Friday, August 10, 2012

"မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကြေညာချက်(၅/၂၀၁၂)"

Popular Myanmar News Journal



ရက်စွဲ - ၁၀-၈-၂၀၁၂

၁။ ၂၀၁၂ခုနှစ် သြဂုတ်လ ၉ ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း ကြေညာချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးလက်မှတ်ဖြင့်ထုတ်ပြန်ကြေညာလိုက်သည်ကိုတွေ့ရပါသည်။

၂။အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းရန် ပြန်ကြားရေးဝန်ကြီးဌာနကြ
မန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီကိုယ်စားလှယ်များနှင့် တွေ့ဆုံရှင်းလင်းစဉ်က မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားကို ပြန်လည်တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနက လေ့လာရန်ပေးအပ်ထားသော အမြုတေ စာနယ်ဇင်းကောင်စီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များတွင် အချို့သော အချက်များမှာ စာနယ်ဇင်းကောင်စီအနေဖြင့် လုပ်ဆောင်ရန် မလိုအပ်သော၊ လုပ်ဆောင်ရန် မသင့်တော်သော အချက်များပါဝင်နေသဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမည့် အစီအစဉ်တွင် မပါဝင်နိုင်ကြောင်းတင်ပြဆွေးနွေးခဲ့ပါသည်။

၃။ ထိုနောက်ပိုင်းတွင် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကိုတင်ပြရန်တောင်းခံသဖြင့် မိမိတို့ကော်မတီ၏ သဘောထားများကို ရှင်းလင်းတိကျစွာ ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုစဉ်ကတာဝန်ရှိပုဂ္ဂိုလ်အချို့သည် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီက ဖြုတ်ပယ်ရန် တောင်းဆိုသောအချက်များမပါဝင်စေရပါဟု ကတိပြုခဲ့ပါသည်။ အဆိုပါကတိပြုချက်အတိုင်း အကောင်အထည်ဖော်ပေးလိမ့်မည်ဟုမိမိတို့ကလေးစားယုံကြည်ခဲ့သဖြင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီကိုယ်စားလှယ်များအနေဖြင့် အမြုတေစာနယ်ဇင်းကောင်စီတွင် ပူးပေါင်းပါဝင်ပါမည်ဟု အကြောင်းပြန်ကြားပေးခဲ့ပါသည်။

၎။ သို့ရာတွင် ယခု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသော မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း ကြေညာချက်၌ အပိုဒ်ခွဲ(၂-ခ)၊ (၂-ဇ)၊ (၃-င)၊ (၃-စ)၊ (၃-ဆ)၊ (၃-ဈ) နှင့် အပိုဒ်(၁၀) စသည်တို့ကို
ထည့်သွင်းဖော်ပြထားသည်ဖြစ်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ၏ မူလတောင်းဆိုချက်များနှင့် လုံးဝ မကိုက်ညီဘဲ၊ မိမိတို့အနေဖြင့်လက်မခံနိုင်သည့် အချက်များဖြစ်နေသည်ကို တွေ့ရပါသည်။

၅။ မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ယင်းဖွဲ့စည်းပုံကြေညာချက် အပိုဒ်(၁)တွင် ဖော်ပြထားသော အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းရည်ရွယ်ချက်သည် စာနယ်ဇင်းကောင်စီတစ်ခု၏ အမှန်တကယ်ဆောင်ရွက်သင့်သော၊
နိုင်ငံတကာ စာနယ်ဇင်းကောင်စီများတွင်လည်းဆောင်ရွက်နေသော လုပ်ငန်းများဖြစ်သဖြင့် မိမိတို့ကော်မတီကလက်ခံပါသည်။ သို့ရာတွင် အပိုဒ်(၂) တာဝန်ဝတ္တရားများဆိုင်ရာနှင့် အပိုဒ်(၃) လုပ်ပိုင်ခွင့်များဆိုင်ရာ ဖော်ပြချက်အချို့ကိုမူ လက်ခံနိုင်ခြင်းမရှိပါ။

ယင်းတို့သည် စာနယ်ဇင်းသမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ခြင်း မရှိရုံမျှမက စာနယ်ဇင်းသမားများအားကန့်သတ်ထိန်းချုပ်မှုများကိုပါဆက်လက်ပြုလုပ်မည်အစီအစဉ်များဖြစ်သည်ဟု ယူဆနိုင်ပါသဖြင့် ထိုအချက်များကို ဖြုတ်ပယ်၍
အများလက်ခံနိုင်မည့် တာဝန်ဝတ္တရားနှင့် လုပ်ပိုင်ခွင့်များအဖြစ် ပြင်ဆင်ပြောင်းလဲပေးပါရန် လိုလားပါသည်။

