Monday, August 13, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ သြဂုတ်လ ၁၄ မနက်ဖြန် တွင်နေ့လည်စာအတူစားသုံးကြမည်
Yangon Media Group
========
ဝေမာသိမ့်
======================================
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ထမင်းစားချိန်တွင် ပြည်သူ့လွှတ်တော်ရှိ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များနှင့် နေ့လည်စာ အတူတကွ စားသုံးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော်ရှိ လက်ဖက်ရည်သောက်နားနေခန်းအတွင်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် တိုင်းရင်းသား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီ အသီးသီးမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၂၇ဦး တို့နှင့် ရင်းရင်းနှီးနှီး နေ့လည်စာ စားသုံးကြမည် ဖြစ်သည်။
ဖလုံ-စဝေါ် ဒမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးဝါက"ကျမကို ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ကြာသာပတေးက ကတွေ့တဲ့ အချိန်မှာ နောက်တစ်ပတ် အင်္ဂါနေ့(သြဂူတ်လ ၁၄)ရက်နေ့ နေ့လည် မှာ ထမင်းလက်စုံစားရအောင်ပြောပါတယ် အားလုံးကိုလည်း ဖိတ်ပေးပါလို့ပြောပါတယ် ၊ ကြံခိုင်ရေးပါတီက ဒေါ်လဲ့လဲ့ဝင်းဆွေတို့ကလည်း အားလုံးစုပေါင်းပြီးစားဖို့ အသီးအနှံတွေလုပ်ထားပါတယ်" ဟုပြောကြားသည်။
အမျိုးသားဒီမိုကရေစီ ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်မှ "ကျမတို့ပါတီက အမျိုးသမီးတွေတော့ မဖိတ်ထားဖူး ကျမတို့ အရင်ရောက်နှင့်နေတဲ့ ပါတီ အသီးသီးက အမျိုးသမီးတွေအားလုံးနဲ့ တွေ့မယ်ပြောတယ် နေ့လည်စာအတွက် လွှတ်တော်က ကော်ဖီဆိုင်မှာ လက်စုံစားကြဖို့ ပြောထားပါတယ် စုစုပေါင်း ကျမသိတာကတော့ ကျွန်မတို့မပါသေးဘူးဆို၇င် ၁၄ ဦး လို့သိရပါတယ် နောက်မှဖိတ်ရင်တော့ မပြောတတ်ပါဘူး" ဟုပြောကြားသည်။
အဆို ပြည်သူ့လွှတ်တော် အမျိုးသမီး ကိုယ်စားလှယ်များ နေ့လည်စာ အတူတကွစားသုံးကြရာတွင် အမေရိကန်မှ စီးပွားရေးပိတ်ဆို့မှုအား ရုတ်သိမ်းပေးရေးနှင့်ပတ်သက်၍ အရေးကြီး အဆိုအဖြစ်တင်သွင်းခဲ့သူ ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုအား ဖိတ်ကြားခြင်း မရှိဟူ သတင်းများထွက်ပေါ်နေခဲ့ရာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များသို့ တာဝန်ယူဖိတ်ကြားပေးသော ဖလုံ-စဝေါ် ဒီမို ကရက်တစ်ပါတီမှ ဒေါ်နန်းစေးဝါးက "ပြည်သူလွှတ်တော် အတွင်းရှိ အမျိုးသမီးအားလုံးကို ဖိတ်ကြားထားခြင်းဖြစ်ပြီး ဒေါ်နန်းဝါနုအား ဖိတ်ကြားထားခဲ့ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အားလုံးအား ဖိတ်ကြားထားပြီ ဖြစ်ကြောင်း အဆိုပါ သ၀တင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွု့ချုပ် မှ ဒေါ်မေ၀င်းမြင့်ကပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုကဲ့သို့ပြောကြားခြင်းမရှိကြောင်း မိသားစုကဲ့သို့ ရင်းရင်းနှီးနှီး ထမင်းလက်စုံ စားချင်တဲ့အတွက် အမျိုးသမီးအားလုံးကိုဖိတ်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုအား ဆက်သွယ်မေးမြန်းရာ " ဖိတ်ထားတယ် မနက်ဖြန်သွားမယ်ပေါ့ ဘာချက်ထည့် သွားရမှန်းတောင်မသိသေးဘူး " ဟုပြောကြားခဲ့သည်။
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံမှု မှတ်တမ်း
http://blog.irrawaddy.org/2012/08/blog-post_3460.html
လက်နက်မဲ့  လွှတ်တော်ကိုယ်စားလှယ်နဲ့  အစိုးရကြားထဲမှာ
အာဏာမဲ့  လွှတ်တော်ကိုယ်စားလှယ်နဲ့  အစိုးရကြား ပြည်သူတွေကဘာလုပ်ရမှာလဲ
သမ္မတဦးသိန်းစိန်စကားကို ပြည်သူတွေ ထောက်ခံကြသည် ။  ထို့ ကြောင့် နိုင်ငံတော်အလံကို အိမ်တိုင်းမြို့ တိုင်း ထောင်ခဲ့ ကြသည် ။ ရန်ကုန်မြို့ တွင် ထောက်ခံကြောင်း ဆန္ဒပြထောက်ခံပွဲ လုပ်ခဲ့ ကြသည် ။ သူတို့ ကို ဖမ်းဆီးပြီး ရုံးတင် တရားစွဲဆိုခံရသည် ။ အာမခံနှင့် နေရသော သူတို့ မှာ ယခုအပြင်မှာ နေရသော်လည်း အမြင်ကပ်ပုဒ်မ တပ်ခံရလျှင် အဖမ်းဆီးခံရနိုင်သည် ။ သမ္မတဦးသိန်းစိန်၏ စကားကို ထောက်ခံကြောင်း တင်ပြသောကြောင့်  ဖမ်းဆီးခံရမည့်ကိန်း ဆိုက်နေသည် ။ ကျွန်တော်စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရပါသည် ။ မေတ္တာရပ်ခံပါသည် ။ သူတို့  အား တရားစွဲဆိုထားခြင်းနှင့် အာမခံဖြင့် နေထိုင်ရခြင်းကို ကွင်းလုံးကျွတ်လွှတ်ပေးစေလိုသည် ။
                သမ္မတဦးသိန်စိန်၏ တိုက်တွန်းချက်အရ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် တွေ့ ဆုံနေခြင်း ၊ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့ ဆုံနေခြင်းတို့ မှာ ရခိုင်ပြည်နယ်မှ အကြောင်းအရာများဖြစ်သည်ဟု ကြားသိရသည် ။ ထူးခြားသည်မှာ ရခိုင်လူမျိုးတွေကို ရခိုင်လူမျိုးတွေက ပြောဆိုမှ နားဝင်လက်ခံမည်ဆိုပြီး ပြောလွှတ်လိုက်၍ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ယခုဆိုလျှင် ရခိုင်ပြည်နယ်မှာ လူထုနှင့် တွေ့ ဆုံနေကြခြင်းဖြစ်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါက်တာမြတ်ညာဏစိုး၏ လူမျိုးခြားများက စိမ့်ဝင်လာခြင်းကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်လာသော ပြသနာကို ဖြေရှင်းနိုင်ရန် လွှတ်တော်မှာ ဆွေးနွေးသင့်သည်ဟု တင်ပြသည်ကို ကြံ့ ခိုင်ရေးနှင့် ဖွဲ့ ဖြိုးရေးပါတီက လက်မခံဘဲ ပယ်ချသည်ကိုလည်း ကြားရသည် ။ မဆွေးနွေးဖြစ်သေးလျှင် တချိန်ချိန်၌ ဆွေးနွေးရန် မှတ်တမ်းတင်ထားသင့်သည် ။
           ကမ္ဘာ့ဗုဒ္ဒဘာသာ အဖွဲ့ ချုပ်မှလည်း  ဗုဒ္ဒဘာသာဝင်များဖြစ်သော ရခိုင်ပြည်နယ်မှ ဒုက္ခသည်များကို သနားဂရုဏာကြီးစွာဖြင့် သွားရောက်ကြည့်ရှုရန် လိုအပ်နေသည် ။ မြန်မာနိုင်ငံ၌ နိုင်ငံတော် သံင်္ဃာ့နာယကအဖွဲ့ ရှိနေရာ ကမ္ဘာ့ဗုဒ္ဒဘာသာအဖွဲ့ ချုပ်နှင့် ပူးပေါင်းပြီး အားပေးကူညီ သွားရောက်ကြရန် အစိုးရမှ ကမ္မကထ ဖိတ်ကြားဆောင်ရွက်ပေးသင့်သည် ။ တချိန်တည်းမှာပင် နိုင်ငံတကာမှ အစိုးရများနှင့် သံတမန်များက လာရောက်နေသည်ထက်  မြန်မာနိုင်ငံသို့  မွတ်ဆလင်ဘာသာကိုးကွယ်သောနိုင်ငံများမှ လာရောက်နေကြသည် ။ ယခုဆိုလျှင် မွတ်ဆလင်ဘာသာဝင် အဖွဲ့ ချုပ် ( OIC ) မှာ ရခိုင်ပြည်နယ်သို့  မကြာခင်လာရောက်တော့မည်ဟု သတင်းတွေ ထွက်လာသည် ။ သို့ သော် သူတို့ ၏ ထုတ်ပြန်သော သတင်းလား သို့ မှမဟုတ် ရေဒီိယို-ဖရီးအာရှ ( RFA )  မှ လုပ်ကြံ၍ လွှင့်သွားလေသလား မသိ ။ ဘင်္ဂလီရိုဟင်ဂျာများကို အလှူအဒန်းပေးရန် သမ္မတဦးသိန်းစိန်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းတွေကြားရသည် ။ မြန်မာနိုင်ငံတော်၏ သမ္မတကြီး ဦးသိန်းစိန်မှ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုသော လူမျိုးသည် တိုင်းရင်းသားလူမျိုး မဟုတ်ကြောင်း ပြောထားပါလျှက်နှင့် အဘယ့်ကြောင့် မြန်မာနိုင်ငံရှိ ဘင်္ဂလီရိုဟင်ဂျာ လူမျိုးကို လှူဒန်းရန် လာမည်ဆိုသော သတင်းထွက်လာရသနည်း ။
     အကယ်၍ ယင်းသို့  သတင်းထွက်လာလျှင် မြန်မာနိုင်ငံအစိုးရမှ ချက်ချင်း တုန့် ပြန်ဖြေရှင်းရန် အရေးကြီးသည် ။ ပြည်တွင်းဂျာနယ်များမှလည်း ဤကဲ့သို့  ပြည်ပနိုင်ငံတကာအစိုးရ၏ သတင်းများ ထုတ်လွှင့်နေမှုကို ဖေါ်ပြနိုင်ရမည်ဖြစ်သည် ။ ယခုအချိန်တွင် နိုင်ငံတကာ၌ မြန်မာနိုင်ငံ၏ နိုင်ငံတော်အလံများကို မီးရို့ နေခြင်းနှင့် သံတမန်တွေကို တိုင်းပြည်မှ နှင်ထုတ်နေကြသည့် သတင်းတွေ ကြားနေရပြီ ။ ပြီးတော့ ဗုဒ္ဒဘာသာဝင် မြန်မာနိုင်ငံသားတွေကို ကုလားတွေက ဖမ်းဆီးသတ်ဖြတ်နေသော သတင်းများကြားနေရသည် ။ ၄င်းသတင်းများကို ကွန်ပြူတာ မသုံးသောသူများ မည်သို့ မျှ သိရှိကြမည်မဟုတ် ။ ထို့ ကြောင့် သိသောသူများက မီဒီယာများမှ တင်ပြခွင့်ကို အစိုးရမှ လိုက်လိုက်လျောလျော ပြုလုပ်ဆောင်ရွက် ပေးရမည်ဖြစ်သည် ။
