Friday, August 24, 2012
ရခိုင်အရေး တည်ငြိမ် အေးချမ်း သွားပြီ ဖြစ်ကြောင်း မြန်မာ သံအမတ်က ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ကို ပြောကြား
August 24, 2012 at 4:27 pm
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ တည်ငြိမ်အေးဆေးသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ် ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို ပြောကြားလိုက်သည်။
မြန်မာသံအမတ်နှင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် တွေ့ဆုံနေစဉ်။ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် ယမန်နေ့က သူမ၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံစဉ် မြန်မာ သံအမတ် ဦးမျိုးမြင့်သန်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
မြန်မာ သံအမတ်က ယခုအခါ ရခိုင်အရေးမှာ မြန်မာ အစိုးရ၏ ကြိုပမ်းဆောင်ရွက်ချက်ကြောင့် အေးဆေး တည်ငြိမ်သွားပြီ ဖြစ်ကြောင်း၊ မြန်မာ သမ္မတမှ ရခိုင်အရေးကို စုံစမ်း စစ်ဆေးနိုင်ရန် လွတ်လပ်သော ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်မှလည်း မြန်မာ အစိုးရ၏ ဆောင်ရွက်ချက်များကို ကြားသိရသဖြင့် ၀မ်းမြောက် ချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူနှင့် နိုင်ငံသားများ အားလုံး ညီမျှသောအခွင့်အရေးများ ရရှိခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်တံ့နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက်ပိုင်းတွင် မြန်မာ သံအမတ်နှင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်တို့သည့် အကျိုးတူ နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု ဆိုသည်။
ဆွေးနွေးသည့်အထဲတွင် ရခိုင်နှင့် ချင်းပြည်နယ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများမှာ ဓါတ်အား ၀ယ်ယူရေး ကိစ္စ၊ ကော့စ်ဘဇား ခရိုင် ဒုက္ခသည် စခန်း (၂) ခုမှ ဒုက္ခသည်များကို ပြန်ယူရေး ကိစ္စ၊ ရန်ကုန်- ဒက္ကား- စစ်တကောင်း လေကြောင်းလိုင်း ပျံသန်းရေး  စာချုပ် လက်မှတ်ရေးထိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
 http://www.narinjara.com/burmese/?p=1827
ဆန္ဒပြပါတယ်ဆို
အေးရှားဝေါလ် ဆိပ်ကမ်း ရှေ့ဆန္ဒပြမှုဖြစ်ပွား
သီရိမင်္ဂလာဈေးဟောင်း အနီးရှိ ရေထွက်မြောင်း ပိတ်ဆို့မှုကြောင့် အေးရှားဝေါလ် ကုမ္ပဏီကို
ဆန္ဒပြ
ည ၈နာရီ ၁၅ မိနစ်၊ သြဂုတ် ၂၄၊ ၂၀၁၂၊ YPI
သီရိမင်္ဂလာဈေးဟောင်းအနီးရေထွက်မြောင်းကို အေးရှားဝေါလ် ဆိပ်ကမ်းမှကွန်ကရစ်ဘလောက်တုံးများဖြင့် ပိတ်ဆို့လိုက်ခြင်းကြောင့် အနီးရှိ လူနေရပ်ကွက် ရေလျှံလာပြီးနောက် ယနေ့ မွန်းလွဲ ၃နာရီမှစတင်ကာ အေးရှားဝေါလ် ကုမ္ပဏီကို လူရာနှင့်ချီ ဆန္ဒပြလျှက်ရှိသည်။
ရေမြောင်းဖွင့်ပေးရန် ဆန္ဒပြ ကြွေးကြော်နေကြသည့်ပြင် ည ၈ နာရီကျော်ဝန်းကျင်တွင် ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသည်ကိုလည်း တွေ့ရကြောင်း ရောက်ရှိနေသည့် သတင်းထောက်က ပြောသည်။
ယနေ့ မွန်းလွဲပိုင်း မိုးရွာသွန်းပြီးနောက် အေးရှားဝေါလ် ဆိပ်ကမ်းအနီးရှိ ရပ်ကွက်နှင့် လမ်းများ ရေကြီးလာရာ ရေထွက်မြောင်း ပိတ်ဆို့လိုက်သည့် အေးရှားဝေါလ် ကုမ္ပဏီ အား ရပ်ကွက်ခံများက လူစုလူဝေးဖြင့် ဆန္ဒပြခဲ့ကြရာ ယခုည ၈နာရီကျော်သည်အထိ လူရာနှင့်ချီရှိနေဆဲ ဖြစ်သည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။
ဆန္ဒပြမှု ဖြစ်ပွားသည့်နောက်ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ အေးရှားဝေါလ် ဆိပ်ကမ်းမှ ကွန်ကရစ်တုံးများအား ဖယ်ရှားနေခဲ့သည်။ သို့ရာတွင် ဆန္ဒပြသူ လူစုလူဝေးမှာ တဖြည်းဖြည်း များပြားလာကာ ည ၈ နာရီဝန်းကျင်အချိန်တွင် လူ ၁ ထောင်နီးပါးရှိသည်ဟု YPI သတင်းထောက်က ပြောသည်။
အေးရှားဝေါလ် ကုမ္ပဏီမှ ယင်းရေထွက်မြောင်းကို မည်သည့်အကြောင်းကြောင့် ပိတ်ဆို့လိုက်သည်ဟု မသိရှိရသော်လည်း ကုန်သေတ္တာတင်ကားများ ၀င်ထွက်နိုင်ရန် ဖြစ်သည်ဟု ရပ်ကွက်နေသူ တဦးက ဆိုသည်။
အေးရှားဝေါလ် ဆိပ်ကမ်း ရှေ့ဆန္ဒပြမှုဖြစ်ပွားပြီး ကမ်းနားလမ်း ပိတ်နေ
ည ၈နာရီခွဲ၊ သြဂုတ် ၂၄၊ ၂၀၁၂၊ YPI (သူရမျိုး)
