Tuesday, August 21, 2012

မြန်မာပြည်ကတ၀က် ဘဂ်လားဒေရှ့် ကတ၀က်အီရန်အကြံကြီး...

တရုပ်ဝမ်ပေါင်ကုမ္မဏီနှင့် ပူးပေါင်းပြီး NLD ပါတီဝတ်စုံများဝတ်ဆင်စေ


Aung Pan



မြန်မာ့စီးပွားရေးဦးပိုင်က တရုပ်ဝမ်ပေါင်ကုမ္မဏီနှင့် ပူးပေါင်းပြီး NLD ပါတီဝတ်စုံများဝတ်ဆင်စေကာ အဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေသည်ဟု မုံရွာဒေသခံများကပြောဆိုနေကြသည်။
Nay Thiha
၂၁.၈.၂၀၁၂ နံနက် (၇)နာရီခန့်တွင် NLD ဝတ်စုံများဝတ်ထားသော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲဝတ်စုံဝတ်ထားသော ရဲတပ်ဖွဲ့ဝင် လေးဦးခန့်သည် မှန်လုံကားတစ်စီးဖြင့် မုံရွာအနောက်ဖက်ကမ်း လက်ပတောင်ြးေ ကးနီစီမံကိန်းဘက်သို့ သွားကြောင်းကြားသိရသည်။ ထပ်မံကြားသိရသည်မှာ ထိုကားသည် ဝမ်ပေါင်ကုမ်ပဏီဝင်းအတွင်း၌ ရှိနေပြီး Light Truck တစ်စီးက NLD
အလံထောင်၍ တောင်ကြားထဲသို့ဝင်သွားကြောင်းကို သေသေချာချာမြင်တွေ့သူများက ပြောကြားသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်ထိုကဲ့သို့လုပ်နေသည်ကို မုံရွာမြို့နယ် NLD မှစိုးရိမ်စိတ်ဖြင့် သေချာဂရုစိုက် စောင့်ကြည့်၊ နားစွင့်ကာ အပြန်အလှန် သတင်းဖြန့်ဝေနေကြသည်မှာ ယခုအချိန်အထိဖြစ်သည်။

ThanLarWaddy Times
စစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီစီမံကိန်းမှာဖြစ်တာ ပါ။ မြန်မာ့စီးပွားရေးဦးပိုင်က NLDပါတီအင်္ကျီတွေဝတ်ပြီး ဒေသခံပြည်သူတွေထွက်လာ
အောင်ထောင်ချောက်ဆင်တယ်လို့သတင်းရပါတယ်။ NLD ပါတီလည်းနာမည်ပျက် ဒေသ
ခံတွေလည်းပုဒ်မ(၁၄၄)နဲ့ငြိစွန်းတယ်ဆိုပြီး ပစ်သတ်ရန်စီစဉ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္မဏီနဲ့ တရုတ်ကုမ္မဏီ စစ်တပ် ရဲတို့ ပူးပေါင်းပြီးဆင်တဲ့သတ်ကွင်းတစ်ရပ်ဖြစ်ပါတယ်။
လုံထိန်းရဲကား(၃)စီး၊ရဲကား(၁)စီးနှင့် မီးသတ်ကားများဖြင့် တားဆီးညှိနှိုင်းရန်ရောက်လာသူ တောင်သူလယ်သမားများနှင့် ထိတ်တိုက်ဆုံမည့်အခြေအနေဖြစ်ပေါ်နေပါသည်။
မုံရွာနှင့် အနီးတစ်ဝိုက်မှ အင်အားစုများနှင့် မီဒီယာများဝန်းရံပေါင်းဖြည့် ကူညီနိင်ပါရန် ရေးသားသိစေအပ်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ...
၀၉၄၉၂၇၇၈၂၃
၀၉၄၀၀၄၅၆၁၀၆
၀၉၄၅၀၀၂၆၃၃၄
၀၉၄၀၀၄၀၁၁၈၉
၀၉၄၃၁၅၅၇၉၆

ဓါတ်ပုံ .. နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် (ယနေ့သြဂုတ်လ ၂၁ရက်နေ့ လက်ပတောင်းကြေးနီစီမံကိန်းအနီးစောင့်ကျပ်နေသာ ရဲကားများ)

