Wednesday, August 29, 2012

စနေနေ့မှစ၍ကနေဒါရောက်မြန်မာတွေဘင်္ဂလီများအားရှုံ့ချပွဲပြုလုပ်မည်

MEDIA ADVISORY: Burmese-Canadians to protest against dissemination of misinformation on communal conflict in Burma
TORONTO, August 29, 2012 – Members of Burmese community will gather this Saturday (September 1st, 2012) in Toronto to protest against misinformation on recent communal conflict in Western Burma. The rally will be calling to reflect the actual events taken place in Burma and present stories on both sides of the conflict, with a direct request to media in particular to carefully examine information, materials and stories distributed by some interest groups. Members of Burmese community are shocked by false allegations, fake pictures and insulting slogans in recent pro-Rohingya protests in Toronto, for such careless, random and inconsiderate attempts willy-nilly tarnish the image of Burmese community in general and Buddhist Burmese community in particular. DETAILS Burmese community members will initially gather at One Young Street (in front of the Toronto Star building) and will march to the Queen's Park. Date: Saturday, September 1st, 2012 Time: 1:00pm – 4:00pm Location: One Young Street and a march to Queen's Park at 2pm, Toronto, Canada
မီးခွက်ထွန်းသူများ

မည်သည့် လူမျိုးဖြစ်စေ ဒီနေ့ ငွေပေး မနက်ဖြန်မှတ်ပုံတင်ရအမြန်လုပ်ပေးနေပါသည်။


ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လူဝင်မှု လူမျိုးရေးနှင့် ပက်သက်ပြီး အကြီးကျယ်ပြသနာ တက်နေချိန်တွင် ကော့သောင်းမြို့ ရှိ လဝကဦးစီးမှူးစိုးမြင့်ထွန်
း ဦးဆောင်တဲ့ ရုံးအဖွဲ့ များသည် မည်သည့် လူမျိုးဖြစ်စေ ကြိုက်တဲ့ လူလာ အိမ်ထောင်စု မရှိသူဆိုလျှင်ဘတ်ငွေ(၃၅၀၀)၊ အိမ်ထောင်စုရှိပြီး လူဆိုလျှင် ဘတ်ငွေ(၁၀၀၀) ဖြင့်ဒီနေ့ ငွေပေး မနက်ဖြန်မှတ်ပုံတင်ရအမြန်လုပ်ပေးနေပါသည်။ ယခုဆိုလျှင် ကော့သောင်းနှင့်ရနောင်းနယ်စပ်ရှိ အိမ်ထောင်စု မရှိသူ ပရှူးမွတ်စလင် အများအပြား အလုံးရင်းဖြင့်လုပ်နေကြပါသည်။ အခြားမြို့ များတွင်ရှိ လူများသည်လည်း ထိုင်းနိုင်ငံသို့ အထွက်လွယ်ကူစေရန် ကော့သောင်းမှတ်ပုံတင်ကို ငွေနှင့်ဓတ်ပုံလှမ်းပို့ ၍ လုပ်နေကြပါသည်။

ယင်ကိစ္စနှင့်ပက်သက်၍ ကော့သောင်းမြို့ ရှိမည့်သူ့ ကိုမဆိုဆက်သွယ် မေးမြန်းနိုင်ပါသည်။ ဤလို နေရာမျိုးတွင် ယခုကဲ့သို့ ဝန်ထမ်းများရှိနေခြင်းမှာ တိုင်းပြည်အတွက် တကယ်ကြီးမားသော အန္တရာယ် တစ်ခု ဖြစ်ပါသောကြောင့် အချိန်မီ ကာကွယ်တားဆီးသင့်ကြောင်းနိုင်ငံတော် အကြီးကဲများအား လေးစားစွာ ပန်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ကော့သောင်းမြို့ ခံတစ်ဦး။

