Saturday, August 25, 2012

ဤဆိုင်ဘုတ်များကို ကျောင်းဝင်းအတွင်း လိုက်လံချိတ်စွဲ ပြသထား

Ko Nyi

ကံတက်ကုန်း မစိုရိမ်တိုက်သစ်(မန္တလေးမြို့ ) ဗ/က ကျောင်းဝင်းအတွင်း ..ကျောင်းသား၊ကျောင်းသူများ ..အား..သိရှိအားကျ ..အတုယူစေရန် ...ဤဆိုင်ဘုတ်များကို ကျောင်းဝင်းအတွင်း လိုက်လံချိတ်စွဲ ပြသထား....

မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော ရခိုင်များအား ဘင်္ဂလီမူဆလင်များ အနိုင်ကျင့်သတ်ဖြတ်

Kyaw Hla Sein
 August 21

မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော ရခိုင်များအား ဘင်္ဂလီမူဆလင်များ အနိုင်ကျင့်သတ်ဖြတ်သည့် အမှုများနှင့်ပက်သက်၍ မလေးရှားအစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက် စစ်ဆေးခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်း၏ ဂယက်ရိုက်ခတ်မှု့ကြောင့် မလေးရှားဒေသခံများနှင့် မလေးရှားရှိ ဘင်္ဂလီမူဆလင်များထံ မလေးရှားရောက် ရခိုင်များ အနိုင်ကျင့် သတ်ဖြတ်ခံရမှုများကိ
ု မလေးရှားအာဏာပိုင်များသို့ တိုင်ကြားထားသော်လည်း ရဲအရာရှိများက ယင်းအမှုများနှင့် ပက်သက်သည့် တရားခံများကို ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

"အလုပ်က ပြန်လာချိန်မှာ သတ်ဖြတ်ခံရတာ၊ အခန်းကိုလာပြီး သတ်ဖြတ်ဖို့ကြိုးစားတာတွေ၊ ပြီးတော့ လိုင်းကားပေါ်မှာ အနိုင်ကျင့်ခံကြရတာ ကျနော်သိသလောက်ဆို ရခိုင်တိုင်းရင်းသား ၃ဦး သေဆုံးပြီး၊ ၄ဦး ဒဏ်ရာရှိထားပါတယ်။ မလေးမှာ မြန်မာနိုင်ငံသားတွေအတွက် လုံးဝလုံခြုံမှုမရှိဘူး။ ရဲအာဏာပိုင်တွေကလည်း အခုဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ ပက်သက်လို့ အခုချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာ၊ နောက်ဒီလိုအမှုတွေ မဖြစ်အောင် တစ်စုံတစ်ရာလုပ်ဆောင်နေတာတွေ ဘာမှမရှိဘူး။ အလုပ်ခွင်ထဲမှာဆိုလည်း ကျွန်တော်တို့ကို ဘင်္ဂလီတွေ၊ မလေးတွေက မြန်မာလား၊ ရခိုင်လားဆိုပြီး လာမေးကြတယ်၊ အဲဒီတော့ သူတို့က မြန်မာတွေ၊ ရခိုင်တွေကိုဆိုရင် အနိုင်ကျင့် သတ်ဖြတ်မယ့် သဘောမှာရှိတာပေါ့။ ဒါကြောင့် အလုပ်ခွင်ထဲမှာလည်း ကျနော်တို့ အမြဲတမ်း သတိပြုပြီး စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်နေရပါတယ်။"ဟု မလေးရှားရောက် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုဇော်မိုးက ပြောသည်။