ကနေဒါ၊တိုရန်တိုကဘင်္ဂလီထောက်ခံဆန္ဒပြပွဲ

ယနေ့ နေ့ လည် ၁၂ နာရီခန့် မှ စတင် ခဲ့ သောဘင်္ဂလီ ထောက်ခံ ဆန္ဒ ပြပွဲ သည် အင်အား ၅၀ ခန့် ပါဝင် သော ကလေး ၊ အမျိုး သ္မီး နှင့် လူငယ်လူကြီးများ ပါဝင်ကြောင်းတွေ့ ရသည် ၊ C.B.C တယ်လီဗေးရှင်း အသံလွင့် ဌါနရှေ့တွင် စတင်ခဲ့ သော်လည်း ဒေသခံ ရဲများ၏ တားဆီ့း မှုကြောင့် ၁၅ မိနှစ်ခန့် သာ စာရွက်များ ဝေခြင်း ၊ ဆိုင်းဘုတ်များထောင်ခြင်းတို့ ကို ပြုလုပ်ပြီး CITY TV ရှေ့ သို့  ချီတက်သွားကြသည် ၊ ထိုနေရာ တွင် ၁၀မိနစ်ခန့် ကြာပြီး တိုရွန်တို မြို့ တော်ခမ်းမ အရှေ့ မှ ဖြတ်ကာ အော်ဟစ် ကြွေးကြော်ရင်း  Dundas Square တွင် ဆက်လက် ဆန္ဒပြ အော်ဟစ်ကြ ရာ ဗုဒ္ဓဘာသာ အကြမ်းဖက်သမားများမှ မူဆလင် အပြစ်မဲ့ ပြည်သူ များအား မတရား အနိုင်ကျင့် သတ်ဖြတ်နေသော အော်ဟစ် မူ များကို ကြားတွေ့ ရကြောင်း မျက်မြင်သက်သေ များ မှ ဆိုပါသည် ။ ယခု ဆက်လက်၍ လည်း C.B.C တယ်လီဗေးရှင်းအသံလွင့် ဌါနရှေ့ သို့ ပြန်လည် ရောက်ရှိလာပြီး ဆန္ဒ ပြလျှက်ရှိသည် ။

ဆန္ဒပြပွဲလုပ်ဖို့ကြေငြာထားတဲ့နေရာမဟုတ်တော့မြို့ပတ်ပြီးရှာပေးသူကိုကျေးဇူးတင်ပါတယ်နော်။




If you want to see more photo CLICK HERE


ဒေါ်အောင်ဆန်းစုကြည်ဝါရှင်တန်တွေ့ဆုံပွဲအစီအစဉ်

အောင်ရင်၊တင်ဇာမော်ရဲ့TORONTO LIVE SHOW

Burmese Chinese Association of Ontario will be hosting 35th Anniversary Dinner with Aung Yin & Tin Zar Maw along with JAM live band of Toronto.

ကျူးကျော် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ အချင်းများရာမှ ခုနှစ်ဦး ထိခိုက် ဒဏ်ရာရ။

The Voice Weekly

သြဂုတ်၂၁ ရက်

မန္တလေးမြို့ အရှေ့တောင်ပိုင်းရှိ မြရည်နန္ဒ ရပ်ကွက် ကျုးကျော်သူများ နေထိုင်ရာ ဝင်းအတွင်းသို့ အောင်ပင်လယ် ရဲစခန်းမှ စခန်းမှူး ဦးဆောင်သော ရဲအင်အား လေးဆယ်ခန့်က ကျုးကျော်သူများ အရေး ဦးဆောင် လှုပ်ရှားသူ ဦးဝင်းမြင့်ထွန်းကို ဝင်ရောက်ဖမ်းဆီးရာမှ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူများက ပြောကြားသည်။

အောင်ပင်လယ်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ များနှင့် မန္တလေး ခရိုင် ရဲတပ်ဖွဲ့ မှူးက ၁၅ ဧက ခန့်ကျယ်သော မန္တလေးမြို့  ချမ်းမြသာစည်မြို့ နယ် မြရည်နန္ဒာ ရပ်ကွက် ကွင်းအမှတ် (၅၃၇) မြေနေရာတွင် ကျူးကျော် နေထိုင်သူ အိမ်ထောင်စု ၅၀ခန့်(လူ၂၀၀၀ ၀န်းကျင်ခန့် )ကို သြဂုတ်လ ၂၁ရက်နေ့ (ယနေ့)နံနက် (၇)နာရီက လာရောက် ဖယ်ရှား ခိုင်းခဲ့ရာမှ ယင်းသို့ ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ မြေဧကတွင် ၀င်ရောက် ကျူးကျော် နေထိုင်နေကြသော ဒေသခံများက The Voice Weekly သို့ ပြောကြားသည်။

“ လယ်မြေတွေ တရုတ်တွေကို အကွက်ရိုက် ရောင်းနေတာ သိရလို့ စိုက်ပျိုး လုပ်ကိုင်နိုင်တဲ့ လယ်ယာမြေ ဆုံးရှုံးမှာစိုးလို့ ဝင်ရောက် ကျူးကျော် နေထိုင်ကြတာပါ” ဟု ၎င်းတို့က ဆိုသည်။

ယနေ့ နံနက်ပိုင်းက ယူနီဖောင်း ၀တ်ဆင် မထားသော ရဲ (၇)ဦး ဆိုင်ကယ်ဖြင့် ဦးစွာ ရောက်ရှိလာပြီး မန္တလေးခရိုင်ရှိ အောင်ပင်လယ်မြို့နယ်၊ ချမ်းမြသာစည်မြို့ နယ် ရဲတပ်ဖွဲ့ ဝင်များ၊မန္တလေး ခရိုင် ရဲတပ်ဖွဲ့ မှူး တို့  ရောက်ရှိ လာကြောင်း၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား (၄၀)ခန့်ရှိကြောင်း၊ အဆိုပါ ရဲတပ်ဖွဲ့ များက ကျူးကျော် နေထိုင်သူများ ၏ ခေါင်းဆောင်ဟု ဆိုသူု ဦးဝင်းမြင့်ထွန်းကို လာရောက် ဖမ်းဆီး ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဦးဝင်းမြင့်ထွန်းက အသာတကြည် လိုက်ပါမည် ပြုသည်ကို ကျူးကျော် နေထိုင်သူ အမျိုးသမီးများက ၀ိုင်းဖက် ကာကွယ်ခဲ့ကြပြီး အမျိုးသားများက ၀ိုင်းဝန်း ကာကွယ် ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ ဝင်များက အကြမ်းဖက်မှု များ ပြုလုပ်ရာမှ အချင်းဖြစ်ပွား ခဲ့ကြခြင်း ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီခွဲ ခန့်တွင် သတင်းထောက်များ ယင်းနေရာသို့  ရောက်လာချိန်တွင် ရဲတပ်ဖွဲ့ ဝင်များ ပြန်လည် ထွက်ခွာသွားခဲ့ ကြခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသည့် မျက်မြင်သက်သေများက ဆိုသည်။