narinjara.com

ရှေ့နေကိုစောကျော်ကျော်မင်းအဖြူရောင်စာရင်းတွင်မပါ။

RFA Burmese

မကြာခင်က ထိုင်း-မြန်မာနယ်စပ်ကနေ ပြည်တွင်းပြန်လည် ရောက်ရှိပြီး အလုပ်သမား အခွင့်အရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုစောကျော်ကျော်မင်းကို ဒီကနေ့ အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ရှေ့နေ ကိုစောကျော်ကျော်မင်းဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင် ၂၀၀၈ ခုနှစ် အောက်တိုဘာလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ် ၁၁ ဦးရဲ့ နိုင်ငံရေးအမှုကို ရှေ့နေအဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီအမှု တရားရုံးချိန်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့
လှိုင်သာယာမြို့နယ် တရားရုံးမှာ အန်အယ်လ်ဒီ လူငယ်တွေက တရားမျှတမှု ကင်းမဲ့တဲ့ တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိတဲ့အတွက် တရားရုံးမှာ အားလုံး ကျောပေး ထိုင်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားသူကြီးက ရှေ့နေ စောကျော်ကျော်မင်းကို အမှုကြန့်ကြာအောင် လုပ်တယ်ဆိုပြီး တရားစွဲဆိုခဲ့ပါတယ်။ သူဟာ အမှုဆုံးဖြတ်ချက် မချခင်မှာပဲ ထိုင်း-မြန်မာနယ်စပ်ကို ထွက်သွားခဲ့ပါတယ်။

ဒီနှစ် ဖေဖေါ်ဝါရီလလောက်က ရှေ့နေစောကျော်ကျော်မင်း နဲ့ တစ်ချို့ဟာ
မြန်မာပြည် ပြန်ရောက်ပြီး အလုပ်သမားအခွင့်အရေးကိစ္စတွေကို လိုက်ပါ
ကူညီဆောင်ရွက်ပေးနေရင်း အရင်အမှုနဲ့ သူ့ကို ဒီကနေ့ အင်းစိန်ထောင်
တရားရုံးက ပစ်ဒဏ်ချပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။

စစ်ကြောင့် ဖားကန့်ပြည်သူများ ထပ်မံ ရှောင်တိမ်း


RFA Burmese



ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဖားကန့်အနီးရှိ ကျေးရွာတွေက
ပြည်သူတွေကို ကျေးရွာအာဏာပိုင်တွေက ရှောင်တိမ်းခိုင်းလို့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။

မနေ့ ည ၁၂ နာရီအချိန်လောက်မှာ ကျေးရွာအာဏာပိုင်တွေက ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွာသားတွေကို ဒီနေ့ မနက် ၈ နာရီမတိုင်ခင် အပြီးသတ်ရှောင်တိမ်းဖို့ ပြောဆိုတယ်လို့ ကိုယ်တိုင်ရွှေ့ပြောင်းနေရတဲ့ ရွာသားတစ်ယောက်က ပြောပါတယ်။

"မနေ့ညက ကျနော်တို့ ၁၂ နာရိလောက်မှ ကျနော်တို့ကို ၈ နာရီအထိပဲ အချိန်ပေးမယ်ဆိုပြီးမှ ဖယ်ခိုင်းနေတာ ကျနော်တို့ တညလုံးဖယ်နေတာ အခုထက်ထိ မအိပ်ရသေးဘူး။ အခုက ကျနော်ပြန်သွားချင်တာ ပစ္စည်းက ဘာမှ မပါခဲ့ဘူး။ ကျနော်တို့ ရပ်ကွက်မှုးတွေက လိုက်ဖယ်ခိုင်းတာ။ တပ်ကဖယ်ခိုင်းတာ ၃၃ လို့ပြောတာပဲ ကျနော်တို့လဲ ဖားကန့် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာရောက်နေတာ စောစောက တောင်ပြို၊ ဗလတ၊ မှော်မောင်းကုန်နားက ရွာတွေ အခုက ဟိုဘက်တွေလည်း အကုန်ရွှေ့ခိုင်းတယ်။"