        ပြည်တွင်းတွင်သတင်းများကို လူမသိ သူမသိအောင် ထားခြင်းဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံ၏ မွတ်ဆလင်ဘာသာဝင်နိုင်ငံများ၏ ရန်စကျူးကျော်မှုများမှာ လွန်စွာ အတင့်ရဲလာကြပြီဖြစ်သည် ။ ထို့ ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာသို့  ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များကို ဖြေရှင်းတင်ပြရန် ကိုယ်စားလှယ်များ စေလွှတ်ရမည်ဖြစ်သည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်- အမျိုးသားဒီမိုကရေစီအင်အားစုအဖွဲ့ တို့  ပူးပေါင်းပြီး ကမ္ဘာတလွှား လှည့်လည်ကာ အဖြစ်အပျက်သတင်းစဉ်များကို  တင်ပြနိုင်မှသာ နိုင်ငံတကာရှိ မြန်မာသံရုံးများမှ သံတမန်များမှာ အိနြေ္ဒသိက္ခာ ရကြမည်ဖြစ်သည် ။ မွတ်ဆလင်နိုင်ငံများမှ မြန်မာနိုင်ငံသို့  လာကြမည်ဆိုတိုင်း ကမ္ဘာသိကြေညာသောအခါ ဘင်္ဂလီရိုဟင်ဂျာ ဟု ဆိုလိုက်သည်နှင့် မြန်မာနိုင်ငံတွင် ၄င်းလူမျိုးများမှာ ၀ါဒဖြန့် မှု ထိရောက်နေပြီ ဆိုသည်ကို စဉ်းစားထားရမည်ဖြစ်သည် ။ ထို့ ကြောင့်မြန်မာနိုင်ငံမှ  သံခင်းတမန်ခင်း ကိုယ်စားလှယ်များက  ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးတို့ ၏ အိမ်ရှင်ဖြစ်သော နိုင်ငံမှာ ဘေးအန္တရယ်ကြီးမားစွာ ဖြစ်ပျက်ခံစားနေရသည့် အခြေအနေနှင့် ဘင်္ဂလီ လူမျိုးတို့ ၏ တစိမ့်စိမ့် ခိုးဝင်လာခြင်းသောကြောင့် ယခုလို ပဋိပက္ခတွေ့ ဖြစ်ပေါ်လာရသည်ဟု နိုင်ငံတကာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ရန် အရေးတကြီးလိုအပ်နေပြီ ။
        လက်နက်လည်း မရှိ-နိုင်ငံရေးအာဏာလည်း မရှိသော ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များမှာ မိမိတို့  ရခိုင်လူမျိုးကို ပဋိပက္ခများ မဖြစ်ပွါးစေရန် ပြောဆိုတင်ပြနိုင်သည် ။ သို့ သော် ရန်စကျူးကျော်နေသော မွတ်ဆလင်ဘာသာဝင် ကုလားလူမျိုးတို့ မှ ကျူးကျော်ရန်စလာနေခြင်းကိုမူ မည်သို့ မျှ တားဆီးနိုင်သူများမဟုတ်ချေ။  သို့ ဖြစ်၍ ဤအချက်ကို အစိုးရမှ တာဝန်ယူဖြေရှင်းရန်လိုသည် ။ ပုဒ်မမ( ၁၄၄ ) ထုတ်ထားလျှင် ယင်းဥပဒေ၏ အနှစ်သာရအတိုင်း ဆောင်ရွက်စေဖို့  အမိန့် ကို တင်းကြပ်စွာ ထုတ်ပြန်ထားရန်လိုသည် ။ ယင်းဥပဒေကို လူတိုင်းသိရှိအောင် စာရွက်စာတမ်း ဖြန့် ချီ ထုတ်ဝေပေးရန်လိုသည် ။ ဥပဒေချိုးဖေါက်သူများကို ဥပဒေအကြောင်းအရ တိကျစွာ ကိုင်တွယ်ဖြေရှင်းရန်လိုသည် ။  ၄င်းဥပဒအတိုင်း မဆောင်ရွက်ဘဲ နေကြသောအခါ ယခုလို ပြသနာတွေက ရှင်းမရ ထိမ်းမရ ဂယက်ထနေဆဲ ဖြစ်နေသည်မှာ အဆန်းမဟုတ်တော့ ။ ယခုအချိန်မှာ အေးဆေးနေ၍ မရနိုင်လောက်အောင်ကို ဖြစ်နေပြီ ။ ပြင်ပကမ္ဘာကို မထွက်ဘဲနှင့် နေခြင်း ၊ တိကျစွာ ဥပဒေအတိုင်း မဆောင်ရွက်ဘဲနေခြင်း ၊ မည်သူပြောပြော တုံဏိဘာဝေ နေပြခြင်းကိုသာ ဆက်လက်ကျင့်သုံးနေလျှင်မူ နာမည်ကောင်းရနေသော အစိုးရအဖို့  ပြောစရာတွေ တပုံကြီး ရှိလာနိုင်ကောင်းသည် ။ သို့ ဖြစ်၍ မြန်မာနိုင်ငံ သံအရာရှိများက မွတ်ဆလင်နိုင်ငံများမှ မနှင်ထုတ်ခံရခင် နိုင်ငံတကာများ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်မှာ အရေးကြီးသည် ။ လက်နက်မဲ့  လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရကြားထဲမှာ အားကိုးရာမဲ့ နေသော ရခိုင်လူမျိုးတို့ အဖို့  ယခုအချိန်မှာ ဘာလုပ်ရမည်လဲ ဆိုသည်ကို အဖြေမရကြတော့ပြီဖြစ်သည် ဆိုက မှားမည်မထင် ။
ခိုင်အောင်ကျော် ( နယူးယောက် )
သတင်းစာ ဆရာအသင်း ကိုယ်စားလှယ်တွေကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ခေါ်တွေ့
 12 သြဂုတ်လ 2012 - 15:22 GMT(BBC)
မြန်မာနိုင်ငံမှာ အစိုးရရဲ့ အမြုတေ စာနယ်ဇင်း ကောင်စီနဲ့ အပြိုင်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းက
 အဖွဲ့ဝင်တွေကို ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက တနင်္ဂနွေနေ့က ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။
အမြုတေ စာနယ်ဇင်းကောင်စီကို အစိုးရက ဖွဲ့စည်းခဲ့အပြီး ၂ရက်အကြာမှာ အဲဒီ စာနယ်ဇင်း ကောင်စီ ဝင်တွေ အပါအဝင်
 သတင်းသမားတွေက မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းကို ဖွဲ့စည်းလိုက်ပြီး အစိုးရရဲ့ စာနယ်ဇင်းကောင်စီရဲ့ တာဝန်ပိုင်း
ဆိုင်ရာ အချက်တွေကို ပြင်ဆင်ရေးဆွဲပေးဖိုေ့ ကြညာချက် ထုတ် တောင်းဆိုခဲ့ကြတာပါ။
အမြုတေ စာနယ်ဇင်းကောင်စီရဲ့ စာပေစိစစ်ရေး အပါအဝင် လုပ်ငန်း တာဝန်ပိုင်း ဆိုင်ရာ အချက်တွေကို ပြင်ဆင်ရေးဆွဲပေးဖို့
 အဲဒီေ ကြညာချက် သဘောထားတွေနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးကျော်ဆန်းကိုေ ပြာပြခဲ့ကြသလို ဝန်ကြီး ဦးကျော်ဆန်းဘက်
ကလည်း ဒီအချက်တွေကို ဘာေ့ကြာင့် ထည့်သွင်း ရေးဆွဲခဲ့တာလဲ ဆိုတာကို ပြန်ရှင်းပြခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာ
 အသင်း ဥက္ကဌ စာရေးဆရာ မောင်ဝံသက ဘီဘီစီကို ပြောပါတယ်။
သတင်းသမားတွေဘက်ကတော့ ဒီအချက်တွေကို ပြင်ဆင်မပေးရင် အမြုတေ စာနယ်ဇင်းကောင်စီထဲမှာ မပါနိုင်ကြောင်း
အတိအလင်း ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။
စာပေစိစစ်ရေးဆိုင်ရာ လုပ်ငန်းတာဝန် အချက်အလက်တွေကို ပြင်ဆင် ပြောင်းလဲဖို့ တောင်းဆိုထားဆဲ ဖြစ်တဲ့အတွက် အမြုတေ စာနယ်ဇင်းကောင်စီရဲ့ စာပေစိစစ်ရေး လုပ်ငန်းတာဝန်တွေ မစနိုင်သေးပဲ လောလောဆယ်မှာ ထုတ်တင် စနစ်အစား
 စာမူတွေကို စိစစ်ရေးကို ကြိုတင်ကြဖို့ ဖုန်းဆက် ပြောကြားတာတွေ ရှိနေတယ်လို့ သိရကြောင်း၊ ဒါ့ကြောင့် စာပေစိစစ်ရေးက
ဆက်ရှိဦးမယ့် သဘောမျိုးလို့ ယူဆရကြောင်း မောင်ဝံသက ပြောပါတယ်။
သတင်းသမားတွေဘက်က ပြောစရာ ရှိတာတွေကို ပြန်ကြားရေး ဝန်ကြီးကို ပြောပြ ထားပြီး ဖြစ်ပြီး ဘယ်လောက်အထိ ပြင်ဆင်
 လိုက်လျောပေးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Popular Myanmar News Journal 13 hours ago "မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၂"
အကြောင်းအရာ။ ။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု
၁။ သြဂုတ် ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်း ခြင်း ကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းက လက်မခံနိုင်သည့် အချက်များကို ပြင်ဆင် ပြောင်းလဲရန်နှင့် ထိုသို့ ပြင်ဆင်ပြောင်းလဲခြင်းမပြုပါက မြနိမာနို င်ငံသတင်းစာဆရာအသင်းကို ကိုယ်စားပြုသော ကိုယ်စားလှယ်များသည် အမြုတေစာနယ်ဇင်းကောင်စီတွင် ပါဝင်တော့မည်မဟုတ်ကြောင်း ၁၁ သြဂုတ် ၂၀၁၂ နေ့ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် အတည်ပြုခဲ့ပါသည်။
