Sunday, August 12, 2012

ဘင်္ဂါလီ၊ ဝါဟာဘီ နှင့် တံခါးဖျက်ဝင်သူများ


လတ်တလော ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင်တိုင်းရင်းသားတွေကြား ပဋိပက္ခ အဖြစ် အားလုံးလိုလိုက သတ်မှတ်ထားပေမဲ့ ခိုးဝင်လာသူတွေဟာ ဘင်္ဂါလီအစစ်မဟုတ်ဘဲ ဘင်္ဂါလီမျိုးနွယ်ဝင် စစ်တ ကောင်းသားတွေ ဖြစ်ပါတယ်။
ဘင်္ဂါလီလူမျိုးတွေဟာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ အဓိကနေကြပါတယ်။ အင်္ဂ လိပ် ကိုလိုနီခေတ်မှာ ဒီနှစ်နယ်ကို တပေါင်းတည်း ဘင်္ဂလားပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၄၇ ခု အိန္ဒိယလွတ်လပ် ရေးကြေညာတော့မှ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများတဲ့ အနောက်ဘင်္ဂလားနဲ့ တြိပူရတို့ဟာ အိန္ဒိယဘက်ခြမ်းက ပြည်နယ် နှစ်ခု ဖြစ်သွားပြီး အစ္စလမ်ဘာသာဝင်များတဲ့ အရှေ့ဘင်္ဂလားက အရှေ့ပါကစ္စတန်ဖြစ်သွားပါတယ်။ အရှေ့ပါကစ္စ တန် ဟာ ၁၉၇၁ ခုမှာ လွတ်လပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာပါတယ်။
တကမ္ဘာလုံးမှာ ဘင်္ဂါလီလူမျိုးဦးရေ သန်း ၃၀၀ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၅၆ သန်း၊ အိန္ဒိယနိုင်ငံမှာ သန်း ၇၀၊ ပါကစ္စ တန်၊ ဗြိတိန်၊ မလေးရှားနဲ့ အာရပ်နိုင်ငံတွေမှာလဲ အတော်များများရှိကြပါတယ်။ ဟန်တရုတ်လူမျိုးပြီးရင် ဘင်္ဂါလီ လူမျိုး ဟာ ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးလူမျိုး ဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးအားလုံးရဲ့ ၅၀% ဟာ မွတ်ဆလင်တွေ ဖြစ်ပြီး ၄၈% ကတော့ ဟိန္ဒူတွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်လက်ထက်နဲ့ အသောကမင်းကြီးလက်ထက်မှာ ဘင်္ဂလားဒေသဟာ မဂဓတိုင်းထဲ ပါခဲ့ပါတယ်။
ဘင်္ဂါလီလူမျိုးတွေထဲက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ တော်တော်များများ ထွက်ခဲ့ပြီး အဓိကအားဖြင့် ဟိန္ဒူဘာသာဝင်ဘင်္ဂါလီတွေ ဖြစ်ကြပါတယ်။ အာရှတိုက်က ပထမဆုံးနိုဘယ်ဆုရတဲ့ ကဗျာ ဆရာကြီး ရာဘင်ဒြာနတ်သ်တဂိုး၊ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာ ဆတ္တယာဂျစ်ရေး၊ အိန္ဒိယလွတ်လပ်ရေး တော်လှန်ရေး ခေါင်းဆောင် ဆူဘတ်စ်ချန္ဒရာဘို့စ်၊ ကမ္ဘာကျော်သိပ္ပံပညာရှင် ဆာတယင်ဒြာနတ်သ်ဘို့စ်၊ နိုဘယ်ဆုရ စီးပွားရေးပညာ ရှင် အမာရ်တီယာဆင်း၊ စာရေးဆရာမ အရွန်ဒါတိရွိုင်း၊ ဘီးတဲလ်စ်ဂီတသစ်အဖွဲ့ရဲ့ဆရာ ဂီတပညာရှင်ကြီး ရာဗီရှန်ကာ တို့ဟာ ဘင်္ဂါလီဟိန္ဒူတွေဖြစ်ပြီး အသေးစားငွေချေးလုပ်ငန်း တီထွင်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ် ကတော့ ဘင်္ဂါလီမွတ်ဆလင် ဖြစ်ပါတယ်။
မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲနဲ့ လွတ်လပ်ရေးခေတ် နိုင်ငံရေးသမိုင်းမှာပါဝင်ခဲ့တဲ့ ဘင်္ဂါလီတွေလဲ ထင်ထင်ရှားရှားရှိ ပါတယ်။ အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်လှုပ်ရှားခဲ့လို့ ဗမာပြည်ကို နယ်နှင်ဒဏ်ပေးခံရတဲ့ မစ္စတာရာရှစ်ဟာ ဗိုလ် ချုပ်အောင်ဆန်းတို့နဲ့ တခေတ်ထဲ ရန်ကုန်တက္ကသိုလ်ကိုရောက်လာပြီး ၁၉၃၆ ခုမှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ကျောင်း သားသပိတ် ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးပါတယ်။ ဘင်္ဂါလီ နိုင်ငံရေးသမားတွေဖြစ်တဲ့ မစ္စတာရာရှစ်နဲ့ ဦးခင်မောင်လတ်တို့ဟာ လွတ် လပ်ရေးရပြီးနောက်မှာလဲ ဖဆပလအစိုးရထဲမှာ ဝန်ကြီးတွေအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံ အတိုက်အခံဘက်မှာလဲ ဘင်္ဂါလီတွေ အရေးကြီးနေရာတွေက ပါခဲ့ဖူးပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဂိုရှယ်၊ ဒေါက်တာနတ်၊ ဆရာရာဂျန်တို့ဟာလဲ အင်္ဂလိပ်က နယ်နှင်ဒဏ်ပေးလို့ ဗမာပြည်ရောက်လာတဲ့ ဘင်္ဂါလီ တော်လှန်ရေးသမားတွေ ဖြစ်ပါတယ်။
ဗမာပြည်ကိုရောက်လာကြတဲ့ အဲဒီ ဘင်္ဂါလီတွေဟာ နယ်စပ်ကကူးဝင်လာတာတွေမဟုတ်ဘဲ ကိုလိုနီခေတ်မှာ သင်္ဘောနဲ့ ရောက်လာတဲ့ ဘင်္ဂါလီဟိန္ဒူတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်၊ ဆရာမောင်သော်ကတို့က တော့ အဲဒီထက်စောပြီး မျိုးရိုးစဉ်ဆက် ဗမာပြည်မှာနေခဲ့တဲ့ မွတ်ဆလင်တွေ ဖြစ်ပါတယ်။