အေးရှားဝေါလ် ဆိပ်ကမ်းမှ ပိတ်ထားသည့် ရေထွက်မြောင်းကို ဖွင့်ပေးရန် လူရာနှင့်ချီ ဆန္ဒပြနေကြရာ သီရိမင်္ဂလာဈေးဟောင်းရှေ့ ကမ်းနားလမ်းတလျှောက် လမ်းလုံးဝ ပိတ်နေသည်ကြောင်း YPI သတင်းထောက်က သတင်းပေးပို့သည်။
ည ၈ နာရီခွဲဝန်းကျင် အချိန်တွင် လူစုလူဝေး အရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၇၀၀၊ ၈၀၀ ၀န်းကျင်ရှိမည်ဟု ဆိုသည်။
ဆန္ဒပြသူ အချို့က ခဲများဖြင့် ပစ်ပေါက်နေကြသဖြင့် ရပ်ကွက်ခံများက မလုပ်ကြရန် တားမြစ်နေကြရသည်ဟုလည်း သိရသည်။
အေးရှားဝေါလ် ကုမ္ပဏီမှ ကွန်ကရစ်တုံးများ သံချောင်းများကို ဖယ်ရှားပေးနေသော်လည်း ယခု သတင်းပေးပို့ ချိန်ထိ မပြီးစီးသေးဟု သိရသည်။
အမည်မဖေါ်လိုသည့် စည်ပင်သာယာ ၀န်ထမ်းတဦးကမူ ယခုလို မြောင်းပိတ်ဆို့ခြင်းမှာ စည်ပင်သာယာရေး ကော်မတီမှ မဟုတ်ပဲ အေးရှားဝေါလ်ကုမ္ပဏီမှ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောသည်။
Yangon Press International
သီရိမင်္ဂလာဈေး ဟောင်းဘေး ရေထွက်မြောင်း ပိတ်ဆို့မှု ဆန္ဒပြမှု အရှိန်အနည်းငယ် မြင့်လာ
ည ၁၀နာရီ ၊ သြဂုတ် ၂၄၊ ၂၀၁၂၊ YPI (သူရမျိုး)
ဆန္ဒပြမှုများ ည ၉နာရီကျော် ပြီးခဲ့သည့် နာရီဝက်ခန့်က ကားလမ်းပြန်လည်ဖွင့်လှစ် ခဲ့သော်လည်း ည ၁၀ နာရီဝန်းကျင်တွင် ကားလမ်းပြန်လည်ပိတ်ဆို့လိုက်ကြောင်း YPI သတင်းထောက်က သတင်းပေးပို့သည်။
ည ၉နာရီခွဲကျော်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမြအေး၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင်တို့ ရောက်ရှိလာကာ ပြဿနာကို ၀ိုင်းဝန်းဖြေရှင်းပေးရန် လူအုပ်အား ပြောဆို လျှက်ရှိသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ရပ်ကွက်မှ ကော်မတီဖွဲ့၍ နစ်နာမှုများကို အေးရှားဝေါလ်သို့ တောင်းဆိုရန် ရှင်းပြပြောဆိုခဲ့သည်ဟု သိရှိရသည်။
ဆန္ဒပြသူ လူအုပ်မှာ “ခရိုနီတွေ ” ဆိုသည့် အသုံးအနှုန်းဖြင့် အေးရှားဝေါလ် ကုမ္ပဏီအား ညွှန်းဆို အော်ဟစ်ခဲ့ကြသည်ဟု သတင်းထောက် က ပြောသည်။
Yangon Press International
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကြားဝင်ညှိနှိုင်း၊ အေးရှားဝေါလ် ဆိုက် တာဝန်ခံ ရပ်ကွက်နေ လူထုအား တောင်းပန်
ည ၁၀နာရီ ၅ မိနစ်၊ သြဂုတ် ၂၄၊
ဆန္ဒပြနေသည့် လူအုပ်နှင့် အေးရှားဝေါလ် ဆိပ်ကမ်း တို့အကြား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကြားဝင် ညှိနှိုင်းပြီး မကြာမီ အေးရှားဝေါလ် ဆိုက် တာဝန်ခံ ဖြစ်သူက ထွက်၍ ရပ်ကွက်နေ လူထုအား တောင်းပန်စကားပြောဆို ကြောင်း နောက်ဆုံး သတင်းများအရ သိရှိရသည်။
Yangon Press International
အေးရှားဝေါလ် ဆိပ်ကမ်း ဆန္ဒပြမှု ည ၁၀နာရီ ၁၃ မိနစ်တွင် လူစုကွဲပြီ
ည ၁၀နာရီ ၁၅ မိနစ်၊ သြဂုတ် ၂၄၊ YPI
အေးရှားဝေါလ် ဆိပ်ကမ်း မှ ဆိုက်တာဝန်ခံက ရပ်ကွက်နေ လူထုအားတောင်းပန်ပြီး မိနစ်အနည်းငယ် အကြာတွင် ဆန္ဒပြလူအုပ်မှာ လူစုကွဲသွားပြီဖြစ်၍ လာရောက်ကြားဝင် ဖြေရှင်းပေးသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များလည်း ပြန်ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်သည်။
7Day News Journal
9 hours ago
စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် သုံးမြို့ပေါင်းစီးဆင်းသည့် သီရိမင်္ဂလာဈေးဟောင်းအနီး၊ မြောင်းကြီးထိပ်ရေဆင်းမြောင်းကို အေးရှားဝေါလ်ဆိပ်ကမ်း မှ ကွန်ကရစ်များဖြင့် ပိတ်ဆို့ထားမှု ရှိနေသော ကြောင့် ရေများမစီးဆင်းနိုင်ဘဲ အနီးအနားရပ်ကွက်များသို့ လျှံထွက်ကာ ပေါင်လယ်ခန့်နစ်မြုပ်လျှက်ရှိသောကြောင့် အေးရှားဝေါလ်ဆိပ်ကမ်းကုမ္ပဏီရှေ့၌ ယခုညနေမှစတင်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုနေကြသည့် ရပ်ကွက်နေ လူထုကို ယခု (သြဂုတ်လ ၂၄ ရက်) ည ၈ နာရီကျော်က တွေ့ရစဉ်။
History, Issues And Truth in Arakan
History, Issues And Truth in Arakan/Rakhine State, Western Burma by Rick Heizman!
Continuous reading ClIcK HeRe
ဘင်္ဂလီထောက်ခံသူတွေကသဘောကျတယ်လား
နှာစေးတယ်ဆိုတာ... 
ကနေဒါရောက်ဘင်္ဂလီတွေ....ဘာသာ​ရေးပုံစံတိုက်ခိုက်တာ..
ဘင်္ဂလီထောက်ခံသူတွေကသဘောကျတယ်လား....စာဖတ်သူသက်သေနော်..​.
