Thursday, August 23, 2012

စစ်တွေ ထောင်မှ သံတွဲထောင်သို့ အကျဉ်းသား ၁၅၀ ရွှေ့ပြောင်း


by Yangon Press International on Thursday, August 23, 2012 at 7:18am ·
သြဂုတ် ၂၃၊ ၂၀၁၂၊ YPI
ရခိုင်ပြည်နယ် အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ၂ လနီးပါး အကြာတွင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အကျဉ်းထောင်မှ အကျဉ်းသား ၁၅၀ ဦးကို သံတွဲအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရာ ယနေ့နံနက် ၁၁ နာရီက သံတွဲမြို့မြို့သို့ ဆိုက်ရောက်လာကြောင်း မျက်မြင်တွေ့လိုက်ရသူ တဦးက YPI သို့ပြောသည်။
ယင်း မျက်မြင်တွေ့သူက `ဒီနေ့ မနက် ၁၁ နာရီလောက် ထောင်ကျ အကျဉ်းသားတွေကို ကားငါးစီးနဲ့ သယ်လာတာ၊ သံခြေကျင်းတွေ အပြာဝတ်တွေနဲ့၊  လမ်းကြောင်းတလျှောက်က ရဲတွေလည်း ပါလာတယ်၊ မအီ၊ တောင်ကုတ်တို့က ရဲတွေပါလာတာတွေ့တယ်´ ဟုပြောသည်။
ယင်း အကျဉ်းသား ၁၅၀ တွင် နှစ်ကြီးအကျဉ်းကျသူများလည်း ပါဝင်ပြီး စစ်တွေအကျဉ်းထောင်၌ နေရာအခက်အခဲကြောင့် အခြားမြို့များသို့ ပို့ဆောင်ရခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဋ္ဌာနနှင့် နီးစပ်သူ အမည်မဖေါ်လိုသည့် သံတွဲဒေသခံ အခြားတဦးကပြောသည်။
၎င်းက` အကျဉ်းဦးစီးက ၀န်ထမ်းတဦးက ပြောတာကတော့ စစ်တွေထောင်မှာ နေရာအခက်အခဲရှိလို့ဆိုတယ်၊ တလောက ကျောက်တော်ဘက်မှာလည်း အဖမ်းအဆီးတွေ ထပ်ရှိတော့ ပုံမှန် အကျဉ်းသား ၇၀၀၊ ၈၀၀ လောက်ရှိတဲ့ စစ်တွေထောင်မှာ ကြပ်လာလို့ ပို့တာလို့ ပြောတယ်´ ဟုဆိုသည်။
ဇွန်လ ပထမပတ်တွင် မောင်တော၊ တောင်ကုတ်နှင့် စစ်တွေမြို့များတွင် အကြမ်းဖက်မှု၊ နေအိမ်မီးရှို့မှုများ ဖြစ်ပွားပြီးနောက် မြို့ ၆ မြို့တွင် ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ကာ ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် အခြေအနေကြေညာထားရသည်။
ရခိုင်အရေး ကိစ္စတွင် ဇူလိုင်လ ၂၈ ရက်နေ့ထိ သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၀ ဦးရှိသည်ဟု ပြည်နယ် အစိုးရမှ သတင်းထုတ်ပြန်ခဲ့သော်လည်း ဖမ်းဆီးထားသူမည်၍ မည်မျှရှိသည်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။        ။

အေးအေး လေးလေး အိမ်၊ ခြံ၊ မြေ


အမေရိကန်ပြည်ထောင်စု ဟောလိဝုဒ် ထက်သော်လည်း ကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ထက်သော် လည်းကောင်း နှစ်ဆခန့်ဈေးကြီး မြင့်နေသော်လည်း ထိုနှစ်နိုင်ငံ၏ ဖွံ့ဖြိုးမှု နောက်တွင် အဆများစွာ နောက် ကျနေဆဲ မြန်မာနိုင်ငံ၏ ရန်ကုန်၊ မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက်သည် ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ် အတွင်းတွင်မူ ခပ်အေးအေး။

ယခုနှစ်တွင် မြေဈေး ကစားမှု များစွာ မရှိသောကြောင့် အရောင်း အ၀ယ်အေးခြင်း ဖြစ်ကြောင်း ဇူလိုင်လအတွင်း ထုတ်ဝေသည့် ရွှေဆဌဂံ ဂျာနယ်တွင် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှု အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦး(မဏ္ဍိုင်)က သုံးသပ်ထားသည်။

စက်မှုဇုန်အိမ်၊ ခြံ၊ မြေမှာ ယခုနှစ်တွင် အရောင်းအ၀ယ် ပုံမှန်ထက် အေးစက်ပြီး ရင်းနှီးမြှုပ်နှံသူထက် အမှန်တကယ် လုပ်ကိုင်သူ များသာ ၀ယ်ယူခဲ့သည်။

ယခုနှစ်တွင်း အရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့သော စက်မှုဇုန်မြေဈေး များမှာ လှိုင်သာယာစက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)၊ စက်မှုဇုန်(၃)များ တွင် အုတ်တံတိုင်းခတ်ပြုပြင်ထားသော မြေတစ်ဧကကို သိန်း ၃၀၀၀ ကျော်မှ ၄၀၀၀ ၀န်းကျင်၊ ငွေပင်လယ်စက်မှုဇုန်တွင် သိန်း ၂၅၀၀ မှ ၃၀၀၀ ကြား၊ ရွှေပြည်သာစက်မှုဇုန်တွင် စက်မှုဇုန်(၁)၊ စက်မှုဇုန် (၂)၊ စက်မှုဇုန်(၃)၊ စက်မှုဇုန်(၄)များ၌ နေရာအချက်အချာကျမှုနှင့် ကမ်းနားနှင့် နီးသောနေရာတွင် သိန်း ၃၅၀၀ ကျော်မှ သိန်း ၄၀၀၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့သည်ဟု အိမ်၊ ခြံ၊ မြေအကျိုး ဆောင်များထံမှ သိရသည်။

