Sunday, August 19, 2012

လုပ်ကြံ သတင်းများ မပြုလုပ်ရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာများသို့ပြန်ကြားရေးဝန်ကြီးဌာန တောင်းဆို

  Yangon Media Group

ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်သည့် လုပ်ကြံ သတင်းများ မပြုလုပ်ရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာများသို့ တောင်းဆို
========================================
နေပြည်တော် ဩဂုတ် ၁၇
================
========================
ပြန်ကြားရေးဝန်ကြီးဌာန website မှ
========================================

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာ၊ မြ
န်မာဘာသာ နှင့် အခြားသော ဘာသာများဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် မဟုတ်မမှန်သော ဓာတ်ပုံများ ထည့်သွင်းဖော်ပြထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ မကြာသေးမီက ဝက်ဘ်ဆိုက် အချို့တွင် မြန်မာနိုင်ငံ နှင့် မသက်ဆိုင်သော အခြားပြည်ပနိုင်ငံအချို့မှ လူအများ အစုလိုက် အပြုံလိုက် သေဆုံးနေသည့် ပုံများကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်ဟန်ဖြင့် ထင်ယောင် ထင်မှား ဖြစ်စေရေန် အင်တာနက်သတင်း ဝက်ဘ်ဆိုက်များ၌ ရုပ်ပုံများ ထည့်သွင်း ဖော်ပြခဲ့ပါသည်။

ထိုသို့ ထည့်သွင်း ဖော်ပြသည့် ဓာတ်ပုံများအနက် လူများ အစုလိုက် သေဆုံးနေသည့် ရုပ်အလောင်းများ ရှေ့တွင် ရပ်ကြည့်နေသော တိဘက် ဘုန်းတော်ကြီးပုံမှာ တိဘက်ဒေသ အရှေ့ပိုင်းတွင် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၄ ရက်နေ့က ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် သေဆုံးကြသူများအား ရိုက်ကူးထားသည့် ပုံဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါ ပုံကို ဖော်ပြသော ပါကစ္စတန်နိုင်ငံမှ လွှင့်တင်သည့် ဝက်ဘ်ဆိုက်ဖြစ်သော www.columnpk.com သို့ စာရေးသားပေးပို့ပြီး အဆိုပါ မဟုတ်မမှန်သည့် သတင်းအား ဖယ်ရှားပေးရန် တောင်းဆိုခဲ့ရာ ထိုဓာတ်ပုံကို www.columnpk.com ဝက်ဘ်ဆိုက်မှ ဖယ်ရှားခဲ့ပါသည်။ သို့ရာတွင် အချို့သော သတင်းဌာနများက အဆိုပါ ဓာတ်ပုံများကို အင်တာနက် စာမျက်နှာများပေါ်တွင် ဆက်လက် အသုံးပြုနေဆဲ ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်စေမည့် မဟုတ်မမှန် လုပ်ကြံ ဖန်တီးသည့် ယင်းလုပ်ရပ်မျိုးကို ရှောင်ကြဉ်ကြပါရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာနများကို မေတ္တာရပ်ခံကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် တိဘက် အဖွဲ့ အစည်းတစ်ရပ်မှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ တိဘက် အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်အား အောက်ဖော်ပြပါ Link တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်-

www.tibet.net/2012/14/press-release-on-usage-of-misleading-photos-of-tibetan-monks-in-media-reports-on-myanmar-conflict/

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)မှ ပေးပို့သည့်စာအပေါ် အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ပြန်ကြားချက်

Popular Myanmar News Journal

တနိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခံရ

by Yangon Press International on Sunday, August 19, 2012 at 6:49am ·
သြဂုတ် ၁၉၊ ၂၀၁၂၊ YPI

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မုတ်သုန်မိုး ဆက်တိုက်ရွာသွန်းခဲ့သည့်နောက်  ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတွင် ရေနစ်မြုပ်လယ်မြေ ဧကစုစုပေါင်းမှာ ၅၂၈၀၀၀ ကျော်ရှိပြီဟု မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ အရာရှိကြီးတဦးက ပြောသည်။

ယခုရက်ပိုင်းအထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ရေနစ်မြုပ်ခဲ့သည့် လယ်မြေ ၅၃၀၀၀၀ နီးပါးမှ ယခုလ ၁၈ ရက်နေ့ထိ ဧက ၁၃၆၀၀၀ ကျော် ရေပြန်ပေါ်လာပြီးနောက် ထိခိုက်သည့် လယ်မြေ ဧက ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟုလည်း ယင်းအရာရှိက YPI သို့ပြောသည်။


မွန်ပြည်နယ် ပေါင်မြို့နယ်မှ လယ်စိုက်ခင်းတခု၊
စိုက်ပျိုးရေး လုပ်ငန်းအရာရှိကြီးက “မြုပ်သွားတဲ့ လယ်မြေတိုင်းတော့ ပျက်စီးတာမဟုတ်ဘူး၊ တချို့က အထွက်နှုန်းလျော့မယ်၊ တချို့က ပျက်စီးတယ်၊ အခုလောလောဆယ် သိရသလောက်တော့ ပျက်စီးတဲ့ အချိုးအစားက နည်းတယ်၊ အထွက်နှုန်း ထိခိုက်တာက အခုထိ ဧက ၁ သိန်း၂ သောင်းနီးပါးရှိတယ်” ဟုပြောသည်။

