Friday, August 17, 2012
တိုရန်တိုမှာလည်းဘင်္ဂလီထောက်ခံသူတွေဘင်္ဂလီတွေဆန္ဒပြလိမ့်မည်
make report and comments on this link.
bingalis and supporters will be a Demonstration in Toronto ,Canada
Organize by.....
နာမည်ကူးဖို့လုပ်နေတုန်းဖြုတ်သွားလို့ပုံလေးပဲရလိုက်တယ်..
Live in brampton Ontario ပဲရလိုက်တယ်။အဲ..အခုပုံပါဖြုတ်သွားပြီ...
ဘင်္ဂလီထောက်ခံတဲ့မြန်မာစကားပြောသူတချို့ လည်းတက်ရောက်မည်ဟုကြားသိရပါသည်။
ပြုပြင်ပြောင်းလဲရေး နှေးကွေးသူများ ချန်ခဲ့မည်ဟု သမ္မတပြော
ကျော်ခ| August 17, 2012
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း မေလ ၁၁ ရက်က ကျင်းပသော အစည်းအဝေး၌ ပြောကြားနေသည့် သမ္မတ ဦးသိန်းစိန်(ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးများကို မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိရာ နှေးကွေးနေသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန်က ထပ်မံ ပြောဆိုလိုက်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နှေးကွေးစွာ ဆောင်ရွက်နေသူများ အစိုးရအဖွဲ့အတွင်းနှင့် လွှတ်တော်ထဲတွင် ရှိကြောင်း၊ ယင်းသို့ ပြောင်းလဲရေး ခရီးမတွင်သူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြည်ပအခြေစိုက် VOA သတင်းဌာန မြန်မာ ပိုင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခြင်း ဖြစ်သည်။
“ဒီလူတွေကတော့ သူတို့ကို ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်၊ ဒီလို လေးလေးပင်ပင်နဲ့ လုပ်နေတဲ့သူတွေကတော့ နောက်ချန် ထားခဲ့ရမှာပဲ၊ ဒါလည်း ကျနော်တို့ လုပ်ရမယ့် ကိစ္စပါ။ ကျနော်ကတော့ ကိုယ့်အစိုးရ အတွင်းမှာတော့ ကျနော် လုပ်ပိုင်ခွင့် ရှိတာပေါ့လေ၊ လွှတ်တော်ကျတော့ ကျနော်က လုပ်ပိုင်ခွင့် မရှိဘူး။ အစိုးရအဖွဲ့အတွင်းမှာ ဒီလို ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါတွေ ကိုတော့ တဖြည်းဖြည်း ချန်ထားခဲ့မယ် ဆိုပြီးတော့ အတိအလင်းလည်း သူတို့ကို ကျနော် ပြောထားတာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန် က ပြောသည်။
ခေါင်းမာဂိုဏ်းသားအဖြစ် နာမည်ထွက်ခဲ့သော ဒု သမ္မတ ဟောင်း ဦးတင်အောင်မြင့်ဦး နုတ်ထွက်ပြီးနောက် လစ်လပ်နေသော ဒုသမ္မတ နေရာအား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ယခုလ ၁၅ ရက်နေ့က အစားထိုး ခန့်အပ်ခဲ့ပြီး ယခင်လဆန်းပိုင်းကလည်း အစိုးရအတွင်း ဒုဝန်ကြီးများအပြောင်းအလဲ ပြုလုပ်ခဲ့သည်။
ဒုသမ္မတ နေရာအား ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို မခန့်အပ်မီ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း အခြေခံ စည်းကမ်းချက်တချို့နှင့် ငြိစွန်းသည့် အတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား တပ်မတော်သား ကိုယ်စားလှယ်များက အမည်စာရင်း ပြောင်းလဲ တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒု သမ္မတ ထိပ်စည်းကနေ ထွက်လာတာနဲ့အမျှ ကျန်တဲ့အပိုင်းတွေမှာလည်း ပြုပြင်စရာတွေ၊ ပြောင်းလဲစရာတွေ ရှိပါတယ်။ ဒါတွေလည်း ကျနော် ထင်ပါတယ်၊ ဆက်တိုက် ဆက်ပြီး လုပ်သွားဖို့ ရှိလာမှာပါ”ဟု ဦးသိန်းစိန် က ပြောဆိုထားသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးလှထွန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်တို့သည် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး၌ ခေါင်းမာသူများ စာရင်းတွင် ပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဝန်ကြီး ဦးကျော်ဆန်းကမူ ၎င်းသည် အစိုးရအဖွဲ့အတွင်း၌ သဘောထားတင်းမာသည့် ခေါင်းမာဂိုဏ်းသားတဦး မဟုတ်ကြောင်း ဧရာဝတီ နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။
“ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဘယ်လိုယုံကြည်လဲဆိုရင် ကျနော် Hard-liner လည်း မဟုတ်ဘူး၊ Soft-liner လည်း မဟုတ်ဘူး။ ကျနော်က ဘာလဲဆိုလို့ရှိရင် Pragmatist (လက်တွေ့သမား)။ သို့သော် ကျနော်က ဘာကို အမြဲတမ်း ဦးစားပေးလဲ ဆိုရင် Rules and regulations ပဲ”ဟု ဦးကျော်ဆန်းက ပြောသည်။
မြန်မာပြည်သူများသည် ယခင်အစိုးရများ၏ လုပ်နည်းလုပ်ဟန်များကို လက်မခံဘဲ အပြောင်းအလဲများ အထူးလိုလားသည်ကို ကြားဖြတ် ရွေးကောက်ပွဲတွင် သက်သေပြခဲ့ပြီး အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ် နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ယခုနှစ် မေလ ၁၁ ရက်နေ့ကလည်း သမ္မတ ဦးသိန်းစိန်က ပြော ဆိုခဲ့သေးသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် နီးစပ်ပြီး ပြုပြင်ပြောင်းလဲရေး တင်းမာသူဟု လူပြောများသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်သောင်း က ၎င်းသည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၌ နှေးကွေးသူ မဟုတ် သကဲ့ သို့ လောကြီးသူလည်း မဟုတ်ကြောင်း ပြည်ပ အခြေစိုက် DVB သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
“ကျနော်က နှေးကွေးတဲ့အထဲလည်း မပါဘူး၊ လောကြီးတဲ့အထဲလည်း မပါဘူး၊ ကျနော်ကတော့ ပုံမှန်ပေါ့လေ၊ အားလုံး ပါနိုင် အောင် လို့ သွားချင်တယ်၊ လောကြီးတဲ့လူလည်း ထိန်းမယ်၊ နှေးကွေးတဲ့လူလည်း ဆွဲသွားမယ်၊ ဒီလိုအထဲမှာ ကျနော်တို့အဖွဲ့က ပါပါတယ်၊ ကျနော်တို့သွားနေတာလည်း အဲဒီအတိုင်းသွားနေတာ၊ အဲတော့ အမှားလည်းနည်းတာပေါ့”ဟု ဦးအောင်သောင်းက ပြော သည်။
သို့သော်လည်း ယခင်က တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် တာဝန်ပေးအပ်ခြင်း ခံ ထားရသော်လည်း အစိုးရ၏ ဧပြီလပိုင်းက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ဦးအောင်သောင်း ပါဝင်ခြင်း မရှိတော့ပေ။
နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာ၌ ငွေကြေးလိုအပ်ကြောင်း၊ အစိုးရတွင် ငွေကြေးပြည့်စုံမှုမရှိသဖြင့် လုပ်ဆောင်နေမှုများ နှေးကွေးရကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှ ထိန်းသွားနေရကြောင်းလည်း ဦးအောင်သောင်းက ပြောသည်။
မြန်မာနိုင်ငံတွင် တနှစ်အသားတင် ထုတ်ကုန်တန်ဖိုး(GDP)မှာ အမေရိကန် ဒေါ်လာ ၅၅.၉ ဘီလီယံသာရှိကြောင်း၊ နိုင်ငံတကာချေးငွေမှာ လည်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၆.၃၈၁ သန်း၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၀.၀၁၈ သန်း သာရရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ပျမ်းမျှ ၃ ဘီလီယံသာရှိကြောင်း ဦးသိန်းစိန်က မေလ အတွင်း ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားထားသည်။
ဒုသမ္မတ တာဝန်အား တပ်မတော် (ရေ) မှ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ခန့်အပ်ပြီးနောက် အစိုးရအတွင်း ပြုပြင် ပြောင်းလဲရေးများ ပိုမို လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းတွင် ပြောဆိုသံများ ပေါ်ထွက်လာခဲ့သည်။
http://burma.irrawaddy.org/archives/17973
ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီ စိန်ခေါ်မှု
by Lwin Aung Soe on Friday, August 17, 2012 at 9:58am ·
ပြည်ထောင်စုအဆင့် အန္တရာယ်လို့ ခေါင်းစဉ်ပေးထားတဲ့ စာတပုဒ်ကို ဖတ်ရပါတယ်။ ရေးသူက Stephen Shwe ဖြစ်ပါတယ်။ သူ့ ရဲ့ ပိုင်းခြား သုံးသပ်ချက်က ရှင်းလင်းလှပါတယ်။ အပင်ပန်းခံ လုပ်ဆောင်ပေးထားမှန်း သိသာလှပြီး အဲဒီအတွက် Stephen Shwe ကို လေးစားချီးကျူးမိပါတယ်။ ဒါကတော့သူ့ရဲ့ လွတ်လပ်စွာ သုံးသပ်တဲ့ အမြင်ပါ။
ပြည်ထောင်စုအဆင့်တွေ ဖြစ်လာပြီဆိုရင် ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေ ရတော့မယ်။ ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေကို လွှတ်တော်အမတ်တိုင်း မရပါဘူး၊ ကော်မတီ၊ ကော်မရှင်တွေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေပဲရမယ်။ အဆောင်အယောင် ဆိုတာ ပေါ့သေးသေးတော့ မထင်နဲ့နော် ကော်မတီဥက္ကဌဆိုတာ ဝန်ကြီးအဆင့်ဖြစ်လို့ လစာ ၃၅ သိန်းနဲ့ ကားသုံးစီး၊ (လောင်စာဆီ အပါအဝင်) နန်းတော်အငယ်စား တစ်လုံးလို ခန်းခန်းနားနားရှိတဲ့ နေအိမ်၊ ရေ၊ မီး၊ ဖုန်း အလကားသုံးခွင့် ဒရိုင်ဘာ (၃) ယောက်စာနဲ့ အိမ်ဖေါ်နဲ့ မာလီအတွက် လစာတွေ ပါမယ်။ ဒါ့အပြင် နှစ်စဉ် သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ယဉ်ပြင်ဆင်စရိတ်တွေ၊ လမ်းတံတား အခမဲ့ ဖြတ်သန်းခတွေအပြင် အခြားအဆောင်အယောင်တွေ အများကြီးပါတယ်။ (အဆောင်အယောင်ဥပဒေအရ)
(ပြည်ထောင်စုအဆင့် အန္တရာယ် by Stephen Shwe) ပြည်ထောင်စုအဆင့် အန္တရာယ် by Stephen Shwe - အပြည့်အစုံ ဖတ်ရန် - https://www.facebook.com/photo.php?fbid=417954748241021&set=a.281979971838500.58915.100000794976892&type=1&theater
........................................