ထို့အပြင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင် သိန်း ၁၇၀၀ မှ သိန်း ၂၀၀၀၊ ဒဂုံအရှေ့ပိုင်းစက်မှုဇုန်တွင် သိန်း ၅၀၀ မှ သိန်း ၁၇၀၀၊ သန်လျင်သီလ၀ါစက်မှုဇုန်တွင် သိန်း ၁၇၀၀ ၀န်းကျင်၊ ၀ါးတစ်ရာ စက်မှုဇုန်တွင် ကျပ်သိန်း ၈၀၀မှ သိန်း ၁၀၀၀ ၀န်းကျင်၊ မင်္ဂလာဒုံ စက်မှုဇုန်တွင် သိန်း ၁၈၀၀မှ သိန်း ၂၀၀၀ အထိရှိကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

ရန်ကုန်မြို့တော်ရှိ ဆင်ခြေဖုံးရေတဖွေးဖွေးရှိ စက်မှုဇုန်များမှာ အာရှတွင်ဈေးအကြီးဆုံးဖြစ်နေသောကြောင့် နိုင်ငံခြားမှလာရောက်၍ ရင်းနှီးမြှုပ်နှံသူများအဖို့ အဟန့်အတားဖြစ်စေနိုင်သဖြင့် မြန်မာနိုင်ငံ တွင်ဈေးနှုန်းကြီးမြင့်နေသည့် စက်မှုဇုန်မြေဈေးကွက်ကို ကားဈေး ကွက်ကဲ့သို့ ဖြစ်အောင်လုပ်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ဇူလိုင်လပထမပတ်အတွင်း ပြောကြားခဲ့သည်။ ဆိုလိုသည်က ရှိသင့်ရှိထိုက်သောဈေးနှုန်းကို မူဝါဒလက်နက် ဖြင့် ဆွဲချမည့်သဘော။

မြေဈေးနှုန်း ကြီးမြင့်မှုများကို ကော်မရှင် ဥက္ကဋ္ဌက အမိန့်အာဏာ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများဖြင့် ထိန်းချုပ်နိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အသိုင်းအ၀ိုင်းက သုံးသပ်သည်။
တန်းကျော် ၂၀၁၁

၂၀၁၁ ခုနှစ်တွင် ကျောက်မျက်ပွဲများ ရှိသောကြောင့် ကျောက် မျက် ရောင်းရသောငွေများမှာ အိမ်၊ ခြံ၊ မြေသို့ စီးဝင်မှုများ ရှိခဲ့သည်။

မိုးကုတ်ဘက်မှ ဆင်းလာသော နိုင်ငံခြားသားများ နောက်ခံပြု လာရောက်ဝယ်ယူခဲ့သော ငွေပင်ငွေရင်းများကြောင့်လည်းကောင်း၊ ငွေအင်အားကြီးမားသော လုပ်ငန်းရှင်ကြီးများကလည်း ဆူလွယ် နပ်လွယ် အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ၀င်ရောက် ရင်းနှီးမြှုပ်နှံသော ကြောင့် အိမ်၊ ခြံ၊ မြေဈေးများမှာ ရှိသင့် ရှိထိုက်သည့် ဈေးနှုန်းထက် အဆမတန်ကြီးမြင့်ခဲ့သည်ဟု မဏ္ဍိုင်အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းမှ ဦးသန်းဦးက ပြောကြားသည်။

မြေကွက်၊ အိမ်၊ ခြံ၊ မြေများကိုလာရောက် ၀ယ်ယူရာတွင် အချို့ သောရောင်းချသည့် မြေပိုင်ရှင်က မရောင်းချင်သောကြောင့်လည်း ကောင်း၊ ရှိသင့်သော ဈေးနှုန်းထက် ပိုလိုချင်သောကြောင့်လည်းကောင်း၊ ခေါ်ဈေးမြှင့်ထားသော်လည်း ၀ယ်ယူသူဘက်မှလည်း ၀ယ်ယူခဲ့သော ကြောင့် အိမ်၊ ခြံ၊ မြေများတွင် အပြိုင်အဆိုင် ရောင်းချလာသည်။ ခုဂဏန်း၊ ဆယ်ဂဏန်း၊ ရာဂဏန်းသာ ရှိသော အိမ်၊ ခြံ၊ မြေ များကိုပင် အနည်းဆုံး နှစ်ဆမှ ငါးဆအထိပင် ဈေးခေါ်သည်။ အရောင်းအ၀ယ်လည်း ဖြစ်သည်။

ဋ္ဋဒီနေ့လို သိန်း ၄၀ တန်တဲ့မြေကို ၁၀၀ နဲ့ရောင်းပြီးနောက် နေ့ ၁၅၀ ခေါ်လည်းလာဝယ်တာပဲ။ ၁၅၀ ၀ယ်လက်က ၂၅၀ ခေါ်လည်း ၀ယ်တာပဲ။ မတက်သင့်ဘဲ ဈေးတက်ခဲ့တာဍ္ဍဟု ဒလမြို့ ဗညားဒလ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် ဦးခင်စိုးကပြောကြားသည်။ ထို့အပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် တောင်ဥက္ကလာပ မြို့နယ် (၁၃) ရပ်ကွက် သံသုမာလမ်း အနီးတွင် ရှိသော လမ်းသွယ် တစ်ခု၌ အလျားပေ ၃၀၊ အနံပေ ၆၀ ပါ အိမ်အပါ အ၀င် ထောင့်ကွက် တစ်ကွက်။ ပေါက်ဈေးသိန်း ၂၂၀ ၀န်းကျင်ဖြင့် စတင် ဈေးခေါ်သည်။ အကြိမ်ကြိမ် ဈေးမြှင့် ခေါ်ရာမှ သိန်း ၃၈၀ ခန့်ဖြင့် အရောင်း အ၀ယ်ဖြစ်ခဲ့သည်။

