Wednesday, August 15, 2012

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စ အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်း သတင်းစာရှင်းလင်း

rPopular Myanmar News Journal

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသော စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်းစု( AmCham Singapore
Business ) ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်နှင့်ပတ်သက်၍ သတင်းစာရှင်း
လင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက်ည ၇ နာရီ က ရန်ကုန်မြို့ Park Royal မှ ပြုလုပ်ခဲ့သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြုပ်နှံရန် ကိစ္စရပ်များအတွေက် မြန်မာနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ စက်မှုကုန်သည်လုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများ နှင့် သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်ထိ ရန်ကုန်နှင့်နေပြည်တော် တို့တွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

၎င်းလုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ အိုင်တီနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ စသဖြင့် မြန်မာနိုင်ငံပိုမိုဖွင့်ဖြိုးတိုးတက်မှုဖြစ်စေမည့်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်သွားရန်ရှိကြောင်း၊ မြန်မာပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်စေရန်နှင့်ပိုမိုသက်သောင့်သက်သာဖြစ်စေရန်ပွင့်လင်းမြင်သာသောရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်သွား
မည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းစု အကြီးအကဲဖြစ်သူ မစ္စတာ ဆိုင်မွန်ခန့်ဟ်( Mr. Simon Kahn)
ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

ယူအေးအီး(ဒူဘိုင်း)ရောက်မြန်မာများအတွက်အထူးအရေးကြီးသတင်းတစ်ခု

MC Rkhine



ယခု OIC အစည်းအဝေးအပြီး ယူအေအီးအစိုးရမှ မြန်မာလူမျိုးများ ကို ဗီဇာ ဘန်းတော့ (Black Listed) မည်ဟုကုမ္ပဏီမှ ပီအာအို တစ်ယောက်ဆီမှ သတိပေးလာပါသည် ။လူသစ်များကိုဗီဇာမပေးတော့ပဲ
၊လူဟောင်းများကိုလည်း အီးပီသက်တမ်းကုန်လျှင် တိုးမပေးတော့
ဟုသိရပါသည် ။ သို.ဖြစ်ပါသောကြောင့် ဘဏ်တွင်ငွေ
အပ်ထားသည်များရှိပါကအကောင့် Freeze မလုပ်ခံရအောင်ငွေအမြန်ဆုံးထုတ်ယူထားကြပါရန်၊မရွေ.မပြောင်းနိုင်
သောပစ္စည်းများ (အိမ် ၊ ကား) အစရှိသည်တို.၀ယ်ယူထားမိပါကအမြန်ဆုံး
ရောင်းထုတ်ခြင်း ၊ ရောင်းရန်လုံးဝအဆင်မပြေပါက မိမိလုံးဝယုံကြည်စိတ်ချရသောမြန်မာနိုင်ငံကူးလတ်မှတ်ကိုင်ဆောင်ထားသူမဟုတ်သူအားပိုင်ဆိုင်မှုလွဲပြောင်းပေးအပ်ထားကြပါရန်အရေးပေါ်အကြောင်း
ကြားအပ်ပါသည် ။သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးသော်လည်း
ကြိုတင်ပြင်ဆင်ထားကြပါပိုကောင်းမည်ထင်ပါသည် ။ (သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါ)

*******************************************

ဘင်္ဂလီအလံများစိုက်ထူပြီး ချဉ်းကပ်လာ

MC Rkhine

နေ့စွဲ့။ ၁၅-၈-၂၀၁၂
မနေ့က ညည့် (၁၂း၀၀ နာရီ နှင့် ၃း၀၀ နာရီခန့်) တွင် ဘင်္ဂလီဘုတ် ၂-စီးသည် ဘင်္ဂလီအလံများစိုက်ထူပြီး ရသေ့တောင်မြို့နယ် ကုလားချောင်းရွာ (ရခိုင်ရွာ) သို့ ချဉ်းကပ်လာခဲ့ပါသည်။ ယင်းဘုတ်၂-စီးတွင် ဘင်္ဂလီ ၂၀ ခန့် လိုက်ပါလာပြီး၊ သေနတ်များလည်း ပါလာခဲ့သည်။ ကုလားချောင်းရွာသို့ အရောက်တွင် ကုလားချောင်းကျေးရွာ ကင်းအဖွဲ့နှင့် တိုးပြီး ဘင်္ဂလီများက စတင်ပစ်ခတ်ခဲ့ပါသည်။ ကုလားချောင်းကျေးရွာရှိ မုဆိုးများမှလည်
း ယမ်းထောင်းသေနပ်ဖြင့် ခုခံ ပစ်ခတ်ခဲ့ပါသည်။ အသေအပျောက် လုံးဝ မရှိခဲ့ပါ။
သို့သော် ယင်းဘုတ် ၂-စီးအနက် တစ်စီ (လူမပါ) ကို ဒေသခံ ကျေးရွာသားများမှ ဖမ်းဆီး၍ ၁၅-၈-၂၀၁၂ နေ့ နံနက်တွင် ရသေ့တောင် ရဲစခန်းသို့ ပို့ဆောင်ပေးခဲပြီး၊ ကျန်ဘုတ် တစ်စီးမှာလွတ်မြောက်သွားခဲ့ပါသည်။ ထွက်ပြေးသွားခဲ့သော ဘင်္ဂလီအချို့ မှာ သေနတ်များဖြင့် မေယုတောင်ပေါ်သို့ တက်ပြေးသွားကြောင်း သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ရုံးဖွင့်ပွဲ