၆။အဆိုပါအချက်များကို ပြင်ဆင်ပြောင်းလဲပေးခြင်းမပြုပါက မြန်မာနိုင်ငံသတင်းစာဆရာအသင်းအားကိုယ်စားပြုသူများအနေဖြင့် စာနယ်ဇင်းကောင်စီတွင်ပါဝင်နိုင်မည်မဟုတ်ပါကြောင်း မိမိတို့၏ သဘောထားကိုထုတ်ပြန်လိုက်ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ
ရန်ကုန်မြို့။

လွှတ်တော်ပြင်ပ တွင်ညှိုနှိုင်းအဖြေရှာရန် ဒီချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီများ မှ လွှတ်တော်ကိုယ်စားလှယ်များ နှစ်ပတ် တစ်ကြိမ်တွေ့ဆုံမည်

Yangon Media Group


==========================================
ဝေမာသိမ့်
==========================================

နိုင်ငံတော် တိုးတက်ရေး ကိုဆောင်ရွက်ရာတွင် လွှတ်တော်ပြင်ပတွင်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဒီချုပ်အဖွဲ့ ဥက္ကဌနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်မျ
ားနှင့် နှစ်ပတ်တစ်ကြိမ် တင်္နလာနေ့ တိုင်း တွေ့ဆုံ ဆွေးနွေးသွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဩဂုတ် (၆)ရက်နေ့ကတိုင်း ရင်းသား ပါတီအသီးသီး မှလွှတ်တော်များ နှင့်ပထမဆုံး အကြိမ်တွေ့ဆုံသော အစည်းအဝေး တွင် ပြောကြား ခဲ့ကြောင်းသိရသည်။

ထိုသို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးကြရာ တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တ.စ.ည) နှင့်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းရင်းသားလွှတ် တော်ကိုယ်စား လှယ်များ ပါပူးပေါင်းပါ ဝင်ရန်ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေး နွေးပွဲကို လွှတ်တော် ကိုယ်စားလှယ် များတည်းခိုရာ စည်ပင်ဧည့်ရိပ်သာ အစည်းအဝေး ခန်းမတွင် နှစ်ပတ် တစ်ကြိမ် တင်္နလာနေ့ညနေ တိုင်းပြု လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် အချို့ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ၊လွှတ်တော်ထဲ တွင်ဆောင်ရွက်ရန် ကိစ္စရပ်များကို အချိန်မကြာမြင့်စေ ရန် လွှတ်တော်ပြင်ပတွင် စောလျှင် စွာဆွေးနွေး ညှိုနှိုင်းပြီးမှ လွှတ်တော် တွင်တင်ပြသွားရန်၊ဒီမိုကရေစီနိုင်ငံ များတွင် ကျင့်သုံး သည့် လွှတ်တော် ပြင်ပတွင် တွေ့ဆုံဆွေးနွေးအဖြေရှာ ပြီး ပိုမိုပြည့်စုံ၊ထိရောက်သောဆွေး နွေးမှုများကို လွှတ်တော် တွင်ကျယ် ပြန့်စွာကျင့်သုံးသွား နိုင်ရန်ရည်ရွယ်ပြီး ထိုသို့တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များ နှင့်တွေ့ဆုံခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးမင်းသူ ထံမှ သိရ သည်။

