Tuesday, September 4, 2012

ထိုင်/ထ လွှတ်တော်

Canada is standing by to support Burma’s democratic reform


Canada is standing by to support Burma’s democratic reform By Sep 05, 2012 12:37AM UTC 0 Comments and 8 Reactions
President of Myanmar (Burma) U Thein Sein received Canadian International Trade Minister Mr. Edward Fast and party at the Credentials Hall of the Presidential Palace on 3 September 2012, The New Light of Myanmar newspaper said Tuesday. Also present at the meeting together with the President were Union Minister for Foreign Affairs U Wunna Maung Lwin, Union Ministers at the President Office and departmental heads. The President warmly welcomed the Canadian minister on his first-ever trip to Myanmar (Burma).  He said the Canadian foreign minister also paid a call on him on his visit. Burma and Canada have having established diplomatic ties since 1958 and the two countries have opened a new chapter through these two high-level visits, President Thein Sein said. As the political system has changed, the foreign policy of Burma or Myanmar has to set up friendly relations with every nation whether they are from the East or the West, he underlined. The President expressed his optimism for upholding of friendship and cooperation between the two countries. President U Thein Sein received Canadian International Trade Minister Mr. Edward Fast at the Credentials Hall of the Presidential Palace on 3 September 2012. President U Thein Sein received Canadian International Trade Minister Mr. Edward Fast and party at the Credentials Hall of the Presidential Palace on 3 September 2012. (Photo: www.president-office.gov.mm) The Canadian minister said he was filled with delight by the President’s warm welcome and he witnessed dramatic changes in the country. Mr. Edward Fast continued to say that not only Myanmar citizens but the international community hold the same view that the President spearheaded the reforms. President U Thein Sein expressed thanks the Canadian government for easing the economic sanctions. Canada’s Official Development Assistance to Burma has been suspended since 1988.  However, Canadian Government has been working to strengthen democratic forces and civil society, as well as addressing the humanitarian needs of those who have sought refuge outside of Burma. Foreign Affairs Minister John Baird April 24, 2012 announced that Canada will suspend some sanctions against Burma, which were among the toughest in the world. “Canada is encouraged by the changes that have taken place in Burma, especially in the last year,” Baird said. “Today’s move signals our support for the reforms championed by the country’s president and demanded by the Burmese people. President Thein Sein and my Burmese foreign minister counterpart and others in power are to be congratulated for staying true to their word; we also applaud democracy champions like the incredible Aung San Suu Kyi for their commitment and involvement in this process.” “There is more work to be done, but Canada stands ready to support Burma in building a free and prosperous society. The easing of these sanctions will help Burma move in that direction and create jobs, hope and opportunity for the Burmese people.” Plans are under way to open Myanmar embassy in Ottawa of Canada. According to the state-run media, the President said on Monday that Myanmar (Burma) is geographically surrounded by vibrant economies, inviting investments in labor-intensive industries, workshops and value-added factories and workshops. Being an agro-based country, the country has held the opportunities to export high-quality agricultural produce, the President said. He displayed the possibility of establishing downstream industries in the country as it has a number of rubber and oil palm plantations. More important point the President mentioned is that the country now has the legal framework for safeguarding investors. The President pinned his hope for increase in bilateral trade volume on the Canadian minister. The Canadian minister was accompanied by 26 corporate delegations to seek economic prospects during his visit to Myanmar. As said by Mr. Edward Fast, the Canadian government has set high standards of Corporate Social Responsibility for Canadian companies. President Thein Sein said Myanmar wants assistance from reputable democracies like Canada for continued existence of democracy in his country. He articulated his expectation for investment in factories and workshops of substandard technologies, which he said, is the essential necessity of the country. He tipped the Canadian minister’s trip for improved friendship and increased trade cooperation. The Canadian minister emphasized the economic sanctions were lifted in recognition of human rights and economic reforms in Myanmar (Burma). The Canadian minister made a request for visa on arrival for Canadian citizens who will invest in Myanmar. Canadian Foreign Affairs Minister Baird said in April, “We encourage the authorities to continue their reforms in order to ensure greater openness and freedom for the Burmese people.” FM Baird added that Canada has been standing by to support Burma’s democratic reform efforts and looks forward to working with the Burmese people as they seek to build a more democratic and peaceful society. http://asiancorrespondent.com/88794/canada-is-standing-by-to-support-burmas-democratic-reform/

ဒီကနေ့မိုးသီး..မနက်ဖန်ကျနော်တို့လား?




by Ko Nyo on Tuesday, September 4, 2012 at 1:57pm ·               ဒီကနေ့မိုးသီး..မနက်ဖန် ကျနော်တို့လား..။