လွှတ်တော်အမတ်တွေကို ပြည်ထောင်စုအဆင့် အဆောင်အယောင်ပေးပြီး လွှတ်တော်ဥက္ကဋ္ဌတွေက သြဇာ လွှမ်းမိုးထားနိုင်သလားလို့  စဉ်းစားကြည့်မိပါတယ်။ တကယ်တော့ အဆောင်အယောင် ခံစားခွင့်တွေဟာ ဒီမိုကရေစီ တာဝန်ယူထားသူတွေအတွက် စိန်ခေါ်မှု တမျိုးပါပဲ။
ကျနော်တို့ ပြည်သူတွေ လိုချင်တဲ့အဆင့်ကို ပွင့်ပွင့်လင်းလင်းပြောရရင် မဏ္ဍိုင်ကြီး (၃) ရပ်စလုံးမှာ တာဝန်ပေးခံထားရသူတွေ အားလုံးဟာ တိုင်းပြည်ကောင်းကျိုးအတွက် ပြည်သူ့ဆန္ဒကို အတတ်နိုင်ဆုံး အကောင်းဆုံး အကောင်အထည် ဖော်ပေးကြဖို့၊ တာဝန်ခံယူကြဖို့ ဖြစ်မယ် ထင်ပါတယ်။ တာဝန်ခံယူတယ် ဆိုတဲ့နေရာမှာ မှားတာနဲ့ (သို့) မှားတယ်လို့ ကျိုးကြောင်း ခိုင်လုံစွာ ဝေဖန်ထောက်ပြခံရတာနဲ့ နှုတ်ထွက်ပေးဖို့ပါပဲ။
လောလောဆယ်မှာတော့ အဲဒီအဆင့်ကို မရောက်သေးပါဘူး။ ဒါပေမယ့် အမြန်ဆုံး ရောက်စေချင်ပါတယ်။ ကြိုးစားနိုင်ရင်တော့ အခြား ဒီမိုကရေစီ နိုင်ငံတွေလိုပဲ ဖြစ်လာနိုင်စရာ ရှိပါမယ်။
တကယ်လို့ အဲဒီအဆင့်ကို ရောက်ပြီဆိုရင် အဆောင်အယောင် ခံစားခွင့်ကို မထိုက်တန်ဘဲ မက်မောရဲသူ ရှိမှာ မဟုတ်သလို ခန့်ထားပိုင်ခွင့်ရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေလည်း သူတို့အပေါ် သြဇာလွှမ်းမိုးမှု မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ခန့်ထားသူ လွှတ်တော်ဥက္ကဋ္ဌတွေတောင်မှ ခန့်ထား လုပ်ဆောင်စေတဲ့ကိစ္စမှာ တာဝန်ခံယူနေရပြီ ဖြစ်ပါတယ်။
ဒီမိုကရေစီမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံယူမှု သိပ်အရေးကြီးပါတယ်။ မရှိမဖြစ် လိုအပ်ပါတယ်။ သမ္မတကအစ ပြည်သူတွေအဆုံး အားလုံး ကျင့်သုံးမှ ဒီမိုကရေစီ ဖြစ်ထွန်းအောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကို ခုချိန်မှာ ရွေးကောက်ခံထားရသူအားလုံး သဘောပေါက်နေပြီလို့ ယူဆပါတယ်။ သဘောပေါက်နေရုံမကဘဲ လက်တွေ့ကျင့်သုံးမှလည်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီမှာ စိန်ခေါ်မှုတွေ အများကြီးပါ။ ဒီမိုကရေစီကို လွယ်လွယ်နဲ့ လျှော့မတွက်စေချင်ပါ။ ဒီမိုကရေစီဟာ လူတိုင်းကို ဘယ်သူ့မှ မျက်နှာသာ မပေးဘဲ မိနစ်စက္ကန့်မလပ် စိန်ခေါ်နေပါတယ်။ စတုတ္ထမဏ္ဍိုင်အဖြစ် တာဝန်ခံရတဲ့ မီဒီယာတွေက အချိန်ပြည့် စောင့်ကြည့်နေပါတယ်။ နိုးကြားနေတဲ့ ပြည်သူတွေက အကြံပြုဖို့၊ ဝေဖန်ကန့်ကွက်ဖို့ အမြဲ အသင့်ရှိနေပါတယ်။  ဒီမိုကရေစီရဲ့ စိန်ခေါ်သံကို ကြံ့ကြံ့ခံ ကျော်လွှားအောင်မြင်နိုင်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တဦးပြီးတဦး ထွက်ပေါ်လာနေတာကို မြင်ချင်ပါတယ်။
လွင်အောင်စိုး
၁၇-၈-၂ဝ၁၂
........................................
အထက်ကပေးတဲ့ လင့်ခ်ကို ဖွင့်ဖတ်လို့ ရ-မရ မသေချာပါ။ ဒါကြောင့် ကော်ပီကို အောက်မှာ အပြည့်အစုံ ဖော်ပြလိုက်ပါတယ်။
ပြည်ထောင်စုအဆင့် အန္တရာယ် by Stephen Shwe
(၁) ။ ။ ပြည်ထောင်စုအဆင့်ဖြစ်လာရင် ဘာတွေဖြစ်မလဲ ?
ပြည်ထောင်စုအဆင့်တွေ ဖြစ်လာပြီဆိုရင် ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေ ရတော့မယ်။ ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေကို လွှတ်တော်အမတ်တိုင်း မရပါဘူး၊ ကောက်မတီ၊ ကော်မရှင်တွေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေပဲရမယ်။ အဆောင်အယောင်ဆိုတာ ပေါ့သေးသေးတော့ မထင်နဲ့နော် ကောက်မတီဥက္ကဌဆိုတာ ဝန်ကြီးအဆင့်ဖြစ်လို့ လစာ ၃၅ သိန်းနဲ့ ကားသုံးစီး၊ (လောင်စာဆီအပါအဝင်) နန်းတော်အငယ်စား တစ်လုံးလို ခန်းခန်းနားနားရှိတဲ့ နေအိမ်၊ ရေ၊ မီး၊ ဖုန်း အလကားသုံးခွင့် ဒရိုက်ဘာ (၃) ယောက်စာနဲ့ အိမ်ဖေါ်နဲ့ မာလီအတွက် လစာတွေပါမယ်။ ဒါ့အပြင် နှစ်စဉ်သိန်း ပေါင်းများစွာတန်ဖိုးရှိတဲ့ ယဉ်ပြင်ဆင်စရိတ်တွေ၊ လမ်းတံတားအခမဲ့ဖြတ်သန်းခတွေအပြင် အခြားအဆောင်အယောင်တွေ အများကြီးပါတယ်။ (အဆောင်အယောင်ဥပဒေအရ)
(၂) ။ ။ ကော်မတီတွေကို ဘယ်သူက စတင်ဦးဆောင်ဖွဲ့ရမှာလဲ၊ ဘယ်သူတွေကအရေးပါလဲ ?
ကောက်မတီတွေကိုဖွဲ့စည်းတဲ့နေရာမှာ ကော်မတီဥက္ကဌနဲ့ အဖွဲ့ဝင်တွေ ရွေးချယ်တာ၊ အဖွဲ့ဝင် အနည်းအများသတ်မှတ်တာ ကစပြီး ဘယ်အမတ်ကို ဘယ်ကော်မတီမှာခန့်ထားမယ် ဆိုတာမျိုး၊ ကော်မတီဥက္ကဌနဲ့ အဖွဲ့ဝင်ကို အရေးယူတာမျိုးတွေအထိ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌ တွေက အလွန်ပဲ သြဇာကြီးမားကြပါတယ်။ (ပြည်သူ့လွှတ်တော် နည်းဥပဒေ အပိုဒ် ၃၃၊ ၃၇၊ ၃၈၊ ၃၉ နဲ့ အမျိုးသားလွှတ်တော်နည်းဥပဒေ အပိုဒ် ၃၃၊ ၃၇၊ ၃၈၊ ၃၉ တွေကို လေ့လာပြီး အခုလွှတ်တော်မှာ ဆောင်ရွက်နေတာ
တွေကို မျက်ခြေမပြတ်ရင် ဒါကိုထင်ထင်ရှားရှားတွေ့နိုင့်ပါတယ်။)
(၃)။ ။ လွှတ်တော်ဥက္ကဌတွေ သြဇာကြီးမားတော့ဘာဖြစ်နိုင်လဲ ?
