Wednesday, August 22, 2012

စုံစမ်းရေး အဖွဲ့ဝင်နှစ်ဦးအား ကန့်ကွက်မည့်ကိစ္စကို စိုးရိမ်ခြင်းမရှိဟု ပြော


by Yangon Press International on Tuesday, August 21, 2012 at 7:20am ·

သြဂုတ် ၂၁၊ ၂၀၁၂၊ YPI

သြဂုတ်လ ၁၇ ရက်နေ့က နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်သည့် ရခိုင်ပြည်နယ် အရေးကိစ္စ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ၂ ဦးအား စစ်တွေဒေသခံ အချို့က လက်မှတ်စုဆောင်း ကန့်ကွက်မည်အဖြစ်ကို စိုးရိမ်ခြင်းမရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ အထွေထွေ အတွင်းရေးမှူး  ဦးဦးလှစောက က တုံ့ပြန်ပြောဆိုသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကြောင်း ကြေညာပြီး ရက်အနည်းငယ်အကြာတွင် (၂၇) ဦးပါ ကော်မရှင် အဖွဲ့ထဲမှ အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဦးကိုကိုကြီးတို့အား လက်မခံနိုင်ကြောင်း စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂါလီ အချို့က လက်မှတ်စုဆောင်းကာ ကန့်ကွက်မည့် အကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးဦးလှစောက  “ကန့်ကွက်ပိုင်ခွင့်ဆိုတာတော့ ရှိပါတယ်၊ ဒါပေမယ့် မှတ်တမ်းတစ်ခုအဖြစ်နဲ့ပဲ ကျန်ရစ်ပါလိမ့်မယ်၊ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး” ဟုဆိုသည်။ ထို့ပြင် ၎င်းက နိုင်ငံတော် သမ္မတက မျှတ၍ မှန်ကန်သည့် ရလဒ်ထွက်ပေါ်လာစေရန် ပညာရှင်များဖြင့် ယခုကော်မရှင်ကို ဖွဲ့စည်းထားခြင်း ဖြစ်၍ ကော်မရှင်အဖွဲ့ဝင်များက အမှားအမှန်ကို ရှာဖွေသုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောဆိုသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်မှာ ဇွန်လဆန်း စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော အမှတ် (၁)  ရဲစခန်းအား ၀ိုင်းသည့် အဖြစ်အပျက်တွင် လုံခြုံရေး အရာရှိများနှင့် အရပ်သားများ အကြားဝင်ရောက် ဖြေရှင်းပေးခဲ့သူ ဖြစ်သည်။
ဦးကိုကိုကြီးမှာမူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်ကာ မေလနှင့် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်သည့် အရေးကိစ္စကို အမျိုးသားရေး ကိစ္စရပ်အဖြစ် ရှုမြင်ကြောင်း ပြောဆိုကာ ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ တိုင်းရင်းသား လုံးဝမဟုတ်ကြောင်းလည်း သတင်းမီဒီယာတခုက မေးမြန်းစဉ် ပြောဆိုထားသည်။

စစ်တွေ ဒေသခံ ကိုခိုင်ဓူဝံကလည်း “ဒေါက်တာအေးမောင်နဲ့ ကိုကိုကြီးတို့ကို  ကန့်ကွက်ကြတယ် ဆိုတာက သူတို့နှစ်ယောက်က ရခိုင်အရေး(ပဋိပက္ခ)ကို ကောင်းကောင်း  သိရှိထားကြတဲ့သူတွေလည်း ဖြစ်နေကြလို့ ဖြစ်ပါလိမ့်မယ်” ဟု YPI သို့ပြောသည်။

နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်သည့် ကော်မရှင်တွင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အငြိမ်းစား အစိုးရအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဘာသာနာရေးနယ်ပယ်မှအဖွဲ့အစည်း ခေါင်းဆောင်များနှင့် သတင်းစာဆရာ၊ အနုပညာရှင်များ အထိပါဝင်သည်ကို တွေ့ရသည်။

ကော်မရှင် မှ အစီရင်ခံစာတင်သွင်းရန်နောက်ဆုံး ရက်မှာဖွဲ့စည်းချိန်မှ စ၍ (၃) လအကြာ နိုဝင်ဘာ ၁၆ ရက်ဖြစ်သည်။ ကော်မရှင်အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပထမဆုံးအစည်းအဝေး စတင်ကျင်းပခဲ့ကာ ယနေ့နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး နှင့်လည်း တွေ့ဆုံခဲ့သည်။      ။

