Thursday, August 9, 2012

ရိုဟင်ဂျာများအားအဖွဲ့၃ခုကထောက်ပံ့မှုဖြတ်တောက်

လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား




2012-08-09

ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲ ဖြစ်ပေမဲ့ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ဦးရေနည်းသွားအောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Patrick Ventrell က ပြောသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်မှာ အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တွေလည်း လိုက်ပါသွားခဲ့ပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားမဲ့ လူမျိုးတုံးသတ်ဖြတ် ကျူးလွန်နေတာကို နိုင်ငံတကာက ရပ်တန့်သွားအောင် အရေးယူ ဆောင်ရွက်ပေးတာ မရှိလို့ စိတ်ပျက်ရတဲ့အကြောင်း OIC အတွင်းရေးမှူးချုပ် Ihsanoglu က ပြောကြားပြီး နာရီပိုင်း အကြာမှာ အမေရိကန်ပြည်ထောင်စုက အဲဒီလို ပြောတာလည်း ဖြစ်ပါတယ်။

ဒီလို ရက်ရက်စက်စက် ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့နေရာကို အချက်အလက် ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ အစ္စလာမ်မစ်အဖွဲ့က လူ့အခွင့်အရေး ကောင်စီကို အရေးတကြီး မေတ္တာရပ်ခံသင့်တယ်လို့လည်း OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ်က အကြံပေးပါတယ်။

ဒါ့အပြင် ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အစ္စလာမ်မစ်စုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့လည်း သူကအဆိုပြုပြီး နောက်တကြိမ်ကျင်းပမယ့် ၀န်ကြီးအဆင့်ညီလာခံမှာ အစီရင်ခံစာတစ်စောင် တင်သွင်းသင့်တယ်လို့ ပြောပါတယ်။
http://www.rfa.org/burmese/news/us-denies-ethnic-cleansing-08092012205605.html

တရားရေး အရာရှိများ ကာကွယ်ပေးသည့် ဥပဒေ ရုပ်သိမ်းရန် အဆို ရှုံးနိမ့်

Thursday, 09 August 2012 07:52
Written by The Voice

နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် အဆို တင်သွင်းထားခဲ့သော တရားရေးအရာရှိများ ကို ကာကွယ်ပေးသည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ရသည်။

၁၈၅၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေမှာ နှစ်ပေါင်း ၁၆၀ ကျော် ကြာမြင့်ခဲ့သည့် အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ တန်းတူ အခွင့်အရေးထက် ကျော်လွန် အကာကွယ်ပေးထားကြောင်း၊ အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေသော တရားစီရင်ရေး လမ်းကြောင်းကို ထိန်းကျောင်းနိုင်ရန် အတွက် အဆိုပါ ဥပဒေကို ရုပ်သိမ်းရန် လိုအပ်လျက်ရှိပါကြောင်း ဦးသိန်းညွှန့်က ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် တရားရေး အရာရှိများအား ကာကွယ်ပေးသည့် ဥပဒေမှာ တရားသူကြီးများ၏ အဂတိ လိုက်စားမှုကို အကာအကွယ်ပေးထားခြင်း မရှိပါကြောင်း၊ တရားစီရင်ရေး တာဝန်ကို ဆောင်ရွက်ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်းများကို တရားမမှုဖြင့် စွဲဆိုခြင်းမှ ကင်းလွတ်စေရန် အကာအကွယ်ပေးထားခြင်းသာဖြစ်ပြီး အဂတိ လိုက်စားမှုနှင့် မတော် မတရားမှုများကို အရေးယူရန် ပိတ်ပင် ထားခြင်း မရှိပါကြောင်း အမရပူရမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဆွေးနွေး ခဲ့သည်။

သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်း ရှိမရှိ ဆိုသည်မှာ တရားရုံး၌ စစ်ဆေးခံရာ၌ ပေါ်ပေါက်သွားမည့် ကိစ္စရပ် ဖြစ်ကြောင်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော လူ့အခွင့်ရေး ကြေညာ စာတန်းပါ သတ်မှတ်ချက်များအရ တရားသူကြီးများကို နိုင်ငံသားများနှင့် တန်းတူ အခွင့်အရေးသာ ပေးရမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

ဦးသိန်းညွှန့်၏ အဆိုကို ပြည်သူ့လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၂၁ မဲ၊ ကန်ကွတ်မဲ ၂၂၄မဲ၊ ကြားနေမဲ ၃၇ မဲ ရရှိခဲ့သဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့ရသည်။

သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်မှာ တရားရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေအား ပြင်ဆင်/ရုပ်သိမ်းရေး အဆို၊ ၁၉၅၀ ပြည့် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ( ၅ ) ည အား ပြင်ဆင်ရေး အဆို၊ အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများအား မှတ်ပုံတင်ခွင့်ပြုရေး အဆိုတို့ကို တင်သွင်းခဲ့သူ ဖြစ်သည်။