အခုတလော  ကြားနေရတဲ့သတင်းတွေ၊ဖတ်နေရတဲ့စာတွေကြောင့်အမျက်တွေစူးတယ်။
သတင်းသမားပီပီစာရေးချင်၊ပြောချင်ပေမဲ့ ကိုယ့်စာကအလိုမကျတာ၊အမြင်မတူတာကိုချရေးပြီး၊
ဆူးပေါက်နေမှာမို့ဆင်ဆင်ခြင်ခြင်
နေလိုက်သေးတယ်။ကိုယ့်အတွေ့အကြုံအတွေးအမြင်ကိုမြိုချလို့ရပေမဲ့ အဆိုးဘက်နွယ်တဲ့အတွေးအခေါ်နဲ့ စာတွေပိုပိုများနေတာ
ကျတော့မျက်ကွယ်ပြုထားသလိုစိတ်ထဲခံစားလာရတယ်၊
သတင်းသမားတယောက်တာဝန်မကျေသလိုဖြစ်မှာစိုးလို့
ကိုယ့်စိတ်ထဲရှိတာကွယ်ဝှက်လည်းမနေ၊
ဟန်ဆောင်ပြီးလဲထိမ်းမနေချင်တော့ဘူး၊
ပွင့်ပွင့်လင်းလင်းဘဲရေးလိုက်တော့မယ်။
  ----------------
ဒီရက်ပိုင်းသတင်းတွေထဲမှာထိတ်ဆုံးကလှုတ်ခတ်တဲ့သတင်းက
 ပြည်ပရောက် ABSDFကျောင်းသားခေါင်းဆောင်ဟောင်းတချို့နဲ့အမေရိကားကနိုင်ငံရေးလှုပ်ရှားသူ
၈၈ကျောင်းသားတချို့ပြည်တော်ပြန်ခရီးဖြစ်တယ်။အမှန်တော့
သူတို့မသွားခင်ကတဲကအပြင်မှာပူညံပူညံအချင်းများနေတာ။
ပြည်ပရောက်ကျောင်းသားအားလုံးကိုကိုယ်စားပြုသွားမှာလား?၊
ဘယ်သူ့ကိုကိုယ်စားပြုပြီး၊ဘယ်သူနဲ့တွေ့၊ဘာတွေဆွေးနွေးမှာလဲ? နိုင်ငံရေးအကျဉ်းသားတွေကိုဆက်ဖမ်းထားသလို၊ပြည်တွင်း၈၈အုပ်စုတွေက
ပြည်ပကျောင်းသားတွေဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေးလုပ်နေချိန်၊
ဒီလိုခွဲခြားပြီးသွားသင့်သလား?
ကချင်စစ်မီးဟုန်းဟုန်းတောက်နေတဲ့
ဒီလိုကာလသွားသင့်ရဲ့လား?၊အပြင်မှာလုပ်စရာကုန်ပြီလား?
စတဲ့စတဲ့မေးခွန်တွေကို
အင်တာနက်ချပ်တင်တွေ၊အွန်လိုင်းMeetingတွေ၊ Debateတွေနဲ့အချိန်အတော်ကြာလုပ်ခဲ့ကြတယ်လို့သိထားပါတယ်။
ကျနော်ကိုမိုးသီး၊ကိုထွန်းအောင်ကျော်၊ကိုမူးသာတို့နဲ့မေးမြန်းကြည့်ရသလောက် သူတို့ဟာ
ပြည်ပရောက်၊ဘယ်အဖွဲ့၊ဘယ်သူ့ကိုမှကိုယ်စားမပြုဘူး၊
မိမိကိုယ်ကိုတာဝန်ယူမှု၊ကိုယ်စားပြုမှုနဲ့ဘဲ
သွားမှာလို့ပြောခဲ့ဖူးပါတယ်။
သူတို့ ကိုယ့်ဖာသာကိုယ်တာဝန်ယူမှုနဲ့ပြည်တော်ဝင်ခရီးနှင်တယ်ဆိုပေမဲ့
အားလုံးနီးပါးက ၈၈ကျောင်းသားတွေ၊ပြီးတော့ တချိန်က၊ကျောင်းသားတပ်မတော်ကိုဦးဆောင်ခဲ့သူတွေပါ။
သူတို့ကပြည်ပအင်အားစုတွေနဲ့မဆိုင်ပါဘူးလို့ဘယ်လိုဘဲပြောပြော၊မဆိုင်လို့မရပါဘူး။
သူတို့သွားတဲ့ခရီးက တခြားနိုင်ငံကိုလော်ဘီလုပ်ဘို့သွားတဲ့ခရီးမဟုတ်သလို၊
ပုဂ္ဂိုလ်ရေးကိစ္စသွားကြတာမဟုတ်ဘူး၊မိသားစုဝင်တယောက်ယောက်
အသဲအသန်ဖြစ်လို့အရေးပေါ်သွားတွေတာမဟုတ်ဘူး။
၂၄နှစ်လောက်ပြည်ပမှာအကောင်းအဆိုးတွေနဲ့ရောပြွန်းနေထိုင်ပြီး၊
ကိုယ့်နိုင်ငံ၊စစ်ကျွန်ဘ၀ကလွတ်မြောက်ရေး၊ဒီမိုကရေစီရေးအတွက်၊
(အောင်မြင်တာ၊မအောင်မြင်တာအသာထား)လုပ်ခဲ့ကြသူတွေ
ဖြစ်တယ်။မိုးထဲလေထဲမှာတော်လှန်ရေးနဲ့၊နိုင်ငံရေးနဲ့ အင်မတန်တူတဲ့အလုပ်ဘဲဖြစ်ဖြစ်၊အင်မတန်မနီးစပ်တဲ့အလုပ်ဘဲ
ဖြစ်ဖြစ်လုပ်ခဲ့ကောင်းလုပ်ခဲ့
သူတွေဖြစ်တယ်။ မိုးသီးတို့ကိုထွန်းအောင်ကျော်တို့လိုဘဲပြည်ပရောက်
၈၈တောခိုသူတွေနဲ့နောက်ပိုင်းတောခိုလာသူတွေတိုင်းတပါးနဲ့နယ်စပ်ဒေသမှာ အငတ်ငတ်အပြတ်ပြတ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေ
နေ့နေ့ညညတွေးတော၊ပြောဆို၊လုပ်ခဲ့ကြတာပဲမဟုတ်လား?
တတိယနိုင်ငံတွေရောက်တော့လည်းတဘက်က
မိသားစုနဲ့ဝမ်းစာအတွက်(အသက်တွေကြီးပြီး၊မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို)
ပင်ပင်ပမ်းပမ်းလုပ်ရင်းအကြွေးတွေနဲ့ရပ်တည်နေရတယ်။
တဘက်ကကိုယ်ယုံကြည်တဲ့နိုင်ငံရေးအပေါ်ဆက်လုပ်ရင်း
(ကိုယ်မလုပ်တောင်လုပ်နေသူတွေကိုအားပေး၊ထောက်ပံ့)နေခဲ့ကြတယ်။
ဒါဟာဖြစ်စဉ်အမှန်၊တတိယနိုင်ငံရောက်နေသူတိုင်းချမ်းသာသူတွေမဟုတ်သလို၊
ချမ်းသာနေသူတိုင်းကလည်းပြည်တွင်းကအချောင်သမား
ခေတ်ပျက်သူဌေးတွေလိုဗြုန်းစားကြီးကြီးပွားခဲ့ကြတာမဟုတ်ဘူး။
သူတို့ချွေးတွေ၊လေ့လာမှုတွေ၊
သီးခံစိတ်၊လုံ့လ၊၀ီရိယတွေနဲ့အားထုတ်ကျိုးပမ်းခဲ့ကြတာပါ။
ငယ်ရွယ်ပြီး၊ပညာသင်နိုင်တဲ့ပြည်ပ
ရောက်တော်လှန်ရေးကျောင်းသားတွေကဆက်ပြီး
ပညာသင်နိုင်ပေမဲ့၊အသက်အရွယ်ရလာမှ