အပေါ်ယံတွေးမယ်ဆိုရင်တော့ လွှတ်တော်ဥက္ကဌတွေဟာ ဘယ်အမတ်ကို ဘယ်ကော်မတီမှာ ထည့်မယ်၊ ဘယ်အမတ်ကို ဘယ်ကော်မရှင်မှာ ထည့်မယ်ဆိုပြီး ဆောင်ရွက်တာပါပဲ။ ဒါပေမဲ့ လေးလေးနက်နက်တွေးမယ် ဆိုရင်တော့ လွှတ်တော်ထဲရောက်လာတဲ့ အမတ်တွေထဲက သူနှစ်သက်တဲ့ သူတွေကို လစာ ၃၅ သိန်းနဲ့ ဝန်ကြီးအဆင့် အဆောင်အယောင်တွေကို ပေးပိုင်ခွင့်ရှိသူကြီးတွေဖြစ်သွားပြီ။ ကျွန်တော်တို့လွှတ်တော်ထဲမှာ အဲဒိအဆောင်အယောင်တွေကို မယူပဲလျှစ်လျှူရှုနိုင်လောက်အောင် စီးပွားရေးအရကော၊ ကိုယ်ကျင့်သိက္ခာအရကော တောင့်တင်းခိုင်မာတဲ့
အမတ် ဘယ်နှယောက်ရှိမလဲ။ (အလွန်ချမ်းသာသော ခရိုနီအမတ်များနှင့် အမေစု တို့ကတော့ အဲဒိထဲ ပါမည်မဟုတ်ပါ) အကျိုးဆက်အားဖြင့်တော့ လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဌ အလိုကျလိုက်ပြီး ဆောင်ရွက်ပေးမယ့် အမတ်တွေ အများစုဖြစ်လာမှာပါ။
(၄) ။ ။ လွှတ်တော်ထဲမှာ ဥက္ကဌရဲ့ ဘက်တော်သားအမတ်တွေများနေရင်ဥက္ကဌအနေနဲ့ဘာလုပ်လို့ရလဲ ?
လုပ်လို့ရတာတွေတော့အများကြီးပဲ ဥက္ကဌအနေနဲ့ သူလုပ်ချင်တာတွေ အတွက် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကော်မတီအမျိုးမျိုး ဖွဲ့စည်းမယ်။ ကော်မတီတွေကနေတဆင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေမှာ ဝင်ရောက် စွက်ဖက်မယ် ။ လွှတ်တော်ဥက္ကဌ နှစ်ယောက်ညှိပြီး သူ့တို့ရဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးမဲ့ ဥပဒေတွေကိုပြဌာန်းပြီး မတရား
စီးပွားရှာလို့ရတယ်။ သူတို့သက်စွန်းရှည်အောင် အခြေခံဥပဒေကို လိုသလို ပြင်လို့ရတယ်။ အဆိုးဆုံးကတော့ လွှတ်တော်ဥက္ကဌနှစ်ယောက် ပူးပေါင်းပြီး impeachment ဆိုတဲ့ ပြစ်တင်ရှုံ့ချရေးနည်းလမ်းကို သုံးပြီး အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တွေကို ခြိမ်းခြောက် အကြပ်ကိုင်မယ်။ အကြပ်ကိုင်လို့မရရင် သမ္မတက စလို့ အစိုးရအဖွဲ့ဝင်တွေ အကုန်လုံးနဲ့ တရားစီရင်ရေးဆောင်ရွက်နေတဲ့လူတွေကို ပြစ်တင်ရုံ့ချထုတ်ပစ်ပြီး လွှတ်တော် ဥက္ကဌဆိုသူတွေ အလိုကျ အစိုးရအဖွဲ့နဲ့ တရားစီရင်ရေး
ဆောင်ရွက်မဲ့သူတွေနဲ့လူစားထိုးမယ်။
(၅) ။ ။ အကျိုးဆက်အားဖြင့် ပြည်သူတွေ ဘယ်လိုနစ်နာမလဲ ?
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးဟာ လွှတ်တော်ဥက္ကဋ္ဌတွေ လက်ထဲမှာရောက်နေတဲ့အတွက် လွတ်တော်ဥက္ကဋ္ဌတွေနဲ့ လက်ဝေခံအမတ်တွေရဲ့အကျိုးအတွက်သာ အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်တော့မယ်။ အမတ်တွေနဲ့ သူ့မိသားစုဝင်တွေရဲ့ မတရားမှုတွေကို တရားရုံးတွေမှာတိုင်တန်းပေမဲ့လည်း ဘယ်တရားသူကြီးကမှ အရေးယူ
ပေးရဲမှာမဟုတ်ဘူး။ အဆိုးဆုံးကတော့ လွှတ်တော်ဥက္ကဌတွေအနေနဲ့ သူတို့ကို လွှတ်တော်ဥက္ကဌ အဖြစ် ဆက်လက်တည်မြဲစေဖို့ အာမခံချက် ပေးတဲ့ ပါတီ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်လိုမျိုး အဖွဲ့အစည်းတွေကို မဲစာရင်းလိမ်ခိုင်းတာမျိုးတွေ လုပ်နိုင်တယ်။ ကျွန်တော်တို့ နှစ်ပေါင်း ၅၀ လောက်ကျင်လည်ခဲ့ရတဲ့ အာဏာရှင်ဆိုတဲ့ စံနစ်ထဲကို ပြန်ရောက်သွားနိုင်ပါတယ်။
(၆) ။ ။ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% ပါနေသားနဲ့ အဲလို လုပ်လို့ရနိုင်ပါ့မလား ?
တပ်မတော်သား ကိုယ်စားလှယ်ဆိုတာ တကယ်တော့ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ လူတွေပါ။ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်ပါတယ် ။ သမ္မတ ကို ကြိုးကိုင်ထားတဲ့ လွှတ်တော်ဥက္ကဌဟာ မိမိအလိုကျ ဆောင်ရွက်မယ့် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်ဖို့ သိပ်မခက်ခဲပါဘူး။
by Stephen Shwe
...........................................
နကန်းတလုံးမှ မသိဘဲ သူတို့ ဟာလဲ လူပါဘဲ ဟု ပြောနေလို့ ဖြင့်
၂၀၁၀ -ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွေးကောက်ပွဲဝင်သွားတော့ ကျွန်တော်ဆောင်းပါးတပုဒ် ရေးခဲ့ သည် ။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနိုင်ရမည်မှာ သေချာသည် ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်မည် ။ ရာထူးတာဝန်အရ ၀န်ကြီး တနေရာလောက်ကို ပေးမည် ။ အတိုက်အခံခေါင်းဆောင်မရှိသော မြန်မာနိုင်ငံ ဒီမိုကရေစီလောက ဖြစ်သွားမည် ။ ပြည်ပရှိအဖွဲ့ တွေ ဥပမာ ပြည်ထောင်စုမြန်မာ နိုင်ငံ အဝေးရောက် အမျိုးသားအစိုးရကို ဖျက်သိမ်းရတော့မည် ။ အခြား ( NLD-LA ) ကို ဖျက်သိမ်းရတော့မည် ။ အခြားအဖွဲ့ အစည်းတွေ ဖျက်သိမ်းကြမည် ။ ပြည်တွင်းသို့  အတိုက်အခံ ဒီမိုကရေစီလောကမှ လူတွေ ၀င်သွားကြမည် ။ ပြည်ပရှိ မြန်မာသံရုံးတွင် ဆန္ဒပြနိုင်စရာ အကြောင်းမရှိတော့ ။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွား၍ပင်ဖြစ်သည် ဟု ဆောင်းပါးရေးသားခဲ့ ဖူးပါသည် ။
     ဤသို့  ဝေဖန်တွက်ချက်ခဲ့ ရာ၌ ဒေါ်အောင်ဆန်းစုကြည်အား ၀န်ကြီးတနေရာလောက်ကို ပေးမည်ဆိုသော အချက်မှလွဲ၍ အခြားသောအချက်များမှာ တိုက်ဆိုင်စွာ တူညီနေခဲ့ သည် ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်အား ရာထူးတာဝန်တခုအနေဖြင့် တရားဥပဒေစိုးမိုးရေးကော်မီတီတွင် ဥက္ကဋ္ဌအဖြစ် ခန့် အပ်တာဝန်ပေးလိုက်သည် ။ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရတွင် သမ္မတ အကြံပေးကော်မီတီလည်း နှစ်ခုရှိနေသည် ။ ဥပဒေပြုကော်မီတီဆိုသည်မှာလည်း ဖွဲ့ ထားသေးသည် ။ တရားဥပဒေစိုးမိုးရေး မရှိလို ပါဟု ပြောဖန်များသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် တရားဥပဒေစိုးမိုးရေး ကော်မီတီဆိုပြီး ဖွဲ့ ထားလိုက်သည်လား မပြောတတ်ချေ  ။
      အစိုးရ၏ ဖွဲ့ စည်းသမျှ ကော်မီတီများကို စာရင်းပြုစုပြီး သုတေသန ပြုလုပ်လျှင် စာအုပ်ကောင်း တအုပ် ထွက်လာမည်ဖြစ်သည် ။ ယခုတဖန် စုံစမ်းစစ်ဆေးရေးကော်မီတီ ဖွဲ့ လိုက်ပြီဟု ကြားရပြန်သည် ။ အစိုးရမှ တရားဝင် ဖွဲ့ စည်းလိုက်သော ကော်မီတီများကား ပြည်ပက ပြည်တော်ပြန်များ၏ အတတ်ပညာများကို အမွေခံရရှိသွား၍သာ ဖြစ်မည် ။  သမ္မတကို အကြံပေးရန်အတွက် ဖေးမစေဖို့  အကြံပေးနေပြီ ဆိုကတည်းက လွှတ်တော်ညီလာခံကို ကျင်းပစရာမလို ။  စင်စစ်အားဖြင့် သမ္မတအကြံပေးကော်မီတီဆိုသည်မှာ လွှတ်တော်ထက်ပင် အာဏာလက်စောင်း ထက်လေသလား မပြောတတ် ။ တခုတော့ရှိသည် ။ သူတို့ ပေးသောအကြံမှာ နိုင်ငံအတွက် အကောင်းဆုံး အကြံများ ပေးကြမည်ဆိုသည်ကို တထစ်ချ ယုံကြည်သည် ။