မြန်မာမီဒီယာဆင်ဆာအမေရိကန်နှင်တရုတ်အမြင်ကွဲပြား

The Voice Weekly

မီဒီယာဆင်ဆာဖြတ်သည့်လုပ်ငန်းစဉ် အဆုံးသတ်မှုကို အမေရိကန်ပြည်ထောင်စု ကြိုဆို

ဝါရှင်တန်၊ သြဂုတ် - ၂၁

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၈ နှစ်ကြာမျှကျင့်သုံးခဲ့သော စာပေစိစစ်ရေးလုပ်ငန်းစဉ် သြဂုတ်လ ၂၀ ရက်နေ့တွင် တရားဝင်အဆုံးသတ်သွားမှုကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

"သတင်းစာဆရာများအနေဖြင့် ၎င်းတို့ရဲ့ ရေးသားချက်တွေကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးဌာနသို့ ကြိုတင် တင်ပြမှုပြုလုပ်ရန်မလိုအပ်ကြောင်း မြန်မာအစိုးရရဲ့ ကြေညာချက်ကို ကျွန်မတို့ကကြိုဆိုပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနျူလန်ကပြောကြားသည်။

ပြည်တွင်းမှ နိုင်ငံရေးနှင့် ဘာသာရေးစာစောင်များအပါအဝင် အပတ်စဉ်ထုတ် သတင်းဂျာနယ်များအနေဖြင့် သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ စာပေစိစစ်ရေးဌာနစိတ်သို့ တင်ပြရန်မလိုဘဲ "ထုတ်-တင်" စနစ်ဖြင့် ထုတ်ဝေခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် တရားဝင်ကြေညာသည်။

"ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့ဖြစ်ရပ်တစ်ခုပါပဲ။ စာပေစိစစ်ရေး(ဆင်ဆာဘုတ်အဖွဲ့)ကို ဖျက်သိမ်းလိုက်တာမျိုးမဟုတ်ပေမယ့်လည်း ကျွန်မတို့မြင်တွေ့လိုတဲ့ မြန်မာအစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်မှုအဆင့်တစ်ဆင့်ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မီဒီယာဖိနှိပ်မှုအခံရဆုံးသောနိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်ကာလကြာမြင့်စွာသတ်မှတ်ထားခဲ့သည်။ ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က "သမိုင်းဝင်ဖြစ်ရပ်" တစ်ခုအဖြစ်ဖော်ပြပြီး နယူးယောက်အခြေစိုက် သတင်းစာဆရာများကာကွယ်ရေးကော်မတီ(CPJ) က မြန်မာအနေဖြင့် မီဒီယာဥပဒေများကို ပြင်ဆင်ရေးဆွဲကာ ဆင်ဆာဘုတ်အဖွဲ့တစ်ခုလုံးဖျက်သိမ်းနိုင်ရေးအထိလုပ်ဆောင်သင့်ကြောင်းပြောကြားသည်။



Yangon Media Group

မြန်မာနိုင်ငံတွင် စာပေစိစစ်မှုဖျက်သိမ်းလိုက်ခြင်းအပေါ် တရုတ်အစိုးရသတင်းစာက ဝေဖန်ရေးသား

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အစိတ်အပိုင်းအဖြစ် မကြာသေးမီက စာပေစိစစ်ခြင်း လုပ်ငန်းများ ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေဖြင့် ယင်းကို စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း ဝေဖန်ရေးသားလိုက်သည်။

“ တရုတ်နိုင်ငံ၏သတင်းစာလွတ်လပ်ခွင့်သည် သင့်တင့်မျှတသော ခရီးရှည်ကြီးကိုလျှောက်လှမ်းခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် ပို၍ခရီးဆက်လှမ်းကြရဦးမည်။တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး မြန်မာနှင့်ဗီယက်နမ် စသည့် နောက်ပေါက်ရွှေကြာနိုင်ငံများအား စံနမူနာယူနေခြင်းထက် အချိန်ကာလ လမ်းကြောင်း အတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏လက်တွေ့အခြေအနေကိုသာ ကြည့်သင့်သည်”
ဟုတရုတ်သတင်းစာဂလိုဗယ်တိုင်း၏ အွန်လိုင်းစာမျက်နှာ အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။

”မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် အောင်မြင်မှုသက်သေပြလိမ့်မည်ဟု ကျွန်ုပ်တို့ရိုးသားစွာယုံ ကြည်ပါသည်။သို့သော်ထိုအဖူးအညွန့်ကလေးက တရုတ်နိုင်ငံ၏ စည်ပင်နေသောပြုပြင်ပြောင်းလဲမှုအပင်နှင့် အမြင်ခြားနားနေရုံမျှနှင့် ကိုယ်လျှောက်နေသော ကိုယ့်လမ်းကို ကျွန်ုပ်တို့သံသယ၀င်ပါက နုံလွန်း အလွန်းရာကျပေမည်” ဟု အယ်ဒီတာက ဆက်လက်ရေးသားသည်။

အဆိုပါသတင်းစာအာဘော်တွင် တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်မှုများစွာဖြင့် အောင်မြင်စွာအစမ်းသပ်ခံပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု များမှာ အဖူးအညှောင့်ထွက်ပြူခါစသာ ဖြစ်ပြီး လေနှင့်ရေကိုပင်မထိတွေ့ ရသေးကြောင်း ဝေဖန်ရေးသားထားသည်။
“မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်အဆင့်သာဖြစ်သည်။တကယ်တမ်းဆိုရလျှင် ရဲတင်းမှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏ ထင်ရှားအပေါ်လွင်ဆုံးလက္ခဏာတစ်ရပ်ဖြစ်သည်။`“ ဟု ဂလိုဘယ်လ်တိုင်းမ်က ဆက်လက်ရေးသားသည်။
တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုတင်းကြပ်စွာလုပ်ခဲ့ကြသည့် အမေရိကန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် စာပေစိစစ်မှုရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုခဲ့ကြပြီး နောက် မြန်မာနိုင်ငံအပေါ် စီးပွားရေးအကူများစွာပေးခဲ့သည့် တရုတ်နိုင်ငံအစိုးရ သတင်းစာကြီးက ယခုလို ဝေဖန်ရေးသားလိုက်ခြင်းဖြစ်သည်။

ဘတ်ဖဲလိုးတွင်ရွှေည၀ါဆရာတော်တရားပွဲကျင်းပမည်

မနက်ပိုင်းတွင် ခွပ်ဒေါင်းအလံလွှင့်တင်ပွဲ အခန်းအနားသို့  ရွှေညဝါ ဆရာတော်ကိုယ်တိုင် တက်ရောက်ဖြစ်ပြီး..ညနေပိုင်းတွင် တရားပွဲ ဆက်လက်ကျင်းပပါမည်။

ကချင်စစ်ဘေး ရှောင် ဒုက္ခသည်များကို တရုတ်အာဏာပိုင်များ စတင်မောင်းထုတ်

တရုတ်နိုင်ငံ နောင်တောင်းမြို့  ရှိ ကချင်စစ်ဘေး ရှောင် ဒုက္ခသည်များကို တရုတ်အာဏာပိုင်များ စတင်မောင်းထုတ်

by Zawmoehetet Zawmoe on Wednesday, August 22, 2012 at 12:53pm ·

     မြန်မာ ကချင် ပြည်တွင်း စစ်ကြောင့် တရုတ်နိုင်ငံ နောင်တောင်းမြို့ တွင် ခိုလုံနေထိုင်နေသော ကချင်စစ်ဘေး ဒုက္ခသည်များကို တရုတ်အာဏာပိုင်များက ယနေ့22.8.2012နေ့ နံက် 103း0ခန့်တွင် စတင်မောင်းထုတ်နေပါတယ် ။

      နောင်တောင်းမှာ IDP  Camp (6) ခု ရှိတယ် ....

 ၁ ။ Yang Lu                ( ယန်လု )
 2 ။ Lau Hpai                (လောဝ်ဖိုင် )
 ၃ ။ Lung Krawk          (လုံဂရောက် )
 ၄ ။ Na Kawng Kawng  (နားကောင်းကောင် )
 ၅ ။ Hka dawng Pa        (ခဒေါင်ပါ )
 ၆ ။ Nga Nawng Pa       (ငါနောင်ပါ )    စခန်းတွေ ဖြစ်ပါတယ် ။အဲဒီစခန်းတွေမှာ အိမ်ထောင်စုပေါင်း (၉၈၀ ) ကျော်ရှိပြီး လူဦးရေ (၄၉၀၀ ) ကျော်နေထိုင်တယ်လို့ သိရပါတယ် ။