တတိယနိုင်ငံရောက်သူတွေကမနိုင်ဝန်ထမ်း၊အများတကာမလုပ်ချင်တဲ့၊
ကိုယ်လည်းစိတ်မ၀င်စားတဲ့အလုပ်တွေကိုလုပ်ရင်း
မိသားစုဝမ်းစာနဲ့သားသမီးတွေစနစ်တကျကြီးပြင်းနိုင်ဘို့ပေးဆပ်
နေရတယ်။ဒါကိုယ်တွေ့။ဒီနေရာမှာ၊ နိုင်ငံရေးတက်ကြွသူတွေမဟုတ်တဲ့၊
ပြည်ပမှာအခြေစိုက်နေထိုင်တဲ့သာမန်မြန်မာပြည်ဘွားညီအကိုတွေကို
ဆိုလိုတာမဟုတ်ဘူး။အဲလိုသာမန်ကိုယ့်နိုင်ငံသားပြည်သူတွေတောင် စစ်အာဏာရှင်ဆန့်ကျင်ရေးကို တတ်စွမ်းသလောက်
အားပေးကူညီပြီးပါဝင်နေတာတွေရှိပါတယ်။
ဆိုလိုတာက ပြည်ပရောက်တိုင်းအချောင်သမားတွေ မဟုတ်ဖူး။
ကိုမိုးသီးတို့၊ကိုထွန်းအောင်ကျော်တို့မှားတာမှန်တာအပထား၊
သူတို့စွန့်လွှတ်ခဲ့တာ၊အနစ်နာခံခဲ့တာ
ကိုယ်နိုင်ငံအတွက်အချိန်တွေပေး၊လေ့လာကြတာ၊ပြောဆိုကြတာ၊
အာရုံနှစ်ပြီးလှုပ်ရှားနေတာကိုတော့အသိအမှတ်ပြုပေးရမယ်။
အတိတ်ကသူတို့မှားခဲ့တာကိုသူတို့ခံရမှာဘဲ။ဒါမငြင်းလိုဘူး။
သူတို့မှားလို့ တစုံလုံးခံခဲ့ရတာတွေလည်းမငြင်းလိုဘူး။ဒါပေမဲ့၊လူဆိုတာအမြဲတန်းမမှားနိုင်သလို၊
မှန်အောင်ကျိုးစားလုပ်ကိုင်နေသူတွေကိုကိုယ့်အသိုင်းအ၀ိုင်းကနေ ဆွဲခွါထုတ်ပယ်တာမျိုးမလုပ်သင့်ဘူး။အပြစ်ရှိရင်လည်းအများကပြစ်ထားမှာမဟုတ်ဘူး။
ကိုမိုးသီးကိုကျနော်စကားပြောဘူးတယ်၊ခင်ပါတယ်၊
ဒီနေ့အထိလူချင်းမဆုံဘူးဖူး။
ကိုမိုးသီးအတွေးအခေါ်တိုင်းလဲကျနော်မကြိုက်ဘူး။
သူ့အတွေးအခေါ်ကြောင့်ကျနော်တို့တတွေဒုက္ခရောက်ဖူးတယ်။
ဥပမာ.သူဥက္ကဌတာဝန်ယူခဲ့စဉ်..ABSDFရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့
“တော်လှန်ရေးသည်
ငါတို့ကျောင်း၊ငါတို့တက္ကသိုလ်” ဆိုတဲ့ကြွေးကြော်သံကိုသဘောကျမိလို့
အရွယ်ကောင်းစဉ်လိုအပ်တဲ့အထောက်အကူပြုပညာတွေမသင်ခဲ့ဘဲ၊
လက်နက်ကိုင်နယ်ပယ်နဲ့၊Activistလှုပ်ရှား
တက်ကြွသူဘ၀ထဲမှာတ၀ဲလည်လည်ဖြစ်ပြီး
ဘ၀တွေမရေမရာဖြစ်သွားကြတာမနည်းဘူး။
အိန္ဒိယနိုင်ငံနယူးဒေလီမှာကျနော်တို့နိုင်ငံရေးလှုပ်ရှားတဲ့
မြန်မာကျောင်းသားတွေအဖြစ်ရပ်တည်
နေထိုင်စဉ်က ကိုယ့်ထက်ငယ်ပြီးပညာသင်ဘို့ကောင်းတဲ့
အသက် ၂၀ကျော် လူငယ်တွေကိုပညာသင်ဘို့တိုက်တွန်းတော့ “တော်လှန်ရေးဟာကျနော်တို့တက္ကသိုလ်ဘဲဗျ”
လို့ထိထိမိမိဆင်ခြေပေးပြီးအတွေးခေါင်သွားသူတွေအမှန်ဘဲရှိခဲ့တယ်။
ကျနော်တို့မှာ
မှန်ကန်တဲ့သဘောတရားတွေတပ်ဆင်ထားတဲ့ပညာတတ်ကေဒါတွေမမွေးထုတ်နိုင်ခဲ့ဘူး။
မှတ်မိတဲ့ဆောင်ပုဒ်တခုရှိသေးတယ်။
“ဗဟိုကော်မတီဝင်တွေကိုမျက်လုံးအိမ်သဖွယ်ကာကွယ်စောင့်ရှောက်ကြ”
ဆိုတဲ့ကြွေးကြော်ဆောင်ပုဒ်။ကျနော်တို့အတော်ရွံခဲ့တဲ့ဆောင်ပုဒ်။
ဒါပေမဲ့
ကျနော်တို့နဲ့ABSDFကဘယ်တုံးကမှမပတ်သက်ခဲ့သူတွေ၊အိန္ဒိယအခြေစိုက်ABSLအဖွဲ့ကပါ။
အကြမ်းမဖက်နိုင်ငံရေးဘဲလုပ်ခဲ့တယ်။
နယ်မြေဒေသကွဲသလို၊အိုင်ဒီယာလည်းကွာတယ်။
ကိုမိုးသီးတို့အတွေးအခေါ်မကြိုက်ရင်
ကျနော်တို့သူ့နောက်မလိုက်ဖို့ဘဲရှိတယ်။သူ့ကိုပုဂ္ဂိုလ်
ရေးတွေထိုးနှက်တိုက်ခိုက်ပြီးဂုဏ်သရေမဲ့
သိက္ခာကျအောင်စော်ကားစရာမလိုဘူး။
ဒါလူယဉ်ကျေးအလုပ်မဟုတ်ဘူး။
ABSDFမြောက်ပိုင်းသတ်ဖြတ်မှုကိုအကြောင်းပြုပြီး
သူတို့ပြည်တော်ဝင်ချိန်နဲ့အချိန်ကိုက်
သတင်းစာရှင်းပွဲတွေ၊သတင်းဂျာနယ်အင်တာဗျူးတွေလုပ်တာတွေ့ရတယ်။
လုပ်သင့်တာလုပ်တာဘဲလို့ယူဆတယ်။အမှန်တရားဆိုတာတခါတခါ သူ့အလိုလိုပေါ်တတ်တာမဟုတ်၊ပယောဂတွေနဲ့ဖုံးကွယ်နေတတ်တယ်။
ဒါကိုသတိ၊၀ီိရိယနဲ့
အားထုတ်ဖော်ထုတ်ရတာတွေရှိတယ်။ဒါကိုလက်ခံတယ်။ကိုမိုးသီးတို့၊ကိုနိုင်အောင်တို့ကိုယ်တိုင်လဲဒီကိစ္စကိုရှောင်လွှဲနေတာမဟုတ်ဘူး၊ရင်ဆိုင်နေတာဘဲ။၁၉၉၃လာက်ထင်တယ်၊ကိုနိုင်အောင်
အနောက်ဘက်ဒေသမှာ ABSDFအလံစိုက်ဘို့ရောက်လာတယ်။
ကျနော်တို့ကမြန်မာကျောင်းသားများအဖွဲ့နာမည်နဲ့
နယူးဒေလီမှာမြေပေါ်နိုင်ငံရေးလုပ်ကြတယ်။အိန္ဒိအစိုးရ၀န်ကြီးတချို့နဲ့၊
အမတ်ဟောင်းတွေ၊နိုင်ငံရေးပါတီတချို့နဲ့NGOအဖွဲ့တချို့၊
သတင်းစာသမားတွေ၊အမျိုးသမီးအဖွဲ့အစည်းတွေက အားပေးတယ်၊ကျနော်တို့လှုပ်ရှားမှုကိုထောက်ခံကူညီတယ်။