သမ္မတ၏ သ၀ဏ်လွှာနှင့် ပူးတွဲပါ သုံးသပ်ချက် ဘာကြောင့် ပွဲဆူအောင် ပြုလုပ်ရသနည်း
သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာကို ပြည်သူ့ လွှတ်တော်သို့  ပေးပို့
့သည်ဆိုသောအခါ ပြည်သူ့ လွှတ်ကိုယ်စားလှယ်များကပင် ချီးကြူးထောပနာ
လက်ခံကြရသည် ။ မြန်မာနိုင်ငံ၏ အဆင့်မြင့်ဆုံး အာဏာပိုင်အကြီးအကဲ၏
သ၀ဏ်လွှာဆိုသည်မှာ နိုင်ငံတော်ကို မည်သို့ မည်ပုံ ပေါ်လီစီများဖြင့် ချမှတ်
အကောင်အထည် ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်ကြေညာခြင်းဖြစ်သည် ။
တနည်းအားဖြင့် သမ္မတ၏ စကားသည် အမိန့်  ဥပဒေဖြစ်သည်။ ၄င်းစကားကို စာစီပြီး
ထုတ်ပြန်ခြင်း ၊ သ၀ဏ်လွှာများ ရေးသားခြင်းဆိုသည်မှာ လက်ရှိအစိုးရ၏
တည်ဆဲဥပဒေများနှင့် ပါတ်သက်၍ မည်သို့ မည်ပုံ အကောင်အထည် ဖေါ်ဆောင်မည်
ဆိုသည်ကို ပြည်သူတရပ်လုံးနှင့် နိုင်ငံတကာအစိုးရများအား ချပြခြင်းဖြစ်သည်
။ အမေရိကပြည်ထောင်စုတွင် အပါတ်စဉ်တိုင်း သမ္မတ အိုဘားမားက
ပြည်သူတရပ်လုံးကို ရေဒီိယိုရုပ်မြင် သံကြားမှ မိန့် ခွန်းပြောနေသည် ။
မီဒီယာများကလည်း သမ္မတကိုပါ အင်တာဗျူးများ ပြုလုပ်နေသည်ကို
ရေဒီယိုရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်နေသသည် ။ အတိုက်အခံပါတီမှ
လူထုလူတန်းစားများနှင့် စာရေးဆရာများ ၊ ပါမောက္ခများ ၊ အသိပညာရှင်များ ၊
လမ်းဘေးဈေးသည်များကအစ တက္ကစီသမားများအထိ သမ္မတ၏ မိန့် ခွန်းနှင့် ပတ်သက်၍
ဝေဖန်ဆွေးနွေးကြသည်ကို တလေးတစား ထုတ်လွှင့်ပြသနေပါသည် ။
         ကျွန်တော်ပြောချင်သည်မှာ နိုင်ငံတော်သမ္မတကြီး၏ သူပြောဆိုလိုသော
နုတ်ထွက်စကားကိုသော်၎င်း ၊ သူ၏သ၀ဏ်လွှာများကို၎င်း တာဝန်ခံမှု
ရှိစေခြင်းကို ဆိုလိုရင်းဖြစ်သည် ။ ယခုအချိန်တွင် မြန်မာနိုင်ငံ၏
သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်
အထူးကောင်းမွန် ကြက်သရေရှိလှသော သ၀ဏ်လွှာဖြစ်သည် ။ သို့ သော် သမ္မတကြီး၏
သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါသုံးသပ်ချက်ဆိုသည်ကို ထုတ်ပြန်ခြင်းဆိုသည်မှာ
သမ္မတကြီး၏ သ၀ဏ်လွှာကို မျက်နာအိုးမဲ သုတ်လိုက်စေခြင်းဖြစ်သွားရပြီ ။
အဘယ့်ကြောင့်ဆိုသော် ၄င်းသ၀ဏ်လွှာနှင့် ပူးတွဲပါသုံးသပ်ချက်စာတမ်းကို
ပြည်သူ့ လွှတ်တော်တွင် မဖတ်ကြားစေရလောက်အောင် တားမြစ်ခံရခြင်း ၊
မှတ်တမ်းမတင်စေရခြင်းမှာ လွန်စွာရုပ်ဆိုးစေပါသည် ။  သို့ သော် မည်သူမျှ
မတတ်နိုင်ကြတော့ပါ ။ မိရိုးဖလာရိုးရာ စကားအတိုင်း သုံးရမည့် ဝေါဟာရဖြင့်
ဆိုရလျှင် မည်သူမပြုမိမိမှု ဖြစ်သွားရခြင်းပင် မဟုတ်ပါလား ။
    ရခိုင်လူမျိုးများ၏ အခြေအနေဆိုသော သုံးသပ်ချက်တခုမှာ ပြည်တွင်းပြည်ပက
ရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ ဆော်မှုများကြောင့် ယခုပြသနာများ
ဖြစ်ပွါးရခြင်းဟု သုံးသပ်ထားသည်ကို တွေ့ ရသည် ။ ဤအချက်နှင့် ပါတ်သက်၍
ကျွန်တော်မပြောလိုသော အချက်အလက်တခုကို ပြောပြချင်သည် ။ အကြောင်းမှာ
ဇတ်လမ်းများကို ရှည်မိမှာ စိုးရိမ်ပြီး
ထုတ်ဖေါ်မပြောလိုခြင်းကြောင့်ဖြစ်သည် ။ ရန်းဗြဲမြို့ နယ်မှ
သပြေချောင်ကျေးရွာသူ မိန်းခလေးအား မုဒိမ်းကျင့် သတ်ဖြတ်မှုကို
ပြည်ပကရခိုင်လူမျိုးများ သိရှိကြသည်မှာ ပြည်တွင်းမှ သတင်းဓါတ်ပုံများ
အင်တာနတ်ပေါ်သို့  ရောက်လာခြင်းကြောင့် ဖြစ်သည် ။ ၄င်းဓါတ်ပုံသတင်းကို
ကျွန်တော်တို့  ရခိုင်ဝပ်ဆိုက်ဖြစ်သော လေးဝတီမှ
ဆက်လက်တင်ပေးခြင်းသာဖြစ်သည် ။ ရမ်းဗြဲမြို့ နယ်တွင်
ဖြစ်ပျက်သွားစေခြင်းကို ပိုမိုကြီးထွါးစေရန် သွေးထိုးလှုံ
့ဆော်ခြင်းမရှိစေဘဲ ပြည်တွင်းမှ လာသော သတင်းဖြစ်ရပ်မှန်ကို အရှိကို