The Voice Weekly


နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ငုဝါလမ်း အိမ်အမှတ် ၄၆၈၉၉ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်) ရုံးဖွင့်ပွဲကို ယနေ့ညနေ ၅နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါ ရုံးဖွင့်ပွဲတွင် လူထုအနေနှင့် ဥပဒေရေးရာများ အဆိုပါရုံးသို့ လာရောက် ဆွေးနွေးလိုပါက စနေ၊ တနင်္ဂနွေ အပတ်စဉ်တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ ညနေ ၃ နာရီမှ ၆ နာရီအထိ လည်းကောင်း ဥပဒေပညာရှင်များက အခမဲ့ တိုင်ပင်ဆွေးနွေးပေးသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရခိုင်ရောက်...စီအန်န်အန်န်

ဗိုလ်ချုပ်ကြီးဉာဏ်ထွန်း ဒု-သမ္မတအဖြစ် ကျမ်းသစ္စာဆို



လစ်လပ်သွားတဲ့ဒုတိယသမ္မတဦးတင်အောင်မြင့်ဦး နေရာမှာ ရေတပ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းကိုဒုသမ္မတအဖြစ်သြဂုတ်လ ၁၅ရက်နေ့မနက်ပိုင်းမှာပဲ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကအသိပေးကြေညာပြီးတပါတည်း ကျမ်းသစ္စာ ကျိန်ဆိုပေးခဲ့ပါတယ်။

    ကိုဇော်ဝင်းလှိုင်

15.08.2012

မြန်မာအစိုးရအဖွဲ့ထဲမှာ လစ်လပ်နေတဲ့ ဒုသမ္မတနေရာမှာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒီကနေ့ပဲ အစားထိုး ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်တွေမှာ ပညာသင်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုတိယသမ္မတအဖြစ် အခုလို ခန့်လိုက်တာဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်ရေးအတွက် လက်ရှိအစိုးရက ဦးစားပေး စဉ်းစားပုံ ရတယ်လို့ မြန်မာ့တပ်မတော်အကြောင်းကို အနီးကပ် လေ့လာနေတဲ့ သူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်ရှင်။

ဟုတ်ကဲ့ပါ။ ကျန်းမာရေးကြောင့် ရာထူးက အနားယူသွားတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နေရာမှာ ရေတပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတအဖြစ် သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာပဲ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က အသိပေးကြေညာပြီး တပါတည်း ကျမ်းသစ္စာ ကျိန်ဆိုပေးခဲ့တာပါ။

ဒုသမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဟာ မြန်မာ့တပ်မတော်မှာ အစဉ်အလာအားဖြင့် သြဇာကြီးတယ်လို့ သတ်မှတ်ထားတဲ့ ကြည်းတပ်က လာတာမဟုတ်ဘဲ ရေတပ်က လာတာဖြစ်ပေမယ့် သူဟာ အမေရိကန်၊ အင်္ဂလန် စတဲ့ အနောက်နိုင်ငံတွေမှာ ပညာသွားသင်ဘူးသူ ဖြစ်ပြီး ကြည်းတပ်က လာတဲ့ အရာရှိတွေထက်စာရင် နိုင်ငံတကာ ဆက်ဆံရေးမှာ အတွေ့အကြုံရှိတဲ့သူဖြစ်တယ်လို့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနက ဦးဌေးအောင်က သုံးသပ်ပါတယ်။

“ရေတပ်တို့ လေတပ်တို့ဆိုတာ ယေဘူယျပြောမယ်ဆိုရင်တော့ နည်းနည်းပေါ့ဗျာ။နိုင်ငံတကာနဲ့အဆက်အစပ်လည်းရှိတယ်။ နောက် ပညာလည်း တတ်ကြတယ်ပေါ့နော် အဲ့လိုလူတွေထဲကကို ခု ခန့်တယ်ဆိုတော့ ကျနော်မြင်တာကတော့ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ ပိုပြီးတော့ကောင်းလာမယ်လေ လေတပ် ရေတပ်အရာရှိတွေက များသောအားဖြင့် စစ်ဦးစီးတက္ကသိုလ်တို့ ဘာတို့တက်လို့ရှိရင် အမေရိကန်တို့ အင်္ဂလန်တို့မှာ သွားတက်ကြတာများတယ် ပြီးတော့လည်း သူတို့က ပြည်တွင်းက စစ်မြေပြင်တွေမှာပဲနေနေ ရတာမျိုးမဟုတ်ဘူးလေ။ ဒီရေတပ်ဆိုတော့ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ပူးတွဲလုပ်တဲ့ စစ်ရေးလေ့ကျင့်မူတွေမှာလည်း ပါတယ်။ နောက်တစ်ခုကလည်း နိုင်ငံတကာခရီးစဉ်တွေ ရှိတယ်ဆိုတော့ သူတို့က နိုင်ငံတကာ အတွေ့အကြုံလည်းရှိတယ် အမြင်လည်း ကျယ်မယ်လို့  ယူဆရတာပေါ့နော် ”