ပြောချင်တာက စစ်ရေးထက် နိုင်ငံရေးကိုအိန္ဒိယပြည်တွေက အားပေးနေတဲ့အချိန်။မြန်မာအိန္ဒိယနယ်စပ်မှာ တိုင်းရင်းသားသူပုန်အဖွဲ့တွေ(ချင်း၊ရခိုင်၊ဇိုမီး)အဖွဲ့တွေရှိတယ်။
အိန္ဒိအစိုးရထောက်လှမ်းရေးတို့၊စစ်တပ်တို့နဲ့ အဲဒီတိုင်းရင်းသားသူပုန်လက်နက်ကိုင်တွေသိတ်ကင်းလို့မရဘူး၊
တနည်းပြောရရင်မလွတ်လပ်ဖူး၊လက်နက်ကိုင်တော်လှန်ရေးဟာ အိန္ဒိယမှာမကြီးထွားနိုင်ဘူး၊ရေခံမြေခံမဟုတ်ဖူး။အဲ
ဒါကိုနိုင်အောင်လာတော့ရှင်းပြတယ်။သူကလက်မခံဘူး၊
နယ်စပ်(ဒုက္ခသည်စခန်း၊မဏိပူ)
ကိုအခြေခံပူးပေါင်းဘို့သူလာတာ။
ဒေလီနိုင်ငံရေးအင်အားစုနဲ့ပူးပေါင်းနိုင်တာမနိုင်တာက
သူ့အတွက်အရေးမပါဘူး။
သူ့အဓိကလုပ်ငန်းစဉ်ကအနောက်ဘက်ဒေသ(အိန္ဒိယ)
မှာလက်နက်ကိုင်ကျောင်းသားတပ်(ABSDF)ဖွှဲ့နိုင်ဘို့ဘဲ။
ထားပါတော့ ဒီကိစ္စပြောရရင်ရှည်တယ်။
ပြောချင်တာကသူလာတုံးက မြောက်ပိုင်းကချင်မှာထောက်လှမ်းရေးဆိုပြီးလုပ်ကြံမှုတွေဖြစ်ပြီးခါစပူပူနွေးနွေး။
နယူးဒေလီကကျနော်တို့ရုံးမှာဘဲကိုနိုင်အောင်နဲ့ကျနော်တို့
ဒီကိစ္စအငြင်းပွားတယ်။
ကျနော်တို့နဲ့နယ်စပ်ဒုက္ခသည်စခန်းမှာတဖွဲ့တည်း
အတူနေခဲ့တဲ့ထိန်လင်း(ပန်းချီထိန်လင်း)
ထောက်လှမ်းရေးစွတ်စွဲခံအုပ်စုထဲပါသွားတာကိုသူထွက်ပြေးလွတ်မြောက်ပြီး
စစ်အစိုးရသတင်းစာမှာပါလာမှကျနော်တို့သိလိုက်တယ်။
ထိန်လင်းကကျနော်တို့နဲ့ဒုက္ခသည်စခန်းမှာရင်းရင်းနှီးနှီးရှိသလို၊
စိတ်တူကိုယ်တူတွေ၊စခန်းထဲက နံရံကပ်တို့၊အနုပညာကိစ္စ၊ဖြော်ဖြေရေးကိစ္စတွေတူတူလှုပ်ရှာခဲ့ကြတာ။
သူပြည်ထဲဝင်သွားပြီး
မြောက်ပိုင်းဘက်သွားတယ်လို့နောက်ဆုံးကြားတယ်၊အဆက်ကလုံးဝပြတ်နေတာ။
နောက်တော့ ဗြုံးကနဲထောက်လှမ်းရေးအသွင်နဲ့သတင်းထွက်တော့
 ကျနော်တို့လုံးဝလက်မခံဘူး။
ကိုနိုင်အောင်ကိုခါးခါးသီးသီးငြင်းတယ်။
မြောက်ပိုင်းသူလျိုကိစ္စဟာမှားယွင်းလုပ်ကြံမှုလို့
ပြောပြတယ်။ကိုနိုင်အောင်ဘက်ကလည်းရေလှိုင်းစစ်ဆင်ရေးတို့၊
စစ်ဆေးဖော်ထုတ်ချက်တို့
ဘာတို့နဲ့အသေအချာရှင်းပြပါတယ်။
ဒါပေမဲ့ကျနော်တို့ကလက်မခံဘူး။နောက်ဆုံးကိုနိုင်အောင်က
“ဒီကိစ္စသမိုင်းကပေးတဲ့အပြစ်ဒါဏ်ကိုကျနော်ခံပ့ါမယ်”လို့ကတိပေးပြီး
အငြင်းအခုန်အဆုံးသပ်သွားတယ်။
နောက်ပိုင်းတော့လည်းကျနော်တို့တတွေရင်းရင်းနှီးနှီးအလုပ်တွဲလုပ်ကြတယ်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားလူငယ်မျာူးကွန်ဂရက်SYCB
ကိုတောင်တိုင်းရင်းသားတွေနဲ့လက်တွဲပြီး
နယူးဒေလီမှာဘဲ(1996)ကလူငယ်တပ်ပေါင်းစုတရပ်
အနေနဲ့ဖွဲ့ခဲ့ကြတယ်။
မြောက်ပိုင်းကိစ္စမမေ့ပေမဲ့ဘုံရန်သူကိစ္စအရင်ရှင်းကြတယ်။
တချိန်ကကျနော်တို့ရဲ့ဘုံရန်သူရဲ့အမွေကိုဒီနေ့ကြံ့ဖွတ်အစိုးရကအမွေဆက်ခံထားတာပါ။
န၀တ၊နအဖစစ်အစိုးရခေတ်ရော၊ဒီနေ့ကြံ့ဖွတ်အစိုးရကရော၊
ကျူးလွန်လာခဲ့တဲ့လူသတ်မှု၊မုဒိန်းမှု၊ခြစားမှု၊ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှု၊
လူ့အခွင့်အရေးချိုးဖောက်မှု၊ဒီပဲရင်းလုပ်ကြံမှု၊စစ်ရာဇ၀တ်မှု၊
နိုင်ငံတော်သစ္စာဖောက်မှု၊နာဂစ်မုန်တိုင်းမှု၊
…ဘာအမှု၊ညာအမှု
နံပါတ်စဉ်တပ်လို့မကုန်နိုင်အောင်
အမှုပေါင်းမြောက်မြားစွာကျူးလွန်ခဲ့ကြတာလည်းမမေ့သင့်ဘူး။
အခုဟာဆန်ရင်းနာနာဖွတ် ဆိုသလို၊နိုင်ရာဖိထောင်းနေတာကတဘက်သတ်ပွဲကြီးလိုဖြစ်နေတယ်။
ဖေ့စ်ဘွတ်စာမျက်နှာတွေက အတော်ရုပ်ပျက်တယ်။ရိုင်းစိုင်းတယ်။
အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု(သတင်းရောင်းစားတဲ့မီဒီယာ)ကအယ်ဒီတာအမျိုးသမီးတယောက်က
မိုးသီးဇွန်တို့အဖွှဲ့မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွှဲ့
ပြည်တော်ဝင်တာကိုစိတ်အခံမကောင်းစိတ်နဲ့ရိတိတိစော်ကားရေးထားတယ်။ညီညွတ်ရေးအမြင်နဲ့
မကြည့်ဘူး၊၊နိုင်ငံသားမဟုတ်တော့တာကိုအပြစ်လိုပြောတယ်၊(နအဖလေသံ)
အောက်ကကွန်မင့်တွေကပိုရိုင်းတယ်။
ဦးသိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရအဖွဲ့တွေ
လောက်တောင်စာနာစရာမကောင်းတဲ့ဟန်၊ပြည်ပရောက်တွေကအသုံးမကျသူတွေလိုမြင်အောင်
ရေးကြတယ်။