ကိုမင်းမင်းထွန်း ဇွန်လ ၁၁ရက်နေ့ ညနေအလုပ်က ပြန်လာချိန်တွင် သူ့အခန်းသို့ မရောက်ရှိဘဲ ယခုချိန်ထိပျောက်ဆုံးနေကြောင်း၊ မလေးရှားနိုင်ငံ ကိုတာသီဂီမြို့တွင် နေထိုင်ကြသော ကိုအောင်ဇော်မိုး၊ ကိုစိုးချေ၊ ကိုအချောက် ၃ဦးတို့မှာ ဇွန်လ ၁၁ရက်နေ့က ဘင်္ဂလီတစ်စုနှင့် မလေးရှားဒေသခံများ၏ အနိုင်ကျင့် သတ်ဖြတ်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပြီး တစ်ဦးမှာ ကိုတာသီဂီ ဆေးရုံတွင် ဆေးကုသခံနေရကြောင်း၊ ဇူလိုင်လ ၁၂ရက်နေ့တွင် ကိုလင်းနိုင်ဆိုသူအား ဘင်္ဂလီများမှ ဓါးဖြင့်ခုတ်ရာ ဦးခေါင်းနောက်စည်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကလန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ကိုစိုးနိုင်၊ ကိုကျော်သိန်းတို့ နှစ်ဦးသည် ဇူလိုင်လ ၁၈ရက်နေ့ အန်ပန်းမြို့နယ် ၁၄မိုင်တွင် ဘင်္ဂလီများနှင့် မလေးရှားဒေသခံများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီး တောထဲတစ်နေရာတွင် ၄င်းတို့အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ဇူလိုင်လ ၂၈ရက်နေ့က လိုင်းကားပေါ်တွင် လိုက်ပါလာသော ရခိုင်များအား လိုင်းကားပေါ်မှဆွဲချကာ ရိုက်နှက်မှုများ တစ်ဘက်နှင့်တစ်ဘက် ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။

"အခုဖြစ်ပွားခဲ့တဲ့အမှုတွေဟာ ဘင်္ဂလီတွေ မလေးရှားနိုင်ငံက လူကြမ်းတွေကို ပိုက်ဆံပေးပြီး သူတို့နဲ့ ပူပေါင်းပြီးတော့မှ အနိုင်ကျင့်သတ်ဖြတ်တာတွေပါ၊ မလေးနိုင်ငံသားတွေကိုက ဒီအမှုတွေထဲမှာ ပါဝင်နေလို့ ရဲအာဏာပိုင်တွေကလည်း လိုက်လျူရှုထားတာလို့ ကျနော်ယူဆမိပါတယ်။ မြန်မာသံရုံးလည်း ဒီအမှုတွေနဲ့ ပက်သက်ပြီးတော့ မလေးအစိုးရဆီ တရားခံတွေကို တစ်စုံတစ်ရာ အရေးယူပေးဖို့ တောင်းဆိုတာတွေလည်း ကျနော်တို့မသိရှိရဘူး။ အရင်ကတည်းက မြန်မာသံရုံးမှာ ဘာဘဲသွားပြောပြော လိုက်လံဖြေရှင်းပေးတာမရှိတော့ ကျနော်တို့အနေနဲ့လည်း ကိုယ့်နိုင်ငံသံရုံးအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားမိတော့ဘူးဗျာ"ဟု ကိုဇော်မိုးက ဆက်လက်ပြောကြားသည်။

မလေးရှားနိုင်ငံသည် Organisation of Islamic Cooperation အဖွဲ့ဝင် ၅၇နိုင်ငံထဲတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

နိုင်ငံတခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော ပြီ



မရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့်ဆူပူအကြမ်းဖက်မှုသည် မြန်မာနိုင်ငံခြံစည်းရိုး၊ တံခါးများကျိုးပေါက်ခြင်းကို အခြေခံကာဖြစ်
ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့်
နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန်လိုအပ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေးကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြား


ခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံရဲ့အနောက်ဘက်တံခါးကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။ မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံလို့ပြောရမယ့် အနေအထားမရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော်အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့ ခြံစည်းရိုးကိုသတ်မှတ်ပြီး လုံခြုံမှုအပြည့်အ၀ ရှိအောင်လုပ်ဖို့လိုတယ် " ဟု ဦးကျော်သူက ပြောသည်။

အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦးဝင်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင်သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင်အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ်မသွားအောင် ရခိုင်တိုင်းရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေးနေကြောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်) အထွေထွေအတွင်း ရေးမှူး

ဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသောနည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် အထူးစီမံချက်တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စား
လှယ် မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးတွင် (၂၂)ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စောသေးကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။