အစိုးရတပ်တွေများလာပြီး ကေအိုင်အို တပ်တွေနဲ့ ထိပ်တိုက်တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး ဖားကန့်မြို့နယ်အတွင်းရှိ ရှတောင်ခ ကျေးရွာအနီးမှာ မနေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က စတင်ပြီး ဖားကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်လာတဲ့ အတွက် ဒေသခံပြည်သူအများစုဟာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေမှာ တိမ်းရှောင်နေကြရပေမယ့်
ရေရှည်မှာ စားဝတ်နေရေး အခက်အခဲဖြစ်နိုင်တယ်လို့ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသူက ပြောပါတယ်။

"တော်တော်တော့ကြပ်တယ်ဗျာ။ ကျနော်တမနက်လုံးရှာနေတာ အခုမှပဲ ရခဲ့တယ်။ ဒီမှာတော့ မဆိုးပါဘူး။ စားရေးသောက်ရေး နေရေး ထိုင်ရေး လည်း။ ဒါပေမဲ့လူကတော့ များလာပြီပေါ့ဗျာ။ ၀င်လာမစဲပေါ့။ ကြာရှည်တော့ မခံနိုင်ဘူးထင်တယ်ဗျ ။ ကျနော်တို့လည်း ရေရှည်ပဲကြောက်တာ။
ကျနော်တို့ ရပ်ကွက်က ဆန်သည်တို့ ဘာတို့ အကုန်လုံးလှူဒါန်းနေတယ်။ "

ခရစ္စယာန်ဘုရားကျောင်း ၁၀ ကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၄ ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ သောင်းနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာအစိုးရတပ်တွေဟာ ၂၀၁၁ ခုနှစ် ဇွန်လ ကတည်းက ကေအိုင်အို တပ်မဟာ ၃ ဒေသကို တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းရှိ တပ်မဟာ ၄၊ တပ်မဟာ ၅၊ ပန်ဝါဒေသရှိ တပ်မဟာ ၁ ဒေသနဲ့ အခုနောက်ဆုံး တပ်မဟာ ၂ ဒေသ ဖြစ်တဲ့ ဖားကန့်ကျောက်စိမ်းတွင်း
ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

(Photo courtesy of Lachid Kachin Facebook)

ရဲအုပ် ဝင်းမင်းသန့် မီးလောင်ခံရစဉ်က အသက်ရှိသည်။

RFA Burmese


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိ
တစ်ဦးဟာ ပျဉ်းမနား နေပြည်တော် မှာ မနေ့ညနေပိုင်းက ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ခံရပြီး သေဆုံးသွားကြောင်း RFA က စုံစမ်းသိရ ပါတယ်။

သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့် ဆိုသူဖြစ်ပြီး၊ သူသေဆုံးမှုနဲ့ပက်သက်လို့ အသေးစိတ် အချက်အလက်တွေ ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ရဲစခန်းမှုး ရဲအုပ်ဦး ကျော်မြင့်က RFA ကို ပြောကြားပါတယ်။

" သူ့ဖာသာသူ ရှို့သလား။ သူများရှို့သလားဆိုတာတော့ မသိသေးဘူး။ ဆရာဝန်ကြီးရဲ့ မှုခင်းသုံးသပ်ချက်က ကျွန်တော်တို့ဆီ မရောက်သေးဘူး။ ဒီနေ့မှ ခွဲစိတ်တာ ဆိုတော့လေ။ ဆရာဝန်ကြီးရဲ့ မှတ်ချက်လာရင်တော့
တော်တော်လေး ပြောလို့ ရတယ်ဗျ။ ဆရာဝန်ကြီး ကိုယ်တိုင်က သူ့ဖာသာသူ ရှို့သလား၊ သူများက ရှို့သလားဆိုတာ ပြောလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မီးလောင်ကျွမ်းမှုကြောင့် သေသည်။ နံပတ်တစ်က။ နောက်တခါ မီးလောင်ခံရစဉ် အသက်ရှိသည်။ ဆိုတော့ သေပြီးမှ။ သတ်ပြီးမှ မီးရှို့တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ သူဘာကြောင့်သေသလဲဆိုတဲ့ သေမှုသေခင်း ဖွင့်ထားတယ်။ ပျဉ်းမနား ရဲစခန်း အမှတ်စဉ် ၃၆၊ ၂၀၁၂ ပါ။"