ယင်းနေရာများတွင် ၂၀၁၂ ခုနှစ်စပိုင်းမှ သြဂုတ်လ အထိလမ်းမတန်း အကွက်အကွင်းကျမှု အိမ်အနေအထားပေါ် မူတည်၍ သိန်းထောင်ကျော် အထိလည်းကောင်း၊ သံသုမာလမ်းမနှင့် ရတနာ လမ်းမများပေါ်တွင် ပေ ၁၀၀ ပတ်လည် မြေကွက်ကို သိန်းတစ်သောင်း အထိ လည်းကောင်း၊ အတွင်းလမ်းများတွင် အလျားပေ ၂၀၊ အနံပေ ၆၀ တစ်ကွက်လျှင် သိန်း ၃၀၀မှ သိန်း ၇၀၀ ကျော် အထိလည်းကောင်း ဈေးခေါ်ခဲ့သည်။ ခြုံ၍ ဆိုရသော် ၂၀၁၁ သည် နေရာစုံ ဈေးကောင်းခဲ့သည်။ ငွေဖြူ အဖြစ် အရောင်ပြောင်းရန် အကောင်းဆုံး အချိန်ဟုလည်း ဆိုခဲ့သည်။ သာမန် လူတန်းစားများအတွက် ကျောတစ်ခင်းစာမှာ သာမန် ငွေထုပ် မျှဖြင့် မကာမိတော့။

ဋ္ဋအိမ်ရာမြေ ဈေးနှုန်းတွေ အဆမတန် မြင့်တက်မှုကြောင့် ဆင်းရဲ နွမ်းပါးတဲ့ ပြည်သူတွေ အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ပါဝင် ပတ်သက်မှု မရှိနိုင်သလိုဖြစ်သွားပါလိမ့်မယ်ဍ္ဍဟု သြစတြေးလျ အခြေစိုက် မြန်မာ့ အရေး လေ့လာသူ ရှောင်တာနဲက ဤ့န Vသငခနျွှနနုပ နှင့် အင်တာဗျူး တစ်ခုတွင် ပြောဆိုခဲ့ဖူးသည်။

နိုင်ငံခြားသား ကျောထောက် နောက်ခံပြုကာ မြေဈေး ကစား ခြင်း၊ ပြည်တွင်း လုပ်ငန်းရှင်များကလည်း ဈေးကွက် သတင်းအချက် အလက်များကို လက်ဦးမှု ရယူကာ ဈေးကစားခြင်း၊ စက်မှုဇုန်မြေများ ကို သတ်မှတ် စည်းကမ်း အတိုင်း မလုပ်ကိုင်ခြင်း၊ လယ်ယာမြေ မတရား သိမ်းယူခြင်းများကြောင့် ရှိသင့်သော ဈေးထက် ပိုမို ကြီးမြင့်နေရ ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

တစ်ဖက်တွင် အရင်းအနှီး ဈေးကွက်၊ အစုရှယ်ယာ ဈေးကွက် မပေါ်ပေါက် သေးသောကြောင့်လည်းကောင်း၊ ငွေဖောင်းပွမှုနှုန်းနှင့် ငွေကြေး လဲလှယ်နှုန်းများ ခန့်မှန်းရခက်သော အခြေအနေများကြောင့် လည်းကောင်း ယခင် အစိုးရကာလတွင် ပါမစ်၊ လိုင်စင် စီးပွားရေး များကြောင့်လည်း ထိုသို့ တန်းကျော် မြေဈေးမြင့်မှု ပြဿနာများဖြစ် ပေါ်လာကြောင်း ၎င်းက ရှင်းပြသည်။
စီမံကိန်းမြေ

ယခုလပိုင်းအတွင်း အသွက်ဆုံးမှာ စီမံကိန်းမြေများ ပင်ဖြစ်သည်။ ရန်ကုန်မြို့တော်တွင် ၂၀၁၁ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ်အတွင်း ထွက်ပေါ်ခဲ့သော သီလ၀ါ အထူးစက်မှုဇုန် စီမံကိန်း အစီအစဉ်များနှင့် ဒလ ဥမင်လိုဏ်ခေါင်း စီမံကိန်း ဆောင်ရွက်မည့် အစီအစဉ်များကြောင့် အဆိုပါ နေရာများတွင် အရောင်းသွက်ခဲ့ပြီး ဈေးအလှုပ်ဆုံး နေရာများ လည်းဖြစ်ခဲ့သည်။

ရန်ကုန် တစ်ဖက်ကမ်း သန်လျင်မြို့ အောင်ချမ်းသာ၊ သူဌေးကုန်း၊ သီလ၀ါနှင့် အခြားသော ရပ်ကွက်များရှိ မြေများကို လုပ်ငန်းရှင်များ လာရောက် ၀ယ်ယူခဲ့သည်။

