတွင်ပါ မီဒီယာသမားများအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် များကိုပါ လုံခြုံရေး တိုးမြင့် စစ်ဆေးနေ ကြောင်းသိရသည်။ ယင်းကိစ္စအား မီဒီယာများ၏တွင် ရေးသားဖော်ပြကြသည့်သတင်းအချို့ကြောင့်ဖြစ်နိုင်ကြာင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တို့က ထင်ကြေးပေးကြသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ်ကို ယနေ့ သြဂုတ်လ ၆ ရက် နေ့လယ် ၁ နာရီ အချိန်တွင် စတင်ကျင်းပ နေပြီဖြစ်သည်။ အစည်းအဝေးလုံခြုံရေးစစ်ဆေးမှုတွင် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယင်း စစ်ဆေးရေး ၀င်ပေါက်မှ ၀င်ရောက် ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော် ဥက္ကဌ နားနေဆောင် မုဒ်ဦးဝင်ပေါက်မှ ၀င်ရောက်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူတို့ကခွင့်ပြုခဲ့ကြောင်း တွေ့ရသည်။

ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သော ကော်မတီ တရပ်ကို ဖွဲ့စည်းရန် အစီစဉ်ရှိကြောင်း သိရသည်။ ယင်းကော်မတီတွင် ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်မှ ဥက္ကဌ အဖြစ် တာဝန် ယူရမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

ယနေ့တိုးချဲဖွဲ့စည်းသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ နှင့် ပုသိမ်မဲ ဆန္ဒနယ်မှ ဦးဝင်း မြင့် (NLD)က အတွင်းရေးမှုး အဖြစ် ပြည်သူ့လွှတ်တော်မှ အတည်ပြုကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး တတ်ရောက်ချိန်မှ စ၍ ယနေ့ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၂၁ ရက်မြောက်နေ့အထိ ထိုင်ခုံအမှတ် G.22 တွင် အစည်းဝေးတတ်ရောက်ခဲ့ပြီး မနက်ဖြန် ၂၂ ရက်မြောက်နေ့မှ စတင်ကာ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်းရှိ ထိုင်ခုံ အမှတ် A.35 ရှေ့ဆုံးအတန်းသို့ရောက်ရှိမည်ဟုသိရသည်။

အင်ဒို လွှတ်တော်မှ ရိုဟင်ဂျာအရေး လေ့လာရေးအဖွဲ့ စေလွှတ်ရန်စီစဉ်

မဇ္ဈိမသတင်းဌာန

| အင်္ဂါနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၁၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်သူ့လွှတ်တော်
မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့အား မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး သွားရောက်လေ့လာရန် ရွေးချယ်စေ
လွှတ်မည်ဟု သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ မူဆလင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ သွားရောက်လေ့လာရန် အတွက် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Marzuki Alie က ဆိုသည်။

“ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်ဖို့ ကျနော်တို့ စဉ်းစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (နိုင်ငံခြားရေးရာ)
လွှတ်တော်ကော်မတီနဲ့ ကျနော် ဆွေးနွေးပါမယ်” ဟု အင်ဒိုနီးရှား လွှတ်တော်ဥက္ကဋ္ဌ Marzuki အား ကိုးကား၍ The Jakata Post သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

“မူဆလင် လူ့အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ဟာ သူတို့အတွက် တိုက်ပွဲဝင်ရပါ့မယ်။ ဒါမှသာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု Marzuki Alie က ဖြည့်စွက်ပြောကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့်ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်
လေ့လာသွားခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားပြီး ထိုလုပ်ငန်းအတွက် နေပြည်တော်ရှိ လွှတ်တော်အား တာဝန် ပေးအပ်သင့်ကြောင်း အကြံပြုသွားခဲ့သည်။

ထို့ပြင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC ခေါ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီးကလည်း အချက်အလက် စူးစမ်းရှာဖွေရေး မစ်ရှင်တခုအား မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားရာနေရာသို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

၎င်းတို့ စေလွှတ်မည့် အချက်အလက်ရှာဖွေရေး မစ်ရှင်အား လက်ခံခွင့်ပြုရန် မြန်မာအစိုးရအား နားချပြောဆို
မည်ဟုလည်း OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဆိုသည်။

