Monday, August 20, 2012

နယ်စပ်ရေးရာ ၀န်ကြီး ဌာန နိုင်ငံတကာသို့ ရှင်းလင်း တင်ပြချက်ဖိုင်ထွက်ပြီ။


နယ်စပ်ရေးရာ ၀န်ကြီး ဌာနနှင့် မြန်မာ့စက်မှု ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် ခဲ့သော အခြေ အနေများနှင့် ပတ်သက်၍ နိုင်ငံတကာသို့ ရှင်းလင်း တင်ပြချက်ဖိုင်ထွက်ပြီ။
ဒီမှာဒေါင်းပါ။

http://www.mediafire.com/?c1w4m6piwauxywu

အခြေခံဥပဒေခုံရုံးအဖွဲ့ နုတ်ထွက်ရေး အမတ်တွေ ဆက်လက်ဆောင်ရွက်မယ်

2012-08-20
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်ခင် တာဝန်ကနေ အနားယူဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦး လက်မှတ်ရေးထိုး တောင်းဆိုထားတာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့အကြောင်းပြန်ကြားတဲ့ သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော် အမတ်တွေအနေနဲ့ လက်မခံပဲ ခုံရုံးတာဝန်ရှိသူတွေ နှုတ်ထွက်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။

ဒါအပြင် လွှတ်တော်ရေးရာ ကော်မတီတွေကို ပြည်ထောင်စုအဆင့် ဖြစ်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တာဝန်ယူပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လှည်းကူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ မူလ ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဆောင်ရွက်သူတွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပုဒ်မ (၃၃၄) ဃ-၂ ၊ ဃ-၅ တွေအရ ကျွန်တော်တို့ ပြစ်တင် ရှုတ်ချပြီး ဖြုတ်ချပစ်လိုက်နိုင်ဖို့ အတွက် လွှတ်တော်က ဆက်လက်ကြိုးပမ်းမှာပါ။ ပြည်ထောင်စု အဆင့် ကော်မတီတွေ ဖြစ်ရေးအတွက်ကိုတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကနေ တာဝန်ယူပြီး ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ကလည်း သူရ ဦးရွှေမန်း ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ဆက်လက် ထောက်ခံသွားမယ်။ သူ့ကို ဆက်လက် တာဝန်ပေးသွားမယ်လို့ ကျွန်တော်တို့ အားလုံးက ဒီလိုပဲ လွှတ်တော်ထဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်" သမ္မတရဲ့ သ၀ဏ်လွှာမှာတော့ အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ စွပ်စွဲပြစ်တင်နေမယ့်အစား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ပိုမိုကောင်းမွန်မယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် လွှတ်တော် ကော်မတီရေးရာတွေကို ပြည်ထောင်စုအဆင့် ဖြစ်မယ်ဆိုရင် အစိုးရ၀န်ကြီးဌာနတွေနဲ့ အာဏာပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာကို ပြည်ထောင်စုအစိုးရဘက်က စိုးရိမ်မကင်း ဖြစ်နေပုံရတယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မတ်လက လွှတ်တော်ရေးရာ ကော်မတီတွေကို ပြည်ထောင်စုအဆင့်နဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါဟာ ခုံရုံးအနေနဲ့ ဖွဲ့စည်းပုံ အခြေခံပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက် ကျူးလွန်တာဖြစ်ပြီး ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ မထမ်းဆောင်နိုင်တာ ဖြစ်တယ်ဆိုပြီး သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား ရာထူးကနေ အနားယူပေးဖို့ အနားမယူဘူးဆိုရင် စွပ်စွဲ ပြစ်တင်တာတွေပြုလုပ်ဖို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခြေခံဥပဒေ ခုံရုံးအဖွဲ့ နုတ်ထွက်ရေးအတွက် ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အင်ကြင်းနိုင်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်ပါ။
စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
rfa.org