''လွှတ်တော်ထဲမှာ ၄ဝရာ ခိုင်နှုန်းလောက်ပဲလုပ်ပြီး လွှတ်တော် ပြင်ပမှာ၆ဝရာခိုင်နှုန်းလောက်ပြီး မြောက်အောင် လုပ်ဆောင်သွားကြ ဖို့ပါ။လွှတ်တော်ပြင်ပမှာ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာ ကြပြီး လွှတ်တော်ထဲမှာ ထိထိ ရောက်ရောက်တင်ပြဆွေးနွေးသွား ကြဖို့နဲ့တိုင်းပြည် အတွက် အားလုံးပူး ပေါင်းဆောင်ရွက်သွားကြဖို့ အန်တီ ကပြောခဲ့တယ်။နောက်ပြီး တ.စ.ည နဲ့ ပြည်ခိုင်ဖြိုး ပါတီက တိုင်းရင်းသား ကိုယ်စားလှယ်တွေ ကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ပါဝင်စေချင် တယ်လို့ အန်တီက ပြောခဲ့တယ်''ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦး မင်းသူက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ် ပါတီမှပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က''တောင်ပေါ်ဒေသတွေက တိုင်းရင်းသား တွေကိုအားလုံး ပါဝင်စေချင်တယ်။ ဒါကြောင့် တ.စ. ညရော၊ပြည်ခိုင်ဖြိုးက တိုင်းရင်းသား ကိုယ်စားလှယ် တွေကို ဖိတ်ခေါ်ချင် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ အဲဒီမှာဒေါ်အောင်ဆန်းစုကြည် ကတော့ ရခိုင် အရေးမှာဆိုလည်း ရခိုင်တိုင်းရင်းသား တွေသာမက တိုင်းရင်းသားအားလုံး ကဆွေး နွေးသွားဖို့နဲ့ပါဝင်ဆွေးနွေးသွားဖို့ ပြောတယ်။တိုင်းရင်းသားပါတီတွေ ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ဆွေး နွေးခဲ့ကြ တယ်''ဟုဆိုသည်။
ထိုသို့ပင်ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က''တိုင်းရင်း သားတွေ အားလုံးတန်း တူညီမျှအခွင့် အရေးရှိဖို့ သူမအနေနဲ့လိုလားတယ် လို့ပြောတယ်။နောက်ပြီး ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးကို ဘယ် လိုချဉ်းကပ်မလဲဆိုတာ၊လွှတ်တော် တွင်း၊လွှတ်တော်ပြင်ပ ကိစ္စရပ်တွေ ကိုနှစ်ပတ်တစ်ကြိမ်ဆွေးနွေးအဖြေ ရှာသွားမယ်ဆိုတာတွေဆွေးနွေးခဲ့ ကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေအနေနဲ့ နိုင်ငံရေးလမ်းကြောင်း ကိုအားလုံးနဲ့ညီညီညွှတ် ညွှတ်သွား ကြဖို့နဲ့တတိယ အင်အားစုအနေနဲ့ ဘယ်အင်အားစုပါတီကြီးတွေနဲ့မှမ ပူးပေါင်းပဲကြား ခံအနေဖြင့်သာ ဆက်လက်ရပ်တည်သွား မှာဖြစ်တယ် အတွက် ကောင်းတာတွေကိုညှိုနှိုင်းဆောင် ရွက်သွား ကြမယ်''ဟုဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့ လွှတ်တော်များတွင်တက်ရောက် နေကြသည့် တိုင်းရင်းသား ပါတီများ ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ်ဒီမိုက ရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါ တီ၊ချင်း အမျိုးသားပါတီ၊ ပအိုဝ်း အမျိုး သားအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါ တီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊''၀''ဒီမိုကရက်တစ်ပါတီ၊ကရင်ပြည်နယ်ဒီမိုက ရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီစသည့်တိုင်းရင်းသားပါတီများ မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

စစ်တွေတွင် ညမထွက်ရအမိန့်ကို လျော့ချပြီ


Yangon Media Group
========================================
စောမြင့်သန်း(ပေါက်တော)
========================================
ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို တစ်နာရီလျော့ ချသတ်မှတ် လိုက်ကြောင်း သိရသည်။

ွ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ညမထွက်ရ အမိန့်ကို စစ်တွေမြို့တွင် ၂၀၁၂ ခုနစ် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ ရာ ယခုအခါ ၂ လတိုင်ကြာမြင့်ခဲ့ပြီ
ဖစ်ကြောင်း သိရသည်။

ယခုအခါ စစ်တွေမြို့တွင်လည်း ည ၆ နာရီ မနက် ၆ နာရီအထိ ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို အချိန်တစ်နာရီ လျော့ချ လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