စစ်တကောင်းစကားဟာ ဘင်္ဂါလီစကားရဲ့ ဒေသိယစကား dialect ဖြစ်ပြီး ဘာသာဗေဒမှတ်တမ်း Ethnologue မှာ သီး သန့်သင်္ကေတ cit လို့ပေးခဲ့ပါတယ်။ ရွင်ဂျာ အပါအဝင် စစ်တကောင်းစကားပြောသူ ၁၄ သန်းကျော်ရှိပါတယ်။ စစ်တ ကောင်းကို ဘင်္ဂါလီတွေက ချော့တော်ကလမ်း သို့မဟုတ် ခေါ့တော်ကလမ်း chottogram လို့ ခေါ်ရာကနေ စစ်တ ကောင်းသားဘင်္ဂါလီတွေကို ခေါ့တ် သို့မဟုတ် ခေါ့တောကုလား လို့ နာမယ်တွင်သွားပါတယ်။ စစ်တကောင်း ဒေသဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ နတ်မြစ်ပဲခြားတဲ့အတွက် နယ်စပ်ကျော်ခိုးဝင်သူတွေဟာ အဓိကအားဖြင့် စစ်တကောင်း သား ဘင်္ဂါလီ (ခေါ့တ်) တွေ ဖြစ်နေပါတယ်။
ဒီကနေ့ ရွင်ဂျာလို့ခံယူနေသူတွေကို ဘာသာဗေဒမှတ်တမ်း Ethnologue မှာ ၂၀၀၇ ခုနှစ်အထိ စစ်တကောင်းသား တောင်ပိုင်းလေယူလေသိမ်းလို့ပဲ သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၇ ဒီဘက်မှာတော့ စစ်တကောင်းသားဘာသာစကားကို ctg ၊ ရွင်ဂျာကို rhg လို့ခွဲပေးလိုက်ပြီး ရွင်ဂျာ နဲ့ စစ်တကောင်းသား မတူသလိုလို လုပ်ပြပေးခဲ့ရပါတယ်။ ဘာသာဗေဒ မှတ် တမ်း Ethnologue မှာ ဘင်္ဂါလီဘာသာစကားကို ben လို့ သင်္ကေတသတ်မှတ်ထားပါတယ်။ စစ်တကောင်း စကားနဲ့ ဘင်္ဂါလီစကားဟာ ၄၃% ကနေ ၆၄% အထိပဲ တူညီတယ်လို့ ဆိုပါတယ်။ တောရွာတွေက စစ်တကောင်းသူမတွေဟာ မြို့ပေါ်က ဘင်္ဂါလီစကားကို နားမလည်ဘဲ ရွင်ဂျာဆိုသူတွေနဲ့တော့ ရာနှုန်းပြည့် ဆက်ဆံပြောဆိုလို့ ရပါတယ်။ သဘော ကတော့ စစ်တကောင်းစကားနဲ့ ရွင်ဂျာစကား၊ စစ်တကောင်းသားနဲ့ ရွင်ဂျာ လုံးဝတထပ်တည်း ဖြစ်ပါတယ်။
၁၈၂၄ ခု အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးတဲ့အချိန်ကစခဲ့တဲ့ ဒီနယ်မြေချဲ့ထွင်မှုဟာ အာရေဗျကျွန်းဆွယ်မှာ ၁၈ ရာစု အ တွင်း ပေါ်ပေါက်ခဲ့တဲ့ ဝါဟာဘီအခြေခံဝါဒနဲ့ ပေါင်းစပ်သွားရင် ဘာသာရေးအစွန်းရောက်ဝါဒအဖြစ် ပိုပြီးဆုတ်ယုတ် ဖောက်ပြန်သွားမယ့် အလားအလာ ရှိနေပါတယ်။
ဥရောပတိုက်မှာ ခရစ်ယန်အခြေခံဝါဒီတွေလွှမ်းမိုးလို့ အမှောင်ခေတ်ဖြစ်နေတဲ့အချိန်မှာ အစ္စလမ်နိုင်ငံတွေမှာတော့ သိပ္ပံ ပညာတွေ အနုပညာတွေ ထွန်းကားပွင့်လန်းခဲ့ပြီး အစ္စလမ်ရွှေခေတ်အဖြစ် ကမ္ဘာ့လူသားတွေကို ဧရာမအကျိုးပြုခဲ့ပါ တယ်။ အဲဒီကာလမှာ မွတ်ဆလင်သိပ္ပံပညာရှင်တွေဟာ အက္ခရာသင်္ချာနဲ့ တြိဂိုနိုမက်ထရီကို တီထွင်နိုင်ခဲ့ပါတယ်။ နယူတန်ခေတ် မတိုင်ခင်မှာ ကဲလ်ကုလသင်္ချာရဲ့ အခြေခံတွေကို ချပေးနိုင်ခဲ့ပါတယ်။ ဆေးပညာနယ်ပယ်မှာ ခွဲစိတ်ကု ပညာကို တိုးတက်အောင်လုပ်ခဲ့ပြီး မေ့ဆေးသုံးတာလဲ စလုပ်ခဲ့ပါတယ်။ လူ့ကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုစနစ်ကိုလဲ ပထမဆုံး ဖော်ထုတ်နိုင်ခဲ့သလို အနာတွေမှာ ပိုးသတ်ဆေးသုံးတာကိုလဲ စလုပ်ခဲ့ပါတယ်။ ဒီခေတ်အတွင်း ကဗျာဆရာ ကြီး အိုမာခယမ် ထွက်ပေါ်ခဲ့သလို တထောင့်တညပုံပြင်လို ကြီးကျယ်တဲ့အနုပညာလက်ရာတွေလဲ မွတ်ဆလင် ကမ္ဘာမှာ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီဘက်ခေတ်မှာလဲ ၂၀ ရာစုထဲမှာ ပေါ်ပေါက်ခဲ့တဲ့ တူရကီနိုင်ငံက ကီမဲလ်အတားတာ့က်လို အမျိုးသားရေး ခေတ်မီရေး ခေါင်းဆောင်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားကျအတုယူခဲ့ရပါတယ်။ အိဂျစ်နိုင်ငံက နာဆာကိုလဲ နယ်ချဲ့စနစ် လက်အောက်က လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ ကိုလိုနီနိုင်ငံတွေက အဖိနှိပ်ခံပြည်သူတွေ အတုယူခဲ့ရပါတယ်။ အဲဒီ တုန်းက ဆော်ဒီအာရေဗျနဲ့ တချို့အာရပ်ပဒေသရာဇ်နိုင်ငံငယ် အနည်းစုကလွဲရင် ဝါဟာဘီဝါဒ ဘယ်လိုမှခေါင်းမထောင် နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အခုတော့ ဝါဟာဘီဝါဒကစလိုက်တဲ့ အစ္စလမ်အစွန်းရောက်ဝါဒဟာ အစ္စလမ်ကမ္ဘာကိုရော၊ တခြားဘာသာဝင် နိုင်ငံတွေကိုပါ အမှောင်ခေတ်ကြီးထဲဆွဲသွင်းဖို့ ခြိမ်းခြောက်နေပါပြီ။ အတားတာ့က် နဲ့ နာဆာ တို့ရဲ့ ခေတ်သစ် အစ္စလမ် ဝါဒကြောင့် အနောက်နိုင်ငံတွေရဲ့ အခြေခံအကျိုးစီးပွားတွေ အထိနာခဲ့လို့ လက်စားချေတဲ့အနေနဲ့ အစ္စလမ် အခြေခံဝါဒီ တွေကို အကန့်အသတ်နဲ့ မြှောက်ပေးနေသလိုမျိုး တွေ့နေရပါတယ်။ ဒါပေမဲ့ ဝါဟာဘီမူရင်းစွဲဝါဒဟာ လမ်းမယူဘူး ဆို တာကို ၉/၁၁ မှာ ပြခဲ့ပြီး ဖြစ်ပါတယ်။
ဘင်္ဂါလီတွေရဲ့ကျော်နင်းမှုကကော ဘယ်လမ်းကိုသွားနေပြီး ဘယ်သူတွေက အားပေးအားမြှောက်လုပ်နေသလဲ။ လက်စ လက်နတွေကတော့ တစတစပေါ်လာပါပြီ။ ဝါဟာဘီတွေက ပံ့ပိုးမှုမျိုးစုံနဲ့တွန်း၊ မွတ်ဆလင်မဟုတ်တဲ့ အနောက်တိုင်း ကလဲ အမျိုးမျိုးသော အကျိုးစီးပွားမျှော်မှန်းပြီး အဖက်ဖက်ကအားပေး။ ဘယ်လိုဘဲဖြစ်ဖြစ် ပြည်တွင်း အာဏာပိုင်မပါရင် လဲ ကျော်နင်းသူတွေ ရှေ့တိုးလို့မရနိုင်တာ ထင်ရှားနေပါပြီ။
ဂါမဏိ