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲ နေပြည်တော်တွင် ပြုလုပ်

Yangon Media Group




================================
အေးမြမြထွန်း
================================

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲတစ် ရပ်ကို နေပြည်တော် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များအနေဖြင့် နုတ်ထွက်ရန် မရှိကြောင်း အဆိုပါသတင်းစာ ရှင်းလင်း ပွဲတွင် အတိအလင်းပြောကြားလိုက်သည်။

လွှတ်တော်ရေး ရာကော်မ ရှင်၊ ကော်မတီများ အနေဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းများ အဖြစ် သတ်မှတ်ခြင်း မပြုကြောင်း ကို အဆိုပါ ခုံရုံးမှ ဆုံးဖြတ်ခြင်း အပေါ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ၃၀၁ဦးက လက်မှတ်ရေး ထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲင ယ်(၄) အရ ဖောက်ဖျက်ကျူး လွန်ခြင်းနှင့် ပုဒ်မခွဲ ငယ်(၅)အရ တာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား မိမိတို့ဆန္ဒအ လျောက် ဩဂုတ် ၂၁ရက် နောက် ဆုံး ထား ၍ တာဝန်မှ နုတ်ထွက်သွား စေရေး ကို အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ချေပ ပြောဆို လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပေးရသည့် အဖွဲ့ဖြစ်သည့် အတွက်
(၁). နိုင်ငံတော်ကို သစ္စာစောင့်သိတယ်
(၂).ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ဖောက်ဖျက်မကျူးလွန်ဘူး
(၃).အကျင့်ပျက်မှု မရှိဘူး
(၄) ခုံရုံးအဖွဲ့ အရည်အချင်းပျက်ယွင်းမှုလည်း မရှိဘူး
(၅).ခုံရုံးအဖွဲ့တာဝန်ကျေပြွန် ပျက်ယွင်းမှုလည်း မရှိဘူး ဟူသည့် အစရှိသည့် အချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း မရှိသည့် အတွက် ယင်းအဖွဲ့မှနှုတ်ထွက်ရန်မရှိကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဥက္ကဋ္ဌဦးသိန်းစိုးနှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ကြိုင်၊ဦးခင်ထွန်း၊ဦးထွန်းကြည် ၊ဒေါက်တာတင်အောင်အေး ၊ဒေါ်ခင်လှမြင့်၊ဒေါ်မိမိရီ၊ဦးစိုးသိမ်း၊ဦးသန်းမြင့်တို့ ပါဝင်ကြောင်းသိရသည်။


Eleven Media Group

လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များ သည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး ပြောကြား

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ (သြဂုတ်လ ၂၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး အပါအ၀င် ခုံရုံး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်နိုင်သည့် အချက် ၅ ချက်ရှိကြောင်း၊ ၎င်းအချက် ၅ ချက်မှာ

၁) နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်မှု

၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှု

၃) အကျင့်သိက္ခာပျက်ပြားခြင်း

၎) ပုဒ်မ ၃၃၃ တွင် သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းခြင်း

၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း တို့ဖြစ်ကြောင်း ၊

ယခုကဲ့သို့ အချက် ၅ ချက်နှင့် ခုံရုံးအနေဖြင့် ငြိစွန်းခြင်း ရှိမရှိကို စွပ်စွဲသူများထံ ပြန်မေးရန်လိုကြောင်း၊ ယခုကဲ့သို့ လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဆိုပါက ပြည်ထောင်စုအဆင့်နှင့် ညီသော facilities များ ပေးရမည်ဖြစ်ကြောင်း၊ ခုံရုံး ဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်း နေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှ ဆန္ဒအလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုးက မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

လူမျိုးရေးအဓိကရုဏ်းအတွက် ဓာတ်ပုံများ၊ ဗီဒီယိုများ လုပ်ကြံဖန်တီးနေကြောင်း ပါကစ္စတန်ကို အိန္ဒိယစွပ်စွဲ