Arakan Times

ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း လယ်ယာမြေ သိမ်းပိုက်ပွဲ

Eleven Media Group


မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်ပတ်သက်ပြီး သိမ်းဆည်းခံခဲ့ရသော လယ်ဧက ၇၈၀၀အတွက် ဒေသခံ (၂၂)ရွာမှ ရွာသူရွာသားများသည် ၄င်းတို့ ပိုင်ဆိုင်သော လယ်မြေများ ပြန်လည် ရရှိရန် ဆန္ဒဖေါ်ထုတ်မှုများ သြဂုတ်လ တတိယပတ်တွင် နေစဉ်ဆိုသလို ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရသည်။

သြဂုတ်လ (၂၄)ရက်နေ့က ရွာသားများသည် ၄င်းတို့ပိုင်ဆိုင်သော မြေယာများအပေါ်တွင် "ကျေးရွာပိုင်မြေများ မည်သူမျှ လုံးဝမကျူးကျော်ရ" ဆိုင်းဘုတ်စိုက်ထူရန် သွားရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၄၀၀)ခန့်က ဒိုင်းများ ရာဘာတုတ်များဖြင့် ခြောက်လှန့် လူစုခွဲခဲ့ကြောင်း သိရသည်။

စစ်တပ်က ချုပ်ကိုင်ထားတဲ့ လွှတ်တော် အစိုးရ

လူရွှင်တော်အရိုင်းကိုကန့်ကွက်ခြင်း

  ဦးအရိုင်းခင်ဗျား ၀င်းချိုသာ ဆန္ဒမပြရင် ကုမ်ပဏီက တောင်သူ တွေကို အခုလို လူလိုသူလို ခေါ်လျော်ပါ့မလား ခင်ဗျား ။ ဆန္ဒပြသူတွေကို ညစ်ထားပြီး ကျန်သူတွေကို ရွေးလျော်တာကိုးဗျ ။ ခက်တာက ဆန္ဒပြသူတွေမရှိရင် အခုလူတွေကို မလျော်ဘူးဆိုတဲ့ အတွင်းစိတ်ကလေးကိုမြင်အောင်ကြည့်ပါဗျာ ။

နေမျိုးဝေ

အိမ်မှာ ဒုက္ခသည်စခန်းဖွင့်လိုက်တဲ့ ပုသိမ်သူ

rMyatphone Linn

ပုသိမ်မြို့ ရေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ၃၃ ခုထဲက တချို့ကို လိုက်ကြည့်နေတုန်း အမှတ် (၈) ရပ်ကွက်ထဲက “ဒေါ်သန်းဌေး ရေဘေး ကယ်ဆယ်ရေးစခန်း” ဆိုတဲ့ နာမည်ဆန်းဆန်း စခန်းကို ရောက်သွားပါတယ်။

တခြား စခန်းတွေဟာ ဓမ္မာရုံတွေ ဘုန်းကြီးကျောင်းတွေမှာ ဖြစ်ပေမယ့် ဒီစခန်းကတော့ ပုသိမ်မြို့ရဲ့ တခုတည်းသော လူနေအိမ် ဒုက္ခသည်စခန်းပါ။

အသက် ၅၈ နှစ်အရွယ် ဒေါ်သန်းဌေး (ဓါတ်ပုံ)

ဘာလို့ “ဒေါ်သန်းဌေး ရေဘေးကယ်ဆယ်ရေးစခန်း” လို့ နာမည်ပေးထားလဲဆိုတော့ အမှတ် (၈) ရပ်ကွက် ဧရာမင်းဈေးနားက ဒေါ်သန်းဌေးက သူပိုင်တဲ့နေအိမ် ၂ ခုစလုံးကို ဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ပြီး ရေဘေး ဒုက္ခသည်တွေကို စောင့်ရှောက်ထားလို့ပါပဲ။