ဇူလိုင်လအတွင်းက လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Ansar Burney Trust International မှ ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် Ansar Burney နှင့်အဖွဲ့အား မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်
ခံခဲ့ရဖူးသည်။ ထိုစဉ်က လန်ဒန်ရှိ မြန်သံရုံးက စာနယ်ဇင်းသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များကို ရခိုင်ပြည်နယ်
သို့ ၀င်ခွင့်မပေးဟု Ansar Burney အား အကြောင်းပြန်ကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မူဆလင်များအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ
အတွင်း နှစ်ဘက် သေဆုံးမှုစာရင်းကို အစိုးရက တရားဝင် ထုတ်ပြန်ရာတွင် စုစုပေါင်း ၈၀ ထက် မပိုသော်လည်း ၎င်းမှာ “အလွန်အကျွံ လျှော့တွက်ထားခြင်းမျှသာ” ဖြစ်သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး
စောင့်ကြည့်မှုအဖွဲ့ (HRW)က သတ်မှတ်သည်။

ပါကစ္စတန် ဆွန်နီ မူဆလင်ကောင်စီတခုဖြစ်သည့် (SIC)ကလည်း ကရာချီမြို့တွင် တနင်္လာနေ့က ဆန္ဒပြပွဲတခု
ပြုလုပ်၍ မြန်မာနိုင်ငံအတွင်း မူဆလင်များ သတ်ဖြတ်ခံနေရမှုကို ရှုံချပြီး ထိုသွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် OIC နှင့် မူဆလင်နိုင်ငံများအား ထိရောက်သောကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။

ထို့ပြင် ပါကစ္စတန်ရှိ Jamiat-e-Ulemah Pakistan ပါတီကလည်း မြန်မာပြည် ရိုဟင်ဂျာအရေး တနိုင်ငံလုံး ဆန္ဒပြပွဲ၊ ချီတက်ပွဲများကို သောကြာနေ့တွင် ဆင်နွှဲကြရန် ဆော်သြထားသည်။

ပြင်သစ် ဒု-နိုင်ငံခြားရေးဝန်ကြီး Vincent Floreani ကလည်း ရခိုင်ပြည်နယ်အတွင်း အခြေအနေနှင့်
ပတ်သက်၍ “လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေအပေါ်မှာ စိုးရိမ်ဖွယ်ရာ အကြမ်းဖက် အပြုအမူတွေနဲ့
ပတ်သက်တဲ့ အစီရင်ခံချက်တွေ ရှိနေပါတယ်။ နိုင်ငံသားအားလုံးအပေါ်မှာ ခွဲခြားဆက်ဆံမှုမပြုဘဲ အကာအကွယ်ပေးဖို့နဲ့ မတရားပြုကျင့်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအာဏာပိုင်များကို တောင်းဆိုလိုပါတယ်” ဟု တနင်္လာနေ့က ပြောဆိုလိုက်သည်။

ထိုသို့ ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းများနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တောင်းဆိုနေကြစဉ် အတွင်းမှာပင် ကျောက်တော်မြို့နယ်အတွင်း အကြမ်းဖက်မှုများ တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပွားလာကာ လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းတုံး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရအရာရှိအား ကိုးကား၍ AFP သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
mizzimaburmese.com 