မြန်မာဘက်က အလုပ်သင့်ဆုံးတွေကို စဉ်းစားကြည့်ရင် --

by Lwin Aung Soe on Sunday, August 12, 2012 at 2:09pm ·



ရိုဟင်ဂျာ ပြဿနာကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာကြည့်ပါမယ်

မြန်မာနိုင်ငံထဲ တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂါလီ ရိုဟင်ဂျာတွေ၊ င်္ဘလာဒက်ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေနဲ့ ပတ်သက်ပြီး ရှောင်လွှဲမရ ဖြေရှင်းရမယ့် ကိစ္စတွေ ရှိပါတယ်။

ဒီနေရာမှာ တာဝန်ယူ ဖြေရှင်းတဲ့ ကာယကံရှင် နိုင်ငံတွေနဲ့ တာဝန်ယူ ကူညီထောက်ပံ့တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ဆိုပြီး နှစ်ပိုင်းခွဲထားသင့်ပြီး ကူညီထောက်ပံ့စရာ ကိစ္စတွေက ဘာတွေလဲ၊ မြန်မာတွေအနေနဲ့ ဘာတွေကို အလုပ်သင့်ဆုံးလဲ စသဖြင့်လည်း ပိုင်းခြားသတ်မှတ် ပြင်ဆင်ထားသင့်ပါတယ်။

တာဝန်ယူ ဖြေရှင်းရမယ့် နိုင်ငံ

မြန်မာ တနိုင်ငံတည်းကသာ တာဝန်ယူ ဖြေရှင်းရမှာ မဟုတ်ဘဲ အဓိကအားဖြင့် ဘင်္ဂလာဒက်ရှ် နိုင်ငံကလည်း ခေါင်းမရှောင်ဘဲ မြန်မာနဲ့ ထပ်တူ တာဝန်ယူ ပူးပေါင်း ဖြေရှင်းနိုင်ရမှာ ဖြစ်ပါတယ်။ ဖြေရှင်းယူကြတဲ့အခါမှာ အိမ်နီးချင်း နှစ်နိုင်ငံ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို မူသတ်မှတ်ပြီး နှစ်ဘက် မျှမျှတတ ဖြစ်စေနိုင်ရေးကို ဦးစားပေးရမှာပဲ ဖြစ်ပါတယ်။

တာဝန်ယူ ကူညီထောက်ပံ့ရမယ့် နိုင်ငံ

မြင့်မြတ်တဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားစိတ် ထားပြီး လူသားချင်း စာနာထောက်ထားကာ ကူညီထောက်ပံ့ရမှာက ကမ္ဘာကြီးရဲ့ တာဝန်ဖြစ်ပါတယ်။ ရိုဟင်ဂျာဟာ မွတ်ဆလင်တွေအရေး ဖြစ်တယ်လို့ ကြွေးကြော် တောင်းဆိုနေကြတဲ့ အခြားမူဆလင်နိုင်ငံတွေဟာ ကူညီထောက်ပံ့စရာ ကိစ္စတွေမှာ အတတ်နိုင်ဆုံး တာဝန်ယူဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ တာဝန်ယူ ထောက်ပံ့တာမျိုး မရှိဘဲ မွတ်ဆလင်အရေး - ဒါမှမဟုတ် - မွတ်ဆလင် ဘာသာရေးစစ်ပွဲ (Jihad) သက်သက်ကိုသာ ပြောဆိုလာရင်တော့ ကိုယ်ကျိုးစီးပွားအတွက် ကမ္ဘာကို စိန်ခေါ်တာ ဖြစ်သွားပါလိမ့်မယ်။ နိုင်ငံတကာ ပြည်သူတွေရဲ့ အသိအမြင် ကြွယ်ဝမှုကို လှည့်စားလို့ မရနိုင်ပါဘူး။ ကမ္ဘာ့အရေးမှာ အမြဲတမ်း တာဝန်ရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ဖြစ်နိုင်သမျှ တာဝန်ယူပေးဖို့ကတော့ ပြောစရာကို မလိုတဲ့အချက်ပါ။

ကူညီထောက်ပံ့စရာ ကိစ္စတွေကတော့ အကြမ်းဖျဉ်းအားဖြင့်ဆိုရင်
မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒက်ရှ်နိုင်ငံတွေဆီက ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို တတိယနိုင်ငံတွေက ခေါ်ယူ လက်ခံ နေထိုင်စေတာ၊ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စ ထောက်ပံ့ပေးတာ၊တတိယနိုင်ငံတွေဆီ ပို့ဆောင်ပေးနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းရုံး စီမံပေးတာတွေ ဖြစ်ပါလိမ့်မယ်။
မြန်မာဘက်က အလုပ်သင့်ဆုံးတွေကို စဉ်းစားကြည့်ရင် --

(၁) မြန်မာနိုင်ငံမှာ နေထိုင်တာ မှန်ကန်ကြောင်း အထောက်အထားတွေကို ရိုဟင်ဂျာ ဘင်္ဂါလီတွေက မပြသနိုင်ရင်၊ အထောက်အထား မခိုင်လုံရင် သူတို့ဟာ မြန်မာနိုင်ငံရဲ့ လဝက ဥပဒေကို ရင်ဆိုင်ဖို့ကလွဲလို့ အခြားမရှိပါဘူး။ သူတို့အတွက် မြန်မာနိုင်ငံမှာ ဘာမှ တာဝန် မရှိပါဘူး။
သူတို့ကို ဘင်္ဂလာဒက်ရှ်နိုင်ငံက ပြန်လည် လက်ခံအောင် နှစ်နိုင်ငံ သဘောတူထားနိုင်ဖို့သာ ကြိုးစားရပါယ်။

ဒါပေမယ့် ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ လူဦးရေက အဆမတန် ပေါက်ကွဲနေတော့ သူတို့အစိုးရက ဒါကို ဝန်မခံဘဲ ရိုဟင်ဂျာ ဆိုသူတွေဟာ ဘင်္ဂလာဒက်ရှ်နိုင်ငံသား မဟုတ်ပါဘူးလို့ ကြိုတင် လေသံပစ်ထားပါတယ်။ ဒါက မြန်မာနိုင်ငံထဲကို သူ့လူမျိုးတွေ အတင်းလာပုံချထားတဲ့ အမျိုးမစောင့်တဲ့ သူတို့လုပ်ရပ်ပါပဲ။ ဒါပေမယ့်လည်း အဲ့ဒါက သူတို့ကိစ္စပါ။