ဒုက္ခသည်စခန်း တစ်ခုဖွင့်ထားတဲ့ ပျဉ်ထောင်သွပ်မိုး တစ်ထပ်အိမ်ဟာ ဒီနှစ်ဆန်းပိုင်းကမှ ဆောက်ထားခဲ့တာကြောင့် လူမနေရသေးတဲ့ အိမ်အသစ်ဖြစ်ပြီး အိမ်ခန်းငှားစားဖို့အတွက် အထဲမှာ အခန်း ၃ ခန်း ကန့်ထားတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ ဒေါ်သန်းဌေးက အိမ်ငှားတွေအစား ရေဘေးဒုက္ခသည် ၁၈၉ ဦးကို အိမ်ပေါ် ခေါ်တင်ထားလို့ အိမ်ခန်း ၃ ခန်းစလုံး ဒုက္ခသည်တွေနဲ့ ပြည့်နေပါတယ်။

“ရေတွေတက်လာတော့ လူတွေက နေစရာ မရှိတော့ဘူး။ အိမ်တွေထားခဲ့ပြီး ပြေးတက်လာကြပြီ။ သူတို့ (ဒုက္ခသည်တွေ) က ဒီအိမ်မှာ နေပါရစေလို့ လာပြောတဲ့အချိန်မှာ အန်တီက မြို့ထဲက ဆိုင်မှာ ရောက်နေတယ်။ အဲဒါနဲ့ ဒီကို ချက်ခြင်းလိုက်လာ အိမ်တံခါးသော့ ဖွင့်ပေးပြီး ဒုက္ခသည်တိုင်းကို အန်တီ့အိမ်က ဆန် ၂ ပြည်ဆီ အလကား ဝေပစ်လိုက်တယ်။ ချက်ခြင်း သူတို့ ချက်စားတယ်။ သူတို့က ၀၀လင်လင် မစားရတာ ၁၀ ရက်လောက် ရှိနေပြီလေ” လို့ ဒေါ်သန်းဌေးက ပြောပါတယ်။

မူလက ရပ်ကွက်ထဲက အိမ်နီးနားချင်း ဒုက္ခသည် ဆယ်ဂဏန်းလောက်ပဲ လက်ခံထားပေမယ့် ရပ်ကွက် ဘုန်းကြီးကျောင်းမှာ နေစရာ နေရာ မရှိတော့လို့ အခက်တွေ့နေတဲ့ ဒုက္ခသည်တွေကိုပါ ဘုန်းကြီးကျောင်းကနေ ခေါ်လာပြီး သူ့အိမ်မှာ နေရာချပေးခဲ့တယ်လို့ ခိုလှုံနေသူတွေက ပြောပါတယ်။

တဖြည်းဖြည်း ဒုက္ခသည်တွေများလာတော့ ညအိပ်ချိန်မှာ နေရာကြပ်တဲ့အတွက် ဒေါ်သန်းဌေးဟာ သူမရဲ့ မိသားစုနေအိမ် (RC နှစ်ထပ်တိုက်) ထဲကိုပါ ဒုက္ခသည်တွေကို ခေါ်သိပ်ခဲ့ပါတယ်။

“အန်တီ့အိမ်မှာ လူတွေ အများကြီးနေလို့ အိမ်ပျက်စီးမှာ မပျက်စီးမှာကို ခေါင်းထဲကို မထည့်ဘူး။ ဒီကုသိုလ်မျိုး ကိုယ်လိုချင်တိုင်း မရဘူး။ ဒီအိမ်ကြီး ပျက်စီးသွားလည်း အရေးမကြီးဘူး။ အဓိကက သူတို့ (ဒုက္ခသည်တွေ) အဆင်ပြေရင် ကျေနပ်ပြီ“ လို့ ဒေါ်သန်းဌေးက ပြောပါတယ်။

တဖက်မှာလည်း အလှူရှင်တွေ မလာမီစပ်ကြား ဒုက္ခသည်တွေကို သူမကပဲ ဒိုင်ခံ ချက်ကျွေးနေပြီး နောက်ပိုင်း ကူညီထောက်ပံ့မှုတွေ ရလာတဲ့အခါမှာလည်း မနက် ည တနပ်မှ မငတ်ရအောင် စီမံခန့်ခွဲပေးခဲ့တယ်လို့ အဲဒီ ရပ်ကွက်ထဲကလူတွေက ပြောပါတယ်။