ရဲအုပ်ဝင်းမင်းသန့်ဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်း
ရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇဘုရားဝင်း အတွင်းမှာ မီးလောင်ကျွမ်း
သေဆုံးခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ရဲအရာရှိရဲ့ ရုပ်အလောင်းကို နေပြည်တော် ဆေးရုံမှာ ထားရှိပြီး၊ သက်ဆိုင်ရာ မှုခင်း ဆရာဝန်တွေက ဆေးမှတ်တမ်း အထောက်အထားတွေ စစ်ဆေးရယူနေတယ်လို့ သိရပါတယ်။

အစိုးရ ရုံးစိုက်တဲ့ နေပြည်တော်မှာ ရဲတပ်ဖွဲ့ အရာရှိတစ်ဦး ပထမဦးဆုံး မီးရှို့ သေဆုံးမှု ဖြစ်တဲ့အတွက် ဒေသခံတွေအကြားမှာ အထူးစိတ်ဝင်စားမှု ရှိနေကြတယ်လို့ သိရပါတယ်။

ဦးသိန်းစိန်၏ BLACK LIST ၊ မဟူရာနှလုံးသားပိုင်ရှင်များနှင်. သူတို.၏ Black List

by Aye Aye Soe Win on Wednesday, August 29, 2012 at 12:47am ·

Black List    ဆိုတာကို ထုတ်ပြန်တဲ.မြန်မာအစိုးရနဲ.ပတ်သက်ပြီး ဒီစာရေးဖြစ်ပါတယ်။

အစိုးရအဖွဲ.က ပြောတော.ဒီမိုကရေစီကို ဦးတည်တဲ. ပြုပြင်ပြောင်းလဲရေးတွေဆိုပဲ။ ဒါမျိုးတွေ သူတို.မိန်.ခွန်းတိုင်းမှာ ပါတယ်။ သူတို. ရဲ. propagandists တွေက လဲ ဒီ လိုအပ်ချက်တွေ ကို မညင်းပဲ -ကြေမွ စုတ်ပြတ်သတ်နေတဲ. တိုင်းပြည်မှာလုပ်စရာတွေကများလွန်းလို.့  စောင်.ရင်း လုပ်သွားရမယ်ဆိုပဲ။ ဒီတော.- တိုင်းပြည်ကို မချစ်ပဲမနေနိုင်တဲ. အခြေခံအားတွေ က ဘယ်သူမှ မလုပ်ချင်တဲ. အခြေခံ တည်ဆောက်ရေးတွေ ကို ကိုယ်.စားရိတ်ကိုယ်စား လုပ် ရမယ် ဆိုတဲ. အသိကို ရနေပါတယ်လို. ဆိုရလေမလားပဲ။

သို.သော်-- နေပြည်တော်က တဖက်သတ်ဝါဒဖြန်.ချီရေး လူ လည်ကြီးများဟာ (ဒီမိုကရေစီနည်းမကျစွာ ကြွားဝါလို မှု အတွက်) သူတို. စကားလုံးသုံးနှုံးမှုတွေက ရင်.ရင်. လာတယ်။ မအပ်စပ်တာတွေကို မျက်နှာပြောင်တိုက်ပြီး ကြေငြာတယ်။ လိမ်တယ် ညာတယ်။ အသားယူတယ်။ သူတို.လိုပဲ လည်တဲ. ပြည်ပကလူလည်တွေနဲ. တပူးပူးလုပ်နေကြပြီး၊ human capacity တို. resource management တို.  capacity  buildingတို.၊  sustainable development တို.-ဒီ လို ပဲ ဂျာဂွန်တွေ ကို  ခုလောလောဆယ် မှာ ဆက်တိုက် ရှာအရိုးမရှိ ပြောနေကြတယ်။  လက်ရှိမြန်မာပြည်အခြေအနေ အရ ဘယ်လိုမှ မအပ်စပ်၊လက်တွေ.အရလည်း လုပ်ယူလို.လဲမရ တဲ. အသုံး အနှုံတွေနဲ. ပြည်တွင်းပြည်ပ က ကွန်ဆာ.လ်တန်.ဆိုတဲ. သူ တွေ ကပြဿနာကြီးတွေကိုရှောင်ပြီး အရေးမကြီး တဲ.ခေါင်းစဉ်တွေ၊ စစ်အစိုးရကို မထိခိုက်တဲ. နေရာတွေ မှာသာ ကိစ္စတွေကို  ပါးပါးလေးတွေပြောသွားကြတယ်။  ဒါကြောင်.- ဆင်မီနာတွေက  သူတို. စကားတွေထဲ မှာ အနှစ်သာရကို ရှာလေဝေးလေမို.- ကြားနေရတာတွေကို အော.နှလုံးနာလှတယ်။