(၂) မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ သံတမန် ဖိအားအကူအညီကို ရသလောက် ရှာဖွေပြီး အသုံးချနိုင်ဖို့ ကြိုးစားရပါမယ်။ ပြည်တွင်းက စွမ်းဆောင်ပေးနိုင်သူတွေသာမကဘဲ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းတွေကလည်း အတွေ့အကြုံကောင်းကောင်း ရှိခဲ့ကြတာဖြစ်လို့ ဖြစ်နိုင်လောက် ဝိုင်းဝန်းကူညီပေးကြရင် အကျိုးကျေးဇူးများပါလိမ့်မယ်။ နိုင်ငံတကာ ထောက်ခံမှုဟာ သိပ်အရေးပါတာကို အမြဲတမ်း သတိချပ်သင့်ပါတယ်။

(၃) ဘင်္ဂလာဒက်ရှ်ဘက် ရောက်နေတဲ့ ဒုက္ခသည်စခန်းက လူတွေကိုလည်း မြန်မာနိုင်ငံဘက် ပြန်ပို့နိုင်အောင် ဘင်္ဂလားအစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကို မြန်မာနိုင်ငံသား အထောက်အထား စိစစ်ပြီး ခိုင်လုံရင် လက်ခံမယ်လို့ မြန်မာအစိုးရ တုန့်ပြန်ထားပါတယ်။ ဒီကိစ္စကို တိတိကျကျဖြစ်အောင် ကြိုးပမ်းရမှာဖြစ်သလို အားနာတာတွေ၊ အလျှော့ပေးတာတွေ၊ အကျင့်ပျက် ခြစား ခွင့်ပြုတာတွေ လုံးဝ မလုပ်မိနိုင်အောင်လည်း တင်းတင်းကြပ်ကြပ် ဂရုစိုက်နိုင်ရပါမယ်။

(၄) မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထား မရှိ/ မခိုင်လုံတဲ့ ရခိုင်ဘက်က ရိုဟင်ဂျာတွေသာမက မြန်မာနိုင်ငံအတွင်း အခြားဒေသတွေကို ပြန့်နှံ့သွားတဲ့ ရိုဟင်ဂျာတွေကိုလည်း ပြန်လည်ထိန်းသိမ်းပြီးနောက် တကယ်လို့ ဘင်္ဂလာဒက်ရှ်နိုင်ငံက ပြန်ပို့တာကို လက်မခံရင် သူတို့အရေးကို ကြားဝင် အော်ဟစ် တောင်းဆိုနေတဲ့ တတိယနိုင်ငံတွေက လက်ခံပေးနိုင်မလား ညှိနှိုင်းယူရပါမယ်။ ဒါက နိုင်ငံတကာမှာ ကနေ့ထက်တိုင် ကျင့်သုံးနေဆဲ ကိစ္စပါ။ ဒါကြောင့် “နိုင်ငံတကာ ထောက်ခံမှုဟာ သိပ်အရေးပါ” တဲ့အကြောင်း အထက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

(၅) အဲဒီ တတိယနိုင်ငံတွေက လက်မခံနိုင်သေးသရွေ့ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပြီး တာဝန်ယူ ကျွေးမွေးထားရမယ့် သဘော ရှိနေပါတယ်။ ဒီဝန်ထုပ်ဝန်ပိုးက သိပ်ကြီးမားလွန်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်တွေကို ထိခိုက်နိုင်ပါတယ်။ ဒီအတွက် စောစောက တတိယနိုင်ငံများ ဆိုတာဆီက ထောက်ပံ့ပေးဖို့ ညှိနှိုင်းယူရပါမယ်။ လိုအပ်ရင် ကုလသမဂ္ဂနဲ့ အခြား အလှူရှင် နိုင်ငံတွေနဲ့လည်း ညှိနှိုင်းယူရပါမယ်။

(၆) နောက်ထပ် ဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲကို ဝင်မလာနိုင်အောင် နှစ်နိုင်ငံအကြား သံဆူးကြိုးခတ်ပြီး တင်းကြပ်စွာ တားဆီးထားရပါမယ်။ ရေပိုင်နက်မှာလည်း အလားတူ တင်းကြပ်ထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတကာ တိုင်းပြည်တွေရဲ့ နယ်နိမိတ်တွေမှာ ထိခိုက်နိုင်စရာရှိရင် ကျင့်သုံးတဲ့ နည်းလမ်းဖြစ်လို့ မြန်မာနိုင်ငံကလည်း အားနာစရာ အလျှော့ပေးစရာ မလိုဘဲ ကျင့်သုံးသင့်ပါတယ်။

(၇) ဒီလိုကိစ္စတွေကို မြန်မာ အစိုးရက စီမံဆောင်ရွက်ရာမှာ တာဝန်ရှိသူ ဝန်ထမ်းတိုင်းဟာ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံ့အရေးကို စောင့်ရှောက်ကာကွယ်တာဖြစ်လို့ အမျိုးသားရေး စိတ်ဓါတ်နဲ့ တိကျစွာ တာဝန်ထမ်းဆောင်နိုင်ရပါမယ်။ အထူးသဖြင့် အဂတိ လိုက်စားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိစေရအောင် တင်းကြပ်စွာ စီမံထားသင့်ပါတယ်။တရားဥပဒေ စိုးမိုးမှုက ဒီနေရာမှာ သိပ်အရေးပါလျက် ရှိနေပါတယ်။

(၈) တချိန်တည်းမှာ မြန်မာနိုင်ငံအတွက် လိုအပ်လာတာက အစိုးရ မဏ္ဍိုင်ကြီး ၃ ရပ်အပြင် မီဒီယာ၊ တပ်မတော်နဲ့ အခြားအဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံးက တသွေးတသားတည်းနဲ့ မြန်မာ့အရေးကို ညီညွတ်စွာ စုပေါင်းကြိုးပမ်းနိုင်ရေးကို ဘက်စုံကဏ္ဍတွေကနေ ကျွမ်းကျင်လိမ္မာ အမြော်အမြင်ကောင်းကောင်းနဲ့ ပြင်ဆင် လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

(၉) မြန်မာနိုင်ငံဘက်က မီဒီယာဟာ အဖြစ်မှန် ဖော်ထုတ်ဖို့၊ ကမ္ဘာ့ပြည်သူတွေကို သိစေဖို့၊ တာဝန်ယူဘက်ဖြစ်တဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံအပါအဝင် ကုလသမဂ္ဂနဲ့ တတိယနိုင်ငံအဖြစ် လက်ခံနိုင်စရာ ရှိလာမယ့် နိုင်ငံတွေရဲ့ အစိုးရတွေကို သိစေဖို့ အထူးအရေးပါလှပါတယ်။ ဒါကြောင့် မီဒီယာ လွတ်လပ်ခွင့်၊ ထိရောက်ပိုင်နိုင်စွာ အသုံးချခွင့်ကို အမြော်အမြင်ကြီးကြီးနဲ့ လုပ်ဆောင်သင့်ပါတယ်။

(၁ဝ) သံတမန်ရေးနဲ့ မီဒီယာလိုပဲ အခြားအရေးပါတာကတော့ လူထုနိုးကြားရေး Public awareness campaign တွေ ဖြစ်ပါတယ်။ ဒါဟာ ဝါဒဖြန့် လှုံ့ဆော်ရေးကို မဆိုလိုပါဘူး။ လူထုနိုးကြားမှုဟာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်ပြီး မလိုလားအပ်တဲ့ အဖျက်အမှောင့်တွေကို တားဆီးပေးနိုင်ပါတယ်။