အရှိအတိုင်း တင်ပြပေးခြင်းဖြစ်သည် ။ သို့ သော် တောင်ကုတ်မြို့ တွင်
ဖြစ်ပွါးသွားသော အချိန်တွင်မူ ၀ံသာနုရက္ခိတအဖွဲ့ မှ ၄င်းဓါတ်ပုံများကို
တောင်ကုတ်မြို့ ၌ ဖြန့် ဝေခဲ့ ကြရာ ဤပဋိပက္ခမှာ လေးဝတီသတင်းဋ္ဌာန၏
သတင်းကြောင့်ဖြစ်သည်ဟု တရားရုံးတွင် ရဲမှ အမှုဖွင့်တိုင်ကြားသည်ဟု
သိရှိရသည် ။ ယင်းသို့  စွပ်စွဲခြင်းမှာ ၄င်းအမျိုးသမီးငယ်၏
ဓါတ်ပုံသတင်းတွင် လေးဝတီဆိုသော နာမည်စာတမ်းကို
ဖေါ်ပြထားသောကြောင့်ဖြစ်သည်ဟု ဆိုသည် ။
ပြည်တွင်းမှာ ဖြန့် ဝေနေသော သတင်းဓါတ်ပုံမှာ ပလူပျံ သြတိုက်ရှိနေပြီးမှ
ပြည်ပသို့  ထွက်ကျလာခြင်းဖြစ်သည်ကို လူတိုင်း နားလည်သည် ။ ပြီးနောက်
ပြည်တွင်းမှဖြစ်ပျက်နေသော အမှုအခင်းကို ပြည်ပက သတင်းဋ္ဌါနတို့ က သိသမျှ
တင်ပေးခြင်းသာဖြစ်သည် ။ အင်တာနတ်ဖြင့်  ၀ပ်ဆိုက်တင်ပေးသော်လည်း
လူတိုင်းသည် ယင်းသတင်းများကို မကြည့်ရှုနိုင်ကြ ။
အရေးကြီးဆုံးပြသနာတခုမှာ ၄င်းဓါတ်ပုံသတင်းနှင့် ဖြစ်စဉ်တခုလုံးကို
မည်သူကဖြန့် ဝေလေသနည်းဆိုသည်က ကွင်းဆက်စဉ်းစားစရာများ ဖြစ်ပါသည် ။
လေးဝတီသတင်းဋ္ဌါနက ၄င်းသတင်းကိုတင်ပေးသလို အခြားသော သတင်းဋ္ဌါနများကလည်း
တင်ပေးနေကြသေးသည် ။ သို့ သော် ၄င်းသတင်းဋ္ဌါန၀ပ်ဆိုက်များကို မည်သို့ မျှ
ထုတ်ဖေါ် မပြောဆိုဘဲ ရခိုင်လေသံနှင့် ရခိုင်စာပေဖြင့် ရေးသားနေသော
လေးဝတီသတင်းဋ္ဌါနကိုမှ စွပ်စွဲတင်ပြသည်မှာ များစွာ စဉ်းစားစရာဖြစ်သည် ။
တခုတော့ ရှိသည် ။ လေးဝတီသတင်းဋ္ဌါနဖြစ်ဖြစ် အခြားမည်သည့် သတင်းဋ္ဌါနဖြစ်ဖြစ်
ယခုရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော သတင်းများကို တင်ပေး
လွှင့်ထုတ်ပေးကြသောအခါ ခုတ်ကြ ၊ သတ်ကြ ၊ ဖြတ်ကြ ၊ သေအောင်ရိုက်ကြ ၊
နေအိမ်များကို မီးရို့ ကြ ၊ မုဒိမ်းကျင့်ကြ ၊ လုယက်ကြ ဆိုပြီး မည်သူမျှ
တိုက်တွန်း သွေးထိုး လှုံ့ ဆော်ခဲ့ ခြင်းမရှိသည်ကို လူတိုင်း
သိရှိကြပါသည် ။ ထို့ ကြောင့် သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာနှင့် ပါတ်သက်၍
ပူးတွဲပါ ရခိုင်ပြည်နယ်နှင့် ပါတ်သက်ပြီး သုံးသပ်ချက်ပါ ပြည်ပမှ
ရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ ဆော်မှုရှိသည် ဆိုသော အချက်အလက်ကို
မဟုတ်မမှန်၍ ကန့် ကွက်ပါကြောင်း ပြောဆိုလိုသည် ။
     ထို့ ကြောင့် ပဋိပက္ခဖြစ်ပွါးသော ပြည်သူများ၏ အခြေအနေများနှင့်
ပတ်သက်၍သုံးသပ်ချက်ပါ ( က ) နိုင်ငံရေးပါတီများ ၊ သံဃာအချို့ နှင့်
လူပုဂိုလ်အချို့ တို့  ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှုစိတ်ဓါတ်ကို
အလွန်အမင်းမြင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့ စွာ
တိုက်ခိုက်လိုစိတ်ဖြင့် လှုံ့ ဆော်ဆောင်ရွက်လျှက်ရှိရာ
နိုင်ငံတော်အတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုင်းအ၀န်းသို့ ပါ
ချဉ်းကပ်စည်းရုံးဆောင်ရွက်လျှက် ရှိခြင်းဆိုသော အချက်ကို လုံးဝဆန်
့ကျင်ကြောင်းနှင့် လုံးဝမှားယွင်းသောအမြင်ဖြစ်ပြီး ပဋိပက္ခများကိုသာ
ဆက်လက်ဖြစ်စေသွားအောင် ဖန်တီးထားသည့် သုံးသပ်ချက်များသာဖြစ်နေသည် ဟု
ဆိုချင်သည် ။
   ( ခ )  အချက်အလက်၌ နိုင်ငံအနှံ့အပြားတွင် နေထိုင်သူ
ဘင်္ဂလီမူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အမြဲမပြတ် လုပ်ဆောင်လျှက်
ရှိသည်ဟု သုံးသပ်ရေးထားသည်မှာ အလွန်တရာ အောက်တန်းကျပြီး နိုင်ငံတော်
သမ္မတကြီး၏ သ၀ဏ်လွှာနှင့် ပူးတွဲထည့်ပြီး တင်ပြစေသည်မှာ လွန်စွာ သိက္ခာမဲ
့လွန်းနေသည် ။ ရခိုင်လူမျိုးတို့ မှာ ဗုဒ္ဒဘာသာဝင်လူမျိုးများဖြစ်၍
ရန်လိုစိတ်များ ၊ မနာလိုစိတ်များ ၊ ငြူစူမှုများသာ ရှိနေခဲ့ လျှင် ယခုအထိ