တကယ်တော့ လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရဟာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်အောင် မူဝါဒတွေ ချမှတ်လုပ်ဆောင်လာတဲ့ တချိန်တည်းမှာပဲ အမေရိကန်လို အနောက်နိုင်ငံတွေမှာ ပညာသင်လာတဲ့သူတွေကိုလည်း အစိုးရအဖွဲ့အတွင်းမှာ ပိုပြီး အသုံးပြုလာတာကို ကြည့်ခြင်းအားဖြင့် လက်ရှိ သူတို့သွားနေတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ အံဝင် ဂွင်ကျဖြစ်မယ့်သူကို ရွေးချယ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“ အခုမြန်မာအစိုးရက American trained တချို့ကို သုံးနေတာတော့ ဗိုလ်ချုပ်စိုးသိမ်းတို့ ၊ ကိုလှဌေးဝင်းတို့က အမေရိကန်ထရိမ်းတွေပေါ့။ အခုလည်း အမေရိကန် ထရိမ်း တစ်ယောက်ကို တင်တယ် ဆိုတာ ကတော့ အမေရိကန်ကို မျက်စပစ်တဲ့ သဘောပေါ့။ ပြည်တွင်း အချက်အလက်လည်း ရှိတော့ရှိတယ်။ အဓိကကတော့ အမေရိကန်အစိုးရကို မျက်စပစ်တဲ့ သဘောလည်း ပါပါတယ်။ ကျနော်ထင်တာ။ သူ ပြီးတော့ ကျနော်ထင်တာကတော့ အမှန် ကိုဥာဏ်ထွန်းဟာ သိပ်တော့ eligible မဖြစ်လောက်ဘူးဗျ။ တကယ်တော့ မြန်မာအစိုးရဖက်က စဉ်းစားရင် ကိုသိန်းစိန် မတော်တဆ တခုခုဖြစ်သွားရင် သမ္မတအနေနဲ့ တက်ပြီး လုပ်နိုင်ကိုင်နိုင် လောက်တဲ့ အရည်အချင်းတော့ သိပ်ရှိပုံမရဘူးဗျ။ ဒီလောက်တော့မရှိပါဘူး။ ပြီးတော့ တပ်မတော်ရဲ့ အစဉ်အလာအရဆိုရင် Navy ဆိုတော့လည်း တပ်ကို ဒီလောက် သြဇာကြီးလှမှာ မဟုတ်ပါဘူး။ Navy က ကာကွယ်ရေးဦးစီးချုပ်ကို လွှမ်းမိုးနိုင်လောက်အောင်လည်း အခြေအနေမရှိဘူးလေ။ မြန်မာစစ်တပ်ရဲ့အစဉ်အလာအရ ပြောမယ်ဆိုလို့ရှိရင် အဲ့တော့ ကျနော်ထင်တာကတော့ သူတို့အခြားအကြောင်းထက်ပေါ့နော် American Trained ဖြစ်တာရယ် ကျနော်ဟိုတုန်းက ထင်သလိုပေါ့နော်၊  ကိုသိန်းစိန်မရှိတော့ရင် သိန်းစိန်နေရာကို ကိုင်နိုင်လောက်တဲ့ နည်းနည်း Strong ဖြစ်တဲ့လူကို ထားဖို့ဆိုတာ သိပ်တော့လည်း ဥာဏ်ထွန်းတို့က သိပ်တော့ မကိုက်ညီလောက်ဘူး ထင်တယ်ဗျ။ လူကတော့ ခပ်ပျော့ပျော့ပဲ။ ပြီးတော့ Navy ကလာတယ်ဆိုတော့ သိပ်ပြီးတော့ admin ကို ကိုင်နိုင်တဲ့သဘောမရှိဘူး။ တစ်ဦးချင်း သူ့အကြောင်းကို ကျနော်တို့ လိုက်မေးတဲ့အခါ တပ်ထဲမှာ သိပ်ပြီး ဆိုးဆိုးဝါးဝါးမဟုတ်ဘူး။”

ဦးအောင်ကျော်ဇော သုံးသပ်ပြခဲ့တာပါ။ အမေရိကန်နဲ့ အဆင်ပြေရေးကို ဦးစားပေးပြီး ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတအဖြစ် ရွေးချယ်လိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တဖက်မှာ တပ်မတော်တွင်း ပဋိပက္ခတွေ မရှိဘူးလို့ မဆိုနိုင်ဘူးလို့လည်း NDD အဖွဲ့က သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ်။

“သမိုင်းအရပြောမယ်ဆိုရင်လည်း မင်းအောင်လိုင်တို့ဘာတို့က တပ်ထဲမှာ မလိုချင်တဲ့ကောင်ကို ချောင်ထိုးလိုက် တာဖြစ်မှာပေါ့။ တချို့တွေကျတော့လည်း မင်းအောင်လိုင်တို့က အရပ်ဖက် ပြောင်းလိုက်တာကိုး။ အဲ့ဒီ့အခါကျရင် တပ်ထဲမှာ ဒီလူက သိပ်ပြီး အဆင်မပြေဘူးဆိုရင်တော့ မင်းအောင်လိုင်တို့က သူ့ကို ပထုတ် လိုက်တဲ့သဘောလည်း ဖြစ်ချင်ဖြစ်မယ်။”