ဂျပန်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် သီလ၀ါ အထူး စက်မှုဇုန်နှင့် နီးသော နေရာများတွင် စားသောက်ဆိုင်ဖွင့်ရန်၊ ၀န်ထမ်း များထားရန် မြေနေရာများ ၀ယ်ယူထားပြီးဖြစ်သည်။ သန်လျင်မြို့ သည် သီလ၀ါ အထူးစက်မှုဇုန် တည်ဆောက်ပြီးပါက စီးပွားရေးအရ အချက်အချာ ကျသော မြို့နယ်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသောကြောင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသူများက ရင်းနှီး မြှုပ်နှံကြသည်။ မြေဈေးများမှာ သိန်းဆယ်ဂဏန်းမှ ရာဂဏန်း၊ ထောင်ဂဏန်း အထိ ဈေးနှုန်းများပါ အရောင်းအ၀ယ် ဖြစ်ခဲ့သည်။

သို့သော် စီမံကိန်းများ မစသေးသောကြောင့် လတ်တလော မေလမှစ၍ လက်ရှိ သြဂုတ်လအထိ အရောင်းအ၀ယ် အေးစက်ခဲ့သည်။ လက်ရှိ သန်လျင်မှာ ဂျပန် အ၀င်ကို စောင့်နေလေသည်။ ပြီးခဲ့သည့် လပိုင်းအတွင်း အလှုပ်ခတ်ဆုံး ဈေးကွက်ဖြစ်သည့် ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့ဈေးကွက်မှာလည်း ခပ်အေးအေးဖြစ်နေ သည်။ ဒလမြို့တွင်းအပြင် အဓိက မျက်စိကျ ခံရသော နေရာများမှာ ဒလတြွံတေးလမ်း။ ယခင် အ၀ယ်များခဲ့သော ဒလတြွံတေးကားလမ်း ဓနုတ်ဘက် တွင် သိန်း ၁၅၀ ခန့် ဈေးပေါက်ခဲ့သော မြေကွက်မှာ ယခုတွင် သိန်း ၅၀ ခန့်ဖြင့်ပင် ၀ယ်သူမရှိ။ အချို့မှာ ရေတဖွေးဖွေး လယ်ကွက်များကို အကွက်ရိုက် ရောင်းသည့် မြေများလည်းရှိခဲ့သည်။

လတ်တလောတွင် ဒလဥမင်လိုဏ်ခေါင်း စီမံကိန်း မဆောင်ရွက် ရသေးသဖြင့် အ၀ယ်များ ရပ်သွားခြင်း ဖြစ်နိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အသိုင်းအ၀ိုင်းထံမှ သိရသည်။

အမည်မဖော်လိုသူ နယ်ခံ တစ်ဦး၏ ပြောကြားချက်အရ ထိုင်ဝမ် တရုတ်လူမျိုး တစ်ဦးမှာ မြန်မာလူမျိုးတစ်ဦးကို အမည်ခံ၍ ဒလတွင် မြေကွက်ပေါင်း ၁၂၀ ကျော် ၀ယ်ယူထားသည်ဟု သိရသည်။ ပြီးခဲ့သည့် လပိုင်းအတွင်းက ရန်ကုန် မြို့ပတ်လည်ရှိ စီမံကိန်း မြေများလှုပ်၊ မြို့တွင်းအေးခဲ့သော်လည်း နောက်ပိုင်းတွင် အားလုံး ပြန်အေးသွားသည့် သဘောဖြစ်နေသည်။
အခွန်ဂယက်

အားလုံး စောင့်မျှော်နေသော အဖြေတစ်ခုမှာ သက်တမ်းတိုးခွန် ပြောင်း မပြောင်း။ အဖြေကား ထွက်သွားပြီ။



စိနနှင့် မဇ္ဈိမတို့ဆုံရာ အနာဂတ်နဂါးမြို့တော် ရှေ့ပြေးမြို့ ပြစီမံကိန်း

စိနနှင့် မဇ္ဈိမတို့ ဆုံရာ အနာဂတ်နဂါးမြို့တော်ရှေ့ပြေးမြို့ပြစီမံကိန်း မန္တလေးမြို့တော်သည် ကမ္ဘာ့လူဦးရေ အများဆုံးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကြားဆုံရာ တံခါး၀၀င်ပေါက်မြို့တော်ဖြစ်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံအချို့နှင့်လည်း ချိတ်ဆက်လျက်ရှိခြင်းကြောင့် ပြည်တွင်းနေ တိုင်းရင်းသားများသာမက ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်များပါ မျက်စိကျအကြိုက်တွေ့လျက်ရှိသော မြို့တော်လည်းဖြစ်ကြောင်း ထွန်းသစ္စာအိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။

မြေငလျင်ကြောကြီးပေါ်တွင် တည်ရှိပြီး ဒေသခံမြို့နေလူထု၏ နေထိုင်မှုစရိတ်၊ အကြိုက်တို့ကြောင့် မန္တလေးမြို့တော်သည် အထပ် မြင့်အဆောက်အအုံများတိုးမြှင့်ဆောက်လုပ်၍ လူနေ ထူထပ်လာမှု ပြဿနာများကို ဖြေရှင်းရန် ခက်သည့်အတွက်မြို့သစ် စီမံကိန်းများ ဖော်ဆောင်ကာ မြို့ပြ၏ အိုးအိမ် လိုအပ်ချက်ကို ဖြေရှင်းရန် ကြံဆ လျက်ရှိလာကြသည်ဟု မြို့ခံ လူထုထံမှ စုံစမ်းသိရှိရသည်။