ဘင်္ဂလီမူဆလင် လူမျိုးများ လူဦးရေများပြားလာခြင်းကို လက်မခံဘဲ ကန်
့ကွက်တားမြစ် ပြောဆိုနေမည်သာဖြစ်သည် ။ ရခိုင်လူမျိုးတို့ က သူတို
့နယ်မြေတွင် ဖြစ်ချင်သလို ဖြစ်နေကြသော ၄င်းလူမျိုးများ၏
လူဦးရေပေါက်ဖွါးခြင်းနှင့် နယ်မြေများ ချဲ့ ထွင်နေခြင်းမှာ အစိုးရ၏
တာဝန်သာဖြစ်သည်ဟု ဆိုပြီး မသိမသာ နေပေးနေကြခြင်းဖြစ်သည် ။
ယခုအရေးအခင်းမှာ ရန်းဗြဲမြို့ နယ် နှင့် တောင်ကုတ်မြို့ မှ စတင်ခဲ့ ပြီး
မောင်တောမြို့ မှ ဘင်္ဂလီမူဆလင် လူမျိုးတို့ ၏ ရမ်းကားခြင်းမှ
ရခိုင်ပြည်နယ် တခုလုံးကို ပြန့်နှံ့ သွားခြင်းဖြစ်သည် ။ ဤပြသနာ၏ အဓိကမှာ
ရခိုင်လူမျိုးများကစတင် ဖန်တီးသော အခြေအနေမဟုတ်ကြောင်း ကမ္ဘာကြီးကပါ
သိရှိထားပြီးဖြစ်သည် ။ ထို့ ကြောင့် ဤအချက်ပါ စွပ်စွဲချက်မှာ တဖက်သတ်
စွပ်စွဲခြင်းသာဖြစ်၍ နောင်ဖြစ်ပွါးစေမည့် ပဋိပက္ခအတွက်
မီးစာတပ်ဆင်ထားခြင်းမျိုးသာ ဖြစ်ပါကြောင်း တင်ပြလိုသည် ။
 ( ဂ ) ဤအချက်ပါသုံးသပ်ချက်မှာ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်၏
အကျိုးစီးပွါးကို ဖေါ်ဆောင်ခြင်းမပြု ၊ ကာကွယ်စောင့်ရှောက်ခြင်းကို မပြု ၊
သယံဇါတများကို အစိုးရမှ ယူငင်သုံးစွဲခြင်းသာ ရှိသည်ဟု စွပ်စွဲခြင်း ၊
၎င်းမှာ တိုင်းရင်းသားလူမျိုးများ ချစ်ကြည်သွေးစည်းရေးကို
ပျက်စီးစေခြင်းဖြစ်သည်ဟု ဆိုကာ ရခိုင်လူမျိုးများအား တုံ့
့ပြန်တိုက်ခိုက် သုံးသပ်ထားသည်ကို တွေ့ ရသည် ။ ဤအချက်အလက်မှာ ခေတ်အဆက်ဆက်
ရခိုင်ပြည်နယ်ကို ရစရာမရှိအောင် အုပ်စိုးခဲ့ သော
တန်းတူအခွင့်အရေးမရှိခြင်း ၊  သယံဇါတ မြေပေါ်မြေအောက် ရေပေါ်ရေအောက်များမှ
ထွက်ရှိသော သဘာဝဂါတ်စ်များ၏ အကျိုးကျေးဇူးများကို မခံစားရခြင်းကို
လူလိုသူလို လူတန်းစေ့ နေနိုင်အောင် ဆောင်ရွက်ပေးရန် ငြိမ်းချမ်းစွာ
တောင်းဆိုနေကြခြင်းဖြစ်သည် ။ ၄င်းကဲ့ သို့ တောင်းဆိုချက်မှာ
တိုင်းရင်းသားချစ်ကြည်သွေးစည်းရေးကို ပျက်ပြားစေသည်ဟု သုံးသပ်သူမှာ
သူခိုးက လူဟု ပြန်လည်ဟစ်သော သူများလို ဖြစ်နေသည် ။ ဘင်္ဂလားပင်လယ်အော်မှ
မုန်တိုင်းဒဏ်ကို ရခိုင်လူမျိုးတို့  ခံစားပြီး ဘင်္ဂလားပင်လယ်အော်မှ
ရရှိသော အမေရိကန် ဒေါ်လာငွေများကိုမူ အုပ်ချုပ်သူ အစိုးရ - ( သမ္မတ
အပါအ၀င် ဗိုလ်ချုပ်ကြီး ) -ကသာ ခံစားစေသည်ဟု ဆိုတော့
ကာယကံရှင်များဖြစ်သော သူတို့ တွေ၏ တောင်းဆိုချက်မှာ မှားယွင်းမှုမရှိ၍
ယခုစွပ်စွဲ သုံးသပ်ပြောဆိုချက်ကို ရှုတ်ချပါကြောင်း ထပ်လောင်း
ပြောချင်သည် ။
   ( ဃ ) အချက်လက်ပါအရ နယ်စပ်ဖြတ်ကျော်ပြီး လူများခိုးဝင်မှုကို
တရားဝင်ဖြစ်စေရန် လူဝင်မှုကြီးကြပ်ရေးဋ္ဌါနမှ လာဘ်စားမှုကြောင့် ဖြစ်သည်ဟု
စွပ်စွဲမှုအချို့ ရှိသည်ဟု သုံးသပ်ထားခြင်းမှာ  ခေတ်အဆက်ဆက်
အစိုးရအဆက်ဆက်များ၏ လာဘ်စားမှုကြောင့်သာ ဖြစ်သောကြောင့် ဤရွေ့ဤမျှ
လူဦးရေ များပြားနေခြင်းဖြစ်သည် ။ ခိုးဝင်သောသူများများမှာ ဒေသခံ
ဋ္ဌါနေတိုင်းရင်းသားများထက် လူဦးရေ များပြားလာရာ ၄င်းအချက်ကို စွပ်စွဲမှု
တချို့ ရှိသည်ဟု သုံးသပ်ထားခြင်းမှာ ရခိုင်နိုင်ငံရေးပါတီများ ၊
ရခိုင်လူမျိုးများကို ဘင်္ဂလီမူဆလင်လူမျိုးနှင့် တဖက်လှည့်၍ ပဋိပက္ခကို
ကြီးထွားစေအောင် ပြုလုပ်ထားခြင်းဖြစ်သည် ။ စင်စစ်အားဖြင့် ခေတ်အဆက်ဆက်မှာ
ဤပြသနာကို အစိုးရဋ္ဌါနများကသာ လာဘ်စားပြီး မီးမွှေးထားခြင်းသာဖြစ်ကြောင်း
နိုင်ငံရေးသိပ္ပံပညာကို လေ့လာလိုက်စားသူတိုင်း သိရှိနားလည်ကြသည် ။
   ( င ) အချက်အလက်တွင် ကြံ့ ဖွံ့ပါတီမှ မဲအနိုင်ရရှိရေးကို
မျှော်ကိုးပြီး ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂလီမူဆလင်လူမျိုးမျာအား
မသင့်လျှော်စွာ ဆောင်ရွက်ပေးခြင်းရှိသည်ဟု သုံးသပ်ပြထားရာ ဤအချက်မှာ