သူနေတဲ့ နှစ်ထပ်တိုက်ထဲ ၀င်ကြည့်တဲ့အခါမှာ နေအိမ်ပရိဘောဂတွေကို အခန်းထောင့် နေရာလွတ်တွေမှာ စုပုံထားပြီး အိမ်အောက်ထပ် တထပ်လုံး ဒုက္ခသည်တွေ အိပ်လို့ရအောင် စီမံထားတာ တွေ့ရပါတယ်။

“ဒီကိုလာတဲ့ တချို့လူတွေမှာ ဖျာ မပါလာဘူး။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး ပါမလာဘူး။ အန်တီ့အိမ်က ဖျာ၊စောင်၊ခေါင်းအုံး ချပေးလိုက်တယ်။ အိမ်မှာ ရှိသမျှတွေ အကုန် ချပေးလိုက်တယ်” လို့ ဒေါ်သန်းဌေးက ပြောပါတယ်။

ပုသိမ်မြို့ထဲမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ဒေါ်သန်းဌေးဟာ နေအိမ်မှာ ဒုက္ခသည်စခန်း ဖွင့်ထားလို့ အခုချိန်မှာ စီးပွားရေးကို ခေါင်းထဲက လုံးဝ ထုတ်ထားကြောင်း ဆက်ပြောပြပါတယ်။

“ရေကျသွားရင် ကိုယ့်အိမ်ကို ကိုယ်ပြန်ကြ။ ရေပြန်မြုပ်တယ်နော် - ဒီကို အချိန်မရွေး တက်လာကြ။ သူတို့တွေကို အဲ့လို ပြောထားတယ်။ ပြန်တက်လာလို့ ပံ့ပိုးမှုတွေ မရှိလည်း ဇယားမရှိဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ် သူတို့ကို ချက်ကျွေးမယ်” ဆိုပြီး သူစိတ်ကူးထားတဲ့ အစီအစဉ်တွေကို ကျနော့်ကို ပြောပြနေပါတယ်။

ဒေါ်လေးက ဒီအိမ်ကို ရောင်းဖို့ ငှားဖို့ ဆောက်ထားတာဆိုတော့ ရေပြန်ကျပြီး နောက်တခါ ရေမတက်ခင် ဒီအိမ်ကို လာဝယ်တဲ့လူ ရှိရင် ဘယ်လိုလုပ်မလဲ။ ရောင်းပစ်မှာလားဆိုပြီး ကျနော်က ကြားဖြတ်မေးခွန်းမေးလိုက်ပါတယ်။

အဲဒီမှာ ချက်ခြင်းပဲ“ဘယ်လောက်ပေးပေး မရောင်းဘူး။ လုံးဝ မရောင်းဘူး။ ဒုက္ခသည်တွေကို လက်ခံဖို့ပဲ သီးသန့် ထားမယ်” ဆိုပြီး ကိုယ်ပိုင်အိမ်ကို ရက်ရက်ရောရော ဒုက္ခသည် စခန်းဖွင့်ပစ်တဲ့ အမျိုးသမီးကြီးက မဆိုင်းမတွ ပြန်ဖြေခဲ့ပါတယ်။

အဖွဲ့ချုပ်ဥက္ကဌကော့မှူးမြို့နယ်သို့သွားရောက်

rNational League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၂ခု၊သြဂုတ်လ(၂၅)ရက်နေ့နံနက်(၁၁)နာရီကကော့မှူးမြို့နယ်မဆယ်ဆိပ်ကျေးရွာ၊ရွှေတံခါးဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိခဲ့သည်။ရှေးဦးစွာဆရာတော်ထံတွင်လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး၊ငါးပါးသီလခံယူသည်။ထို့နောက်ကျေးရွာရှိပြည်သူများအားတွေ့ဆုံဆွေးနွေးခဲ့သည်။ရွှေတံခါးဘုန်းတော်ကြီးသင်မူလတန်းကျောင်းမှကလေးများအားသွားရောက်အားပေးစကားပြောကြားခဲ့ပြီးစာအုပ်၊ခဲတံနှင့်အခြားကျောင်းသုံးပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။