အသေးစိတ် ထပ်ခွဲလိုက်ရင် အများကြီး ရှိနေပါဦးမယ်။ တနိုင်ငံလုံး၊ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စကြီး ဖြစ်နေလို့ မဟာဗျူဟာ ထားရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်မှသာ ရေရှည်တည်တန့်ခိုင်မြဲမယ့် အောင်မြင်မှုကို သေချာပေါက် ရနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၁၃-၈-၂ဝ၁၂

ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ် မရှိသူများကို အရေးယူ သွားမည်

The Voice Weekly

ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မြန်မာ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိ အခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိပြီး ယင်းပြည်နယ် အတွင်းရှိ ဝန်ထမ်း ၂၇၅ ဦးဖြင့် စစ်ဆေးလျက် ရှိပြီး နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ၆၈ ဦးထိ ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ဇာတိဒေသ၌ ဘင်္ဂါလီလူမျိုးများ အဆမတန် များပြားနေမှုကြောင့် နေရင်း ဒေသ သို့ ပြန်မသွားရဲကြကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတဟောင်း စစ်တွေရှိ ဒုက္ခသည်စခန်းများ သို့ စနေနေ့က သွား ရောက် လေ့လာ

လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း

The Voice Weekly
အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဥပဒေကြမ်းသုံးခု ပြည်သူ့လွှတ်တော် ထံပေးပို့
ရန်ကုန်၊ သြဂုတ် ၁၂

အမျိုးသားလွှတ်တော်တွင် အတည်ပြု ထားပြီးဖြစ်သော ‘လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း´ အပါအ၀င် ဥပဒေကြမ်းသုံးခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းနိုင်ရန်နှင့် ကိုယ်စားလှယ်များ လေ့လာ နိုင်ရန် ပြည်သူ့လွှတ်တော်သို့ ပေးပို့ ဖြန့်ဝေ ထားကြောင်း ပြည်သူ့လွှတ်တော်၏ တရားဝင် ထုတ်ပြန်ချက် အရသိရှိရသည်။

အမျိုးသား လွှတ်တော်တွင် စတင် တင်သွင်း၍ အတည်ပြုပြီးသော `နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း´ ကို သြဂုတ်လ ၇ရက်နေ့တွင် လည်းကောင်း၊ `ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း´ ကို သြဂုတ်လ ၈ရက်နေ့တွင် လည်းကောင်း၊ `လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း´ ကို သြဂုတ်လ ၃ ရက်နေ့တွင် လည်းကောင်း အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ထံ ပေးပို့ထားခြင်း ဖြစ်သည်။

ပညာသင်နိုင်ရေး လုံခြုံရေးပေးရန် ဘူးသီးတောင်၊ မောင်တော ဒေသခံများ သမ္မတထံစာတင်မည်

The Voice Weekly
ရန်ကုန် သြဂုတ် ၁၁

ဆူပူ အကြမ်းဖက်မှုများ ပြန်လည် တည်ငြိမ်နေပြီဟု ပြည်နယ် အစိုးရ အဖွဲ့မှ တရားဝင် ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများတွင် အခြေခံ ကျောင်းများ ပြန်လည် မဖွင့်လှစ် နိုင်သည့် အတွက် ပညာသင်ယူခွင့် ဆုံးရှုံး နေသည့်ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နိုင်ရေး လုံခြုံရေး ချပေးရန် အဆိုပါ ဒေသမှ
ရပ်မိရပ်ဖများ စုပေါင်းကာ နိုင်ငံတော် သမ္မထံ စာတင်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေသတွင်း ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားစဉ် ဘူးသီးတောင်၊ မောင်တော ဒေသများမှ ကျောင်းဆရာ၊ ကျောင်းဆရာမများမှာ နေရပ် ပြန်သွားကြပြီး ကျောင်းများကိုပါ ယာယီ ပိတ်ထားခဲ့ရကြောင်း၊ အဆိုပါကျောင်းများမှာ ယခုချိန်ထိ ပြန်ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အပြင် ဆရာ၊ ဆရာမများပါ ပြန်မရောက်ရှိသေးသဖြင့် ကျောင်းသား သောင်းချီ ပညာသင်ယူခွင့် ဆုံးရှုံးနေရ ကြောင်း ဟု ဘူးသီးတောင်မြို့နယ် ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ဦးညီညီက ဆိုသည်။

ဒီက ၁၀ တန်းအောင်ပြီးသား သူတွေ၊ နောက် ၁၀ တန်းကျတဲ့ သူတွေက သူတို့ရွာတွေမှာ ရှိတဲ့ မူလတန်း ကျောင်းသား တွေကို စာသင်မယ်။ အဲဒီအတွက် လုံခြုံရေး ပေးဖို့ တောင်းဆို သွားမှာပါ ၄င်းကဆို သည်။

သို့သော် အစိုးရ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန် စိန်ခေါ်မှု များစွာ ရှိသေးကြောင်း ဒေသခံများက သုံးသပ် ကြသည်။

ဦးပဇင်း ကျောင်းမှာတောင် ဒုက္ခသည် ၃၀၀ ကျော်ရှိသေးတယ်။ လုံခြုံရေးပေး မယ်ဆိုရင်တော့  ကလေးတွေ အတွက် ကောင်းတာပေါ့ ဟု မောင်တောမြို့အောင်မြေ ဗောဓိသာသနာ့ ရိပ်သာ အလိုတော်ပြည့် ကျောင်းမှ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။

ဘူးသီးတောင်၊ မောင်တောရှိ ဒေသရှိ ကျောင်းများကို ပြန်လည် ဖွင့်လှစ်ရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က စီစဉ်နေသော်လည်း ဒေသတွင်း ဆူပူမှုများ မူလ အနေထားသော ပြန်မရောက်ရှိသေးသဖြင့် ကျောင်းများ ပြန်လည် ဖွင့်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါအစိုးရ ဖွဲ့မှ အမည် မဖော်လိုသူ အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။

ဇွန်လ ၈ ရက်နေ့က ပြန်ဖွင့်ဖို့ လုပ်သေးတယ်။မြို့ထဲမှာ ဗုံးဖောက်မယ်လို့ သတင်းတွေ ထွက်နေတော့ မဖွင့်ဖြစ်ခဲ့ဘူး ၄င်း က ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မှုများ ပြန်လည် တည်ငြိမ်နေပြီဟု ဆိုသော်လည်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ကျောင်းပေါင်း ၄၆၀ ကျော် ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိဘဲ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား စုစုပေါင်း ရှစ်သောင်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးလျက် ရှိကြောင်း ရခိုင်အမျိုးသား ကွန်ရက် (ရန်ကုန်) က ပြည်နယ် ပညာရေးဌာနက ရရှိခဲ့သော စာရင်း များအရ ကိုးကား ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်တွင် သြဂုတ်လ ၆ ရက်နေ့မှ စ၍ အရေးပေါ် လုံခြုံရေး အင်အား တိုးချထားပြီး ဈေးများနှင့် ရုံးများ ကိုပါ ပိတ်ထားရန် ဒေသ အာဏာပိုင်များက အသိပေး ကြေညာလျက် ရှိကြောင်း အဆိုပါ ဒေသ အာဏာပိုင်များနှင့် မြိုခံများ ထံမှ သိရှိရသည်။

လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ အပြည့်အဝမရ

by Yangon Chronicle on Sunday, August 12, 2012 at 3:33am  ·

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ယခုနှစ် မိုးစပါးစိုက်ရန်အတွက် လယ်သမားများကိုစိုက်ပျိုးစရိတ်
ချေးငွေ တစ်ဧက ကျပ် ၅၀၀၀၀ နှုန်းနှင့် ထုတ်ပေးသော်လည်း စိုက်ဧကအပြည့်မရဘဲ လျော့နည်း
ရရှိကြောင်း ပဲခူးတိုင်းအနောက်ခြမ်း ပြည် ခရိုင် သဲကုန်းမြို့မှ လယ်သမားများက  ပြောကြားသည်။

အစဉ်အလာအားဖြင့် ဘဏ်ချေးငွေသည် ဆယ်ဧကအထက် ဆယ်ငါးဧကစိုက်လျှင်လည်း ဆယ်ဧက
အတွက်သာ စိုက်ပျိုးစရိတ် ထုတ်ပေးခဲ့ ကြောင်း ယခုနှစ်တွင် စိုက်ပျိုးစရိန်ထုတ်ရာတွင်မှု တစ်ဧက
ငါးသောင်းဆိုသော်လည်း ဆယ်ဧက (ယခင် နှစ်က ဆယ်ကထုတ်ခွင့်ရသူ) စရင်းပေါက်သူက၇ ဧက၊
၆ဧက စာရင်းပေါက်သူက ၄ဧကသာ ထုတ်ချေးခွင့်ရ၍ တစ်ဧက ငါးသောင်းဆိုသော်လည်း ငွေတိုး
ရသည့်သဘောမရှိပဲ ယခင်နှစ်ကအတိုင်းရ သည့် သဘောဖြစ်ကြောင်း လယ်ဆယ်ဧကအတွက်
ငွေလာထုတ်သူ အောင်ကုန်းရွာသားတစ်ဦးက ပြောကြားသည်။

လယ်သမားအချို့သည် တစ်ဧကကို ငါးသောင်းထုတ်ပေးမည့်သတင်းကြောင့် ကြွေးဟောင်းများကို ရှိသည့်ပစ္စည်းများ ပေါင်နှံဆပ်ကြကာ ဘဏ် ချေးငွေရရန် ပြင်ဆင်ထားသော်လည်း မှန်းချက်နှမ်းထွက်
မကိုက်ဖြစ်ကုန်ကာ အတိုးဆပ်ရသည့် ကိန်းဆိုက်သွားကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ထုတ်ပေးသည့်အချိန်ကလည်း တလခန့်နောက်ကျကြောင်း မိုးစပါးတစ်ဧကစိုက်လျှင် မြေပြင်ပျိုးနှုတ်
ကောက်စိုက် မြေဆီကြွေး စုစုပေါင်းစိုက် စရိတ် ရှစ်သောင်းခန့်ရှိပြီး ယခင်နှစ်၌ တစ်ဧကလျှင်
လေးသောင်းနှုန်းဖြင့် ဆယ်ဧကအများဆုံး ထုတ်ချေးခဲ့ပြီး ယခုနှစ်တွင် တစ်ဧက ငါးသောင်းနှုန်းသို့
တိုးမြှင်ချေးပေးခြင်းဖြစ်ကြောင်း အုတ်ဖိုရွာသားတစ်ဦးက ပြောကြားသည်။
                                                                                                                                   MP

နယ်စပ်ဒုက္ခသည်စခန်းများမှ နိုင်ငံသားများ ပြည်လည်နေရာချထားပေးနိင်ရန် စီစဉ်

by Yangon Chronicle on Sunday, August 12, 2012 at 3:38am ·

ရန်ကုန်၊ သြဂုတ် ၁၂
နှစ်ပေါင်း၆၀နီးပါး လက်နက်ကိုင်ပဋိပက္ခများဖြင့် မငြိမ်းချမ်းခဲ့သော ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသား
အစည်းအရုံး(KNU) လက်နက် ကိုင်အဖွဲ့နှင့် အရပ်သားအစိုးရတို့ ငြိမ်းချမ်းရေးဖော်ဆောင်မူ ပိုမိုပြီပြင်လာသဖြင့်
ထိုင်း- မြန်မာနယ်စပ်ရှိ နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသား တိုင်းရင်းသားများကို  ပြည်တွင်း၌   ပြန်လည်
နေရာချထားပေးနိုင်ရန် စီစဉ်နေကြောင်း ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
အောင်လွင်က ပြောကြားသည်။

ဝေါလေမြိုင်၊ စုကလိ၊ ပိုင်ကျုံနှင့် ရှမ်းရွာသစ်စသော မြို့နယ်ခွဲများအသစ်တည်ထောင်ထားပြီး ယင်း နယ်စပ်
ဒုက္ခသည်စခန်းများမှ တိုင်ရင်းသား များကို ပြန်လည်နေရာချထားပေးရန် စီစဉ်ထားကြောင်း၊ ၎င်းတို့၏ လူမူရေး၊
စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးရေးအတွက် အကူအညီများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ကူညီပေးနိုင်ရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ၎င်းက ရှင်းပြသည်။

ယခုလတ်တလောတွင်မူ ဒုက္ခသည်စခန်းများမှ ပြန်လည်ဝင်ရောက်လာသူများ မရှိသေးကြောင်း၊ မကြာမီက
ဝင်ရောက်လာသော ငြိမ်းချမ်းရေး အဖွဲ့များကို စီးပွားရေးဖွံဖြိုးရေးအတွက် စက်မူဇုန်လုပ်ငန်းများတွင် စီးပွားရေး
လုပ်ကိုင်ခွင့် များ ချထားပေးခြင်းကို ပထမဆုံးဆောင်ရွက်ပေးနေကြောင်း ၎င်းကပြောကြားသည်။

“လက်နက်စက်ရုံနဲ့ ဘိန်းဖြူစက်ရုံကလွဲလို့ ဘယ်လုပ်ငန်းမဆို လုပ်ကိုင်ခွင့် ပေးထားပါတယ်”ဟု ကရင်ပြည်နယ်
အတွင်း စက်မူဇုံ လုပ်ငန်းများ တွင် ငြိမ်းချမ်းရေးအဖွဲ့များကို ရင်းနှီးမြုပ်နှံမူပေးထားမူအခြေအနေနှင့် ပက်သက်၍
ဗိုလ်မှူး ကြီးအောင်လွင်က ဆိုသည်။

ဧပြီ လအတွင်းက ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီကလည်း
ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်အထည် ဖော်နေကြောင်း၊ လမ်းပန်းဆက်သွယ်ရေး လိုအပ် ချက်များကို ဖြည့်စည်းပေးရန် ပြည်ထောင်စုအစိုးရကို တင်ပြထားကြောင်း ယင်းအဖွဲ့ အထွေထွေအတွင်းရေး မှုး နိုင်တလညီက ပြောကြားသည်။

ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ
 ဘဝလုံခြုံမှု ရရှိရေးဆိုင်ရာ မူဝါဒချမှတ်ရေး Migrant Policy အဆိုကို ဂျူလိုင်(၃၁)ရက်နေ့တွင် ပြည်သူ့
လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ကရင်ဒုက္ခသည်စခန်း ၇ခု၊ ကရင်နီဒုက္ခသည် စခန်း ၂ခု၊ ရှမ်းဒုက္ခသည်စခန်း
၁ခုနှင့် မွန် ဒုက္ခသည်စခန်း ၁ခုရှိပြီး အဆိုပါ စခန်းများအတွင်းမှ ဒုက္ခသည်ဦးရေ စုစုပေါင်း ၄သိန်းခန့် ရှိကြောင်း
ပြည်ပအခြေစိုက် ကရင်သတင်းဌာနတစ်ခု ဖြစ်သည့်KIC ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ပြည်တွင်း သတင်းမီဒီယာတစ်ခု၏ဝက်ဆိုက် ပထမဆုံးအတိုက်ခိုက်ခံရ

by Yangon Chronicle on Sunday, August 12, 2012 at 3:25am ·

ရန်ကုန်၊ သြဂုတ် ၁၀။
            ရခိုင်ပြည်နယ်အရေးနှင့်ပက်သက်သော သတင်းဖော်ပြမူကြောင့် ရန်ကုန်မီဒီယာဂရုပ်၏ ဝက်ဆိုက်ကို
ဟက်ကာအချို့က  သြဂုတ် ၈ ရက်နေ့ တွင် ဝင်ရာက်တိုက်ခိုက်ခဲ့ကြောင်း ယင်းမီဒီယာဌာနအကြီးအကဲ ဦးကိုကို
(စက်မူတက္ကသိုလ်) က ပြောကြားသည်။

             "ဒီလိုဖော်ပြရင် တခုခုတော့ တုံ့ပြန်လာမယ်လို့ ကြိုသိနေတယ်"ဟု ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံက
ဝက်ဆိုက်အချို့ကို ဟက်ကာအချို့ ဝင်ရာက်တိုက်ခိုက်ခြင်းနှင့် ပက်သက်ပြီး ၎င်းက သုံးသက်ပြောကြားသည်။

              ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့၏ Website မှာ
သြဂုတ်လ ၇ရက်နေ့တွင် အတိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက်စာမျက်နှာများတွင် ပျံနှံနေသည်။

              Phantom Crews ၏ Facebook စာမျက်နှာတွင် မြန်မာနိုင်ငံဘောလုံးအားကစားအသင်း (Myanmar
National Football Team) ၏ Facebook စာမျက်နှာအား ယခုလဆန်းပိုင်းက ဝင်ရာက်တိုက်ခိုက်ခဲ့ကြောင်း
ဖော်ပြထားသည်။

             ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း မွတ်ဆလင်ဘာသာဝင် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အစိုးရမှ
လူမျိုးတုံး သတ်ဖြတ်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် Egyption HackerGroup နှင့် Arabian Black Hat Team
အပါအဝင် မွတ်ဆလင် Hacker Group များ ပူးပေါင်းပြီး မြန်မာနိုင်ငံအား ပူးပေါင်း CyberAttack  ပြုလုပ်လျက် ရှိကြောင်း မြန်မာအိုင်တီပညာရှင်များက စွပ်စွဲပြောဆိုသည်။

                မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းအပေါ် ပြည်ပဟက်ကာများက ယခုကဲ့သို့ တိုက်ခိုက်ခြင်း
အပေါ် အံ့သြမိကြောင်း ပြည်တွင်း ဝက်ဆိုက်အနေနှင့် ပထမဆုံးအတိုက်ခိုက်ခံရသော ရန်ကုန်မီဒီယာဂရုပ်ပိုင်ရှင်
ဦးကိုကို(စက်မှုတက္ကသိုလ်)က ဆိုသည်။

                 ထိုသို့ တိုက်ခိုက်မှုများကြောင့် မြန်မာအစိုးရ Website များ၊ Internet Service Proviter(ISP) များ ထိခိုက်လာပြီး မြန်မာနိုင်ငံအတွင်း အင်တာ နက်လိုင်းနှေးကွေးခြင်း၊ ပြတ်တောက်ခြင်းနှင့် မြန်မာနိုင်ငံကိုယ်စားပြု
Website များဖြစ်သည့် Domain Name.mm ဖြင့်ဆုံးသော Website များ အားလုံးကို တစ်ကမ္ဘာလုံးမှ ကြည့်မရတော့ခြင်း၊ အင်တာနက်နှင့် ဆက်စပ်လုပ်ငန်းများအားလုံး နှောင့်နှေးရပ်တန့်ခြင်းများ ဖြစ်ပေါ်နေကြောင်း ၎င်းတို့က ပြောကြားသည်။

        Egyption Hacker Group နှင့် ပူးပေါင်းတိုက်ခိုက်သည့်အဖွဲ့များသည် အမေရိကန်၊ အစ္စရေးနှင့် အနောက်နိုင်ငံ
များအား မကြာခဏ ထိုးဖောက် တိုက်ခိုက်လျက်ရှိပြီး Arabian Black Hat Team Hacker အဖွဲ့သည် ရုရှား၊
ဆီးရီးယား၊အီဂျစ်နှင့် အခြားအာရပ်နိုင်ငံများမှ မွတ်ဆလင် Hacker များ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
                                                                                                                                                     sweet

လူထုမကြိုက်တဲ့ ၆ တန်းအောင်အုပ်ချုပ်ရေးမှူးနဲ့ ငွေအလွဲသုံးစားမှုကြီး



တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့် (ခ) ဘာဘူ သည် ပြည်သူပိုင်သစ် (၆)တန်ကျပ်တန်ဖိုး ၁၂ သိန်းခန့်နှင့် မြေကွက် ၂၉ ကွက် ရောင်းရငွေ ကျပ်သိန်း ၈၂ သိန်းအား မတရား အလွဲသုံးစားပြုလျက် အုပ်ချုပ်ရေးမှူးအာဏာသုံးပြီး ကျေးရွာနေလူထုအား အနိုင်ကျင့် ခြိမ်းခြောက်လျက်ရှိပါတယ်။

ကျေးရွာနေလူထု ၆၀၀ ကျော် စုပေါင်းလက်မှတ်ထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး နှင့် တိုင်းအုပ်ချုပ်ရေးမှူးတို့ထံ ၃၀.၇.၂၀၁၂ တွင်တင်ပြထားသော်လည်း ယနေ့တိုင်ဘာမှ တစ်စုံတစ်ရာ ပြန်ကြားချင်းမရှိသလို ရပ်ကွက်အုပ်ရေးမှူးထပ်မံရွေးကောက်ပွဲလုပ်ပေးခြင်းမရှိပါ။

ဦးသိန်းမြင့်(ခ)ဘာဘူမှာ အုပ်ချုပ်ရေးမှူး အရည်းအချင်းမပြည့်မှီသူဖြစ်ပြီး ပညာအရည်အချင်း ၆ တန်းသာရှိသူဖြစ်ပါသည်။  ကျေးရွာနေလူထုအား သူကိုနောက် ၄ နှစ်တိုင် ဖြုတ်လို့ရမည်မဟုတ်ကြောင်းနှင့်ထပ်မံတိုင်ကြားမှုရှိလာလျှင် သူ့အကြောင်းသိရမည်ဟု ကြိမ်းဝါးလျက်ရှိ ကြောင်းသိရပါတယ်။ 