       ပြည်သူ့ လွှတ်တော်ညီလာခံ ဆိုသည်မှာ သမ္မတနှင့် ဥပဒေပြုရေး ၊ တရားဥပဒေစိုးမိုးရေး ၊ အချုပ်အချာ အာဏာတည်တန့် ခိုင်မြဲရေး ဆိုသည်တို့ ကို တက်ညီလာက်ညီ ဆောင်ရွက်နေကြသောကြောင့် သမ္မတအကြံပေး ကော်မီတီမှာ -တခုထက်ပို၍ ကော်မီတီအများကြီး ဖွဲ့ စရာမလိုအပ်ဟု ထင်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌထားပြီး တရားဥပဒေစိုးမိုးရေး ကော်မီတီ လုပ်ထားပြန်လျှင် စုံစမ်းစစ်ဆေးရေးကော်မီတီကို နောက်ထပ်တခါ ဖွဲ့ စည်းရန်လည်း မလိုအပ်တော့ ။ စုံစမ်းစစ်ဆေးရေးဆိုသည်မှာ မြန်မာနိုင်ငံပြည်သူ့ ရဲအလုပ်သာဖြစ်သည် ။ အကယ်၍ ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးနှင့် ဘင်္ဂလီမွတ်ဆလင် ကုလားလူမျိုးတို့ ၏ အဓိကရုဏ်း အဖြစ်အပျက်အမှန်များကို မြန်မာနိုင်ငံ ပြည်သူ့ ရဲထံမှသာ အစီရင်ခံစာ တောင်းယူရန်နှင့် ကွင်းဆင်းစစ်ဆေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်တို့  ကော်မီတီမှ သွားရုံသာ ရှိသည် ။
        ကျွန်တော်တို့  လိုချင်သည်မှာ အဖြစ်အပျက်အမှန်သာ ဖြစ်သည် ။ အစိုးရကလည်း အဖြစ်အပျက်မှန်သာ လိုချင်သည်ဟု ယုံကြည်သည် ။ ယခုဖြစ်ပျက်နေသော ရခိုင်ပြည်နယ်မှ ပဋိပက္ခများ၏ အကြောင်းအရာကို တိကျစွာ စစ်ဆေးရန်သာလိုပြီး ထိရောက်သောပြစ်ဒဏ်များကို ပေးစေလိုသည် ။ ရခိုင်ပြည်နယ်တွင် ဗုဒ္ဒဘာသာကိုးကွယ်သော ရခိုင်လူမျိုးနှင့် မွတ်ဆလင် ဘာသာကိုးကွယ်သော ဘင်္ဂလီများမှာ ယခုအချိန်တွင် ပြသနာဖြစ်နေသည်ကို ကမ္ဘာကပါ သိနေသည် ။ ကျွန်တော်တို့ မှာ မွေးကတည်းက ရခိုင်လူမျိုးဖြစ်ပြီး မွတ်ဆလင်ဘာသာကိုးကွယ်သော ဘင်္ဂလီများနှင့် အတူတူပင် နေခဲ့ ကြသူများဖြစ်သည် ။ တယောက်အကြောင်းကို တယောက် သိကြပြီးဖြစ်သည် ။  ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဟုခေါ်သော ယင်းလူမျိုးကို မည်သည့်အခါမျှ နာမည်တပ်၍ မခေါ်ဖူးခဲ့  ။ ကြားလည်းမကြားဖူး ၊ ရှိလည်းမရှိ ၊ သိလည်း မသိ ။ ကျွန်တော်တို့  မသိသော ယင်းလူမျိုးကို ရခိုင်ပြည်နယ်မှာ မနေဖူးဖူးသော  မီဒီယာများ -မှ အသံလွှင့်နေသူများ -စာရေးသားနေသူများကို ကျွန်တော်အံ့သြမိသည် ။ သူတို့  ဘာကြောင့် ယခုလို အသည်းအသန်  ရေးသား ပြောဆိုနေကြရပါသနည်း။
        ယခုဖွဲ့ စည်းပေးလိုက်သော စုံစမ်းစစ်ဆေးရေးကော်မီတီကလည်း ရခိုင်ပြည်နယ်မှ ဗုဒ္ဒဘာသာဝင်လူမျိုးနှင့် မွတ်ဆလင် ဘင်္ဂလီလူမျိုးတို့ ၏ ပဋိပက္ခများကို အဖြစ်အပျက်အမှန်အတိုင်း စုံစမ်းစစ်ဆေးရန် လိုသည် ။ မီဒီယာများမှ အင်တာဗျူးများ ပြုလုပ်သည့်အချိန်တိုင်းတွင်လည်း ယင်းကဲ့ သို့ သာ ဖြေကြားကြစေလိုသည် ။
 ရိုဟင်ဂျာဆိုသော၎င်းနာမည်ကို ပြည်တွင်းမှာလွန်ခဲ့ သော နှစ်ပေါင်းများစွာက ခေါ်ဝေါ်သုံးစွဲ နေကြသည်ဆိုလျှင် ရခိုင်လူမျိုးတို့ မှာ ယင်းနာမည်ကို လက်မခံနိုင်စရာ အကြောင်းမရှိ ။ဘင်္ဂလီလူမျိုးတို့ အကြောင်းကို နကန်းတလုံးမှ မသိဘဲ သူတို့ ဟာလဲ လူပါဘဲ ဟု ပြောနေလို့ ဖြင့် ရခိုင်လူမျိုးများမှာလဲ ပြောစရာ ရှိလာမည်ဖြစ်သည် ။ ယင်းရခိုင်လူမျိုးတို့ ၏ လူ့ အခွင့်အရေးကား နယ်မြေဆုံးရှုံးခြင်းနှင့် လူမျို၍ နိုင်ငံပျောက်သွားမည့်  ပြသနာ အကြီးစားဖြစ်သည် ။
လူ့ အခွင့်အရေးသမားတို့ က စုံစမ်းစစ်ဆေးရေးကော်မီတီ ၊ သမ္မတအကြံပေးကော်မီတီ ၊ ဥပဒေပြုကော်မီတီ  ၊ နောက်ထပ်ပေါ်ပေါက်လာအုံးမည့် ကော်မီတီ နှင့်  ပြည်သူ့ လွှတ်တော်တို့ သို့  အကြံပြုစာများ ပေးပို့  လိုလျှင် သူတို့ အား ခရီးသွားလာခွင့်များပေးပြီး သူတို့  နေထိုင်ရာ အခြားပြည်နယ်များနှင့် နိုင်ငံခြားများသို့  သွားရောက်ခွင့်ကိုသာ ပေးလိုက်ကြပါဟု ပြောချင်သည် ။
အောင်သာနီ
ကျုပ်တို့ ကမောင်းပဲ ထုတာ
ဟိန္ဒူမိသားစု ၁၈ စု စစ်တွေမြို့ထဲသို့ ပြောင်းရွေ့
August 16, 2012 at 10:01 am
စစ်တွေ သဲချောင်း စခန်းတွင် မွတ်ဆလင် ဒုက္ခသည်များနှင့် အတူ ခိုလုံနေသည့် ဟိန္ဒူမိသားစု ၁၈ စုကို ယမန်နေ့က စစ်တွေမြို့ထဲရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်း တစ်ကျောင်းသို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။
“ နေ့လည် တစ်နာရီမှာ လုံထိန်း ကားနှစ်စီးနဲ့ အတူ သဲချောင်း ဒုက္ခသည် စခန်းကနေ မင်းဗာကြီးလမ်းမှာ ရှိနေတဲ့ ဟိန္ဒူ ဘုရားကျောင်းကို ပြောင်းရွှေ့ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ၀ံလက် ဖေါင်ဒေရှင်းမှ ကိုခိုင်ကောင်းစံက ပြောသည်။
ယခု မြို့ထဲသို့ ပြောင်းရွှေ့လာသူ ဟိန္ဒူမိသားစု ၁၈ စုတွင်  လူဦးရေ ၉၈ ဦးပါဝင်ကြောင်း သိရသည်။
ယခင်သူတို့မှာ နာဇီရပ်ကွက်တွင် ရခိုင်၊ မာရာမာကြီး၊ မွတ်ဆလင် လူမျိုးများနှင့် ရောနှောနေထိုင်ခဲ့ပြီး ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် အတွင်း နာဇီရပ်ကွက် မီးရှို့ခံခဲ့ရသဖြင့် မွတ်ဆလင်များနှင့် အတူ သဲချောင်းသို့ ပြောင်းရွှေ့ခံခဲ့ရသည်။ “ ဟိုမှာ နေရတာက ဘာသာ မတူဘူး။ စာရေးသောက်ရေးက အစ ပြဿနာ ရှိတယ်လို့ သူတို့က ပြောပါတယ်။ ဒါနဲ့ အထက် အာဏာပိုင်တွေကို သူတို့ရဲ့ အခက်အခဲတွေကို တင်ပြတော့ အာဏာပိုင်တွေက လိုလိုလားလားနဲ့ မြို့ထဲက ဘုရားကျောင်းကို ပြောင်းရွေ့ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ကိုခိုင်ကောင်းစံက ပြောသည်။ သဲချောင်း ဒုက္ခသည် စခန်းတွင် လူတစ်ဦးအား တစ်နေ့ ဆန် ၂ ဗူးကျ ထုတ်ပေးပြီး တစ်ခြား မီးဖိုချောင်သုံး ပစ္စည်းများအားလည်း အခါအားလျော်စွာ ထောက်ပံ့ကူညီသည်ဟု ဆိုသည်။ သို့သော်လည်း သဲချောင်းရှိ မွတ်ဆလင် ဒုက္ခသည် စခန်းများတွင် လူမူရေးအရ ခြိမ်းခြောက် ကျူးလွန်မူများ ရှိနေသဖြင့် သမီးပျိုရှိသူ မိသားစုများ အနေဖြင့် စခန်းထဲတွင်ပင် မိသားစု အလိုက်ကင်းစောင့်၍ အိပ်ရသည်ဟု သိရသည်။ ယခုအခါ စစ်တွေတွင် အခြေအနေ တည်ငြိမ် အေးချမ်းလာပြီ ဖြစ်သဖြင့် ကာဗျူးကိုလည်း ယခင် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ ရှိခဲ့ရာကနေ အခုအခါ ညနေ ၇ နာရီမှ ၅ နာရီထိ ၂ နာရီ လျှော့ချလိုက်သည်ဟု ကိုခိုင်ကောင်းစံက ပြောသည်။