၂။ ထိုနေ့ ညနေတွင် စာပေစိစစ်ရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ MJA ညီလာခံ ကျင်းပရာ ယုဇနဂါးဒင်းဟိုတယ်သို့ လာရောက်ပြီး ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက MJA ကိုယ်စားလှယ်များအား ဆွေးနွေးလိုကြောင်း ဖိတ်ကြားသဖြင့် ၁၂၊ ၈၊ ၂၀၁၂ နေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗဟိုပုံနှိပ်တိုက်ခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံရာတွင် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူအချို့ပါဝင်ပါသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ နာယက ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဥက္ကဌ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဒုဥက္ကဌ-၁ ဦးကိုကို၊ ဒုဥက္ကဌ-၂ ဦးသီဟစော၊ နိုင်ငံခြားဆက်ဆံရေးမှူး ဦးအောင်လှထွန်း စုစုပေါင်း ၅ဦး တက်ရောက်ခဲ့ပါသည်။
၃။ MJA ဘက်မှ ဆွေးနွေးချက်များမှာ MJA သဘောထားကြေညာချက်တွင် ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်သည့် ပြင်ဆင်ဖြုတ်ပယ်ပေးရန် စာပိုဒ်နှင့်စာသားများကို ကျိုးကြောင်းဖော်ပြပြီး ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပါသည်။
ပြင်ဆင်ပြောင်းလဲပေးရန် တောင်းဆိုထားသော စာပိုဒ်၊ စာသားများကို ပြင်ဆင်ပြောင်းလဲပေးရန် နှင့် အမြုတေစာနယ်ဇင်းကောင်စီတွင် အခြားအမျိုးအစားများက များနေပြီး အဓိကကျသည့် သတင်းစာဆရာအရေအတွက်နည်းနေခြင်းကို တိုးမြှင့်ပေးရန် MJA အဖွဲ့က တင်ပြခဲ့ပါသည်။ ထို့ပြင် စာနယ်ဇင်းကျင့်ဝတ်ရေးဆွဲရန်တာဝန်ရှိသည့် အဖွဲ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် စပ်လျဉ်းပြီး မေးခွန်းထုတ်ဖွယ် ဖြစ်နိုင်သူ(သို့)ဖြစ်နိုင်သူများ မပါဝင်သင့်ကြောင်း တင်ပြခဲ့ပါသည်။
၎။ MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့် အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားပြီး MJA နှင့် ဆွေးနွေး ပြီးပြတ်သည်အထိစောင့်ဆိုင်းမည်ဟု ပြန်ကြားရေးဝန်ကြီးကပြောကြားပါသည်။ အမြုတေစာနယ်ဇင်းကောင်စီ လုပ်ငန်းလည်ပတ်နိုင်ချိန်အထိ စာပေစိစစ်မှုများ ဆက်ရှိနေဦးမည်ဟု သိရပါသည်။
၅။ MJA ကိုယ်စားလှယ်များက ပြန်ကြားရေးဝန်ကြီးဌာနမှ အမြုတေစာနယ်ဇင်းကောင်စီနှင့် စပ်လျဉ်းပြီး နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုလျှင် မိမိတို့အား ကြိုတင် အသိပေးရန် ပြောကြားခဲ့ပါသည်။
၆။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ထူးခြားလျှင် ဆက်လက်သတင်းထုတ်ပြန်ပါမည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
၁၃ သြဂုတ် ၂၀၁၂
ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ
သမ္မတကြီး / လွှတ်တော်ဥက္ကဌကြီး သူတို့ကို အရေးယူပေးပါ
ရွှေပြည်စိုး၊ သြဂုတ် ၁၊ ၂၀၁၂
ပြီးခဲ့တဲ့အပတ် ၂၀၁၂ – ၇ -၂၁ ရက်နေ့ပါ ပြည်တွင်းဂျာနယ်အချို့၊ လူမှုကွန်ယက်၊ Facebook ၊ များနဲ့ ပြည်ပရှိ မိုးမခ၊ ဧရာဝတီ …..စတဲ့ အင်တာနက်သတင်းစာမျက်နှာတွေမှာ ပြည်သူ့လွှတ်တော်အမတ်၊ ကြံ့ဖွတ်ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်ပြည်က Southern Weekend သတင်းစာနဲ့မေးမြန်းခန်း ( Interview ) မှာ သူက -
” သမတကြီးဦးသိန်စိန်ရဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားတာဟာ သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ဆုံးဖြတ်ချက် မဟုတ်ဘူး၊ ဒါကိုဆန့်ကျင်တယ်၊ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင်လုပ်တာ “
ဆိုပြီးပြစ်တင်ဝေဖန်တယ်၊
” မြစ်ဆုံစီမံကိန်းကိုပြန်ဆောက်ရမယ် “လို့လည်းပြောသေးတယ်။သမတ က သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိလို့ဆုံးဖြတ်တယ်ဆိုတာ သူနားလည်ပုံ မပေါ်ဘူး၊
“ဒီစီမံကိန်းကို ပြန်ဆောက်ရမယ်”
လို့ပြောရအောင် သူ့မှာဘာ ပါဝါ၊ ဘာအာဏာများရှိလို့လဲ။
ဦးသိန်းစိန်ဆိုတာ ဗိုလ်ချုပ်ကြီးဟောင်း၊ လွှတ်တော်က တင်မြှောက်ထားတဲ့၊ အများက အသိအမှတ်ပြုထားတဲ့ သမတ။
ဦးအောင်သိန်းလင်းဆိုတာက ဗိုလ်မှူးချုပ်ဟောင်းနဲ့ ရန်ကုန်မြို့တော်ဝန်သာဖြစ်တယ်။ သူ့ထက် အသက်ကြိး၊ ရာထူးကြီးပြီး အတွေ့အကြုံသူ့ထက်များတဲ့ သူကို ဆန့်ကျင်တယ်၊ ဝေဖန်တယ်ဆိုတော့ သူဟာ သူ့ကိုယ်သူ အထင်ကြီးပြီး ” အဖထက်သားတလကြီး “လုပ်နေတယ်ဆိုတော့ ရယ်စရာကောင်းလှပါတယ် မောင်သိန်းလင်းရယ်။
အဲဒီ ၂၀၁၂- ၇ – ၂၁ ရက်နေ့သတင်းမျာပဲ – NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဝေဖန်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြတဲ့အပေါ်သူက -
” လူတွေရူးနေကြတာပါ။ သူက လူကြိုက်များရတာက ကျနော်တို့ရဲ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ပါ “
လို့လည်း ပြည်သူလူထုကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ စော်ကားတာဖြစ်သလို မနာလို ၀န်တိုစိတ်နဲ့ ထေ့တာ ငေါ့တာ လည်းဖြစ်တယ်။ လမ်းဘေးက အစုတ်ပလုပ်နဲ့ လူလိမ်သူခိုးအကျင့်ဆိုး ရှိတဲ့သူက ကမ္ဘာ့ငြိမ်းချမ်းရေး Nobel ဆုရှင် ကမ္ဘာ့ခေါင်းဆောင်အဆင့်ဝင် ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တယ်ဆိုတော့ သူမှ တကယ့်အရူး၊ ကုသလို့ မရတဲ့အာဏာရူး ပါ။ သူ့ရဲ့အဆင့်အတန်းဟာ လူလိမ်လူညာ၊ တေလေကြမ်းပိုး၊ သူခိုးသူဝှက်ထက်မပိုဘူးဆိုတာ သူ့ကိုယ်သူမရိပ်မိသလို သူ့ကိုယ်သူ နွားခြေရာခွက်ထဲက ဖါးကလေးဖြစ်နေတယ် ဆိုတာလည်း သူမသိရှာ၊ ရွံစရာကေါင်းတဲ့ အောင်သိန်းလင်းပါလား။
သူလို သူခိုးကြမ်းပိုး က
“ကုလသမဂ္ဂ၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ကိုမယုံဘူး “
လို့ အရူးချီးပန်း ပြောသွားတာကိုကြည့်ရင် သူ့ဦးနှောက်ဟာ ဖြုတ်ဦးနှောက် ထက်တောင် သေးငယ်နေတယ် ဆိုတာထင်ရှားတယ်။ အထက်ပါပုဂ္ဂိုလ်ကြီးတွေကို မယုံဘူးဆိုတော့ သူယုံသူတွေကတော့ မြန်မာပြည်ကို ချွတ်ချုံကျအောင်၊မွဲတေ စုတ်ပြတ်သွားအောင် ဂုတ်သွေးစုပ် တဲ့ တရုတ်စုတ် နဲ့ မြန်မာပြည်ကိုရောင်းစား၊ ပြည်တွင်းထွက် သယံဇာတတွေကို ခိုးရောင်းစား တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဖြစ်တယ်။ ဒါကတော့ အကျင့်တူ၊ ဗီဇတူ၊ ဥာဉ်တူတွေချည်းဖြစ်နေတာကိုး ဒီလိုပြောမှာပေါ့။
အောင်သိန်းလင်း ဟာလွှတ်တော်အမတ်တယောက်အနေနဲ့၊ ကြံ့ဖွံ့လူကြီးတယောက်အနေနဲ့ လူကြီးလူကောင်းပီပီ သိက္ခာရှိတဲ့ စကား၊တည်ကြည်ပြီး ဂုဏ်သရေရှိတဲ့စကားတွေ ပြောရမယ့်အစား လမ်းဘေးကတေလေကြမ်းပိုး ဗီဇအတိုင်းပြောတဲ့အတွက် ပြည်သူလူထုက မကျေမနပ်ဖြစ်လာကြတယ်။
(” ဗီဇ ဆိုတာ ဖျောက်လို့မရဘူး “ဆိုတဲ့စကားအတိုင်း မောင်သိန်းလင်းဟာလည်း ” တေလေကြမ်းပိုးသူခိုးမျိုး” ဗီဇကိုဖျောက်မရလို့ ဒီလိုပြောတာပဲလို့ဆိုရင် မှားမယ်မထင်ပါ)။
ဒါကြောင့် သူ့ပြောဆိုချက်တွေကို ရှုတ်ချဖို့ အနေနဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့ က ပြည်သူများက- “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီြး ပည်သူတွေကိုစော်ကားတယ်” ဆိုပြီးဆန္ဒပြဖို့ပြင်ဆင် နေကြပါပြီ၊  (မဇ္ဈိမ၊ ၂၆-၇-၂၀၁၂)
အောင်သိန်းလင်းဟာ ပင်ကိုယ်က မကောင်းတဲ့ဗီဇ၊ ယုတ်မာတဲ့ဥာဉ် တွေဟာ လူကြီးဖြစ်လာတဲ့အထိ အဲဒီ ဥာဉ်ဆိုး၊ ဗီဇဆိုးတွေဟာ သူနဲ့အတူပါလာတာတွေ့ရတယ်။သူဟာ တရုတ်သတင်းစာနဲ့ အင်တာဗျူးလုပ်ပြီးနောက် လူအများကဝေဖန်ကဲ့ရဲ့တော့မှ သူရဲ့ ဗီဇဆိုး၊ ဥာဉ်ဆိုးတွေပေါ်လာတော့တယ်။
သူက -
” တရုတ်သတင်းစာအနေဖြင့် သူရဲ့ဖြေဆိုမှု ကို ဘာသာပြန်လွဲမှားယွင်းဖေါ်ပြတာ”
လို့ လိမ်ညာပြီးဆင်ခြေပေးတယ်။ (ဧရာဝတီ ၊ ၂၅-၇-၂၀၁၂)