တပ်မတော် အတွင်း ဒီဒုသမ္မတ ရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေ ရှိခဲ့တယ်ဆိုတာကတော့ ဒုသမ္မတ ရွေးချယ်တဲ့ နေရာမှာ အချိန် ဒီလောက်ကြာ နေတာကို ကြည့်ခြင်းအားဖြင့် သိသာတယ် လို့လည်း ဦးဌေးအောင်က ပြောပါတယ်။ ဒုသမ္မတအဖြစ် ပထမ ယာထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကတော့ သူ့ရဲ့ သားမက်ဖြစ်သူက သြစတေးလျနိုင်ငံသား ဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်းနဲ့ဆိုင်တဲ့ ပြဌာန်းချက်တွေနဲ့ ညှိစွန်းနေတာကြောင့် အဲဒီ အစီအစဉ် ပျက်သွားခဲ့တာပါ။ အဲဒီလို ပျက်သွားပြီး အချိန်အတော်ကြာမှ ရုတ်တရက် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုသမ္မတဖြစ်မယ် ဆိုတဲ့သတင်း ကျမ်းသစ္စာမကျိန်ဆိုခင် တရက်အလိုမှ ထွက်လာဖြစ်ပါတယ်။

အခု ဒုသမ္မတသစ် ဦးဥာဏ်ထွန်းဟာ ၁၉၇၆ ခုနှစ်မှာ DSA အပတ်စဉ် (၁၆) က ဆင်းခဲ့သူဖြစ်ပါတယ်။ တပ်မတော်(ရေ) မှာ ဗိုလ်ကြီးအဖြစ်နဲ့ အမှတ် (၁) ရေတပ်ထောက်လှမ်းရေးတပ်ရဲ့ တပ်မှူး အဖြစ်တာဝန်ယူနေချိန် ၁၉၈၃ ခုနှစ်မှာ မျက်မှန်ကြီးလို့ လူသိများတဲ့ ထောက်လှန်းရေးအကြီးအကဲ ဗိုလ်မှုးချုပ်တင်ဦးကို သူ့ရဲ့လူ ဗိုလ်မှူးနဲ့ အထက် အဆင့်ရှိသူတွေကို ဖြုတ်လိုက်တဲ့အချိန်မှာ ဗိုလ်ကြီးဥာဏ်ထွန်း လွတ်မြောက်ခဲ့ပြီး မိခင်တပ်ဖြစ်တဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (သန်လျင်-ဆိပ်ကြီး) ကို ပြန်ပို့ခံရပါတယ်။

အဲဒီကနေ အဆင့်ဆင့် ရာထူးတွေ တိုးလာပြီး ၂၀၀၉ မှာ အခုစက်မှုဝန်ကြီး အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း အစိုးရအဖွဲ့ ၀န်ကြီး ဖြစ်လာတဲ့အခါမှာ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်ဉာဏ်ထွန်းကနေ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ မှာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)(ရေ)(လေ)သုံးဦးကို ဗိုလ်ချုပ်ကြီးအဆင့်ကို တိုးမြှင့်လိုက်တဲ့အခါမှာ ဗိုလ်ချုပ်ကြီးဉာဏ်ထွန်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။ သူဟာ မကြာခင်က ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ ပါကစ္စတန်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသေးတယ်ခင်ဗျား။  http://burmese.voanews.com/content/new-vice-president--nyan-tun-swears-in-during-parliament-in-naypyitaw/1488778.html

ဝံသရမ်းနှင့် ဒေါက်တိုင်တိုက်ပွဲ

အဘ ဥက္ကာကိုကို
August 2 at 6:27am ·

    ““၀ံသရမ်းနှင့် ဒေါက်တိုင်တိုက်ပွဲ(၁)””

    အာဇာနည်နေ့က ၆၅ ထွက်သွားသလို ယခုလည်း ၄၄ အပူးပေးပြန်ပြီ။ လူဝံကြီးအိပ်မက်အရ ဟု သိရသည်။ အားလုံးဝိုင်းထိုးကြသော်လည်း မဟာကံထူးရှင်နှစ်ဦးသာ ပေါက်သွားသည်။
    ဗွိုက်စကိုဒဂါးမားနှင့် ဘဲအတု(အာပင်ဘွိုင်း) တို့ဖြစ်၏။
    ဘိုးတော်ကြီး ဘဲရင့်ပင့်ငွေက ကံထူးရှင်နှစ်ဦးအမည်ကို ကြေညာလိုက်သည့်အခါ မပေါက် သူတို့က ဖျတ်ဖျတ်လူးသွားကြသည်။
    ““ ဒီကိစ္စဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဘဲ။ ၁၅ ယောက်စလုံးပါရမယ့် ကိစ္စကို နှစ်ယောက် တည်း ကွက်ပြီးပေးတယ်။ ကျေနပ်ဘူး... ကျေနပ်ဘူး””ဟု ပြောသူက အိတ်စပတ်ဘဲလေး
    ဆိုသူဖြစ်၏။
    ဒီကြားထဲ ဓားခုတ်ရာလက်လျှို၊ မစားရညှော်ခံ၊ မဆိုင်တဲ့အပေါက်ဂလိုင်ဝင်ခေါက် တဲ့ မျောက်ဂျင်းနှိုက်(MJN) အဖွဲ့က မကျေမနပ်နဲ့ ကြေညာချက်ထုတ်ဖို့ကြိုးစားသည်။ သို့သော်
    သိပ်အရာထင်ပုံမရ။
    မစ္စတာသာလွန်အဘိဓာန်တို့အုပ်စုကလည်း နှင်းဆီဗြူတီးဆလွန်းကို အခမဲ့ပုတ်ပြတ်ငှားရမ်း ၍ လွှတ်တော်ခေါ်ယူကြ၏။ အဆိုပါ စတုတ္ထမဏ္ဍိုင်လွှတ်တော်ကြီးသို့ ဆရာကြီးပေါင်း ၉၂ ဦးတက်ရောက်ကာ တစ်ယောက်တစ်ခွန်းဝိုင်းဝန်းအုံကြွကြသဖြင့် ၉၂ ဌာနအုပ်ချုပ်ရေး ဟု ခေါ်တွင်သွားလေ၏။
    ထိုလွှတ်တော်မှပင် သပိတ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ ““ပလီပလာနဲ့လာမဖိနဲ့... မအီမသာနဲ့ လာမကြည့်နဲ့... ကလီကမာနဲ့ လာမနှိပ်နဲ့... ရပ်.. ရပ်... Stop..””ဟူသည့် ကြွေးကြော် သံတစ်ရပ်ကိုထုတ်ပြန်ကြကုန်၏။
    တီရှပ်အမည်းများတွင် ထိုဆောင်ပုဒ်အားရိုပ်နှိပ်ဝတ်ဆင်ကြသဖြင့် အနက်ရောင်လောကသား များအဖြစ် အသွင်ပြောင်းကုန်ကြ၏။
    အတိတ်စိမ်းပေးသော လူဝံကြီးက မျက်ခုံးတစ်ချက်သာ ပင့်ကြည့်လေသည်။ ဤသည်ကို မြင်လိုက်ရသူတို့က လူဝံကြီးမျက်ခုံးလှုပ်နေပဟ ဟု ဆိုကာ အားတက်ကြလေသည်။
    လူဝံကြီးကား ထိုင်ခုံပေါ်မှာ ဖင်ကို စူပါဂလူးဆယ်ဗူးဖြင့် အသေကပ်၍ ထိုင်ကာ ဒူးနန့်နန့် ပေါင်နန့်နန့်နှင့် သွားကြားထိုးတံကလေးကိုသာ ကိုက်၍ ပြုံးလေ၏။