   ဒီကနေ့ 22.8.2012 နေ့ မှာ ယန်လု ဒုက္ခသည်စခန်းက အိမ်ထောင်စု  (၁၀၈ )စု လူဦးရေ  (၅၄၂ ) ဦး ၊ လောဝ်ဖိုင် ဒုက္ခသည် စခန်း က အိမ်ထောင်စု (၄၈ ) စု နဲ့  လူဦးရေ (၁၀၀) ဦးတို့ကို ဒီကနေ့မှာ Lana Zup Ja (လာနာဇွပ်ဂျာ ) ဒုက္ခသည် စခန်းကို ပူးပေါင်း ခိုလုံဘို့ စတင် ပြောင်းရွှေ့ လာတာကို တွေ့ရပါတယ် ။လာနာ ဇွပ်ဂျာ မှာ လူဦး သိပ်များလွန်းတာကြောင့်  Bun Tasit Pa (ဘွမ်စစ်ပါ ) ဒုက္ခသည် စခန်းဘက်ကိုလည်းအနည်းငယ် မျှထားဘို့ စီစဉ်ထားတယ်လို့လဲ တာဝန်ရှိသူတွေက ပြောပါတယ် ။

      တရုတ်အာဏာပိုင်တွေဟာ ဒုက္ခသည်တွေကို Bus ကားများဖြင့် လာနာဇွပ်ဂျာ ဒုက္ခသည်စခန်းအထိ အရောက်ပို့ပေးပြီး ဒုက္ခသည်တွေရဲ့  ပစ္စည်းတွေကို တော့ ကုန်တင်ကားကြီးများနဲ့  တင်ဆောင်ပြီး KIO နယ်မြေ ထဲ အထိမပို့ပဲ နယ်စပ်တံတားပေါ်မှာ ကားချင်း ဖင်ချင်းတေ့ပြီး ချိန်းပြောင်းပေးနေတာကို တွေ့ရပါတယ် ။

   တရက်နည်းနည်း စီပဲ ပြောင်းရွှေ့  ပေးနေတာဟာလဲ ထူးခြားနေတာကို တွေ့ရပါတယ် ။ တရုတ်အစိုးရ ဟာ ယခုလို စစ်ဘေးဒုက္ခသည်တွေ ကို အတင်းအဓမ္မ မောင်းထုတ်နေတာကို နိုင်ငံတကာသိမှာ အရမ်းစိုးရိမ်တယ်လို့ဆိုပါတယ် ။ ယခုလိုပြောင်းရွေ့ မှုတွေကို ဓါတ်ပုံမှတ်တမ်းရိုက်ကူးတဲ့ ကင်မရာတစ်လုံးကို သိမ်းဆည်းထားလိုက်တယ်လို့ ကာယကံရှင်က ပြောပြလို့ သိရပါတယ် ။


တရုတ်အစိုးရ ဟာ ဒီကိစ္စကို သိုသိုသိပ်သိပ် လုပ်နေတာ ထင်ရှားနေပါတယ် ။ နိုင်ငံတစ်ကာရဲ့  ပြစ်တင်ဝေဖန်မှုတွေကို ရှောင်ရှားချင်နေတာလဲ ဖြစ်ပါတယ် ။




ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် မီဒီယာများလိုက်နာရမည့် အသေးစိတ်အခြေခံရမည့် အချက်အလက်များ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ချက်

မန်း သူနာပြုတက္ကသိုလ်အနီးယာဉ်တိုက်မှုဖြစ်

CJMyanmar
မန္တလေး သြဂုတ်(၂၂) ယနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ် က မန္တလေးမြို့ ၆၂ လမ်းနှင့် သရဖီလမ်းထောင့် သူနာပြုတက္ကသိုလ် အရှေ့မြောက်ထောင့်တွင် ပြိုင်ကားနှင့်ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်စီးသူမှာဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်းသိရသည်။


ကားနံပါတ်က Eng လိုရေးထားတာ ၃ဂ/၂၃၄ ဆိုရင်အခုနောက်ပိုင်းက 3Ga/234 ဆိုပြီးရေးကြတယ် တစ်ချိုကျတော့လည်း 3C/234 ဆိုပြီးရေးကြတယ်။
အဲဒီကားဟိုနားတွေ့ဒီနားတွေ့။အမောင်းအရမ်းကြမ်းတယ်။လမ်းရှုပ်နေလဲဇွတ်မောင်းတာပဲ။မှန်ကလည်းမတပ်ရတဲ့အမဲပဲ။မှားတာလဲသူပဲ။ရှေ့ကကားကျော်တက်တာမျက်နှာချင်းဆိုင်ကသူ့ဘာသာအေးအေးလာတဲ့ဆိုင်ကယ်တည့်ဝင်တိုက်ပြီးဆွဲချလိုက်တာလမ်းဘေးကကွမ်းယာဆိုင် ပါထပ်တိုက်တယ်။ဒုနှစ်ကျောင်းသားမောင်းတာ။
Breeze Lay