သူတို့ အစိုးရ၏ ကြံရာပါ ဖွါးဖက်တော် ကြံ့ဖွံ့ ပါတီ၏
ဆောင်ရွက်ချက်များသာဖြစ်သည် ။  ဤအချက်ကို သံသယအငြင်း ထုတ်စရာမလို ။
လွှတ်တော်အထဲတွင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး မဟုတ်သော
ဘင်္ဂလီမူဆလင် ( ဦးရွှေမောင် ၊ ဦးအောင်ဇေါ်ဝင်း အပါအ၀င် အခြား ) လွှတ်တော်
ကိုယ်စားလှယ် နှစ်ဦးတို့ ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ
ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းဖယ်ရှားပေးရန် တင်ပြထားသည် ။  အတိအကျ
မှန်ကန်နေသော အကြောင်းအရာများကို လက်ပူးလက်ကြပ်မိထားပါလျှင်နှင့်
လွှတ်တော် ညီလာခံတွင် ၄င်းကိစ္စကို ထိရောက်စွာ မကိုင်တွယ်ဘဲ
ဘင်္ဂလီမူဆလင်လူမျိုးများနှင့် ရခိုင်လူမျိုးများအား ပဋိပက္ခများကို
ဆက်လက်ဖြစ်ပွါးအောင် သုံးသပ်ခြင်းသာ ဖြစ်သည်ဟု ဤအချက်ကို ထောက်ပြချင်သည်
   ( စ ) အချက်အလက်တွင် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ
ဘင်္ဂလီမူဆလင်များအား ဖြစ်လာနိုင်သည့်အခြေအနေကို နားလည်လက်ခံခြင်း
မရှိကြောင်း တွေ့ ရသည်ဟု သုံးသပ်ထားရာ ဤသုံးသပ်ချက်ကို ပြုစုရေးသားသူမှာ
ကုလားရခိုင် အဓိကရုဏ်းကို ဆက်လက်ဖြစ်ပွါးစေလိုသည့် ရည်ရွယ်ချက်ဖြင့်
သုံးသပ်ထားခြင်းဖြစ်သည်ဟု ပြောချင်သည် ။ အကြောင်းမှာ နယ်စပ်ဖြတ်ကျော်
ခိုးဝင်လာသော ဘင်္ဂလီမူဆလင်လူမျိုးများကို နယ်စပ်ဖြတ်ကျော် ခိုးဝင်၍ဖြစ်စေ
၊ လာဘ်ငွေများဖြင့် နိုင်ငံသားဖြစ်စေ ဘယ်လိုပင် အသိအမှတ်
ပြုဆောင်ရွက်စေကာမူ ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်လူမျိုးများက
လက်ပိုက်ကြည့်နေရုံမှအပ ဘာမျှ လုပ်ကိုင် ဆောင်ရွက်နိုင်သူမဟုတ် ။
အာဏာရှိသူမဟုတ် ။ လက်ခံခြင်း မခံခြင်း ဆိုသည်မှာ ဥပဒေကို လိုသည့်အခါ
တမျိုး ၊ မလိုသည့်အခါ တမျိုး ပြုလုပ်နေသော အစိုးရ၏ လက်ထဲမှာသာ ရှိသည် ။
ထို့ ကြောင့် ရခိုင်လူမျိုးများအား ဘင်္ဂလီမူဆလင်လူမျိုးတို့ နှင့်
ကမ္ဘာမကြေသရွေ့  မပြီးပြတ်သော ရေရှည် မုန်းတီးမှုမျိုးကို ဖြစ်ပွါးစေသည့်
ဤအချက်အလက်ကို လုံးဝဆန့် ကျင်ကန့် ကွက်ကြောင်း တင်ပြလိုသည် ။
( ဆ ) အချက်အလက်တွင် ဘင်္ဂလီမူဆလင်လူမျိုးတို့ ကိုသာ တဖက်သတ်အကူအညီများ
ပေးနေသည်ဟု ရှုမြင်ခြင်းဖြင့် ကုလသမ္မဂအဖွဲ့ အစည်းနှင့်
နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းအများအား အငြိုးထားကာ ယင်းအဖွဲ
့အစည်းများအား ၄င်းဒေသတွင် မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်ထားသည်
ဆိုခြင်းမှာ  နေ့ တဓူဝ တွေ့ မြင်ထိတွေ့ နေသော ရခိုင်ပြည်နယ်မှ
ရခိုင်လူမျိုးများအပါအ၀င် ၄င်းဒေသရှိ အစိုးရဋ္ဌါနပေါင်းစုံမှ ၀န်ထမ်းတိုင်း
လူတိုင်းသိရှိကြပြီးဖြစ်သည် ။ မနေရဲအောင် ပြုလုပ်သူများမှာ
အမှန်တကယ်အားဖြင့် မောင်တောမြို့ နယ်၌ ဒုက္ခကြီးစွာ ရောက်နေကြသော
ရခိုင်လူမျိုးများ မဟုတ်ဘဲ ဘင်္ဂလီမူဆလင်လူမျိုးများကသာ ဖန်တီးနေသည်ကို
နယ်စပ်ဒေသရေးရာဝန်ကြီး၏ တင်ပြထားသော စာတမ်းပါ ဗွီဒီိယိုဖိုင်
ဓါတ်ပုံများကိုကြည့်ပါက သိသာနိုင်သည် ။ ရခိုင်ပြည်နယ်တ၀န်းတွင်
ခဲများဖြင့် ပစ်ပေါက်ခြင်း ၊ နေအိမ်များကို မီးရို့ ခြင်း ၊
လူသတ်ဖြတ်ခြင်း  ၊ လူစုလူဝေးများဖြင့် စစ်တပ်မှ ဗိုလ်မှူး တပ်သား အပါအ၀င်
 မည်သူမဆို လက်ညိုးထိုးပြီး လုံကျီကွင်းလုံးချွတ်ကာ ဆဲဆိုပြောနေသူများ ၊
စစ်တပ်မှ တာဝန်ရှိသူ ရဲဖက်မှ တာဝန်ရှိသူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း ၊
ဓါတ်ပုံများတွင် သေသေချာချာ မြင်တွေ့ နိုင်ကြသည် ။ ပြီးတော့- UNHCR –
INGOs -တို့ ကို  ယခုမှ ဤအဖွဲ့ အား ကန့် ကွက်ပြောဆိုခြင်းမှာ ယခုဖြစ်စဉ်၌