Eleven Media Group


အိန္ဒိယမြောက်ပိုင်းတွင် နေထိုင်ကြသူများအား ထိတ်လန့်စေရန်နှင့် မွတ်စလင်များကို လှုံ့ဆော်ရန်အတွက် Facebook ၊ Twitter နှင့် YouTube ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများကို ပါကစ္စတန် အခြေစိုက် အစွန်းရောက် အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ တစ်စောင်တွင် စွပ်စွဲထားသည်။

ဇူလိုင် ၁၃ ရက်နေ့မှစကာ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံအတု အများစုသည် လုပ်ကြံထားသော ဓာတ်ပုံများဖြစ်ကြောင်း တိဗက်ငလျင်၊ ထိုင်းကဲ့သို့သော နေရာမျိုးစုံမှ ရယူထားသော ဓာတ်ပုံများကို အတုများ ဖန်တီးထားခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ မြန်မာ၊ အာသံတို့နှင့် ဆက်နွယ်နေသော ဓာတ်ပုံများ၊ ဗီဒီယိုများ အွန်လိုင်းသို့ တင်ခဲ့သူအများစုသည် လူမှုကွန်ရက်များကို အသုံးချကာ မတည်ငြိမ်မှုများဖန်တီးရန် ကြိုးပမ်းခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

အီးမေးလ်များ၊ အင်တာနက်ဖုန်းများမှတစ်ဆင့် သတင်းအချက်အလက်မှားများ ဖြန့်ဖြူးကာ အာသံနှင့် အခြားနေရာများတွင် မတည်ငြိမ်မှုများဖြစ်ပေါ်ရန် လှုံ့ဆော်ခဲ့ကြောင်း အစီရင်ခံစာက ကောက်ချက်ချခဲ့သည်။

ထို့ပြင် မွတ်စလင်တို့၏ အိဒ်ပွဲတော်နောက်ပိုင်းတွင် အကြမ်းဖက် မှုများကို အရှိန်မြှင့်တင်မည်ဟု ဖော်ပြနေသည့် အကြောင်းအရာကို လည်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမြို့များတွင် ရွှေ့ပြောင်းအခြေချ အလုပ် သမားများအကြား ထိတ်လန့်စေခဲ့သည့် သတင်းများကို ပါကစ္စတန်တွင် အခြေပြုခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး ရက်ခ်ျကူမာဆင်းက ပြောကြားခဲ့သည်။

Ref:hindustantimes


လုပ်ကြံဖော်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယတွေ့ရှိ

2012-08-19

မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။

နည်းပညာကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ပုံတွေကို ပါကစ္စတန် နိုင်ငံအတွင်းက အင်တာနက် ဘလော့ စာမျက်နှာတစ်ခုမှာ စတင်ဖေါ်ပြခဲ့တာလို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး က ပြောပါတယ်။

ဒီကိစ္စကို ပါကစ္စတန် အစိုးရနဲ့ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံထဲကနေ အခုလို လုပ်ကြံ ၀ါဒဖြန့်တဲ့ ပုံတွေ စတင်ခဲ့တာနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အထားတွေ ရှိကြောင်းလည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြန်ချိတဲ့ ၀က်ဆိုဒ်ပေါင်း အနည်းဆုံး ၁၁၀ ကျော် ပါဝင်နေတာ တွေ့ရပြီး၊ အဲဒီထဲက ၇၆ ခုကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။

လုပ်ကြံထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေကို အာသံပြည်နယ်ထဲမှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားပြီး၊ ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေရဲ့ပုံတွေကို မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်တွေက မူဆလင်တွေ ကို သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက အာသံပြည်နယ်မှာ မူဆလင်တွေကို သတ်ဖြတ်ခဲ့တဲ့ အတွက် လက်စားချေ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အင်တာနက် နဲ့မိုဘိုင်းဖုန်းတွေမှာ ပျံ့နှံ့ခဲ့တာကြောင့် ထောင်သောင်း ချီတဲ့ အာသံနယ်သူနယ်သား တွေ မွန်ဘိုင်း အပါအ၀င် မြို့ကြီးတွေကနေ နေရပ်ကို ပြန်သွားခဲ့ကြပါတယ်။