မြို့တော် အော်စလို ကို အပိုင်းခွဲပြီးသူတို့အတွက်သီးခြား နိုင်ငံသတ် မှတ်ပေးဖို့တောင်းဆို

နော်ဝေးနိုင်ငံ အခြေဆိုက် အစ္စလာမ္မစ် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အန်ဆာ-အယ်-ဆွန်နားအဖွဲ့ က သူတို့လို ပြည်တွင်းနေ မူဆလင် တွေအနေဖြင့် ရှားရီးယား ဥပဒေနဲ့ အညီ လွတ်လပ်စွာ နေထိုင်နိုင် ရန်အတွက် မြို့တော် အော်စလို ကို အပိုင်းခွဲပြီးသူတို့အတွက်သီးခြား နိုင်ငံသတ် မှတ်ပေးဖို့နဲ့ မလိုက်လျှောပါက အမေရိကန်နိုင်ငံ မှာလူပေါင်း သုံးထောင်နီးပါး သေဆုံးခဲ့ရတဲ့ နိုင်းအီလဲဗင်း အကြမ်းဖက်မှု လိုမျိုး နော်ဝေးနိုင်ငံကို လက်စားချေ တိုက်ခိုက် သွားမယ်လို့ နော်ဝေအစိုးရကို ငြိမ်းချမ်းစွာ တောင်းဆို လိုက်ပါတယ်။

ဒီအဖွဲ့ကဘဲ မူဆလင်လူထုကြီးတစ်ရပ်လုံး နှုတ်ပိတ်နေတာ ကျေနပ်နေလို့ဟု မယူဆသင့်ကြောင်း။ သူတို့သည် ဒီမြေမှာမွေးပြီး ကြီးပြင်းလာ ကြသူများဖြစ် သည့်အပြင်ကမ္ဘာကြီး တစ်ခုလုံးသားမက လမင်းကြီးနှင့် အင်္ဂါဂြိုလ် အပါအဝင် စကြာဝဠာ တစ်ခုလုံးကို အလ္လာအရှင်မြတ် (အလ္လာဟူအက္ကဘာ) ကဖန်ဆင်းတော် မူခဲ့ခြင်းဖြစ်သဖြင့် သူတို့လို ပြည်တွင်းနေ မုတ်စ်လင်တွေအနေနဲ့ တိုင်းပြည်ချစ် စိတ်ကြောင့် သာအခုလို လျှော့လျှော့ ပေါ့ပေါ့တောင်း ဆိုရခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေါက်တာမျိုးချစ်


  http://www.examiner.com/article/muslims-demand-breakaway-islamic-nation-norway-or-another-9-11-threatened 

မြန်မာနိုင်ငံ ဂီတအစည်းအရုံးအသစ် ရွေးကောက်ပွဲ စတီရီယိုအလွှာ



အနိုင်ရ(အဆို) ပညာရှင်များ
1 ဖြူဖြူကျော်သိန်း ၅၀ မဲ
2 ဟေမာနေဝင်း ၄၈ မဲ
3 နွဲ့ယဉ်ဝင်း ၄၇ မဲ
4 စည်သူလွင် ၄၃ မဲ
5 ဇော်ပိုင် ၄၁ မဲ


အနိုင်ရ(အရေး) ပညာရှင်များ
1 မြင့်မိုးအောင် ၂၆ မဲ
2 ရွှေဂျော်ဂျော် ၂၂ မဲ
3 နောင်နောင် (Sun Flower) ၂၁ မဲ
4 အောင်နိုင်စန်း 16 မဲ
5 မေသော် ၁၆ မဲ


By သံသာဝင်း

နယ်စပ်ရေးရာ ၀န်ကြီး ဌာန နိုင်ငံတကာသို့ ရှင်းလင်း တင်ပြချက်




ဓါတ်ပုံဖိုင်ဖြင့်ဖတ်ရန်

https://plus.google.com/u/0/photos/104599519102251045718/albums/5779288223234486945

သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့  စီးချင်းထိုးပွဲ ဘယ်သူနိုင်မှာလဲ

  အပိုင်း ၁

          ၂၁.၈.၂၀၁၂ ရက်နေ့မှာ အလွန်ထူးခြားဆန်းကျယ်တဲ့ အတွေးပေါင်း
များစွာတွေးရမယ့် သတင်းကြီး (၃) ခု တွေ့သိလိုက်ရလို့ မြန်မာနိုင်ငံရေး
လမ်းကြောင်းမှာ ဂယက်အက်ကြောင်းများ ပေါ်ပေါက်လာနေပြီ ဖြစ်သည်ကို
သတိပြုမိလာရပြီ ။

(၁) နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော်ထံပေးပို့လိုက်
သည့် သဝဏ်လွှာ၊

(၂) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ ပေးပို့လိုက်သည့် သဝဏ်လွှာ ၊

(၃) ဖွဲ့စည်းပုံအခြေဥပဒေဆိုင်ရာ ခုံရုံးက ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ ဆိုသည်တို့ ကား  မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးမှာ အစိုးရက လွှတ်တော်အပေါ်မှာ မည်သို့  သဘောထားသနည်း ၊
ပြည်သူတွေ၊ တိုင်းရင်းသားတွေကိုကော မည်သို့  သဘောထား သနည်းဆိုသည်ကို
ပြုပြင်ပြောင်းလဲရေး လိုလားသူအနေနဲ့ အခြေအနေ အရပ်ရပ်ကို
လေ့လာသုံးသပ်ရမည့် အစိပ်အပိုင်း ဖြစ်လာသည် ။ ။

          နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ သြဂုတ်လ ၂၀
ရက်စွဲဖြင့် သဝဏ်လွှာ တစ်စောင်ပေးပို့ ခဲ့ပါသည်။ ထိုသဝဏ်လွှာတွင်
“နိုင်ငံတော် သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းလွှာကို
ပြန်လည် ရုပ်သိမ်းရန် အကြံပြုချက်နှင့် စပ်လျဉ်း၍ ရှင်းလင်း
ပြောကြားလိုပါကြောင်း၊ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊
ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်ဟု
သတ်မှတ်ပြောကြား နေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ ကော်မတီ၊ ကော်မရှင်၊
အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စု
အဆင့်နှင့် လျော်ညီသည့် ငွေကြေး ကိစ္စများ နှင့် အုပ်ချုပ်ရေးဆိုင်ရာ
ကိစ္စရပ်များကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် စီမံဆောင်ရွက်ပေးရန်
တာဝန်ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊
စည်းမျဉ်း စည်းကမ်းများနှင့် ညီညွှတ်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော်
အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်း ရှိ၊ မရှိ
တိကျရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း
အသီးသီးဆိုသည့် စကားရပ်ကို အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်း မေးမြန်းခဲ့ခြင်း
ဖြစ်ပါကြောင်း” လို့ ပါရှိပါသည်။

          နိုင်ငံတော် သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၂၀၁၂ ခုနှစ်
သြဂုတ်လ (၁၄) ရက်စွဲ ဖြင့်ပေးပို့သော သဝဏ်လွှာတွင်
“နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ
(၂)ရက်နေ့ ရက်စွဲပါ စာအမှတ် ၃/ညမ (၁) ၃ - ၁ (၉၂) နပတ (၇၂) အရ
တင်သွင်းခဲ့သော တင်သွင်းလွှာ အပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အများစုဖြစ်သော ကိုယ်စားလှယ်ပေါင်း ၃၀၁ဦးက
ကျေနပ်လက်ခံနိုင်ခြင်း မရှိသည့်အတွက် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ပေးရန်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ ၂၀၁၂၊ သြဂုတ်လ (၈) ရက်နေ့တွင် လွှတ်တော်
အခွင့်အရေးကော်မတီမှ တဆင့် ဒုတိယအကြိမ် အဆိုပြု တင်ပြလာပါကြောင်း၊
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊
ပုဒ်မခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊
ပုဒ်မခွဲငယ် (၅) အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ
မထမ်းဆောင်နိုင်ခြင်း တို့ကြောင့် စွပ်စွဲ ပြစ်တင်မှု
ပြုလုပ်ရန်တင်ပြလာခြင်း ဖြစ်ကြောင်း” လို့ပါရှိပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက “လွှတ်တော် အသီးသီးက
ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက်
ချမှတ် ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၂၄
နှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပုဒ်မ ၂၃
တို့အရ အပြီးအပြတ် အတည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည့် အပြင် အဆိုပါ
ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်တွင်
ဆွေးနွေးနေခြင်းအား ၎င်းက ကန့်ကွက်စာပို့ ခဲ့ပါသည်။