လက်ရှိအဆိုပါ မန္တလေး မြို့တော်၏ အိုးအိမ် လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရန်အတွက် မန္တလေးမြို့ ၇၃လမ်း၊ သဇင်လမ်းနှင့် ငုဝါလမ်း ကြားတွင် တည်ဆောက်မည့် မန္တလေး မင်္ဂလာမြို့သစ် စီမံကိန်းနှင့် မန္တလေးနိုင်ငံတကာ လေဆိပ်နှင့် ၅ မိုင်အကွာ တံတားဦးမြို့နယ်အတွင်း တည်ဆောက်မည့် မန္တလေးမြို့တော်သစ် စီမံကိန်းနှစ်ခုကို အကောင် အထည် ဖော်ဆောက်လုပ်ရန် လျာထား လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCီC) ထံမှ စုံစမ်း သိရှိရသည်။

လတ်တလောတွင် မြို့သစ် စီမံကိန်းများနှင့် ပတ်သက်၍ မင်္ဂလာ မန္တလေးမြို့ပြ စီမံကိန်း တစ်ခုသာ စတင် ဆောင်ရွက် လျက်ရှိပြီး ယင်း စီမံကိန်းကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင် အကောင်အထည်ဖော် ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်း ငွေကျပ် ၉၁ ဘီလီယံ အကုန်အကျ ခံကာ မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲတော အမီ အပြီး တည်ဆောက်သွားမည်ဟု အကောင်အထည် ဖော်ဆောက် လုပ်သူ Cဗီ ဆောက်လုပ်ရေး ကုမ္ပဏီက ဆိုသည်။

သို့သော် အမေရိကန် ဒေါ်လာ နှစ်ဘီလီယံ အကုန်အကျ ခံတည် ဆောက်မည့် မန္တလေး မြို့တော်သစ် စီမံကိန်းနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေး မြို့တော် စည်ပင်သာယာ ကော်မတီ အဆောက်အအုံနှင့် ကုန်လှောင်ရုံ ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။

မန္တလေးမြို့တော်သစ်စီမံကိန်းသည် အင်းဝယဉ်ကျေးမှုဇုန်နှင့် လွတ်ကင်းပြီး စိုက်ပျိုးမှုအကျိုးနည်းသည့် မြေနေရာအများစု ပါဝင် ကြောင်း၊ အဆိုပါမြို့သစ်စီမံကိန်းတည်ဆောက်မည့် မြေဧက နှစ် သောင်းကျော်ကို မူလပိုင်ရှင်များနှင့် မြေတန်ဖိုးညှိနှိုင်းမှုများပြုလုပ် ပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိပါက ၁၀ နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို တာဝန်ယူတည် ဆောက်ရန် ပြင်ဆင်လျက်ရှိသော သမ၀ါယမဘဏ်ဥက္ကဋ္ဌ ဦးခင် မောင်အေး၏ ပြောကြားချက်အရ သိရသည်။

လတ်တလောတိုးချဲ့ရန် စီစဉ်လျက်ရှိသော မြို့သစ်စီမံကိန်းသည် လယ်ယာစိုက်ပျိုးမြေများပါဝင်ပြီး မန္တလေးမြို့နေလူဦးရေ ကျပ်တည်း မှုမရှိသေးသည့်အတွက် တိုးချဲ့တည်ဆောက်ရန်မသင့်ကြောင်း စိမ်း ရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကပြောကြားသည်။ စီမံကိန်းမြေနေရာအဖြစ် မသတ်မှတ်မီ ရက်ပိုင်းအလိုကပင် စီမံကိန်းအကြောင်း ကြိုသိသူ စီမံကိန်းတွင် ပါဝင်ပတ်သက်သူအချို့က ထိုမြေများကို ကြိုတင်ဝယ်ယူထားသည်ဟု သတင်းထွက်ပေါ်နေ ခဲ့ကြောင်း ဒေသခံအိမ်၊ ခြံ၊ မြေအသိုင်းအ၀ိုင်းထံမှ သိရသည်။

လက်ရှိမန္တလေးမြို့တော်ဝန်းကျင်၌ တည်ထောင်ထားပြီးဖြစ် သည့် စက်မှုဇုန်များကိုပင် ဖွံ့ဖြိုးမှုမရှိသေးသည့်အတွက် ယင်းစက်မှု ဇုန်များကို ဦးစားပေးလုပ်ကိုင်ရန်လိုအပ်ပြီး မြို့သစ်စီမံကိန်းတည် ဆောက်မည်ဆိုပါက မြို့နေလူဦးရေထူထပ်မှုရှိ၊ မရှိကိုလည်း စစ်တမ်း များကောက်ယူ၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အတိုင်းအတာနှင့် ဖြစ်ပေါ်လာမည့် လူမှုရေးဆိုးကျိုးကောင်းကျိုးများကို နိုင်ငံတကာ စံနှုန်းများနှင့် နှိုင်းယှဉ်တွက်ချက်ပြီးမှသာ တည်ဆောက်သင့်သည်ဟု ယင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အကြံပြုပြောကြား သည်။

ဋ္ဋမြို့ပြစီမံကိန်းတွေဆောက်တာကောင်းပါတယ်။ မန္တလေးက လူဝင်လာတာများတယ်။ လူကျပ်လို့ ဈေးတွေတက်လာတော့ ရောင်း လိုက်ရတဲ့ မြန်မာတွေများတယ်။ အဲဒီလူတွေပြန်ဝယ်ရဖို့အတွက် အသစ်ချဲ့တာကောင်းပေမယ့် သူတို့ရည်ရွယ်ချက်က ဘယ်လိုရှိမလဲ တော့မသိဘူးဍ္ဍ ဟု မန္တလေးမြို့တော်ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးရဲမြတ်သူက ဆိုသည်။