    ထိုအခါ.......
    လူဝံအပြုံး... လေးနှစ်လုံးဟုဆိုကာ ၄၄ အပူးကို ထပ်ထိုးရန် စိုင်းပြင်းကြပြန်၏။

    (ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ပါမည်)
    မှတ်ချက်။ ။ သရော်စာသက်သက်ဖြစ်ပြီး မည်သည့်ထိခိုက်နစ်နာစေလိုမှုမှ မပါဝင်ပါကြောင်း။
    ရေးသားသူ- ဥက္ကာကိုကို၊ သံချောင်း၊ မင်းထက်စံ

““၀ံသရမ်းနှင့် ဒေါက်တိုင်တိုက်ပွဲ(၂)””

သို့ဖြင့်....
တီရှပ်အနက်များရပြီ။ အားလုံး နင်ဂျာဖြစ်ကုန်သည်။
စတိုင်ထုတ်၍ ဓာတ်ပုံရိုက်ကြသည်။ ကုန်းသူကကုန်း၊ ကော့သူကကော့၊ ကောက်သူကကောက်၊ ကွေးသူကကွေးနှင့် ဒီဇိုင်းမျိုးစုံရိုက်ကြသည်။
တီရှပ်တွေအော်ဒါမှာတဲ့ကောင်အသုံးမကျ၍ ဗိုက်ပူမှန်းလူသိကုန်သဖြင့် သတင်းထောက်မမ များ ဆူကြပူကြလုပ်ကြ၏။ ၀ိတ်လွန်သတင်းထောက်များ မတော်သဖြင့် မ၀တ်ရ။ မျက်နှာအလွန် ငယ်နေကြသည်။
ဒီလိုနှင့် လမ်းပေါ်စထွက်ကြ၏။
ဆူးလေရောက်သည်အထိ ခြေဦးတည့်ရာလျှောက်ကြသည်။ တချို့က ဘယ်သွားရမှန်းမသိ။ ပြီးမှ.... ၀ါးတီးရှိသည်ဟုဆိုကာ ဗွိုက်စကိုဒဂါးမားရုံးသို့ချီတက်ကြသည်။ ဒံပေါက်ကျွေးမည်ဟု တချို့က တီးတိုးပြောနေသည်။ ကြာကြာစံရအောင်ကြာဆံကြော်ကျွေးမည်ဟု မျှော်လင့် သူလည်း ရှိ၏။ ဟိုရောက်တော့ မှန်းချက်နှင့် နှမ်းထွက်မကိုက်။ ကော်ဖီသာတိုက်သည်။
ကော်ဖီအ၀သောက်ပြီး ပြန်လာတော့ လမ်းထိပ်မှာ မြို့နယ်မှူး ရဲကိုကိုနှင့် စခန်းမှူးရဲညီညီတို့ ပလက်ဖောင်းဘေးမှာ မယောင်မလည်ဖြင့် တရှုံ့ရှုံ့အနံ့ခံနေကြသည်။ နင်ဂျာဂိုဏ်းကြီးကိုမြင်တော့ ဗလီနားကပ်ပြီး ကွမ်းယာဝယ်သလို ဆေးလိပ်ဝယ်သလို ဟန်ဆောင်ကြသည်။ မသိမသာလည်း အကဲခတ်ပြန်၏။
သို့သော် နင်ဂျာတို့ကား ၀ှီး... ၀ှီး... ၀ှစ်... ၀ှစ်... ဟု အသံစုံမြည်ကာ ကိုယ်ဖော့ပညာသုံး၍ မြို့တော်ခန်းမအနီးက ၄၅ ကားကြီးပေါ် ခုန်တက်သွားကြ၏။ အချို့ကား ကိုယ်ပျောက်ပညာဖြင့် မြေလျှိုးကြ၏။ လက်နက်ပုန်းနှင့် မပစ်သွားတာကံကောင်းပေစွတကား... ဟု ရဲကိုကို၊ ရဲညီညီတို့ သက်ပြင်းချ၏။
ကားခမပါသော နင်ဂျာ ၇ ယောက် အမိုးပေါ်တက်ကပ်နေသဖြင့် စပယ်ယာမမြင်။ (မြင်လိုက်သည့် ကျွန်ုပ်တို့ ယခုဖွ၏။ ပလို့ဂျိ)။