တူရကီ နိင်ငံခြားရေး ၀န်ကြီး သြဂုတ်လ ၁၀ရက်နေ့ ရခိုင်ကို သွားမည်

Written by The Voice



Photo By http://www.armenianweekly.com

ရန်ကုန်၊ သြဂုတ် ၉



ဆူပူ အကြမ်းဖက်မှုကြောင့် လူပေါင်း ၈၀ ကျာ် သေဆုံးခဲ့သော ရခိုင်ပြည်နယ်သို့ တူရကီ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး Ahmet Davutoglu သည် သြဂုတ်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ် အခြေအနေများကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။

“ရခိုင် ဒုက္ခသည်တွေနဲ့ လည်း တွေ့မယ်။ အစ္စလာမ် ဘာသာဝင် တွေနဲ့လည်း တွေ့သွားမယ်လို့ သိရပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၀ရက်နေ့ (မနက်ဖြန်) ရောက်ရှိမည် ဖြစ်ကြောင်း၊ ယင်းနေ့တွင် ရခိုင်ပြည်နယ်သို့ နေ့ချင်းပြန် ခရီးအဖြစ် သွားရောက် လေ့လာမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုကြောင့် ဒုက္ခ ရောက်နေသူများကို ထောက်ပံ့ရန် ထောက်ပံ့ပစ္စည်းများ နေပြည်တော်သို့ ယနေ့ ရောက်ရှိနေ ပြီဖြစ်ကြောင်း ဦးဦးလှသိန်းက ဆိုသည်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီးသည် ရခိုင်ပြည်နယ်ရှိ ဖြစ်ပွားခဲ့သော အခြေအနေများ၊ အစ္စလာမ် ဘာသာဝင်များ၏ အရေး ကိစ္စများကို ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ ၄င်းသည် မြန်မာနိုင်ငံသို့ မလာခင် Organization of The Islamic Cooperation အဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးနှင့် လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ စာတစ်စောင် ပို့ထားကြောင်း တူရကီနိုင်ငံ သတင်း မီဒီယာတစ်ခုဖြစ်သော Journal of Turkish Weekly တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ကျောက်တော်မြို့၌ သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၇ ဦး သေဆုံးပြီး ဒုက္ခသည် ၃၅၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ပထမဆုံး အစည်းအဝေး

Eleven Media Group

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ပထမဆုံး အစည်းအဝေးကို ပြည်သူ့လွှတ်တော်ကော်မတီ ရေးရာဆောင် I-12 တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး တွင် ဒေါ်အောင်ဆန်းစုကြည် က ကော်မတီတွင် ပါဝင်သော အဖွဲ့ဝင်များထံမှ တရားဥပဒေစိုးမိုးရေးအပေါ် တစ်ဦးချင်းအမြင်များကို တောင်ခံခဲ့ကြောင်း သိရှိရပါသည်။

ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာတွင် မိးရှို့ဖျက်ဆီးခံခဲ့သော ဆန်စက်တစ်လုံး


ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာတွင် မိးရှို့ဖျက်ဆီးခံခဲ့သော ဆန်စက်တစ်လုံးကို သြဂုတ်လ ၉ ရက် နေ့လည်ပိုင်းက တွေရစဉ်


ကျောက်တော်မြို့တွင်းတစ်နေရာကို သြဂုတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းက တွေ့၇စဉ်


ကျောက်တော်မြို့တွင်း မြို့မဈေးကို သြဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်


ကျောက်တော် မြို့ပြင် ရပ်ကွက်များကို လုံခြုံရေးအရ ခြံစည်းရိုးများ ကာရံထားမှုအား သြဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်
Eleven Media Group

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရှိ စက်ပစ္စည်း/ယန္တရားများအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်

Eleven Media Group


မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် Capital in kind စနစ်ဖြင့် တင်သွင်းခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်း/ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း(ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)နှင့် အဖွဲ့ဝင်များဖြစ်သော ဦးဇော်မင်း(ပြည်ထောင်စုဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန)၊ ဦးလှထွန်း(ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ လက်ရှိတွင် လုပ်ငန်းများ ရပ်ဆိုင်းထား၍ မည်သည့်အချိန်တွင် ပြန်လည်စတင်လုပ်ဆောင်ရမည်ကို မသိရှိရသောကြောင့် ထိုသို့ ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် CPI ကုမ္ပဏီတို့ MOU ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လတွင် လုပ်ငန်း စတင်အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံ တော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ မိမိတို့ အစိုးရသက်တမ်းကာလအတွင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။