ဘာသာပြန်တဲ့နေရာမှာ တခါတလေမှားရင်ဖြစ်နိုင်ချေရှိတယ်။ခုလို အင်တာဗျူးတခုလုံး လွဲမှားတယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာသာပြန်အလုပ်နဲ့ အသက်မွေးဝမ်းကြာင်းပြုနေသူဟာ ဒီလောက်အထိမှားယွင်းစရာ အကြောင်း မရှိဘူး။ ဒါဟာ သူ့ရဲ့သူများအပေါ်အစဉ်အလာအတိုင်း လိမ်ညာနေပါတယ် ဆိုတဲ့သာဓကပြတာဖြစ်တယ်။ သူဟာကြံ့ဖွံ့ပါတီမှာ၊ လွှတ်တော်မှာဆက်ရှိနေမယ်ဆိုရင် လွှတ်တော်ပါ နာမည်ပျက်၊ သိက္ခာကျ လာပါလိမ့်မယ်။ သမတကြီး / လွှတ်တော်ဥက္ကဌကြီးတို့အနေဖြင့် သူ့ကို ထုတ်ပယ်ပြစ်ဖို့တောင်းဆိုရပါတယ်။
ဦးဌေးဦး လည်း လူလိမ်ပဲ။
၂၀၁၂ – ၇- ၂၅ ရက်နေ့ ဧရာဝတီအင်တာနက်သတင်းမှာပဲ – ကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဟောင်း ဦးဌေးဦးကပါ အောင်သိန်းလင်းကို အကါအကွယ်ပေးပြီး လိမ်ညာနေတာတွေ့ရပါတယ်။ သူ့ရဲ့လိမ်ညာမှုများကိုကြည့်ပါ -
၁။”အဲဒီတုန်းက UN မျက်စေ့ခွဲတဲ့အဖွဲ့နဲ့ပါလာတဲ့ သတင်းထောက်တွေနဲ့ အလွတ်သဘော ပြောလိုက်တာပါ” တဲ့ ။ ဒါပေမယ့် ၂၀၁၂-၇-၂၁ ရက်နေ့ သတင်းတွေအားလုံးမှာ အင်တာဗျူးလုပ်တာလို့ ဖေါ်ပြထားတာကို အများက ဝေဖန်တော့မှ သူက အောင်သိန်းလင်းကို ကါကွယ်ပေးဖို့ အလွတ်သဘောနဲ့ ပြောတာပါ လို့ ဗြောင်လိမ်တယ်။
၂ ။ ” သူက ဗမာလို ပြန်ဖြေတာကို ဘာသာပြန်လွဲမှားတာ”တဲ့။ ဘာသာပြန်အလုပ်နဲ့ လုပ်စားနေသူက အောင်သိန်းလင်းကျမှ ဘာသာပြန်လွဲမှားမယ်တဲ့လား၊ တခွန်းတလေမှားတယ်ဆိုရင်ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အခွန်း ၂၀ကျော်လောက် ဖြေတာ၊ အကုန်လုံး ဘာသာပြန်လွဲမှားရောတဲ့လား ဦးဌေးဦးရယ် စဉ်းစားပြီး ယုတ္တိရှိအောင် လိမ်ပါ၊ ခင်ဗျားကိုယ်စားရှက်မိပါတယ်။
၃ ။ ” တချို့ဥစ္စာတွေမှာ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့ “တဲ့ ဒါဟာ သူများက်ုစော်ကားတာပဲ။ ဒီလိုသူများကို အကြောင်းမဲ့စော်ကားတာဟာ ပါတီလူကြီး၊ လွှတ်တော်အမတ်တယောက်ရဲ့အင်္ဂါရပ်နဲ့မညီ။ ဒါဟာ အခြေအနေမဲ့ အောက်တန်းစားတွေရဲ့လက်သုံးစကား သာဖြစ်တယ်။
၎ ။ ” သူ ဘာတွေပြောလိုက်မှန်းသေချာမသိဘူး ” တဲ့။ သူ ပြောတာသူမသိဘူးဆိုတော့ သူ့ရဲ့ဦးနှောက်မကောင်းလို့ပေါ့။ ဒါလောက်လေးမှ မသိတော့ဘူးဆိုရင် သူယူထားတဲ့ ရာထူးတွေနဲ့မထိုက်တန်တော့ဘူး။
၅ ။ ” ကုလသမဂ္ဂ၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA       တို့ြ မန်မာပြည်တွင်းရေး ၀င်ရောက်နှောက်ယှက်သူများဖြစ်လို့ မယုံကြည်ဘူးလို့ပြောတာဟာ သူ့ရဲ့အမြင်ကိုပြောတာပါ ” တဲ့။ သူ့အ မြင်ပဲပြောပြော၊ မေးလို့ပဲဖြေဖြေ၊ ဒီလိုပြောတာဟာ သူတပါးကို သက်သက်စော်ကားတာပဲဖြစ်တယ်။
သမ္မတ တို့၊ လွှတ်တော်ဥက္ကဌတို့၊ လွှတ်တော်အမတ်တို့ထဲက တယောက်မှမယုံဘူး လို့ မပြောဘဲ၊ အောင်သိန်းလင်းတယောက်တည်း ပြောတာတော့ သံသယဖြစ်စရာပါ။
ကြံ့ဖွံ့ပါတီဗဟိုအလုပ်မှုဆောင်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းဟာ သူ့ထက်အသက်ကြီး ရာထူးကြီးပြီး အလုပ်အတွေ့အကြုံများတဲ့ သမတကြီး ဦးသိန်းစိန်လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ဝေဖန်တယ်။ သူ့ထက်ဥာဏ်ပညာ အရည်အချင်းရှိတဲ့၊ သူ့ထက် နိုင်ငံတကာအတွေ့အကြုံရှိတဲ့၊ မြန်မာနိုင်ငံဒီမိုကရေစီရေး ဖေါ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုလည်း တိုက်ခိုက်၊စော်ကားတယ်။
            ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ရဲ့ဂုဏ်သရေကို ထိခိုက်အောင် စော်ကါးတာတွေပြုလုပ်တယ်။ ဒါဟာသူ့အနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်တွေလုပ်ခဲ့တယ်။ သူဟာပါတီလူကြီး၊ လွှတ်တော်အမတ်တယောက်အနေနဲ့ စောင်ထိန်းရမယ့် ကျင့်ဝတ်၊ဂုဏ်သိက္ခာတွေကို မထိန်းသိမ်းဘဲ၊ တာဝန်မဲ့ လက်လွတ်စပယ်ပြောဆိုခဲ့တယ်။
            ဒါကြောင့် သူတို့ ၂ ယောက်လုံးကို သမတကြိး သို့မဟုတ် လွှတ်တော်အမတ်ကြီးတို့က အမြန်တုံး ရာထူးဌာနတွေက ထုတ်ပယ်သင့်ကြောင်း တင်ပြအပ်ပါတယ်။
Photo – Lower House MP Aung Thein Lin (USDP), Soe Win (NDF), Htay Oo (USDP), Tun Yi (NUP) at a press conference at USDP headquarters in Rangoon on Wednesday, June 29, 2011. Photo: Mizzima
သမ္မတကြီး / လွှတ်တော်ဥက္ကဌကြီး … ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ။
(အပိုင်း – ၂ )
ရွှေပြည်စိုး၊ သြဂုတ် ၁၃၊ ၂၀၁၂
            ပြီးခဲ့တဲ့အပတ် ၂၀၁၂ – ၇- ၃၀ ရက်နေ့စွဲနဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်းက သမတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုကို ဆန့်ကျင်၊ကန့်ကွက်၊ဝေဖန်မှု၊NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု၊ကုလသမဂ္ဂ၊ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA  တို့ကိုမယုံကြည်ကြောင်း ပုတ်ခတ်မှုတွေအကြောင်းကိုဝေဖန်ရေးသားထားပါတယ်။
    ဒီတပတ်မှာတော့- အောင်သိန်းလင်းဆိုတာ ဘယ်သူလဲ၊ ဘာကြောင့်သူများကိုတိုက်ခိုက် ပုတ်ခတ်တာလဲ၊ ရည်ရွယ်ချက်ကဘာလဲ —– စတဲ့အကြောင်းတွေကိုလက်လှမ်းမီသလောက် စုဆောင်းပြီးတင်ပြမှာဖြစ်ပါတယ်။
            (အောင်သိန်းလင်းအကြောင်းအချို့ကို ပြည်သူ့အမြင်စာစဉ်၊ မိုးမခ၊ ယနေ့မြန်မာ နဲ့ ဟစ်တိုင် သတင်းဌာနတွေမှာ အလျဉ်းသင့်သလို ဖေါ်ပြထားပြီးဖြစ်ပါတယ်။)
(က) အောင်သိန်းလင်းဆိုတာဘယ်သူလဲ
            သူဟာ တောင်ဥက္ကလာပ ဇါတိ၊ ဗိုလ်မှူးချုပ်ဟောင်းဖြစ်တယ်။ ၂၀၀၃ မှ၂၀၁၁ ထိ ရန်ကုန်မြို့တော်ဝန်ဖြစ်ပြီး အခုလက်ရှိမှာ တောင်ဥက္ကလာပ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကြံ့ဖွံ့ပါတီဗဟိုအလုပ်အမှုဆောင်နဲ့ ရန်ကုန်တိုင်းကြံ့ဖွံ့အသင်းကိုယ်စားလှယ်ဖြစ်တယ်။
            သူဟာ လူလိမ်လူညာလူယုတ်မာ၊ ဖြတ်စား လာဘ်စားသူခိုးအကြီးစား အဖြစ် ထင်ရှားကျော်ကြားလျက်ရှိပါတယ်။
            သူဟာ သူ့ရာထူး၊ သူ့လစာနဲ့ တင့်တောင့်တင့်တယ်၊ ထည်ထည်ဝါ၀ါနေနိုင်၊ စားနိုင်ပါလျက်နဲ့
” ဘာ့ကြောင့် ရိုးသားတဲ့ပြည်သူတွေအပေါ် လိမ်ညာ လှည့်စား ယုတ်မာရသလဲ၊ မိမိဌာနနဲ့တိုင်းပြည်အပေါ် ဘာကြောင့် သစ္စာမရှိရတာလဲ”
လို့ဆန်းစစ်ကြည့်တဲ့အခါ ဗီဇကြောင့်၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြောင့် လို့ပြောရမှာဖြစ်တယ်။
- ဗီဇကြောင့် လို့ပြောရာမှာ – သူ့ရဲ့ပင်ကိုယ်ဗီဇ မကောင်းလို့ ခုလို သူများအပေါ်နဲ့ တိုင်းပြည်အပေါ် လိမ်ညာလှည့်စားတာ၊ ဖြတ်စားလာဘ်စားသူခိုးအကြီးစားဖြစ်နေတာလို့ပြောရင်မှားမယ်မထင်ပါ။
- ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြောင့် လို့ပြောရာမှာ – တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလို အကျင့်ပျက်နားနီးအကျင့်ပျက်၊ သူခိုးနားနီး၊ သူခိုးဖြစ်လာတာ အဆန်းမဟုတ်ပါ၊နဂိုဗီဇလည်းပါပါတယ်။
အကျင့်ပျက် န၀တ၊ နအဖ စစ်အုပ်စုဝင် ၉၅ ရာခိုင်နှုန်းလောက်ထဲမှာ သူတယောက်ပါဝင်ပါတယ်။န၀တ၊ နအဖ စစ်အုပ်စု တခုလုံးနီးနီး နည်းတူ အောင်သိန်းလင်းဟာလည်း လိမ်ညာလှည့်စား၊ ဖြတ်စား လာဘ်စားလုပ်ပြီး နိုင်ငံခြားဘဏ်တွေမှာ လျှို့ဝှက်အပ်နှံထားတဲ့ စာရင်းထဲမှာပါဝင်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်ပြီး အစစအရာရာ ဈေးကြီးနေချိန်မှာ သူတို့လစာနဲ့ နိုင်ငံခြားဘဏ်များစွာမှာ သွားပြီး လျှို့ဝှက်အပ်နှံနိုင်စရာ အကြောင်းမရှိပါ။ ပြည်သူလူထုကိုလိမ်ညာလှည့်ပတ်ပြီး ဖြတ်စားလာဘ်စားလုပ်တာရယ်၊ နိုင်ငံတော်ဘဏ္ဍာနဲ့သယံဇာတရောင်းရ ငွေတွေကို ပြည်သူတွေမသိအောင် ခိုးဝှက်တာရယ်ကြောင့် နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။
မြို့တော်ဝန်ဆိုတာ