ကျောင်းများ၊ ဈေးများကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း GTC နည်းပညာကောလိပ်သို့ ကြိုပို့နေသော ကျောင်းကားများတွင် ရဲအစောင့်အရှောက်များ လိုက်ပါနေကြရတုန်း ဖြစ်ကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=1689
ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလာဘက်မှ ၀င်လာသော လူတစ်စုနှင့် ပစ်ခတ်မူ ဖြစ်ပွား
  August 16, 2012 at 11:06 am
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ကုလားချောင်းကျေးရွာတွင် ဘင်္ဂ လာဒေခ်ျ့မှ ၀င်ရောက်လာသော လက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် ဒေသခံများ အကြား ပစ်ခတ်မူ ဖြစ်ပွား ခဲ့သည်ဟု သတင်း  ရရှိသည်။
“ ဖြစ်တာက မနေ့က နေ့လည် ၂ နာရီ ခွဲမှာ ဖြစ်တာပါ။ ကျွန်မတို့ ရွာအနီး မှာ ပြင်ချောင်းဆိုတာ ရှိပါတယ်။ အဲဒီ အထဲမှာ ဖြစ်ကြတာပါ။ သူတို့က စက်လှေ နှစ်စီးနဲ့ ၀င်လာပါတယ်။ ငါးဖမ်းနေတဲ့ ကလေးတစ်ယောက် က မြင်တော့ ရွာကို သတင်းလာပို့ပါ တယ်။ ရွာသားတွေ လိုက်သွားတဲ့ အခါ ပစ်ခတ်မူ ဖြစ်ပွားတာ ဖြစ်ပါတယ်။ သေနတ် ၈ ချက် ၉ ချက်လောက် သူတို့ပစ်ပြီး ပြန်ထွက်ပြေး ပါတယ်” ဟု ကုလားချောင်းရွာခံ အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ဘင်္ဂလာဒေခ်ျ့ဘက်မှ ၀င်လာသည်ဟု ယူဆရသော စက်လှေ နှစ်စီးပေါ်တွင် လူပေါင်း ၁၈ ဦးခန့် ပါဝင်သည်ဟု ရွာသားများက ခန့်မှန်းကြပြီး နေ့လည် ၁၂ နာရီခွဲခန့်တွင် ပြင်ချောင်းထဲသို့ စက်လှေ (၂) စီးဖြင့် ၀င်ရောက်လာခဲ့သည်ဟု ဆိုသည်။
“ သတင်းကြားတဲ့ အခါ ကျွန်မတို့ရွာက ကျွန်မအစ်ကိုတွေ အပါအ၀င် ရွာသားတွေ ဓါးတွေ၊ ဂျင်ဂလိတွေကို ကိုင်ပြီး လိုက်သွားကြပါတယ်။ ကျွန်မတို့ ဆီက ရွာသားတွေကို မြင်တော့ သူတို့က သေနတ်နဲ့ ပစ်တယ်။ နောက်တော့ စက်လှေ တစ်စီးကို ချန်ထားခဲ့ပြီး တစ်ခြား စက်လှေ တစ်စီးနဲ့ ထွက်ပြေးသွားပါတယ်” ဟု သူမက ဆက်ပြောသည်။
စက်လှေပေါ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဘုတ်ပိုင်ရှင်၏ ဓါတ်ပုံတစ်ပုံနှင့် အမျိုးသမီး ဖြစ်သူ ၏ ဓါတ်ပုံပါ ကဒ်ပြား တစ်ခုနှင့် အသုံးအဆောင်များ၊ ဘင်္ဂလာဒေခ်ျ့စာဖြင့် ရေးသားထားသော ဒိုင်ယာရီ တစ်အုပ်နှင့် ဦးထုပ် တစ်လုံးတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယခုအခါ အဆိုပါ စက်လှေကို ရသေ့တောင်မြို့နယ် ရဲစခန်းသို့ လောင်းချောင်း စခန်းမှ တဆင့် လွဲပြောင်း ပေးလိုက်ပြီ ဖြစ်သည်ဟု သိရသည်။
ယခု ဖြစ်စဉ်မှာ မှန်ကန်ကြောင်း လောင်ချောင်းရဲ စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပြီး ထွက်ပြေး သွားသူများကို စစ်တပ်နှင့် ရဲက ပေါင်းပြီး လိုက်လံ ရှာဖွေ နေကြောင်း ပြောကြားသည်။
“ အခုကတော့ အခြေအနေ တည်ငြိမ်နေပါတယ်။ စစ်တပ်လည်း ရောက်နေပါတယ်။ သူတို့ ဘယ်ကို ပြေးသွားတယ်ဆိုတာကိုတော့ ကျွန်မ အတိအကျ မပြောနိုင်ပါဘူး။ ရွာက လူတွေလည်း အခု အိမ်မှာ မရှိကြပါဘူးရှင်။ ဘုန်းကြီးကျောင်းကို သွားပြီး ရွာသားတွေ ဆွေးနွေးတိုင် ပင်နေကြပါ တယ်” ဟု သူမက ပြောသည်။
ကုလားချောင်း ကျေးရွာသည် ရသေ့တောင်မြို့နယ် မေယူကမ်း အဖျားပိုင်းတွင် တည်ရှိပြီး ဘင်္ဂလာာ ပင်လယ်အော်နှင့် နီးစပ်သဖြင့်  အဆိုပါ အမည်မသိသူများသည် ဘင်္ဂလာဒေခ်ျ့ဘက်မှ အကြံအစည် တစ်ခုခုဖြင့် ၀င်ရောက်လာပုံရသည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုနေကြသည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=1696
ရခိုင် နယ်စပ် ကျေးရွာများ လုံခြုံရေးမဲ့နေ
August 17, 2012 at 1:33 pm
မောင်ရမ္မာ
ရခိုင်-ဘင်္ဂလာဒေ့ခ်ျ နယ်စပ် ဒေသ ဖြစ်သော ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများတွင် အစိုးရက လုံခြုံရေး မပေးနိုင်သဖြင့် ကျေးရွာသာများက မိမိကျေးရွာကို မိမိကိုယ်တိုင် လုံခြုံရေး ပေးနေရသည်ဟု သိရသည်။
“ အဓိကတော့ ရွာတိုင်းမှာ ကင်းထားတယ်။ ညကင်းကတော့ ရွာတိုင်းမှာ ရှိကြပါတယ်။ တုတ်တွေ၊ ဓါးတွေ၊ ဂျင်ဂလိတွေကိုင်ပြီး ကင်းစောင့်ကြပါတယ်” ဟု လောင်းချောင်းကျေးရွာမှ ကိုအေးထွန်းနိုင်က နိရဉ္စရာသို့ ပြောသည်။
ယခုအခါ ကျေးရွာများကို အစိုးရတပ်ဖွဲ့ဝင်များက လုံခြုံရေး မပေးနိုင်သည့် အပြင် အစိုးရ တပ်ဖွဲ့ များကိုလည်း ပြည်သူများက အပြည့်အ၀ ယုံကြည် အားမကိုးကြသဖြင့် ယမ်းထောင်း သေနတ်များ၊ လက်လုပ်သေနတ်များကိုလည်း ကျေးရွာများကို ကာကွယ်ရန် ပြုလုပ်လာကြသည်ဟု ဆိုသည်။
ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာဘက်မှ အခြေအနေကို ကိုအေးထွန်းနိုင်က ယခုလို ဆက်ပြောသည်။
“ ကျွန်တော်တို့ဘက်မှာတော့ နွားခိုးဂိုဏ်းတွေက အထူးသောင်းကျန်းနေတယ်။ သူတို့က တစ်ဘက် နိုင်ငံကနေ စက်လှေတွေနဲ့ ၀င်လာပြီး ကျွဲနွားတွေကို ခိုးယူနေတယ်။ သူတို့မှာ သေနတ်တွေလည်း ပါလာတယ်။ ဒီ ရာသီကလည်း ကျွဲ နွားတွေကို တောင်ပေါ်တင်ထားတဲ့ ရာသီဖြစ်တဲ့အတွက်နဲ့ အမြဲတမ်းလိုလို ကျွဲ နွားတွေ အခိုး ခံနေရပါတယ်။ ဒါကြောင့် ရွာတိုင်းမှာ အခုအခါ ကင်းတွေ ထားနေကြရတယ်” ဟု ပြောသည်။
ကင်းအဖွဲ့များကိုလည်း တစ်ရွာနှင့် အဆက်အသွယ်များ အချိန်မှန် ပြုလုပ်ကာ ချိတ်ဆက် ထားကြသည်။ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း လောင်းချောင်း၊ သရက်ပြင်၊ သရက်ချောင်း၊ သံချောင်း၊ အောင်ဆိပ်၊ ကုလားချောင်း၊ မဟာမြိုင်၊ အောင်မစသည့် ကျေးရွာများမှာ အဓိက အရပ်ကင်းများကို အားကိုးအားထား ပြုနေကြရသည်ဟု ဆိုသည်။
၎င်းကျေးရွာများ၏ ကင်းတစ်ဖွဲ့တွင်  အနည်းဆုံး ၆ ယောက် ပါဝင်ပြီး အဖွဲ့ ၄ ဖွဲ့ ဖွဲ့ကာ ညနေ ၇ နာရီမှ နံနက် ၆နာရီထိ နေ့စဉ် ကင်းစောင့်ကြသည်ဟု သူက ဆက်ပြောသည်။