ထားပါတော့ စစ်ကျွန်တွေ၊ကြံ့ဖွတ်လူတွေကဒီလိုဝင်နှောက်တာလည်းဖြစ်နိုင်တာမို့ကွန်မင့်တွေအကြောင်းသိတ်မပြောလိုဘူး။  ဒါပေမဲ့ဒီလိုကာလ(အသွင်ကူးနေတဲ့စပ်ကူးမတ်ကူးကာလ)
ထားစေချင်တဲံစိတ်ဓာတ်လေးတော့ လက်တို့ပြောပြချင်တယ်။
ဒီအချိန်မှာပြည်သူတွေညီညွတ်ရေးအသဲအသန်လိုနေတဲ့ကာလပါ။
ဆောငါးပါးဘဲရေးရေး၊သတင်းရေးရေး၊အပြုသဘောနဲ့စိတ်ရင်းမှန်မှန်ထား
ရေးစေလိုတယ်။အခုဟာသမိုင်းမသိ၊ဘာမသိသလိုဘဲ၊
အဆိုးမြင်မျက်မှန်စိမ်းတပ်ပြီးရေးနေ
တော့ဖတ်ရတာစာကကောင်းမလာဘူး။တကယ်တော့
 ကိုမိုးသီးတို့အဖွဲ့က ရန်သူမဟုတ်ပါဘူး။
နှိမ့်ချရေးစရာမလိုတဲ့လူတွေပါ။ သူတို့နိုင်ငံခြားသားခံထားတာလည်းအခြေအနေအရပါ။ အချိန်မရွေးကိုယ့်နိုင်ငံသားဖြစ်မဲ့သူတွေပါ။သူတို့အမေရိကန်နိုင်ငံသားပေမဲ့ မြန်မာပြည်သူတွေကိုသစ္စာမဲ့နေတာမဟုတ်ဖူး။
မြန်မာပြည်ထဲမှာအကောင်းဆုံးတခုခုပေးချင်တဲ့
စေတနာနဲ့လာသူတွေလို့အပြုသဘောနဲ့မြင်သင့်တယ်။
သေချာတာက သူတို့ဟာ NGOတွေ၊ပရောဂျက်တွေ၊
ပရိုပိုဆယ်တွေနဲ့လုံးထွေးပြီးကိုယ်ကျိုးတ၀က်၊
ကိုယ့်အလုပ်တ၀က်နဲ့ဗမာပြည်ထဲဝင်အလုပ်လုပ်နေတဲ့
အရပ်ဘက်လူ့အဖွဲ့အစည်းယောင်ယောင်၊
နိုင်ငံရေးပရောဟိတ်တွေယောင်ယောင်၊နိုင်ငံရေးပွဲစားယောင်ယောင်၊မီဒီယာယောင်ယောင်၊
အဖွဲ့မဟုတ်ဘူး။မိုးသီးတို့အဖွဲ့ဟာ ကိုယ့်ထမင်းကိုစားပြီးနိုင်ငံရေးလုပ်နေတာပါ။
ပြည်တွင်းမှာတခုခုလုပ်နိုင်အောင်အရဲစွန့်ဝင်ခဲ့သူတွေဖြစ်တယ်။
ဒီခရီးအတွက် သူတို့ဟာလေး၊ငါး၊ခြောက်လလောက်အပြင်ကရဲဘော်ရဲဘက်တွေနဲ့
စကားစစ်ခင်းသွားခဲ့ရတာ၊
တချို့အပြင်ကရဲဘော်တွေကသိတ်ကြည်ကြတာမဟုတ်ဘူး။
ဒါပေမဲ့ကိုယ့်ဘက်က ရှေ့ပြေးကင်းတွေလိုသဘောထားတယ်။
သူတို့ပြန်လာရင် အခြေအနေအားလုံးနားစွင့်ကြအုံးမှာပါ။မိုးသီးဇွန်တို့က နယ်စပ်မှာကိုယ်ပိုင်ကားတ၀ီဝီစီးပြီး
နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။
NGOအထောက်အပံ့နဲ့ပြည်တော်ဝင်တာမဟုတ်ဘူး။
ကျနော်တို့ကအစောကပြောသလိုမိုသီးဇွန်နောက်လိုက်လည်းမဟုတ်သလို၊
မိုးသီးဇွန်ဘာလုပ်လုပ်ထောက်ခံသူလည်းမဟုတ်ဘူး။
ဒါပေမဲ့လက်သဲဆိတ်ရင်တော့လက်ထိတ်နာတယ်။
သူတို့နဲ့ကျနော်တို့မျိုးဆက်အတူတူဖြစ်တယ်။သူ့ကိုဆဲရင် ကိုယ့်ကိုလည်းဆဲနေသလိုဘဲ၊
ကိုယ့်မျိုးဆက်ထဲကသိကြသူတွေဆဲတာဆိုတာနားကြားကောင်းနေသေးပေမဲ့၊
ဘုမသိဘမသိ၊သမိုင်းကြောင်းလဲမသိနားမလည်သူတွေက
အသားလွတ်ဝင်သမတာတော့
အတော်စော်ကားတဲ့လုပ်ရပ်ဘဲ။အခုကိုမိုးသီးတို့ပေါ်အဆိုးမြင်တွေနဲ့
ရေးနေသူတွေကရောစစ်အစိုးရအောက်ပြားပြားမှောက်စဉ်ကာလတွေက ဘာများလုပ်ခဲ့ကြလဲဆိုတာပြန်ဆန်းစစ်သင့်တယ်။
၁၉၈၈ကာလကတပါတီအာဏာရှင်စနစ်က
မျက်ကန်းတစ္ဆေမကြောက်ဗြောက်တိုက်ခဲ့ကြ၊ဓားဓားချင်းလှံလှံချင်းရင်ဆိုဘို့ဆိုပြီးနယ်စပ်ထွက်ခဲ့ကြ၊ဆင်းရဲကြ၊ငတ်မွတ်ကြ၊ရန်သူစစ်တပ်သတ်လို့သေတာကတမျိုး၊ကိုယ့်မဟာမိတ်
တိုင်းရင်းသားသူပုန်ကသတ်လို့သေတာကတဖုံ၊ကိုယ့်အချင်းချင်းသတ်လို့
သေတာကတမှောင့်။
ကြုံလို့ပြောရမယ်။အခုမြောက်ပိုင်းလူသတ်မှုကမှအရိုးတွန်ပြီးပြန်ပေါ်လာသေးတယ်။
ကျနော်တို့တတွေရဲ့မဟာမိတ်ကရင်နဲ့ချင်းတွေသတ်လို့သေတာကြောင့်
အရိုးတွေဆွေးပြီးမတွန်နိုင်၊မကနိုင်တဲ့ခွတ်ဒေါင်းအရိုးတွေအများကြီးရှိသေးတယ်။
ဥပမာ
အိန္ဒိယနယ်စပ်မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်းဒုက္ခသည်စခန်းကိုလာခိုလှုံတဲ့မြန်မာကျောင်းသားတွေထဲက
ကိုကြည်အောင်(ရန်ကုန်)နဲ့ကိုမြသောင်း(ကလေးမြို့)တို့ကိုအဲဒီကချင်းလက်နက်ကိုင်CNFက
၁၉၉၀အစောပိုင်းမှာစပိုင်ထောက်လှမ်းရေးလို့စွတ်စွဲပြီးရက်ရက်စက်စက်မြေမြှုတ်သတ်ဖြတ်ခဲ့ကြတယ်။ ဒီကနေ့အချိန်ထိတောင်မိသားစုတွေသူတို့သားတွေပြန်လာမလားလို့
မျော်နေသလားမသိ။
နောက်တခုကကိုနိုင်အောင်တို့လာဖွဲ့စည်းခဲ့တဲ့ကိုလှဌေးဦးဆောင်တဲ
ABSDF(အနောက်ပိုင်း)
ကဘင်္ဂလားဒေခ်ျမြန်မာနယ်စပ်ကနေ မီဇိုရမ်နယ်ထဲအ၀င်
ကျနော်တို့သူငယ်ချင်းကိုဝင်းထွဋ်
နောက်ကျောကျီဆံမှန်ပြီးကျသွားတယ်။
အချင်းချင်းလုပ်ကြံတာလား၊မဟာမိတ်တိုင်းရင်းသားအဖွဲ့
ကလုပ်ကြံတာလားဒီနေ့ထိမသိရဘူး၊ကိုဝင်းထွဋ်မှာဇနီးနဲ့သမီးလေးကျန်ရစ်ခဲ့တယ်။
ဒီလိုအဖြစ်အပျက်တွေကရင်နယ်မှာအများကြီး၊တောခိုကျောင်းသားတွေ၊
ဆရာဝန်လောင်း၊အင်ဂျင်နီယာလောင်းနဲ့ပညာတတ်တွေတောထဲမှာစစ်မတိုက်ရဘဲ
နောက်ကျီဆံနဲ့ကျဆုံးသွားသူတွေမနည်းဘူး။(ဒါတွေစနစ်တကျမှတ်တမ်းတင်ထားသင့်တယ်)
အဲလို..၈၈ကျောင်းသားတွေဟာတချိန်ကဘ၀တွေစွန့်ပြီးစနစ်တခုရဲ့ပြဌာန်းပေးလိုက်တဲ့
တာဝန်ကိုပုခုံးပေါ်နိုင်သလောက်တင်ထမ်းခဲ့ကြတာပါ။
ဟိုးတချိန်ကတောခိုကျောင်းသား၊ပြည်ပြေးတွေကို
သူရဲကောင်းလို့တောင်ပြည်သူတွေကသတ်မှတ်ခဲ့ကြတာမဟုတ်ဖူးလား။
ဒီနေ့အထိအဲဒီယုံကြည်ချက်နဲ့တောထဲမှာဒုက္ခခံရပ်တည်နေတဲ့