မြေနီကုန်းမှတ်တိုင်နားမရောက်မီမှာတင် နင်ဂျာတွေ ကားပေါ်မှ ပျောက်၍ လမ်းပေါ်လျှောက်ပြန်၏။
မြေနီကုန်းစင်တာရှေ့ရောက်တော့ ဆီးကြိုသူတွေ တွေ့ရသည်။ တစ်ဖွဲ့က ပန်းကုံးစွပ်မည့်အဖွဲ့ဖြစ်ပြီး နောက်တစ်ဖွဲ့က လက်ထိပ်စွပ်မည့်အဖွဲ့ဖြစ်သည်။ ပန်းကုံးစွပ်မည့်အဖွဲ့ကား အပူးအဖွဲ့ဖြစ်၏။

စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ တေးရေးဆရာ၊ စန္ဒယားဆရာ........... ဆရာအားလုံးပေါင်းမှ ဆရာတစ်ယောက်တည်း သူဖြစ်နေသော ကို““ဘက်ကြည့်မှန်””ကြီး ဦးဆောင်၍ ဆီးကြိုအားပေးကြသည်။
ကားတိုက်ခံရမည်ကြောက်၍ အပြေးအလွှားလမ်းဖြတ်ကူးသဖြင့် အရင်ဆုံးရောက်လာသည့် နင်ဂျာနှစ်ယေက်ကို ခေါင်းဆောင်ထင်၍ လက်ဆွဲနှုတ်ဆက်ကြသည်။

ခဏကြာတော့ နယ်ခံရဲကိုကိုတစ်ဦးက ဘရိတ်ဒန့်စ်ဆွဲ၍ တားဆီးရင်း မေးသည်။
““ခင်ဗျားတို့... စာမတင်ဘဲ... လမ်းလျှောက်လာတယ်””
နင်ဂျာများ ကုလားသိုက် ကျားကိုက်သလို ပြန်ပြောကြသည်။
““စာမတင်ဘဲ ကားစီးလာကြတာပါ””
““လမ်းလျှောက်လာတာ... တွေ့ပါတယ်နော်””
““ကားစီးလာတာ... ဖြစ်ပါတယ်နော်””
““လမ်းလျှောက်လာတာ... တွေ့ပါတယ်နော်””
““ကားစီးလာတာ... ဖြစ်ပါတယ်နော်””
““လမ်းလျှောက်လာတာ... တွေ့ပါတယ်နော်””
““ကားစီးလာတာ... ဖြစ်ပါတယ်နော်””
““အမလေးနော်””
““အလိုလေးနော်””
““အမလေးလေး... အလိုလေးနော်...””

ရဲကိုကို မရမက ဆက်ပြော- ““မှတ်တိုင်ကတော့ လမ်းလျှောက်လာတာ မဟုတ်လား””
ဘက်ကြည့်မှန် ၀င်ပြော - ““လမ်းလျှောက်မလာလို့ ဈာန်နဲ့ပျံလာရမှာလား””

ထိုသို့ ငြိမ်းချမ်းစွာ ပျော့ပျော့ပျောင်းပျောင်း ပြောဆိုကြပြီးမှ အာပင်ဘွိုင်းရုံးပေါ်သို့ တင်ခွင့်ရကြ၏။
ထုံးစံအတိုင်း ၀ါးတီးရှာသူများ မှန်းချက် နှမ်းထွက်မကိုက်။ ရေသာတိုက်၏။

ဆက်ရက်မောင်မောင်က နင်ဂျာများနှင့် ဘက်ကြည့်မှန်ရှေ့တွင် သူဟာ အပူးလေးလုံးနှစ်တုန်းက ကျောင်းသားတွေနှင့်အတူ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း မိန့်ခွန်းချွေသည်။
ဘက်ကြည့်မှန်ကြီး ပါးစပ်ဟောင်းလောင်းဖြင့် ရှေ့သွားလေးထွက်ကာ အံ့သြရှာ၏။
““.... သြ .... ””

ထိုစဉ်လူအုပ်ကြားမှ လွမ်းဆွတ်တမ်းတဖွယ် အသံနက်ကြီးက ဟိန်းခနဲထွက်လာသည်။
““ပုန်း..... နေတာပါ.... ကွာ””

(တတိယပိုင်းကို ဆက်လက်တင်ဆက်ပါမည်)
မှတ်ချက်။ ။ သရော်စာသက်သက်ဖြစ်ပြီး မည်သည့်ထိခိုက်နစ်နာစေလိုမှုမှ မပါဝင်ပါကြောင်း။

ရေးသားသူ- ဥက္ကာကိုကို၊ သံချောင်း၊ မင်းထက်စံ


““၀ံသရမ်းနှင့် ဒေါက်တိုင်တိုက်ပွဲ (၃)””