လက်ရှိမန္တလေးမြို့တော်၌ တည်ဆောက်လျက်ရှိသော မင်္ဂလာ မြို့ပြစီမံကိန်းသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပိုင် မြေဧက ၄၇ ဧကပေါ်တွင် မြို့သစ်စီမံကိန်းမဟုတ်သည့် အနာဂတ် မန္တလေးမြို့တော်ရှေ့ပြေးမြို့ပြစီမံကိန်း တစ်ခုအဖြစ်ဖော်ဆောင်သွား မည်ဖြစ်ပြီး ပြီးစီးသွားလျှင် အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ် ကြောင်း ယင်းမြို့ပြစီမံကိန်းကိုတာဝန်ယူတည်ဆောက်လျက်ရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီအချို့အနက် Cဗီ ဆောက်လုပ်ရေးလုပ်ငန်း ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောကြားသည်။

မြို့ပြစီမံကိန်းများရေးဆွဲရာတွင် ရေးဆွဲမည့်မြို့ပြ၏ လက်ရှိ အခြေအနေများကို လေ့လာခြင်း၊ အနာဂတ်အလားအလာများကို ဆန်းစစ်ခန့်မှန်းတွက်ချက်ခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလ ရှည်စီမံကိန်း (Cသညခနစအ Pူညေ) ရေးဆွဲခြင်းနှင့် အသေးစိတ် အကောင် အထည်ဖော်နိုင်မည့် (Mျေအနမ Pူညေ) ရေးဆွဲခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးမြို့ပြနှင့် အိုးအိမ် ဦးစီးဌာန၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် မြို့ပြစီမံကိန်း ဤသတည Pူညေ ရေးဆွဲရေးရှေ့လုပ်ငန်းစဉ်စာတမ်းတွင် ဖော်ပြပါရှိသည်။

ယင်းသို့စနစ်ကျသော မြို့ပြများဖော်ထုတ်နိုင်ရေးအတွက် မြို့ပြ ဆိုင်ရာ လူမှုစီးပွားရေး အခြေခံအချက်အလက်များ (ှနခသညိမေပီအေေ) ကောက်ယူရေးစီမံချက်ကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ဂျာမနီနိုင်ငံ Cသူသါညန Uညငလနမျငအပ တို့ပူးပေါင်း၍ မြန်မာ နိုင်ငံ၏ မြို့ပေါင်း ၅၆ မြို့တွင် စာရင်းကောက်ယူရန် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက နားလည်မှု စာချွန်လွှာရေးထိုးဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူမည့်မြို့ကြီးများစာရင်းတွင် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မိတ္ထီလာ၊ မြင်းခြံ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ညောင်ဦးမြို့ တို့ပါဝင်ကြောင်း ယင်းစာတမ်းတွင်ဖော်ပြထားသည်။

မန္တလေးမြို့တော်တည်ထောင်သည့်အချိန်တွင် မင်းညီမင်းသား များ၊ မင်းဆွေမင်းမျိုးများ၊ မှူးကြီးမတ်ရာများစသည့် အုပ်ချုပ်သူ၏ ရာထူး၊ လုပ်ငန်းတာဝန်များကိုလိုက်၍ နန်းတော်အပြင်ဘက်၌ နေရာချထားပေးခဲ့ရာ ရရှိသည့်နေရာများတွင် ၀င်းဗဟိုနေရာများ၌သာ အိမ်ကြီးအိမ်ကောင်းများဆောက်လုပ်ပြီး ၎င်းင်းတို့နှင့်ပါလာသည့် အခြွေအရံများကို ၀င်း၏ ပတ်လည်တွင် အရံအတားများဆောက်လုပ် နေထိုင်စေခဲ့ကြောင်း၊ ယင်းသို့ဝင်းကို ဗဟိုပြုနေထိုင်ခဲ့သည့်ပုံစံတွင် ကာလကြာလာသည့်အချိန်တွင် မူလပုံစံပျောက်ပျက်၍ နေအိမ်နှင့် တိုးပွားလာသည့် လူဦးရေများအရ ခွဲခြမ်းစိတ်ဖြာခြင်း၊ တိုးချဲ့ခြင်း၊ ရောင်းချခြင်းများကြောင့် ၀င်လမ်းထွက်လမ်းပျောက်ကာ တစ်ဖက် ပိတ်လမ်းများဖြစ်ပေါ်လာသည့်အတွက် မန္တလေးမြို့တော်သည် ကြီးမား သည့် မီးဘေးအန္တရာယ်များနှင့်ရင်ဆိုင်ခဲ့ကြောင်း မန္တလေးမြို့တော် သမိုင်းကို အစဉ်တစိုက်လေ့လာခဲ့သူများထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့တစ်ဖက်ပိတ်လမ်းများနှင့် ပုံပျက်လာသော မန္တလေး မြို့တော်သည် ၁၉၈၄ ခုနှစ်တွင် မြို့လုံးကျွတ်မီးလောင်မှုကြီးဖြစ် ပေါ်ခဲ့ပြီးနောက်ပိုင်း မြို့ကွက်များကို အသစ်ရိုက်ကာ နေရာချထား ပေးခဲ့သည်။

မန္တလေးမြို့တော်သည် ကမ္ဘာ့လူဦးရေအများဆုံးနှင့် စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ၀င်ပေါက်မြို့တော်ဖြစ်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံ အချို့နှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း ထွန်းသစ္စာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။

ယင်းသို့ လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျလာ ခြင်းကြောင့် မန္တလေးမြို့တော်တွင် အမှန်တကယ်နေထိုင်သည့် လူဦး ရေ၏ ထက်ဝက်ခန့်သည် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြောင်းရွှေ့အခြေချလာသူများဖြစ်ကြောင်း ဒေသခံမန္တလေးမြို့တော် သူမြို့တော်သားများက ဆိုသည်။