ယင်းအချင်း ဖြစ်ပွားမှုကြောင့် ဦးဝင်းမြင့်ထွန်း၏ ဒူးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး အခြား ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ကြောင်း၊ ကျူးကျော် နေထိုင်သူ အမျိုးသမီး(၆)ဦး အမျိုးသား တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူများမှာ မခိုင်(ကိုယ်ဝန် ၄လ)နှင့် မစိမ်း(ကိုယ်ဝန် ၈လ)၊ ဒေါ်ခင်အုန်းမြင့်၊ ဒေါ်ရှိ၊ ကိုချစ်မိုး၊ ဒေါ်လဲ့ ၊ မဘေဘီတို့  ဖြစ်ပြီး အမျိုးသမီး သုံးဦးမှာ မန္တလေးမြို့ ဆေးရုံကြီးတွင် တက်ရောက် ကုသ နေကြောင်း ၎င်းတို့က ဆိုကြသည်။

သို့သော်မန္တလေး ဆေးရုံကြီးသို့  The Voice Weekly က သွားရောက် သတင်း ရယူရာ အဆိုပါ ကိစ္စနှင့် ဆေးရုံ တက်ရောက်နေသူ မရှိကြောင်း ပြင်ပ လူနာဆောင် ဌာနရှိ တာဝန်ကျ ဆရာ၏ လက်ရှိ ဆေးမှတ်တမ်း အရ သိရသည်။

“ဆေးရုံကို ကျူးကျော် ကိစ္စနဲ့ ၆ယောက် လာပြတာတွေ့တယ်၊ လာပြပြီး ပြန်သွားကြ တာပါ၊ ဆေးရုံမှာ လက်ရှိ တက်ရောက်နေတာ မတွေ့ မိပါဘူး” ဟု ဆေးရုံရှိ တာဝန်ကျ ရဲတပ်ကြပ် အစောင့်ထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အောင်ပင်လယ် ရဲစခန်းသို့  ဆက်သွယ် မေးမြန်းရာ ယနေ့ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ပြောပိုင်ခွင့် မရှိကြောင်း၊ မနက်ဖြန်မှ ပြန်လည် ပြောဆိုနိုင်မည် ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်းက ပြန်လည်ပြောဆိုသည် ယင်းအား လာရောက် ဖမ်းဆီးပါက အသာတကြည် လိုက်ပါမည်ဖြစ်ပြီး ကျူးကျော်နေ ထိုင်သူ တို့ကို လက်နက် အင်အားဖြင့် ဖယ်ရှားခြိမ်းခြောက်ခြင်း တစ်စုံတစ်ရာ မလုပ်ရန် အောင်ပင်လယ် ရဲစခန်းမှူးသို့ ဖုန်းဆက်ပြောကြား ပြီးဖြစ်ကြောင်း၊ အဆိုပါ ကျူးကျော် မြေနေရာမှ ချက်ချင်း ဖယ်ရှားပေးနိုင်မည် မဟုတ်ကြောင်း၊ ထိုနေရာ အတွက် သက်ဆိုင်ရာ သို့ အသနားခံ စာတင်ခြင်း၊ စီတန်း လှည့်လည်ခြင်း များဖြင့် တောင်းဆိုရန် စီစဉ်လျက်ရှိကြောင်း၊ ၎င်းတို့ကို ယင်းနေရာမှ ဖယ်ရှားပြီး အခြား တစ်နေရာတွင် နေထိုင်ခွင့် ပေးမည်ဆိုပါက ဖယ်ရှားပေးရန် အသင့်ရှိကြောင်း ဦးဝင်းမြင့်ထွန်းက ဆိုသည်။

အဆိုပါ ကျူးကျော် နေထိုင်သူများက ရဲတပ်ဖွဲ့ ဝင်နှင့် ဒေသခံများကို ပြန်လည် ခုခံခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ကျူးကျော်နေ လူဦးရေ ၂၀၀၀ မှာ မန္တလေးမြို့ စည်ပင် နယ်နိမိတ် အတွင်းရှိ ဒေသ အသီးသီးမှ ကျူးကျော်များဖြစ်ပြီး ယင်းနေရာတွင် လာရောက် စုစည်း နေထိုင်ကြခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယနေ့ည ခုနှစ်နာရီ မိနစ် သုံးဆယ်ခန့်အချိန်ထိ နောက်ဆုံး ရရှိသော သတင်းများအရ ထိခိုက် ဒါဏ်ရာ ရရှိသူများတွင် ပါဝင်သော ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ ကလေး ပျက်ကျခဲ့ရသဖြင့် မန္တလေး ဗဟို အမျိုးသမီး ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူနေရကြောင်း မန္တလေး မြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အမျိုးသား လွှတ်တော်က အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု စတင်ပြုလုပ်မည် ။