၎င်းအဖွဲ့ အစည်းအများထဲတွင် ပါဝင်ပတ်သူ ၀န်ထမ်းများက ရှိနေခဲ့ ကြ၍
၎င်းဝန်ထမ်းများ၏ ကောက်ကျစ်သော အပြုအမူများကြောင့်၎င်း ၊ နောင်လည်း
ဖြစ်ပေါ်လာမည်ကို သိရှိကြ၍ ကန့် ကွက်နေကြခြင်းဖြစ်သည် ။ အစိုးရက
ဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ကို လက်မခံခြင်းဟု
ပြောဆိုထားခြင်းမရှိ ။
 ( ဇ ) အချက်အလက်တွင် စီးပွါးရေးလုပ်ငန်းရှင်များက ပဋိပက္ခကြောင့်
ရပ်ဆိုင်းခံနေရသည့် ဘ၈င်္လီမူလင်စီးပွါးရေးလုပ်ငန်းမျာကို အချောင်ယူရန်
ကြိုးပမ်းလာကြကြောင်းတွေ့ ရှိရသည်ဟု စွပ်စွဲထားခြင်းမှာ မည်သို့ မျှ
အဓိပ္ပယ်မရှိသော သုံးသပ်ချက်ဖြစ်သည် ။ ရခိုင်ပြည်နယ်တွင် အစိုးရနှင့်
စစ်တပ်တို့ မှ အရာရာကို ချုပ်ကိုင်ထားရာ အုပ်ချုပ်ရေးယန္တယားတခုလုံး၏
အောက်မှာ လည်ပတ်နေသော မည်သည့်လုပ်ငန်းမျိုးမဆို အစိုးရ၏ သဘောဆန္ဒအတိုင်း
ဖြစ်စေရခြင်းသာဖြစ်သည် ။ မီေးလာင်မြေ ကို သောက်ရေတွင်း ပြုလုပ်လျှင်လည်း
သူတို့ သာ လုပ်နိုင်ပြီး သချိင်္ုင်းမြေကို ဟိုတယ်ဆောက်ရန်လည်း အာဏာက
အစိုးရလက်ထဲမှာသာ ရှိနေရာ ယခုကဲ့ သို့ 
ရခိုင်လူမျိုးစီးပွါးရေးလုပ်ငန်းရှင်များအား စွပ်စွဲခြင်းမှာ
လုံးဝအောက်တန်းကျနေခြင်းဖြစ်သည် ။ အဓိကအားဖြင့် ယခုသုံးသပ်ချက်မှာ
ပဋိပက္ခများကို မည်သို့ မည်ပုံ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်
ပဋိပက္ခဖြစ်စဉ်များကို တင်ပြပြီး နောင်မဖြစ်စေရန် သုံးသပ်ခြင်းမျိုးမဟုတ်
။ ထို့ ကြောင့် ဤသုံးသပ်ချက်ပါစာတမ်းအား ပြည်သူ့ လွှတ်တော်ညီလာခံကျင်းပရာ၌
မှတ်တမ်းမှတ်ရာအဖြစ် လက်မခံငြင်းပယ်ခံရသည်မှာ  သဘာဝကျသည် ။
       သမ္မတကြီး ဦးသိန်းစိန်အဖို့  ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်၍
စုံစမ်းစစ်ဆေးရေးကော်မီတီကို ( ၁၇-၈-၂၀၁၂ ) နေ့ တွင် ဖွဲ
့စည်းပြီးပြီဖြစ်ရာ နောင်ကို လူမျိုးရေးပဋိပက္ခဖြစ်စေမည့်
သုံးသပ်ချက်များကို မိမိ၏ သ၀ဏ်လွှာများ ၊ ကြေညာစာများနှင့် ပူးတွဲ
မဖေါ်ပြရန် အထူးသတိပြု ရှောင်ကြည်ရန်လိုပါသည် ။ ဤသုံးသပ်ချက်ကို
လက်မခံသလို အငြင်းပွါးစရာများလည်း ရှိနေသည်ကို သိထားပြီးမှ ပူးတွဲ
ဖေါ်ပြသည်ဆိုရာမှာလည်း လက်ခံနိုင်စရာအကြောင်းမရှိချေ ။ မည်သို့ ပင်ဆိုစေ
ယခု သမ္မတကြီးဦးသိန်းစိန်၏ သ၀ဏ်လွှာနှင့် ပူးတွဲ ဖေါ်ပြထားသော စာတမ်းပါ
အချက်အလက်များတွင် ဘင်္ဂလီမူဆလင် လူမျိုးများ အဖြစ် သုံးစွဲထားသည့် အတွက်
အစိုးရမှ သတ်မှတ်ကြေညာထားသည့်အတိုင်း မြန်မာနိုင်ငံ၏
တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိကြောင်းကို
သက်သေထူဖေါ်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်သည် ။ တချိန်တည်းမှာပင်
မီဒီယာများနှင့် နိုင်ငံတကာများကိုပါ နိုင်ငံခြားရေးဝန်ကြီးဋ္ဌါနမှ အမိန်
့စာဖြင့် လုပ်ကြံဖန်တီးရေးသား ပြောဆိုနေကြခြင်းကို တားမြစ်သည်ဟု
ကြေညာချက်ထုတ်ပြန်လိုက်သည်ကိုလည်း ကြိုဆိုပါသည် ။ သို့ သော် ယခုလက်ရှိ
မြန်မာဘာသာဖြင့် ထုတ်ဝေနေကြသော ဂျာနယ်များ ၊ မီဒီယာများတွင်
သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ မြန်မာနိုင်ငံမှာ  ၄င်း လူမျိုး
မရှိကြောင်းကို ကြေညာပြောဆိုနေသည့်တိုင် ရေဒီိယိုများ ၊ မီဒီယာများက
သုံးစွဲရေးနေကြဆဲ ဖြစ်သည် ။ ယခုကဲ့ သို့  လုံးဝ
ဖန်တီးလုပ်ကြံမပြုလုပ်ကြပါရန် ကြေညာချက်ထုတ်ပြန်ထားသည့် တိုင် ဆက်လက်
ပြောဆိုရေးသးးနေသူများကို ထိရောက်စွာ ဥပဒေနှင့်အညီ
အရေးယူရန်လိုအပ်ပါကြောင်း ထောက်ပြလိုသည် ။ အကယ်၍ ပွဲဆူအောင်သက်သက်သာ
သမ္မတကြီးဦးသိန်းစိန်၏ သ၀ဏ်လွှာကို အသုံးချပြီး နောင်ပဋိပက္ခများအတွက်
လောင်စာများ ထည့်ပေးနေကြမည်ဆိုပါက ဤပဋိပက္ခ၏ တစ်တရားခံမှာ