ရန်ကုန်မြို့တော်ဝန်ဆိုတာ ရန်ကုန်တိုင်းတခုလုံးရဲ့ သက်ဦးဆံပိုင်ဘုရင်တဆူအတိုင်း လုပ်တိုင်းဖြစ်ပါတယ်။ လုပ်တိုင်းဖြစ်လို့ ဖြစ်တိုင်းလုပ်သလို လိုတိုင်းရလို့ ရတိုင်းလို နေသူဖြစ်ပါတယ်။
 အောင်သိန်းလင်းရဲ့ ဖြတ်စားလာဘ်စား၊ခိုးဝှက်မှုများ၊ မတရားလုပ်မှုများ။
    သူဟာပြည်သူလူထုအပေါ်၊ဌာနအပေါ်၊ တိုင်းပြည်အပေါ် သစ္စာမဲ့လွန်း၊ယုတ်မာလွန်းလို့ မပြောချင်ပေမယ့် အများသိထားရအောင် အဓိကကျတဲ့ သာဓက ကြီိးအချို့ကိုသာတင်ပြပါမယ်။
 အောင်သိန်းလင်း နဲ့ နာရေးကူညီမှုအသင်း။
အောင်သိန်းလင်းနဲ့ ရွေးကောက်ပွဲအကြို။
အောင်သိန်းနဲ့ရွေးကောက်ပွဲကာလ။
အောင်သိန်းလင်းနဲ့ဖြတ်စား၊လာဘ်စားသူခိုးကြီးများ။
အဆစ် အနေနဲ့ သူနဲ့သူ့မိသားစု အကြောင်းဖြစ်ပါတယ်။
-အောင်သိန်းလင်းနဲ့ နာရေးကူညီမှု အသင်း။
ရန်ကုန်နာရေးကူညီမှုအသင်းဟာ ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်မင်းသား ဦးကျော်သူ ၂၀၀၁ ခု – ဇန္န၀ါရီလ-၁ရက်နေ့ ကစတင်တည်ထောင်တဲ့အသင်းပါ။အသင်းတည်နေရာက ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်၊ သုဒဿနလမ်းရှိ ဗြဟ္မ၀ိဟာရကျောင်းတိုက်မှာဖြစ်ပါတယ်။
            ဒီအသင်းဟာ မရှိနွမ်းပါး ဆင်းရဲသားတွေရဲ့ မီးသင်္ဂြိုလ်တဲ့ကိစ္စကို အခမဲ့ ကူညီပေးတဲ့အသင်းပါ။ ဘယ်သူမှ မလုပ်ချင်၊မလုပ်နိုင်တဲ့ အသုဘကိစ္စကို ဦးကျော်သူက အခမဲ့ မေတ္တာစေတနာနဲ့ ကူညီပေးတဲ့အတွက်အောင်မြင်မှုရရှိပါတယ်။
            ၂၀၀၇ခု မတ်လ-၂ရက်နေ့မှာ နာရေးကူညီမှုအသင်းကတဆင့် သုခ အခမဲ့ဆေးခန်း ကို စေတနာရှင် ဆရာဝန်များ၊ သူနာပြုများ၊ လုပ်အားပေးများရဲ့ အကူအညီနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆေးခန်းဟာလည်း ဦးကျော်သူရဲ့မှန်ကန်သောဦးဆောင်မှု၊ ဆရာဝန်၊သူနာပြု၊ လုပ်အားပေးအကူအညီများရဲ့ မွန်မြတ်သောစေတနာ၊ သဒ္ဒွါတရားထက်သန်သော ငွေကြေးအလှူရှင်များရဲ့ ပံ့ပိုးမှုကြောင့် ၅/၆နှစ်အတွင်းမှာ မရှိဆင်းရဲသားများရဲ့ အားကိုးအားထားမှုနဲ့ ပြည်သူတရပ်လုံး ယုံကြည်မှုများလည်း ရရှိခဲ့ပါတယ်။ဒါကြောင့် သူ့ဆေးခန်းလည်းနှစ်တိုတိုနဲ့တိုးတက်အောင်မြင်ခဲ့ပါတယ်။
 ကောက်ရိုးပုံစောင့် တိရစ္ဆာန်စိတ်နဲ့ အောင်သိန်းလင်း။
            မှန်ကန်သော ဦးကျော်သူရဲ့ ဦးဆောင်ဦးရွက်ပြုမှု၊ ဆရာဝန်များ၊ သူနာပြုများ၊ ၀န်ထမ်းနဲ့ လုပ်အားပေးများနဲ့ ပြည်တွင်းပြည်ပက ငွေကြေးအလှူရှင်များရဲ့ ကူညီပံ့ပိုးမှုတို့ကြောင့် နာရေးကူညီမှုအသင်းရော သုခ အခမဲ့ဆေးကုခန်းပါ တပြိုင်တည်း တိုးတက်ခဲ့ပါတယ်။ အဲလို တိုးတက်လာတာကို မနာလိုဝန်တိုတဲ့သူမျာလည်း ပေါ်ထွက်လာပါတယ်။ အဓိကမနာလိုသူကတော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဆိုသူဖြစ်ပါတယ်။
            သူဟာ သူကိုယ်တိုင်လည်းဘာမှမလုပ်နိုင်၊ ဦးကျော်သူလုပ်လို့အောင်မြင်တာကိုဂုဏ်ယူရမယ့်အစါး၊ ကူညီအားပေးရမယ့်အစါး၊ ကေါက်ရိုးပုံစောင့်တိရစ္ဆာန်လို မနာလိုစိတ်ဝင်ကာ ဦးကျော်သူရဲ့ လုပ်ငန်းတွေကို ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံစည်ပါတော့တယ်။ ဦးကျော်သူလုပ်ငန်း ပျက်စီးတာနဲ့အမျှ မရှိဆင်းရဲသားအများစုပါ ဒုက္ခရောက်ရတော့မယ့်အရေးကိုမတွေး၊ လူသားချင်းကိုယ်ချင်းစာစိတ်မရှိတော့ဘဲ၊ ဦးကျော်သူကို ရန်သူလိုသဘောထားပြီး ကျော်သူ ဘ၀ပျက်အောင်လုပ်တာဟာ အလွန်ရိုင်းစိုင်းလှပါတယ်။ သူလုပ်လို့ ကျော်သူဘ၀မပျက်နိုင်ပါ၊ ဒုက္ခရောက်ရမှာက ရာနဲ့ထောင်နဲ့ချီတဲ့ဆင်းရဲသားတွေသာဖြစ်တယ်။
            ကောက်ရိုးပုံစောင့်ခွေးဟာ ကောက်ရိုးပုံနားကပ်လာတဲ့အခြားတိရစ္ဆာန်ကိုဟောင်လွှတ်ပေမယ့် သူ့ရဲ့အရှင်သခင်ကိုတော့ သူခိုး၊ လူဆိုးဘေးက ကါကွယ်စောင့်ရှောက်ပေးပါတယ်။ ဒါပေမယ့် အောင်သိန်းလင်းကတော့ သူ့ကိုထမင်းကျွေးနေတဲ့ပြည်သူတွေကို မကါကွယ်ပေးတဲ့အပြင် အန္တရယ်ပြုနေတော့ သူဟာ ကေါက်ရိုးပုံစောင့် တိရစ္ဆာန်ထက်ဆိုးတဲ့လူလို့ပြောရင် လွန်မယ်မထင်ပါ။ သူရဲ့ရွံစရာကောင်းတဲ့ လုပ်ရပ်ကိုကြည့်ပါ။
 နာရေးကူညီမှုအသင်းကို သိမ်းဖို့ ကြိုးစား။
            ရန်ကုန်နာရေးကူညီမှုအသင်းမှာ ပြည်တွင်းပြည်ပက အလှူရှင်များလှူထားတဲ့ ငွေသန်းပေါင်းများစွာ ရှိမှန်းသိနေတဲ့ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ လည်းဖြစ်၊ ငွေဆိုရင်ငန်းငန်းတက်လိုချင်နေတဲ့ အောင်သိန်းလင်းဟာ ရှေးဦးစွာ နာရေးကူညီမှုအသင်း ကို သိမ်းယူရန်စီစဉ်ပါတယ်။ ကံအားလျှော်စွာ အစိုးရရဲ့ ကနဦးကြိုးပမ်းမှုတွေ ဘူးပေါ်သလိုပေါ်ပြီးတဲ့နောက် အာဏာပိုင်တွေ လွှဲပြောင်းယူမယ့် အစီအစဉ် ရုပ်သိမ်းသွားပါတယ်။ ( Irrwaddy- 1-12-2007)
            ဒါဟာ အောင်သိန်းလင်းရဲ့ ပထမဆုံးအကြိမ် လူ့စိတ်ပျောက်သွားပုံ ပေါ်လွင်စေတာဖြစ်တယ်။
            အောင်သိန်းလင်းဟာ နာရေးကူညီမှုအသင်းသိမ်းလို့ ဝေစုမတည့်လို့ ရုပ်သိမ်းလိုက်ရပေမယ့် အဲဒီအသင်းဖျက်ဆီးဖို့ဆက်ကြိုးစားပါတယ်။ကြိုးစားပုံတွေက -
နာရေးအသင်းနဲ့ သုခဆေးခန်းဖယ်ခိုင်း။
ရန်ကုန်နာရေးကူညီမှုအသင်း နဲ့ သုခ အခမဲ့ဆေးခန်းတို့ဟာ နေသားတကျဖြစ်လာချိန်မှာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက မူလ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗြဟ္မ၀ိဟာရကျောင်းတိုက်ကနေ မြောက်ဒဂုံကို ပြောင်းရွှေ့ခိုင်းပါတယ်။ ဒါတင်မက ထိုကျောင်းတိုက်ဆရာတော် ဦးနန္ဒမာလာ က လည်း အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ဆေးခန်းရော နာရေးအသင်းပါ ထားခွင့်မပြုတော့ပါ။ ( ခေတ်ပြိုင် ၊ ၁၅- ၉-၂၀၀၈ )
နာရေးကူညီမှုအသင်းနဲ့သုခဆေးခန်းကို ၂၀၀၉ -၇ -၁၉ ရက်နေ့တွင် မြောက်ဒဂုံသို့ ပြောင်းေ၇ွှ့သွားသည်။
ဒါဟာအောင်သိန်းလင်းရဲ့ ” မစားရတဲ့အမဲ သဲနဲ့ပက်”တဲ့လုပ်ရပ်တခုဖြစ်သလို အသင်းရော ဆေးခန်ပါ ဖျက်ဖို့လုပ်တဲ့ လူယုတ်မာ အောင်သိန်းလင်းရဲ့  ဒုတိယခြေလှမ်းဖြစ်ပါတယ်။ ဒါနဲ့မပြီးသေး၊ အားမရသေးပါ။
 အသင်းကား မထားရ။
နာရေးကူညီမှုအသင်းနဲ့ သုခ အခမဲ့ဆေးခန်းကို သင်္ဃန်းကျွန်းကနေ မြောက်ဒဂုံပြောင်းရွှေ့ပြီးပေမယ့် ” အသင်းပိုင်ကား ( နိဗ္ဗာန်ယာဉ်)တွေကို ရေဝေးသုဿန်မှ အပ ဘယ်မှာမှ မရပ်နားရ”လို့ ရန်ကုန်တိုင်းစည်ပင်သာယာ က ၂၀၀၉- ဖေဖေါ်ဝါရီ ၂၈ ရက်နေ့နောက်ဆုံးထားပြီးရွှေ့ရမယ်လို့ အမိန့်ထုတ်တယ်။ (ဒီဗွီဘီ၊ ၂၅-၂-၂၀၀၉)
အသင်းကတနေရာ၊နိဗ္ဗာန်ယာဉ်၁၆စီးကတနေရာဆိုတော့ယာဉ်မောင်းသူတွေအတွက်သွားရေးလာရေးအခက်အခဲဖြစ်နိုင်တယ်ဆိုတာ လူ့စိတ်ကင်းတဲ့ အောင်သိန်းလင်းက ကိုယ်ချင်းမစာပါ။
ဒါဟာ လူယုတ်မာ အောင်သိန်းလင်းရဲ့ ဦးကျော်သူရဲ့ လုပ်ငန်းပျက်စီးအောင်လုပ်တဲ့ တတိယခြေလှမ်းဖြစ်ပါတယ်။ ဒါနဲ့မပြီးသေးပါ၊
ဆက်ကြည့်ပါ။ နာရေးကူညီမှုအသင်းရဲ့ အသုဘ ယာဉ်အားလုံးကို ၂၀၀၉-၂-၂၈ ရက်နေ့နောက်ဆုံးထားပြီး ရေဝေးသုဿန်မှာ ညအိပ်ရပ်နားရမယ်လို့ အမိန့်ထုတ်တယ်။အဲဒီအမိန့်ထုတ်တာ တလ မပြည့်သေးဘူး၊ နောက်ထပ်အမိန့် တခုထပ်ထုတ်ပြန်ပါတယ်။ အဲဒီ အမိန့်က
” နာရေးအသင်းပိုင်ကားတွေကို ရေဝေးနဲ့ထိန်ပင် သုဿန် ၂ခုမှာ တ၀က်စီခွဲထားရမယ်”
လို့ ရန်ကုန်မြို့တော်စည်ပင်သာယာက ထပ်ပြီးအမိန့်စာထုတ်ပြန်ပါသတဲ့။ (ဒီဗွီဘီ၊ ၁၈-၃-၂၀၀၉)
ဘယ်လိုအညှိုးနဲ့ဦးကျော်သူအပေါ် တိုးတိုးပြီး ဒုက္ခပေးနေလဲမသိပါ။ ဒါကိုကြည့်ရင် အောင်သိန်းလင်းဟာ ” ကေါက်ရိုးပုံစောင့်တဲ့ တိရစ္ဆာန်ထက် ဆိုးတဲ့လူ ဖြစ်နေပြီဆိုတာ ပေါ်လွင်နေပါပြီ၊ ရွံစရာကောင်းတဲ့အောင်သိန်းလင်းပါလား”
ဒါဟာ အောင်သိန်းလင်းရဲ့ လူယုတ်မာဖြစ်ကြောင်းပေါ်လွင်စေတဲ့ စတုတ္ထခြေလှမ်းဖြစ်ပါတယ်။