The Voice Weekly


နေပြည်တော်၊ သြဂုတ် ၂၁

ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များက နှုတ်ထွက်ပေးမည် မဟုတ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ဖော် ပြောကြား လိုက်သည့် အတွက် အမျိုးသား လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှုများစတင် ပြုလုပ် တော့မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ယနေ့ ပြောကြားသည်။

"စွပ်စွဲ ပြစ်တင်မှု အရင် လုပ်မယ်။ ပြီးရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မယ်" ဟု၎င်းက ဆက်လက် ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော် ဥပဒေ တို့တွင် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်၊ အဖွဲ့အစည်း အသီးသီးမှာ ပြည်ထောင်စု အဆင့်ပင် ဖြစ်ပြီး ခုံရုံး၏ ဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကွဲလွဲနေသည့် အတွက် အခြေခံဥပဒေကို ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောဆိုသည်။

ယခု တစ်ကြိမ်တွင်မူ အမျိုးသား လွှတ်တော်က စွပ်စွဲ ပြစ်တင်မှု စတင်ပြုလုပ်မည် ဖြစ်ပြီး ၎င်းစွပ်စွဲ ပြစ်တင်မှု ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာပါက ပြည်သူ့လွှတ်တော် စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းကာ စုံစမ်း စစ်ဆေး ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံသာ ထောက်ခံရန် လိုအပ်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရန် မှာမူ လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ထောက်ခံရန် လိုအပ်သည့် အတွက် အမျိုးသား လွှတ်တော်က စွပ်စွဲပြစ်တင်မှုအဆိုတင်သွင်းခြင်း စတင် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးရာကျော်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသည် ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် ၂ ပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ၅ ဥပဒေအရ ပေးအပ် ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း တို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို သြဂုတ်လ ၈ ရက်နေ့တွင် လွှတ်တော် လူ့အခွင့်အရေး ကော်မတီ မှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံသို့ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ပေးရန် သဝဏ်လွှာ ပေးပို့ခဲ့ရာ နိုင်ငံတော် သမ္မတက အဖွဲ့အစည်းနှစ်ခု (လွှတ်တော်နှင့်ခုံရုံး) သည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးအပ်ထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်သဖြင့် ကြိုက်နှစ်သက်ရာ နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်ခွင့် ရှိကြောင်း အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲ ပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့် အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

နိုင်ငံကောင်းအောင် လုပ်သင့်တာတွေ ရှိနေပြီ

by Lwin Aung Soe on Tuesday, August 21, 2012 at 3:06am ·

 

နိုင်ငံကောင်းအောင် လုပ်သင့်တာတွေ ရှိနေပြီ

ဒီမိုကရေစီကို မှန်ကန်အောင် ကျင့်သုံးနိုင်မှ ပြည်သူတွေ စိတ်ချမ်းသာစွာ ကြီးပွားလာပါမယ်။  တိုင်းပြည်လည်း တည်ငြိမ်စွာ ဖွံ့ဖြိုးပါလိမ့်မယ်။ ဒါကြောင့် ဒီမိုကရေစီကို ပိုမို တန်ဖိုးထားဖို့ လိုအပ်လာသလို ပိုမိုမှန်ကန်အောင် ကျင့်သုံးလာနိုင်ကြဖို့လည်း အရေးကြီးလာပါတယ်။

ဒီမိုကရေစီ ဆိုလိုက်တာနဲ့ Rule of Law /  Human rights တို့က မပါမဖြစ် အဓိက အရေးကြီးဆုံး ဖြစ်လာပါတယ်။ ဒါတွေကို ရာနှုန်းပြည့် ထိန်းချုပ် တည့်မတ်ပေးနိုင်တာက Constitution ကို ကောင်းအောင် ပြုပြင် ကျင့်သုံးနိုင်ဖို့သာ ဖြစ်ပါတယ်။

Constitution ကို အမြဲတမ်း လိုအပ်သလို ပြုပြင်နေရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာသာမက လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး၊ သဘာဝ ဘေးအန္တရာယ် တားဆီးရေး စတဲ့ ဘက်စုံကဏ္ဍမှာ လက်တွေ့ လုပ်ကြည့်လို့ အံမဝင် ဂွင်မကျတာတွေ ရှိတတ်ပါတယ်။ ရှိလာရင် ပြုပြင်နေရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ နိုင်ငံမှာ အမြင့်ဆုံး ဥပဒေဖြစ်တဲ့ Constitution ကိုလည်း လိုအပ်သလို အမြဲတမ်း ပြုပြင်နေရပါမယ်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ လုပ်ငန်းစဉ်ကြီး တခုပါပဲ။ ဒါကြောင့် ထိပ်ဆုံးမဏ္ဍိုင် (၃) ခုထဲမှာ နေရာယူထားတာ ဖြစ်ပါတယ်။