"စစ်တွေမြို့မှာ စပီကာတွေနဲ့ မြို့ကို ပတ်ပြီး လိုက်အော်ပေးနေပါတယ် ၊ဒီနေ့ညနေ ၄ နာရီလောက် ကနေစအော်ပေးနေ တာပါ ၊ အရင်ကဆိုရင် ည ၆ မနက် ၆ မထွက်ရ အမိန့်ကို ဒီနေ့ကနေစပြီး ည ၇ နာထိထွက်လို့ ရပြီ တော့၊မနက်ဆိုရင် လည်း ၅ နာရီဆိုတာနဲ့ စထွက်လို့ရပါပြီ ၊ ကျွန်တော်တို့ကတော့ ဒီညမထွက်ရ အမိန့်ကို ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံး ရုတ်သိမ်းချင်ပါတယ် ၊ ဒါပေမယ့် တစ်ဖက်က လည်း ပြန်လည် တည်ဆောက်ရေး ကို လုပ်နေတဲ့ ကာလမှာ မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေချင်တဲ့အတွက် ဒီညမထွက်ရ အမိန့်ကို သေချာစွာ သုံးသပ်ပြီးမှ အခုလို တစ်နာရီလျော့ချလိုက်တာ ဖြစ်တယ်လို့ ထင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် ပြည်သူတစ်ယောက်အနေနဲ့ ဒါကိုကြိုဆိုပါတယ် "ဟု စစ်တွေမြို့ခံတစ်ဦးက ပြောကြားသည်။

စစ်တွေမြို့တွင် ၂ လကြာ ညမထွက်ရအမိန့်အရ ည ၆ နာရီမှ မနက် ၆ နာရီ ညမထွက်ရအချိန်ကို ည ရနာရီ မှ မနက် ၅ နာရီ သို့ လျော့ချလိုက်သော် လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေ အရ ကျောက်တော်မြို့ ကိုပါ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယခု သြဂုတ် လ ၈ ရက်နေ့က စတင် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော မြို့နယ် ၇ မြို့နယ် အထိ ရှိလာပြီဖြစ်သော် လည်း စစ်တွေမြို့တွင် ပထမဆုံး ညမထွက်ရအချိန်ကို စတင်လျော့ချလိုက်ခြင်း ဖြစ်ပြီး ပုံမှန် ညမထွက်ရ အမိန့်ကိုမူ မောင်တော ၊ဘူးသီးတောင် ၊ကျောက်ဖြူ ၊သံတွဲ၊ ရမ်းဗြဲ ၊ စစ်တွေ ၊ နှင့်ကျောက်တော်မြို့ တို့တွင် ယခင်အတိုင်း ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်း

အမြုတေ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် (၂၀) ဖြင့် ဖွဲ့စည်း
by Yangon Press International on Friday, August 10, 2012 at 5:53am ·

သြဂုတ် ၁၀၊ ၂၀၁၂၊ YPI

မီဒီယာ ဥပဒေသစ်မပြဋ္ဌာန်းမီ အတောအတွင်း စာနယ်ဇင်းသမားများကို ကာကွယ်ရန်နှင့် စာနယ်ဇင်းဆိုင်ရာ ၀ိရောဓိများကို ဖြေရှင်းရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အမြုတေစာနယ်ဇင်းကောင်စီ ဟု အမည်ပေးထားသည့် အဖွဲ့ဝင် (၂၀)ပါကောင်စီကို နိုင်ငံတော် သမ္မတရုံး အမိန့်ဖြင့် ယမန်နေ့က ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းစာဖေါ်ပြချက်အရ သိရသည်။

အမြုတေ စာနယ်ဇင်းကောင်စီ၏ ဥက္ကဋ္ဌမှာ အငြိမ်းစား တရားရုံးချုပ် တရားသူကြီး ဦးခင်မောင်အေး ဖြစ်၍ ဒုဥက္ကဋ္ဌ ၂ ဦးနှင့် အတွင်းရေးမှူး အဖြစ် ရန်ကုန်မီဒီယာ ဂရုပ်မှ ဦးကိုကို (စက်မှု) အားတာဝန်ပေးထားသည်ကို တွေ့ရသည်။ အဖွဲ့ဝင်များ အနက် သတင်းစာသမား (၆) ဦး ဥပဒေပညာရှင် (၂) ဦး၊ စာပေနယ်ပယ်မှ (၈) ဦး နှင့် ထုတ်ဝေသူအချို့တို့ပါဝင်သည်။

အတွင်းရေးမှူး တာဝန်ပေးအပ်ခြင်းခံရသူ ဦးကိုကို (စက်မှု)က သူ့အနေဖြင့် ယနေ့နံနက်မှ ယခုကဲ့သို့ တာဝန်ပေးအပ်ခြင်းကို သိရကြောင်း၊ အဖွဲ့တွင် ပါဝင်သည့် ဥက္ကဋ္ဌကို လူချင်းပင်မမြင်ဖူးသေးကြောင်းနှင့် ပထမဆုံးအကြိမ် အစည်းအဝေးလည်း မပြုလုပ်ရသေးသဖြင့် ကောင်စီ၏ လုပ်ဆောင်နိုင်မှု နှင့်ပတ်သက်၍ သူ့အနေဖြင့် မပြောနိုင်သေးကြောင်း YPI သို့ပြောသည်။