ဋ္ဋတရုတ်ကြိုက်လို့ မြေတွေလိုက်ဝယ်ကြတော့ ကိုယ့်လူတွေ ဘေးရောက်ကုန်တာပေါ့။ အခုလို မြို့သစ်ပေါ်လာရင် ကိုယ့်လူတွေ နေစရာရှိသွားနိုင်တာပေါ့ဍ္ဍဟု မန္တလေးမြို့ဒေသခံ ကွန်ပျူတာလုပ်ငန်း ရှင် ဦးရဲမြတ်သူကဆိုသည်။

ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးသည့် ၁၉၉၀ ပြည့် နှစ်နောက်ပိုင်း မှောင်ခိုဈေးကွက်ပျောက်၍ တရားဝင်နယ်စပ်ကုန်သွယ် ရေးပေါ်ပေါက်လာချိန်တွင် ယူနန်နွယ်ဖွား တရုတ်လူမျိုးများ သိသိ သာသာ ၀င်ရောက်လာခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်အကြောင်း ကို အစဉ်တစိုက်ရေးသားခဲ့သည့် စာရေးဆရာ ဆူးငှက်က ၂၀၁၀ ပြည့် နှစ် ဇန်န၀ါရီလထုတ်ူငလငညါ Cသူသမ မဂ္ဂဇင်းတွင် ပြောကြားထားသည်။

ဖွံ့ဖြိုးလာသည့်လူနေမှုပုံစံနှင့် မူဝါဒများကြောင့် မန္တလေးမြို့ တော်၏ သမိုင်းကိုဖော်ကျုးသည့်အထင်ကရ နေရာကြီးများဖြစ်သော ဈေးချိုနှင့် နာရီစင်၊ တောင်သမန်အင်း၊ ကျုံးတော်နှင့် အတုမရှိကျောင်း တော်ကြီးတို့သည် ရှေးဟောင်းမူလလက်ရာများ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ရှေ့ဟောင်းသုတေသနဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ထို့အတူ မြို့မြေနေရာချဲ့ထွင်မှုများကြောင့်လည်း သမိုင်းဝင် အချက်အလက်အချို့လည်းပျက်စီးခဲ့ရာ ထိုအထဲတွင် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်နှင့် အယုဒ္ဓယမင်းဆက်၏ နောက် ဆုံးဘုရင် ကျောက်ဘွားထောက်ဘုရင်၏ အုတ်ဂူများပါ မြို့ပြတိုးချဲ့ လာမှု၏ခြိမ်းခြောက်မှုဒဏ်ကိုရင်ဆိုင်လာရကြောင်း မန္တလေးမြို့တော် ဒေသခံများက ပြောကြားသည်။

မြို့ပြစီမံကိန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပြီး စီမံကိန်းထွက်ပေါ်လာသည့်အခါ ထုံးစံအတိုင်း အိမ်၊ ခြံ၊ မြေဈေးများကို အနည်းနှင့် အများထိခိုက်နိုင်သော်လည်း လတ်တလောတွင် အိမ်၊ ခြံ၊ မြေဈေးကွက်ကို ထိခိုက်မှုမရှိကြောင်း မန္တလေးမြို့တော်အခြေ စိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင်များ ကပြောကြားသည်။

ဋ္ဋစီမံကိန်းတကယ်ရှင်သန်ဦးတော့ ၁၀ နှစ်၊ ၁၅ နှစ် အနည်း ဆုံးကြာနိုင်တယ်။ ရေရှည်အတွက်တော့ ကောင်းပေမယ့် ကာလတို အတွက်တော့ မသေချာဘူး။ စီးပွားရေးသမားတွေကလည်း လူစည် ကားတဲ့မြို့ထဲလိုနေရာကိုပိုကြိုက်ကြတယ်ဍ္ဍဟု မန္တလေးမြို့တော် အခြေစိုက် မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦးကျော်ဝင်းက ဆိုသည်။

မြို့သစ်စီမံကိန်းတိုင်းသည် သေချာပေါက်စည်ကားလာနိုင် မည်ဟု မပြောနိုင်ကြောင်း၊ လက်ရှိပြင်ဦးလွင်အနီးတည်ရှိသည့် မန္တလေးမြို့တော်နှင့် ၄၅ မိနစ်ခန့်သာသွားရသည့် ရတနာပုံမြို့သစ် သည် မူလကမျှော်မှန်းခဲ့သလောက် စည်ပင်လာခြင်းမရှိသည်ကိုတွေ့ ရကြောင်း၊ လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်ခန့်ကတည်ထောင်ခဲ့သည့် ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်စသည့် ၀န်ထမ်းများ အတွက်ချထားပေးခဲ့သော မြို့သစ်များသည် နှစ်ပေါင်းနှစ်ဆယ်ကျော် မှ စည်ပင်လာသည်ကိုတွေ့ရကြောင်း ၎င်းင်းကပြောကြားသည်။

မန္တလေးမြို့တော်သည် အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြားတည်ရှိပြီး စီးပွားရေးအချက်အချာကျကာ ဖွံ့ဖြိုးရေးအလား အလာကောင်းများရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများနှစ်စဉ်တိုးတက် လျက်ရှိသည့်အတွက် အဆိုပါမြို့တော်၏အိမ်၊ ခြံ၊ မြေဈေးနှုန်းများ သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အိမ်၊ ခြံ၊ မြေတန်ဖိုး ၁၅ ဆမှ အဆ ၂၀ ခန့်အထိမြင့်တက်သွားခဲ့ကြောင်း ထွန်းသစ္စာအိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။