ဒီလိုပြုပြင်ရာမှာ ကျနော်တို့ နိုင်ငံသားတွေဟာ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမယ့် ရည်မှန်းချက်နဲ့ ခံယူချက်ကို လေးနက်စွာ ချင့်ချိန် မြော်မြင်ပြီး ပြတ်သားဖို့ သိပ်လိုအပ်ပါတယ်။ ဒါမှလည်း Constitution ဟာ ကောင်းသထက် ကောင်းလာနေမှာ ဖြစ်ပါတယ်။  Constitution ကောင်းလေလေ နိုင်ငံရော ပြည်သူတွေပါ တိုးတက်ကြီးပွားလေပါပဲ။ Constitutionအရ နိုင်ငံကို ကာကွယ်တာ၊ ပြည်သူတွေကို ကာကွယ်ပေးတာ၊ Constitution အရ လုပ်ပိုင်ခွင့်ရှိလို့ စီးပွားရေးလုပ်တာ၊ ပိုင်ဆိုင်ခွင့်ရှိတာ စသဖြင့် သာဓကတွေ အများကြီး ရှိပါတယ်။

လက်ရှိ ၂ဝဝ၈ Constitution မှာ အားနည်းချက်တွေ အများကြီး ရှိနေတာကို လက်တွေ့ကျင့်သုံးကြည့်မှ အံမဝင် ဂွင်မကျ ရည်မှန်းချက် မဖြစ်စေမှန်း တွေ့ရှိလာရပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ Constitution ကို ပြင်ဆင်နိုင်ဖို့ လူတိုင်းက ပါဝင်ကြိုးပမ်းစေချင်ပါတယ်။ ဒါကို ဥပဒေပြု လွှတ်တော်က ဦးဆောင်ရမှာ ဖြစ်တဲ့အပြင် ဥပဒေပြုသူတွေ ကိုယ်တိုင်က အရည်အချင်း ပိုမိုပြည့်ဝအောင် ကြိုးစားကြဖို့လည်း တိုက်တွန်းပါတယ်။

Constitution အရ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေအပေါ် အငြင်းပွားတာ မဆန်းပါဘူး။ လိုအပ်သလိုလည်း အရေးကြီးဆုံးတွေကို ရွေးလုပ်သင့်ပါတယ်။ တကယ်လို့ ရှင်းလင်း ပြတ်သားတဲ့ Constitution ရှိနေတယ်ဆိုရင် အငြင်းပွားစရာတွေလည်း ရှိမှာ မဟုတ်တော့ပါဘူး။ အချိန်ကုန် သက်သာသွားတဲ့အတွက် ကောင်းသထက်ကောင်းဖို့ ကိစ္စတွေကို ပိုပြီး လုပ်ဆောင်နိုင်ကြမှာ အသေအချာပါပဲ။

နိုင်ငံရေးသမားတိုင်း ဗျူဟာခင်းပြီး လုပ်တတ်ကြပါတယ်။ နိုင်ငံတွေ အချင်းချင်း စစ်ရေး၊ သံတမန်ရေ၊ စီးပွားရေးစတဲ့ နည်းလမ်းတွေသုံးပြီး ကမ္ဘာကြီး ငြိမ်းချမ်းတိုးတက်အောင် လုပ်နေကြသလိုပါပဲ။ မြန်မာ့နိုင်ငံရေးသမားတွေကြားမှာ လက်ရှိ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးလို့ ကျနော် ယူဆမိတာကတော့ “သံတမန်ဗျူဟာ” သုံးပြီး ညီညွတ်မှုကို တည်ဆောက်တာ ဖြစ်ပါတယ်။ လူသိများတဲ့ Win-win policy ပါပဲ။ များမြောင် ရှုပ်ထွေး အန္တရာယ် ချောက်နခမ်းဘေး ရောက်နေတဲ့ အမျိုးသားရေးကိစ္စတွေ အများကြီးကို ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ ရှေ့ဆက် လုပ်နေရဦးမှာဖြစ်လို့ စိတ်တူကိုယ်တူ လုပ်စေချင်ပါတယ်။ အရည်အချင်း မပြည့်ဝသူတွေကို ဖယ်ရှားဖို့က လူထုတာဝန် ထားလိုက်ပါ။


လွင်အောင်စိုး
၂၁-၈-၂ဝ၁၂

.......................

သူတို့  ညီညွတ်ကြရပြီ ၊ သူတို့ အာမခံ..ကြရလေပြီ ၊

>ကျော်ခဏ်းနွယ်


သြဂုတ်-လ-၁၉-၂၀၁၂- နေ့က ရန်ကုန်မြို့ မှာ ထူးခြားနေသော သတင်းများကို ကြားရသည် ။ သမ္မတဦးသိန်းစိန်အစိုးရမှ ခန့် အပ်ပေးထားသော စုံစမ်းစစ်ဆေးရေးကော်မီတီအဖွဲ့ က စတင်ဆွေးနွေးနေသော သတင်း ၊ ၀န်ကြီးဦးခင်ရီက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုသူ လူမျိုးများ မရှိပါဆိုသောသတင်း နှင့် ရခိုင်လူမျိုးများအပါအ၀င် အခြားတိုင်းရင်းသားလူမျိုးများ ( ၂၀၀ ) ခန့် က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သည် သတင်းဖြစ်သည် ။ တိုက်ဆိုင်မှုတခုမှာ ၄င်းသတင်းသုံးခုစလုံးသည် အစိုးရ၏ လုပ်ပိုင်ခွင့်ပြုချက်ထဲမှ ပြုလုပ်ဆောင်ရွက်ခဲ့ ကြသော အချက်ဖြစ်သည်ကို တွေ့ ရှိရသည် ။ ကျွန်တ်ေကပင်လျှင် နားမထောင်ဖြစ်၍လား မသိချေ ။ ရေဒီယိုများမှ လွှင့်လေသလားတော့ မပြောတတ် ။ ဘီဘီစီက ဦးခင်ရီ၏ သတင်းကိုမူ အင်တာနတ်တွင် တွေ့ ၍ သိရှိခြင်းဖြစ်သည် ။ ကျွန်တော်ကား ရေဒီိယိုကို နားမထောင်လေသည်မှာ ကြာခဲ့ ပါပြီကော ။