ဆင်မီနာတွေကို ခေတ်ပြောင်းကာလရဲ. ပေါ်လစီ အုတ်မြစ်ချပွဲတွေ လို  ပုံဖမ်းပြီး ပေါက်တတ်ကရတွေ လုပ်ပြနေကြတဲ.သူတွေ နဲနဲရှက်သင်.ကြပါပြီ။ ။ သမ္မတဘေးက လူတွေက ပြည်ပမှာ ဒီ လေလှိုင်းတွေနဲ. အဆင်ပြေခဲ.တာကြာခဲ.ပြီ။ သမ္မတကိုပေးနေတဲ.သူတို.ဆေးက နိုင်ငံ ပဲဘေးသင်.နေဆဲဖြစ်တယ်။  ဒီလိုနဲ. ဗဟု ဂိုဏ်းသားတွေ ဆက်ကြီးစိုးထားတဲ. အချောင်သမား အုပ်စုကြီးက  မြန်မာပြည်ကို ဆင်မိနာ နိုင်ငံရေးက အလုံးတွေ သက်သက်နဲ.သာ ပဲ.ကိုင်သွားရမလိုလို ပုံဖမ်း လုပ်ပြထားတယ်။   အရပ်သားအုပ်ချုပ်ရေးပုံစံဟန်ဆောင်ထားတဲ.စစ်အစိုးရက ဗဟုအကျင်.တွေကို လက်မလွှတ်နိုင်ဘူး။ သူတို.အားလုံး ဒီ ၁နှစ် ၂နှစ် အတွင်းပြည်တွင်း  ပြည်ပ  မှာ capacity development ဆိုတာကို  (မရှက်မကြောက်)တော်တော်လေးပြောလာ နေကြတာကို တွေ.ရပေမဲ. ဗဟုအုပ်စု၏ နမူနာကို ၈၈၈၈ ကျောင်းသားကြီးတွေက ယောင်လို.တောင် လိုက် မပါသွားစေဖို. မိမိတို.နှလုံးသားတွေမှာခံတပ်တွေ ဆက်တည်ထားဖို. တိုက်တွန်းလိုပါတယ်။  ဗဟုလုပ်ခဲ.တဲ. ဆင်မီနာတွေဟာ အနောက်က လူဖြူလူလည် များ ဘော် ချက်နည်းတွေနဲ. သိပ်မကွဲပါ။ ဗဟု နည်းကတော.--ပညာရှင် ပညာတတ် အချို.သုံးပြထားပြီး ဂလမ်မာရှိ သူနံမယ်ရှိသူ နဲနဲပါးပါး ကို ပွဲတွေမှာရှေ.ကို တွန်း ပို.ထားပြီး ရုပ်ပြပွဲတွေ လုပ်နေတာသက်သက်ပါပဲ။ 