ဒီလိုခြိမ်းခြောက်တဲ့ တယ်လီဖုန်း သတင်းတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်က ပုံတွေကို ပါကစ္စတန်နိုင်ငံထဲကနေ စတင်ခဲ့တာလို့ အိန္ဒိယပြည်ထဲရေး ၀န်ကြီး က ပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန် အစိုးရကတော့ မဟုတ်မမှန်ကြောင်း ငြင်းဆိုပါတယ်။

လားရှိုးမြို့က တောင်ကျရေ


Eleven Media Group
လားရှိုးမြို့တွင်သြဂုတ်လ(၁၉)ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေများအရှိန်ပြင်းစွာ
စီးဆင်းလာမှုကြောင့်လားရှိုးမြို့အ၀င်ပြည်ထောင်စုလမ်းမကြီးပေါ်နှင့်မြေနိမ့်ပိုင်းကျသောရပ်ကွက်များသို့
ရေ၀င်ရောက်မှုများရှိခဲ့ရာလူနေအိမ်များမှပစ္စည်းများရေစီးနှင့်မျောပါခြင်း၊အိမ်အချို့ပြိုကျခြင်း။
အုတ်တံတိုင်းများပြိုကျပျက်စီးခြင်းများကြုံတွေ့ခဲ့ရကြောင်းသိရသည်။

သြဂုတ်လ (၁၉)ရက်နေ့ နံနက်(၉)နာရီခန့်မှစတင်၍ တောင်ကျရေများပြင်းထန်စွာကျဆင်း
လာပြီးလားရှိုးမြို့ရပ်ကွက်(၁)၊(၇)(၈)(၉)(၁၁)(၁၂)တို့တွင်ရေ၀င်ရောက်ခဲ့ကြောင်း သိရသည်။


လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျရေစီးဆင်းလာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေသူများအား ရွှေ့ပြောင်းပေးနေစဉ်

ဦးသိန်းစိန်ပေးတဲ့ခရစ်စမတ်လက်ဆောင်



The Voice Weekly အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ

နေပြည်တော်၊ သြဂုတ် ၂၀

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်န
ှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်း
လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက
ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမှ ထိခိုက်မှု မရှိစေပဲ သင့်လျော်ကောင်းမွန်မည်ဟု
ယူဆပါသည်ဟု ဖော်ပြထားရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကပြောကြားသည်။

လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ကော်မ ရှင် နှင့် ကော်မတီ များသည်ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ် ခဲ့ခြင်းကြောင့် အခြေခံဥပဒေ
ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား ဖွဲ့စည်းပုံ အခြေခံပါ
ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်ထားသောတာဝန်များ ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင်း သြဂုတ်လ ၂၁
ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ အနားယူရန်နှင့် အနားယူခြင်း မရှိပါက စွပ်စွဲ ပြစ်တင်ခြင်း ပြုလုပ် ရန် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော်သား
လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ကိုယ်စာလှယ်များ လက်မှတ်ရေးထိုးခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်
သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးတို့ က ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏
အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။
ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာတွင် ကျွမ်းကျင်၍ တရားစီရင်ရေးတွင်နှစ်ပေါင်း များစွာ ဆောင်ရွက် ခဲ့ကြသူများဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စပေါ်တွင် ဘက်လိုက်၍ သော်လည်းကောင်း၊ မှားယွင်း၍သော် လည်းကောင်း ဆုံးဖြတ်ကြမည့်သူများ မဟုတ်ပါဟု နိုင်ငံတော်
သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

အခြေခံ ဥပဒေ ခုံရုံးကို စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစား
ဖြည့်စွပ်ပြင်ဆင်မှု အခြေအနေနှင့် ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်အား ဆက်သွယ် မေးမြန်းခဲ့ရာ “လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ ပတ်သတ်ပြီး
အခြေခံဥပဒေ ဖြည့်စွပ်ချက် မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က တင်ထားခဲ့ပါတယ်။ ရှေ့ တစ်ပတ် ပြည်ထောင်စုလွှတ်တော်
ကြရင် ပြင်ဆင်ခွင့် အဆိုကို တင်သွင်းနိုင်မယ် ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။့