မည်သူဖြစ်မည်နည်းဆိုသည်ကို ခန့် မှန်းပြောလာကြလျှင် သမိုင်းက အဆုံးအဖြတ်
ပေးကြမည်ဖြစ်ပါကြောင်း ။။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
အမိုး ရဲ့သား လွတ်တော်ထဲ ဒီနေ့ရောက်
ရွှေည၀ါဆရာတော်ဘတ်ဖဲလိုးလေဆိပ်သို့ရောက်ရှိစဉ်
မနက်ပိုင်းတွင် ခွပ်ဒေါင်းအလံလွှင့်တင်ပွဲ အခန်းအနားသို့  ရွှေညဝါဆရာတော်ကိုယ်တိုင် တက်ရောက်ဖြစ်ပြီး..ညနေပိုင်းတွင် တရားပွဲ ဆက်လက်ကျင်းပပါမည်။
နိုင်ငံတော်သမ္မတ၏သ၀ဏ်လွှာဆိုင်ရာမှုးဇော်၏ရှင်းလင်းတင်ပြချက်
ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်
by Hmuu Zaw on Friday, August 24, 2012 at 1:21am ·
၁။       နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။
၂။        နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာတွင် (၂)ပိုင်း ပါရှိပါသည်။
အပိုင်း(၁)မှာ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရေးသားပေးပို့သော  သ၀ဏ်လွှာ  ဖြစ်ပါသည်။ [ စာပိုဒ်(၁)မှ စာပိုဒ်(၆)အထိ စာမျက်နှာ (၃)မျက်နှာ ပါဝင်ပါသည်။]
၃။       အပိုင်း(၂)မှာ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" ဖြစ်ပါသည်။ [ ယင်းသတင်းသုံးသပ်ချက်မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ထားသည့် နိုင်ငံတော်သမ္မတထံ တင်ပြချက် သာ ဖြစ်ပါသည်။]
၎။      နိုင်ငံတော်သမ္မတ၏ ရည်ရွယ်ချက်မှာ အဆိုပါ ဘက်ပေါင်းစုံ သဘောထား အမြင်များ ကွဲပြားမှုများ ရှိနေပြီး ဆက်စပ်နေသည့် ဌာန၊ အဖွဲ့ အစည်းများ၏ ထင်မြင်ယူဆချက်များ၊ ဖော်ပြနေသော သတင်းများ၊ သုံးသပ်ချက်များမှာ တိကျမှန်ကန်သော ဖြေရှင်းချက် မဟုတ် ဟူ၍ နိုင်ငံတော် သမ္မတကြီးက လက်ခံထားပါသည်။ ယင်းသုံးသပ်ချက်များသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် မဟုတ်ပါ။ တင်ပြလာသော သတင်းများအပေါ် အဖွဲ့အစည်းအမျိုးမျိုး၏ သုံးသပ်တင်ပြချက်များသာ ဖြစ်ပါသည်။ သုံးသပ်ချက်များမှာလည်း ၀ိဝါဒ ကွဲပြားစရာ အငြင်းပွားဖွယ်ရာများ ပါဝင်နေသလို မဆုံးနိုင်သော စွပ်စွဲမှုများ ပါရှိနေပါသည်။
၅။        ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွတ်လပ်ပြီး တရားမျှတကာ ဘက်လိုက်မှု ကင်းရှင်းသော လေ့လာသုံးသပ်ချက် တစ်ရပ် ထွက်ပေါ် လာစေရန် ရည်ရွယ်၍ (၁၇-၈-၂၀၁၂)ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ (အမှတ်၊ ၅၈။၂၀၁၂) ဖြင့် သီးခြားလွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခြင်း ဖြစ်ပါသည်။ ယင်းကော်မရှင်၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို အခြေပြု၍ လက်တွေ့ကျသော အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ အမျိုးမျိုး ဖြစ်ပေါ်နေသော အဆိုပါ စွပ်စွဲပြောကြားချက်များသည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာချိန်တွင် ရှင်းလင်းစွာ သိမြင်လာစေမည် ဖြစ်ပါသည်။
၆။     "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း"  သည် နိုင်ငံတော်သမ္မတထံ တင်ပြလာသော သတင်းသုံးသပ်ချက်များသာ ဖြစ်ပြီး သ၀ဏ်လွှာ မဟုတ်ပါ။ နိုင်ငံတော်သမ္မတက ပေးပို့သောသ၀ဏ်လွှာမှာ စာပိုဒ်(၁)မှ (၆)အထိ ပါဝင်သော ဖော်ပြချက်များသာ ဖြစ်ပါသည်။
၇။     နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ရန် ကတိသစ္စာ ပြုထားသည်နှင့်အညီ မိမိနိုင်ငံတော်နှင့် မိမိနိုင်ငံသား(အထူးသဖြင့် ဇာတိနိုင်ငံသား)တို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက် ရှိပါကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါသည်။