ဒီလိုနဲ. တိုင်းပြည်အ ပေါ်စေတနာ အနည်းဆုံး  မဟူရာနှလုံးသားပိုင်ရှင်များ (တနည်း) လူ လည်ကြီးများအသင်းဝင်တွေ ခဏခဏ တွေ.ဆုံပွဲတွေ ဖြစ်လာတယ်။ ဒေါက်တာ စင်သီယာဆေးခန်းကို ငွေ၁၀၀ ပေးပြီး နောက်ပိုင်း မှာ ဦးအောင်မင်း ကို မှ မတွေ.ရရင် ရင်တွေပူ စားမ၀င်အိပ်မပျော်တဲ. ရော ဂါတွေ ၀င်လာကြတယ်။  မဲဆောက် ချင်းမိုင် က ပရောဂျက် နိုင်ငံရေးသမားတွေက ဦးအောင်မင်း ရဲ. ကိုယ်ရေးအရာရှိစီ အီးမေးတွေပို. အလုပ်တွေရှုတ်၊ မရှက်မကြောက်နဲ. သူတို. မွေးဖခင်ကိုတွေ.ဖို.ထက် ဦးအောင်မင်းကို တွေ.ဖို. အ၀တ်အစားတွေရွေး၊ အပြုံးတွေ စကားလုံးတွေ လေ.ကျင်.နေကြနဲ.--သြ-ဘေးကကြည်.နေရသူတွေ အတွက်တော.-နောက်နေတယ်ပဲ အောင်.မေ.တယ်။

ဒီလိုနဲ.-  ဂုဏ်ယူစရာ နိုင်ငံရေးစံ ကင်းမဲ. တဲ.တွေ.ဆုံပွဲတွေ ရဲ. အသီးအပွင်. က နိုင်ငံရေးပွဲစား တွေကြားမှာ  ဒါတွေကို ဘယ်ပြည်သူ.မျက်နှာမှထောက်ထားစရာမလိုပဲ business အနေနဲ.  ခရီယာအနေနဲ.လုပ်လို.ဖြစ်တယ်ဆိုတဲ. အတွေးအခေါ် ဆိုး တရပ်ဖြစ်လာခဲ.တာပါပဲ။   ဒါဟာ-လူတွေကို မျက်စေ.စပါးမွှေးစူးစေတယ်။ သူတို.  ဒီလို  အနှစ်သာရမရှိတဲ. resource management၊    capacity building ဆိုတဲ. jargon  တွေကိုပြောတယ်။ ခေါင်းပေါင်းဝတ်တယ်။ ပွဲတွေများလာတယ်။  ငြိမ်းးချမ်းရေးတဲ. ။ ပူးပေါင်းဆောင်ရွက်ရေးတဲ.။ ဒီလို ပါးစပ်ကပြောပြီး  ကြွားနေကြပေမဲ. လက်တွေ.ကတော. ၊ဒိမိုကရေစီနည်းကျစွာ အားလုံးကိုဖိတ်ခေါ်နေမှု ကိုတော. အရိပ်အရောင်တောင် မတွေ.ရ သေးပါ။ သူတို.ပါးစပ်ကတော. ရ ရ သလို အရင်တုန်းကမြက်ခင်းသစ် ကာလကလို ပဲ  ပေါက်တတ်ကရနဲ.။

capacity building နဲ. black list  ၏ဆက်စပ်မှုကို တွေးမိပါတယ်။ sense of humour လည်း ရပါတယ်။ တနေရာတမျိုး မရိုးအောင် ပြောတတ်လေတဲ. အစိုး၇ရဲ.၀ါဒဖြန်.ချီရေးက amusing entertainment ရီစရာဖျော်ဖြေမှုတခုလို  တောင်ဖြစ်လာသလိုပဲ။  အပြစ်မရှိသူတွေကို black list  ဆိုပဲ။ ဒီစာရင်း ထဲက သူအချို. ကို သူတို. အဖြူရောင် စာရင်းဝင် အစိုးရကြီးက ခွင်.လွှတ်ထားရတာ ဆိုပဲ။  ဒီ လို တင်တင်စီးစီးနဲ.  (ဒီ မိုကေ၇စီနည်းမကျစွာ) ကြွားဝါ တင်စီးပြောဆိုနေဆဲဖြစ်တဲ.အစိုးရကို တကဲ. jerks ,  perhaps unrefined jerks ဂျာ.က်စ် တွေ လို.ပဲပြောရင် ရမယ်။