သတင်းဂျာနယ်အားလုံး စိစစ်ရေး ကြိုတင်ပြရန် မလိုတော့


by Yangon Press International on Monday, August 20, 2012 at 2:01am · သြဂုတ် ၂၀၊ ၂၀၁၂ YPI

ယခုလက်ရှိ အချိန်ထိ ထုတ်ဝေဖြန့်ချိခြင်းမပြုမီ စာပေစိစစ်ရေးသို့ ကြိုတင်တင်ပြရသည့် သတင်းဂျာနယ်များနှင့် နိုင်ငံရေး ၊ ဘာသာရေး စာအုပ်စာစောင်များ ထုတ်ဝေပြီးမှသာလျှင် စာပေစိစစ်ရေးသို့ တင်ပြရန်လိုအပ်တော့ကြောင်း ယနေ့နံနက် ရန်ကုန်မြို့ စာပေစိစစ်ရေး ရုံးတွင်ပြုလုပ်သည့် ရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောသည်။

သတင်းဂျာနယ် အယ်ဒီတာများ အနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ တည်ဆဲ ရာဇသတ်ကြီးဥပဒေတို့ကို သေချာစွာ လေ့လာထားကြရန် လိုအပ်မည်ဖြစ်ကာ သတင်းစာသမားများ လိုက်နာရန် ကျင့်ဝတ် (၁၁) ချက်နှင့် အညီလုပ်ဆောင်ကြရန် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ ဦးဆောင်ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ယခု ထုတ်ပြန်လိုက်သည့်  တင်ထုတ်စနစ်တွင် အကျုံးဝင်သည့်  အပတ်စဉ် ထုတ်ဂျာနယ် ၄၉ စောင်ပါဝင်သည်ဟု ပြန်ကြားရေး ဋ္ဌာနမှ ထုတ်ပြန်သည့် စာရင်းများ အရ သိရှိရသည်။
ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းအယ်ဒီတာ တဦးက “စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဋ္ဌာနကတော့ ဆက်ရှိနေမယ်။ စာစောင်တွေ မှတ်ပုံတင်တာအတွက်လို့ပြောတယ်” ဟု YPI သို့ပြောသည်။

ထို့ပြင် သတင်းစာစောင်များ ထုတ်ဝေခြင်း မပြုမီကြိုတင်စိစစ်မှု မရှိတော့သဖြင့် ပုဂ္ဂလိက နေ့စဉ် သတင်းစာများ ထုတ်ဝေသည့်အဖြစ်လည်း မကြာခင်ဖြစ်ပေါ်လာနိုင်ကြောင်း စိစစ်ရေးမှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။


အပတ်စဉ် ထုတ် ဂျာနယ်များ ရောင်းချသည့် ဆိုင်တဆိုင်
ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ရေးဆွဲထားသည့် မီဒီယာ ဥပဒေဟု အများသိရှိထားသည့် သတင်းနှင့် ပုံနှိပ်ဥပဒေ မူကြမ်းကို မကြာမီ လွှတ်တော်တွင် တင်ပြရန်ရှိပြီး ယင်းဥပဒေ အတည်ပြုပြီးသည့်နောက်မှသာ အထိ ပုဂ္ဂလိက နေ့စဉ် သတင်းစာများ ထုတ်ဝေခွင့်ပြုလိမ့်မည်ဟု သတင်းမီဒီယာ သမားများက သုံးသပ်ထားကြသည်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်များ အနေဖြင့် ထုတ်ဝေခြင်း မပြုမီ ဖေါ်ပြမည့် သတင်း၊ ဓါတ်ပုံမှအစ စီးပွားရေး ကြော်ငြာများအထိ စာပေစိစစ်ရေး ဋ္ဌာနသို့ ၂ ကြိမ်ခွဲကာ တင်ပြခွင့်ပြုချက် ယူနေကြရရာ ယင်းစနစ်ကို တင်ထုတ် စနစ်ဟု ခေါ်ဆိုပြီး ထုတ်ဝေပြီးနောက် စိစစ်ရေး ဋ္ဌာနသို့ သွားရောက်တင်ပြရသည့် စနစ်ကို ထုတ်တင်စနစ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တက်ပြီးနောက်  သတင်းမီဒီယာ ဖြေလျော့မှု လုပ်ငန်းစဉ်များ အဆင့်ဆင့် လုပ်ဆောင်လာရာတွင် ယခုအဆင့်သည့် ပဉ္စမအဆင့်ဖြစ်သည်ဟုလည်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာန တာဝန်ရှိသူက ပြောသည်။