အဆိုပါ သ၀ဏ်လွှာများကို လေ့လာရာတွင် အစိုးရနှင့် လွှတ်တော်ကြား အဓိက
သဘောကွဲလွဲချက်ကို ထင်ရှားစွာ တွေ့ရှိရလေသည်။ နိုင်ငံတော်အစိုးရက
`ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့သည် ပြည်ထောင်စု အဆင့် ဖြစ်လာပါက
ပြည်ထောင်စုအဆင့်နှင့် လျော်ညီသော ငွေကြေးကိစ္စများနှင့်
အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့်
စီမံဆောင်ရွက်ပေးရန် တာဝန်ရှိလာမည် ဖြစ်ပါကြောင်း´ ဟု သ၀ဏ်လွှာ တွင်
ဖော်ပြထားရာ ၎င်းတို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို
ပြည်ထောင်စုအဆင့်နှင့် လျော်ညီသော ငွေကြေးကိစ္စများနှင့်
အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရမည်စိုးသောကြောင့် ထိုကဲ့သို့
ပြုမူဆောင်ရွက်ခဲ့ကြောင်း များစွာ ပေါ်ပေါက်လျက်ရှိပါသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှာ အဓိကအားဖြင့် ဥပဒေက
ပြဌာန်းသတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်များကို ဆိုလိုခြင်း ဖြစ်ပါသည်။
ရပိုင်ခွင့်များကို တောင်းဆိုခြင်း မဟုတ်ပါ။ ဤအချက်သာလျှင် အစိုးရနှင့်
လွှတ်တော်ကြား အဓိက သဘောကွဲလွဲချက် ဖြစ်ပါသည်။

လွှတ်တော်များဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင်
လွှတ်တော်ကိုယ်စားလှယ်များအတွက် အခွင့် အရေးနှင့် ရပိုင်ခွင့်
သတ်မှတ်ပြီးသား ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အထွေအထူး တောင်းဆိုနေစရာ
မလိုပါ။

ယခုလွှတ်တော်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှာ
များသောအားဖြင့် မိမိကိုယ်ကို မိမိ ရပ်တည်နိုင်ခဲ့သူများ ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များမှ မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊
မိသားစုအရေးကို စွန့်ခွာ၍ လွှတ်တော်သို့ လာရောက်ကြခြင်း၏ ရည်ရွယ်ချက်မှာ
လွှတ်တော်တွင်း မှနေ၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိရောက်စွာ
ပြုလုပ်နိုင်ရန်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ- ၁၁နှင့် အညီ အာဏာ (၃)
ရပ်ကို အပြန်အလှန် ထိန်းကျောင်းနိုင်ရန်၊ နှစ်ပေါင်း ၅၀ ကြာ
ဝါးအစည်းပြေနေသကဲ့သို့ ဖြစ်နေသော တိုင်းပြည်ကို ပြန်လည်ထူထောင်ရန် နှင့်
ထာဝရငြိမ်းချမ်းရေးရ၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိစေရန်တို့
ဖြစ်ပါသည်။

ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှာ-
ညွှန်ကြားရေးမှူးလောက်တောင် အဆင့် မရှိကြ ။ ညွှန်ကြားရေးမှူးတောင်မှ
နိုင်ငံတော်အစိုးရက လုံးချင်းအိမ်ရာ၊ တိုက်ခန်း၊ ကားများ ပေးထားပါသေး
သည်။ လွှတ်တော်ကိုယ်စားလှယ်များမှာ နေတော့ အဆောင်၊ စားတော့
နေရာအမျိုးမျိုး၊ သွားတော့ လမ်းလျှောက်ဖြစ်နေခြင်းကို အစိုးရနှင့်တကွ
မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ပါဝင်စားမှု မရှိကြပါ။ ဒါကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်နှင့်
နိုင်ငံသားအတွက်လာတာပဲ၊ ပြည်သူတွေရဲ့ အကျိုး စီးပွားအတွက်ပဲဟု ခံယူပြီး
ကိုယ့်ငွေကိုယ်ထုတ် ကိုယ့်အိတ်ကတ်ကို စိုက်ပြီး လာခဲ့ခြင်း ဖြစ်သည်ဟု
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ရင်နင့်စွာ ထုတ်ဖေါ်ပြောရှာသည် ။