ကျောင်းသားလူငယ်တွေရှိနေပါသေးတယ်။
ဟိုတုံးကသူရဲကောင်းတွေကို
အခုအချိန်ကျမှသစ္စာဖောက်တွေလိုမဆက်ဆံသင့်ပါဘူး။
အခုပြည်တော်ပြန်ကိုမိုးသီးတို့အဖွဲ့ဟာ
တချိန်ကစစ်ခေါင်းဆောင်တွေနဲ့ဒီကနေ့ကြံ့ဖွတ်ပါတီခေါင်းဆောင်တွေလောက်ပြည်သူအပေါ်
ဘိုကျနှိပ်ဆက်မဲ့သူတွေမဟုတ်သလို၊ခေတ်ပျက်သူဌေးတွေလိုလည်းအတ္တလွန်ကဲစီးပွားရှာနေမဲ့
သူတွေမဟုတ်ပါဘူး။
လက်တဆုတ်စာNGOအကြိုက်လုပ်နိုင်ငံရေးအဖွဲ့၊မီဒီယာအဖွဲ့တွေကြောင့်
အမှန်တကယ်ယုံကြည်ချက်နဲ့စွန့်လွှတ်အနစ်နာခံသူတွေဘေးဒုက္ခရောက်ခဲ့တယ်။
တော်လှန်သူတွေနာမည်ပျက်ခဲ့တယ်။
ပိုဆိုးတာက
တော်လှန်ရေးကြီးတခုလုံးအကြော်သည်လက်သုတ်ဖြစ်ခဲ့ရတယ်။
ဒါပေမဲ့ဟိုကတည်းကNGOတွေနဲ့
ပလူပလဲလုပ်သူတွေ၊ငွေကြေးအရင်းအမြစ်ကိုင်ထားသူတွေကိုပဲ
အထည်ကြီးပျက်ကြံ့ဖွတ်အစိုးရက
တော်ကောက်ထားတယ်။မြှောက်စားထားတယ်၊သွေးခွဲထားတယ်။
ဒါကိုအခွင့်အရေးသမား၊နိုင်ငံရေး
ကျပ်မပြည့်တွေကသိရက်နဲ့အချောင်နှိုက်တယ်။
ဒီကနေ့ကျနော်တို့လျှောက်နေတဲ့ခရီးဟာအလွန်သိမ်မွေ့ပါတယ်။
အားပြိုင်မှုတွေရှိနေပါတယ်။
အပြုဝါဒီတွေနဲ့လမ်းဟောင်းဝါဒီတို့လွန်ဆွဲနေပါတယ်။
လွှတ်တော်ထဲမှာလည်းအင်အားပြိုင်နေသလို၊စီးပွားရေးနယ်ပယ်၊NGOလောက၊နိုင်ငံရေး
နယ်ပယ်နဲ့မီဒီယာလောကထဲမှာပါအင်အားပြိုင်တာ၊စားကျက်လုတာ၊ခွက်စောင်းခုတ်
ခြေထိုးကန်ကြောက်တံတောင်နဲ့တွက်နေတာကိုအပြင်ကနေတောင်ကြားရမြင်ရတာပါ။
လတ်လောလေးတင်ဆရာကြီးဒဂုံတာရာကကျနော်တို့တိုင်းပြည်၌ ဒီမိုကရေစီပန်းနုရောင်ကလည် သန်းစအချိန်ဖြစ်ပါသည်ထိုသို့သော ဒီမိုကရေစီပန်းနုရောင်ကာလတင် အချင်းချင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့် ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်ရန်မေတ္တာရပခံပါသည်။  
ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်တင် လှကိုမလှုပ်အောင် လူးအောင်မလုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။ လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရ ယခုကာလကို စိုးရိမ်စွာစောင့်ကြည့်နေရသာအချိန်ဟု ကျွန်တော်ယူဆပါသည်။ ၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုးဝန်းထိန်းသိမ်းကြ
လို့ပြည်သူတွေကိုတိုက်တွန်းထားပါတယ်။
ဒီအချိန်မှာကိုမိုးသီးတို့ပြည်တော်ပြန်တာဝမ်းသာအားရ
ကြိုဆိုသင့်ပါတယ်။ရန်သူအားပေးမလုပ်သင့်ပါဘူး။
ပြည်တွင်း၈လေးလုံးနိုင်ငံရေးအင်အားစုထဲမှာတောင်
ကိုမိုးသီးဇွန်ကိုလေဆိပ်သွားကြိုဖို့မဲခွဲဆုံးဖြတ်တယ်ကြားတော့
ကျနော်တို့အတော်လေးအံ့သြသွားတယ်။စိတ်လည်းပျက်သွားတယ်။
ဒီကိစ္စမဲခွဲရမဲ့ကိစ္စလား?အဲလောက်အထိဖြစ်သင့်သလား၊
အထဲကအင်အားစုတွေကိစ္စအပြင်အင်အားစုတွေမျက်စိမှိတ်ထောက်ခံခဲ့တယ်။
ညီအကိုတွေလိုမြင်တယ်။ကျနော်ခိုင်ခိုင်လုံလုံသိရတဲ့သတင်းအရ ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ကိုမြအေးတို့ကသူငယ်ချင်းတွေအဖြစ်
လေဆိပ်သွားကြိုမဲ့ကိစ္စတောင်မဲရှုံးလို့ငယ်သူငယ်ချင်းကိုတောင်
မကြိုလိုက်ရဘူးတဲ့၊ထူးဆန်းအံ့ဘွယ်သတင်းဘဲ။
လေဆိပ်သွားကြိုဘို့ကိစ္စတောင်မဲခွဲနေရသတဲ့လား?ဘာတွေဖြစ်ကုန်ပြီလဲ?
ကျနော်တို့နွားတွေတော့တကောင်ချင်းကွဲနေပါပြီ။
ကျားဟိန်းသံလည်းကြားနေရတယ်။
တောကလည်းနက်ပါတယ်။
အချိန်ကလည်းညီအကိုမှန်းတောင်မသိတသိ။
ကျနော်တို့ရဲ့ဝါရင့်စစ်ဘိုရှုတ်တွေကအခုဆိုအကွက်ကျကျနဲ့ပြည်ပမီဒီယာတွေ၊
ဒီမိုကရေစီဘန်းပြNGOတွေ၊ပရောဂျက်နိုင်ငံရေးအဖွဲ့အစည်းတွေဆီက အဆက်အသွယ်နဲ့၊အရင်းအမြစ်တွေအရယူနေပါတယ်။
မုဆိုးစိုင်သင်လုပ်နေပါတယ်။
ပြည်ပဒီမိုကရေစီလှုပ်ရှားမှုကိုခါးလည်ကပိုင်းလိုက်ပါပြီ။
သူတို့က၂၀၀၈ဖွှဲ့စည်းပုံကိုင်ပြီးအပေါ်စီးကနေကစားနေတာပါ။
မင်းသားစရိုက်အမျိဲုးမျိုးကိုတယောက်ပြီးတယောက်
ထုတ်ရှိုးပြီးဒီတကွေ့မာလိုက်ဟောက်လိုက်၊ဟိုတကွေ့ပျော့လိုက်ချော့လိုက်လုပ်နေပါတယ်။
တချိန်ကကျနော်တို့ဘက်တော်သားတချို့နဲ့ပုလင်းတူဗူးဆို့ဖြစ်နေပါတယ်။
ဒီကနေ့ကိုမိုးသီးတို့ပြည်တော်ပြန်အုပ်စုကိုပင့်လိုက်၊မြှောက်လိုက်၊ရိုက်ချလိုက်နဲ့လုပ်နေတာ
သိတ်မလှပါဘူး။ကျနော်တို့တတွေညီညွတ်ရေးအမြင်နဲ့ခရီးဆက်ဘို့လိုပါတယ်။
အားလုံးဟာတပင်ကိုတပင်ယှက်နေတာပါ။ကိုမိုးသီးတို့၊ကိုနိုင်အောင်တို့
နဲ့ကချင်မြောက်ပိုင်းကိစ္စလိုဘဲငြိမ်းချမ်းရေးကိစ္စ၊ပြည်ပရောက်ကျောင်းသားတွေဂုဏ်
သိက္ခာရှိရှိပြန်နိုင်ရေးကိစ္စလည်းအရေးကြီးပါတယ်။
ဒီနေ့ကိုမိုးသီးတို့ကိုဆဲနေတယ်။မနက်ဖန်ကျနော်တို့ပြည်ပရောက်တွေ
ကိုဆဲလိမ့်မယ်။
ဒီကနေ့ကိုမိုးသီးတို့ကိုစော်ကားနိုင်တယ်ဆို၊မနက်ဖန်ကျနော်တို့ကိုလည်းစော်ကားပါလိမ့်မယ်။
ညီညွတ်ရေးအမြင်၊မဟာမိတ်အမြင်မရှိရင်ကျနော်တို့ကျဆုံးမယ်။