အာပင်ဘွိုင်းမှ တိုက်သောရေကို တနင့်တပိုးသောက်ပြီးသော် နင်ဂျာများ ထုံးစံအတိုင်း ၀ှီး... ၀ှီး... ၀ှစ် ၀ှစ် ဟုအသံစုံမြည်ကာ လမ်းပေါ်က တက္ကစီများပေါ်သို့ ခုန်တက်သွားကြပြန်သည်။
ပါးစပ်မှလည်း ““မီဒီယာကို မီဒီယာနဲ့ဖိုက်လို့မရ.. ဘီယာနဲ့တိုက်မှရမည်... ဟွင်းဟွင်းဟွင်း”” ဟူ၍လည်း အံကြိတ်ကြုံးဝါးသွားကြသည်။
တက္ကစီခမပါသော နင်ဂျာခုနှစ်ယောက် ကားနောက်ဖုံးများတွင် တွယ်ကပ်ပါသွားကြ၏။

သို့နှင့် ဗိုလ်ခြေတစ်ရာမြို့နယ်ရှိ သစ်ခွဟိုတယ်ရှေ့ ရောက်၏။ ဟိုတယ်နံရံများကို ချိတ်၍လည်းကောင်း၊ ပြတင်းပေါက်များကို
ရိုက်ခွဲ၍လည်းကောင်း၊ ပိုက်လုံးကို တွယ်တက်၍လည်းကောင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ၀င်ရောက်ကြကုန်၏။
အထဲသို့ရောက်သော် မာဖီးယားဂျိုကာအသင်း(Mafia Joker Association) မှ ဂိုဏ်းချုပ်ကြီးများ စုဝေးနေသည်ကို တွေ့ရသဖြင့် လက်နက်ပုန်းများ
ထုတ်ပြခြိမ်းခြောက်ကာ စာရွက်တစ်ရွက်တွင် အလိုမတူဘဲ လက်မှတ်ထိုးခိုင်းလေသည်။ သမ္မတ ဘပြောင်ဆီပို့ရန်ဟုလည်း ပြောသည်။
မာဖီးယားဂိုဏ်းသားများကားခြေဆောင့်သူဆောင့်၊ နှုတ်ခမ်းစူသူစူကုန်သည်။ နင်ဂျာများကား ဂရုမစိုက်။ လက်မှတ်စာရွက်များကိုယူ၍
ဝှီးဝှီး ၀ှစ်ဝှစ်မြည်ကာ ဟိုတယ်ပေါ်မှ ကျွမ်းပစ်ခုန်ချသွားကြ၏။

မြို့တော်ခန်းမအနီးက မြို့တော်ကြယ်ပွင့်ဟိုတယ်ပေါ်သို့ နင်ဂျာများရောက်လာပြန်သည်။ တာရာမင်းဝေငါးနှစ်ပြည့်အမှတ်တရအဖြစ် ကဗျာဆရာများ
ဝမ်းနည်းကြေကွဲနေသည်။ ဘက်ကြည့်မှန်ကြီးလည်း မည်သို့မည်ပုံရောက်လာသည်မသိ။ ကဗျာတက်ရွတ်နေတာတွေ့သည်။
““ကျောင်းနံရံတ၀ိုက်... ဒေါင်းအလံပြန်စိုက်မယ့်တစ်နေ့... ငါ... ငါ... ဟိုက် နင့်မေကလွှား.... နင်ဂျာတွေလာပြန်ပြီ””

---------------------------------------------------------------

ထိုသို့ အနက်ရောင်လောကသားနင်ဂျာများ မြို့အနှံ့မွှေနှောက်လိုက်ပြီး မကြာမီမှာပဲ ဗွိုက်စကိုဒဂါးမားနှင့် အာပင်ဘွိုင်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်လေသည်။ အရှိန်ကောင်းနေသည့် နင်ဂျာများက မကျေနပ်သေး။ ဟိုတစ်စု ဒီတစ်စုနှင့် တိုးတိုးကျိတ်ကျိတ် တိုင်ပင်ပြန်သည်။
မျောက်ဂျင်းနှိုက်(MJN) ဂိုဏ်းကလည်း ခေါင်းထောင်လာပြန်သည်။ ၀ိတ်လွန်ကိုကိုများနှင့် ဗိုက်ပူမမများအတွက် နင်ဂျာဝတ်စုံဆိုက်ဒ်ကြီးများကို ထပ်ဝေကြသည်။

ဒီကြားထဲမှာ ““အတုတွေ ချာချာလည်ရင်း ပြောင်ပြီ”” အမည်ရသည့် ကောင်စီအဖွဲ့တစ်ဖွဲ့ကို စိတ်ထဲပေါ်သည့် နာမည်ကောက်တပ်ကာ အစိုးရက ဖွဲ့စည်းလိုက်လေ၏။ မာဖီးယား ဂျိုကာ အသင်းမှ ဂိုဏ်းချုပ်တချို့က သတင်းစာကိုကောက်ကိုင်ကာ ““ဟယ်...နာ့နာမည်ကြီးပါလားဟရို့”” ဟု အာမေဋိတ်ပြုကုန်၏။
ထို့နောက် ““ငါတို့ကို မပြောဘဲ နာမည်ထည့်တယ်... ရှက်ပါတယ်... ကရော် ကရော်””ဟု ဆိုကာ အတုတွေချာချာလည်ရင်းပြောင်ပြီ ကောင်စီမှ ထွက်စာတင်ကုန်၏။
ထို့ကြောင့် ကောင်စီလည်း မစမီကပင် ရပ်လေ၏။ သွားကြားထိုးတံကလေးကိုက်နေသော ၀ံသရမ်းလည်း ဒေါခီးလေ၏။ ဘိုးတော်ကြီး ဘဲရင့်ပင်ငွေလည်းအံကိုသာ နာနာကြိတ်လေ၏။ ““ဂျွတ် ဂျွတ်.. ဂတ် ဂတ် ဂတ်”” ဟူ၍။