 ရေမြောင်းတူးစေ ကျော်သူရေ။
ဦးကျော်သူရဲ့ နာရေးအသင်းရဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ မအောင်မြင်တဲ့အခါ အသင်းနဲ့ဆေးခန်းကိုရှိရင်းစွဲ သင်္ဃန်းကျွန်းကနေ မြောက်ဒဂုံကိုပြောင်းခိုင်း၊ ပြောင်းပြီးလို့မကြာခင်မှာ အသုဘယာဉ်တွေကို ရေဝေးသုဿန်မှာထားခိုင်း၊ ခိုင်းလို့ တလမပြည့်မီမှာ ရေဝေးနဲ့ထိန်ပင် သုဿန် ၂ခုမှာတ၀က်စီညအိပ်ရပ်နားခိုင်းပြီးပြီ၊ ဒါနဲ့ လည်းမပြီးသေးဘူး။
`မြောက်ဒဂုံမှာ အသစ်ဖွင့်လှစ်တဲ့ နာရေးအသင်းနဲ့ သုခဆေးခန်းရှေ့မှာ ၅ ပေအကျယ်၊ ၅ပေအနက် ရေမြောင်းတခုတူးဖို့ မြို့နယ်စည်ပင်သာယာကအမိန့်ထပ်ထုတ်တယ်။ မတူးရင် အဆောက်အဦးကိုသုံးခွင့်မပေးဘဲ တရားစွဲဖို့ရှိတယ်လို့အကြောင်းကြားတယ်။
မလုပ်ရင် ပုဒ်မ ၂၈-၂၉ နဲ့တရားစွဲဖို့ ပုဒ်မ ပါတပ်ပေးလိုက်တယ်။ ဒီပုဒ်မ ၂ခုက ငွေဒဏ်၊ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တယ်။  (ဒီဗွီဘီ၊ ၁၀ အောက်တိုဘာ-၂၀၀၉)
            ကဲ – ဘယ့်နှယ့်လုပ်ကြမလဲ စာဖတ်ပရိသတ်တို့ရေ။ မပူပါနဲ့ ။သူများနဲ့ မတူတဲ့ကျော်သူက ဒီလောက်တော့ အောင်သိန်းလင်းထက်ဥာဏ်သွားပါတယ်။
” အခြားမြေကွက်တွေမှာ ရေမြောင်းမတူးခိုင်းဘဲ၊ သူ့တဦးတည်းကိုတူးခိုင်းရင် ခြင်မွေးတဲ့ကန် ဖြစ်သွားမှာမို့ ကျန်းမာရေးနဲ့လုံးဝ မကိုက်ညီဘူး”
” အလှူငွေတွေဖြစ်လို့ ဒဏ်ကြေး၊ လျှော်ကြေး မဆောင်နိုင်ဘူး၊ဖမ်းရင်ဖမ်း”
ဆိုပြီးပြောလိုက်တယ်။
ဒါဟာလည်း အများအကျိုးဆောင်တဲ့ ဦးကျော်သူအပေါ် မလိုမုန်းထား၊ အငြှိုးပွါးနေတဲ့ လူယုတ်မာအောင်သိန်းလင်းရဲ့ ယုတ်မာမှုကိုထင်ရှားစေတဲ့ ပဉ္စမခြေလှမ်းဖြစ်ပါတယ်။
 တရားစွဲပြီ နာရေးအသင်းကို ။
            တရာစွဲတဲ့အကြောင်းက ဦးကျော်သူက သူ့ဆေးခန်းရှေ့မှာ ရေမြောင်းတူးခိုင်းတာ မတူးလို့ နာရေးကူညီမှုအသင်းကို ၂၀၀၉-၁၀-၂၉ ရက်နေ့မှာ တောင်ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲတာဖြစ်တယ်။
ထောင်လေသမျှ ပိန်းကောမ၊ ကျောက်ဆောင်နဲ့တိုးမှဦးကျိုးရ ၊
            လမ်းတံတား၊ ရေမြောင်းဖေါက်တဲ့အလုပ်ဟာ နိုင်ငံတော်အခွန်ဘဏ္ဍာငွေနဲ့ စည်ပင်သာယာ ကလုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။အခမဲ့စေတနာ့ဝန်ထမ်းအလုပ်လုပ်နေတဲ့ ဦးကျော်သူကို ဆေးခန်းရှေ့မှာ ရေမြောင်းတူးခိုင်းတာဟာ မြို့တော်စည်ပင်သာယာရဲ့ စည်းမျည်းစည်းကမ်းကို မြို့တော်ဝန်အောင်သိန်းလင်းက သိရက်နဲ့ သက်သက်ခိုင်းတာဖြစ်တယ်။
            တရားစွဲတဲ့အခါမှာလည်း မြောက်ဒဂုံစည်ပင် ကနေ တောင်ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲတော့ အံချော် နေပါတယ်။ ဦးကျော်သူဘက်ကလည်း မှန်ကန်တဲ့ လမ်းကြောင်းကနေ ဓမ္မဓိဋ္ဌါန်ကျကျတုံ့ပြန်ချေပတဲ့အတွက် မြို့တော်ဝန် ဘာမှမလုပ်နိုင်တော့ဘဲ ပိန်းကောမနဲ့တူတဲ့ အောင်သိန်းလင်းဟာ ကျောက်ဆောင်နဲ့တူတဲ့ ဦးကျော်သူနဲ့တွေ့တော့ ဦးကျိုးသွားရပါတော့တယ်။
 မြို့တော်ဝန် လူစိတ်ပြန်ဝင်။
            မြို့တော်ဝန် အောင်သိန်းလင်းဟာ သူ့ပိုင်နက် နယ်မြေအတွင်းမှာ သက်ဦးဆံပိုင်ဘုရင်လို စေတလုံး သုံးပြီး ” ငါ့လှေငါထိုး၊ ပဲခူးရောက်ရောက်”ဆိုတဲ့အတိုင်း ထင်ရာစိုင်းတဲ့သူပါ။ တောင်ဒဂုံ တရားသူကြီးကလည်း နယ်ကျော်ပြီးစွဲတဲ့စွဲချက်ရယ်၊ နံမည်ကြီးဦးကျော်သူရဲ့ အမှုဖြစ်နေတာရယ်ကြောင့် အမှုကို ကိုင်တွယ်ရခက်နေပါတယ်။
            ပင်ကိုယ်ဗီဇကလည်း မကောင်း၊ လုပ်နည်းလုပ်ဟန်ကလည်းမမှန်၊ ဦးကျော်သူကိုပျက်စီးလိုတဲ့ ဇေါနဲ့ ဥပဒေကိုကျောခိုင်းပြီ ထင်ရာစိုင်းတဲ့ အောင်သိန်းလင်းဟာ မတတ်သာတော့တဲ့အဆုံးကျမှ လူစိတ်ပြန်ဝင်လာပါတော့တယ်။
            မြို့တော်ဝန်က ” အဆောက်အအုံသစ် ဆောက်လုပ်သူများသည် ၅ပေအကျယ်၊၅ပေအနက် ရေမြောင်းတူးရမည် ဟုထုတ်ပြန်သောအမိန့်ကို ၂၀၀၉-နိုဝင်ဘာ ၆ရက်နေ့၊ မြို့တော်ခန်းမမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကန်ထရိုက်တာများနှင့်တွေ့ဆုံပွဲမှာ သူထုတ်တဲ့အမိန့်ကို သူကိုယ်တိုင်ပြန်
ရုပ်သိမ်းလိုက်ကြောင်း”  နဲ့
” နာရေးကူညီမှုအသင်းဆေးခန်းရှေ့မှာ ရေမြောင်းမတူးလို့ နေထိုင်ခွင့်ပိတ်ထားတာကိုလည်း မြို့တော်စည်ပင်က နေထိုင်ခွင့်ပြုလိုက်ကြောင်း”သိရပါသည်။ ( ခေတ်ပြိုင်၊၉-နိုဝင်ဘာ-၂၀၀၉ နဲ့ ဒီဗွီဘီ၊ ၁၂-နိုဝင်ဘာ-၂၀၀၉)
            ခုလောက်ဆိုလူယုတ်မာအောင်သိန်းလင်းအကြောင်းသိကောင်းစရာ အချို့ကိုတင်ပြပြီးပါပြီ။
ရွေးကေါက်ပွဲအကြိုကာလ။
            ဆက်လက်ပြီး အောင်သိန်လင်းနဲ့ ၂၀၁၀ ရွေးကေါက်ပွဲ အကြိုကာလအကြောင်းအချို့ကိုတင်ပြပါမယ်။ ရွေးကောက်ပွဲအကြိုကာလတုန်းက အထင်ကရ လိမ်ညာမှုကြီးတခုကိုတင်ပြပါမယ် – သူဟာ လူမျိုးမရွေး၊ အလွှာမရွေးအပေါ် ငွေရဖို့၊ပစ္စည်းရဖို့၊ အာဏာမြဲဖို့ဆိုရင် လိမ်ညာလှည့်စားလာတာဟာ သူမြို့တော်ဝန်ဖြစ်ကတည်းပါ။ ခုနောက်ဆုံးဘာသာရေးကိုခုတုံး လုပ်ပြီး ရွေးကေါက်ပွဲအနိုင်ရဖို့လိမ်ညာတယ်။
            တောင်ဥက္ကလာပမြို့နယ်မှာ မြို့တော်ဝန်အောင်သိန်းလင်းကရွေးကေါက်ပွဲအတွက်စည်းရုံးရေးဆင်းရင်း ” ကြံ့ခိုင်ရေးပါတီဝင် ၅၀၀ စုဆောင်းပေးနိုင်ရင် ဗလီဆောက်ခွင့်ရမယ်” လို့ အစ္စလမ်ဘာသာဝင်တွေကို ထုံးစံအတိုင်းလိမ်ညာလှည်းစားပြီးစည်းရုံးတယ်။ အောင်သိန်းလင်းရဲ့လိမ်ညာလှည့်စားနေကျလှည့်ကွက်ကို အဟုတ်ထင်တဲ့ အစ္စလမ်ဘာသာဝင်များက ကြံ့ဖွံ့ပါတီဝင် ၇၅၀ စုဆောင်းပေးခဲ့တယ်။(အာဖ်အေ၊၂၇-၁၀-၂၀၁၀)
ဒါပေမဲ့ အောင်သိန်းလင်းသာ လွှတ်တော်အမတ်ဖြစ်သွားတယ်၊ အစ္စလမ်ဘာသာဝင်တွေ ဆောက်ခွင့်မျှော်လင့်ထားတဲ့ ဗလီ ဟာဒီနေ့ထိဆောက်ခွင့်မရပါ။ ဒါဟာကေါက်ရိုးပုံစောင့်တိရစ္ဆာန်ထက်ဆိုးတဲ့၊ယုတ်မာစုတ်ပဲ့တဲ့အောင်သိန်းလင်းရဲ့လိမ်ညာလှည့်ကွက်တွေထဲကအချို့သာဖြစ်ပါတယ်။သူ့ရဲ့ဗီဇဆိုး ဥာဉ်ဆိုးတွေကြောင့် သူသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတယ်၊ သူ့လက်ချက်ကြောင့် ခံလိုက်ရတဲ့ပြည်သူလူထုတွေရဲ့ ဒဏ်ချက်တွေကဒီနေ့အထိအဆုံးမသတ်သေးပါ။
 ရွေးကေါက်ပွဲ ကာလ။
            လိမ်ညာ၊ ကေါက်ကျစ်၊ ယုတ်မာတဲ့ အောင်သိန်းလင်းအကြောင်းအချို့ကိုဖေါ်ပြပြီးပြီ။ ခုရွေးကောက်ပွဲကာလ ကလိန်ကျ ပုံအချို့ကိုဆက်လက်ဖေါ်ပြပါမယ်။
            ၂၀၁၀ ရွေးကေါက်ပွဲမှာ အနိုင်ရရှိရေးအတွက် တောင်ဥက္ကလာပ က အစ္စလမ်ဘာသာဝင် ၇၅၀ ကိုကြံ့ဖွံ့ပါတီဝင်အဖြစ်နဲ့ ကလိန်ကကျစ်လုပ်ပြီးသမာအာဇီဝ မကျသောနည်းနဲ့ယူထားတဲ့အကြောင်း အထက်မှာဖေါ်ပြထားပြီးဖြစ်ပါတယ်။
            လွှတ်တော်အမတ်လောင်း အောင်သိန်းလင်းဟာ သာမန်သဘောရိုးနဲ့ပြိုင်ရင်မနိုင်မှန်းသိတဲ့အတွက် အောက်ပါ ကြံ့ဖွံ့ပါတီဝင် အခြားအမတ်လောင်းများ နည်းတူ မသမာသောနည်းနဲ့ မနိုင်နိုင်အောင်လိမ်ညာလှည့်စားပြီး အနိုင်ယူသွားပါတယ်။
အဲဒီမသမာမှုတွေကတော့ – မဲခိုးယူ၊ မဲလိမ်ယူ၊ငွေနဲ့မဲဝယ်ယူ၊ ပစ္စည်းရောင်းပြီးမဲမျှားယူ၊ ငွေချေးပြီးမဲမျှားယူ၊ ကြိုတင်မဲခိုးယူ၊ လူလဲပြီးမဲထည့်ခိုင်းပြီးယူ၊ လူစားထိုးပြီးမဲထည့်ခိုင်းယူ၊ လူတယောက်ကို အခါခါမဲပြန်ထည့်ခိုင်းယူ၊ ခြိမ်းခြောက်ပြီးမဲယူ၊ အကျပ်ကိုင်ပြီးမဲယူ၊ အမိန့်အာဏာသုံးပြီးမဲယူ၊ ကေါ်မရှင်ဘက်လိုက်၊ ကြံ့ဖွံ့ပါတီက ပယ်မဲ မရှိ၊ အတိုက်အခံပါတီတွေဘက်ကို ပယ်မဲ အများအပြားလုပ်၊ ကာယကံရှင်မသိဘဲ မဲလိမ်ယူ၊ ကြိုတင်မဲစါရင်းကို တကယ်ရှိတာထက် ပိုရေတွက်ယူ…… စတဲ့ မသမာမှုပေါင်းများစွာနဲ့ ကလိန်ကကျစ်လုပ်ပြီး အနိုင်ယူသွားတဲ့ အောင်သိန်းလင်းပါ။ ဒါတွေဟာ ရွေးကေါက်ပွဲ ကာလအတွင်းမှာ ဥပဒေမဲ့ မသမာသောနည်းနဲ့လုပ်တဲ့လုပ်ရပ်တွေပါ။