မြန်မာအလုပ်သမတစ်ဦး အဓမ္မပြုကျင့်ခံရပြီး ၅ထပ်တိုက်ပေါ်က ပစ်ချခံရ


posted on
သြဂုတ် ၃
ဘန်ကောက်မြို့အနီး စမုတ်စာခွန်၊ မဟာချိုင် နယ်မြေ အုန်းနွဲ့ စိုင်းဟတ်၆ထပ်တိုက်တွင် နေထိုင် သည့်အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့ လည်ပိုင်းက ထိုင်းတစ်ဦးက အဓမ္မပြုကျင့်ပြီး ၅ ထပ်အမြင့်မှပစ်ချခံရသဖြင့် ဆေးရုံတွင် အရေးပေါ်တင်ထားရကြောင်းမျက်မြင်များပြောပြချက်အရ သိရှိရသည်။တိုက်နောက်ဖက် လဘက်ရည်ဆိုင်တွင် ထိုင်နေကြသည့် ကိုမင်းဇော် က သူတို့အနားသို့ ကျလာပုံ ကို ရှင်းပြသည်။ “မွန်းလွဲ၂နာရီကျော်ပြီး အပေါ်ထပ်အခန်းအမှတ် ၅/၁၅၃ က မစန်းစန်းဝင်း ကိုယ်လုံးတီးနဲ့ ထမိန်တစ်ကွင်းစလွယ်သိုင်းပြီး ပြုတ်ကျလာတယ်၊ အလှူခံ အလှူခံ လို့ ပြောပြီး သတိ ရတချက်မရတချက် ပဲ။ ဆေးရုံရောက်တော့လဲ ဘယ်သူလဲလို့ မေးတော့ အလှူခံ အလှူခံလို့ပြောတယ်။ ကျနော်လည်း အနားမှာ ရှိတဲ့ မမော်နဲ့ ထမီတစ်ကွင်းယူပြီးတော့ဝတ်ပေးကြတယ်။ ကျနော်အဲဒီ ၅ထပ်ကို ပြေးတက် လာတော့ အသက် ၂၀ အရွယ်လောက်ရှိတဲ့ ဆံပင်ရှည်ရှည် ပိန်ပိန် နဲ့  အရပ် ၅ ပေ လောက်ရှိတဲ့ထိုင်းလူငယ် တစ်ယောက် ပြေးဆင်းလာတာနဲ့ လှေကားမှာတွေ့ တယ်” ဟုပြောသည်။ဧရာဝတီတိုင်းရေကြည်မြို့နယ် နုံးကနိုင်ရွာ မှ အသက် ၃၇ နှစ်အရွယ် မစန်းစန်းဝင်း သည်အုန်းနွဲ့ စိုင်ဟတ် တွင်ရှိသော တွန်းစွန် ကြက်သားအလုပ်ရုံတွင် ညဆိုင် အလုပ်လုပ်ပြီး အခန်းတွင်တစ်ဦးတည်း အိပ်နေ စဉ် အသက်၂၀ ၀န်းကျင် ထိုင်း လူငယ်တစ်ဦးက အလှူခံရန် တံခါးကို အပြင်းအထန်ခေါက်သဖြင့် ဖွင့်ပေးခဲ့သည်ဟု ယူဆကြောင်း အခန်း တွင် ရှိသောစုဗူးကိုရိုက်ဖွင့်ပြီး ဂွမ်းကပ် စောင် နှင့် အမျိုးသမီး အတွင်း ခံဘော်လီတို့ ကစင်းကလျား တွေ့ရှိရသခြင်းနှင့် နောက်ဘက် မီးဖိုေ ချာင်တွင်အိုးခွက်ပန်းကန်များ ခြေရာလက်ရာမပျက် ရှိနေခြင်း တို့ ကြောင့်၎င်းမျက်နှာတို့တွင် အညိုအမည်း စွဲနေခြင်း တို့ ကြောင့် သူမမှာအဓမ္မပြုကျင့်ခံရပြီးနောက် အပြင်းအထန် ရိုက်နှက်ခံရ သဖြင့် မေ့မျောနေစဉ်ငါးထပ်တိုက်ခန်းမှ ပြစ်ချခံ ရခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ကိုအောင်ကပြောသည်။“ ကျနော်တို့ မှာ သားသမီးသုံးယောက်ရှိပါတယ်။ ကျနော့်မိန်းမ ကိုပြန်ပြီးတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူးလို့ ဆေးရုံကတာဝန်ကျဆရာဝန်ကပြောပါတယ်၊ ဆေးကုခ ဘတ်ငွေ ၁၄၀,၇၀၂ ဖြစ်နေပြီလို့ တစ်ဦးက ညနေကဖုန်းဆက်လာပါတယ်။ ဒီနေ့ မြန်မာသံရုံး ကိုယ်စားလှယ်နဲ့ အတူ ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြပါတယ်၊ဆေးရုံကိုလည်း သွားခဲ့ကြပါတယ်”ဟုပြောသည်။ထွက်ပြေးလွတ်မြောက်သွားသည့် ထိုင်းလူငယ်ထံမှ ကျကျန်နေခဲ့သည့်ထိုင်းအလှူခံစာရွက်အား တိုက်ပိုင်ရှင်က သိမ်းဆည်းထားသည်။ မစန်းစန်းဝင်းကိစ္စရပ်အတွက် လိုအပ်သည့် ကူညီမှုများအား မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူးမြန်မာသံမှူးကြီး ဦးနိုင်ထွန်း နှင့်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
hotnewsweekly.com 

ဝန်ကြီး၂ဦး၈လေးလုံးပွဲအတွက်အလှုငွေပေးအပ်

88 Generation Students
12 minutes ago

ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ
အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။ အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်