         နအဖ-န၀တ-လက်ထက်က မိုးလုံးပြည့် မုသားလိမ် ရေဒီယိုများအဖြစ် နေရာတကာမှာ ရေးသားထားသော စာတမ်းများကို တွေ့ ရချိန်က ကျွန်တော်တို့ မှာ ၄င်းရေဒီိယိုများဖက်မှ အထူးကာကွယ် ပြောဆိုရေးသား ခဲ့ ကြသူများဖြစ်သည် ။ န၀တလက်ထက်မှ ယခုအစိုးရသို့ ပြောင်းလာသောအခါ ၄င်းစာသားများလည်း ဖယ်ရှားခဲ့ ရသည် ။ ဦးသိန်းစိန်အစိုးရသည် ဤစာသားကို လက်မခံ၍ မည်သည့်စာစောင် သတင်းစာများတွင်မှ မဖေါ်ပြစေရ ။

        မျက်မှောက်ကာလ အစိုးရက မီဒီယာများအား သဘောထားကြီးစွာဖြင့် စတုတ္ထမဏ္ဍိုင်ဆိုပြီး လက်ခံတွေ့ ဆုံကာ ပြုလုပ်နေစဉ် ကျွန်တော်တို့  ပြည်သူတွေမှာ ၄င်းမီဒီယာများကို လက်မခံကြတော့ ။ ရွံရှာသွားခဲ့ ကြပြီ ၊ နာကျင်သွားခဲ့ ကြပြီ ။ သူတို့ ၏ အသံများကို ကြားရလျှင် အသက်တိုလောက်အောင်အထိ စိတ်မှာ ခံစားကြသည် ။ ထို့ ကြောင့် ဘီဘီစီ ၊ ဒီဗွီဘီ ၊ အာဖက်အေ နှင့် ဗီအိုအေတို့ မှ အသံလွှင့်သူများကို လှည့်ကြည့်ချင်လောက်အောင် စိတ်မှာ မရှိကြတော့ ။ အကြောင်းမှာ သူတို့ ၏ အသံလွှင့်ချက်များကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်သည် ။ အကယ်၍ သူတို့ ၏ သတင်းများကို အတည်ပြုချက် ယူပြီး လွှင့်ထုတ်မည်ဆိုလျှင် မည်သို့ မျှ ယခုလို ပြည်သူမုန်းသော သတင်းဋ္ဌါနအဖြစ် ရောက်ရှိလေမည်မထင် ။

ခုတော့ ပြည်သူမုန်းသော ပြည်သူနာကျင်သော ပြည်သူသောက်မြင်ကပ်သော သူများ လုံးဝဖြစ်သွားလေပြီ ။
         မီဒီယာသတင်းဋ္ဌါနများက နိုင်ငံအတွက် သစ္စာရှိကြလျှင် နိုင်ငံတော်တခုလုံး၏ အချုပ်အချာ အာဏာကို ထိပါးစေမည့် လက္ခဏာများ ပေါ်ပေါက်စေမည် မထင်ချေ ။ ခုတော့ မြန်မာနိုင်ငံကို  ဘင်္ဂလီလူမျိုးတို့ က သမိုင်းလိမ်ပြီး စော်ကားသွားပြီ ။ ယင်းသို့  သမိုင်းလိမ်ရအောင် မီဒီယာများမှ များစွာ အထောက်အပံ့ပေးခဲ့ လေသည်ဟု စစ်တမ်းကောက်သူများက သုံးသပ်ထားကြပြီးဖြစ်သည် ။ မနေ့ က ရခိုင်ပြည်နယ်ကို အာဆီယံနိုင်ငံတွင် ပေါ်ပေါက်လာသော အစ္စလမ်မစ် ရိုဟင်ဂျာနိုင်ငံဟု လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်လိုက်သည်ဆိုသော သတင်းဖတ်ရသည် ။ သို့ ဆိုလျှင် ကျွန်တော်တို့  မြန်မာနိုင်ငံအစိုးရက သူတို့ ၏ လွတ်လပ်ရေးကြေညာစာတမ်းအတိုင်းလွတ်လပ်ခွင့်ကိုလက်ခံကြောင်း ကြေညာပေးရမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာ
သည် ။ ၄င်းကြေညာချက်မှာ သူတို့ ၏ တောင်းဆိုချက်ကို ဆောင်ရွက်ပေးရမည်ဟု ဖေါ်ပြထားရာ မြန်မာနိုင်ငံအစိုးရက ၄င်းကိစ္စကို ရေငုံနုတ်ပိတ်နေ၍ မရ ။ ၀န်ကြီးဦးခင်ရီက ၄င်းစကားကို ပြောချင်၍လား မပြောတတ် ။