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ နှင့် သမ္မတ တွေ့ ဆုံ

by FNG on August 12, 2012

aung_2190340b

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ နှင့် လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး
ချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ အစိုးရ သမ္မတ ဦးသိန်း
စိန် တို့ သည် ယနေ့  သြဂုတ် လ ၁၂ ရက်နေ့ တွင် တွေ့ ဆုံ ခဲ့ သည် ဟု သတင်း ရရှိသည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့  က သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ 
သည် ပထမ အကြိမ် တွေ့ ဆုံ ခဲ့ ပြီး တစ်နှစ် နီး ပါး အကြာ တွင် တတိယ အကြိမ် တွေ့ ဆုံခြင်း
ဖြစ်သည်။
ဧပြီ လ ၁၂ ရက်နေ့  က ကြား ဖြတ် ရွေးကောက် ပွဲ အပြီး ဒုတိယ အကြိမ် တွေ့ ဆုံ မှု ပြုခဲ့ သည်။
ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစု ကြည် တွေ့ ဆုံ မှု တွင် မည်သည့် အကြောင်း အရာ များ တွေ့ 
ဆုံ ဆွေး နွေး နိုင်သည် ကို မသိရှိ ရ သေး သော် လည်း ရခိုင် ဒေသ အရေး နှင့် နိုင်ငံ ခြား ရင်း
နှီးမြုပ် နှံ မှု ဆိုင်ရာ ကိစ္စရပ် များ ဖြစ် နိုင်သည် ဟု သိရသည်။
ယခု တွေ့ ဆုံ မှု သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ   ဒေါ်အောင်ဆန်းစုကြည် က
လွှတ်တော် တွင် င့် လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ
ဥက္ကဌ အဖြစ် စတင် တာဝန်ထမ်းဆောင် ပြီး ငါးရက် အကြာ တွင် ဖြစ်သည်။
freedomnewsgroup.com 

သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ

by FNG on August 9, 2012

HKT မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က လှို့ ဝှက် စွာ ခေါ် ယူ တွေ့ ဆုံ ပြီး လက်
ရှိ တာဝန်ထမ်းဆောင် နေသည့် ပြန်ကြား ရေး ၀န်ကြီး ရာထူးနေရာ မှ နှုတ်ထွက်
စာ တင် ရန် တိုက်တွန်းချက် ကို ဦးကျော် ဆန်း က လက်မခံ ဘဲ ပယ် ချ လိုက်
သည် ဟု FNG မှ သတင်း ရရှိသည်။

ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို့  ၏ သမ္မတ
အိမ်တော် တွင်သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ဦးကျော်ဆန်း အား ဖိတ် ခေါ် ပြီး
နှုတ်ထွက် ပြီး အနားယူရန်တိုက် တွန်း သော်လည်း ဦးကျော် ဆန်း က ငြင်းဆန်
ခဲ့ သည်။

ထိုကဲ့ သို့  တွေ့ ဆုံ မှု ပြု လုပ် ပြီး နောက် ပြန်ကြား ရေး ၀န်ကြီး ဌာန ၏ အင်တာ
နက် စာမျက်နှာများနှင့် Facebook စာမျက် နှာ များ ဖောက်ထွင်း ခံ ရသည် ဟု
ဆိုကာ ဦးသိန်းစိန် အစိုးရ ၏ ရိုဟင်ဂျာအရေး ကိုင် တွယ် ပုံ အား ဝေဖန် မှု
ပြုထား သည့် စာ တို ပေစ များ တက်ရောက် လာခဲ့ သည်။

ဦးကျော်ဆန်း နှင့် ဦးသိန်းစိန် ၏ တိုက် ပွဲ ကြား တွင် လျှပ်တပျက် ဂျာနယ်
အယ်ဒီတာ ချုပ် ဦးမြတ် ခိုင် ၊ The Voice ဂျာနယ် နှင့် Envoy ဂျာနယ် တို့ 
မြေစာ ပင် ဖြစ်ရသည် ဟု ရန်ကုန်မြို့  မှာ စစ်တပ် အရာ ရှိ စာရေး ဆရာ
တစ်ဦး က FNG udk ပြောသည်။

ဦးသိန်းစိန် အား လိုလား သူများ က ဦးကျော်ဆန်း ၏ လူယုံ တစ်ယောက်
ဖြစ်သော ဦးမြတ်ခိုင် အား တရား စွဲ ဆို ထား သည့် အမှု များ နောက်ကွယ် က
ပါရှိ နေ ပြီး ဦးကျော်ဆန်း ကလက် စားချေ သော အား ဖြင့် ပြည်တွင်း ဂျာနယ်
၂ စောင် ကို ထုတ်ဝေ ခွင့် ပိတ် ပင် မှု ပြုလိုက် သည် ဟု ဆိုသည်။

အဆိုပါ ထုတ်ဝေခွင့် ပိတ် ပင် ခဲ့ မှု ကြောင့် သတင်းထောက် နှင့် စာနယ်ဇင်း
သမား များ ချီတက်ဆန္ဒပြ မှု ပြု ကြ ပြီး နောက် တွင် ဦးသိန်းစိန်
ဦးကျော်ဆန်း ကို သတိပေး စကား ဆို ကာခေါ်ယူ တွေ့ ဆုံ ပြီး ၊
နှုတ် ထွက် စာ တင် ခိုင်း ခြင်း ဖြစ်သည်။
http://freedomnewsgroup.com/2012/08/09/thein-sein-v-s-kyaw-san/

ဦးမြင့်ဆွေမှာ ဒုတိယသမ္မတ ဖြစ်လာနိုင်ခြင်းမရှိတော့သဖြင့်ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်မှာ စစ်ထောက်ချုပ်နေရာသို့ ပြန်လည်ရောက်ဖွယ်ရှိ


 Yangon Chronicle

တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ ရာထူးနေရာ အတွက် မြန်မာစစ်တပ်အတွင်း ရာထူးခန့် အပ်ခြင်း အမိန့်များကို ပြန်လည်ပြင်ဆင်နိုင်ဖွယ်ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ထောက်ချုပ်ရာထူးနေရာအတွက် စစ်ဌာနချုပ်တိုင်းမှူးတဦးကို ခန့်ထားသည့်အမိန့် ထွက်ရှိပြီးဖြစ်သည့်အပြင် အဆိုပါစစ်တိုင်းမှူးနေရာ အပါအဝင် ကျန်လစ်လပ်သွားသည့် ရာထူးနေရာများအတွက် ခန့်အပ်သော အမိန့်များထွက်ရှိပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

"စစ်တပ်က ဘာမဆိုနောက်ကြောင်းပြန်နိုင်တယ်"ဟု ယခင်အစိုးရ အကြီး အကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်ကို မူလရာထူးသို့ ပြန်လည်ခန့်ထားနိင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

လစ်လပ်သွားသည့် ဒုတိယသမ္မတနေရာအတွက် ယခင်လပိုင်းက ရန်ကုန်တိုင်းဒေကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို လျာထားခဲ့ပြီး၊ ဦးမြင့်ဆွေမှာ ဒုတိယသမ္မတ ဖြစ်လာနိုင်ခြင်းမရှိတော့သဖြင့် ဝန်ကြီးချုပ် အဖြစ် ဆက်လက်တာဝန်ယူနေကာ ၎င်း၏နေရာတွင် ခန့်အပ်ဖွယ်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်မှာ စစ်ထောက်ချုပ်နေရာသို့ ပြန်လည်ရောက်ရှိဖွယ်ရှိကြောင်း သိရသည်။