သတင်းထောက်ကိုညို
၎စက်တင်ဘာ၂၀၁၂



ကျွန်တော်မြင်ဖူးသော ကားပေါ်ကလူများ

ကိုမိုးသီးဇွန်တယောက် ရန်ကုန်ရောက်တော့ ကားပေါ်တက်ပြီး လူထုကို
စကားပြောတာတွေ့ ရသည် ။ သည်တော့ ပြောစရာတွေ ဖြစ်လာသည် ။
သူသွားမည်ဆိုသည်ကိုလည်း သိသည် ။ ရောက်သွားသည်ကိုလည်း သိသည် ။
ကြိုသည့်သူများကိုလည်း သိသည် ။ ညစ်ညစ်ပတ်ပတ် ကြိုဆိုသည်လား ၊
နွေးနွေးထွေးထွေး ကြိုဆိုသည်လားဆိုသည်ကိုလား မပြောတတ်  ။
ကြိုဆိုခြင်းများနှင့် ပတ်သက်၍ သူ့ မှာ ဘာမှ ပြသနာမရှိ ။ သို့ သော်
ကားပေါ်မှာ တက်ပြီး ကိုမိုးသီးဇွန် တယောက်ကဖြင့် ပြည်သူလူထုကို စကားပြောခဲ
့လေပါပြီ ။ ထို့ ကြောင့် သူ့ အကြောင်းကို သိလိုက်ရသည်နှင့် သူ့ လို
ကားပေါ်က လူများ အကြောင်းကို သတိတရ ရှိလာသည် ။
         အာဖရိကနိုင်ငံက နစ်ဆင်လ်မင်ဒဲလားကို ကားပေါ်ကနေပြီး
ပြည်သူလူထုကို လက်ရမ်းပြီး နုတ်ဆက်သည်ကို တွေးကြည့်ဖြစ်သည် ။ ထောင်ထဲတွင်
နှစ်ပေါင်း ( ၂၆ ) နှစ်မျှ နေခဲ့ ရသော သူ့ ကို အာဖရိကနိုင်ငံ၏ သမ္မတအဖြစ်
ရွေးချယ်ခဲ့ ရပြီးနောက် ပြည်သူလူထုကို ကားပေါ်မှ နုတ်ဆက်နေသည်ကို မြင်တော့
ကျွန်တော့်စိတ်ထဲမှာ လေးစားခြင်းကြီးစွာဖြစ်ရသည် ။ မျက်ရည်ကျစွာ
ရန်ကုန်ုကိုတုန်လှုပ်စေပြီး သတိရလွန်းမက ရှိနေပါသည် ။ သို့ အတူ ကားပေါ်မှ
နေပြီး လုပ်ကြံခံရသော အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ သမ္မတ မစ္စတာ ကနေဒီကို
လုပ်ကြံသည့် မြင်ကွင်းကို မြင်သောအခါ အလွန်စိတ်မကောင်းခြင်းကြီးစွာဖြင့် မှတ်မိနေမိသည် ။
       အထူးသဖြင့် အမေရိကပြည်ထောင်စုတွင် ကားပေါ်မှနေပြီး လက်ရမ်းပြသော
သမ္မတကို ကျွန်တော်ဘဲ သတိမထားမိလေသလား မပြောတတ် ။ မတွေ
့မိသည်ကတော့အမှန်ဖြစ်သည် ။ သို့ သော် အမေရိကပြည်ထောင်စု သမ္မတများသည်
လူထုများရှေ့တွင် လက်ရမ်းပြပြီး လိုက်လံနုတ်ဆက်သည်ကိုတော့
မြင်နေကျဖြစ်သည် ။ သမ္မတလို့ မှမဟုတ် ။ အမေရိကပြည်ထောင်စုတွင်
ထင်ပေါ်ကျော်ကြားသော အနုပညာရှင်များ ၊ အဆိုကျော်များ ၊
ဘာသာရေးခေါင်းဆောင်များ ၊ နိုင်ငံရေးသမားများတို့ သည် ပြည်သူလူထုများအား
ဟောပြောပွဲများ တွေ့ ဆုံပွဲများတွင် ပြည်သူလူထုအား ချစ်စဖွယ်
လက်ဝှေ့ရမ်းပြသောအခါ လူထုများကလည်း သူတို့ ကို အသိအမှတ်ပြု
နုတ်ဆက်သည်ဆိုကာ အထူးလေးစားချစ်ခင်မှုဖြစ်သွားကြသည်ကို မြင်ဖူးနေသည် ။
       မြန်မာနိုင်ငံက- ၈၈-ခုနှစ်အပြီး အာဏာသိမ်းတက်လာသော
ဗိုလ်ချုပ်မှူးကြီး စောမောင် ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊
ဒုတိယဗိုလ်ချုပ်မှူးကြီးခင်ညွန့် ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး တင်ဦးတို့ ၏
ဇနီးဖြစ်သူများက သူတို့ ၏ ခင်ပွန်းများနှင့်အတူ ပြည်သူလူထုများကို
လက်ဝှေ့ရမ်းပြသည်ကို မြင်တွေ့ ရသောအခါတွင်ကား စိတ်ထဲမှာ
စူးနေအောင်ခံစားရမိသည် ။ မည်သည့်အကြောင်းအရာတခုနှင့်မျှ မပါတ်သက်ဘဲ
လင်ကောင်းရာ အငြိမ့်သားဖြစ်နေသော သူတို့ သည် တိုင်းပြည်ခေါင်းဆောင်လို
ပြည်သူများကို လက်ဝှေ့ ရမ်းပြရန် မသင့် ။ ထို့ ကြောင့် သူတို့ အား
ပြည်သူတို့ မှာ မျက်စိစပါးမွှေးစူးကာ ချစ်ခင်မှုမပြဘဲ လူ
့အံဖတ်ဖြစ်သွားကြရပါသည် ။ စစ်ဗိုလ်ချုပ်ခေါင်းဆောင်ကြီးများ ၊
နိုင်ငံရေးခေါင်းဆောင်များက ကားပေါ်မှဖြစ်စေ လမ်းပေါ်မှဖြစ်စေ သူတို့ နှင့်
ကပ်ပြီး ဇနီးဖြစ်သူ သားသမီးဖြစ်သူများက ယင်းသို့ ကပ်ပြီး ပြည်သူများအား
လက်ဝှေ့ ရမ်းပြလျှင်ပင် လက်မခံပါက အခြားလူများမှာ ပိုလို့ ပင် လူ
့အံဖတ်များ ဖြစ်သွားရတတ်သည် ။
     မြန်မာနိုင်ငံမှာ ကားပေါ်မှ လက်ဝှေ့ရမ်းပြသူများအထဲတွင်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အထူးပင် ကမ္ဘာက
အသိအမှတ်ပြုရလောက်အောင် နာမည်ကျော်ကြားလှသည် ။ နှစ်ပေါင်းများစွာ
တာရှည်သော ကားပေါ်မှ လက်ဝှေ့ရမ်းပြခြင်းနှင့် ပြည်သူလူထုများအား ကားပေါ်မှ
နုတ်ခွန်းဆက် စကားပြောသည်ကို ကမ္ဘာတရပ်လုံးက ချစ်ခင်မြတ်နိုးကာ
လက်ခုပ်သံတဖြောင်းဖြောင်းနှင့် ကြည့်ရှုအားပေး လက်ခံကြသည် ။
ကံကောင်း၍လားမသိ ။ ဒေါ်အောင်ဆန်းစုကြည်၏ ကားပေါ်မှာ အနီးကရပ်နေသူများ
မမြင်မိသည်မှာ ကံကောင်းခြင်းဖြစ်သည် ။ သို့ မဟုတ်က
မျက်စိမုဒိမ်းကျင့်ခံရသလို ဖြစ်နေမည်မှာ သေချာလှပါသည် ။
  ဒေါ်အောင်ဆန်းစုကြည်ပြီးတော့ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို
့လွပ်မြောက်လာသောအခါ မင်းကိုနိုင်ကို ကားပေါ်မှ ပြည်သူများအား
လက်ဝှေ့ရမ်းပြ နုတ်ဆက်မိန့် ခွန်းပြောနေသည်ကို တွေ့ မြင်ရသည် ။