လွန်ခဲ့သော သြဂတ်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ကုလား ချောင်းကျေးရွာတွင် ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော လက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် ဒေသခံများ အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ရသေ့တောင်မြို့နယ်သည် ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်နေသော ဒေသဖြစ်သဖြင့် ပင်လယ်ပြင်မှ တရားမ ၀င် စက်လှေများ မကြာခဏ လာရောက်လေ့ရှိရာ ဒေသခံ တိုင်းရင်းသားများ၏ ကျွဲ၊ နွားများ ခိုးယူခြင်း ခံနေရ သည့်အပြင် အသက် အန္တရာယ်အတွက်လည်း စိုးရိမ်မှုများ ရှိနေသဖြင့် ယခုကဲ့သို့ ကျေးရွာတိုင်းလိုလို မိမိဆန္ဒ အလျှောက် ညကင်းစောင့်နေကြခြင်းဖြစ်သည်။
၎င်းအပြင် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောက်တန်းနှင့် စေတီပြင်ကျေးရွာအုပ်စုများတွင်လည်း မိမိတို့ ကျေး ရွာလုံခြုံရေးနှင့် ကျွဲနွားများ မပျောက်ရအောင် အလှည့်ကျ ကင်းချကာ စောင့်နေ ကြရသည်ဟု သတင်းရရှိသည်။
ရသေ့တောင်တွင် ခြေမြန်တပ်ရင်း (ခမရ) ၅၃၆၊ ၅၃၇၊ ၅၃၈ စသည့် တပ်ရင်းများ အခြေစိုက် စခန်း ချထားသည့်အပြင် ရဲစခန်း၊ ရဲတပ်ရင်းတချို့ တည်ရှိသော်လည်း ကျေးရွာတိုင်းတွင် လုံခြုံရေးများ မပေးနိုင် သောကြောင့် မိမိကျေးရွာ လုံခြုံရေးအတွက် ကျေးရွာသားများကိုယ်တိုင် စောင့်ကြပ်နေရခြင်း ဖြစ်သည်။
မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ တချို့တွင်  ကင်းစောင့်ရသော်လည်း မီးရှို့ ခံလိုက်ရသော ကျေး ရွာများတွင်မူ  လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာယူထားကြောင်း ဆိုသည်။
“ ဒီက ကျေးရွာတွေမှာကတော့  အမျိုးသမီးတွေနဲ့ က လေးတွေကိုတော့ ဒုက္ခသည်စခန်းမှာ ထားပါသေးတယ်။ ယောင်္ကျားတွေကတော့ ရွာပြန်ပြီး အိမ်တွေကို ပြန်ဆောက်နေကြပါတယ်။ အခု ကျွန်မတို့ရွာမှာ အစိုးရက အိမ်တွေ ဆောက်ပေးနေပါ တယ်။ လုံခြုံရေးကတော့ ရဲသားတွေရှိပါတယ်။ နောက်ပြီး အလယ်သံကျော်နဲ့ မောရ၀တီရွာတွေမှာ ရဲစခန်း တွေ တိုးချဲ့ ချပေးဖို့လို့ ကြားပါတယ်။ ကင်းစောင့်ရတာတော့ မရှိပါဘူး” ဟု သရေကုန်ဘောင်က အမျိုးသမီး တစ်ဦးက ပြောသည်။ http://www.narinjara.com/burmese/?p=1708
ရခိုင်ကဲ့သို့ ဆူပူ အကြမ်းဖက်မူ ဘင်္ဂလာဒေခ်ျ့တွင် ကျရောက်မည်ဆို၍ လူမျိုးစုံ ၅၀၀၀ ခန့်က ဆုတောင်းပွဲ ပြုလုပ်
August 17, 2012 at 4:54 pm
ထွန်းထွန်း
ရခိုင်ပြည်တွင် လက်ရှိဖြစ်ပေါ်နေသော အရေးအခင်းမျိုး ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်လည်း ကျရောက် ဖြစ်ပေါ်နိုင်သည်ဟု နာမည်ကြီး နတ်ကတော် တစ်ပါး၏ ပြောကြားချက်ကြောင့် ဘင်ဒရိုဘင် (ခေါ်) ရွာတော်မြို့တွင် ဒေသခံ လူမျိုးပေါင်းစုံ ၅၀၀၀ ခန့်က အဆိုပါ ကဲ့သို့ အဖြစ်မျိုး မကျရောက်စေရန် ယနေ့တွင် ဆုတောင်းပွဲ ပြုလုပ် ခဲ့ကြသည်။
“ဒီနေ့ မနက် ၉နာရီကနေ ၁၀ နာရီထိ ဦးစောလှ ဘုန်းကြီး စေတီမှာ သွားရောက်ပြီး လူ ၅၀၀၀နီးပါး ဆုတောင်း မေတ္တာပို့သ ခဲ့ပါတယ်။ ဆီးမီးထွန်းခြင်း၊ ပန်း ရေချမ်းကပ်ခြင်း၊ ငါးပါးသီလခံ ယူခြင်းတို့ပြုလုပ် ခဲ့ပါတယ်”ဟု ရွာတော်မြို့ မှ ဒေသ သတင်းထောက် ကိုစောဘထွီးက နိရဉ္စရာပြောသည်။
ဘင်ဒရိုဘင် (ခေါ်) ရွာတော်မြို့မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင် တန်းနယ် တောင်ပိုင်း  မြန်မာနိုင်ငံနှင့် ကပ်ရပ် တည်ရှိပြီး ဗုဒ္ဓဘာသာဝင်များ အများစု နေထိုင်ရာ ဒေသ ဖြစ်သည်။
ယနေ့ ဆုတောင်းပွဲသို့ သွားရောက်သူများသည် ဆီးမီး တစ်တိုင်နှင့် ယပ်တောင် တစ်ခုစီကို အသီးသီးကိုင်ဆောင်ကာ ဆုတောင်းပွဲကို သွားရောက်ခဲ့ကြသည်ဟု ဆိုသည်။
ယခုကဲ့သို့ ဆုတောင်းပွဲ ပြုလုပ်ရန် ရွာတော်မြို့မှ နာမည်ကြီး ဆရာတော်တစ်ပါး ဖြစ်သော ဆရာတော် ဦးစောလှမှ စီစဉ်ပေးခြင်း ဖြစ်ကြောင်း ဆိုသည်။
“ဖြစ်ပုံကဒီလိုပါ။ ရွာတော် မြို့အနီးက ကျောက်မြောင်က နတ်ကတော်မ (နတ်ကောင်းမ) က ရခိုင်ပြည်မှာ ဆူပူ အကြမ်းဖက်မူ ဖြစ်သလို ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓဘာသာတွေ နဲ့လည်း နောက်သုံးလ လေးလ အတွင်းမှာ ဖြစ်မယ်။ နတ်ကတော်မကို ကျောက်မြောင် အရှင်မနဲ့ နတ်မင်းကြီး တစ်ပါးက ခန္ဒာထဲကိုဝင်ပူးပြီး ပြောတယ်လို့ ဆရာတော် ဦးစောလှကို လာလျှောက်တယ်။  အဲဒါကြောင့် ဦးစော လှ ဆရာတော် အစီအစဉ်ချတာကြောင့်  ဒီနေ့မှာ လူတယောက်စီ မှာ ဖယောင်းတိုင် တချောင်းနဲ့ ယပ်တောင် တလက်စီနဲ့ ဆု တောင်းဖို့သွားကြတာဖြစ်ပါတယ်” ဟုပြောသည်။
ဆုတောင်ပွဲသို့ သွားရောက်ကြသူများမှာ များပြားလွန်းသဖြင့် ဘင်ဒရိုဘင်မြို့ထဲတွင် တက္ကစီ၊ ဆိုက်ကားများဌားမရသည့် အဆင့် ဖြစ်သွားသည်ဟု သိရသည်။
“ လူတွေ သွားလာတာ များတဲ့ အတွက် အဲဒီ ဆုတောင်းပွဲကို သွားဖို့ မြို့ထဲမှာ တက္ကစီနဲ့ ဆိုက်ကား ရှာလို့ မရ ဖြစ်သွားပါတယ်။ ဗုဒ္ဓဘာသာဝင် လူမျိုးပေါင်းစုံ သွားရောက်ပြီး ဆုတောင်းကြတယ်ဆိုတော့ လူတွေက အများကြီး ဖြစ်သွားပါတယ်” ဟုပြော သည်။
ယခုပြုလုပ်နေသော ဆုတောင်းပွဲမှာ ဘင်ဒရိုဘင်ခရိုင် ရခိုင်ဝမြို့နယ်အတွင်းရှိ ကာလဂါးရာ ရင်ဇာတီဒေ၌ တည်ထားကိုးကွယ်သော ဦးစောလှ ဘုန်းကြီး၏ စေတီတွင် ဖြစ်ကြောင်း သိရသည်။
အဆိုပါဆုတောင်းပွဲအတွင်း ရောက်ရှိလာသူများအား ရခိုင်ပြည် အရေးအခင်းနှင့် ဆက်စပ်ပြီး မကူးလာနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ ဦးစောလှ ဘုန်းကြီးက ဘင်္ဂလီ- ရခိုင်စကားဖြင့် ဟောပြောမိန့်ကြားခဲ့သည် ဟုဆိုသည်။
ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း တောင်တန်းနယ်တွင်  ရင်ဂါမတီ၊ ခါခရာဆိုးရီနှင့် ဘင်ဒရိုဘင်ခရိုင် (၃) ခုရှိပြီး အဆိုပါ ခရိုင်များကပါ လူများ ဘတ်စ်ကားများဖြင့် လာရောက်ကြကာ ဘေးအန္တရာယ်မှ ကင်းလွတ်အောင် ဆုတောင်းခဲ့ကြသည်။
အဆိုပါ ခရိုင်သုံးခုတွင် သက်၊ မာရမာခေါ်(ရခိုင်)၊ မြို၊ မြူ၊ လင်းဂဲ၊ ဒိုင်းနက်၊ စက်၊ ပင်းခိုး၊ ချော၊ တြိပူရနှင့် တခြားလူမျိုး ပေါင်းစုံများ နေထိုင်ကြသည်။
 http://www.narinjara.com/burmese/?p=1713
အခုတိုင်ရင်အခုပြုတ်တဲ့စနစ်စပါပြီ....