ထိုအချိန်တွင် မာဖီးယားဂျိုကာအသင်း၏ (တစ်နိုင်ငံလုံး ကျွတ်ကြဲသွားသည့်) နိုင်ငံလုံးကျွတ် ညီလာခံကြီးကို ခေါ်ယူ၍ ဂိုဏ်းချုပ်များကို ရွေးချယ်ကြလေသည်။
မာဖီးယားဂိုဏ်းချုပ်များ မည်သူတွေဖြစ်နိုင်မည်ကို ၀ိုင်းဝန်းခန့်မှန်းကြသော် ခန့်မှန်းသူတို့ မမှန်လျှင်ဝမ်းနည်းကုန်မည်စိုးသောကြောင့် ခန့်မှန်းကြသည့် အတိုင်းပင် ရွေးချယ်လိုက်ကြ သည်ကို တွေ့ရလေ၏။

(မာဖီးယားဂျိုကာအသင်းဥက္ကဌနှင့် အင်တာဗျုးခန်း)

အတင်းထောက်။ ။ ညီလာခံမှာ ထူးခြားတာလေးရှိရင် ပြောပြပါဦး။
မာဂျိုဥက္ကဌ ။ ။ ထူးခြားတာကတော့ ဒံပေါက်တွေအများကြီး ပိုနေတာပါပဲ။
အတင်းထောက်။ ။ ဂိုဏ်းချုပ်ရွေးချယ်ပုံလေး။
မာဂျိုဥက္ကဌ။ ။ မဲစနစ်နဲ့ ရွေးတာ။ ဖယောင်းမသုတ်ဘူး။ စီစီတီဗီတပ်မထားဘူး။
အတင်းထောက်။ ။ ဘယ်သူတွေအရွေးခံပါသလဲ။
မာဂျိုဥက္ကဌ။ ။ ဒီလူတွေပါပဲ။
အတင်းထောက်။ ။ ဘယ်သူတွေ ရွေးချယ်ခံရပါသလဲ။
မာဂျိုဥက္ကဌ။ ။ ဒီလူတွေပါပဲ။
အတင်းထောက်။ ။ ရွေးချယ်ခံရသူတွေထဲမှာ ဆရာတပည့်၊ မောင်နှမ၊ သားအမိ၊ ညီအကို၊သားအဖ စတဲ့အပူးတွေပါနေတယ်ဆို။
မာဂျိုဥက္ကဌ။ ။ အဲလိုမခွဲခြားပါဘူး။
အတင်းထောက်။ ။ ဒါဆို ဘယ်လိုမျိုးပါလဲ။
မာဂျိုဥက္ကဌ။ ။ မိသားစုတစ်စုလုံးပါ။
အတင်းထောက်။ ။ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတွေက ဘယ်သူတွေပါလဲ။
မာဂျိုဥက္ကဌ။ ။ ဒီလူတွေပါပဲ။
အတင်းထောက်။ ။ အဲဒီ ဒီလူတွေဆိုတာ ဘယ်သူတွေပါလဲ။
မာဂျိုဥက္ကဌ။ ။ ဒီလူတွေပါပဲဆိုတာ ဒီလူတွေပဲပေါ့ကွ လဒရဲ့။
အတင်းထောက်။ ။ ဒီလူတွေပါပဲလို့ အများကခန့်မှန်းထားကြပါတယ်။ ကြားမိပါသလား။
မာဂျိုဥက္ကဌ။ ။ ကြားပါတယ်။ သူတို့ခန့်မှန်းတာမမှန်ရင် ၀မ်းနည်းကုန်မှာစိုးလို့ အားနာပါးနာနဲ့ မှန်အောင်လုပ်ပေးလိုက်တာပါ။
အတင်းထောက်။ ။ ကျေးဇူးကြီးမားလှပါပေတယ်ခင်ဗျာ။

(စတုတ္ထပိုင်းကို ဆက်လက်တင်ဆက်ပါမည်)
မှတ်ချက်။ ။ သရော်စာသက်သက်ဖြစ်ပြီး မည်သည့်ထိခိုက်နစ်နာစေလိုမှုမှ မပါဝင်ပါကြောင်း။
ရေးသားသူ- ဥက္ကာကိုကို (သံချောင်းနှင့် မင်းထက်စံတို့ မဆုံတွေ့နိုင်သဖြင့် ကျနော်ပဲဆက်ရေးလိုက်ပါသည်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ချဉ်ပေါင်ရွက် နဲ့ ဂေါ်ဖီထုပ်ဝယ်ပြီး ပြန်လာ

လောင်လုံ မြှို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ နှင့် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်တို့ပါ... လွှတ်တော်နားရက် စနေနေ့က အနီးရှိဈေးမှချဉ်ပေါင်ရွက် နဲ့ ဂေါ်ဖီထုပ်ဝယ်ပြီး ပြန်လာတာပါ...

Ko MawPyay