ယမန်နှစ် ဇွန်လလယ်တွင် အပတ်စဉ်နှင့် လစဉ် ထုတ်ဝေလျှက်ရှိသည့် စာစောင်များထဲမှ သုတ ရသ၊ အားကစား၊ ကလေးစာပေ အစရှိသည့် အမျိုးအစား ငါးမျိး၊ စာစောင် စုစုပေါင်း ၈၆ စောင်ကို ထုတ်တင်စနစ်ဖြင့် ပြောင်းလဲ ထုတ်ဝေခွင့်ပြုခဲ့သည်။ ၎င်းနောက် ၂၀၁၁ ခု ဒီဇင်ဘာလဆန်းတွင် စီးပွားရေး၊ မှုခင်းနှင့် ဥပဒေ အုပ်စုထဲမှ စာစောင် ၅၀ ကျော်ကို ထုတ်တင်စနစ်ထဲ ထပ်မံဖြည့်စွက်ခဲ့သည်။

သတင်း ဂျာနယ်များကိုမူ ကြိုတင်စိစစ်ပြီးမှ ထုတ်ဝေသည့် စနစ်ဖြင့် ဆက်လက်ထားရှိခဲ့ကာ တင်ပြခြင်း မပြုပဲ သတင်းများ ဖေါ်ပြမှုကြောင့် သတင်းဂျာနယ် အချို့ မကြာမီ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းသည့် အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ယခုလို ဂျာနယ် အားလုံး ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ယခုလောရှိ မြန်မာနိုင်ငံတွင် အပတ်စဉ် ထုတ် ဂျာနယ် အမျိုးအစား ၁၄၀ ၀န်းကျင်နှင့် လစဉ်ထုတ် မဂ္ဂဇင်း အမျိုးပေါင်း ၁၀၀ ကျော်ရှိသည်ဟု သိရှိရသည်။
လစဉ်ထုတ် မဂ္ဂဇင်း အပတ်စဉ်ထုတ် ဂျာနယ်မှ အစ သင်္ကြန်စာများအထိ ထုတ်ဝေရန် အတွက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဋ္ဌာနတွင် ထုတ်ဝေခွင့် လက်မှတ်ရှိရန် လိုအပ်သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ အာဏာသိမ်းပြီးနောက် စာပေစိစစ်ရေး နှင့် မှတ်ပုံတင်ဋ္ဌာနကို ဖွဲ့စည်းခဲ့ကာ သတင်းဂျာနယ်များ လုံးချင်းစာအုပ်များကို ဖြတ်တောက် ပိတ်ပင်ခြင်း လုပ်ဆောင်ခဲ့သဖြင့် ယင်းဋ္ဌာနမှာ စာပေကင်ပေတိုင် (ဂျပန်ခေတ် စစ်စုံထောက် အဖွဲ့) ဋ္ဌာနဟု ထင်ရှားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဖြင့် အစိုးရဖြစ်လာသည့် သမ္မတ ဦးသိန်းစိန် က တိုင်းပြည်၏ စတုထ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာ အရေးပါပုံကို အသိအမှတ်ပြုကြောင်း မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ ကြီး၏သဘောထား

ဦးအောင်သိန်းလင်းကို ကန့်ကွက်ရန် မဲဆန္ဒရှင်လက်မှတ် ၁,၃၀၀ ကျော် စုဆောင်းရရှိပြီဟုဆို