            နအဖ အစိုးရလက်ထက် ၂၀၁၀- နိုဝင်ဘာလ- ၇ ရက်နေ့ရွေးကေါက်ပွဲမှာစစ်အစိုးရရဲ့ ကျောထောက်နောက်ခံ ကြံဖွံ့ပါတီဟာ ဘယ်ကမ္ဘာ၊ ဘယ်ေ၇ွးကေါက်ပွဲမှာမှ မရှိတဲ့ ကြိုတင်မဲခိုးယူတဲ့နည်းနဲ့ အခြားမသမာမှုတွေနဲ့ အောင်သိန်းလင်းအပါအ၀င် ကြံ့ဖွံ့ပါတီ အမတ်လောင်းတွေဟာ အနိုင်ယူသွားတယ်ဆိုတာ အများသိစေအပ်ပါသည်။
 အောင်သိန်းလင်းနဲ့ ဖြတ်စား၊လာဘ်စား၊ သူခိုးအကြီးစား။
            ဒီကဏ္ဍမှာ အောင်သိန်းလင်းရဲ့ ရန်ကုန်မြို့တော်ဝန်သက်တမ်းကာလအတွင်းမှာ ( ၂၀၀၃ မှ ၂၀၁၁ ထိ) ဖြတ်စား လာဘ်စား သူခိုးအကြီးစားဖြစ်ကြောင်းကိုသိရှိသမျှ အပိုမပါ အရင်းတိုင်းဖေါက်သည်ချပါ့မယ်။
၁ ။       ။ ရန်ကုန်တိုင်းမြို့တော်ဝန်ဟောင်း အောင်သိန်းလင်းဟာ ရန်ကုန်၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့မြို့နယ်များမှာရာချီနေတဲ့မြေကွက်တွေနဲ့တိုက်ခန်းများစွာကို လာဘ်အဖြစ် ရယူထားကြောင်း လမ်းခင်းမယ်ဆိုပြီး တင်ထားတဲ့ဘတ်ဂျက်ကလည်း အများကြီး၊ ခင်းသွားတဲ့လမ်းးရဲ့ကုန်ကျစရိတ်က အနည်းစုပဲရှိကြောင်း၊ ( ဧရာဝတီ၊ ၉-မတ်လ-၂၀၁၁)
၂ ။       ။ မန္တလေးတိုင်း၊သာစည်မြို့နယ်ရှိ ရန်ကုန်စည်ပင်ပိုင် မြို့တော်ဘိလပ်မြေစက်ရုံ က ကျပ်ငွေသန်းပေါင်းရာနဲ့ချီပြီး အလွဲသုံးစားလုပ်ထားကြောင်း။ ( ဧရာဝတီ၊ ၉-မေလ-၂၀၁၁)
၃ ။       ။ ရန်ကုန်မြို့တော်ဝန်ဟောင်း အောင်သိန်းလင်းသည် တာဝန်ထမ်းဆောင်စဉ်က ကျပ်သန်းထောင်ချီကာ ငွေကြေးအလွဲသုံးစားမှုကြောင် ဧပြီလနောက်ပိုင်းမှစ၍ စစ်ဆေးမေးမြန်းရန် အာဏာပိုင်များ၏ ဆင့်ခေါ်ထားခြင်းခံရကြောင်း။ (ဧရာဝတီ၊ ၉-မေလ-၂၀၁၁)
၎ ။       ။ ဗိုလ်မှူးချုပ်ဟောင်းအောင်သိန်းလင်းသည် ၂၀၀၃ မှ ၂၀၁၁ အထိ မြို့တော်ဝန်တာဝန် ထမ်းဆောင်စဉ်အတွင်း၊ မြို့တော်စည်ပင်သာယာကော်မတီပိုင် ငွေကြေးများအား ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့ကြောင်း၊ အလွဲသုံးစားလုပ်ထားသော ငွေကြေးပမာဏမှာ အနည်းဆုံး    ကျပ် သန်းပေါင်း တထောင်ကျော် ( အမေရိကန်ဒေါ်လာ ၂သန်းဝန်းကျင်) ရှိကြောင်းအတည်မပြုနိုင်သော သတင်းအရသိရပါသည်။ (ဧရာဝတီ၊ ၉-မေလ-၂၀၁၁)
၅ ။       ။ လမ်းခင်းသည့် လုပ်အားခငွေ သိန်းထောင်ကျော်ကို အသုံးမပြုဘဲ ထုတ်ယူထားကြောင်း။ ( မိုးမခ၊ ၂၂-၆-၂၀၁၁)
အခုဖေါ်ပြပြီးတာက(က)”အောင်သိန်းလင်းဆိုတာဘယ်သူလဲ”ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ကဏ္ဍအသေးတွေကိုတခုချင်း ဖေါ်ပြထားပါတယ်။အဲဒီ ခေါင်းစဉ်ကြီးအောက်မှာရှိတဲ့ ” ဖြတ်စားလာဘ်စား သူခိုးအကြီးစား” ထဲက ပြည်တွင်းမှာ ဖြတ်စား၊ လာဘ်စားအကြောင်းကို လက်လှမ်းမီသလောက် စုဆောင်းတင်ပြထားပြီးပါပြီ။” သူခိုးအကြီးစားထဲမှာကျန်တာက ခိုးဝှက်ပြီး ပြည်ပဘဏ်တွေမှာ လျှို့ဝှက်အပ်ထားတဲ့ ဘဏ်စာရင်းနဲ့ အောင်သိန်းလင်းမိသားစုစာရင်းဖြစ်ပါတယ်။
            ဒီတပတ်အတွင်းမှာ သူခိုးအကြီးစားထဲက လက်ကျန်နဲ့ (ခ) ဘာကြောင့် သူများကို တိုက်ခိုက်ပုတ်ခတ်တာလဲ၊ နဲ့ (ဂ)ရည်ရွယ်ချက်ကဘာတွေလဲဆိုတာတွေကို အမြန်ဆုံးတင်ပြပါမယ်။
အပိုင်း(၃)ကိုဆက်လက်ရှုစားကြပါ။
ရွှေပြည်စိုး
၇-သြဂုတ်-၂၀၁၂
http://moemaka.com
မန္တလေးမြို့ အောင်မြေသာဇံ ရပ်ကွက် တွင် ပေါက်ကွဲမှုဖြစ်ပွား
rThe Voice Weekly
မန္တလေး၊ သြဂုတ် ၁၃
ယနေ့နံနက် ရှစ်နာရီခွဲ အချိန်က မန္တလေးမြို့ အောင်မြေသာဇံ ရပ်ကွက် တွင် အမှိုက်များကို ကောက်ယူ၍ ရွေးချယ်နေသည့် ဦးသောင်းစိန်၊ ဒေါ်စန်းမြင့် နေအိမ်အနီး တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မန္တလေး ဒေသ အာဏာပိုင်များထံမှ သိရှိရသည်။
လွန်ခဲ့သော လအနည်းငယ်က စွန့်ပစ်ထားသည့် လက်လုပ်ဗုံးဟု ယူဆရသည့် အရာဝတ္ထု တစ်ခုကို ဒေါ်စန်းမြင့်မှ ဒါးဖြင့် ရိုက်ခွာစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယင်းပေါက်ကွဲမှုကြောင့် အနီးရှိ ခိုင်မင်းထက် (ခ) ကုလား(၂၈ နှစ်) သံချည်သံကွေး လုပ်ကိုင်သူနှင့် တစ်ပေခန့် အကွာတွင် တီဗွီကြည့်သူ မိုးအောင်သူ (ခ) ဘောကြီး (၃ နှစ်အရွယ် ကလေးငယ်)တို့ ပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာ ရရှိသူများမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။
ဗိုလ်ချုပ်ဇာတ်ရုပ်နေရာအတွက်ကျော်ကျော်မျိုးစာချုပ်ချုပ်ဆို
rဗိုလ်ချုပ် ရုပ်ရှင်ကား အဓိက သရုပ်ဆောင်များကို စခန်းသွင်း လေ့ကျင့်မည်
ပန်းမြတ်ဇော် | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၄၃ မိနစ်
ရန်ကုန် (မဇ္ဈိမ)။   ။  ၂၀၁၃ ခုနှစ်တွင်  ရိုက်ကူးတော့မည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား၏ အဓိက သရုပ်ဆောင် လေးဦးကို သြဂုတ် ၂၀ ရက်မှ စပြီး စခန်းသွင်း လေ့ကျင့်တော့မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင်
ဖြစ်မြောက်ရေး ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေး က ပြောသည်။
အဆိုပါ သရုပ်ဆောင် လေးဦးကို ပြင်သစ်ရုပ်ရှင် ပညာရှင် သီယာရီပစ်ကပ် ဦးစီးသင်ကြားမယ့် ၁ လကြာ အခြေခံ သရုပ်ဆောင် သင်တန်းနဲ့ အဆင့်မြင့် သရုပ်ဆောင်သင်တန်းမှာ စတင် တက်ရောက်ခိုင်းမှာ ဖြစ်ပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်းနေရာနဲ့ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်မယ့် သူတွေရဲ့ စိတ်ထဲမှာ ကိုယ်တိုင်က ဗိုလ်ချုပ်ဆောင်ဆန်း၊ ဒေါ်ခင်ကြည် ဆိုတာမျိုး ဖြစ်သွားတဲ့အထိ လေ့ကျင့်ပေးမှာပါ။ သူတို့ အခြေအနေကိုကြည့်ပြီး
နောက်ထပ် သုံးလ ထပ် စခန်းသွင်း လေ့ကျင့်ပေးပါ့မယ်။ ၂၀၁၃ မှာတော့ ဇာတ်ကား ရိုက်ကူးပါ့မယ်” လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင် တဦးဖြစ်သူ (ဦး)ဇာဂနာ က ပြောသည်။
သရုပ်ဆောင်များ၏ အာရုံ စူးစိုက်မှု၊ အရည်အချင်း၊ ကြိုးစားမှုပေါ်မူတည်ပြီး လေးဦးအနက်မှ ဗိုလ်ချုပ်နှင့်
ဒေါ်ခင်ကြည်အဖြစ် အသင့်တော်ဆုံး နှစ်ယောက်ကို ရွေးချယ်ကာ ကျန်နှစ်ယောက်အား အခြား သင့်တော်ရာ ဇာတ်ဆောင်များအဖြစ် ပါဝင်စေမည်ဟု ကိုဇော်သက်ထွေး က ပြောသည်။
မကြာမီ ရက်ပိုင်းအတွင်း လက်ရှိ ဆန်ကာတင် လေးဦးနှင့် ဘုတ်အဖွဲ့တို့ ကန်ထရိုက် စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။ စခန်းသွင်းလေ့ကျင့်မှု စတင်ပြီး ရုပ်ရှင် ရိုက်ကူးပြီးသည်အထိ နှစ်နှစ် အချိန်ယူ ရိုက်ကူးမည် ဖြစ်သည်။
ဗိုလ်ချုပ် နေရာအတွက် အ၀တ်အစားကို လူမင်းနှင့် ဝေဠုကျော်တို့က တာဝန်ယူကာ ဒေါ်ခင်ကြည် နေရာအတွက် အ၀တ်အစားကိုမူ ထွန်းအိန္ဒြာဗိုလ်၊ ကြည်ဖြူသျှင်နှင့် အိအိခိုင်တို့က တာဝန်ယူကြမည် ဖြစ်ကြောင်း သိရသည်။
mizzimaburmese.com
ဗိုလ်ချုပ်ဇာတ်ရုပ်နေရာအတွက်ကျော်ကျော်မျိုးစာချုပ်ချုပ်ဆို ခဲ့ရသော်လည်းကမ္ဘောဇဘောလုံးအသင်းက နှစ်နှစ်အတွင်းလစာဆက်လက်ပေးသွားမည်ဟု ဆို
Posted by AF in ပြည်တွင်းသတင်း
  မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားရိုက်ကူးရန်အတွက် ဗိုလ်ချုပ် နေရာမှာ သရုပ်ဆောင်ရန် နောက်ဆုံး အဆင့် ထိရွေးချယ်ခံရသော KBZ FC ဘောလုံးအသင်းက နောက်တန်းကစား သမား ကျော်ကျော်မျိုးနှင့်သြဂုတ်လ ၁ဝ ရက်နေ့ကဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက် ရေးရုံးခန်း မှာ တွေ့ဆုံခဲ့ပါ တယ်။ ဗိုလ်ချုပ် ရုပ်ရှင်ရိုက်ကူးနေချိန်အတွင်း ကလပ် ဖြစ်သောKBZ FC  ဘောလုံးအသင်းနှင့် နားလည်မှုယူထားပုံကိုမေးကြည့်ရာ..