လတ်တလောတွင် မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးကွက် သည် အခွန်စနစ်သစ်ကိစ္စနှင့် ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသည့် ကျောက်မျက်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများရပ်တန့်ထားခြင်း ကြောင့် ဈေးကွက်အရောင်းအ၀ယ်အေးလျက်ရှိကြောင်း မန္တလေးမြို့ တော် အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာမင်းဆက်၏ နောက်ဆုံးထီးနန်းစိုးစံရာ မင်းနေပြည်တော်၊ မြန်မာနိုင်ငံ၏ အချက်အချာကျရာမြို့ကြီးများသို့ ဖြာထွက်ရာ ဗဟိုမြို့တော်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးနှစ်ခု၏ ကြားခံဝင်ပေါက် မြို့တော်၊ စီးပွားရေးသမားအများစု၏ မျက်စိကျသဘောတွေ့လျက် ရှိသော မြန်မာတို့၏ယဉ်ကျေးမှုများစုစည်းကျန်ရှိရာ မန်းမြို့တော်၏ အနာဂတ်မြို့ပြစီမံကိန်းများသည် မြို့တော်လူထု၊ တိုင်းပြည်အတွက် စံပြမြို့တော်များဖြစ်လာစေရေးကို ဦးတည်သွားနိုင်သော လမ်းပြ ကောင်း ပြယုဂ်တစ်ခုဖြစ်ရေးမှာ အလွန်အရေးကြီးကြောင်း မန္တလေး မြို့တော်သူမြို့တော်သားများက တညီတညွှတ်တည်း ဆန္ဒပြုလျက်ရှိ ကြသည်။

သို့သော် ကျောက်ဖြူကြူမင်းဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ သယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်လာမည့် မြင်းခြံမြို့နယ် ဆီမီးခုံ စက်မှုဇုန်စီမံကိန်းနှင့် မန္တလေးမြို့တော်တို့နှင့် မလှမ်းမကမ်းတွင် တည်ဆောက်ရန်လျာထားသည့် ဤမြို့ပြစီမံကိန်းနောက်ကွယ်တွင် တရုတ်တို့၏ မမြင်ရသောလက်ပါနေသည်ဆိုပါက နောင်တွင်ဖြေရှင်း ရမည့် အရေးကိစ္စများရှုပ်ထွေးလာနိုင်ကြောင်း လေ့လာသုံးသပ်သူ များက ပြောဆိုကြသည်။
http://www.thevoicemyanmar.com

လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးကျော် ကန့်ကွက် သဖြင့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ ဖတ်ကြားရန် ရွှေ့ဆိုင်း

The Voice Weekly



နေပြည်တော်၊ သြဂုတ် ၂၃

နေပြည်တော်တွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် စတင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင် ပါဝင်သော နိုင်ငံတော် သမ္မတရုံး၏ ၁၇ ရက်၊ ၈ လ ၂၀၁၂ ခုနှစ် ရက်စွဲပါ စာအမှတ် (၁)/၈/ သမ္မတရုံးက ပေးပို့လာသည့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန် လွှတ်တော် ကိုယ်စ
ားလှယ် ၁၄ ဦးကျော်က ကန့်ကွက်ခဲ့သဖြင့် ဖတ်ကြားခြင်း မပြုတော့ဘဲ အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်း ရယူနေသူ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။

နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန် ကန့်ကွက် ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကိုယ်စားလှယ်များ အများဆုံး ပါဝင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

ယင်းကဲ့သို့ ကန့်ကွက်ရသည့် အဓိက အကြောင်းအရင်းမှာ သ၀ဏ်လွှာနှင့်အတူ ပေးပို့လာသော သတင်း သုံးသပ်ချက်တွင် ဖော်ပြထားသော ရခိုင် တိုင်းရင်းသားများ၏ အခြေအနေ ဖော်ပြထားမှု အပေါ် မကျေနပ်သဖြင့် ကန့်ကွက် ခဲ့ကြခြင်း ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။

အဆိုပါ သတင်း သုံးသပ်ချက်တွင် ရခိုင် တိုင်းရင်းသားများသည် နိုင်ငံရေး ပါတီများ၊ သံဃာ အချို့နှင့် လူပုဂ္ဂိုလ် အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အစိုးရများ အနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း မပြု၊ ကာကွယ်ပေးခြင်း မရှိဘဲ သယံဇာတများကိုသာ ထုတ်ယူ သုံးစွဲခဲ့သည် ဟူသော တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲစေသည့် လှုံ့ဆော်မှုမျိုး တွေ့ရှိရကြောင်း၊ ရခိုင် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘဂါင်္လီများ၏ စီးပွားရေး လုပ်ငန်းများကို အချောင်ရယူရန် ကြိုးပမ်းလာသည်ကို တွေ့ရကြောင်း စသည့် အချက်တို့ ပါဝင်သဖြင့် ယင်းအချက်တို့နှင့် ပတ်သက်ကာ လွှတ်တော် ကိုယ်စားလှယ် အချို့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

အဆင့် မမီသည့် ပုံမှန် ကွန်ပျုတာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ

ကိုဝိုင် ဝိုင်ကေ



၁၂-၈-၁၂ နေ့ ထုတ် မြန်မာ့အလင်းတွင် ဖော်ပြထားသော ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ပြောကြားချက် ။

( အဆင့် မမီသည့် ပုံမှန် ကွန်ပျုတာတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ရောထွေးသွားနိုင်သည့်အတွက် )


နိုင်ငံတော်သမ္မတ၏သ၀ဏ်လွှာ

 

 ဆက်ဖတ်ရန်ဒီမှာနှိပ်ပါ။ ။