အပေါ်မှာလည်းသမ္မတကြီးလွဲလို့...လို့...
ပင်စင်အိုတို့ရဲ့ ဒုက္ခနှင့် စေတနာနည်းကြသူများ
by May Thingyan Hein on Friday, August 17, 2012 at 3:01am · သြဂုတ်လ ၁၇၊ ရန်ကုန်မြို့။
မေမေ့ရဲ့ ညည်းသံကြားတိုင်း ကျမ စိတ်ထဲကျဉ်းကြပ်ရသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက စပြီး ကျမမေမေက ပါမောက္ခ၊ ဋ္ဌာနမှူး အငြိမ်းစားအနေနဲ့ ပင်စင်ယူသွားပါပြီ။
ပင်စင်ယူပြီးတဲ့နောက်မှာ မေမေက စာရေးခြင်းကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တယ်၊ ခရီးတွေ ထွက်တယ်၊ခရီးမှာ တွေ့ခဲ့မြင်ခဲ့ကြုံခဲ့ရတာတွေကို သတင်းဆောင်းပါးတွေ ပြန်ရေးခဲ့ပါတယ်။
ပြီးတော့ မေမေက စာကြည့်တိုက်မရှိတဲ့ဒေသတွေကိုရောက်ရင် စာကြည့်တိုက်ဖွင့်ပေးနိုင်ဖို့ ကြိုးစားပေးလေ့ရှိတယ်။ အဲဒီလို လုပ်ရင်း သူ့အနေနဲ့ပိုက်ဆံလိုတိုင်း သူ့ရဲ့ ပင်စင်ယူပြီးနောက် တလုံးတခဲတည်း ရတတ်တဲ့ လုပ်သက်ဆုကြေးကို မျှော်လင့်တတ်ပါတယ်။
ကျမတို့မောင်နှမတွေအနေနဲ့ ဖေဖေနဲ့မေမေကို လစဉ်ငွေကြေးနဲ့ကန်တော့ပေမဲ့ မေမေလုပ်ချင်တဲ့ပရဟိတလုပ်ငန်းတွေ လုပ်နိုင်လောက်အောင်တော့ ငွေကြေးမတတ်နိုင်ခဲ့ကြပါဘူး။
အမေက စာအုပ်ထုတ်ချင်တဲ့အခါ၊ ပြီးတော့စာကြည့်တိုက်ဖွင့်ပေးဖို့ ပိုက်ဆံလိုတဲ့အခါ၊ပြီးတော့ လှူချင်တဲကအခါမှာသူ့ရဲ့ လုပ်သက်ဆုကြေး(Gratuity)ကို မျှော်လင့်တတ်တာပါပဲ။
တနေ့ ဇူလိုင်လကုန်ပိုင်းမှာ ပင်စင်ဦးစီးဋ္ဌာနကနေ အမေ့ရဲ့ လုပ်သက်ဆုကြေးထုတ်လို့ရပြီဆိုတဲ့ စာရောက်လာခဲ့ပါတယ်။
အမေလည်း ၀မ်းသာအားရနဲ့ ဆုကြေးထုတ်ရမဲ့ ကမာရွတ်ဘဏ်ကို သွားရောက်ခဲ့တယ်။ အမေ့စိတ်ထဲမှာတော့ နှစ် ၄၀လောက် အလုပ်လုပ်လာလို့ရခဲ့တဲ့ လုပ်သက်ဆုကြေးကို ဘယ်လို သုံးမယ်ဆိုတာ စိတ်ကူးနဲ့အပြည့်ပါပဲ။
ဒါပေမဲ့ ခဏကြာတော့ လက်ချည်း ပြန်ရောက်လာခဲ့တယ်။ ဘဏ်က အမေ့ကို ပြောလိုက်တယ်တဲ့။ ပင်စင်ဦးစီးဋ္ဌာနက ထုတ်ပေးတဲ့ စာ ဘဏ်ကို မရောက်သေးပါဘူး။ နောက်တခေါက်လာပြန်စုံစမ်းပါလို့ ပြောတယ်။
ပင်စင်ဦးစီးဋ္ဌာနက ထုတ်ပေးလိုက်တဲ့ စာက ကမာရွတ်မှာ နေထိုင်တဲ့ အမေ့အိမ်ကိုတော့ စာတိုက်ကနေ ရောက်လာခဲ့ပြီး၊ ကမာရွတ်ဘဏ်ကိုတော့ မရောက်သေးဘူးဆိုလို့အမေက မျက်ခုံးကျုံ့သွားတယ်။
ဒါပေမဲ့ အစိုးရ၀န်ထမ်းတွေရဲ့ ခေါက်ရိုးကျိုးနေတတ်အကျင့်အတိုင်း ဖြည့်တွေးတွေးပေးရင်း ခပ်အေးအေးပဲ နောက်တပတ်မှ သွားစုံစမ်းတော့မယ်ဆိုပြီး အမေလည်း အိမ်ပြန်လာခဲ့တယ်။
ကျမကတော့ တွေးကြည့်မိတယ်၊ ကမာရွတ်ပြည်ရိတ်မွန်မှာနေတဲ့ အမေ့ရဲ့ အိမ်နဲ့ ကမာရွတ်စီးပွားရေးဘဏ်က ဘယ်လောက်ဝေးလို့လဲ ပြီးတော့ မြို့နယ်တခုတည်းကို စာဝေတဲ့အခါ တရက်တည်းနဲ့ မပြီးပြတ်ရင်တောင် အလွန်ဆုံးကြာရင် ၂ ရက်ပေါ့၊ ဒီထက်တော့ပိုမကြာသင့်ဘူးလို့လည်း တွေးပါတယ်။
အမေနောက်တခေါက်ထပ်ပြီး ဘဏ်ကိုသွားစုံစမ်းပါတယ်။ သြဂုတ်လဆန်းပိုင်းပါ၊ ပထမအကြိမ်သွားစုံစမ်းတာနဲ့ ၂ပတ်လောက်ခြားပါတယ်။
ဘဏ်ကလည်း စာမရောက်သေးဘူးဆိုပြီး အမေ့ကို ပြန်လွှတ်လိုက်တယ်။ ဒီတခါမှာတော့ အမေက ပြောတယ်။
`သားထောက်သမီးခံမရှိတဲ့ ပင်စင်စားတွေဆိုရင် ဘယ်နှဲ့လုပ်မလဲ၊ ပင်စင်သွားရပြီ၊ ပင်စင်လစာကလည်း မရသေးဘူး၊ လုပ်သက်ဆုကြေးကလည်း မရသေးနဲ့ တော်တော်ကို ဒုက္ခများမယ်။ အမေကတော့ သားသမီးရှိလို့ ထမင်းမငတ်ဘူး၊ နို့မို့ရင်တော့ ငတ်ကြတော့မှာပဲ` လို့ အမေက သုံးသပ်တယ်။
ဒီကြားထဲမှာ ပင်စင်လစာကလည်း ထုတ်လို့မရသေးပါဘူး။ပင်စင်ယူပြီးပြီးခြင်း ပင်စင်လစာလည်း မရတဲ့အတွက် ပင်စင်လစာရဖို့ ၃ လလောက်စောင့်ရတယ်လို့သိရပါတယ်။
အမေပြောသလိုပဲ ပင်စင်ယူပြီး သားထောက်သမီးခံမရှိတဲ့သူတွေ ပင်စင်လစာလည်း ထုတ်လို့မရခင်မှာ ဘယ်လိုများ စားသောက်နေထိုင်ကြမလဲ ဆိုတာကိုလည်း စဉ်းစားမိတော့ သက်ပြင်းချမိပါတယ်။
ဒီကြားထဲ ပင်စင်လစာက မစားလောက်တဲ့ လစာဖြစ်တဲ့အပြင် ဒီလောက်ရဖို့တောင် တော်တော်စောင့်ရတဲ့ သာမာန်ဝန်ထမ်းပင်စင်စားတွေရဲ့ ဆက်တွေးကြည့်ပြီး ဘ၀ကို စာနာမိရင်း စိတ်မကောင်းဖြစ်ရပြန်တယ်။
သြဂုတ်လ ဒုတိယပတ်ထဲမှာပဲ နောက်တကြိမ် အမေထပ်သွားတော့လည်း မရောက်သေးဘူးတဲ့။
ဒီတကြိမ်မှာတော့ အမေက စိတ်တိုစပြုလာပြီ။ တမြို့နည်တည်းအတူတူ အမေ့ဆီကိုတော့ ဇူလိုင်လ ကုန်ပိုင်းမှာ စာရောက်ပြီး၊ ဘဏ်ကိုတော့ သြဂုတ်လ  ဒုတိယပတ်အထိ စာမရောက်သေးဘူးတဲ့။
သြဂုတ်လ ၁၃ရက်နေ့မှာတော့အမေက စတ္ထုထအကြိမ်မြောက် ဘဏ်ကိုသွားပါတယ်။
အမေက ဘဏ်က ငွေထုတ်ပေးတဲ့ စာရေးအမျိုးသမီး၊(စာရေးမ)ကို မေးတော့ ထုံးစံအတိုင်း စာ မရောက်သေးဘူးလို့ ပြောသတဲ့။ ဒီအကြိမ်မှာတော့ အမေက အရင်တုန်းကလို ကုပ်ကုပ်ကလေး နောက်ပြန်လှည့်မလာတော့ဘူး၊ ဘဏ်က တာဝန်ရှိသူနဲ့ တွေ့ပြီးမှ ပြန်တော့မယ်ဆိုပြီး ဘဏ်မန်နေဂျာ ရုံးခန်းကို မေးပြီး တန်းသွားပါတယ်။
ဘဏ်မန်နေဂျာက အမျိုးသမီးပါ၊ ကျမတို့အရွယ်ပဲလို့ အမေက ပြောတယ်။ အမေက ၀င်ပြောတော့ ဘဏ်မန်နေဂျာအမျိုးသမီးက သေချာနားထောင်ပေးတယ်လို့လည်း ပြောတယ်။
နောက်တော့ ဘဏ်နေဂျာအမျိုးသမီးက ငွေထုတ်ပေးတဲ့တာဝန်ရှိတဲ့သူတွေကိုခေါ်ပြီး ပြောတော့ ပင်စင်ဦးစီးကပေးတဲ့ စာမရောက်သေးဘူးလို့ ထပ်ပြောတယ်၊ အမေ့လက်ထဲကို စာတိုက်က တဆင့်ပို့ပေးလို့ရောက်လာတဲ့ စာရဲ့ ရက်စွဲက ဇူလိုင်လတတိယပတ်ကတည်းက ရက်စွဲဆိုတော့ သြဂုတ် ၁၃ ရက်နေ့နဲ့ဆိုရင် တလနီးပါးလောက် ကွာနေပြီ။အဲဒါကြောင့် စာအ၀င်တွေကို သေချာပြန်ရှာဖို့ ပြောလိုက်ပါတယ်။
စာရှာနေရင်းပဲ စာရေးမတယောက်က ပြူးပြူးပျာပျာနဲ့ ရောက်လာပြီး ပြောပါတယ်။