  ”ကျွန်တော် ဗိုလ်ချုပ်ဇာတ်ကားကိုရိုက် ဖို့အတွက်KBZ FC က နားလည်ပေးထားပါ တယ်။ ကြည်ကြည်ဖြူဖြူခွင့်ပြုပါတယ်။ ကျွန် တော့်ကိုတောင် စာချုပ်နဲ့ပေါ့။ ဒီ ၂ နှစ်လုံး ကို လစာအပြည့်အဝပေးမယ်လို့တောင် ပြော ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ဇာတ်ကားကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။ ဒီလိုမျိုးတော့ရှိပါတယ်” ဟုပြောပါသည်။ဘောလုံး ကို ပိုင်ပိုင်နိုင်နိုင်ကစားနိုင်ပြီး မိခင်အသင်းက အားကိုးအားထားရသော်လည်း ၂ နှစ်တာ ခေတ္တနားပြီး ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ဖို့ အတွက် စတင်ရိုက်ကူးရတော့မည့်အပေါ် ကိုတော့..”ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ ခုအချိန်ထိ ဘောလုံးကိုနှစ်သက်တယ်။ ၂ နှစ် တောင် ခဏနားပြီး ရိုက်ကူးရေးစတော့ မယ် ဆိုတော့ ၂ နှစ်ဆိုတဲ့အချိန်ကို နှမြောမိတာ ပေါ့။ ဒါပေမဲ့ အခုရိုက်မယ့်ဇာတ်ကားကဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားဖြစ်နေလို့ပါ။  တကယ်လို့ တခြားကားဆိုရင်တော့ ရိုက်မှာ မဟုတ်ဘူး။ အားလုံးကလေးစားတဲ့ ပုဂ္ဂိုလ် တစ်ဦးရဲ့ အတ္ထုပ္ပတ္တိမှာ သရုပ်ဆောင်ရမှာဆို တော့၂ နှစ်ဆိုတာ နှမြောတာထက်ပိုပြီးဂုဏ်  ယူမိပါပြန်တယ်။ ဒီဇာတ် လမ်းအောင်မြင်ပြီးဆုံးတဲ့အထိ စိတ်ကိုနှစ်ထားမှာပါ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ” ဟုပြောသည်။ယခုအချိန်တွင်ဗိုလ်ချုပ် နှင့်ပတ်သက်သမျှအရင်ထက်ပိုလေ့ လာဖြစ် ပြီးတော့ ကလပ်အသင်းနဲ့လည်း အဆက် အသွယ်ပြတ်မှာမဟုတ်ကြောင်း ကျော်ကျော်မျိုးကပြောပါသည်။
ထူးထူး
popularmyanmar.com
ဘုန်းကြီးနှင့်သီလရှင်ကျောင်း ၂၅ကျောင်းကိုဖျက်မပေးရင် အရေးယူမည်ဟုဆို
August 13, 2012
ပဲခူးတိုင်း ပဲခူးမြို့ ဥဿမြို့ သစ်အကွက် အမှတ်၈/၉တွင်ရှိ သော ဘုန်းတော်ကြီးကျောင်းနှင့်  သီလရှင်ကျောင်း ၂၅ကျောင်းကို ဒေသအာဏာပိုင်က ဖယ်ရှားခိုင်း သည့် သတင်းကို ပြည်တွင်းပြည်ပ  သတင်းတွင်ရှိသည့်များတွင် ဖော် ပြထားသည်ကိုတွေ့ရသည်။ ပဲခူး တိုင်း ဥဿာမြို့သစ် အကွက်၈/၉  တွင်ရှိသည့် ဘုန်းကြီးကျောင်း၊သီ လရှင်ကျောင်း ၂၅ကျောင်းကို  သြဂုတ်လ ၁၂ရက်နေ့ နောက်ဆုံး ထား၍ ဖယ်ရှားပေးရန်ဒေသအာ ဏာပိုင်မှညွှန်ကြားထားသည်ဟု  ဖယ်ပေးရမည့်ကျောင်းမှသံဃာတစ် ပါးက မိန့်ကြားပါသည်။
ကျူးကျော်မြေထဲတွင် တည် ဆောက်ထားသည်ဟု အကြောင်း    ပြချက်နှင့်သြဂုတ်(၅)ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး အပါအ၀င်  ရဲသားတွေနှင့် ဒီလ(၁၂)ရက်နေ့ မှာ အပြီးဖျက်ပေးဖို့ လာရောက် ပြောကြားခဲ့သည်ဟု ပါဝင်သည့်      ဖယ်ရှားပေးရမည့်အထဲတွင် ဆရာလေး ဒေါ်ယုဝတီက ပြော ပြခဲ့သည်။
““ဆရာလေးတို့ မျက်မြင်က တော့ လူ(၂၅)ယောက်လောက်ပါ  လာတယ်။ရဲကားလည်း ရပ်ထား တယ်၊ရဲမှူးလည်း ပါလာတယ်။ ခရိုင်မှူးပါလာတယ်။သူတို့ပြော တာက တပည့်တော်တို့လည်း ဗုဒ္ဓဘာသာပါပဲ။တပတ်အတွင်း  ဖျက်သိမ်းပေးပါလို့ပြောပြီး ဆရာ လေးတို့ရဲ့ကိုယ်ရေးရာဇ၀င်တွေ၊  မှတ်တမ်းတွေယူသွားပါတယ်။  နောက်ပိတ်ဆုံးက လက်မှတ်ထိုး  ပါလို့ ဆရာလေးတို့ကိုခိုင်းပါတယ်။  ဆရာလေးတို့က ထိုးမပေးနိုင် ပါဘူး။ဆရာလေးတို့ရဲ့ သံဃာ ဆရာတော်တွေကို လျှောက်ပေး  ပါ့မယ်ဟုပြန်ပြောခဲ့သည်ဆို၏။
ဒီလ(၁၂)ရက်နေ့မှာ မဖယ် ပေးရင် ထောင်(၁)လချမယ်လို့ လည်း အာဏာပိုင်တွေက ပြော ဆိုခဲ့သည်ဟု ဆရာလေးသုဓမ္မစာရီ  က မိန့်ပါသည်။
““ဒီလ(၁၂)ရက်နေ့ မဖယ် ပေးရင် ထောင်(၁)လချမယ်လို့ ပြောပါတယ်။သူတို့ ပြောတဲ့အချိန်  မှာပဲ ဖျက်ချင်ဖျက် မဖျက်ချင်အ ချုပ်ကားတွေကလည်း လမ်းထိပ် မှာအဆင့်သင့်၊တချို့သံဃာတွေဆို  ထွက်ပြေးပုန်းရှောင်နေကြသည်။  ပြောရရင် ၀ါတွင်းမှာ အရမ်းအခက် အခဲဖြစ်နေတဲ့အတွက် ဆရာလေး   တို့ကတော့ အနူးအညွတ်တောင်း   ပန်ချင်တယ်။ဒါပေမယ့် မတရား မှုတွေ အရမ်းများလွန်းအားကြီး တော့ ဆရာလေးတို့ သည်းမခံ နိုင်ပါဘူး။ဒါကြောင့် ကျောင်းပိုင် မြေရော၊၀ါတွင်းမှာသီတင်းသုံးဖို့  အဆင်ပြေမှသာ ဆရာလေးတို့ လက်ခံနိုင်မယ်ဆိုတဲ့ အကြောင်း ပေါ့နော်။””ဟု ပြောပြပါသည်။
သံဃာတော်တွေအနေနှင့်ဝါ တွင်းကာလအတွင်း ခရီးသွားလာ ခွင့် မရှိသလို တခြားကျောင်းတွေ ကလည်း လက်မခံကြောင်း၊၀ါဆို ထားတဲ့ကျောင်းတွေမှသာ နေထိုင်  ရသည့်အတွက် ဖယ်ရှားခိုင်းတာ သည် အရမ်းအခက်အခဲဖြစ်ကြောင်း  ပြောင်းရွှေ့ပေးရမယ့် ကျောင်း ထိုင်ဆရာတော် ဦးသုမနကပြော  ပါသည်။
ဘုန်းကြီးကျောင်းတွေနှင့် သီလရှင်ကျောင်းတွေကို အာဏာ  ပိုင်တွေက ပြောင်းရွှေ့ခိုင်းတာနှင့်  ပတ်သက်ပြီး ဒေသခံတစ်ဦးက ယခုလိုပြောပါသည်။ ““ရဟန်း တွေကို အခုလို ဖယ်ရှားခိုင်းတာ  ကျွန်တော်တို့က လုံးဝမနှစ်သက် ပါဘူး။စိတ်လည်းမချမ်းသာဘူး။  သက်ကြီးရဟန်းတွေအများကြီး  ရှိတယ်။ဝိပဿနာအားထုတ်နေတဲ့  တောရဆောက်တည်နေတဲ့ ရဟန်း  တွေလည်း အများကြီးရှိပါတယ်။ှဗုဒ္ဓဘာသာနိုင်ငံဖြစ်နေပြီးတော့  အာဏာပိုင်တွေကလည်း ဗုဒ္ဓဘာ   သာဝင်ဖြစ်နေပြီး ရဟန်းတွေကို ၀ါတွင်းကာလမှာ ဖယ်ရှားခိုင်းတာ  ကို လုံးဝကို စိတ်ထဲမကောင်းစွာ  နဲ့ လက်ပိုက်ကြည့်နေရတယ်။ဘယ်  လိုမှ မနှစ်မြို့ပါဘူး။””ဟုဆိုပါ သည်။
ဥယျာဉ်မှူး
  hotnewsweekly.com