ပြည်သူချစ်သော မင်းကိုနိုင်တို့ ကို ကားပေါ်မှမြင်ရသော
ပြည်သူလူထုအပေါင်းတို့ မှာ အလွန်ပင် လက်ခုတ်လက်ဝါးတီးကာ ချစ်စဖွယ်
အားပေးကြသံများ မြင်တွေ့ ရသည် ။ ယခုနောက်ဆုံးမြင်လိုက်ရသော
ရခိုင်အမျိုးသမီးခေါင်းဆောင်ဖြစ်သူ ဒေါ်စောမြရာဇါလင်းကို ကားပေါ်မှာပင်
မြင်လိုက်ရပြန်ပါပြီ ။ ဒေါ်စောမြရာဇါလင်းမှာ -၈၈-ခုနှစ်
ရှစ်လေးလုံးအရေးအခင်းတွင် တဦးတည်းသော  တောခိုလာခဲ့ သည့် ကျောင်းဆရာမ
အပျိုရွယ်ကလေးဖြစ်ပြီး -၂၄-နှစ်အကြာမှာ ရခိုင်ဒီမိုကရေစီခေါင်းဆောင်အဖြစ်
သမ္မတဦးသိန်းစိန်အစိုးရနှင့် တွေ့ ဆုံဆွေးနွေးရန်
ပြည်တော်ပြန်သွားချိန်ဖြစ်သည် ။
      ကားပေါ်မှာ မြင်တွေ့ ရသော ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမှာနေပြီး
ပြည်သူများကို နုတ်ဆက်မိန့် ခွန်းပြောသူဖြစ်သလို ဒေါ်စောမြရာဇါလင်းနှင့်
မိုးသီးဇွန်တို့ မှာ ပြည်ပမှနေပြီး ယခုမှ ပြည်သူလူထုတရပ်လုံးကို
ပြည်တွင်းရှိကားပေါ်မှ နုတ်ခွန်းဆက် လက်ဝှေ့ရမ်းပြ
စကားပြောနိုင်သူများဖြစ်သည် ။ သို့ သော် သူတို့  သုံးဦးစလုံးစကားများသည်
သမ္မတဦးသိန်းစိန်အစိုးရနှင့် အတူတကွ လက်တွဲ တိုက်ပွဲဝင်ကာ မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်အချိန်ကျရောက်နေပြီဟု
ပြောဆိုသံများကို သတိထားမိသည် ။ လေသံများသည် မတိုင်ပင်ဘဲကို တူညီနေကြသည်
။ သို့ သော် တနေ့ က အမေရိကပြည်ထောင်စုမှာ ဖွဲ့ စည်းခဲ့ သော ( IFBNC )
အဖွဲ့ ကြီးမှ ကြေညာချက် တစောင်ကို ထုတ်ပြန်လာသည်ကို တွေ့ ရသည် ။ ၄င်းအဖွဲ
့တွင် ယခင်က ဦးကိုကိုလေး ( ယခုကိုမိုးသီးဇွန် တို့ နှင့်
အတူလိုက်ပါသွားသူ ) ၊ ဦးထွန်းအောင်ကျော် ( ကိုမိုးသီးဇွန်တို့ နှင့်
အတူသွားသူ ) ၊ တို့  ဦးဆောင်ဖွဲ့ စည်းခဲ့ ရာ ယခုကြေညာချက်မှာ ဥက္ကဋ္ဌအဖြစ်
ဦးရဲထွဋ် နာမည်ဖြင့် ကြေညာလိုက်သည်ကို တွေ့ ရသည် ။
ယင်းသို့ ဆိုလျှင် အမေရိကပြည်ထောင်စုမှ ယခုပြည်တော်ပြန်၍ သွားသူများ
စကားများနှင့် အမေရိကပြည်ထောင်စုနေသူများ၏  ကြေညာချက်ကို ကြည့်လျှင်
သဘောထားချင်း တိုက်ဆိုင်မှုများ ကွာခြားနေသလို အတွေးအခေါ်ပိုင်းအရလည်း
လွန်စွာကွဲပြားနေသည်ကို တွေ့ မြင်ရသည် ။ မည်သို့ ပင်ဆိုစေ
မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေး ။ နိုင်ငံရေးစနစ် ရှင်သန်စေရေး ။
တိုင်းရင်းသားအရေး ငြိမ်းချမ်းပြေလည်စေရေးအတွက် ယခုကားပေါ်မှ သုံးဦးတို
့မှာ သမ္မတဦးသိန်းစိန်အစိုးရနှင့် တိုင်ပင်ဆွေးနွေး ဆောင်ရွက်ကြရန်သာ
ရှိတော့ပြီ ။
     ဒေါ်စောမြရာဇါလင်းသည်၎င်း ၊ ကိုမိုးသီးဇွန်သည်၎င်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံလိုမှု တောင်းခံထားသည်ကို ကြားရသည် ။
တောင်းခံသည်ဖြစ်စေ မတောင်းခံသည်ဖြစ်စေ ခေါင်းသာအယင်ဝင်ပါဟု
ပြောဆိုထားခြင်းခံနေရသော သူတို့  နှစ်ဦးအား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
သုံးယောက်ပေါင်းလောင်းကျော်ဖြစ်အောင် အမြန်ဆုံးတွေ့ ဆုံပြီး
ပူးပေါင်းဆောင်ရွက်ကြဖို့  တိုက်တွန်းချင်သည် ။ သို့ မှသာ
မြန်မာနိုင်ငံတော်ကြီး ဖွံ့ ဖြိုးသာယာနိုင်သွားလိမ့်မည်ဟု
မျှော်လင့်ထားသူများအတွက် အိပ်ချင်ပြေအိပ်မက် တခုအဖြစ်
မှတ်ယူထားလိုက်ရမည်သာ ဖြစ်ပါကြောင်း ။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

John Humphery Freedom Awards handed over to Min Ko Naing Naing and Su Su Nyaw

Canadian Trade Minister meets with Burmese democracy leader

Canadian Trade Minister meeting with DASSK

Daw Aung San Suu Kyi met with Trade Minister of Canada, H.E. Award Fast at 8:30 to 9:30 am at the residence of DASSK 0n 3-9-2012.

John Humphery Freedom Awards handed over to Min Ko Naing Naing and Su Su Nyaw

Dr. Thaung Htun and Min Ko Naing

Dr. Thaung Htun handed over John Humphrey Freedom Award to Ko Min Ko Naing in Rangoon, Burma on Sept. 3, 2012. The award was granted to him and Dr. Cynthia Maung in 1999 by now defunct Rights Democracy, Canada's international human rights organization.


Dr. Thaung Htun and Su Su Nyaw

Dr. Thaung Htun handed over John Humphrey Freedom Award to Ma Su Su Nway in Rangoon, Burma on Sept. 3, 2012. The award was granted to her in 2006 by now defunct Rights Democracy, Canada's international human rights organization.