လွှတ်တော်ထဲရောက်တော့ ရုံးဝန်ထမ်း လုံလောက်မှုမရှိ၊ လိုအပ်သော စက်ပစ္စည်း
ကိရိယာများ လုံလောက်မှု မရှိဘဲ ရေကိုတောင် ခွဲတမ်းနှင့်
ရယူနေခြင်းဆိုတာကို အစိုးရက သိပါလေစလို့ မေးလိုက်ချင်သည် ။ `ရုံးဝန်ထမ်း
နေရာတွေမှာ ကိုယ်စားလှယ်တွေကိုယ်တိုင် ၀င်လုပ်၊ စက်ပစ္စည်းကိရိယာတွေကို
ကိုယ်စားလှယ်တွေက အချိုးကျ ထည့်ဝင် ၀ယ်သုံး´၊ ဥက္ကဋ္ဌကြီး ကိုယ်တိုင်
မိမိကိုယ်ပိုင် ငွေထဲမှ ထည့်ဝင်၍ လွှတ်တော်လှည့်ပတ်နေခြင်းသည် ကမ္ဘာပေါ်တွင်
မြန်မာတစ်နိုင်ငံသာ ရှိမည် ထင်ပါသည်။

ယခင် ပထမ/ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတုန်းက မေးခွန်းများ၊
အဆိုတင်တွင်းရာတွင် လွှတ်တော်သို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက
တစ်လေးတစ်စား လာရောက်ဖြေဆို ဆွေးနွေးခဲ့ကြ ပါသေးသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ကလည်း ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီး
ငွေစာရင်း အစီရင်ခံ စားကို တင်ပြခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏
အခမ်းအနားသို့လည်းကောင်း၊ ဂုဏ်သိက္ခာရှိရှိ၊ အင်္ဂါစဉ်နှင့်အညီ
တက်ရောက်ခွင့် ရရှိခဲ့ကြည် ။

ိသို့ သော်လည်း ခုံရုံးက ` လွှတ်တော် (ပြည်သူ့/ အမျိုးသား၊ /
ပြည်ထောင်စုအသီးအသီး ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်
အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပါယ်
ဖွင့်ဆို ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်
ညီညွတ်ခြင်း မရှိကြောင်း´ ဆုံးဖြတ်သည့် အပေါ်တွင်
ပြည်ထောင်စုဝန်ကြီးများနှင့်အစိုးရများမှ လွှတ်တော်အပေါ်တွင် အလေးအနက်ပြုမှု
မရှိတော့ခြင်း၊ ပြည် ထောင်စု စာရင်းစစ်ချုပ်မှ ၀န်ကြီးဌာန အသီးသီး၏
ငွေစာရင်း အစီရင်ခံစာကို မပို့တော့ခြင်း၊ ကော်မတီမှ ပေးပို့သော
တိုင်စာနှင့်အခြားစာများအပေါ် အရေးယူ ဆောင်ရွက်မှု မရှိခြင်း/ ကော်မတီတွင်း
ဆွေးနွေးမှုပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဖိတ်ကြားရာတွင် အခက်အခဲ
ကြုံတွေ့ခြင်း စသည်တို့ဖြင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁(က) ပါ
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊
အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား
သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုရာမှာ
လွန်စွာ ခက်ခဲနေပါသည်။ အပြန်အလှန် ထိန်းကျောင်းမှုစနစ် ပပျောက်ခြင်းသည်
ဒီမိုကရေစီစနစ် ပျောက်ဆုံးသွားမည်ဖြစ်၍ ဒီမိုကရေစီပြုပြင်
ပြောင်းလဲရေးကို ဖော်ဆောင်ချင်သော ပြည်သူများ၏ကိုယ်စား လွန်စွာ ၀မ်းနည်း
စိတ်ပူနေမိပါသည်။ အဆိုပါ အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်ကို အာဏာ (၃)
ရပ်လုံးက လက်ခံ ကျင့်သုံးမှ ဒီမိုကရေစီစနစ် ရှင်သန်မည် ဖြစ်ကြောင်း
တင်ပြလိုသည်။

အပိုင်း(၂) ဆက်လက်ဖတ်ရှုပါ။

ခိုင်အောင်ကျော် ( နယူးယောက် )