7Day News Journal

ရန်ကုန်၊ သြဂုတ် - ၂၀

ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများအား မနှစ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရန် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူဆန္ဒမဲလက်မှတ်များ စုဆောင်းရာတွင် လက်မှတ
်ပေါင်း ၁,၃၀၀ ကျော်ရရှိနေပြီဖြစ်ကြောင်း ဦးဆောင်ဦးရွက်ပြုသူ ဦးမင်းအောင်ကပြောသည်။

“လက်မှတ်ထိုးဖို့ပေးထားတဲ့ စာရွက်တွေကိုတော့ လူငယ်တွေ ပြန်စုနေပြီ။ ဒီအပတ်ထဲမှာတော့ သေချာပေါက်တင်ဖြစ်ပါပြီ” ဟု ဦးမင်းအောင်က သြဂုတ် ၂၀ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက သမ္မတဦးသိန်းစိန်က မိမိ၏သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟုဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေပြန်လည်တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့ သဖြင့် ယခုကဲ့သို့ ဇူလိုင်လကုန်မှစ၍ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြရန် လက်မှတ်စတင်စုဆောင်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရပြီး ဦးအောင်သိန်းလင်းမှာလည်း ရန်ကုန်တိုင်း တာဝန်ခံရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း) အပိုဒ်-၃၉၆(ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ မဲပေးသူရှစ်သောင်းကျော်ရှိပြီး၊ ၈၀၀ ပြည့်လျှင် ၁ ရာခိုင်နှုန်းပြည့်ကြောင်း ဦးမင်းအောင်ကပြောသည်။ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေဖြင့် အမှန်တကယ်ပြောကြားခြင်း ရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များအပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

မန္တလေး လ္ဘက်ရည် အလင်းဆိုင်များကို ည ၁၁ နာရီ ပိတ်ရန် ညွှန်ကြား ။



by ကိုဝိုင် ဝိုင်ကေ on Monday, August 20, 2012 at 2:36pm ·

မန္တလေး လ္ဘက်ရည် အလင်းဆိုင်များကို ည ၁၁ နာရီ ပိတ်ရန် ညွှန်ကြား ။

(၂၁-၈-၁၂) နေ့မှ စပြီး မန္တလေးမှာ ရှိတဲ့ ညအလင်းဖွင့်တဲ့ လ္ဘက်ရည်ဆိုင်တွေ ကို ည(၁၁း၀၀)နာရီကနေ မနက် (၄း၀၀)ရီ ထိ ပိတ်ထားရမယ် လို့ ညွှန်ကြားလာကြောင်း သိရပါတယ်။

သူတို့ဟာ အလင်းဖွင့်တဲ့ ဆိုင်တွေ ဖြစ်လို့ သာမန်နေ့ခင်းဖွင့်တဲ့ ဆိုင်တွေထက် ဝန်ထမ်းဦးရေ ပိုများပါတယ် ။ လစာ ကုန်ကျငွေ ကပိုပါတယ်။ အကယ်၍ သာ ဆိုင်ဖွင့်ချိန်ကြောင့် လုပ်သားလျော့ချမှု တစ်စုံတစ်ရာ ရှိခဲ့ရင်  လျော့ချခံရတဲ့ အလုပ်သမားလေးတွေကို ဘယ်အကောင်က တင်ကျွေးထားမှာလဲ မေးချင်ပါတယ်...။


နိုင်ငံရေး မတည်ငြိမ်လို့ (သို့) နယ်မြေဒေသ မတည်ငြိမ်လို့ ဆိုတဲ့ အခြေအနေ မဟုတ်ပဲ ဘာရည်ရွယ်ချက်နဲ့ ဒီညွှန်ကြားချက်စာ ထွက်လာသလဲ... မစဉ်းစားတတ်တော့ဘူး ...။ နောက် သိချင်တာက ဘယ်သူက ညွှန်ကြားတာလဲ..။ အကြောင်းပြချက်က ဘာလဲ...။ ခုထိတော့ ဘယ်သူမှ မသိ...။