၎င်းက  “စာနယ်ဇင်းကောင်စီကို အာဏာပိုင်အဖွဲ့တခုအနေနဲ့ မသွားချင်ဘူး၊ ကြားဝင်ညှိနှိုင်းပေးတဲ့ အဖွဲ့အနေနဲ့ပဲသွားချင်တယ်” ဟု အဖွဲ့နှင့်ပတ်သက်၍ ၎င်း၏ ဆန္ဒကို ထုတ်ဖေါ်ပြောဆိုသည်။

သတင်းဂျာနယ် ၂ စောင်ရပ်နားခံရခြင်းကို အကြောင်းပြု၍ ယခုလ ၄ ရက်နေ့က မီဒီယာ လွတ်လပ်ခွင့်အတွက် သတင်းထောက်များ တီရှပ်ဝတ်ဆင်၍ လှုံ့ဆော်မှု လုပ်ဆောင်ခဲ့ကြသည်။

ကောင်စီ၏ တာဝန်ဝတ္တရား ပထမ အချက်၌ “စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်” ဟုပါရှိ၍ ဒုတိယမြောက် အချက်တွင် တိုင်းရင်းသား ပြည်သူများ အကျိုးစီးပွား မထိပါးအောင် ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံတော် ဂုဏ်သိက္ခာကို မထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်” တို့ပါရှိသည်။

ယင်းအချက်ကို သတင်းအယ်ဒီတာတဦးဖြစ်သူ ကိုကျော်ဇေယျာထွန်းက “ယခုဖွဲ့လိုက်တဲ့ အဖွဲ့ဝင် အတော်များများကို သဘောကျပါတယ်၊ တာဝန်ဝတ္တရား နဲ့ပတ်သက်တဲ့ ဒုတိယအချက်မှာ နိုင်ငံတော် ဂုဏ်သိက္ခာကို မထိခိုက်စေရေးဆိုတာ ဘာကိုဆိုလိုတာလည်း မရှင်းဘူး၊ ဥပမာ ဆင်းရဲငတ်ပြတ်တာတွေ ရေးခွင့်မရှိဘူးလား ဆိုတာတော့ မရှင်းဘူး” ဟုပြောသည်။

ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရတက်လာပြီးနောက် ပြည်တွင်း သတင်းဂျာနယ်များနှင့် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများအပေါ် ထိန်းချုပ်ထားမှုကို အတန်အသင့်ဖြေလျော့ပေးခဲ့သည်။

သို့ရာတွင် စာပေစိစစ်ရေး ဋ္ဌာန ဆက်လက်ထားရှိ၍ သတင်းဂျာနယ်နှင့် မဂ္ဂဇင်းများ ပုံနှိပ်ထုတ်ဝေခြင်း မပြုမီ တင်ပြခွင့်ပြုချက်ယူရသည့် အပေါ် နိုင်ငံတကာ အဖွဲ့အစည်းများသာမက ပြည်တွင်း သတင်းစာဆရာများ ကလည်း ဝေဘန်ထောက်ပြပြောဆိုကြသည်။

 မီဒီယာ ဥပဒေသစ်မပေါ်မီ စာပေစိစစ်ရေး ဋ္ဌာနအစား ပုံနှိပ်သတင်းမီဒီယာကို ကြီးကြပ်ရန် ယခု အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်း ပေးလိုက်သည့် သဘောမျိုး ဖြစ်မည်ကို သတင်းစာဆရာ အများက စိုးရိမ်ကြောင်း ပြောဆိုမှုများ ပေါ်ထွက်လျှက်ရှိသည်။

အမည်မဖေါ်လိုသည့် စာပေစိစစ်ရေးနှင့် နီးစပ်သူ တဦးက “အခုလောလောဆယ်ကြားတာကတော့ နောက်တပတ်လောက်ဆို တင်ထုတ်အဖြစ် ကျန်နေသေးတဲ့ သတင်းဂျာနယ်နဲ့ နိုင်ငံရေး ဆိုင်ရာတွေကို တင်ပြဖို့ မလိုတော့ဘူးဆိုတယ်” ဟုပြောသည်။