      နေရာတကာတိုင်းမှာ မြန်မာအစိုးရအနေဖြင့် နုတ်ပိတ်ရေငုံနေတတ်သော်လည်း ယခုအချက်ကိုမူ နုတ်ပိတ်နေ၍ မသင့်တော်ဟု မြင်သည် ။ ဒဲ့ ပြောမှ ဖြစ်မည် ။ မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာပိုင် နယ်မြေကို ကျူးကျော်စော်ကားပြီး နယ်မြေသိမ်းပိုက်ခြင်းအား ကမ္ဘာသိ ကြေညာချက်မှာ လွန်စွာမှ လက်မခံနိုင်စရာဖြစ်သည် ။ ဂျပန်နိုင်ငံနှင့် ကိုးရီးယားနိုင်ငံတို့ ၏ ကျောင်းသုံးစာအုပ်များတွင်  မကြာခဏဆိုသလို သူ့ နယ်မြေ ကိုယ့်နယ်မြေ အဖြစ် အငြင်းပွါးနေသည်ကို သိထားပါလျှက်နှင့် ဖေါ်ပြခဲ့ သည်ဆိုပါက စစ်မက်ရေးရာဖြစ်လောက်အောင် ကာကွယ်ရင်ဆိုင် ဖြေရှင်းကြရသည် ။

      ယခုလည်း ဤသို့ ကြေညာချက်မှာ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေလောက်အောင် စော်ကားမော်ကား ပြုလုပ်ခြင်းဖြစ်ပြီး လုံးဝသည်းဥာဉ်း ခံနိုင်စရာ အကြောင်းမရှိချေ ။ အိန္ဒိယနိုင်ငံက သူတို့ နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အား မွတ်ဆလင်ဘာသာဝင်များ နိုင်ငံတို့ အနေဖြင့်  ပဋိပက္ခဖြစ်ပွါးအောင် လုပ်ကြံဖန်တီးထားသော ( တိဗက် သတင်း ) ၊  အခြား သတင်းများကို ပါကစစ္တန်နိုင်ငံဖက်မှ ပြုလုပ်နေကြောင်း ဖေါ်ထုတ်နေပြီဖြစ်သည် ။ မည်သို့ ပင်ဆိုစေ တချိန်တည်းမှာပင် မြန်မာနိုင်ငံသားများ၏ မီဒီယာများကိုလည်း သတင်းအတည်ပြုချက် မယူဘဲနှင့် မရေးသားကြရန် ၊ မထုတ်လွှင့်ကြရန်နှင့် ရေးသား ထုတ်လွှင့်ကြပါက တည်ဆဲ ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာရန်လိုသည် ။