ပြည်နယ်နှင့် တိုင်းအရ ရေနစ်မြုပ်မှု ဒဏ်ခံရသည့် အဆိုးရွားဆုံး ခံရသည့် ဒေသများမှာ မွန်၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ဖြစ်သည်ဟုလည်း သိရှိရသည်။

သို့ရာတွင် ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဒေါက်တာစိုးထွန်း က ၎င်းတို့ကောက်ခံ ရရှိထားသည့်စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဧက ၆၁၅၀၀၀ ကျော်ရှိ၍ ရေပြန်လည်ပေါ်လာသည့် ဧကအရေအတွက်မှာ ၂၁၃၀၀၀ ကျော်ရှိသည်ဟု ပြောသည်။

ရေမြုပ်ခံရသည့် လယ်မြေများအား ထိခိုက်မှု လျော့နည်းအောင်၊ ပြန်လည်စိုက်ပျိုးမည့် လယ်မြေများအခြေအနေ ကြည့်ရှုစစ်ဆေးရန်၊ မျိုးစပါးလိုအပ်ပါက အထောက်အပံ့ပေးရန်နှင့် ပိုးသတ်ဆေး မြေသြဇာကဲ့သို့သော သွင်းအားစုများ ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ အရေးပေါ်ကူညီရေး အဖွဲ့များ ယခုရက်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှဖွဲ့စည်းထားသည်ဟုလည်း မြန်မာစိုက်ပျိုးရေး လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ပြောသည်။

ယင်းအဖွဲ့များ လာမည့် သီတင်းပတ်အစတွင် ယင်းအဖွဲ့များ မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ စတင်သွားရောက်မည်ဟုလည်း ဆိုသည်။

၎င်းက မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးနေစဉ် မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် ပုံမှန်ထက် မိုးနည်းပါးကာ စပါး မစိုက်နိုင်သည့်ဖြစ်စဉ်များလည်း ရှိနေသည်ဟုလည်း ပြောသည်။

မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က လက်ရှိမြန်မာနိုင်ငံ မိုးလေ၀သ အခြေအနေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးခေါင်နေချိန်၌ အောက်ပိုင်းဒေသများ၌ ရေကြီးမှုများ ဖြစ်ပွားနေသည့် ဖြစ်စဉ်သည် ထူးခြားသည့် ဖြစ်စဉ် တခုဖြစ်ကြောင်း ယခုလ (၄) ရက်နေ့က ပြုလုပ်သည့် ဟောပြောပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအားကန့်ကွက်


Popular Myanmar News Journal


ရန်ကုန် သြဂုတ်လ ၁၈

မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအား မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂမှကန့်ကွက်ကြောင်း အဆိုကို သြဂုတ်လ ၁၈ရက်နေ့ နေ့လည် ၁နာရီတွင် Home Media ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အချက်၃ချက်ဖြင့် ရှင်းလင်းခဲ့ သည်။မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီသည် အစိုးရမှ ဖွဲ့ စည်းပေး ထားသဖြင့် လွတ်လပ်သော အဖွဲ့ အစည်း မဟုတ်ဘဲ စာနယ်ဇင်း လောကကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အစိုးရနှင့် မပတ်သတ်ဘဲလွတ်လပ်သော အသင်းဖွဲ့များ ရှိခြင်းကြောင့် ထိုအမြုတေ စာနယ်ဇင်းကောင်စီ အားကန့် ကွက်ကြောင်းနှင့် ယင်းကောင်စီ သည်အစိုးရ ကို ကိုယ်စားပြုသောကြောင့် လွတ်လပ်သော စာပေလောကကို အကျိုးပြုသော အဖွဲ့စည်း မဟုတ်ကြောင်းဆွေးနွေးခဲ့ကြသည်။

၎င်းအဆို ၃ ရပ်အား ဆရာနေ၀င်းစံ ၊ ဆရာထွန်းဝင်းငြိမ်း နှင့် ဆရာငြိမ်းသစ်တို့က အဆိုပြု ကန့်ကွက်ခဲ့ပြီး ၊ ဆရာကြည်နိုင် ၊ဆရာညီငယ်လေး ဆရာလင်းထင်နှင့် ဆရာမသက်ဝေနှင်း တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

ရခိုင်အရေးဆန္ဒထုတ်ဖေါ်ပွဲ



ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်။
ဓာတ်ပုံ- ဥက္ကာကိုကို

ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်၏ ပထမဆုံးအစည်းအဝေး

The Voice Weekly

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်များပေါ်ပေါက်ရေးအတွက် အသစ်ဖွဲ့စည်းလိုက်သော စုံစမ်းရေးကော်မရှင်၏ ပထမဆုံးအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ မရမ်းကုန်းမြို့နယ်တွင်ပြုလုပ်ခဲ့သည့် မြင်ကွင်းများ။

ရခိုင့်အရေးမြန်မာဘုန်းတော်ကြီးကျောင်း(တိုရန်တို-ကနေဒါ)မှထုတ်ပြန်ချက်