ခုံမြင်.အပေါ်မှာ ထိုင်နေကြသူတွေအတွက် ၀ါဒဖြန်.ချီရေး ပြန်ကြားရေး လုပ်နေသူတွေကလည်း ၊ လူလိုသူလို  သံတမန်နည်း လူ ကြီး နည်းတွေ သုံးပြီး မလုပ်တတ်လို. မလုပ် တာလား။  မလုပ်ချင်တာလား။ ဒါမှ မဟုတ် နဲနဲလေးဖြစ်ဖြစ်အသားမယူရရင် ထုံးစံတွေပျက်သွားမှာစိုးလို.လား။   အုပ်ချုပ်ရေးဖက်မှာလဲ  ဘာမှ နိုင်ငံတကာအထင်ကြီး ပြည်သူတွေ အားကိုးလာအောင်  မလုပ်တတ်၊ မလုပ်ပေးချင်သေးပဲ ဒီလို ထိုင်အသားယူနေတာ ကြည်.မကောင်းပါ။   အ ခြေခံကျကျ ပြောင်းလဲမှု ကြီး ၁ခု ၂ခု လောက်ကောင်းမွန်စွာ ဖြစ်ခဲ.တယ် ဆိုရင်၊ သူတို.ကို ကြိုးစား ယုံကြည်ပေးဖို. သိပ်ခက်ခဲမယ် မထင်ပါ။ လက်တွေ.မှာ တော..--ပြည်သူလူထု နစ်နာဆုံးရှုံးခဲ. သမျှအတွက် ဘာတခုမှ လုပ်ပေးချင်စိတ် ကို သူတို.ဖက်က  အရိပ်အယောင်တောင်မပြသေးပါ။

ဒီလိုအခြေအနေမျိုးမှာ လူတွေ ကို တဖက် က reform reform ပြောပြီး ဆွယ်- တဖက်ကလဲ- အားလုံးနဲ.သက်ဆိုင် တဲ. နိုင်ငံတော်ကို ငါပဲ ပိုင် ငါပဲဆိုင်- ငါသာတံခါးမှုး- ငါပြောချင်ရာ ငါပြောမယ် မင်းတို. လူငယ်တွေ ဆက်ခံရမယ်ဆိုတဲ. အချိုးက  ထောင်လွှားလွန်းတယ်။ တော်ပြီပေါ.။ နှစ်၅၀ အမှားတွေ အများကြီးလုပ်ခဲ.ပြီးပြီ။ လက်ကလဲရက်စက်တယ်။ ပါးစပ်ကလဲတင်စီးတယ်။ (နှစ်၅၀မှာ  သက်သေ တွေ အများကြီးကျန်ခဲ.တယ်) ။ လူသစ်စိတ်သစ်နဲ.စချင်ရင် အကျင်.ဟောင်းတွေကို စွန်.နိုင်ပယ်နိုင်ရမယ်။ ခုတော.--

 လို ချင်တော. တိုင်းပြုပြည်ပြု လူသားအရင်း အမြစ်တဲ.၊ လုပ်နေကြတာကတော.--- သူတို.နဲ. မတိမ်းမယိမ်း အမြီးရ အမြီးစား ခေါင်းရ ခေါင်းရခေါင်းစားတွေနဲ.လုံးထွေးနေကြတယ်။    ငွေ ၁၀၀ပေး အသားယူတဲ.၀န်ကြီးမျိုးစီကို မရှက်မကြောက် အောက်ဈေးနဲ. ၀င်တဲ. အခွင်.အရေးသမားတွေ တစုကြောင်.--နေပြည်တော် က အကြီးစားတွေ၏ မြေခွေးတပည်.တွေ  ပိုရောင်.တက် လာတယ်လို. မှတ်လိုက်ပါတယ်။

မြန်မာပြည် ဟာ ငါဗိုလ်ချုပ်တွေ ပဲပိုင် ငါတို.နဲ.ပဲဆိုင်-ငါတို.လုပ်ချင်  ရာလုပ်လို.ရတယ်။ငါတို.သဘောအတိုင်း   ပိတ်လို.ရ ဖွင်.လိုရ ငါတို.လုပ်ချင်တာငါတို.လုပ်မယ်၊ ပြောချင်တာပြောမယ်ဆိုတာ --ဒီမိုကရေစီ စိတ်ထားနဲ.လားလားမှမဆိုင်တဲ. ဘုရားမကြိုက် နတ်မကြိုက် လူဆိုးလူမိုက်  thug mentality သာဖြစ်ပါကြောင်း။