သတင်းနှင့်ဓါတ်ပုံ
ကိုဝိုင်ဝိုင်ကေ
၂၀-၈-၁၂

ဦးသိန်းစိန်ကဦးရွှေမန်းကိုအကြောင်းပြန်ပြီ




နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ မိမိအသိစိတ်ဓါတ်ဖြင့် နှုတ်ထွက်စေရန် တောင်းဆိုထားသော သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ

ပြည်သူ့လွှတ်တော်ဥက္ကဌက (၁၄-၈-၂၀၁၂)ရက်စွဲနဲ့ သ၀ဏ်လွှာ(၁)စောင် ပေးပို့လာခဲ့ပါတယ်။ ဒီသ၀ဏ်လွှာကတော့ ပြည်ထောင်စုအဆင့်သတ်မှတ်ချက်နဲ့ စပ်လျဉ်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀၁)ဦးက မကျေနပ်တဲ့အတွက် လက်မှတ်ရေးထိုးပြီ
း ခုံရုံးအဖွဲ့ဝင်(၉)ဦးကို စွပ်စွဲ ပြစ်တင်မှု ဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်အပေါ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌက သည်းခံကြရန်
မေတ္တာ ရပ်ခံပြီး နိုင်ငံတော်သမ္မတထံ ပေးပို့လာခြင်း ဖြစ်ပါတယ်။


ဒီသ၀ဏ်လွှာအပေါ်မှာ နိုင်ငံတော်သမ္မတရဲ့သဘောထားကို ဖော်ပြထားတဲ့ သ၀ဏ်လွှာ(၁)စောင်ကို နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဌထံသို့ ယနေ့ ပေးပို့ခဲ့ပါတယ်။ ပေးပို့တဲ့ သ၀ဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်-

" နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ က ကျေနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများအားလုံးအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်း ကျသော ဆောင်ရွက်ချက်များ ဖြစ်လာစေရန် စေတနာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါသည်။

၂။ ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ပြောကြားနေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသည့် ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုမိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံ ဆောင်ရွက်ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ရန် လိုအပ်ပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်းရှိ မရှိ တိကျ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

၃။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ခြင်းသည် လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ဆုံးဖြတ်ချက်ချမှတ်ပြီး ဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက် သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရအပြီးအပြတ်အတည်ဖြစ်ပါသည်။ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲအဆင့် မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစ္စအားအစိုးရအဖွဲ့အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။

ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျောက် တာဝန်မှ အနားယူစေရေးကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရန်အတွက်သာ အပ်နှင်းထားခြင်းဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်းတာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူသွားစေရေးအတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည် မဟုတ်သည့်အပြင် တရားမျှတမှုလည်းရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုတာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စဖြစ်ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ (၂)ဦးတို့မှ ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရားစီရင်ရေး အတွေ့အကြုံရှိသူများ ဖြစ်သည့်အပြင် အချို့သော ပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စအပေါ် အမှားမှားအယွင်းယွင်းသော်လည်းကောင်း၊ ဘက်လိုက်၍သော်လည်းကောင်း အဆုံးအဖြတ်ပေးကြမည့် ပုဂ္ဂိုလ်များမဖြစ်နိုင်ဟုယုံကြည်ပါသည်။

မိမိအပါအဝင် ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။” ဟု လွှတ်တော်စတင်ကျင်းပစဉ်က ပြည်သူ့လွှတ်တော် သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာသို့မဟုတ် ကျမ်းသစ္စာပြုထားကြသူများ ဖြစ်ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်များအရ မိမိအနေဖြင့် လိုက်နာရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစကမ္ဘာ့အလယ်တွင် မျက်နှာပွင့်လန်းကာစ အခြေအနေတွင်သာရှိပါသေးသည်။ သို့ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှုပြဿနာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည်ဖော်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန်နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍လည်းကောင်း၊ မိမိတို့ မဏ္ဍိုင်ကြီး(၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက်လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန် မည်ဟုယူဆပါသည်။

သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်။"