      ။ 

အိမ်ခြံမြေ အခွန် ၃ဆနီပါးတိုး

The Voice Weekly


ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြောင်းလဲ ပေးဆောင် ရမည့် နှုန်းထား သစ်သည် ၀ယ်ယူသည့် ငွေအပေါ် ၀င်ငွေရ လမ်းမတင် ပြနိုင်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ပြီး တံ
ဆိပ်ခေါင်း ခွန်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ဖြစ်ပါက ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖြစ်ပါက ၅ ရာခိုင်နှုန်းစုစုပေါင်း၃၅ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ကြောင်း၊ အဆိုပါ အခွန်နှုန်းထားသစ်သည် ယခု ဘဏ္ဍာနှစ် မှစတင်တဲ့ ၀င်ငွေခွန် စနစ်သစ် အရ စည်းကြပ် ကောက်ခံတဲ့ နှုန်းထား ဖြစ်ကြောင်းနေပြည်တော်အခွန်ဦးစီးဌာနမှ မှသိရှိ ရသည်။

ယင်းသို့ ပြောင်းလဲလိုက်ခြင်းသည် ၄ နှစ်ခန့်အထိ သက်တမ်းတိုး လာခဲ့သော အိမ်ဝယ်သူများ ကို အခွန်လျှော့ပေါ့သက်သာခွင့်ကို ရပ်ဆိုင်းလိုက် ခြင်းဖြစ်ပြီး ဘန်ကောက်ထက်၂ ဆဖြစ်နေသော ရန်ကုန်ဧည့်အိမ်ခြံမြေ ပူပေါင်း၏ နိဂုံးဟု လည်း ဈေးကွက် လေ့လာသူ များကပြောဆိုကြသည်။

၂ဝဝ၇ ခုနှစ် မတိုင်ခင်က အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အမြတ်ခွန်အဖြစ် အိမ်ခြံမြေ တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းကို ပေးဆောင်ခဲ့ရာမှ ၂ဝဝ၇ သြဂုတ်မှ စ၍ ကျပ်သန်း ၅၀၀၀ အထက်ဆိုပါက ၁၂ ရာခိုင်နှုန်းနှင့် သန်း ၅ဝဝဝ အောက်ဆိုပါက ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနက ကြေညာခဲ့သည်။

အဆိုပါ ဥပဒေကြောင့် တရားမဝင် ငွေမည်းမှ တရားဝင် ငွေဖြူအဖြစ် ပြောင်းလဲ လိုသူများ အိမ်ခြံမြေလောကအတွင်း ဝင်ရောက်လာခဲ့ရာ ဤလောကအတွင်း တန်ဖိုးကြီး အိမ်ခြံမြေများ အမြောက်အမြား ဖြစ်ပေါ်လာခဲ့သည်။

ရန်ကုန်၏ မြို့တွင်း ၆ မြို့နယ် တွင် ကျောက်တံတားနှင့် ပန်းဘဲတန်း မြို့နယ်များသည် ဝယ်လိုအား ကောင်းသကဲ့သို့၊ ဈေးနှုန်းများ မြင့်တက်မှု စံချိန်တင်နေသည့်မြို့နယ်များဖြစ်ပြီး၊လမ်းမတလျှောက် ရှိသည့် မြေညီထပ်များသည် အထူးသဖြင့်ဈေးဆိုင်များကြောင့် ငွေပုံပေးသော်လည်း ဝယ်မရနိုင်ဖြစ်နေခဲ့သည့် မြေညီထပ် အခန်း အများစု၏ ဈေးနှုန်းသည် လွန်ခဲ့သည့် ၅ နှစ်တာနှင့် ယှဉ်ကြည့်ပါက ၅ ဆကျော် မြင့်တက်လာခဲ့ကာပေ ၃ဝ၊ ပေ ၆ဝ အခန်းတခန်းလျှင် သိန်း ၂၅ဝဝ မှ သိန်း ၄ဝဝဝ နီးပါး ရှိလာခဲ့သည်။

ယင်းကဲ့သို့ အိမ်ခြံမြေ အခွန် ကောက်ခံမှုနှုန်းကို ပြင်ဆင်လိုက်ခြင်းကြောင့် ယခု ရက်ပိုင်း အိမ်ဝယ်ယူထား သူအချို့သည် စာချုပ်များ ကို တန်ဖိုးလျှော့ချ ကာ ပြန်လည်ပြင်ဆင် ချုပ်ဆိုလျက်ရှိသည်။