မြန်မာပြည် ဟာ--
အားလုံးနဲ.ဆိုင်တယ်။ အားလုံးပိုင်တယ်။
တိုင်းပြည် အတွက် တိုက်ပွဲဝင်ခဲ.၀င်ဆဲ မျိုးဆက်သစ်တွေကို အမြဲချိုးနှိမ်ချင်တဲ. ကြောင်သူတော် လူကြီးမင်းတို.ဖက်က   အပေါစား ၀ါဒဖြန်.ချီရေးပြန်ကြားရေးတွေကို ရပ်သင်.ပြီ။
တခုထပ်ပြောမယ်။ မြန်မာပြည်ဟာ မြန်မာနိုင်ငံသားတွေ အားလုံးနဲ.ဆိုင်တယ်။ မြန်မာနိုင်ငံကိုလူတိုင်း တံခါးမရှိ ဒါးမရှိဝင်ခွင်.ရှိတယ်။ (ခေါင်းဖြတ်ထား၊လူသတ်ထား၊ ခိုးထား၊ ဘင်ဂါလီ ပွဲစားလုပ် ပြီး ငွေလိမ်ယူထားတဲ.သူတွေကလွဲရင် ဆိုပါတော.။)

ကလေး၊ကျောင်းသား၊ရဟန်း အားလုံးကို သတ်ခဲ.၊ မတောင်းပန်ခဲ.။ တိုင်းပြည်ကို အခွံပဲ ကျန်အောင် ခိုးခဲ. လုယူခဲ.မတရားပြုခဲ.တဲ.  နှစ်၅၀ စစ်ကားကြီးထဲက အဓိကဇတ်ကောင် တွေထက် နှလုံးသား  ပိုညစ်ညမ်းတဲ. black list ဆိုတာများ ဤ ကမ္ဘာမြေပေါ်မှာ  ရှိများရှိခဲ.ရင်--------


aye aye soe win
august 29 2012

မလေးရှား ဘင်္ဂလီများ ရခိုင်ဆိုင် ဝင်ဖျက်သည့် ဓါတ်ပုံသတင်း



50 Bengalis raided and destroyed Myanmar Ooyin Restaurant in Kuala Lumpur Malaysia
Published on Friday, 03 August 2012 21:07 Written by Won Thar Nu Hits: 785 photo-D-nwe oo photo-D-nwe oo Myanmar Ooyin Restaurant in Kuala Lumpur downtown was vandalized and destroyed by 50 Bengalis. They raided the restaurant and wrecked the properties and destroyed everything. It was happened at 5:00 PM 03.08.2012.

U Saw Aung who is the owner of Myanmar Ooyin told that Terrorists Bengalis beat to those who look like Rakhine on the road. And he added that Rakhines who got threaten and beaten by Bengalis fled to his restaurant.

After knowing that Myanmar Ooyin is Rakhine Restaurant, Bengalis Terrorists obliterate everything in the restaurants; tables, goods and others.

There was estimated about 50 Bengalis who commit the crime and the police report was made. And 8 of them are arrested by Dang Wangi Police and detained. The left are escaped.

The police are in the process of to get statement from those Bengalis who pretend as Rohingyas. Who are controlling them and who they are link with: are questioning. And they will be charge effectively.

“We have plans to cooperate with Rakhine Organization in Malaysia to prohibit or defend like this terrorist action not to happen again.” He told. Due to this situation, Myanmar Ooyin (Myanmar Garden) Restaurant is closed temporarily.
photo-D-nwe oo photo-D-nwe oo photo-D-nwe oo photo-D-nwe oo photo-D-nwe oo photo-D-nwe oo

Ref: Shwe Myanmar Media Translated by-Ever Friend
 August 19 at 2:41pm Myanmar Garden မြန်မာ့ဥယျာဉ် It is unfortunate for this type of behavior but we want to let our people know please be safe and there is no point attacking back. Only send our prayers to those lost souls.
http://wontharnu.com/index.php/news/169-50-bengalis-raided-and-destroyed-myanmar-ooyin-restaurant-in-kuala-lumpur-malaysia