        ယင်းသို့  သတင်းဋ္ဌါနများ၏ နိုင်ငံတော်နှင့် ပါတ်သက်၍ သတင်းများကို မဖေါ်ပြခဲ့ ကြရသောကြောင့် ယခုအချိန်မှာ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့ ဝင် သမ္မတမှအစ လှည်းနေလှည်းအေင်း မြင်းဇေါင်းမကျန် အားလုံးရင်ကော့ ထွက်လာကြရပြီ ။ တနေ့ ထဲမှာပင် ရန်ကုန်မြို့ ၌ ၀န်ကြီးဦးခင်ရီက ပြတ်သားစွာ ပြောကြားလိုက်သည်မှာလည်း မြန်မာနိုင်ငံ၌ ရိုဟင်ဂျာဆိုသူ လူမျိုး မရှိကြောင်း ပြောဆိုသံ ကြားရသည် ။ သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သောအစိုးရမှခန့် အပ်တာဝန်ပေးလိုက်သောစုံစမ်းစစ်ဆေးရေးကော်မီတီများမှလည်း မြန်မာနိုင်ငံအတွင်းသို့  ခိုးဝင်လာသော ဘင်္ဂလီ လူမျိုးများကြောင့် ပြသနာဖြစ်နေရခြင်းနှင့် ခြံစည်းရိုးကာထားရခြင်းများနှင့် ပတ်သက်၍ ရှေ့ဆက် ခြံစည်းရိုးများကို ကာထားရန်ကအစ စည်းဝေးနေကြရပြီ ။ ရခိုင်ပြည်နယ်၏ ယခုဖြစ်ပျက်နေသော အဓိကရုဏ်းများမှာ လူဝင်မှုကြီးကြပ်ရေးပြသနာများနှင့် နိုင်ငံရေးအရ အကြီးအကျယ်စိန်ခေါ်နေခြင်းများကြောင့် ဖြစ်သည်ကို စုံစမ်းစစ်ဆေးရေးကော်မီတီမှ နားလည်သဘောပေါက်ထားကြပြီးဖြစ်သည် ။  ဒုက္ခသည်များအား စားနပ်ရိက္ခာများပေးအပ်ခြင်း ၊ အမိုးအကာအောက်ရောက်ရှိစေခြင်း ၊ ပြန်လည်နေရာချထားရေးတို့ မှာ  စုံစမ်းစစ်ဆေးရေးကော်မီတီ၏  အဓိကတာဝန်မဟုတ်ဘဲ ရေရှည်အနာဂါတ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လာမည့် အန္တရယ်အား တွန်းလှန် တိုက်ခိုက်သွားစေမည့် အစီရင်စာများ ရေးဆွဲရေးအထိ ပါသည်ဟု သိရသည် ။
        ရှင်စောပုလမ်းတွင် ရခိုင်တိုင်းရင်းသားလူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးများအပြင် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇေါ်အေးမောင်နှင့်  သမ္မတ အကြံပေးဥပဒေ အရာရှိ ဦးသန်းမောင်တို့ ကိုလည်း တွေ့ မြင်ရသည် ။  ဤသို့ ရခိုင်ခေါင်းဆောင်ညီနောင် နှစ်ဦးတို့ ကို မြင်တွေ့ ရ၍ ယခုဆန္ဒပြပွဲမှာ ရခိုင်လူမျိုးများ၏ အမှန်တကယ် ရင်ထဲမှ ခံစားချက်များကို ထုတ်ဖေါ်ပြနေသည်ဟု ထင်မြင်ယူဆသည် ။  ရခိုင်လူငယ်ခေါင်းဆောင် တဦးဖြစ်သူ ခိုင်ကျော်မိုးမှ ပြောကြားချက်အရ -UN- NGOs ) တို့ မှ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေခြင်းများမှာ သိက္ခာမဲ့ လွန်းနေသည် ။  သူတို့ ကို လက်မခံကြောင်း အတိအကျ ကြေညာထားပြီမို့  -( UN-NGOs ) တို့ သည်လည်း ရခိုင်လူမျိုးနှင့် ပတ်သက်၍ လျှော့မတွက်မိဖို့  လိုလာပြီဖြစ်သည် ။
    ယခုဖြစ်ပျက်နေသော ပြသနာသည် ဘာသာရေး ပြသနာမဟုတ်ဟု ပြော၍ရသည် ။ သို့ သော် လူမျိုးရေးအရ ဦးတည်ထားသော မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတို့ ၏ ရည်ရွယ်ချက်များကိုမူ အစိုးရနှင့်အကွ ပြည်သူတရပ်လုံးက သတိရှိရှိ စောင့်ကြည့်ရမည်ဖြစ်သည် ။   မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာဝင်များကို တိုက်ခိုက် စော်ကားလာနေပြီဆိုလျှင် မည်သူမျှ လက်ပိုက်ကြည့်နေမည်မဟုတ် ။ ဆယ်ရေးတရေး ကိုးရေးတရာဆိုသလို မွတ်ဆလင် ဘင်္ဂလီ သမိုင်းလိမ် လူမျိုးတို့ က ခြိမ်းခြောက်နေသည်များကို ဂရုစိုက်စရာမလို ။ မည်သည့်အချိန်တွင် လက်နက်ကိုင်တိုက်ခိုက်လာမည်လဲ ဆိုသည်ကို စောင့်စားနေကြသည်ကိုတော့ဖြင့် သမိုင်းလိမ် သူများအား ပြောကြားရတော့မည်ဖြစ်သည် ။  လွန်ခဲ့ သော လများက တုတ်ဒါးကိုင်၍ မိန်းခလေးတွေကို မြင်တော့ အကိုတွေ မောင်တွေ မရှိတော့လို့  ကိုယ့်ရွာ ကိုယ့်ရပ်မှာ သမိုင်းလိမ် မွတ်ဆလင်တို့ ကို ပြန်လည်တိုက်ခိုက်ရန် နေ့ ကင်း ညကင်းစောင့် နေခဲ့ ရသော သတင်းများ ကို ရင်မောလျှက် ဓါတ်ပုံများကို မြင်ခဲ့ ရသည် ။ ယခုမူ ရန်ကုန်မြို့  ရှင်စောပုလမ်းမှာ ပန်းပန်ပြီး သနပ်ခါးလိမ်းခြယ်ထားသော မိန်းခလေးများက လမ်းမပေါ်မှာ ဆန္ဒပြ ထွက်လာခဲ့ ကြပြီဆိုသည်ကို မြင်ရပြီ ။ သူတို့ လက်ထဲမှာ တုတ်ဒါးမကိုင်ထားကြ ၊ UN-NGOS နှင့် ရခိုင်ပြည်မှာ အကြမ်းဖက်ခြင်းများကို မယူလာကြပါနှင့်ဆိုသော စာတမ်းပိုစတာများကို ကိုင်ဆောင်ထားသည်ကိုသာ မြင်ရသည် ။ အရေးကြုံလျှင် အမျိုးသားချစ်စိတ်ပြခဲ့ ကြသော မိန်းခလေးများအား မြင်တွေ့ ရ၍ မျက်ရည်ဝဲစွာ ခံစားရမိသည် ။ ထို့ ကြောင့် ယခုအချိန်တွင် မြန်မာနိုင်ငံတွင် အစိုးရကော -စာရေးဆရာတွေပါမကျန် . နိုင်ငံရေးပါတီမှ ခေါင်းဆောင်တွေ -၈၈ မျိုးဆက်သစ် ခေါင်းဆောင်တွေ အပါအ၀င် မည်သူမဆို ညီညွတ်ကြလေပြီ - သူတို့ အာမခံကြလေပါပြီ ဆိုသည်ကို သြဂုတ်လ-၁၉-ရက်-၂၀၁၂- မြင်ကွင်းသုံးခုက သက်သေထူလိုက်ပြီဟု ပြောရပါက  လွန်မည်မထင်ချေ ။

ကျော်ခဏ်းနွယ်