`ဲ စာက ရောက်ပါပြီ အံဆွဲထောင့်မှာ ကပ်နေလို့ မတွေ့မိတာပါ`လို့ ဖြေရှင်းချက်ပေးတယ်။
အမေကတော့ ဘယ်လို ခံစားသွားရသလဲ မသိဘူး။ ကျမကတော့စာတစောင်တောင် တွေ့အောင်မရှာနိုင်တဲ့ သူတွေအကြောင်းကို ကျမဘယ်လို ပြောပြရတော့မလဲဆိုပြီး စိတ်အပျက်ကြီး ပျက်မိတော့တာပါပဲ။
ပင်စင်ဦးစီးကပို့ပေးတဲ့ စာကိုသေချာမရှာဘဲနဲ့ အသက် ၆၀ အရွယ်တွေကို သူတို့မျှော်လင့်တဲ့လုပ်သက် ဆုကြေးထုတ်ဖို့ ဘဏ်ကို အခေါက်ပေါင်းများစွာ လာခိုင်းလိုက်ခဲ့တာပဲ။ ဒီလိုမျိုး အဖြစ်အပျက်က ကျမ မေမေတယောက်တည်း ကြုံရတာတော့ ဟုတ်ဟန်မတူပါဘူး။
မြန်မာ့စီးပွားရေးဘဏ်တွေကို သွားတိုင်း ရှေ့က ဘေးက သစ်သားခုံတန်းတွေမှာ စိတ်ပျက်လက်ပျက်နဲ့  ထိုင်နေတတ်တဲ့ အဖိုးအိုအဖွားအိုတွေနဲ့သူတို့ရဲ့ မျက်ဝန်းတွေကို ပြန်မြင်ယောင်လာမိတယ်။
ပင်စင်ယူပြီးချိန်မှာ ပင်စင်နာဖြစ်တဲ့ အားငယ်စိတ်နဲ့အတူ ခုလိုမျိုးအဖြစ်အပျက်တွေနဲ့အဆင်မပြေခြင်းတွေကို ကြုံတွေ့ရချိန်မှာ  ဘယ်လောက်ထိ စိတ်ထိခိုက်မလဲ။ အကြိမ်ပေါင်းများစွာ ဘဏ်ကိုသွားချည်လာချည် လုပ်ရအောင်လည်း ခွန်အားချိနဲ့ချိန်ဖြစ်ပါတယ်။
စိတ်ရောလူကိုပါ ထိခိုက်စေသလဲ ဆိုတာ တွေးကြည့်မိတိုင်း စိတ်မကောင်းဖြစ်ရတော့တယ်။
မြန်မာ့စီးပွားရေးဘဏ်က ၀န်ထမ်းတွေအနေနဲ့ ပင်စင်စားတွေနဲ့ ဆက်ဆံတဲ့အခါမှာပိုပြီး ဂရုစိုက်သင့်ပါတယ်။ သူတို့တွေကို စာနာပြီး သူတို့ရဲ့ မေးမြန်းချက်တွေကို အလေးထားလုပ်ကိုင်ပေးသင့်တယ်။
ခုလို အဖြစ်အပျက်တွေကလည်း ကျမအမြင်မှာတော့ အလုပ်သေချာမလုပ်ကြခြင်းနဲ့ အလုပ်လုပ်ရာမှာစိတ်စေတနာ မထားကြခြင်းလို့ မြင်မိပါတယ်။
အစိုးရ၀န်ထမ်းဖြစ်တဲ့အတွက် လစာဝင်ငွေဟာ အခြားပုဂ္ဂိုလ်ကလုပ်ငန်းတွေမှာ အလုပ်လုပ်ရတာထက်ငွေဝင်ပိုနည်းတဲ့အတွက် အလုပ်တာဝန်ကျေပွန်ဖို့နဲ့အလုပ်အပေါ် စေတနာနည်းသွားတာမျိုးကတော့ မဖြစ်သင့်ပါဘူး။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
ရခိုင်ပြည်နယ် ဖြစ်စဉ်များ အတွက် စုံစမ်းရေး ကော်မရှင်သစ် ဖွဲ့စည်း
ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော "စုံစမ်းစစ်ဆေးရေး
ကော်မရှင်" ကို နိုင်ငံတော်သမ္မတ ဖွဲ့စည်းလိုက်ပြီ
၂၀၁၂ မေလနှင့် ဇွန်လများတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြား လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကို နိုင်ငံတော် သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
ယင်း "စုံစမ်းစစ်ဆေးရေးကော်မရှင်" တွင်
- သမိုင်းပညာရှင်၊ ညွှန်ချုပ်(အငြိမ်းစား) ဒေါက်တာမျိုးမြင့် ဥက္ကဌ ဖြစ်ပြီး
- ဂျပ်ဆင်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊
- ဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊
- စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊
- စာနယ်ဇင်းဆရာ မောင်ဝံသ၊
- အနုပညာရှင် ဇာဂနာ၊
- SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊
- ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊
- NDF ဥက္ကဌ ဦးခင်မောင်ဆွေ၊
- ရခိုင်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဒေါက်တာ အေးမောင်၊
- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊
- (၈၈)မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊
- UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊
- နိုင်ငံတာဥပဒေကျွမ်းကျင်သူ ဒေါကတာဆလိုင်းမူးကျုံးလျန်၊
- သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးတင်အောင်မိုး၊
- ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊
- မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းမှ ဒေါ်ဝါ၀ါထွန်း၊
- ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊
- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊
- အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဟာဂျီ ဦးညွန့်မောင်သျှိန်၊
- အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဟာဂျီ ဦးတင်မောင်သန်း
- မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဟာဂျီ ဦးလှဝင်း၊
- မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဦးကျော်ခင်၊
- မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဟာဂျီ ဦးမြင့်ထွန်း၊
- မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဦးလှဝင်း၊
- သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်မှ ဒေါက်တာလှထွန်း
တို့မှာ အဖွဲ့ဝင်များအဖြစ်ပါရှိကာ
- Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်မှာ အတွင်းရေးမှူး ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရတို့အနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးမည် ဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများကို ကော်မရှင်အနေဖြင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားမည် ဖြစ်သည်။ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ အရောက် တိုက်ရိုက်အစီရင်ခံတင်ပြရမည် ဖြစ်သည်။
အမိန့်ကြော်ငြာစာ အပြည့်အစုံအား နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှ အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါပြီ။
http://www.president-office.gov.mm/briefing-room/daily-news/news1220